မင်းသမီးလေးရဲ့အိမ်မက်
……………………………………
အပိုင်း(14)
သူမဒီနေ့ကုမ္ပဏီနှစ်ပတ်လည်သွားရန်
စိတ်ညစ်နေတော့သည်။ ဝတ်စရာက
ဘာဝတ်လို့ဝတ်ရမယ်မှန်းမသိတော့ပါ
ကိုကိုကလည်မရှိပါ တစ်နေ့လုံပွဲကိုစီမံ
ရင်းနဲအချိန်ကုန်နေတော့သည်။ အိမ်ကို
တောင်ပြန်မလာတော့သည်။ သူမတစ်
ယောက် စိတ်ညစ်နေရတော့သည်။ထိုအ
ချိန်မှာဖုန်းတစ်ခုဝင်လာတော့သည်။
"ဟဲလို ဘယ်သူပါလဲ"
"ငါဘဲ အခု ရန်ကင်း centerကိုလာခဲ့"
သူမအသံကြားယုံဖြင့်သူမှန်းသိသွားတော့
သည်။
"ဘာလုပ်ဖို့လဲ"
"မင်းငါကိုပြန်မေးပြန်ပြီလား လာဆိုလာခဲ့"
"ဟုတ်ကဲ့ အခုလာပြီ အခုချက်ချင်းလာ
ခဲ့မယ် ဒါဘဲနော်"
သူမဖုန်းကို ကမန်းကတမ်းချလိုက်ပြီ
"ဟူးးးးမောတာ ဒီဘီလူးဘာလုပ်ပြန်အုံးမ
လည်မသိဘူး ဒါနဲနေစမ်းပါဦး ငါဖုန်းနံ
ပါတ်သူဘယ်လိုသိလဲ ဟာမသိတော့ဘူး ခဏနေကြာနေရင် အော်နေ အုံးမယ် မြန်မြန်သွားမှ"
သူမခပ်မြန်မြန်လေ အဝတ်လဲကာ အိမ်မှ
ထွက်လာခဲ့တော့သည်။ သူမtaxiကို ကို
ဖြင့် ရန်ကင်းcenterဆီသို့ လာတော့
သည်။ ကားက လမ်းပြောန်ဖြစ်နေသဖြင့်
တစ်ဖက်တွင် ဘေးကပ်၍ရပ်ပေးတော့
သည် သူမလည်ကားပေါ်ကဆင်းလိုက်
ပြီ ဖုန်းကို ကိုင်ကဆက်လိုက်တော့သည်။
"အရှေ့ရောက်နေုပြီ ဘယ်မှာလဲ"
"ငါမင်းကိုတွေ့နေရတယ် လမ်းဖြတ်လာ
ခဲ့"
"ဟုတ်"
သူမဖုန်းကိုချကာ ကားလမ်းအခြေအနေ
ကိုကြည့်ပြီ လမ်းကူရန်ချိန်လိုက်သည်။ တစ်ဖက်လမ်းသို့ ကူမယ်ကြည့်ချိန် သူက
တစ်ဖက်လမ်းမှာ ကားပေါ်ကနေဆင်း
လိုက်သည်။ သူမကြည့်၍ လက်ပြကာ
ကားတွေက ရှုတ်နေသဖြင့် သူက သူမဆီ
လမ်းဖြတ်ကူး ရန် တစ်ဖက်မှသူမဆီ လမ်း
အခြေနေကြည့်ကာ ဖြတ်လျှောက်လာ
တော့သည်။ ထိုအချိန်သိပ်မဝေးတစ်ဝေး
မှကားနီတစ်စင်း ဟာ အရှိန်ပျင်းပျင်းဖြင့်
သူဆီတိုက်ရိုက်မောင်းလာတော့သည်။
သူကတော့ သူမကိုသာအယုံစိုက်သဖြင့်
လမ်းကိုခပ်မြန်မြန်လေးဖြတ်ကူးနေချိန်
သူမက အရှိန်ပြင်းမောင်းနှင်းလာသော
ကားကိုကြည့်၍သူကို စိတ်ပူသွားတော့
သည်။ သူလည်လှည့်ကြည့်လိုက်ရာ ထို
ကားအနီက သူကို တိုက်မိတော့မှာကို
မပြေးဘဲ ရပ်ကြည့်လိုက်တော့သည်။
ကားနီကမီးရုတ်တရပ်ဖွင့်ကာ သူဆီကို
တိုက်ရိုက်မောင်းနှင်လာတော့သည် သူကလည်မီးရောင်ကြောင့်မျက်စိတစ်
ချက် ကျိမ်းသွားသဖြင့် မျက်စိကိုမှိတ်ကာ
လက်ဖြင့် ကာလိုက်ကာ ကားပေါ်ကလူကို
ကြည့်လိုက်ရန်မျက်လုံးဖွင့်ကာ ကြည့်ရန် ကြိုးစားပေ့မဲ့ မမြင်ရချေ။ သူ့မကလန့်
ပြီ သူကို ပြေးဆွဲကာ ဘေးသို့ရောက်
အောင် အားသုံးပြီ ဆွဲလိုက်ရာ အရှိန်မ
ထိန်နိုင်ဘဲ ဘေးဘက်သို့ လိမ့်ကျသွား
သည် ကားနီကာ အရှိန်ပြင်းစွာဖြင့်ဖြတ်
မောင်းသွားတော့သည်။ သူတို့နှစ်ယောက်
လည် မြေပြင်၌လဲ၍ ထကာ ထိုကားနီကို
အံသြစွာကြည့်လိုက်တော့သည် မည်သူ
မည်ဝါမောင်းမှန်မသိပါ ဒါက တမင်သက်
သက် လုပ်ကြံတာဟုသူက ထင်မိကာ
"တောက် ကားကိုဘယ်လိုမောင်းတာလဲ"
လူတွေက ချက်ဝိုင်းအုံလာပြီ သူမနှင့်
သူလည် မတ်တပ်ထရပ်လိုက်ပြီ လူတွေ
"ဘာဖြစ်သွားကြသေးလဲ ကောင်လေးနဲ
ကောင်မလေး"
သူကဒေါသထွက်နေသဖြင့် သူမက
"ဘာမှမဖြစ်ဘူး ဦးလေးတို့ ကျေးဇူးပါ
နော်"
"အေးအေးဘာမှမဖြစ်လို့တော်သေးတယ်
အဲဒီကားနီက ဟိုအပင်အောက်မှာရပ်နေ
တာကြာပြီ ဒီကောင်လေးလမ်းဖြတ်မှ
သူမောင်းလာတာ ဦးလေးတို့လက်ဘက်
ရည်ဆိုင်မှာ ထိုင်နေလို့သာ အဲဒီကားကို
တွေတာအရှေ့ကားမှန်က မှန်ထူအမျိုး
အစားဆိုတော့ ဘယ်သူမှန်းအပြင်ကမ တွေရဘူး ဒီကကောင်လေးကို အဲဒီကား
က တမင်တိုက်တာထက်တယ်"
"ကျေးဇူးပါ ဗျာ ကျွန်တော်လည်အဲဒီလို
ဘဲယူဆမိပါတယ် ဘာမှမဖြစ်ဘူးဆိုတော့
ကျွန်တော်တို့ နှစ်ယောက် ခွင့်ပါအုံး ကျေး
ဇူးတင်ပါတယ်ဗျာ အားလုံးကို"
"ရပါတယ်ကွယ် သတိထားပါကောင်း
လေး"
"ဟုတ်ကဲ့ပါ ဗျာ"
သူမသဲနှင့် ဖုန်ပေသွားသော သူထမိန်
အားလက်ဖြင့် ခါလိုက်တော့သည်။ သူ၏
ဘောင်ရှည်ဘေးတစ်မှအမှိုက်ကပ်နေ သဖြင့် သူမခါပေးလိုက်သည်။ သူက သူမ
ကြည့်ကာ ပုခုံးကို လက်နှစ်ဖက်ဖြင့်ကိုင်
ကာ
"ဘာဖြစ်သွားသေးလဲ"
"ဘာမှမဖြစ်ဘူး"
"သေချာလား"
"ဟုတ် ဘာမှမဖြစ်ဘူး"
" အဲဒါဆိုလာ သွားကြရအောင်"
"ဟုတ်"
သူကသူမလက်ကို ဆွဲ၍ လမ်းတစ်ဖက်
သို့ ကားအခြေနေကြည့်ကာ ဖြတ်ကူး
လိုက်တော့သည်။ပြီတော့သူတို့ ရန်ကင်း
centerထဲသို့ ဝင်လိုက်တော့သည် ထို
ရန်ကင်း centerထဲဝင် ဖက်ရှင်ဆိုင်ထဲသို့
ဝင်ကြလိုက်ကာ သူက အရောင်းဝန်ထမ်
မလေးကို
"အတွက် ပွဲတတ်ဝတ်စုံတစ်စုံလောက်လို
ချင်တယ်"
"ဟုတ်ကဲ့ရပါတယ်ရှင် ကြွပါ"
သူမက သူအနားကပ်ကာ
"ဘာလုပ်ဖိုလဲ ဝတ်စုံက"
"နင်အတွက် နင်ဝတ်ဖို့လေ"
"ဝယ်ပေးမှာလား"
"အင်း"
"တကယ်နော် ဘယ်နှစ်စုံယူရမလဲ"
"ဘယ်နှစ်စုံယူချင်လိုလဲ"
"နှစ်စုံ"
"အင်း ယူ ကြိုက်ရာရွေး ငါထိုင်စောင့်နေ
မယ်"
"ဟုတ်"
သူမကခွင့်ပြုမိတ်ရသွားသဖြင့် ဂါဝန်လေး
တွေရွေးတော့သည်။ သူကတော့ ခဏက
ကားအကြောင်းသာ စဉ်းစားမိနေတော့
သည်။ခဏကြာ သူမက
"ရွေးပြီပြီ"
" မြန်လှကြီးလာ မဝတ်ကြည့်ဘူးလား"
"မဝတ်တော့ဘူး ညကြမှဝတ်လာခဲ့မယ်
လှနေစေရမယ်"
သူကသူမစကားကြောင့် ရွဲပြုံးတစ်ချက်
ပြုံးလိုက်သည်။ သူကအရောင်းဝန်ထမ်း
ကို
"ဘယ်လောက်ကျလဲ"
"သုံသိန်း အကိုလေး"
သူငွေချေးလိုက်ပြီ
"သွားရအောင် ဖိနပ်လိုသေးလား"
"ဟင်အင်း ရှိတယ် မွေးနေ့တုန်းက ကိုကို
ဝယ်ထားပေးတယ်"
"အင်း အကျီင်္ဘာအရောင်ဝယ်ထား တာ
လဲ"
"အဖြူ နဲ ပန်းရောင်း"
"ညကြရင်ဘာ အရောင်ဝတ်လာမလဲ"
"ပန်းရောင်ဝတ်မလို ဘာလိုမေးတာလဲ"
"ညကြရင်မင်း ငါနားဘဲနေရမယ် ငါနဲအ
တူတူ ပွဲကိုတက်ပေးရမယ်"
"တစ်ကယ် ဘာလိုလဲဟင်"
"ဘာလိုဘဲဖြစ် ဖြစ် မင်းညကြရင် ငါအနား
ဘဲနေရမယ်ထပ်မမေးနဲ မတတ်ချင်ဘူး
လိုမပြောရဘူး ဒါဘဲ လာပြန်မယ် "
"ပြန်ပြီလား"
"မပြန်ဘဲ မင်းကဘယ်သွားချင်သေး
လိုလဲ"
"ဘယ်မှမသွားချင်ဘူး အိမ်ဘဲပြန်ချင်
တယ်"
သူတို့အထည်ဆိုင်မှ ထွက်လာတော့သည်
သူမကတော့ သွားပြီ ဒီဘီလူးနာမှာလှုပ်လို
တောင်ရမှမဟုတ်ဘူး သေပြီ သေပြီ လဝန်းအိမ်နင်သေလိုက်တော့ ဟီးး"
သူမတွေးရင်းဖြင့် သူနောက်သို့လိုက်လာ
တော့သည်။ အပြင်သို့ရောက်တော့
"မင်းtaxi နဲပြန်လိုက်တော့"
"ဟင် taxiနဲ ပြန်ရမှာလား"
"အင်း ငါလိုက်မပိုတော့ဘူး ငါစုံစမ်းစရာရှိ
လို့"
"ဟုတ်ကဲ့"
"ခြောက်နာရီမင်းကို လာကြိုဖို့ကားလွတ်
ပေးလိုက်မယ် မင်းအိမ်ကနေဘဲစောင့်
နေ"
"ကိုကိုရော"
"ပိုးအိမ်နဲအတူ တတ်လိမ့်မယ် သူတို့နှစ်
ယောက် ဒီပွဲကိုစီမံကြမှာ မင်းကတော့
ငါနဲအတူတူ တတ်ရလိမ့်မယ် ကယ် ဟို
မှာ taxiလာပြီ ပြန်တော့"
"ဟုတ်ကဲ့ပါ"
Taxiကိုတားလိုက် ပြီသူမကိုကားပေါ်
တင်ပေးလိုက်တော့သည်။ သူဖုန်းကို
ဆက်လိုက်ပြီ
"ဟဲလို သက်မင်း မင်းအခုဘယ်မှာလဲ"
"ဟော်တယ်မှာ"
"ငါအခု မင်ဆီလာခဲ့မယ်ပြောစရာရှိတယ်"
"ok လာခဲ့လေ"
သူဖုန်းကိုချပြီ ကားပေါ်တတ်ကာ ဟော် တယ်သို့မောင်းလိုက်တော့သည်။ ဟော်
တယိသို့ရောက်တော့ ခန်းမဆီသို့ လာ
တော့သည် ဆင့်မြင့်ပေါ်၌ လိမ့်ကာဆင်
နေသူနှင့် စကားပြောနေသဖြင့် သူက
"သက်မင်း ခဏဆင်းလာခဲ့ဦး"
သက်မင်းက သူအသံကြား၍ စကားပြော
နေတာကို ရပ်ပြီ စင်အောက်သို့ ဆင်းလာ
တော့သည်။ သက်မင်းက သူအနားသို့
ရောက်လာပြီ
"ပြောစရာရှိလိုလား"
"အင်း ငါတို့တစ်ခုခုသောက်ရင်းပြောရင်
စကားပြောရအောင်"
"အင်း "
သူတို့ စားသောက်ဆိုင်ဘက်သိုထွက်
သို့ ထွက်လာပြီ
"ဒီမှာဘဲထိုင်ရအောင်"
ဝိတ်တာက အနားရောက်လာပြီ
"ဘာသုံးဆောင်ကြမလဲဗျာ"
သူက
"code နှစ်ဘူး အရင်ချပေးပါ ပြီမှ မီးနူး
ကြည့်ပြီ မှာလိုက်မယ်"
"ဟုတ်ကဲ့"
ဝိတ်တာကလှည့်ထွက်သွားတော့သည်။
သက်မင်းက
"တစ်ခုဖြစ်လာတာလား"
"အင်း ငါဝန်းလေးကို လမ်းဖြတ်ကူးဖို့
သွားခေါ်တာ ငါကို ကားအနီရောင်တစ်စီး
ဝင်တိုက်ဖို့ လုပ်တယ် ဘေးကလူတွေ
ပြောတာတော့ အဲဒီကားက ရပ်နေတာ
တဲ့ ငါလမ်းဖြတ်မှ သူအရှိန်နဲမောင်းလာ
တာ တော်သေးတယ် ငါဘာမှမဖြစ်လို့"
"ဝန်းရော"
"သူလည်ဘာမှမဖြစ်ဘူး ဒါပေ့မဲ့ ငါ့ကို
သူသာမဆွဲရင် ငါတိုက်မိနိုင်တယ် သူငါ
ကိုကယ်လိုက်တာ"
"တော်သေးတာပေါ့ကွာ ဘာမှမဖြစ်ကြ
လို့"
"အဲဒီကား ကိုမင်းသိလား"
"ကားကတော့ တရုပ်ကားပုံစံမျိုးဘဲ ကား
မီးက ဖွင့်လိုက်တော့ ငါမောင်းတဲ့လူဘယ်
သူမှန်းမသိတော့ဘူး"
"ဒါလုပ်ကြံတာလား လုပ်ကြံတယ်တယ်
လိုယူဆလို့ရသလို မတော်တဆဖန်းတီး
သလိုဖြစ်နိုင်တယ် မင်းသတိနဲနေသင့်ပြီ"
"ငါလည်ထင်တယ် ဒါလုပ်ကြံမှုဘဲ သေ
ချာစုံစမ်းရမယ် ဟိုမိန်းမလက်ချက်ဖြစ်ဖို့
များတယ်"
"မသေချာသေးဘူး ငါတို့မှသက်သေမရှိ
ဘူးလေ"
"ငါစိတ်က အလိုသိနေတယ် ထားလိုက်
တော့ ငါဘာမှမဖြစ်သွားတာ အဲဒီကား
ကံကောင်း သွားတယ်"
"နေထက် ငါတစ်ခုမေးချင်းတယ် ငါညီမ
ကိုဘာလို ရွေးချယ်လိုက်တာလဲ မင်းအ
နေနဲဆို ပိုးကိုရွေးချယ်လိုရပါတယ်"
"ငါပိုးအိမ်ကို မရွေးချယ်ချင်ဘူး "
"ဘာလိုလဲ ပိုးက မင်းပေါ်ခံစားချက်ရှိနေ
တယ်"
"အင်း ငါသိပါတယ် ငါ ပိုးအိမ်ကို မချစ်ဘူး
သူငယ်ချင်းတစ်ယောက် ရဲ့သံယော်ဇဉ်
ထက် မပိုဘူး"
"ပိုးဘက်က မင်းကိုမျှော်လင့်နေတာ အရင်ကတည်းကဘဲ"
"အဲဒါလည် ငါသိပါတယ် မင်း ပိုးအိမ် ပေါ်
မှာခံစားချက်ရှိနေတာလဲငါသိတယ်"
"ဘယ်ကတည်းကသိတာလဲ"
"ပိုးနဲမင်းကို ငါမိတ်ဆက်ပေးလိုက်က
တည်းက မင်းအမှုအယာကို ငါသိခဲ့တာ
ဒါကြောင့် ငါပိုးအိမ်ကို ဘယ်တော့မှ မချစ်
မိအောင်နေခဲ့တယ် ငါ့ညီမတစ်ယောက်
လိုသဘောထားခဲ့ ငါပိုးအိမ်ကိုတွေ့လို
တစ်ခါမှရင်မခုန်ဘူး သူကငါအားယုံထဲ
မှာ ငါကိုဆွဲဆောင်ထားနိုင်တဲ့ မိန်းကလေး
မျိုး မဖြစ်ခဲ့ဘူး ဖြူစင်တဲ့ သူငယ်ချင်းသံ
ယောဇဉ်ဘဲဖြစ်ခဲ့တယ် သူငါအပေါ်ခံစား
ချက်တာ ငါသိလိုက်တဲ့အချိန်မှာ ငါကိုယ်
ငါအကြိမ်ကြိမ်ပြန်မေးခဲ့ ငါသူကို ချစ်မိသ
လားလို့ ဒါပေ့မဲ့ သူက ငါ့နှလုံးသားကိုမနိုး
ထနိုင်စေခဲ့ဘူး ဒါကြောင့် ငါမသိချင်
ယောင်ဆောင်ခဲ့တယ် မင်းကလည်သူကို
ချစ်နေတာ ငါသိနေတော့ မင်းနဲဆိုသူကို
စိတ်ချတယ်"
"အင်းပါ မင်းဆီကအခုလို ပွင့်ပွင့်လင်း
လင်း ငါကိုပြောပြလို ငါကျေးဇူးတင်မိ
တယ် ငါမင်းကိုတောင်းပန်ပါတယ်"
"ဘာကြောင့်လဲ"
"ငါမင်းကို အဲဒီကိစ္စနဲပတ်သက်ပြီတော့
ငါစိတ်ထဲမှာ ခုနေတာ မင်းကိုငါ တစ်
ကယ်လေးစားပါတယ် ကျေးဇူးလည်တင်
ပါတယ်ကွာ"
"မလိုပါဘူး ငါတို့က ညီကိုတွေဘဲ"
"ok ကွာ ဒါနဲ ငါညီမ ကို ရွေးချယ်တာက
ရော"
"မင်းကလည် မင်းညီမ ဘာမှမဖြစ်စေ
ရပါဘူး အဖြစ်သည်းနေလိုက်တာ"
"မဟုတ်ပါဘူးကွာ ဝန်းက ကလေးလို
ဖြစ်နေတယ် ဘာမှလည် သိပ်မသိဘူး"
"စိတ်ချပါကွာ ငါ ဝန်းကိုရွေးချယ်လိုက်
တာက အချက်သုံးချက်ရှိတယ် ပထမတစ်
ချက် ပိုးအိမ်ကို ငါမရွေးချယ်ချင်လို တမင်
ဝန်းကိုရွေးလိုက်တာ ဝန်းဆိုရင် ပိုးအိမ်က
ဘာမှပြောတော့မှမဟုတ်ဘူး စိတ်လည်
မဆိုးတော့ဘူး မင်းကိုလည် အခွင့်ရေး
ပေးလိုက်တာ"
"ဒုတိယတစ်ချက်တော့ ဝန်းကိ ညီဘွား
ကလိုက်ကပ်နေတယ် ငါနားမှာဝန်းမရှိ
ရင် ညီဘွားအနား ဝန်းရောက်သွားလိမ့်
မယ် ဒီကောင်ဝန်း နားကပ်နေတာ ဘာ
အကြံရှိနေလဲ မသိဘူး"
"အဲဒါ တော့ဟုတ်တယ် ငါလည်ရိပ်မိတယ်
တတိယအချက်ကရော"
"တတိယအချက်က ဝန်းကလှတယ် ချစ်
စရာကောင်းတယ် သွက်တယ် စကား
တတ်တယ် အနေအထာအလိုက် သူနေ
တတ်တယ် တစ်လွဲလုပ်တတ်တာကလွဲ
ရင် သူက ငါအဖေနဲတွေ့ပေးဖို့အသင့်
တော်ဆုံးဘဲ ဒါမှ ဟိုမိန်းမ ငါကို မိန်းမယူ
စေချင်တယ် စိတ်ကိုငါအလဲထိုးနိုင်ပါ"
"ကောင်းတယ် မင်းရည်ရွယ်ချက်ကို ငါ
ကြိုက်သွားပြီ ငါထောက်ခံတယ် ငါညီမ
မင်းနဲဆို စိတ်ချတယ်"
"ကျေးဇူးတင်ပါကွာ ငါကိုယုံကြည်ပေးလို
ငါမှာ မင်းကိုဘဲ တိုင်ပင်စရာရှိတာ"
"အေးပါကွာ"
သူတို့ဟိုတယ်ရဲ့စားသောက် ဆိုင်ထဲတွင်
သူတို့နှစ်ယောက် စကားလေးပြောရင် စား
သောက်နေကြတော့သည်။
အပိုင်း(14)ပြီး၏စာဖတ်သူများအားလေးစားလျှက်
စာရေးသူ…လင်းသုခ


Post a Comment