မင်းသမီး‌လေးရဲ့ အိမ်‌မက်‌ ၂၃

မင်းသမီးလေးရဲ့အိမ်မက်
………………………………
                     အပိုင်း(23)
သူရဲစခန်းမှပြန်လာကတည်းက သူမကိုစကားမ
ပြောတော့ချေ သူမလည်ဘာပြောရမယ်မှန်းမသိ
တော့သူကိုလည် မမေးရဲပါ သူကမနက်ဖြန်ရန်ကုန်
ပြန်ရန်အတွက် အားလုံးကို နူတ်ဆက်နေတော့
သည် သူပြန်ရင်သူမလည်လိုက်ပြန်ရတော့မည်
သူမကို ဘာမှမမေးဘဲ သူဖာသာသူသာဆုံးဖြတ်
နေတော့သည်။ သူအမူအယာကတင်းမာနေသဖြင့်
သူမကို တော်တော်ဒေါသထွက်နေပုံရသည် သူမ
ရဲ့စကားတစ်ခွန်းဟာ အဲဒီလောက်ထိ ကြီးမာသွား
တာဘာကြောင့်များ ပါလိမ့်ဟုသူမတွေးနေမိသည်
သူမရဲ့ဆွဲကြိုလေးကိုလည် ကြီးမေက သူမကိုလာ
ပြန်ပေးတော့သည်။
"ရော့သမီး သမီးရဲဆွဲကြို"
သူမရွှေကြိုလေးကိုယူလိုက်တော့သည်။ ကြီးမေက
"သမီးမျက်နှာလည်မကောင်းပါလား နေမကောင်း
ဘူးလား"
"ကောင်းပါတယ် ကြီးမေ"
"ဒါဆိုဘာဖြစ်လိုလဲသမီးရယ် အိမ်ပြန်ရတော့မယ်
ဆိုလိုလား ကြီးမေတို့ကို အားနာနေတာလားသမီး
ကြီးမေတို့က ရွာမှနေလာတာကြာပါပြီသမီးရယ်
ကိုယ်ကမွေးတဲ့သားသမီးတွေနဲတောင်ခွဲရသေး
တာဘဲ သမီး ဘာမှစိတ်မပူပါနဲ ကြီးမေတို့ကိုသတိ
ရရင် အချိန်မရွေးလာလည်နော်"
"ဟုတ်ကဲ့ ဝန်းထပ်လာခဲ့ပါမယ် ကြီးမေတို့ကျေး
ဇူးကိုလည် ဝန်းဘယ်တော့မှမမေ့ပါဘူး"
"မလိုပါဘူး သမီးရယ် ဒါနဲ သားနဲသမီးစကားများ
ထားကြတာလား"
"မများပါဘူး ကြီးမေ ဒီလိုပါဘဲ"
"သားကိုကြည့်ရတာ တစ်မျိုးဘဲ တော်တော်ဒေါသ
ထွက်နေပုံဘဲ စကားသွားပြောပြီ ချော့လိုက်ဦး သမီး ကိုယ်ယောကျာ်းဘဲကွယ် စိတ်မကောက်နေ
ကြနဲတော့ သင့်သင့်မြတ်မြတ်နေကြပါကွယ်"
"ဟုတ်ကဲ့ပါ ကြီးမေ ဝန်းတို့ကို စိတ်ပူမနေပါနဲ"
"သွားသွား ဒီမှရပ်မနေနဲ သူအနားမှသွားနေ"
သူမခေါင်း ငြိမ့်ပြကာ အိမ်နောက်ဖေးမှ အိမ်ရှေ့သို့
ထွက်လာတော့သည်။ သူ စကားပြောနေသော
သူရဲ့အနားတွင် သူထိုင်လိုက်ပြီ တစ်ဖက်လူတွေ
ကိုပြုံးပြလိုက်လိုက်သည်။ သူကသူမကိုသတိ
တောင်မမူမိပါ သူကတစ်ခြားသူတွေကိုသာ စကားဖောင်ဖွဲပြောနေတော့သည်။ ဒီလိုနဲ သူတို့
တွေ စကားအကြာကြီးပြောနေကြပြီမှ ရွာကလူ
များတွေလည် လုပ်စရှိတာလုပ်ကြရန် သူကို
နူတ်ဆက်ပြီ ပြန်ကုန်ကြတော့သည် ထိုအိမ်ရှေ့က
ပြင်တွင် သူနှင့်သူမ နှစ်ယောက်သာထိုင်လျှက်
ကျန်ခဲ့တော့သည် သူကသူမကိုလှည့်တောင်မ
ကြည့်ဘဲ ထိုထိုင်နေရမှထရပ်ကာ ထွက်သွားဟန်
ပြင်လိုက်ချိန် သူမက
"သူဌေး"
သူမလှမ်းခေါ်သံကြောင့် သူဆက်မသွားဘဲ ရပ်
သွားတော့သည် သူမက
"သူဌေး ဝန်းကိုဒေါသထွက်နေတာလား ဟင်"
သူက စကားမပြောဘဲ သူအရှေ့ကနေထွက်သွား
လိုက်တော့သည် သူမလည် လိုက်၍မမေးချင်
တော့သဖြင့် ထိုင်နေကနေမထဘဲ သူသွားလိုက်
တာကိုနောက်နေသာ ကြည့်နေတော့သည်။ သူက
တစ်နေ့လုံးကို သူမနှင့်မျက်နှာချင်မဆိုင်မိအောင် ရှောင်နေတော့သည် ညရောက်တော့ သူမက သူ့အတွက်အိပ်ယာလေ ခင်းပေးပြီ သူမအိပ်
ယာ တွင်အိပ်ပျော်ချင်ယောင် ဆောင်ကာ သူဝင်
လာပါ့မလားဟု စိုးရိမ်စိတ်နှင့် စောင့်နေတော့သည်
သူက အခန်းထဲသို့ အချိန်တော်တော်လင့်နေမှ ဝင်လာခဲ့တော့သည် သူမကိုလည် သူကအိပ်နေ
လောက်ပြီ ဟုထင်ကာ သူအိပ်ယာတွင် ဝင်အိပ်
လိုက်သည် ထိုချိန် သူမကအိပ်ယာက ချက်ချင်း
ထလိုက်ကာ သူကသူမကြည့်ပြီ ကြောင်သွားကာ အံသြပြီကြည့်လိုက်မိသည် သူမကတော့ ဒေါသ
ထွက်ကာဖြင့်
"မအိပ်နဲဦး မေးစရာရှိသေးတယ် ဒါလေးမပြောမိ
တာ ဒီလောက်တောင် စိတ်ဆိုးနေရလား သူဌေး
တော်တော်လွန်တာဘဲ ကိုလေးနဲခင်တော့ ဒီ
လောက်ထိ ကိုလေးက လုပ်မယ်များ မထင်မိလို
ပေါ့ သူများကို မှားပြီ အပြစ်တင်တာလဲ မကောင်း
ဘူးလေ ဒါကြောင့်မပြောခဲ့မိတာကို ဝန်းကိုစကား
မပြောနိုင်လောက်အောင် ဒေါသထွက်နေရလား"
သူက
"မင်းပြောလိုပြီပြီလား ငါပင်ပမ်းနေတယ် အိပ်မယ်
နားငြီးတယ် ဘာမှမကြားချင်ဘူး"
"နားငြီးလည်ပြောမှာဘဲ မအိပ်နဲ"
"မင်းစကားပြောလိုမပြီနိုင်သေးဘူးလား"
"မပြီသေးဘူး သုဌေးပြောသလို ကိုလေးကြိုက်လို
ကာကွယ်ပေးတာမဟုတ်ဘူး သူဌေးတို့ ညီကိုချင်
ပြသာနာဖြစ်မှာစိုးလို မပြောတာ စေတနာကိုနား
မလည်တဲ့ လူကြီး ရှင့်ကိုမုန်းတယ်"
"ဒါဘဲမဟုတ်လား ငါအိပ်တော့မယ်"
"အိပ်ပေါ့  မုန်းစရာကောင်းလိုက်တာ အိပ် အိပ်
အဲမှ မနိုးတမ်းသာအိပ် ဒါလေးမှားတာကိုများ သူ
များကို သဘောထားကြီးပြီ ခွင့်မလွတ်ပေးဘူး"
သူကမဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီ
"မင်းက ခွင့်လွတ်စေချင်တယ်ပေါ့"
"ဘာမှလာမပြောနဲ ရှင့်ကိုမုန်းတယ်"
သူမမျက်စောင်းလေး ထိုးကာစိတ်ဆိုးသွားတော့
သည်။
"ကောင်းပါပြီ မင်းမုန်းပါ ဒါပေ့မဲ့တစ်ခုတော့ မင်း
ကို မေးဦးမယ် အဲဒီအဖြေကို မင်းသေချာဖြေနိုင်
ရင်တော့ ငါ မင်းကို ငါခွင့်လွတ်ပေးမယ် ဘယ်လို
လဲ မင်းဖြေမှာလား ဒါပေ့မဲအဖြေကိုတော့ မင်းရင်
ထဲက လာတဲ့စကားဖြစ်ရမယ် သေသေချာလေး
ကို မင်းစဉ်းစားရလိမ့်မယ်"
"ဘာလဲ တစ်ကယ်နော် ဖြေမယ်ပြော တစ်ကယ်
စိတ်မဆိုတော့ဘူးနော် သေချာရင်ဖြေမယ်"
"အင်း မင်းရင်ထဲက ထွက်ကျလာတဲ့ စကားကိုဘဲ
ငါ လက်ခံပေးမယ်"
"အင်း ရတယ် မေး ဒါဆိုဘာလဲ"
"မင်း ငါ့ကိုဘာလို ဒီလောက်ဂရုစိုက်တာလဲ"
"ဝန်းရဲ့သူဌေးမို့လိုပေါ့ ဒါလေးများလွယ်လွယ်လေ"
"ဒါဆို ငါကဆင်းရဲရင် မင်းကဂရုမစိုက်ဘူးဆိုတာ
လား"
"အဲလိုမဟုတ်ဘူးလေ သူဌေးက ဝန်းရဲ့အလုပ်ရှင်
သူဌေး အထပ်အရာရှိမို့လို ဂရုစိုက်တာပေါ့ အဲဒါ
ကိုပြောတာ"
"မင်းအဲလိုပြောရင် ကုမ္ပဏီက ဝန်းထမ်းတွေအား
လုံးကမင်းလောက် ငါကိုဘယ်သူမှဂရုမစိုက်ကြဘူး ငါလည်သူတို့ သူဌေးဘဲလေ မင်းက သူတို့ထက်ပို
နေတယ် သုဌေးတစ်ယောက်ကိုဂရုစိုက်တဲ့ပုံနဲမတူ
ဘူး မင်းအဖြေမှားတယ်"
"ဟင်အဖြေကမှားတယ် သူဌေးမို့ဂရုစိုက်လိုမရဘူး
လား"
"အင်းမရဘူး လိုအပ်တာထက်ပိုနေရင် မင်းသူဌေး
တစ်ယောက်ကို ဂရုစိုက်တာမျိုးနဲမတူတော့ဘူး"
"ဟင် ………ဒါဆိုရင် ……"
သူမ စဉ်းစားရခက်သွားသည်ကို သူကကြည့်ပြီ ပြုံး
ကာ
"ဒါမှမဟုတ် မင်းငါကိုကြိုက်နေလား"
"ရှင်…………"
သူမ သူစကားကြောင့် တစ်ချက် ကြောင်သွား
တော့သည်
"မင်း ငါကိုကြိုက်တယ်လိုတော့ မဖြေနဲနော် ဝန်း
ထမ်းတစ်ယောက်က ငါကို ကြိုက်မိရင် ငါ မင်းကို ငါအလုပ်ထုတ်ပစ်မယ် "
"ရှင်………"
သူမဘာပြန်ပြောရမယ်မသိနိုင်တော့ဘဲ ခေါင်းရှုတ်
သွားတော့သည်။နောက်မှသူမ
"အကို လိုသဘောထားလို ဂရုစိုက်တာ"
"အကိုလိုမင်း ပြောရအောင်ငါက မင်းအကိုလား
ငါသက်မင်းမဟုတ်ဘူးနော်"
"အကိုသဘောထားတယ်လိုပြောတာလေ"
"မင်းအတွက် ငါကအကိုဆိုတာ မင်းဆင်ခြေပေး
တာဘဲ သုများကို သွားမေးလည် ယုံမှမဟုတ်ဘူး
မင်းဂရုစိုက်မူက အကိုထက်ပိုနေတယ်လေ"
"ဟုတ်ပြီ ဒါဆိုသူဌေးကိုလေးစားလို ဂရုစိုက်တာ"
"ဘာမင်းက ငါကိုလေးစားတယ် မဖြစ်နိုင်တာကို
မင်းမပြောနဲ မင်းက ငါကို လေးစားတယ်ဆိုတာ ဘယ်လိုနည်းနဲမှ မဖြစ်နိုင်ဘူး မင်းလေးစားရင် ငါကို ဘီလူးကြီတို့ ဟမ်  လူယုတ်မာတို့ မခေါ်ဘူး တစ်ခွန်းကျမခံလည် မင်းပြန်ပြောတာတို့တွေကို
မလုပ်ဘူး ငါပြောတာဘဲမင်းနားထောင်မှာ မင်းငါ
ကိုလေးစားတာ အလုံးဝမဟုတ်ဘူး အေး မင်းမှန်
မှန်ဖြေနော် မဖြေလို့ကတော့ မင်းကိုငါ စိတ်ဆိုး
နေဦးမှာဘဲ စကားလည် မပြောဘူး"
"ဟင်………ဒါဆိုဘာဖြေရမှာလဲ  မသိတော့ဘူး"
"အဲဒါ မင်းသိလာအောင် စဉ်းစား သေချာစဉ်းစား
ပြီမှဖြေ မင်းငါကို ဘာကြောင့် ဂရုစိုက်တာလဲ အခု
တော့ ငါလည် အိပ်တော့မယ် မင်းလည် အိပ်တော့
သေချာ စဉ်းစားနော် မင်းဘာကြောင့်ငါကိုဂရု
စိုက်တာလည်ဆိုတာ ဒါဘဲ ထပ်မပြောနဲတော့"
သူမ ဘာပြောရမယ်မှန်း မသိတော့ဘဲ ရှိတော့
သည်သူကတော့ပြောပြီ အိပ်လိုက်သည် သူမလည် ပြန်အိပ်လိုက်ကာ ငါသူ့ကို ဘာလိုဂရုစိုက်တာလဲ ဟာ ငါလည်မသိဘူး ဘာလိုဖြေလိုမရတာလည် သူပြောသလို ငါကဌေးမို့လိုဂရုစိုက်တာလား ဟာ
မဟုတ်သေးပါဘူး လေးစားလိုလည်မဟုတ်ဘူး
သူကိုလေးစားရင် ငါရန်မဖြစ်ဘူး အကိုလိုသဘော
ထားပြန်တော့လည် သူကငါအကိုမဟုတ်ပြန်ဘူး
သူကိုကြိုက်လိုဂရုစိုက်တဲ့လိုလည်ပြောလိုမရဘူး
ငါကို အလုပ်ထုတ်ဦးမယ် ဟာရှုတ်နေတာဘဲ မသိ
တော့ဘူး သူမတစ်ယောက် စဉ်းစားရင်းနဲသာ စိတ်ပျက်နေတော့သည်။
သူကတော့ ဝန်း မင်းတွေးရမယ် ငါကိုချစ်မိပါပြီဆို
တဲ့အထိ မင်း သေချာအောင်တွေးရမယ် ငါမင်းကို
မဆုံးရှုံးချင်ဘူး ငါဘဝမှာ ပိုင်ဆိုင်ဖူးတဲ့မေတ္တာတ
ရားတွေထဲက မင်းရဲ့မေတ္တာတရားက ငါအလိုချင်
ဆုံးဘဲ မင်းကို ငါဘယ်သူ့လက်ထဲကိုမှ ငါမပေးနိုင်
ဘူး မင်းနှလုံးသားကနေ ငါကိုလိုအပ်လာမှဖြစ်မယ်
ကောင်းမလေးရယ် ငါမင်းဆီကမှ ဖြူစင်တဲ့မေတ္တာ
တရားဘဲငါမှာရှိတာပါကွာ မင်း ငါကို ချစ်ပေးပါကွာ ငါမင်းကို သိပ်ချစ်လိုဒေါသထွက်မိတာပါ စိတ်ဆိုး ပြောမိတဲ့စကားကို မင်းတစ်နေ့နားလည်မှာပါ သူပြုံး ကာတွေးနေမိတော့သည်။ ဒီလိုနဲသူတို့နှစ်
ယောက် ကိုယ်စီအတွေးတွေနှင် ညလေးတစ်ည
ကုန်ဆုံးခဲ့လေတော့သည်။
  မနက်သို့ရောက်တော့ သူတို့တွေ ကားငှားကာ
အားလုံးကိုနူတ်ဆက်ပြီ ဦးငွေမောင်နှင့် ကြီးမေတို့
ပိုက်ဆံဆယ်သိန်းဖြင့် ကန့်တော့က ရွာမှာ ရန်ကုန်
သို့ပြန်လာကြတော့သည် ကားလမ်းတစ်လျှောက်
တွင် သူက သူမကိုစကားလုံးမပြောဘဲ တစ်ဖက်
လှည့်ကာနေတော့သည် သူမလည် စိတ်ပျက်စွာနဲ
မနက်ကတည်းကနေ ငါ့သူကိုဘာလိုဂရုစိုက်တာ
လည် ဟုသားအကြိမ်ကြိမ်တွေး နေတော့မိသည်
သူက စကားမပြောသဖြင့် သူမနေရထိုင်ရခဲ့နေ
တော့သည် သူကတော့သူမကိုလုံးဝ ဂရုမစိုက်
ဟန်ဖြင့်သာနေ နေတော့သည်။

အပိုင်း(23)ပြီ၏စာဖတ်သူများအားလေးစားလျှက်
                                  စာရေးသူ…လင်းသုခ

Post a Comment