မင်းသမီး‌လေးရဲ့ အိမ်‌မက်‌ ၁၅

မင်းသမီးလေးရဲ့အိမ်မက်
………………………………………
                    အပိုင်း(15)
ညနေခြောက်နာရီထိုးနေပြီ သူမကိုမည်
သည့်ကားမှ လာမကြိုသေးပါ အလှတွေ
သေချာပြင်ပြီ အိမ်ရှေ့တွင် သူမယောက်
ယှက်ခက်နေတော့သည် ကိုအမေဖြစ်သူ
ကကြည့်မရလာသဖြင့်
"ငြိမ်ငြိမ် ထိုင်စမ်းပါ လာကြိုမှာပေါ့ ဟဲ့"
"ဟာ အမေကလဲ အမေဘာသိလိုလဲ အဲ
ဘီလူးကပြောလို့ရတာမဟုတ်ဘူး မထင်
ရင် မထင်သလို စိတ်ဖောက်တာ အမေ
ရဲ"
"ညည်းအကို ဆီဖုန်းဆက်ကြည့်စမ်းပါဦး"
"ဆက်ပြီပြီ မကိုင်ဘူး"
"အလုပ်ရှုပ်နေတာဖြစ်မှာပေါ့"
ခဏကြာ ပါကျဲဒို တစ်စီးအိမ်ရှေ့ရောက်
လာတော့သည်။ ကားပေါ်ကနေ ကား
မောင်းသူက ဆင်းလာပြီ
"ဒီအိမ်က မလဝန်းအိမ်ရဲ့အိမ်ဟုတ်ပါ
သလား"
"ဟုတ်ပါတယ်"
"ဒီက ညီမက လဝန်းအိမ်လား"
"ဟုတ်ပါတယ်"
"သူဌေးက ကြိုခိုင်းလိုက်လို့လာကြိုတာပါ"
"ဟုတ်ဟုတ်ကဲ့ အမေ သမီးလိုက်သွား
လိုက်အုံးမယ်"
"အေးအေး သွားသွား ယှက်ပြာ ယှက်ပြာ
လုပ်မနေနဲအုံး အိနြေ္ဒရရနေနော်"
"ဟုတ်ကဲ့"
သူမ လက်ကိုင်အိပ်လေးဆွဲံက အောက်
သို့ပြေးဆင်လာတော့သည်။ ကားမောင်း
သမားက နောက်ခန်းကားတံခါးကိုဖွင့်ပေး
သည်။ သူမလည်ကားပေါ်တတ်ထိုင်ကာ
လိုက်သည် ပြီတော့ အိမ်မှာကားကိုမောင်း
ထွက်လာတော့သည်။ သူမရင်ထဲတွင်ဟာ
တာတာလေးဖြစ်နေတော့သည်။ ပွဲတတ်ရမှာပျော်ရမလိုလို ငိုရမလိုဖြစ်
နေတော့သည်။ သူမအပြင်ဘက်လေးကို ငေးရင်းနှင့်ပင်လိုက်လာခဲ့တော့သည်။ ကားကို အတော်အတန် မောင်းလာရာ
သူမဘေး ဆူလေးဘုရားဘေးတွင် နေလည်က သူတို့ကိုတိုက်မလို့ ဖြစ်သော
ကားနီရပ်ထားသည်ကို တွေ့လိုက်ရ
သဖြင့် သူမကြည့်နေရင်း အံအားသင့်သွား
သည်။
"ဟင် ဟိုကားနီပါလား ကားဆရာ ခဏရပ်
ပါဦး ခဏရပ်ပေးပါ"
"ရပ်လိုမရဘူးညီမ သူဌေးက ညီမကို
မြန်ုမြန်ခေါ်လာခိုင်းတယ်"
"ခဏလေးပါဘဲ ငါးမိနစ်လောက်ပါဘဲ"
"ဘာလုပ်မလိုလည်ညီမ"
"ဟိုမှာတွေ့လား ဘုရားဘေးမှာ ကားနီ
တစ်စီးရပ်ထားတာ"
"ဟုတ်ကဲ့တွေ့ပါတယ်"
"အဲဒီကားကိုဘယ်သူမောင်းလဲ သိချင်လို့
ရပ်စမ်းပါ ကားဆရာရယ် တောင်းပန်ပါ
တယ် ခဏလေးပါဘဲ"
ကားဆရာက ကားကိုလမ်းဘေး ထိုးရပ်
လိုက်သည်။ သူမက ကားပေါ်က ဆင်းရန်
ပြင်ချိန် ကားနီမှ ကားမောင်းသူက ကား
ပေါ်ကဆင်းကာ လမ်းဘေးပလက်ဖောင်း
မှာရပ်လိုက်သည် သူမထိုသူကိုသေချာ
ကြည့်လိုက်ပေ့မဲ့ ဘယ်သူမှန်းမသိပါ
ထိုအချိန် ဟော်နာ ကားတစ်စီးက ရှေ့
ဘက်ကလာပြီ သူရှေ့ရပ်ကာ ပိုက်ဆံတွေ
တစ်သိန်းအုပ်လေးအုပ်လောက် ကမ်းပေး
ပြီထိုကားက ထွက်သွားတော့သည်။ သူမ
့ကြည့်ရင်အံသြသွားတော့သည် ထိုလူ
လည် ပိုက်ဆံကိုယူပြီ ကားကို တစ်ဖက်ဆီ
သို့မောင်းကာ ထွက်သွားတော့သည်။ သူမ
သိလိုက်သည်
"ဒါ သူဌေးကို လုပ်ကြံဖို့ ပိုက်ဆံပေးတဲ့လူ
ဘဲ ဒီပိုက်ဆံပေးပြီထွက်သွားတဲ့လူက ဘယ်သူလဲ"
ကားဆရာက
"ညီမမောင်းလိုရပြီလား ဟိုကားလည်သွား
ပြီလေ"
"ဟုတ် ဟုတ် ဟုတ်ကဲ့မောင်းပါ ကားဆ
ရာ"
သူမသိလိုက်သည် သူဌေးမှအန္တရာယ်ရှိ
နေပြီဆိုတာ ဒါကသွေးရိုးသားရိုးမဖြစ်နိုင်
ပါ သူမတွေးရင်ဖြစ် ဟော်တယ်သို့ရောက်
လာတော့သည် ကားရပ်နေရာတွင် ကား
များဖြင့်ပြည့်နေသဖြင့် ကားကိုနေရာလွတ်
တွင် ကားကို ကပ်၍ရပ်လိုက်ရသည်။ ထို
အချိန်သူမက ကားပေါ်နေဆင်းလိုက်ရာ
နောက်မှာ ခုဏကတွေ့သောဟော်နာ
ကားက သူမတို့ရဲ့ကားဘေးတွင်ကားပါ
ကင်လာဝင်ထိုးလေသည်။ သူမလည် သူမမျက်လုံးကိုမယုံနိင်ဘဲကြောင်၍ ရပ်
ကြည့်နေတော့သည် ထိုကားမှာ အရင်
တစ်ခါက ကုမ္မဏီသို့လာ၍ရန်ဖြစ်သွား
သော မိန်းမကြီးက ကားပေါ်ကနေဆင်း
လာတော့သည် နောက်မှာ ဦးလေးကြီး
တစ်ယောက်က ခြေထောက်တစ်ဖက်နာ
နေ၍ တုတ်ကောက်လေဖြင့် ကားပေါ်ကာ
ဆင်းလာတော့သည် ထိုဦးလေးကြီးကို
သူမ သူဌေးအံဆွဲက သူဌေးရဲမိသားစုဓါတ်
ပုံထဲတွင် တွေ့ဖူးတော့သည် သူမထင်
လိုက်သည် သူဌေးရဲအဖေဖြစ်မိဟု သူမ
တွေးလိုက်တော့သည် ဟိုမိန်းမက ဓါတ်ပုံ
ထဲက အဒေါ်ကြီးမဟုတ်ဘူးဆိုရင် သူက
သူဌေးနဲဘာတော်လဲ သူကဘာလို သူဌေး
ကို ကားနဲတိုက်ခိုက်တာလဲ ငါသေချာ
တွေ့ လိုက်ပါတယ် ဟိုကားနီကိုပိုက်ဆံ တွေပေးသွားတာ ဒီကားပါဘဲ လုံးဝသေ
ချာတယ်ဟု သူမတွေးနေချိန်
"ဟဲကလေးမ ဘာကြောင်ကြည့်နေတာ
လဲ နင်က ဒီကားကို စီးလာတာဆိုတော့
သူဌေးနဲမင်းဘယ်လိုပါတ်သက်လဲ"
သူမ ထိုမိန်းမရဲ့ခက်ထန်တဲ့အမူအယာကို
ကြည့်ပြီ ဒီအဒေါ်ကြီဘာရည်ရွက်ချက်နဲ
မေးတာလဲ ငါကသူဌေးရဲ့ကားစီးလာတော့
ဘာပြောရမှာလဲ ဒီအဒေါ်ကြီးကမရိုးသား
ဘူး မထူးပါဘူး သူဌေးချစ်သူလိုဖြေလိုက်
တော့မယ် ဒီအဒေါ်ကြီးကမရိုးသားဘူး
"ဟဲ ငါမေးနေတာမကြားဘူးလား"
သူမသတိပြန်လည်လာပြီ
"'ဝန်းကသူဌေးရဲ့ ချစ်သူပါ သူဌေးက ဒရိုင်
ဗာနဲလာကြိုခိုင်းလို လိုက်လာတာ ဒါနဲ
အန်တီရရောဘယ်သူလဲ"
"ဘာ နေထက်ရဲ့ချစ်သူ"
"ဟုတ်ကဲ့ အန်တီရရော သူဌေးနဲဘယ်လို
ပတ်သက်လဲ"
"ငါ သူအမေဘဲ"
မဖြစ်နိုင်ဘူး ဓါတ်ပုံထဲကအဒေါ်ကြီးဟာ
သူမဟုတ်ဘူး သူကအမေဆိုရင် ကိုယ့်
သားကိုမသတ်ဘူး ထိုအချိန်ဦးလေးက
"ဒါဆိုသမီးက သားရဲ့ ကောင်မလေးပေါ့"
သူမက ထိုလူကြီးနားပြေး၍
"ဟုတ်ကဲ့ အထဲဝင်ဖို့လားအန်ကယ် သမီး
တွဲပေးရမလား"
သူမက ဦးနေဝင်း လက်မောင်းကိုတွဲလိုက်
သည်။
"အင်း ကျေးဇူးဘဲသမီး သမီးနာမည်က"
"လဝန်းအိမ်ပါ အန်ကယ်"
"သြော် သားကုမ္ပဏီမှာဘဲအလုပ်လုပ်တာ
လား ဘယ်ဌာနမှလုပ်တာလဲ"
"ဟုတ်ကဲ့ အန်ကယ် စာရင်းဌာနကပါ
လာအန်ကယ်သွားရအောင်"
"အေးအေး သမီးလေး"
သူမက ဦးနေဝင်းကို တွဲ၍ရှေ့ကာ
လျှောက်လေ သည် ဒေါ်မြခက်က မျက်နှာ
စူပုတ်လျှက် အသံတိတ်နှင့် သူမတို့
နောက်ကလိုက်လာတော့သည်။ ဦးနေ
ဝင်းက
"သမီးနဲသားက ဘယ်ကတည်းကတွေ့
တာလဲ"
"ကြားပြီ အန်ကယ် ဘာဖြစ်လိုလဲ"
"သြော်မဟုတ်ပါဘူး သူမှရည်းစားရှိတယ်
လို သားကအန်ကယ်ကို တစ်ခါမှမပြော
ဘူးလို့"
"ဟုတ်တယ် တွေ့တာတော့ ကြာပြီ ရည်း
စားဖြစ်တာမကြာသေးဘူးလေး"
သူမ လိမ်လိုက်ရတော့သည် မဟုတ်ရင် ဟိုအဒေါ်ကြီး ပြောထည့်တာခံရနိုင်
သည်ဟု သူမတွေးလိုက်သည်။
"သြော် ဒါကြောင့်မပြောတာဖြစ်မယ် ဒီကောင်က စိတ်ကြီးတယ်တော်ယုံ
ကောင်မလေးနဲမရဘူး သမီးကဘဲနား
လည်ပေးလိုက်ပါ သူကတစ်စောက်ကန်း
သမီးရဲ့"
"ဒါပေါ့အန်ကယ်ရဲ့ သမီးကဘဲလေ သဘောထားတွေ ကြီးပေးနေရတယ် သူကအားနေရင် အော်မယ်ဟောက်မယ်
ဒါဘဲတတ်တာ သူပြောတာဘဲလုပ် သူကို
ပြန်မပြောနဲ အားနေရင်သူကိုယ်သူ အမေ
ရိကန်သမ္မတများ မှတ်နေလားမသိဘူး
အမိန့်တော်တော်ပေးနေတာဘဲ"
"ဟားးးဟားးး"
သူမရဲ့စကားကြောင့် ဦးနေဝင်းရီတော့
သည်။
"ပြီတော့လေ ရှိသေးတယ် ဝန်းကိုလည်
အနိုင်ကျင့်သလားမမေးနဲ သူတစ်ခါတစ်
ခါဒေါသထွက်ရင် ဒသာဂီဒီဘီးထက်
တောင်ဆိုးသေးတယ် သိလား"
"ဟားးးဟားးးဟုတ်လား အဲဒီလောက်ဆိုး
လား"
"ဒါကြောင့် ဝန်းသူကိုနာမည်အသစ်
ပေးထားတယ် အန်ကယ်သွားပြန်မပြော
နဲနော် အန်ကယ်ကို ခင်လိုပြောပြတာ"
"ကောင်းပါပြီဗျာ နာမည်ကဘာတုန်း"
"ဘီလူးကြီးလို ပေးထားတယ် သူခေါ်ရင်
သူတော်တော် ပေါက်ကွဲမှာနည်းနည်း
လေးမှခေါ်တာမကြိုက်ဘူး"
"ဟားးးးးးဟားးနေထက်ဇော်တစ်ယောက်
သမီးနဲမှာ ဘီလူးလုံးလုံးဖြစ်တော့တယ်"
"အဲနာမည်ဘဲ သူနဲလိုက်တယ်သိလား
လူကို ခေါ်မယ် ပြီရင်မောင်းထုတ်မယ်
မှားရင်အော်ထည့်မယ် ပြီရင်ဟိုဟာမလုပ်
ရဘူး ဒီဟာမလုပ်ရဘူး ချုပ်ချယ်မယ်
ကြည့်လို့ကိုမရဘူး"
"ဟားးး ဒီတစ်ခါဒီကောင်အနိုင်ကျင့်ရင်
အန်ကယ်ကိုလာတိုင် အန်ကယ်ဆုံးမပေး
မယ် ဒီလောက်ချစ်စရာကောင်းတယ်
ကောင်မလေးကို သူမို့အော်ရက်တယ်"
"ဟုတ်တယ် အန်ကယ် ဝန်းလာတိုင်မယ်
ဒုတ်ကြီးကြီးနဲဆုံးမပေးနော် နာနာလေး
ရိုက်ပေး အဲဒါမှ ဝန်းကိုနောက်အနိုင်
မကျင့်ရဲမှာ"
"ဟားးး ကောင်းပါပြီဗျာ ကောင်းပါပြီ နားနားလေးရိုက်ပေးပါမယ်"
သူမနှင့်ဦးနေဝင်း တို့စကားလေးပြောရင်
ခန်းမဆီသို့ ဝင်လာတော့သည်။ နေထက်
က သူမနှင့် သူအဖေအတူတွဲလာသဖြင့်
အံသြ သွားတော့သည်။ သူကတစ်ခြား
လူများနှင့် စကားပြောရာမှ စကားဖြတ်
လိုက်ပြီ သူမတို့ဆီသို့ လျှောက်လှမ်း
လာတော့သည်။ သူမက သူလျှောက်လာ
သည်ကို မြင်တော့ လန့်ပြီ
"အန်ကယ် ခုဏက ဝန်းပြောတာတွေ
မပြောနဲနော် သူသိရင် ဝန်းကိုသတ်မှာ"
"အေးမပြောပါဘူး သမီးရယ် စိတ်ချ"
"ဟုတ်ကဲ့ စိတ်ချမယ်နော် လုံးဝမပြောပါ
နဲနော် အန်ကယ် please"
"စိတ်ချ လုံးဝမပြောဘူး အန်ကယ်"
သူကအနားသို့ရောက်လာပြီသူမတို့နှင့်
မျက်နှာချင်းဆိုင် ရပ်လိုက်ကာ
"အဖေ ရောက်ပြီလား"
"အင်း အပြင်အဆင်က မဆိုးဘူး ကောင်း
တယ်သား Happy birthy သား"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အဖေ"
သူကသူမကိုကြည့်လိုက်ရာ အတော်လေး
ကိုလှပနေတော့သည်။ အသားဖြူဖြူလေး
ပေါ်မှာ ဂါဝန်ပန်ရောင် နုနုလေးနှင့် နတ်
သမီးလေးလား လှလွန်းသည် ဆံနွယ် လေးတွေကို အနောက်၌ ခရုဆံထုံလေး
ထုံးကာ နားသယ်၌ ဆံပင်အစွန်အစလေး
များချထားသည် ပန်းနုရောင်ဖျော့ဖျော့
လေးကို နူတ်ခမ်း၌ဆိုးထားသည် သိပ်လှ
လွန်းနေ သဖြင့် သူမကိုကြည့် ရင်းနှင့်
စကားပြောဖို့ မေ့သွားသည်။ အဖေဖြစ်သူ
က သားရဲ့ဟန် ပျက်နေတဲ့ ပုံကို သတိ
ထားမိ၍
"အဟမ် အဟမ်"
ချောင်းဟန်သံပေးကာ သိပေးလိုက်
သည်။ သူမက သူကိုကြည့်၍ ငါလျောက်
ပြောထားတာ သူသိရင်တော့ ငါကိုသတ်
ပြီ ဒီကပြေးရမယ် မြန်မြန် ဟုတွေးလိုက်
တော့သည်။ သူမက
"ဟိုလေ အန်ကယ် ဝန်းလေး ဟိုမှာ သူ
ငယ်ချင်းတွေနဲ သွားနူတ်ဆက်လိုက်ဦး
မယ်နော် အန်ကယ်တို့ စကားပြောကြပါ
ဦးနော်"
"ကောင်းပြီ သမီးသွား သွား"
"သွားမယ်နော် "
သူမက သူကိုလက်ကလေးပြကာ သူရှေ့
မှပြေးတော့သည်။ သူက သူမကိုစိုက်
ကြည့်ကာ ဘာမှပြန်မပြောလိုက်ချေ။
"သား ကောင်းမလေး ကချစ်ရာကောင်း
တယ် သား"
"ဟုတ်တယ်အဖေ"
ဒေါ်မြခက်က ဦးနေဝင်းနားရပ်လိုက်ပြီ
"မင်းကောင်းမလေးက မင်းရဲ့ဝန်ထမ်း
ဆို ဘာအရည်ချင်းမှရှိမယ့်ပုံမရဘူး
ကလေးသာသာဘဲရှိတယ်"
ဦးနေဝင်းက
"ခက် မိန်းကလေးဆိုတာ အရည်ချင်းရှိ
စရာမလိုဘူး ချစ်စရာကောင်းဖို့ဘဲလို
တယ် ငါ့သားက အရည်ချင်းရှိပြီသားပါ
ချစ်စရာကောင်းတဲ့ မိန်းကလေးဘဲ
လိုအပ်တယ် အရည်ချင်းရှိတဲ့မိန်းကလေး
မလိုအပ်ဘူး ချစ်စရာကောင်းတဲ့မိန်းက
လေးက ကိုယ်စိတ်ညစ်နေရင်းတောင်
ကိုယ်ရင်ထဲကို နွေးစေတယ် အဖြူထည်
လေးဘဲ အရည်ချင်းရှိတဲ့ မိန်းကလေးက
ဆရာလုပ်လွန်းတယ် အတ္တကြီးတယ်
သူတို့မှားတာကို ထောက်ပြရင်တောင်
လက်မခံတတ်ဘူး ငါ့သား မင်းအရွေး
တော်တယ် ငါကျေနပ်တယ် ဒီကောင်းမ
လေးကို သဘောကျတယ် မင်းနဲသင့်
တော်တယ်"
ဦးနေဝင် ကျေနပ်ပုံရသဖြင့် ဝန်းကို အသုံး
ချလိုက်တာ မှန်သွားတော့သည်။ ဒေါ်မြ
ခက်ကတော့ ဦးနေဝင်းစကားကြောင့် မျက်နှာပျက်ကာ တစ်ခွန်းမှထပ်မပြော
ရဲတော့ပါ သူကတော့ကျေနပ်တဲ့အပြုံး
ပြုံးလိုက်ပြီ
"အဖေ ကျွန်တော်နဲ လိုက်ခဲ့ပါ ထိုင်မယ့်
နေရာပြပေးမယ် "
"အေးအေး သွားစို့"
သူမကတော့ ရှေ့ကဝန်းထမ်းဆီတွေ
လျှောက်လာရင်း ငါခုဏကတွေတာ သူ
ဌေးကိုပြောပြလိုက်သင့်လား သူယုံပါ့
မလား ငါကိုရူးနေတယ်လို သူထင်ရင်ရော
ဟာ ယုံမှာလဲမဟုတ်ဘူး မပြောတော့ဘူး နောက်မှပိုသေချာမှဘဲပြောတော့
မယ်ဟုသူမတွေးလိုက်တော့သည်။ ဝန်းထမ်းတစ်ယောက်က
"ဟယ် ဘယ်သူများလဲလို လဝန်းအိမ်ပါ
လား လူတောင်မှားတယ်ကြည့်စမ်း"
မခိုင်က
"အမယ်လေး ငါတို့ဆီနတ်သမီးများ
ရောက်လာတာလား"
"ဟာ မခိုင်ကလဲ အဲလောက်လည် မလှ
ပါဘူး ရှက်တောင်ရှက်လာပြီ"
"အမယ်ကောင်းမလေးက ရှက်သွားပြန်
ပြီ တစ်ကယ် လှတယ် ဝန်းရဲ့"
ညီဘွားက သူမကိုတွေ့ပြီ သူမဆီသို့
ရောက်လာတော့သည်။
"ဝန်း"
သူမခေါ်သံကြောင့် လှည့်ကြည့်လိုက်
တော့သည်။
"ဟင် အကိုလေးပါလား"
"အင်း ဒီနေ့ဝန်း သိပ်လှနေပါလား"
"အကိုလေးပါ အဲလိုပြောတော့ နေတောင်
မတတ်တော့ ရှက်လိုက်တာ"
အားလုံးက သူမရှက်နေပုံကိုကြည့်ကာ
ဝိုင်းရီကြတော့သည်။
"dressက ဘယ်သူစီစဉ်ပေးတာလဲ ဝန်း"
"သူဌေးလေ ဘာဖြစ်လိုလဲ"
"ဘာလို သူကစီစဉ်ပေးရတာလဲ"
သူကရောက်လာပြီ
"အဲဒါမင်း သိစရာမလိုဘူး ဝန်း မင်းကိုငါ
ဘာမှာထားလဲ"
"သူဌေးနားမှာဘဲနေရမယ် လိုမှားထား
တယ်လေ"
"အဲဒါကို ငါနားမှာမနေဘဲ အခုဒီမှဘာ
လုပ်နေလဲ လာ သွားမယ်"
သူမလက်ကို ဆွဲကာ ညီဘွားရှေ့ထွက်
သွားတော့သည်။ သူမကသူအတင်းအ
ကျပ်လက်ကိုဆွဲထားသည် သူမလက် များနာကျင်လာသည် လက်နာတာကြောင့်
သူမကရုန်းနေတော့သည် သူက သူမ
လက်ကို သူလွတ်ပေးလိုက်ပြီ
"မင်းလုပ်ပြန်ပြီလား"
"ဘာလုပ် လိုလဲ "
"မင်းကို ငါဘာမှာထားလဲ'
"ကိုလေးနား မနေဖို့မှတ်လား မနေပါဘူး
သူဖာသာသူလာတာ"
"သူလာရင်လည်မင်းရှောင်ရမှာပေါ့"
"ဟုတ်ကဲ့ နောက်မဖြစ်စေရဘူး ကယ်ရပြီ
လား"
"ပုံစံကိုက ဘုဂလန်နဲ အချိုးပြင်မင်း ဒါနဲ မင်း ငါအဖေကို နင်ဘာတွေပြောလိုက်လဲ"
"ဟင် ဘာမှမပြောဘူး မယုံရင်အန်ကယ်
ကိုမေးကြည့်လို့ရတယ်"
"တော်ပါပြီ မမေးတော့ပါဘူး မင်းပြော
လည် ပေါက်ကရဘဲပြောမှာဘဲ"
"သူဌေး"
"ဘာလဲ "
သူမနူတ်ခမ်းလေးကိုကိုက်ကာ
"ဝန်းလှလား"
"ဘာ လှလား မင်းကိုမင်းတော်တော်လှ
နေတယ်များထင်နေလား  မလှဘူးအရူး
မနဲတူတယ် မင်းပုံစံက'
ဘာပြောတယ် လူကိုအရူးမနဲတူတယ်
ဟွန့်သူကိုလည် ကူညီရသေးတယ် လူကို
များပေါက်ကရပြောတဲ့ လူများမှတ်နေ
လားမသိဘူး ကျေးဇူးမသိတတ်တဲ့လူကြီး
ဘီလူးကြီ ဟွန့် မုန်းလိုက်တာ
"'ဘာကြည့်နေတာလဲ ငါကိုဒီလောက်
စိုက်ကြည့်ရအောင် ငါကချောနေလိုလား"
''ဝေးသေးတယ် ဘီးလူသံပုရာသီးစားထား
တဲ့ရုပ်နဲများ ချောလားတဲ့မေးရဲတယ်"
"ဘာ မင်းဘာပြောလိုက်တယ် ဘီလူးသံပု
ရာသီးစားထားတဲ့ရုပ် မင်းးးတော့နာတော့
မယ်"
သူမက လျှာလေးထုတ်က ပြောင်ပြ
လိုက်သည်။
"ဘာဖြစ်နေကြတာလဲ"
"သြော် သက်မင်းနဲ ပိုးအိမ် မြန်လိုက်တာ
မင်းတို့ ပြင်ဆင်လိုက်ကြတာ"
သူမက
"မမ အဲဘီလူး အနိုင်ကျင့်ပြန်ပြီ ဝန်းကို"
သူမက ပိုးအိမ်နား ကပ်ကာ ချွဲနွဲ၍ပြော
တော့သည်။
"အမယ် ငါညီမကလှလိုပါလား"
သူက
"ဘာလှလဲ အရူးမ မစာဥနဲတူတယ် နည်း
နည်းလေးမှ မလှဘူး"
"တွေ့လားမမ ပြောပြန်ပြီ"
"သူမနာလိုလို့ပြောတာ ဝန်း အရမ်းလှ
တယ် မမထက်တောင်လှသေးတယ်"
'ကိုကို ဝန်းလှလား"
"အင်း လှတော့လှတယ် ဒါပေ့မဲ့ ကာတွန်း
ရုပ်လေး လျှောက်သွားနေသလိုဘဲ"
"ဘာ ကာတွန်းလဲ လာပြန်ပြီတစ်ယောက်
မုန်းလိုက်တာ"
ပိုးအိမ်က
"အလည်ကား လျှောက်ပြောနေကြတာ
ဂါဝန်းလေးက လှလိုက်တာ ဘယ်သူဝယ်
ပေးတာလဲ ဝန်း"
"ဘီလူးကြီးလေ"
သူက
"ခေါ်ပြန်ပြီ လာဒီဘီလူး"
"ခေါ်မှာဘဲ ကြည့်လိုမရလို့ ဟွန့်"
"ဖိနပ်ကရော နေထက်ဘဲလား"
"မဟုတ်ဘူး ကိုကို မွေးနေ့တုန်းကဝယ်
ပေးတာ ဒီလက်ဆွဲအိပ်လေးက ညီမလေး
ကမွေ့နေလက်ဆောင် ဝယ်ပေးထားတာ"
"အမယ် တယ်ဟုတ်ပါလား အလှပြင်ထား
တာကရော ဆိုင်မှပြင်ထားတာလား"
"ဟင်အင်း မေမေပြင်ပေးတာ"
"ဝန်းကတော့ တယ်ဟုတ်နေပါလား"
သူက
"အရူးကိုဂျိုးတပ်ပေးလိုက်တာ"
"အဲဒါဘာဖြစ်လဲ မနာလိုတာက စိတ်ပုတ်
ကြီး"
သက်မင်းက
"ပွဲစရအောင် အားလုံးနေရာယူကြရ
အောင်"
"အင်း"
သူတို့တွေ ကိုနေရာကို ထိုင်ကြတော့
သည်။ပထမဦးဆုံးဦးနေဝင်းက မိတ်ခွန်း
ကိုပြောကြလေးတော့သည်။ ဦနေဝင်းပြီ
တော့ နေထက်က ကုမ္ပဏီတစ်နှစ်တာ
လုပ်ခဲ့တာတွေပြောပြတော့သည် ကုမ္ပဏီ
၌ တစ်နှစ်လုံးအမှားအယွင်းမရှိ လုပ်နိုင်
ပေးသောသူများကို ဆုပေးတော့သည်။
ပြီတော့ အခန်းအနားကို ပျော်ပွဲရွှင်ပွဲနှင်
သီချင်း သီဆိုဖျော်ဖြေကြတော့သည်။
နေထက်က သူမွေးနေ့ဖြစ်၍ ဝန်ထမ်းများ
ကိုကံစမ်းမဲပါဖောက်ပေးတော့သည်။
သူကတော့ သူမကို သူအနားတွင်နေရန်
လက်ကိုဆွဲကာ မလွတ်တမ်းကိုင်ထား
သည်။ သူမကတော့ လစ်ရင် လစ်သလို
ထွက်ပြေးပြီ မုန့်တွေ တစ်ခုပြီတစ်ခုယူ
ပြီစားနေတော့သည်။ သူတို့နှစ်ယောက်
ပုံစံကို ကြည့်ပြီ ပိုးအိမ်က
"သက်မင်း "
"ဘာလဲ ပိုး "
"နေထက်က ဝန်းလေးကိုဂရုစိုက်တယ်
နော်"
"အင်း"
"ငါတောင် ဝန်းကိုမနာလိုဖြစ်မိတယ် သူ
ဘာလို ဝန်းကိုအနားခေါ်ထားတာလဲ"
"ဝန်းက ပြသာနာရှာတတ်လို ပြီတော့
ညီဘွားကြောင့်"
"ညီဘွားကြောင့်"
"ဟုတ်တယ်ပိုး ညီဘွား ဘာရည်ရွယ်ချက်
ရှိလဲမသိဘူး ဝန်းအနားကို မရမကချည်း
ကပ်နေတယ် ငါရော နေထက်ရောသတိ
ထား မိလာတယ် အဲဒါကြောင့်ပါ"
"ဟုတ်လား ဒါဆို ညီဘွားကတော်တော်
လွန်းတာပေါ့ "
"ငါတို့သေချာတော့ မပြောနိုင်သေးဘူး
နေ့လည်ကလဲ နေထက်ကို ကားတစ်စီး
ဝင်တိုက်မလိုဖြစ်တယ် နေထက်ကရှောင်
လိုက်တာကြောင့် လွတ်သွားတယ်"
"ဘာ နေထက်ကို ကားဝင်တိုက်မလိုဖြစ်
တယ် ဘာဖြစ်သွားသေးလဲ"
"အင်း ဘာမှတော့မဖြစ်လိုက်ဘူး"
"တော်သေးတာပေါ့ သတိထားသင့်ပြီထင်
တယ် နေထက်"
"အင်း သူလည် အဲလိုဘဲစဉ်းစားမိတယ်"
သက်မင်းနှင့်ပိုးအိမ်တို့လည် ထိုညလေး
တွင် သူတို့နှစ်ယောက်စကားထိုင်ပြောနေ
ကြတော့သည်။ သူမနှင့် သူကတော့ တစ်
ကျက်ကျက်ရန်ဖြစ် လိုက် ရီလိုက်နှင့်ရှိနေ
ကြတော့သည်။ ညဆယ်နာရီလောက်မှ
သူတို့ အိမ်သို့ ကိုယ်ဆီပြန်ကြတော့သည်။

အပိုင်း(15)ပြီး၏စာဖက်သူများအားလေး
စားလျှက်
                               စာရေးသူ…လင်သုခ

Post a Comment