ပုလိပ်​မင်းကြီးနှင့်​​ညောင်​ပင်​သရဲ

ပုလိပ်မင်းကြီး နှင့် ညောင်ပင်သရဲ
========================

စ/ဆုံး

ကျနော် မောင်ရွှသား က ဆရာကြီးအီကြာကွေးပြောပြသော သရဲအကြောင်းကို ဇတ်လမ်းလို ရေးလိုက်ပါတယ် ဆရာကြီးအီကြာကွေးကို ရိုသေလေးစားစွာဖြင့်

@အချိန်သည်က အင်္ဂလိပ်တို့ မြန်မာပြည်ကို အုပ်ချုပ်နေသော အချိန်ပေတကား

"ကျွန်ုပ် မောင်မင်း တို့ကိုပြောစရာရှိတယ် "

"ဟုတ်ကဲ့ပါမင်းကြီး"

ပုလိပ်မင်းကြီးရုံးတွင် ပုလိပ်မင်းကြီး မစ္စတာ စတန့် မှ သူ၏အောက်က အရာရှိများကိုပြောနေချင်းဖြစ်သည်

"မောင်းမင်းတို့ တစ်ကျွန်းပြန် ဗိုက်ကြီးကို ဖမ်းမမိသေးဘူး"

'ကျနော်မျိုး ကြိုးစားနေပါတယ်  မင်းကြီး"

မင်းကြီးနဲ့ အနီးဆုံးတွင်ရှိသော အိုင်ပီ လူကလေး ကပြောလိုက်ချင်းဖြစ်သည်

"မောင်းမင်း လူကလေး ပြောလိုက်ရင် ဒီတိုင်းကြည့်ပဲ မောင်းမင်းက ကြီးစားနေတာပဲပြောတယ် ကျွန်ုပ် မြင်းကြိုးတွေ ပျောက်ပျောက် နေတာ မောင်မင်းလက်ချက်လား"

"အန်"

အိုင်ပီလူကလေး အန်သွားချင်းဖြစ်သည်

"အိုင်ပီ လူကလေး အန်ချင်လို့လားဗျ "

အိုင်ပီလူကလေး ဘေးမှာ ရှိနေသော အိုင်ပီ ဘူကြီးကပြောလိုက်ချင်းဖြစ်သည် ဒါကို မကျေနပ်ဟန်နဲ့

"မင်းကြီး ကျနော် မျိုး တကယ် ကြိုးစားနေပါတယ် တစ်ကျွန်းပြန် ဗိုက်ကြီး ဖြစ်နိုင်မဲ့ ဗိုက်ပူတဲ့ သူတွေကို စစ်ဆေးခိုင်းနေပါတယ်"

"ပညာရှိ ပီသပါပေတယ် ကိုလူကလေး"

အိုင်ပီ ဘသောင်းက ချီမွန်းပြောလိုက်တာကို ပြုံးပြုံးကြီး ခံယူနေတုန်း

"လူကလေး အိုင်ပီ လူကလေး မောင်းမင်း တရာခံ တစ်ကျွန်းပြန် ဗိုက်ကြီးပုံကို သေချာ မြင်ဖူးလား"

"မမြင်ဖူးပါဘူး မင်းကြိး ကျနော်မျိုးက အခုမှ ဒီကို ပြောင်းလာတာပါ"

"အို မိုင် ဂေါ့ မောင်မင်း ရော့ ကြည်လိုက် ဒါ တစ်ကျွန်းပြန် ဗိုက်ကြီးပုံ"

အိုင်ပီလူကလေ ရှေ့သို့ စာရွက်လိပ်လေးတစ်ခု ချပေးလိုက်သည် စာရွက်လိပ်လေးကို အိုင်ပီလူကလေး ဖြည်ကြည်ံလိုက်သည်အထဲတွင် သျှောင်တစ်စောင်ထုံးထားပြီး မျက်နှာတွင် ဓားဒဏ်ရာ အကြီးကြီးနဲ့ အသားညိုညို တောင်တင်းသန်မာတဲ့ လူကြီိးပုံဖြစ်သည်

"မင်းကြီး သူဝိတ်လျှော့ လိုက်တာ ဖြစ်မှာပါ"

"ဟုတ်လား မောင်မင်းက သူနဲ့ အရင်က သိလို့လား"

"မသိပါဘူး အခုမှ မြင်ဖူးတာပါ"

"မောင်းမင်းက ၀ိတ်လျှော့တယ်လို့ ဘယ်လိုပြောနိုင်တာလဲ"

"ပတ်ဝန်းကျင်က ဗိုက်ကြီးလို့ ခေါ်ပုံထောက်ရင် သူအရင်က ၀ လို့ ပေါ့ မင်းကြီး"

"မောင်မင်း လူကလေးပြောမှ ဖြစ် ဗိုက်ကြီ က ကိုဝန်သည် ဖြစ်နေရမှာလား လူကလေး"

"အဲ့ အဲ့ လိုပြောတာ မဟုတ်ပါဘူး မင်း မင်းကြီး"

မင်းကြီးနဲ့ အိုင်ပီလူကလေး ပြောနေတဲ့ အချိန်တွင် ဘေးမှာရှိသော အိုင်ပီဘူကြီးက

"အိုင်ပီ ပြောမှ ပဲ ကျနော်တို့ အိမ်နားက ဗလကြီးးကို မှတ်ရတော့တယ် နာမည်နဲ့ လူနဲ့ လိုက်ပုံများ လက်မောင်းတစ်လုံး တစ်လုံးကို ဒီလောက်ရှိတယ် ဗျာ"

ပြောပြောဆိုဆို ကိုင်ထားသော နံပတ်တုတ်ကို စာပွဲပေါ်တင်ပြလိုက်တော့သည်

"ဟားးးးဟားးး"

အားလုံး ရယ်နေချိန်တွင်

"တိတ်ကြစမ်း လူကလေးတို့ ကျွန်ပ် ရုံးခန်းကို ဇတ်ပွဲ များထင်နေသလား"

အားလုံး တိတ်သွားကြသည် တိတ်သွားလိုက်တာများ အိုင်ပီဘသောင်း နဖူးနားမှာ ပြန်နေသော ယဉ်ကောင်၏ တောင်ပန်ခက်သံဟာ  လေယဉ်တစ်စဉ်း အင်ဂျင်သံပမာ

"မောင်မင်းတို့ ဘာမှ မသုံးမကြဘူး ကျွန်ုပ် ဆားသင်း အောင်ကြီးကို ခေါ်လိုက်တော့မယ် "

"ဟုတ်ကဲ့ပါ မင်းကြီး"

"ကျွနုပ် ခရီးထွက်စရာရှိတယ်  မောင်မင်းတို့ ဂရုစိုက်နေပါ ဒါပဲ"

"ရက်စ်ဆာ"

အိုင်ပီများလည်း ပုလိပ်မင်းကြီး စတန့်(စ်) အားအလေးပြုပြီး ထွက်ခွာသွားကြလေတော့သည်

နောက်နေ့ မနက်ပုလိပ်မင်း ကြီး ခရီး ထွက်သွားပါပြီ အစောင့်အရှောက် ပုလိပ် အနည်းငယ် ဖြင့် အမဲလိုက်ထွက်ရန် နယ်က ရွာလေးတရွာသို့ သွားချင်း ဖြစ်သည် ပုလိပ်မင်းကြီးတို့ ည ကိုးနားရီလောက်မှ ဗိုလ်တဲသို့ရောက်ရှိလာပါတယ် ဗိုလ်တဲက ရွာနဲ့ အတော် လှမ်းပါတည်

"သခင်ကြီး ကြွပါ ခင်ဗျာ"

"အေး အေး လူကလေး"

ဗိုလ်တဲမှာ အမြဲတမ်းစောင့် ပြီးနေရသော မောင်သာလှ က ပုလိပ်မင်းကြီးအား ခရီးကြိုပြုလိုက်ချင်းဖြစ်သည်

"သခင်ကြီးတို့ လာမယ် လို့ အကြောင်း ကြားထားလို့ ကျနော်မျိုး အားလုံး ပြင် ဆင်ထားပါတယ် "

"ဗယ်ရီးဂွတ် လူကလေး သာလှ"

သာလှလည်း ပုလိပ်မင်းကြီးအတွက် စားစရာ သောက်စရာတွေ ပြင်ဆင်ပြီး
ပုလိပ်မင်း ကြီးအားခေါ်လိုက်တော့သည်

"သခင်ကြီး စားလို့ သောက်လို့ ရပါပြီ"

"OK မောင်မင်း"

ပုလိပ်မင်းကြီးလည်း ထမင်းစား စာပွဲသို့ ရောက်လာပြီး စားစရာများကိုကြည့်ကာ

"လူကလေး သာလှ ကျွန်ုပ် ဒါတွေကိုမစား ချင်ဘူး ခေါက်ဆွဲကြော်စားချင်တယ်"

"သခင်ကြီး ခေါက်ဆွဲ ကြော်က မရှိဘူး သခင်ကြီး"

"ရွာထဲမှာ ခေါက်ဆွဲ ရလား"

"ရွာထဲ တော့ ရပါတယ် "

"အဲ့ ဒါဆို ရွာ ထဲ သွားဝယ်ပါ ကျွန်ုပ် ခေါက်ဆွဲကြော်စားချင်တယ်"

"အဲ့ ဒါဆိုရင်လည်း ပုလိပ် တစ်ယောက်လောက် ခေါ် ခွင့်ပြုပါ သခင်ကြီး"

"မောင်မင်း နိုးလို့ရရင်ခေါ်သွားပါ သူတို့ အ၇က် တိုက်ခိုင်းရင် မောင်မင်းတာဝန်ယူပါ"

"မခေါ်တော့ပါဘူး သခင်ကြီး ကျနော် မျိုးတစ်ယောက် ထဲပဲသွားဝယ်ပါ့မယ်"

"ကောင်းတယ် လူကလေး မြန်မြန် ပြန်လာခဲ့ပါ"

သာလှတစ်ယောက်ထဲ ထွက်လာခဲ့သည် လာလေးက သာနေလို့ တော်ပါသေးသည် ရွာနဲ့ ဗိုလ်တဲ နဲ့က အတော် လှမ်းပါသည် ရွာ နဲ့ ဗိုလ်တဲနဲ့ ကြားတွင် ညောင်ပင်ကြီး တပင်ရှိပါသည် သာလှ ကြောက်တာက ဒီညောင်ပင်ကြီးပါ ပုလိပ်ခေါ်ရင် အရက်လည်းတိုက်ရမယ် ကြားမတော်ရင် အရစ်ခံနေရာမှာ ဆိုးလို့သာ တစ်ရောက်ထဲ ထွက်လာချင်းဖြစ်သည်

သာလှတစ်ယောက် ညောင်ပင်ကြီးနားသို့ ရောက်လာပါပြီ ညောင်ပင်ကြီးက လရောင်ကြောင် ချင်းချင်း လင်းလင်း မြင်နေရပါသည်  သာလှလည်း မြန်မြန်လမ်းလျှောက်ပြီး ညောင်ပင်ကြီးကို ကျော်သွားပါလေတော့သည်

"ဟူးးး တော်သေးတယ်"

သာလှသက်ပြင်းချကာ ရွာထဲသို့ ၀င်ပြီး ခေါက်ဆွဲ ကြော် ၀ယ်ပြီး ပြန်လာပါတော့သည်ကောင်းလိုက်တဲ့ ခေါက်ဆွဲကြော်ပါ ပူနွေးနေပြီး အနံ့ကမွှေးနေပါသည်  သာလှလည်း ခေါက်ဆွဲကြော် ထုပ်ကို လက်ကဆွဲ ပြီး ပြန်လာပါသည် ညောင်ပင်ကြီး အောက်ကို ဖြတ်ရင်ပဲ

"ဝေါ ဝေါ"

ညောင်ပင် ပေါ်မှာ ညောင်ကိုင်းတွေကလှုပ်နေသဖြင့် သာလှ အပေါ်မော့ကြည့်လိက်သည်
တကိုယ်လုံးမဲ နေပြီး မျက်လုံးကြီးက ရဲတောက်နေကာ လူလို့ အကောင်ကြီး ဇောက်ထိုးဆင်းလာပြီး သာလှ လက်ကဆွဲထားသော ခေါက်ဆွဲ ကြော်ထုပ်အား ယူပြီး အပင်ပေါ် ပြန်တက်ကာ ညောင်ကိုးပေါ်ထိုင်လို့ စားနေပါတော့သည် သာလှလည်း ခြေဖ၀ါးနဲ့တင်ပါး တစ်သားထဲကြအောင်ပြေးပါလေတော့သည် ဗိုလ်တဲရောက်ရင်ပဲ
ပုလိပ်မင်းကြီးက

"လူကလေး သာလှ ဘာဖြစ်လာတာလဲ ဘယ်မှာလဲ ခေါက်ဆွဲကြော် "

"သ သခင်ကြီးအတွက်ခေါက်ဆွဲ ကြော်ဝယ်ပြီးပြန်လာတာ ခေါက်ဆွဲကြော်ကို သရဲလုစားသွားတယ်"

ပုလိပ်မင်းကြီး သာလှပြောစကားကြောင့် စိတ်ဆိုးဒေါ်သဖြစ်သွားကာ

"ဘယ်သူလဲ ကျွန်ုပ် ရောက်နေတာတောင်မှ မကြောက်ပဲ ကျွန်ုပ် စားမဲ့ခေါက်ဆွဲ ကိုလုသွားတာ"

"သရဲ သရဲလုတာပါသခင်ကြီး"

"သရဲ ဆိုတာ ဘာကောင်လဲကွ အဲ့ ကောင်ကို ဖမ်းမယ်"

"ဖမ်းလို့ မရပါဘူး သူက မကောင်းဆိုးဝါး"

"ဒီကောင်က နာမည်နှစ်မျိုး နဲ့လုပ်စားနေတာပေါ့ "
ဒီကောင် တော်တော် ဆိုးသွား ပြီ ဘယ်မှာ တွေ့တာလဲ"

"ရွာထဲကို သွားတဲ့ ညောင်ပင်မှာပါ သခင်ကြီး"

ပုလိပ်မင်းကြီးလည်း  အခန်းနံရံမှာ ချိတ်ထားသော  နှစ်လုံးပြူးသေနတ်အား ဖြုတ်ယူလိုက်တော့သည် သာလှလည်းတားပါသေးသည်

"သခင်ကြီး ဖမ်းလို့မရဘူးသူက နာနာဘာဝ"

"ဒီကောင်က ဒီနယ်မှာ နာနာဘာဝဆိုတဲ့ နာမည် နဲ့လည်း ရမ်းကားနေသေးတာပေါ့ ကျွန်ုပ် ကိုယ်တိုင်ဖမ်းမယ် မောင်မင်း"

"မဟုတ်ဘူး သခင်ကြီး "

ပုလိပ်မင်းကြီးလည်း နှစ်လုံးပြူးသေနတ်ကြီးထမ်းပြီး ထွက်သွားပါလေတော့သည်

ညောင်ပင်မှာတော့ သရဲကြီးက သာလှဆီက ခေါက်ဆွဲကိုစားပြီး ညောင်ပင်ကိုင်းကြီး တစ်ကိုင်းမှာ ငြိမ့်နေပါသည် ထိုအချိန်တွင် အပင်အောက်သို့ အသာဖြူစွပ်စွပ်နဲ့လူတစ်ယောက် သေနတ်ကြီးထမ်းပြီး ညောင်ပင်အောက်သို့ ရောက်လာသည် သရဲကြီးလည်း ထိုသူကို ကြည့်ပြီး

"ဒီကောင် ဘာကောင်လဲကွ ငါ့ညောင်ပင်အောက်လာရပ်နေတာ ပညာပေးလိုက်ဦးမယ်"

သရဲကြီးစိတ်ထဲတွင် တွေးပြီး ထိုလူရပ်နေတဲ့ ရှေ့နားက ညောင်ကိုင်းတွေကို တွဲလောင်း ခိုပြလိုက်သည် ဖြူဖြူလူသားက မလှုပ် သရဲကြီးကိုပဲ ကြည့်နေပါသေးသည် သရဲကြီးလည်း ဇောက်ထိုး ဆွဲပြီး မျက်လုံးပြူးပြသည် ထိုဖြူဖြူလူက ဒီအတိုင်းပဲ ခြေထောက်ကြီး ရှည်ပြီး အောက်ကို ရပ်ပြသည် မထူး လည်ပင်းကြီးရှည်ပြသည် အရင်အတိုင်း ကြည့်နေပါသေးသည် သရဲကြီး စိတ်နည်းနည်း ညစ်လာပါပြီ  ညောင်ကိုင်းတွေကို လက်အရှည်ကြီး လုပ်ပြီး ကူးပြနေသည် ထို ဖြူဖြူ လူက ရပ်မြဲ အတိုင်းကြည့်နေပါသေးသည် ထို့နောက် သရဲကြီးစိတ်ထဲ အတွေးတစခု ၀င်လာသည်

"ဒီကောင့်ကို ချောက်ရတာ ငါလည်းမောလာပြီ လူကို ချောက်လို့ သရဲ အမောစို့ သေတယ် ဆို ငါသိက္ခာ ကျလိမ့်မယ် တော်ပြီးကွာ မချောက်တော့ဘူး အိပ်တာပဲကောင်းတယ်"

သရဲကြီးလည်း စိတ် ပျက်လက်ပျက်ဖြစ်သွားကာ ညောင်ပင်ထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားပါလေတော့သည်

အပင်အောက်မှာရှိတဲ့ သရဲကြီးအထင် ဖြူဖြူလူ ခေါ် ပုလိပ်မင်းကြီးလည်း သေနတ်ကြီးထမ်း ပြီး ပြန်သွားပါလေတော့သည်
ဗိုလ်တဲ အရောက် သာလှက စောင့်နေတာ တွေ့သဖြင့်

"လူကလေး သာလှ ကျေးဇူးအရမ်းတင်တယ် ကျွန်ုပ် တစ်သက် တစ်ခါမှ ဒီလောက်ကောင်းတဲ့ ဆက်ကပ် မျိုးတစ်ခါမှ မကြည်ဘူး "

"ဗျာ"

ပုလိပ်မင်းကြီးလည်း သာလှအား ပြောပြီး အိပ်ယာဝင်ရန်ထွက်သွားပါလေတော့သည်

သာလှလည်း ခေါင်းကုပ်လို့သာ ပုလိပ်မင်းကြီးကို ကြည်နေပါလေတော့သတည်း ။ ။

                                                       ပြီးပါပြီ ။ ။

လူသားအားလုံး ကျမ်းမာချမ်းသာကြပါစေ       
                                                                               မောင်ရွှေသား


Post a Comment