ဝတ္ထု‌တွေထဲကလိုချစ်‌ အပိုင်း၁

ဝတ္ထု တွေထဲကလိုချစ်ကြမယ်
                  အပိုင်း ၁

နေဝင်ဆည်းဆာအချိန် မြစ်ရေပြင်ဆီကတိုက်ခတ်လာ
သောလေနုအေးအေးလေးကသူမရဲ့ဆံပင်တွေကိုတ
ဖြတ်ဖြတ်လှုပ်ခါစေပြီးကိုယ်ခန္ဓာကိုအေးစိမ့်စေသော
ကြောင့်သူမကိုယ်လေးကျုံ့လိုက်ကာလက်ကိုပိုက်ထား
လိုက်သည်။ ငှက်လေးတွေရဲ့အိပ်တန်းတက်ချိန်ဖြစ်သ
ဖြင့်အုပ်စုလိုက်ဖွဲ့ကာအိပ်တန်းသို့သွားနေတာကိုကြည့်
ပြီးသူမ ပင့်သက်ချလိုက်မိသည်။
" လှိုင်း"
"ဟင်"
သူမအနောက်မှခေါ်လိုက်သည့်အသံကြောင့်အံ့အား
သင့်သွားကာသူမကိုယ်လေးတောင့်တောင့်လေးဖြစ်
သွားသည်။
"လှိုင့်းကို ကိုယ်အရမ်းချစ်တယ် ထားမသွားပါနဲ့ကွာ"
သူမ၏ခါးကိုလာဖက်လိုက်ပြီးသူမ၏ပုခုံးပေါ်သူ့မျက်နှာ
အပ်ကာပြောလိုက်သောကြောင့်သူမအခုထိနေရာမှ
မလှုပ်မယှက်ရပ်နေဆဲ။ သူမ၏ဆံနွယ်တွေကိုနမ်းရှိုက်
နေရင်းမှသူမ၏လည်တိုင်နားတွင်သူ၏ဝင်သက်ထွက်
သက်ရောက်နေသဖြင့်သူမ၏ကိုယ်လေးပူရှိန်သွားကာ
ရင်ခုံသံအဆက်မပြတ်ထွက်ပေါ်လာသည်။
"ဟဲ့ ညိုကြီး ထစမ်း ဟဲ့ ဩော် ထပါဆို"
အဝတ်စနှင့်ရိုက်ပြီးခေါ်နိုးနေသောကြောင့်အိပ်ယာထက်မှညိုကြီးငှေါက်ကနဲထထိုင်လိုက်၏။ အိပ်မက်ဆို
သည့်အသိကြောင့်သူမမျက်နှာရှုံမဲ့သွားပြီး
"ဟာ မမထွေးကလဲ မမထွေးလုပ်လို့သမီးအိမ်မက်
ကောင်းခန်းရောက်နေတုန်းလန့်နိုးရတာ"
"အမလေး မနက်ထမင်းထချက်ရမယ်လေ၊လည်ပင်မှာ
ယင်ကောင်နားလို့ အဝတ်နဲ့လှမ်းရိုက်တာတောင်တုတ်
တုတ်မလှုပ်ဘူး "
"အိပ်မက်ကလည်းကောင်းနေလို့ပါ မမထွေးရယ်၊
ကောင်းတဲ့ အခန်းရောက်ပြီဆို ဘာဖြစ်လို့ထခါနီး
မှမက်လဲမသိဘူး"
"ဟဲ့ ထတော့လို့ပြောနေတယ် နားတော့ငြီးတော့မှာပဲ
ဒီနေ့အဖို့တော့ "
ထသွားသည့်ညိုကြီးကိုကြည့်ပြီး မတင်ထွေးသက်
ပျင်းသာအကြိမ်ကြိမ်ချနေမိ၏။
...............................................................................
" ညို ကြီးရေ ဒီနေ့လည်းခါတိုင်းလိုပဲလား"
"မေးစရာလိုလား အကြီးမြရယ် သမီးလာဝယ်တာပဲနှစ်
နဲချီနေပြီ"
"အေးပါဟယ် အပြောင်းအလဲလေးများဖြစ်မလားလို့
မေးကြည့်တာပါ"
မုန်ဟင်းခါးသည်ဒေါ်မြမြကသူ့ကိုအော်ပြောပြီးလက်
ဖက်ရည်ဆိုင်ဘက်ကူးသွားသောညိုကြီးကိုလှမ်းအော်
ပြောလိုက်သည်။
"ဒီကောင်မလေးက စိမ်းလန်းစိုလမ်းထဲကမဟုတ် လား"
"ဟုတ်တယ်လေ အဲ့ဒီ့လမ်းထဲမှာအိမ်အကူလုပ်ချင်တဲ့
သူတွေအများကြီးပဲ ကံကောင်းမှရတာ"
စားနေသူမိန်းမတစ်ယောက်အမေးကြောင့်ဒေါ်မြမြပြန်
ဖြေလိုက်သည်။
"ဟင် ဘာဖြစ်လို့သူတို့လမ်းထဲမှာအလုပ်လုပ်ချင်ရတာ
လဲ"
နောက်တစ်ယောက်ကပါဝင်မေးသဖြင့် ဒေါ်မြမြလက်
ကာပြလိုက်ပြီး မုန့်ဟင်းခါးအိုးထဲမှမုန့်ရည်များကိုမွှေ
လိုက်ကာ "
"ဟဲ့ ကျော်ဦး ညို ကြီးမှာထားတာတွေထုပ်ပေးလိုက်
ဒီလို အဲ့ဒီ့လမ်းထဲမှာအိမ်ငါးအိမ်ပဲရှိတယ်၊အိမ်အကူ
တွေကိုတန်းတူဆက်ဆံတယ်၊အခွင့်အရေးလဲပေး
တယ်၊အကူတွေဘက်ကလည်းသူတို့အိမ်ရှင်ပေါ်အ
ရမ်းသစ္စ္စာရှိကြတယ်"
"ဟင် ဒါဆို တော်တော်သဘောကောင်းကြတဲ့လူတွေ
စုနေကြတာပေါ့"
"အဲ့လိုပဲပြောရမှာပဲ၊ အဲ့ဒါကြောင့်အိမ်အကူတွေကနှစ်
နဲ့ချီပြီးနေနေကြတာပေါ့"
"အကြီးမြ ရပြီလား "
"ရပြီထင်တာ ဟဲ့ ကျော်ဦး ဒုက္ခပါပဲဟယ်အခုဏက
ထည့်ခိုင်းထားပါတယ် မထည့်ပဲဘယ်ရောက်သွားပါ
လိမ့်"
ဒေါ်မြမြကပြောပြီး မုန်ဟင်းခါးတွေကိုမြန်မြန်ထုပ်ပေး
နေတော့သည်။ ညိုကြီးကခွေးခြေတစ်လုံးယူပြီးဆွဲထိုင်
ကာစောင့်နေသလို၊စောစောကဒေါ်မြမြနှင့်ပြောနေ
သောမိန်းမနှစ်ယောက်ကသူမကိုခြေစုံခေါင်းစုံကြည့်
ကာ မျက်စိမျက်နှာပစ်ပြနေသည်။
"ညိုကြီး ရော့ အရည်များများထည့်ပေးလိုက်တယ်နော်"
"ကျေးဇူးပါ အကြီးမြသွားပြီ"
သူမထွက်လာသည့်အထိမစပ်စုနှစ်ယောက်ကကြည့်
နေသဖြင့်မသိဟန်ပြုကာထွက်လာရပေမည့်စိတ်ထဲက
တနုံနုံပင်။
"ညိုကြီးရယ် နင့်ပုံနဲ့ စိမ်းလန်းစိုကအိမ်အကူတွေ သိက္ခာကျမယ့်ပုံပဲ"
"အေးလေဟယ် နင့်ပုံကိုဒီအတိုင်းမထားနဲ့ဟာ နဲနဲ
ပြောင်းကြည့်ပါလား"
မိဝါနှင့်ဖြူနုတို့ရဲ့စကားကိုပြန်ကြားယောင်မိပြီးကိုယ့်
ကိုကိုယ်ပြန်ငုံ့ကြည့်မိသည်။ သူမကအသက်ဆယ့်ရှစ်
နှစ်ပြည့်တော့မည့်အပျိုဖော်ဝင်လေး၊အရပ်ကိုကြည့်ချင်အားဖြင့် ငါးပေရှစ်လက်မရှိသည့်မိန်းကလေးတစ်
ယောက်ဆီမှာရှိသောရှားပါးသောအရပ်၊ ကိုယ်လုံးကိုယ်
ထည်ဖွံ့ဖြိုးပြီး အသာကညိုနေသဖြင့်အားလုံးကကောက်
လှိုင်းညိုဆိုသည့်သူမနာမည်ကို ညိုကြီးအဖြစ်တွင်းသွား
တာတော်တော်ကြာနေပြီ။
ခြေသလုံးတုတ်တုတ်နှင့်ခြေမမှာရေထိလွန်းလို့ခြေစွယ်
ငုတ်နေတာလည်းဂရုမထား၊ဖနှောင့်မှာလည်းအက်ကွဲ
နေသဖြင့်သူမပုံစံကဖြစ်သလိုနေသည့်ပုံစံမျိုးဖြစ်သည်။
အခုလည်း ကြီးမားသည့်ကြိမ်ခြင်းကြီးနှစ်ခုကိုဆွဲပီး
ခြေလှမ်းကြဲကြီးတွေနှင့်ခြံထဲသိုဝင်လာသည့်တိုင်အောင်အိမ်ကြီးရှင်တွေနိုးအုံးမည်မထင်။ ဒီနေ့က တနင်္ဂနွေ
နေ့ဖြစ်လို့နေသည်။
"ဟဲ့ မြန်မြန်လာပါ ခုနှစ်နာရီထိုးတော့မယ်"
"ဟင် ဒီနေ့ တနင်္ဂနွေ လေ ဘယ်သူဘယ်ကိုသွားမှာ
လဲ"
"အငယ်မလေး ကျူရှင် ရှစ်နာရီခွဲအမှီသွားရမှာတဲ့"
"စောလှချေလား အစကတော့ တနင်္ဂနွေ သွားမတက်
ဘူးဆို "
"စာမေးပွဲနီးနေလို့ ဒီနေ့လည်းတက်ရမယ်ပြောတယ်
မြန်မြန်မုန့်ဟင်းခါးပြင်ပေးလိုက်"
အိမ်ရှင်အငယ်မလေးကမုန်ဟင်းခါးဆိုဘယ်လောက်
ပူပူအိမ်ရောက်ပြီးအိုးထဲထည့်မီးဖိုပေါ်ပြန်တင်ပွက်ပွက်
ဆူမှကြိုက်သည်။ အိမ်ရှင် ဦးဝေယံနှင့်ဒေါ်ဖူးပွင့်ပုန်း
ညက်ကိုသူတို့သမီးသုံးယောက်ဖြစ်သော ဖူးပွင့်နှင်းဆီ
(မကြီး)၊ဖူးပွင့်သဇင်(မလေး)၊ဖူးပွင့်စံပယ်(မငယ်)
တို့ခေါ်သလို ဒယ်ဒီနှင့်မာမီလို့ပင်ခေါ်ကြရသည်။
"ညို ကြီး ပြီးရင်နေမမြင့်ခင်ပန်းပင်ရေလောင်းရအုံး
မယ်နော်"
"သိပါတယ် မမထွေးရာ၊ခေါင်းထဲမှာစီပြီးသား၊အခု
ထမင်းစားခန်းမှာမုန့်ဟင်းခါးသွားချတော့မယ်"
"မောနင်း တီထွေး မမညို ကြီး "
"ဟဲ့ အို မငယ်ရယ် မုန်ဟင်းခါးတွေဖိတ်ကုန်တော့မှာ
ပဲ"
ထမင်းစားခန်းအရောက် မငယ်ကညို ကြီး၏ကျောကိုမ
ဖက်ပဲမှီထားသဖြင့်မုန့်ဖတ်ပန်ကန်နှင့်အရည်ပန်ကန်
ကိုလက်နှစ်ဖက်ဖြင့်ကိုင်ထားသောညို ကြီးမလှုပ်မ
ယှက်လေးရပ်နေရ၏။
"ဟယ် မငယ်ရယ် ကျူ ရှင်သွားခါနီးပြီလေ အခုထက်ထိ
လည်းဘာမှမလဲရသေးပါလား"
မီးဖိုချောင်မှမတင်ထွေးအမြန်ထွက်လာပြီးညို ကြီးလက်
ထဲမှမုန့်ဟင်းခါးပန်ကန်တွေယူပြီးစားပွဲပေါ်တင်ကာ
မငယ်ကိုပြောလိုက်ချင်ဖြစ်သည်။
"မသွားချင်ပါဘူး ကျူရှင်ကြီးပဲတက်နေရတာတစ်နေ့
လေးတော့နားချင်တာပေါ့"
မငယ်ကညို ကြီးရဲ့ကျောကုန်းမှာပါးကပ်ပြီးမျက်လုံးမှိတ်
ကာပြောနေသဖြင့်မတင်ထွေးခေါင်းကုတ်ကာ
"ညို ကြီးရေ ထုံစံအတိုင်းပဲ နင်ပါမှပဲသူလှုပ်မှာ"
မတင်ထွေးအပြောကြောင့် ညို ကြီးကရယ်လိုက်ပြီး
မငယ်ကို ကလေးလေးတစ်ယောက်လိုပွေ့ချီလိုက်
သည်။ မငယ်ကညို ကြီးအတွက်ကလေး လေးသဖွယ်
ဆိုးနွဲ့နေကြ၊သူမလေးကရုပ်ရှင်ကြည့်ပြီးဆိုဖာပေါ်မှာအမြဲအိပ်တတ်သလို ညို ကြီးကလည်းအမြဲအခန်းထဲ
သို့ပွေ့ချီပေးရတာနေ့တိုင်းလိုပင်။
"စံပယ် ယူမယ့်သူဆိုအနဲဆုံးအရပ်ခြောက်ပေရှိမှယူ
မှာ"
မငယ်စကားကိုမကြီးကမျက်စောင်းထိုးလိုက်ပြီး
"နင်ယူမယ့်ယောက်ကျားအစားရင်လေးပါတယ်ဟယ်"
"ဟုတ်တယ် နင့်ကိုတစ်နေ့ တစ်နေ့ချီနေရတာနဲ့ပဲအ
သက်ထွက်မှာပဲ"
"ရတယ်လေ ညိုကြီးကိုတစ်သက်လုံးစံပယ်နဲ့ခေါ်ထား
မှာပေါ့"
အဲ့ဒီလို မငယ်တို့ကပိုင်ထားသဖြင့်ညို ကြီးတို့ကတုတ်
တုတ်မလှုပ်ရဲပေ။
"ဟင် ဒါဘာလုပ်တာလဲ အငယ်မဆင်းလိုက်စမ်း"
ထမင်းစားခန်းဝတွင်ဘွားကနဲပေါ်လာသောဦးဝေယံ
စကားကြောင့်ညို ကြီးနှင့်မငယ်လန့်သွားကာညို ကြီးအ
ပေါ်မှမငယ်ခုန်ဆင်းလိုက်သည်။
"သမီး ကလေးလည်းမဟုတ်တော့ဘူး ကလေးပုံစံလို
နေတာဒယ်ဒီဘာမှမပြောဘူး၊ကလေးလိုတော့မဆိုးနဲ့
ညို ကြီးမှာလုပ်စရာတွေအများကြီးပဲ မကူညီနေ၊မနှောင့်
ယှက်ပါနဲ့ သွား ကိုယ့်ဘာသာကိုယ် အဝတ်သွားလဲ
ညို ကြီးကလည်းလုပ်စရာရှိတာသွားလုပ်"
ဩဇာအာဏာသံနှင့်ပြည့်စုံသောဦးဝေယံစကားကြောင့်
မငယ်လျှားလေးထုတ်ကာထမင်းစားခန်းကနေပြေး
ထွက်သွားပြီးအပေါ်ထပ်သို့ပြေးတက်သွားသလို၊ညို ကြီးကလည်းခေါင်းလေးအသာငုံ့၍အိမ်ရှေ့သို့ထွက်
လာခဲ့သည်။
ဦးဝေယံကအိမ်တွင်အနေနဲသောအင်တာနေရှင်ကပ္ပ
တိန်တစ်ဦးဖြစ်ပြီး အားလုံးကကြောက်ရွံ့ရိုသေကြရ
သည်။ ဒေါ်ဖူးပွင့်ပုန်းညက်ကကျူ တာဆရာမဖြစ်သဖြင့်
ဂူတစ်ဂူတွင် ခြေင်္သေ့နှစ်ကောင်အောင်းနေရသည်ဟု
အမြဲပြောကာဦးဝေယံကပဲတစ်နှစ်သွားခြောက်လပြန်
နေရသည်။
ပန်းပင်ရေလောင်းပြီး၍ တိုက်ဘေးကအုတ်ပတ်လည်
ကာ ကာရေထည့်ထားသောငါးကန်ကြီးထဲကရောင်စုံ
ငါးကြီးတွေကိုအစာကျွေးလိုက်ပြီး ဘေးဘက်ကသံမံတ
လင်းကိုဆပ်ပြာနှင့်တိုက်ကာရေဆေးနေလိုက်သည်။
"ညို ကြီးရေ နေ့လည်ကျရင် မိဝါဆီသွားစုံကြမယ်နော်"
တစ်ဖက်အိမ်မှ ဖြူ နုနုရဲ့ခပ်အုပ်အုပ်လေးအော်ပြော
လိုက်သောအသံကြောင့်သူမခေါင်းကိုအသာညိတ်ပြ
ကာလုပ်လက်စကိုခပ်သွက်သွက်လေးလုပ်လိုက်သည်
သူမတို့အိမ်အကူငါးယောက် ဒေါ်တင်ထွေးပါလျင်
ခြောက်ယောက်ဖြစ်ပြီး၊ တနင်္ဂနွေ နေ့တိုင်းနှစ်နာရီ
လောက်တွေ့ဆုံခွင့်ရှိကြသည်။ အစကအမြဲတမ်းတွေ့
ဆုံနေရာကို ညို ကြီးတို့ဘက်လုပ်ထားပေမည့်ဦးဝေယံ
ပြန်ရောက်လာသဖြင့် ဝါဝါ့အိမ်ရှင်အိမ်သို့မဟုတ်ဖြူ နု
နုတို့အိမ်ရှင်တွေရဲ့ခြံတွေမှာသွားရောက်ပြီးတစ်ခုခုစား
ကာစကားလက်ဆုံကျနေတတ်သည်။ တစ်ခါတလေမ
ငယ်ပါ ပါတတ်ပြီး အားလုံးပျော်ပျော်ပါးပါးကစားမျိုးစုံ
ကစားတတ်ကြသေးသည်။
................................................................................
"ဟင် ကားသံမကြားဘာမကြားနဲ့ သံစဉ်ရောက်လာ
တာ မမလည်းမသိရပါလား လာ လာအထဲကို"
ဒေါ်ဖူးပွင့်ပုန်းညက်ကအိမ်ရှေ့တံခါးဝတွင်ရပ်နေသော
ဒေါ်သံစဉ်ကဗျာကိုတွေ့လိုက်ရသဖြင့်သူမလက်ကို
သွားဆွဲကာအိမ်ထဲသို့ခေါ်လာခဲ့သည်။
"မီးဖိုခန်းမှာ ဘယ်သူရှိလဲ အအေးတစ်ခွက်ယူလာ
ပေးပါ"
သူမကဧည့်ခန်းထဲအဝင်ဝမှမီးဖိုဘက်ကိုကြည့်ကာ
အော်ပြောလိုက်ပြီး ဒေါ်သံစဥ့်လက်ကိုဆွဲကာဧည့်ခန်း
ထဲသို့ခေါ်လာခဲ့သည်။
"ထိုင်ပါအုံး သံစဉ်ရယ် မျက်နှာလည်းမကောင်းဘူး
ဘာဖြစ်လာတာလဲ"
"မပြောချင်ပါဘူး မမရယ် မနေ့ကအိမ်ဖော်တစ်
ယောက်လည်းထွက်သွားပြီ"
"သံစဥ့်အိမ်မှာ သုံးယောက်ထဲမဟုတ်လား ဘယ်လို
ဖြစ်တာလဲ"
"ဟုတ်တော့ဟုတ်ပါတယ် အကြီးနှစ်ယောက်အိမ်ခွဲ
ထွက်သွားလို့ များစိတ်ချမ်းသာရမလားလို့အိမ်ကအ
ငယ်ကောင် အကောင်းကြိုက်၊အသန့်ကြိုက်ကြောင့်
လေ"
"ဩော် မိုးကဗျာကိုပြောတာလား"
"ဟုတ်တယ်မမရယ် ဟင်းထဲဆံပင်တစ်ချောင်းမတွေ့
နဲ့ဟင်းတစ်အိုးလုံးသွန်ပစ်ခိုင်းတယ်၊ကောင်မလေး
တွေရဲ့လက်သည်းကြေးတွေဆိုရင်လည်းအော်ဟစ်
ငှေါက်နေတာပဲ၊ပိုဆိုးတာကဆံပင်ချထားပြီးမီးဖိုထဲ
ဝင်ရင်မကြိုက်ဘူး"
"အဲ့ဒါကတော့ ပြောသင့်တယ်လေ မီးဖိုချောင်ဆိုတာ
တစ်အိမ်လုံးရဲ့အချက်ချာကျတဲ့နေရာ၊ကျန်းမာရေးအ
တွက်ပိုပြီးဂရုစိုက်ရမှာ"
ဆရာမလေသံနှင့်ပြောလာပြီဆိုသဖြင့်ဒေါ်သံစဉ်သက်
ပျင်းကြိတ်ချလိုက်ပြီးနားထောင်ရုံပဲရှိတော့မည်။ ဖူးပွင့်
ပုန်းညက်ဆိုတာဆရာလုပ်သလိုနားလည်အောင်ရှင်းပြ
ပြီးအခက်ခဲကိုကူညီတတ်သည့်အတွက်သူမရဲ့သင်
ကြားဆုံးမတာတွေကိုနားမထောင်ချင်လဲနားထောင်း
ရအုံးမည်ဆိုတာသူမသဘောပေါက်လို့ထားသည်။
"မီးဖိုချောင် ကိစ္စထားလိုက်ပါတော့ သုံးလအတွင်းမှာ
အိမ်အကူငါးယောက်ရှိသွားပြီဆိုတော့ မိုးတစ်ယောက်
ထဲနဲ့မဆိုင်တော့ဘူးလို့ထင်တယ်"
"အဲ့ဒါကတော့ သံစဥ့်ကြောင့်လဲ နဲနဲပါတယ်၊သူတို့က
အသုံးအဆောင်တွေကိုမမြင်ဖူးမကိုင်ဖူးဘူး ရိုရိုသေ
သေလည်းမကိုင်တွယ်မသုံးစွဲတော့ စိတ်တို၊ဒေါသဖြစ်
ရရော အဲ့ဒါကြောင့်တစ်ခါတလေ လေလက်ပါရရော"
"အဲ့ဒါ အမှားပဲလေ အိမ်အကူဆိုတာ လူထဲကလူပဲလေ
ကြမ်းကြမ်းတမ်းတမ်းကိုင်မတွယ်ရဘူး၊ကိုယ့်သားသ
မီးတောင်လက်မရွယ်ပဲထားပြီး အိမ်အကူတွေကိုနိမ်
ပြီး ကြမ်းကြမ်းတမ်းတမ်းပြော ရိုက်နှက်နေရင်ဘယ်သူ့
မှကြာရှည်နေချင်မှာမဟုတ်ဘူး၊သူတို့ကကုသိုလ်ကံမ
ကောင်းလို့ဆင်းဆင်းရဲရဲနေပြီးသူများအိမ်မှာတောက်တိုမယ်ရလာလုပ်ရတာလေ၊သံစဉ်ပြောသလိုမမြင်ဖူး
မကိုင်တွယ်ဖူးရင် အော်မယ့်အစားသင်ပေးတာမ
ကောင်းဘူးလား"
သူမစကားပြောနေစဉ် ညို ကြီးကအအေးဗန်းကိုင်ကာ
ဧည့်ခန်းထဲသို့ဝင်လာပြီး အအေးဖန်ခွက်ကိုစားပွဲပေါ်
တင်ပေးကာ လက်သုတ်ပုဝါသေသေသတ်သတ်ခေါက်
ထားတာကိုချပေးလိုက်သည်။
"ညို ကြီးခဏလေး"
ဗန်းကိုကိုင်ပြီးထွက်ရန်အပြင်ဒေါ်ဖူးပွင့်ပုန်းညက်အ
သံကြောင့်သူမဗန်းကိုပိုက်ပြီးနေရာမှာတင်ရပ်နေလိုက်
သည်။
"သံစဉ် သူ့နာမည် ကောက်လှိုင်းညို မေးချင်တာရှိတာ
မေး အားမနာနဲ့ "
ဒေါ်ဖူးပွင့်ပုန်းညက်ကပြောလိုက်ပြီးစားပွဲပေါ်မှာရှိသည့်
မဂ္ဂဇင်းစာအုပ်ကိုယူကာဖတ်နေလိုက်သည်။
"သမီး နာမည်ကအဆန်းလေးပဲ ကောက်လှိုင်းညိုဆို
တာဘာအဓိပ္ပါယ်လဲ"
"စပါးတွေရိတ်ပြီးအစည်းလိုက်စည်းထားတာကိုခေါ်
တာပါ၊တကယ်ဆိုကောက်လှိုင်တွေကဝါပြီးမှည့်နေ
တာသမီးကအသားညိုလို့ ကောက်လှိုင်းညိုလို့ပေးထား
တာပါ"
ဒေါ်သံစဉ်ကသူမရှေ့မှာအသားညိုညို အရပ်ရှည်ရှည်
ထွားထွားကြီးဖြစ်နေသည့်မိန်းကလေးကိုကြည့်ပြီး
သက်ပျင်းအသာချကာ
"သမီးအသက်ဘယ်လောက်ရှိပြီလဲ"
"သမီးအသက်ဆယ့်ခုနှစ်နှစ်ပါ ဆယ့်ရှစ်နှစ်ပြည့်ဖို့မ
ကြာတော့ပါဘူး"
"ဒီမှာနေရတာပျော်လား"
"ပျော်တာပေါ့ အန်တီရဲ့ဘယ်လိုပြောလိုက်တာလဲ"
"ဒီမှာနေတာဘယ်လောက်ကြာပြီလဲ"
"ငါးနှစ်ပြည့်တော့မယ်"
ဒေါ်သံစဉ်မျက်ခုံးပင့်သွားကာဒေါ်ဖူးပွင့်ပုန်းညက်ကို
လှမ်းကြည့်လိုက်သည်။
"မေးတာပြီးပြီလား ပြီးရင်သူ့ကိုသွားခိုင်းလိုက်တော့
မယ်"
"ပြီးပြီ သွားတော့သမီး မမရယ် ဘာဖြစ်လို့သူကအကြာ
ကြီးမမတို့နဲ့နေနိင်တာလဲဟင်"
"အဲ့ဒါက လူကိုလူလိုပဲဆက်ဆံလို့ပေါ့ အိမ်ရှင်တိုင်းမ
ကောင်းဘူးလို့မပြောဘူး တစ်ခါတလေအိမ်ရှင်ကောင်း
ပြီးအိမ်အကူဆိုးတာတွေလည်းရှိတယ်၊အဲ့ဒီလိုမျိုးကျရင်
ကိုယ်တွယ်တာမရလို့ဖြစ်သွားတာ"
"ပြောပြပါမမရယ် မမတို့လို အိမ်အကူတွေကိုမြဲစေ
ချင်လို့ပါ"
"ပြောပြမယ် သေချာနားထောင် အိမ်အကူကိုငွေပေး
တိုင်းသာရနေပေမယ့် စာရိတ္တကောင်းပြီးသစ္စာရှိမယ့်
လူတွေတော့မရနိင်ဘူး၊တစ်ကယ်လို့အဲ့ဒီလိုလူမျိုးတွေ
ရလဲ မောက်မာတဲ့အိမ်ရှင်နဲ့တွေ့ရင်လည်းမနေချင်လို့
မမြဲဘူး ဥပမာထားပြီးပြောရင် ကောက်လှိုင်းညိုကိုပဲပြ
ရမှာပဲ သူဒီကိုရောက်လာတာဆယ့်သုံးနှစ်တုန်းကဘာ
မှနားမလည်အူတူတူကလေးမလေးလေ တစ်နေ့သူ့
ကိုတိုက်ဘေးကငါးကန်းနားမှာရှိတဲ့ သံမံတလင်းကို
ဆပ်ပြာနဲ့ဆေးကြောတိုက်ခိုင်းတယ်"
ဒေါ်ပုန်းညက်စကားကိုနားထောင်ရင်းဒေါ်သံစဉ်က စား
ပွဲပေါ်မှအအေးဖန်ခွက်ကိုလှမ်းယူနေသဖြင့်သူမစကား
ရပ်လိုက်ပြီးဒေါ်သံစဉ်အအေးသောက်ပြီးတဲ့အထိစောင့်
နေလိုက်သည်။
"အဲ့ဒါနဲ့ဘာဖြစ်လဲမမ"
"သူကရေပိုက်ကိုဖွင့်ပြီးမျက်ခင်းပြင်ပေါ်ထားထားတာ
လေ မျက်ခင်းကဂျပန်မျက်ခင်းဆိုတော့ဈေးကြီးကြီးပေး
ပြီးခင်းထားရတာ ရေတွေအိုင်နေတာမှရစရာကိုမရှိ
တော့ဘူး"
"ဟယ် သမျောစရာကြီးမမရယ် အဲ့ဒါနဲ့"
"အစပထမ မမလည်းအဲ့လိုတွေ့ရောဒေါသကိုထောင်း
ကနဲထွက်တာပေါ့ ဒါပေမဲ့မကြာပါဘူး မမကိုယ့်စိတ်ကို
လျှော့လိုက်တယ် သူကဘာမှမသိတဲ့အညာသူမလေး
လေ သူ့ကိုခေါ်လိုက်ပြီးရေပိုက်ပိတ်ခိုင်းလိုက်တယ်ဒီ
မျက်တွေကအလှခင်းထားတဲ့အတုဆိုတာပြောပြလိုက်
တယ်၊နောက်တခါရေသုံးရင်လည်းလိုရင်ဖွင့်မလိုရင်
ပိတ်ထားလို့ပြလိုက်တယ်၊သူ့အရှေ့မှာပဲမျက်တွေပြန်
လဲတာ ဘယ်လောက်ကျလဲဆိုတာသူမျက်ဝါးထင်ထင်
တွေ့တော့ လက်အုပ်ချီပြီးတောင်းပန်တယ်၊နောက်တ
ခါ သူဘယ်တော့မှအဲ့လိုအပြုမူတွေမလုပ်တော့ဘူး
အိမ်ကသမီးတွေကိုလည်းမှာထားရတာပေါ့၊မသိရင်ပြ
ပေး အနိင်မကျင့်နဲ့လို့ သုံးခါလောက်ပြပေးလို့မှမရရင်
နင့်ဦးဏှောက်ကိုပြန်မေးကြည့် ပြီးရင်ပြန်ကြိုးစားလို့
အဲ့လို ဆက်ဆံတော့ သူဒီမှာအနေပျော်လာပြီးကိုယ့်
အိမ်လိုထားတတ်လာတယ် ရေလည်းအရမ်းမသုံးတော့
သလို၊အခန်းတွေမှာလူမရှိပဲမီးဖွင့်ထားရင်လိုက်ပိတ်ပေးတယ်၊ အခုဆိုအိမ်ထဲမှာစည်းကမ်းအရှိဆုံးကသူပဲ
လေ"
"ဟယ် မမရယ် အဲ့ဒါဆို သူ့ကိုသံစဉ်အိမ်ကိုခေါ်သွား
ချင်လိုက်တာ"
"အမလေး မလုပ်လိုက်ပါနဲ့ အိမ်ကအငယ်မရဲ့ အ
သည်း နောက်တစ်ယောက်ပဲရှာပါ သံစဉ်ရယ်၊တခါတ
လေတော့ လိုက်ပြီးကူခိုင်းပေးပါ့မယ်"
ဒေါ်သံစဥ့်စကားကြောင့်ဒေါ်ပုန်းညက်မျက်လုံးပြူးကာ
လက်ကာပြရင်ပြောလိုက်သည်။ အားပေါက်အောင်
ရှင်းပြနေတာကို သံစဉ်ကသူမဆီကအဆင်သင့်လေး
ကျော့ယူမှာတော့သူမ သိပ်ကိုဘဝင်မကျပေ။
................................................................................
"မေမေရာ တခါလာလည်း ဆိုင်ထမင်းဆိုင်ဟင်း၊ကျွန်
တော်မကြိုက်ဘူးဆိုတာမသိဘူးလား"
မိုးကဗျာက စားပွဲပေါ်မှာရှိသည့်စားစရာတွေကိုကြည့်
ပြီးမဲ့ရှုံ့ကာပြောလိုက်သည်။
"အဲ့ဒါ ဘယ်သူ့အပြစ်လဲ "
"မေမေလည်းပါတာပဲ ကျွန်တော်ကမှအော်သေးတာ
မေမေကတစ်ဆိတ်ရှိခေါက်ဖို့ပဲမဟုတ်လား"
"ပြီးတာတွေပြောမနေနဲ့ ဒီနေ့ အိမ်ဖော် အဲ့အိမ်အကူ
ပွဲစား မနှင်းဝေကိုခေါ်ထားတယ်၊ဘယ်လိုလာမလဲမ
သိဘူး"
"မေမေကရော မချက်တတ်ဘူးလား"
"အို မေမေကဆေးမွှေးမီးမလောင်လက်မွှေးမီးမ
လောင်းနေလာတာ၊ဘာမှချက်တတ်တာမဟုတ်ဘူး"
"ကျွန်တော်ကတော့ အိမ်အကူတွေကိုအားမကိုးချင်ဘူး
မိန်းမယူရင်တောင်မလှရင်နေ ထမင်ဟင်းချက်တတ်
တဲ့မိန်းမကိုရွေးယူမယ်"
"ဘယ်လို မေမေကတော့လှတဲ့မိန်းကလေးပဲချွေးမ
တော်ချင်တာ"
"ဟာ မရပါဘူး လှတာမက်ရင်ညစာခက်မယ်မရဘူး
မေမေလည်းလှတာပဲ ထမင်းဟင်းမချက်တတ်လို့သူ
များအားကိုးနေရတာမဟုတ်လား"
"သားလို သေးသေးဖွဲဖွဲလေးကအစအပြစ်မြင်နေရင်
ဘယ်မိန်းမကသားဘေးမှာနေမှာမို့လဲ"
"အဲ့ဒီ့အချိန်ကျဖြစ်လာမယ် ကြက်ဥရှိလား"
"ရှိမယ်ထင်တာပဲ ဘာလုပ်မလို့လဲ"
"ကြက်ဥကြော်စားမလို့ ကိုယ့်ဘာသာကိုယ်ကြော်စား
တာ ကျမ္မားရေးနဲ့ညီမျှတယ်"
"ဟင် ဒီစားပွဲပေါ်က ဟင်းတွေရော ဘာလုပ်ရမှာလဲ
ဟဲ့ မိုးကဗျာ"
ဒေါ်သံစဉ်ကဗျာ ဘယ်လောက်ပဲအော်အော် မိုးကဗျာက
တော့မကြာချင်ဟန်ဆောင်ကာမီးဖိုချောင်ထဲသို့ဝင်သွား
တော့သည်။
................................................................................
"ဟိုမှာ လာပါပြီ ကလန်ကလားနဲ့ "
ခြံထဲသို့ဝင်လာသောညို ကြီးကိုကြည့်ပြီး မိဝါကမျက်နှာ
ရှုံ့ကာမေးငေါ့၍ပြောလိုက်သည်။
"နာရီဝက်နောက်ကျတယ်"
"နောက်ကျဆို မာမီ့ရဲ့သူငယ်ချင်းလာနေလို့ မထွက်ပဲ
စောင့်နေရတာ"
"ဟင် နင့်ခြေမကပြည်တောင်တွယ်နေပြီ နင်ဒီအတိုင်း
မထားနဲ့လေ"
ဝါဝါက ညို ကြီးခြေမကိုကြည့်ပြီးပြောလိုက်သဖြင့်ဖြူ နု
နု၊မယ်ပို၊လေးငယ်တို့ကပါဝိုင်းငုံ့ကြည့်လိုက်ကြသည်။
"ဟယ် ဟုတ်ပါရဲ့ ခဏလေး ငါဆေးသွားယူအုံးမယ်"
လေးငယ်ကပြောပြီးခြံထဲကထွက်သွားသဖြင့်ညို ကြီးက
မျက်နှာမဲ့ကာ
"သူကဆရာဝန်အိမ်မှာနေတယ်လို့မပြောရဘူး၊အနာ
မြင်ရင်မနေနိင်ဘူး တကယ်ပါပဲ"
"ဟဲ့ နင်ကသူ့ကြီးပဲ အပြစ်မတင်နဲ့လေ နင်ကျတော့
ရော ကိုယ့်ကိုကိုယ်ဂရုစိုက်လို့လား"
ဖြူ နုနုကမျက်စောင်းထိုးပြီးပြောလိုက်သဖြင့်မယ်ပိုကပါ
"အေးလေ တနေ့ရေနှစ်ခါချိးတာနဲ့တင်မပြီးသေးဘူး
လက်သည်းခြေသည်းတော့သပ်သပ်ရပ်ရပ်ထားရမှာ
ပေါ့"
"အောင်မာ ငါ့များညစ်ပတ်တယ်လို့ပြောချင်တာပေါ့
ခြေစွယ်ငုတ်တာပဲရှိတာ၊ဒီမှာငါ့လက်သည်းတွေကသန့်
ပြီးညီနေတာပဲ"
သူမကတုတ်တုတ်ခိုင်ခိုင်သူမရဲ့လက်ကိုထောင်ပြသ
ဖြင့် ဖြူနုနုတို့ကလက်သည်းကိုကြည့်လိုက်ကြသည်။
"ဟုတ်တယ် လက်သည်းလေးတွေကလေးထောင့်ကျ
ပြီးညီညီဖြတ်ထားတာ ကောင်းတယ်"
ဝါဝါပြောလိုက်ပြီးခြေချောင်းတွေကိုကြည့်ကာ
"အရပ်ရှည်တာတောင်ခြေချောင်းတွေတုတ်နေတာအ
ရပ်ပုရင်မလွယ်ဘူး"
" ကဲ့ ဖယ်ကြ "
လေးငယ်ကပြောပြီးတခါသုံးလက်အိတ်ကိုဝတ်လိုက်ကာလက်သည်းညှပ်ကိုကိုင်ပြီးမြေပြင်ပေါ်ကျကျနန
ထိုင်လိုက်သဖြင့် ဖြူ နနုတို့ပါ ဝိုင်းကြည့်နေကြသည်။
"နဲနဲတော့ နာမယ်အောင့်ခံ"
လေးငယ်ကလက်သည်းညှပ်ထဲကအချွန်တစ်ခုကိုထုတ်လိုက်ပြီးခြေစွယ်ငုတ်နေသည့်နေရာကိုအသာလေး
ဖော်နေသဖြင့် အားလုံးရဲ့ရင်ထဲတွင်အသည်းယား
ကာကျလိကျလိဖြစ်နေကြသည်။
လေးငယ်ကဖော်၍ပါလာသောခြေသည်းကိုလက်သည်း
ညှပ်ဖြင့်ညှပ်လိုက်ပြီးဆေးတောင့်ထဲကဆေးကိုညှစ်
ထုတ်ကာလိမ်းပေးပြီးပတ်တီးစည်းပေးလိုက်သည်။
"ရေလုံးဝမထိနဲ့တော့ "
"ညို ကြီးရယ် နင်ကလည်း ဂရုစိုက်မှပေါ့"
"ဘာဂရုစိုက်စရာလိုလဲ ဖြစ်လာရင်လေးငယ်ပဲလုပ်
ပေးမှာလေ"
"နင့်ကို လေးငယ်ကတသက်လုံးလုပ်ပေးနိင်မှာမ
ဟုတ်ဘူး"
"ငါကလည်းတသက်လုံး ဒီလိုအလုပ်နဲ့နေမှာမဟုတ်ပါ
ဘူး"
"ဘာ ဘယ်လို"
"ဟုတ်တယ်လေ ငါပြောပြောပြနေတဲ့ အိပ်မက်ပြန်
မက်ပြန်ပြီ"
"နင်စိတ်စွဲတာနေမှာပါ"
"အိမ်အကူကတနေ့ကောင်းကောင်းနေရမယ်လို့နင်
တို့မထင်ဘူးလား စင်ဒရဲလားကျတော့ရော"
"ဟားဟား ညို ကြီးရယ် တန်ရာတန်ရာပြောစမ်းပါဟာ
စင်ဒရဲလားဆိုတာပုံပြင်ထဲမှာပဲရှိတယ်၊တကယ်လို့အ
ပြင်မှာရှိတယ်ဆိုရင် နင့်ရုပ်ထက် ဖြူနုနုဆိုရင်တော်
သေးတယ်"
မယ်ပိုရဲ့စကားကြောင့်ဖြူ နုနုကထမီတဖက်မပြီးသူမဆံ
ပင်ကိုသပ်ကာလှလှပပလေးလမ်းလျှောက်ပြလိုက်
သည်။ မယ်ပိုပြောတာလည်းမလွန်၊ဖြူ နုနုကအသား
ဖြူသလို အိမ်ရှင်သမီးတွေပေးသောလူးရှင်းတွေလိမ်း
နေရသဖြင့်သူမအသားရည်ကဖြူစင်ဝင်းပနေသလို၊
ညို ကြီးနှင့်ဈေးသွားလျင်သူမကိုပဲယောက်ကျားသားတွေ
ကငေးနေရခြင်းဖြစ်သည်။
"ဟဲ့ ညို ကြီး ငါတို့ကစကားကောင်းနေတယ် လက်ဖက်
ကိုနင်ကြီးပဲစားနေတာ ချန်ထားအုံး"
"အေးလေ အစားကလည်းသောင်းကျန်ပါ့ အရပ်ရှည်
လို့ ဆင်ခန္ဓာဖြစ်နေတာအရပ်များပုလို့ကတော့ဝက်
ကိုယ်လုံးဖြစ်မှာသေချာတယ်"
"ညို ကြီးရယ် နဲနဲလေးဝိတ်ချလိုက်ရင်နင်တကယ်ပဲ
စိုးမြတ်သူဇာကိုယ်လုံးဖြစ်မှာ ပြီးတော့ထူနေတဲ့နင့်မျက်
ခုံးကိုပါးလိုက်နင့်နှုတ်ခမ်းလေးကနဲနဲထူချင်နေတာ
ဆိုတော့ နှင်းဆီဖူးလေးဖြစ်အောင်နှုတ်ခမ်းနီကိုပုံ့ပုံ့
လေးဆိုးကြည့်ပါလား"
"တော်တော့ တိတ်ကြတော့ ငါနားထောင်နေတာအ
ကောင်းအောင်မေ့နေလို့လား၊တစ်နေ့ ငါ့ဆီတစ်ကယ်
ချောတဲ့လူလာလိမ့်မယ်၊ အသာညိုတဲ့ငါ့ကိုတနေ့ချစ်တဲ့
သူပေါ်လာမှာပဲ နိင်ငံခြားတွေမှာတောင်အသာမဲမဲနှူတ်
ခမ်းထူထူလန်လန်တွေဘိုချောချောလေးတွေနဲ့ရတာ
ဘယ်လိုလုပ်မလဲ"
"သူတို့ကဆဲလီတွေလေ"
"ဘယ်ကဆဲလီရမှာလဲ လမ်းထိပ်ကဦးကြည်စိုးရဲ့သ
မီးနိင်ငံခြားမှာ မင်္ဂလာဆောင်တာလေ သူ့မင်္ဂလာ
ဆောင်မှာလာတဲ့ ကပ္ပလီနဲ့ဘိုလင်မယား သူတို့
ကလေးတွေ တောင်ပါလာကြသေးတယ် အဲ့ဒါကျတော့
ဘယ်လိုပြောမလဲ"
"အဲ့ဒါဆိုလည်း ဝိတ်ချ လှလှလေးပြင်ပေါ့"
"အပိုတွေမကုန်ချင်ပါဘူး ဖူးစာပါရင်ရမှာပဲ နင်တို့
လည်းသိသားပဲ ငါ့အဖေကလေဖြတ်နေတာ၊အမေက
ပန်းနာရင်ကြပ်သည် အငယ်သုံးယောက်၊သူတို့အ
တွက် ငါ့ရှိသမျှပိုက်ဆံလှမ်းပို့နေရတာ အပိုငွေမရှိဘူး"
ညို ကြီးစကားကြောင့်သူမတို့တွေဘာမှမပြောနိင်တော့
ပဲ ငြိမ်သွားကြတော့သည်။
"ဟယ် အချိန်ပြည့်ပြီ ငါသွားတော့မယ် နင်တို့ကိုငါ
နောက်ထပ်ပြောလိုက်မယ်၊ငါ့ရဲ့အိပ်မက်ထဲကလူက
အပြင်မှာတကယ်ရှိသလို၊သံကွန်ခုနှစ်ထပ်ခြားနေပါ
စေ၊ပင်လယ်တွေတောင်တွေဘယ်လောက်ပဲကာနေပါ
စေ ဖူးစာရှင်ကငါ့ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ
လိမ့်မယ်၊ သွားပြီ "
ညို ကြီးကပြောပြီးထွက်သွားသဖြင့် ဖြူ နုနုတို့အားလုံးသူ
မကျောပြင်ကိုမျက်စောင်းဝိုင်းထိုးကာ
"သောက်ရူးမ"
"လင်တရူးမ"
"ဟင် လက်ဖက်တွေကုန်သွားပြီ"
"အစားပုတ်မ "
"ဆင်ပုတ်မ"
တစ်ယောက်တစ်ပေါက်ပျစ်ပျစ်နှစ်နှစ်ဝေဖန်တာကိုမ
ကြားချင်ဟန်ဆောင်ပြီးသူမကျောခိုင်းခဲ့ကာ
"ရုပ်ဆိုးလို့ ဂုဏ်မွဲမို့ယောကျာင်္းမရကြေးသာဆို၊အပျို
ကြီးတွေဘာဖြစ်လို့ချောနေရတာလည်းပဲမေးချင်စမ်း
ပါရဲ့"
သူမစိတ်ထဲကပြောလိုက်ရင်းပါးချိုင့်တစ်ဖက်ခွက်ဝင်
သွားအောင်ပြုံး လိုက်မိသည်။

ဆက်ရန်
ကျေးဇူးတင်လျက် နိုဒါ UK
14.09.16

Post a Comment