မင်းသမီး‌လေးရဲ့ အိမ်‌မက်‌ ၁၈

မင်းသမီးလေးရဲ့အိမ်မက်
...............................
                            အပိုင်း(18)
သူမဆူညံသံတွေကြောင့် မျက်လုံးလေးကိုဖွင့်ကာကြည့်
လိုက်သည်။
".ဟင် ဒါကဘယ်နေရာလဲ"
သူမထ၍ထိုင်လိုက်တော့သည်။ သူမအပြင်ဘက်ကိုကြည့်လိုက်ရာ အပြင်၌ နေထက်ကို ဝိုင်း၍ရိုက်နှက်နေသည်ကို
တွေ့သွားတော့သည်။
"အမယ်လေးးးးးးးးးဘီလူးကြီးကို ဝိုင်းရိုက်နေကြပါလား
ငါဘာလုပ်ရမလဲ ဒါကရောဘယ်နေရာလဲ ဒုက္ခဘဲ ငါဘာ
လုပ်ရမလဲ အမယ်လေးသေတော့မှာဘဲ ဖုန်း ဖုန်းဆက်ရ
မယ်"
သူမဖုန်းကို လက်ဆွဲအိပ်ထဲက ထုတ်တော့သည်။သူမ
ဖုန်းကိုထုတ်လိုက်ရာ ဖုန်းကလက်မှလွတ်ပြီ ကားခုံအောက်သို့ဝင်သွားတော့သည်။
"ဟာအရေးထဲ ဖုန်းကလွတ်ကျသွားပါလား"
သူမဖုန်းကိုပြန်ကောက်ပေ့မဲ့ ဖုန်းက ခုံအောက်ဝင်ကာ
ယူမရဖြစ်သွားသည်။
"ဒုက္ခဘဲဖုန်းကကောက်မရတော့ဘူး ထားလိုက်တော့မယ် ငါ
ကားပေါ်ကဆင်းရမယ်"
သူမတိတ်တိတ်လေး ကားပေါ်ကဆင်းရန်လုပ်လိုက်သည်။
အနောက်တံခါးကို အသားလေးဖွင့်ပြီ ကားပေါ်ကနေပုန်းပြီ
ဆင်းကာ ကားနောက်ဘေးကနေ သူတို့မမြင်အောင် ပြေး
ကာ ကုက္ကိုပင်နောက်မှာပုန်းလိုက်တော့သည်။
  သူဌေးကိုဝင်ထွက်ကယ်ဖို့ကလည်မဖြစ် ပုန်းကာသာ သူကို ဝိုင်းရိုက်နေတာကို အံကြိတ်ပြီ မျက်ရည်များကျကာ
ကြည့်နေရတော့သည်။ ထိုလူတွေက ကားကို လမ်းဘေး
ဘက်မောင်းချကာ မီးကိုရှို့လိုက်တော့သည်။ သူကိုလည်
ရိုက်နှက်ကာ လမ်းဘေးသို့ ပစ်ချလိုက်သည်။ သူမကြည့်
ရင်း ကြောက်လည်ကြောက်ကာ အံကြိတ်ငိုနေမိတော့
သည်။ သူကာမီးလောင်နေသောကားကို ကြည့်ပြီ သူက
"အားးးးးးးမလုပ်နဲ မလုပ်ကြပါနဲ ကားမှာလူရှိတယ်
ဝန်းးးးးးးးး အားးးး"
အော်ရင် သူမေ့သွားတော့သည်။သူမက
"ဟင် သူဌေးက ငါကားပေါ်မှာရှိနေတာ သိနေတာလား
ဘုရား ဘုရား သူဌေးဘာမှမဖြစ်ပါစေနဲ့"
သူမ ဘာလုပ်ရမယ်မှန်းတောင်မသိတော့ပါ ပြေးသွားချင်
ပေ့မယ် ထိုလူ့သုံးယောက်ကိုလည်ကြောက်သည် ဒါကြောင့်
ပုန်း၍သာသူမငိုနေမိတော့သည်။
"ငါတို့လစ်ရအောင် ဒီမှာကြာကြာနေလိုမဖြစ်ဘူး ဒီကောင်
သေပြီဆိုတော့ ငါတို့အလုပ်ပြီပြီး ဟိုညီဘွားဆီ မင်းဖုန်း
ဆက်လိုက် ငါတို့လစ်ရအောင်"
"အေးအေး"
"ညီဘွား………………ညီဘွားဆိုတာ ကိုလေးမဟုတ်ဘူး
လား ဒါ ဒါဆို ကိုလေးက သူဌေးကိုသတ်ခိုင်းတာလား
ဘာကြောင့်လဲ ညီအကိုတွေမဟုတ်ကြဘူးလား"
သူမ ထိုသူတို့ စကားကြောင့် သူမလန့်သွားသည်။သူတို့က
ကားကို မီးရှို့ပြီ သူကိုသေမသေကြည့်ကာ ထိုနေရာမှာ
အဝေးသို့ပြေးသွားကြတော့သည်။သူမကိုတော့ သူတို့တွေ
မသွားကြပါ သူမလည်တွေးဝေသွားကာအပင် နောက်မှာ
ရပ်နေမိသည်။နောက်မှ သတိဝင်လာကာ
"သူဌေး ငါ သုဌေးကို သွားကြည့်ရမယ်"
သုမရပ်နေရင်း သူဆီပြေးတော့သည်။ မြေပြင်၌လဲနေသော
သူအနား သူမ ထိုင်ချကာ သူကို လှုပ်နိုးကာ
"သူဌေး သူဌေး သုဌေး သူဌေးးးးးးထပါဦး သတိရစမ်းပါ ဦး
သူးဌေးမသေရဘူးနော် သုဌေးသေရင် ဝန်းဘယ်လိုလုပ်ရ
မလဲ ပြောပါဦးးး ဟီးးးဟီးးးးဝန်းကြောက်တယ် ဟီးးးဟီးး"
မေ့နေသော သူဘေးနားမှာ ထို၍ငိုတော့သည်။ သူကတော့
လုံးဝသတိမရတော့ပါ သူမလည်သူဘေးနားတွင် တစ်ဝ
အော်ငိုတော့သည်။ ကားတစ်စီးက ဖြတ်သွားတော့သည်။
ဘေးမှာ ကားမီးလောင်းနေတာတောင် ရပ်မကြည့်ဘဲထို
ကားက အရှိန်ပြင်းစွာမောင်းသွားလိုက်တော့သည်။
မျက်ရည်တွေကို သုတ်လိုက်ပြီ
"ငါ ငိုနေလိုမဖြစ်သေးပါဘူး ကားတစ်စီးစီးကိုအကူညီ
တောင်းရမယ်"
သူမလမ်းမပေါ်သို့ပြေးတတ်လိုက်သည်။ ဘေးဘက်
ဟိုဘက်ကိုကြည့်တော့ဘာမှမတွေ မှောင်ကလဲမှောင်
လေကလည် တိုက်နေသဖြင့် ကြောက်လေတော့သည်။
တော်သေးသည် ကားကမီးလောင် ထားတော့အလင်ရောင်
ရနေသေးသည်။ အချိန်အကြာကြီး ရပ်နေပေ့မဲ့ကားကတစ်
စီးမှမလာချေ။ သူမ
"ငါဒီမှာရပ်နေလို မဖြစ်သေးဘူး သူဌေးသွေးထွက်လွန်သွာ
မယ် ငါသူဌေးကို လမ်းမပေါ် ဆွဲတင်မှဖြစ်မယ်"
သူမ သူဆီသို့ ပြန်လာပြီ သူကို ခေါင်းဘက်ကနေ လက်နှစ်
ဖက်ဆွဲကာ မတော့သည်"
"ရားးးးအမယ်လေးဟဲ့လေးလိုက်တာ ငါသူကိုအပေါ်ရောက်
အောင် ဘယ်လိုဆွဲတင်ရမလဲ ခြေထောက်ကဆွဲရမယ်"
သူမ ခြေထောက်ကနေ သူကိုဆွဲတော့သည်။
"အမယ်လေးးးး လေးလိုက်တာ လေးလည်ဆွဲမှာဘဲ ဘီလူး
သေလိုမဖြစ်ဘူး ငါရအောင်ကယ်ရမယ်"
သူမသူကို အားကြိုးမာန်တတ်လမ်းပေါ်သို့ ဖြေးဖြေးချင်ဆွဲ
တင်လာတော့သည်။လမ်းမပေါ်ရောက်အောင် သူဆွဲတင်
လာလိုက်ပြီ လမ်းဘေးတွင်သူနားမှာဘဲ သူမထိုင်ချကာ
မောနေတော့သည်။ သူ၌သွေးတွေကို သူမ၌ပါလာသော
သစ်ရှူးတွေနှင့် ဒဏ်ရာတွေလိုက်ဖိထားပေးတော့သည်။
မျက်နှာနှင့်ခေါင်း ကတော့သွေးတွေ ထွက်နေတော့သည်
ဒီလိုနှင့် သူမကားတစ်စီးစီးအလာကို စောင့်နေရင်း ခပ်
ဝေးဝေးတွင် ထော်လာဂျီ တစ်စီးကာ မီးမှိန်မှိန်နှင့် မောင်း
နှင်လာတော့သည်။ သုမလည် ထိုထော်လာဂျီကိုမြင်လိုက်
ရတာ အလွန်ပင်ဝမ်းသာသွားတော့သည်။ ထော်လာဂျီက
သူတို့ဆီသို့ ရောက်လာတော့သည်။ လမ်းဘေးတွင်သူမ
တို့ထိုင်နေသည်ကို မြင်တော့ ထိုထော်လာဂျီမောင်းလာ
သူက ဓါတ်မီးထိုးပြီ ကြည့်ကာ ကြည့်လိုက်သည်။သူမက
ထရပ်လိုက်ပြီ
"ဦးလေး ဦးလေး သမီးတို့ကိုကယ်ပါ"
"ဟေ့ဘာဖြစ်တာလဲ"
"ကားမောက်တာဦးလေး"
"ဟုတ်လား"
ထို လူကြီးကာဆင်းလာပြီ
"ကောင်လေးက ဘာဖြစ်တာလဲ"
"သတိမေ့နေတာ"
"သြော် ဒုက္ခတော့များတော့မှာဘဲ သွေးထွက်များနေတယ်
ဆေးရုံကဒီကနဲဆိုဝေးတယ် အဘတို့ရွာ ကိုလိုက်ခဲပါလား
သမီး"
"ဟုတ်ကဲ့အဘ အဘတို့ရွာက ဘယ်ရွာလဲအဘ"
"သပြေကုန်းရွာ သမီးတို့ကဘယ်က လာကြတာလဲ"
"ရန်ကုန်ကအဘ အခုဒီနှေရာက ဘယ်ရောက်နေတာလဲ"
"ဝေါရောက်နေတာ ရှေ့ဆက်သွားရင် ပဲခူးရောက်တော့မယ်"
"ပဲခူး ရောက်နေတာလား ဒုက္ခဘဲ သူဌေးက ဘယ်သွားဖို့
လဲ ငါလည်မသိဘူး"
"ဒါနဲသမီးတို့က ဘယ်သွားဖို့လဲ"
"ပဲခုး အဘ ပဲခူး အဲဒီကိုသွားဖို့ လမ်းမှာမတဆကားမှောက်
တာ"
"သမီးတို့ လင်းမယားတွေလား"
"ရှင်းးးးးးး အဲဒါကလေ"
"လင်းမယာမဟုတ်ဘူးလား"
ဘယ်လိုပြောရင်ကောင်းမလဲ မထူးပါဘူး လင်မယားလိုဘဲ
ပြောလိုက်တော့မယ် သူမတွေးလိုက်တော့သည်။
"ဟုတ်တယ်အဘ မိဘအိမ်ပြန်ရင် မတော်တဆကား
မှောက်တာ"
"ကံကြီးပေလိုပေါ့ကွယ် တစ်ယောက်ဘဲထိတာ"
"ဟုတ်တယ်အဘ"
"အဘတို့ရွာမှာ ဆေးခန်းတော့ရှိတယ် ဒါပေ့မဲ့မနက်လောက်
မှဖွင့်လိမ့်မယ် အိမ်ရောက်မှ ဒီကလေးကို ကြည့်စီစဉ်ရတာ
ပေါ့ ရွာကိုဘဲလိုက်ခဲ့တော့သမီး"
"ဟုတ်ကဲ့ အဘ လိုက်ခဲ့မယ်"
သူမလည်မထူးပါဘူး ရွာကိုလိုက်သွားပြီ သူသတိမြန်မြန်ရ
မှဖြစ်မယ်ဟု သူမတွေးလိုက်တော့သည်။
"ကယ်ကယ် မရအောင် အဘကအသက်ကြီးပြီ ဒီကလေး
ကို တစ်ယောက်တည်မမနိုင်ဘူး သမီးပါ ကူညီအုံး"
"ဟုတ်ကဲ့ အဘ"
သူမနှင့် အဘတို့ သူကို ထော်လာဂျီပေါ်သို့တင်လိုက်ကြ
တော့သည် သူမပါသူအနားသို့ တတ်ထိုင်လိုက်ပြီ သူတို့
ထော်လာဂျီကို ထိုနေရာမှမောင်းထွက်လာတော့သည်။
သုမလည် ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းကို မသိ
တော့ သူကသတိမေ့ သုမက အတိတ်မေ့နေသလိုတောင်
ဖြစ်နေတော့သည် တစ်ခါမှဘယ်မှမရောက်ဖူး တော့ အခြေ
နေကြည့်ကာသာ အလိုက်သင့်နေနေရာတော့သည်။

အပိုင်း(18)ပြီး၏စာဖတ်သူများအား လေးစားလျှက်
                                    စာရေးသူ…လင်းသုခ

Post a Comment