ကောင်လေးက သူ့ချစ်သူ ကောင်မလေးဆီ sms ပို့လိုက်တယ်…
Boy ။ ။ Hi Baby!! .. နေကောင်းရဲ့လား ?? ငါတော့ ဒီနေ့ အရမ်းပျော်နေတယ် !!
Girl ။ ။ နေဦး , ခဏနေမှ sms ပို့ရအောင် … ငါ ဒီမှာ Thesis အတွက် ခေါင်းရှုပ်နေလို့
Boy ။ ။ အဲဒါကို နောက်မှလုပ်လို့မရဘူးလား ? ငါ နင့်ကို အရမ်းလွမ်းနေလို့ …
Girl ။ ။ မရဘူး … ဒါကို အပြီးလုပ်ရမှာ …
Boy ။ ။ကျေးဇူးပြုပြီး တောင်းဆိုတာပါ … ဒါကို နင် နောက်နေ့ပြီးအောင် လုပ်နိင်မှာပါ …
Girl ။ ။ ဘာလဲ?? နင်က ငါ့အခြေအနေကို နားလည်မပေးတော့ဘူးလား … ငါ့မှာလည်း ငါ့ဘဝနဲ့ငါ ရှိသေးတယ် … အခုလောလောဆည်တော့ ငါ တယောက်ထဲ နေပါရစေ … SMS ဆက်မပိုနဲ့တော့ … ဒါဘဲ !!
Boy ။ ။ Sorry Baby … I Love You … အရမ်းချစ်တယ် … နောက်မှပဲ SMS ထပ်ပို့လိုက်တော့မယ်နော် … Bye
___________________________________
Boy ။ ။ ည ရှစ်နာရီ ရှိနေပီ … ငါ နင့်ဆီ SMS မပို့ဘဲ အကြာကြီး မနေနိင်ဘူး … ငါ နင်နဲ့ စကားတွေပြောချင်တယ် …
Boy ။ ။ ငါ့ SMS တွေကို Reply ပြန်မလုပ်ဘူးနော် … နင့် Thesis အတွက် လုပ်နေတာ ပြီးသွားပြီလား ??
Boy ။ ။ ကျေးဇူးပြုပြီး Reply လုပ်ပါကွာ … ငါ စိတ်ပူလာပီ!!
Boy ။ ။ ဆယ်နာရီတောင်ထိုးသွားပီ … ငါ နင့်ဆီ SMS ပို့နေတာ နှစ်နာရီတောင် ရှိနေပီ …
နင် ငါ့ကို Reply လေး တစ်ခုတောင် မလာဘူးနော် … ငါ နင့်ကို အရမ်းလွမ်းတယ် … အရမ်းလည်း ချစ်တယ် !!
Boy ။ ။ @_@ နင် နေနိုင်လိုက်တာနော် … ဘာပဲဖြစ်ဖြစ် နင့်ဘေးမှာ ငါအမြဲရှိနေမှာပါ … ငါ နင့်ကို အရမ်းချစ်တယ် !!
Girl ။ ။ ငါ့ဆီ SMS မပို့နဲ့တော့လို့ ငါ မှာထားတယ်မှတ်လား …ငါ Thesis ပြီးတဲ့အချိန် Reply ပြန်လုပ်မှာပေါ့ … နင် ဒါကို နားမလည်ဘူးလား ?? ငါမအားဘူးဆိုတာကို လက်ခံပေးဖို့ အဲဒီလောက်တောင် ခက်ခဲနေလား ?? နင့်အတွက် မနက်ဖြန်ဆိုတာ မရှိတော့သလိုပဲ … သိပ်ပြီးတော့ Over ဖြစ်မနေနဲ့ … နင် အိပ်ပျော်အောင် အိပ်သင့်နေပီ !!
Boy ။ ။ နင့်အတွက် အနှောက်အယှက်ဖြစ်ရင် ငါ တောင်းပန်ပါတယ် … နင် အိပ်စေချင်ရင် ငါ အိပ်ပါတော့မယ် …Good Night Baby … အရမ်းချစ်တယ် !! နင် ကိုယ့်နင်လည်း အမြဲတမ်း ဂရုစိုက်နော် … ငါ နင့်ဘေးမှာနေပြီး လမ်းပြပေးမှာပါ … ငါ တကယ်ကိုပဲ နင့်ဘေးမှာပဲ ရှိနေမှာပါ … နင့်ကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူး !!
* နောက်တစ်နေ့ *
________________
Girl ။ ။ နင် နိုးနေပြီလား ?? မနိးသေးရင် ထတော့လေ !! 'ငါ မနေ့ညက ပြောခဲ့မိတာတွေ အတွက် တောင်းပန်ပါတယ် …ငါ တကယ်ကို အလုပ်တွေ ရှုပ်နေလို့ပါ … မနက်စာထစားတော့နော် , ငါလည်း ကျောင်းသွားရတော့မယ် …
Girl ။ ။ မထသေးဘူးလား ?? အတန်းချိန်နီးနေပြီလေ … နင်နိုးရင် ငါ့ကို Reply ပြန်လုပ်ဦး !!
Girl ။ ။ Hey !! ဘာလို့ ခုထိ Reply မလုပ်သေးတာလဲ ?? နေ့လည်စာစားချိန်တောင် ရောက်နေပြီ … နင် ဘာလို့ အတန်းမတတ်တာလဲ ?? နင် Ph Bill ကုန်နေပြီလား ?? ကျေးဇူးပြုပြီး ငါ့ကို ဆက်သွယ်စမ်းပါဟာ …
Boy ။ ။ သမီးချစ်သူက သူ့ကို ချစ်တဲ့သူတွေ အားလုံးကိုထားခဲ့ပြီ … သူ နေမကောင်းတာ သမီးမသိဘူးလား ?? သူ့ကို သုံးနှစ်ပဲနေရတော့မယ်လို့ ဆရာဝန်ကပြောထားတယ်လေ … မဟုတ်ပါစေနဲ့လို့ အန်တီတို့လည်း ဆုတောင်းခဲ့ကြတာပဲ သမီးရယ် … ဒါပေမယ့် သူ့နှလုံးက အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူးလေ … ဒီနေ့ မနက် အန်တီ သူ့ကို နိုးတဲ့အခါ သူ အသက်မရှိတော့ဘူး သမီးရယ် …
ဒါကတော့ သမီးအတွက် ဆိုပြီး သူရေးခဲ့တဲ့ Message လေးပါ … သူကိုယ်တိုင်တော့ မပို့နိင်ရှာတော့ဘူးပေါ့ကွယ် …
" နင့်ကိုယ်နင် အမြဲဂရုစိုက်ပါ … ငါ ဘယ်ဘဝကိုပဲရောက်ရောက် ငါပျော်ပါတယ် … ကျေးဇူးပြုပြီး ငါ့အတွက် မငိုပါနဲ့ !! ငါ့ကျန်းမာရေးအခြေအနေကို နင့်ကိုမပြောပြခဲ့တဲ့အတွက် တောင်းပန်ပါတယ် … နင် thesis အတွက် အလုပ်တွေရှုပ်နေတော့ ငါ့ကိစ္စကြောင့် နင်စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ပါ … ငါ နင့်ကိုမစိုးရိမ်စေချင်ဘူး … နောက်တစ်နေ့ မနက်မှာ မနိုးထနိင်တော့မှာ စိုးလို့ ငါညတွေဆို အိပ်ရမှာ ကြောက်တယ် .အိပ်ပျော်သွားခဲ့ရင်လည်း နောက်တစ်နေ့ မနက်မှာ နင့်ကို တွေ့ခွင့်ရပါစေ … နင်နဲ့ အတူရှိပါရစေလို့ ငါအမြဲဆုတောင်းတယ် … ငါ နင့်ကိုအရမ်းချစ်တယ် … ဒီနေ့အတွက် နင်နဲ့စကားအများကြီးမပြောရလို့ ငါ အရမ်းဝမ်းနည်းတယ် … ဒါပေမယ့် ငါ နင့်ကို နားလည်ပါတယ် …နင် thesis မပြီးလို့ မဖြစ်ဘူးလေ … ငါ နင့်ကို အရမ်း အရမ်းချစ်တယ် … အမြဲတမ်း ကြံ့ကြံ့ခိုင်ခိုင်နဲ့ ရပ်တည်သွားမယ်လို့ ငါ့ကို ကတိပေးပါ … ငါ နင့်ဘေးမှာ ရှိနေတယ် … အမြဲတမ်းလည်း ရှိနေမှာပါ … "
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
ကြိုမမြင်နိင်တဲ့ မနက်ဖြန်မှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်သွားနိင်တဲ့အတွက် သင်ချစ်တဲ့သူကို တက်နိင်သမျှ အရာအားလုံးထက် ပိုပြီး ဦးစားပေးသင့်ပါတယ် … <3 <3 <3
credit to -ZAN HTET KO
Post a Comment