‌ကြောက်‌စရာအ‌ကောင်းဆုံကစားနည်း

(ကြောက်စရာ အကောင်းဆုံး ကစားနည်း (၁၂) :ဘုရင် ၃ ပါး)

==================================

"The Most Dangerous Game -12 : The Three Kings"

Play at your own risk .....

ကစားမည့်သူဦးရေ

- ကစားမည့် သူတစ်ဦး

- ကစားဖော် တစ်ဦး

( ကစားမည့်သူ ၂ ယောက်စလုံးမှာ စိတ်ဓာတ်ခိုင်မာပြီး တစ်ဦးနှင့် တစ်ဦး အယုံအကြည် ရှိရမည်။ အကယ်၍ တစ်ယောက်ယောက်မှာ ကြောက်ရွံ့နေခြင်း ကစားနည်းကို မယုံကြည်ပါက မကစားရ။ ကစားမည့်သူ ၂ ယောက်စလုံးမှာ လွန်ခဲ့သော ၅ ရက်အတွင်း အရက်သေစာ သောက်စားထားသူများ မဖြစ်ရပါ။ )

လိုအပ်သော ပစ္စည်းများ

- တိတ်ဆိတ်ငြိမ်သက်သော အခန်းကျယ်တစ်ခန်း (ပြတင်းပေါက်မရှိလျင် ပိုကောင်းပါသည်။ အကယ်၍ ပြတင်းပေါက်များ ရှိပါက လိုက်ကာများဖြင့် အုပ်ထားရမည်။)

- ဖယောင်းတိုင် ၁ ထုပ်

- မီးခြစ် ၁ လုံး

- ရေပုံး ၁ ပုံး

- ရေခွက် ကိုင်းခွက် ၁ ခွက်

- ပန်ကာ ၁ လုံး

- မှန်အကြီး ၂ ချပ်

- ကုလားထိုင် ၃ ခုံ

- နှိုးစက်နာရီ ၁ လုံး

- အားအပြည့် သွင်းထားသော ဖုန်းတစ်လုံး

- မိမိနှစ်သက် တန်ဖိုးထားသော အဆောင်ပစ္စည်း ၁ ခု

ညွှန်ကြားချက်များ

ကြိုတင်လုပ် ဆောင်ရမည့် အရာများ

၁။ ည ၁၁ နာရီတွင် စတင်ရမည်။ ကစားဖော် မပါပဲ ကစားနည်း မစတင်ရပါ။ ကစားဖော်သည်လည်း ကစားသူနည်းတူ ကစားနည်းမပြီးဆုံးခင် တစ်လျောက်လုံး ရှိနေရမည်။

၂။ ကုလားထိုင် ၁ ခုကို သင်တို့ကစားမည့် အမှောင်အခန်း၏ အလယ်ဗဟို၌ မြောက်အရပ်သို့ မျက်နှာမူ၍ ထားပါ။ ထိုကုလားထိုင်သည် ဘုရင်ထိုင်ခုံဖြစ်သည်။ ထို့နောက် အခြားကုလားထိုင် ၂ ခုအား ထိုဘုရင်ခုံကို မျက်နှာခြင်းဆိုင်ထား၍ ဘယ်ညာ တစ်ဖက်တစ်ချပ် လက်တစ်ကမ်းအကွာတွင် ထားရှိပါစေ။ ထို ၂ ခုံသည် ဘုရင်မ ထိုင်ခုံနှင့် သူရူးထိုင်ခုံ ပင်ဖြစ်သည်။

၃။ မှန် တစ်ချပ်စီကို ဘုရင်မ ထိုင်ခုံနှင့် သူရူး ထိုင်ခုံပေါ်တွင် တင်လိုက်ပါ။ ထိုမှန်များသည် ထိုင်ခုံပြားနှင့် ထောင့်မှတ်ကျနေရမည့် အပြင်သင်၏ ဘုရင်ထိုင်ခုံဘက်သို့ မျက်နှာမူနေစေရမည်။ သင် ဘုရင်ထိုင်ခုံတွင် ထိုင်လိုက်လျင် သင့်ပုံရိပ်သည် မှန်ထဲတွင် ခေါင်းစောင်းမျက်စိ လှည့်စရာမလိုပဲ မှန်တွင်ပေါ်နေအောင် အစီအစဉ်တစ်ကျ နေရာချထားရမည်။

၎။ ရေပုးံနှင့်ရေခွက်ကို သင်လက်လှမ်းမီရာ သင့်ဘုရင်ထိုင်ခုံရှေ့တွင် ချထားရမည်။

၅။ ပန်ကာကို သင့်ထိုင်ခုံနောက်တွင် နေရာချထားပြီး ပြင်းအားကို Medium သို့ Low တွင်ထားရမည်။ High တွင်မထားရ။ ပန်ကာကို Stationary Mode တွင်ထား၍ ဖွင့်ထားရမည်။

၆။ ထို့နောက် ထိုအခန်းမှ ထွက်ခွာလာရမည်။ သို့သော် တံခါးကို မပိတ်ပဲထားခဲ့ပါ။

၇။ သင့်အိပ်ခန်းထဲသို့ ပြန်လာပါ။ ပြီးနောက် ဖယောင်းတိုင်, မီးခြစ်, နိုးစက်နာရီ, ဖုန်းတို့ကို အိပ်ယာဘေးတွင် အဆင်သင့်ထားရှိပါ။ သင့်ဖုန်းအား ပြည့်နေပါစေ။ ထို့နောက် သင်၏ နှိုးစက်နာရီကို ၃နာရီ ၃၀မိနစ် ထားပြီး သင့်အဆောင်ပစ္စည်းကို လက်တွင်ကိုင်ဆောင်၍ မီးပိတ်၍ အိပ်ပါလေ။

အဓိက အဖြစ်အပျက်

၁။ နှိုးစက် ၃ နာရီ ၃၀ မိနစ်တွင် မြည်လာပါက နှိုးစက်ကိုပြန်ပိတ်၍ အိပ်ယာမှထပါ။ မီးလုံးဝမဖွင့်ပါနှင့်။ သင့်အဆောင်ပစ္စည်းကိုလက်တွင်ကိုင်ထားပါ။ ထို့နောက် ဖယောင်းတိုင်ကို မီးငြိပြီး သင့်ဖုန်းကိုင်ဆောင်ကာ ကစားနည်းစီမံထားသော အမှောင်ခန်းထဲသို့ ပြန်သွားရမည်။ သင်သည် ဘုရင်ထိုင်ခုံတွင် ၃နာရီ ၃၃မိနစ်တွင် ထိုင်ပြီးဖြစ်နေပါစေ။

၂။ အောက်ပါအချက်အလက်များထဲမှ တစ်ခုခုဖြစ်နေပါက ကစားနည်းကို လုံးဝ လုံးဝ ဆက်မကစားရ။
- သင့်ဖုန်းအားမပြည့်ခြင်း။
- သင့်နှိုးစက် ၃ နာရီ ခွဲအတိတွင် မမြည်ခြင်း။
- သင်ဖွင့်လျက် ထားခဲ့သော အခန်းတံခါး ပိတ်နေခြင်း။
- သင်ဖွင့်လျက် ထားခဲ့သော ပန်ကာပိတ်နေခြင်း။
- သင် ဘုရင်ခုံတွင် ၃နာရီ ၃၃မိနစ်အရောက် မထိုင်နိုင်ခြင်း။
ထိုအချက်များထဲမှ တစ်ခုခု ဖြစ်နေပါက သင့်ကစားဖော်နှင့် သင့်အိမ်သားအားလုံးကိုခေါ်၍ အိမ်မှအလျင်မြန်ဆုံး ထွက်ခွာရမည်။ မနက် ၆ နာရီ မထိုးမချင်း လုံးဝ လုံးဝ ပြန်မလာရ။

၃။ ထိုအချက်များ မကြုံတွေ့ရပဲ ညွှန်ကြားချက်အတိုင်း ပြုလုပ်နိုင်ခဲ့ပါက ကစားနည်းကို ဆက်လက်ကစားနိုင်ပါသည်။ သင်၏ ထိုင်ခုံတွင်ထိုင်ပါ။ သို့သော် မှန်ထဲသို့ တိုက်ရိုက်မကြည့်ပါနှင့်။ ဖယောင်းတိုင်ကိုလည်း မီးမငြိမ်းစေရန် သင်ခန္တာကိုယ်ဖြင့် ဂရုစိုက်ပြီး ကွယ်ထားပေးပါ။

၎။ ထို့နောက် သင်သည် သင့်အရှေ့ရှိ အမှောင်ထုကို စူးစိုက်အာရုံပြု၍ မေးခွန်းများကိုမေး၍ အခြားကမ္ဘာမှ သူစိမ်းများနှင့် ဆက်သွယ်နိုင်မည်ဖြစ်သည်။ သင်သည် မှန်ကိုသော်လည်းကောင်း ဖယောင်းတိုင်မီးတောက်ကို လည်းကောင်း မကြည့်မိစေရန် အထူးသတိပြုရမည်ဖြစ်သည်။ မှန်ထဲသို့ တိုက်ရိုက်ကြည့်မိပါက အန္တရာယ်အလွန်ကြီးပါသည်။

၅။ သင်သည်ထိုထိုင်ခုံတွင် ၄နာရီ ၃၄မိနစ်အထိ ထိုင်၍ ကစားနည်းကို ဆက်လက်ကစားရပါမည်။ တစ်ဝက်တစ်ပျက်ကစားပြီး ကြောက်လန့်၍ ထွက်မပြေးရပါ။

အဆုံးသတ်ခြင်း

၁။ နံနက် ၄နာရီ ၃၄ မိနစ်ခန့်တွင် သင်၏ ကစားဖော်မှ သင့်နာမည်ကို အော်ခေါ်ခြင်းဖြင့် ကစားနည်းကို အဆုံးသတ်ရပါမည်။

၂။ ထိုသို့ ခေါ်ဆို၍မရပါက သင်၏ကစားဖော်မှ သင့်ဖုန်းသို့ ခေါ်ဆို၍ သတိပေးရမည်ဖြစ်သည်။

၃။ အကယ်၍ ဖုန်းခေါ်ဆိုခြင်း မအောင်မြင်ပါက ကစားဖော်သည် အခန်းထဲသို့ ဝင်လာပြီး သင့်အား ရေဖြင့် လှမ်းပက်ရမည်။ သင့်အား ထိတွေ့ခြင်းမပြုဘဲ ရေဖြင့်သာ ပက်၍ သတိပေးရမည်။

သတိပြုရမည့် အချက်များ

• အကယ်၍ သင့်ခန္ဓာကိုယ် ရုတ်တရက် ရွှေ့လျားလိုက်ပါက ပန်ကာကြောင့် ဖယောင်းတိုင်မီး ငြိမ်းသွားမည်ဖြစ်ပြီး၊ ကစားနည်းလည်း အဆုံးသတ်သွားမည်။

• အကယ်၍ သင်သည် သတိလစ်မေ့မျောခြင်းဖြစ်ပါက သင်၏ အဆောင်ပစ္စည်းသည် သင့်အား ဤကမ္ဘာထဲသို့ ပြန်လည်ရောက်ရှိအောင် ကူညီပေးပါလိမ့်မည်။

• သင်နှင့် သင့် ကစားဖော်တို့ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု မရှိလျှင် လုံးဝမကစားပါနှင့်။

အန္တရာယ်ကင်းစွာ ကစားနိုင်ကြပါစေ။

Good Luck!

...............................................................................
ကဲ ကစားနည်းကတော့ ဒါပါပဲ .... စိတ်ပါရင်တော့လုပ်ကြည့်ကြပေါ့ .

ယုံချင်ယုံ... မယုံချင်နေ.... ကစားလို့ တစ်စုံတစ်ရာဖြစ်လျင်တာဝန်မယူပါ ....

Play at your own risk .....

Translated by #DrAung

Post a Comment