မင်းသမီးလေးအိမ်မက်
…………………………………
အပိုင်း(16)
ပိုးအိမ်ဖုန်းကိုဖွင့်ကာ ဖုန်းခေါ်လိုက်သည်
"ဟဲလို နေထက်လား"
"ဟုတ်တယ် ပိုးအိမ် ကိစ္စရှိလိုလား"
"နင်အခုဘယ်မှာလဲ"
"ကော်ဖီဘားမှာ"
"နင်အချိန်ရလား "
"ရပါတယ် ငါတစ်ယောက်တည်းစိတ်ညစ်
နေလို ကော်ဖီဘားမှာလာထိုင်နေတာ"
"နင်ဘယ်နားမှာလဲ"
"လှည်းတန်းမှာ"
"ငါအခုလာ ခဲ့မယ်"
"အင်း"
"ဒါဆို ဒါဘဲနော်"
သူမဖုန်းကိုချလိုက်တော့သည်။ သူမ
နောက်နာရီလောက်ဝက် တွင်ဆိုင်သို့
ရောက်လာတော့သည်။
"စောင့်ရတာကြာသွားလား နေထက်"
သူထိုင်မှာ သူနှင့်မျက်နှာချင်ဆိုင် ဝင်ထိုင်
လိုက်တော့သည်။
"မကြာပါဘူးဟာ ငါက ဆိုင်မှတစ်ယောက်
တည်းထိုင်ချင်လိုလာ ထိုင်နေတာ"
"စိတ်ညစ်စရာရှိလိုလား"
"ဒီလိုပါဘဲဟာ နည်းနည်းပါးပါးပေါ့"
"နင်အဆင်ပြေရဲ့လားနေထက် ငါသက်မင်းဆီက ကြားတယ် နင်ကိုတစ်
ယောက် ယောက်က ကားဝင်တိုက်တယ်
ဆို နင်သတိထားနေသင့်ုပြီ နေထက်"
"ငါသိပါတယ်ဟာ နင်စိတ်ချပါ ငါသတိ
ထားနေပါတယ် နင်ပြောစရာရှိတယ်
မဟုတ်လား ဘာလဲပြောလေဟာ"
"အင်း ငါမေးစရာရှိလိုပါ"
"ငါ နင်ကို ဆယ်တန်းတုန်းပေးဘူးတဲ
စတီဘင်ဂျော့ရဲ့ Life and Love စာအုပ်
လေး နင်မှရှိသေးလား ပြီတော့ နင်အဲဒီ
စာအုပ်ကို ဆုံးအောင်ဖက်ဖြစ်ခဲ့လား"
သူမရဲ့မေးခွန်းကြောင့် နေထက်ဖြေရခက်
သွားသည်။
"ငါ မေ့တောင်မေ့နေပြီ ဟာ နင်ဘာလုပ်
ဖို့လဲ"
"ငါသိချင်တာ နင်အဲဒီစာအုပ် ကိုနင်ဖက်
ဖြစ်လား"
"ငါ မဖက်ဖြစ်ဘူး ပိုးအိမ် အဲဒီတုန်းက နင်
ပေးကတည်းက စာအုပ်ကိုငါ ဒီအတိုင်း
ထား ထားတယ် လုံးဝမဖက်ဖြစ်လိုက်ဘူး"
"နင်တစ်ကယ်ပြောနေတာ"
"အင်း ဒါဆို နင်ဘာမှမသိခဲ့ဘူးပေါ့"
"နင်ဘာကိုပြောတာလဲ ငါကဘာကိုမသိ
ခဲ့ရမှာလဲ"
"သြော် ဒါဆို ငါနင်အပေါ် အထင်မှားခဲ့
တာဘဲ နင်သိသိကြီးနဲလုပ်ခဲ့တာ မဟုတ်
ဘူးဘဲ"
"နင်ဘာတွေပြောနေတာလဲ ငါနားမလည်
တော့ဘူး"
"နားမလည် လည်ထားလိုက်ပါတော့ ဟာ
ငါ အဲဒီစာအုပ်လေး ပြန်လိုချင်တယ် ငါကို
နင်ပြန်ပေးနိုင်မလား"
"ရှိပါ့ အုန်းမလားမသိဘူး ငါရှာပေးမယ်
လေ"
"အင်း ဒါပေ့မဲ့ နင် အဲဒီစာအုပ်ကို ဖွင့်မဖက်
နဲတော့"
"ဘာဖြစ်လိုလဲ"
"အဲဒီတုန်းက ငါနင်ကိုပြောခဲ့ ချင်တဲ့စကား
တွေကို စာအုပ်ရဲ့နောက်ဆုံး စာရွက်မှာ
ရေးထားတယ် နင်ကအခုချိန်ထိ မဖက်ရ
သေးဘူးဆိုတော့ မဖက်နဲတော့ဟာ"
"ငါတောင်းပန်ပါတယ်ဟာ နင်ဘာရည်
ရွယ်ချက်နဲစာအုပ်ကို ပေးလည်ဆိုတာ ငါ
တစ်ကယ်မသိခဲ့တာပါ"
"ရပါတယ်နေပါစေတော့ တကယ်တော့
နင်ဟာလေ ငါနဲပါတ်သက်လာရင် သက်
မင်းလောက်တောင် ငါကိုဂရုမစိုက်ဘူး
သိလား ငါနင်ကိုမုန်းမိတယ် စိတ်လည်
နာတယ် ဒါပေ့မဲ့ ငါနင်ကို မမုန်းရက်ဘူး
နင် မနေ့က ဝန်းကို ဂရုစိုက်နေတာ ငါ
အပေါ် အဲလိုမျိုးလေး တစ်ခါတောင်မရှိခဲ့
ဖူးဘူး"
"နင်ကလဲဟာ ဝန်းနဲအပြိုင် ကလေးဆန်
နေပြန်ပြီဟာ"
"ငါ နင်နဲ ပါတ်သက်ရင် ကလေးဆန် ချင်
မိတယ် ငါဝန်းလေးကို အားကျတယ် သိ
လား ဝန်းက ချစ်စရာလဲကောင်းတယ် နင်ကိုလည် ပြောချင်သလိုပြောရဲတယ်"
"တော်ပြီ ပိုးအိမ် နင်ဆက်မပြောနဲတော့
ငါ အိမ်ပြန်တော့မယ် ဒီမှ ငါထိုင်နေတာ
ကြာပြီ ငါ သွားစရာရှိသေးတယ်"
"သွားပါ ငါစကားဆို ဘယ်တော့မှာ နင်နားမထောင်ဘူး နော် နင်ရင်ထဲမှာ ငါဆိုတာ လုံးဝကိုရှိမနေဘူးထင်တယ်"
သူထိုင်ရာမှ ထရပ်လိုက်ပြီ
"ငါပြန်ပြီ ပိုးအိမ် ငါမှာ နင်ကိုပြောစရာ
စကားမရှိဘူး မဟုတ်ဘူး ဘယ်တော့မှ
ရှိလာမှာလည် မဟုတ်ဘူး"
သူလှည့်ထွက်လာတော့သည် တောင်းပန်
ပါတယ် ပိုးအိမ်ရယ် နင်ခံစားချက်ကို ငါမြင်ပါတယ် ငါနင်ကို ချစ်လိုမရဘူးထင်
တယ် ဒါပေ့မဲ့ ငါ မငြင်းရက်ဘူးဟာ သူစိတ်ထဲတွင် တွေးကာ ဆိုင်မှထွက်
လာလိုက်သည်။ သူမကတော့ မဲ့ပြုံးပြုံး
ကာ
"ဘယ်တော့မှ ပြောစရာရှိလာမှာ မဟုတ်
ဘူးတဲ့လား နေထက်ရယ်"
သူမ ပါးပြင်ဆီသို့ မျက်ရည်စများ စီးဆင်း
လာတော့သည်။ သူမဆိုင်ထဲတွင် တစ်
ယောက်တည်း ထိုင်လျှက်ကျန်ခဲ့တော့
သည်။
နေ့လည်နှစ်နာရီ ခန့်တွင် ညီဘွား
တစ်ယောက် ကားပွဲစားဈေးလမ်း ဘေး
လက်ဘက်ရည်ဆိုင်တွင် လက်ဘက်ရည်
သောက်ရင်း လူစောင့်နေတော့သည်။ ခ
ဏကြာ လူသုံးယာက် ရောက်လာပြီ ခုံကို
ယူကာ သူအနားမှာ ဝင်ထိုင်လိုက်ကြ
သည်။တစ်ယောက်က
"ဆရာ ဆရာရှာခိုင်းတဲ့ လူတွေရပြီ"
"သူတို့နှစ်ယောက်လား"
ရုပ်ရည် ခပ်ကြမ်းကြမ်းအသက် သုံဆယ်
ငါး လေးဆယ် ဝန်းကျင်ခန့်ရှိသော လူ
နှစ်ယောက်ကို ခေါ်လာသူက
"သူတို့က ဂိုင်းကဆရာတွေပါ "
ညီဘွားက
"သြော် ဒါနဲ ခင်ဗျားတို့က အားလုံးဘယ်နှ
ယောက်လှုပ်ရှား ကြမှာလဲ"
"၅ယောက်ဘဲ"
"ခင်ဗျားတို့ လုပ်နိုင်တာ သေချာတယ်
နော် မနက်ဖြန် ည ရှစ်နာရီ ပဲခူး သွားတဲ့
အဝေးပြေး လမ်းမှာစောင့်နေပါ သူဆယ်
နာရီလောက် ရောက်လာလိမ့်မယ် သေ
ချာကို စီစဉ်ပြီ ငါလွတ်လိုက်မယ် ခင်ဗျား
တို့ အပိုင်းရိုက်ပေးယုံဘဲ ဓားပြတိုက်တဲ့
ပုံစံ မျိုးပေါ့"
"စိတ်ချ ကျုပ်တို့ကလုပ်နေကြဘဲ ကြေး
ကရော သိန်း၅၀၀ပေးမယ် ခင်ဗျားတို့
တာဝန် ကျေးပြီ ဆိုတာနဲ သူဆီမှာ ငွေ
ယူပြီ လစ်သွားပါ ခြေရာဖြောင့်သွားပါ လုံး
ဝအစအန မကျန်ခဲ့စေနဲ တာဝန်ကျေပါ
စေ"
"စိတ်ချ ကျုပ်တို့ နာမည်နဲ နေကြတာ
အလုပ်ပြီစေရမယ် ကျုပ်တို့ကို ကတိတည်
ဖို့ဘဲလိုတယ် အေးမတည်လိုကတော့ အလုပ်ခိုင်းထက် လူထက် ခင်ဗျား ပိုးဆိုး
သွားလိမ့်မယ်"
"ok ကျွန်တော်က ငွေနဲဘဲအလုပ် လုပ်
တာ ကတိတည်စေရမယ် ကျွန်တော်
ပြောချင်တာ ဒါဘဲ လိုအပ်တာပြောဖို့ ဒါကျုပ် ဖုန်းနံပါတ်ပါ ဒါက ရိုက်ရမယ့်
လူ နဲ သူစီးလာမယ့် ကားဘဲ ကျန်ကတော့
ခင်ဗျားတို့ကြည့်လုပ်လိုက်ကြ ကျွန်တော်
သွားမယ် ဒီဝိုင်း ကျွန်တော် ရှင်းခဲ့မယ် ကျွန်တော် ဒီမှာကြာကြာနေလိုမဖြစ်ဘူး"
ပိုက်ဆံငါးထောင်တန် တစ်ရွက်ချကာ ညီ
ဘွား ထထွက်လာတော့သည်။
ညနေလေးနာရီလောက် အချိန်တွင်
သူမတို့ အိမ်တွင် မြန်မာနှင့် ထိုင်းဘောလုံး
ပွဲကြည့်နေကြတော့သည်။ အကိုဖြစ်သူ
နှင့်ညီမက တစ်ဖက် အဖေဖြစ်သူနှင့်သူမ
ကတစ်ဖက် တစ်အိမ်လုံးညံနေကြတော့
သည်။ သက်မင်းက
"ထိုင်းနိုင်သွားလိုကတော့ လွဲစိန် ငါအိပ်
ယာအကုန်လျော်ဖို့ ပြင်ထား"
သရဖီက
"သမီးကိုလည်မခိုင်းနဲနော် မမရှုံးတာ
မမလုပ်ဘဲ ဒါဘဲ လုံးဝ ဝိုင်းမလျှော်ပေး
ဘူး"
"အမယ်လေး ရပါတယ် ငါတို့မြန်မာက
လည် ပိုင်သက်ကျော်တစ်ယောက်မှ မပါ
ပါဘူး နင်တို့ထိုင်းသာနိုင်အောင်ကန်ခိုင်း
မြန်မာနိုင်လိုကတော့ သရဖီရော ကိုကို အိပ်ယာခင်တွေအကုန်းလျှော်ဖို့ ပြင်ထား"
သက်မင်းက
"ကြည့်လိုက်ပါဦးလွဲစိန်ရယ် မြန်မာရှုံးမှာ
ပါ မြန်မာရှုံးလိုကတော့ မျက်ရည်တော့
မကျနဲ လွဲစိန် ဟားးးးး"
"ဘယ်တော့မှ အဲလိုမဖြစ်စေရဘူး ကြည့်
လိုက် နော်အဖေနော်"
"ဟုတ်တယ် ငါသမီးပြောတာမှန်တယ်"
"အဖေဘဲ အဖေသမီး ဂေါက်ပြောတာ
ယုံ ရှုံးလိုကတော့ လွဲစိန်သေဖို့သာပြင်
ထား"
"ဟားးးးအဲလိုတောင် ရီလိုက်ဦးမယ်"
အမေဖြစ်သူက အိမ်ရှေ့၌စာအုပ်ဖက်နေ
ရင်း
"သားရေ အရှေ့မှ ဧည့်သည်ထင်တယ်"
သက်မင်းက ချက်ချင်းထကြည့်လိုက်ရာ
"နေထက်ပါလား ဘာကိစ္စရှိလဲမသိဘူး"
နေထက်က ကားပေါ်က ဆင်းလိုက်ပြီ
ကားတံခါးကိုပြန် ပိတ်ကာ ခြံထဲသို့ဝင်
လာတော့သည်။ သက်မင်းက
"နေထက် လာလေ အိမ်ပေါ်တတ်လား"
သူကတတ်လာပြီ
"ဘာလုပ်နေကြတာလဲ"
"ဘောလုံးပွဲကြည့်နေကြတာ ကိစ္စရှိလို
လား လာထိုင်လေ"
သူက ဧည့်ခုံတွင်ထိုင်လိုက်တော့သည်။
သူက သူမကိုကြည့်လိုက်ရာ တီဗီရှေ့တွင်
ငုတ်တုတ်လေး ထိုင်ကာ တီဗီကြည့်နေ
တော့သည်။ ထိုအချိန် ထိုင်းက မြန်မာကို
တစ်ဂိုးသွင်းလိုက်တော့သည်။
"အမယ်လေး သွားပါပြီ"
သရဖီက
"ကိုကို ထိုင်း ဂိုးသွားပြီ"
"ဟေ့ လွဲ စိန်"
"မရှိတော့ဘူး သေသွားပြီ"
"ဟားးးး သေလိုမရဘူး ငါစောင်တွေ ငါအိပ်ယာတွေ လျော်ပြီမှသေ"
"တောက် တော်တော် အသုံးမကျတဲ
ဂိုးသမား ဘာလိုမဖမ်းဘဲ လွတ်ပေးလိုက်
လည်မသိဘူး"
"မျက်ရည်တော့ မကျနဲလွဲစိန်"
"မကျပါဘူး အဝေးကြီးဘဲ"
သူမ လှည့်ကြည့်လိုက်ရာ သူမနောက်၌
သူထိုင်နေသည်ကိုတွေ့ရာ
"အမယ်လေး ဘီလူး "
"ခေါ်ပြန်ပြီလာ ဒီနာမည်"
သက်မင်းက
"ဟားးးးးး နင်တို့နှစ်ယောက်ဒီတသက်
တည့်ဖို့မရှိဘူး သိလား"
သူမ ကထ၍သူအနား ကပ်က ထိုင်လိုက်
ပြီ သူလက်မောင်းဆွဲကာ
"သူဌေး"
"ဘာလဲ"
"ဘီလူးလိုမခေါ်တော့ဘူး မြန်မာယူပါလား
ဝန်းဘက်ကလောင်းပေး"
"ငါက ဘာလိုလောင်းပေးရမလဲ"
"မလောင်းပေးဘူးလား ဘီလူးလိုခေါ်မှာ
နော်"
"အောင်မာ ငါကိုလာခြိမ်းချောက် နေ
တယ် မယူဘူး ထိုင်းဘဲယူမယ်"
"ဘာ ထိုင်းဘဲယူမယ် တော်ပြီ ဘီလူး
လိုဘဲ ထပ်ခေါ်မယ် ဘီလူးကြီး"
"ခေါ် ခေါ် နင် အရူးမလေး'
သူမက စိတ်ကောက်ပြီ အောက်မှသွား
ပြန်ထိုင်တော့သည်။ သက်မင်းက
"တစ်ကယ်ကိစ္စမရှိဘဲရောက်လာတာ
လား နေထက်"
"အင်း မင်းတို့မိသားစုလေးဟာ တော်
တော် ပျော်ဖို့ကောင်းတယ်နော် ငါဘဝမှ
တစ်ခါလေးတောင် ဒီလိုပျော်ရွှင်မူမျိုးမရ
ဖူးဘူးဟာ နင်ကံကောင်းတယ် သက်မင်း"
"အင်း"
ဘောလုံး ပွဲ ထိုင်းကနောက်တစ်ဂိုး ထက်
ဝင်သွားပြန်တော့သည်။ အားလုံးက သူမ
ကိုဝိုင်းစကြသည် ။ သူတို့ရဲအိမ်လေးဟာ
လွတ်လပ်ပျော်ရွှင်နေကြသဖြင့် နေထက်
ရင် ကိုတောင်နွေးထွေး သွားစေတော့
သည်။
အပိုင်း(16)ုပြီ၏စာဖတ်သူများအား လေး
စားလျှက်
စာရေးသူ…လင်းသုခ


Post a Comment