မင်းသမီးလေးရဲ့အိမ်မက်
………………………………
အပိုင်း(22)
သူမက ခြံထဲ၌နွားချေးများကို ဦးငွေမောင်နှင့်အတူ
လက်အိပ် ကြီးစွပ်ကာဝိုင်း ကြုံးပေးနေသည်။ သူက
တော့ ဝရံပေါ်ကနေ သူမကိုထိုင်ကြည့်နေရင်း
သူက
"ဝန်း မနံဘူးလား မင်း"
"မနံဘူး မွှေးနေတာဘဲ မယုံရင်လာနမ်းကြည့်ပါ
လား"
"တော် စမ်းပါ"
ဦးငွေမောင်က
"သမီးကတော်လိုက်တာ အိမ်က သမီးနဲသားဆို
နွားချေး ကြုံးခိုင်းရင် လူသတ်ခိုင်းတာကြနေတာဘဲ
ငိုလိုက်ကြတာ သူတို့ကိုပြောရတာမောတယ် ကိုယ်ဖာသာကိုဘဲ ကြုံးလိုက်တော့တယ် ကျေးဇူး
တင်ပါတယ် သမီးရယ်"
သူမက
" ဟာအဘကလဲ ဒါလေးလုပ်ပေးတာကို ကျေး
ဇူးတင်စရာလား အဘကလဲ အဘဝန်းကို သမီးတော်ပါလား ဝန်းမှာအဖေနှစ်ယောက်
အမေနှစ်ယောက်ရတာ ဘယ်လောက်ပျော်စရာ
ကောင်းလိုက်မလည်လို့ ဟိဟိ"
"ဦးငွေမောင် သူကိုနွားချေးတစ်တုံးစားပြရင် သမီး
တော်မယ်သာပြောလိုက်တော့ ဒီအရူးမလေးကို"
"ဟားးးးးဟားးး သားကတော့ ပြောပြီဟေ့"
"ဘီလူးကြီးစားပါလား စားမလားယူခဲ့ပေးမယ်"
"မလိုပါဘူး အဲလောက် စေတနာမကောင်းနဲနင်"
"ဟားးးး သူခလှည့်ကျတော့ ကြောက်တတ်လိုက်
တာ ဘီးလူး ချီးကြောက်ကြီး"
"ဒီအရူးမတော့ ငါကိုဘီးလူးချီးကြောက်လို့ မခေါ်နဲ
လိုပြောထားတဲ့ဟာကို ခေါ်ပြန်ပြီ"
"ခေါ်မှာဘဲ အမြင်ကပ်ရင်ခေါ်မှာဘဲ"
ဦးငွေမောင်ပါ သူတို့နှစ်ယောက်ကို ကြည့်ရင်း ရယ်
ကြတော့သည်။သူအပေါ်ကနေကြည့်နေရင်း ခပ်
ဝေးဝေးတွင် လူစိမ်း သုံးယောက်လာနေသည်ကို
တွေ့တော့သည် သူသေသေချာချာ ကြည့်လိုက်ရာ
"ဟင် ငါကို ဟိုနေ့က ဝိုင်းရိုက်တဲ့ လူတွေဘဲ ဒီ
ကောင်တွေ ငါကိုလာပြန်ရှာတာဖြစ်မယ် တွေ့ကြ
ရောပေါ့ ငါက မင်းတို့အလာကိုစောင့်နေတာ"
သူချက်ချင်းပင်
"ဦးငွေမောင် အဘ "
"ဝေ"
အဘက အလုပ်လုပ်ရင်း ထူးလိုက်တော့သည်။
"ခဏအဘ ရွာက ဥက္ကဋ္ဌကို အခု သွားပြောပေးပါ
လား လူသတ်သမားတွေ ရွာထဲဝင် လာပြီလို မြန်
မြန်သွားအဘ အခု ဒီအိမ်ကို လာခိုင်းလိုက်ပါ ကျွန်
တော် ကို သတ်တဲ့ လူတွေ လာနေပြီ ကျွန်တော်
အခြေနေကြည့်ပြီ ထိန်ထားလိုက်မယ် အဘမြန်
မြန် သွားပြောပြီ လူခေါ်ခဲ့လိုက် ဒီကောင်တွေ လွတ်သွား လိမ့်မယ်"
"ဟေ ဟုတ်လား အေးအေးအဘ အခုသွားလိုက်
မယ်"
အဘက နွားကျွေးနေသော ကောက်ရိုများပစ်ချ
ကာ ရွာထဲသို့ပြေးတော့သည်။ သူမကနွားချေကြုံး
ရင် တစ်ကိုယ်လုံး တုန်ရီနေလျှက် ရှိသည်။
သူမကိုကြည့်ပြီ သူသိလိုက်သည် သူမကြောက်နေ
ပြီဆိုတာ သူအောက်ကိုပြေး ဆင်းလာပြီ သူမကို
လက်ဆွဲကာ အိမ်ထဲသို့ ပြေးဝင်ပုန်းလိုက်သည်။
သူက အိမ်နောက်၌ ဟင်းချက်နေသော
"ကြီးမေး ကြီးမေ"
" ဟေ ဘာလဲသား"
"ကြီးမေအပြင်မှာ ခဏနေပေးပါလား"
"ဘာဖြစ်လိုလည်သား"
"အပြင်မှာ လူသုံးယောက်လာလိမ့်မယ် အဲဒီလူသုံး
ယောက်ကို ဧည့် ခံထားလိုက် သူတို့ကမေးလိမ့်
မယ် ကျွန်တော်တို့ နှစ်ယောက်ကိုတွေ့လား မေး
လိမ့်မယ် တွေ့တယ် ဒါပေ့မဲ့ကြီးမေတွေ့တယ်လို
မပြောနဲ အဘတွေ့တယ်လိုပြော အခု အဘအပြင်
သွားနေတယ် ရေနွေချမ်းသောက်ရင်း အောက်မှာ
စောင့် ခိုင်းထားလိုက်"
"သူတို့က မမေးရင်ရောသား"
"မမေးရင် ကြီးမေးက သူတို့ကိုမသိသလိုနဲ ဘာ
လာရှာလည် လိုမေးလိုက်ပါ ကြီးမေ အပြင် မြန်မြန်
ထွက်တော့ သူတို့ အိမ်ကျော်သွားမယ်"
"အေးအေး"
ကြီးမေလည် အိမ်နောက်ဖေး မှအိမ်ရှေ့သို့ ပြေး
ထွက်လာတော့သည်။ သူတို့သုံးယောက်တည်းက
တစ်ယောက်က အိမ်ရှေ့သို့ရောက်တော့
"ဝေ အဒေါ်ကြီး ခဏလာဦး"
လက်ယက် ကာ ကြီးမေကို ခေါ်တော့ သည် ကြီး
မေလည် သူတို့ခေါ် သဖြင့် အောက်သို့ ဆင်းလာ
တော့သည်။
"ဘာများလည် ကွဲ့"
"မေးစရာရှိလို ခြံတံခါးလေး ဖွင့်ပေးပါဦး"
ကြီးမေက ခြံတံခါးကိုဖွင့်ပေးလိုက်တော့သည်။ သူ
တို့လည် ခြံထဲဝင်လာပြီ အိမ်အောက် ကွမ်းပစ်မှ
ထိုင်လိုက်ကာ ကြီးမေက
"ဘာမေးမှာလဲကွဲ"
တစ်ယောက်က
"ဒီမှာအဒေါ်ကြီး ဒီရွာကို မျက်နှာစိမ်း ကောင်လေး
တစ်ယောက်နဲ ကောင်မလေးတစ်ယောက် များ
ရောက်လာလား ကောင်လေးက ဒဏ်ရာတော်
တော်ရထားမယ် အဒေါ်ကြီး တွေ့မိလား"
"အေးကွယ် ကြီးမေတော့ မသိဘူး ကွဲ ကြီးမေ
ယော်ကျာ်းကတော့ တွေ့မိတယ်တဲ့"
"ဟုတ်လား အခု အဒေါ်ကြီးယောကျာ်း ရှိလား"
"မရှိဘူးကွဲ ရွာထဲသွားတယ် ခဏနေပြန်လာ
လိမ့်မယ်"
"ဟုတ်လား ဒါဆို ဒီမှာ ခဏစောင့် လိုရလား"
"ရပါတယ် ဒီက ကလေးတို့ အတွက် ရေနွေးချမ်း
လေ သွားယူပေးဦးမယ် ခဏစောင့်နော်"
ကြီးမေက အိမ်ပေါ်သို့ တတ်လာတော့သည်။
သူက ရေနွေးချမ်း အဆင့် သင့် ပြင်ထားပေးတော့
သည်။
"ရော ကြီးမေ ဒါယူသွားပေးလိုက် ခဲညှက်ခဲပါထည့်
ပေးလိုက်တယ် ကောင်းကောင်း ဧည့်ခံလိုက်
သူတို့ အကုန်လုံး ရေနွေး ချမ်းသောက်ပါစေ"
"အေးအေး"
ကြီးမေက သူပေးသော ရေနွေး ဗန်းကိုယူပြီ အောက် သို့ ဆင်းလာတော့သည်။ ကြီးမေက
ရေနွေး ဗန်းလေးကို သူတို့ အလယ်သို့ ချပေးလိုက်
ကာ
"သောက်ကြဦးနော် သားတို့"
"ကောင်းပါပြီ ဒီအဒေါ်ကြီးက တော်တော်စိတ်
ကောင်းတာဘဲ"
"အေးကွာ ဒါနဲ အဒေါ်ကြီးမှာ သားသမီးမရှိဘူး
လား"
"ရှိတယ် သူတို့က ဒီမှမနေကြဘူး မြို့မှာဘဲနေ
ကြတာ တစ်နှစ်နေမှတစ်ခါလောက်ပြန်လာကြ
တာ ကယ်ကယ်သောက်ကြပါ"
သူတို့လည် ကြီးမေပေးသေား ရေနွေးချမ်းနှင့်
ခဲညှက်ခဲကို စားသောက်ကြတော့သည်။ သူတို့
လည် ဗိုက်ဆာနေကြသဖြင့် ဟန်မဆောင်ဘဲ
စားကြတော့ သည်။ အချိန်တော်တော် ကြာစားရင်
သောက်ရင်း ဦးငွေမောင်က ကြာနေသဖြင့်သူတို့
လည် အိပ်ပျော်သွားကြတော့သည် သူတို့လည်
အိပ်ပျော်သွားမှ သူက အောက်သို့ ဆင်းလာပြီ
"ကြီးမေး ကြိုး တစ်ချောင်းလောက်ရှာပေးပါလား"
"အေး အေး ဒါနဲ သူတို့က ဘာလိုအိပ်ပျော်ကုန်
ကြတာလဲ "
"ကျွန်တော် ရေနွေးထဲမှာ အိပ်ဆေးထည့်ထား
တယ် သူတို့ အိပ်ပျော်သွားအောင်လို ကျွန်ဆေး
ထည်လိုက်တာ သူတို့ကိုဖမ်းရမယ်လေ ကျွန်တော် ကိုသတ်ဖို့လုပ်တဲ့ လူကိုပါဖမ်းပြီ ထောင်ထဲထည့်ပြ
မယ် နေထက်ကခပ်ညံညံ မဟုတ်ဘူး နေထက်
ကိုသတ်ချင်ရင် နေထက် ထက်ပိုတော်မှရမယ်… ကြီးမေကျွန်တော် ပြောတဲ့အတိုင်းသားလုပ်ပါ ကြိုးတစ်ချောင်းလောက်ရှာပေးပါ သူတို့ထွက်မပြေး
နိုင်အောင် သူတို့ကိုချည်းထားမှရမယ် "
"အေးအေး "
ကြီးမေက အိမ်ပေါ်သို့တတ်ခဲ့တော့သည် သူမက
တံခါးထောင့်တွင် ငုတ်တုတ်လေ ထိုင်ကာကြောက်
ရွံ့တုန်ရီနေတော့သည် ကြီးမေက
"သမီး နေကောင်းရဲ့လား သမီးး"
သူမက တစ်ခွန်းမှပြန်၍မပြောဘဲ ကြောက်နေ
တော့သည်။ ကြီးမေလည် သူမကို ဆက်မမေး
တော့ဘဲ ကြိုးသား ရှာ၍ သူကိုလာပေးတော့သည်။
သူလည် ကြိုးရတာနဲ သူတို့သုံးယောက်ကို ကြိုး
တုတ်ကာ အိမ် တိုင် ၌ချည်းထားလိုက်တော့သည်။
ကြီးမေက
"သား သမီးကို သွားကြည့် ဦး မေးတာလည်ပြန်
မဖြေဘူး တော်တော်ကြောက်နေတဲ့ပုံဘဲ"
သူ ကြီးမေစကား ဆုံးတာနဲ အိမ်ပေါ်သို့ပြေးတတ်
လာတော့သည် အိမ်ပေါ်သို့ ရောက်တော့ သူမကို
ကြည့်လိုက်ရာ သူမက တုန်ရီနေတော့သည် သူ
လည် အနားသို့ သွားထိုင်လိုက်ပြီ
"ဝန်းးး သတိထားဦး ဝန်း မကြောက်နဲလေ ဘာမှ
မဖြစ်တော့ ဘူး ကို့ကိုကြည့် စမ်း ကို့ကို ကြည့်လို့
ပြောနေတယ် "
သူမက ကြည့်လိုက်ပြီ နူတ်မှ
"သူဌေး"
"အင်းပြော"
"သူတို့တွေကို ခိုင်းတဲ့ လူက ဘယ်သူလဲ သိလား"
"ဒေါ်မြခက်ထင်တယ်"
"မဟုတ်ဘူး မဟုတ်ဘူး သူဌေး အကိုလေး လုပ်
ခိုင်းတာ"
"ဘာ ညီဘွားလား မင်းဘယ်လိုသိလဲ "
"အဲဒီ ညက သူတို့ အကိုလေးဆီ ဖုန်းဆက်နေကြ
တယ် အကိုလေးမဟုတ်ပါစေနဲလိုလည် ဆုတောင်းမိတယ် ဒါပေ့မဲ့ အကိုလေးလိုပြောသံ
ကြားတယ် အကိုလေး မဟုတ်ဖူးမှတ်လားဟင် သူ
ဌေး"
"တောက်!"
သူက ဒေါသထွက်ကာ ထရပ်လိုက်တော့သည်။
"မင်းဘာလိုအခုမှ ငါကိုပြောတာလဲ မင်းသူကိုကာ
ကွယ်ပေးနေတာလား သူမဟုတ်ပါစေနဲလို မင်း
ဆုတောင်းနေတာ ဟမ်း ဝန်း မင်းသူကိုချစ်နေ
တာလားပြော မင်းပြောလေ"
"မဟုတ်ဘူး အဲလိုမဟုတ်ဘူး အကိုလေးကိုလည်
အဲလို လူမျိုးး"
"တောက် !တော်တော့ မင်းဆက်မပြောနဲတော့
မင်း မင်း… အဲဒီကောင်အတွက်နဲများ ငါ့ကိုမပြော
ဘဲနေတယ် ဟမ် အခုမှ ဒီလူတွေ မိမှ မင်းထုတ်
ပြောတယ် မင်းငါကိုမယုံတာလား ဟမ် ငါက လူ
ဆိုးကြီးလားမင်းအတွက် ဒီကောင်ကို မင်းယုံ
တယ်ပေါ့ ဟုတ်လား မင်းကွာဝန်း တောက်! 'ဒုန်း"
နရံကို လက်သီးဖြင့် သူထိုးလိုက်တော့သည်။
"မဟုတ်ဘူး ဝန်းပြောတာ အဲဒီလို မဟုတ်ဘူး
တောင်းပန်ပါတယ် ဝန်းပြောတာ အကိုလေးလို
ကြားပေ့မဲ့ မယုံနိုင်ခဲ့လိုပါ"
သူမ ငို၍ပြောတော့သည် သူက သူမကိုမျက်နှာ
လွဲကာ
"တော်ပြီ ဝန်း ငါဆက်နားမထောင်ချင်တော့ဘူး"
ကြီးမေက
"သား အောက်မှာ လူကြီးတွေနဲ သားအဘရောက်
လာပြီ"
"ဟုတ်ကဲ့ သား အခုဆင်းလာခဲ့မယ်"
သူ သူမကို စကားမပြောတော့ ဘဲအောက်သို့ဆင်း
လာခဲ့တော့သည်။ အောက်သို့ရောက်တော့ ရွာက
ဥက္ကဠ ကို သူဖြစ်ခဲ့ အကြောင်း ရှင်းပြတော့သည်။
ပြီတော့ သူတို့ကို နိုးစေရန်အတွက် သူကရေခပ်က
ာ သူတို့ကို ရေလောင်း၍ နိုးလိုက်သည် သူတို့လည်
လန်ပြီ နိုးကုန်ကြတော့သည် သူက သူတို့ရှေ့မှ
ထိုင်ကာ
"မင်းတို့တွေ ငါကိုသိလား"
သူတို့တွေ သူကိုသေချာ ကြည့်ပြီ အံသြသွားကြ
သည်။
"မင်းတို့ရှာနေတဲ့ နေထက်ဇော် ဆိုတာငါဘဲ စိတ်
တော့မကောင်းဘူး မင်းတို့ရှာတဲ့လူကိုတော့ တွေ
ပြီ ဒါပေ့မဲ့ မင်းတို့ အလှည့် မဟုတ်တော့ဘူး အခု
ငါအလှည့် ဖြစ်သွားပြီ နေထက်ဇော် ဆိုတဲ့ကောင်
ကို သတ်ချင်ရင် သေအောင် သတ်ရတယ် မသေ
မရှင်း မထားထားရဘူး ငါကမသေခဲ့ရင် မင်းတို့
အားလုံးသေရ လိမ့်မယ် ရှင်းလား မရှင်းသေးဘူး
ထင်တယ် ထပ်ပြောလိုက်မယ် မင်းတို့ကို ခိုင်းတဲ့
ညီဘွားဆိုတဲ့အကောင်ကိုပါ ထောင်ထဲကို မင်းတို့
နဲအဖော်ထည့်ပေးလိုက်မယ် ညီဘွားဆိုတဲ့ကောင်
ငွေသုံးနိုင်တာထက် မင်းတို့လို လူမိုက်ဆိုတဲ့ အ
ကောင်တွေကို အယောက်တစ်ရာလောက်
လောက်ကို ပိုက်ဆံနဲပေါက်ပြီ ဝယ်နိုင်တယ် အေ
နေထက်ဇော်ကို လာမယှဉ်နဲ ကြောက်တတ်တဲ့
ကောင် မဟုတ်ဘူး ငါမသေရင် မင်းတို့သေရမယ်
အခု ပဲခူး ရဲစခန်းမှ ခဏတည်လိုက်အုံး ပြီသွားရင်
မင်းတို့ ပထွေးကိုပါ ဂုတ်ကဆွဲပြီ ရာသက်ပန်
ထောင်ထဲမှာဇာတ်မြုပ် ခိုင်းလိုက်မယ်"
သူမဲပြုံးပြုံးပြီ ထိုင်ရာမှထလိုက်တော့သည်။ ထိုလူ
သုံးယောက်လည် သူပြောတာကိုကြည့်ပြီ ဘာတစ်
ခွန်းမှမပြောနိုင်ဘဲရှိကြတော့သည်။ သူက
"ကယ် ဥက္ကဋ္ဌ သူတို့ကို ရဲစခန်းပို့ပေးပါ "
"ဖုန်းဆက်ထားတယ် ခဏနေကားလာတော့မယ်"
"ကျေးဇူးတင်တယ် ဗျာ ကျွန်တော်ကို ကူညီပေး
လို့"
"ရပါတယ် လုပ်ပေးရမှာပေါ့လဒါကျုပ်တို့ တာဝန်
ဘဲလေ ဟော့ ကားလာပြီ"
သူတို့စကားပြောနေရင်းနဲဘဲ ကားကဆိုဒ်ရောက်
လာတော့သည်။ဥက္ကဠနှင့် ပါလာသောသူများက
သူတို့ ကို ဆွဲထုတ်ကာ ကားပေါ်တတ်ခိုင်းကြတော့
သည် သူတို့ လည် ကားပေါ်သို့ တတ်ကြတော့
သည် သူပါရဲစခန်းသို့ အမှုဖွင့်ရန်အတွက် သူပါ
ထိုသူတို့နှင့်အတူ လိုက်ပါသွားတော့သည်။ သူမက
အပေါ်နေသာ သူကိုကြည့်နေတော့သည် သူက
သူမအပေါ်ဒေါ သထွက်နေတာကို ဘယ်လိုပြော
ရမယ် မှန်းလည် သူမသိတော့ပါ သူမဘာပြော
ပြော သူက သုမကိုအပြစ်တင်တော့မယ် ဆိုတာ
သူမသိလိုက်တော့သည်။
အပိုင်း(22)ပြီး၏စာဖတ်သူများအားလေးစားလျှက်
စာရေးသူ… လင်းသုခ


Post a Comment