တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၃၁)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
******************
လက်ဆွဲထားခဲ့၏။ ကြောက်လန့်နေခဲ့သော စာမိအား။ ထီးကလေးတစ်ယောက်။ ထိုအခန်းတွင်းမှ သူငယ်ချင်းဖြစ်သူများနှင့် လျင်မြန်စွာထွက်ခွာခါ လှေကားဆီသို့ သုံးလေးလှမ်းမျှ တတ်ရောက်လိုက်သည်နှင့် လူသတ်လက်နတ်ကိုင်ဆောင်ထားကြသော လူသတ်သမားလေးဦးအား မြင်တွေ့လိုက်ရလေသည်။ အောက်ထပ်တွင်လည်း မောင်စန်းမြင့်၏အနောက်သ်ို့ လိုက်ပါလာကြသော ပယောဂါဆရာအောင်ကိုနှင့် ဆရာဝန်ကြီးတို့သည်လည်း ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ လူသတ်သမားလေးဦးသည်လည်း လူငယ်များအား မြင်တွေ့လိုက်ရသည်နှင့် အသေသတ် တိုက်ခိုက်ရန် ဟန်ပြင်လိုက်စေတော့သည်။
''လမ်းလေး!… သတိထားနော်''
''ရတယ်ထီးလေး… မင်းမျှားလေးနဲ့မောင်ကဲကို ဂရုစိုက်ထား… ငါးလေးနဲ့ငါ သူတို့ကိုတိုက်မယ်''
ညနေဆောင်းလာပြီဖြစ်သည်။ မကြာခင်အချိန်တွင်းမှာပင် နေမင်းကြီးပျောက်ကွယ်လျက် အမှောင်ထုကြီး အုပ်စိုးလာတော့မည်ဖြစ်သည်။ နပ်စ်မလေး လမ်းညွှန်ပေးလိုက်သည့်အတိုင်း အပေါ်ဆုံးထပ်သို့ တတ်ရောက်သွားမည်ဆိုလျင် ဆေးရုံဝဏ်းအတွင်းမှ ထွက်ခွာသွားနိုင်မည်မှာ မလွဲလှချေ။ သို့သော် ယခု လူငယ်များ၏အရှေ့၌ လူသတ်သမားလေးဦး ပိတ်ဆို့ထားခဲ့သည်ကြောင့် ထိုသူများအား ကျော်လွှားသွားနိုင်မှာသာလျင် ထွက်ပေါက်ဆီသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
သွက်လက်လှသော လူငယ်များ။ သို့မဟုတ်။ သူသေကိုယ်သေ တိုက်ခိုက်ရတော့မည့် အခြေများနှင့် ရင်ဆိုင်နေခဲ့ရသည်ကြောင့် တစ်ဦးကိုတစ်ဦး အကာကွယ်ပေးစေခါ ဆေးရုံအတွင်းမှ အပြင်သို့ထွက်ခွာနိုင်ရန် လုပ်ဆောင်ကြမည်ဖြစ်သည်။ လူသတ်သတ်သမား လေးဦး၏ လက်ဝယ်အတွင်း၌ သံတုတ်များအား ကိုယ်ဆီကိုင်ဆောင်ထားစေရင်း လူငယ်များအား စတင်တိုက်ခိုက်ကြလေသည်။ ငါးကလေးနှင့် လမ်ကလေး နှစ်ဥင်္ီးသားမှာမူ ထိုသူများအား ရှေ့တန်းမှ တိုက်ခိုက်မည်ဟု ဟန်ပြင်ထားစေရင်း ထီးကလေးနှင့် မျှားကလေးသည်လည်း အနောက်မှ နေရာယူဟန်ပြင်ထားစေသည်။
အပြေးဝင်ရောက် တိုက်ခိုက်ကြ၏။ ထိုသူများ။ လူငယ်များသည်လည်း အရှောင်အတိမ်းအမျိုးမျိုးဖြင့် ပြန်လည်ခုခံခါ မိမိတို့၏အသက်ကိုပင် လုယူနေခဲ့ရသည်။ တိမ်းရှောင်မှုများမှာ အကွက်မကျ။ တိုက်ခိုက်နေခဲ့သော လူသတ်သမားများမှာမူ အကွက်ကျစွာ တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုသူများ ကိုင်ဆောင်ထားကြသည့် သံတုတ်ဖြင့် ဦးခေါင်းဆီသို့ မရိုက်မိစေရန်သာ ရှောင်တိမ်းနေခဲ့ရသည်။ တစ်ခြားသော ကိုယ်လက်အင်္ဂါများအား အခတ်မသင့် ရိုက်မိခဲ့လျင် ကျိုးပဲ့ရုံမျှလွဲ၍ အသက်အား ထိခိုက်မည်မဟုတ်ချေ။ ထို့ကြောင့် အသက်ကိုပင်လျင် မထိခိုက်စေရန် ကာကွယ်နေခဲ့ရင်း လူသတ်သမားများအား ခံစစ်ဖြင့်ုပြန်လည်တိုက်ခိုက်နေခဲ့ရသည်။
"သြော်!… သီရိမေ… မင်းက နှစ်ခါပြန်သေချင်တယ်ပေါ့ဟုတ်လား"
"လူယုတ်မာတွေ… နင်တို့ကိုငါပြန်သတ်မယ်"
"မင်းလမ်းမင်းမသွားပဲ ငါတို့ကိုနှောက်ယှက်နေတယ်ပေါ့… မောင်အောင်ကို ထွက်လာခဲ့ပေးပါ''
"သီရိမေ!… အခုချိန်ကစပြီး မင်းစင်္ကြာဝဏာ တံတိုင်းအပြင်ဘက်ကို ထွက်သွားပေတော့… ကဲရော့''
''အား!… မလုပ်ပါနဲ့ ကျွန်မရှင့်ကို ကြောက်တယ်… ကျွန်မကို မချုပ်ထားပါနဲ့… ရှင်… ရှင်က ထီးလေးတို့ရဲ့"
"မောင်အောင်ကို သူ့စကားကို နားထောင်မနေနဲ့… လုပ်စရာရှိတာ ဆက်လုပ်''
''မင်းဥာဏ်များမယ်မကြံနဲ့… စန်းမြင့်ကိုယ်ထဲကနေ ထွက်ပြီး ငါ့ခေါ်ရာကို မင်းလိုက်ခဲ့ရမယ်!… အခုချက်ချင်းထွက်စမ်း"
"အား!… ပူတယ် ကျွန်မပူတယ် ကျွန်မကို လွတ်ပေးပါ ကျွန်မသူတို့ကိုကယ်ပါရစေ ကျွန်မကို လွတ်ပေးပါ''
''ကဲ့ကွာ…"
"အား!…"
ပဲ့တင်ထပ်နေခဲ့၏။ စူးနစ်လှသော ဝိဥာဉ်မလေး၏ အော်သံများ။ ပယောဂါဆရာ အောင်ကိုသည်လည်း သူ၏လွတ်အိတ်လေးအတွင်းမှ အစီရင်များဖြင့်ပြုလုပ်ထားခဲ့သော ခြေမန်းကွင်းများဖြင့် ဝိဥာဉ်မလေးအား တုတ်နှောင်ဖမ်းစည်းထားစေသည်။ မောင်စန်းမြင့်အသွင်ဖြစ်စေခါမူ အော်ဟစ်သံများနှင့် အမူယာများမှာ မိန်းကလေးတစ်ဦး၏ ဟန်အမူယာများပင်ဖြစ်လေသည်။ ပထဦးစွာဖမ်းချုပ်လိုက်သော ခြေမန်းကွင်းများအား ဝိဥာဉ်မလေးမှာမူ ခံနိုင်ရည်ရှိစွာ ကြိတ်မှိတ်နေခဲ့သေးသည်။
ခန္ဓာကိုယ်တစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်နေသကဲ့သို့ ပူလောင်နေခဲ့ရသော ခံစားမှုများကြားမှ ပယောဂါဆရာ အောင်ကိုအား ထီးကလေး၏မိတ်ဆွေပင်ဖြစ်သည်လားဟု သူမမေးမြန်းမည်ဖြစ်သည်။ သို့သော် မေးမြန်းခွင့်မရ။ ဆရာဝန်ကြီး၏ တရက်ဆက်ပြောဆိုလိုက်သော စကားများကြောင့် အောင်ကိုသည်လည်း ထပ်မံပြင်းထန်လှသော အစီရင်ခြေမန်းကွင်းများဖြင့် ထပ်မံဖမ်းစီးလေခဲ့သည်။ ပူးကပ်နေခဲ့သော ဝိဥာဉ်မလေးသည်လည်း မောင်စန်းမြင့်၏ ခန္ဓာကိုယ်အတွင်းမှ ကြာရှည်စွာမနေနိုင်တော့ချေ။ သို့နှင့် မောင်စန်းမြင့်၏ ခန္ဓာကိုယ်အား စွန့်ခွာလျက် သူမသည်လည်း လွတ်ရာဆီသို့ ပြေးမည်အလုပ် အောင်ကို၏ ဖမ်းစီးတုတ်နှောင်လိုက်ခြင်းအား ခံစားလိုက်ရလေသည်။
''စန်းမြင့်… စန်းမြင့်… စန်းမြင့်တပည့်ကြီး''
''ဟင်… ကျုပ်… ကျုပ်ဘာဖြစ်သွားတာလဲဆရာ''
''မင်းကို သီရိမေ ဝိဥာဉ်ပူးကပ်နေတာ''
''ဗျာ… ဒီကောင်မက ကျွန်တော့်ကိုယ်ထဲကို ဝင်နိုင်နေပြီပေါ့ဟုတ်လား!… တွေ့ကြသေးတာပေါ့ကွာ တောသားမင်းကရော ဒီမှာဘာလုပ်နေတာလဲ''
''မင်းကို မောင်အောင်ကို ကူညီပေးခဲ့တာ!… အထင်မလွဲနဲ့ သူလဲ သီရိမေကို ထိန်းချုပ်နိုင်တယ်!''
''ဟင်… ဟုတ်လား အေးကွာ ကျေးဇူးတင်တယ် အဲ့ကောင်မ ဝိဥာဉ်ဘယ်မှာလဲ ငါ့ကိုပေးစမ်း ကမ္ဘာကြီးအပေါ်ကနေ အပြီးပိုင် မောင်းထုတ်ပစ်မယ်''
''ထားလိုက်ပါကိုစန်းမြင့်ရာ သူလဲ နောက်တစ်ခါ ထပ်မကပ်နိုင်တော့ပါဘူး ထားလိုက်တော့''
''အိုးကွာ !… မထားနိုင်ဘူ ဘယ်မှာတုန်း အဲ့ကောင်မ''
''မောင်အောင်ကို ထိန်းချုပ်ပေးထားတယ်မောင်စန်းမြင့် စိတ်ချရပါပြီ!… အခုဟိုကောင်လေးတွေ အခန်းထဲမှာ မရှိကြတော့ဘူး အားလုံးပြေးကုန်ကြပြီး''
''ဘာ!…''
''ဟာ… ဘယ်ကိုပြေးကုန်ကြတာလဲဆရာ''
''သီရိမေ မင်းကိုယ်ထဲဝင်ပြီး သူတို့အားလုံးကို လွတ်ပေးလိုက်တာ… အပေါ်ဆုံးထွက်ပေါက်ဆီကို ပြေးကြတာပဲဖြစ်လိမ့်မယ်''
''ဟာ!… ဒါဆိုအမှီလိုက်မှဖြစ်မှာပေါ့ လာလာ''
မောင်စန်းမြင့်၏ ခန္ဓာကိုယ်အတွင်းမှ သီရိမေ၏ ဝိဥာဉ်အား တောသားအောင်ကိုမှာမူ ချုပ်နှောင်ထားစေခဲ့သည်။ အပြီးသတ်သည့်အထိ အဆုံးမသတ်သေး။ ထိုဝိဥာဉ်မလေးဟာ မည်သူ့အား ကယ်တင်ပေးချင်သည်ဟု ပြောဆိုခဲ့သနည်း။ တောသားအောင်ကို၏ စိတ်အတွင်း၌ တွေဝေနေမိသည်။ ပို၍သေချာစွာ သိရှိလိုက်ရသည်က ဆရာဝန်ကြီးတစ်ယောက် မောင်စန်းမြင့်အား အလောတကြီး ပြောဆိုလိုက်သော စကားများကြောင့် ဝိဥာဉ်မလေးဟာ မိမိ၏မိတ်ဆွေများအား ကယ်တင်ပေးနေခဲ့ခြင်းသာဖြစ်ဟု ကောင်းစွာသိရှိလိုက်ရလေသည်။ သူတစ်ယောက်မှားသွားလေသလား။
ဝိဥာဉ်မလေးအား ရက်စက်စွာ မိမိတစ်ယောက်ပြုမိလေပြီ။ ပို၍ပင်ဆိုးသည်က ဝိဥာဉ်မလေးအား ထိန်းချုပ်ထားခဲ့သော ခြေမန်းကွင်းများဟာ ဒေါက်တာသန်းနိုင်၏ လက်ဝယ်အတွင်းသို့ မိမိတစ်ယောက် ပေးမိလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူမအား အလွယ်တကူနှင့် ပြန်လည်ကယ်တင်ပေးရမည်ကိုပင် လွန်စွာခတ်ခဲသွားလေခဲ့သည်။ မည်သို့ပင်ကယ်တင်ပေးရမည်နည်း။ မိမိတစ်ယောက် အမှားကြီးမှားစွာ မှားခဲ့ရလေပြီ။ စဉ်းစားမနေချင်တော့ချေ။ မိမိ၏မှားယွင်းစွာပြုမူမိသော ဝိဥာဉ်မလေးအား သူတစ်ယောက် အခတ်ခဲများကြားမှ မဖြစ်ဖြစ်သည့်လမ်းဖြင့် ကယ်တင်ပေးမည်ဟု ဆုံးဖြတ်ထားခဲ့သည်။
အခန်းတွင်းမှ လူငယ်လေးများ လွတ်မြောက်သွားခဲ့သည်ကြောင့် မောင်စန်းမြင့်သည်လည်း သတိရရှိလာသည်နှင့် ထိုလူငယ်များ၏အနောက်သို့ အမှီလိုက်ရန် လူသတ်သမားတစ်စုနှင့် အပြေးတတ်ရောက်လေတော့သည်။ တောသားအောင်ကိုသည်လည်း ထိုသူတို့၏အနောက်မှ တစ်ပါတည်းလိုက် ပါတတ်သွားခဲ့ရသည်။
ရှောင်တိမ်းခဲ့ရ၏။ လူသတ်သမားများ၏ လက်ဝယ်အတွင်းမှ မိန်းကလေးဖြစ်သည့် မျှားကလေးသည်လည်း တစ်နိုင်တစ်ပိုင် လူသတ်သမားများအား တိုက်ခိုက်စေခဲ့ရင်း အသေခံအနာခံခါ တိုက်ခိုက်မှု့များကြောင့် ထိုသူလေးဦးအား တိုက်ခိုက်လိုက်နိုင်သည်။ တစ်ဦးကိုတစ်ဦး အပြုံးလေးများဖြင့် ကြည့်လိုက်စေရင်း အင်အားအသစ်များ ပြန်လည်မွေးမြူရသည်။
''ထီးလေး… မင်းဘာဖြစ်သွားသေးလဲ''
''ဘာမှမဖြစ်ဘူး… ကဲလာ… အပေါ်ကိုမြန်မြန်တတ်မယ်''
''ကြောက်တယ် ငါကြောက်တယ် ငါမလိုက်ဘူး''
''ဟာ!… မောင်ကဲ မင်းရူးနေလား လာမြန်မြန်တတ်လေ''
''ထီးလေး!… မင်းသူငယ်ချင်း မောင်ကဲ သွေးပျက်နေတယ် သူ့ကိုမအော်နဲ့ ချော့ခေါ်မှဖြစ်မယ်''
''မောင်ကဲ သူငယ်ချင်း လာ!… ငါတို့အိမ်ပြန်ကြမှာ လာ!…မြန်မြန်တတ်ခဲ့''
မျက်လုံးအိမ်များ လှည့်ပတ်နေသည်က အရုးတစ်ယောက်ကဲ့သို့ပင် သွေးပျက်နေခဲ့သည့် မောင်ကဲအား နွေးထွေးစွာ လက်တွဲခေါ်လျက် အပေါ်ဆုံးထွက်ပေါက်ဆီသို့ လျင်မြန်စွာဖြင့် ဦးတည်ကြလေသည်။
''ဟာ!… ဟေ့ကောင်တွေ ဟေ့ကောင်တွေ''
''တော်တော်ညံ့တဲ့ကောင်တွေကွာ မင်းတို့ကိုတပည့်မွေးမိတာ မှားပြီနဲ့ထင်တယ်!… လိုက်ကြစမ်းကွာ အပေါ်ကို မြန်မြန်လိုက်ကြ မိတာနဲ့ တစ်ခါတည်းသတ်ပစ်''
''မောင်စန်းမြင့်!… ဘယ်လိုလုပ်မလဲ ငါတို့လိုက်ရင်လဲ မမှီလောက်တော့ဘူး… တစ်ခုခုကြံပါဦး… ဒီကောင်တွေထဲက တစ်ယောက်ယောက် လွတ်သွားလို့မဖြစ်ဘူးကွ ငါတို့အားလုံးဒုက္ခရောက်သွားလိမ့်မယ်''
''ဘာမှမပူနဲ့ဆရာ ကျုပ်အားလုံးစီစဉ်ပြီးသား!… ကျူပ်ပညာနဲ့ ဒီကောင်တွေ ဆေးရုံထဲက လုံးဝထွက်လို့ရမှာ မဟုတ်ဘူး"
''တကယ်ပြောနေတာလားစန်းမြင့်!… ဒါဆိုမြန်မြန်လုပ်''
''ဟေ့ကောင် အောက်ထပ်က မိန်းသွားချ ဆေးရုံတစ်ခုလုံး မီးပျက်ထားရမယ်… အမှောင်ထုကို အားသာချက်ယူပြီး ဒီကောင်တွေကိုလှည့်စားမှရမယ်'
''ဟုတ်… ဟုတ်ကဲ့ဆရာစန်းမြင့်''
ပထမထပ်သို့ရောက်ရှိလာခဲ့၏။ လူငယ်များ၏ တိုက်ခိုက်မှု့များကြောင့် ကြမ်းပြင်ပေါ်တွင် လဲကျနေခဲ့သော သူ၏တပည့်များအား တွေ့ရှိလိုက်ရသည်။ မောင်စန်းမြင့်တစ်ယောက် အလွန်ပင်ဒေါသထွက်သွား၏။ လူသတ်သမားသုံးဦးအား အပေါ်ထပ်လှေကားများဆီသို့ အမှီလိုက်ရန် စေခိုင်းလိုက်ရင်း မောင်စန်းမြင့်မှာမူ သူ၏ကျွမ်းကျင်စွာ တတ်မြောက်ထားခဲ့သော မျက်လှည့်ပညာဖြင့် ဆေးရုံအတွင်းမှ လူငယ်လေးများ ထွက်ခွာမသွားနိုင်ရန် ပြုလုပ်မည်ဟုပြောဆိုလေသည်။ သို့နှင့် ဆေးရုံဝန်ထမ်းတစ်ဦးအား မြေညီထပ်တွင်ရှိနေသော မီးခလုတ်များ သွားရောက်ပိတ်ခိုင်းစေခဲ့သည်။
နေမင်းကြီးပျောက်ကွယ်လုနီးပါး ညနေဆောင်းချိန်ဖြစ်သည်။ လူငယ်လေးများသည်လည်း လှေကားများဆီမှ အဆင့်ဆင့်တတ်ရောက်နေခဲ့ရင်း ဒုတိယအထပ်ဆီသို့အရောက် ရုတ်တရက် ဆေးရုံရှိမီးချောင်း မီးလုံးများ ပိတ်သွားစေခဲ့သည်။ သေချာလေပြီ။ ဆေးရုံ၏ မည်သည့်နေရာတွင် မည်သည့်ပစ္စည်းများရှိနေသနည်း မသိရှိခဲ့သော မိမိတို့အား အမှောင်ချစေ၍ လမ်းပျောက်သွားစေရန် ပြုလုပ်တော့မည်မှာ သေချာသွားလေသည်။
''ငါးလေး… မျှားလေး… ငါတို့ကိုလမ်းပျောက်အောင်လုပ်လိုက်ပြီ… လူစုကွဲလို့မဖြစ်ဘူးနော်… အားလုံးကြားလား''
''ထီးလေး… ထွက်ပေါက်က ဘဟ်မှာလဲ''
''အပေါ်ဆုံးထပ်မှာ… လာပါ တတ်… အားလုံးတစ်စုတစ်စည်းတည်း နေကြနော် မောင်ကဲ မကြောက်နဲ့ကြားလား ငါတို့ရှိတယ်''
စမ်းတဝါးဝါး အလင်းရောင်လေးရှိသေး၏။ ဒုတိယအထပ်တွင်ဖြစ်သည်။ အပေါ်ဆုံးထပ်သို့ အရောက်လှမ်းနိုင်ရန် ဆယ့်နှစ်ထစ်ခန့်ရှိသော လှေကားတစ်ခုအား တတ်ရောက်ရဦးမည်ဖြစ်သည်။
''ရပ်ကြစမ်း… ဟေ့ကောင်တွေ''
''ဟင်!… လူသတ်သမားတွေ ငါကြောက်တယ် ငါကြောက်တယ်''
မာန်ပါလှသော အသံနှင့် အနောက်မှ လိုက်ပါလာခဲ့သော လူသတ်သမားများ၏ အော်ပြောသံအား ကြားလိုက်ရသည်ကြောင့် မောင်ကဲမှာမူ လွန်စွာတုန်လှုပ်သွားခဲ့ရင်း အတူတကွရှိနေခဲ့သော နေရာဆီမှာ အပေါ်ဆုံးထပ်သို့ တစ်ဦးတည်း မောင်ကဲတစ်ယောက် ပြေးတတ်သွားလေ၏။
''မောင်ကဲ မောင်ကဲ မပြေးနဲ့လေ''
''ငါးလေး!… မောင်ကဲနောက်ကို မြန်မြန်လိုက်… သွား…''
''မင်းတို့ကရော''
''သွား!… ဒီလူတွေကို ငါတို့အပျက်ရှင်းထားလိုက်မယ် မင်းမြန်မြန်လိုက်သွာ''
အပေါ်ဆုံးထပ်သို့ တတ်ရောက်ရန် ရွယ်လျက်ရှိနေခဲ့သော လူငယ်သုံးဦးမှာမူ သူငဟ်ချင်းဖြစ်သူ ငါးကလေးအား ထွက်ပြေးသွားခဲ့သော မောင်ကဲ၏အနောက်သို့ အမှီလိုက်ရန် စေခိုင်းလိုက်လေသည်။ ကျန်ရစ်နေခဲ့သော လူငယ်များမှာမူ မိမိတို့အားဟန့်တားလိုက်သည့် လူသတ်သမားများနှင့် အပြန်အလှန်တိုက်ခိုက်တားစီးရန် ဟန်ပြင်လိုက်စေသည်။
*******
''အင်း!…ကိုမောင်ဝင်းပြောပုံအရဆိုရင် သံသယအရှိဆုံး ပစ်မှတ်က ပိတ်ထားတဲ့ မြို့မဆေးရုံပဲပေါ့''
''ဟုတ်တယ် ကိုမောင်စိုး ကျွန်တော်လဲ အဲ့ဒါကြောင့် မြို့မဆေးရုံကို ရှာဖွေမှတ်တမ်းနဲ့ ရှာဖွေခဲ့ပြီးပြီး ဒါပေမယ့် အဲ့ဒီမှာလည်း ဘာတစ်ခုမှ မသင်္ကာစရာမတွေ့ခဲ့ရဘူးဗျ'
''ဘာပဲဖြစ်ဖြစ်ဗျာ!… အစိုးရက တရားဝင်ပိတ်တဲ့ ဆေးရုံတစ်ခုကို နားလည်မှု့ယူပြီး ဖွင့်နေတယ်ဆိုတာ လုံးဝဘောင်မဝင်ဘူး!… သူတို့ပြောလိုက်သလို… နယ်မြေပိုင်စခန်းမှူးကြီးနဲ့ အပေးအယူလုပ်ပြီး တိတ်တဆိတ်ဖွင့်နေတယ်ဆိုတာလဲ… အထက်ကသိရင် ချက်ချင်းပိတ်ပစ်လိုက်လို့ရတယ်!… အခုချိန်ထိလဲ နယ်မြေပိုင်စခန်းမှူးကြီး ပျောက်ဆုံးနေတယ်ဆိုတော့ အင်း… တော်တော်လေးကိုမှ ရှုတ်ထွေးလွန်းတဲ့ ပြဿနာပါလားနော်"
"ကျွန်တော်မောင်ဝင်းလဲ အခုချိန်ထိ တိတိကျကျအဖြေမပေးနိုင်သေးလို့ အရှက်ရမိပါတယ်… သြော်ဒါပေမယ့် ကျွန်တော့်ဆီမှာ အဓိက သက်သေတစ်ဦးလို့ ပြောလို့ရတဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်… သူက ကားကြီးတိမ်းမှောက်မှု့ထဲမှာ ပါနေတဲ့ လူတစ်ယောက်ပဲဗျ…ပြီးတော့ နယ်ထိန်းကိုကြည်ဦးကလဲ သူ့ကိုကယ်ရင်းနဲ့ အသတ်ခံလိုက်ရတာ''
''ဟင်… အဲ့ဒါဆို သူအခုဘယ်မှာလဲ… သူ့ကိုမမေးဘူးလား''
''သူ့မှာ အပြင်းထန်ဒဏ်ရာတွေရထားတယ်ဗျ… အခုချိန်ထိလဲ ကောင်းကောင်းသတိမရသေးဘူး ပင်မသွေးကြောကြီးတွေကိုးမှ အဖျက်ခံထားရတယ် ပြီးတော့… ဆရာဝန်ကြီးကလဲ ပြောတယ် သူမှာဦးနှောက်နဲ့ အာရုံကြောလဲ ထိခိုက်မိသွားတယ်တဲ့ အခုလောလောဆယ်တော့ သတိကောင်းကောင်းရမှာမဟုတ်သေးဘူး… သတိရလာခဲ့ရင်လဲ သူပြောလာတဲ့ စကားတိုင်းကို လက်မခံပဲ သေချာစဉ်းစားဖို့ပြောတယ် ကျွန်တော်လဲ သူသတိရလာမယ့်အခ်ျန်ကို စောင့်နေတာပါပဲဗျာ''
''လေးစားပါတယ်ဆရာ… ကျွန်တော်တို့ တစ်ခုလောက်တင်ပြပါရစေ''
ပြောပါဗျ ဘာများတုန်း''
''ဒီလိုပါဆရာ… ကျွန်တော်နဲ့ရဲဘော်နှစ်ယောက်က အဲ့ဒီဆေးရုံရဲ့ အပေါ်ဆုံးထပ်မှာ တာဝန်ယူရှာဖွေခဲ့ပါတယ်… ဒီကဆရာနဲ့ နောက်နှစ်ယောက်က ဒုတိယအထပ်မှာ ရှာဖွေခဲ့ကြတယ် အပေါ်ဆုံးထပ် အခန်းတိုင်းလိုလိုမှာ ပစ္စည်းအဟောင်းတွေ ထည့်ထားတာကိုပဲ တွေ့ခဲ့ရတယ် အခန်းထဲမဝင်ခင် ကျွန်တော်တို့စိတ်ထဲမှာ လန်းဆန်းနေပေမယ့် အခန်းထဲဝင်ပြီးရှာလိုက်တာနဲ့ ကျွန်တော်တို့စိတ်တစ်ခုလုံး မွန်းကြပ်လာခဲ့တယ်ဆရာ အမြင်တစ်ခုလုံးလဲ ဝေဝါးလာသလိုခံစားရတယ် အစကတော့ ကျွန်တော်တစ်ယောက်တည်း အဲ့ဒီလိုဖြစ်နေတယ်လို့ ထင်နေတာ နောက်မှသိလိုက်ရတယ်. ဒီကဆရာနဲ့ တခြားရဲဘော်တွေလဲ ကျွန်တော်လိုဖြစ်ကြတယ်တဲ့''
''ဟုတ်ပါတယ်ဆရာ''
''ပြီးတော့ အခန်းတိုင်လိုလိုမှာ ဆေးရုံသုံး သံကုတင်တွေကိုးပဲ တွေ့ခဲ့ရတယ်ဆရာ ဒုတိယအထပ်မှာလဲ ကျွန်တော်တို့အပေါ်ဆုံးထပ်မှာ တွေ့ခဲ့ရတဲ့ ပစ္စည်းတွေနဲ့ တစ်ပုံစံတည်း ပစ္စည်းတွေကိုပဲ တွေ့ခဲ့ရပါတယ်''
''ဟုတ်ပြီ ရဲဘော်ဆိုလိုချင်တာက''
''ဒီလိုပါဆရာ!… အခန်းတိုင်းလိုလို တစ်ပုံစံတည်းဖြစ်နေတာကို ပြောချင်တာပါ!… ကျွန်တော်တို့အထင် မှော်ပညာတစ်ခုခုနဲ့များ လှည့်စားထားသလားလို့ ထင်နေမိတယ်''
ပုံစံကျကျရပ်တည်နေခဲ့ရင်း အရာရှိကိုခင်မောင်စိုးနှင့် ရဲအုပ်မောင်ဝင်းတို့အား ပြောဆိုပြနေသည့် ရဲသားလေးမှာ မှိုင်တွေငေးငိုင်စွာနှင့် ထိုကဲ့သို့ပြောဆိုလိုက်လေသည်။ ကိုခင်မောင်စိုးမှာမူ ရဲသားလေး၏ ပြောစကားများအား စိတ်ဝင်တစား နားထောင်နေခဲ့သော်လည်း ယခုမှော်ပညာတစ်ခုခုဟု ပြောဆိုလိုက်သော စကားများကြောင့် ခပ်ပြုံးပြုံးအမူယာသို့ ပြောင်းလဲသွားစေခဲ့သည်။ တပြိုင်နက် နှုတ်မှလဲ ရယ်မောသံများ ရောနှောနေခဲ့သော စကားသံများဖြင့် ထိုသို့ပြောဆိုလာခဲ့သည်။
''ဟော… မှော်ပညာ အဲ့လိုလဲ တစ်ထစ်ချ ရမ်းပြောလို့မရဘူးဗျ… မှော်ပညာဆိုတာဘာလဲ မှော်ပညာဆိုလဲ ကျွန်တော်တို့ဘက်က ခိုင်ခိုင်လုံလုံ သတ်သသေပြနိုင်ဖို့ အရေးကြီးတယ်လေ ကဲ!…မှော်ပညာပဲထားပါတော့ ဘယ်မှာတုန်း အကောင်အထည်… ခင်ဗျားပြောတာတော့ ကျွန်တော်လက်ခံပါတယ် ဒါပေမယ့် မမြင်ရမတွေ့ရတဲ့ မှော်ပညာကို ကျွနိတော်တို့ဘက်က ထိုးချလိုက်မယ်ဆိုရင် ဒါဟာ တမင်သတ်သတ် အကွက်ဆင်ဖမ်းသလိုဖြစ်နေရလိမ့်မယ်''
''ပြီးတော့ သူတို့ဆေးရုံကို ကျွန်တော်တို့အနေနဲ့ ချက်ချင်းသွားပိတ်လိုက်လို့ရတယ် ဒါပေမယ့် သူတို့လက်ထဲမှာ ဘယ်သူတွေရှိနေလဲ ဘယ်သူတွေကိုထိန်းချုပ်ထားသေးလဲဆိုတာ သိရမှဖြစ်မယ် ဒါမှလဲ သူတို့တစ်ဖွဲ့လုံးကို ကျွန်တော်တို့ရဲတပ်ဖွဲ့က အပိုင်နိုင်ဖမ်းနိုင်မှာလေ!… မှော်ပညာနဲ့ ပြုစားတယ်ဆိုတဲ့ စကားကိုတော့ ကျွန်တော့်အနေနဲ့ သိပ်ဘဝင်မကျဘူး ကိုမောင်ဝင်း ခင်ဗျားရောဘယ်လိုမြင်လဲ''
''ကိုမောင်ဝင်း ကိုမောင်ဝင်း''
ရဲသားလေး၏ ပြောစကားများ ဆုံးသွားသည့်အချိန်မှစတင်ခါ ကိုမောင်ဝင်းတစ်ယောက် ယခုအချိန်ထိ တစ်စုံတစ်ခုအား ငေးငိုင်စွာတွေဝေနေခဲ့၏။ အရာရှိကိုခင်မောင်စိုး၏ ပြောစကားများကိုပင် သူတစ်ယောက် မကြားနိုင်ခဲ့ချေ။ ကိုခင်မောင်စိုးသည်လည်း ရဲသားလေးပြောဆိုလာခဲ့သော မှော်ပညာဟူသည့် စကားများနှင့်ပတ်သတ်ခါ လုံးဝလက်မခံနိုင်ခဲ့ချေ။ သူတစ်ယောက် ယုံကြည်လက်ခံခြင်း မရှိသောကြောင့် ရဲသားလေး၏ စကားများအား လက်မခံပါဟု ငြင်းဆိုခြင်းမရှိခဲ့သော်လည်း ပညာသားပါပါဖြင့် ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ နံဘေး၌ရှိနေသော ကိုမောင်ဝင်းအား သူ၏အထင်မြင်များ သိစေချင်သောကြောင့် ကိုမောင်စိုးမှာမူ စကားအကူအနေဖြင့် ခေါ်ဆိုလိုက်သော စကားများအား ကိုမောင်ဝင်းမကြားနိုင်ခဲ့ချေ။ သုံးလေးခွန်းမျှ ဆင့်ခေါ်လိုက်မှသာ ကိုမောင်ဝင်းကြားသိသွားခဲ့သည်။
''ဗျာ… ဗျာ''
''သြော်!… ဘာတွေ တွေးနေတာလဲကိုမောင်ဝင်း ဒီကဆရာ ပြောတဲ့ မှော်ပညာဆိုတာကိုး ကိုမောင်ဝင်းဘယ်လိုမြင်လဲလို့''
''အငွေ့!… အငွေ့ အဲ့ဒီအငွေ့ကို ကျုပ်ရှု့မိလိုက်ကတည်းက စိတ်တစ်ခုလုံး မွန်းကြပ်သွားတယ် စိတ်ထဲမှာလဲ ဘာတစ်ခုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိတော့ဘူး… အဲ့ဒါဘာငွေ့ပါလိမ့်''
''ဟင်!… ကိုမောင်ဝင်း ခင်ဗျားဘာကိုဆိုလိုတာလဲ''
'ဒီလိုဗျ… ဆေးရုံတစ်ခုလုံး ရဲဘော်လေးတွေကို ကျုပ်ရှာခိုင်းလိုက်တယ် မြေညီထပ်မှာ ကျွန်တော်တစ်ယောက်တည်း်ကျန်နေခဲ့တယ် အဲ့ဒီအချိန်မှာ ကျွန်တော့အငွေ့တစ်ခုကို ရှု့မိလိုက်တယ်… ခေါင်းထဲမှာ ဘာမှမလုပ်ချင်တော့ဘူး ဘာမှလဲမစဉ်းစားချင်တော့ဘူး ထိုင်မှိုင်းသွားခဲ့တယ်ဗျ!… အဲ့ဒီအငွေ့ထွက်လာလို့ သူတို့အားလုံးကို ကျွန်တော်လှည့်ကြည့်မိတယ် သူတို့အားလုံးရဲ့ မျက်နှာမှာ နာခေါင်းစည်းတွေတပ်ထားကြတာကို တွေ့တယ် ဘာကြောင့်အဲ့လိုတပ်ထားရတာလဲ ဆိုတာကိုလဲ ကျွန်တော့်ပါးစပ်က မေးမထွက်ဘူးဖြစ်နေတယ် ဟုတ်တယ်… ဟုတ်တယ်''
တွေဝေစွာပြန်လည်ပြောဆိုနေသော ကိုမောင်ဝင်း၏စကားများ ကိုခင်မောင်စိုးနားမလည်နိုင်။ မျက်မှောင်အားကျူတ်လျက် သူ့အားစိုက်ကြည့်နေမိသည်။ ထို့နောက် ခေါင်းလေးအား အသာရမ်းခါစေခဲ့ရင်း ကိုခင်မောင်စိုး သက်ပြင်းတစ်ချက်အား ဖြည်းညင်းစွာချလိုက်သည်။
တပြိုင်နက် အရှေ့စားပွဲအပေါ်တွင် တင်ထားခဲ့သော ရဲအုပ်မောင်ဝင်း၏ လက်ကိုင်ဖုန်းကလေး ရုတ်တရက်မြည်လာခဲ့သည်။ ခေါ်ဆိုသူမှာ အပြင်းထန်ဒဏ်ရာများနှင့် တန်ခိုးအား စောင့်ကြည့်နေခဲ့သော ဆန်းထွန်းပိုင်၏ ဖုန်းနံပါတ်ပင်ဖြစ်စေသည်။ ဖုန်းဝင်လာခဲ့သည်ကြောင့် လက်ခံပြောဆိုခဲ့၏။ ဆေးရုံ၌ရှိနေသော တန်ခိုးတစ်ယောက် ယခုအခါတွင်မူ အချိန်ကြာကြာ ပြန်သတိရရှိလာခဲ့ပြီး ကိုမောင်ဝင်း၏ အမည်အား တမ်းတနေခဲ့ကြောင်း ပြောဆိုလေခဲ့သည်။
ရဲအုပ်မောင်ဝင်းသည်လည်း ထိုအကြောင်းများ ကြားသိလိုက်ရသည်နှင့် ကိုခင်မောင်စိုးအား ပြန်လည်ပြောဆိုလေခါ နယ်မြေပိုင်ဆေးရုံဆီသို့ ချက်လျင်းပင်လျင် အရောက်သွားရန် ပြောဆိုလေခဲ့သည်။ှ ကိုခင်မောင်စိုးသည်လည်း ကိုမောင်ဝင်း၏ အပြုမူများ နားမလည်နိုင်ချေ။ သို့သော် ကိုမောင်ဝင်းစီစဉ်သည့် အတိုင်းသာလျင် ဆေးရုံဆီသို့ အင်အားများလှသော ရဲသားလေးများနှင့် ထွက်ခွာလာချေခဲ့သည်။
''မိုးကျရွှေဘို… ဟာ… မဟုတ်ပါဘူး တောတွင်းသား ဟာ… ကျုပ်ပြောတာလေ''
''ကိုတန်ခိုး ခင်ဗျားဘာတွေပြောနေတာလဲ အဲ့ဒါဘာတွေလဲ ကိုထီးလေးတို့ဘယ်ရောက်နေကြလဲ ခင်ဗျားကရော ဘယ်လိုဖြစ်ပြီး အခုလိုဖြစ်ရတာလဲ''
''ဖြစ်ရတာလေ… ဟာ… ဟိုဥစ္စာ ဟိုမြှားတွေ ဟာမဟုတ်ပါဘူး ထိုးတဲ့ဥစ္စာလေ ဟာဗျာ''
အဖြစ်ဆိုးခဲ့ရသည်။ သူ၏ရင်တွင်း၌ ရှိနေခဲ့၏။ သူငယ်ချင်းဖြစ်သူများ ဒုက္ခရောက်နေခဲ့ပြီး အားလုံးပင်လျင် ယခုချိန်၌ အသက်ရှင်လျက်မှ ရှိနေပါသေးရဲ့လား။ အမြန်ဆုံး သွားရောက်ကယ်တင်ပေးကြပါ။ ဆေးထိုအပ်ကိုင်ကြသော ဆရာဝန်များဟာ မိမိ၏သူငယ်ချင်းများအား အသေသတ်စေတော့မည်။ ထိုကဲ့သို့ပြောဆိုချင်သော်လည်း သူ၏နှုတ်မှ ပြောထွက်လာခဲ့သည်က တလွဲတချော် စကားများပင်ဖြစ်နေခဲ့သည်။ အားတင်းခါ ပြောဆိုခဲ့သေး၏။ သို့သော်လည်း ပြောထွက်လာခဲ့လျင် သူ၏ရင်တွင်းမှ စကားများစွာမဟုတ်ခဲ့ပဲ တလွဲစကားများဖြစ်နေခဲ့သည်အား သူကိုယ်တ်ုင်ပင်လျင် သိရှိထားခဲ့သည်။
ထိုကဲ့သို့သော် တန်ခိုး၏အခြေနေများအား ဆရာဝန်ကြီးတစ်ယောက် စိုက်ကြည့်နေခဲ့ရင်း ဦးခေါင်းလေးအား ဖြေးညင်းစွာ ရမ်းခါမိသည်။ အာရုံကြောများ ပျက်စီးသွားခဲ့ပြီး ကယောင်ကတမ်းစကားများစွာ ပြောဆိုနေခဲ့ခြင်းဖြစ်သည်ဟု သတ်မှတ်ထားခဲ့လေသည်။ သို့နှင့် အခန်းအဝသို့ ခေါင်းငိုက်စိုက်လျောက်သွားစေရင်း အခန်းတွင်းသို့ အလောတကြီးဝင်ရောက်လာကြသော ရဲအုပ်မောင်ဝင်းအဖွဲ့နှင့် ဆုံတွေ့လိုက်စေသည်။
''ဒေါက်တာ လူနာ…''
''ခင်ဗျားတို့လူနာ!… အာရုံကြောထိသွားတယ် သတိတော့ရနေပါပြီ သူ့ကိုအမေးအမြန်းတွေ သိပ်မလုပ်ကြပါနဲ့… ခဏတော့ အနားပေးထားသင့်တယ်''
'ဟုတ်ကဲ့ဒေါက်တာ!… ဒါဆိုကျွန်တော်တို့ ခဏသွားတွေ့ပါရစေ''
''ကောင်းပါပြီ''
''ကိုတန်ခိုး… ''
''ဟမ်း… ကို… ကို''
''ကျူပ်မောင်ဝင်းလေ… ကျုပ်ကိုမှတ်မိတယ်မဟုတ်လား''
''အမ်း… ကယ်တင်ရှင်… ဟာ… ငါတို့ ဟုတ်ဘူး… ကို…ကို''
''ကိုတန်ခိုး!… ကိုတန်ခိုး သတိထားပါဦးဗျာ… ခင်ဗျားကျူပ်ကိုမှတ်မိတယ်ဆိုတော့ ကိုထီးလေးတို့ရော သူတို့ရော ဘယ်မှာလဲ … ကိုတန်ခိုး''
''မြှားတွေ… ဟာ… အပ်တွေလေ… ဟူတ်တယ် အပ်တွေ… ထိုးကြမှာ… ဟာ… ငါမပြောနိုင်ဘူး… နေတယ်''
တလွဲစကားများပြောထွက်နေခဲ့၏။ မိတ်ဆွေဖြစ်သူ ရဲအုပ်မောင်ဝင်းအား။ မြင်တွေ့လိုက်ရသည်ကြောင့် သူတစ်ယောက် ကုတင်းလေးအပေါ်၌ အရေးတကြီးအကူညီတောင်းဆိုနေခဲ့သည်။ သို့သော်လည်း သူ၏နှုတ်မှ ပြောဆိုနေခဲ့သည်က မည်သည့်အကြောင်းရာမှန်း ကောင်းစွာမသိနိုင်သော စကားလုံးများပင်ဖြစ်နေခဲ့သည်။ သူသည်လည်း သိရှိ၏။ မိတ်ဆွေဖြစ်သူ မောင်ဝင်းတစ်ယောက် မိမိ၏စကားများအား နားမလည်နိုင်သည့်အပြင် မိမိအား စိတ်ရောဂါရှင် ဝေဒနာသည်တစ်ဦးကဲ့သို့ ဆက်ဆံနေခဲ့သည်။ ဆရာဝန်ကြီးသည်လည်း ကိုမောင်ဝင်းနှင့် ကိုခင်မောင်စိုးတို့၏ အနားသို့ လှမ်းလာစေခါ အမူယာများဖြင့် အမေးစကားများ ဆက်လက်မမေးမြန်းရန် တားဆီးလေခဲ့သည်။
ပြောချင်နေသော စကားများ ပြောဆိုခွင့်မရသည်ကြောင့် တန်ခိုး၏မျက်လုံးများထဲမှ ဝဲလျက်မျက်ရည်များ စီးကျလာခဲ့ရသည်။ သူ့အားလည်း နံဘေး၌ရှိနေသော မိတ်ဆွေများဟာ အရုးတစ်ယောက်ဟု ထင်မြင်သွားကြမည်မှာ မလွဲလှချေ။ ထို့ကြောင့် သူသည်လည်း ဆက်လက်၍ ပြောဆိုခြင်းများ မပြုလုပ်တော့ပဲ မိမိကိုယ်တိုင်ပင်လျင် မြို့မဆေးရုံဆီသို့ အရောက်သွားရန် အားမွေးလိုက်စေသည်။ သို့သော် ထိုအချိန်တွင်း၌ မိမိတစ်ယောက် ဆေးရုံဆီသို့ အရောက်သွားရန် ဟန်ပြင်လိုက်လျင် မိမိအား အရူးတစ်ယောက်ဟု ထင်မြင်ကြရင်း ဝိုင်းဝန်းတားဆီးကြမည်မှာ သေချာလှသည်။
မိမိပြောဆိုပြန်လျင်လည်း တလွဲစကားများ ထွက်လာ၏။ လူကိုယ်တိုင် သွားရောက်ရန် ကြုံးရုံးထမည်ဆိုလျင် မိမိအား စိတ်ဖောက်ပြန်နေပြီဟု သတ်မှတ်ခါ ဝိုင်းဝန်းထိန်းချုပ်ကြတော့မည်မှာ သေချာလှသည်။ ထို့ကြောင့် နံဘေး၌ရှိနေသော ရဲအုပ်မောင်ဝင်းအပါအဝင် ဆန်းထွန်းပိုင်နှင့် ရဲအရာရှိများ အလစ်ပေးမည့်အချိန်ကို မေ့မျောချင်ယောင်ဆောင်လျက် ခေတ္တမှေးစက်နေခဲ့သည်။
မိတ်ဆွေဖြစ်သူ တန်ခိုး၏ အဖြစ်များအား ရဲအုပ်မောင်ဝင်းတစ်ယောက် စိတ်မကောင်းကြီးစွာဖြစ်ခဲ့ရသည်။ မည့်သည့်အကြောင်းရာ တစ်ခုမျှ မေးမြန်မရသည့်အပြင် စိတ်ရောဂါခံစားနေရပြီး ထင်မြင်သွားခဲ့စေသည်။ သို့နှင့် ဆရာဝန်ကြီးနှင့် မိတ်ဆွေဖြစ်သူ တန်ခိုး၏ အခြေနေများပြန်လည်ကောင်းမွန်လာစေရန် တိုင်ပင်ရေးအတွက် ဆရာဝန်ကြီး၏ရုံးခန်းအတွင်းသို့ ရဲအရာရှိများနှင့် လိုက်ပါသွားလေခဲ့သည်။ မေ့မျောချင်ယောင် ဆောင်နေခဲ့သော တန်ခိုးအားအား ဆန်းထွန်းပိုင်နှင့် အစောင့်ထားစေခဲ့သည်။
(အတန်ကြာသည့်နောက်)
အချိန်ကား ည၈နာရီခန့်ရှိနေပြီဖြစ်သည်။ တန်ခိုးတစ်ယောက် နံဘေးနားသို့ မျက်လုံးကလေး အသာဖွင့်ခါ အကဲခတ်ကြည့်ရှု့သည်။ တစ်ခန်းလုံး၌ မိမိနှင့် ကုတင်းလေးအား မှီးထားလျက် ခေါင်းငိုက်စိုက် အိပ် ပျော်နေခဲ့သော ဆန်းထွန်းပိုင်နှင့်မိမိ နှစ်ဦးတည်းသာ ရှိနေခဲ့သည်။ လဲလျောင်းနေရာမှ အားတင်းခါ ကြုံးရုံးထလိုက်၏။ ထိုးသွင်းထားခဲ့သော ဆေးထိုးအပ်များအားလည်း မိမိကိုယ်တ်ုင်ပင်လျင် ဆွဲနုတ်စေခဲ့ရင်း အိပ်ပျော်နေသော ဆန်းထွန်းပိုင်အား လှုပ်နိုးမည်ဟု ကြံရွယ်လိုက်သည်။
''အင်း!… မဖြစ်သေးပါဘူး တော်ကြာ ငါ့ကိုစိတ်ဖောက်ပြန်တယ်ထင်ပြီး ကိုမောင်ဝင်းတို့ကို အကြောင်းကြားလိုက်မှ အားလုံးရှုတ်ကုန်မယ် ငါဟာငါပဲသွားတာ ကောင်းပါတယ်!… အဖော်ပါလာရင်လဲ သူ့အတွက်လဲ အန္တရယ်များပါတယ်လေ'
ထိုသို့တွေးမိစေရင်း။ ရက်ပေါင်းများစွာ အိပ်ပျက်မှု့များကြောင့် ယခုအိပ်မောကျနေခဲ့သော ဆန်းထွန်းပိုင်အား လှုပ်နိုးခြင်းမပြုတော့ပဲ ကုတင်းလေးအပေါ်မှ ဖြည်းညင်းစွာ ဆင်းလိုက်စေသည်။ သူတစ်ယောက်ထင်မြင်သကဲ့သို့ သူ၏ခြေထောက်များ ကောင်းစွာမရပ်တည်နိုင်ခဲ့ချေ။ ကြမ်းပြင်အပေါ်၌ ခွေလျက် လဲကျသွားခဲ့၏။ လူးလဲခါ ကြုံးရုံးထလိုက်ရင်း နံရံများအား အမှီပြုခါ အခန်းဝသို့ရောက်ရှိလာခဲ့သည်။ အခန်းတွင်းမှနေ၍ အပြင်လျောက်လမ်းမအား ချောင်းကြည့်စေရင်း ရှင်းလင်းနေသည်ကြောင့် အခန်းတွင်းမှ လျင်မြန်စွာထွက်ခွာခါ ဆေးရုံအပြင်သို့ အရောက်သွားရန် အင်အားသစ်များ မွေမြူလိုက်သည်။
ချွေးစီးများထွက်လာ၏။ ခြေထောက်များမှာ ကောင်းစွာမရပ်တည်နိုင်။ နံရံများအား အမှီပြုစေရင်း လျောက်လမ်းမသို့အရောက် အသွားအလာပြုမူနေကြသော ဆရာဝန် ဆရာမကြောင့် ခေတ္တပုန်းခိုနေခဲ့ရသည်။ ထို့နောက် ဘေးတစ်ဖက်သို့ နာကျင်နေခဲ့သော အကြောများအား ကြိတ်မှိတ်ဖျောက်ခါ ဓာတ်လှေကားအရှေ့သို့ ရောက်ရှ်လာခဲ့သည်။ တပြိုင်နက် တံခါးသည်လည်း ပွင့်လစ်လာခဲ့၏။ ဓာတ်လှေကားအတွင်းသို့ လျင်မြန်စွာဝင်ရောက်စေရင်း မြေညီထပ်ဆီသို့ ဆင်းသတ်လေခဲ့သည်။ မြေညီထပ်သို့ ရောက်ရှိလာသည်နှင့် ဆေးရုံအဝင်ထွက်အပေါက်ဟာ ဓာတ်လှေကား၏ နံဘေးတွင်သာ ဖြစ်သည်ကြောင့် သာမာန်သူများထဲမှ သူသည်လည်း လူကောင်းတစ်ဦးအယောင် ဆောင်ခါ ဆေးရုံဝဏ်းအတွင်းသို့ နာကျင်နေခဲ့သော ဝေဒနာများနှင့် အရောက်ထွက်နိုင်ခဲ့လေသည်။
အားတင်းခါ ဆေးရုံအပြင်သို့ ထွက်လာရသည်ကြောင့် လမ်းမပေါ်သို့ရောက်ရှိလာခဲ့သည်နှင့် ခြေပစ်လက်ပစ် ပစ်ချကျသွားခဲ့သည်။ သို့သော်လည်း မိမိ၏သူငယ်ချင်းများအား အချိန်မှီကယ်တင်ခါမှ ဖြစ်လိမ့်မည်။ ထို့ကြောင့်လဲ ကြုံးရုံးထလိုက်ရင်း မြို့မဆေးရုံဆီသို့ အမြန်ဆုံးဦးတည်ရန် အငှားကားအား လူကောင်းတစ်ယောက်သဖွယ် ရပ်စောင့်နေခဲ့လေသည်။ Taxi တစ်စီးမောင်းနှင်လာသည်အား မြင်တွေ့လိုက်ရသည်နှင့် အရှေ့သို့ တစ်လှမ်းမျှ လျောက်လှမ်းခါ လက်ယက်တားလိုက်သည်။ ကားလေးသည်လည်း တန်ခိုး၏နံဘေးသို့ စိုက်မြိုက်စွာ ရပ်တန့်ပေးလိုက်ရင်း ခေါင်းတံခါးအတွင်းမှ
''ဘယ်သွားမလဲအစ်ကို''
ဒရိုင်ဘာလေး၏ အမေးများအား သူတစ်ယောက် ဖြေကြားမနေ ယိုင်တိုင်နေခဲ့သော ခြေလှမ်းများဖြင့် တစ်ဖက်သို့သွားရောက်ခါ ကားတံခါးဖွင့်လိုက်သည်။ ထို့နောက် ဒရိုင်ဘာလေး၏ နံဘေး၌ ကပ်လျက်ထိုင်လိုက်ပြီး
''ဒီမြို့မှာ ပိတ်ထားတဲ့ ဆေးရုံကိုသိလား… ''
''ဗျာ… မြို့…မြို့မဆေးရုံကို ပြောတာလားအစ်ကို''
''ဟုတ်တယ်… အဲ့ဒီ့ကိုမောင်း''
''ဗျာ!''
****
* လွန်စွာသွေးအားနည်းနေခဲ့သော တန်ခိုးသည်လည်း မိမိအားတင်းခါ ပြောဆိုနေခဲ့သော စကားများအား အာရုံကြောထိခိုက်မှု့ဖြင့် ပြောဆိုနေခဲ့ခြင်းဟု ဆေးရုံအုပ်ကြီးမှ သတ်မှတ်ခါ သေဘေးနှင့်ကြုံတွေ့နေခဲ့ရသော လူငယ်လေးများအား လျစ်လျူရှု့ထားမည်ဖြစ်သည်။
* ထို့ကြောင့် ထိုသူများအား ပြောဆိုမနေတော့ပဲ မိမိကိုယ်၌ပင် ဆေးရုံဆီမှ တိတ်တဆိတ်ထွက်ခွာသွားရင်း ပိတ်ထားသည့် မြို့မဆေးရုံဆီသို့ အရောက်သွားမည်ဖြစ်သည်။
* မြို့မဆေးရုံသို့ ရောက်ရှိလာခဲ့ပြီး။ မိတ်ဆွေဖြစ်သူများနှင့် တန်ခိုးတစ်ယောက် မည်သို့ပင် တွေ့ဆုံ၍ မည်သို့ပင် ထိုသေဘေးဆီမှ အလွတ်ရုံကြည်မည်နည်း။
အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၃၁)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
*****
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
(၂.၄.၂၀၁၆)
မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်၍ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၃၂)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
*****************
'ဘယ်သွားမလဲအစ်ကို''
ဒရိုင်ဘာလေး၏ အမေးများ သူတစ်ယောက် ဖြေကြားမနေ ယိုင်တိုင်နေခဲ့သော ခြေလှမ်းများဖြင့် တစ်ဖက်သို့သွားရောက်ခါ ကားတံခါးအား ဆွဲဖွင့်လိုက်လေသည်။ ထို့နောက် ဒရိုင်ဘာလေး၏ နံဘေး၌ ကပ်လျက်ထိုင်လိုက်ပြီး
''ဒီမြို့က ပိတ်ထားတဲ့ ဆေးရုံကိုသိလား… ''
''ဗျာ… မြို့…မြို့မဆေးရုံကို ပြောတာလားအစ်ကို''
''ဟုတ်တယ်… အဲ့ဒီ့ကိုမောင်း''
''ဗျာ!''
''အဲ့… အဲ့ဒီ့ကိုမောင်း… မောင်းလို့ပြောနေတာ''
''အစ်…အစ်ကို နောက်…နောက်နေတာလား အဲ့ဒီကို ဒီအချိန်ကြီးဘာသွားလုပ်မလို့လဲ''
''ငါဟာငါ ဘာသွားလုပ်လုပ် မေးမနေနဲ့ မင်းပြောတဲ့ ဆေးရုံကိုသာ အမြန်မောင်းပါ''
''ဗျာ… ကျွန်တော်မမောင်းရဲဘူးအစ်ကို အဲ့ဒီပတ်ဝန်းကျင်မှာ သရဲအရမ်းခြောက်တယ် အဲ့ဒီဆေးရုံကိုသွားပြီးတဲ့ သူတွေကလဲ ဆေးရုံထဲကနေ ပြန်ထွက်မလာတတ်ဘူး မသွားပါနဲ့အစ်ကိုရာ''
''ဟေ့ကောင်!… မင်းကို… ငါ… ငါစ…စကားတွေ အများကြီးအပြောနိုင်!… အား!… မြန်မြန်မောင်း''
''ကျွန်တော်မမောင်းနိုင်ဘူး!… ခင်ဗျားကျုပ်ကို အတင်းမောင်းခိုင်းနေတာလား… ကျုပ်ရဲတိုင်မှာနော်''
''ဟာကွာ!…''
''ဟင်… ခင်…ခင်ဗျားဒါဘာလုပ်တာလဲ''
''မင်း!… မင်းစကားဆက်ပြောနေရင် ငါမင်းကိုထိုးလိုက်တော့မှာနော်… အခုမောင်းစမ်း''
''မ…မ… မလုပ်ပါနဲ့ဗျာ… မလုပ်ပါနဲ့ မောင်း… မောင်းဆိုလဲ ကျွန်…ကျွန်တော်မောင်းပေးပါ့မယ် အဲ့ဒီလိုတော့မလုပ်ပါနဲ့ဗျာ ကျုပ်ကိုသမီးလေးနဲ့ မိန်းမက ကျွန်တော်အိမ်အပြန်ကိုစောင့်နေကြတာ မောင်းဆိုမောင်းပေးပါ့မယ် အသက်ကိုတော့ ချမ်းသာပေးပါဗျာ'
''မောင်း!… မင်းကိုဘာမှမလုပ်ဘူး''
ထစ်ငေါ့နေခဲ့သော လေသံများ။ သို့မဟုတ် ပြောထွက်နေခဲ့သော စကားလုံးများမှာ အားတင်းခါပြောဆိုနေခဲ့ရသည်။ မျက်နှာပြင်တွင်လည်း ပွန်းပဲ့ဒဏ်ရာတစ်ချို့ရှိနေခါ မျက်လုံးအိမ်များသည်လည်း ဝေဝါးနေခဲ့ရသည်။ သူ၏အာရုံထဲ၌ သူငယ်ချင်းဖြစ်သူများကိုသာ တွေ့ချင်မြင်ချင်နေလှသည်။ တခြားသော အကြောင်းရာများအား သူတစ်ယောက် စဉ်းစားမနေချင်တော့ချေ။ တန်ခိုး၏ ဦးတည်မောင်းနှင်ခိုင်းစေသော ဆေးရုံဆီသို့ ကားဒရိုင်ဘာလေးမှာလည်း ထိတ်လန့်နေခဲ့သော အမူယာနှင့် ထိုနေရာဆီသို့ မမောင်းနိုင်လေပြီဟု ငြင်းဆိုခဲ့သည်။
သို့နှင့်တန်ခိုးသည်လည်း ကားထဲတွင်ရှိနေသော ဝအူလှည့်အား လှမ်းယူလိုက်ရင်း ဒရိုင်ဘာလေး၏ ဝမ်းဗိုက်ဆီသို့ ထိုးထောက်လိုက်လေသည်။ ထိုအရာဖြင့်ထိုးသတ်လျင် ပွဲချင်းပြီးသေဆုံးသွားနိုင်သည်။ ထိုအကြောင်းမျာအားလည်း ကားဒရိုင်ဘာလေးသိရှိထားစေသည်။ ထို့ကြောင့် မိမိအားအကြပ်ကိုင်၍ မောင်းနှင်ခိုင်းနေသည်ကြောင့် မိမိသည်လည်း အသက်အန္တရယ်ထိခိုက်မည်အား လွန်စွာစိုးရိမ်သွားခဲ့သည်။ သို့နှင့် တန်ခိုးတစ်ယောက် မောင်းနှင်ခိုင်းသော ဆေးရုံဆီသို့ ဦးတည်မောင်းနှင်ခဲ့ရလေသည်။
''အစ်ကို!… အစ်ကို့ကြည့်ရတာ နေသိပ်မကောင်းဘူးနဲ့ထင်တယ် ဘာဖြစ်လို့ အဲ့ဒီဆေးရုံကို သွားချင်ရတာလဲ အစ်ကိုထွက်လာတဲ့နေရာကလဲ ဆေးရုံပဲမဟုတ်လား!… အစ်ကိုရယ် ကျွန်တော်လိုက်မပို့ချင်လို့ မဟုတ်ပါဘူး အဲ့ဒီဆေးရုံတည်နေရာကို နယ်ခံသူတွေတောင် သိပ်သိကြတာမဟုတ်ဘူး ကျွန်တော်က ကားဒရိုင်ဘာဖြစ်နေလို့ မြင်ဘူးတွေ့ဘူးနေတာ''
''ပြီးတော့ ကျွန်တော့်အဒေါ်ပြောတာတော့ အဲ့ဒီဆေးရုံကို လူတွေဝင်ပြီးသွားရင် ပြန်ထွက်မလာကြတော့ဘူးတဲ့!… မသွားပါနဲ့အစ်ကိုရယ်''
''အား!… ကျေး.ကျေးဇူးတင်… တင်တယ် မောင်းသာမောင်း ငါ.ငါစကားတွေ သိပ်… သိပ်မပြောနိုင်ဘူး''
''ဟုတ်…ဟုတ်ကဲ့အစ်ကို''
ထိုဆေးရုံဆီသို့ ဦးတည်မောင်နှင်နေရာမှ ကားဒရိုင်လေးဟာလည်း ထိုဆေးရုံ၏အကြောင်းများ တုန်ရီစွာပြောဆ်ုနေသေးသည်။ ရိုးသားလှသည့် ကားဒရိုင်ဘာလေးမှာ တန်ခိုးအား ခင်မင်ရင်းနှီးစွာဖြင့် စိုးရိမ်စွာလဲ သတိပေးနေသေးသည်။ တန်ခိုးဟာလည်း ငိုက်စိုက်ချင်နေခဲ့သော သူ၏ဦးခေါင်းအား အားတင်းခါ မော့့ထားပြီး ဒရိုင်ဘာလေးအားလည်း အကြပ်ကိုင်ထားရသေးသည်။ ဆယ့်ငါးမိနစ်ခန့်မောင်းနှင်ခဲ့ပြီးနောက် ကားမောင်းသူ ဒရိုင်ဘာလေးမှာ ကားအား ရပ်တန့်စေလိုက်သည်။
''ရောက်… ရောက်ပြီလား''
''ဟုတ်… ဟုတ်ကဲ့အစ်ကို ရောက်ပြီး ကျွန်…ကျွန်တော့်ကို မသတ်ပါနဲ့နော်''
''ရော့…"
"ဟင်!… ဒါဘာလဲအစ်ကို''
''ငါ…ငါ့မှာ ကား…ကားခပေးစရာမပါဘူး ဒီလက်စွပ်ကို… ကားခအဖြစ် ယူ…''
''ဗျာ!…အစ်ကို…''
''သွား!…သွားတော့'
''ဟုတ်…ဟုတ်ကဲ့''
အလင်းရောင်ဟူ၍ ပြည့်လုနီပါး လမင်းလေးသာရှိနေခဲ့သည်။ တန်ခိုးအား ဆေးရုံနှင့်မလှမ်းမကမ်း နေရာလေးတွင် ရပ်တန့်ပေးခဲ့ရင်း ကားဒရိုင်ဘာလေးမှာ လာရာလမ်းဆီသို့ ပြန်လည်မောင်းနှင် ထွက်ခွာသွားခဲ့လေသည်။
အင်း… ဒီလူ့ကိုကြည့်ရတာ လူဆိုးလာူးလူကောင်းလား… ကိုယ်မှာလဲဒဏ်ရာတွေ ရထားပုံပေါ်တယ်… လူဆိုးတော့ဖြစ်မယ်မထင်ဘူး စိတ်ထားကတော့ ကောင်းသား။ ငါ့တောင် ကားခပေးသွားသေးတယ်။ ဘာကြောင့် ဒီဆေးရုံကိုပို့ခိုင်းရတာလဲ မဟုတ်မှလွဲရော သရဲများလား။ မဟုတ်လောက်ပါဘူး။ အိုးကွာ ဘာပဲဖြစ်ဖြစ် ရဲစခန်းအကြောင်းကြားထားတာ ပိုကောင်းပါကောင်းတယ်လေ.
တွေးမိ၏။ ထိုသို့သော်အတွေးများ။ သို့နှင့် ကားဒရိုင်ဘာလေးမှာ နယ်မြေပိုင်စခန်းဆီသို့ ဦးတည်မောင်းနှင်သွားစေသည်။ အပိုင်စခန်းတွင်း၌ ရဲအရာရှိများ ရှိမနေခဲ့ပဲ တာဝန်နှင့်တခြားနေရာဆီသို့ သွားရောက်နေကြောင်းသိခဲ့ရသည်။ ထို့ကြောင့်လဲ ကားဒရိုင်ဘာလေးမှာ အပိုင်စခန်းဆီမှ ထွက်ခွာလာရင်း မိမိအား တန်ခိုးတစ်ယောက် ကားတားခဲ့သည့် ဆေးရုံအရှေ့သို့ ပြန်လည်မောင်းနှင်သွားခဲ့သည်။ ထို့နောက် ဆေးရုံအတွင်းသို့ဝင်ရောက်ခါ ထိုလူနှင့်ပတ်သတ်ပြီး မည်သည့်သတင်းများ ကြားသိရမည်နည်းဟု တွေးမိခါ ဆေးရုံအတွင်းသို့ ဦးတည်ဝင်ရောက်လေခဲ့သည်။
''ကိုမောင်ဝင်း ကိုမောင်ဝင်း ကိုမောင်ဝင်း''
''ဟင်. ကိုဆန်းလေး… ဘာဖြစ်လာတာလဲ''
'ဟို… ဟို… အခန်းထဲမှာ ကိုတန်ခိုးမရှိတော့လို့''
''ဘာ!… အခန်းထဲမှာ ကိုတန်ခိုးမရှိတော့ဘူးဟုတ်လား… ဘယ်ရောက်သွားလို့လဲ''
''ကျွန်…ကျွန်တော်လဲ မသိလိုက်ဘုး ခဏလေးမှေးခနဲ အိပ်ပျော်သွားတာ သတိရလို့ သူ့ကိုစမ်းကြည့်တော့ ကုတင်းအပေါ်မှာ မရှိတော့ဘူး… လုပ်ပါဦးဗျာ… သူစိတ်ဖောက်ပြန်ပြီး ထွက်သွားပြီနဲ့ထင်တယ်''
''ဟာ… ဒုက္ခပါပဲ''
''ဒေါက်တာ… ''
''သြော်!… ဆရာမလာလေ''
''ဒေါက်တာ!. ဆေးရုံထဲကနေ ဒဏ်ရာတွေနဲ့ လူတစ်ယောက် ဒီကောင်လေးရဲ့ကားကိုတားပြီး ပိတ်ထားတဲ့ မြို့မဆေးရုံကို သွားတယ်လို့ပြောနေပါတယ်''
''ဟင်!. ကိုတန်ခိုးများလား''
''ဟုတ်ပါတယ်ဆရာ… ကျွန်တော့ကားကိုငှားပြီး အဲ့ဒီဆေးရုံကိုမောင်းခိုင်းခဲ့တယ် သူ့ကြည့်ရတာလဲ သာမာန်လူကောင်းနဲ့မတူဘူး ဝေဒနာတစ်ခုခုခံစားနေရပုံပေါ်တယ် ပြီးတော့ ကားခပေးစရာမရှိလို့ဆိုပြီး ဒီလက်စွပ်လေးလဲချွတ်ပေးခဲ့သေးတယ်''
''ဟာ!… သေချာတာပေါ့ ဒါတန်ခိုးလက်စွပ်ပဲ''
''ကဲကဲ!… ကိုမောင်စိုး ကျွန်တော်တို့အဲ့ဒီဆေးရုံကို အမြန်ဆုံးလိုက်သွားမှဖြစ်မယ်''
မှေးခနဲ အိပ်ပျော်သွားရာမှ ကုတင်းလေးအပေါ်တွင် ရှိမနေတော့သော တန်ခိုးတစ်ယောက်။ အလောတကြီးဖြင့် ရဲအုပ်မောင်ဝင်းနှင့် ဆရာဝန်ကြီးတို့ ဆွေးနွေးတိုင်ပင်နေကြသော ရုံးခန်းဆီသို့ ဆန်းလေးတစ်ယောက် လျင်မြန်စွာ အကြောင်းကြားစေခဲ့သည်။ တပြိုင်နက် တန်ခိုးတစ်ယောက် ငှားစီးခဲ့သော ကားဒရိုင်ဘာလေးမှာလဲ ဆေးရုံအတွင်းသို့ ဝင်ရောက်ခါ ကောင်ဒါရှိ နပ်စ်မလေးတစ်ဦးထံသို့ တန်ခိုး၏အကြောင်းများအား ပြောဆ်ုစေခဲ့သည်။ ထို့ကြောင့် ရဲအုပ်မောင်ဝင်းအပါအဝင် အရာရှိကြီးကိုမောင်စိုးတို့သည်လည်း တန်ခိုးတစ်ယောက် ဦးတည်သွားခဲ့သော နေရာဆီသို့ သိရှိလိုက်ရသည်။ သို့နှင့် ရဲသားများအပါအဝင် ကိုမောင်ဝင်းတို့သည်လည်း မြို့မဆေးရုံဆီသို့ အလျင်အမြန်လိုက်ပါသွားခဲ့လေတော့သည်။
***
လူငယ်သုံးဦးသည်လည်း အမှောင်ထုကြီးအုပ်စိုးလာသည်ကြောင့် ထွက်ပေါက်အား လျင်မြန်စွာ ရှာဖွေရမည်ကိုပင် လွန်စွာခက်ခဲသွားခဲ့သည်။ သွက်လပ်စွာဖြင့် လူသတ်သမားသုံးဦးအား အပြန်အလှန်တိုက်လိုက်စေခဲ့ရင်း မျှားကလေး၏လက်မောင်းတွင်းမူ ဓားဒဏ်ရာတစ်ချို့ရှပ်ထိသွားခဲ့သည်။ ယောကျာ်းလေးများကြသော ထီးကလေးနှင့်လမ်းကလေးသည်လည်း လူသတ်သမားများနှင့် လုံထွေစွာတိုက်ခိုက်စေခဲ့ရင်း လူသတ်သမားများအား အထိနာသွားလောက်အောင်ပင် တိုက်ခိုက်လိုက်နိုင်သည်။
''မျှားလေး!… ရလာ""
"ရတယ်… နင်တို့ရော ဘာဖြစ်သွားသေးလဲ''
''ငါတို့ဘာမှမဖြစ်ဘူး… ငါးလေးနောက်ကို မြန်မြန်လိုက်မှဖြစ်မယ်''
လက်မောင်းမှသွေးများ များစွာစီးကျနေခဲ့သည်။ သို့သော်လည်း ဂရုစိုက်မနေပဲ စိတ်ရူးပေါက်ခါ အပေါ်သို့ပြေးတတ်သွားခဲ့သော မောင်ကဲ၏အနောက်သ်ို့ လူငယ်သုံးဦး အပြေးလိုက်ပါတတ်ရောက်သွားစေသည်။ အပေါ်ဆုံးထပ်သို့ ရောက်ရှိလာခဲ့စေရင်း လျောက်လမ်းမကြီးအား အမှောင်ထုအတွင်းမှ ငေးမေားကြည့်ရှု့မိသည်။ သို့သော် ငါးကလေးနှင့် မောင်ကဲတို့၏ အရိပ်ယောင်များကိုပင် မတွေ့ခဲ့ရချေ။ အမှောင်ထုအား အကာကွဟ်ပြုစေခါ နပ်စ်မလေးလမ်းညွှန်ပေးလိုက်သည့် ထွက်ပေါက်ဆီသို့ လူငယ်သုံးဦး မှန်းဆခါ လျောက်လှမ်းသွားခဲ့၏။
မြေညီထပ်တွင်မူ မောင်စန်းမြင့်တစ်ယောက် သူ၏ကျွမ်းကျင်စွာ တတ်မြောက်ထားခဲ့သော မျက်လှည့်ပညာဖြင့် လူငယ်များအား လှည့်စားနိုင်ရန် ပြင်ဆင်လေခဲ့သည်။ လျို့ဝှက်ထွက်ပေါက် လှေကားအရင်းတွင်လည်း လူသတ်သမားတစ်ချို့အား အပေါ်ဆုံးထပ်မှ လူငယ်လေးများ ဆင်းသတ်လာသည်နှင့် အသေသတ်ရန် စောင့်ကြည့်စေခိုင်းခဲ့သည်။
ဟင်… ဒါမျက်လှည့်ပညာမှမဟုတ်တာ ထိပ်တန်းမှော်ပညာတစ်ခုပဲ ဒီလူစန်းမြင့်က ပညာသည်တစ်ယောက်ပါလား။ ဒီပညာနဲ့ဆိုရင် ထီးလေးတို့မျက်စိမှောက်ကုန်မှာ သေချာတယ်… ငါဘယ်လိုလုပ်ရပါ့မလဲ။
စန်းမြင့်၏လုပ်ပုံကိုင်ပုံများအား နံဘေး၌ရှိနေသော အောင်ကိုတစ်ယောက် စူးစမ်းမိလိုက်သည်။ မောင်စန်းမြင့်ဟာ မျက်လှည့်ပညာဟု ခေါင်းစဉ်တပ်ထားခဲ့သော်လည်း နောက်ကွယ်၌ ထိပ်တန်းမှော်ပညာဟု သတ်မှတ်နိုင်သော အာရုံလွဲမှားနိုင်သည့် မှော်ပညာဖြင့်ပြုစားနေခဲ့ခြင်းဖြစ်သည်။
''ဟေ့ကောင်တွေ ဆေးရုံတစ်ခုလုံး နေရာအနံ့လိုက်ရှာ… တွေ့တာနဲ့ ချက်ချင်းရှင်းပစ်လိုက်တော့ ဒီကောင်တွေ အခုလောက်ဆိုရင် မျက်စိလည်နေကြပြီ''
''တောသာ မင်းဘယ်ကိုသွားမလို့လဲ''
''ကျုပ်.ကျုပ်လဲ လိုက်ရှာမလို့လေ''
''ရပါတယ်မောင်အောင်ကိုရာ… မင်းလိုက်ရှာဖို့ မလိုအပ်သေးပါဘူး မောင်ရင်က ဒေါက်တာတို့အနားမှာပဲနေနော် ဟုတ်ပြီလား''
''ဟုတ်ကဲ့ဒေါက်တာ''
ထိုပညာရပ်အား မည်သို့ပင် တန်ပြန်ရမည်နည်း။ မိမိ၏ဆရာဖြစ်သူ မိမိအား သင်ပြပေးထားခဲ့ဘူးသည်။ သို့သော်လည်း ကောင်းစွာမမှတ်မိခဲ့ချေ။ ထိုသူများအနားမှ အလစ်ထွက်ရင်း မိတ်ဆွေဖြစ်သူများအား ရှာဖွေမည်ဟု ဆန္နရှိသော်လည်း ဆရာဝန်ကြီးနှင့်မောင်စန်းမြင့်တို့မှာ အောင့်ကိုအား အလစ်မပေးခဲ့ချေ။
''ထီးလေး… ထွက်ပေါက်ဘယ်မှာလဲ''
''ဟင်!… ငါ''
''ဟာ!… ဘယ်… ဘယ်လိုဖြစ်တာလဲ''
''လမ်းလေး… မျှားလေး… မင်းတို့ဘဟ်မှာလဲ''
''ထီးလေး… ထီးလေး''
''ဟာ… ဘယ်လိုတွေဖြစ်ကုန်ပြီလဲ''
သုံးဦးသား ဖြေးညင်းသော ခြေလှမ်းများဖြင့် ထွက်ပေါက်ဆီသို့ ဦးတည်နေခဲ့ရင်း ပျောက်ဆုံးနေသော ငါးကလေးနှင့်မောင်ကဲတို့အား တိတ်တဆိတ်ရှာဖွေနေခဲံသည်။ မသည်းမကွဲ အမှောင်ရိပ်၌ တစ်ဦးမျက်နှာတစ်ဦး ကြည့်မိလိုက်ချိန်တွင် ကြည့်မိလိုက်သူ၏ အမြင်များ၌ နံဘေးတွင်ရှိနေခဲ့သော သူငယ်ချင်းများမှာ မိမိနှင့်တစ်ပုံစံ တစ်ရုပ်တည်းဖြစ်နေခဲ့လေသည်။ လွန်စွာအံ့သြသွားမိရင်း မိမိတို့၏နံဘေးနားတွင်လည်း သေဆုံးသွားပြီးဖြစ်သော သူငယ်ချင်းများအား မြင်တွေ့နေရပြန်သည်။
''ဝကြီး… မင်း… မင်းမသေသေးဘူးနော်… ဟုတ်လားသူငယ်ချင်း''
''ဆရာ!… ဆရာဝမ်းသာလိုက်တာဆရာရာ ဆရာ''
''ဟင်!… ဘယ်ရောက်သွားကြတာလဲ လမ်းလေး မျှားလေး… မင်းတို့ဘဟ်မှာလဲ… ဟာ!… တင်ဇာ… ပန်းအိ… နင်… နင်တို့တွေက သေ… သေသွားကြပြီလေ''
''ထီးလေး… မျှားလေး… နင်တို့ဘယ်မှာလဲ… ဟာ!… ရဲအရာရှိကြီး!… ကျွန်… ကျွန်တော်တို့ကိုကယ်ပါဦး ကျွန်တော်တို့ကိုကဟ်ပါဦးဗျာ… ကျွန်တော်တို့ဒုက္ခရောက်နေလို့ပါ''
''ကယ်မယ်!… ငါ့နောက်စေ့က ပုဆိန်အရင်နုတ်ပေး''
''ဗျာ!.… ဟာ… အမလေး''
''လမ်းလေး… ထီးလေး… နင်တို့ဘယ်မှာလဲ ငါ့ဘေးမှာ နင့်သူငဟ်ချင်းတွေရောက်နေကြတယ် သူတို့မသေဘူးတဲ့ နင်တို့ဘယ်မှာလဲ''
အမြင်အာရုံများကြောင့်လား။ သို့မဟုတ် သေဆုံးသွားခဲ့သော မိတ်ဆွေဖြစ်သူများ၏ ဝိဥာဉ်များဟာ ထိုဆေးရုံအတွင်း၌ပင် ရှိနေခဲ့ကြသည်လား။ လူငယ်သုံးဦးသည်လည်း တစ်နေရာဆီသို့ ကွဲကွာသွားကြရင်း သေဆုံးပြီးခဲ့ကြသော သူများနှင့် ပြန်လည်ဆုံတွေ့နေရသည်။ ဆေးရုံ၌ပင် သေဆုံးသွားခဲ့သော စခန်းမှူးကြီးကိုထိန်ဝင်းအားလည်း မြင်တွေ့လိုက်ရသေးသည်။ သူ၏နောက်စေ့တွင်လည်း ပုဆိန်စိုက်နေခဲ့သော အမူယာများဖြင့် နာကျင်နေခဲ့သော ပုံစံပင်မဟုတ်။ သို့သော်လည်း အရိပ်ကလေးများသာဖြစ်နေခဲ့ပြီး ကြာရှည်စွာထိုသူများအား မမြင်တွေ့နိုင် ပျောက်ကွယ်ကုန်ကြလေသည်။
''ငါကြောက်တယ်… ငါသွားမယ် ငါ့ကိုလွတ်ပါ ငါ့ကိုလွတ်ပါ''
''မောင်ကဲ… မင်းသွားလို့မရဘူး… ထီးလေးတို့လိုက်လာလိမ့်မယ်… ဒီမှာငါတို့ခဏစောင့်နေမှဖြစ်မယ်''
''ဟင့်အင်း… ဟင့်အင်း… ငါ့ကိုလွတ်! ငါသွားမယ်''
''ဟင်… မတင်ဇာ… ခင်ဗျား… ခင်ဗျားက သေ…သေသွားပြီးမဟုတ်လား''
''မသေသေးဘူး!… နင်တို့ကိုလာခေါ်တာ''
''တင်ဇာ… ငါလိုက်မယ်… ငါ့ကိုခေါ်''
''တင်ဇာ… ခင်ဗျားက သေသွားပြီး… ခင်ဗျားကျုပ်တို့ဆီ မလာနဲ့ ထွက်သွား''
''ဟေ့ကောင်… ငါ့သူငယ်ချင်းမသေပါဘူးလို့ ပြောနေတာကိုး မင်းမောင်းထုတ်နေတယ်ဟုတ်လား…
ကဲ့ကွာ''
''အား!… မောင်ကဲ… မင်း… မင်းဘာလို့ ငါ့ကိုဓားနဲ့ထိုးရတာလဲ''
''သေစမ်းကွာ… သေစမ်း… သေစမ်း''
''တင်ဇာ… သူ့ကိုငါသတ်လိုက်ပြီ ငါ့ကိုကယ်ပါဟာ… ငါနင်နဲ့ လိုက်ပါရစေ ငါ့ကိုမထားခဲ့ပါနဲ့''
''မောင်… မောင်ကဲ… မ…မသွားနဲ့''
သွေးပျက်စွာ အပေါ်ထပ်သို့ အပြေးတတ်ရောက်သွားခဲ့သော မောင်ကဲအား ငါးကလေးမှာမူ အမှီလိုက်နိုင်ခဲ့လေသည်။ ဆေးရုံတစ်ခုလုံး မှောင်မိုက်နေသည်ကြောင့် အခန်းလွတ်တစ်ခုတွင်း၌ ဝင်ရောက်ပုန်းရှောင်နေခဲ့သည်။ သို့သော်လည်း မောင်ကဲမှာမူ စိတ်ရူးပေါက်ခါ အပြေးသို့ ပြေးမည်ဟုသာ ကြံရွယ်နေခဲ့သည်။ ထိုအခန်းတွင်းသို့ သွေးမရှိသော မျက်နှာ သို့မဟုတ် ပုံမှန်မဟုတ်သော မျက်နှာထား သို့မဟုတ် အသတ်မပါသော အကြည့်များနှင့် တင်ဇာနွယ်တစ်ယောက် ရောက်ရှိလာခဲ့သည်။
ဝိဥာဉ်လေးလား။ သူမဟာ သေဆုံးသွားပြီဖြစ်သည်။ မောင်ကဲမှာမူ သူမအား မြင်တွေ့လိုက်ရသည်နှင့် အားကိုးတကြီးဖြစ်ခါ သူမ၏အနောက်သို့ လိုက်မည်ဟု ပြောဆိုလေခဲ့သည်။ ငါးကလေးသည်လည်း သူမဟာ ဝိဥာဉ်ဖြစ်နေပြီး မိမိတို့အား လာရောက်ခြောက်လန့်နေသည်ကိုပင် ကောင်းစွာသိရှိနေသောကြောင့် မောင်ကဲအား သူမ၏ အနောက်သို့ လိုက်ပါမသွားရန် တားမြစ်လေခဲ့သည်။ တားမြစ်နေခဲသော ငါးကလေးအား မောင်ကဲမှာမူ မည်သည့်နေရာဆီမှ ရရှိခဲ့သနည်းမသိသော ဓားမြောင်ဖြင့် ဝမ်းဗိုက်အတွင်းသို့ သုံးလေးချက်မျှ ဆင့်ထိုးစေခဲ့သည်။
မောင်ကဲ၏ အရူးစိတ်များကြောင့် ငါးကလေးသည်လည်း သွေးအိုင်ထဲ၌သာ ဓားဒဏ်ရာများဖြင့် လဲကျသွားခဲ့ရလေသည်။ အသိရှိနေခဲ့သည့်အချိန်ထိ မောင်ကဲအား တင်ဇာနွယ်၏အနောက် လိုက်ပါမသွားရန် တားမြစ်ခဲ့သေးသည်။ သို့သော်လည်း မောင်ကဲမှာမူ အရူးတစ်ယောက်သဖွယ် တင်ဇာနွယ်၏အနောက်သို့ ကောက်ကောင်ပါအောင် လိုက်ပါသွားလေခဲ့သည်။
''အ''
နာကျင်နေသော ခြေလှမ်းများနှင့် တန်ခိုးသည်လည်း ဆေးရုံပတ်လမ်းအတွင်းမှ လစ်ဟာနေခဲ့သော အပေါက်ဆီမှ ဆေးရုံအတွင်းသို့ တိတ်တဆိတ်ဝင်ရောက်လာလေသည်။ မျက်နှာပြင်တစ်ခုလုံးသည်လည်း ရှုတ်မဲ့နေခဲ့၏။ ထိုအပေါက်မှ ဝင်ရောက်လာသည်နှင့် ဦးစွာမြင်တွေ့နေရသော လှေကားအရင်းတွင်မူ လူတစ်စု လက်နတ်ကိုယ်ဆီများဖြင့် စောင့်စားနေခဲ့လေသည်။ ထိုလှေကားအရင်းဟာ အပေါ်ဆုံးထပ်ဆီမှ ဆင်းသတ်လာနိုင်သော တစ်ခုတည်းသော ထွက်ပေါက်လှေကားပင် ဖြစ်စေသည်။
မိမိသည်လည်း အလွန်ပင်ဒဏ်ရာများ ပြင်းထန်နေခဲ့၏။ ထို့ကြောင့် ထိုသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုလျင် မိမိသာလျင် အထိနာမည်မှာ သေချာလှသည်။ သို့နှင့် စည်းရိုးဘေးမှ မှောင်ရိပ်ခိုခါ ဆေးရုံနံဘေးဆီသို့ အသာလှမ်းသွားခဲ့သည်။ ဒဏ်ရာများ၏ အနာရှိန်များကြောင့် အလွန်ပင်လည်း မောပန်းနေခဲ့ရသည်။ ဆေးရုံကြီးတစ်ခုလုံးသည်လည်း မှောင်မိုက်နေခဲ့၏်။ မျက်စိစုံမှိတ် အမောဖြေလိုက်ပြီး မှောင်ရိပ်အတွင်းမှ ဆေးရုံကြီးအား မော့ကြည့်မိလိုက်သည်။
''တင်… တင်ဇာ… မင်း… မင်းဘာလုပ်မလို့လဲ''
ဟာ!… ခုန်မကျနဲ့လေ''
မြင်တွေ့လိုက်ရ၏။ တင်ဇာနွယ်တစ်ယောက်။ ဝရမ်တာအပေါ်မှ ခုန်ကျတော့မည့်အမူယာများ။ သူမဟာ သေဆုံးသွားခဲ့လေပြီဟု တန်ခိုးတစ်ယောက် မသိသေး။ ထို့ကြောင့် စိုးရိမ်ကြီးစွာ ခုန်မချစေရန် မှောင်ရိပ်တွင်းမှ ဟန့်တားနေခဲ့သည်။ ဟန့်တားနေရုံဖြင့် မကျေနပ်နိုင်။ မှောင်ရိပ်ခိုနေရာမှ လျင်မြန်စွာထွက်လာရင်း တားစီးရန်ထပ်မံ၍ အပေါ်သို့မော့ကြည့်လိုက်သည်။ တင်ဇာနွယ်တစ်ယောက် အပေါ်ဆုံးထပ်မှ ခုန်ချလိုက်၏။ သို့သော်လည်း မြေပြင်အပေါ်သို့ ကျရောက်မလာ တစ်ဝက်တစ်ပျက်နှင့်သာ ပျောက်ကွယ်သွားခဲ့သည်။
တန်ခိုးသည်လည်း မျက်စိပင်လျင် မှားနေသလား။ မျက်လုံးအား ပွတ်သပ်လိုက်လေသည်။ ထပ်မံ၍မော့ကြည့်လိုက်မိ၏။ ထို့အခါ ဝရမ်တာအပေါ်မှ မောင်ကဲတစ်ယောက် ခြေပစ်လက်ပစ်ခုန်ချတော့မည့် ဟန်အမူယာများ ပြင်ဆင်နေခဲ့သည်အား ထပ်မံမြင်တွေ့လိုက်ရပြန်သည်။
''မောင်"…မောင်ကဲ… မခုန်နဲ့နော်''
''တင်ဇာ… ငါ့ကိုကယ်ပါ…ငါ့ကိုမထားခဲ့ပါနဲ့ ငါနင့်နောက်ကိုလိုက်မယ် ငါလာပြီ… ဝကြီး… တင်ဇာ ပန်းအိ ဆရာ… ကျွန်တော်လာခဲ့မယ်''
''မောင်ကဲ… မလုပ်နဲ့''
ဝရမ်တာအပေါ်သို့တတ်ရောက်ခါ အောက်သို့ငုတ်ကြည့်နေရင်း မောင်ကဲ၏နှုတ်မှ သေဆုံးသွားခဲ့သော သူ၏သူငယ်ချင်းဖြစ်သူများ၏ အမည်များအား ခေါ်ဆ်ုနေခဲ့သည်။ သူ၏အမြင်တွင်လည်း အောက်ဘက်၌ ထိုသူများအား မြင်တွေ့နေခဲ့ရသည်။ ထို့နောက် တပြိုင်နက် နှုတ်မှ ထိုသို့ပြောဆိုစေရင်း အောက်ဆီသို့ ခြေပစ်လိုက်ပစ် ခုန်ချလိုက်လေသည်။ တန်ခိုးသည်လည်း စိုးရိမ်ကြီးစွာ အော်ဟစ်ပြောဆိုလိုက်သေးသည်။ သို့သော်လည်း သူတစ်ယောက်မကြားနိုင်ခဲ့ချေ။ အပေါ်ဆုံးထပ်မှ ခြေပစ်လက်ပစ် ပြုတ်ချသွားခဲ့ရင်း မောင်ကဲတစ်ယောက် ပွဲချင်းပြီးသေဆုံးသွားခဲ့ရလေသည်။
''မောင်ကဲ… ဟာ…''
တဆတ်ဆတ်တုန်ခါနေရင်း သေဆုံးသွားခဲ့သော မောင်ကဲအား တန်ခိုးတစ်ယောက် သွေးအိုင်များထဲမှ ပွေ့ဖတ်လိုက်သည်။ သေချာသည်က အောက်သို့ အရှိန်ပြင်းစွာ ဦးခေါင်းနှင့်ပြုတ်ချခဲ့ခြင်းကြောင့် မောင်ကဲတစ်ယောင် သေဆုံးသွားခဲ့ရလေပြီ။ စိုးရိမ်စွာအော်ဟစ်ပြောဆ်ုလိုက်သော တန်ခိုး၏ အသံအားကြားလိုက်ရသည်ကြောင့် လှေကားအရင်း၌ စောင့်ကြပ်နေခဲ့ကြသော လူသတ်သများသည်လည်း သူ၏အနားသို့ အပြေးရောက်ရှိလာခဲ့ကြသည်။ မောင်ကဲ၏ အလောင်းအား ပွေ့ဖတ်ထားခဲ့သော တန်ခိုးသည်လည်း မိမိအားဝန်းရံလိုက်သော ထိုသူများအား ကြည့်လိုက်စေရင်း ဦးခေါင်းလေးအား အသာရမ်းခါလိုက်လေသည်။
*****
Taxiဒရိုင်ဘာလေး၏ လမ်းပြခေါ်ဆောင်မှု့ဖြင့် ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့သည်လည်း မြို့မဆေးရုံအရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ ဆေးရုံအရှေ့မှ ငေးမျော်ကြည့်လိုက်ပြီး လှုပ်ရှားနေခဲ့သည့် မည်သည့်ပုံရိပ်တစ်ခုမျှ မတွေ့ရပဲ မှောင်မိုက်နေခဲ့သည်ကိုသာ မြင်တွေ့ခဲ့ရချေသည်။ မိမိရောက်ရှိလာခဲ့သော နှစ်ကြိမ်။ ထိုအကြိမ်များနှင့် ယခုမတူ။ တစ်မူထူးခြားနေခဲ့ပြီ။ သို့နှင့် နောက်ပါရဲသားလေးများအား ဟန်အမူများဖြင့် ဆေးရုံ၏ပတ်ဝန်းကျင်အား ဝိုင်းရံထားရန် ပြောဆိုလေသည်။ နံဘေး၌ရှိနေသော ကိုခင်မောင်စိုးအား ဦးခေါင်းလေးအသာငြိမ့်ပြခါ ဆေးရုံအတွင်းသို့ ရဲသားလေးဦးနှင့် ဝင်ရောက်ရန် စတင်လှမ်းလိုက်သည်။
''ဆရာ… ဆရာ''
''ဘာဖြစ်လာတာ… ဒီမှာအလုပ်လုပ်နေတယ် မသိဘူးလား''
''ဟုတ်… ဟုတ်ကဲ့ဆရာ… ကျွန်တော့တို့ဆီကနေ လွတ်သွားတဲ့ ဟိုကောင်တစ်ကောင် ပြန်ရောက်လာပြီး အပြင်မှာတိုက်ခိုက်နေကြတယ်''
''ဟာ!… တော်တော်အသက်ပြင်းတဲ့ ကောင်ပဲ… တွေ့ကြသေးတာပေါ့''
''ဆရာ… ဒေါက်တာ… ကျွန်တော်တို့ဆေးရုံထဲကို ရဲတွေဝင်လာကြပြီ… ဘယ်လိုလုပ်မလဲ''
''ဟာ!… မောင်စန်းမြင့်လုပ်ပါဦး… ဘယ်လိုလုပ်ကြမလဲ''
''ဘာမှမပူနဲ့ဆရာ… သူတို့အားလုံးကို ဆေးရုံထဲရအောင်ခေါ်… ဆေးရုံထဲရောက်ရင် ကျွန်တော့်ပညာအကြောင်း ကောင်းကောင်းသိသွားရမယ်''
အသင့်ပြင်ထား၏။ ကိုင်ဆောင်ထားခဲ့သော သေနတ်များ။ ရဲအုပ်မောင်ဝင်းနှင့် ရဲသားများသည်လည်း ဆေးရုံမှန်တံခါးအနားသို့ ဖြည်းညင်းစွာကပ်လာလေသည်။ မှန်တံခါးနားသို့ နီးကပ်စွာရောက်ရှိလာသည်နှင့် တံခါးမှာလည်း ပွင့်လစ်လာလေသည်။ သို့သော် တံခါးဖွင့်သူ မည်သူဖြစ်သနည်း။ သေချာစွာမတွေ့ရချေ။ မောင်ဝင်းသည်လည်း ကိုင်ဆောင်ထားခဲ့သော သေနတ်ဖြင့် ချိန်းဆလိုက်ရင်း နှုတ်မှလဲ ထိုသို့ပြောဆိုစေသည်။
''ဘယ်သူလဲ… အထဲမှာ ဘယ်သူရှိနေလဲ''
သူ၏စကားများအဆုံး ပွင့်လစ်သွားခဲ့သော မှန်တံခါးအဝမှ ဆရာဝန်ကြီးစွန်ရဲနိုင်မှာမူ ရုတ်တရက်ထွက်ရောက်ခါ သူ၏ပါးစပ်အား လက်ဝါးဖြင့်အုပ်၍ မျက်စိများပွတ်စေရင်း အိပ်ချင်နေခဲ့သည့်အမူယာများဖြင့် ရဲအုပ်မောင်ဝင်းအား ထိုသို့လှမ်းပြောဆိုစေခဲ့သည်။
''ဘယ်သူတွေလဲ… ဒီနေ့ဆေးရုံပိတ်ထားတယ်… ကျွန်တော်တို့မအားကြလို့… တခြားဆေးရုံကိုသွားပါ''
''ဒေါက်တာ!. ကျုပ်ရဲအုပ်မောင်ဝင်း''
''ဟင်!… ရဲအရာရှိကြီး ဘာကိစ္စနဲ့ထပ်လာပြန်ပြီလဲ!… ခင်ဗျားခံဝန်ထိုးထားတာ မေ့နေပြီလား… ကဲ့ပါဗျာ… ဘာအကြောင်းနဲ့ပဲလာလာ… အထဲက်ုကြွပါဦး''
ဆရာဝန်ကြီး၏ခေါ်ဆိုမှု့များကြောင့် ရဲအုပ်မောင်ဝင်းသည်လည် ချိန်ဆထားခဲ့သော သေနတ်အား သိမ်းဆည်းလိုက်စေရင်း အနောက်မှလိုက်ပါလာသော ဆန်းထွန်ူပိုင်နှင့်အတူ ဆေးရုံအတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။
''မီးမဖွင့်ကြဘူးလားဗျ''
''သြော်. မီးတွေပြင်နေတာနဲ့ မဖွင့်ဖြစ်တာပါ… ပြီးတော့… ဒီနေ့လဲ ကျုပ်တို့ဆေးရုံပိတ်ထားတယ်ဗျ… ဒါကြောင့် ဆေးရုံတစ်ခုလုံး အမှောင်ချထားလိုက်တာ!… မောင်စန်းမြင့်ရေ… အဆင်သင့်ဖြစ်ပြီဟေ့''
ရဲအုပ်မောင်ဝင်းနှင့် ဆန်းထွန်းပိုင်တို့အား ဆရာဝန်ကြီးမှာမူ ကောင်ဒါနံဘေး ထိုင်ခုံလေးတွင် နေရာပေးထိုင်စေခိုင်းရင်း စကားတပြောပြောနှင့် ထိုသို့ပြောဆိုစေခဲ့သည်။ ဆရာဝန်ကြီး၏ပြောစကားများကြောင့် ရဲအရာရှိများ မျက်မှောင်ကြုတ်မိသည်။ တပြိုင်နက် ညိုမှိုင်းနေသော အခိုးအငွေ့များသည်လည်း ထွက်ပေါ်လာခဲ့လေသည်။ ထိုအငွေ့များအား ကိုမောင်ဝင်းမှာမူ မြင်တွေ့ဘူးရုံတင်သာမက ထိုအငွေ့များအား ရှု့ရှိုက်မ်ခဲ့ခြင်းကြောင့် သူတစ်ယောက် လှည့်စားခံလိုက်ရဘူးသည်။
''ဟင်… အဲ့ဒီ့အငွေ့ ကိုဆန်းလေး… နာခေါင်းပိတ်ထား''
အပြုံး။ အပြုံးဆိုစေကာမူ ဆရာဝန်ကြီး၏ အပြုံးမှာ ရဲအရာရှိများအား ပိုင်နိုင်စွာလှည့်စားလိုက်နိုင်ပြီဟူသော အပြုံးမျိုးပင်ဖြစ်သည်။ ထို့နောက် ဆရာဝန်ကြီးသည်လည်း အသက်အားဖြင့်မရှုသေး။ အိတ်ကပ်အတွင်းမှ နှာခေါင်းစီးအား ထုတ်ယူစီးထားလိုက်လေသည်။ ဆန်းထွန်းပိုင်သည်လည်း ကိုမောင်ဝင်း၏ ပြောဆိုလိုက်သော စကားများအား နားမလည်နိုင်သည်ကြောင့် ကြောင်တောင်တောင်သာ ငေးကြည့်နေမိသည်။ ထို့ကြောင့် သူတစ်ယောက် ထိုအငွေ့များအား ရှုရှိုက်မိလေသည်။
ကိုမောင်ဝင်းသည်လည်း ဆန်းထွန်းပိုင်အား ပြောဆိုလိုက်ရသည်ကြောင့် သူသည်လည်း အမှတ်မထင် ထိုအငွေ့များအား ရှု့ရှိုက်မိလိုက်သည်။ ထိုတကြိမ်၌ အငွေ့များ၏အစွမ်းများဟာ ပိုမိုပြင်းထန်လေသလား ရှုရှိုက်မိလိုက်သော ကိုမောင်ဝင်းနှင့်အဖွဲ့မှာမူ ပြူးကြောင်ကြောင်ပုံစံများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။
''ဟားဟားဟားဟား… ဘာတတ်နိုင်ကြသေးလဲ!… မင်းတို့လည်တယ်ဆိုတာ ငါ့ကိုယ်ငါနုံပါတယ်လို့ အပြစ်ပြောနေတဲ့ အချိန်လောက်ပဲရှိသေးတယ်မောင်ဝင်းရ!… တပည့်ကြီးမင်းသိပ်တော်တယ်''
''သိပ်လဲချီးကျူးမနေပါနဲ့ ဦးစွန်ရဲနိုင်… ခင်ဗျားဒီမှာကြည့်လိုက်ပါဦး''
''ဟင်!… မောင်အောင်ကို မင်း… မင်းဒါဘာလုပ်တာလဲ''
''ဆရာ… ဒီကောင်တောသား သစ္စာဖောက်ပြီ''
''ငြိမ်ငြိမ်နေစမ်း…''
''ဦးစွန်ရဲနိုင်!… အခုချက်ချင်း လက်နတ်ချပြီး ကျုပ်မိတ်ဆွေတွေကို လှည့်စားထားတာ ပြန်ဖြေပေး… စန်းမြင့်… လုပ်လေ''
''ငါ…ငါ''
''ကဲ့ကွာ… လုပ်လို့ပြောတယ်မကြားဘူးလား''
''ဆရာ… ဆရာတို့ပြေးကြတော့''
''ဟာ!…ဒီလောက်ခေါင်းမာတဲ့ကောင် ကဲ့ကွာ ကဲ့ကွာ''
''အောင်ကို… စန်းမြင့်ကိုမလုပ်နဲ့''
''ဒါဆိုကျူပ်ပြောတဲ့အတိုင်းလုပ်လေ… မလုပ်ရင်ဒီကောင့်ကို သတ်ပစ်လိုက်မှာနော်''
မြေညီထပ်အခန်းတစ်ခုအတွင်း၌ တောသားအောင်ကိုအား မောင်စန်းမြင့်နှင့်အတူ ထားရစ်စေခဲ့သည်။ ဆရာဝန်ကြီးနှင့် ဒေါက်တာသန်းနိုင် နှစ်ဦးသားမှာမူ ကောင်ဒါစားပွဲအနီးတွင် ဧည့်ခံစကားပြောဆိုစေသည်။ မောင်စန်းမြင့်ဟာ အောင်ကိုတစ်ယောက် သစ္စာဖောက်လိမ့်မည်ဟု ကြိုတင်မသိရှိထားခဲ့ချေ။ ထို့ကြောင့် ပေါ့လျော့စွာနေထိုင်စေခဲ့ပြီး ယခုအခါ တောသားအောင်ကို၏ အကြပ်ကိုင်ထားခြင်းအား ခံလိုက်ရလေသည်။ မောင်စန်းမြင့်၏ လည်ပင်းဆီသို့ ဓားမြောင်ဖြင့်ချိန်ဆထားခဲ့ပြီး ချိန်ဆထားခဲ့သော လည်ပင်းဆီမှလည်း ဓားမြောင်၏ပွန်းတိုက်မှု့ဖြင့် သွေးအနည်းငယ်ထွက်နေရသည်။
မိမိသေချင်စေပါစေ။ မောင်စန်းမြင့်တစ်ယောက် သူ၏ဆရာဖြစ်သူများအား အလျင်အမြန်ပြေးခိုင်းစေခဲ့သည်။ ထိုကဲ့သို့ သစ္စာရှိလှသော မိမိ၏တပည့်မောင်စန်းမြင့်အား ဆရာဝန်ကြီးမှာမူ ဥပေက္ခာမပြုရက် သူ၏အရှေ့၌ တပည့်ဖြစ်သူအား ရိုက်နှပ်ခြင်းခံနေရသည်ကြောင့် မည်သို့မှပင် တိမ်းရှောင်မသွားရက်ခဲ့ချေ။ တပြိုင်နက် ဆေးရုံတစ်ခုလုံးအား ဝိုင်းရံထားခဲ့သော ရဲအရာရှိကိုခင်မောင်စိုးနှင့် အဖွဲ့ဟာလည်း ဆေးရုံအတွင်းသို့ ဝင်ရောက်လာပြီဖြစ်သည်။
''စန်းမြင့်… မင်းပြုစားထားတာတွေ ဘယ်လိုဖြေရမှာလဲ ပြောစမ်း''
''သစ္စာဖောက်တောသား… မပြောနိုင်ဘူးကွာ''
''မပြောဘူး ဟုတ်လား''
''အား!… ''
''မလုပ်ပါနဲ့ စန်းမြင့်ကိုမလုပ်ပါနဲ့''
''ကျုပ်စိတ်မရှည်တော့ဘူးနော် မြန်မြန်လုပ်လို့ပြောနေတယ်''
''စန်းမြင့်ကိုမလုပ်နဲ့မောင်အောင်ကို ငါ…ငါလုပ်ပေးပါ့မယ် သန်းနိုင် မီးတွေဖွင့်လိုက်ပါ''
ဆရာဝန်ကြီး၏ စေခိုင်းချက်ဖြင့် ဒေါက်တာသန်းနိုင်သည်လည်း ဆေးရုံတစ်ခုလုံး၏ မီးများအား ဖွင့်လစ်လိုက်စေသည်။ ထိုအခါမှသာ ပြုစားထားခြင်းခံနေရသော လူငယ်များသည်လည်း အပေါ်ဆုံးထပ်၌ပင် အမြင်အာရုံများ ပြန်လည်ကောင်းမွန်လာစေသည်။ ပြင်းထန်လှသော မှော်အငွေ့များဖြင့် ပြုစားခြင်းထားရသည့် ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့သည်လည်း အသိပြန်လည် ရရှိလာခဲ့လေသည်။ တပြိုင်နက်တည်းမှာပင် ရဲသားများအားလုံးသည်လည်း ဆေးရုံတစ်ခုလုံးရှိ လူသတ်သမားများအား ဖမ်းစည်းလိုက်နိုင်သည်။
နှစ်ပေါင်းများစွာ လူသားများအား စမ်းသပ်ခွဲစိတ် သတ်ဖြတ်နေခဲ့သော ဆရာဝန်ကြီးစွန်ရဲနိုင်သည်လည်း ထိုတစ်ချိန်၌ပင် လက်နတ်ချ အဖမ်းခံလိုက်ရလေပြီဖြစ်သည်။ ပျောက်ဆုံးနေခဲ့သော အမှု့ကြီး သို့မဟုတ် စိတ္တဇဆန်ဆန်သွေးအေးစွာ လူများအား သတ်ဖြတ်နေခဲ့သည့် ထိုဆေးရုံတစ်ခုလုံးအား ၁၉၉၃ မတ်လ ၆ ရက်နေ့တွင် ရဲအုပ်မောင်ဝင်းကိုယ်တိုင်ပင်လျင် လက်ရဖမ်းစည်းလိုက်နိုင်ခဲ့သည်။
*****
*ချုပ်နှောင်ခံထားရသော ဆေးရုံ၏သက်တမ်းရင့် ဝိဥာဉ်မလေးသည်လည်း ကျွတ်လွတ်နိုင်မည်လား။
*ထိုဆေးရုံကြီးအား မည်သို့ပင်ဆက်လက်ပြုလုပ်သွားကြမည်နည်း။
*ရာဇဝင်တင်ထားသည့် မြို့မဆေးရုံ၏အကြောင်းများအား နိုင်ငံတော်အစိုးရမှ မည်သို့ပင်ပြောင်းလဲ ပြုပြင်ခဲ့ရသနည်း။
*ဆေးရုံ၌ပင် မည်သည့်လူငယ်များ သေဆုံးသွားခါ မည်သည့်လူငယ်လေးများ အသက်ရှင်လျက် သွေးပျက်မတတ် ထိုဖြစ်ရပ်မှ လွတ်မြောက်သွားကြသနည်း။
အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၃၃) ဇာတ်သိမ်းပိုင်းတွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသော ဇာတ်သိမ်းပိုင်အား
(၆.၄.၂၀၁၆)
မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်တင်ပြပေးသွားပါမည်။
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၃၃)
ဇာတ်သိမ်းပိုင်း
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
*****************
နှစ်ပေါင်းများစွာ လူသားများအား စမ်းသပ်ခွဲစိတ် သတ်ဖြတ်နေခဲ့သော ဆရာဝန်ကြီးစွန်ရဲနိုင်သည်လည်း ထိုတစ်ချိန်၌ပင် လက်နတ်ချ အဖမ်းခံလိုက်ရလေပြီဖြစ်သည်။ ပျောက်ဆုံးနေခဲ့သော အမှု့ကြီး သို့မဟုတ် စိတ္တဇဆန်ဆန်သွေးအေးစွာ လူများအား သတ်ဖြတ်နေခဲ့သည့် ထိုဆေးရုံတစ်ခုလုံးအား ၁၉၉၃ မတ်လ ၆ ရက်နေ့တွင် ရဲအုပ်မောင်ဝင်းနှင့်အတူ ရဲအရာရှိများ လက်ရဖမ်းစည်းလိုက်နိုင်ခဲ့သည်။
အိပ်မက်ဟုပင်ဆိုရမလား။ မှောင်မဲနေခဲ့သည့် ထိုဆေးရုံကြီး၏အပေါ်ဆုံးထပ်တွင် အဖြစ်ဆိုးစွာ သေဆုံးသွားခဲ့ရသော ကျွန်ုပ်၏သူငယ်ချင်းဖြစ်သူများနှင့် ဆုံတွေ့နေခဲ့ရသေးသည်။ ထိုသူများဟာ ထိုဖြစ်ရပ်ဆန်းကြီး၌ အသတ်ပေးသွားခဲ့ရပြီး ကျွန်ုပ်၏သူငယ်ချင်းဖြစ်သူ ငါးကလေးသည်လည်း စိတ်ဖောက်ပြန်သွားခဲ့ရသော စာမိ၏ဓားချက်ဖြင့် အပေါ်ဆုံးထပ်လှေကားဘေးအခန်းတွင် လဲကျနေခဲ့သည်။ ကျွန်ုပ်နှင့်အတူ လမ်းကလေး မျှားကလေးတို့မှာမူ အံ့သြထူးဆန်းလောက်အောင်ပင် တစ်ဦးနှင့်တစ်ဦး အမြင်များစွာ မှားခဲ့ရဘူးသည်။
မှောင်မိုက်နေရာမှ ဆေးရုံကြီးတစ်ခုလုံး မီးများစွာ ထွန်းလင်းလာခဲ့သည်မှာသာ ထူးဆန်းစွာအမြင်မှားခဲ့ရသော ဖြစ်ရပ်များအား ပျောက်ကွယ်သွားကုန်ကြလေသည်။ တပြိုင်နက်တည်းမှာပင် လှေကားများဆီမှ အပြေးတတ်ရောက်လာကြသော လူတစ်စု၏ ခြေသံများအား ကြားလိုက်ရသေးသည်။ ကျွန်ုပ်နှင့်အတူ သူငဟ်ချင်းနှစ်ဦးသည်လည်း အကြည့်ချင်းများဆုံမိကြရင်း ရန်သူများ ထပ်မံရောက်ရှိလာခဲ့ကြပြီဟု ထင်မြင်မိစေသည်။
သက်ပြင်းများစွာချ၍ မည်သို့မှပင် တိုက်ခိုက်နိုင်တော့မည်မဟုတ်ချေ။ ကံကောင်းလေသလား။ သို့မဟုတ် အမြင်မှားနေခဲ့လေသလား။ ဆေးရုံဆီသို့ရောက်ရှိနေခဲ့သော မိတ်ဆွေအစ်ကိုအောင်နှင့် ရဲသားများပင်ဖြစ်နေခဲ့သည်။ အစ်ကိုအောင်တစ်ယောက် ကျွန်ုပ်နှင့်သူငဟ်ချင်းနှစ်ဦးထံသို့ စိုးရိမ်တကြီး အပြေးရောက်ရှိလာခဲ့ပြီး
''ကိုထီးလေး. လမ်းလေ… မျှားလေး… ခင်ဗျားတို့ဘာမှမဖြစ်ကြပါဘူးနော်''
''ဟင်!… အစ်ကိုအောင်… ဒီဆေးရုံကိုရောက်နေတယ်ဟုတ်လား… ဘယ်လိုဖြစ်ပြီးရောက်နေရတာလဲ''
''ကိုထီးလေး ကျုပ်ကိုခွင့်လွတ်ပါနော် ဒေါက်တာသန်းနိုင်ကို ခင်ဗျားအကြပ်ကိုင်နေတုန်းက ကျူပ်ခင်ဗျားကို ရိုက်မိခဲ့တယ်… အဲ့ဒီချိန်တုန်းက ရဲတွေရောက်လာမယ်ဆိုတာ ကျွန်တော်သိနေရင် ခင်ဗျားနဲ့ သူတို့ကို ပေါင်းပြီးတိုက်ခိုက်ခဲ့မှာ… ဒါပေမယ့် အဲ့ဒီအချိန်မှာ ရဲအရာရှိတွေ ဆေးရုံကိုဦးတည်လာနေပြီဆိုတာ ကျုပ်တကယ်မသိခဲ့ဘူး… ခင်ဗျားမေ့လဲသွားမှ သူတို့ပြောသံကျုပ်ကြားလိုက်ရတာ''
''ရပါတယ်ဗျာ… ကျွန်တော်လဲ အစ်ကို့အောင်ကို အထင်လွဲမိခဲ့တယ်… အခုရော ရဲအရာရှိတွေ ရောက်လာကြပြီလား… လူသတ်သမားတွေရော''
အောက်ထပ်မှာ ကိုမောင်ဝင်းတို့ရောက်နေတယ် လူသတ်သမားတွေကိုလဲ လက်ရဖမ်းစည်းပြီးပြီး''
''ဗျာ… ကိုမောင်ဝင်းရောက်နေတယ်ဟုတ်…ဟုတ်လား''
''ဟုတ်တယ်''
''ဆရာတို့ ကျုပ်မိတ်ဆွေတွေကို နည်းနည်းကူတွဲပေးပါဦး''
မိတ်ဆွေဖြစ်သူ ရဲအုပ်မောင်ဝင်း ထိုဆေးရူံသို့ ရောက်ရှိလာခဲ့သည်ဟု မိတ်ဆွေအစ်ကိုတစ်ယောက် ပြောဆိုစေခဲ့သည်။ ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများသည်လည်း ရဲသားများ၏ တွဲကူရာအနောက်သို့ လိုက်ပါသွားခဲ့ရင်း မြေညီထပ်ဆီသို့ ရောက်ရှိလာခဲ့သည်။ သွေးအေးသွားလေသလား။ သို့မဟုတ်။ သေဘေးမှ လွတ်မြောက်သွားပြီဟူသော အတွေးများကြောင့်လား ခန္ဓာကိုယ်တစ်ခုလုံး တဆစ်ဆစ် နာကျင်လာခဲ့၏။ မြေညီထပ်သို့အရောက် မိတ်ဆွေဖြစ်သူ ရဲအုပ်မောင်ဝင်းသည်လည်း ကျွန်ုပ်နှင့်သူငယ်ချင်းများဆီသို့ စိုးရိမ်တကြီးမျက်လုံးများဖြင့် အပြေးရောက်ရှိလာလေသည်။
''ကိုထီးကလေး… ဖြစ်မှဖြစ်ရလေဗျာ… ဖြစ်မှဖြစ်ရလေ ခင်ဗျားတို့…ခင်ဗျားတို့အခုလို အဖြစ်နဲ့ကြုံနေရလိမ့်မယ်လို့ ကျုပ်တကယ်မထင်ခဲ့မိဘူး… ကျွန်တော်အချိန်မှီ မကယ်တင်နိုင်တဲ့အတွက် ခွင့်လွတ်ပေးပါဗျာ''
''ရပါတယ်ဗျာ… ကိုမောင်ဝင်းတို့ရောက်လာတာ နောက်မကျပါဘူး!''
''ကိုထီးလေး… ကိုထီးလေး… ကျွန်…ကျွနိတော့်အဖေနဲ့ သူ့…သူ့တပည့်တွေရော''
''ကိုထီးလေး… သူတို့ဘဟ်မှာလဲဟင်''
အချိန်ကား ညနက်အချိန်သို့ရောက်ရှိနေပြီဖြစ်၏။ ရဲအရာရှိများအားလုံးဟာလည်း ဆေးရုံတစ်ခုလုံးအား နေရာအနံ့ရှာဖွေစစ်ဆေးလျက် ဆေးရုံကားများနှင့် ရဲကားများသည်လည်း ထိုဆေးရုံတစ်ခုအတွင်း၌ များပြားစွာရှိနေခဲ့သည်။ ကျွန်ုပ်၏သူငယ်ချင်းဖြစ်သူ ငါးကလေးအား ဓားဒဏ်ရာနှင့် အခန်းတစ်ခုအတွင်း၌ တွေ့ရှိခဲ့ရပြီး သူ့အား အမြန်ဆုံးသာလျင် ဆေးရုံဆီသို့ ပို့ဆောင်ပေးစေခဲ့သည်။
ထိုသို့အမေး… ဆန်းထွန်းပိုင်၏ ဖခင်ဖြစ်သူနှင့်သူ၏တပည့်များ မည်သည့်နေရာတွင် ရောက်ရှိနေခဲ့သနည်း။ ထိုသူများ အဘယ်မှာနည်းဟူသော အမေးစကားများ။ ကျွန်ုပ်တစ်ယောက် သူ့အားစိုက်ကြည့်နေမိရင်း ဦးခေါင်းလေးအား အသာငိုက်စိုက်မိသည်။ သူသည်လည်း ကျွန်ုပ်အား အလောတကြီး ဆက်လက်မေးမြန်းပြန်သည်။ ဖြေဖို့အတွက် ကျွန်ုပ်မှာမူ မဝံ့ရဲခဲ့ချေ။ မည်သို့ပင် သူ့အား ပြန်လည်ဖြေကြားရမည်နည်း။ ကျွနိုပ်ဖြေရခတ်နေချိန်၌ ရဲသားလေးတစ်ဦး ရဲအုပ်မောင်ဝင်း၏အရှေ့သို့ ရောက်ရှိလာခဲ့ပြီး။
''ဆရာ… အအေးခန်း ရေခဲတိုက်အခန်းလို့ ယူဆလို့ရတဲ့ အခန်းထဲမှာ အလောင်းတွေတွေ့ခဲ့ရပါတယ်… လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကမှ သေဆုံးသွားတယ်လို့ မှန်းဆနိုင်တဲ့ အလောင်းတွေနဲ့ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီလို့ တွက်ဆလို့ရတဲ့ အလောင်းတွေလည်း တွေ့ခဲ့ရပါတယ်''
''ကောင်းပြီး ဆေးရုံကားတွေ ထပ်ခေါ်ပါ… အပေါ်ထပ်က အလောင်းတွေအားလုံး… ရှင်းလင်းပါ''
''ဟင်!… အလောင်းတွေ ကိုထီးလေး ကျုပ်မေးနေတယ်လေ… အဖေနဲ့သူ့တပည့်တွေရော''
''ဆန်းလေး… အစ်ကို့ကိုခွင့်လွတ်ပါ… အစ်ကို… အစ်ကိုဆရာ့နဲ့သူ့တပည့်တွေရဲ့အသက်ကို မကယ်လိုက်နိုင်ဘူး ဆရာနဲ့ သူ့တပည့်တွေ သေကုန်ကြပြီ''
''ဗျာ… အဖေ…အဖေ အဖေသေပြီဟုတ်… ဟုတ်လား'
''ဆန်းလေး. သတိထားပါဦး ဆန်းလေး''
အမှန်ပါပင်။ ဆန်းထွန်းပိုင်နှင့်ထပ်တူ ကျွန်ုပ်တို့အားလုံး ခံစားခဲ့ရပါသည်။ ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများအား ဆန်းထွန်းပိုင်တစ်ယောက် လွန်စွာအားကိုးစေခဲ့သည်။ ထို့ကြောင့်လဲ ထိုခရီးစဉ်သို့ ဖခင်ဖြစ်သူအား စေလွတ်လိုက်ခြင်းဖြစ်စေသည်။ သို့သော်လည်း ဆန်းထွန်းပိုင်၏ ဖခင်ဖြစ်သူ ကျွန်ုပ်၏ဆရာ… သေဆုံးသွားကြသော ကျွန်ုပ်၏ ကျောင်းနေဘက် သူငယ်ချင်းများ၏အသက်အား ကျွန်ုပ်တစ်ယောက် မည်သို့မှပင် မကယ်တင်ပေးနိုင်ခဲ့ချေ။
ကိုမောင်ဝင်းနှင့်ရဲအရာရှိများသည်လည်း ဒဏ်ရာအနာတရ ရရှိထားခဲ့သော ကျွနုပ်နှင့်အတူ သူငယ်ချင်းများအား ဆေးရုံဆီသ်ို့ ပို့ဆောင်ပေးစေခဲ့သည်။ မိုးစင်စင်လင်းလာသည့်အထိ ထိုသို့သော သေဘေးမျိုးနှင့် လက်တွေ့ကျကျရင်ဆိုင်ခဲ့ရဘူးသည်အား အိပ်မက်တစ်ခုဟုပင် ထင်ယောင်နေမိသည်။ လူသတ်သမားများ၏ ရက်စက်စွာ ပြုမူခြင်းခံထားရသော သူငယ်ချင်းဖြစ်သူ စာမိသည်လည်း အရူးတစ်ပိုင်းဘဝနှင့် လူ့လောကကြီးအတွင်းမှ ထွက်ခွာသွားခဲ့ရသည်။
ရဲအရာရှိများနှင့် မိတ်ဆွေရဲအုပ်မောင်ဝင်းတို့မှာ ကျွန်ုပ်တို့အား ထိုဆေးရုံဆီသို့ မည်သို့ပင်ရောက်ရှိသွားရကြောင်း မှတ်တမ်းတင်မြန်းစေခဲ့သည်။ ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများသည်လည်း ကားကြီးတိမ်းမှောက်သွားသောကြောင့် ဆရာဝန်ကြီးများအား မြင်တွေ့ရသည့်ခါ လွန်စွာအားကိုးခဲ့မိပြီး ထိုဆေးရုံအတွင်း၌ ပိတ်မိခဲ့ကြောင်း ပြန်လည်ပြောဆိုခဲ့ရသည်။
ထိုသူများ နားစိုက်ထောင်နေ၏။ စိတ်ဝင်တစား။ ပြန်လည်ပြောဆိုခဲ့၏။ နှစ်နာရီခန့်အကြာ။ တကယ့်လက်တွေ့တွင်မူ သေမင်းတံခါး အနီး၌ အသက်လုနေခဲ့ရသည်အား ထိုသူများ ကိုယ်ချင်းစာနေမိလေမလား။ ပြန်လည်ပြောဆိုနေသည့် ကျွန်ုပ်တို့အားလုံးကိုပင် စိတ်ကူးယဉ်သမားများဟု ထင်မှတ်သွားနိုင်သည်။ သို့သော်လည်း လက်ရဖမ်းစည်းမိထားသော လူသတ်သမားများ၏ ဝန်ခံချက်များအား ကြားသိလိုက်ရမှသာလျင် ကျွန်ုပ်နှင့်အတူ အသက်ရှင်လျက် ကျန်ရစ်နေခဲ့သော သူငယ်ချင်းများနှင့် သေဆုံးသွားခဲ့ရသော သူငယ်ချင်းများအား မည်သို့ပင် ဆေးရုံကြီးအတွင်း၌ သွေးပျက်စွာ ကြုံတွေ့ခဲ့ရသည်များ ရဲအရာရှိများ ပိုမိုသိရှိသွားခဲ့ရသည်။
စိတ်ရောဂါဝေဒနာ ခံစားနေခဲ့ရသော ဆရာဝန်ကြီး၏ထွက်ဆိုချက်များအရ မြို့မဆေးရုံကြီး အပိတ်ခံလိုက်ရသည့်အချိန်မှ စတင်ခါ မိမိနှင့်သစ္စာရှိလှသော အပေါင်းဖော်များဟာ ထိုဆေးရုံကြီးအတွင်း၌သာ နေထိုင်ခဲ့ကြသည်။ သူ၏ကျေးဇူးရှင်ဖြစ်သော ဇနီးသည်ဒေါ်ဖြူလေး လူကောင်းပကတိပြန်လည် ဖြစ်မြောက်လာရန် လူများအား ထိုကဲ့သို့စမ်းသပ်ခဲ့ကြောင်း ဝန်ခံစေခဲ့သည်။ ၁၅နှစ်-၁၆နှစ် ပတ်ဝန်းကျင်၌ လူပေါင်း၁၆၀ကျော်အား ထိုသူများ ရက်စက်စွာသတ်ဖြတ်ခဲ့သည်ဟု ရဲအရာရှိများမှ ခန့်မှန်းသိရှိခဲ့ရသည်။
''တကယ်တော့!… သူတို့အားလုံးဟာ သိပ်တော်ကြတဲ့ လူတော်တွေပါပဲဗျာ တစ်ဦးအပေါ်တစ်ဦး သိပ်ပြီးသစ္စာရှိကြတယ်!… စိတ်ကောင်းစေတနာကောင်းတွေနဲ့ စိတ်ထားပြည့်ဝတဲ့ လူတော်တွေပါပဲ!… ကံကြမ္မာအလှည့်အပြောင်းကြောင့် ခေါင်းဆောင်ဆရာဝန်ကြီး စိတ်ဖောက်ပြန်ခဲ့ရတယ် သူ့အပေါင်းဖော်တွေကလည်း ဆရာ့စကားကို မြေဝယ်မကျနားထောင်ပြီး အမှားမှန်းသိရက်နဲ့ ခိုင်းတဲ့အတိုင်း တသွေမသိမ်းလုပ်ပေးခဲ့ကြတယ် တကယ့်ကိုးလဲ အံ့သြမိပါတယ်ဗျာ… ဒီလိုဖြစ်ရပ်မျိုး ကျုပ်တို့နိုင်ငံမှာ ရှိနေလိမ့်မယ်လို့ ကျုပ်မောင်ဝင်း တစ်ခါမှ မတွေးခဲ့မိဘူး''
''ဟုတ်တယ်ဗျ. ကျုပ်ကိုကယ်ပေးခဲ့တဲ့ နပ်စ်မလေးပြောတယ် သူတို့အားလုံးက သိပ်ကိုပါးနပ်ကြတယ် နောက်ပြီး အရမ်းရက်စက်တယ် အဲ့ဒီနပ်စ်မလေးတုန်းကလဲ ကျုပ်ကိုသတ်ဖို့ကြံခဲ့တာ ကံကောင်းလို့ပေါ့ဗျာ… ကျုပ်လဲသေနေ့မရှိသေးလို့လို့ပြောရမယ် သူဓားနဲ့ထိုးဖို့ လုပ်လိုက်တိုင်း ကျုပ်ကျောကဒဏ်ရာကလဲ ဆစ်ခနဲကိုက်ကိုက်သွားတယ်လေ. အခုသူတို့အားလုံးကို ဖမ်းထားတာကိုမောင်ဝင်း ဘယ်လိုဆက်လုပ်မှာလဲ''
''ဆေးရုံမှာရှိနေတဲ့ လူတွေအားလုံး ကျုပ်တို့ရဲတပ်ဖွဲ့က ဖမ်းထားကြတယ်!… အခုလောလောဆယ် သေဘေးကလွတ်လာတဲ့ ကိုထီးလေးတို့သူငယ်ချင်းတွေကိုပဲ လူကောင်းပြန်ဖြစ်လာအောင် ကုသပေးရမယ် နောက်မှပဲ ဆရာဝန်ကြီးနဲ့ သူတပည့်တွေကို တရားရုံတင်မယ်လေ''
''ဆရာ… ဆရာ''
''ဟ!… ဘာဖြစ်လာတာလဲဗျ!"
"ဟို!… ဟို ကျွန်တော်တို့ဖမ်းမိထားတဲ့ တရားခံတွေအားလုံး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားကြပြီဆရာ… အချုပ်ထဲမှာ အားလုံးသေကုန်ကြပြီ''
''ဘာ!…''
၁၉၉၃မတ်လ ၁၀ရက်နေ့ နံနက်၁၀နာရီခန့်အချိန်တွင် ဆရာဝန်ကြီးနှင့် သူ၏တပည့်အပေါင်းအပါများမှာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြ၏။ ရဲအရာရှိများ၏ ပြောဆိုချက်များအရ ထိုသူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အဆိပ်သင့်စေနိုင်သော ဆေးပစ္စည်းတစ်မျိုးအား ဆောင်ထားလေ့ရှိဟန်တူ၏။ အရေးကြုံလျင် ထုတ်သုံးမည်ဟူသော ဆန္ဒလည်းရှိပုံပေါ်သည်။ ယခုသည်လည်း ပြင်းထန်လှသော အဆိပ်များသောက်သုံးခဲ့ကြရင်း မိမိကိုယ်ကို အဆုံးစီရင်သွားသည်ဟု သတ်မှတ်စေခဲ့သည်။
၁၉၉၃ဧပြီလ ၁ရက်နေ့အချိန်တွင်မူ သေဘေးမှ လွတ်မြောက်လာခဲ့သော လူငယ်ခြောက်ဦးအနက် လူငယ်နှစ်ဦးမှာမူ ဒုက္ခတတစ်ပိုင်းဖြစ်သွားခဲ့ရပြီး တစ်ခြားသော လူငယ်များသည်လည်း ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတစ်ချို့ ပျက်စီးသွားခဲ့ရသည်။ (မည်သူများနည်းဟု ထိုဇာတ်လမ်းအတွင်း၌ ကျွန်ုပ်ရေးသား ဖော်ပြခြင်းမပြုတော့)
*****
လူသားစား ဆေးရုံ သို့မဟုတ် သေမင်းဆီသို့ အရောက်ပို့ဆောင်ပေးသော ထိုဆေးရုံကြီးအား ရဲအရာရှိများမှ အပြီးအပိုင်းချိတ်ပိတ်စေခဲ့သည်။ ထိုပတ်ဝန်းကျင်တွင်လည်း အစောင့်များဖြင့် အမြဲတစေထားလေ့ရှိခဲ့သည်။ သေဘေးမှ လွတ်မြောက်လာခဲ့သော ကျွန်ုပ်။ ထိုဆေးရုံကြီးအတွင်း၌ ကျွန်ုပ်အား လမ်းပြကယ်တင်ပေးခဲ့သော ဝိဥာဉ်မလေးသီရိမေ။ သူမအဘယ်သို့ရောက်ရှိသွားလေသနည်း။ ထိုဆေးရုံကြီးဆီသို့ မိတ်ဆွေအစ်ကိုအောင်နှင့် ရဲအုပ်မောင်ဝင်းအပါအဝင် ကျွန်ုပ်တို့သုံးဦးသား ထပ်မံသွားရောက်ခဲ့သေးသည်။ ဆေးရုံကြီး၏အရှေ့မှ ကျွန်ုပ်တစ်ယောက်တည်း ဆေးရုံကြီးအား ငေးမောကြည့်နေရင်း နှလုံးသားမှ စကားသံတစ်ချို့ ပြောဆိုနေမိလေသည်။
''သီရိမေ!… မင်းကိုကျေးဇူးတင်ပါတယ် မင်းကြောင့် ငါ့မှာ အခုလိုနေ့ရက်ဆိုတာ ရှိလာခဲ့တာပါ ငါမင်းကိုဘယ်တော့မှ မေ့မသွားပါဘူး။ ငါတို့ရန်ကုန်ပြန်ရောက်ရင် မင်းအတွက် ကောင်းမှု့ကုသိုလ်တွေ လုပ်ပေးပါ့မယ်။ မင်းသာဓုခေါ်နိုင်ပါစေသီရိမေ။ ဒီဆေးရုံကြီးထဲမှာပဲ မင်းရှိနေလိမ့်မယ်ဆိုတာ ငါသိနေပါတယ်။ သီရိမေရယ် မင်းနဲ့ငါ ကံမကုန်သေးရင်တော့ တစ်ချိန်ချိန်မှာ ပြန်ဆုံကြဦးမှာပါ… မင်းကိုကျေးဇူးတင်ပါတယ်သီရိမေ''
ညနေဆည်းဆာ နေမင်းကြီးဟာလည်း အနောက်ရပ်သို့ဦးတည်နေခဲ့ပြီး လွမ်းမောစဖွယ်အချိန်လေးလည်းဖြစ်၏။ ထိုအတူ ဆေးရုံကြီးမှာလဲ အနောက်ဘက်သို့ မျက်နှာမူထားသည်ကြောင့် ကျနေထိုးခဲ့သည်ကလည်း ဆေးရုံကြီးအပေါ်သ်ု့ ခြောက်ခြားစိတ်များ ပိုမိုဖြစ်ပေါ်စေလေသည်။ ဆေးရုံကြီး၏ အရှေ့စူးစူးမှ ကျွန်ုပ်တစ်ယောက် ဆေးရုံကြီးအား ငေးမောကြည့်ရှု့နေရင်း မိတ်ဆွေဖြစ်သူများ၏ ခေါ်သံကြားမှသာလျင် အသိပြန်လည်ဝင်ရောက်လာမိသည်။ ကိုမောင်ဝင်း၏ မော်တော်ဆိုင်ကယ်အနောက်မှ ကျွနိုပ်လိုက်ပါသွားစေရင်း လွမ်းမောစရာကောင်းလှသော ထိုဆေးရုံကြီးအား လည်ပြန်ခါ လှည့်ကြည့်နေမ်လေသည်။
*******
၂၀၀၀ခုနှစ် မိုးဦးကျအချိန်ကာလအတွင်း ထိုဆေးရုံကြီး၏အကြောင်းများအား တပုတ်လေလွင့်စကားများလား။ သို့မဟုတ် လူတို့၏ လုပ်ကြံပြောဆိုလာသော စကားများပင်လား။ ထိုဆေးရုံကြီးဟာ ညသန်းခေါင်းယံအချိန်များတွင် မီးများစွာထွန်းလင်းလာလေ့ရှိသည်။ ထို့အတူ လူငယ်လေးဦးဟာ ဒဏ်ရာများနှင့်ကားလမ်းအပေါ်သို့ တတ်ရောက်လာခဲ့ပြီး ညဦးပိုင်း Taxiမောင်းနှင်သော ဒရိုင်ဘာလေးများအား တားဆီး၍
''လုပ်ပါဦး… ကျွန်တော်တို့ကိုလိုက်သတ်နေကြလို့ပါ ကျွန်တော်တို့ကိုကယ်ပါဦး ကယ်ပေးကြပါဦး''
ထိုသို့ပြောဆိုလေ့ရှိပြီး အငှားကားတားစီးလေ့ရှိသည်။ တချို့သော ဒရိုင်ဘာလေးမျာဟာလည်း အမှန်တကယ်ပင်လျင် ထင်မှတ်ခါ ရဲစခန်းများဆီသို့ အကြောင်းကြားပေးလေ့ရှိ၏။ သို့သော်လည်း ထိုလူငယ်လေးများဟာ အချိန်ခဏလေးအတွင်း၌ မည်သည့်နေရာဆီသို့ ထွက်ခွာသွားကြသနည်းမသိ ပျောက်ကွယ်သွားလေ့ရှိကြသည်။
နယ်ခံသူများ၏ ပြောဆိုလာခဲ့သော စကားများဟာလည်း သန်းခေါင်ယံအချိန်၌ ထိုဆေးရုံကြီးဟာ မီးများစွာ ပွင့်လစ်လာခဲ့ပြီး ကျယ်လောင်သော် အော်ဟစ်သံမျိုးနှင့် တစ်ဦးတစ်ယောက်မှ အော်ဟစ်လိုက်သော အသံများအားလည်း ထွက်ပေါ်လာလေ့ရှိသည်ဟု ပြောဆိုကြသေးသည်။ ရဲအရာရှိများသည်လည်း ထိုကာလအတွင်း ထိုဆေးရုံကြီးအား လုံခြုံရေးတင်းကြပ်စွာဖြင့် စောင့်ကြည့်နေခဲ့ဘူးသည်။ သို့သော် စောင့်ကြည့်နေခဲ့သည့် အချိန်ကာလများတွင် ထိုကဲ့သို့ဖြစ်ရပ်များ ဖြစ်ပေါ်လာခြင်းမရှိခဲ့ချေ။
၂၀၀၀ခုနှစ် နှစ်လယ်ပိုင်းအချိန်ကာလအတွင်း ထိုဆေးရုံကြီးအား စောင့်ကြပ်နေခဲ့ကြသော ရဲသားများမှာလည်း ထိုသို့ပြောဆိုလာသေးသည်။
ထိုညတစ်ည။ ဆေးရုံကြီး၏ပတ်ဝန်းကျင်အား ကျင်းလှည့်စောင့်ကြည့်နေခဲ့သော ကင်းစောင့်ရဲဘောလေးဦးဟာ ထိုဆေးရုံကြီးဆီသို့ အမှတ်မထင် ကြည့်ရှု့မိခဲ့၏။ ထိုအခါ ဆေးရုံကြီးမှာ မီးများစွာပွင့်လစ်လာခဲ့ပြီး အပေါ်ဆုံးထပ်တွင်မူ မိန်းကလေးတစ်ဦးတစ်ယောက်မှ အသည်းအသန်ပြေးနေခဲ့ရင်း အနောက်တွင်မူ တစ်ဦးတစ်ယောက်မှ လူသတ်လက်နတ်အား ကိုင်ဆောင်ထားစေရင်း အမှီလိုက်နေခဲ့သော မြင်ကွင်းများအား မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရဘူးသည်ဟု ပြောဆိုလေခဲ့သည်။
ထိုအကြောင်းများဟာ အမှန်တကယ်ပင်လား။ လူတို့၏လုပ်ကြံပြောဆိုနေသော ယုံတမ်းစကားများပင်လား။ နှစ်ကာလကြာမြင့်လာခဲ့သည်နှင့် သေဘေးအမျိုးမျိုးဖြစ်ခဲ့ဘူးသော ထိုဖြစ်ရပ်များ ပျောက်ကွယ်လုနီးပါးဖြစ်လာခဲ့သည်။ နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ထိုဆေးရုံကြီးအတွင်း၌ သေဘေးမှကိုယ်လွတ်ရုံးခဲ့ရသော အဖြစ်များသည်လည်း ပုံပြင်တစ်ပုဒ် ဒဏာရီသဖွာဖြစ်ကုန်ကြလေသည်။ နယ်ခံခေတ်လူငယ်တစ်ချို့သည်လည်း ထိုဆေးရုံအပျက်ကြီးအနားတွင် ညကြီးအချိန်မတော် ချစ်သူနှစ်ဦး ချိန်းတွေ့လေ့သည်။ ထိုအခါများတွင် ဒဏ်ရာများနှင့် လူများအပြေးအလွှာ ရောက်ရှိလာတတ်ပြီး မိမိတို့အား လိုက်လံသတ်ဖြတ်နေခဲ့ကြသည်။ မိမိတို့အား ကယ်တင်ပေးပါဟု အကူညီတောင်းဆိုလာခဲ့ပြီး ရုတ်တရက်ပျောက်ကွယ်သွားလေ့ရှိသည်ဟု နယ်ခံသူများထံမှ ကြားသိခဲ့ရဘူးသည်။
သေဘေးမှလွတ်မြောက်လာခဲ့သော လူငယ်များ၏ ဖြစ်ရပ်များ ပြီးဆုံးသွားခဲ့သည်နှင့် ထိုဆေးရုံကြီးအားလည်း သက်ဆိုင်ရာမှ ဥပေက္ခာမပြုထား အမြဲတစေစောင့်ကြပ်နေခဲ့သည်။ ထိုကဲ့သို့သော ဆေးရုံကြီးနှင့် ပတ်သက်ခါ ဖြစ်ရပ်များနှင့်ပြောစကားတစ်ချို့ သက်ဆိုင်ရာမှ ကြားသိလာရသည်နှင့် ထိုဆေးရုံကြီးအား ဖြတ်သိမ်းမည်ဟု စီစဉ်ခဲ့ဘူးသည်။ သို့သော်လည်း ထိုစီမံကိန်းမှာ အကြောင်းမျိုးမျိုးနှင့် ပျက်ပျယ်သွားခဲ့ရပြီး ယနေ့အချိန်ထိ ဟောင်းနွမ်းပျက်စီးနေခဲ့သော မြို့မဆေးရုံအဟောင်းကြီး တည်ရှိနေခဲ့လေသေးသည်။
******************
ပြီးပါပြီ။
***********
(၁၁)ပုဒ်မြောက်သည်းထိတ်ရင်ဖို ဇာတ်လမ်းရှည်ဖြစ်သော
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
ဇာတ်လမ်းရှည်အား ဤနေရာတွင် ဇာတ်သိမ်းလိုက်ပါပြီ။
အစမှအဆုံး အားပေးခဲ့ကြသော
ကျွန်ုပ်၏စာဖတ်သူများအား အထူးပင်လေးစား ကျေးဇူးတင်ရှိနေပါကြောင်း ပြောဆိုအပ်ပါသည်။
ဆက်လက်၍ ရေးသားတင်ပြလာဦးမည့် ဇာတ်လမ်းများအားလည်း ယခုကဲ့သို့ အားပေးဖို့ရာ မျော်လင့်မိပါသည်ခင်ဗျာ။ ကျေးဇူးတင်ပါသည်။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
မကြာမီ ဆက်လက်တင်ပြပေးသွားမည့်
(၁၂)ပုဒ်မြောက်ဇာတ်လမ်းရှည်ဖြစ်သော
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
၂၀၁၅၏ ဝိဥာဉ်ခြွေသော ပန်းမာယာ
(ခေါ်)
ဝိာဉ်စားသည့် ၂၀၁၅်
ဇာတ်လမ်းရှည်အား မကြာမီတင်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
************
Post a Comment