အသက်​၃၀ ဝန်းကျင်​မမ​တွေက အသက်၂၀အရွယ်​ ညီမငယ်​​တွေကိုသိ​စေချင်​တဲ့အရာများ

အသက် ၃၀ ၀န်းကျင်ရောက်လာပြီဖြစ်တဲ့ မမတွေက အသက် ၂၀အရွယ် ညီမငယ်တွေကို သိစေချင်တဲ့ အရာများ

သင့်မှာသာ အစ်မအရင်း တစ်ယောက်လောက် မရှိဘူးဆိုရင် အပျိုဖြစ်ခါစ အရွယ်၊ နောက် လူတွေနဲ့ နဖူးတွေ့ ဒူးတွေ့ဆက်ဆံရမယ့်အရွယ်၊ အလုပ်ခွင်အသီးသီးကို ၀င်ခါစ အရွယ် စတဲ့အရွယ်တွေမှာ ဘာတွေလုပ်ရမယ်၊ ဘာတွေရှောင်ရမယ်၊ ဘယ်လိုအရာမျိုးတွေတော့ မဖြစ်သင့်ဘူး ဆိုတာမျိုး ထောက်ပြပြောဆိုပေးမယ့် အစ်မတစ်ယောက်လောက်တော့ လိုချင်မိကြပါလိမ့်မယ်။ သူတို့ကသာ သူတို့ကြုံတဲ့ အတွေ့အကြုံတွေကို ဝေမျှပေးမယ်ဆိုရင် သင်ဟာ လူမှုဆက်ဆံရေးနယ်ပယ်မှာ ထင်သလောက် မခက်ခဲတော့ပါဘူး။ ဘ၀အသိတွေလည်း တိုးပွားလာမှာပါ။ ဒီတော့ အသက် ၃၀အရွယ်မမတွေက အသက် ၂၀၀န်းကျင် ညီမလေးတွေကို သိစေချင်တာက

၁။ကိုယ့်ဘာသာကိုယ် အကောင်းဆုံးလုပ်ဆောင်ပါ။ တခြားအမျိုးသမီးတွေကို မဝေဖန်ပါနဲ့။

အပြုံးတစ်ပွင့်စီ၊အရယ်အမောတစ်ချက်တိုင်း၊ မျက်ရည်တစ်စက်တိုင်း ရဲ့ နောက်ကွယ်တိုင်းမှာ သူတို့နဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းလေးတွေ ရှိပါတယ်။ တခြားသူရဲ့ဘ၀အကြောင်း ကိုယ်ဘာမှမသိပဲ သွားဝေဖန်တာမျိုး မဖြစ်ပါစေနဲ့။ ဒီတော့ ကိုယ့်အတွက်သာ ကိုယ်အကောင်းဆုံး ကြိုးစားနေထိုင်ပါ။

၂။ပိုက်ဆံစုပါ။

အနည်းဆုံးဘဏ်မှာ အကောင့်ဖွင့်ထားပြီး လတိုင်းလတိုင်း နည်းနည်းချင်းစီ ပိုက်ဆံစုတတ်တဲ့အကျင့်လေး ပြုစုပျိုးထောင်သွားပါ။ တစ်ခါတစ်လေ ၀ယ်ချင်တာတွေ ရှိနေရင်တောင် စုရမယ့် ပိုက်ဆံကိုတော့ စုဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် စိတ်ကိုထိန်းထားလိုက်ပါ။

၃။အမှတ်တရအချိန်လေးတွေ ရှိနေပါစေ။ အရာဝတ္ထုတွေထက် အမှတ်တရလေးတွေကို ပိုတန်ဖိုးထားပါ။

ဈေးကြီးပေးဝယ်ထားရတဲ့ ပစ္စည်းတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ငါငယ်ငယ်တုန်းက ဘာဝယ်ခဲ့တယ်ဆိုတာကိုတော့ ဘယ်သူမှ သိပ်သတိမရချင်ကြ၊ သတိမရတတ်ကြပါဘူး။ အဲ့ဒီအချိန်းတုန်းက ဘယ်သူငယ်ချင်းကတော့ဖြင့် ဘယ်လို၊ ငါတို့ဘာတွေလုပ်ဆောင်ခဲ့ကြတယ်ဆိုတာကိုတော့ မှတ်မှတ်ထင်ထင် ရှိနေတတ်ကြတာမို့ ကိုယ့်အတွက် အမှတ်ရစေမယ့် အရာတွေကိုသာ လုပ်ဆောင်သွားပါ။

၎။စိတ်အရမ်းပူတတ်တာမျိုးတွေကို ရပ်လိုက်ပါ။

သင်အသက် ၃၀အရွယ်လောက် ရောက်လာတဲ့အခါ အသက် ၂၀လောက်တုန်းက စိတ်ပူခဲ့ရတာတွေဟာ ဘာမှမဟုတ်တော့ပါလားဆိုတာ သိလာပါလိမ့်မယ်။

၅။ကျန်းမာရေးနဲ့ ပတ်သက်တာတွေ လေ့လာပါ။

အသက် ၂၀အရွယ်ကတည်းက ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်မယ်၊ GYM ဆော့မယ်၊ ယောဂကျင့်မယ် စတာတွေ လုပ်ဆောင်မယ်ဆိုရင် သင်ဟာ အသက်၃၀အရွယ်မှာ အားလုံးထက် ပိုနုပျိုကြည့်ကောင်းနေပါလိမ့်မယ်။ အခြားကျန်းမာရေးအသိတွေလည်း သင်ပိုင်ဆိုင်နိုင်အောင် ကြိုးစားလေလေ အသက်ရလာတဲ့အခါ သင်ဟာ ပိုကျန်းမာပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘ၀ကို ပိုင်ဆိုင်လေလေပါပဲ။

၆။သူငယ်ချင်းတွေ အများကြီးမရှိတာလည်း ကောင်းပါတယ်။

သင်နဲ့အတူ အေးအတူပူအမျှရှိပေးတတ်တဲ့ သူငယ်ချင်းတစ်စုတော့ သင့်အနားမှာ ရှိနေပါစေ။ သင်အသက်တွေ ရလာတဲ့အချိန်ထိ သူတို့ဟာ သင့်ဘေးမှာ အမြဲအတူ ရှိနေနိုင်မယ့်သူကိုသာ သူငယ်ချင်းအဖြစ် ရွေးချယ်ထားပါ။ သာပေါင်းညာစား သူငယ်ချင်းတွေကို တတ်နိုင်သမျှဖယ်ရှားပြီး ပေါင်းပါ။

၇။ကြင်နာတတ်ပါစေ၊ အေးအေးဆေးဆေး နေတတ်ပါစေ၊ ပရော်ဖက်ရှင်နယ်ဆန်ပါစေ။

လူတိုင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံတတ်အောင် လေ့ကျင့်ပါ။ ဒါပေမယ့် အခြားလူက ကိုယ့်ကိုအသုံးချသွားမယ့် ကိစ္စတွေကိုတော့ ခေါင်းငုံ့ခံနေစရာ မလိုပါဘူး။ ငယ်စဉ်အချိန်ကတည်းက သင်ဟာ ကိုယ်လုပ်ဆောင်ရမယ့် အရာတွေနဲ့ ပတ်သက်ရင် ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြုမူတတ်သူဖြစ်ပါစေ။

၈။ဘယ်အချိန်မှာ ရက်စ်လို့ ပြောပြီး ဘယ်အချိန်မှာ ငြင်းပယ်ရမယ်ဆိုတာ သိပါစေ။

အခွင့်အရေးတွေကတော့ သင့်ဆီကို လာနေမှာပါပဲ။ လာတဲ့အခါ လက်မလွှတ်တမ်းဆွဲကိုင်ထားရမယ့် အရာတွေကို သိဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် အလွန်အကျူးအားနာတတ်တဲ့ စိတ်ကြောင့် တစ်ချို့အရာတွေကိုတော့ ခေါင်းမညိတ်ပဲ နိုးလို့ တန်းငြင်းသင့်ရင် ငြင်းရပါလိမ့်မယ်။

TrendMyanmar
Search Myanmar


Post a Comment