မင်းသမီးလေးရဲ့အိမ်မက်
………………………………………
အပိုင်း(11)
သူမရုံဆင်းချိန်တွင် ကုမ္မဏီမှထွက်လာ
တော့သည်။သူမထွက်လာချိန်နောက်မှ
"ဟိတ်"
သူမလှည့်ကြည့်လိုက်ရာ
"ဟင် မင်းသားလေး ပါလား"
"မင်းငါကိုဘယ်လိုခေါ်လိုက်တယ်"
"အဲ sorry အကိုလေး မှားသွားလို့"
"မင်းကတော့ကွာ အခုပြန်တော့ မလို
လား"
"ဟုတ် ကို့ကို ကိုစောင့်ရဦးမယ်"
သူမ ကုမ္ပဏီမှ ထွက်လာသော နေထက်
ကိုမြင်လိုက်ရာ သူမပြေးပုန်းတော့သည်။
သူမကိုကြည့်၍ ညီဘွား ကြောင် အမ်အမ်
ဖြစ်သွားသည်။ ညီးဘွားက
"ဘာ ဖြစ်တာလဲ လဝန်းအိမ်"
"ရှူ တိုးတိုး ဘီလူးတွေ့သွားမှာ စိုးလို့"
"ဘီလူး ဘယ်မှလဲ ဘီလူး"
ညီဘွားကကြည့်လိုကရာ နေထက်ကို
တွေ့တော့သည် နေထက်က သူတို့ကို
သတိမထားမိဘဲ ကားပေါ်တတ်ကာ ကား
ကို မောင်းထွက်သွားတော့သည်။ သူမက
ပုန်းရာမှ ထလိုက်ပြီ
"တော်သေးတယ် တော်သေးတယ် မမြင်
လို့ နောက်ဆို ဒီဘီလူးက အနိုင်ကျင်နေ
အုံးမယ်"
"ကိုနေထက်ကို ကြည့်မရဘူးလား"
"အင်း "
"ဘာလိုလဲ"
"ထားလိုက်ပါ သူက အကိုလေးလိုမဟုတ်
အားနေရင် ဝန်းကိုဘဲအော်နေတာ ကြည့်
လိုကိုမရဘူး"
" ဟားးးးးးးးးမင်းကတော့ တစ်မျိုးဘဲ စိတ်
ဝင်းစားစရာကောင်းတယ်"
"ဝန်းလေး နင်ဘာလုပ်နေတာလဲ ပြန်မယ်"
သက်မင်းကရောက်လာတော့သည်။
"ဟင် ကိုကို လာပြီ ပြန်လိုက်အုံးမယ် အကိုလေး "
"ကောင်းပါပြီဗျာ"
သက်မင်းက ညီဘွားကိုပြုံးပြကာ နူတ်
ဆက်လိုက်သည်။ သူမလက်ကိုဆွဲ ၍
ညီဘွားရှေ့မှ လှည့်ထွက်လာတော့သည်။
အိမ်ရောတော့ အိမ်ဧည့်သည်တွေက
ရောက်တော့သည်။ အဖေက
"သား လာထိုင်အုံးခဏ"
သူသွားထိုင်သည် အဖေမိန်းမမျက်နှာက
မသိရင် သူကအမေလိုဘာလိုလိုနဲ ဆရာ
ကြီးပုံစံနှင့် ထိုနေသည်။ သူခုံတွင် တစ်
ဖက်ကကောင်းမလေးနှင့် မျက်နှာချင်ဆိုင်
ထိုင်တော့သည်။ အဖေက
"သား သူက သားကိုအဖေတစ်ခါပြော
ထားတဲ့ ဒေါက်တာလှိုင်ဝင့်ဝါပါ "
"ဟုတ်ကဲ့တွေရတာ ဝမ်းသားပါတယ်
ဒေါက်တာ"
"ဟုတ်ကဲ့ရှင် လှိုင်လည်တွေ့ရတာဝမ်း
သာပါတယ်"
"အဖေ ကျွန်တော် ရေသွားချိုးလိုက်ဦး
မယ်"
"အေးအေး သွားသွား မြန်မြန်ဆင်းလားအုံး
မင်း"
"ဟုတ်ကဲ့ ကျွန်တော်ကို ခွင့်ပြုပါဦး"
"ဟုတ်ကဲ့ရှင့်"
သူမ ကိုနူတ်ဆက်ပြီ အပေါ်ထပ်သို့တတ်
ခဲသည် သူမျက်နှာခပ်တင်းတင်း နှင့် အမူ
အယာဖြစ်နေသဖြင့် အားလုံးက သူကို
ဘယ်သူ ထပ်မပြောကြတော့ပါ။အိမ်ပေါ်
ရောက်တော့ သူအခန်းထဲသို့ဝင်လိုက်ပြီ
ကားသော့နှင့်ဖုန်းကို အိပ်ယာပေါ်ပစ်တင်
ကာ
"တောက် ! ဟိုမိန်းမတော်တော်လွန်လာပြီ
အဖေကလည် ငါစိတ်ကိုမသိဘူးလား ဒီမိန်းမစကားဘဲ နားထောင်ပြီ လုပ်ချင်
ရာလုပ်နေတယ်တောက်! "
သူဒေါသထွက်သွားသည်။ ဘယ်လိုရှင်း
ရင်ကောင်းမလည် ဟုသူတွေကာ ရေချိုး
လိုက်တော့သည်။ အတော်အတန်ကြာ
ရေချိုးပြီမှာ အခန်းမှအပြင်သို့ထွက်လာ
တော့သည်။သူထွက်လာရာ ညီဘွားနှင့်
ဆုံတော့သည်။ ညီဘွားက
"ဆရာဝန်မလေးက လှတယ်နော်"
"မင်းကြိုက်လိုလား"
"မကြံရဲပါဘူး ကို့အကိုရဲ့ဇနီးလောင်းဘဲ"
"မင်းအမေက ကိုယ်နဲမဆိုင်တဲ စောက်ပို
တွေသိပ်လုပ်တာဘဲ"
"အမေရဲ့စေတနာကို မစော်ကားနဲ"
"စေတနာ ဘာစေတနာနဲ မင်းတို့သားမိ
သေချာမှတ်ထားလိုက် ငါ့က ငါ့အဖေလို
မဟုတ်ဘူး အချိုသတ်လိုမရဘူး မင်းအမေ ငါကို မိန်းမအတင်းပေးစားချင်
နေတာ ဘာသဘောလဲ တစ်ကယ်ဆို
ငါအတွက်စဉ်းစားရမှမဟုတ်ဘူး မင်းအ
တွက်စဉ်းစားရမှာ ဒါသက်သက် ငါအဖေ
နဲ ငါကိုရန်တိုက်ပေးနေတာ"
"ခင်ဗျားစိတ်နဲ ခင်ဗျားမနှိုင်းနဲ"
"ငါစိတ်နဲ ငါနှိုင်းနေတာမဟုတ်ဘူး မင်း
အမေလုပ်နေတာ တွေကငါကိုငါအဖေ
အပြစ်တင်အောင် သားမိုက်ဖြစ်အောင်
လုပ်နေတာ နားလည်လား မင်းကနား
လည်မယ်ကောင်လည်မဟုတ်ပါဘူး ဒီပုတ်ထဲကလာရင်တော့ ဒီပဲဘဲနေမှာ"
"အဲဒါခင်ဗျားကိစ္စဘဲ ကျုပ်စိတ်မဝင်စားဘူး
ကျုပ်စိတ်ဝင်စားတာက လဝန်းအိမ် ကျုပ်
သိရသလောက်က ခင်ဗျားနဲ လဝန်းအိမ်
နဲက အဆင်မပြေကြဘူး ကျုပ်လဝန်းအိမ်
ကိုလိုချင်တယ် ကျုပ်လက်ထဲ လွဲပေးပါ
သူလည် ကျုပ်ဆီလာချင်ပုံရတယ်"
"မင်းအိမ်မက်မက်မနေနဲ ဝန်းလေးကို
ဘယ်တော့မှ မင်းလက်ထဲပေးမှာမဟုတ်
ဘူး သက်မင်းညီမဟာ ငါညီမဘဲ မင်းလို
အမေထမိန်နား ခိုစားနေတဲ့ကောင် ရဲ့
လက်ထဲကို ဘယ်တော့ မထည့်ပေးနိုင်
ဘူး"
"ခင်ဗျား စကားပြောတာ မလွန်လာနဲ သက်မင်း ညီမက ခင်ဗျား ညီမဖြစ်ရော
လား ဘာမှသွေးမတော်သားမစပ်တဲ့
ကောင်းမလေးတစ်ယောက်နဲမောင်နှလို
ခင်ဗျာကသဘောထားမယ် ဘာမောင်နှမ
လဲ ဘင်္ဂလားမောင်နှမလား"
"အဲတာ မင်းကိစ္စမဟုတ် မင်းနေရာနဲမင်း
နေ လူဆိုတာ ကိုယ်နေရာကိုသိရတယ်
မင်းအမေလို မိထွေးနေရာ မိထွေးမနေ
မင်းကပါ ငါကိုဆရာလာလုပ်မနေနဲ ကိုယ်
အကန့်နဲကိုနေ ဘောင်လာမကျော်ကြနဲ
သည်းခံမယ်ကောင်မဟုတ်ဘူး နားလည်
လာ အစွမ်းအစနဲနဲလေးနဲတော့ တတ်
မလားနဲ နေထက်ဆိုတဲ့ကောင်က ခပ်ညံ
ညံမဟုတ်ဘူး နားလည်ထား"
သူပြောပြီ အောက်သို့ဆင်းလာခဲ့တော့
သည်။ ညီဘွားက သူစကားကြောင့်ဒေါ
သထွက်ကာ သူကို စိုက်ကြည့်လျှက်ကျန်
ခဲ့တော့သည်။ သူအောက်သို့ဆင်းလာ
ပြီ သူတို့ရယ်မောစွာပြောနေသော စကား
ဝိုင်းတွင်
"ကျွန်တော် လှိုင်နဲစကားနဲနဲလောက်ပြော
ချင်တယ် ရလားအဖေ"
အဖေဖြစ်သူက
"ကောင်းတာပေါ့ လူငယ်ချင်းရင်းနီးသွား
အောင် စကားပြောသင့်တယ် "
"ဒါဆို ကျွန်လှိုင်ကို ခဏခေါ်သွားမယ်
လှိုင်ကျွန်တော်နဲ ခဏလိုက်ခဲ့ပါ"
သူနှင့် လှိုင်တို့ခြံပြင်ထဲသို့ဆင်းလာကြ
တော့ သူက လမ်းလျှောက်ရင်းနဲ
"လှိုင်ကျွန်တော်ကို ဘယ်လိုမြင်လဲ"
သူမက
"လှိုင်ဘဝအတွက် ရွေးချယ်သင့်တဲ့ယော
ကျာ်းတစ်ယောက်လို့ လှိုင်မြင်မိတယ် ကို
နေထက်က လှိုင်ကိုဘယ်လိုမြင်လဲ"
"လှိုင်လို ဒေါက်တာမလေး ချောချောလေး
ကို အမှန်ပြောရင် ငြင်းစရာမရှိပါဘူး"
သူမက သူစကားကြောင့်ပြုံးသွားသည်။
"ဒါပေ့မဲ့ ကျွန်တော် ငြင်းရလိမ့်မယ်"
"ရှင်"
သူမက အံသြကာ လျှောက်နေသော
ခြေလှမ်း များပါရပ်သွားတော့သည်။
"ဟုတ်တယ် ကျွန်တော်မှ ချစ်သူရှိနေ
တယ် တစ်ကယ်လို ကျွန်တော်မှာ ကောင်း
မလေးမရှိဘူးဆိုရင်တော့ ကျွန်တော်လှိုင်
ကို လက်ခံမိလိမ့်မယ်"
"နားထောင်ကောင်းတဲ့ စကားလုံးကောင်း
တွေနဲ ကျွန်မကိုငြင်းနေတာလား"
"အဲလိုမဟုတ်ပါဘူးဗျာ လှိုင်လိုရင့်ကျပ်
တည်ငြိမ်နေတဲ့ မိန်းကလေးကို ကျွန်တော်
မငြင်းရက်လို လှိုင်းကို ငြင်းခိုင်းစေချင်တာ
ပါ ကျွန်တော်ရိုင်းသလိုဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ"
"မဖြစ်ပါဘူး အခုလိုပွင့်ပွင့်လင်းလင်းပြော
ပေးလို ကျေးဇူးတင်ပါတယ် ကျွန်မနောက်
မှ ဖုန်းဆက်ပြီ ငြင်းလိုက်ပါ့မယ် အခု့ငြင်း
ရင် လူကြီးတွေ မျက်နှာပျက်စရာဖြစ်ကုန်
လိမ်မယ်"
"ဟုတ်ကဲ့ လှိုင်အဆင်ပြေသလိုလုပ်ပါ
ကျွန်တော်ကြောင့် လှိုင်ဂုဏ်သိက္ခာမထိ
ခိုက်စေချင်ဘူးဗျာ"
"ကိုနေထက်ကောင်းမလေးက ဘယ်သူ
လည်လို့ သိလိုရမလား"
"ဘာဖြစ်လိုလဲ လှိုင်"
"သြော် မဟုတ်ပါဘူး ကိုနေထက်လိုလူ
တစ်ယောက်ရဲ့ ချစ်သူဆိုတော့ သူက
အရမ်းကံ ကောင်းတဲ့သူဘဲလေ ဒါကြောင့်
သိချင်သွားတာ"
"နောက်တော့ သိရမှာပါဗျာ ကျွန်တော်
ဝန်းထမ်းပါဘဲ"
"အင်းပါ ဒါဆို လှိုင် အိမ်ထဲဝင်တော့မယ်
နော်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် လှိုင်
ကျွန်တော်ကိုနားလည်ပေးလိုပါ"
"မဟုတ်တာဘဲ လှိုင်ကသာကျေးဇူးတင်
ရမှာ အခုလိုပွင့် ပွင့်လင်းလင်း ပြောပြ
လေးလိုပါ သွားမယ်နော်"
သူခေါင်းလေး သာငြိမ်ပြလိုက်တော့သည်။
တော်သေးသည် လှိုင်ဝင့်ဝါက နားလည်မှု
ရှိသဖြင့် သူအခုမှသက်ပြင်းချနိုင်တော့
သည်။ ဟိုမိန်းမအကွက်ထဲ မဝင်အောင်
ရှောင်မှဖြစ်မယ် ခင်ဗျားကအကွက်စရွေ
ရင် ကျွန်တော်လည်စရမှာပေါ့ ဗျာ သူတွေးလိုက်တော့သည်။
သူအိမ်ထဲသိုပြန်ဝင်လာပြီ လူကြီးတွေ
ရှေ့မှာ ရေလိုက်ငါးလိုက်နေပြကာ ရယ် ရယ်မောမောနှင့် အလိုက်သင့်ဟန်ဆောင်
နေလိုက်သည် ဟိုမိန်းမကြီးကတော့ သူ
ကိုအံအားသင့်ပြီ ကြည့်နေတော့သည်။ ညခုနှစ်နာရီခွဲလောက်မှာ လှိုင်ဝင့်ဝါတို့
ပြန်သွား ကြတော့သည်။သူလည်အိမ်ပေါ်
သို့တတ်လာပြီ အနားယူရန်စဉ်းစားလိုက်
သည်။အိပ်ယာပေါ်သို လဲအိပ်လိုက်ပြီ ညနေ့က သူမအကြောင်းကိုတွေ့ မိတော့သည်။
"အာ့ အခုမှသတိရတယ် ဟိုငမွှေမလေး
စာရင်းတွေစစ်ရ အုံးမယ်"
သူအိပ်ယာပေါ်မှ ထလိုက်ပြီ လက်ဆွဲအိပ်
ထဲက စာရင်းဖိုင်တွေကို စာကြည့်စားပွဲ
ပေါ်တင်လိုက်သည်။ သူပထမစာအုပ်
တစ်အုပ်ကို စကြည့်လိုက်ရာ
"တော်သားဘဲ စာရင်းကိုတော့သေချာ
လုပ်နိုင်သားဘဲ"
သူစာရင်းဖိုင်ကြည့် ၍ပြုံးမိတော့သည်။
သူမတစ်ယောက် အိမ်ရှေ့သွားလိုက်
အိမ်နောက်ဖေး ဝင်လိုက်ယောက်ယက်
ခက်နေသဖြင့် အမေဖြစ်သူက မျက်စိ
နောက်လာသဖြင့်
"ဟဲ့နင်မထိုင်သေးဘူးလား ငါနင့်ကိုကြည့်
ပြီ မျက်စိပါနောက်လာပြီ အထဲမှာ သရဖီ
စာသင်နေတယ်နော် ငါမအော်ချင်ဘူး"
"အမေကလည် အိပ်ငိုက်နေလိုလမ်း
ထလျှောက်နေတဲ့ဟာကို"
"အမယ်လေးဟယ် အိပ်ချင်လည်သွား
အိပ်ပေါ့ "
"အိပ်လိုမဖြစ်သေးဘူး အလုပ်လုပ်ရအုံး
မယ်"
"ရှစ်နာရီထိုးနေတာတောင်နင်အလုပ်က
မပြီသေးဘူးလား"
"ဘာာာ ရှစ်နာရီထိုးပြီ မရတော့ဘူး မရ
တော့ဘူး စာရင်းလုပ်မှဖြစ်တော့မယ်"
သူမ လန့်ပြီ သူမအခန်းထဲသို့ပြေးဝင်သွား
သည်။ သက်မင်းကအပြင်ကနေ
ပြန်ရောက်လာပြီ
"အမေဘာဖြစ်လိုလဲ"
"ဘာဖြစ်ရမလဲ နင်ညီမအရူးမလေ အရူး
ထနေလို"
"အမေသားဗိုက်ဆာတယ်"
"အနောက်မှ ထမင်းခူးထားတယ် သွားစားလိုက် ငါတီဗီကြည့်နေတာ အေး
အေးဆေးကိုမကြည့်ရဘူး"
အမေဖြစ်သူက ရုပ်သံဇာတ်လမ်းတွဲကို
ကြည့်နေသဖြင့် သက်မင်းဘာမှထပ်မ
ပြောတော့ဘဲ အနောက်ဖေးဘက်သို့
ဝင်သွားတော့သည်။ သူမမှာမူ စာရင်းတွေ
ဖြင့် တစ်ယောက်တည်းရှုပ်ယှက်ခက်နေ
တော့သည်။ ညဆယ်နာရီခွဲကျော်လောက်
မှ စာရင်းတွေလုပ်လိုပြီတော့သည်။
အိပ်တော့မည်ဟုတွေးကာ အိပ်ယာတွင်
လဲအိပ်လိုက်သည်။ မိနစ်အနည်းငယ်အ
တွင်အိပ်ပျော်သွားတော့သည်။ ထိုအချိန်
အိမ်မက်ထဲတွင် အရင်ကသူမက်မက်နေ
သော မင်းသားလေးကနောက်ကျော
ပေး၍ ရပ်နေတော့သူသည်။ သူမကပြေး
သွားပြီ အားရာပါးရ အော်ခေါ်လိုက်သည်။
"မင်းသားလေးးးး"
ထိုစဉ် သူမကမင်းသားလေးဟုလှမ်းခေါ်
လိုက်သော မင်းသားလေးကလှည့်ကြည့်
ရာ "ဟင် ဘီလူးပါလားးး"
ချက်ချင်းပင်သူမ လန့်၍နိုးသွားတော့
သည်။ ဘေး၌ရေခရားဘူးမှာ ရေကိုခွက်
ထဲ ထည့်ကာမော့သောက်တော့သည်။
နာရီကိုကြည့်လိုက်ရာ ဆယ်နှစ်နာရီထိုး
နေသဖြင့် အားလုံးကိုနိုးပြီပြောရင်ကောင်း
မလားဟုတွေးလိုက်သည်။ မဟုတ်သေး
ပါဘူး ငါစိတ်စွဲတာပါယူ ထင်လိုက်ကာ ပြန် အိပ်ရန် လဲလိုက်ပြန်သည်။
"ဘုရား ဘုရား ဘီလူးကို ထပ်ပြီမမက်ပါ
စေနဲ ဘုရား ဘီလူးက မင်းသားလေးမဖြစ်
ပါစေနဲ ဘုရား"
နူတ်မှတတွတ်တွက်ရွတ်ကာ ပြန်အိပ်လေ
တော့သည်။
အပိုင်း(11)ပြီး၏စာဖတ်သူများအားလေး
စားလျှက်
စာရေးသူ…လင်းသုခ


Post a Comment