မင်းသမီး‌လေးရဲ့ အိမ်‌မက်‌ ၁၉

မင်းသမီးလေးရဲ့အိမ်မက်
………………………………
                      အပိုင်း(19)
သူမတို့သပြေကုန်း ကျေးရွာသို့ရောက်နေတာ ၅ရက်ခန့်ရှိ
နေပြီ သူကတော့သတိမရသေးပါ ဆေးဖိုးတွေကြောင့်သူမ
ပိုက်ဆံလည် မရှိတော့ပါ ဒီနေ့လည် သူကို ဆေးသွင်းရဦး
မည် အစားကလည်သတိမရတော့ မစားနိုင်သဖြင့် ဆေးသာ
သွင်းနေရတော့သည် ရွာဆေးခန်းက ဒေါက်တာ လွင်ဦး
ကလည် စိတ်ကောင်းစွာဖြင့် အိမ်တိုင်ရာရောက် လာကြည့်
ရှူပေးသည်။ ဆေးရုံတင်ရန်ကလည် ရွာနှင့်ပဲခူးကအတော်
လေးခရီးသင့် နေတော့သည် သူမအတွက်ဆေးရုံတင်ရန်
ငွေကလည် မရှိဖြစ်နေသည် ဒါကြောင့် ရွာဆေးခန်းက
ဒေါက်တာလွင်ဦးကလည် သူမတို့အခြေအနေကိုသိ၍
သူမတတ်နိုင်သလောက် ငွေလေးနှင့် သူကိုဆေးကုပေး
နေရတော့သည်။
       အခုဆိုသူမမှာ ငွေကတစ်ကျပ်တစ်ပြားမှမရှိတော့ပါ
သူရဲ့အကျီင်္ င်္ထဲကနေ သူရဲ့ပိုက်ဆံအိပ်ကိုယူကြည့်ပြန်
တော့လည် ဘဏ်ကတ်တွေနဲ မှတ်ပုံတင်သာရှိသည် ငွေစက္ကူတစ်ရွက်မှမရှိပါ သုဘဏ်ကတ်နှင့် ဘဏ်မှသွား
ထုတ်ဖို့လည်မဖြစ်ပါ ဒါကြောင့်သူမ ဘာလုပ်ရင်ကောင်း
မလည် ဟု သူမအိမ်ရဲ့ဝရံတာ၌ ထိုင်ကာတွေးနေမိတော့
သည် ရန်ကုန်ကိုဖုန်းဆက်ပြီ အကူညီတောင်းဖို့ကလည်
ဖုန်းကတစ်လုံးမှပါမလာ သူများမှာငှားဆက်ဖို့ကလည် ဖုန်း
နံပါတ်တွေအလွတ်မရ သူမ စိတ်ပျက်စွာနဲထိုင်နေမိသည်
ထိုအချိန်သူမ ထိုင်နေသည်ကို ဦးငွေမောင်ရဲ့ဇနီးမကြိုင်က
ရေနွေး ချမ်းအိုးလေးကိုင်ကာ သူမနားမှာ လာထိုင်တော့
သည်။
"သမီး ဘာဖြစ်နေတာလဲ အခက်ခဲရှိလို့လား"
"မရှိပါဘူး ကြီးမေ"
"သမီးယောကျာ်းကလည် သတိမရသေးဘူကွယ် ငါးရက်
တောင်ရှိနေပြီ သမီးဆေးဖိုးအခက်ခဲဖြစ်နေတာလား ကြီး
မေတို့ကိုအားမနားနဲသမီး လိုအပ်တာရှိရင်ပြောပါ ကြီးမေ
တို့ကူညီမယ်"
ကြီးမေစကားကြောင့် သူမအတွေးတွေရပ်သွားသည်။
"ရပါတယ် ကြီးမေရယ် သမီးတို့အတွက် စားအသောက်
နဲနေတဲ့နေရာလေး ပေးထားတာကို ဘဲကျေးဇူးတင်နေ
ပါပြီ ဆေးဖိုးက သမီးဖာသာသမီးပေးပါမယ်ကြီးမေ"
"သမီးမှပိုက်ဆံရှိသေးလိုလားသမီးရယ် ကြီးမေးတို့က
တောသူတောသားတွေပါ ကျွေးမွေးရမယ်သမီးတွေက
လည် သူတို့မိသားစုနဲ မြို့မှနေကြတယ် ကြီးမေးတို့လင်
မယားဘဲ ဒီရွာကလေးကလေးကနေ ဘယ်မှမသွားချင်
ရွာမှလယ်လုပ်ရင်းနေကြတာသမီးရဲ့ အားမနားပါနဲသမီး
ရယ် လိုအပ်တဲ့အခက်အခဲတွေကို ပြောပါ"
"ကျေးဇူးတင်ပါတယ် ကြီးမေရယ် ဒါပေ့မဲ့သမီးလေ
ကြီးမေတို့ကို ဒုက္ခမပေးပြရစေနဲ့နော် ဒီလိုလုပ်ပါလား
ကြီမေရယ်"
သူမရဲ့ဆွဲကြိုးလေးကိုဖြုတ်လိုက်ပြီ ကြီးမေလက်ထဲထည့်က
"ရော့ ကြီးမေ ဒါက ဝန်းရဲ့ဆွဲကြိုးလေးပါ အမေက မဲဆု
ပြီ ဝန်းဆယ်တန်းအောင်တုန်းက ဝယ်ထားပေးတာပါ
ငါးမူးသားလောက်ဘဲရှိပါတယ် ဒီမှာရွှေရောင်းလို့ရမယ် ဆိုင်
မရှိဘူးလားကြီးမေ ဒါလေးရောင်ပေးပါလား"
"သမီးရယ် မိဘအမွေကို မရောင်ပစ်ရဘူးလေ "
"ဘယ်တတ်မနိုင်မလည် ကြီးမေရယ် မရှိဝမ်းစား ရှိတော့
တန်ဆာပေါ့ ပစ္စည်းကပြန်ဝယ်လိုရပါတယ်ကြီးမေ လက်
တလောအဆင်ပြေဖို့ လိုအပ်တယ် ကြီးမေဆီမှာလည်
ခဏ ခဏမယူချင်ဘူး ဝန်းအားနားရတယ် ဝန်းကိုရောင်း
ပေးပါနော်"
"ပြောမရလည် သမီးသဘောပါဘဲ သမီးရယ်"
ကြီးမေက သူမစကားကိုငြင်းမရတော့ဘဲ ရွှေကိုယူလိုက်
သည်။
"သမီးရော့ ရွှေကိုပြန်ယူ ခဏနော် ကြီးမေ ခင်မြင့်ကိုခေါ်
ပေးမယ်"
သုမကိုရွှေပြန်ပေးလိုက်ပြီ ကြီးမေ အိမ်အောက်သို့ဆင်း
သွားတော့သည်။ အိမ်က ခြေတံရှည်အိမ်ဖြစ်ပြီ ပျဉ်းကတိုး
သစ်များဖြင့် ဆောက်လုပ်ထားသော အိမ်ဟောင်းတစ်လုံး
ဖြစ်သည် ရွာအိမ်ဓလေ့အတိုင်းဆောက်လုပ်ထားပြီ သွပ်ဖြင့်
မိုးထားသည်။ အိမ်အောက်တွင် စကားပြောရန်ကွမ်းပစ်
လေးဆောက်လုပ်ထားသည်။ ခြံထဲတွင် နွားအိမ်လေးနှင့်
ကောက်ရိုပုံကြီး ရှိသည် ခြံကို ဝါးကတ်ဖြင့်ကာထားပြီ
ခြံစည်ရိုးနားတွင် သရက် မလာကာ ရွက်လှပင်များစိုက်ပျိုး
ထားတော့သည်။ ခဏကြာ ကြီးမေးကလဒေါ်ခင်မြင့်ကို
ခေါ်ကာ အိမ်အပေါ်သို့ပြန်ရောက်လာတော့သည်။
"သမီး ခင်မြင့်နဲလိုက်သွား သူရွှေရောင်းမယ့်နေရာပြပေး
လိမ့်မယ်သမီး"
"ဟုတ်ကဲ့ကြီးမေ"
"ကြီးမေအိမ်မှာလုပ်စရာရှိသေးတယ် သမီးအပြင်သွားရင်း
အပြန် ဆရာဝန်ကိုပင့်ခဲ့"
"ဟုတ်ကဲ့ကြီးမေ"
သူမဒေါ်ခင့် မြင့်နှင် ရွှေရောင်းရန် ရွာထဲသို့ အိမ်မှထွက်ခဲ့
တော့သည်။သူမတို့ထွက်သွားသည် ကြီးမေလည်အနောက်
၌ ချက်ရန်ပြုတ်ရန် မီးဖို့ချောင်ထဲသို့ ဝင်လေတော့သည်။
    သူလက်ကလေးတွေ တစ်ဖြေးဖြေးလှုပ်လာသည် ခေါင်း
လေးကို ခါးယမ်းလိုက်ပြီ မျက်လုံးလေးတွေပွင့်လာတော့
သည်။သူမျက်လုံးလေးတွေ သူဖွင့်ကြည့်လိုက်ရာ မြင်ကွင်း
က အခန်းငယ်လေးတစ်ခုဖြစ်နေတော့သည်။သူ အတင်း
ရုန်းကာ ထထိုင်လိုက်တော့သည်။
"ငါ …ငါဘယ်ရောက်နေတာလဲ  ဟင် ငါ…မသေဘူးဘဲ
ငါအခုဘယ်ရောက်နေတာလဲ အားးး"
သူထိုင်ရာမှထလိုက်တော့သည် ခန္ဓာကိုယ်က ငါးရက်
လောက်လှဲနေရသဖြင့် ကိုယ်ခန္ဓာက ဒဏ်ရာတွေကြောင့်
ပါနာကျင်နေတော့သည်။ သူဖြေးဖြေးချင်း အခန်းထဲမှအပြင်
ထွက်လာတော့သည်။အပြင်သို့ရောက်လာသည် မည်သူ
ကိုမှမတွေ့ပါ။
"အိမ်ရှင်တို့ အိမ်ရှင်တို့ ဘယ်သူမှမရှိကြဘူးလား"
"ဟေ့ ဘယ်သူလဲအရှေ့မှာ လာပြီတော် လာပြီ"
အိမ်နောက်ဖေးက အသံလာရာကြောင့်သူလူရှိမှန်းသတိ
ထားမိသွားတော့သည်။ခဏကြာ အိမ်ထဲမှာအဒေါ်ကြီးတစ်
ယောက်ကထွက်လာပြီ သူကိုတွေ့လိုက်ရာ
"ဟယ် ကောင်းလေး သားသတိရလာပြီလား ဝမ်းသားလိုက်
တာသားရယ် သားမိန်းမသိရင်တော်တော်ဝမ်းသားမှာ"
"မိန်းမ ကျွန်တော်မိန်းမ ကျွန်တော်မိန်းမ ဘယ်သူလဲ"
သူစကားကြောင့် ကြီးမေအံအားသင့်သွားသည်။
"ဒုက္ခပါဘဲ သားက ကိုယ့်မိန်းမတောင်မမှတ်မိတော့ဘူး
လား ခေါင်းကိုထိလိုများ အတိတ်များမေ့သွားလား"
"ဒါဘယ်နေရာနေ အဒေါ်"
"သပြေကုန်းရွာလေ"
"တစ်ခါမှမကြားဖူးဘူး ကျွန်တော် ဒီကိုဘယ်လိုရောက်
လာတာလဲ"
"သြော် သားက သတိမရတော့ သားမိန်းမခေါ်လာတာ"
"မိန်းမ သုအခုဘယ်မှာလဲ"
လာပြန်ပြီ ဒီမိန်းမ ငါကိုဘယ်သူကယ်လာတာလဲ
"သားမိန်းမက သူရွှေကြိုးသွားရောင်းတယ် သားကိုဆေးကု
ဖို့ ပိုက်ဆံလိုနေလို့လေ ကြီးမေက မရောင်းဖို့တားပါသေး
တယ်သူက လတ်တလောသားအတွက် ဆေးဝယ်ဖို့ပိုက် ဆံလိုနေလိုဘဲ သမီးလေးက ကြီးမေတို့ဆီက အကူညီတောင်းရမှာလည် သူအားနားနေတာနဲ ကြီးမေ
လည် ခွင့်ပြုပေးလိုက်ရတယ်"
"သူဘယ်အချိန်ပြန်လာမှာလဲ"
"သွားတာတော့ ကြာပြီ ဆရာဝန်ပါခေါ်ပြီလာလိမ့်မယ်ထင်
တယ်"
အိမ်ရှေ့၌ ကြီးမေးလှမ်းကြည့်လိုက်ရာ
"ဟော် ဟိုမှာ ရောက်လာကြပြီ ဆရာဝန်းပါပင့်လာတယ် သား သားမိန်းမက ဆရာဝန်းနဲ စကားပြောလာတယ် ကြည့်
လိုက်ဦးသား"
သူလှမ်းကြည့်လိုက်ရာ သူမျက်လုံးကိုတောင် သူမယုံနိုင်
သူနူတ်မှ
"ဝန်းးးးးးးးးး"
ကြီးတော့က အိမ်ရှေ့ ဝရံတာသို့ ပြေးထွက်ပြီ
"သမီးရေး မြန် မြန်လာ သားလေးသတိရလာပြီ"
"ရှင်းးးးးးးး သူဌေးသတိရလာ ပြီ"
သူမ ပျော်ကာ အိမ်ပေါ်သို့ ပြေးတတ်လာတော့သည်။အိမ်
ပေါ်သို့ရောက်တော့ သူကို သူမတွေ့လိုက်ရာ သူမရဲ့ခြေ
စုံရပ်လိုက်ကာ သူမရဲ့ပါးပြင်ဆီ သို့မျက်ရည်များ စီးဆင်း
လာတော့သည်။ သူလည်သူမကို ရပ်ကြည့် ပြီ
"ဝန်းး မင်းးး ဘာမှ မဖြစ် ဘူးနော်"
သူမ မျက်ရည်များနဲပြုံးကာ
"အင်း ဘာမှမဖြစ်ဘူး"
သူက သူမအနားသို့ ဖြေးဖြေးလေးလျှောက်လာ ပြီ သူမကို
ပွေ့ဖက်လိုက်တော့သည်။ သူမလည် သူရင်ခွင်ထဲမှာ အား
ရပါးရာရှိုက်ကြီး တငင်ငိုတော့သည်။သူကဘသူခေါင်းလေး
ကို ပွတ်သပ်ကာ
"ဘာမှမဖြစ်တော့ဘူး မကြောက်နဲတော့ မကြောက်နဲတော့
ဝန်းရယ် ဘာမှမဖြစ်တော့ဘူး လိမ္မာတယ် လိမ္မာတယ် တိတ်
ပါတော့ကွာ မင်းအသက်ရှင်လျှက်ရှိနေပေးတာ ကျေးဇူး
တင်ပါတယ် ဝန်းလေးရယ် ကိုယ်တစ်ကယ်ကျေးဇူးတင်ပါ
တယ်ကွာ"
သူမလည် ငိုချင်နေတာတွေ သုမကြောက်နေတာတွေရော
အားလုံးရောချကာ သူရင်ခွင်ထဲမှာ အားရပါးရ ငိုလေတော့ သည်။ ဆရာဝန်နှင့် ကြီးမေတို့လည် သူတို့နှစ်ယောက်ပုံစံ
ကိုကြည့် ပြီ ပီတိဖြစ်သွားတော့သည်။ နေထက်လည် သူ၏ဖြစ်နေသည့် အခြေအနေကို သူရိပ်မိသွားတော့သည်။
သူအသက်ကို ကယ်ပေးတဲ့အတွက်ရော သူမအသက်ရှင်
နေပေးတဲ့အတွက်ပါ ပြောမပြတတ်အောင်သူကျေးဇူး
တင်မိနေတော့သည်။
အပိုင်း(19)ပြီ၏စာဖတ်သူများအားလေးစားလျှက်
                                          စာရေးသူ…လင်းသုခ

Post a Comment