မျော်လငြ့်ခင်းရဲ့ နောက်ဆုံး ခြေရာ "
(ဝတ္ထုတို အစ/ဆုံး)
......
.............................
အချစ်ကြောင့် လူအချို့ မျက်စိတွေ ကန်းကုန်းကြ၏။
နူးညံ့တဲ့ နှလုံးသား ပိုင်ရှင်တွေကို
လူကြမ်းကြီးတွေ အဖြစ်
ပြောင်းလဲစေခဲ့သောအရာသည် အချစ်...။
လူကြမ်းကြီးတွေ ရဲ့ နှလုံးသားတွေကိုလည်း နူးညံ့စေသော
အရာသည်လည်း ဒီ အချစ်ပင် ဖြစ်ချေ၏.....။
အချစ်က နူးညံ့တယ်၊ အချစ်က ကြမ်းတမ်းတယ်၊
အချစ်ဆိုတာ ပေးဆပ်ခြင်း ၊ ရယူခြင်း ၊
စသည်ဖြင့် မတူညီတဲ့ အဓိပ္ပါပေါင်းများစွာ နဲ့
ကမ္ဘာ့ကမ္ဘာစာရေးဆရာကြီးတွေ ယနေ့အထိ စာဖွဲ့ရေးလို့မကုန်နိုင်ခဲ့ပါသော သည် အချစ်........။
🎶ကြင်နာရယ် 🎶🎶မင်းပြောခဲ့တဲ့ စကားတွေ🎶
🎶ဘယ်ဆီကို 🎶ရောက်လို့သွားလဲ 🎶🎶
🎶🎶အခုကျတော့ 🎶သူစိမ်းအကြည့်တွေ ကြည့်ကာ 🎶
🎶🎶တစ်နေရာရာမှာ 🎶မြင်တွေ့ဖူးသလား🎶
🎶🎶နင်ပြန်ကာ စဉ်းစားကြည့်နေလား🎶
🎶🎶ငါဘယ်လို ရှင်းပြရမလဲကွယ်🎶
🎶🎶နေပါစေတော့ 🎶🎶မေ့လိုက်တော့ 🎶🎶
မေ့လက်စ မုန်း 🎶
🎶မေ့ပါတော့ကွယ်🎶🎶
🎶မခေါ်ချင်သူ ဘယ်လိုရှင်းပြ🎶
🎶ငါ ဘယ်သူ🎶မင်းသိဖို့ မလွယ်ဘူး🎶
စဉ်းစားပါဦး 🎶တွေးကြည့်ပါဦး🎶
🎶ငါ့ကို ဘာပြစ်ရှိလို့🎶မုန်းတာလဲ 🎶🎶
🎶ငါ့ရဲ့ ချစ်ဆုံး 🎶🎶
🎶မုန်းသွားပေမဲ့🎶
🎶🎶မင်းကို မျှော်လင့်ရင်းနဲ့🎶
🎶🎶စောင့်နေမယ်...🎶
🎶🎶ပြန်ခဲ့ပါ ပြန်ခဲ့ပါ 🎶
🎶🎶ပြန်လာပါတော့....🎶🎶
🎶🎶🎶🎶🎶🎶
အခန်းထဲဖြတ်စီးနေတဲ့ သီချင်းသံတွေက သူ့အတွက်
ထူးပြီး မြူးမလာခဲ့ပါဘူး...။
သူငယ်ချင်း တွေနဲ့ ပင်လယ်သို့ သွားရန် ရှိသည်ကိုပင်
သူ မေ့လျော့နေမိခဲ့သည် ။
သူ့အတွက် ချစ်ခြင်းတရားတွေက အရမ်းကို
ခါးသက်နေခဲ့လေခြင်မျိုးလား ။
"နှိုင်း"
" ပြောလေ လွှာ"
"လွှာသူငယ်ချင်းတွေနဲ့ ဘုရားဖူး လိုက်သွားမလို့ "
တိမ်လွှာ ရဲ့ တောင်းဆိုမှုကို နှိုင်းထက်ယံ ခွင့်မပြုနိုင်ခဲ့ပေ ။
တိမ်လွှာ ရဲ့ သူငယ်ချင်းတွေဆိုသည်မှာ
ယောက်ျားလေး အများစုဖြစ်၏ ။
အသောက်အစား ကင်းသူလည်း ရှား၏ ။
ဘုရားဖူးခရီးစဉ်ဆိုသော်ငှါးလည်း... လူစု၍
အပျော်ခရီးထွက်ကြသည် ဆိုလျင်လည်း မမှားခဲ့ပေ ။
"မလိုက်လို့ဖြစ်ရင် မလိုက်ပါနဲ့လားလွှာ "
နှိုင်းထက်ယံ ရဲ့ စကားအဆုံးမှာတော့ တိမ်လွှာ ရဲ့
ငြို့အားပြင်းစွာ စူးစူးဆိုက်ဆိုက် နက်နက်ရှိုင်းရှိုင်း
အကြည့်တို့သည်က နှိုင်းထက်ယံ ကို
တုန်လှုပ်စေခဲ့သည်မဟုတ်ပါလား.။
ချစ်သူ သက်တမ်း ရင့်လာသည်နှင့်အမျှ ချစ်ခြင်းတရားတို့က
ခိုင်မြဲမလာပဲ ပွန်းပဲ့ လာခဲ့တဲ့ သူတို့ရဲ့
အချစ်အိမ်လေးက ယိုင်နဲ့နဲံ့... ။
"နှိုင်း !!!
လက်မထပ်ရသေးဘူး ဟိုနေရာမသွားနဲ့
သည်နေရာမသွားနဲ့ အရမ်းစိတ်ပျက်လာပြီ သိလား
လွှာ ကလေးမဟုတ်တော့ဘူးနော်..."
"လွှာ ကိုပြောတာကလေ လွှာကို စိတ်မချလို့ပါ
ပြီးတော့ လွှာသူငယ်ချင်းတွေကလည်း
....အသောက်အစားကင်းကြတာလည်း မဟုတ်ဘူး ။"
"ဒီမှာ ကိုနှိုင်းထက်ယံ ရှင့်ရဲ့ ရှေ့ရိုးစွဲ အလေးအထတွေနဲ့
ကျမကို မချည်နှောင်နဲ့ ကျမမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ
ရှိတယ်...
ရှင် သိထားရမှာက သောက်စားတဲ့သူတွေပေါင်းတိုင်း
ပျက်စီးကြတာမဟုတ်ဘူးဆိုတာပဲ ကျမကတော့
သွားမယ်လို့ ဆုံးဖြတ်ချက် ချထားတဲ့နေရာဆို
ကျားတားတား ဆင်တားတား သွားမှာပဲ "
"ဟုတ်ပြီလေ မင်သဘောပဲတိမ်လွှာ ထက်ပြောမယ်
နောက်ဆိုရင် မင်းဆုံးဖြတ်ချက် ချထားတဲ့ အရာမှန်သမျှ
ငါ့ကို မတိုင်ပင်နဲ့လေ ဟုတ်ပြီလား "
ဂရုတစိုက်နေပေး ခဲ့ပါသော်လည်း
ချစ်သူရဲ့ ဥပေက္ခာ တရားတွေကို သာ
နှိုင်းထက်ယံ ပိုင်ဆိုင်ခဲ့၏။
အခုလို ပြသနာ တွေက သူတို့အတွက် ကြုံနေကျရယ်မို့
နှစ်ယောက်စလုံး အနေသားကျနေခဲ့ဟန် တူ၏ ။
"နှိုင်း...ဒါဆို နှိုင်းလည်းအတူတူလိုက်ခဲ့လေ...
ဒါဆို လွှာကိုလည်းစိတ်ပူစရာမလိုတော့ဘူးပေါ့ နော် "
နှစ်ဦးသား ရန်ဖြစ်စကားများတိုင်း ကျောခိုင်းနေခဲ့ရာကနေ
တစ်ခါတရံလည်း ယခုလို ချိုမြိန်သော စကားအလှလေးတွေ
ကြားရတက်ပြန်သည်....။
ချစ်သူကို တားမရခဲ့သည်မို့ အတူလိုက်သွားရန်သာ
နှိုင်းထက်ယံ ဆုံးဖြတ်ချက် ချလိုက်ပါတော့သည် ။
.............
ထုံးစံအတိုင်း နှိုင်းထက်ယံထင်ထားခဲ့သည်အတိုင်း...
ဘုရားဖူးခရီးစဉ်က မြူးကြွစွာ က ကုန်နေကြ၏။
ကားတစ်စီးလုံး လှုပ်လှုပ်ရွရွတွေ နှင့်..အော်ဟစ်နေခဲ့ကြ၏ ။
တိမ်လွှာ သည်လည်း တီးလုံးသံနှင့်အတူ
ခေါင်းတစ်ညိပ့်ညိပ့်ဖြင့်... ။
........
"လွှာ ကို အရမ်းပင်ပန်းနေပြီ "
"အဲ့ဒါဆို နားလိုက်လေနော် "
တိမ်လွှာ ပြောတဲ့ ဘုရားဖူး ခရီးသည်က
ချောင်းသာသို့ ဆိုက်ရောက်နေခဲ့တော့သည်။
"လွှာပြောတော့ ဘုရားဖူး ဆို "
"ဟိုလေ အဲ့ဒါကလေ ဟို.... "
"ကို နားတော့မယ်လွှာ "
အဖြေမရှိတဲ့ တိမ်လွှာ အတွက်ဆက်မေးနေလည်း...
ရန်ဖြစ်ရုံကလွဲ၍ ဘာမှ ပို့လာတော့မည် မဟုတ်ချေ ။
..........
"လွှာ မမှိုက်ဘူးကွာ.."
"အေးလေဟာ"
"ဘာလို့လဲ ဟ "
သူငယ်ချင်း တွေရဲ့ စကားတွေကြောင့် တိမ်လွှာ
နားမလည်ခဲ့ချေ။
"ဟင် ဘာလို့လဲ ဟ ဘာမမိုက်တာလဲ"
"နင့် ဘဲ ခေါ်လာလို့လေ "
"အော် ဒါလား နှိုင်းက အနေအေးပါတယ် သူ့ဘာသာနေတယ်လေ နင်တို့ကို ဘာလုပ်လို့လဲ"
"ဒါဆို နင့်ဘဲကို နင်ပိုင်တယ်ပေါ့လေ"
"ပိုင်တာပေါ့  "
"ဒါဆို အရက်သောက်ကြမယ် လေ "
အပေါင်းအသင်း ကြောင့် ပျက်စီးကြသည်ဟု့ဆိုကြသော်လည်း
မိမိက ပျက်စီးချင်မှသာ ပျက်စီးရတာမို့..
အပေါင်းအသင်း နှင့် လားလားမှမသက် ဆိုင်ပေ။
"နင့်ဘဲကို တိုင်ပင်ရဦီးမယ် မဟုတ်လား"
"အဲ့ဒါတွေ မမှိုက်တာပေါ့"
"ဟုတ်ပ"
သူငယ်ချင်း တွေရဲ့ စကားတွေကြောင့် တိမ်လွှာ စိတ်ထဲ
နှိုင်းထက်ယံ ကို ဒေါသထွက်မိ၏ ။
သို့ပေမဲ့ သည်ခရီးကို သူ့သဘောနှင့်သူ ခေါ်ခဲ့ခြင်းပဲ မဟုတ်ပါလား ။
"မလိုပါဘူး တိုင်ပင်စရာလားဟ ငါ့ဘဲကို ငါ ပိုင်တယ် "
"Okလေ ဒါဆို သောက်ကြတာပေါ့ "
ထိုနေ့ညက နှိုင်းထက်ယံ သည်လည်း
ခရီးပန်းမှုကြောင့် အိပ်ပျော်သွားခဲ့သည် ။
တိမ်လွှာ တို့အဖွဲ့ သောက်စားပျော်ပါး နေသည်ကို
သူ မသိခဲ့တော့ပါ ။
အချိန်အားဖြင့် ည ၂ နာရီ ခန့် ရှိချေပြီ
နှိုင်းထက်ယံ တစ်ရေးနိုးလေပြီမို့ ဟိုဟိုဒီဒီ
ကြည့်မိသော်လည်း မည်သူမှ မတွေ့ 
။ သို့သော်...
ညရောက်နေသည်ဖြစ်သဖြင့် အခန်းအတွင်း
မည်သူမှ မတွေ့ရခြင်းသည် က သူ့အတွက်
တုန်လှုပ်စရာ....အကြောင်းကတော့ သူ့၏ချစ်သူ
အပေါင်းအသင်း မက်သူလေး.ဘယ်များရောက် နေလဲ ။
..........
"နှိုင်း လွှာအရမ်းချစ်လို့ပါ "
တိမ်လွှာ ရဲ့ ပုံစံက တကယ်မှ အရက်သမားရုပ်
သူငယ်ချင်း ဖြစ်သူ မိုးနိုင်ရဲ့လက်ကို ကိုင်ပြီး
အသိစိတ် ပျောက်လုနေသည့်နှယ် ။
"ဟဲ့ တိမ်လွှာ အရမ်းမူးနေပြီနော် မသောက်စဖူးသောက်ပြီး"
"ဝေါ့..ဝေါ့"
"ရတီကိုလည်း ကြည့်ဦးလေ တဝေါ့ဝေါ့ နဲ့"
"စိမ်းခက်"
"ဘာလဲ "
မိုးနိုင်ရဲ့လက်ကို တင်းကြစပ်စွာ ဖက်တွယ် ထားတဲ့ တိမ်လွှာ ကို
ကြည့်ပြီးမိုးနိုင်စိတ်တွေ မရိုးသားနိုင်ခဲ့ချေ။
"ငါ တိမ်လွှာ ကို ချစ်နေတာ နင်လည်း သိနေတာပဲ ငါ တိမ်လွှာ ကို
ခေါ်သွားလိုက်မယ်"
"မိုးနိုင် သူ့ဘဲပါတယ်လေ ဖြစ်ပါ့မလား ပြသနာတတ်မယ်နော် "
"ဒါဆို ငါလည်း ရတီကိုခေါ်သွားမယ်"
သက်စိုးကလည်း အားကျမခံ ရတီ ကို ခေါ်သွားဖို့ ပြောလာခဲ့ပါပြီ
သူတို့အားလုံး သဘောတူကြည်ဖြူတာကြောင့်
မိုးနိုင် က တိမ်လွှာ ကို သူ့အိပ်ခန်းသို့ တွဲခေါ်သွားခဲ့သလို
သက်စိုးကလည်း ရတီကို သူ့အခန်းသို့ ခေါ်ဆောင်သွားပါတော့တယ်။
စိမ်းခက်၊ရသနိုင်၊ကျော်မြတ် တို့လည်း သူ့တို့ အိပ်ခန်းအသီးသီးဆီသို့
ပြန်သွားခဲ့ကြ၏ ။
"နှိုင်း လွှာလေ နည်းနည်းလေး..မူးနေတာ
လွှာ နှိုင်းကို အရမ်းချစ်တယ် "
"တော်တော် ချစ်ချင်ဦး နှိုင်းကို မင်းဘဝကို ငါပိုင်စေရမယ်...။"
"ဟင် လွှာ လွှာ"
အရက် အရှိန် နှင့် ပုံမှန်မဟုတ်တဲ့ တိမ်လွှာ ကို
အိပ်ခန်းအတွင်းသို့ တွန်းပစ်လိုက်သည်ကို
နှိုင်းထက်ယံ မြင်တွေ့ခဲ့ရ၏။
"ကိုမိုးနိုင် ခင်ဗျား အကြံ ဒါအကုန်ပဲလား "
"ခွပ် "
နှိုင်းထက်ယံ ဒေါသစိတ်ကြောင့် မိုးနိုင်အားအားကုန် တွန်းလိုက်၏။
အရက်အနည်းအငယ် သောက်ထားတာမို့ အရှိန် မထိန်းနိုင်ပဲ
မိုးနိုင်မြေပြင်သို့ လဲကျသွား၏။
"နှိုင်း လွှာလေ အရမ်းချစ်တာပဲ"
နှိုင်းထက်ယံ ၏ အိပ်ခန်းအထိ ရောက်လာတာကိုပင်
တိမ်လွှာ အမူးမပြေသေးပေ။
တိမ်လွှာ အံထားသမျှတွေကိုလည်း မရွံမရှာ ရှင်းလင်းရသည်။
မိုးလင်းပိုင်းမှ တိမ်လွှာ အိပ်ပျော်သွားခဲ့သည်မို့
ကုတင်ဘေးရှိ ကုလားထိုင် တွင် နှိုင်းထက်ယံ အိပ်ခဲ့ရသည်။
မနက်လင်းတော့ တိမ်လွှာ က စောစီးစွာ နိုးလင့်နေခဲ့၏။
သူမရဲ့ အင်္ကျီတွင်ကား ကြယ်သီး ပြုတ်နေခြင်းနှင့်
ကုတင်ဘေးရှိ နှိုင်းထက်ယံ ကို မြင်ပြီး
တိမ်လွှာ အတွေးပေါင်းများစွာဖြင့် စဉ်းစားမရခဲ့ချေ။
"ဟင် လွှာ နိုးနေပြီလား "
နှိုင်းထက်ယံ ရဲ့ စကားအဆုံးမှာတော့ တိမ်လွှာ ရဲ့
ကြင်နာမှု ကင်းမဲ့သော လက်ဖဝါးနုနုလေးများထံမှ
နှိုင်းထက်ယံ ရဲ့ ညာဘက်ပါးပြင်လေးသည် မီးတမျှ ပြင်းရှသွားခဲ့၏။
"ကိုနှိုင်းထက်ယံ ရှင် ရှင် ဟင်း ဟင်း..'
"လွှာ မဟုတ်ဘူး မဟုတ်ဘူး လွှာ ထင်သလို မဟုတ်ဘူး "
"ရှင်ကလေ အရမ်းရွံစရာကောင်းတယ်"
"လွှာ ကိုပြောမယ် ပြီးတော့မှ လွှာကြိုက်သလို ဆုံးဖြတ်ပါ"
"တော် ကျမလေ ရှင့်ကို လူရိုးလူအေးလို့ ထင်ထားတာ
အလကားပဲ "
"လွှာ "
"ဖယ် လူရုပ်မာ ကျမအသားကို မထိနဲ့
သူငယ်ချင်း တွေကို စိတ်မချလို့ပါ ဆိုပြီး
ရှင်က ကျမအချစ်ကို ရှင် အခွင့်ကောင်း ယူခဲ့တာ"
"လွှာ ကိုပြောမယ် ကိုတို့ ဘာမှမဖြစ်ခဲ့ဘူး လွှာ "
တိမ်လွှာ
နှိုင်းထက်ယံရဲ့ ရင်ဘက်ကို ပြင်းပြင်းပြပြ
တွန်းဖယ်လိုက်ရင်း အခန်းတခါးကို တွန်းဖွင့်လိုက်တယ်
ဆိုရင်ပဲ
မိုးနိုင်၊သက်စိုး၊ရသနိုင်၊ကျော်မြတ်၊စိမ်းခက်၊ရတီ
တို့တွေက အခန်းအပြင်၌ အသင့်ရှိနေကြ၏ ။
"သူငယ်ချင်း "
"ဟင့် ဟင့်..."
သူတို့အားလုံး ထင်နေခဲ့တာက နှိုင်းထက်ယံ နှင့်
တိမ်လွှာ တို့ ငြိစွန်း ခဲ့ပြီဟု့ ယူဆ ထားဟန်တူ၏ ။
ထိုနေ့ပဲ တိမ်လွှာ တို့ အဖွဲ့ ရန်ကုန်သို့
ပြန်သွားခဲ့ကြ၏ ။
သူ့ကိုယ်သူ /သူ့လိပ်ပြာ သူယုံခဲ့တဲ့
နှိုင်းထက်ယံ ကတော့သူ့ ချစ်သူတစ်နေ့နေ့ သူ့အပေါ်
နားလည် လာလိမ့်မည့်ဟု့ ယုံကြည့်ထားခဲ့ပေမယ့်
.....တိမ်လွှာ တို့ အဖွဲ့ စီးသွားတဲ့ကား
ရန်ကုန်အဝင်မှာပဲကားအက်စီးဒန့်ဖြစ်ပြီး
ထိုနေရာမှာတင် တိမ်လွှာ တစ်ယောက်
အားလုံးကို နှုတ်ဆက်ထွက်ခွာသွားခဲ့ချေပြီ။
အမှန်တရား ကို ကျောခိုင်းသွားခဲ့တဲ့ ချစ်သူကို
ယနေ့ထက်တိုင်ထိ သူ မေ့မရသည်ကား
မှန်ပေ၏ ။
တွယ်တာတပ်မက် နှစ်သက်ခြင်း မျှော်လင့်ခြင်း
မေ့မရခြင်း များစွာ ဖြင့်.........။
"နှိုင်းထက် "
ပင်လယ်သွားဖို့ လာခေါ်တဲ့ သူငယ်ချင်း တစ်စု
ရောက်လာကြသည်မို့
ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်ဥတို့အား
အသာအယာ ဖယ်ထုတ်လိုက်ရင်း......။
တိုင်တွင် ချိတ်ထားသော ဂျာကင်ကို လှမ်းယူလိုက်ရင်း
တစ်ကိုယ်လုံး ပေါ် မှန်ကြီးထံမှ မြင်နေရသော
သူ့ ပုံရိပ်ကြောင့် သူသတိပြန်ဝင်လာ၏။
.....လွှာရေ....ကိုက ဆံပင်တွေ တစ်ခေါင်းလုံးဖြူ နေ တဲ့
အဘိုးကြီးတောင် ဖြစ်နေပါရောလား......။
မျှော်မြင်မှန်းဆ......သံဝေဂဖြင့်
၁၈ နှစ်တာအထိ မေ့မခဲ့ခြင်မျိုးပါ လွှာ။
ပြီးပါပြီ။
စာချစ်သူ ခင်သူများအားလုံးကို ခင်မင်လေးစားလျက်
သဲသုတ ခေတ္တထိုင်း
Post a Comment