မှတ်သားဖွယ်ရာ

"" #အိမ်နဲ့ပတ်သက်တဲ့ #မြန်မာတို့ရဲ့ #ရှေးအယူအဆများနှင့် #ဗဟုသုတများ ""

သစ်ပင်ပန်းမန်ဆိုတာ လူတွေအတွက်ကောင်းမွန်တဲ့အရာပါ။ သဘာဝရာသီဥတုကိုသင့်တင့်မျှတစေသလို သတ္တ၀ါတွေကိုလည်း အကျိုးပြုစေပါတယ်။ မိမိအိမ်ပတ်ဝန်းကျင် ခြံထဲ၊အိမ်မှာအပင်တွေစိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါရွှင်လန်းစေမှာပါ။ ဒါပေမယ့်လို့ ရှေးမြန်မာအယူအရ မိမိအိမ်၊ခြံထဲမှာမစိုက်အပ်၊မရှိသင့်တဲ့ အပင်တချို့ရှိပါတယ်။ သိပ္ပံခေတ်ကြီးထဲမှာ ဒီအယူတွေ ခေတ်မမီတော့ဘူးလို့ဘဲဆိုဆို၊ ရှေးထုံးကိုလည်းမပယ်နဲ့ဆိုတဲ့စကားဘဲပြောပြော ဗဟုသုတအဖြစ်နဲ့ဘဲဖြစ်ဖြစ်သိရအောင် အိမ်နဲ့ပက်သက်တဲ့ရှေးမြန်မာအယူတချို့ကိုဖော်ပြပေးလိုက်ပါတယ် ….. ။

~ " အိမ်ပတ်ဝန်းကျင်တွင်မစိုက်အပ်သောအပင်များ "
=============================
-  အိမ်၏အရှေ့ဘက် အရပ်တွင် ညောင် ၊ သပြေပင်များမစိုက်ရ ။ စီးပွားပျက်တတ်သည် ။
- အနောက်ဘက်တွင် လက်ပံပင် ၊ ထိန်ပင်
- တောင်ဘက်တွင် သျှစ်သျှားပင် ၊ ဖီးခြမ်းငှက်ပျော ၊ သဘောင်္ပင် များ ၊ အိမ့် တောင်ဘက်အရပ်တွင် ဗူးပင် မစိုက်ကောင်းများများသီးလာလျင် လူသေတတ်သည်။
- မြောက်ဘက်တွင် ထန်းပင်၊ဆန်းပင်၊သဖန်းပင်နှင့် သျှစ်သျှားပင်၊
- အိမ်၏ ရှေ့မျက်နှာစာတွင် မန်ကျည်းပင် မစိုက်ရ ၊ ကျမ္မာရေး ညံ့တတ်သည်။

* အဆိုပါအပင်များသည် ဖော်ပြပါအရပ်မျက်နှာများတွင်ရှိနေပါက စီးပွားယုတ်မည် ။ ရောဂါဘယ ထူပြောမည် ။ အိမ်တွင်းအိမ်ပြင် ဆူပူတတ်သည် ။ အလိုလျောက်ရှိနေပါကလည်း နှုတ်ပစ် ၊ ခုတ်ပစ်သင့်ပါသည် ။

""စိုက်ကောင်းသောအပင်""
အရှေ့မှာ       ကြံ/သဖန်း
တောင်မှာ       ပုန်းညက်/ပိန္နဲ
မြောက်မှာ       ဥသျှစ်
အနောက်        စောင်းဝါး
စနေထောင့်     အုန်း/သီးပင်

~  " အိမ်ဆောက်ရက်ရွေးနည်း "
======================
တနင်္ဂနွေ – ဒုက္ခဆင်းရဲရောက်တတ်သည်။
တနလာင်္  - နှစ်လမြောက်တွင် သားသမီးဖွားမြင်သော် ချမ်းသာကြွယ်ဝမည်။
အင်္ဂါ       – ဆန်ရေစပါး ပေါများကြွယ်ဝမည် ။
ဗုဒ္ဓဟူး၊စနေ – သုခချမ်းသာရမည် ။
ကြာသာပတေး – ချမ်းသာကြွယ်ဝမည် ။
သောကြာ – သုံးလကြာလျှင် သုခပွားမည် ။

~  " အိမ်ဆောက် လရွေးနည်း "
====================
တန်ခူးလ–   ချမ်းသာကြွယ်ဝမည် ။
ကဆုန်လ  —   ဆန်ရေစပါး ပေါကြွယ်ဝမည် ။
ဝါခေါင်လ   —   ဥစ္စာတိုးပွားမည်။
နတ်တော်လ  — ထင်ပေါ်ကျော်စောမည် ။
ပြာသိုလ —  လူအများချီးမွမ်းမှု ရမည် ။
တပေါင်းလ  —  ချမ်းသာကြွယ်ဝမည် ။
ကျန်ခြောက်လတွင် ဆောက်ပါက ပျက်စီးခြင်းများကြုံရတတ်သည်။

* ယနေ့ခေတ်မှာ အိမ်ကို ◆ သစ်သားအခြေပြုပြီးမဆောက်တော့သလောက်ပါဘဲ ။ ဒါပေမယ့် အတွင်းပိုင်း အလှဆင်တာမျိုးတို့ ၊ ပရိဘောဂတွေ မှာတော့ တွင်တွင်ကျယ်ကျယ် သုံးနေကြ သေးတာကြောင့် သစ်ဟာ အိမ်တစ်အိမ်ရဲ့ အဓိက ပါဝင်ပစ္စည်း ဖြစ်နေပါသေးတယ် ။ ရှေးမြန်မာ လူကြီးများကတော့ အိမ်နဲ့ပက်သက်ရင် သစ်ကို အလွန်စိစစ်ပါတယ် ။ ဗဟုသုတအလို့ငှာ သိသလောက်ဖော်ပြ ပေးလိုက်ပါတယ်။

~  " မသုံးအပ်သောသစ် (၈)မျိုး "
=======================
၁။ ခုတ်ဖြတ်စဉ် တွဲလွဲကျနေသောသစ် (သစ်ဆွဲချ)
၂။ သစ်ခွသစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)
၃။ အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီလူး)
၎။ အရင်းအဖျားရှူး၍ အလယ်တွင်ကြီးသောသစ် (သစ်နပုန်း)
၅။ လမ်းကူးချောင်းကူးသစ် (သစ်တံတား (ခ) သစ်လမ်းကူး)
၆။ အပင်ချင်းအကိုင်းချင်းကြိတ်သောသစ် (သစ်ကြိတ်)
၇။ အပင်တွင်နွယ်ရစ်ပတ်နေသောသစ် (သစ်နဂါး)
၈။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို)

~  " အိမ်၊ကျောင်း ဆောက်ရာတွင် မသုံးအပ်သော သစ် (၁၁)မျိုး "
==========================%%
၁။ မိကျောင်း
၂။ မအူ
၃။ သခွတ်
၎။ ညောင်
၅။ သျှစ်သျှား
၆။ သီး(သား)
၇။ သပြေ
၈။ သစ်စိမ်ရေသား
၉။ ကလော
၁၀။ လက်ပံ
၁၁။ လဲ

~ " အိမ်၊ကျောင်း ဆောက်ရာတွင် မပြုအပ်သောအရာများ "
============================
၁။ တိုင်ဟောင်းကို ပန်းမဆွဲရ။
၂။ ထုပ်မစွပ်ခင် ယက်မ မတင်ရ။
၃။ တိုင်တို (ထောက်တို) ကိုကြမ်းပေါ် မပိုစေရ။
၎။ ကြမ်းခင်းတိုင်တွင် ၀ါးမတင်ရ။
၅။ ခေါင်လျှောက်ခွတင် မပြီးခင် ကြမ်းမဖောက်ရ။
၆။ တိုင်ထူရာတွင် တိုင်ချင်းမထိရ။
၇။ အိမ်ဆောက်မပြီးခင် ၀န်းမခတ်ရ။
၈။ ထုပ်၊လျှောက်၊ဒိုင်း၊မြှား၊ခါးပန်း တို့ကို အလယ်တည့်တည့်တွင်မဆက်ရ။
၉။ အမျိုးမတူသော သစ်ချင်းမဆက်ရ။
၁၀။ အိမ်ဟောင်း၏ လျှောက်ပေါ်တွင် အိမ်သစ်၏လျှောက်ကို တင်၍မဆက်ရ။

* တိုးတက်လာသောယနေ့ခေတ် အနေအထားအရ အထက်ပါအကြောင်းအရာတို့အား လုံးဝရှောင်ကျဉ်ရန်မဖြစ်နိုင်တော့ပါဘူး ။ ဒါပေမယ့်လို့ ” ရှေးသုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ ” စကားလိုမျိုးပါဘဲ ။ နှစ်ပေါင်းများစွာတည်မြဲခဲ့တဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေကို မျှဝေချင်တဲ့သဘောပါ ။ ဖတ်ရှုသူအားလုံး သာယာအေးချမ်းတဲ့ အိမ်ဂေဟာလေးများပိုင်ဆိုင်နိုင်ကြပါစေ ။

Posted By : Wai Phyoe Aung
Ref : Social News , 21 July , 2015
Source : http://www.shweproperty.com/art_of_living/article/49/myanmar-knowledge

***မလုပ်သင့် မလုပ်ကောင်း၊ လာဘ်ပိတ်တတ်သည်၊ ဘေးဥပါဒ်ရောက်တတ်သည်ဟု ရှေးရှေးလူကြီူးသူမများ ထားရစ်ခဲ့ကြသော မှတ်ချက်များကို ပြန်လည်၍ လက်ဆင့်ကမ်းခြင်း ဖြစ်ပါသည်။

၁။ ကျောင်းပစ္စည်း အိမ်တွင်မသုံးကောင်း။
၂။ ဆွမ်းတော်တင် မစားကောင်း။
၃။ ဥပုသ်နေ့တွင်ခေါင်းမလျှော်ကောင်း။
၎။ လင်၏လက်ျာဘက် ဇနီးမအိပ်ကောင်း။
၅။ တချိန်တည်းတစ်နှစ်တည်း သုံး မင်္ဂလာ မဆောင်ကောင်း။
၆။ ဝါတွင်း အိမ်ထောင်မပြုကောင်း။
၇။ ဝါတွင်း အိမ်မပြောင်းကောင်း။
၈။ ဝါတွင်း ခေါင်းအုံးမချုပ်ကောင်း။
၉။ အိမ်ရှေ့ မန်ကျည်းပင်မစိုက်ကောင်း။
၁၀။ အိမ်ရေ့ နွားမထားကောင်း။
၁၁။ အိမ်တောင်ဘက် စပါးကျီမဆောက်ကောင်း။
၁၂။ အိမ်နောက် လှေကားမထားကေင်း။
၁၃။ တံခွန်၊ကုက္ကား၊အောင်လံများ၊လွှားစိုက်အိမ်မှာ မပြုကောင်း။
၁၄။ ဆန်မရှိခိုက် မောင်ဆုံ၌ စိုက်၍ကျည်ပွေ့မထားကောင်း။
၁၅။ အိမ်ရှေ့သမိုက်၊နံရံ၌၊စိုက်၍လေးကိုမထားကောင်း။
၁၆။ အိမ်သားတစ်ဦး နေမကောင်းလျှင် ခေါင်းမလျှော်ကောင်း။
၁၇။ အိမ်သားတစ်ဦးခရီးသွားစဉ် ခေါင်းမလျှော်ကောင်း။
၁၈။ အိမ်ရှေ့ ငှက်ပျောပင် မစိုက်ကောင်း။
၁၉။ အိမ်တွင် ဇယ်မခုတ်ကောင်း။
၂၀။ နှစ်ဆန်း ၁ ရက်၊ပိုက်ဆံ မထွက်ကောင်း။
၂၁။ ညောင်သားထင်း မဆိုက်ကောင်း။
၂၂။ မိမိထက်ကြီးသူထက် မြင့်သောနေရာ၌မထိုင်ကောင်း။
၂၃။ ညအခါ သန်းမရှာကောင်း။
၂၄။ ညအချိန် လေမချွန်ကောင်း။
၂၅။ ညဘက် ဓားမသွေးကောင်း။
၂၆။ ညဘက်ခြေသည်းလက်သည်းမညှပ်ကောင်း။
၂၇။ ညဘက် ဆံ၊မုတ်ဆိတ် မရိတ်ကောင်း။
၂၈။ ညဘက်သားစိမ်းငါးစိမ်းကို အိမ်တွင်းသို့မယူကောင်း။
၂၉။ ညအခါ ကိုယ်ဝန်ဆောင် အိမ်ပြင်မထွက်ကောင်း။
၃၀။ ညမှောင်လျှင် ကလေးကိုအိမ်ပြင်၌ မချီကောင်း။

(ဆက်၍တင်ပြပါဦးမည်။)
Credit - ဂန္ဓာရီအလွှာမှ မှတ်ချက်များ

ရှေးထုံး အစဉ် အလာ
_____________
၁။ အိမ်မှာလုံးစုံ၊ ပတ်လည်အုံ၊ ဆီဆုံမရှိကောင်း။
၂။ ပဒိုင်း၊ ခတ္တာ၊ ပဲကြီးဝါ နီးစွာ မစိုက်ကောင်း။
၃။ မျောက်နှင့်ဖရုံနီးစိုက်တုံ ဖျင်းသုဉ်ပျက်တတ်ကြောင်း။
၎။ အိမ်ရှေ့မှာသာ နွားထားရာမြန်စွာ ပျက်စီးကြောင်း ။
၅။ ထဘီ၊ တဘက်လျှင် ပခုံးတင်ဆွဲငင် မရိုက်ကောင်း။
၆။ သား၊ မြေးတို့ကို သွေးသံယို မျက်လိုမရိုက်ကောင်း။
၇။ ချိုးကျိုးကျွဲ၊ နွား ကန်ငြား ဆင် ၊ မြင်း စီးနင်ခြင်း ရှောင်ကွင်း မ၀ယ်ကောင်း ။
၈။ ချိုတည်လူးနွား အိမ်မှာထား စီးပွားဆုတ်ယုတ်ကြောင်း
၉။ ရွာပြင်၊ အိမ်ပြင် သေလေလျှင် ရွာအိမ်အတွင်း မသွင်းမယူရ ။
၁၀။ မသာပို့ရာ အလောင်းဟာ နောက်မှာထား၍ မပို့ကောင်း ။
၁၁။ မသာချသွား အိမ်ရှေ့ပါး ရပ်နား မပြုကောင်း ။
၁၂။ တံခွန်ကုက္ကား ၊ ကြက်လျှာများ စိုက်လွှား အိမ်မှာ မပြုနှင့် ။
၁၃။ အိမ်ရှေ့သမိုက် ထရံ၌ စိုက်၍လေးကို မထားနှင့် ။
၁၄။ စားဖွယ် သောက်ရံ ခွက်ပန်းကန် အသံမြည်အောင် မချနှင့် ။
၁၅။ ရေလဲမည်တွင်ထမီလျှင်အိမ်ရှေ့အပြင်မလှန်းနှင့်။
၁၆။ ခေါင်းလျှော်ပြီးလျှင် ထိုဆံပင် နေတွင် မလှန်းနှင့် ။
၁၇။ စားဖွယ်ပို့လာ ခွက်ယောက်မှာ ဆေးကာပြန်၍ မပေးနှင့် ။
၁၈။ ကိုယ်ဝန်ဆောင်မိန်းမ စားသမျှ ကိုယ်ကယူငင် မစားနှင့်။
၁၉။ ကိုယ်ဝတ်တသွယ် သားသူငယ် ဓားဝယ် မမြှောက်နှင့်။
၂၀။ အုပ်ဆောင်းပခြုပ် ဦးထုပ်တစ်ဖြာ ဆန်ကောမှာ ထေးဖာ မသုံးနှင့် ။
၂၁။ သင်ဖြူးအိပ်ရာ၊ ခေါင်းပေါင်းမှာ ထေးဖာမသုံးနှင့် ။
၂၂။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။
၂၃။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။
၂၄။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။
၂၅။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ၀င်ကာ မခိုသင့်။
၂၆။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။
၂၇။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး ၃ ခုလုံး ကုန်းကွဝင်လို့ မလျှိုနှင့် ။
၂၈။ သားတစ်သီဖို့ မဲတံစို့ ထောင်လို့ မထားနှင့် ။
၂၉။ ခရီးရောက်ခါ အိပ်ရာထစ ဒေါသမျက်ပွား ဤသူများ စကားလိုရာ မမေးနှင့် ။
၃၀။ မသန့်ပြန့် တစ်ခန်း လမ်းလယ်တစ်ရပ် သူမြတ်နေရာ ဤ ၃ ဖြာ တက်ကာ မနေနှင့် ။
၃၁။ နှုတ်ပိုက်ရှိငြား မိန်းမများ သွား၍ မချီနှင့် ။
၃၂။ မိန်းမမွေးနေ့ သီတင်းနေ့ နေ့လယ်အခါ ဤ ၃ ဖြာ ကာမမြူးထူး မကျူးနှင့် ။
၃၃။ လိုမရှိခါ အင်္ဂါမှန် (ကျောင်းကန်ဘုရား)သွားရင်း တစ်ထွေသန္ဓေရင့်မာ ဤအခါ ကာမမြူးထူး မကျူးနှင့် ။
၃၄။ ဆရာမိဘ ကိစ္စတစ်ထွေ မီးနှင့်ရေ မထီလေးစား မပြုနှင့်။
၃၅။ စလောင်းတစ်တန် ပန်ကန်တစ်သီး ဤမြေကြီး ခတ်တီး မပြုနှင့် ။
၃၆။ ထမင်းဟင်းအိုး မွှေထိုးယောက်မ လက်ကိုင်က မီးမှာ ပြန်ကာ မထိုးနှင့် ။
၃၇။ မီးမတောက်လျှင် စားဖိုခွင် ပြိုင်ယှဉ် နှစ်ယောက် မမှုတ်နှင့် ။
၃၈။ ခေါင်းပေါင်းတစ်မျိုး ပုဆိုးတဘက် သစ်ရွက်နားပန် ဆံပင်တစ်လက် ဤ ၄ ရပ် ဖြတ်တိ မပြုနှင့် ။
၃၉။ လက်ဆုံစားလူ အိမ်နေသူ ကိုယ်မူ နှုတ်ပိုက်ရှိ ဆင်၊မြင်း၊ကျွဲ၊နွား စသည်များ ၀ယ်မှားဘေးဒဏ်ထိ ။
၄၀။ အဦးသီးသစ်ဦး ဖလမိန်းမ မဆွတ်ကောင် ၊ မိန်းမဆွတ်ငြား သစ်သီးများပျက်ပြားသိမ်ဖျင်းကြောင်း ။
၄၁။ သန္ဓေရင့်မာမိတ်သဟာ မင်္ဂလာလက်ဖွဲ့ မပြုနှင့် ။
(ရှေးထုံး အစဉ်အလာ နာနာယနိဒ္ဒေသ ၊ ဘသင်း ၊ အင်းပေါ်ကြီးညှိုးကုန်းကျောင်းဆရာတော် ၊ သုတသန္ဒိယကျမ်း ၊ ၁၉၇၃)
ဆက်လက်လေ့လာလိုသူများ အတွက်အညွှန်း -
မြန်မာ့ သမိုင်း နိဒါန်း (ရေး)ဒေါက်တာသန်းထွန်း (သမိုင်းပါမောက္ခ) ၊ မန္တလေး တက္ကသိုလ် ။

ဘယ်လိုဘဲဖြစ်ဖြစ် လိုက်နာရင် ကိုယ့်အတွက်
ကောင်းတာတွေအများကြီး ပါတယ်လို့် ယူဆနိုင်ပါတယ်...... အခုခေတ် မြန်မာတွေကတော့
ဒါတွေဟာ လောကီအယူအဆတွေပါ
နိဗ္ဗာန်ရောက်ကြောင်း မဟုတ်ဘူးလို့
ပြောချင်ပြောနေပါလိမ့်မယ်.......
ရှေးလူကြီးသူမ တွေရဲ့ ရှေးထုံးအစဉ်အလာ
လေးကို ဗဟုသုတအဖြစ် မျှဝေလိုတဲ့
စေတနာကြောင့် သည်စာလေးကို
ရေးဖြစ်လိုက်တာ......

Credit by - ဗဟုသုတ မှတ်စု

ရှေးထုံးများနဲ့ သိမှတ် စရာများ
၁။ အိမ်ရှေ့ ၌ ဌက်ပျောပင်မစိုက်ကောင်း တဲ့။
(အိမ် ရှေ့ မှာ ငှက် ပျောပင် စိုက် တော့ အိမ် ရဲ့
အလှ အပ ကို ကွယ် နေမှာ စိုးလို့၊ အမြင် မတင့်
တယ် လို့ ဖြစ် ပါလိမ့် မယ်။ပန်း အလှ ပင် တွေ
စိုက် တော့ အမြင် လှတယ်။တင့်တယ် တယ်။)
၂။ ကိုယ်ဝန်ဆောင်များသည် အ ပြောအဆို
မကြမ်းကောင်း တဲ့။
(ကိုယ် ဝန် ဆောင် စဉ် မှာ မိခင် လောင်း က
ဘုရားစာရွတ်၊ဒါန ပြု၊တရားနာ၊သီလ ဆောက်
တည် ရင် မွေးလာတဲ့ က လေးအတွက် အကျိုး
သက် ရောက် မှု ကောင်းပါတယ်။ကိုယ် ဝန် ဆောင်
တယ် ဆို တာ သေ နိုင် တယ်လေ။ဒါ ကြောင့်
ကုသိုလ် ကောင်းမှု တွေ များများ ပြုလုပ် သင့်
တာပေါ့။)
၃။ လက်ဖက်သုပ် စားပီးနောက် က လေးငယ်၏
ပါးကို မနမ်းကောင်း တဲ့။
(အနံ့ ဆွဲ တဲ့ အစားအ သောက် တွေ စားပီး
က လေးကို မနမ်းသင့် ဘူး။က လေးမှာပါ အနံ့ ဆွဲ
သွားမှာပါ။လက်ဖက်သုပ် စားရင် ကြက်သွန် ဖြူနဲ့
စားတတ် တဲ့သူတွေ များတယ်။ဒီတော့ ကြက်သွန်
ဖြူနံ့ နံ နေ တဲ့ သူက က လေးကို နမ်းတော့
က လေး မှာ ကြက်သွန်ဖြူ အနံ့ နံသွားမယ်။
က လေးဆိုတာက ဟိုလူက နမ်းလိုက်၊ဒီလူက
နမ်းလိုက် နဲ့ နမ်းတတ် ကြတာကိုး။)
၎။ ကတ်ကြေး၊ကွမ်းညှပ်၊ဓား စသည်တို့ကို ဖြတ်စရာ
ညှပ်စရာ မပါဘဲ မညှပ်ကောင်း တဲ့။
(ညှပ် စရာ တခုခု မပါဘဲ ညှပ် ရင် တုံးလွယ်တယ်။
မထက် တော့ဘူး။က လေးတွေ ဆော့ကစားပီး
ညှပ် ရင် လက် ကို ညှပ် မိနိုင် တယ်။က လေးတွေ
အတွက် အန္တရာယ် ရှိ တယ်။)
၅။ အိမ်တွင် ဇယ်မခုတ်ကောင်း တဲ့။
(ဇယ် ခုတ် နေတဲ့သူကို တခုခု ခိုင်းစရာ ရှိရင်
ခိုင်းလို့ မရ တော့ဘူး။အ ဆော့ မက် နေတာကိုး။)
၆။ အိမ်သားတဦးဦး ဖျားနာနေစဉ် ခေါင်းမ လျှော်
ကောင်း တဲ့။
(အမျိုးသမီးတွေက ဆံပင် ရှည်တယ်။ဒီ တော့ ခေါင်း
လျှော်ထားရင် ဆံပင် ခြောက်ဖို့ မလွယ်ဘူး။ခြောက်
အောင် သုတ် ရ တော့ အချိန်ပေးရတယ်။အရင်
ခေတ် က အခုလို အ ခြောက်ခံစက် မှ မ ပေါ် သေး
ဘူး။ဒီ တော့ လူနာ အတွက် လိုအပ်လို့ တခုခု
လုပ် ပေးစရာ ရှိရင် ခေါင်းလျှော်ထားလို့ ဆံပင် စို နေ
သူက ကူမလုပ် ပေးနိုင် တော့ဘူး။ဆံပင် အစိုကြီး
နဲ့ လူနာအတွက် ကူလုပ် ပေးနေရင် ခေါင်းက စို
နေ တော့ ခေါင်း ရေစို နေသူ(ခေါင်းလျှော် ထားသူ)
အတွက် ကျန်းမာရေးကို ထိခိုက်မယ်။)
၇။ ယောက်မနှင့်ထမင်းအိုးကို မရိုက်ကောင်း တဲ့။
(အရင် ခေတ် က ထမင်းအိုးတွေက မြေအိုးတွေ၊
ဒီ တော့ ရိုက် ရင် ကွဲမှာ ပေါ့။အခု ခေတ် မြေအိုး
မဟုတ် တော့ ပေမယ့် ရိုက် ရင် နားညီးတယ်။အိုး
ပိန် မယ်။)
၈။ စ လောင်းဖုံးကို မီးဖိုပေါ်မအုပ်ကောင်း တဲ့။
(အရင် ခေတ် က ထင်းမီးဖို များတယ်။ဒီ တော့
မီးဖို ပေါ် အုပ် ရင် ပြာ တွေ ပေကုန် တာပေါ့။မီးသွေး
မီးဖို လည်း ပြာ တွေ ပေတာပဲ။ရေးပြန်ဆေးရမယ်၊
မ ဆေးဘဲ အုပ် မိရင် ပြာ တွေ အိုးထဲ ကျကုန်မယ်။
မြေစ လောင်းဖုံး ဆို အပူချိန် များရင် ကွဲသွားနိုင်
တယ်။)
၉။ မီးဖိုမှာ လူနှစ်ယောက်ပြိုင် တူမီး မမှုတ်
ကောင်း တဲ့။
(မီးသွေး၊ထင်း မီးဖို တွေက မီးမှုတ် ရင် ပြာ တွေ
လွင့် တယ်။၂ ယောက် မျက် နှာချင်းဆိုင် မီးမှုတ်
ရင် လေ အရှိန် ပြင်းတော့ ပြာတွေ အရမ်း လွင့်
တယ်။အဝတ် အစားပေါ်၊ကိုယ် ပေါ်၊ခေါင်းပေါ် ကို
ပြာတွေ ကျလာမယ်။မျက်လုံးတွေထဲ ပြာတွေ၊
အမှုန်တွေ ဝင် ကုန် မယ်။)
၁၀။ ညောင်သားကို ထင်း မစိုက်ကောင်း တဲ့။
(ညောင် သားက မီး အဆွဲ ခက်တယ် လို့ ကြား
ဖူးတယ်။ညောင် ပင် ဆို တာ ဗောဓိ ညောင် လည်း
ရှိတယ်။ဗုဒ္ဓဘာသာဝင် တို့ အတွက် ဗောဓိ ညောင်
က စေတီ ထိုက်တယ်။ညောင် သားကို မီးစိုက်
မယ် ဆို ဗောဓိ ညောင် လား၊ရိုရိုးညောင် လား
မ ရွေးဘဲ ထင်း စိုက် ကြမယ် ဆို ရင် ဗောဓိ ညောင်
ကိုင်းတွေ ချိုးမိ၊ခုတ် မိ တဲ့ အခါ စေတီကို ဖျက် တဲ့
အပြစ် မျိုး ဖြစ် တတ် ပါတယ်။)
၁၁။ ဖိနပ်ချွတ်သောနေရာတွင် ထီးမထားကောင်းတဲ့။
(ထီးထားရင် ထီး လဲကျသွားတဲ့အခါ ဖုန်တွေ၊
သဲတွေ နဲ့ ညစ်ပတ် သွားမယ်။ထီးက ရေစိုနေရင်
ဖိနပ် တွေပါ ရေစို ကုန် မယ်။ရေစို မခံတဲ့ ဖိနပ် တွေ
ပျက်စီးမယ်။)
၁၂။ ဖိနပ်ပေါ်သို့ ထီး အချွန် မ ထောက်ကောင်း တဲ့။
(ဖိနပ် ပေါက်သွားမှာ စိုးလို့ပါ။ရေစိုနေတဲ့ ထီးဖြစ်
ရင် ဖိနပ် ရေစိုမယ်၊ဖိနပ် ပျက်စီးမယ်။)
၁၃။ ဖျာကိုလိပ်ပြီး အမြင့် မှာ မ တင်ကောင်း တဲ့။
(မြင့် တော့ ယူရခက်တယ်။ဆွဲယူရင် ဖျာပျက်စီး
မယ်။ဖျာက အမှုန်တွေ ကျမယ်၊မျက်လုံးထဲ
အမှုန် ဝင် မယ်။)
၁၄။ နာရီကို ခြေရင်းဘက်တွင် မချိတ်ကောင်း တဲ့။
(အသက် ကြီးသူတွေက မျက်စိ မှုန်လာတယ်။
လူကြီးဆိုတာ အိမ်ဦးခန်း၊အိမ် ခေါင်းရင်းပိုင်းမှာ
ထိုင် တော့ သူ့အတွက် နာရီ ကြည့်ဖို့ အ ဆင် မ
ပြေဘူး။မျက်စိ မှုန် တော့ အ ဝေးကြီး မကြည့်နိုင်
တော့ ဘူးလေ။သူတို့ နာရီ ကြည့်ဖို့ အဆင် ပြေနိုင်
တဲ့ နေရာမှာ နာရီကို ထားပေးသင့်တယ်။)
၁၅။ မိဘ ကြီးကဲသူတို့၏ ဖိနပ်ကိုမနင်းကောင်း တဲ့။
(ဒါက တော့ ရို သေမှုပါ။လူကြီး၊မိဘ တွေ ရဲ့ အသုံး
အ ဆောင် တွေ ကို မနင်း သုံးပါဘူး။
အတတ် နိုင် ဆုံး ဘယ်သူ့ဖိနပ် မှ မနင်းတာ
ကောင်းပါတယ်။တချို့ ဖိနပ် တွေ က နင်းမိရင်
ခေါင်ကျိုးသွားတတ်တယ်၊ဖိနပ် နာသွား တတ်
တယ်။)
၁၆။ ဓာတ်ခဲ အ ဟောင်းများကို အိမ်တွင် မထား
ကောင်း တဲ့။
(ဆားသောက် သွားရင် အဝတ်တွေကို ထိမိတဲ့ အခါ
အဝတ် ဆွေးတယ်။က လေးငယ် တွေ ကောက်စား
မိ ရင် အန္တရာယ် ရှိတယ်။အပူ ချိန် များတဲ့ နေရာ
မှာ ထားမိ ရင် ပေါက် ကွဲ တတ် တယ်။အခု ခေတ်
ဓါတ် ခဲ တွေ မှာ မီးထဲ မထည့်ဖို့ သတိ ပေးထားတာ
လည်း ရှိ တယ်။ပေါက်ကွဲမှာ စိုးလို့ပါ။)
၁၇။ အိမ်၏မျက်နှာစာတွင် ထမင်းဟင်းချက်ပြုတ်၍ မစားကောင်း တဲ့။
(ဒီလို ချက်ပြုတ် စားတော့ ကိုယ့်အိမ် ဘာဟင်း ချက်
စားလဲ ဆိုတာ တခြားသူတွေ မြင် တာပေါ့။အိမ် မျက်
နှာစာလည်း ညစ်ပတ်တယ်။)
၁၈။ ကွဲအက်နေသော မှန်များ အိမ်တွင်မထား
ကောင်း တဲ့။
(မှန် ကွဲ ရှ မှာ စိုးလို့ပါ။က လေးငယ်တွေ ကိုင် ဆော့
ရင် မှန် ကွဲ ရှ နိုင် တယ်။)
၁၉။စ လောင်းဖုံး ၂ ခု မတီးကောင်း တဲ့။
(မြေ စ လောင်းဖုံး ၂ ခု တီးရင် ကွဲမှာပေါ့။ဒန်(သတ္ထု)
စ လောင်းဖုံး ၂ ခု တီးရင် နားငြီးတာ ပေါ့။)
၂၀။လက်သည်း၊ခြေသည်း ကို အိမ် ထဲ မညှပ်
ကောင်း တဲ့။ (အိမ် ထဲမှာ အမှိုက် ပွ မှာ စိုးလို့ပါ။)
၂၁။ညဘက် လက်သည်း၊ခြေသည်းမညှပ်ကောင်းတဲ့။
(အရင် ခေတ် တွေက လျှပ်စစ် မီး မရှိဘူး။မီးလင်း
အားနည်းတော့၊ကောင်း ကောင်း မမြင် ရဘဲ ညှပ်
တော့ အသားတွေ ညှပ် မိ နိုင် ပါတယ်။)
၂၂။ညဘက် အိမ် ထဲ မှာ တံမြက်စည်း မလှည်း
ကောင်း တဲ့။
(နားကပ်၊ရွှေ ကဲ့သို့ တန်ဖိုးရှိ တဲ့ အရာတွေ ပြုတ်
ကျ နေတာ ကို မသိဘဲ တံမြက်စည်း လှည်းပီး
အမှိုက်ထဲ ပစ် လိုက် ရင်၊အိမ် အပြင် ကို အမှိုက်
တွေ လှည်းလိုက် ရင် ပစ္စည်း ဆုံးရှုံး သွားမှာ စိုး
လို့ ပါ။)
နောက် ထပ် အများကြီး ကျန်နေအုံးမှာပါ။
- တကယ် တမ်းက ဒါ တွေက မလုပ် ကောင်းတာ
တော့ မဟုတ် ပါဘူး။ဒါ တွေ လုပ် လို့ လာဘ်
လာဘ မရတာ၊နည်းတာ၊ခိုက် တာတွေ မဖြစ် ပါဘူး။
- အိမ် ခိုက်၊လမ်းခိုက်၊ကျောင်းခိုက်၊မြို့ရွာ ခိုက် တယ်
ဆို တဲ့ "ကံ ကံ ရဲ့ အကျိုး"နဲ့ မဆိုင် တာတွေ၊
"အ ကြောင်း ကြောင့် အကျိုး ဖြစ် တဲ့ ကြောင်း
ကျိုး ဆက် တရား"နဲ့ မဆိုင် တာ တွေ ကို ပယ်
ရတယ်။လက် မခံ ရဘူး။လက် ခံ ရင် ဒိဌိ ဖြစ် တယ်။
- ဥပမာ-စ လောင်းဖုံး ၂ ခုကို တီးရင် ကျားကိုက်
တတ် တယ် လို့ လက် ခံ ရင်၊ယူဆ ရင်၊ကျင့်သုံး
ရင်၊လိုက် နာရင်၊အယူ အစွဲ ထားရင် ဥပါဒါန်
ကြောင့် ဥပါဒ် ဖြစ် တတ် သလို သရဏဂုံ မစင်
ကြယ်၊သရဏဂုံ ညစ်နွမ်း တတ် ပါတယ်။အယူလွဲ
ပီး ဒိဌိ ဖြစ် သွားတတ်တယ်။ထေရဝါဒ က နေ
သွေဖယ် သွားပီး ဒိဌိ ဖြစ် သွားတယ်။
- တချို့ ရှေးထုံးတွေက က လေးငယ်တွေ ကို ခြောက်
လှန့်ထားတာ တွေ ပါ။ဒါ ပေမယ့် ဖြေရှင်းချက်
မ ပေးဘဲ ခြောက် လှန့် တော့ ဒီ က လေးတွေက
နောက် တချိန် မှာ လူကြီးတွေ ဖြစ် လာတယ်။
ငယ်စဉ် က အ ကြောက် တရားက အစွဲလွန် ပီး
ဥပါဒါန် ဖြစ် နေပီ။နောင် မျိုးဆက် သစ် တွေကို
သူတို့ သိခဲ့ တဲ့ အတိုင်း ဆက်ပီး ပြောကြတယ်။
ခြောက်လှန့်ကြတယ်။ကြာလာတော့ ဒီအယူအစွဲ
အမှားကြီးတွေက အမြစ် ခို် မာလာပီး အမှားက
အမှန် ဖြစ် သွားတာပဲ။
"ရှေးထုံးလည်း မပယ် နဲ့၊ဈေးသုံးလည်း မကြွယ် နဲ့"
တဲ့။ဒါ က ရှေးထုံးတွေကို နောင် လာနောက် သား
တွေ ပယ်မှာ စိုးလို့ ပြောတဲ့ စကားပါ။မပယ် သင့်
တာ တွေ ပယ် မိ ရင် မဖြစ် သင့် တာတွေ ဖြစ် လာ
နိုင် ပါတယ်။
- ဥပမာ-ကပ် ကြေး၊ဓါး၊ကွမ်းညှပ် တွေ ကို က လေး
တွေ ကို ကိုင် ခွင့်ပေးမယ်၊ဆော့ခွင့် ပေးမယ် ဆို
ရင် က လေးရဲ့ လက် ကို ညှက်မိပီး ထိခိုက် မိနိုင်
တယ်။ပီးတော့ လူကြီးတွေ က က လေးတွေကို
အချိန် ပြည့် စောင့် ကြည့် မ နေနိုင် ကြဘူး။ဒီ တော့
မမြင် ကွယ် ရာမှာ က လေးအချင်းချင်း ရန် ဖြစ် ပီး
ဓါး၊ကပ် ကြေး၊ကွမ်းညှပ် နဲ့ ရိုက် မိ၊ထိုးမိ ၊ထိခိုက်
မိ တာတွေ ဖြစ် လာ နိုင် တယ်။ဒါ ကြောင့် ညှပ် စရာ မပါဘဲ မညှပ်ကောင်းဘူးလို့ မယူဆဘဲ မညှပ် သင့်ဘူး၊မ ဆော့ ရဘူး၊ထိခိုက်မိမယ်၊ အန္တရာယ်ရှိတယ် လို့သာ မှတ်ယူရမယ်။
- ရှေးထုံးတိုင်း မမှန် ပါဘူး။မှန် တာတွေလည်း ရှိ ပါ
တယ်။ဒီ တော့ ဥာဏ် နဲ့ ယှဉ် ရတယ်။မှန် တယ်
ဆို တာတောင် အယူလွဲ ဒိဌိ မဖြစ် အောင် သတိ
ထားရပါမယ်။လက် ခံ သင့် တာကို လက် ခံ ပေါ့။
ပယ် သင့် တာကို ပယ် ပေါ့။
- မလုပ် ကောင်းဘူးလို့ မယူဆမိဖို့ အ ရေးကြီးပါတယ်။
လာဘ် တိတ် မယ်၊ခိုက်မယ် ဆို တဲ့ ထေရဝါဒ နဲ့
ဆန့်ကျင့် တာ ကို မယူစွဲဖို့ အ ရေးကြီးပါတယ်။
ပယ် သင့် တဲ့ ရှေးထုံးတွေ ကို ရဲရဲ ရင့် ရင့် ပယ် ပါ။
ဒိဌိ မ ဖြစ် ရ အောင် ဥာဏ် နဲ့ ယှဉ် ပါ မိတ် ဆွေ။
နောင် လာ နောက် သားများ၊က လေးငယ်များကို
မဟုတ် တာတွေ နဲ့ မ ခြောက် ပါနဲ့။အကျိုးသင့်
အ ကြောင်းသင့် ရှင်းပြပါ ။

Credit to Original Writer

ဗုဒ္ဓဘာသာအယူ မဟုတ်ပါ
*******************
ပြဿဒါး၊ ရက်ရာဇာ၊ မြေခံ၊ နဂါးလှည့်ကိုရွေးခြင်း၊
အဂ္ဂိရတ်ထိုးခြင်း၊ အောင်ပါသော စကား၊ 'ကိုး' ပါးသော စကားကိုမှ မင်္ဂလာရှိသည်ဟု ယူဆခြင်း၊အသက်ကိုတည် ခုနစ်နှင့်စား၍ ဆေးကုခြင်း၊
လပြည့်ကျော်တစ်ရက်နေ့ စသည်၌ကျသောနေ့ကို တိုင်ထူ၍ ဆေးကုခြင်း၊ မည်သည့် သစ်ပင်ကို မစိုက်ကောင်း ဟူ၍ ယူခြင်း၊ အိမ်ကို ခွေးတက်၊ ဗျိုင်းနား၊ လင်းတနား၊ ပျားစွဲလျှင်
မည်သို့ဖြစ်လိမ့်မည်ဟု ယူခြင်း၊ အိမ်ဆောက်ဆဲ အိမ်ရှင်သေလျှင် မီးကျော်သည်ဟု ယူ၍ မည်သူမျှ မနေဝံ့ခြင်း၊ အိမ်ခိုက်သည်၊ ကျောင်းခိုက်သည်ဟု ယူတတ်ခြင်း တို့သည် ကံ၊ ကံ၏ အကျိုးကို ယုံကြည်သော ဗုဒ္ဓဘာသာ၏ အယူမဟုတ်၍ စွန့်ပယ်အပ်ကုန်၏။

{ရွှေင်္ဟသာ ဆရာတော်ကြီး - ဘဒ္ဒန္တဝိမလ}
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် - မှ ကောက်နုတ်ပါသည်
Dhamma Dãna Source : ထေရဝါဒ ရနံ့

#အထွေထွေဗဟုသုတ

Post a Comment