`ကျွန်တော်တို့နဲ့သရဲခေါ်ကျသူများ´
စာရေးသူ=ရှိုင်းမြတ်
သီတင်းကျွတ်လပြည့်နေ့ ကျွန်တော်တို့အဖွဲ့ နော်စေးတို့ ရွာကို ရောက်နေကြလေသည်။ကျွန်တော်တို့ အဖွဲ့ဆိုတာနဲ့နောင်ခန့်ရယ် နော်စေး ကျော်သူ ရန်နိုင်တို့ ဖြူလဲ့ တို ပြေးမြင်မယ်ထင်တယ်ဗျ ဒီတစ်ခါက ကျွန်တော်ရယ် နော်စေးရယ် ကျော်သူရယ် ဖြူလဲ့ညီမ ဖြူစင် အကုန်လုံး လေးယောက် နော်စေး တို့ ရွာကို ရောက်နေတာဗျ ရန်နိုင်နဲ့ဖြူလဲ့ က အိမ်ထောင်ကျ ပြီ ကထဲက အဆက်သွယ် သိပ်မရှိတော့ဘူးဗျ
ဒီတစ်ခါကြ ကျော်သူက ရည်းစားမရှိတဲ့ ကောင်မဟုတ်တော့ဘူးဖြူလဲ့ ညီမကို ဘယ်လို လုပ်လိုက်လေမသိဘူး ချစ်သူတွေဖြစ်သွားကြတယ်ဗျ။
ရွာလမ်းပေါ်မှာ ကလေးတွေ ဟိုတစ်စု ဒီတစ်စု စုပြီ ရွာ ဓလေ့ အတိုင်းဆော့နေကြလေသည်။
အဲလို ကစား နေကြ တာကို ကျွန်တော် တို့ အဖွဲ့  ထိုင်ကြည့်နေတုန်း
လူငယ်လေး တစ်ယောက်ဗျ ကျွန်တော် တို့ ဆီ လျှောက်လာပြီ
"အစ်ကို အစ်ကို ကျွန်တော် မေးစရာရှိလိုဗျ"
"မေးလေး ညီ"
"ကျွန်တော် သူငယ်ချင်းတွေနဲ့ ငြင်းနေကျတာ အစ်ကို သရဲ ခေါ်လိုရတယ် ခေါ်လိုမရဘူးဆိုပြီ ခေါ်လို့ ရတယ်ဆိုရင် ပြောဆိုပြီ ပြောနေကြတယ်ဗျ"
"ဟေ ဘာလုပ် မလိုတုန်း မလုပ်ကောင်းတာကို"
"မလုပ်ပါဘူးအစ်ကိုရယ် သူတို့ကို ဒီလို လုပ်ရင် ရတယ်လို့ ပြောယုံပါ"
"အော် ပြောပြမယ်လေ အသားစိမ်း မရှိရင် ချက်ပြီသာ အသား အမဲ သားဆို ပိုကောင်းတယ် အဲအမဲသားကို လမ်းဆုံ လမ်းခွ မှာ ချ အုန်းမှုတ်ခွက်လေး ပေါ်မှာ ဖယောင်းတိုင်တစ်တိုင်ထွန်း အုန်းမှုတ်ခွက်ဘေး ပက်ပက်လည်ကို တီးပြီ အစားကျွေးပါတယ်လိုပြောပြီ ခေါ်လိုရတယ် ဒါပေမဲ့ မစမ်းကောင်းဘူးနော် အဲလိုတွေ"
"ကျေးဇူးပဲ အစ်ကို သွားပြောပြလိုက်မယ်"
"အေးအေး "
ကျွန်တော်တို့လဲ တစ်အောင့်နေတော့ အိမ်ထဲဝင်ပြီ အိပ်ကျလေတော့သည်။
ကျွန်တော် တို့လဲ လူငယ်တွေ သိချင်လိုမေးတာလောက်ပဲ တွေးမိတယ် မလုပ်လောက်ဘူးပေါ့ အဲလိုပြောပြလိုက်တာ ဂြိုလ်ဆိုး ၀င်လိမ့်မယ်လို တွေးမိခဲ့ရင် ပြောမပြလိုက်ပါဘူး။
လမ်းဆုံ တစ်နေရာရဲ့ တစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာ လူငါးယောက် အမဲသား တစ်ချိုင့် အုန်းမှုတ်ခွတ်တစ်ခု ဖယောင်းးတိုင် ထွန်းပြီ အလုပ်ရှုပ်နေလေသည်။
မိန်းကလေး နှစ်ယောက် ယောကျာင်္လေး သုံးယောက် အကုန်လုံး သူတို့ အကုန်လုံး မမှိတ်မသုန်ကြည့်နေတာက အုန်းမှုတ်ခွက်ပေါ် ဖယောင်းတိုင်ထွန်း ပြီ ကောင်လေးကို
ကောင်မလေး တစ်ယောက်က
"နင်ဟာက မဟုတ်လောက်ပါဘူးဟာ"
ကျန်တဲ့သူတွေကလဲ ၀ိုင်းပြောာနေတာနဲ့
အုန်းမှုတ်ခွတ်တီးနေတဲ့ကောင်လေး စိတ်တိုတိုနဲ့ ပစ္စည်းတွေ အကုန် ကန်ထုတ် ပါးစပ်ကလဲ ဆဲဆိုပြီ
ကောင်လေးတွေ ပြန်မယ်ဆိုပြီ လုပ်တဲ့အချိန်မှာ ဘေးဘက်ထောက်နဲ့ ဆံပင်ဖားလျား ချထားတဲ့ သရဲ တဖြည်းဖြည်း ရှေ့တိုးလာတာ မြင်တော့ အကုန် ကြောင်ပြီ ကြည့်နေတုန်း
သစ်ပင်ပေါ်ကနေ ဇောက်ထိုး ဆင်းလာတာက လျှာတစ်ထောင်လိုက်လောက်ရှည်ပြီ မျက်လုံးဟောက်ပက်နဲ့
နှာခေါင်းမပါတဲ့ သရဲ
ဘေးပက်ပက်လည်ကလဲ ပုံစံ မျိုးစုံနဲ့ ရောက်လာကြတဲ့ သရဲတွေ ကြားထဲ ရောက်နေတဲ့ လူငယ်လေးတွေ ဘာလုပ်ရမှန်း မသိတဲ့အချိန် ကောင်လေး က
"ပြေး ပြေး "
အကုန် စုပြေးကြပေးမဲ့ အလဲလဲ အကွဲကွဲ လဲကျတဲ့ အချိန် သူတို့ အနားကို တိုးကပ်လာတာက မကောင်းဆိုးဝါး အများ
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အော်သံကြောင့် သစ်ပင်ပေါ်က အိပ်တန်းတက်နေတဲ့ ငှက်တွေလဲ ကြောက်လန့်ပြီ ထွက်ပြေးလေတော့သည်။
ညသန်းခေါင်ယံမှာ စူးရှတဲ့ အသတွေ ကြောင့် ရွာထဲက ခွေးတွေလဲ
"၀ူး အူး အူး အူး ၀ူ"
အူသံတွေက တစ်ရွာလုံး ဆူညံစွာ ထွက်ပေါ်လာလေတော့သည်။
ခဏ ကြာတာ့ လူငယ် ငါးယောက်စလုံး ခေါင်းငိုတ်စိုက်လျှက် ကိုယ့်အိမ်ကို အသီးသီးပြန်ကြလေသည်။
လူငယ် ငါးယောက်စလုံး ရွာထဲ ၀င်လာတာနဲ့ ခွေးတွေ ဟောင်ဖို့ နေနေသာသာ အိမ်အောက်ထဲ အတင်းပြေးဝင်ကြလေသည်။
အိမ်ထဲ ရောက်တာနဲ့ မီးဖိုချောင်ထဲ သွားပြီ ရှိသမျှ ဟင်းတွေ အားလုံး ငုတ်ထုတ်ထိုင်ပြီ စားလေတော့သည်။
တစ်ယောက်ထဲ မဟုတ် ငါးယောက်စလုံး အိမ်ပြန်ပြီ သောင်းကျန်းနေတာ
မိဘတွေက ညနက်နေပြီမလို့ အိပ်နေပေမဲ့
တစ်အိမ်လုံးကို ဇောက်ထိုးလျှောက်သွားနေတယ်။တွေ့ရာ ပစ္စည်းတွေလဲ ဆွဲလွှတ်ပစ် သောင်းကျန်းနေလေတော့သည်။
တစ်အိမ်ထဲ မဟုတ်ဘူး ငါးအိမ်စလုံး မိဘတွေကလဲ ဘာမှ မလုပ်ရဲတော့ အပြင်ထွက်နေကျရတယ်။
တစ်ညလုံး သောင်းကျန်းချင်တိုင်း သောင်းးကျန်းပြီ မနက်မိုးလင်းခါနီးမှ ငြိမ်ပြီ အခန်းထဲ ခွေခွေလေး သွားအိပ်နေလေသည်။
လမ်းပေါ်က အသားတွဲ ဆွဲ သွားတဲ့ လူတွေလာရင် ဘယ်က ဘယ်လို သိကြလဲ မသိဘူး ငါးယောက်စလုံး အသားတွဲ ကို ၀ိုင်းလု အစိမ်းလိုက်စားလိုက်ကြတာ မြင်မကောင်းတော့ဘူး အိမ်မှာ အသားဟင်းမချက်တဲ့ နေ့ကြ တစ်အိမ်လုံးဗြောင်းဆန်နေအောင် သောင်းကျန်းကြလေတော့သည်။
တစ်နေ့ ကျွန်တော်တို့ အုပ်စု အိမ်ရှေ့ သစ်ပင်အောက်မှာ ထိုင်နေတုန်း
နော်စေး အမေက ရွာထဲက ပြန်လာပြီ
"သားတို့ကို အန်တီပြောစရာရှိတယ်"
"ဟုတ် အန်တီ ပြောလေ"
"ရွာထဲ က ကောင်လေး သုံးယောက်နဲ့ ကောင်မလေး နှစ်ယောက် သရဲပူးသလို ဘာလိုလိုဖြစ်နေကြတယ် သားတို့ လုပ်နိုင်တာရှိရင် တစ်ခုခု ကူညီလိုက်ပါအုံး ဒီနေ့တော့ ဆရာ တစ်ယောက်လာမယ်ပြောတယ်"
"ဟုတ်အန်တီ သားတို့ သွားကြည့်လိုက်မယ်"
ကျွန်တော်တို့ ရွာထဲ လမ်းလျှောက်ရင် ထွက်လာခဲ့တော့ ကျွန်တော်တို့ ရှေ့တည့်တည့်က အကျီ် အဖြူ ပုဆိုးအဖြူနဲ့ လူကြီးတစ်ယောက် နဲ့ တပည့်ဖြစ်ဟန်တူနဲ့ လူနှစ်ယောက်နဲ့ ခပ်မြန်မြန် လမ်းလျှောက်လာတာတွေ့တော့ ကျွန်တ်ာတို့လဲ အနောက်က ယောင်ပေယောင်ပေနဲ့ အနောက်က လိုက်သွားလေတော့သည်။
အိမ်တစ်အိမ်ရှေ့ ရောက်တော့ ရွာသားတော်တော်များများလဲ ရောက်နေတာတွေ့ တော့ ကျွန်တော်တို့ပါ အထဲ လိုက်ဝင်သွားလေသည်။
အိမ်ထဲရောက်တော့ ကျွန်တော် တို့ မြင်လိုက်ရတာက လူငယ်လေး ငါးယောက်စလုံးကို အမဲ သား အစိမ်းလိုက်ချကျွေးနေတာ ဆောနက ဆရာဖြစ်ဟန်တူတဲ့ လူကြီး ၀င်လာတာတောင် တစ်ချက်ပဲ ကြည့်ပြီ
ဂရုမစိုက်တဲ့ အထာနဲ့ အမဲသားစိမ်းတွေ စားနေတာ
ဆရာဖြစ်ဟန်တူတဲ့ လူကြီးက ဘုရားစင်ရှေ့ ထိုင်ပြီ ဘုရားကို ဦးသုံးကြိမ် ချ ပြီ
တပည့်ဖြစ်ဟန်တူတဲ့ လူနှစ်ယောက်ကို
"သူတို့ကို ဆွဲခေါ်ခဲ့"
"ဟုတ်ဆရာကြီး"
ကောင်လေး တစ်ယောက်ကို ဆွဲခေါ်ဖို့ပြင်တော့ အဲလူငယ်လေးက လူနှစ်ယောက်ကို လက်ကဆွဲပြီ
"ဘုန်း"
"အား"
ဆရာကြီးဆိုတဲ့လူရဲ့ တပည့်နှစ်ယောက်ကိုင်ပေါက်ပစ်လိုက်လေသည်။
ကြည့်နေတဲ့ ရွာသူ ရွာသားတွေ ကလဲ အံသြ တကြီးနဲ့ ကြောက်လန့်ပြီ နောက်ဆုတ်ကုန်ရောဗျ
အမဲသားစိမ်း ကုန်သွားတော့ ဆရာကြီးဆိုတဲ့သူက
"မင်းတို့ ဘယ်သူတွေလဲ ဘာလို သူတို့ ပူးကပ်နေတာလဲ"
အသံသြသြကြီးနဲ့
"သူတို့ ခေါ်လာတာ"
"မေတ္တာရပ်ခံပါတယ် ပူးကပ်တာကို ပြန်ခွာပေးလိုက်ပါ"
ငါးယောက်စလုံး ခေါင်းခါပြလေတော့သည်။
ဆရာကြီးက ဘာမှ မပြောသေးပဲ လူကြီးတွေကို ညကြမှာ နှင်မယ်ဆိုတော့ ကျွန်တော်တို့လဲ အိမ်ကို ပြန်ခဲ့ကြလေသည်။
အိမ်ရောက်တော့ ထမင်းစားရေမိုးချိုး တစ်ရေးတစ်မောအိပ်ကြ ညနေဘက်ရောက်တော့ ကျွန်တော်တို့ နိုးလာပြီ ထနေကြတုန်း ဆူညံ ဆူညံနဲ့ လူတွေ လယ်ကွင်းထဲ ထွက်လာကြတာ တွေ့တော့ ကျွန်တော်တိုလဲ လိုက်ကြည့်ကြလေတော့သည်။
လယ်ကွင်းထဲမှာ အုန်းပျောငှက်ပျောပွဲတွေပြင်ဆင်နေကြတာမြင်တော့ ဘေးနားက ကျွန်တော်ရယ် ကျော်သူရယ် နော်စေး ဖြူစင် မက်တပ်ရပ်ကြည့်နေကြတာပေါ့ဗျ ဘာလုပ်မလဲဆိုတာ
တဖြည်းဖြည်းမှောင်လာတော့ ပွဲ လာကြတဲ့အတိုင်း ရွာသားတွေ ရွာသူတွေ တဖွဲဖွဲ ရောက်လာလေတော့သည်။
ဆရာဆိုတဲ့ လူကြီးက အမဲသားအစိမ်းလိုက်တွေကို အိုးထဲ ထည့်လိုက်တော့
ပူးကပ်ခံနေရတဲ့ ကောင်လေးတွေ ကောင်မလေးတွေ ရောက်လာလေတော့သည်။
ဆရာကြီးဆိုတဲ့လူကြီးက
"ထိုင်ပြီ စားကြ"
ဟိုငါးယောက်ဘာမှပြန်မပြောပဲ ခေါင်းမဖော်တန်းစားလေတော့သည်။
စားသောက်ပြီတော့
"ထပ်ကျွေူးအုံး"
ဆိုပြီ အသံသြသြနဲ့ ပြောတော့
"ဟာ" "ဟယ်"
တစ်ယောက်တစ်ပေါက် ထင်ကြေးတွေ ၀ိုင်းပေးကုန်ကြတော့လေသည်။
ဆရာကြီးဆိုတဲ့ လူက
"တယ် မခန့်လေးစားနဲ့ ငါ ဆရာာကို "
ဆိုပြီ တောင်ဝှေး နဲ့ ရိုက်တော့ ဘာမှ မဖြစ်တဲ့ အတိုင်း အဲဆရာကြီးဆိုတဲ့ သူကို အမဲ ၀ိုင်းဖျတ်လေတော့သည်။
ရွာသူရွာသားတွေ ပြေးလိုက်ကျတာ တလင်းပြင်မှာ ရှုပ်ကုန်ကြလေသည်။ဆရာကြီးဆိုတဲ့ သူကို ကယ်ဖို့ ခေါင်းထဲ မရှိကြဘူးထင်တယ်ဗျ နောက်ကျတဲ့ ခြေထောက်သစ္စာဖောက်ဆိုပြီ ပြေးလိုက်ကျတာဗျာ
ဆရာာကြီး တပည့် နှစ်ယောက်က ဆရာကြီးကို ၀ိုင်းဆွဲနေပေးမဲ့ အားမသာသလိုဖြစ်နေတော့
"ကျော်သူ လာ သွားဝိုင်းဆွဲရအောင် ချစ်နဲ့ဖြူစင် ခဏ စောင့်နေ"
ကျွန်တော်နဲ့ ကျော်သူ ၀ိုင်းဆွဲတော့ လွှတ်ထွက်လာပေမဲ့ ရန်မူဖို့ ချောင်းနေကျတာဗျ
ကျွန်တော်မှာလဲ ကြိမ်လုံးက မပါနဲ့ ဘာမှ မလုပ်နိုင်ဘူး အဲအကောင်တွေ ကျွန်တော် အနားမကပ်နိုင်ဘူးဗျ
သိတဲ့အတိုင်ပဲလေ ဆရာကြီးထိုးပေးထားတဲ့ (အင်း)နဲ့ ဆရာလေး ထိုးပေးထားတဲ့ (အင်း) တော်ယုံမကောင်းဆိုးဝါးလောက် ကို နိုင်တဲ့ လက်ဖွဲ့က ကျွန်တော် ဆီ မှာ ရှိတော့ အနားကပ်မနိုင်ဘူးဗျ။
ကျွန်တော် တို့ ဆရာကြီးဆိုတဲ့ လူကို သူတပည့်နှစ်ယောက်ကို တွဲခိုင်းပြီ အိမ်ပြန်လာခဲ့ကြလေသည်။
အိမ်ရောက်တော့ ဆရာကြီးဆိုတဲ့ လူကို သေချာ ကြည့်မိတော့မှာ ကုတ်ရာတွေ ကိုက်ရာတွေနဲ့ သွေးတွေ မြင်မကောင်းဘူး။နော်စေးနဲ့ဖြူစင်ကို အိပ်ခိုင်းလိုက်ပြီ။
အဲဆရာကြီးဆိုတဲ့လူနဲ့ သူတပည့်နှစ်ယောက်ကို ဘုရားစင်ရှေ့အိပ်ခိုင်းပြီ ကျွန်တော်နဲ့ ကျော်သူက ထိုင်ခုံပေါ် ထိုင်စောင့်နေရတယ်ဗျ တော်ကြာ ဂုတ်ချိုးသက်ခံရမှ ကျော်မကောင်းကြားမကောင်းဖြစ်မှာဆိုလို့ ညသန်းခေါင်လောက် ရွာထဲက ခွေးတစ်ကောင်က အူလိုက်တာ
တစ်ရွာလုံးရှိသမျှ ခွေး တွေ အကုန်လိုက်အူပါလေရောဗျာ
"၀ူး အူး ၀ူး အူး ၀ု"
တော်တော် ကြာအူပြီတော့ တိတ်သွားကြတယ်ဗျ။
မနက် မိုးလင်းခါးနီး မှေးကနဲ့ အိပ်ပျော်သွားတုန်း ဆူညံသံတွေကြောင့်နိုးလာတော့
ရွာသားတွေ တစ်ယောက်တစ်ပေါက်နဲ့အုပ်စု အုပ်စုနဲ့ ဘာဖြစ်တာလဲ မေးတော့
နွား ငါးကောင် ရွာလည် လမ်းမှာ သေနေတာဗျ
ဆရာကြီးဆိုတဲ့သူက ဖျားနေပြီဗျ ဘယ်လောက်တောင် ကြောက်သွာားလဲ မသိဘူး တော်တော်အချိန်နေဆိုးလေသည်။
ကျွန်တော် တို့လဲ မျက်နှာသစ် မနက်စားစား ဆရာကြီးဆိုတဲ့လူရဲ့ တပည့်နှစ်ယောက်ကိုလဲ မနက်စားကျွေးပြီ
ရွာသားတွေ အကူအညီနဲ့ နီးစပ်ရာ ဆေးခန်းကို ပြေးခိုင်ရလေသည်။
ကျွန်တော်နဲ့နော်စေး ကျော်သူ ဖြူစင် ဘုန်းကြီးကျောင်းပြေးပြီ ပရိတ်ကြိုး ဘုန်းဘုန်းဆီ လျှောက် ပရိတ်ကြိုးတောင်းပြီ ရွာကို ပြန်ပြေး တစ်အိမ်တက် တစ်အိမ်ဆင်းနဲ့ ပရိတ်ကြိုးတွေ လည်ပင်းမှာ ချည်ထားခိုင်းရလေတော့သည်။ မတော် ကျွန်တော် နှင်ထုတ်တဲ့အချိန် သူတို့ကို ထပ်ပူးကပ်နေမှာစိုးလို့ လေ ကုန်သလောက်ရှိတော့ ကျော်သူနဲ့ဖြူစင်ကို လိုက်ပေးခိုင်လိုက်တော့သည်။
နောက်ထပ်သတင်းက ပူးကပ်ခံရတဲ့ လူငယ် ငါးယောက်စလုံးပျောက်နေတယ်တဲ့ ဗျ
ကျွန်တော်လဲ ရွာသားတစ်ယောက်ကို အမဲသားရှိသမျှ ၀ယ်ခိုင်းလိုက်တယ် ညအတွက် လေ
ကျော်သူတို့ပြန်လာတော့ ထမင်းစားကျပြီ။ကျွန်တော် က ဘုရားရှိခိုး ဆရာလေး ပေးတဲ့ ကြိမ်လုံးကို သေချာ ထုတ် အဆောင်လဲ သေချာဘုရားစင်ပေါ်တင်နေတုန်း အမဲသားသွားဝယ်တဲ့ ရွာသားက အမဲသားတွေလာပေးတော့ ကျွန်တော့ ယူထားပြီ ပိုက်ဆံရှင်းပြီ နော်စေး အမေ အကူအညီနဲ့ ရွာသား သုံးယောက်လောက်ခေါ်ပြီ ညရောက်မဲ့ အချိန်ကို စောင့်နေလေတော့သည်။
တဖြည်းဖြည်းနေလုံးက အနောက်ဘက် ၀င်သွားတော့ တစ်ရွာလုံး တိတ်ဆိတ်နေလေရဲ့
တစ်ချက်တစ်ချက် ခွေးအူသံတွေက ပေါ်ထွက်လာလေသည်။
"ချစ် တံခါးသေချာ ပိတ်နော် ဘယ်သူ လာခေါ်ခေါ် မထွက်နဲ့ နောက်ဆုံးကွာ မောင်လာခေါ်ရင်တောင်မထွက်နဲ့"
"အင်းပါ မောင် ရာ မောင် သာ ဂရုစိုက် ချစ်တို့ပါ လိုက်ခဲ့ရမလား"
"မလိုက်နဲ့ ရတယ် ချစ်တို့ပါ ဒုက္ခဖြစ်မှာစိုးလို့"
"ချစ် ဂရုစိုက်နော်"
"အင်းပါ မောင်ရယ် ချစ်က ဘာမှ မဖြစ်ဘူး မောင် သာ ဂရုစိုက်"
ကျွန်တော် ရယ် ကျော်သူရယ် ရွာသား သုံးယောက်နဲ့ ကျွန်တော်က ဆရာကြီးပေးထားတဲ့ ကြိမ်လုံးကို လက်မှာ ကိုင်ပြီ ကျော်သူနဲ့ ရွာသား သုံးယောက်က အမဲသားအစိမ်းတွေကို ဆွဲပြီ ကျွန်တော်တို့ လယ်ကွင်းပြင်ကို ထွက်လာကြလေသည်။
ကျွန်တော် တို့ ထွက်လာတော့
"အူး အူး အူး အု "
ခွေးအူသံတွေကြောင့်တစ်ရွာလုံးဆူညံနေလေတော့သည်။တစ်ရွာလုံး အမှောင်ချထားတဲ့အတိုင်း တိတ်ဆိတ်နေလိုက်တာ အကုန်လုံး တံခါးပိတ်ပြိ အိမ်ထဲ အမှောင်ချပြီ ထိုင်နေကြလေသည်။
လယ်ကွင်းထဲ ရောက်တော့
အမဲသားအစိမ်းတွေ ချယုံပဲ ရှိသေးတယ် ပူးကပ်ခံရတဲ့ လူငယ် ငါးယောက်စလုံး ဘယ်လို သိလဲ မသိဘူး အမှောင်ထဲက အလျှိုလျှို ပေါ်လာလေတော့သည်။
ရွာသားတွေလဲ ကြောက်လန့်ပြီ ပြေးမယ်လုပ်တော့ ကျော်သူနဲ့ ကျွန်တော်ဆွဲထားရလေသည်။
ကျွန်တော်ရောက်တော့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ စားနေကြလေရဲ့ သူတို့ ငုံစားနေတုန်း
သူတို့ အနားကို ပြေးသွားပြီ
"ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း"
"အား" "အား" "အား" "အား"
ငါးယောက်စလုံးကို ပြေးပြီ ရိုက်လိုက်တော့ လူငယ်လေး တွေ မေ့လဲကုန်ရောဗျ
"ကျော်သူ သူတို့ကို ပါ ပရိတ်ကြိုး ဆွဲပေးလိုက် ပြီရင် အိမ်ပြန်ပို့လိုက်"
"အေး "
ကျော်သူနဲ့ ရွာသားသုံးယောက် လူငယ်တွေကို ပရိတ်ကြိုး ဆွဲပေးပြီ တွဲခေါ် အိမ်ပြန်ပို့ပေးတော့ ရွာသားထဲ လူတွေ တစ်အိမ်ပြီ တစ်အိမ် နိုးလာကြလေသည်။
ကျွန်တော်တစ်ယောက်ထဲ လယ်ကွင်းထဲ ဆရာကြီးပေးထားတဲ့ သရဲ မြင်တဲ့ အဆောင်ကို လက်ကောက်ဝတ်မှာ ချည်လိုက်တော့ ကျွန်တော် မြင်လိုက်ရတာက ရှေ့ တည့်တည့်မှာ မကောင်းဆိုးဝါး တွေ အပြည့်ပဲ ဘယ်ကောင်က ပူးကပ်တာလဲ မသိဘူးဗျ ဘယ်သူကို ပြေးရိုက်ကမှာလဲ မသိဘူး အဲကောင်တွေ
ကလဲ ကျွန်တော် အနားကို ကို မကပ်နိုင်လို ၀င်မလုံးရဲဘူးထင်တယ်ဗျ
အဲအချိန် ကျွန်တော် နားထဲ ကြားတာက
"လူလေး နောင်ခန့် ဘုရားတရားကို အာရုံပြု ဆရာဆရာတွေကို အာရုံပြုလိုက်"
ဆရာကြီး အသံဗျ ကျွန်တော်လဲ ဆရာကြီးပြောတဲ့ အတိုင်းလုပ်တော့
မကောင်းဆိုး ၀ါးတွေ တစ်ကောင်ပြီ တစ်ကောင် ပျောက်သွားတာဗျ ကျွန်တော် ရှေ့ကျန်ခဲ့တာက
ငါးကောင်ဗျ အဲကောင်တွေ ကျွန်တ်ာကို မကြည်သလို ကြည့်နေတာဗျ
သူတို့ သာယာနေတဲ့ဘ၀ကို ဖျက်စီးတာကို မကျေနပ်ဘူးထင်တယ်ဗျ။
ကျွန်တော်လဲ လျှောက်စဉ်းစားမနေတော့ပဲ ပြေးရိုက်တော့ သကောင့်သားတွေ ပြေးတယ်ဗျ။
ငါးကောင်စလုံး တစ်ကောင်မှ မထိသေးဘူး တစ်နေရာရောက်တော့ ငါးကောင်စလုံး ရပ်လိုက်ကြလေသည်။
ရွာနဲ့တော်တော် ဝေးဝေးကိုရောက်လာတာဗျ
ကျွန်တော်က ဘာလို့လဲ လို့ ကြည့်နေတုန်း ခဲတွေနဲ့ပစ်တာ
နည်းနည်းနောနော မဟုတ်ဘူး မိုးရွာနေသလားမှတ်ကတယ် ကျွန်တော်လဲ ရမ်းပြီ ရှောင်နေပေမဲ့
"၀ှစ် ၀ှစ် ၀ှစ် ၀ှစ် ၀ှစ် "
"ဒုတ် ဒုတ် ဒုတ်"
ခဲသုံးလုံးလောက်က ခေါင်းရယ် ရင်ဘက်ရယ် လက်မောင်းရယ်ကို လာမှန်တာဗျ ခေါင်းဆို ကြယ်တွေ လတွေ မြင်လိုက်ရကော ရင်ဘက်က အသက်ရှုဖို့ မနည်းအားယူနေလေသည်။
ကျွန်တော်လဲ ဒေါသ ထွက်လာပြီ ဇွတ်တိုးဝင်ပြီ ရိုက်တော့တာပဲ ရိုက်နေတုန်း မျက်စီထဲ စပ်လာတော့ ချွေးတွေ ထွက်နေတာဆိုပြီ လက်နဲ့သုတ်ပြီ အသေကုန် သမတော့
"ဘုန်း ဘုန်း ဘုန်း ဘုန်း"
"ဘုန်း ဘုန်း ဘုန်း ဘုန်း"
"ဘုန်း ဘုန်း ဘုန်း ဘုန်း"
တော်တော် ကြာကြာရိုက်တော့ သကောင့်သားတွေ အော်ဟစ်ပြီ ပျောက်ကုန်ကြလေသည်။
ကျွန်တော်လဲ ရွာကို မှောင်ကြီးမဲထဲ လမ်းလျှောက်ပြန်လာတော့ ရွာလဲ ပြန်ရောက်တော့
ရွာသားတွေ အကုန်နိုးနေကြပြီဗျ ကျွန်တော်ကို မြင်တော့ ပြေးလာတာက နော်စေး ကျော်သူ ဖြူစင်
နော်စေးက ကျွန်တော်ကို မြင်တော့
"နောင်ခန့် ခေါင်းက ဘာဖြစ်တာလဲ"
"ဘာဖြစ်လိုလဲ "
ကျွန်တော် သေချာ ကိုင်ကြည့်တော့ ပြီ လက်ကို သေချာ ကြည့်တော့မှာ ခေါင်းပေါက်တာဗျ
မှောင်ကြီးမဲထဲ မမြင်ကလို့ ကျွန်တော် လက်တွေလဲ သွေးတွေ ပေကျံနေတာ ရွာထဲက ဆေးခန်းပြေးပြီ ချုပ်လိုက်ရတယ် သုံးချက် ချုပ်ပြီ ကျွန်တော်တို့ ပူးကပ်ခံရတဲ့ ကလေးတွေကို အိမ်ကို လိုက်ကြည့်တော့
သတိမရသေးဘူးဗျ
အာ့ဒါနဲ့ ကျွန်တော်နဲ့ဘုရားစင်ပေါ်က ပရိတ်ရေတွေတိုက်ပြီ
ကျွန်တော်လဲခေါင်းတွေ တအားမူးနေတာနဲ့ နော်စေး အမေတို့ အိမ်ပြန်အိပ် ကြလေသည်။
မနက်မိုးလင်းတော့ ကျွန်တော် ခြေရင်းမှာ သရဲပူးကပ်ခံရတဲ့ ကောင်လေး သုံးယောက်နဲ့ ကောင်မလေး နှစ်ယောက် ထိုင်နေကြတော့ ကျွန်တော်လဲ လန့်ပြီ ထထိုင်တော့
နော်စေးအမေနဲ့ အဲကလေးတွေ အမေတွေဖြစ်ဟန်တူတဲ့ သူတွေ အဒေါ်ကြီးးတွေ မုန်ဗူးတွေ့နဲ့ ရောက်လာကြတော့ ကျွန်တော် ကြောင်ကြည့်နေတုန်း အဲအဒေါ်တွေက ကျွန်တော် နိုးတာတွေ့တော့
"ကလေးတွေ ဆရာလေးကို ကန်တော့လိုက်လေ"
"ဟုတ် အမေ"
ကျွန်တော်ကို ကန်တော့ဖို့ ပြင်တော့ ကျွန်တော်လဲ ထပြီ ပြေးတာပေါ့ဗျ
ကျော်သူက ကျွန်တော်ကို ဆွဲထားပြီ
"လာပါ နောင်ခန့်ရာ ကလေး တွေ ကန်တော့တာပဲ ခံလိုက်ပါ"
နော်စေးနဲ့ဖြူစင်ကလဲ ပြုံးစိစိနဲ့ ၀ိုင်းပြောကြတော့
ကလေးတွေဘက်ကို ကြည့်လိုက်တော့မျက်နှာငယ်လေးတွေနဲ့ အားနားတာပြီ
"အေးပါကွာ ငါမျက်နှာသစ်အုံးမယ်"
"အေးအေး"
ကျွန်တော်လဲ အောင့်သက်သက်နဲ့ ကန်တော့ခိုင်းပြီ ကလေးတွေကို ဆုမပေးတက်ပေးတက်နဲ့ပေးပြီ
ကလေးတွေကို နောက်အဲလို မလုပ်ဖို့ မှာလိုက်ရတယ်။
အဲကလေးတွေ ပြန်သွားတော့ ကျွန်တော်လဲ ဗိုက်ဆာတာနဲ့ မနက်စား စာပြီ အဲရွာမှ တစ်ရက်နှစ်ရက် ဆက်နေပြီ ပြန်ခဲ့ကြလေသည်။
(ပြီပါပြီ)
Post a Comment