မင်းသမီး‌လေးရဲ့အိမ်‌မက်‌ ၂၄

မင်းသမီးလေးရဲ့အိမ်မက်
………………………………
                          အပိုင်း(24)
သူမနှင့်သူတို့ရန်ကုန်သို့ပြန်ရောက်လာကြတော့
သည် သူမနေထိုင်သောကမာရွတ်လှည်းတန်း
ဘက်သို့ ကားသမားအရင်မောင်းခိုင်း စေလိုက်
သည်။ သူမကိုအိမ်အထိလိုက်ပို့ပေးလိုက်တော့
သည် သူတို့ကခရီးက ကျန်ကြာနေသဖြင့် သူမအ
တွက် စိတ်ပူနေသော သူမ၏မိဘများကို ဘာမှ
စိတ်မပူရန် ရှင်းပြလိုက်သည် သူမ၏မိဘများကို
သူတို့ ဒုက္ခရောက်ခဲ့ကြောင်းကိုမပြောပြဘဲ တစ်ခြားအကြောင်းအရာတစ်ခုဖြင့် စိတ်မပူအောင်
ပြောလိုက်တော့သည်။ သူမကိုလည်အလုပ်
တစ်ရက်နှစ်ရက်နားစေ လိုက်တော့သည်။ သူက
သူမမိဘများကို နူတ်ဆက်ပြီ အိမ်သို့ပြန်လာခဲ့
တော့သည် အိမ်သို့ရောက်တော့ ကားဆရာကို
ကားခပိုက်ဆံရှင်းပြီ အိမ်ထဲသို့ဝင်လာ လိုက်တော့
သည်။ အိမ်ထဲသို့ရောက်ချိန် အိမ်ဖော်အဒေါ်ကြီး
က
"သူဌေးလေး ပြန်လာပြီလား"
သူက
"ရှူး တိုးတိုး အိမ်မှာဘယ်သူရှိလဲ ဒေါ်မြင့်"
"အားလုံးရှိတယ် နေ့လည်စာစားနေကြတယ်"
"သြော် ဒါဆို ကျွန်တော်အတွက်ပါပြင်လိုက် ကျွန်တော်အခုလာစားမယ် ရေချိုးလိုက်ဦးမယ်
ဒါနဲ ကျွန်တော်ပြန်ရောက်နေတာကိုမပြောနဲ သြော်မဟုတ်သေးဘူး ထမင်းကို ကျွန်တော်ဆင်း
လာမှာပြင်ပေးပါ "
"ဟုတ်ကဲ့ သူဌေးလေး"
"ရပြီ ဒေါ်မြင့် ဒေါ်မြင့်သွားလို့ရပြီ"
သူဒေါ်မြင့်ကိုမှာပြီ အိမ်ပေါ်ထပ်သို့တတ်လာခဲ့
တော့သည် သူအခန်းထဲသို့ဝင်လိုက်ပြီ i phone
နောက်တစ်လုံအသစ်ကို သူအံဆွဲထဲက ထုတ်
လိုက်သည်။ သူဖုန်းကိုကိုင်ကာဆက်လိုက်ပြီ
"ဟဲလို ဦးမောင်ကျော်မြင့်"
တစ်ဖက်က
"ဟုတ်ကဲ့ပြောပါ"
"ကျွန်တော်နေထက်ဇော်ပါ"
"ပြောပါ ကိုနေထက်ဇော်"
"ဘဏ်ကတ် နှစ်ခုအကောင့်ကိုပိတ်ချင့်လိုပါ'
'ဟုတ်ကဲ့ nameပြောပါ ကိုနေထက်ဘယ်သူသုံး
တဲ့ဘဏ်ကတ်လဲ"
"ဒေါ်မြခက်နဲ ညီဘွားတို့ရဲ့ကပ်ပါ လုံးဝ ကျွန်အမိန့်မရမချင်း ပိုက်ဆံထုတ်ခွင့်မပေးပါနဲ"
"ဘာကြောင့်လဲလို့မေးလိုရမလား ကိုနေထက်
သူဌေးကြီးက ထုတ်ထားပေးတဲ့ ကတ်ဖြစ်နေတော့
ပိတ်ထားရင် ကျွန်တော်ပြာသနာတတ်နိုင်ပါတယ်"
"ကျွန်တော်အားလုံးတာဝန်ယူပါတယ် လက်ရှိ
ကုမ္ပဏီပိုင်ရှင်က ကျွန်တော်ပါ အဖေမဟုတ်တော့
ပါဘူး ကုမ္ပဏီရဲ့ပိုက်ဆံတွေအားလုံးက လည် ကျွန်
တော် လက်ထဲမှာဘဲ တစ်ကယ်လိုအဖေမေးခဲ့ရင်
ကျွန်တော် ပိတ်ခိုင်းထားတာပါလို ပြောလိုက်ပါ ကျွန်တော်နဲ ဦးမောင်ကျော်မြင့်ရဲ့ဘဏ်နဲအလုပ်
ဆက်လုပ်ချင်တယ် ဆိုရင်တော့ ကျွန်တော်ပြော
တဲ့အတိုင်းလုပ်ပေးပါ ကျွန်တော်ကိုယုံကြည်ပေးပါ"
"ဟုတ်ကဲ့ ကိုနေထက် ကိုနေထက်ဘက်က ပြာသနာမရှိဘူးဆိုရင် ကျွန်တော့အခုချက်ချင်း ကတ်နှစ်ခုလုံးရဲ့အကောင့်ပိတ်လိုက်ပါ့မယ်"
"Thankyou ပါ ဦးမောင်ကျော်မြင့် တစ်ကယ်
လို ပိုက်ဆံလာထုတ်တဲ့လူရှိရင် ကျွန်တော်ကို အ
ကြောင်းကြားပေးပါ"
"ဟုတ်ကဲ့ ဒါနဲလွန်ခဲ့တဲ့နှစ်ရက်က ကိုနေထက်အ
မိန့်နဲ မန်နေဂျာ သက်မင်းပိုက်ဆံ သိန်းနှစ်ဆယ်
လာထုတ်သွားတယ် ကုမ္ပဏီ fundငွေထဲကထုတ်
သွားပါ အဲဒါ ကိုနေထက်သိလား"
"ဟုတ်ကဲ့ သိပါတယ် ကျွန်တော် အကောင့်ထဲက
နေသိန်းနှစ်ဆယ်ကို ကုမ္ပဏီfundငွေကိုပြန်ဖြည့်
လိုက်ပါ ဦးမောင်ကျော်မြင့်"
"ဒါဆိုရင် ကိုနေထက် ဘဏ်ကိုခဏလောက် လာခဲ့
ပေးဦးလေ ငွေအလွဲအပြောင်းတွေက များနေ
တော့ ဘဏ်ထုတ်ငွေစာရင်းလာကြည်ပါဦး "
"ကောင်းပါပြီ ကျွန်တော် tomorrowလာခဲ့မယ်"
"ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ် ကိုနေထက်"
"ဟုတ်ကဲ့ပါ"
တစ်ဖက်ကဖုန်းကို ချသွားတော့သည်။ သူကဖုန်း
ကိုကြည့်လိုက်ပြီ
"တော်သေးတာပေါ့ကွာ ငါဖုန်းနှစ်လုံးဆောင်ထား
လို ဖုန်းနံပါတ်တွေ မပျောက်သွားတာ"
သူတစ်ချက်ပြုံးလိုက်ပြီ ဖုန်းကိုစားပွဲပေါ် တင်လိုက်
သည် ပြီတော့သဘတ်ယူပြီ ရေချိုးခန်းထဲသို့ဝင်
ကာ ရေချိုးလိုက်တော့သည်။အားလုံးပြီ ဆည်းပြီ
မှအောက်ထပ်သို့ ဆင်းလာသည် ဧည့်ခုံဆိုဖာပေါ်
တွင် သုံးယောက်သား စကားလေးပြောရင် အချို
ပွဲကိုခရင်းလေးဖြင့် ပန်းသီးကိုစားနေကြသည် သူ
အောက်ထက်သို့ ဆင်းလာသည်ကို ရုတ်တရပ်မြင်
လိုက်သော ညီဘွားကပန်းသီးစားရင်း လန့်က နင်
သွားသည် သူကသူတို့ ထိုင်နေရာအရှေ့မှရပ်လိုက်
ပြီ "ဒေါ်မြင့် ဒေါ်မြင့်"
သူအော်ခေါ်သံကြောင့် ဒေါ်မြင့်က ပြေးထွက်
လာပြီ
"ဘာခိုင်းဖို့လည် သူဌေးလေး"
"ကျွန်တော် ညီကပန်းသီးနင်သွားတယ်ထင်တယ်
ရေခပ်ပေးလိုက်ပါဦး"
သူရဲ့အမူအယာကို ကြည့်ပြီ ကြက်သေသေသလို
မှင်သက်မိနေသူက ဒေါ်မြခက် သူက
"ဘာဖြစ်နေတာလဲ အန်တီ ကျွန်တော်ကိုမမြင်ဖူး
လိုလား ကျွန်တော်က သရဲမဟုတ်ပါဘူး လူပါ
အဲလောက်လန်နေစရာ မလိုဘူးလေ"
အဖေဖြစ်သူက
"သားပြန်ရောက်လာတာအသံလည်မပေးဘူး"
"ဟုတ်တယ် အဖေတို့ထမင်းစားနေကြတယ်ဆို
တော့ အစားသောက်ပျက်မှာစိုးလိုပါ"
"ပဲခူးမှာအဆင်ပြေရဲ့လားသား"
အဖေစကားကြောင့် ဆွံအပြီကြောင်နေတဲ့ သူတို့
သားမိမျက်နှာကို တစ်ချက်ကြည့်ပြီ ပြုံးလိုက်
ပြီ
"အဆင်ပြေပါတယ်အဖေ"
"ထိုင်းဦးလေ သား"
"မထိုင်တော့ဘူး ထမင်းစားပြီ ကုမ္ပဏီကိုတစ်ချက်
သွားစရာရှိလို့ သြော် ဒါနဲ ညီဘွား မင်းပိုက်ဆံသိန်း
ငါးရာထုတ်ထားတာ ဘာလုပ်ဖို့လည် ငါကို ဒီညနေ
စာရင်းတင်ဦးနော်"
အဖေက ညီဘွားကို
"သိန်းငါးရာ ဒီလောက်များတဲ့ ပိုက်ဆံဘာလုပ်ဖို့
ထုတ်တာလဲ သား"
"ဟို…လေ ကျွန်တော် ကိစ္စ ရှိ…"
ဒေါ်မြခက်က သူသားကထစ်ငေါနေတာကို ဝင်
ထောက်လိုက်သည်။
"ဒီလိုပါအကိုရယ် သားက ကားအသစ်စီးချင်လို
တဲ့ ဒါကြောင့်သုံးလိုက်တာပါ တစ်မျိုးမထင်ပါနဲ "
"ဟုတ်လား အဖေကိုပြောပေါ့သားရယ် အခုစီးနေ
တဲ့ကားကမကောင်းလိုလား"
"မ ဟုတ် ပါဘူး အဖေ"
ဟမ် တယ်ဟုတ်နေကြပါလား လိမ်တဲ့လူကလိမ်
အလိမ်ပေါ်မှာစိုးလို ဝင်ထောက်တဲ့လူကထောက်
အလိမ်ခံထိတဲ့လူကအလိမ်ခံ မိုက်တယ်ကွာ ဒီ
လောက် ညီတဲ့မိသားစု ငါမှကျတော့မရှိဘူး သူ
ကြည့်ရင်တွေးကာ မဲပြုံး ပြုံးမိတော့သည်။ သူက
"အဖေ သားထမင်းစားလိုက်ဦး ပြီရင် သွားစရာ
ရှိတယ် သြော် ဒါနဲဒေါ်မြခက်နဲ ညီလေးနဲကို ပေး
စရာလက်ဆောင်ပါတယ် သိပ်မကြာချင် လက်ဆောင် ရောက်လာလိမ့်မယ်ထင်တယ်"
အဖေက
"ဟာ ငါသားတယ်ဟုတ်ပါလား အဖေအတွက်
တော့မပါဘူး အမေနဲ ညီအတွက်တော့ပါတယ်
ငါသား ပဲခုးကပြန်လာမှအချိုးတွေပြောင်းနေ
ပါလား"
သူကသူအဖေအနားသို့ ဝင်ထိုင်လိုက်ပြီ
"ဒါပေါ့ အဖေရဲ့သူတော်ကောင်းကို သူတော်
ကောင်းလို ဆက်ဆံရမယ် သူယုတ်မာကိုသူယုတ်
မာလို ဆက်ဆံရမယ် လိုတတ်လာတယ်အဖေ
ခွေးကိုနေရာပေးပြီရင် လူအိပ်ယာထဲထိဝင်အိပ်ချင်
ကြတယ် ပေးမအိပ်ရင် ပြန်ကိုက်မယ် ဒါကြောင့်
ခွေးဆိုတာ ခွေးနေရမှာဘဲထားရတယ် ဒါကိုသား
နောက်မှသိတာအဖေရယ် အရမ်းခံရခက်တာဘဲ"
" ဟားးးငါ့သားအတွေးအခေါ်တွေက မြင့်လိုက်ကြီး
လား အဖေတောင်လိုက်မမီတော့ဘူးသားရယ်
ကောင်းပါပြီကွာ မင်းတောင် လူကြီးဖြစ်လာပြီဘဲ"
"ဒါပေါ့အဖေရာ"
"သားကို သားဘာဘဲလုပ်လုပ်အဖေစိတ်ချတယ် ယုံကြည့်လိုလဲ ကုမ္ပဏီကြီးတစ်ခုလုံးကို အပ်ထား
တာ"
"ဟုတ်ကဲ့အဖေ အဖေသားကို စိတ်မပျက်စေရ
ပါဘူး"
"သူဌေးလေး ထမင်းခူးထားတာ အဆင်သင့်ဖြစ်
ပြီ"
"အဖေ သားထမင်းသွားစားလိုက်ဦးမယ်"
"အင်း"
အဖေဖြစ်သူကခေါင်ငြိမ့်ပြသဖြင့် သူထကာဒေါ်မြင့်
နောက်လိုက်လာတော့သည် သူတစ်ယောက်
တည်း ထမင်းစားပွဲမှထိုင်လိုက်ပြီ ဒေါ်မြင့်က သူ
အကြောင်းသိသဖြင့် အားလုံးအသစ်ပြင်ဆင်ထား
ပေးတော့သည်။သူက ခရင်းနှင့်ဇွန်းကိုကိုင်လိုင်ပြီ
"ငါတစ်ယောက်တည်းထမင်းကို ဘယ်အချိန်ထိ
ဆက်စားရဦးမှာလဲကွာ ဟူးး"
သူပြုံးကာ ခေါင်းခါလိုက်ပြီ ထမင်းကို စားလိုက်
တော့သည်။
အခန်းထဲတွင်ဆေးယူရန် အိမ်ပေါ်သို့တတ်လာ
သော ဒေါ်မြခက်ကို နောက်လိုက်တတ်လာသော
ညီဘွားက
"အမေ စကားပြောရအောင်"
"အေး လာခဲ့အခန်းထဲမှသွားပြောရအောင်"
အခန်းထဲသို့ဝင်လိုက်ပြီ ညီဘွားက
"အမေ ဘယ်လိုလုပ်ကြမလဲ"
"အခုမှတော့ဘယ်လိုမှလုပ်လိုမရတော့ဘူး သူကို
သွားပြန်ရှာခိုင်းတဲ့နင် အကောင်တွေရော"
"ဘာသတင်းမှမရဘူး တွေရင်တော့ သူပြန်လာ
နိုင်မှာမှမဟုတ်လောက်ဘူး နှစ်ယောက်စလုံးကို
သတ်ခိုင်းလိုက်တယ်"
"အခုသူပြန်လာပြီလေ ငါတို့သူကို သတ်တဲ့သက်
သေတွေဖျောက်ဖျတ်ပစ်ရမယ် နင့်အကောင်တွေ
လည် ပါးစပ်ပေါက်ကို ငွေနဲပိတ်လိုက်ဦး မဟစေနဲ"
"ဟုတ်ကဲ့အမေ တော်တော် အသက်ပျင်းတဲ့
ကောင်ဘဲ မသေနိုင်ဘူး ဒီကောင် လူပါးဝတာ
ထပ်ပြီ သည်းခံနေရဦ့းမယ် စိတ်တိုလိုက်တာ
ခုနကများ ငါတို့ကိုခွေးနဲပါ နှိုင်းလိုက်သေးတယ်
ကြည့်ကြသေးတာပေါ့ ဒင်းဘာဆက်လုပ်နိုင်မလဲ
လို နင်အကောင်တွေက လုံတယ်နော်"
"စိတ်ချအမေ လုံတယ် ပိုက်ဆံသာရမယ်ဆိုရင်
သူတို့ကိုယ်သူတို့သတ်သေရဲတယ်"
"ဒါဆိုကောင်းတယ် ဒီကောင်ဘာမှလုပ်လိုမရ
အောင် ငါတို့ဘက်ကနေပိပိရိရိ နေကြတာပေါ့"
"ဖြစ်ပါ့မလား သူကပါးနပ်တယ်နော်"
"နင်ဘာကိုကြောက်နေတာလဲ ညီဘွား သူငါတို့
ဘာမှလုပ်လိုမရပါဘူး ငါလက်ထဲမှာ သူအဖေရှိ
နေတယ် သူအဖေရဲ့အသက်ဟာ သူကိုအကောင်း
ဆုံးထိန်းချုပ်နိုင်လိမ့်မယ်"
"အမေကတော့ အရမ်းတော်တာဘဲ"
"သားအမေပါ ခပ်ညံညံမိန်းမတော့မဟုတ်ဘူး
တော်လို့လည် မြန်မာနိုင်ငံမှာ တတိယအချမ်းသား
ဆုံး သုဌေးရဲ့ဇနီးဖြစ်လာတာပေါ့ သားရဲ့ ကယ်
ကယ် သားလည်သွားတော့ အမေဆေးယူပြီ
အောက်ကိုဆင်းလိုက်ဦးမယ် ဟိုကောင်က
အောက်မှရှိတယ် ရိပ်မိနေဦးမယ်"
"ဟုတ်ကဲ့ အမေ"
ညီဘွားအခန်းထဲက ထွက်သွားတော့သည် ဒေါ်
မြခက်ကတော့ ဆေးတွေကို ယူနေတော့သည်။
သူထမင်းစားပြီ ထမင်းစားခံမှပြန်ထွက်လာတော့
သည် ဧည့်ခန်းတွင် အဖေတစ်ယောက်တည်း စာအုပ်ဖတ်နေသည်ကို တွေ့တော့
"အဖေ ဒေါ်မြခက်နဲ ညီဘွားရော"
"ခက်က အဖေအတွက် အခန်းထဲမှဆေးသွားယူ
တယ် သားညီက ဖုန်းဆက်စရာရှိတယ်ဆိုလိုအ
ပေါ်တတ်သွားတယ် သားသွားစရာရှိတယ်ဆို"
"ဟုတ်တယ် သား အဖေကား ခနယူသွားမယ်"
"သားကားရော "
"သံရည် ကျိုစက်ထဲရောက်သွားပြီ"
"ဘာဖြစ်လိုလဲသားရဲ"
"အခုတော့အဖေကို မရှင်းပြသေးဘူး နောက်
တော့ အဖေသိလားမှာပါ"
"သားမျက်နှာကို အဖေကြည့်ရတာ ပြာသနာဖြစ်
လာတယ်"
ဒေါ်မြခက်ကရောက်လာပြီ
"အကို ဆေးသောက်ရအောင်"
ဒေါ်မြခက်ရောက်လာတော့ သူစကားဆက်ပြော
ဖို့ကို ရပ်လိုက်ရတော့သည်။
"အဖေ သားသွားတော့မယ်"
"ခက် သားကို ကားသော့ပေးလိုက်ပါ"
"ဟုတ်ကဲ့အကို"
ဒေါ်မြခက်က စာအုပ်စင်ကနေ သော့ကိုယူပေး
သည် သူက ထပြီဒေါ်မြခက်ကို ပြုံးပြလိုက်ကာ
ကားသော့ယူလိုက်သည်။ပြီတော့ပြန်လှည့်ပြီ
"အဖေ ကျွန်တော်သွားမယ်"
"အင်း"
အဖေဖြစ်သူကခေါင်းငြိမ့်ပြလိုက်သည် သူလည်
ကားသော့ကို ယူကာ အပြင်သို့ထွက်ခဲ့လေတော့
သည်။ အပြင်သို့ရောက်တော့ ဖုန်းကိုဖွင့်ကာ
သက်မင်းဆီဆက်လိုက်တော့သည်။
"ဟဲလို သက်မင်းလား ငါပါ ငါအခု ကုမ္ပဏီကိုလာ
နေပြီ အားလုံးပုံမှန်ဘဲမှတာလား အခြေနေထူးတာ
ရှိလား"
"မရှိဘူး လာခဲ့ ငါစောင့်နေမယ်"
"ok ဒါဆိုငါလာပြီ"
ဖုန်းကိုချလိုက်ပြီ ကားပေါ်တတ်က အပြင်သို့
မောင်းထွက်လာတော့သည်။

အပိုင်း(24)ပြီး၏စာဖတ်သူများအားလေးစားလျှက်
                               စာရေးသူ…လင်းသုခ

Post a Comment