မင်းသမီးလေးရဲ့အိမ်မက်
………………………………
အပိုင်း(20)
ညီဘွားတစ်ယောက်အလုပ်ကလေးတွေ လက်စ
သိမ်းပြီ စာရင်းဌာနဘက်သို့လျှောက်လာတော့
သည်။ ဌာနာသို့ရောက်တော့ မခိုင်ကထလာပြီ
"အကိုလေး ဘာကိစ္စရှိလိုလဲ"
"လဝန်းအိမ် အလုပ်မလာဘူးလား"
"ဟုတ်တယ်အလုပ်မလာဘူး ၅ရက်လောက်ရှိပြီ"
"ဘာဖြစ်လိုမလာတာလဲ နေမကောင်းလိုလား"
"မဟုတ်ဘူး မန်နေဂျာသက်မင်းပြောတာကတော့
သူဌေးနဲပဲခူးကို အလုပ်ကိစ္စနဲလိုက်သွားတယ်တဲ့"
"ဘာ သူဌေးနဲလိုက်သွားတယ်"
"ဟုတ်ကဲ့ ဘာဖြစ်လိုလဲဟင် အကိုလေး"
မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ဒါလုံးဝမဖြစ်နိုင်ဘူး မင်းညာနေတာလား"
"မညာပါဘူး အကိုလေး မယုံရင် မန်နေဂျာကိုသွား
မေးကြည့်ပါ"
ညီဘွားတစ်ချက် သွေးပျက်ချောက်ခြားသွားတော့
သည် မခိုင်လည်သူအမှုအယာကိုကြည့်ပြီ အံသြ
သွားသည်။ သူချက်ချင်းပင် ဌာနမှလှည့်ထွက်
လာကာ ဘောင်ဘီအိပ်ကပ်ထဲက ဖုန်းကို ယူပြီ
ဆက်လိုက်တော့သည်။
"ဟဲလို ကျော်မြင့် ဟိုကောင်တွေမေးကြည့်စမ်း
ကားပေါ်မှာ လူဘယ်နှစ်ယောက်လဲလို့ မြန်မြန်မေး
ကားပေါ်မှာ မိန်းကလေးတစ်ယောက်ပါသွားလား
လို့ မြန်မြန်ဆက်ပြီ ငါကိုအခုချက်ချင်းပြန်ပြော"
"ဟုတ်ကဲ့ ဟုတ်ကဲ့ အကိုလေး အခုဆက်လိုက်
မယ်"
"အေး ဒါဆို ဒါဘဲ အခုချက်ချင်းပြန်ပြောနော် ငါစောင့်နေမယ်"
သူဖုန်းကိုချလိုက်ပြီ သူတစ်ကိုယ်လုံး တုန်ရီလာ
တော့သည်။ သူရုံခန်းထဲသို့ဝင်လိုက်ပြီ ဘာလုပ်
ရမယ်မှန်းမသိတော့ သူပြာယာခက်နေတော့
သည်။
"ဒုက္ခဘဲ လဝန်းအိမ်ကသေးပြီလား မသေဘူးဆို
ရင် သူက မျက်မြင်သက်သေဘဲ နေထက်ရဲ့
အလောင်းကလည် ပျောက်နေတယ် ကားကလည်
မီးလောင်းလိုပြာဖြစ်သွားပြီ လူပါသွားလား မပါသွားလား မသိဘူး ဒုက္ခဘဲ အားလုံးတော့ရှုပ်
ကုန်တော့မှာဘဲ"
သူအတွေးတွေရှုပ်ယှက်ခက်ကုန်တော့သည် ခဏ
ကြားဖုန်း ပြန်ဝင်လာပြီ သူအလန့်တကြားဖုန်းကိုင်
လိုက် သည်။
"ဟဲလို ကျော်မြင့်ပြော"
"အကိုလေး ကားပေါ်မှာလူပါသွားဆိုတာမသိဘူး
တဲ့ သူဌေးကတော့ ကားပေါ်မှာ လူရှိတဲ့လို ပြောပြီ
ကားကို မီးမရှို့ဖို့ပြောတယ်တဲ့ သူတို့ကတော့မ
တွေ့မိဘူးတဲ့"
"ဟာ ဟာကွာ သေလိုက်တော့ အားလုံးသေလိုက်
ကြတော့ အဲဒီကောင်းမလေး မသေရင် ငါတို့အား
လုံးသေပြီ သွား အဲဒီနားက ရွာတွေမှာ သွားစုံစမ်း
ကြ တောက် တစ်ယောက်မှ စောက်သုံးမကျဘူး
အဲဒီမိန်းကလေးက သူဌေးနဲအတူပါသွားတယ် အဲ
ဒီမိန်းကလေး မသေရင် သူဌေးလည်သေမှမ
ဟုတ်ဘူး သူပြန်ရောက်လာရင် ငါတို့အားလုံးသေ
ပြီ မင်းအကောင်တွေကလဲ အလုပ်ကိုသေချာမ
လုပ်ကြဘူး တစ်ယောက်မှစောက်သုံးမကျဘူး
ဟိုကောင်တွေပြော အဲဒီမိန်းကလေးနဲ သူဌေးကို
တွေ့အောင်ရှာပြီ သတ်ပေး ရန်ကုန်ပြန်မလာစေ
နဲ ကြားလား"
"ဟုတ်ကဲ့ အကိုလေး"
သူဖုန်းကိုချလိုက်ပြီ စားပွဲပေါ်ပစ်တင်လိုက်တော့
သည် သူတော်တော်ဒေါသထွက်ပြီ စိတ်ပူသွား
တော့သည်။
"တောက် သွားပြီ သွားပြီ လဝန်းအိမ်မသေရင်
တော့သွားပြီ ငါဒုက္ခရောက်ပြီ ဘယ်လိုလုပ်ရင်
ကောင်းမလဲ လဝန်းအိမ် မင်းသေမှဖြစ်တော့မယ်
တောက်……… ခွမ်းးးးးး"
သူအခန်းထဲတွင်ပေါက်ကွဲကာ စားပွဲ၌တင်ထား
သော ပန်းအိုကို နံရံနှင့်ပစ်ခွဲလိုက်တော့သည်။
"ငါမင်းထက်ဆီသွားရမယ်"
မင်းထက်တစ်ယောက် စာရင်းစစ်နေတုန်းမှာဖုန်း
ကဝင်လာတော့သည်။
"ဟဲလို အမိန်ရှိပါခင်ဗျား"
"မင်းထက် ငါပါ နေထက်"
"အေးပြောနေထက်"
"ရှူးးးတိုးတိုး ငါအခုဖုန်းဆက်တယ်ဆိုတာ ဘယ်သူ
မှမသိပါစေနဲ"
"ငါပြောတာဘဲ နင်နားထောင် နောက်မှ ငါအား
လုံးရှင်ပြမယ် အခု ငါရွာတစ်ရွာရောက်နေတယ်
သပြေကုန်းကျေးရွာ ဝေါမြို့အစွန်းလေးမှာထင်
တယ် ငါဒုက္ခရောက်နေတယ် ငါကိုသတ်မယ့်လူ
တွေရှိနေတယ် တော်သေတယ် ငါမသေလို့ ဝန်း
ကယ်လိုပေါ့ ဝန်းမကယ်ရင်ငါသေတယ် အခုမင်း
ငါကို ပိုက်ဆံဘဏ်က ထုတ်ပြီ သိန်းနှစ်ဆယ်ကို
စိတ်ချတဲ့ လူတစ်ယောက်နဲ့ ထည့်ပြီ လာပို့ပေး
ဘယ်သူမှမသိစေနဲ့ ဘယ်သူကိုမှလဲမပြောနဲ
ဘယ်သူလာမေးမေး ငါနဲအဆက်အသွယ်ရ လား
ဆိုရင်မရဘူးလိုပြော ကျန်တာတော့ မင်းဖာသာ
ဘာမှမသိသလို လှည့်ပြီပြောလိုက်"
"ဘာတွေဖြစ်နေတာလဲ နေထက် ငါညီမရော"
"နောက်မှရှင်းပြမယ် ဝန်းဘာမှမဖြစ်ဘုး မင်းစိတ်
မပူနဲ့ မနက်ဖြန် ပိုက်ဆံလာပို့ပေး အဝေးပြေးလမ်း
မှငါတစ်ယောက်ယောက်ကို စောင့်ခိုင်းထားမယ်
လာပိုမယ့် Taxiနံပါတ်ကို ငါကိုပြန်ပြောပေး"
"အင်း ငါနေ့လည် ၁၂နာရီလောက်ရောက်အောင်
ပို့ပေးလိုက်မယ်"
" အေးအေး ကျေးဇူးဘဲသက်မင်း ငါဖုန်းချလိုက်
တော့မယ်သက်မင်း မင်းစိတ်မပူနေနဲ မင်းဘာမှမ
သိလို့နေရင်းရပြီ ဒါရွာကဆရာဝန်း ဖုန်းပါ မင်း
ဆက်ရင် ဒီဖုန်းပြန်ဆက်ပြီ ဒေါက်တာကို ပြောလိုက် "
"အေးပါ"
"ဒါဆို ငါဖုန်းချပြီ"
"အေး ငါအခု ဘဏ်သွားပြီ ပိုက်ဆံထုတ်လိုက်
မယ်"
"ok သက်မင်း ဘယ်သုမှမသိပါစေနဲနော်"
"အေးအေး"
သက်မင်းဖုန်းချလိုက်ပြီ အလုပ်တွေလက်စသက်
ကာရုံး ခန်းထဲမှ အပြင်သို့ ထွက် လာခဲ့ပြီ သုဆီ
သို့ ညီဘွား လျှောက်လာတော့သည် ညီဘွားက
သူမျက်နှာချင်ဆိုင်တွင် ရပ်လိုက်ပြီ
"ဘယ်သွားဖို့လည် သက်မင်း"
"အလုပ်ကိစ္စနဲ အပြင်ခဏသွားဖို့ ဘာဖြစ်လို့လဲ"
"ဝန်းနေကောင်းလား"
"ကောင်းမှာပါ သူကသူဌေးနဲ ပဲခူး လိုက်သွား
တယ်လေ"
"ဘယ်တော့ ပြန်လာမှာလဲ"
"မသိပါဘူး သွားကတည်းက အခုထိ ဖုန်းမဆက်
ဘူးငါလည် ဆက်မရဘူး ဖြစ်နေတယ် ၅ရက်
တောင် ရှိနေပြီ ဘာဖြစ်လို ဝန်းကိုလာရှာတာလဲ"
"သြော် မတွေ့တာကြာလိုပါ"
"သြော် ဟုတ်လား သူတို့တစ်ခုများဖြစ်နေလားမသိ
ငါစုံစမ်းကြည့်ဦးမယ် ဘာဖြစ်နေလဲမသိဘူး မင်းလာမေးတော့မှ ငါတောင် စိတ်ပူသွားပြီ "
"ဟုတ်လား"
ညီဘွားက သက်မင်းကို အကဲခပ်၍ဘာမှသိ
ဟန်မရှိမပုံရသဖြင့်
"သွားစရာရှိတယ်မဟုတ်လား သွားလေ"
"အဲဒါဆိုရင်လည် ခွင့်ပြုပါဦး"
"ကောင်းပါပြီဗျာ"
သက်မင်း ညီဘွားကို နူတ်ဆက်ပြီသာထွက်လာရ
သည် စိတ်ထဲတွင် သူဘာဖြစ်လို ငါ့ကိုလာမေးပါ
လိမ့် သူတစ်ခုခုလုပ်ထားတယ်ထင် ဒီကောင် နေ
ထက်ကိုများ သူတစ်ခုခုလုပ်ထားလား ဒီကောင်ပုံ ကိုကြည့်ရတာ ငါကိုအကဲခပ်နေသလိုဘဲ နေထက် တစ်ခါမှခရီးသွားရင် ပိုက်ဆံ လှမ်းမပို့ခိုင်းဖူးဘုး
ပြသာနာတတ်နေပြီထင်တယ် ငါစုံစမ်းမှဖြစ်တော့
မယ် ဟုသူတွေးလိုက်ပြီ ကုမ္မဏီအပြင်ဘက်သို့
ထွက်လာတော့သည်။
သူအိမ်ရှေ့ကပြင်လေးမှာ ထိုင်ရင်း ဘာလုပ်ရင်
ကောင်းမလဲ ဟုတစ်ယောက်တည် ထိုင်တွေးနေမိ
တော့သည် ခြေထောင်ကနာနေသဖြင့် လမ်းကို
ကောင်းကောင်းမလျှောက်နိုင်သေးပါ သူတွေးနေ
တုန်းသူအနား သူမရောက်လာပြီ သူနားမှထိုင်
ကာ
"သူဌေး ဘာဖြစ်နေလဲ နေမကောင်းဘူးလား"
သူမလက်ကလေးဖြင့် သူနံဖူးကို ကိုယ်ပူနေလား
စမ်းလိုက်သည် သူကပြုံးပြီ သူမလက်နှစ်ဖက်ကို
သူလက်ဖြင့် ဖမ်းဆုပ်ကာသူမနှင့် မျက်နှာချင်းဆိုင်
ထိုင်လိုက်ပြီ သူက
"မင်းနဲငါနဲရှင်းစရာတစ်ခုရှိသေးတယ်"
"ဘာကို ရှင်းမှာလဲ"
"ငါဇနီးပေါ့လေ မင်းကဟမ်း"
"အဲဒါက……………ဟိုလေ အခြေနေအရ ဟုတ်
တယ် အခြေနေအရ ပြောလိုက်တာ"
"သြော်……အခြေနေအရ မင်းကအခြေနေအရ
ပြောလိုက်တာလေ နေရင်းထိုင်ရင်း ငါကမိန်းမ
ပါရသွားတယ် အဲဒါကောင်းသလား"
"မကောင်းဘူး"
"မကောင်းမှန်းတော့ မင်းသိတယ်ပေါ့"
"ဟုတ်"
သူမမျက်နှာငယ်လေးနှင့် ခေါင်းလေးငုတ်သွား
သည်။ သူကတော့သူမ ပုံလေးကိုကြည့်ပြီ ပြုံးကာ
"ထားလိုက်တော့ ထားလိုက်တော့ ငါသဘောထား
ကြီးလိုက်မယ်"
"တစ်ကယ်လား တစ်ကယ်နော် စိတ်မဆိုးဘူးနော်
သေချာတယ်နော်"
"အင်း သေချာတယ် ငါမင်းကိုပြောစရရှိတယ် ရွှေ
ကြိုးလေကိုဘာလုပ်ဖြုတ်ပြီ ရောင်းလိုက်တာလဲ"
"သုဌေးအတွက်ဆေးဖိုး ပိုက်ဆံလိုနေတာကို"
"ငါဘဏ်ကပ်တွေရှိတာဘဲ သွားလဲလိုက်ပေါ့"
"ဟာ မလဲတတ်ပါဘူး ဒါကြောင့် ရွှေကြိုးရောင်း
လိုက်တာ"
"ကောင်းတယ်မင်းတော့ အခုဘယ်လိုလုပ်မလဲ
မင်းဆွဲကြိုး"
"ပြန်ဝယ်ပေးပေါ့"
"ငါပြန်ဝယ်ပေးရမယ်"
"အင်း ဒါပေ့မဲ့ အဲဒီဆွဲကြိုးလေးက ဝန်းဆယ်တန်း
အောင်တုန်းက အမေဝယ်ပေးထားတာ နှမျော
တောနှမျောတယ်"
သူမ ဝမ်းနည်းသွားတဲ့အမူအယာကိုကြည့်ပြီ
"ရောင်းလိုက်တဲ့ဆိုင်ကို သိတယ်မှတ်လား"
"အင်း မနက်ဖြန် ကိုပြန်ဝယ်ပေး"
"တကယ်"
"အင်း"
သုကခေါင်းငြိမ်ပြလိုက်တော့သည်။
"အို………ဝမ်းသားသွားပြီးရွှေကြိုးပြန်ရတော့မယ်
အမေနဲအော်ခံမထိတော့ဘူး"
သူမကပျော်သွားတဲ့ပုံကို ကြည့်ပြီ သူပြုံးနေမိတော့
သည်။ သူမက
"သူဌေး ဟိုလေပြောစရာရှိတယ်"
"အင်း ဘာပြောမှာလဲပြောလေ"
သူမလက်ကလေးကို လွတ်ပေးလိုက်ပြီ သူမက
တစ်ချက်ငြိမ်ကျသွားပြီ
"သူဌေး ဝန်းပြောမှာကိုယုံလား ရူးပြီလျှောက်ပြော
တယ်လို ထင်မှာစိုးလို့"
သူ က သူမမျက်နှာကိုသေချာကြည့်လိုက်ပြီ
"မင်းမလိမ်တတ်မှန်း ကို့သိတယ် ပြောပါဝန်း"
"သူဌေး ဟိုတစ်ခါက သူဌေးကို တိုက်ဖို့လုပ်တဲ့
ကားနီလေကို မှတ်မိလား"
"အင်း မှတ်မိတယ်"
"အဲဒီနေ့ကကို ဝန်း ပွဲတတ်တဲ့နေက သူဌေးလာကြို
တဲ့ကားနဲလာရင်း လမ်းမှာအဲဒီကားကိုတွေ့ခဲ့
တယ်"
သူမစကားကြောင့် သူစိတ်ဝင်းစားသွားသည်။
"ဟုတ်လား ဘယ်မှာရပ်ထားတာလဲ အဲဒီကားက"
"ဆူလေဘုရား နားမှာရပ်ထားတယ် ကားပေါ်က
လူတစ်ယောက်က ဆင်းလာပြီ လမ်းဘေးပလက်
ဖောင်းနားမှာ ရပ်လိုက်တယ် သိပ်မကြာခင်ဘဲ ကားတစ်စီးရောက်လာတယ် သူကို ပိုက်ဆံ
တွေပေးသွားတယ်"
"သူကို တစ်ခြားကားတစ်စီးကလာပြီ ပိုက်ဆံတွေ
ပေးသွားတယ် ဟုတ်လား"
"အင်း အဲဒီပိုက်တွေပေးသွားတဲ့ကားကို ဝန်း
ဟော်တယ်ရောက်တော့ ဝန်းတို့ နားမှာ ကာပါကင်
လာထိုးတယ်"
"ကားပါကင်လာထိုးတော့ အဲဒီကားပေါ်ကလူတွေ
ကို ဝန်းမသိဘူးလား"
"သိတယ်"
"ဘယ်သူတွေလဲ"
"အကိုအဖေနဲ့ အကို့အဖေမိန်းမဘဲ"
"ဘာ အဖေနဲ ဒေါ်မြခက် ဟုတ်လား"
"အင်း ဝန်းလည်တော်တော် အံသြသွားတယ် သူ
တို့ကိုတွေ့လိုက်တော့"
"အဖေကတော့ သိမှမဟုတ်ဘူး ဒေါ်မြခက်လက်
ချက်ဘဲဖြစ်ရမယ်"
"ဝန်းလည် အဲသလိုဘဲထင်တယ် "
"မင်းဘာလို အဲဒီကတည်းကမပြောတာလဲ"
"သူဌေးမယုံမှာ စိုးလို့"
"မင်းကတော့လေ"
သုမက သုကိုပြုံးပြလိုက်တော့သည်။
"ခဏနေဦး ကိုမေးစရာ ရှိသေးတယ်"
"မင်းကို့ကိုဘယ်လိုကယ်လာတာလဲ မင်းရောဘယ်
လို လွတ်သွားလဲ ငါအရမ်းစိတ်ပူနေတာ"
"ဝန်း အဲဒီချိန်တုန်းကအပြင်ကနေ ဆူညံသံတွေ
ကြောင့်နိုးလာခဲ့တယ် ထကြည့်လိုက်တော့အပြင်မှာ သူဌေးကိုဝိုင်းရိုက်နေကြတယ် အိပ်ထဲက ဖုန်းကို
ထုတ်လိုက်တော့ ကြောက်စိတ်ကြောင့်လန်ပြီ ဖုန်း
ပြုတ်ကျသွားတယ် ကောက်ပေ့မဲ့မရတော့ဘူး ဝန်း
လည် ကြောက်တာနဲ ကားပေါ်ကဆင်းပြီ သစ်ပင်
နောက်မှာပုန်းလိုက်တယ် သူတို့တွေကသူဌေးကို
သစ်ပင်နောက်ပစ်ချလိုက်တယ် ကားကိုလည်လမ်း
ဘေးကိုမောင်းချပြီ ကားကိုမီးရှို့ကြတယ် ပြီတော့
သူဌေးကို လာထက်ရိုက်တယ် သေပြီ ထင်မှ ထွက်
ပြေးသွားကြတယ် ဝန်းလည် သူဌေးကိုဆွဲလာခဲ့ပြီ လမ်းပေါ်တင်လိုက်တယ် ကားတစ်စီးစီးဖြတ်
သွားရင် အကူညီတောင်းမယ်ပေါ့ တော်တော်ကြာ
မှာ ဦးလေးငွေမောင်က ထော်လာဂျီနဲရောက်လာ
ပြီ ကူညီလာလို့ ဒီရွာရောက်လာတာ"
"မင်းတော်တော် ကြောက်ပြီတော်တော် ငိုလိုက်
ရတယ်မှတ်လား"
"အင်းပေါ့ ကြောက်တာပေါ့ သုဌေးကသေသွားရင်
ဘယ်လိုလုပ်မလဲ ဘယ်ရောက်လို့ရောက်နေမှန်း
လည်မသိဘူး အကူညီတောင်းစရာလူလည်တစ်
ယောက်မှမတွေ့ဘူး အရမ်းကြောက်တာဘဲ ဒါပေ့
မဲ သူဌေးကိုကယ်ရမယ်လေ ကြောက်နေရင် သူဌေးအခုလောက်ဆိုသေပြီ သိလား"
"ဟုတ်ပါပြီဗျာ မောင်မင်းလေးတော်ပါတယ်
အသက်ကယ်ပေးတဲ့အတွက်လည် ကျေးဇူးတင်
ပါတယ် ဘာမှမဖြစ်ဘဲ အခုထိ ကိုအနားမှာရှိနေ
တဲ့အတွက်လည်ကျေးဇူးတင်ပါတယ် "
"ဒါဆိုရင် ကျေးဇူးသိတတ်တဲ့အနေနဲ ကျေးဇူးရှင်
ကိုရိုရိုသေသေ ဆက်ဆံ ဒါဘဲ မခိုင်းရဘူး မအော်
ရဘူး"
"ကောင်းပါပြီဗျာ ကျေးဇူးမလေးသဘောပါဘဲ"
"ဒီလိုမှပေါ့ ဘီလူးကြီးကလိမ္မာသားဘဲ "
"မင်းတော့"
"ဒါနဲ သူတို့တွေက သူဌေးကို ဘာလိုရိုက်ကြတာ
လဲဟင်"
"ကိုလည်မသိဘူး တစ်ယောက်ယောက် ခိုင်းတာ
ဖြစ်မှာပေါ့ ဘယ်သူခိုင်းတာလဲ မသိဘူး သိလိုက
တော့ ဂုတ်ဆွဲပြီထောင်ထဲထည့်ပစ်မယ်"
"သူဌေး ကိုတစ်ခုလောက်မေးမယ်နော်"
"အင်းမေးလေ"
"သူဌေးနဲအကိုလေးနဲ ဘာလိုမတည့်တာလဲဟင်"
"ဒီလိုဘဲဝန်းရယ် သူတို့က ကိုယ်နေရာကိုယ်မနေ
ကြဘူး နေရာတကား ဝင်ပါနေတာ ကို့က ကိုအဖေ
လို သုတို့ပြောသလိုမရတော့ ကို့ကို ကြည့်မရကြ
ဘူးလေ"
"ဟဲ ကလေးတွေ ဘယ်အချိန်ရှိနေပြီလဲ ညနေစာ
စားရအောင် လာ ထမင်းစားကြမယ်"
ကြီးမေအသံကြောင့် သူတို့စကားပြောနေတာ
ရပ်သွားကြတော့သည်။ သူမက
"ဟုတ်ကဲ့ကြီးမေ လာပြီ သူဌေး ထမင်း သွားစားရ
အောင်"
သူက ခေါင်းလေးငြိမ့်ပြလိုက်သည် သူမက သူကို
ထူပေကာ သူကို တွဲပြီ ထမင်းစားဝိုင်းလိုလာခဲ့
တော့သည်။
အပိုင်း(20)ပြီး၏စာဖတ်သူများအားလေးစားလျှက်
စာရေးသူ…လင်းသုခ


Post a Comment