ဘဝ​နှောင်းပိုင်းမှာ အကျိုးရှိမယ့်​ဝါသနာ ၅ခု

ဘဝနှောင်းပိုင်းမှာ အကျိုးရှိမယ့် ဝါသနာ (၅) ခု

ဘဝရဲ့နှောင်ပိုင်းအတွက် ကြိုပြင်ဆင်ထားတာမျိုး မရှိရင်တော့ သင့်ဘဝဟာ ပျင်းရိငြီးငွေ့ခြင်းတွေနဲ့ အချိန်ကုန်သွားနိုင်ပါတယ်။  မိသားစုရှိတယ်ဆိုပေမယ့်လည်း တစ်ကိုယ်တည်းဖြတ်သန်းရတဲ့ အခိုက်အတန့်များစွာ ရှိဦးမှာဖြစ်ပါတယ်။

ဒီလိုအချိန်တွေကို တစ်ကိုယ်တည်း အေးအေးဆေးဆေး ဖြတ်သန်းနိုင်ဖို့ သင်နှစ်သက်ပျော်ရွှင်ရာ ဝါသနာတစ်ခု ရှိထားရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။

၁ - ငါးမြှားခြင်း
ငါးမြှားခြင်းဟာ စိတ်ထဲလေးလံထိုင်းမှိုင်းမှုတွေကို လျော့ကျစေပါတယ်။ ငါးမြှားတဲ့အခါ ရေပြင်တစ်ခုနားကို သွားရမှာ ဖြစ်တာကြောင့် သန့်ရှင်းလတ်ဆတ်တဲ့ လေကိုလည်း ရှူနေပြီးသားဖြစ်ကာ ကျန်းမာရေးကိုလည်း အထူးကောင်းမွန်စေပါတယ်။ စိတ်တည်ငြိမ်မှုကိုလည်းရရှိစေကာ အာရုံစူးစိုက်မှုလည်း ကောင်းစေပါတယ်။

၂ - သိုးမွှေးထိုးခြင်း
အာရုံကို တစ်နေရာမှာ စုစည်းပြီးလုပ်ဆောင်ရတဲ့ကိစ္စမျိုးဖြစ်တာကြောင့် စိတ်တည်ငြိမ်အေးချမ်းပါတယ်။ အေးဆေးတည်ငြိမ်စွာ အာရုံစူးစိုက်လုပ်ကိုင်ရင်း နှလုံးခုန်မြန်ခြင်းနဲ့ သွေးပေါင်ချိန်တက်ခြင်းကိုလည်း လျော့ကျစေပါတယ်။ သိုးမွှေးထိုးတဲ့ အလေ့အကျင့်ရှိတာဟာ အသက်ကြီးတဲ့အခါမှာ စိတ်ဖိစီးမှုတွေကို လျော့ကျပြီး တစ်ကိုယ်တည်း အေးဆေးစွာနေနိုင်ပါတယ်။ သိုးမွှေးထိုးတဲ့ကိရိယာတွေအတွက် ကုန်ကျစရိတ်လည်း အလွန်နည်းပါးပါတယ်။


၃ - လက်သမား
လက်သမားပညာကို ကြီးကြီးမားမားကြီး တတ်စရာမလိုပါဘူး။ ပျက်နေတဲ့ခုံလေးတွေ ပြင်တာ၊ စားပွဲခုံလေးတစ်ခု လုပ်တာမျိုးပါ။ ဒီလိုအတတ်ပညာတတ်ထားတာဟာလည်း အသက်ကြီးတဲ့အခါ တစ်ခုခုလုပ်နေရမှ ကျေနပ်သူတွေအတွက် များစွာ ဖြည့်ဆည်းပေးနိုင်ပါတယ်။ အိမ်ထဲမှာ လုပ်စရာတစ်ခုခုကတော့ အမြဲရှိနေတတ်ပါတယ်။

၎ - မွေးမြူရေး
အိမ်မွေးတိရစ္ဆာန်လေးတွေ ဝါသနာပါရင်လည်း ကောင်းပါတယ်။ သူတို့ကို ပြုစု ဂရုစိုက်နေရတာနဲ့ အချိန်တွေကုန်မှန်းမသိ ကုန်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင်သူတို့က သင့်အတွက် အဖော်ကောင်းဖြစ်လာမှာပါ။ သူတို့နဲ့ ပျော်စရာအချိန်တွေတောင်ရှိလာမှာပါ။

၅ - ခရီးထွက်ခြင်း
ဒါကတော့ ကျန်းမာရေးကောင်းဖို့လိုပါမယ်။ ငယ်စဉ်မှာ အလုပ်လုပ်နေရတာ၊ ကြိုးစားနေရတာ၊ ငွေရှာနေရတာနဲ့ အချိန်တွေကုန်ခဲ့ရပါတယ်။ ဘဝရဲ့နှောင်းပိုင်းမှာ ဒါတွေကို အတိုးနဲ့ပြန်ယူပါ။ မသွားတဲ့နေရာအသစ်အဆန်းတွေကိုသွားပါ။ ကမ္ဘာကြီးရဲ့ သဘာဝအလှတွေကို ခံစားပါ။ မရဘူးတဲ့ အတွေ့ကြုံသစ်တွေကို ရှာဖွေလိုက်ပါ။

Credit


Post a Comment