မင်းသမီးလေးရဲ့အိမ်မက်
………………………………
အပိုင်း(21)
ညသို့ရောက်သောအခါ အိပ်ယာများကို သူမကသူ
အတွက်ခင်းပေးလိုက်တော့သည်။ သူကအိပ်
ယာပေါ်သို့ ထိုင်လိုက်ပြီ
"ငါ အိပ်လိုရပြီ လား"
"အင်း ရပြီ"
"မင်းရောဘယ်မှအိပ်မှာလဲ"
"ဒီဘက်ဘေးမှာ"
"ဘာ………ငါဘေးမှာအိပ်မယ် မင်းရူးနေလား"
"ရှူးးးးတိုးတိုးပြောစမ်းပါ ဦးလေးနဲကြီးမေတို့ကြား
သွားအုံးမယ်"
"မင်း ညတိုင်း ငါဘေးမှာဘဲ အိပ်တာလား"
"အင်းဟုတ်တယ်လေ ဘာဖြစ်လိုလဲ လူနာနားမှာ
စောင့်အိပ်မှဖြစ်မှာပေါ့ သုဌေးကမှသတိမရသေး
တာ"
"ငါအခု သတိရလာပြီလေ အိပ်လိုဖြစ်မလား"
"အဲဒါဘာဖြစ်လဲ ဝန်းက ကိုကို့ဘေးနားမှာတောင်
အိပ်တာ သူဌေးကလဲဝန်းအကို ဘဲလေ"
"ဟာမဟုတ်သေးပါဘူး သက်မင်းက မင်းအကိုအ
ရင်းလေ ငါကမင်းအကိုမှ မဟုတ်တာ မင်းနဲတော့
ခက်နေပြီ"
"ဘာမှမခက်ဘူး အပြင်မှထွက်အိပ်လိုလဲမဖြစ်ဘူး
ဦးလေးနဲ ကြီးမေတို့ကို လိမ်ထားတာ အလိမ်ပေါ်
ကုန်လိမ့်မယ် အိပ်တော့ ထောင့်ကပ်ပြီအိပ်မယ်
အဖြစ်သည်းနေလိုက်တာ တစ်ခါတည်း"
သူမက စိတ်မရှည်ဟန်နှင့်ပြောတော့သည်။
"မဖြစ်သေးပါဘူး မင်းနဲ့ငါ"
"မဖြစ်သေးလည်မတတ်နိုင်ဘူး အိပ်တော့မယ်
ပင်ပန်းတယ် ဒါဘဲ"
သူမ ကစောင်ကလေးခြုံကာ တစ်ဖက်ဘေးသိုရွေ့
အိပ်လိုက်တော့သည်။
"ဒီကောင်မလေးတော်တော်ခက်တယ်ကွာ ဟူးငါ
သက်မင်းကို မျက်နှာပြရမှာတောင် မျက်နှာပူနေ
ပြီ မောပါတယ် ဒီကောင်မလေးနဲ ဟူးးးးးးး"
သူမက ဘာမှမပြောတော့ဘဲ ငြိမ်သက်စွာအိပ်
သွားလေတော့သည်။ သူလည် နေရထိုင်ရခက်ပေ့
မဲလည် ဘာမှမတတ်နိုင်တော့ကာ သူလည်တစ်
ဖက်သို့ လှည့်ကာတစ်ယောက်နှင့် တစ်ယောက်
ကျောပေးကာ အိပ်လေတော့သည်။သူကနောက်
ကိုတစ်ချက်သို သူမကိုလှည့်ကြည့်ပြုံးလိုက်မိသည်
ငါ ဝန်းလေးကြောင့် ပျော်တတ်လာသလိုဘဲ ငါ
ဝန်းလေးကိုများ ချစ်မိနေပြီလား ဒီကောင်မလေး
က ငါနဲတော်တော်ရေစက်ပါနေပုံရတယ် ဝန်းက
တစ်ကယ့်အဖြူထည်လေးဘဲ ဒါပေ့မဲ့ ငါ ငါဝန်းကို
ရင်ခုန်မိနေပြီထင်တယ် ငါဘာဆက်လုပ်သင့်လဲ
မဖြစ်နိုင်ဘူးကွာ ဝန်းရဲ့စိတ်ကကလေးသာသာ
ဘဲရှိသေးတယ် ဟာ ငါဘာတွေလျောက်တွေးနေ
တာလဲ မဖြစ်ဘူး မတွေးသင့်ဘူး ဒါနဲငါ ကိုသတ်
ဖို့လူလွတ်ပြီစောင့်ခိုင်းထားတာဘဲ ဘယ်သူဖြစ်
မလဲ ဝန်းပြောသလိုဆိုရင် ငါကို သတ်ဖို့ ကြံစည်
တာ ဒေါ်မြခက်မဖြစ်နိုင်ဘူးလား ငါမှသက်သေမရှိ
သေးဘူး ဒီမိန်းမလူပါးဝလိုက်တာ တောက် ငါပြန်
ရောက်လိုကတော့ အားလုံးကို မြောင်ထဲဆွဲချပစ်
မယ် အဖေမျက်နှာလည် ငါမထောက်တော့ဘူး
ငါသက်သေကို ဒီကစောင့်ဖမ်းပြီ မင်းတို့အားလုံး
ကိုထောင်ထဲထည့် ပြမယ် ငါမသေရင် မင်းတို့အား
လုံးသေရမယ် မင်းတို့ငါကိုလာပြန်ရှာကြမှာပါ
ငါအလောင်းကို မတွေ့ရရင် မင်းတို့အေးဆေးနေ
လိုမရနိုင်ဘူးလေ သူတွေးနေရင်း အိပ်မပျော်နိုင်
ဘဲရှိတော့သည် သူမကတော့ စိတ်ချလက်ချအိပ်
လျှက်ရှိတော့သည်။
သက်မင်းတစ်ယောက် မနက်ကိုးနာရီလောက်
သူကုမ္မဏီသို့ သွားရန်အချိန်တွင်သူဆီဖုန်းဝင်လာ
သဖြင့် သူကိုင်လိုက်တော့သည်။
"ပြော ပိုးဘာကိစ္စရှိလိုလဲ ပိုး"
"ငါနင်နဲတွေ့လိုရမလား မေးစရာလေးတွေရှိလို
အချိန်ရမလား"
သူလက်ပတ်နာရီကိုကြည့်လိုက်ပြီ
"အင်းးး ရတယ် ငါဘယ်ကိုလာခဲ့ရမလဲ"
"coffee loveကို လာခဲ့ ငါစောင့်နေမယ်"
"ok ငါအခုလာခဲ့မယ် နောက်နာရီဝက်လောက်ဆို
ရောက်မယ်"
"အင်း ဒါဆို ငါဖုန်းချလိုက်တော့မယ်နော်"
"အင်း"
သူဖုန်းကိုချလိုက်ပြီ အိမ်မှထွက်လာခဲ့တော့သည်။
ဆိုင်သို့ရောက်တော့ ပိုးအိမ်ကဆိုင်တွင် ထိုင်၍
သူမကို တွေအောင်လက်လေပြတော့သည်။
သူလည် သူမထိုင်နေရာနေရာသို့ လာပြီ သူမ
နှင့်မျက်နှာချင်ဆိုင်တွင် ထိုင်းလိုက်တော့သည်။
"မတွေ့တာကြာပြီနော် ပိုးနေကောင်းလား"
"ကောင်းပါတယ် ဘာသောက်မလဲ တစ်ခုခုမှာလေ
ငါတိုက်ပါ့မယ်"
"coffeeဘဲသောက်မယ် ညီလေး coffee
တစ်ခွက်ဘဲပေးပါ"
"ဟုတ်ကဲ့"
သူဘေးနားတွင်ရပ်နေသော စားပွဲထိုးကာ သူမှာ
လိုက်တာနဲ လှည့်ထွက်သွားတော့သည်။ သူမက
"ငါနေထက်တစ်ယောက်ကို မတွေ့တာတော်
တော်ကြာပြီ ဖုန်းဆက်လည် ဖုန်းမဝင်ဘူးဘာ
ဖြစ်နေတာလဲ နင်သိလား"
"နေထက်က ဒီမှာမရှိဘူးပိုး"
"သူဘယ်သွားတာလဲ ဒါဆို"
"ပဲခူးကို အလုပ်ကိစ္စနဲသွားတယ် ပြန်မလာသေး
ဘူး"
"သူတစ်ယောက်တည်းလား"
"မဟုတ်ဘူး ဝန်းလည် ပါသွားတယ်"
"ဟင် ဝန်းကို သူခေါ်သွားတာလား"
"မဟုတ်ဘုး ဝန်းက လိုက်သွားတာ"
"ဝန်းကတော်တော်တတ်နိုင်တာဘဲနော် နေထက် အနား ကိုမရောက်ရောက်အောင်သွားနိုင်တယ်"
"နင်ဘာကို ဆိုလိုတာလဲပိုး သူတို့နှစ်ယောက်က
နင်ထင်သလိုမဟုတ်ဘူးနော်"
"ငါထင်သလိုမဟုတ်ဘူး မမြင်ရတဲ့ကြိုးက ချည်း
နှောင်းနေကြတာကို နင်ထင်သလိုမဟုတ်ဘူး လို
နင်မို့ပြောရက်တယ် နေထက်မွေးနေ့ကတည်းက သူတို့နှစ်ယောက်ပုံကြည့်တာနဲ သိနိုင်တယ် သူတို့
ကိုယ်သူတို့သာမသိကြတာ ငါရိပ်မိလို ငါမေးပြီပြီ
နေထက် ကငါကို ငြင်းလိုက်တယ်"
"မဟုတ်မှမဟုတ်ဘဲဟာ သူငြင်းမှာပေါ့"
"ပြီတော့ ငါကိုလည် သုငြင်းခဲ့တယ်"
"ဝန်းကိုက သူငြင်းမှာပေါ့ပိုးရယ် ဟုတ်မှမဟုတ်
တာဘဲ ကိုကွာ"
"အဲဒါကိုပြောတာမဟုတ်ဘူး ငါရဲ့ခံစားချက်ကို
ပါ သူဥပက္ခာပြုလိုက်တယ် နင်လည်သိပါတယ်
ငါသူကို ဟိုကတည်းက ချစ်နေခဲ့တာတွေ နင်ရိပ်
မိမှာပါ သူလည်သိတယ် ဒါတောင်ငါကိုငြင်းခဲ့တယ်
ငါ သူကိုနားမလည်ဘူး ဘာကြောင့်သူငြင်းတာလဲ
ငါမှာဘာပစ်ချက်တွေရှိနေလဲ ဟမ် နင်တို့နှစ်
ယောက်က အမြဲတမ်းညီကိုလိုနေနေကြတော့ နင်
သူအကြောင်းမသိဘူလိုတော့မပြောနဲနော်"
သက်မင်းဘာပြောရမယ်မှန်းမသိတစ်ချက် ဖြစ်
သွားကာ ငြိမ်ကျသွားပြီ
"ပိုး"
"အင်းပြောလေ ငါကိုနင်မညာနဲနော် အမှန်တိုင်း
ပြော"
"ငါမညာပါဘူး ပိုး သုနင်ကိုငြင်းရတဲ့အကြောင်းအ
ရင်းက ငါကြောင့်ပါ"
"ဘာ ဘာပြောတယ် နင်ကြောင့်"
"ဟုတ်တယ် ငါကြောင့်ပါ ငါနင်ကို ချစ်နေတဲ့
အတွက်ကြောင့်ပါ ဒါကို သူအစကတည်းက သိနေ
ခဲ့တယ် သူသိပ်မကြာခင်ကမှာ နင်ကို သူမချစ်မိ
ဘူးလားလို့ ငါမေးတော့မှသူပြောပြခဲ့တယ် သူသိ
နေတာ ငါဘာဆက်ပြောရမှန်းတောင်မသိတော့
ဘူး နင်ကတော့မသိခဲ့ဘူးလေ သူကိုသာ နင်အမြဲ
တမ်းဂရုစိုက်နေခဲ့တယ် ငါနင်ကို နားလည်ပေးပါ
တယ် ငါက နင်ကိုပျော်စေချင်ခဲ့တယ် ဒါပေ့မဲ့နင်
မပျော်ခဲ့ရဘူး ငါတောင်းပန်ပါတယ်ပိုး နင့်ကိုချစ်မိ
လို ငါကိုအပြစ်တင်မယ်ဆိုလည် နင်အပြစ်တင်
လိုက်ပါ နင်မုန်းမယ်ဆိုလည် နင်မုန်းနေလိုက်ပါ
ငါရင်ထဲမှာ ဆက်သိမ်းမထားချင်တော့ဘူးဟာ
နင်ငါကိုမချစ်ဘူးဆိုတာ ငါသိပါတယ် ဒါကြောင့်
ငါ ဘာမှဆက်မပြောနိုင်ခဲ့ဘူးဟာ"
"ဘာ နင်ဘာပြောတယ်"
" ဟုတ်တယ် ငါနင်ကိုချစ်တယ်"
"မဖြစ်နိုင်ဘူး ဒါလုံးဝမဖြစ်နိုင်ဘူး နင်ရူးနေပြီ သက်မင်း"
"ဟုတ်တယ် ငါရူးနေတယ် နင်သက်မှတ်လိုက်ပိုး
ဒါနဲ့ငါသွားစရာရှိသေးတယ် အလုပ်ရှိလို ခွင့်ပြုဦး"
သူချထားပေးတဲ့ကော်ဖီတောင်မသောက် ထထွက်
သွားလိုက်တော့သည်။
သူမ သူစကားကြောင့် ဘာပြန်ပြောရမယ်မှန်း
မသိအောင် ဖြစ်သွားသည် သူကထ၍ထွက်သွား
ပေ့မဲ့ သူမမတားလိုက်နိုင်တော့ပါ နူတ်မှာ
"နင်တို့ နှစ်ယောက်စလုံးက အတူတူပါဘဲ ငါနင်
တို့နှစ်ယောက်စလုံးကို မုန်းတယ် အရမ်းမုန်း
တယ် သက်မင်းနင်ငါ့ကို မချစ်ရဘူး မချစ်ပါနဲလား
ဟာ"
သူမ တုန်ရီစွာနဲcoffeeခွက်လေးကို ကိုင်ပြီ
သောက်လိုက်တော့သည်။
သက်မင်း ၁၀နာရီလောက်အချိန်တွင် ကန်
တော်ကြီး အအေးဆိုင်တစ်ဆိုင်တွင်ထိုင်နေတော့
သည်။သက်မင်းဆီသို့ taxiကားတစ်စီးက ခဏ ကြာ ကန်တော်ကြီးဘက်သို့ လာတော့သည် သက်မင်းက လက်ပြလိုက်ပြီ ကားက သူဆီမောင်း
လာတော့သည်။ သူလည် ကားသမားနှင့်စကား
ပြောပြီ ကားကမောင်းထွက်သွားတော့သည်။
နေလည့်၁၂နာရီသို့ရောက်တော့ ဦးငွေမောင်ကို
ဟိုင်းဝေလမ်းတွင် ထော်လာဂျီနှင့် သွားစောင့်ခိုင်း
ထာတော့သည်။ကားနံပါတ်ကို သေချာမှတ်ခိုင်း
ထားသဖြင့် လမ်းဘေးတွေ ငါအရောင်ကအဝါ
ရောင် ကာနံပါတ်ရေးထားတဲ့ စာရွက်လေးကို
ကိုင်ကာ ထိုင်စောင့်နေတော့သည်။ တစ်နာရီ
လောက်မှာ ထိုtaxi ကားကရောက်လာတော့
သည် ဦးငွေမောင်က မျက်စိကမသဲကွဲသဖြင့် သေ
ချာကြည့်ယူနေရသည် ကားက ထော်လာဂျီနားမှာ
ရပ်လိုက်ပြီ ဒရိုင်ဗာက
"ဦးငွေမောင်လား"
"ဟုတ် ဟုတ်ပါတယ်"
ဦးငွေမောင်က ထလာကာ ကားနားကပ်လိုက်ပြီ
ပြောလိုက်သည်။ ဒရိုက်ဗာက
"ရော့ ဒီမှာ ပို့ခိုင်းလိုက်တာ"
"ဟုတ်ကဲ့"
ဦးငွေမောင်ကမ်းယူလို က်တော့သည်။ကားသမား
က
"ကျုပ်တာဝန်ကျေပြီနော် ဒါဆိုကျုပ်သွားပြီ သေချာပြန်ပြောလိုက်ဦး အဘ"
"ဟုတ်ကဲ့ ဟုတ်ကဲ့သေချာပြောလိုက်ပါ့မယ်"
ကားကပြန်ကွေ့ပြီရန်ကုန်သို့ပြန်မောင်းသွားတော့
သည်။ဦးငွေမောင်လည် ပိုက်ဆံထုတ်ကိုယူကာ
ရွာသို့ပြန်လာတော့သည်။
အပိုငိး(21)ပြီး၏ စာဖတ်သူများ အားလေးစား
လျှက် နေမကောင်းလိုမတင်ဖြစ်တာပါ နားလည်
ပေးကြပါနော်
စာရေးသူ…လင်းသုခ


Post a Comment