မင်းသမီးလေးရဲအိမ်မက်
……………………………………
အပိုင်း(13)
နေ့လည်ပိုင်းအချိန်တွင် ဒေါ်မြခက်တစ်
ယောက် သူဌေးရုံးခန်းဆီသို့ ဦးတည်
လျှောက်လာတော့သည်။ မျက်နှာထား
ခက်မာမာနှင့် မည်သူကိုမှဂရုမစိုက် မာန်
နှင့် ခပ်တည့်တည့်သားလမ်းလျှောက်
လာတော့သည်။ သူကိုလူတစ်ချို့က
တွေ့ပြီ
"အဲဒါ သူဌေးရဲ့အမေလေ"
"ဟယ်ဟုတ်လို့လာ သူဌေးအမေက
ဆုံးသွားတာကြာပြီလေ"
"နင်ကလဲတုံးလိုက်တာ သူဌေးကြီး ရဲ့
နောက်မိန်းမလေ"
"ဟုတ်လား တစ်ခါမှမတွေဖူးဘူး အဖွား
ကြီးကလန်းလိုက်တာနော်"
"အေးဟယ် လန်းမှာပေါ့ ငွေကလဲ လန်း
တယ်လေ သူဌေးကတော်ဆိုတော့"
"သူဌေးက မိထွေးနဲအဆင်ပြေပါ့မလား"
"အဲဒါငါလည်မသိဘူး"
"သူက အကိုလေးရဲအမေအရင်းလား"
"ဟုတ်တယ် ကိုညီဘွားရဲ့အမေအရင်း"
"တော်ပါဟယ် အဲဒါတွေက ငါတို့နဲမဆိုင်
ဘူး အလုပ်သွားလုပ် ကြရအောင်"
"အေးအေး"
ဒေါ်မြခက်က ကတော့ သူတို့စကားသံ
ကို သတိမမူမိချေ။ သူမ သွားလို့ရာ ရုံး
ခန်းဆီသို့ ဦးတည်သွားလေတော့သည်။
ရုံးခန်းသို့ရောက်တော့ တံခါးကိုဆောင့်
ဖွင့်လိုက်တော့သည်။ သူကစာရင်းကို
ကြည့်နေရင်း မော့ကြည့်လိုက်တော့
သည်။ ဒေါ်မြခက်ကိုရုတ်တရပ်တွေ့လိုက်
သဖြင့် သူဒေါသ ထွက်သွားတော့သည်။
ဒေါ်မြခက်က
"မင်းဘယ်လိုလုပ်လိုက်တာလဲ"
"ဘာကိုလဲ ခင်ဗျားကို ကျွန်တော် ကုမ္ပဏီ
လာဖို့မဖိတ်မိဘူး ထင်တယ်"
"ဒီမှာ ငါကရော နင့်ဆီလာချင် နေတယ်
များထင်နေလား နင်က ငါ့တို့မျက်နှာပျက်
အောင်လုပ်လို ငါဒီကိုလာရတာ လာချင်
လွန်းလိုတော့မဟုတ်ဘူး"
"ဟာ ကျွန်တော်က ဒေါ်မြခက်မျက်နှာများ
ပျက်အောင် ဘာများလုပ်မိလိုလဲ"
"ဘာ ဘာများလုပ်မိလိုလဲ ဟုတ်လား နင်
လှိုင်ဝင့်ဝါကို ဘာသွားပြောလိုက်လဲ သူ
ကငြင်းတော့ ငါကဘာဖြစ်လိုလဲလိုမေး
တော့ နင်က နင်မှ ချစ်ရမယ်သူရှိနေတယ်
ဆို အဲဒီကောင်းမလေးကဘယ်ကလဲ"
"အဲဒါ ခင်ဗျားနဲဘာဆိုင်လဲ ကျွန်တော်
မှရှိရှိမရှိရှိ ခင်ဗျားနဲမဆိုင်ဘူး ခင်ဗျားသိ
ထားရမှာက ကျွန်တော်ကိစ္စတိုင်းကို ဝင်
မပါဖို့ဘဲ အေး ထပ်ဝင်ပါမိခဲ့ရင် ဒီတစ်
ခေါက်ဆို ကျွန်တော် ခွင့်လွတ်မှာမဟုတ်
တော့ဘူး "
"ငါကလဲ ဝင်ပါချင်နေတယ်များ နင်ထင်
နေလား ဝေးသေးတယ် နင်အဖေ ရှာခိုင်း
လိုငါရှာပေးခဲ့တာလိုက်တာ လှိုင်ဝင့်ဝါဆို
တာလဲဆရာဝန်တစ်ယောက် ပေါ့ပျက်ပျက်မိန်းကလေး မျိုးမဟုတ်ဘူး
ငါ့သားကို သူကကြိုက်ရင်ပေးစားပြီသား
ဘဲ နင်လိုကောင်နဲတောင်မပေးစားဘူး
နားလည်လား"
"ပေးစားလိုက်ပေါ့ အဲဒါတွေဘာဆိုင်လို
လာပြောနေတာလဲ ဒီမှာ"
"ငါလည်လာမပြောချင်ပါဘူး အိမ်မှာဆို
ဒီလိုပြောလို အဆင်မပြေလိုဒီအထိလာ
ပြောရတာ နင်လိုကောင်ရဲမျက်နှာကိုမြင်
ချင်လွန်းလိုတော့ မထင်နဲ"
"ဟုတ်မှာပါ အခုမှမိထွေးပုံစံနဲတူတယ်
ကျွန်တော်လည် ခင်ဗျားရဲ့ မျက်နှာကို
မမြင်ချင်ပါဘူး"
"ကြည့်လိုက်အုံးမယ် မင်းယူမယ့်မိန်းမက
ဘယ်လိုကောင်မမျိုးလဲဆိုတာ"
"စိတ်ချ ခင်ဗျားရွေးပေးတာထက်တော့
သာမှာပါ အခုခင်ဗျားပြန်တော့ ခင်ဗျား
မျက်နှာ ကျွန်တော်မကြည့်ချင်ဘူး"
"မင်းအခု မိုက်ရိုင်းထားတာတွေအတွက်
မင်း နောင်တရစေမယ် မြခက်ကိုလာ
မကျောနဲ အဆိပ်ပျင်းတယ်မိန်းမ နင်
မှတ်ထား နောက်မှနောင်တမရနဲ နင် "
"စိတ်မဝင်စားဘူး နေထက်ဇော်က နောင်
တရမယ့်အလုပ်မျိုးဘယ်တော့ မှမလုပ်
ဘူး ဆိုတာလည် ခင်ဗျားမှတ်ထားလိုက်"
ဒေါ်မြခက်က မျက်စောင်းထိုက အခန်းမှ
လှည့်ထွက်သွားတော့သည်။ တံခါးကို
ဆောင့် ဖွင့်လိုက်သဖြင့် အပြင်၌ရပ်နေ
သောသူမက
"'အမယ်လေးးး"
"တောက် ………ဒုန်းးးးး"
တံခါးကို ခပ်ကြမ်းကြမ်းလေ ဆောင့်ပိတ်
လိုက်သည် သူမကို သေချာကြည့်ပြီ မျက်
နှာလွဲက ထွက်သွားလိုက်တော့သည်။သူမ
လည် ခပ်ကြောက်ကြောက်ဖြင့် တံခါးကိုဖွင့်လိုက်ရာ သူက စားပွဲပေါ်ရှိ
ပစ္စည်း များကို ပစ်ချ ပစ်ခွဲနေတော့သည်
သူဒေါသ အလွန်ထွက်နေပုံရသဖြင့် သူမ
တံခါးထောင့်လေးတွင် ရပ်၍ကြည့်နေ
တော့သည်။
"ဘုန်းးး ခွမ်းးးး ဒုန်း ခွမ်းးးး"
သူကစိတ်ကြိုက်ပေါက်ကွဲ ပြီမှနောက်သို့
လှည့်ကြည့်လိုက်ရာ သူမရပ်နေသည်ကို
တွေ့သဖြင့်
"မင်း ဘာလာလုပ်တာလဲ"
သူမ မျက်နှာချိုသွေးကာပြုံးလိုက်ပြီ
"စာရင်း ဖိုင်တွေလာတင်တာ"
သူက ဘာစကားမှာ ထပ်မပြောတော့ဘဲ
အခန်းပြင်သို့ သူမကိုဂရုမစိုက်ဘဲ ထွက်
သွားတော့သည်။ တံခါးကိုဆောင့်၍
"ဒုန်းးး"
"အမယ်လေးးး လန့်လိုက်တာ ကြာရင် ဒီ
တံခါးတော့ပျက်တော့မယ် "
သူမ သက်ပျင်းချလိုက်ကာ တစ်ခန်းလုံး
ရှုပ်ပွနေသဖြင့် ကြည့်ရင်မောမိသည်။
"ဒီလောက် သောင်းကျန်းသွားတယ်
တော်တော် ဒေါသကြီးတဲ့ လူကြီးဘဲ ဟူးးး
ငါဘာလုပ်ရမှာလဲ သိမ်းပေးရမှာလား ဟူးး"
သူမလေပူတစ်ချက်မှုတ်ထုတ်လိုက်ကာ
ပြန့်ကျဲနေသော ပစ္စည်းများကို ကောက်
သိမ်းလိုက်တော့သည် စားပွဲပေါ်ရှိ စာရွက်
စာ တမ်းစာရင်းဖိုင်တွေကို သေချာစီပေး
လိုက် ကြမ်းပြင်၌ အကွဲစနှင့် အမှိုက်များ
ကို လှဲကာ အမှိုက်ပုံးထဲသို့ ထည့်လိုက်
တော့သည်။ စားပွဲကသေချာချာသပ်သပ်
လေ လုပ်ပေးလိုက်ရင် အံဆွဲကဟနေသ
ဖြင့် သူအံဆွဲကို ပိတ်ဟန်လုပ်လိုက်ချိန်
အံဆွဲထဲမှာ ဓါတ်ပုံလေးတစ်ပုံကိုတွေ့
လိုက်ရသည်။
"ဟင် မိသားစုပုံလေးပါလား ဒီကလေးက
ဘီလူးလား ဒါကသူအဖေ ထင်တယ် ဒါက
သူအမေထင်တယ် ဟင် ကလေးပုံးလေး
က ချစ်စရာလေး ရီတောင်ရီနေသေးတယ်
အခုပုံနဲများ တစ်ခြားဆီ"
တံခါးဖွင့်၍ သူပြန်ဝင်လာတော့သည်။
"မင်းဘာလုပ်နေတာလဲ"
သူမ ကမန်းကတမ်း အပုံကို အံဆွဲထဲပြန်
ထည့်လိုက်ပြီ
"အခန်းကို ရှင်းပေးတာ"
"ဖိုင်တင်ပြီ သွားတော့"
"ဟုတ်"
သူမခပ်ကြောက်ကြောက်နှင့် အခန်းမှ
ထွက်လာခဲ့တော့သည်။
ညနေရောက်တော့ သူမက ကားမှတ်တိုင်
တွင် ကားစောင့်နေတော့သည်။ အကိုဖြစ်
သူက ဒီနေ အလုပ်မှနောက်ကျမယ် သဖြင့် ကိုယ်ဖာသာပြန်ရတော့သည်။ နောက်တွင် သူမကို
"ဟိတ် အိမ်ပြန်မလိုလား"
"ဟယ် အကိုလေး ဟုတ်ကဲ့ အိမ်ပြန်တော့
မလို့"
"ကားစောင့်နေတာလား"
"အင်း မလာသေးဘူးလေ"
"တစ်ယောက်တည်းစောင့်နေတာ ဆို
တော့ ဝိုင်းစောင့်ပေးမယ်"
"ဟာ အားနားစရာကြီး ရပါတယ်"
"ကိုကစောင့်ပေးချင်တာ မငြင်းရဘူး
ကောင်းမလေးရဲ့"
"ဟုတ် ဒါဆိုကျေးဇူး ဒါနဲအကိုလေး အိမ်
မပြန်သေးဘူးလား"
"မင်းပြန်ပြီမှ"
"ဘာလို့"
"မင်းကို ဝိုင်းစောင့်ပေးချင်လို့"
ခပ်လှမ်းကနေ ကားကိုမောင်းလာရာ
ညီဘွားနှင့် သူမကိုတွေ့လိုက်ရသဖြင့်
သူကား ဂိတ်ကိုဦးတည်မောင်းလိုက်ပြီ
သူတို့နှစ်ယောက် မျက်နှာချင်ဆိုင်တွင်
ရပ်၍ ကားမှန်ကိုချကာ
"ဝန်းတက် ကားပေါ်"
သူမက
"မလိုက်တော့ဘူး သူဌေး ကားလာတော့
မယ်"
"မင်းကို ငါက ကားပေါ်တက်လိုပြောနေ
တယ်မရှည်နဲ တက်မြန်မြန်"
သူက ဒေါသထွက်လာပုံရသဖြင့် သူမ
ဆက်မပြောတော့ ပါ
"ဟုတ် အကိုလေး လိုက်သွားတော့မယ်
နော် ကျေးဇူးပါ"
"အင်း သွားလေ"
သူမကကားပေါ် တတ်လိုက်တော့သည်။
သူက ညီဘွားကို ဂရုမစိုက်ဟန်နှင့် ကား
ကိုမောင်းထွက်လိုက်သည်။ ညီဘွားက
သူကို စိုက်ကြည့်၍ပြုံးပြလိုက်တော့သည်။
သူမလည် ခပ်ကြောက်ကြောက်နှင့်သာ
သူနောက်လိုက်လာရတော့သည် သူမျက်
နှာက တင်းမာလျှက်ရှိသည်။ သူမကိုသူ
ကစကားလည် တစ်ခွန်းမှမပြော သူမ
လည် သူဘယ်ကိုမောင်းမှာလဲမသိပါ မေး
လည်မမေးရဲပါ သူရပ်ပေးမယ်နေရာ
ဆင်းမယ် ဟုတွေးလိုက်တော့သည်။ သူက
"မင်း အဲဒီကောင်ကို ကြိုက်နေလား"
"ရှင်"
"ငါမေးတာဖြေ အဲဒီကောင်ကို မင်းကြိုက်
လား"
"မဟုတ်ပါဘူး ခင်တာပါ"
"ခင်တာ ငါခင်တဲ့ပုံမတွေ့ဘူး"
"ရှင် ဘာကိုတွေ့လိုလဲ"
"မင်းပုံစံကို မင်းမသိဘူးလား ငါကိုပြန်မေး
နေတယ်"
"မင်း မကြိုက်ရင် မင်းသူနဲဝေးဝေးနေ"
"ဘာဖြစ်လိုလဲ"
"ထပ်မမေးနဲ ငါပြောသလိုနေ ကြားလား"
"ဟုတ်"
"နောက်တစ်ခါ ထပ်တွေ့ကြည့် မင်းကိုသူ
နဲ"
သူမ ဘာမှဆက်မပြောတောပါ သူမတော့
တွေးမိသည် ရှင်ထက်စာရင် သူက အများ
ကြီးသားတယ် လုံးဝမနေဘူး ရှင်ပြော
သလို ဟွန့် သူမစိတ်ထဲကရေရွတ်ကာ
မျက်စောင်းလေး ထိုးလိုက်သည်။ သူက
သူမမျက်စောင်း လေးထိုးလိုက်တာကို
မြင်သွားတော့သည်။
"ရုပ်ကိုက နာခံမယ်ရုပ်မပေါက်ဘူး ဆင်း
တော့ မင်း"
သူမ က ဆင်းဆိုလည် ဆင်းတာပေါ့ သူ
ကားကို ဘယ်သူကစီးချင်နေလိုလဲ ဆင်း
ချင်တာ ကြာနေပြီ သူမစိတ်ကာတွေကာ
ကားပေါ်က ဆင်းလိုက်တော့သည်။
သူက သူမကားပေါ်က ဆင်းတာနဲချက်
ချင်းကို ကားမောင်းထွက်သွားတော့သည်။
သူမလည် လမ်းဘေးတွေ ဘယ်ရောက်
နေပြီလဲလိုကြည့်လိုက်ရာ သူမနေသော
လမ်းသို့ရောက်နေတော့သည်။
"ဟင် ငါတို့ လမ်းပါလား တော်သေးတာ
ပေါ့ လမ်းလယ်ခေါင်းမှာ မပစ်ချသွားလို့"
သူမ လမ်းထဲသို့လျှောက်လာလိုက်တော့
သည်။
အပိုင်း(13)ပြီ၏ စာဖတ်သူများအားလေး
စားလျှက်
စာရေးသူ…လင်းသုခ


Post a Comment