သေခြင်းတရားကို စံမံသောတောအုပ်
*******************
အပိုင်း(၂)
" ဘာ ... လမ်းမှားလာတယ် ... ဟုတ်လား "
" ,ဒုက္ခပါပဲ ဓနရယ် ... မှောင်ပဲ မှောင်နေပြီ "
မာလာနှင့် ဝါဝါတို့က စိုးရိမ်သံဖြင့် ပြောကြလေသည်။
" ဘယ်လိုလုပ်ကြမလဲ "
" နောက်ပြန်လှည့်တာပေါ့ ... သိပ်မဝေးလောက်ပါ
ဘူး "
" ဒါဆို လုပ်ကွာ "
မင်းဓနလည်း ကားကို ဘက်ဂီယာထိုးကာ လီဗာကို
နင်းလိုက်သည် ။
" ဝူး .... "
ကားစက်သံသာ ကျယ်လောင်စွာ ထွက်ပေါ်လာ
သော်လည်း ကားရှေ့ဘီးမှာမူ ချိုင့်ခွက်ထဲမှ တက်မလာ
ပေ ။
တစ်ခါ၊ နှစ်ခါ၊ သုံးခါ။
ဘယ်လိုမှမရပေ ။
ဤချိုင့်ခွက်ငယ်လေးထဲမှ လွတ်မြောက်ရန် ရှေ့
တိုးနောက်ဆုတ် အမျိုးမျိုးကြိုးစားပါသော်လည်း မရဘဲ
ရှိနေသည် ။
" ဒုက္ခပါပဲကွာ "
မင်းဓနလည်း အတော်ပင် စိတ်ရှုပ်သွားသည် ။
" ကဲ ... တစ်နည်းပဲရှိတော့တယ် ... အောက်ဆင်း
ပြီးသာ တွန်းကြပေတော့ "
" ဟဲ့ ဓန ... ငါတို့ရောလား "
" လူကုန်ဟေ့ "
" ဟွန်း ... ကားစုတ်ကြီး "
မာလာနှင့် ဝါဝါတို့မှာ ပွစိပွစိရွတ်ရင်း ကားပေါ်မှ
ဆင်းကြလေသည် ။
ကားအောက်ရောက်သော် နန္ဒက ကားရှေ့ခန်း
အပေါက်မှတစ်ဆင့် ခေါင်းပြူရင်း
" ဓန .. ဓာတ်မီးလွယ်ရင် ပေးပါဦးကွ "
" ဘာလုပ်မို့လဲ "
" သေးပေါက်ချင်လို့ "
(ရိုင်းသွားလျှင် ကန်တော့ပါ)
ဓနလည်း ရှည်ရှည်ဝေးဝေးမပြောတော့ဘဲ ထိုင်ခုံ
နောက်ထဲမှ ဓာတ်မီးယူကာ နန္ဒကို ပေးလိုက်သည် ။
နန္ဒ ဓာတ်မီးထိုးကာ သွားမည်အပြု မာလာမှ
" ဟဲ့ အောင်လေး .. ဘယ်လဲ '
' အပေါ့သွားမို့ "
" ဒါဆို ငါလည်း လိုက်မယ် ... အဝါမ ... မလိုက်
တော့ဘူးလား "
" ဟင့်အင်း "
ဝါဝါက မှောင်မိုက်နေသော တောကို တစ်ချက်
ကြည့်ကာ ခေါင်းခါလိုက်သည်နှင့် မာလာလည်း နန္ဒနှင့်
အတူ သစ်ပင်ချုံကွယ်များ ထူထပ်ရာသို့ လိုက်သွားလေ
သည် ။
နန္ဒသည် မာလာအား ကားနှင့်အတော်ဝေးရာသို့
ဦးဆောင်ကာ ခေါ်လာလေသည် ။
" ဟဲ့ နန္ဒ .. ငါ့ကိုစောင့်ဦးနော် .."
" အေးပါဟ ... မပြီးသေးဘူးလား .. မြန်မြန်လုပ် "
" အေး .. လာပြီ "
မာလာ ချုံကွယ်မှထွက်လာကာ အောင်လေးအနီး
တွင် ရပ်လိုက်သည် ။
" သွားစို့ "
မာလာက ထိုသို့ဆိုကာ သွားရန်ပြင်စဉ် နန္ဒက
မာလာ့ကိုယ်လေးကို ဆွဲလှည့်လိုက်ရာ မာလာ့ကိုယ်လေး
မှာ ဆက်ကနဲ့ တုန်သွားပြီး နန္ဒလက်ထဲမှ ဓာတ်မီးသည်
လည်း မြေပြင်ပေါ်သို့ လွတ်ကျသွားလေသည် ။
နန္ဒ၏ လက်တစ်ဖက်သည် မာလာ၏ ခါးကိုဖက်ကာ
ကျန်တစ်ဖက်ဖြင့် မာလာ၏ ဦးခေါင်းကိုထိန်း၍ ငုံ့နမ်း
လိုက်သည် ။
မာလာလည်း ရုတ်တရက်မို့ မရုန်းသာဘဲ နန္ဒကို
ဖက်ကာ တန်ပြန်နမ်းလိုက်သည် ။
ထိုအခါ နန္ဒ၏ အနမ်းများ ကြမ်းတမ်းလာကာ နှုတ်
ခမ်းမှသည် လည်တိုင်ဆီသို့ ရွှေ့သွားပြီး လက်အစုံမှာ
လည်း မာလာ၏ကျောပြင်ကို ပွတ်သပ်ပေးနေသည် ။
ထိုစဉ်
" အင်း ... ဟင်း .. ဟင်း ... "
ညည်းတွားသံကြီးတစ်ခုကို မာလာကြားလိုက်မိ
သည် ။
အသံမှာ မနီးမဝေးရှိ အမှောင်ထဲမှ ထွက်ပေါ်လာ
ခြင်းဖြစ်ပြီး ရမ္မက်ဇောထန်နေသော နန္ဒမှာမူ ထိုအသံကို
ကြားပုံမရ ။
" နန္ဒ ... နန္ဒ .. နေဦး "
မာလာ အတင်းရုန်းလိုက်သည် ။
" ဘာဖြစ်တာလဲဟာ "
အရှိန်ပျက်သွားသဖြင့် နန္ဒ၏အသံမှာ အလိုမကျမှု
များ ရောစွက်ကာနေသည် ။
" အသံကြားတယ် "
" ဘာသံလဲဟ "
" မသိဘူး .. လူတစ်ယောက်ရဲ့ ညည်းသံကြီးပဲ "
" ဟာ ... မဟုတ်တာဟာ ... တောထဲပဲ .. အခြား
အသံတစ်ခုခုဖြစ်မှာပါ "
" မဟုတ်ဘူးနန္ဒ ... ငါသေသေချာချာကြားလိုက်တာ
... တောထဲမှာ မကောင်းပါဘူးဟာ ... သွားရအောင် "
" ကျွတ် ... "
နန္ဒမှာ ကျွတ်သတ်ရင်း မာလာ့ကိုဖက်ကာ တစ်ဖန်
နမ်းပြန်သည် ။
မာလာလည်း အတင်းရုန်းကာ နန္ဒကို တွန်းလိုက်
သည် ။
" နန္ဒ ... နင်တော်ဟာ ... ငါစိတ်တိုလာပြီ ... သွား
ရအောင်ပါဟာ .. ဒီနားမှာနေရတာ ငါ့စိတ်ထဲမှာ တစ်မျိုး
ကြီးပဲ ... ဓနတို့ စိတ်ပူနေလိမ့်မယ် ... တော်ကြာ သူတို့သိ
သွားရင်မကောင်းဘူး "
" မာလာ ... နင်မမိုက်ဘူးဟာ "
" ဟာ ... နန္ဒရာ ... နင့်ဆန္ဒကို ငါဘယ်တုန်းက ငြို
ငြင်ဘူးလို့လဲ ... ငါတို့ အမြန်အိမ်ပြန်ရောက်ဖို့လိုတယ် ...
တော်ကြာ ညဥ့်နက်သွားရင် မကောင်းဘူး '
မာလာမှာ နန္ဒကို ချော့မော့ပြောဆိုရင်း ကျနေသော
ဓာတ်မီးကို ကောက်လိုက်သည် ။
မာလာ့လက်ထဲတွင် ဓာတ်မီးအပြင် ဓာတ်မီးမှ
ကြိုးကွင်းနှင့် ငြိကာ တစ်စုံတစ်ခု ကပ်ပါလာသည် ။
မာလာလည်း ကပ်ပါလာသောအရာအား စမ်း၌
ဖြုတ်ကာ လက်ထဲမှ ဓာတ်မီးဖြင့် ထိုးကြည့်လိုက်ရာ
" အား ... "
မြင်လိုက်ရသည်က အရိုးကျနေပြီဖြစ်သော လက်ဖျံ
ရိုးကြီးတစ်ချောင်းမို့ လန့်ကာ ဓာတ်မီးပါ လွှတ်ချ၍ နန္ဒ
ကို ဖက်ထားလိုက်သည် ။
" မာလာ ... ဘာဖြစ်တာလဲ ... နင်ဘာမြင်လို့လဲ "
နန္ဒမှာ ကိုယ့်အပူနှင့်ကိုယ်မို့ မာလာ့အဖြစ်ကို သတိ
မထားမိလိုက်ပေ ။
" အရိုးခြောက်ကြီး .. ငါကြောက်တယ် "
" ဘယ်မှာလဲ ... ဘာအရိုးခြောက်လဲ "
" ငါ ... ငါဓာတ်မီးကောက်တော့ ဓာတ်မီးနဲ့အတူ
ငြိပြီး ပါလာတာ .. လက် .. လက်ကြီး "
မာလာသည် နန္ဒကို တင်းကျပ်စွာ ဖက်ထားကာ
နန္ဒ၏ ရင်ခွင်ထဲသို့ မျက်နှာအပ်ထားသည် ။
" မာလာ .. မာလာ ..သတိထားလေ "
" ဟင့်အင်း .. ငါကြောက်တယ် ... သွားကြမယ် ...
ငါတို့အမြန်သွားမှဖြစ်မယ် "
" ပေး .. အေးပါဟာ ငါ ဓာတ်မီးကောက်လိုက်ဦး မယ် "
ထိုသို့ဆိုသော် မာလာသည် နန္ဒကို ဖက်ထားရာမှ
လွှတ်ပေးလိုက်သည် ။
နန္ဒသည် ဓာတ်မီးအားကောက်၍ အနီးအနားမြေ
ပြင်တစ်ဝိုက်သို့ ထိုးကြည့်ပါသော်လည်း မာလာပြော
သော အရိုးခြောက်ကို မတွေ့ရပေ ။
" ဂျွတ် .. ဖျောက် ... "
ကျောဖက်ဆီမှ သစ်ကိုင်းခြောက်အား တက်နင်း
သံကြောင့် အမြန်လှည့်ကာ ဓာတ်မီးဖြင့် ထိုးလိုက်
သည် ။
ဘာမှမတွေ့ ။
မာလာလည်း နန္ဒ၏လက်မောင်းကို တင်း
ကြပ်စွာ ဖက်တွယ်ထားလေသည် ။
" အင်း .. ဟင်း .. ဟင်း ... "
ရှေ့သို့ အာရုံပြုနေစဉ် နောက်ဖက်မှ ညည်းသံကြီး
ကြောင့် ဆက်ကနဲ့လှည့်ကာ ဓာတ်မီးဖြင့် ထိုးလိုက်ရာ
" ဟင် "
နန္ဒတစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွား
သည် ။
အဖြူရောင်ဂါဝန်၊ ဆံပင်ဖားလျားချထားသော
အမျိုးသမီးတစ်ဦး ချုံကွယ်တစ်ခုထဲသို့ ရွေ့လျားတိုးဝင်
သွားသည်ကို အသေအချာပင် တွေးမြင်လိုက်ရသည် ။
" နန္ဒ ... ဘာလဲ .. နင်ဘာမြင်တာလဲ "
မာလာ့အသံမှာ တုန်ယင်စပြုနေပြီ ။
" ဘာ ... ဘာမှမဟုတ်ပါဘူး ... လာ သွားကြမယ် "
မာလာ့လက်ကိုဆွဲကာ ကားရှိရာသို့ ခပ်ကြမ်းကြမ်း
ပင် လျှောက်လာခဲ့တော့သည် ။
~~~~
မင်းဓန၊ ညီရဲနှင့် ဝါဝါတို့မှာ နန္ဒတို့ပြန်အလာကို
စောင့်နေကြသည် ။
" ဟာကွာ ... ဒီကောင်တွေကလည်း ကြာလိုက်တာ
ကွာ ... ဘာများလုပ်နေကြလဲမသိဘူး "
' ဟုတ်ပါ့ဟယ် ... မြန်မြန်မလာကြဘူး ... ငါ ဒီတော
ထဲမှာ နေရတာ စိတ်ထဲမှာ တစ်မျိုးကြီးပဲ "
လရောင်မွဲမွဲအောက်တွင် မကောင်းဆိုးဝါးများကခုန်
နေသလို လေတိုးတိုင်း ယိမ်းထိုးနေကြသော သစ်ပင်များ
ကိုကြည့်ကာ ဝါဝါက ဆိုလေသည် ။
အချိန်မှာ ည ၉ နာရီဝန်းကျင်ခန့် ရှိပြီမို့တောအုပ်
ထဲတွင် မှောင်မိုက်၍ နေလေသည် ။
" ဟာ ... ဟိုမှာ မီးရောင်ဟေ့ "
" ဟုတ်တယ် "
" ဟယ် ... သုံးယောက်ကြီး "
ချုံကွယ်များကြားမှ ထွက်လာသူမှာ သုံးယောက်
ဖြစ်နေသည်ကို ဝါဝါ သတိထားလိုက်သည် ။
" အဝါမ ... မဟုတ်တာမပြောနဲ့ ... နှစ်ယောက်
တည်းပါ "
" ဟုတ်သားပဲ မိဝါရယ် ... တောထဲမှာ ပေါက်ကရ
တွေမပြောနဲ့ "
ဓနနှင့် ညီရဲတို့စကားကြောင့် ဝါဝါ သေချာပြန်
ကြည့်လိုက်ရာ နှစ်ယောက်ဖြစ်သွားသည် ။
" စောစောက ငါမြင်လိုက်တာ သုံးယောက်ပါဟ "
ဝါဝါတစ်ကိုယ်တည်း ခပ်တိုးတိုးရေရွတ်၍ မဆုံးမီ
နန္ဒနှင့် မာလာတို့ အမောတကောဖြင့် အနားသို့ ရောက်
လာကြသည် ။
ရောက်လျှင်ရောက်ချင်းပင် ဝါဝါမှဆီုးကြို၍
" မာလာ ... စောစောက နင်တို့ထွက်လာတာ သုံး
ယောက်ပါဟ ... တစ်ယောက်ဘယ်ကျန်နေခဲ့တာလဲ "
" ဟင် ... "
မာလာ အလန့်တကြားဖြင့် မလုံမလဲ နောက်သို့
လှည့်ကြည့်သည် ။
" အဝါမ ... နင်ဘာတွေလျှောက်ပြောနေတာလဲ "
ညီရဲက ဝင်ဟန့်သည် ။
" မဟုတ်ပါဘူး ... ငါသေသေချာချာ မြင်လိုက်တာ "
" နင်ဘာမြင်တာလဲ အဝါမ "
နန္ဒက တံတွေးတစ်ချက်မျိုချကာ မေးလိုက်သည် ။
" နင်တို့ ဟိုချုံကွယ်ကထွက်လာတော့ သုံးယောက်
... နင်တို့နောက်နားက တစ်ယောက်က အဖြူရောင်ဂါဝန်
နဲ့ မိန်းကလေးပဲ "
" ဘာ .... "
ဒီတစ်ခါ အထိတ်တလန့်ဖြစ်သွားသူက နန္ဒဖြစ်နေ
သည် ။
ဝါဝါမြင်လိုက်ရသော အမျိုးသမီးကို စောစောက
ပင် သူမြင်တွေ့ခဲ့ရသည်မဟုတ်ပါလား ။
သို့သော် ထိုအဖြစ်ကိုပြောလိုက်ပါက အားလုံးထိတ်
လန့်သွားမည်ကို စိုးသောကြောင့်
" မဟုတ်ပါဘူး အဝါရယ် ... နင် ... နင်အကြည့်မှား
တာပါ ... ငါနဲ့ မာလာ နှစ်ယောက်ထဲပါဟ "
အသံကိုထိန်းကာ ပြောလိုက်သော်လည်း အဆုံး
တွင် တုန်ခါသွားသည် ။
ဝါဝါလည်း သူမမြင်လိုက်ရသည်မှာ အမှန်ပင်ဖြစ်
သော်လည်း ထိုအရာမှာ လူသားတစ်ယောက်မဟုတ်ပါ
က သရဲတစ္ဆေသာ ဖြစ်မိကို တွေးမိလိုက်ချိန်ဝယ် လွန်စွာ
ထိတ်လန့်သွားလေသည် ။
" ဟင် ... ဒါ .. ဒါဆို ငါမြင်လိုက်တာ .. သ ... သရဲ
ပေါ့ "
ထိုစကားကြောင့် မာလာနှင့် နန္ဒတို့မှာ တုန်လှုပ်
သွားပြီး ကျန်လူများမှာလည်း စိတ်ကသိကအောက်ဖြစ်
ကုန်သည် ။
" အဝါမ ... နင်ဘာတွေပြောနေတာလဲ ... ရောက်
နေတာတောထဲနော် ... ပေါက်ကတွေ မပြောနဲ့ "
" ဘာပဲဖြစ်ဖြစ် ငါတော့ ဒီတောထဲမှာနေရတာ
စိတ်မသန့်တော့ဘူး ... အမြန်သွားရအောင် "
ထိုစဉ် လေအေးတစ်ချက်ဝေ့ကာ တိုက်လိုက်သဖြင့်
ကျောထဲ စိမ့်ကနဲ့ ဖြစ်သွားကြသည် ။
" ကဲ ... အချိန်မရှိဘူး.... သွားဖို့ပြင်ရအောင် ...
ဓန .. ကားပေါ်တက် "
နန္ဒက ပြောရာ ဓနကားပေါ်တက်ကာ ကားစက်
နှိုးလိုက်သည် ။ ကျန်လေးယောက်မှာလည်း အသီးသီး
နေရာယူကာ ကားကို ဝိုင်းတွန်းကြလေသည် ။
" တစ် ... နှစ် ... သုံး ... တွန်း ..."
" တစ် ... နှစ် ... သုံး ... တွန်း ... "
" အားတင်းထား ... ရတော့မယ် "
" တစ် ... နှစ် ... သုံး ... တွန်း ... "
" ဝူး .... "
" ဘုတ် ... "
" အ "
" ဟာ ... နန္ဒ "
အဖြစ်အပျက်မှာ မြန်ဆန်လွန်းလှသည် ။
ကားသည် ချိုင့်ခွက်မှလွတ်ကာ မောင်းထွက်သွား
ချိန်ဝယ် အားစိုက်တွန်းနေသော နန္ဒတစ်ယောက် အရှိန်
မထိန်းနိုင်ဘဲ ရှေ့သို့ မှောက်လျားထိုး လဲကျသွားလေ
သည် ။
" နန္ဒ ... ရရဲ့လား "
အားလုံး ဝိုင်းထူပေးကြသည် ။
" အ ... ငါ့ ... ငါ့လက်မောင်း "
" ဟင် ... သွေးတွေ "
နန္ဒလဲကျစဉ် မြပြင်မှ သစ်ငုတ်တစ်ခုက လက်မောင်း
ကို စူးသွားခြင်းဖြစ်သည် ။
" ရရဲ့လား နန္ဒ "
" အား ... ရပါတယ် ... အပေါ်ယံပဲ ရှပ်ထိတာ "
မင်းဓနလည်း အနားသို့ ရောက်လာကာ ညီရဲနှင့်
အတူ နန္ဒကို ထူ၍ ကားဆီသို့ ခေါ်ဆောင်လာခဲ့သည် ။
ကားနားရောက်သော် ကားထဲမှ အဝတ်စတစ်ခုကို
ဆုတ်ဖြဲ၍ နန္ဒလက်မောင်းကို စည်းပေးထားရသည် ။
သွေးမှာမူ ထွက်နေဆဲ ။
" ကဲ ... အားလုံး ကားပေါ်တက် .. သွားကြမယ် "
ထို့နောက် အားလုံးကားပေါ်ရောက်သည်နှင့်
ကားကို တောအုပ်ထဲမှ မောင်းထွက်လာခဲ့သည် ။
ဝင်လာစဉ်က မြက်ပင်နှင့် အပင်ငယ်အချို့တွင်
ထင်ကျန်ရစ်ခဲ့သော ဘီးရာများအတိုင်း ဖြည်းဖြည်းချင်း
မောင်းလာရာ နာရီဂက်ခန့်အကြာတွင် လမ်းမပေါ်သို့
ချောမောစွာ ပြန်လည်ရောက်ရှိလာကြသည် ။
တောအုပ်လေးထဲတွင် သူတို့ကားလေးထွက်သွား
ရာသို့ မျက်စိတစ်ဆုံးကြည့်ရှုနေကြသော အဖြူရောင်
ဂါဝန်ဝတ် အမျိုးသမီးဦးဆောင်သော လူအုပ်ကြီးကိုမူ
မည်သူမှ မတိမထားမိလိုက်ကြပေ ။
######
တောအုပ်ထဲကသရဲမက သူတို့ကိုရော
အလွတ်ပေးမှာလား ?
သူတို့ဘာဆက်ဖြစ်ကြမှာလဲ ?
စိတ်ဝင်စားရင် အပိုင်း ၃ မှာ ဆုံကြမယ်နော် :-)
Jupiter Koko
Post a Comment