တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၂၁)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
*********************
ကုတင်းအပေါ်၌ မလှုပ်ရှားနိုင်။ အသံလေးသာ ထွက်နေရသည်။ တွေ့ရှိလိုက်ရသည်က သူငယ်ချင်းဖြစ်သူ တင်ဇာနွယ်၏ ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစားတစ်ခုမှ ရှိမနေပဲ ကိုယ်ဗလာနှင့်ဖြစ်နေခါ တစ်ကိုယ်လုံး၌လည်း အပ်များစွာ ထိုးသွင်းထားခြင်း ခံထားရသော မြင်ကွင်းပင်ဖြစ်နေချေခဲ့သည်။
''တင်ဇာ!… တင်ဇာ နင်… နင်ဘယ်လိုဖြစ်ရတာလဲ''
မှတ်မိလေသလား။ သိပ်ခင်ရသော သူငယ်ချင်းဖြစ်သူ ထီးကလေး၏ စကားသံ။ စိုးရိမ်တကြီး ပြောဆိုလိုက်သော ထိုအသံအား ကြားသိလိုက်ရသည်နှင့် တင်ဇာနွယ်တစ်ယောက် မျက်လုံးအိမ်ကလေး လှုပ်ရှားလာခဲ့သည်။
''တင်ဇာ!… နင်… နင်ဖြစ်မှဖြစ်ရလေ တင်ဇာရာ ဖြစ်မှဖြစ်ရလေဟာ''
''တင်ဇာ ငါ့အသံကြားတယ်ဟုတ်လား တင်ဇာ နင်… နင်အားတင်းထားနော် ငါနင့်ကို ဒီအထဲကနေ ခေါ်ထုတ်သွားပေးမယ်ကြားလား''
ခန္ဓာကိုယ်တစ်ခုလုံး၌ အပ်များစွာ ထိုးထားခဲ့ပြီး သွေးအရောင်သမ်းနေခဲ့သော ပိုက်ချောင်းလေးများဖြင့် တစ်ဖက်ခန်းဆီသို့ ဆက်သွယ်ထားခဲ့သည်အား မြင်တွေ့နေရသည်။ စိုးရိမ်တကြီး ပြောဆိုနေခဲ့သော ထီးကလေး၏ စကားသံများအား သူမတစ်ယောက် ကောင်းစွာကြားနေခဲ့ရသည်။ သို့သော် ပြန်လည်မပြောဆိုနိုင်။ မျက်လုံးအိမ်လေးသာ ရွေ့လျားလျက် ထီးကလေးအား စိုက်ကြည့်နေခဲ့ရင်း သူမ၏မျက်ရည်များ စီးကျနေခဲ့လေသည်။
ကိုယ်ဗလာဖြစ်နေခဲ့သည့် တင်ဇာနွယ်၏ခန္ဓာကိုယ်အပေါ်သို့ ကာရံထားခဲ့သော လိုက်ကာအား ဖြုတ်ယူစေရင်း သူမ၏ခန္ဓာကိုယ်အပေါ်သို့ ထီးကလေးတစ်ယောက် လွှမ်းခြုံပေးထားစေခဲ့သည်။ ထို့နောက် သူမ၏ကုတင်းလေးအနားတွင် ပြာယာခတ်နေခဲ့ရင်း ခန္ဓာကိုယ်ပေါ်၌ ထိုးစိုက်ထားခဲ့သော အပ်များအား မည်သို့ပင် စတင်နုတ်ယူရမည်မှန်း မသိခဲ့။
''တင်ဇာ!… နင်နည်းနည်းအနာခံနော် … နင့်ကိုယ်ပေါ်က အပ်တွေ ငါနုတ်ပေးမယ်သိလား''
ဝဲလျက်မျက်ရည်များနှင့် အပ်ကွဲနေသော အသံ။ ထီးကလေးတစ်ယောက် တင်ဇာနွယ်၏အဖြစ်အား ယူကြုံးမရ မြင်တွေ့နေခဲ့ရပြီး ထိုသို့ပြောဆိုစေခဲ့သည်။ သူမသည်လည်း ဝဲလျက်မျက်ရည်များ စီးကျစေခါ ကုတင်းလေးအပေါ်သို့ လက်ထောက်လိုက်သော ထီးကလေး၏လက်အား တောင်းယူလိုက်စေသည်။ လှုပ်ရှားလာခဲ့သော တင်ဇာနွယ်၏ လက်ကလေးဆီသို့ ထီးကလေးသည်လည်း အကြည့်တစ်စုံ ရောက်ရှိသွားခါ
''တင်ဇာ!… နင်… နင်ဘာ… ဘာဖြစ်လို့လဲ''
ထိုသို့ပြောဆိုစေရင်း တင်ဇာနွယ်၏လက်ကလေးအား သူတစ်ယောက် ဆုပ်ကိုင်ထားစေသည်။ တင်ဇာနွယ်သည်လည်း ထီးကလေး၏ လက်အား တင်းကြပ်စွာ ပြန်လည်၍ ဆုပ်ကိုင်လိုက်ချေသည်။
''တင်ဇာ… နင်အားတင်ထားနော် နင်ဘာမှ မဖြစ်စေရဘူးသိလား ငါနင့်ကို ဒီအခန်းထဲကနေ အပြင်ခေါ်ထုတ်သွားပေးမယ် နင်အားတင်းထားနော် ငါရှိနေတယ် နင်ဘာမှ မဖြစ်စေရဘူး''
အလွန်ပင်နာကျင်နေခဲ့လေသလား။ ထီးကလေး၏ ပြောစကားများအား သူမတစ်ယောက် ကြားသိနေခဲ့ရသော်လည်း ပြန်လည်မပြောဆိုနိုင်။ ဦးခေါင်းလေးသာ ခတ်ဆတ်ဆတ်ငြိမ့်ပြစေရင်း ထီးကလေးအား အားကိုးကြီးလွန်းလှသော မျက်လုံးကလေးဖြင့် ကြည့်နေစေခဲ့သည်။ သို့နှင့် ထီးကလေးမှာမူ တင်ဇာနွယ်၏ ညာဘက်လက်တစ်ချောင်းလုံး၌ ထိုးသွင်းထားခဲ့သော အပ်များစွာထဲမှ တစ်ချောင်အား ဦးစွာ နုတ်ယူလိုက်စေခဲ့သည်။ သူမတစ်ယောက် မျက်စိကလေး အသာမှိတ်စေကာ နာကျင်သွားခဲ့သော အမူယာအား ဖော်ပြစေခဲ့သည်။ ထို့နောက် ခပ်မြန်မြန်ဖြင့် လက်အတွင်းမှ အပ်များအား တရတ်ဆတ်နုတ်ယူစေတော့သည်။
''တွေ့လားစွန်ရဲ!''
''မတွေ့ဘူး… မင်းရော''
''ငါလဲမတွေ့ဘူး''
''မင်းတွေ့လိုက်တာ သေချာလို့လား ဘယ်သူလဲ''
''သေချာတယ် မင်းအခန်းထဲဝင်သွားတုန်း ဒေါင့်ဘက်လှေကားဆီကနေ တစ်ယောက်ယောက်ဆင်းပြေးသွားတာ ငါမျက်စိနဲ့ကိုး တပ်အပ်တွေ့လိုက်တာ''
''ဟင်!… ဒါဆို အခုဘယ်ပျောက်သွားရတာလဲ လှေကားကနေ ဆင်းပြေးမယ်ဆိုလဲ ပုန်းစရာနေရာဆိုလို့ တစ်နေရာမှ မရှိဘူး ဒီမှာပဲတွေ့ရမှာလေ အခု!"
"ဟုတ်တယ်!… ငါလဲ အဲ့ဒါစဉ်းစားနေတာ''
တွေ့ရှိလိုက်ရ၏။ သို့သော် ဆရာဝန်ကြီးမြင်တွေ့လိုက်ရသည်က လူသားတစ်ဦးပင်မဟုတ် ထီးကလေးရှိနေခဲ့သော အခန်းအား ဝင်ရောက်ရှာဖွေမည် ပြူမူနေခဲ့သည်ကြောင့် အားရုံပြောင်းသွားစေရန် ဝိဥာဉ်မလေးသီရိမေဟာ ရိပ်ခနဲ တစ်ဦးတစ်ယောက် အသွင်ဖြစ် လှေကားဆီမှ ဆင်းသွားခဲ့ခြင်းဖြစ်သည်။
(အရေးပေါ် အချက်ပေးသံ)
တိတ်ဆိတ်နေခဲ့သည့် ညနက်အောက်၌ ဆရာဝန်ကြီး၏ ဇနီးသည်ဖြူလေးတစ်ယောက် အသည်းသန်ဖြစ်ပေါ်လာပါက ချက်ချင်းဆိုသကဲ့သို့ သိစေနိုင်ရန် ဆေးရုံတစ်ခုလုံးဆီသို့ အချက်ပြအရေးပေါ် အချက်ပေးသံများအား တပ်ဆင်ထားခဲ့သည်။ ယခုအခါ ဆေးရုံတစ်ခုလုံးအတွင်း၌ ထိုအချက်ပေး အသံများဟာ ကျယ်လောင်စွာ ထွက်ပေါ်လာစေခဲ့သည်။
''သန်းနိုင်!… ဖြူလေးတစ်ခုခုဖြစ်နေပြီ ဒုက္ခပါပဲ အပေါ်မြန်မြန်တတ်မှဖြစ်မယ်''
အရေးပေါ်အချက်ပေးသံအား ရုတ်တရက်ကြားလိုက်ရသည်နှင့် ဆရာဝန်ကြီးစွန်ရဲနိုင်နှင့်အတူ ဒေါက်တာသန်းနိုင်သည်လည်း ဒေါ်ဖြူလေးရှိနေရာ အပေါ်ထပ်အခန်းဆီသို့ အပြေးတတ်ရောက်လာခဲ့လေသည်။
သူသည်လည်း ကြားလိုက်ရ၏။ သို့သော်လည်း ထိုအသံများအား အလေးမထားနိုင် တင်ဇာနွယ်၏ခန္ဓာကိုယ်အပေါ်မှ ဆေးထိုးအပ်များအား မနားတမ်း ဆွဲထုတ်ပေးနေခဲ့သည်။ တစ်ကိုယ်လုံးတွင်လည်း ဇောချွေးများစွာ ထွက်လျက် တင်ဇာနွယ်တစ်ယောက် တစ်စုံတစ်ခု ဖြစ်သွားမည်အားလည်း လွန်စွာစိုးရိမ်နေခဲ့မိသည်။
''တင်ဇာ… တင်ဇာ… တင်ဇာ သတိထားနော် သိပ်မကျန်တော့ဘူးသိလား''
သွေးပျက်စရာကောင်းလှအောင်ပင် မည်သည့်အခါမျိုးမှ မကြုံတွေ့ခဲ့ရဘူးသော ထီးကလေးတစ်ယောက်သည်လည်း သွေးမပျက်မတတ် ထိုအဖြစ်ပျက်နှင့် လက်တွေ့ကြုံတွေ့နေခဲ့ရသည်။ ခန္ဓကိုယ်ပေါ်မှ အပ်များအား နုတ်ယူနေခဲ့ရင်း တင်ဇာနွယ်၏ မျက်နှာဆီသို့ သေချာစွာ မကြည့်မိခဲ့ချေ။ သူတစ်ယောက် ပြောဆိုနေသော ထိုစကားများ တင်ဇာနွယ်တစ်ယောက် ကြားသိနေတုန်းပဲလား။ မျက်လုံးအိမ်ကလေး လည်နေခဲ့ပြီး အသက်မျော့မျော့သာ ကျန်ရစ်နေခဲ့သည်။
''ဟင်!… ရှင်… ရှင်ဒီမှာ ဘာလုပ်နေတာလဲ အပေါ်ကို လူသတ်သမားတွေ တတ်လာကြပြီး လာလာအမြန်ပြေးမှဖြစ်မယ် မြန်မြန်လာ''
''ဟင်!… မင်းဘယ်ရောက်သွားတာလဲ ငါမပြေးဘူး ငါ့သူငယ်ချင်းအဖြစ်ကို ကြည့်ပါဦးကွာ ရက်စက်လိုက်ကြတာ တင်ဇာ''
''ထီးကလေး… အပေါ်ကို တတ်လာကြပြီ ကျွန်မတို့အမြန်ပြေးမှ ဖြစ်မယ်နော်''
''မပြေးဘူး မင်းဘာသာမင်းပြေးတော့ ငါ့သူငယ်ချင်းကို ငါရအောင်ကယ်ရဦးမယ်''
''ထီးကလေး… ရှင့်သူငယ်ချင်းက သေနေပြီ ရှင်ကယ်လို့မရတော့ဘူး''
''ဘာ!… ဘာပြောတယ် တင်ဇာမသေသေးဘူး ဟုတ်တယ်မလားတင်ဇာ… တင်ဇာ သတိထားဦးလေ သတိထားပါဦး နင့်ကိုငါ ရအောင်ကယ်မယ်''
''ထီးကလေး… ခေါ်မနေနဲ့တော့ သူ့သွေးလှည်ပတ်မှု့နဲ့ ဒေါ်ဖြူလေး အသက်ရှင်နေရတာ အခု သူသေသွားပြီးဆိုတော့ ဒေါ်ဖြူလေးလဲ တစ်ခုခုဖြစ်သွားမှာ သေချာတယ်… ဆရာဝန်တွေလဲအပေါ်ကို တတ်လာကြပြီး ကျွန်မတို့ဒီအခန်းထဲက မြန်မြန်ထွက်မယ် လာ… ကျွန်မပြောတာကို ရှင်နားထောင်မယ်ဆို''
''တင်ဇာ!… သူငယ်ချင်း သူငယ်ချင်း နင်မသေရဘူးလေ… သူငယ်ချင်း… တင်ဇာ တင်ဇာ''
တဆာဆာအော်ခေါ်နေမိသည်။ သို့သော်လည်း တင်ဇာနွယ်တစ်ယောက်မှာမူ မျက်လုံးအိမ်အား ပွင့်လျက်သား သေဆုံးသွားခဲ့ရလေပြီ။ သွေးပျက်မတတ်ပါပေ။ အပ်များနုတ်ယူလိုက်သည်နှင့် တင်ဇာနွယ်၏ ကိုယ်ခန္ဓာအပေါ်တွင် အပ်ပေါက်ရာများစွာ ကျန်ရစ်နေခဲ့ရင်း ထိုအပ်ပေါက်အရာများမှ သွေးများစွာလည်း စီးကျလာစေခဲ့သည်။ အပ်ပေါက်အရာများဟာ ဖြူဝင်းနေသည့် တင်ဇာ၏ခန္ဓာကိုယ်အပေါ်၌ နီးမြန်းနေခဲ့ပြီး အလွန်ပင်သွေးထွက်လွန်သွားစေခဲ့သည်။
တင်ဇာနွယ် အသက်ပျောက်ကွယ်သွားခဲ့ရပြီး သူမနှင့်သွေးလည်ပတ်မှု့ ချိတ်ဆတ်ထားသော ဆရာဝန်ကြီး၏ ဇနီးသည် ဒေါ်ဖြူလေးသည်လည်း အသည်းအသန် ရောဂါများဖောက်ပြန်လာခဲ့ရသည်။
ထို့ကြောင့် ဆေးရုံတစ်ခုလုံး အရေးပေါ်အချက်ပေးသံများ ဆူညံစွာထွက်ပေါ်လာခဲ့ရင်း လူသတ်ဆရာဝန်များသည်လည်း အလောတကြီးဖြစ်ကုန်ကြလေသည်။ သို့သော် ထီးကလေးမှာမူ ဇောချွေးများစွာထွက်လျက် မိမိ၏သူငယ်ချင်းဖြစ်သူ တင်ဇာတစ်ယောက် အသက်ရှင်လျက် ရှိနေခဲ့သေးသည်ဟု ထင်မြင်နေခဲ့သည်။
နပ်စ်မလေး၏ ပြောစကားများအား သိရှိလိုက်ရမှသာလျင် တင်ဇာနွယ်၏ ခန္ဓာကိုယ်အား လှုပ်နှိုးမိစေသည်။ သို့သော်လည်း တင်ဇာနွယ်တစ်ယောက် မိမိအသက်ရှိကြောင်း ထီးကလေးအား ပြန်လည်၍ အချက်မပြနိုင်တော့ပဲ သေဆုံးသွားခဲ့ပြီးဖြစ်သည်။ ယူကြုံးမရဖြစ်ရ၏။ သူငယ်ချင်းဖြစ်သူအတွက်။ နပ်စ်မလေးလက်ဆွဲခေါ်ဆောင်ရာ အနောက်သို့သာ တရွှေ့ရွှေ့လက်ပါသွားခဲ့ရင်း အခန်းအပြင်သို့ ရောက်ရှိလာခဲ့လေသည်။
အပေါ်ဆုံးထပ်မှ ဒေါ်ဖြူလေးတစ်ယောက် အသည်းသန်ဖြစ်နေကြောင်းအား အချက်ပြစေသည့် ဘဲလ်အသံများကြောင့် အလယ်လှေကားဆီမှ ဆရာဝန်များ တတ်ရောက်လာနေပြီးဖြစ်သည်။ ထို့အတူ ညာဘက်ဒေါင့်လှေကားနှင့် ဘယ်ဘက်ဒေါင့်လှေကားဆီမှလည်း ဆရာဝန်များ အပေါ်ဆုံးထပ်သို့ တတ်ရောက်လာကြမည်မှာ မလွဲလှချေ။
နပ်စ်မလေးသည်လည်း ထီးကလေးအား အဘယ်ဆီသို့ ခေါ်ဆောင်ရမည်နည်း။ သုံးဘက်စလုံးရှိ လှေကားများမှ အောက်သို့ ဆင်းသတ်လျင်လည်း အပေါ်သို့ အပြေးတတ်ရောက်လာကြသော ဆရာဝန်းများနှင့် ထိပ်တိုက်ဆုံတွေ့သွားမည်မှာ သေချာသည်။ ထိုအပေါ်ဆုံးထပ်ရှိ အခန်းတစ်ခုခုအတွင်း၌လည်း ပုန်းခို၍မလွတ်နိုင် တင်ဇာနွယ်၏ အခန်းအတွင်းသို့ ဆရာဝန်များ ဝင်ရောက်ကြည့်ရှု့မိပါက ခြေယာလက်ယာများ ပျက်နေသည်အား တွေ့ရှိရပြီး ထိုအထပ်ရှိအခန်းများအား မြေလှံရှာဖွေစေနိုင်သည်။
ထို့ကြောင့် အလယ်လှေကား ဘေးအခန်းဆီသို့ ထီးကလေးအား လက်ဆွဲလျက် နပ်စ်မလေးတစ်ယောက် ခေါ်ဆောင်သွားခဲ့ပြီး ထိုအခန်းတံခါးအား လျင်မြန်စွာနှင့် တွန်းဖွင့်လိုက်စေသည်။ ထိုအခန်းဟာ ကြမ်းပြင်များမရှိ မြေညီထပ်ဆီသို့ ရောက်ရှိစေနိုင်သော အခန်းတစ်ခုသာလျင် ဖြစ်ချေသည်။
''ကဲ!… ထီးလေး ကျွန်မတို့နှစ်ယောက် ပြေးလမ်းပျောက်နေပြီ ဒီအခန်းထဲဝင်မှဖြစ်တော့မယ်''
''ဟင်!… ဒီ… ဒီအခန်းမှာ ကြမ်းပြင်မရှိဘူးလေ ငါပြုတ်ကျသွားတဲ့ အခန်းပဲ''
''ဟုတ်တယ် ဒီအပေါက်ကနေ မြေညီထပ်ကို ခုန်ချမှ လွတ်လိမ့်မယ် မဟုတ်ရင် လူသတ်သမားတွေ အခုချိန်ရှင့်ကို မိသွားတာနဲ့ အသေသတ်ပစ်ကြမှာ ကျွန်မသိနေတယ် အိုးရှင်!… ရှင်အောက်ကို မြန်မြန်သာခုန်ချပါ မြန်မြန်သာခုန်ချလိုက်ပါတော့ သူတို့လာနေပြီ''
''မင်း!… မင်းကရော… ''
''ရတယ် ရှင်သာ မြန်မြန်ခုန်ချ ကျွန်မအတွက်မပူနဲ့ ကျွန်မရှင့်ဆီပြန်လာခဲ့မယ်''
''မင်း!… မင်း''
''သွားတော့ လာနေပြီ ခုန်ချလိုက်တော့''
ရင်တစ်ခုလုံး ဟာတာတာ ခံစားလိုက်ရ၏။ အေးခနဲဟူသော စိတ်အတွင်းမှ ခံစားမှု့များဟာ သူတစ်ယောက် ခံစားခဲ့ဘူးသည်။ အဘယ်မှာနည်း။ ကလေးဘဝငယ်စဉ်အခါမှ ထမင်းလုံးတစ္ဆေဟူသော အိပ်မက်မျိုးနှင့် ထပ်တူပြုနိုင်သည်။ အပေါ်ဆုံးထပ်မှ အောက်သို့ ခုန်ချလိုက်ရသည်။ အောက်ဆီသို့ မရောက်ရှိသေးခင် လေဟာနယ်အတွင်း၌ သူတစ်ယောက် တွေးမိထားသည်။ အောက်သို့ ခြေပစ်လက်ပစ်မကျပါစေနှင့်။ အကျကောင်းမှာသာ ခြေလက်အင်္ဂါများ ထိခိုက်မည်မဟုတ်။
''အား… ''
ကြမ်းပြင်မရှိသော ထိုအခန်းဝ၌ ရပ်တန့်နေခဲ့သည့် ထီးကလေးအား နပ်စ်မလေးတစ်ယောက် ခပ်မြန်မြန်တွန်းချခဲ့ရသည်။ ထို့နောက် တံခါးအား ပြန်လည်ပိတ်စေလိုက်သည်နှင့် အလယ်လှေကားဆီမှ ဆရာဝန်များ အပေါ်ဆုံးထပ်သို့ အပြေးရောက်ရှိလာခါ ဝိဥာဉ်မလေး၏ အရိပ်မဲ့ခန္ဓာကိုယ်အား ဖောက်ထွင်းလျောက်လှမ်းသွားခါ ဒေါ်ဖြူလေး၏အခန်းဆီသို့ အပြေးဝင်ရောက်စေတော့သည်။
''ဟာ!… ဖြူလေး ဖြူလေး ဖြူလေး''
''ချစ်လေး… သတိထားဦးလေး မိန်းမ သတိထားပါဦး ရဲမောင် သန်းနိုင် ငါ့မိန်းမကိုကြည့်ပါဦး ကယ်ကြပါဦးကွာ''
''ဖြူလေး… ဖြူလေး''
''စွန်ရဲ ဖြူလေး အသက်မရှိတော့ဘူး''
''ဘာ!… ဘာပြောတယ် ငါ့မိန်းမအသက်မရှိတော့ဘူးဟုတ်လား မင်းညာနေတာ မင်းလိမ်နေတာ ငါ့မိန်းမ မသေသေးဘူး''
''မိန်းမ ဖြူလေး!… မိန်းမရယ် မင်းမသေပါနဲ့ဦး ငါလေမင်းနဲ့ အတူတူမိသားစုဘဝလေး နေချင်သေးတယ် ငါ့အတွက်ကလေးလေးတွေ မွေးပေးပါဦးမိန်းမရယ် မင်းမသေပါနဲ့ဦး ငါခေါ်နေတယ်လေ မင်းမသေရဘူး မင်းမသေရဘူး''
မြင်ယောင်မိသည်။ ရေစိုတစ်ပိုင်းနှင့် ချစ်ဇနီးဖြူလေးတစ်ယောက် မိမိအား ဆရာဝန်ကြီးတစ်ယောက် ဖြစ်လာစေရန် အိမ်တကာလှည့် အဝတ်လျော်ဆေးကျောင်းထားပေးခဲ့သည့် ပုံရိပ်များ။ မြင်ယောင်မိသည်။ ချစ်ဇနီးသည်၏ လက်ဖဝါးနုနုမှ ရေဝဲစားနေခဲ့သော အနာလေးများ ဆေးထည့်ပေးခဲ့သည့် ပုံရိမ်များ။ ယခု ဇနီးသည် သေဆုံးသွားခဲ့ရပြီလား။ မသေပါနဲ့ဦး ချစ်ဇနီးရယ်။ မင်းသင်ပေးထားတဲ့ ဆေးပညာတွေနဲ့ ငါလူတွေရဲ့ အသက်ကိုကယ်ပေးမယ်လေ။
မင်းက ဆရာဝန်ကြီးကတော်ဆို။ ငါ့ဘဝကို မင်းပြုစုပေးခဲ့တယ်လေ ငါ့ကိုဘယ်တော့မှ ခွဲမသွားဘူးဆို ဖြူလေးမိန်းမ ငါခေါ်နေတာ ပြန်ထူးပါဦး။ ငါ့ကြောင့်ပါ။ မင်းသင်ပေးခဲ့တဲ့ ဆေးပညာတွေနဲ့ မင်းဘဝကို ငါဖျက်စီးမိတာပါ။ ငါ့ကိုခွင့်မလွတ်ပါနဲ့။ ဖြူလေးရယ် ဖြူလေး။
ယူကြုံးမရဖြစ်သွားရသည်။ နံရံနှင့်ဦးခေါင်း ခပ်ပြင်းပြင်းစောင့်လျက် နှုတ်မှ တမ်းတစွာထိုသို့ ပြောဆိုရင်း ရှိုက်ငင်စွာငိုကြွေးစေခဲ့သည်။ ဒေါက်တာရဲမောင်နှင့် ဆရာဝန်များ ဝိုင်းဝန်းနှစ်သိမ့်ပေးမှု့ကြောင့် ဆရာဝန်ကြီးတစ်ယောက် ခေတ္တငြိမ်သတ်သွားခဲ့ရသည်။
''ငါ့မိန်းမကို ဘယ်သူသတ်တာလဲ ငါ့မိန်းမကိုဘယ်သူတွေ သတ်တာလဲ''
တစ်စုံတစ်ခုအား သတိရရှိသွားခဲ့သော အမူယာဖြင့် အခန်းအပြင်သို့ ပြေးထွက်လိုက်သည်။ သူ၏အနောက်မှ ဆရာဝန်များသည်လည်း ထပ်ကြပ်မကွာ လိုက်ပါသွားခဲံ့ရင်း ဘေးအခန်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ မြင်တွေ့လိုက်ရသည်က ခန္ဓာကိုယ်တစ်ခုလုံး အပ်ပေါက်ရာများနှင့် သေဆုံးနေခဲ့သော ဇနီးဖြစ်သူနှင့်သွေးဆက်ထားသည့် တင်ဇာနွယ်၏ အလောင်းပင်ဖြစ်ချေသည်။
''ဟင်!… ဒီကောင်မလေးခန္ဓာကိုယ်က ဆေးပိုက်တွေကို ဘယ်သူနုတ်လိုက်တာလဲ ဟေ့ကောင် မင်လား မင်းလား မင်းလား''
''စွန်ရဲ… မင်းစိတ်ကိုငြိမ်ငြိမ်ထားပါဦး''
''ငါတို့ဖမ်းမမိသေးတဲ့ လူငယ်တစ်ယောက်ယောက် ဒီကောင်မလေးကိုတွေ့ပြီး သူ့ကိုယ်ပေါ်က အပ်တွေ နှုတ်လိုက်တာဖြစ်မယ် ငါတို့အားလုံးမဟုတ်ပါဘူး''
''ဘာ!… ဒါဆို ဆေးရုံကိုရောက်လာတဲ့ မလောက်လေး မလောက်စား ကောင်တွေ ငါ့မိန်းမကို သတ်ပစ်လိုက်ကြတာပဲ တွေ့ကြသေးတာပေါ့ကွာ''
''စွန်ရဲ!…''
''သန်းနိုင်… ငါ့ကိုလွတ်''
''မင်းဘယ်သွားမလို့လဲ''
''ငါ့မိန်းမသေရသလို အဲ့ဒီကောင်တွေကို အရှင်လတ်လတ် အရေခွံစုတ်မလို့''
''စွန်ရဲ မင်းစဉ်းစားပါဦး ငါတို့ကြောင့် ရဲတစ်ယောက် သေထားရတယ်!… မကြာခင်အချိန်တောတွင်းမှာ ငါတ်ို့ဆီ ပြသနာတွေရောက်လာတော့မယ် စိတ်လိုက်မာန်ပါ လုပ်လို့မဖြစ်သေးဘူး''
''အိုးကွာ… ဖြစ်ချင်ရာဖြစ် ငါ့မိန်းမမရှိမှတော့ ဒီကောင်တွေကိုလဲ အသုံးမလိုတော့ဘူး ငါလဲအသက်မရှင်ချင်တော့ဘူး ဒီကောင်တွေကို ငါတစ်ခုခုလုပ်ချင်တယ် ငါ့ကိုလွတ်''
''စွန်ရဲ!… စွန်ရဲ''
''ရဲမောင် စွန်ရဲနောက်ကို လိုက်ပါဦး ဂရုစိုက်နော် သူလုပ်ချင်တာ လုပ်ပေးလိုက်ကြားလား''
''အေးသန်းနိုင်!… မင်းလဲ လိုအပ်တာတွေ လုပ်ထားချည်''
အချစ်စိတ်ဟာ နှလုံးသားဟုဆိုသည်။ နှလုံးသား၏ ရိုက်ချက်များ ဦးနှောက်အတွင်းသို့ စီးမျောဝင်သွား။ စိတ်တ္တဇဝေဒနာခံစားနေခဲ့ရသော ဆရာဝန်ကြီး လွန်စွာမှပင် စိတ်ရောဂါများ ပြင်းထန်လာခဲ့ပြီ။ ထို့ကြောင့် ဇနီးသည်အတွက် လက်စားချေမည်ဟူသော အသိဖြင့် ဖမ်းမိထားသော ပထမထပ်အခန်းတွင်းရှိ လူငယ်များထံသို့ အပြေးဆင်းသတ်သွားချေသည်။ သူ၏အနောက်မှ ဒေါက်တာရဲမောင်နှင့်အတူ ဆရာနှစ်ဦးသည်လည်း အပြေးလိုက်ပါသွားခဲ့သည်။
********
''အား… ကျွတ်ကျွတ်… တော်တော်နာနေပါလား''
''အမလေးကွာ!… မီးရောင်ပြပြလေးမြင်လို့ နီးနီးလေးထင်နေတာ လျောက်လိုက်ရတာမှ ပြောမနေပါနဲ့တော့''
''ဟင်!… ဘာတဲ့… မြို့မ အထွေထွေရောဂါကုဆေးရုံကြီး ဆိုပါလား… အဲ့ဒါပဲ သူတော်ကောင်းဆိုတော့ နတ်ကောင်းနတ်မြတ်တွေက ဆေးရုံရှိနေတဲ့နေရာကို အရောက်ပို့ပေးလိုက်တာပဲ''
''ဘာပြောကောင်းမတုန်းကွာ ဆေးရုံကိုတွေ့လိုက်ရတာနဲ့ ဒဏ်ရာတစ်ဝက်တောင် သက်သာသွားသလိုပဲ''
မိတ်ဆွေအစ်ကိုအောင်ပင်ဖြစ်သည်။ လူငယ်ငါးဦး အန္တရယ်တစ်ခုခုနှင့် ရင်ဆိုင်ကြုံတွေ့နေရတိုင်း တိုက်ဆိုင်စွာရောက်ရှိလာတတ်သော နယ်တကာလှည့် အထက်ဂိုဏ်းဆရာ အောင်ကိုဆိုသူပင်ဖြစ်ချေသည်။ ယခုသည်လည်း ရောက်ရှိလာခဲ့၏။ မြို့မဆေးရုံဆီသို့။ မိမိအားလူမှားခါ ဝိုင်းဝန်းတိုက်ခိုက်ကြရာမှ နောက်ကျောတွင် ဓားဒဏ်ရာရရှိသွားခဲ့သည်။ လျပ်စစ်မီးရောင် အဝေးဆီမှ မြင်တွေ့လိုက်သည်နှင့် ထိုနေရာသ်ို့ လှမ်းလာခဲ့ရင်း ယခု မြို့မဆေးရုံအရှေ့သို့ စိုက်မြိုက်စွာ ရောက်ရှိလာခဲ့လေသည်။
ဆေးရုံအရှေ့၌ အတန်ကြာရပ်ကြည့်နေခဲရင်း ဆေးရုံဝန်းသို့ ဝင်ရောက်ရန် ခြေဦးတည်လိုက်စေသည်။ ဂိတ်အဝ၌ လုံခြုံရေး ဝန်ထမ်းများကဲ့သို့ ဟန်ဆောင်ခါ စောင့်ကြည့်နေကြသော မောင်စန်းမြင့်နှင့်အတူ လူသတ်သမားတစ်ဦးသည်လည်း ကြောင်တောင်တောင် တောသားတစ်ယောက်ဟာ အဘယ့်ကြောင့် မိမိတို့၏ ဆေးရုံဆီသို့ ရောက်ရှိလာခဲ့သနည်းမသိခဲ့ချေ။ ထို့ကြောင့် ယောပုဆိုးခပ်တိုတိုနှင့် ထိုတောသားအား မမြင်ကွယ်ရာ၌ ချောင်းမြောင်း အကဲခတ်နေခဲ့ရင်း ဆေးရုံဝန်းအတွင်းသို့ ဝင်ရောက်ရန် ခြေဦးတည်လာသည်နှင့် မိမိတို့သည်လည်း ပုန်းခိုနေရာမှ ထွက်ရောက်လာခဲ့သည်။
''မိတ်ဆွေ!… ဘယ်ကိုလာတာလဲ''
''ဟင်! အမေလေးဗျ… လန့်လိုက်တာဗျာ… ဘယ်ကိုလာရမှာတုန်းဗျ ဆေးရုံဆီလာတာပေါ့ ဘာလဲ ခင်ဗျားတို့က ကျုပ်ဆေးရုံဆီကို အလည်လာတယ်လို့များ ထင်နေကြတာလား''
''မဟုတ်ပါဘူး ကျုပ်တို့က ဆေးရုံလုံခြုံရေးဝန်ထမ်းတွေဆိုတော့ အဖြစ်သဘောမျိုးမေးတာပါ''
ထိုသို့ဆို၏ မောင်စန်းမြင့်တစ်ယောက်။ ဆေးရုံဝန်းအတွင်းသို့ ဝင်ရောက်နိုင်ရန် ထိုဂိတ်ဝအား ဖြတ်ကျော်ရဦးမည်ဖြစ်သည်။ ဆေးရုံအဝတွင်ရှိနေသော လုံခြုံရေးဝန်ထမ်းအယောင်ဆောင်ထားခဲ့သည့် မောင်စန်းမြင့်တစ်ယောက် နံဘေး၌ရှိနေသော လူသတ်သမားအား မျက်ရိပ်မျက်ကဲများဖြင့် အချက်ပြစေသည်။ ထိုသို့ဆိုလျင် နံဘေး၌ရှိနေသော ထိုလူသတ်သမား ကောင်းစွာသဘောပေါက်ချေသည်။ မိမိအား ထိုသူတစ်ယောက် ရောက်ရှိလာခဲ့ခြင်းနှင့်ပတ်သတ်ပြီး ဆေးအတွင်း၌ရှိနေသော ဆရာဝန်များအား အကြောင်းကြားစေခိုင်းလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ထိုသူသည်လည်း မောင်စန်းမြင့်၏နံဘေးမှ မသိမသာ ထွက်ခွာသွားခဲ့ရင်း ဂိတ်အဝ၌ မောင်စန်းမြင့်နှင့်အတူ အောင်ကိုနှစ်ယောက်တည်း ကျန်ရစ်နေခဲ့သည်။ မောင်စန်းမြင့်သည်လည်း ထိုတောသားအား ဆေးရုံအတွင်းသို့ ယခုအချိန်၌ ပေးဝင်ဦးမည်မဟုတ်ချေ။ ထို့ကြောင့် ဂိတ်အဝတွင်မူ စကားများစွာ ဖောင်ဖွဲ့ပြောဆိုရင်း ဆေးရုံအတွင်းမှ အကြောင်းပြန်လာဦးမည့် ဆရာဝန်များ၏အကြောင်းကြားချက်အား မျှော်လင့်ဦးမည်ဖြစ်သည်။
''ကဲလာ!… အထဲဝင်''
''ဒါနဲ့နေပါဦးဗျ…ဘယ်လိုဖြစ်ပြီး ခင်ဗျားက ဒီဆေးရုံကိုတွေ့ရတာလဲ… ကျွန်တော်သိထားတာတော့ ဒီဆေးရုံကို တွေ့တဲ့သူတွေဟာ ကံကြမ္မာဆိုးလို့ပဲဗျ''
''ဟင်!… ခင်ဗျား ဘာကိုဆိုလိုတာလဲ''
''သြော်!… ဒီလိုပါ… ဆေးရုံဆိုတဲ့နေရာက လူကောင်းတွေဆိုမလာကြဘူးလေ ကျန်းမာရေးတစ်စုံတစ်ခု ချူချာလို့ လာကြတာမဟုတ်လား ဒါကိုကျူပ်က ဆိုလိုတာပါ''
''အေးဗျာ!… ကံကြမ္မာဆိုးချက်ကတော့ မပြောချင်ပါဘူး ကျုပ်နယ်ကနေ ရန်ကုန်ကိုသွားမလိုဗျ လမ်းမှာ ကားပျက်သွားတာနဲ့ အဝေးပြေးလမ်းအတိုင်း လျောက်လာတာ အဲ့ဒါဗျာ လမ်းမှာပဲ ကျုပ်ကိုလူမှားပြီး ဝိုင်းသတ်ကြတာ… ကျုပ်ကျောမှာလဲ ဒဏ်ရာရသွားတယ် သူတို့နဲ့ဆက်တိုက်နေရင် ကျုပ်သေဖို့ပဲရှိတော့တယ် အဲ့ဒါကြောင့် ပြေးမိပြေးရာ ပြေးလာခဲ့ရတာ''
''ဟင်!… ဟုတ်ပါ့ဗျာ ခင်ဗျားဒဏ်ရာက သွေးတွေ အရမ်းထွက်နေပါလား''
''ဟုတ်တယ် ကျုပ်လဲ ပုန်းနေတဲ့ နေရာကနေ မီးရောင်ပြပြလေးတွေ့တာနဲ့ ဦးတည်လာတာ ကံကောင်းချင်တော့ အခုလိုဆေးရုံကို တန်းတွေ့တာပဲဗျို့''
တောသားပီပီ ပြောဆိုနေပုံများဟာ ရင်းနှီးပွင့်လင်းစေလှသည်။ မောင်စန်းမြင့်သည်လည်း ထိုသူဟာ စုံထောက်လေလား သို့မဟုတ် အရပ်သားယောင်ဆောင်နေသည့် ရဲတစ်ယောက်လေလားဟူခါ အမျိုးမျိုးအကဲခတ်နေခဲ့သည်။ သို့သော်လည်း ထိုသူဟာ ရိုးသားလွန်းလှသော တောသားတစ်ဦးပင်ဖြစ်နေကြောင်း ကောင်းစွာရိမ်စားမိစေခဲ့သည်။
မောင်စန်းမြင့်၏ အရိပ်ကဲများကြောင့် လူသတ်သမားတစ်ဦးသည်လည်း သူ၏နံဘေးမှ ထွက်ခွာခါ ဆေးရုံအတွင်းသို့ အပြေးဝင်ရောက်လာခဲ့လေသည်။ ထို့နောက် ပထမအထပ်မှတဆင့် မြေညီထပ်ဆီသို့ ခပ်သုတ်သုတ်ဆင်းသတ်ရန် လှမ်းလာနေခဲ့သော ဒေါက်တာသန်းနိုင်အား မြင်တွေ့လိုက်ရပြီး အကြောင်းစုံပြန်လည်ပြောဆိုလေခဲ့သည်။
******
''ထီးလေး… ထီးလေး… ထီးလေး''
''ဟင်!…''
''ရှင်… ရှင်ဘာဖြစ်သွားသေးလဲ''
လေးထပ်ဆီမှ ကြောက်လန့်တကြား ခုန်ချခဲ့သော ထီးကလေးတစ်ယောက်သည်လည်း မြေညီထပ်ဆီသို့ ပြုတ်ကျသွားခဲ့ရင်း မြေပြင်ပေါ်၌ပင် ခေတ္တမေ့မျောနေလေခဲ့သည်။ သူ၏အနားသို့ ဝိဥာဉ်မလေးသီရိမေတစ်ယောက် အပြေးရောက်ရှိလာရင်း သူ့အား လှုပ်နှိုးစေခဲ့သည်။
''အား!… ကျွတ်… ဖနှောင့် ဖနှောင့် တော်တော်နာသွားတယ် အား!… ခါး… ခါးလဲနာနေတယ် တစ်ခြား တစ်ခြားတော့ဘာမှမဖြစ်ဘူး''
''တော်သေးတာပေါ့… အကျကောင်းလို့''
''ဟင်… ဒါနဲ့ မင်းကရော ဒီကိုဘယ်လိုရောက်လာတာလဲ''
''သြော်… ကျွန်… ကျွန်မလဲ ဒီလိုပဲပေါ့ ပြေးရင်းလွှားရင်း လူသတ်သမားတွေလက်က အလွတ်ရုံးပြေးလာခဲ့ရတာ အဲ့ဒါတွေ မေးမနေပါနဲ့တော့ ရှင်အခုဘာမှ မဖြစ်တာပဲ တော်သေးတာပေါ့''
''ငါကတော့ ဘာမှမဖြစ်ပါဘူး… ဒါပေမယ့် ငါ့သူငယ်ချင်းတွေကို ငါမကယ်လိုက်နိုင်ဘူးကွာ''
''စိတ်မကောင်းမဖြစ်ပါနဲ့ အခုလို ရှင့်သူငယ်ချင်း သေသွားတာကမှ သူ့အတွက်ကောင်းပါသေးတယ် မဟုတ်ရင် မသေမရှင်နဲ့ ဝေဒနာခံစားနေရဦးမှာ''
''တော်တော်ရက်စက်ကြတဲ့ ဆရာဝန်တွေပဲကွာ… လူတစ်ယောက်လုံးကို ဆေးပညာတွေနဲ့ ရက်ရက်စက်စက် လုပ်ထားရဲ့တယ်''
''ဟုတ်တယ် အခုလဲ ဆရာဝန်ကြီးကတော် ဆုံးသွားရှာပြီ''
''ဟင်… ဆရာဝန်ကြီးကတော် ဆုံးသွားပြီဟုတ်လား''
''ဟုတ်တယ်!… ထ… ကျွန်မပြောပြမယ် ရှင့်သူငယ်ချင်းကောင်မလေးနဲ့ ဆရာဝန်ကြီးကတော် ဒေါ်ဖြူလေးက ခန္ဓာကိုယ်နှစ်ခုကို အသက်တစ်ချောင်းတည်းနဲ့ သွေးဆက်ထားခဲ့တာ ဒေါ်ဖြူလေးနဲ့ ရှင့်သူငယ်ချင်းကို သွေးချင်းလည်ပတ်နိုင်အောင် ဆရာဝန်တွေ လုပ်ထားကြတာပဲ ရှင်က ရှင့်သူငယ်ချင်းခန္ဓာကိုယ်ပေါ်က ဆေးထိုအပ်တွေကို နုတ်ပစ်လိုက်တော့ ဒေါ်ဖြူလေးဆီကို သွေးမလည်ပတ်နိုင်တော့ဘူး ဒါကြောင့် အခုဆိုရင် ဒေါ်ဖြူလေးလဲ အသက်ဆုံးရှုံးသွားရပြီ''
''ဒါ… ဒါဆိုငါ့ကြောင့် ဆရာဝန်ကြီးမိန်းမ သေသွားရတာလား ငါ့ကြောင့်လား''
''မဟုတ်ပါဘူး… ဒေါ်ဖြူလေးကလည်း တကယ်တော့ သေနေတာကြာနေပါပြီး ဆရာဝန်ကြီးက စိတ်တ္တဇအတွေးနဲ့ မသေသေးဘူးလို့ စိတ်ထင်နေခဲ့တာ ရှင့်သူငယ်ချင်ရဲ့ သွေးတွေသွင်းပြီး အသက်ကယ်သွေးဆက်ထားခဲ့တာပဲ တကယ်တော့ ဒေါ်ဖြူလေးမှာ ရှင့်သူငယ်ချင်းအသက်ပဲရှိတာပါ''
''အခုဒေါ်ဖြူလေးလဲ သေသွားပြီးလို့ ဆရာဝန်ကြီးလက်ခံသွားပြီး အဲ့ဒီတော့ ရှင်တို့ကြောင့် ဒေါ်ဖြူလေး သေရတာဆိုပြီး ရှင့်သူငယ်ချင်းတွေကို ဒုက္ခပေးကြတော့မှာ သေချာတယ်''
''ဟင်!… မဖြစ်ဘူး ငါ့သူငယ်ချင်းတွေ သူတို့လက်ထဲမှာ ရှိနေသေးတယ်… သူတို့ကို ငါထပ်မသေစေချင်ဘူး သူတို့ကို ငါ… ငါအမြန်ဆုံးကယ်မှဖြစ်မယ်''
''အား… ငါ့… ငါ့ခါး''
''ရှင်တော်တော်နာနေလား''
''နာနေတယ် င့ါကိုတစ်ချက်လောက်တွယ်ပေးပါဦး ကျန်တဲ့ ငါ့သူငယ်ချင်းတွေကို သူတို့ဘယ်မှာ ဖမ်းထားကြလဲ မင်းသိလား မင်းသိလားလို့''
''သိတယ်… ထ… ကျွန်မကိုတွယ်''
''အား!… အား… ရပြီရပြီ… ကျွတ်ကျွတ်… ငါ့သူငယ်ချင်းတွေကို ငါကယ်တင်ပေးချင်တယ် သူတို့ဘယ်မှာလဲ သူတို့တွေကို အမြန်ဆုံးငါကယ်မှဖြစ်မယ် သူတို့ဘယ်မှာရှိနေကြလဲ''
''ရှင့်သူငယ်ချင်းတွေကို လူသတ်သမားတွေ ပထမထပ်အခန်းထဲမှာ ချုပ်ထားကြတယ်''
''ဟင်!… အဲ့ဒီအခန်းကို မင်းသိတယ်မဟုတ်လား ငါ့ကိုပို့ပေးပါ''
''ရှင်ကောင်းကောင်းရပ်နိုင်ပြီလား''
''ရတယ်!… ငါဘာမှမဖြစ်ဘူး''
လေးထပ်ဆီမှ ခုန်ချခဲ့ရသည်ကြောင့် ထီးကလေးတစ်ယောက်သည်လည်း ခါးအဆစ်၌ အနည်းငယ်မျှ နာကျင်သွားခဲ့ရသည်။ ဝိဥာဉ်မလေး သီရိမေ၏ ပြောစကားများကြောင့် မိမိ၏သူငယ်ချင်းဖြစ်သူများ ရှိနေခဲ့သော အခန်းဆီသို့ သိရှိလိုက်ရသည်။ သို့နှင့် သူတစ်ယောက်တည်းသာ ကိုင်တွယ်ထိတွေ့နိုင်သော ဝိဥာဉ်မလေးအား တွယ်လျက် မြေညီထပ်အခန်းတွင်းမှ ထွက်ခွာရန် အားတင်လိုက်စေသည်။
''ဟာဗျာ… ခင်ဗျားကလဲ ကျုပ်ကျောက ဓားဒဏ်ရာ တော်တော်နာနေတယ်ဗျ… စကားတွေပဲ ဇွတ်ပြောနေတော့မှာလဲ ကျုပ်ကိုခွင့်ပြုဦး နောက်မှ သက်သက်တစ်ရက် ခင်ဗျားနဲ့ စကားပြောကြမယ်''
''ဟာ… ဟေ့လူ… ဘယ်တုန်း''
''ဟင်!… ဆေးရုံထဲဝင်မလို့လေ''
မောင်စန်းမြင့်နှင့်အတူ ရှိနေခဲ့သော လူသတ်သမားတစ်ဦး၏ ပြောဆိုချက်များကြောင့် ဒေါက်တာသန်းနိုင်သည်လည်း ဆေးရုံဝန်းအတွင်းသို့ ထွက်ခွာလာခဲ့ရင်း မောင်စန်းမြင့် တောသားနှစ်ဦးသား ပြောဆိုနေကြသော စကားများအား ကြားသိလိုက်ရသည်။ မောင်စန်းမြင့်ဟာလည်း ဆေးရုံဆီသ်ု့ စိုက်မြိုက်စွာရောက်ရှိလာခဲ့သည့် ထိုသူအား ဆရာဝန်များ၏ ခွင့်ပြုချက်မရသေးသည်ကြောင့် စကားများစွာ ပြောဆိုလျက် အချိန်ဆွဲထားစေခဲ့သည်။
''မောင်စန်းမြင့် သူ့ကိုပေးဝင်လိုက်ပါ''
ပုဆိုးခပ်တိုတိုဖြင့် တောသားပုံစံနှင့် အောင်ကိုအား ဒေါက်တာသန်းနိုင်တစ်ယောက် အဝေးမှသေချာစွာ အကဲခတ်ကြည့်ရှု့စေခဲ့ရင်း ဆေးရုံအတွင်းသို့ ဝင်ရောက်ရန် ခွင့်ပြုစေခဲ့သည်။
''ဟာ!… ဆရာဝန်ကြီး လုပ်ပါဦးဗျာ… ဒီလုံခြုံရေးက လူနာကိုဆေးရုံထဲမခေါ်ပဲ စကားတွေပဲဇွတ်ပြောနေတယ်''
''စိတ်မရှိပါနဲ့ ကိုယ့်လူ ကြွပါ အထဲကိုကြွပါ''
အေးဆေးတည်ကြည်လှသော လေသံဖြင့် အောင်ကို့အား ပုခုံးလေးအသာဖတ်ခါ ဆေးရုံအတွင်းသို့ ခေါ်ဆောင်လာခဲ့လေသည်။ ဆေးရုံအတွင်းသို့ ရောက်ရှိလာခဲ့သည်နှင့် အောင်ကိုတစ်ယောက်သည်လည်း ဆေးရုံအတွင်း၌ မြင်တွေ့နေခဲ့ရသော အရာများအား လိုက်လံအကဲခတ်စေခဲ့သည်။
''ဘာများဖြစ်လို့တုန်းဗျ''
''ဒီမှာသာကြည့်ပါတော့ဆရာ''
''ဟင်… ဓားဒဏ်ရာကြီးပါလား ဘယ်လိုဖြစ်ရတာတုန်း''
''အဝေးပြေးလမ်းမှာ ကျုပ်ကို လူတစ်စုက လူမှားပြီး ဓားတွေနဲ့ ဝိုင်းခုတ်ကြတာ… ကျုပ်လဲ ရှောင်ရင်းတိမ်းရင်းနဲ့ နောက်ကျောကို ဓားနဲ့ရှပ်ထိသွားတာပဲ''
''အိုးဗျာ… ဖြစ်မှဖြစ်ရလေ''
အံ့သြသွားသည့်မျက်နှာထား။ အောင်ကို့အား ထိုသို့ပြောဆိုနေခဲ့ရင်း အကျီအိတ်အတွင်းမှ လက်ကိုင်ဖုန်းတုန်ခါလာခဲ့သည်ကြောင့် ထုတ်ယူကိုင်လိုက်စေသည်။ အဝင်ဖုန်းနံပါတ်မှာ ဆေးရုံဆီသို့ အဝင်လမ်းဖြစ်သော တစ်နေရာ၌ စောင့်ကြည့်ရန်စေခိုင်းထားသည့် အရပ်သားဝတ်စုံနှင့် မိမိတို့၏ ဘက်တော်သားတစ်ဦးပင်ဖြစ်လေသည်။
''ဟင်!… မင်း… မင်းပြောတာသေချာလား ကောင်းပြီကောင်ပြီး စောင့်ကြည့်ထားဦး အင်အားဘယ်လောက်ရှိလဲ… ဟင်အေးအေး''
''မောင်ရင်… ခဏလေးနော် ဒေါက်တာဖုန်းလေး ခဏပြောချင်လို့''
တစ်ဖက်မှ ဖုန်းဆက်လာသူ၏ ပြောစကားများဟာ လွန်ပင်အရေးကြီးလေသလား။ ဖုန်းအတွင်းမှ ပြောဆိုလိုက်သော စကားများအား ကြားလိုက်ရသည်နှင့် ဒေါက်တာသန်းနိုင်တစ်ယောက် လွန်စွာတုန့်လှုပ်သွားစေသည်။ ထို့နောက် တပြိုင်နက် ဒေါက်တာရဲမောင်၏ ဖုန်းနံပါတ်အား လျင်မြန်စွာခေါ်ဆိုချေတော့သည်။
''ရဲမောင်… ''
''သန်းနိုင် ဘာဖြစ်လို့လဲ''
''စွန်ရဲရော စွန်ရဲ''
''မသိသေးဘူး အခုမှ ငါလိုက်နေတုန်း''
''ရဲမောင် အရမ်းအရေးကြီးနေပြီ စွန်ရဲကို မြန်မြန်ပြောလိုက် ငါတို့ဆေးရုံဆီကို ရဲတွေဦးတည်လာနေတယ်'
''ဟေး!… အေးအေးသန်းနိုင် မင်းအောက်မှာ ကြည့်ထိန်းထားဦး ငါစွန်ရဲကိုရှာပြီး မြန်မြန်လာခဲ့မယ်''
ဆေးရုံဆီသို့ ရဲများသို့မဟုတ် လူများ လွယ်ကူစွာဝင်ရောက်လာနိုင်သော လမ်းဖြစ်သည့် အချက်ချာနေရာတွင် မိမိတို့၏ဘက်တော်သားတစ်ဦးအား လူအဝင်အထွက် စောင့်ကြည့်စေခိုင်းထားခဲ့သည်။ ရဲအုပ်မောင်ဝင်းနှင့် ရဲသားများသည်လည်း နယ်မြေပိုင် မြေပုံလမ်းညွန်အတိုင်း မြို့မဆေးရုံဆီသို့ ဦးတည်လာလေခဲ့သည်။ ထို့ကြောင့် စောင့်ကြည့်နေခဲ့သော ထိုသူမှာလဲ ဒေါက်တာသန်းနိုင်ထံသို့ အချက်ချင်း အကြောင်းကြားစေတော့သည်။
ဒေါက်တာသန်းနိုင်သည်လည်း ဒေါက်တာရဲမောင်ထံသို့ အကြောင်းကြားစေခါ ဆေးရုံအတွင်း၌ ဟန်ပျက်မှု့မရှိစေရန် ကြိုတင်ပြင်ဆင်မည်ဖြစ်သည်။ ထို့ကြောင့် အရေးတကြီး ပြောဆိုလျက် ကောင်ဒါစားပွဲဝိုင်းတွင် ထားရစ်ခဲ့သော တောသားဆီသို့ ဟန်မပျက် ပြန်လည်သွားရောက်လေခဲ့သည်။
''ကဲ… မောင်ရင် ဒီဆရာမနဲ့ အပေါ်ကိုလိုက်သွားလိုက်နော် ဆရာမသူ့ဒဏ်ရာကို သေသေချာချာ ဆေးထည့်ပေးထားပါ ကျွန်တော်လာခဲ့ပါ့မယ်''
ထိုသို့ပြောဆိုချေသည်။ ပြောဆိုလိုက်သော စကားများအနက် အဓိပ္ပာယ်ရှိစေသည်။ မကြာခင်အချိန်၌ ရဲသားများရောက်ရှိလာတော့မည်ဖြစ်သည်။ ထို့ကြောင့် လူပိုတစ်ဦးဖြစ်သော ထိုတောသားအား စကားဝှက်ဖြင့် အပေါ်ထပ်၌ အသေသတ်ခိုင်းလိုက်ခြင်းဖြစ်သည်။
တိတ်ဆိတ်နေခဲ့သည့် ညနက်အချိန်သို့ပင် ရောက်ရှိနေခဲ့ပြီး၍ မြေညီထပ်ဆီသို့ ပြုတ်ကျသွားခဲ့ရသော ထီးကလေးနှင့် နပ်စ်မလေးတို့မှာလဲ အခန်းအတွင်းမှ ထွက်ရောက်ခါ ပထမအထပ်သို့ ဦးတည်မည်ဖြစ်သည်။ သို့သော် အလယ်လှေကားဆီသို့ ဦးတည်လာနေသော ခြေသံများအား ကြားလိုက်ရသည်ကြောင့် အခန်းအတွင်းသို့ လျင်မြန်စွာပြန်လည်ဝင်သွားခဲ့ရသည်။
မျက်စိနှစ်လုံးသာ မြင်ရလောက်အောင် အခန်းတံခါးအား အသာဖွင့်ဟလျက် အပြင်သို့ ထီးကလေးတစ်ယောက် ချောင်းကြည့်မိလိုက်သည်။ တွေ့ရှိလိုက်ရ၏။ သူ၏ညီရင်းအစ်ကိုသဖွယ် ခင်မင်ရသော မိတ်ဆွေအစ်ကိုအောင်နှင့် လူသတ်နပ်စ်မလေးတစ်ဦးပင် ဖြစ်နေလေခဲ့သည်။
''ဟင်!… အစ်ကိုအောင်ပါလား''
***
* မိတ်ဆွေအစ်ကိုအောင်နှင့် လူငယ်တစ်ဦး တွေ့ဆုံလာမည့်အခါ မည်သို့ပင် ဖြစ်လာကြဦးမည်နည်း။
*ရဲအုပ်မောင်ဝင်းသည်လည်း ထိုဆေးရုံ၌ဖြစ်ပွားနေကြသော ပြသနာများအား သိရှိသွားမည်လား။
*လူသတ်သမားများသည်လည်း မည်သို့ပင် ပရိယာယ်ကြွယ်ဝစွာနှင့် ရဲသားများ လှည့်စားဦးမည်နည်း။
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
(၁၄.၃.၂၀၁၆)
မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်၍ဖော်ပြပေးပါမည်။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၂၂)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
*********************
မျက်စိနှစ်လုံးသာ မြင်ရလောက်အောင် အခန်းတံခါးအား အသာဖွင့်ဟလျက် အပြင်သို့ ထီးကလေးတစ်ယောက် ချောင်းကြည့်မိလိုက်သည်။ တွေ့ရှိလိုက်ရ၏။ သူ၏ညီရင်းအစ်ကိုသဖွယ် ခင်မင်ရသော မိတ်ဆွေအစ်ကိုအောင်နှင့် လူသတ်နပ်စ်မလေးတစ်ဦးပင် ဖြစ်နေလေခဲ့သည်။
''ဟင်!… အစ်ကိုအောင်ပါလား''
''အစ်ကိုအောင်ဘယ်လိုဖြစ်ပြီး ဒီဆေးရုံကိုရောက်လာရတာလဲ''
''ဟင်… ဘယ်သူလဲ ရှင့်အသိလား''
''ဟုတ်တယ်… သူ… သူဘယ်လိုဖြစ်ပြီး ရောက်လာရတာလဲ ဒုက္ခပါပဲ သူ့ကြည့်ရတာလဲ ဒီဆေးရုံအကြောင်း ဘာမှ သိထားပုံမပေါ်ဘူး ငါသွားမှဖြစ်မယ်''
''ထီးကလေး!… ရှင်သွားလို့မဖြစ်ဘူး''
အလယ်လှေကားဆီသို့ ဦးတည်လျောက်လှမ်းလာခဲ့သော နပ်စ်မလေး၏ အနောက်မှ မိတ်ဆွေအစ်ကိုတစ်ယောက် ကြောင်တောင်တောင်ဖြစ် လိုက်ပါသွားခဲ့ကြောင်း မြင်တွေ့လိုက်ရလေသည်။ ချောင်းကြည့်နေခဲ့ရာမှ မည်သို့ပင် ထိုဆေးရုံဆီသို့ ရောက်ရှိလာခဲ့သနည်း မသ်ရှိသော မိတ်ဆွေဖြစ်သူအား ထီးကလေးတစ်ယောက် တားစီးမည်ဟု ပြောဆ်ုစေရင်း ပုန်းခိုနေခဲ့သော အခန်းတွင်းမှ အပြင်သို့ထွက်ရောက်ရန် ရွယ်လိုက်သည်။ သူ၏ပုခုံးအား ဆုတ်ကိုင်လျက် နံဘေးတွင်ရှိနေသော နပ်စ်မလေးမှာ အပြင်သို့ မထွက်ခွာရန် တားစီးလေခဲ့သည်။
''မင်းဘာလုပ်တာလဲ''
''ထီးကလေး… ရှင်ထွက်သွားလို့မဖြစ်ဘူး''
''ဘာလို့မဖြစ်ရမှာလဲ ဖယ်စမ်း ငါထွက်မယ် မဟုတ်ရင် သူလဲတစ်ခုခုဖြစ်သွားရလိမ့်မယ်''
''ထီးကလေး… ရှင့်ကျွန်မပြောစကားကို နားထောင် အခုရှင့်နောက်မှာ မသေသေးတဲ့ ရှင့်သူငယ်ချင်းတွေရှိနေသေးတယ် ရှင်ထွက်သွားလို့ လူသတ်သမားတွေ ရှင့်ကိုဖမ်းမိသွားရင် ရှင့်သူငယ်ချင်းတွေကို ဘယ်သူကယ်မလဲ ရှင်ဇွတ်လုပ်လို့မရဘူး''
''ဟာကွာ!…''
''ရှင်စိတ်အေးအေးထား ရှင့်မထွက်သွားရင် သူလဲဘာမှမဖြစ်လောက်ဘူး ရှင်ထွက်သွားမှ အခုရောက်လာတဲ့ ရှင့်မိတ်ဆွေပါ ဒုက္ခရောက်သွားလိမ့်မယ်''
''ဖြစ်ပါ့မလား… ငါသူ့ကိုစိတ်မချဘူး''
''စိတ်ချ သူတို့အကြောင်း ကျွန်မကောင်းကောင်းသိတယ် သူတို့ဆေးရုံနဲ့ပတ်သတ်ပြီး ဘာတစ်ခုမှ မသိထားသေးဘူးဆိုရင် အဲ့ဒီလူကို သတ်မှာမဟုတ်ဘူး အဲ့ဒါကြောင့် ရှင့်မိတ်ဆွေကို သူတို့အခုလောလောဆယ် ဒုက္ခမပေးနိုင်ဘူး ရှင်နဲ့ရှင့်မိတ်ဆွေ တွေ့ရအောင် ကြိုးစားရမယ် ပြီးမှ ရှင်တို့ဖြစ်နေတဲ့ အကြောင်းအားလုံး သူ့ကိုပြောပြပြီးမှ ရှေ့ဆက်လုပ်စရာရှိတာ ဆက်လက်ရမယ်''
''ငါရမ်းစိတ်ပူတာပဲ ကောင်းပါပြီ မင်းပြောတဲ့အတိုင်းပဲ ငါလုပ်ပါ့မယ်''
ယခုအချိန်၌ သူတစ်ယောက် အမှားအမှန် သေချာ၍မစဉ်းစားနိုင်။ မိတ်ဆွေဖြစ်သူများအတွက် လွန်စွာစိုးရိမ်နေခဲ့သည်မှ လွဲ၍ တစ်ခြားသော အရာများအား မစဉ်းစားမိချေ။ ထို့ကြောင့် ဝိဥာဉ်မလေး သီရိမေသာလျင် သူ၏နံဘေး၌ အကြံပေးပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ပြောဆိုနေခဲ့ရလေသည်။ ပျက်သားတည်ကြည်လှသော စကားများအား ပြောဆိုနေခဲ့သည့် နပ်စ်မလေးအား ထီးကလေးတစ်ယောက် စိုက်ကြည့်နေခဲ့ရင်း အခန်းအပြင်သို့ ထွက်ရောက်ရန် ရွယ်လျက်ထားခဲ့သော သူ၏ခြေလှမ်းများ နောက်ဆုတ်သွားခဲ့သည်။
''အခု ကျွန်မတို့ ဒေါင့်ဘက်လှေကားကနေ ပထမထပ်အခန်းကို သွားမယ်… ပြီးရင် ရှင့်သူငယ်ချင်းတွေအားလုံးကိုခေါ်ပြီး ထွက်ပေါက်ကနေ မိုးမလင်းခင် ရှင်တို့ပြေးကြတော့!''
''မင်း… မင်းကရော… ငါတို့နဲ့မလိုက်ဘူးလား''
''ကျွန်မ… ကျွန်မ… လာပါ… လုပ်စရာရှိတာ အရင်လုပ်ပြီးမှ ဆက်ပြောကြတာပေါ့''
ထိုသို့ဆို၏။ ထို့နောက် အခန်းအတွင်းမှနေ၍ အခန်းအပြင်သို့ အကဲခတ်စေခဲ့သည်။ မည်သည့်လူရိပ်လူယောင်မျှ မမြင်တွေ့ရသည်ကြောင့် အခန်းပြင်သို့သာ လျင်မြန်စွာထွက်ရောက်စေသည်။ ထို့နောက် ဒေါင့်ဘက်လှေကားရှိရာဆီသို့ ထီးကလေးတစ်ယောက်သည်လည်း လျင်မြန်စွာဖြင့် နပ်စ်မလေးနှင့်အတူ ပြေးလေတော့သည်။ မိမိဟာ စိုးရိမ်စိတ်များနှင့် မောဟိုက်နေခဲ့သော်လည်း နံဘေး၌ရှိနေခဲ့သော မိန်းကလေးဖြစ်သည့် နပ်စ်မလေးမှာမူ မည်သည့်စိုးရိပ်မှု့တစ်ခုမှ သူမ၏မျက်နှာပေါ်တွင် မမြင်တွေ့ခဲ့ရချေ။
*****
''တန်ခိုး… တန်ခိုး… လမ်းလေး လမ်းလေး''
''ငါးလေး''
ပြင်းထန်လှသော ဒဏ်ရာကိုယ်ဆီနှင့် မေ့မျောနေကြသော မိမိ၏သူငယ်ချင်းဖြစ်သူများအား ထိုအခန်းတွင်း၌ မျှားကလေးတစ်ယောက် မြင်တွေ့လိုက်ရသည်။ တန်ခိုးဆိုလျင် လက်နှစ်ဖတ်အား ကြိုးဖြင့်တုတ်ထားခါ တွဲလျောင်းအနေထား ချုပ်နှောင်ထားခြင်း ခံထားရသည်။ ငါးကလေးသည်လည်း သေလုမျောပါး ဒဏ်ရာများနှင့် လက်ပြန်ကြိုး တုတ်ထားခြင်းခံနေရသည်။ လမ်းကလေးသည်လည်း ထို့အတူ မိမိနှင့်မောင်ကဲအားလည်း လက်ပြန်ကြိုးများတုတ်ထားခါ ထိုအခန်းအတွင်း၌ ချုပ်နှောင်ဖမ်းစည်းထားခဲ့သည်။
အခန်းလေးအတွင်း၌ မီးလုံးလေးသာ ထွန်းလင်းထားစေရင်း ထိုမီးလုံးလေဟာလည်း ဘယ်ညာယိုင်ရိုင်နေခဲ့သည်။ သူမတစ်ဦးတည်သာလျင် ဦးစွာ သတိလည်လာခဲ့ရင်း နံဘေး၌ မေ့မျောနေကြသည့် သူမ၏သူငယ်ချင်းများအား လိုက်လံအော်ခေါ်နေမိသည်။ ''ဝုန်း''ဟူသော အသံနှင့်အတူ အခန်းတံခါးအား အပြင်မှ တစ်ဦးတစ်ယောက် အရှိန်ပြင်းစွာ တွန်းကန်လိုက်ချေသည်။
ဝင်ရောက်လာခဲ့၏။ ဆရာဝန်ကြီးစွန်ရဲနိုင်တစ်ယောက်။ သူ၏လက်အတွင်း၌လည်း ကိုင်ဆောင်နေကြဖြစ်သော လူသတ်ပုဆိန်အား ဆွဲကိုင်လျက် ထိုအခန်းတွင်းသို့ ဒေါသတကြီးဝင်ရောက်လာစေသည်။ မိမိ၏ဇနီးသည်ဖြူလေးတစ်ယောက် သေဆုံးသွားခဲ့ရခြင်းနှင့်ပတ်သတ်ပြီး ထိုလူငယ်များ၏ ပယောဂါကြောင့်ပင်ဟု ဆိုစေကာ အသေသတ်ရန် ဝင်ရောက်လာခြင်းဖြစ်သည်။
''မင်းတို့… မင်းတို့… မင်းတို့တွေကြောင့် ငါ့အရမ်းချစ်တဲ့ ငါ့မိန်းမသေရပြီး မင်းတို့အားလုံးကို အသေပြန်သတ်မယ်''
''မင်း… မင်းထစမ်း! ကဲံ့ကွာ''
''အား!…''
နီးရဲနေသော မျက်ဝန်းများ ဝဲလျက်မျက်ရည်များနှင့်အတူ လူသတ်ပုဆိန်အား လက်ညိုးတစ်ချောင်းကဲ့သို့ အသုံးပြုလျက် မေ့မျောနေခဲ့သော လူငယ်များအား မာန်ကြီးစွာပြောဆိုလေခဲ့သည်။ သို့နှင့် မေ့မျောနေရာမှ သတိလည်လာခဲ့သော မျှားကလေးအား ဆံပင်မှဆွဲလျက် နံရံနှင့် အရှိန်ပြင်းစွာတွန်းတိုက်လိုက်ချေသည်။
လွန်စွာနာကျင်လေသလား။ သူမ၏နှုတ်မှ.''အား''ဟူသော အသံထွက်ပေါ်လာလေခါ ကြမ်းပြင်ပေါ်သို့ မှောက်ယှက်အနေထား ဖြစ်သွားခဲ့ရသည်။ ထို့နောက် ကိုင်ဆောင်ထားခဲ့သော လူသတ်ပုဆိန်နှင့် လဲကျသွားခဲ့သော မျှားကလေးအား တပြိုင်နက် အသေသတ်ခုတ်ပိုင်းရန် ပုဆိန်အား မြောက်တင်လိုက်လေသည်။
''စွန်ရဲ… စွန်ရဲ… မလုပ်နဲ့ဦး''
ပွင့်ဟနေသည့် တံခါးအတိုင်း ဆရာဝန်ကြီး၏အနောက်မှ လိုက်ပါလာခဲ့သော ဒေါက်တာရဲမောင်၏ အလောတကြီး တားစီးသံအား ကြားလိုက်ရသည်နှင့် ဆရာဝန်ကြီးတစ်ယောက် လက်တွန့်သွားချေခဲ့သည်။
''ရဲမောင်… ငါ့ကိုမတားနဲ့ သူတို့အားလုံးကို အပျက်ရှင်းပြီး ငါလဲဒီဆေးရုံကို ပိတ်ပစ်တော့မယ်''
''စွန်ရဲ!…''
''ရဲမောင်… မင်းကိုငါပြောပြီးပြီ ငါ့ကိုမတားနဲ့''
''စွန်ရဲ… ခဏလေး မင်းကိုအရေးကြီးတာ ပြောစရာရှိသေးတယ် သူတို့အခုလောလောဆယ် သေလို့မဖြစ်သေးဘူး''
''ဟင်… ဘာအရေးကြီး ကိစ္စလဲ''
''စွန်ရဲ… ငါတို့ဆေးရုံဆီကို ရဲတွေ ဦးတည်လာနေပြီတဲ့''
''ဘာ!… ရဲတွေ လာနေပြီဟုတ်လား''
''ဟုတ်တယ်… သန်းနိုင်ဆီကို လုံခြုံရေးလှသိန်းအကြောင်းကြားတာပဲ''
''ဟာ!… မဖြစ်ဘူး ကဲ့ကွာ!… နောက်မှ မင်းတို့ဆီပြန်လာခဲ့မယ်''
ဒေါက်တာရဲမောင်၏ ပြောဆိုလိုက်သော စကားများအဆုံး၌ ဆရာဝန်ကြီးတစ်ယောက် လွန်စွာတုန့်လှုပ်သွားမိသည်။ ကိုင်မြောက်ထားခဲ့သော ပုဆိန်အား ဖြည်းညင်းစွာချလျက် ကြမ်းပြင်ပေါ်၌လဲကျနေခဲ့သော မျှားကလေးအား ပုဆိန်ရိုးဖြင့် ရိုက်နှပ်လိုက်လေသည်။ အနာပေါ်အနာဆင့်ခါ မျှားကလေးသည်လည်း မျော့မျော့သာလျင် ကျန်ရစ်စေတော့သည်။ စိုးရိမ်ကြီးစွာဖြင့် ဆရာဝန်ကြီးသည်လည်း အခန်းတွင်းမှ လျင်မြန်စွာဖြင့် ထွက်ခွာသွားခဲ့ရင်း မြေညီထပ်ဆီသို့ ဦးတည်သွားခဲ့ချေသည်။ ထိုအခန်းရှေ့၌ ဒေါက်တာရဲမောင်နှင့်အတူ ဆရာဝန်တစ်ဦးသာလျင် ကျန်ရစ်နေခဲ့လေပြီ။
''ဒေါက်တာ!… ဆရာဝန်ကြီးအနောက် လိုက်သွားလိုက်နော် ဆရာသူတို့ကို ခဏစောင့်ကြည့်လိုက်ဦးမယ်''
''ဟုတ်… ဟုတ်ကဲ့ဆရာ''
နံဘေးတွင် ကျန်ရစ်နေခဲ့သော ဒေါက်တာကျော်စွာအား ဆရာဝန်ကြီးအနောက်သို့ လိုက်ပါသွားရန် စေလွတ်ခဲ့ရင်း ထိုအခန်းတွင်းသို့ ဒေါက်တာရဲမောင်တစ်ယောက် ဝင်ရောက်လာလေသည်။
''ဟေ့… ဟေ့… ဟေ့ကောင်မလေး … ဟေ့ဟာ… ဟေ့''
ဆရာဝန်ကြီး၏ပြင်းထန်လှသော ရိုက်ချက်ဖြင့် ကြမ်းပြင်ပေါ်၌ မေ့မျောသွားခဲ့သော မျှားကလေးအား ဘာရယ်ကြောင့်မှန်းမသိ ဒေါက်တာရဲမောင်တစ်ယောက် လှုပ်နိုးနေခဲ့လေသည်။ မျှားကလေးအား လှုပ်နိုးနေခဲ့သောလည်း သူမတစ်ယောက် အသက်မျော့မျော့နှင့်သာ ကျန်ရစ်နေခဲ့ပြီး ဒေါက်တာရဲမောင်၏ိံ ခေါ်သံများအား သူမကြားနိုင်ခဲ့ချေ။
''ဆရာ… ဆရာ''
''မောင်ကျော်စွာ… ဒေါက်တာရဲမောင်ရော''
''ဟိုအခန်းထဲမှာ ကျန်နေခဲ့တယ်ဆရာ ကောင်လေးတွေကို စောင့်ကြည့်ဦးမယ်တဲ့''
''ဟင်!… ဟာ… မဖြစ်ဘူး သူ့ကိုပါသွားခေါ်''
''ဟုတ်… ဟုတ်ကဲ့ဆရာ''
မျှားကလေးအား လှုပ်နိုးမရသည်ကြောင့် တွယ်လျောင်းအနေအထား ချုပ်နှောင်ထားခဲ့ရသော တန်ခိုးဆီသို့ ဦးတည်ခါ တန်ခိုးအား လှုပ်နိုးနေပြန်သည်။ တန်ခိုးသည်လည်း ထို့အတူ သွေးကြောများစွာ ဖြတ်ထားခြင်းခံထားရသည်ကြောင့် မျော့မျော့သာလျင် ရှိနေခဲ့သည်။ ထို့နောက် လက်ပြန်ကြိုးတုတ်ထားခြင်း ခံနေရခါ ကြမ်းပြင်ပေါ်၌ လဲကျနေခဲ့သော ငါးကလေးတစ်ယောက် လှုပ်ရှားလာခဲ့သည်နှင့် သူ၏အနားသို့ ရဲမောင်တစ်ယောက် အပြေးသွားလိုက်သည်။
''ကောင်လေး… ကောင်လေး… မင်း… မင်းသတိရလာပြီလား''
''အား!… ''
''ကောင်လေး… ငါ့ကိုမကြောက်နဲ့ မင်းသူငယ်ချင်းတွေကို ခေါ်ပြီး ဒီဆေးရုံထဲကနေ မြန်မြန်ထွက်ကြတော့''
''ဟင်… ခင်… ခင်ဗျားက ဒီဆေးရုံက လူ… လူသတ်သမားမဟုတ်လား''
''ဟာကွာ… ဟုတ်တယ်စကားများမနေနဲ့ ငါ့သူငယ်ချင်းတွေ အလုပ်ရှုတ်နေတုန်း မင်းတ်ို့ဆေးရုံထဲက အမြန်ထွက်ကြတော့''
''မျှားလေး!… မောင်ကဲ… လမ်းလေး တန်ခိုး''
''သူတို့တွေ မေ့နေကြတယ် လုပ်ပါဦးဒေါက်တာ''
''မျှားလေး… သတိရလာပြီး''
''မျှားလေး… ဒီဆရာဝန်ကြီးက ငါတို့ကိုကယ်ပေးနေတာ''
''ဟင်!…''
''ဟုတ်တယ် ကောင်မလေး… မင်းသူငယ်ချင်းတွေကို ခေါ်ပြီး ဆေးရုံအပေါ်ဆုံးထပ်ကိုတတ် ပြီးတာနဲ့ မင်းတို့ဝင်ခဲ့တဲ့ အခန်းဘေးမှာ လှေကားတစ်ခုရှိတယ် အဲ့ဒီကနေ အောက်ကိုဆင်းပြီး ဆေးရုံဝန်းအပြင်ကို ရောက်အောင်ထွက်ကြတော့''
''ဒေါက်!… ဒေါက်တာ တကယ်ပြောနေတာလား''
''ဟုတ်တယ်… ငါပြောတဲ့အတိုင်းသာ လုပ်… မြန်မြန်လုပ်''
ဒေါက်တာရဲမောင်တစ်ယောက် စိတ်ပြောင်းသွားလေသလား။ မေ့မျောသတိလစ်နေကြသော လူငယ်များအား ပြန်လည်သတိလည်လာစေရန် လှုပ်နိုးစေခဲ့ပြီး တုတ်နှောင်ထားသော ကြိုးများအားလည်း ဖြေပေးစေခဲ့သည်။ မျှားကလေး လမ်းကလေး မောင်ကဲ ထိုသူများအားလုံး မူးနှောက်နေခဲ့သော အာရုံများနှင့်ုပြန်လည်သတိရလာခဲ့သော်လည်း တန်ခိုးတစ်ယောက်မှာမူ အရုပ်ကြိုးပျက် ပုံစံကဲ့သို့ ထပ်တူကျနေခဲ့သည်။
''ကောင်လေး!… မင်းတို့ကို အစတည်းက ဒီဆေးရုံထဲကထွက်နိုင်အောင် ငါလမ်းပြပေးမလို့ပဲ ရေခဲတိုက်အခန်းထဲမှာလဲ မင်းသူငယ်ချင်းကို ငါသတ်ပစ်လို့ရနေပြီ အနားကပ်ပြီး စကားပြောမလို့လုပ်တုန်း မင်းငါ့ကို ထိုးသွားခဲ့တယ်'
''ပြီးတော့ စားသောက်ခန်းမှာတုန်းကလဲ မင်းစားပွဲခုံအောက်မှာ ပုန်းနေတာ အပြင်က ဆရာန်တစ်ယောက်သိသွားမှာစိုးလို့ မင်းအနားကို အသာကပ်ပြီး ငှက်ပျောသီးဖီးချန်ပေးခဲ့မလို့ ဒါပေမယ့် မင်းကငါ့ကိုတိုက်ခိုက်ပြီး ထွက်ပြေးတာနဲ့ အခုလိုတွေဖြစ်ကုန်ရတာပဲ''
''ကျွန်… ကျွန်တော်တောင်းပန်ပါတယ်ဒေါက်တာ ကျွန်တော်ကြောက်ကန်ကန်ခဲ့တာပါ''
''ရပါတယ်ကွာ… ကဲကဲ အချိန်မရှိဘူး မင်းတို့အားလုံး သက်သာရဲ့လား ဟိုတစ်ယောက်ကိုတော့ မင်းတို့တွေ တွယ်ခေါ်သွားကြ သူ့သွေးကျောတွေ အဖြတ်ခံထားရတယ်''
''ကျေး… ကျေးဇူးတင်ပါတယ်ဒေါက်တာ''
''ကဲကောင်းပြီး အားလုံးထွက်ကြတော့''
သွေးကြောများ အဖြတ်ခံထားရသည့် တန်ခိုးတစ်ယောက်မှာမူ ခြေလှမ်းများအားလည်း ကောင်းစွာမရပ်တည်နိုင်။ ထို့ကြောင့် လမ်းကလေးနှင့် ငါးကလေးနှစ်ဦးသားမှာမူ တန်ခိုးအား အလယ်တွင်ထားလျက် နှစ်ယောက်ညှပ်တွယ်ခါ အခန်းတွင်းမှ ထွက်ခွာမည်ဖြစ်သည်။ မျှားကလေးနှင့် မောင်ကဲဟာလည်း လမ်းကလေးနှင့်ငါးကလေးအား ဒေါင့်ဘက်လှေကားဆီမှတဆင့် ဒေါက်တာရဲမောင် လမ်းညွန်ပေးထားသည့် မပေါ်ဆုံးထပ်သို့ လျင်မြန်စွာတတ်ရောက်ရန် အရှေ့မှ လမ်းပြခေါ်ဆောင်မည်ဖြစ်သည်။
မိမိတို့အား ချုပ်နှောင်ထားခဲ့သော ထိုအခန်းတွင်းမှ အခန်းအဝသို့အရောက် ဒေါက်တာကျော်စွာသည်လည်း ဒေါက်တာရဲမောင်အား ခေါ်ဆောင်ရန် ဆရာဝန်ကြီး၏စေခိုင်းချက်ဖြင့် ထိုအခန်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အခန်းတွင်းမှ ကိုယ်ဆီထွက်ခွာနေကြသော လူငယ်များအား မြင်တွေ့လိုက်ရသည်နှင့် လူသတ်လက်နတ်အား ကိုင်ဆောင်ထားခါ အပြေးရောက်ရှိလာသည်။
''ဒုက္ခပဲ ဟိုမှာလူသတ်သမားတစ်ယောက် လာနေပြီ ဒေါက်တာကယ်ပါဦး''
မိမိတို့အားလုံး အခန်းတွင်းမှ ထွက်ခွာနေခဲ့သည်အား အခန်းတွင်းမှ ရှိနေခဲ့သော ဒေါက်တာရဲမောင်တစ်ယောက် ခပ်ပြုံးပြုံးအမူယာနှင့် စိုက်ကြည့်နေခဲ့သည်။ ထိုအချိန် တန်ခိုးအား တွယ်လျက်ထားခဲ့သော ငါးကလေး၏ စကားသံအား အခန်းအဝမှ ပြောဆ်ုလိုက်ခြင်းကြောင့် ဒေါက်တာရဲမောင်သည်လည်း ဓားမြောင်လေးအား ကိုင်ဆောင်ခါ အခန်းဝဆီသို့ ထွက်ရောက်လာခဲ့သည်။ ထို့နောက် အခန်းတွင်းမှ လူငယ်များ ထွက်ပြေးနေခဲ့သည်အား မြင်တွေ့လိုက်ရသည့် ဒေါက်တာကျော်စွာတစ်ယောက်မှာလည်း ခတ်ထန်လှသော မျက်နှာထားဖြင့် လူငယ်များအား အသေသတ်ရန် အပြေးရောက်ရှိလာသည်။
ဒေါက်တာရဲမောင်သည်လည်း ငါးကလေး၏စကားသံကြောင့် အခန်းတွင်းမှ လျင်မြန်စွာထွက်လာခါ ဒေါက်တာကျော်စွာ၏အရှေ့၌ ပိတ်ရပ်လိုက်ချေသည်။
''ကောင်လေးတွေ… ငါပြောတဲ့လှေကားဆီကို ရောက်အောင်သွားကြ''
''ဒေါက်တာ!… ဂရုစိုက်နော်''
''သွား!… မြန်မြန်သွားကြ''
''ဟင်!… ဒေါက်တာရဲမောင် ခင်ဗျားက ဆရာဝန်ကြီးအပေါ် သစ္စာဖောက်နေပြီပေါ့ဟုတ်လား''
''ငါသစ္စာဖောက်တာမဟုတ်ဘူး ငါ့သူငယ်ချင်းထပ်ပြီး အမှားတွေမလှုပ်မိအောင် ငါကယ်တင်လိုက်တာပဲ''
''ခင်ဗျား ဘာမှလာပြောမနေနဲ့ ဒီကောင်တွေကို ခင်ဗျားကိုယ်တိုင်လွတ်ပေးလိုက်တာလို့ ဆရာဝန်ကြီးကို ကျုပ်သွားပြောမယ်''
''ကျော်စွာ!… မင်းလဲ ခေတ်ပညာတတ် ဆရာဝန်ကောင်းတစ်ယောက်ပါ ငါတို့တွေ ငါတို့ရဲ့ဆရာဝန်ကြီးကို ဝိုင်းဝန်းပြုပြင်ပေးကြတာပေါ့ သူ့စိတ်ခြေအနေပြန်ကောင်းလာအေင် ငါတို့ပူးပေါင်းပြီး ကြိုးစားကြမယ်လေ''
''အိုးဗျာ!… ကျုပ်အဲ့ဒါတွေ နားမလည်ဘူး ကျုပ်ကျေးဇူးရှင်ဆရာဝန်ကြီး ခိုင်းတာတွေကို အသတ်စွန့်ပြီး လုပ်ပေးဖို့က ကျုပ်မှာတာဝန်ရှိတယ်''
''ကျော်စွာ!…''
''သြော်!… ခင်ဗျားက ကျုပ်ကိုတားတယ်ပေါ့… ကျူပ်အရှေ့ကဖယ်''
''ငါပြောတာကို နားထောင်ကျော်စွာ အခု ငါအမှန်လုပ်လိုက်တာ''
''အိုးဗျာ!… သစ္စာဖောက်တာက သစ္စာဖောက်တာပဲ ခင်ဗျားမဖယ်ဘူးလား ကျုပ်အဆိုးမဆိုနဲ့နော်''
''မဆိုပါဘူး ပြောပြလို့မှ လက်မခံရင်လဲ စမ်းကြည့်လိုက်လေ''
ချုပ်နှောင်ထားသော လူငယ်များအား မိမိတစ်ယောက် လွတ်ပေးလိုက်ခြင်းပတ်သတ်ခါ ဒေါက်တာကျော်စွာအား ဆရာဝန်ကြီးထံသို့ ပြန်လည်မပြောဆိုရန် တိုင်ပင်ခဲ့သေးသည်။ သို့သော်လည်း ဒေါက်တာကျော်စွာမှာ ဆရာဝန်ကြီးအား ပြောဆိုမည်ဟု အကြိမ်ကြိမ်အခါခါပြောဆိုခဲ့ခြင်းကြောင့် ဒေါက်တာရဲမောင်မှာမူ ကျော်စွာနှင့်တိုက်ခိုက်ရန် စတင်ဟန်ပြင်လိုက်ချေသည်။ ဒေါက်တာကျော်စွာဟာလည်း မိမိ၏အရှေ့၌ ပိတ်ရပ်နေခဲ့သော ဒေါက်တာရဲမောင်အား ကိုင်ဆောင်ထားသည့် လက်နတ်ဖြင့် ဝှေ့ရမ်းရိုက်နှပ်လိုက်လေသည်။
အနောက်သို့တစ်လှမ်းဆုတ်လိုက်ရင်း တည်ငြိမ်စွာဖြင့် ဒေါက်တာကျော်စွာ၏ ရိုက်ချက်အား ရှောင်တိမ်းလိုက်နိုင်သည်။ အရှိန်လွန်သွားခဲ့သော ဒေါက်တာကျော်စွာ၏ လက်အတွင်းမှ သံတုတ်အားမြေပြင်ပေါ်သို့ ပြုတ်ကျသွားအောင် ကာကွယ်ခဲ့နိုင်သည်။ လက်အတွင်းမှ သံတုတ်ပြုတ်ကျသွားခဲ့သည်ကြောင့် ကျော်စွာသည်လည်း ခါးကြားတွင်အသင့် စောင်လျက်ထားသော ဓားမြောင်ဖြင့် ဒေါက်တာရဲမောင်အား ဝင်ရောက်ထိုးလိုက်ချေသည်။ တည်ငြိမ်စွာရှောင်တိမ်းစေရင်း သူသည်လည်း ခါးကြားမှ ဓားမြောင်အား လျင်မြန်စွာထုတ်ယူလျက် ဒေါက်တာကျော်စွာအား ဗိုက်အတွင်းသို့ ထိုးသွင်းမွေနှောက်လိုက်လေသည်။
တည်ငြိမ်လှသည် လူတစ်ဦးအား ရက်စက်စွာသတ်လိုက်သော ဒေါက်တာရဲမောင်မှာမူ မျက်နှာတစ်ချက်မပျက် အပြုံးမပျက်ခဲ့ချေ။ ဒေါက်တာရဲမောင်၏ဓားချက်ဖြင့် ကျော်စွာသည်လည်း ထိုအခန်းရှေ့၌ ဓားဒဏ်ရာဖြင့် လဲကျသွားခဲ့ချေသည်။ သွေးအိုင်ထဲ၌ လဲကျသွားခဲ့သော ဒေါက်တာကျော်စွာအား ရဲမောင်တစ်ယောက် အခန်းတွင်းသို့ တရွတ်တိုက်ဆွဲခေါ်သွားခါ ထိုအခန်းတွင်း၌ပင် ထားရစ်လိုက်ချေသည်။ အပြန်အလှန်တိုက်လိုက်ခဲ့ခြင်းကြောင့် သူသည်လည်း တွန့်ဆုတ်သွားသော အကျီများအား ဆွဲချပြင်ဆင်စေခဲ့ပြီး ထိုအခန်းတွင်းမှ ထွက်ခွာရန် ရွယ်လိုက်လေသည်။
******
အချိန်ကား ည(၁)နာရီခန့်ရှိနေပြီးဖြစ်သည်။ ရဲအုပ်မောင်ဝင်းဦးဆောင်သော အဖွဲ့သည်လည်း မြို့မဆေးရုံအရှေ့သို့ ယခုအချိန်မှာသာလျင် စိုက်မြိုက်စွာရောက်ရှိလာခဲ့လေသည်။ မောင်းနှင်လာသော ကားလေးအား ဆေးရုံအရှေ့၌ ရပ်တန့်စေလိုက်ရင်း ရဲအုပ်မောင်ဝင်းနှင့်အတူ ရဲသားများသည်လည်း ဆေးရုံအရှေ့၌ပင် ညီညာစွာ ခေတ္တရပ်လျက်ရှိနေခဲ့သည်။ နောက်လိုက်ရဲဘော်များသည်လည်း ရဲအုပ်မောင်ဝင်း၏ ပြောဆိုအမိန့်ပေးသော စကားများအား စောင့်စားနေခဲ့ခြင်းဖြစ်သည်။
''ကိုကြည်ဦး!… ဒီဆေးရုံဟုတ်ပါတယ်နော်''
''ဟုတ်ကဲ့ဆရာ… မြေပုံအညွန်းအရဆိုရင် ပိတ်ထားတဲ့ မြို့မဆေးရုံဆိုတာ ဒီဆေးရုံဆိုတာ သေချာပါတယ်''
''ကျုပ်စိတ်ထဲ တစ်ခုခုလေးနေသလိုခံစားရတယ်!… ကြည့်ပါဦး ပိတ်ထားတဲ့ ဆေးရုံမှ ဟုတ်ရဲ့လားဗျာ''
''ဆရာ!… ကျွန်တော်တို့ဝင်ကြည့်လိုက်တာ ကောင်းမယ်ထင်တယ်''
''အေးဗျ!… အထဲမှာလဲ လူတွေရှိနေပုံပေါ်တယ် ဘာပဲဖြစ်ဖြစ် ဝင်ကြည့်မယ်ဗျာ''
သူ၏နံဘေး၌ ဆန်းထွန်းပိုင်နှင့်အတူ နယ်ထိန်းကြည်ဦးရှိနေလေခဲ့သည်။ ကိုကြည်ဦးနှင့် အပြန်အလှန်စကားများစွာ ပြောဆိုနေခဲ့ရင်း ဆေးရုံဝဏ်းအတွင်းသို့ ဝင်ရောက်ရန် စတင်ဦးတည်လိုက်ချေသည်။
ဂိတ်ဝ၌စောင့်နေခဲ့သော မောင်စန်းမြင့်တို့သည်လည်း ဆရာဝန်ကြီးတစ်ယောက် ဆေးရုံအတွင်းသို့ ဝင်ရောက်ရန် ပြောဆိုထားသည်ကြောင့် ထိုသူတို့သည်လည်း ဆေးရုံအတွင်းသို့ ရောက်ရှိနေခဲ့ကြသည်။ ဆေးရုံအတွင်း၌ လူသတ်လက်နတ်များ ကိုယ်ဆီကိုင်ဆောင်ထားစေရင်း ပြသနာတစ်စုံတစ်ခု ဖြစ်ပေါ်လာခဲ့လျင် လက်ဥင်္ီးမှု့ရရှိရန် ပုန်းခိုအသင့်ပြင်ထားခဲ့ချေသည်။
********
''ဟင်!… ဒါ… ဒါဘယ်သူကြီးလဲ''
''ဟင်… မင်း… မင်းပြောတော့ ငါ့သူငယ်ချင်းတွေ ဒီအခန်းထဲမှာရှိနေကြတယ်ဆို အခုဘယ်မှာလဲ သူတို့ဘယ်မှာလဲ ဒါ… ဒါကရော ဘယ်သူလဲ''
''ကျွန်မသိတာ ရှင့်သူငဟ်ချင်းတွေကို ဒီအခန်းထဲမှာ ဆရာဝန်တွေ ချုပ်ထားကြတာ အခုဘယ်ရောက်သွားကြလဲတော့ ကျွန်မလဲ မသိဘူး''
''ဒါ… ဒါကြီးကရော ဘယ်သူလဲ ဟင်… ဓားထိုးခံထားရတာပဲ''
''ဟာ!… ကျော်စွာ … ကျော်စွာဘယ်လိုဖြစ်ရတာလဲ သူ့နာမည်က ဒေါက်တာကျော်စွာ ဆေးရုံထဲမှာရှိတဲ့ ဆရာဝန်တွေအထဲက တစ်ယောက်ပဲ အခုဘယ်လိုဖြစ်ရတာလဲ မဟုတ်မှလွဲရော''
''ရှင့်သူငယ်ချင်းတွေ သူ့ကိုသတ်ပြီး ဒီအခန်းထဲကနေ ပြေးပြီထင်တယ်''
''ဟင်!…''
''ပြေးပြီးဟုတ်လား!… ဘယ်… ဘယ်ကိုပြေးသွားကြတာလဲ''
''အဲ့ဒါတော့ ကျွန်မလဲမသိဘူး… သူတို့ အောက်ထပ်ကိုဆင်းပြေးတယ်ဆိုရင် သေဖို့ပဲရှိတယ် ထွက်ပေါက်က အပေါ်ဆုံးထပ်မှာ''
''ဒါဆို ဘယ်လိုလုပ်ကြမလဲ ငါ့ကိုတစ်ခုခုကူညီပေးပါဦး''
''ရှင့်သူငယ်ချင်း ကောင်မလေးတစ်ယောက်ကိုတော့ ကျွန်မထွက်ပေါက်ရှိတဲ့ နေရာကိုပြောဘူးတယ် သူတို့အဲ့ဒီကိုပြေးကြတယ်နဲ့ထင်တယ်''
''ဒါဆိုငါတို့အပေါ်ကို ခဏတတ်ကြည့်မယ် ရမလား''
''ရပါတယ် ရှင်မလောနဲ့နော် ကျွန်မပြောတဲ့အတိုင်းပဲလုပ်''
''အေး… အေးပါ''
မြေညီထပ်မှတဆင့် မိမိ၏သူငယ်ချင်းဖြစ်သူများ ရှိနေခဲ့သော အခန်းဆီသို့ နပ်စ်မလေး၏ပြောဆိုချက်များကြောင့် သိရှိခဲ့ရသည်။ ထို့ကြောင့် သူငယ်ချင်းဖြစ်သူများအား ကယ်တင်ပေးရန် ထိုအခန်းရှိရာဆီသို့ အရောက်လာခဲ့ကြသော်လည်း ထိုအခန်းတွင်း၌ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေတော့ချေ။ ဓားဒဏ်ရာနှင့် လဲကျနေခဲ့သော ကျော်စွာတစ်ယောက်ကိုသာလျင် ထိုအခန်းတွင်း၌ တွေ့ရှိလိုက်ရသည်။ ပြာယာခတ်သွားခဲ့ရင်း အပေါ်ဆုံးထပ်သို့ပင် အရောက်သွာရန် နပ်စ်မလေးအား တိုင်ပင်ပြောဆိုလေတော့သည်။
******
''ဆရာမ!… ကျုပ်ကိုဘယ်ခေါ်လာတာလဲဗျ''
''သြော်!… ရှင့်ကို ငရဲပြည်ပို့ပေးမလို့''
''ဟင်!… ဟားဟားဟား ဆရာမကလဲ လာနောက်နေတယ် ကျုပ်ငရဲပြည်ကို နောက်မှသွားမယ် အခုလောလောဆယ် ကျုပ်ဒဏ်ရာ အရမ်းနာနေလို့ ဆေးပဲအရင်ထည့်ပေးပါနော်''
''ကောင်းပြီ အခန်းထဲဝင်''
လျော့တွက်ထားခဲ့သည် ကြောင်တောင်တောင်ဖြင့် ထိုတောသားအား။ ဒေါက်တာသန်းနိုင်၏ ခိုင်းစေလိုက်သည်က ထိုသူအား အသေသတ်ခိုင်းလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ကိုင်ဆောင်ထားခဲ့သော ဆေးလင်ဗင်အတွင်း၌ ဓားမြောင်တစ်ချောင်းအသင့်ရှိနေသည်။ သတ်ပစ်စေမည်။ ထိုအခန်းတွင်းသို့ရောက်ခါမှ ထိုသူအား။ အခန်းတံခါးဖွင့်ခါ ထိုသူသည်လည်း ဝင်ရောက်သွားခဲ့သည်။ နပ်စ်မလေးသည်လည်း ထိုသူ၏အနောက်မှ ဝင်လာခဲ့ရင်း အခန်းတံခါးအား သေချာစွာပြန်လည်ပိတ်စေသည်။
ထိုသူသည်လည်း အခန်းတွင်းသို့ ဝင်ရောက်လာခဲ့သည်နှင့် အခန်းပတ်ဝန်းကျင်အား အကဲခတ်နေသည်။ နပ်စ်မလေးသည်လည်း ထိုသူ့အား အပိုင်သတ်နိုင်ရန် အခွင့်အရေး ကောင်းစွာရရှိမည့်အချိန်ကိုသာ စောင့်စားနေခဲ့သည်။ အခန်းတွင်းသို့ ရောက်ရှိလာခဲ့သည်နှင့် ထိုသူမှာ ဂနာမငြိမ် အခန်းပတ်ပတ်လည်လည်အား ဘယ်ညာလျောက်လှမ်းနေစေသည်။ ထိုသူတစ်ယောက် ငြိမ်နေခါမှ မိမိသည်လည်း ထိုသူ့အား ချက်ကောင်းဆီသို့ ဓားဖြင့်ထိုးနိုင်မည်ဖြစ်သည်။ သို့သော် ထိုသူမှာ ဂနာမငြိမ် လျောက်လှမ်းနေသည်ကြောင့် လူသတ်နပ်စ်မလေးမှာ စိတ်မရှည်ချင်တော့ချေ။
''ရှင်ဘာလုပ်မှာလဲ ဒီခုံမှာငြိမ်ငြိမ်လေး ခဏထိုင်နေပေး… ရှင့်ဒဏ်ရာကို ဆေးထည့်ပေးမယ်''
''သြော်!… ဟုတ်… ဟုတ်ကဲ့ဆရာမ''
ထိုသို့ပြောဆိုလိုက်သည်ကြောင့် ထိုသူသည်လည်း အခန်းတွင်း၌ရှိနေခဲ့သော ထိုင်ခုံလေးအပေါ်တွင် ခြေနှစ်ချောင်းအား တွဲလျောင်းချ၍ ထိုင်လိုက်စေသည်။ နပ်မလေးဟာလည်း မိမိအားနောက်ကျောပေးခါ ဒဏ်ရာဆီသို့ဆေးထည့်ရန် အသင့်အနေထားပြုလုပ်ပေးထားသည့် ထိုသူအား ယခုအချိန်၌ နောက်ကျောအားထိုးဖြင့်ထိုးလျင် အပိုင်အနိုင်ပင်ဖြစ်လိမ့်မည်။ ထို့ကြောင့် ဆေးလင်ဗန်းအတွင်းမှ ဓားမြောင်အား ဖြည်းညင်းစွာထွက်ယူစေရင်း နောက်ကျောဆီသို့ ဓားဖြင့်ထိုးသတ်ရန် ကြံစည်စေတော့သည်။
******
ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့ဟာလည်း ဆေးရုံဝဏ်းအတွင်းသို့ ပတ်ဝန်ကျင်အား အကဲခတ်စေခါ ဝင်ရောက်လာခဲ့ပြီး ဆေးရုံမှန်တံခါးအပေါက်ဆီသ်ို့ ရောက်ရှိလာခဲ့ချေသည်။ ဟန်ဆောင်ကောင်းလှသည်။ ဆရာဝန်ကြီးနှင့် ဒေါက်တာသန်းနိုင်သည်လည်း ကောင်ဒါစားပွဲအတွင်းဆီမှ စကားများစွာရယ်မောပြောဆိုနေခဲ့ရင်း ပတ်ဝန်းကျင်အား သတိမထားမိသကဲ့သို့ ပြုမူနေကြသည်။ ကျန်ရှိနေခဲ့သော ဆေးရုံရှိလူသတ်သမားများသည်လည်း ရဲသားများ တစ်စုံတစ်ခုရန်ပြုလာပါက လက်ဦးမှု့များရယူရန် ချောင်းမြောင်းနေရာယူထားကြသည်။
(တံခါးခေါက်သံ)
ဆေးရုံမှန်တံခါးဆီမှ တံခါးခေါက်သံအား ကြားလိုက်ရသည်နှင့် ဒေါက်တာသန်းနိုင်တစ်ယောက် မျက်မှောင်ကြူတ်လျက် မသိသလို ဟန်နှင့် တံခါးနားဆီသို့ လျောက်လှမ်းသွားသည်။ ထိုသူများ အချင်ချင်းတွင်မူ ရဲအရာရှိများ ရောက်ရှိလာခဲ့ပြီးဟု ဟန်အမူယာများဖြင့် အချက်ပြထားစေခဲ့သည်။ ထို့နောက် မှန်တံခါးအား အသာအယာ ဆွဲဖွင့်စေလိုက်ရင်း အပြင်၌ ဗိုက်ရွဲရွဲ ခန့်ခန့်ညားညား ယူနီးဖောင်းဖြင့် ရဲအုပ်မောင်ဝင်းအား ဦးစွာမြင်တွေ့လိုက်ရသည်။
''ဟာ!… ဆရာတို့… ကြွပါခင်ဗျ ကြွကြပါ''
ထိုသို့သော် ဟန်ဆောင်ကောင်းလှသည့် နှုတ်ဆတ်စကားများဟာ ဒေါက်တာသန်းနိုင်အဖို့ မခတ်ခဲတော့ချေ။ ဖော်ရွေစွာ ဆေးရုံဝဏ်းအတွင်းသို့ ခေါ်ဆောင်စေရင်း ခုံးအလွတ်လေးတွင် နေရာပေးထိုင်ခိုင်းစေသည်။ ကိုမောင်ဝင်းသည်လည်း ဆေးရုံအတွင်းသို့ရောက်ရှိလာခဲ့သည်နှင့် လွန်စွာနားလည်ရခတ်နေခဲ့သည်။ မိမိအားခရီးဦး ကြိုဆိုနေသော ဆရာဝန်ကြီးနှုင့် ဒေါက်တာသန်းနိုင်အား အပြုံးမျက်နှာထားဖြင့် စိုက်ကြည့်စေခါ ပြန်လည်နှုတ်ဆတ်စေခဲ့သည်။
''ဆရာတ်ို့ညကြီးမင်းကြီး ဘာကိစ္စများရှိလိုပါလဲခင်ဗျ''
''သြော်!… ကျုပ်ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး''
''ပြောပါဗျ… ပြောပါ''
သူ၏နံဘေး၌ နယ်ထိန်းကြည်ဦးနှင့်အတူ ဆန်းထွန်းပိုင်တစ်ယောက် ရှိနေခဲ့သည်။ ဦးတည်လာခဲ့၏။ ပိတ်ထားခဲ့သော မြို့မဆေးရုံ။ ယခုရောက်ရှိလာခဲ့၏။ ဖွင့်လစ်ထားသော မြို့မဆေးရုံ။ ကိုမောင်ဝင်းတစ်ယောက် လွန်စွာနားလည်ရခတ်နေခဲ့သည်။ ထို့အတူ နယ်ထိန်းကြည်ဦးသည်လည်း ထိုဆေးရုံအား နားမလည်နိုင်စွာဖြင့် ဆေးရုံအတွင်းသို့ မျက်လုံးတစ်စုံး လိုက်လံကြည့်ရှု့နေခဲ့သည်။
****
''ငါးလေး… ရရဲ့လား''
''ရတယ်… နင်တို့သာ ပတ်ဝန်းကျင်ကို သေချာကြည့်ထားပေး… တန်ခိုး… တန်ခိုး… မင်းအဆင်ပြေရဲ့လား''
ကယ်တင်ရှင်ဆရာဝန်ကြီး လမ်းညွန်ပေးလိုက်သည့်အတိုင်း လူငယ်များသည်လည်း ပြင်းထန်လှသော ဒဏ်ရာကိုယ်ဆီနှင့် ဒေါင့်ဘက်လှေကားဆီမှ အပေါ်ဆုံးထပ်သို့ ပတ်ဝန်းကျင်အား အကဲခတ်စေခါ တတ်ရောက်လာကြသည်။ မြေပြင်ညီဆိုလျင် ပြင်းထန်လှသော ဒဏ်ရာနှင့် တန်ခိုးအား တွယ်ကူလျောက်လှမ်းရသည်မှာ မခက်ခဲလှသော်လည်း ယခုလှေကားအထစ်များအား တတ်ရောက်နေခဲ့ရသည်ကြောင့် လိုသလို ထွက်ပေါက်ဆီသို့ ရောက်ရှိရန် နှောက်နှေးနေချေခဲ့သည်။ ယခု ဒုတိယအထပ်သို့ ရောက်ရှိလာခဲ့ပြီးဖြစ်၏။
ဒုတိယအထပ် အလယ်လှေကားနံဘေး အခန်းထဲတွင် သူငယ်ချင်းဖြစ်သူ စာမိတစ်ယောက်ရှိနေသေးသည်။ သူ့အား ထွက်ပေါက်ဆီသို့ တစ်ပါတည်းခေါ်ဆောင်ရန် လိုအပ်နေသေးသည်။ စာမိသည်လည်း လမ်းကလေးတစ်ယောက် ထိုအခန်းတွင်းမှ ထွက်ခွာသွားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ယခုအချိန်ထိ မိမိဆီသို့ အဘယ့်ကြောင့် ပြန်လည်ရောက်ရှိမလာခဲ့ရသနည်။ သူတစ်ယောက် လွန်စွာစိုးရိမ်မိသည်။ ဖြစ်ချင်ရာဖြစ် မိမိသည်လည်း ထိုအမှောင်ခန်းအတွင်း၌ အချိန်ကြာမြင့်စွာမနေချင်တော့ချေ။ သို့နှင့် ထိုအခန်းတွင်း၌ ရှိနေခဲ့သော သစ်သားတစ်ချောင်းအား ကိုင်တွယ်မိစေရင်း အခန်းအပြင်သို့ ထွက်ခွာရန် ရွယ်လိုက်စေသည်။
ဒေါက်တာရဲမောင်သည်လည်း လူငယ်များအား ထွက်ပေါက်ဆီသို့ အရောက်ပို့ပေးပြီးခါမှ စိတ်အေးနိုင်မည်။ ဒေါင့်ဘက်လှေကားဆီမှ လူငယ်များအားလုံး တတ်ရောက်သွားကြ၏။ ထို့ကြောင့် သူသည်လည်း ဟန်မပျက်စေရန် အလယ်လှေကားဆီမှ လူငယ်များ၏အနောက်သို့ အမှီလိုက်ရန် ဒုတိယအထပ်ဆီသို့ တတ်ရောက်လာခဲ့ချေသည်။ ဒုတိယအထပ် အလယ်လှေကားဆီသို့ အရောက်လှမ်းနိုင်ခဲ့ပြီး ဘေးဘယ်ညာ အသာအကဲခတ်ကြည့်လိုက်၏။
လျောက်လမ်းမတစ်လျောက် ရှင်းလင်းနေခဲ့ပြီး အသွားအလာပြုမူနေကြသော သူများမတွေ့ရ။ ဒုတိယအထပ် အလယ်လှေကား ဘေးအခန်းမှ စာမိတစ်ယောက်သည်လည်း အပြင်သို့ထွက်ခွာရန် တံခါးလေးအား အသာဖွင့်ဟလိုက်သည်နှင့် ဒေါက်တာရဲမောင်အား မြင်တွေ့လိုက်ရသည်။ သိရှိထားခဲ့၏ ထိုသူဟာ မိမိနှင့်ရေခဲတိုက်အခန်းထဲတွင် တိုက်ခိုက်ခဲ့ဘူးသော လူသတ်ဆရာဝန်တစ်ဦး။ ထို့ကြောင့် ထိုသူအားမြင်တွေ့လိုက်ရသည်နှင့် ထိတ်လန့်သွာစေရင်း ဖွင့်ဟလိုက်သော တံခါးလေးအား ရုတ်တရက်ပိတ်လိုက်သည်။
ကျယ်လောင်သွားစေခဲ့သည်။ ထိတ်လန့်စွာနှင့် တံခါးအားပိတ်လိုက်သော အသံ။ ထို့ကြောင့် ထိုအခန်းရှေ့မှ ဒေါင့်ဘက်လှေကားဆီသို့ ဦးတည်နေခဲ့သော ဒေါက်တာရဲမောင်တစ်ယောက် ကြားသိလိုက်ရ၏။ မည်သူဖြစ်သနည်း။ မိမိကယ်တင်ပေးလိုက်သော လူငယ်များ ထိုအခန်းတွင်း၌ ပုန်းခိုနေကြသည်လား။ သိချင်စိတ်ဖြင့် ထိုအခန်းရှေ့သို့ မျက်မှောင်ကြုတ်လျက် ပြန်လည်လျောက်လှမ်းလာခဲ့သည်။
စာမိသည်လည်း ကြောက်လန့်တကြား မိမိပိတ်လိုက်သည့် တံခါးသံဟာ လွန်စွာကျယ်လောင်သွားစေခဲ့သည်။ ထို့ကြောင့်လည်း ထိုလူသတ်ဆရာဝန်ကြားသိသွားမည်မှာ မလွဲလှချေ။ ဇောချွေးများစွာလည်း ပြန်နေခဲ့၏။ သေမထူး နေမထူးတော့ပေ။ ဖြစ်ချင်ရာဖြစ် တံခါးအား ထိုသူဆွဲဖွင့်လာသည်နှင့် ကိုင်ဆောင်ထားခဲ့သော သစ်သားတုတ်ဖြင့် အပိုင်အနိုင် ရိုက်သတ်ရန် အားခဲထားစေခဲ့သည်။
*****-*---
*စိတ်ရင်းဖြင့် လူငယ်များအား ဖမ်းချုပ်ထားခဲ့ရမှ ကယ်တင်ပေးခဲ့သော ဒေါက်တာရဲမောင်တစ်ယောက် စာမိရှိနေသည့် အခန်းတံခါး ဖွင့်ဟလိုက်လျင် မည်သို့ပင်ဖြစ်လာမည်နည်း။
*ထွက်ပေါက်ဆီသို့ ဦးတည်ထွက်ခွာနေသော လူငယ်များသည်လည်း ထွက်ပေါက်ဆီသို့ ကောင်းစွာရောက်ရှိသွားခဲ့မည်လား။
*ဝိဥာဉ်မလေးသီရိမေနှင့် ထီးကလေးသည်လည်း သူ၏သူငယ်ချင်းများနှင့် မည်သို့ပင်ဆုံတွေ့လာကြမည်နည်း။
*တောသားအသွင်ဖြင့် ထိုသူအား သတ်ရန်ကြံဆနေသည့် လူသတ်နပ်စ်မလေးနှင့် မိတ်ဆွေအစ်ကိုအောင်သည်လည်း မည်သို့ပင်ဖြစ်လာကြဦးမည်နည်း။
*ဆေးရုံအတွင်းသို့ ရောက်ရှိလာကြသော ရဲအုပ်မောင်ဝင်းနှင့် ပရိယာယ်များလှသော ဆရာဝန်များသည်လည်း မည်သို့ပင်ဆက်လက်ဖြစ်လာကြဦးမည်နည်း။
… … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၂၃)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
*****
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
(၁၆.၃.၂၀၁၆)
မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်၍ဖော်ပြပေးပါမည်။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၂၃)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
*********************
စာမိသည်လည်း ကြောက်လန့်တကြား မိမိပိတ်လိုက်သည့် တံခါးသံဟာ လွန်စွာကျယ်လောင်သွားစေခဲ့သည်။ ထို့ကြောင့်လည်း ထိုလူသတ်ဆရာဝန်ကြားသိသွားမည်မှာ မလွဲလှချေ။ ဇောချွေးများစွာလည်း ပြန်နေခဲ့၏။ သေမထူး နေမထူးတော့ပေ။ ဖြစ်ချင်ရာဖြစ် တံခါးအား ထိုသူတွန်းဖွင့်လာသည်နှင့် ကိုင်ဆောင်ထားခဲ့သော သစ်သားတုတ်ဖြင့် အပိုင်အနိုင် ရိုက်သတ်ရန် အားခဲထားစေခဲ့သည်။
မိမိ၌ရန်သူမရှိတော့ချေ။ ဆေးရုံအတွင်းရှိ ဆရာဝန်များထဲမှ တစ်ဦးတစ်ယောက်ဆိုလျင် မိမိ၏လူများဖြစ်နေမည်ကြောင့် မိမိအားရန်ပြုမည်အဟုတ်ချေ။ လူငယ်များထဲမှ တစ်ဦးတစ်ယောက်ဆိုလျင်လည်း မိမိဟာ ထိုသူတို့အား အချူပ်နှောင်မှ လွတ်ပေးလိုက်သည်ကြောင့် မိမိအားတွေ့လျင် ရန်ပြုမည်မဟုတ်။ ထို့ကြောင့် စိတ်အေးစွာနှင့် အခန်းတံခါးအား အသာတွန်းဖွဲ့လိုက်သည်။
တံခါး၏ပါတ်တာဟာ ဒေါက်တာရဲမောင်၏ညာဘက်ခြမ်းတွင် တည်ရှိနေပြီး တံခါး၏ဘယ်ဘက်ခြမ်းတွင် သစ်သားတုတ်အား ကျစ်ကျစ်ပါအောင် ကိုင်ဆောင်ထားခဲ့သော စာမိတစ်ယောက်ရှိနေသည်။ ဒေါက်တာရဲမောင်သည်လည်း အခန်းတံခါးအား အသာအယာလေး တွန်းဖွင့်လိုက်သည်နှင့် အခန်းတွင်း၌ရှိနေခဲ့သော စာမိတစ်ယောက်သည်လည်း ကြောက်ကန်ကန်ခါ ဆရာဝန်ကြီးအား သစ်သားတုတ်ဖြင့် ရုတ်တရက်ရိုက်နှပ်လိုက်လေသည်။
သွက်လပ်လှသည်။ စာမိ၏ရိုက်ချက်အား ဒေါက်တာရဲမောင်တစ်ယောက် လျင်မြန်စွာရှောင်တိမ်းလိုက်နိုင်သည်။ စာမိသည်လည်း ထိုသူ့အား သတ်လျင်သတ် မသတ်လျင် မိမိအား အသေသတ်တော့မည်ကို ကြိုတင်သိရှိထားသည်ကြောင့် စက္ကန့်မျှအလွတ်မပေး ဒေါက်တာရဲမောင်အား အပြင်းအထန်တိုက်ခိုက်နေလေသည်။
''ရပ်… ရပ်လိုက်စမ်း ကောင်လေး မင်းကိုငါ ကူညီပေးမယ့်သူ''
မည်သို့ပင်ဆိုစေကာမူ ကြောက်ကန်ကန်နေခဲ့သော စာမိတစ်ယောက်ဟာ ဒေါက်တာရဲမောင်၏ ပြောစကားများ သူ၏နားထဲ၌ မကြားနိုင်ချေ။ ဒေါက်တာရဲမောင်သည်လည်း အကွက်မကျသော စာမိ၏အပြင်းအထန် တိုက်ခိုက်မှု့အောက်တွင် အလျင်အမြန်ရှောင်းတိမ်းရေခဲ့ရသည်။ အကွက်အကျသောလည်း မရှောင်တိမ်းနိုင်လျင် အသက်အန္တရယ်ရှိနိုင်သည်။
ဤကဲ့သို့ရှောင်တိမ်းနေရုံဖြင့် စာမိတစ်ယောက်အား ဒေါက်တာရဲမှာမူ မိမိပြောချင်သော စကားများအား ပြောဆိုခွင့်ရမည်မဟုတ်။ ထို့ကြောင့် အကွက်ကျကျဖြင့် စာမိအား ခံစစ်သဘောနှင့် တိုက်ခိုက်ခဲ့စေသည်။ ဒေါက်တာရဲမောင်၏ လက်သီးချက်ကြောင့် စာမိသည်လည်း မူးနောက်သွားခါ နံရံဘေးသို့ ကပ်ရောက်သွားသည်။ ထို့နောက် ဒေါက်တာရဲမောင်မှာမူ စာမိအား နံရံဘေးသို့ တွန်းကပ်လျက် ရင်ဘတ်မှအကျီအား ဆုပ်ကိုင်လိုက်ခါ နားရွက်အနားသို့ တိုးတိတ်စွာပြောဆိုလိုက်ချေသည်။
''ဟေ့ကောင်!… မင်းကို ငါကူညီပေးမယ့်သူ''
''မင်းသူငယ်ချင်းတွေအားလုံးကိုလည်း ငါထွက်ပေါက်ဆီ လမ်းပြပေးလိုက်ပြီ''
''ဟင်!…''
''ဟုတ်တယ်!… ငါ့ကိုတိုက်ခိုက်နေတာ အောက်က လူတွေသိသွားရင် မင်းကိုလာသတ်လိမ့်မယ်''
''ခင်… ခင်ဗျား တကယ်ပြောနေတာလား''
''ဒီလိုချိန်မှာ မင်းကိုငါလိမ်နေစရာမလိုဘူး သတ်ချင်သတ်ပစ်လိုက်လို့ရနေပြီ မင်းကြည့်ရတာ ပထမထပ်အခန်းထဲက လူငယ်တွေနဲ့ အတူရှိမနေခဲ့ဘူးနဲ့ထင်တယ်''
''ကျွန်… ကျွန်တော်ကိုလွတ်ပါ… ကျွန်တော်ဒီအခန်းထဲမှာ ပုန်းနေခဲ့တာ ပထမထပ်အခန်းထဲက မဟုတ်ဘူး''
''သြော်!… ဒါကြောင့်ကိုး… ငါ့ကိုအထင်မလွဲနဲ့ မင်းသူငယ်ချင်းတွေကို ငါကိုယ်တိုင်လွတ်ပေးလိုက်ပြီးပြီး… ကဲလာ… သူတို့ဆီ အမှီလိုက်မယ်''
ဒေါက်တာရဲမောင်၏ ပြောစကားများကြောင့် စာမိတစ်ယောက် ခေတ္တငြိမ်သတ်သွားစေသည်။ ဒေါက်တာရဲမောင်သည်လည်း ထွက်ပေါက်ဆီသို့ မိမိစေလွတ်လိုက်သော လူငယ်များထံသို့သာ အမြန်ဆုံးသွားရောက် စိတ်လောနေချေခဲ့သည်။ စာမိအား အကြောင်းစုံရှင်းပြပြောဆိုစေကာ အပေါ်ဆုံးထပ်ထွက်ပေါက်ဆီသို့ ဦးတည်သွားသော လူငယ်များအနောက်သို့ အမှီလိုက်ရန် စာမိအား လက်ဆွဲခေါ်ဆောင်စေသည်။
စာမိသည်လည်း ဒေါင့်ဘက်လှေကားဆီသို့ ဦးတည်လှမ်းနေသော ဒေါက်တာရဲမောင်၏အနောက်မှ ကြောင်တောင်တောင်ဖြင့် လိုက်ပါသွားရန် ခြေလှမ်းစတင် လှမ်းလိုက်ချေသည်။
''အား!… မင်း… မင်းဘာလုပ်တာလဲ''
အရှေ့သို့ဦးတည်နေသော ဒေါက်တာရဲမောင်နှင့် ခြေတလှမ်းမျှ နောက်နှေးစွာ လှမ်းစေရင်း စာမိတစ်ယောက် ရဲမောင်၏နောက်ကျောအား ဓားမြောင့်ဖြင့်ထိုးသတ်လိုက်စေသည်။ ထိုဓားမြောင်ဟာ သူတစ်ယောက် ဒေါက်တာရဲမောင်၏လက်သီးချက်ဖြင့် နံရံဘေးသို့ကပ်ရောက်သွားစဉ်၌ မိမိအားအကျီရင်ဘက်ဆီသို့ ဆုပ်ကိုင်ခါ တိုးတိတ်စွာ ပြောဆိုနေသော ဒေါက်တာရဲမောင်၏ ခါးကြားဆီမှ ထိုဓားအား မသိမသာယူဆောင်ထားခြင်းဖြစ်သည်။ ယခုအခါ လူသတ်သမားဟာ မိမိအား လိမ်လည်ပြောဆို၍ သွေးဆောင်ခေါ်ယူနေခြင်းဖြစ်မည်ဟု ထင်မှတ်ခါ နောက်ကျောဆီသို့ ဓားဖြင့်ထိုးလိုက်ခြင်းဖြစ်သည်။
''ခင်ဗျား!… ခင်ဗျားတို့ကြောင့် ကျုပ်သူငယ်ချင်းတွေ သေကုန်ကြပြီး ခင်ဗျားကိုပြန်သတ်မယ် ကဲ့ကွာ ကဲ့ကွာ… သေ… သေ… သေစမ်း… ဟားဟားဟား''
''အား… အ!… မင်း… မင်း''
''ကဲ့ကွာ… သေ… သေစမ်း''
ခတ်ထန်လှသော မျက်နှာထားဖြင့် ကြောက်ကန်ကန်ခါ ဒေါက်တာရဲမောင်အား ဓားမြောင်ဖြင့် ဆင့်ခါဆင့်ခါ ထိုးသတ်လေတော့သည်။ သွေးလေကြောက်ချားစွာနှင့် အော်ဟစ်ပြောဆိုလိုက်သော စာမိ၏စကားသံများအား တစ်စုံတစ်ယောက် ကြားသိသွားလေသလား။ လှေကားဆီမှ အပေါ်ထပ်သို့ တတ်ရောက်လာခဲ့သော ခြေသံတစ်စုံတစ်ရာအား သေလုမျောပါးဖြစ်နေခဲ့သည့် ဒေါက်တာရဲမောင်တစ်ယောက် ကြားသိလိုက်ရသည်။ လဲကျသွားခဲ့သော မိမိ၏ခန္ဓာကိုယ်ပေါ်သို့ ခွထိုင်ခါ ဓားဖြင့်ထိုးနေခဲ့သော စာမိအား လျင်မြန်စွာ တွန်းဖယ်လိုက်ချေသည်။ သူ၏ရင်ဘက်တွင်မူ ဓားတန်းလန်နှင့် ကြမ်းပြင်အပေါ်မှ လူးလဲထလိုက်၏။
သေချာလေသည်။ ဒုတိယအထပ်သို့ တတ်ရောက်လာခဲ့သူမှာ သေနတ်ဒဏ်ရာရရှိထားသည့် ဆေးရုံယူနီဖောင်းဖြင့် လူသတ်သမားတစ်ဦးပင်ဖြစ်ချေသည်။ သူသည်လည်း စာမိတစ်ယောက် အော်ဟစ်ပြောဆ်ုလိုက်သော စကားသံများအား ကြားသိလိုက်ရသည်ကြောင့် လူသတ်လက်နတ်အား ကိုင်ဆောင်လာခဲ့ရင်း တတ်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဒေါက်တာရဲမောင်နှင့် စာမိတို့၏ မြင်ကွင်းများအား မြင်တွေ့လိုက်ရပြီး ဆရာဝန်ကြီးအား ဓားဖြင့်ထိုးသတ်နေသော စာမိထံသို့ အပြေးသွားရန်ရွယ်လိုက်ချေသည်။
စာမိသည်လည်း ဒေါက်တာရဲမောင်၏ တွန်းဖယ်မှု့ဖြင့် ကြမ်းပြင်ပေါ်၌ ခြေပစ်လက်ပစ်လဲကျနေခဲ့သည်ကြောင့် လူသတ်သမား၏ အသေသတ်ခြင်းခံရတော့မည်မှာ သေချာလှသည်။ ဓားတန်းလန်းနှင့် ဒေါက်တာရဲမောင်ဟာလည်း လဲကျနေခဲ့ရာမှ လူးလဲထလာခါ စာမိထံသို့ အပြေးဦးတည်နေသော ထိုလူသတ်သမားအား တားဆီလိုက်လေသည်။
''ဒေါက်တာ!… ဘယ်လိုဖြစ်ရတာလဲ''
''အ… အား…''
''ဒေါက်တာ ဒေါက်တာအားတင်းထားနော် ကျုပ်သူ့ကို သတ်ပစ်မယ်''
''အ… အ… နေ… နေစမ်း''
''ဒေါက်တာ''
နစ်ဝင်နေသော ရင်ဘတ်ဆီမှ ဓားမြောင်လေးအား ဆွဲနုတ်စေသည်။ စာမိဆီသို့ ဦးတည်နေသော လူသတ်သမားအား တားဆီးလိုက်သည်။ စာမိသည်လည်း မထနိုင်။ သူသည်လည်း ကြောင်တောင်တောင်ဖြင့် ရှိနေခဲ့သည်။ ကျောင်းတတ်စဉ်က တစ်ဦးတစ်ယောက်အား လက်ဖျားလေးနှင့် မထိခဲ့ဘူးသည့် စာမိတစ်ယောက် ယခုအခါ လူတစ်ယောက်လုံးအား ဓားဖြင့်ရက်စက်စွာ အဘယ်ကြောင့် ထိုးမိလိုက်သနည်း။ မိမိကိုယ်၌ပင် စဉ်းစာ၍မရ။ အသိစိတ်ပြန်လည်ဝင်ရောက်လာသည်နှင့် လဲကျနေခဲ့သော ကြမ်းပြင်ပေါ်မှ အလွတ်ပြေးရမည်ကိုပင် မေ့နေလေခဲ့သည်။
မိမိအားတားဆီးလိုက်သော လူသတ်သမားသည်လည်း ဒေါက်တာရဲမောင်အား နားမလည်နိုင်။ အဘယ်ကြောင့် တားဆီးရသနည်း။ တကယ်ဆိုလျင် မိမိအား ဓားဖြင့်ထိုးသတ်ခဲ့သည့် ထိုသူအား အသေသတ်ရန် ပြောဆိုရမည်ဖြစ်သည်။ ယခုအဘယ်ကြောင့် မိမိအား တားဆီးလျက် အကျီရင်ဘတ်ဆီသ်ို့ ဆုတ်ကိုင်လိုက်ရသနည်း။ ထို့နောက် နစ်ဝင်နေသော ဓားမြောင်အား ဆွဲနုတ်လျက် စာမိအားသတ်ရန် အားသန်နေသည့် ထိုလူသတ်သမားအား ချက်ကောင်းဆီသို့ ထိုးသတ်လိုက်စေသည်။
ထိုသူသည်လည်း အဘယ့်ကြောင့် မိမိအား ဒေါက်တာရဲမောင်တစ်ယောက် ဓားဖြင့်ထိုးလိုက်ရသနည်း။ မေးလိုက်ချင်သေးသည်။ သို့သော နံကြားဆီသို့ တစ်ချက်တည်းသာလျင် ထိုးသွင်းခံလိုက်ရပြီး အောက်ဆီဂျင်ရှု့ရှိုက်လိုက်သည်နှင့် နှလုံးဆီသို့ လေမရောက်နိုင်တော့ပဲ အသတ်ပျောက်ကွယ်သွားရတော့သည်။
''ကောင်!… ကောင်လေး… မင်း… မင်းဒေါင့်ဘက်လှေကားဆီပြေး… ပြေးတော့''
သေထိအတိုင်ပါပဲ။ ဒေါက်တာရဲမောင်တစ်ယောက် လူငယ်များ၏ဘက်မှ အကာကွယ်ပေးသွားခဲ့သည်။ မိမိအားဓားဖြင့်ထိုးသည့် လူငယ်လေးအား မိမိ၏ဘက်တော်သားဖြစ်သော လူသတ်သမားဟာ ပြန်လည်၍ သတ်စေတော့မည်ဖြစ်သည်။ ထိုလူငယ်လေးအား မသေစေချင်။ ထို့ကြောင့် ထိုသူ့အားလည်း မိမိ၏ရင်ဘတ်တွင် နစ်ဝင်နေသော ဓားဖြင့် အသေသတ်လိုက်ခြင်းဖြစ်သည်။ စာမိအား လက်ဆွဲလျက် မိမိကိုယ်တိုင်လွတ်ပေးခဲ့သော လူငယ်များနှင့်တွေ့ဆုံခါ ထွက်ပေါက်ဆီသို့ အရောက်ပို့ပေးလိုက်ချင်သေးသည်။
သို့သော်လည်း ထို့ကဲ့သို့ အခြေနေရောက်ရှိလာတော့မည်မဟုတ် ထို့ကြောင့် စာမိအား ဒေါင့်ဘက်လှေကားဆီသို့ အရောက်ပြေးရန် ပြောဆိုလိုက်ရပြီး ဒေါက်တာရဲမောင်တစ်ယောက်သည်လည်း နိဂုံချုပ်သေဆုံးသွားရလေတော့သည်။
နားမလည်နိုင်ချေ။ အဘယ်ကြောင့် လူသတ်သမားဟာ မိမိ၏ဘက်မှ ကာကွယ်ပေးခဲ့ရသနည်း။ တကယ်ဆိုလျင် မိမိဟာ လှေကားဆီမှ တတ်ရောက်လာခဲ့သော လူသတ်သမား၏ လက်ချက်ဖြင့် သေဆုံးသွားရမည်မှာ မလွဲချေ။ အိုး!… စဉ်းစားရခတ်လှ၏။ စဉ်းစာမးနေ မိမိသာလျင် သေတွင်းဆီမှ အလွတ်ပြေးရန် လိုအပ်သည်။ မိမိအားပြေးခိုင်းခဲ့၏။ သေဆုံးသွားခဲ့သော လူသတ်သမား။ ဒေါင့်ဘက်လှေကားဆီသို့ ။ မယုံကြည်နိုင်သေးချေ။ ထို့ကြောင့် ဒေါင့်ဘက်ဆီသို့မပြေး အလယ်လှေကားဆီသို့သာ စာမိတစ်ယောက် အပြေးဆင်းသတ်ချေလေသည်။
ဒုတိယအထပ် အလယ်လှေကားနံဘေး အခန်းတွင် သူငယ်ချင်းဖြစ်သူ စာမိတစ်ယောက်ရှိနေသေးသည်။ ထို့ကြောင့် မိမိတို့အားလုံး ထွက်ပေါက်ဆီသို့ ဦးတည်နေသည်ဖြစ်သောကြောင့် သူ့အား တစ်ပါတည်းခေါ်ဆောင်သွားချင်သေးသည်။ ထို့ကြောင့် တွယ်လျက်ထားခဲ့သော တန်ခိုးအား လှေကားအရင်းတွင် ခေတ္တထားစေရင်း စာမိရှိနေသော အခန်းဆီသို့ လမ်းကလေးတစ်ယောက် ပတ်ဝန်းကျင်အား အကဲခတ်လျက် တိုးတိတ်စွာလှမ်းသွားစေသည်။
အခန်းအရှေ့သ်ို့ ရောက်ရှိလာခဲ့သည်နှင့် မြင်တွေ့လိုက်ရ၏။ အလယ်လှေကားအရင်း၌ လဲကျနေခဲ့သော ဒေါက်တာရဲမောင်တစ်ယောက်။ သေချာလေသည်။ ယခုချိန်ဆိုလျင် စာမိတစ်ယောက်သည်လည်း ထိုအခန်းတွင်း၌ ရှိနေမည်မဟုတ်တော့ချေ။ ပို၍သေချာစေရန် တိုးတိတ်သော အသံဖြင့် အခန်းဝ၌ စာမိအား အသံပေးလိုက်သည်။ သို့သော် မိမိအားပြန်လည်အသံပေးသော အသံကိုပင် မကြားရတော့ချေ။
လဲကျနေခဲ့သော ဒေါက်တာရဲမောင်အား မြင်တွေ့လိုက်ရသည်သာမက လူသတ်သမားတစ်ဦးသည်လည်း ဒေါက်တာရဲမောင်၏ မလှမ်းမကမ်းနေရာတွင် လဲကျသေဆုံးနေခဲ့သည်။ အပြေးသွားလိုက်သည်။ လဲကျနေခဲသော ဒေါက်တာရဲမောင်၏အနားသို့။ ခန္ဓာကိုယ်ပေါ်၌ ဓားဒဏ်ရာပေါင်းများစွာအား တွေ့ရှိလိုက်ရပြီး အဘယ်ကြောင့် စိတ်ကောင်းရှိလှသော ဆရာဝန်ကြီးထိုကဲ့သို့ ဖြစ်သွားရသနည်း။ မေးလိုက်ချင်သေးသည်။
နှုတ်မှတဖွဖွတမ်းတ၍ ဆရာဝန်ကြီးအား လှုပ်နိုးနေမိသည်။ မကြားနိုင်တော့ချေ။ လမ်းကလေး၏ ခေါ်သံများအား။ နားအတွင်း၌ ထပ်မံကြားလိုက်ရသည်။ တစ်စုံတစ်ယောက် အလယ်လှေကားဆီသို့ အပြေးတတ်ရောက်လာခဲ့သော ခြေသံများ။ မဖြစ်တော့ချေ။ သေဆုံးနေခဲ့သော ဒေါက်တာရဲမောင်ထံသို့ ရောက်ရှိလာကြဟန်တူသည်။ မိမိသည်လည် လျင်မြန်စွာလျောင်တိမ်းနိုင်မှ ဖြစ်စေတော့မည်။
ထို့ကြောင့် ဒေါက်တာရဲမောင်အား ပစ်ထားလျက် လမ်းကလေးသည်လည်း ဒေါင့်ဘက်လှေကားအရင်းတွင် ထားရစ်ခဲ့သော သူငယ်ချင်းများထံသို့ အပြေးပြန်လည်သွားရောက်စေတော့သည်။
''လမ်းလေး… လမ်းလေး!… စာမိ စာမိရော''
''မရှိတော့ဘူး ငါထားခဲ့တဲ့အခန်းထဲမှာ မရှိတော့ဘူး လာလာ ငါတို့မြန်မြန်တတ်မှဖြစ်မယ်''
''ငါတို့ကိုလွတ်ပေးလိုက်တဲ့ ဆရာဝန်ကြီးလဲ သေသွားပြီး''
''ဟာ… ဘယ်သူသတ်တာလဲ ဆရာဝန်ကြီးကိုဘယ်သူသတ်လိုက်တာလဲ''
''မသိဘူး… လာလာ ငါးကလေး တန်ခိုးကိုတွယ် မောင်ကဲ မျှားလေး… အရှေ့ကနေလမ်းပြ''
အပြေးရောက်ရှိလာသော လမ်းကလေးအား ဝိုင်းဝန်းမေးမြန်းသည်။ သို့သော်လည်း သူတစ်ယောက် အေးဆေးစွာ မပြောဆိုနိုင်။ လိုရင်းမျှသာ ပြောဆိုစေရင်း အလယ်လှေကားဆီမှ လူသတ်သမားများ တတ်ရောက်လာခဲ့သည်ကြောင့် ဒေါင့်ဘက်ဆီသို့လည်း ထိုသူများ ရောက်ရှိလာနိုင်သည်။ သို့နှင့် သူငယ်ချင်းများအား ကိုယ်ဆီတာဝန်ပေးစေခါ အပေါ်ဆုံးထပ် ထွက်ပေါက်ဆီသို့ အပြေးဦးတည်ချေတော့သည်။
*******
''ဆရာတို့ပြောစရာတာ ပွင့်ပွင့်လင်းလင်းပြောကြပါ… ညကြီးမင်းကြီး ဘာအရေးကြီးကိစ္စများရှိကြလို့လဲ''
''ဒီလိုဗျ!… ဒီဆေးရုံနာမည်က မြို့မအထွေထွေရောဂါကု ဆေးရုံကြီး ဟုတ်ပါတယ်နော်''
''ဟုတ်ပါတယ် မြို့မအထွေထွေရောဂါကု ဆေးရုံကြီးပါ ဘာများဖြစ်လို့လဲခင်ဗျ''
''ကျွန်တော်တစ်ခုနားလည်နိုင်ဘူး ဖြစ်နေလို့ပါ ဒီဆေးရုံကို မြို့သူမြို့သားတွေ တော်ရုံတန်ရုံမြင်တွေ့နိုင်မှာ မဟုတ်ဘူးနော်… တည်နေရာကလဲ ရှာဖွေမှသာ တွေ့နိုင်တဲ့ နေရာမျိုးမှာဖြစ်နေတယ်… ပြီးတော့ ကျွန်တော်သိထားသလောက်တော့ မြို့မအထွေထွေရောဂါကု ဆေးရုံကြီးက ပိတ်ထားခဲ့တာကြာပြီလို့သိရတယ်ဗျ''
တည်ငြိမ်လှလေသံ။ ပြောဆိုနေသော စကားလုံးများ၌ တွေးဝေစဉ်းစားစွာနှင့် လေးလံစွာပြောဆိုနေသော ရဲအုပ်မောင်ဝင်း၏ ပြောစကားများအဆုံး၌ ဆရာဝန်ကြီးစွန်ရဲတစ်ယောက် ခပ်ပြုံးပြုံးအမူယာဖြင့် ရယ်မောသံများ ရောနွေနေသော စကားသံများနှင့်အတူ ပြန်လည်ချေပပြောဆိုလေသည်။
''သြော်… ဘာများလဲလို့ဗျာ''
''ဟုတ်ပါတယ်… မြို့မအထွေထွေရောဂါကု ဆေးရုံကြီးက ပိတ်ထားခဲ့တာကြာပါပြီ ဒါပေမယ့် ဒီနယ်အပိုင်စခန်းမှူးကြီးမှာ ကျွန်တော်တို့ဆရာဝန်တွေ ခွင့်တောင်းပြီး နားလည်မှု့နဲ့ ဆေးကုသပေးနေခဲ့တာကြာလှပါပြီ''
''ဗျာ… ဘယ်လို''
''ဟုတ်ပါတယ်… လွန်ခဲ့တဲ့ (၁၆)နှစ်လောက်တုန်းက ဒီဆေးဟာ လူနာအသေအပျောက်အများဆုံး ဆေးရုံတစ်ခုအဖြစ် နာမည်ထွက်လာခဲ့တယ်လေ… ဒါကြောင့် အစိုးရကျန်းမာရေးဝန်ကြီးဌာက ဆေးရုံကိုပိတ်ပစ်ခဲ့တယ်… ဒါပေမယ့် နှစ်တွေလဲကြာခဲ့ပြီဆိုတော့ ကျွန်တော်တို့ဆရာဝန်တွေလဲ နားလည်မှု့ယူပြီး ဆေးရုံကိုပြန်လည်ထူထောင်နိုင်အောင် ကြိုးစားနေခဲ့တာပါ''
''ဒါဆို ခင်ဗျားတို့ဆေးရုံက အစိုးရခွင့်ပြုချက်နဲ့ အခုလောလောဆယ် ဖွင့်နေတာလား''
''ဗျာ… သြော်… အဲ့ဒီလိုတော့ မဟုတ်ပါဘူး ဒီနယ်အပိုင် ရဲအရာရှိကြီးဆီမှာ လစဉ်အခွန်ကြေးပေးပြီး နားလည်မှု့နဲ့ ဖွင့်နေတာပါ… မယုံရင် စခန်းမှူးကြီးကို မေးနိုင်ပါတယ်''
''ဟင်!…''
''ဟုတ်ပါတယ်ဗျ… ကျွန်တော်တို့ဆေးရုံက မကြာခင်ပြန်ဖွင့်တော့မှာပါ… မယုံရင် နယ်မြေအပိုင်စခန်းမှူးကြီးကို ဆရာတို့ကိုယ်တိုင် မေးကြည့်နိုင်ပါတယ်''
''ဗျာ!…''
မည်သို့ပင်ဆိုရမည်နည်း။ ထိုင်ခုံပေါ်၌ထိုင်လျက်ရှိနေသော ရဲအုပ်မောင်တစ်ယောက် ဆရာဝန်ကြီးနှင့်ဒေါက်တာသန်းနိုင်တို့၏ ပြောစကားများအား ကြားသိလိုက်ရသည်နှင့် မတ်တပ်အနေထားရှိနေခဲ့သော နယ်ထိန်းကြည်ဦးအား မော့ကြည့်မိလိုက်ချေသည်။ ကိုမောင်ဝင်းတစ်ယောက် နားလည်လိုက်သည်က နယ်မြေပိုင်စခန်းမှူးကြီး ကိုထိန်ဝင်းတစ်ယောက်ဟာ နောက်ကွယ်မှနေ၍ လာဒ်စားခါ ပိတ်ထားခဲ့သော ထိုဆေးရုံအား ဖွင့်လစ်နေရန် တိတ်တဆိတ်ခွင့်ပြုနေခဲ့သည်ဟု နားလည်မိလိုက်သည်။
မတ်တပ်အနေထားရှိနေခဲ့သော ကိုကြည်ဦးအား ကိုမောင်ဝင်းတစ်ယောက် မော့ကြည့်လိုက်သည့်အကြည့်များဟာ ကိုထိန်ဝင်းနှင့်အတူ ကိုကြည်ဦးသည်လည်း ထိုကဲ့သို့ နောက်ကွယ်မှ တိတ်တဆိတ်နှစ်ဦးသဘောတူ လက်စားနေခဲ့ခြင်းလား။ ကိုကြည်ဦးတစ်ယောက် မည်သို့ပင်ရှင်းပြရမည်မှန်း မသိတော့ချေ။ နားမလည်နိုင်သော ပုံရိပ်များဖြင့် ကိုမောင်ဝင်းအား မတ်တပ်အနေထားမှ ဦးခေါင်းလေးအား အသာရမ်ခါပြလိုက်သည်။
ပရိယာယ်ကြွယ်ဝလွန်းသော ဆရာဝန်များသည်လည်း နယ်မြေပိုင်စခန်းမှူးကြီးဟာ မ်မိတို့၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် ယခုရောက်ရှိလာခဲ့သော ရဲသာများအား လိမ်ညာပြောဆိုလျက် ပြန်လည်မမေးနိုင်တော့မည့် စခန်းမှူးကြီးအား အပြစ်များစွာံပုံချနေခဲခြင်းဖြစ်သည်။
''ဘာများဖြစ်လို့လဲဆရာတို့ ဆရာတို့ကလဲ ဒီနယ်မြေပိုင်စခန်းမှူးကြီးနဲ့ အတူတူပဲမဟုတ်ဘူးလား ကျွန်တော်တို့ ဒီလအတွက် အခွန်ကြေးလာပေးပြီးပြီနော်''
''မဟုတ်ဘူး… ကျုပ်တို့က လက်စားတတ်တဲ့ ရဲတွေမဟုတ်ဘူး အခုလဲ နယ်မြေပိုင်စခန်းမှူးကြီး ပျောက်နေလို့ ဒီဆေးရုံကို လာရှာတာ''
''ဟင်… စခန်းမှူးကြီး ပျောက်နေတာနဲ့ ကျွန်တော်တို့ဆေးရုံနဲ့ ဘာဆိုင်လို့တုန်းဗျ''
''သြော်!… ဆိုင်တော့မဆိုင်ပါဘူး စခန်းမှူးကြီးတစ်ယောက်များ ခင်ဗျားတို့ဆေးရုံကို ညနေက လာသွားလားမသိဘူး''
''ဟင်!… မလာပါဘူးဗျ… ဘာများဖြစ်လို့တုန်း''
''အေးဗျ… အထက်က စခန်းမှူးကြီးကို တာဝန်တစ်ခုပေးလိုက်တယ် ပိတ်ထားတဲ့ မြို့မဆေးရုံကို ကိစ္စတစ်ခုနဲ့ သွားခိုင်းလိုက်တာ ဒါပေမယ့် အခုချိန်ထိ ပြန်ရောက်မလာသေးလို့ ကျွန်တော်တို့ လိုက်လာခဲ့တာပါ''
''ဟုတ်လား!… ဒါဆိုရင် စခန်းမှူးကြီး ဒီကိုလာမှာတော့ မဟုတ်လောက်ဘူးဗျ… ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့နဲ့ သူနဲ့က အပေးအယူလုပ်ထားပြီးသားဆိုတော့ ကျွန်တော်တို့အကြောင်း စခန်းမှူးကြီးကောင်းကောင်း သိထားပြီးသားပါ သူရောက်မလာခဲ့ပါဘူး''
''ဗျာ!… စခန်းမှူးကြီး ဒီကိုရောက်မလာဘူးဟုတ်လား''
''ဟုတ်ပါတယ်ဗျ… တကယ်မလာတာပါ''
သူ၏ဟန်ဖြစ်သော ဦးခေါင်းလေးအား အသာစောင်းလျက် မျက်စိကလေးအား အသာမှိတ်ခါ ရဲအုပ်မောင်ဝင်း စဉ်းစားသွား၏။ ထို့နောက် ဦးခေါင်းလေးအား တဆတ်ဆတ်ငြိမ့်လိုက်ရင်း သူ၏အရှေ့တွင်ရှိနေသော စားပွဲအပေါ်သို့ အကြည့်တစ်စုံ ဖြည်းညင်းစွာ ရောက်ရှိသွားခဲ့သည်။ မြင်တွေ့လိုက်ရ၏။ ဆရာဝန်ကြီးစွန်ရဲနိုင်တစ်ယောက် သူ၏အကျီအိတ်အတွင်းမှ ထုတ်လိုက်ခါ စားပွဲအပေါ်သို့ တင်ဆောင်လိုက်သော ကျူတ်ဆွဲကြိုးကလေးပင်ဖြစ်နေလေသည်။
''ကဲလာ!… ဆရာဝန်ကြီးတွေနဲ့ ဒီရဲတွေရဲ့ အခြေနေကိုကြည့်ရတာ အေးအေးဆေးဆေးပါပဲ ငါတို့ဆေးရုံအပေါ်ကို ခဏတတ်ကြည့်မယ်… အရှေ့မှာမဲနေတုန်း အနောက်မှာတစ်ခုခုဖြစ်နေကြမှာ စိုးတယ်''
ပြောင်လက်နေသော လူသတ်ဓားများ ကိုင်ဆောင်ထားသည်။ ဆေးရုံအတွင်းသို့ ရောက်ရှိလာခဲ့သော ရဲအရာရှိများအား မမြင်ကွယ်ရာမှ စောင့်ကြည့်နေခဲ့သော မောင်စန်းမြင့်နှင့်အတူ လူသတ်သမားတစ်ဦးပင်ဖြစ်ချေသည်။ မိမိတို့၏ ဆရာဝန်များနှင့် ရဲအရာရှိများ အပြန်အလှန်စကားများ များလာခဲ့လျင် လက်မနှေးစေရန် စောင့်ကြည့်နေခဲ့ကြသော်လည်း ယခု ထိုသူများမြင်တွေ့နေရသည်က အေးအေးဆေးဆေးပင် ပြောဆိုနေခဲ့သည်ကြောင့် စိတ်အေးစေခဲ့သည်။ သို့နှင့် ပုန်းခိုနေရာမှ ထွက်ခွာလာရင်း ဆေးရုံအပေါ်ထပ်များဆီသို့ အကဲခတ်စောင့်ကြည့်ရန် တတ်ရောက်လာခဲ့လေသည်။
ပြေးဆင်းလာခဲ့၏။ သွေးရူးသွေးတမ်းများနှင့် စာမိတစ်ယောက် အလယ်လှေကားဆီမှ ပထမအထပ်လှေကားဆီသို့အရောက် လက်နတ်များကိုယ်ဆီကိုင်ဆောင်ထားသော မောင်စန်းမြင့်နှင့် လူသတ်သမားတစ်ဦးအား မြင်တွေ့လိုက်ရသည်နှင့် တုတ်ခနဲ ခြေလှမ်းများ ရပ်တန့်သွားစေသည်။ အပြေးဆင်းလာခဲ့သော စာမိအားမြင်တွေ့လိုက်ရသည်နှင့် မောင်စန်းမြင့်သည်လည်း အပေါ်ထပ်များတွင် တစ်စုံတစ်ခုထူးခြားနေခဲ့ပြီဟု ကောင်းစွာသိရှိလိုက်ရသည်။
စာမိ၏ခြေလှမ်းများသည်လည်း ရပ်တန့်သွားခါ ပြေးဆင်းလာရာ လှေကားများအတိုင်း အပေါ်သို့ အပြေးပြန်လည်တတ်ရောက်လေတော့သည်။ သို့သော် သွက်လပ်လှသော မောင်စန်းမြင့်၏ လိုက်လံမှု့ကြောင့် စာမိတစ်ယောက် ပြေးမလွတ်တော့ချေ။ ဓားနှောင့်ဖြင့် စာမိ၏နှာနုအား ရိုက်ချလိုက်သည်။ နှာခေါင်းအတွင်းမှ သွေးများထွက်လာခါ မူးနောက်သွားခဲ့ရသည်။ စာမိသည်လည်း ကိုင်ဆောင်ထားသော သစ်သားတုတ်ဖြင့် ဝှေ့ရမ်းလိုက်သော်လည်း မောင်စန်းမြင့်တစ်ယောက် ကောင်းစွာရှောင်တိမ်းလျက် စာမိအား အထိနာသွားစေရန်တိုက်ခိုက်လိုက်နိုင်သည်။
''ဟေ့ကောင်!… မင်း… မင်းဘာဖြစ်လာတာလဲပြော… ပြောစမ်း''
''ကျွန်… ကျွန်တော့ကိုမသတ်ပါနဲ့ဗျာ… အ… အပေါ်မှာ လူ… လူတွေသေကုန်ကြပြီး''
''ဘာ!… ဘာပြောတယ် လူတွေသေကုန်ပြီဟုတ်လား… ကဲ့ကွာ"
"မျိုးကျော်!… ဒီကောင့်ကို အခန်းထဲမှာ သေချာချူပ်… ငါတို့အပေါ်တတ်ကြည့်ကြမယ်''
သွေးရူးသွေးတန်းများနှင့် လွန်စွာံထိတ်လန့်နေခဲ့သော စာမိအား မောင်စန်းမြင့်တစ်ယောက် ဓားရိုးဖြင့် ပြင်းထန်စွာရိုက်နှပ်လိုက်ချေသည်။ ထို့နောက် အခန်းတစ်ခုအတွင်းသို့ ကြိုးများစွာဖြင့် တုတ်နှောင်ထားစေရင်း ထိုသူတို့သည်လည်း ဒုတိယအထပ်သ်ု့ အပြေး တတ်ရောက်လာခဲ့ကြလေသည်။ မြင်တွေ့လိုက်ရ၏။ ရိပ်ခနဲဟူသော လူရိပ်လူယောင်။ ထိုအရိပ်ယောင်ဟာ လှေကားဆီသို့ တတ်ရောက်လာခဲ့သော ခြေသံများကြောင့် သေဆုံးနေသော ဒေါက်တာရဲမောင်အား ကြမ်းပြင်အပေါ်သို့ ပစ်ချစေခါ ဒေါင့်ဘက်လှေကားဆီသို့ ဦးတည်အပြေးသွားခဲ့သော လမ်းကလေး၏အရိပ်ယောင်ပင်ဖြစ်ချေသည်။
လိုက်မည်။ ထိုအရိပ်ယောင်နောက်သို့။ သို့သော် လှေကားအရင်း၌ လဲကျနေကြသော ဒေါက်တာရဲမောင်နှင့် ဝန်ထမ်းတစ်ဦးအား မြင်တွေ့လိုက်ရသည်ကြောင့် ထွက်ပြေးသွားခဲ့သော သူ၏အနောက်သို့ ဦးစွာမလိုက်ဖြစ်တော့ပဲ လဲကျနေခဲ့သော ဒေါက်တာရဲမောင်အား ပွေ့ထူလိုက်လေသည်။
''ဟာ!… ဆရာ… ဆရာရဲမောင်… ဟာဗျာ… ဖြစ်မှဖြစ်ရလေဆရာရာ ဖြစ်မှဖြစ်ရလေ''
''ဆရာ့ကိုဘယ်သူသတ်တာလဲ ဆရာဝန်ကြီးကိုဘယ်သူ သတ်တာလဲ!''
''မျိုးကျော်!… ထွန်းလှကိုလဲ သတ်သွားတာပဲကွ… တွေ့ကြသေးတာပေါ့ကွာ… အောက်မှာကျန်နေတဲ့ ဆရာမတွေဆီကို အကြောင်းကြား ထွက်ပေါက်ကို စောင့်ကြည့်ခိုင်းထား လုပ်!… အခုဖုန်းဆက်ပြီးမြန်မြန်ပြော''
''ဟုတ်!… ဟုတ်ကဲ့ဆရာစန်းမြင့်''
ခတ်ထန်လှသည့် မောင်စန်းမြင့် ဒေါက်တာရဲမောင်နှင့် ဝန်ထမ်းတစ်ဦး သေဆုံးနေခဲံ့ကြသော မြင်ကွင်းအား မြင်တွေ့လိုက်ရသည်နှင့် လွန်စွာတုန့်လှုပ်သွားမိသည်။ ဒေါသသည်လည်း အလွန်ပင်ထွက်လာသည်။ ရဲအရာရှိများအား စောင့်ကြည့်နေသည့် လူသတ်သမားများထံသို့ မျိုးကျော်ဆိုသူအား လျင်မြန်စွာအကြောင်းကြားစေခိုင်းလျက် သူသည်လည်း ရိပ်ခနဲ ပြေးရှောင်သွားသော လူငယ်များ၏အနောက်သို့ အသေသတ်ရန် လိုက်ပါသွားလေသည်။
***
မျက်ရိပ်မျက်ကဲများဖြင့် ထိုတောသားအား ဒေါက်တာသန်းနိုင်တစ်ယောက် အသေသတ်ခိုင်းလိုက်ခြင်းကြောင့် လူသတ်နပ်စ်မလေးတစ်ဦးသည်လည်း မိမိအား ဒဏ်ရာဆီသို့ ဆေးထည့်နိုင်ရန် ဟန်ပြင်ပေးထားသော ထိုသူအား ယခုအချိန်၌ အသေသတ်ရန် အခွင့်ကောင်းပင်ဖြစ်သည်။ ထို့ကြောင့် ဆေးလင်ဗန်းအတွင်းမှ ဓားမြောင်အား အသာထုတ်ယူစေရင်း နောက်ကျောပေးသည့် ထိုသူ့အား ညှပ်ရိုးအတွင်းသို့ ဓားဖြင့်ထိုးရန် ရွယ်လိုက်စေသည်။
''အား!… ကျွတ်ကျွတ်''
''အား!… ဆရာမ!… ဆေးထည့်ပေးမှာရှိတာ မြန်မြန်ထည့်ပေးပါဗျာ… ကျုပ်ဒဏ်ရာ ဆစ်ခနဲ ဆစ်ခနဲ ကိုက်သွားတာ မခံစားနိုင်လို့ပါ''
''သြော်!… ပြန်… ပြန်ထိုင်လေ… အခုထည့်ပေးမလို့ပဲကိုး''
နောက်ကျောပေးထားသည့် ထိုသူ့အား ဓားဖြင့်ရွယ်လျက် ထိုးမည်အလုပ် ထိုသူဟာ ထိုင်နေသည့်ခုံမှ ဆတ်ခနဲထလိုက်ခါ မတ်တပ်အနေထားသို့ ပြောင်းလဲသွားရင်း မိမိအားထိုသို့ပြောဆိုလေသည်။ ထိုသူရုတ်တရက်ထလိုက်သည်ကြောင့် နပ်စ်မလေးမှာလည်း ရွယ်လျက်ထားခဲ့သော သူမ၏ဓားမြောင်အား နောက်ကျောဆီသို့ လျင်မြန်စွာဝှက်လိုက်ရသည်။ ဒဏ်ရာဟာ ဆစ်ခနဲကိုက်ခဲသွားသည်ကြောင့် ထိုသူဟာလည်း သက်သာစေရန်အလိုငှာ ထိုင်နေသည့်ခုံမှ ထိုင်လိုက်ရခြင်းဖြစ်သည်။
''အား!… လုပ်… လုပ်ပါဗျ… သွေးအေးလာလေ ကျုပ်ဒဏ်ရာက ပိုပိုကိုက်လာတယ်ဗျ အား… ဆေးမြန်မြန်ထည့်ပေးပါ''
ခုံလေးအပေါ်တွင် ပြန်လည်ထိုင်လိုက်ရင်း တစ်ရှုးရှုးဖြင့် ရိုးသားစွာ ထိုသို့တဖွဖွပြောဆ်ုနေသည့် တောသားအား လူသတ်နပ်စ်မလေးမှာမူ နောက်ကျောမှနေ၍ မျက်ထောက်နီးဖြင့်ကြည့်လိုက်သည်။ ယခုတစ်ခါဆိုလျင် အပိုင်အနိုင်ထိုးသတ်စေတော့မည်။ ထိုသူဟာလည်း နောက်ကျောမှ ဓားဒဏ်ရာဟာ တဆစ်ဆစ်ကိုက်ခဲနေခဲ့ခြင်းကြောင့် ဂနာမငြိမ်နိုင်ချေ။ ထို့ကြောင့် အသေသတ်ရန် ကြံဆနေခဲ့သော နပ်စ်မလေး၏ ဓားချက်များဟာလည်း ထိုသူ့အားပိုင်နိုင်စွာ ထိုးသတ်နိုင်လိမ့်မည်မဟုတ်။
သူ့အား မိမိအသေသတ်မည်ဟု သိရှိသွားလျင် ယောကျာအင်အားနှင့် မိန်းမသားအင်အား မည်သို့မှပင် မမျှတချေ။ ထို့ကြောင့် တိတ်တဆိတ်ဖြင်ဖြင့်သာ ထိုသူ့အား ထိုးသတ်မှသာဖြစ်လိမ့်မည်။ ဒုတိယအကြိမ် နောက်ကျောပေးပြန်လည် ထိုင်လိုက်သော ထိုသူအား ဓားဖြင့်လျင်မြန်စွာထိုးမည်အလုပ် ထိုသူဟာလည်း သူ၏ဒဏ်ရာ ဆစ်ခနဲ ထပ်မံကိုက်ခဲသွားသည်ကြောင့် ထိုင်နေရာမှ လျင်မြန်စွာထလျက် အားဟုတမ်းတခါ ခုန်ပေါက်မိလိုက်သည်။
ဟင်းဟူ သက်ပြင်းတစ်ချက်ချစေရင်း နပ်စ်မလေးမှာ စိတ်မရှည်တော့ချေ။ ထိုင်နေရာမှ ခုန်ပေါက်လိုက်သော ထိုသူအား ဖြစ်ချင်ရာဖြစ်ဟူသော အတွေးမျိုးနှင့် နောက်ကျောမှ ဓားဖြင့် ဂုတ်ဆီသို့ပိုင်းချလိုက်သည်။ ထိုသူသည်လည်း ဒဏ်ရာနာကျင်သွားသောကြောင့် သက်သာသွားစေရန် ခုန်ပေါက်မိလိုက်သည်။ ထို့ကြောင့် သူ၏အိတ်ကပ်အတွင်းမှ ဘောပင်ကလေး ကြမ်းပြင်အပေါ်သို့ ပြုတ်ကျသွားလေသည်။ ထို့ကြောင့် ပြုတ်ကျသွားခဲ့သော ဘေပင်ကလေးအား ငုတ်ယူကောက်လိုက်လေသည်။
ဇာတ်ပိုးအား ဓားမြောင်ဖြင့် ခုတ်လိုက်သည့်နပ်စ်မလေး၏ ဓားချက်အား ရှောင်တိမ်းပြီးသားဖြစ်သွားရသည်။ အရှိန်လွန်သွားခဲ့၏ မိမိတစ်ယောက် ပိုင်နိုင်စွာခုတ်ပိုင်လိုက်သော ဓားချက်။ သို့သော်လည်း ဇွဲမလျော့။ အရှိန်လွန်သွားသည့် ဓားချက်အား ပြန်လည်ရုတ်သိမ်း၍ ငုတ်နေရာမှ မတ်လာခဲ့သော ထိုသူအား ဓားဖြင့်ဝင်ရောက်ထိုးလေသည်။ ထိုသူဟာလည်း မိမိအား ဆေးထည့်ပေးမည့် နပ်စ်မလေးတစ်ယောက် စောင့်စားနေသည်ကြောင့် အားနာသောအားဖြင့် တစ်ဖက်ဆီသို့ လှည့်လိုက်လေရာ အပိုင်အနိုင် ဓားဖြင့်ဝင်ရောက်ထိုးလိုက်သော နပ်စ်မလေးမှာ အရှေုဆီသို့ အရှိန်လွန်သွားခဲ့ရသည်။
''ဟင်!… ဆရာမ… ခင်ဗျားဘာဖြစ်နေတာတုန်း''
အမှန်တကယ်ပင်လျင် ထိုသူမှာ မိမိ၏အသက်အား နပ်စ်မလေးတစ်ယောက် ရန်ရှာနေခဲ့သည်ဟု ရိပ်စားမမိခဲ့ချေ။ အနောက်သ်ို့လှည့်ကြည့်မိရာမှ အဘဟ်ကြောင့် မိမိအားဆေးထည့်ပေးမည့် ဆရာမလေးမှာ တစ်ဖက်ဆီသို့ရောက်ရှိနေရသနည်းဟု သူတစ်ယောက် နားမလည်နိုင်စွာဖြင့် ထိုသို့မေးမြန်းခဲ့ရသည်။
ပထမထပ်အခန်းတွင်း၌ သူငယ်ချင်းဖြစ်သူများ ရှိမနေတော့သည်ကြောင့် ဝိဥာဉ်မလေးဦးတည်ခေါ်ဆောင်ရာ အနောက်သို့ ထီးကလေးတစ်ယောက် လိုက်ပါလာခဲ့ရင်း ဒုတိယအထပ်လှေကားအရင်းသို့ ရောက်ရှိလာခဲ့သည်။ အရှေ့သို့ဦးဆောင်တတ်ရောက်နေသော နပ်စ်မလေးမှာ မောင်စန်းမြင့်နှင့်လူသတ်သမားနှစ်ဦး အပေါ်ဆုံးထပ်သို့ ဦးတည်ခါ အပြေးတတ်ရောက်သွားကြောင်း မြင်တွေ့လိုက်ရလေသည်။
''သေချာပြီထီးကလေး… မြန်မြန်လာ မြန်မြန်လာ… ရှင့်သူငယ်ချင်းတွေ ကျွန်မပြောတဲ့ ထွက်ပေါက်ဆီကိုဦးတည်နေတာပဲ သူတို့အနောက်ကိုလဲ လူသတ်သမားတွေ လိုက်နေကြတယ်''
''ဟင်!… သူတို့အနောက်ကို လူသတ်သမားတွေ လိုက်နေတယ်ဟုတ်လား မဖြစ်ဘူးမဖြစ်ဘူး သူတို့ကိုမြန်မြန်မှီမှဖြစ်မယ်''
အပြင်းအထန်ဒဏ်ရာရရှိထားသော တန်ခိုး။ မျှားကလေးနှင့်မောင်ကဲ။ လမ်းကလေးနှင့်ငါးကလေးတို့ဟာ ဒေါက်တာရဲမောင်တစ်ယောက် လမ်းပြပေးခဲ့သော ထွက်ပေါက်အဝဆီသို့အရောက်။ အနောက်မှ ထပ်ကြပ်မကွာလိုက်ပါလာခဲ့သော မောင်စန်းမြင့်နှင့်လူသတ်သမားတစ်ဦးသည်လည်း အပေါ်ဆုံးထပ် လှေကားအရင်းဆီသို့ ရောက်ရှိလာပြီးဖြစ်သည်။ မြင်တွေ့လိုက်ရ၏။ ချုပ်နှောင်ထားခဲ့သော အခန်းအတွင်းမှ လွတ်မြောက်သွားခါ လျို့ဝှက်ထွက်ပေါက်မှတဆင့် ဆေးရုံအတွင်းမှ အလွတ်ပြေးရန် ကြံစည်နေသော လူငယ်များ။
နပ်စ်မလေးနှင့် ထီးကလေးတို့သည်လည်း သူငယ်ချင်းဖြစ်သူများ၏ အနောက်သို့ အမှီလိုက်ရန် ဒုတိယအထပ် လှေကားကွေ့အချိုးဆီသို့အရောက် လူသတ်လက်နတ်ကိုင်ဆောင်ထားခဲ့သော နပ်စ်မလေးတစ်ဦးနှင့် ထိုက်တိုက် တွေ့ဆုံလိုက်ရလေသည်။ လူသတ်နပ်စ်မလေးမှာ ထီးကလေးတစ်ဦးတည်းကိုသာလျင် သူမမြင်တွေ့စေနိုင်ပြီး ထီးကလေးနှင့်အတူရှိနေခဲ့သော ဝိဥာဉ်မလေးသီရိနေကိုမူ သူမ မမြင်တွေ့ရချေ။ ထီးကလေးအား မြင်တွေ့လိုက်ရသည်နှင့် လူသတ်နပ်စ်မလေးမှာ ကိုင်ဆောင်ထားခဲ့သော လက်နတ်အားကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရင်း စတင်တိုက်ခိုက်ရန် ဟန်ပြင်လိုက်လေတော့သည်။
********
* မိတ်ဆွေဖြစ်သူ၏ိံ ကျူတ်ဆွဲကြိုးကလေအား မြင်တွေ့လိုက်ရသည့် ရဲအုပ်မောင်ဝင်းတစ်ယောက် ထိုဆေးရုံအပေါ်သို့ မည်သ်ို့ပင် သုံးသပ်မည်နည်း။
* မိတ်ဆွေအစ်ကိုအောင်နှင့် သူ၏အသတ်အား ရန်ရှာနေခဲ့သော နပ်စ်မလေးတို့သည်လည်း မည်သို့ပင်ဖြစ်လာမည်နည်း။
* ထွက်ပေါက်ဆီသို့ ရောက်ရှိလာနိုင်ခဲ့သော်လည်း လူငယ်များ၏အနောက်မှ လူသတ်သမားများ လိုက်ပါလာခဲ့သည်ကြောင့် ထိုလူငယ်များ ထွက်ပေါက်ဆီမှတဆင့် ဆေးရုံအပြင်သို့ ကောင်းစွာထွက်ရောက်သွားနိုင်မည်လား။
* အမှီလိုက်ပါသွားရန် လိုအပ်သည်ကြောင့် အလျင်အမြန်လှေကားအပေါ်သို့ တတ်ရောက်နေခဲ့ပါသည်ဟု ဆိုသော်လည်း လူသတ်သမားတစ်ဦးနှင့် ထိပ်တိုက်တွေ့ဆုံလိုက်ရသော ထီးကလေးတစ်ယောက်သည်လည်း သူ၏သူငယ်ချင်းများအနောက်သို့ အမှီလိုက်နိုင်မည်လား။
… အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၂၄)တွင် ဆင်လက်ဖတ်ရှု့ပါရန်…
*****
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
(၁၈.၃.၂၀၁၆)
မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်၍ဖော်ပြပေးပါမည်။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၂၄)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
******************
နပ်စ်မလေးနှင့် ထီးကလေးတို့သည်လည်း သူငယ်ချင်းဖြစ်သူများ၏ အနောက်သို့ အမှီလိုက်ရန် ဒုတိယအထပ် လှေကားကွေ့အချိုးဆီသို့အရောက် လူသတ်လက်နတ်ကိုင်ဆောင်ထားခဲ့သော နပ်စ်မလေးတစ်ဦးနှင့် ထိုက်တိုက် တွေ့ဆုံလိုက်ရလေသည်။ လူသတ်နပ်စ်မလေးမှာ ထီးကလေးတစ်ဦးတည်းကိုသာလျင် သူမမြင်တွေ့စေနိုင်ပြီး ထီးကလေးနှင့်အတူရှိနေခဲ့သော ဝိဥာဉ်မလေးသီရိနေကိုမူ သူမ မမြင်တွေ့ရချေ။ ထီးကလေးအား မြင်တွေ့လိုက်ရသည်နှင့် လူသတ်နပ်စ်မလေးမှာ ကိုင်ဆောင်ထားခဲ့သော လက်နတ်အားကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရင်း စတင်တိုက်ခိုက်ရန် ဟန်ပြင်လိုက်လေတော့သည်။
အမြန်ဆုံးသာ တတ်ရောက်နိုင်မှ ဖြစ်စေမည်။ လက်ရုံရည်ဖြင့် အားကိုးအားထားပြုရသော တန်ခိုးတစ်ယောက်သည်လည်း ဒဏ်ရာအပြင်းအထန်ရရှိထားသည်။ ကျန်ရှိနေသော သူများသည်လည်း လက်ရုံရည်၌ ကျွမ်းကျင်တတ်မြောက်ထားခြင်းမရှိ။ မိမိသည်လည်း လက်ရုံဖြင့် တတ်မြောက်ထားခြင်းတော့ မဟုတ်။ သို့သော် ယခုအချိန်ခါမျိုး၌ သူငယ်ချင်းဖြစ်သူများ၏ နံဘေးတွင် သူတစ်ယောက်ရှိနေချင်သေးသည်။
သို့သော်လည်း ဒုတိယအထပ် အလယ်လှေကားမှတဆင့် မောင်စန်းမြင့်၏ အကြောင်းကြားကြောင့် အပေါ်ထပ်သို့တတ်ရောက်ရန် ရွယ်နေခဲ့သော နပ်စ်မလေးဟာ ထီးကလေးအား မြင်တွေ့လိုက်သည်နှင့် တိုက်ခိုက်ရန် ဟန်ပြင်ထားစေသည်။ သူမဟာ မိန်းမသား။ သို့သော် မိန်းမသားပင်ဖြစ်စေငှာမူ သူမ ကိုင်ဆောင်ထားသော လူသတ်လက်နတ်ဖြင့် ထိခိုက်မိလိုက်လျင် အသတ်ပျောက်သွားစေမည်။
မဖြစ်ချေ။ သူမဟာ မိမိအား အသေသတ်မည့်အနေထား။ သို့နှင့် သူသည်လည်း လှေကားအပေါ်သို့ တစ်ဝက်တစ်ပျက်တတ်ရောက်ပြီးသား ဖြစ်နေခဲ့သော နပ်စ်မလေးအား ထိုသို့အော်ပြောစေခဲ့သည်။
''ဟေ့!… မင်းလွတ်ရာမှာခဏနေ!''
''အိုး!… ရတယ်… ကျွန်မအတွက် စိတ်မပူနဲ့ ရှင့်သူ့ကိုသာ နိုင်အောင် ကာကွယ်''
သူတစ်ဦးတည်းမြင်နိုင်သည်။ ဝိဥာဉ်မလေး သိရီမေအား။ အပေါ်သို့ မော့ကြည့်စေရင်း ထီးကလေးတစ်ယောက် ထိုသို့ပြောဆိုသည်။ သူ့အားတိုက်ခိုက်ရန် ဟန်ပြင်ထားသော လူသတ်နပ်စ်မလေးမှာမူ ကြောင်တောင်တောင်ဖြစ်သွားစေသည်။
''ဟေ့… လာလေ… မင်းကိုညှာမှာမဟုတ်ဘူးနော်''
လက်ရက်ခေါ်စေရင်း သူသည်လည်း စတင်တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ နပ်စ်မလေးဟာလည်း ခန္ဓာကိုယ်အား ဘယ်ညာရိုင်းနွဲ့စေရင်း ထီးကလေး၏ ဟာကွက်ဆီသို့ အပိုင်တိုက်နိုင်ရန် ဟန်အမူယာပြနေလေသည်။ သူမကိုင်ဆောင်ထားသော လူသတ်လက်နတ်။ လက်နတ်ဟုဆိုစေကာ သူမ ကိုင်ဆောင်ထားခဲ့သည်က လူအားသေစေနိုင်သော လက်နတ်ဆန်းတစ်မျိုးပင်ဖြစ်သည်။ အသွင်သဏ္ဍန်အားဖြင့် တောင်သူလယ်သမားများ စံပါးရိတ်သိမ်းရာတွင် အသုံးပြုသည့် တံစဉ်ကဲ့သို့ ပုံသဏ္ဍန်ရှိစေသည်။
ထိုလက်နက်ဖြင့် ရန်သူဖြစ်သော ထီးကလေးအား တို့ခါတို့ခါ စတင်တိုက်ခိုက်သည်။ တည်ငြိမ်သောစိတ်အား မွေးထားရသည်။ လက်နတ်အားကိုး၍ အရှေ့သို့တစ်လှမ်းလှမ်းလိုက်ရင်း ထီးကလေး၏ ဦးခေါင်းဆီသို့ ခုတ်ပိုင်းလိုက်လေသည်။ ခန္ဓာကိုယ်အား အနောက်သို့ယိုင်းယိမ်းလိုက်ရင် သူမ၏တိုက်ခိုက်မှု့အား ရှောင်တိမ်းလိုက်နိုင်သည်။ ထို့နောက် ခုတ်ပိုင်းလိုက်ရာမှ အရှိန်လွန်သွာသော ထိုလက်နတ်ဖြင့် ထီးကလေးအား ပတ်ထုတ်လိုက်စေသည်။
ဝတ်ဆင်ထားခဲ့သည့် အကျီအဖြူ။ အခက်အခဲများစွာအား ကျော်လွှားထားရသည်ကြောင့် အကျီအဖြူလည်း ညစ်တေနေလှသည်။ ယခုသည်လည်း ပတ်ထုတ်လိုက်သော နပ်စ်မလေး၏ တိုက်ခိုက်မှု့ကြောင့် အကျီလေးသာ အသာရှပ်ထိသွားခဲ့သည်။
''ထီးလေး… မြန်မြန်လုပ်''
''ငါ… ငါမနိုင်ဘူး… ငါ့ကိုတစ်ချက်လောက် လာကူပေး''
လှေကားဆီမှ နပ်စ်မလေး၏ စကားသံကြောင့် ထီးကလေးတစ်ယောက် ထိုသို့လှမ်ပြောစေသည်။ အဘယ်ကြောင့်နည်း။ ထိုသူတစ်ယောက် မည်သူ့အား စကားများပြောဆိုနေရသနည်း။ အပြင်းအထန်တိုက်ခိုက်ရန် ရွယ်နေခဲ့သော နပ်စ်မလေး ခေတ္တတွေဝေသွားသည်။ ထီးကလေး၏ ပြောစကားများကြောင့် ဝိဥာဉ်မလေး သီရိမေဟာလည်း ထီးကလေးအား ကူညီပေးရန် လှေကားဆီမှ အပြေးဆင်းသတ်လာသည်။
''ရှင်မျက်လုံးမှိတ်လိုက်''
''ဟင်…မင်း… ငါ့ကို အသေသတ်နေတာလား… ငါမျက်စိမှိက်လိုက်ရင် သူငါ့ကိုတစ်ခါတည်း သတ်ပစ်လိုက်မှာပေါ့
''အိုး!… ရှင်တော်တော်စကားများပါလား မှိတ်ဆိုမှိတ်လိုက်''
စကားပြောခွင့်ရသည်။ လူသတ်နပ်စ်မလေးဟာလည်း ယောကျာ်းသားဖြစ်သော ထီးကလေးအား လုံးထွေး၍တိုက်ခိုက်လျင် သူမခံရမည်အား ကောင်းစွာသိရှိထားသည်။ ထို့ကြောင့် နွှဲ့နှောင်းလှသော သူမ၏ ခန္ဓာသာ ယိုင်းယိမ်စေခဲ့ရင်း ဟာကွက်ကိုသာ ချောင်းမြောင်းတိုက်ခိုက်နေသည်။
ပိုဆိုးသည်က ထိုအရူး။ တစ်ဦးတစ်ယောက်တည်း စကားများစွာပြောဆိုနေသည်က စဉ်းစားစရာ။ သူမ၏ဘေးဘယ်ညာ ပတ်ပတ်လည်လည်သို့ လူသတ်နပ်စ်မလေး လိုက်လံကြည့်မိသည်။ အနောက်မှ တစ်ဦးတစ်ယောက် ရောက်ရှိလာလေသလား။ သို့သော်လည်း မည်သူ့ကိုမှ သူမ မတွေ့။
ထီးကလေးသည်လည်း နပ်စ်မလေး၏ ပြောစကားများကြောင့် အရဲစွန့်ခါ မျက်စိနှစ်လုံး စုံမှိတ်လိုက်ချေသည်။ ဝင်ရောက်သွားခဲ့၏။ ထီးကလေး၏ ခန္ဓာကိုယ်အတွင်းသို့။ အငှားခန္ဓာပြုလုပ်ခါ ဝိဥာဉ်မလေး သီရိမေတစ်ယောက် လူသတ်နပ်စ်မနှင့် အပြန်အလှန်တ်ုက်ခိုက်ချေသည်။ အရှောင်အတိမ်း။ အကာကွယ်အမျိုးမျိုးဖြင့် တိုက်ခိုက်စေရင်း လူသတ်နပ်စ်မလေးအား အပိုင်အနိုင် ချုပ်မိလိုက်သည်နှင့် နံရံနှင့်ဦးခေါင်းအား အရှိန်ဖြင့် စောင့်သွားစေရန် တွန်းထုတ်လိုက်စေသည်။
မူးနှောက်သွားလေသလား။ နံရံနှင့် ဦးခေါင်း အရှိန်ပြင်းစွာစောင့်မိလိုက်သည်ကြောင့် ထိုနပ်စ်မလေးမှာလည်း ခွေလျက်လဲကျသွားခဲ့ရသည်။ သ်ို့မှသာ ဝိဥာဉ်မလေးသီရိမေဟာ ထီးကလေး၏ ကိုယ်ခန္ဓာအတွင်းမှ မောပန်းတကြီးလျင်မြန်စွာ ထွက်ရောက်လာစေသည်။
''ဟင်!… ဟို… ဟိုတစ်ယောက်ရော''
''ဟိုးမှာ… လာလာ… မေးမနေနဲ့ အပေါ်မြန်မြန်တတ်မယ်''
သူတစ်ယောက်ကြောင်တောင်တောင်ရှိနေ၏။ ဘာရယ်ကြောင့်မှန်းမသိ။ စက္ကန့်ပိုင်းလေးအတွင်း၌ လူသတ်နပ်စ်မလေးအား သူတစ်ယောက် အနိုင်တိုက်ခိုက်လိုက်နိုင်သည်ဟု ထင်မြင်ချေခဲ့သည်။ ထီးကလေး၏ ခန္ဓာအား ခေတ္တငှားခါ လူသတ်နပ်စ်မလေးနှင့် အပြန်အလှန်တိုက်ခိုက်ခဲ့သော ဝိဥာဉ်မလေးသီရိမေဟာလည်း စိတ်ဝိဥာဉ်စေလွတ်လိုက်ရသည့်အတွက် သူမအလွန်ပင် မောပန်းနေခဲ့ရသည်။ ထို့နောက် အပေါ်ဆုံးထပ်သို့ လျင်မြန်စွာရောက်ရှိရန်သာ စိတ်လောနေစေခဲ့ပြီး ကြောင်တောင်တောင်ဖြစ်နေသော ထီးကလေးအား လက်ဆွဲခေါ်ဆောင်လေတော့သည်။
''ဟာ… မျှားလေး… ငါတို့အနောက်ကို လိုက်လာကြပြီ''
''ဟင်… ဘယ်သူတွေလဲ လူသတ်သမားတွေလား''
''ဟုတ်တယ်… နင်တို့မြန်မြန်ဆင်းတော့''
''နင်တို့လဲလာလေ မြန်မြန်လာ''
''ဆင်းလို့မရဘူး လှေကားကျင်းကျင်းလေး ငါတို့သုံးယောက် ဘယ်လိုလုပ်ဆင်းမလဲ''
''ငါးလေး… မင်းတန်ခိုးကို တစ်ယောက်တည်းတွဲနိုင်မလား ငါသူတို့ကိုတားထားပေးမယ်''
''ရတယ် ရတယ် ငါတွဲနိုင်တယ် မင်းကရော''
''မင်းတို့ဒီအတိုင်းဆင်းသွားကြ… ဆရာဝန်ကြီးပြောပုံအရဆိုရင် အောက်ရောက်တာနဲ့ အလွယ်တကူ ထွက်ပေါက်တွေ့မှာပဲ''
''ကဲ!… မျှားလေး… မောင်ကဲ… ငါးလေး မင်းတို့အားလုံး ထွက်ပေါက်တွေ့တာနဲ့ နောက်ကြောင်းပြန်မလှည့်နဲ့တော့ ဖြစ်ချင်ရာဖြစ် မင်းတို့ပြေးကြတော့နော်''
''လမ်းလေး!…''
''သွားတော့ သွားကြတော့''
ရောက်ရှိလာပြီးဖြစ်၏။ ဒေါက်တာရဲမောင်တစ်ယောက် လမ်းညွန်ပေးလိုက်သည့်အတိုင်း လျို့ဝှက်ထွက်ပေါက်ဆီသို့။ သို့သော် အပေါ်ဆုံးထပ်ဖြစ်သည်ကြောင့် ဆေးရုံဝန်းအတွင်းမှ ထွက်ခွာနိုင်ရန် အောက်သို့ဆင်းရဦးမည်ဖြစ်သည်။ မကွေ့မကောက်ရသော လှေကားတစ်ခုရှိ၏။ ထိုလှေကားမှ ဆင်းသတ်သွားခဲ့လျင် အောက်သို့ရောက်ရှိစေနိုင်ပြီး ထွက်ပေါက်အား အလွယ်တကူတွေ့ရှိနိုင်လိမ့်မည်ဖြစ်သည်။ လှေကားအဝ၏အကျယ်ဝန်းမှာ ပေအားဖြင့် ၂ပေခွဲ့ခန့်မျှသာ ကျယ်ဝန်းစေသည်။
သွေးကြောများစွာ အဖြတ်ခံထားရပြီး။ ကောင်းစွာမရပ်တည်နိုင်သော တန်ခိုးအား လမ်းကလေးနှင့်ငါးကလေး နှစ်ဦးသား တစ်ဖက်ဆီ၌ တွဲလျက်ထားခဲ့ရသည်။ ထိုလှေကားဆီမှ သုံးဦးသား တစ်ပါတည်းဆင်းသတ်၍မဖြစ်နိုင်ချေ။ လှေကားအဝမှာမူ နှစ်ဦးနှစ်ယောက် ယဉ်ပြိုင်ဆင်းသတ်လျင်တောင် လွန်စွာကျင်းကျပ်နေလှပြီးဖြစ်သည်။ ထို့ကြောင့် သုံးဦးသား မည်သို့မှပင် ဆင်းသတ်၍မဖြစ်ချေ။
တန်ခိုးဟာလည်း ပြင်းထန်းလွန်းလှသော ဒဏ်ရာရှိရထားသည်ကြောင့် ထိုလှေကားဆီမှ လျင်မြန်စွာဆင်းသတ်၍လည်း ရနိုင်မည်မဟုတ်။ သို့နှင့် အနောက်မှ အသန်းအသည်လိုက်ပါလာခဲ့သော လူသတ်သမားနှစ်ဦးအား မိမိတစ်ယောက် တားစီးပေမှဖြစ်လိမ့်မည်။ ထို့ကြောင့် သူငယ်ချင်းဖြစ်သူများအား လှေကားမှတဆင့် ထွက်ပေါက်ဆီသို့ အရောက်သွားရန် စေလွတ်လိုက်ပြီး မိမိမှာမူ လူသတ်သမားများနှင့်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ရသည်။
''လမ်းလေး!… ရော့… ဂရုစိုက်''
လှေကားဆီမှတွေ့ရှိလိုက်ရသော သစ်သားတုတ်အား ငါးကလေးတစ်ယောက် ပစ်ပေးလိုက်သည်နှင့် လမ်းကလေးမှာမူ လှမ်းယူလိုက်သည်။ ထို့နောက် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ လိုက်မသွားနှင့်။ မိမိ၏သူငယ်ချင်းဖြစ်သူများ၏ အနောက်သို့။ သူငယ်ချင်းများအား လျင်မြန်စွာပြေးရန် ပြေဆိုကာ လမ်းကလေးမှာမူ လှေကားအဝ၌ သစ်သားတုတ်အား ကိုင်ဆောင်ထားရင်း လူသတ်သမားနှစ်ဦးအား တားစီးထားချေသည်။
** ** **
''ခင်ဗျားလည်ပင်းက ဆွဲကြိုးက ဘာကောင်းတုန်းဗျ''
''သြော်!… ဒါလား ဘာကောင်းလဲတော့ မမေးနဲ့ကိုမောင်ဝင်းရေ ကောင်းတာတော့ အစုံပဲဗျ… ကိုမောင်ဝင်းကလဲ ပရလောကဆိုတာကို လက်ခံထားတဲ့သူဆိုတော့ ကျုပ်ရှင်းပြပါ့မယ်''
''အိုးဗျာ!… အစကတော့ ကျုပ်လဲ အပေတေဗျ လက်တွေ့မကျရင် ဘာမှလက်ခံတဲ့သူမဟုတ်ဘူး ကိုထီးလေးတို့နဲ့ပတ်သတ်ပြီး တစ္ဆေပြည့်စုံတ်ို့… ဝိဥာဉ်မောင်ကျော်တို့နဲ့ ဆုံးပြီးခါမှပဲ ပရလောကဆိုတာကို ရဲရဲကြီးယုံကြည်လာခဲ့တာလေ ပြောစရာရှိတာပြောပါဗျ''
''ဒီဆွဲကြိုးက ကျုပ်အဖေပေးထားတာ အဘိုးလက်ထပ်ကတည်းက ရှိနေတာလို့ပြောတာပဲ နက္ခအစုံကျတဲ့လပြည့်ညမှာ အထက်လမ်းပညာနဲ့ မှော်ပညာ ပူးပေါင်းပြီး သိဒ္ဓိဝင်အောင် သိမ်ဝင်ပစ္စည်းတွေကိုအမှုန့်ကျိတ်ပြီး ဒီကျူတ်ထဲကို ထည့်ထားတယ်လို့သိတာပဲဗျ ဒီဆွဲကြိုးကြောင့် ကျုပ်မသေခဲ့တဲ့ ဖြစ်ရပ်ဆန်းတွေ အများကြီးပဲလေ… ရော့ သေချာကြည့် ကြည့်''
''သြော်!''
မေးမြန်းခဲ့ဘူးသည်။ ထိုဆွဲကြိုးလေးနှင့်ပတ်သတ်ပြီး မိတ်ဆွေဖြစ်သူ ထီးကလေးအား။ ဒါတင်မက ထိုဆွဲကြိုးလေးအား မိမိတစ်ယောက် မိတ်ဆွေဖြစ်သူထံမှ တောင်းယူ၍ သေချာစွာကြည့်ခဲ့ဘူးသည်။ ယခု ထိုဆွဲကြိုးလေးအား မြင်တွေ့လိုက်ရသည်။ ဆရာဝန်ကြီးထံမှ။ အဘယ့်ကြောင့် ထိုသူ့ထံသို့ ရောက်ရှိနေခဲ့ရသနည်း။ စားပွဲအပေါ်မှ ဆွဲကြိုးလေးကိုသာ စိုက်ကြည့်နေခဲ့မိရင်း ရဲအုပ်မောင်ဝင်းတစ်ယောက် ပတ်ဝန်းကျင်အား ခေတ္တမေ့မျောနေခဲ့သည်။
''ဆရာ… ဆရာ''
''ဟင်!…''
''ဘာတွေစဉ်းစားနေတာလဲဆရာ ဆရာဝန်ကြီးတွေ ဆရာ့ကိုမေးနေတယ်''
''သြော်!… ဘာမေးလိုက်တာလဲဗျ''
''သြော်… ဘာဖြစ်လို့ ဒီဆွဲကြိုးကို ဒီလောက်ထိ စိုက်ကြည့်နေရတာလဲဗျ… ရဲအရာရှိကြီးမြင်ဘူးလို့လား''
''ဘယ်လိုပြောရမလဲ ကျွန်တော့်သေချာကြည့်ချင်လို့ ခဏပြလို့ရမလား''
''ရပါတယ် ရော့''
မျက်မှောင်ကြုတ်ထားသည်။ အပေါ်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်းမထိ။ ပါးစပ်အဟောင်းသားပုံစံဖြင့် သူတစ်ယောက် လွန်စွာအံ့အားသင့်မိသည်။ သေချာလေသည်။ ယခုမှသာလျင် ပို၍ အနီးကပ်ကြည့်ရှု့မိလိုက်သည်နှင့် မိတ်ဆွေဖြစ်သူ၏ ဆွဲကြိုးကလေးပင်ဖြစ်နေသည်မှာ ပို၍ပင်သေချာကြောင်း သိရှိလိုက်ရလေသည်။
''ဒါ… ဒါဘယ်သူ့ပစ္စည်းလဲဗျ''
''သြော်ဗျာ!… ဘယ်သူ့ပစ္စည်းဖြစ်ရမှာတုန်း ကျွန်တော့ပစ္စည်းပေါ့ဗျ''
''ကျွန်တော်မေးတာ အဲ့လိုသဘောမဟုတ်ဘူးဗျ… ဆရာဝန်ကြီးဒီပစ္စည်းကို ရခဲ့တဲ့ နေရာ ဒါမှမဟုတ် တစ်ဦးတစ်ယောက်ပေါ့ အဲ့ဒါမေးတာ''
''သြော်!… မနေ့တုန်းက လူငယ်လေးတစ်ယောက် ကျွန်တော့်တို့ဆေးရုံမှာ ဆေးလာဝယ်တယ်လေ… သူ့တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာတွေနဲ့ ပြီးတော့ ဆေးဖိုးမရှိလိုပါဆိုပြီး ဒီဆေးကြိုးလေး ပေးသွားတာပဲ''
''ဗျာ!… ဒီဆွဲကြိုးလေးပိုင်ရှင်က ဒဏ်ရာတွေနဲ့ လူငယ်တစ်ယောက်ဟုတ်လားဆရာ''
''ဟုတ်တယ်လေဗျ… ဘာဖြစ်လို့တုန်း''
''အဲ့… အဲ့ဒါ''
ပြောမဆုံးသေးပေ။ ဒဏ်ရာများနှင့် လူငယ်တစ်ဦးဟု ရဲအုပ်မောင်ဝင်းတစ်ယောက် သိရှိလိုက်ရသည်နှင့် လွန်စွာစိုးရိမ်မိသွားသည်။ ရိပ်စားမိသွား၏။ သူ၏မိတ်ဆွေဖြစ်သူ ထီးကလေးနှင့်သူငယ်ချင်းများပင် ဖြစ်နေမည်မှာသေချာလှသည်။ ဤသို့ဆိုလို မိတ်ဆွေဖြစ်သူများ မည်သည့်နေရာဆီသို့ ရောက်ရှိနေခဲ့ကြသနည်း။ ကိုမောင်ဝင်းတစ်ယောက် ထစ်ငေါ့စွာနှင့် ပြောဆိုမည်အလုပ် သူ၏လက်ကိုင်ဖုန်လေး ရုတ်တရက်မြည်သံများ ထွက်ပေါ်လာချေသည်။
''ဟယ်လို… ရဲအုပ်မောင်ဝင်းပြောနေပါတယ်''
''ဟင်!… ဟာ… ဟုတ်ပြီဟုတ်ပြီ ကျုပ်အခုချက်ချင်းပြန်လာခဲ့မယ် စခန်းမှာပဲခဏစောင့်ခိုင်းထားနော်''
''စိတ်ချစိတ်ချ ကျုပ်အခုပြန်လာမှာပါ''
''ဆရာဝန်ကြီးတို့ ကျုပ်ကိုခွင့်ပြုပါဦး စခန်းမှာ အရေးကြီးကိစ္စတစ်ခုပေါ်လာလို့ ခွင့်ပြုကြပါဦး''
အလောတကြီးပြောဆိုနေသည်။ မိမိထံသ်ို့ ဝင်ရောက်လာခဲ့သော အဝင်ဖုန်းထဲမှ စကားများအား လက်ခံပြောဆိုခဲ့ပြီး လွန်စွာအရေးကြီးလွန်းလှသော ပြသနာတစ်စုံတစ်ခု ပေါ်ပေါက်လာခဲ့လေသလား။ ပြောလက်စ စကားများအား ဖျက်လျက် သူ၏မိတ်ဆွေများနှင့်အတူ စခန်းဆီသို့အရောက်ပြန်ရန် ခြေဦးစတင်လှမ်းလိုက်စေသည်။
''ဟားဟားဟားဟားဟား!… ရဲအရာရှိလေးတွေ ရဲအရာရှိလေးတွေ''
''အခုတော့ ဘာတတ်နိုင်ကြသေးလဲ ငါတို့ရဲ့ မာယာစက်ကွင်းထဲကို ခြေဆုံပစ်ဝင်လာကြပြီး''
''သိပ်တော်တယ်စွန်ရဲ မင်းသိပ်တော်တယ် ဒါပေမယ့် အခုရောက်လာတဲ့ ရဲတွေနဲ့ဆေးရုံကိုရောက်လာတဲ့ လူငယ်တွေ နည်းနည်းတော့ ပတ်သတ်နေကြလိမ့်မယ်လို့ ငါထင်တယ်''
''နည်းနည်းလေး ပတ်သတ်နေတာမဟုတ်ဘူး အများကြီးပတ်သတ်နေတာ''
''ဟင်!… ဘယ်လို… အများကြီးပတ်သတ်နေတာဟုတ်လား''
''ဟုတ်တယ်… သူက နိုင်ငံတော်အသိမှတ်ပြု ဘာမဆို ဝင်ရောက်စွတ်ဖတ်ပိုင်ခွင့်ရှိတဲ့ အခွင့်ရေးရဲအုပ်မောင်ဝင်းပဲ''
''ဟင်!… ဘယ်လို အခွင့်ရေးရဲအုပ်မောင်ဝင်းဟုတ်လား အမှုကြီးတော်တော်များကို ဖော်ထုတ်နေတဲ့ ရဲဆိုတာလား''
''သိပ်ဟုတ်တာပေါ့…ငါကြားဘူးသလောက် သူ့အနောက်မှာ ချာတိတ်လေးတွေရှိနေသေးတယ်လို့ ကြားဘူးထားတယ်''
''စွန်ရဲ!… ဒါဆို ငါတို့ဆေးရုံ ငါတို့လုပ်ရက်တွေအတွက် စိုးရိမ်စရာအခြေနေရောက်နေပြီ အခုဆေးရုံမှာရှိနေတဲ့ လူငယ်တွေကို အမြန်ဆုံးအစန ဖျောက်မှဖြစ်တော့မယ်''
''စိတ်ချပါ အားလုံးအတွက် ငါစဉ်းစားထားပြီးသွားပြီး''
'ဟား'တိုက်ခါ ရယ်မောချေသည်။ ရဲအုပ်မောင်ဝင်း၏ သတင်းများအား ပန်းသတင်းလေညှင်းဆောင်သလို လူသတင်း လူချင်းဆောင်လေသည်။ ထို့ကြောင့် ယခုမိမိတို့၏ဆေးရုံဆီသ်ို့ ရောက်ရှိလာခဲ့သော ရဲအရာရှိမှာ နိုင်ငံတော်အသိမှတ်ပြု အခွင့်ရေးရဲအုပ်မောင်ဝင်းပင် ဖြစ်လေသည်ဟု ဆရာဝန်ကြီးစွန်ရဲနိုင်တစ်ယောက် ကောင်းစွာသိရှိထားလေခဲ့သည်။ ထို့နောက် သူ၏ လက်ကိုင်ဖုန်းမြည်လာသည်နှင့် ထုတ်ယူပြောဆိုချေခဲ့သည်။ အဝင်ဖုန်းမှာ လူသတ်သမားမျိုးကျော်ဆီမှ ဖုန်းပင်ဖြစ်လေသည်။
''ကဲ… ကျွန်မဆေးထည့်ပေးရမှာလား!… ဒါမှမဟုတ် ရှင်ဒီလိုပဲ ခုန်ပေါက်နေတော့မှာလား''
''အ… အား… မဟုတ်ပါဘူးဆရာမရ… ကျုပ်နောက်ကို လိုက်ပြီး ခင်ဗျားဆေးထည့်ပေးနေတာ ကျုပ်လဲအရမ်းအာနာလှပါပြီ ဒါပေမယ့် ကျုပ်… ဘာ… ဘာဖြစ်မှန်းမသိဘူး ငြိမ်နေလိုက်တာနဲ့ ဒဏ်ရာထဲကို အက်ဆစ်ထည့်လိုက်သလိုပဲ ဆစ်ခနဲဆစ်ခနဲ့ အရမ်းနာသွားလို့ပါ''
''ဟူး… ''
''ဆရာမစိတ်ညစ်သွားတာလား… ကျုပ်တောင်းပန်ပါတယ်ဗျာ… ငြိမ်ငြိမ်လေးနေပေးပါ့မယ်နော်''
ထိုသို့ပြောဆိုစေရင်း ထိုင်ခုံလေးအားဆွဲယူစေခါ မိမိဖာသာ နေရာချစေသည်။ ထို့နောက် တွန့်လိမ်နေသော ခန္ဓာကိုယ်ဖြင့် နပ်စ်မလေးအား နောက်ကျောပေး ပြန်လည် ထိုင်လိုက်သည်။ လူတစ်ယောက်သတ်ရန် မိမိအတွက် စက္ကန့်ပိုင်းမျှသာ အချိန်လိုအပ်သော်လည်း အူကြောင်ကြောင် ထိုတောသားတစ်ယောက်ကိုမူ ယခုအချိန်ထိ အသေမသတ်နိုင်ခဲ့သေးချေ။
ယခုတွန့်လိမ်နေခဲ့သော ခန္ဓာကိုယ်အား နောက်ကျောပေးလိုက်သည့်ကြောင့် နပ်စ်မလေးသည်လည်း ယခုအချိန်ထိ ထိုသူအား မသတ်နိုင်ခဲ့လျင် မိမိအားဒေါက်တာသန်းနိုင်တစ်ယောက် အပြစ်ပေးသည့်အနေဖြင့် အသေသတ်တော့မည်မှာ မလွဲချေ။ ထို့ကြောင့် နောက်ကျောပေးထားသည့် ထိုသူအား လျင်မြန်စွာသတ်ရန် ဝှက်ထားခဲ့သော ဓားအား ထုတ်ယူလျက် ညှပ်ရိုးကြားသို့ ထိုးသွင်းလိုက်လေသည်။
စိတ်လောနေခဲ့၏။ ထိုသူလျင်မြန်စွာ သေသွားမှသာလျင် သူမ၏အသက်ရှင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်အား သတိမထားမိပဲ ဓားဖြင့်ရွယ်မိုးခါ ထိုးလိုက်သည်နှင့် နောက်ကျောပေးထားသည့် ထိုသူဟာ သူမ၏ရင်ဘတ်ဆီသ်ို့ တိုးကပ်လိုက်စေသည်။ ထို့ကြောင့် ညှပ်ရိုးအတွင်းသို့ ထိုးသွင်းလိုက်သော ဓားချက်ဟာ ထိုသူအနောက်ဆုတ်လိုက်သည်ကြောင့် အရှေ့သ်ို့သာ လွန်သွားရချေသည်။
''မင်းဒါဘာလုပ်တာလဲ… ငါ့ကိုအသေသတ်နေတာ ငါမသိဘူးထင်နေလား… ပြောစမ်း… ဘာလို့ငါ့အသက်ကို ရန်ရှာရတာလဲ''
''ကျွန်… ကျွန်မကို ခွင့်လွတ်ပါ… ရှင့်ကိုမသတ်ရင် ကျွန်မကို သူတို့သတ်ကြမှာ အဲ့… အဲ့ဒါကြောင့် သူတို့ခိုင်းတဲ့အတိုင်း ကျွန်… ကျွန်မလုပ်… လုပ်ရတာပါ''
''ဟင်… သူတို့ဆိုတာ ဘယ်သူတွေလဲ ငါ့ကိုဘာလိုအခုလို သေစေချင်ရတာလဲ ပြောလေ''
''သူ… သူတို့ဆိုတာ အောက်… အောက်ထပ်မှာရှိနေတဲ့ ဆရာဝန်ကြီးတွေပါ… ရှင့်… ရှင့်ကို ဘာဖြစ်လို့ သေစေချင်ရတာလဲဆ်ုတာတော့ ကျွန်…ကျွန်မလဲ မ…မသိဘူး''
''မင်းလိမ်နေတာလား… နယ်တကာလှည့်နေတာကွ မင်းထင်သလို ပေါတောတော ကြောင်တောင်တောင် တောသားလို့တော့ မထင်နဲ့ဒုက္ခရောက်သွားလိမ့်မယ်''
''ပြောစမ်း… မင်းသိထားသလောက် ဒီဆေးရုံအကြောင်း''
''ဟုတ်… ဟုတ်ကဲ့ ကျွန်မ… ကျွန်မပြော… ပြောပြပါ့မယ်''
ရိပ်စားမိလိုက်သည်။ ထိုနပ်စ်မလေးတစ်ယောက် မိမိ၏နောက်ကွယ်၌ တစ်စုံတစ်ခု ကြံစည်နေခဲ့သည်မှာ သေချာလေသလား။ ပို၍သေချာစေရန် ထိုင်ခုံလေးအပေါ်၌ ထိုင်မနေ ကြမ်းပြင်ပေါ်တွင်သာ ဒဏ်ရာနာကျင်သည်ဟု အကြောင်းပြခါ ခုန်ပေါက်နေလိုက်သည်။ ထို့နောက် နပ်စ်မလေး နေရာချထားပေးသော ခုံလေးအား မိမိဖာသာ နေရာပြန်လည်ချထား၍ အလင်းရောင်အား ကျောခိုင်းထားလိုက်သည်။ ဤသို့ဆိုလျင် မိမိကျောပေးထားခဲ့သော နပ်စ်မလေးတစ်ယောက် နောက်ကွယ်၌ မည်သို့ပင်ကြံစည်နေခဲ့သနည်းဟု အလင်းရောင်အား နောက်ကျောပေးထားသည့်အတွက် အရိပ်ယောင်များဟာ နံရံပေါ်၌ ပိတ်ကားတစ်ချပ်ကဲ့သ်ို့ ထင်မြင်စေနိုင်သည်။
နပ်စ်မလေးဟာလည်း ထိုသူတစ်ယောက် သေဆုံးသွားဖို့အရေးသာ စိတ်လောနေခဲ့သည်ကြောင့် နံရံတွင် ထင်ဟပ်နေခဲ့သော အရိပ်ယောင်များအား သတိမထားမိခဲ့လေ။ ထို့ကြောင့် တောသားအောင်ကိုဟာ နပ်စ်မလေးဓားဖြင့်ရွယ်မိုးလိုက်သည်နှင့် နံရံပေါ်တွင် အရပ်ယောင်များလှုပ်ရှားသွားသည်ကြောင့် သူတစ်ယောက်သေဘေးနှင့် လက်တစ်လုံးကြား ရှောင်တိမ်းလိုက်နိုင်စေသည်။
ထို့နောက် မိမိအား သေကြောင်းကြံစည်ခဲ့သော နပ်စ်မလေးအား သူမ၏ဓားဖြင့် ပြန်လည်ချိန်းဆခါ မိမိအားသေစေလိုသော အကြောင်းရင်းများ မေးမြန်းစေတော့သည်။
*****
''မျိုးကျော်… ဆရာဝန်ကြီးတွေဆီ မြန်မြန်အကြောင်းကြားစမ်း… ဒီကောင့်ကို ငါအသေသတ်မယ်''
ထွက်ပေါက်လှေကား အဝတွင် သူငယ်ချင်းဖြစ်သူများ၏ အနောက်သို့ လိုက်ပါမသွားနိုင်ရန် တားဆီးထားခဲ့သော လမ်းကလေးအား မောင်စန်းမြင့်တစ်ယောက် ကိုင်ဆောင်ထားခဲ့သော ဓားဖြင့်ဝင်ရောက် ခုတ်ပိုင်းချေသည်။ လမ်းကလေးသည်လည်း မောင်စန်းမြင့်၏ ဓားချက်အား ငုတ်လျောင်လိုက်ရင်း ကိုင်ဆောင်ထားခဲ့သော သစ်သားတုတ်ဖြင့် စန်းမြင့်၏ဝမ်းဗိုက်ဆီသို့ ရိုက်ချလိုက်နိုင်သည်။ မောင်စန်းမြင့်တစ်ယောက် ဝမ်းဗိုက်အား ရိုက်မိသွားစေရင် အသက်ရှုမရ ခါးကုန်သွားသည်ကြောင့် ဇာတ်ပိုးဆီသို့ သစ်သားတုတ်ဖြင့် ထပ်မံရိုက်နှပ်လိုက်ချေသည်။
ကြမ်းပြင်ပေါ်သို့ အထိနာသွားစေရင်း မောင်စန်းမြင့်တစ်ယောက် လဲကျသွားသည်။ ထို့နောက်တွင်မူ ဆရာဝန်ကြီးများထံသ်ု့ ဖုန်းဆက်အကြောင်းကြားပြီးသော လူသတ်သမားမျိုးကျော်သည်လည်း လမ်းကလေးအား ဓားဖြင့်အပြေးဝင်ရောက်ခုတ်စေသည်။ မျိုးကျော်၏ အရှိန်ပြင်းလွန်းလှသော ဓားချက်အား လမ်းကလေးတစ်ယောက် လွန်စွာရှောင်တိမ်းလိုက်ရသည်။ အခတ်မသင့် ထိုဓားချက်ဖြင့် ထိခိုက်မိလိုက်လျင် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားမည်မှာ အသေချာပင်ဖြစ်သည်။
အနောက်သို့ သုံးလေးလှမ်းမျှ ဆုတ်ခွာလိုက်ရသည်ကြောင့် ကြမ်းပြင်ပေါ်တွင် လဲကျနေခဲ့သော မောင်စန်းမြင့်အား တိုက်မိလိုက်ခါ လမ်းကလေးတစ်ယောက် နောက်ပြန်လဲကျသွားသည်။ မျိုးကျော်သည်လည်း လဲကျသွားခဲ့သော လမ်းကလေးအား အပိုင်အနိုင် ဓားဖြင့်စိုက်ထိုးလေခဲ့သည်။ လူးလိမ့်ရှောင်တိမ်းလိုက်သည်ကြောင့် မျိုးကျော်၏ဓားချက်မှာ ကြမ်းပြင်ကိုသာလျင် ထိခိုက်သွားစေသည်။ သို့မှသာ လမ်းကလေးတစ်ယောက် မျိုးကျော်၏ နှောက်စေ့အား တုတ်ဖြင့်ရိုက်နိုင်စေခဲ့သည်။
လူသတ်သမားနှစ်ဦးသည်လည်း လွန်စွာအထိနာခါ လဲကျသွားခဲ့သည်ကြောင့် လမ်းကလေးသည်လည်း လူးလဲထခါ လှေကားမှ တဆင့်သူငယ်ချင်းဖြစ်သူများ၏ အနောက်သ်ို့ အပြေးလိုက်စေတော့သည်။
မျှားကလေးနှင့် မောင်ကဲ။ တန်ခိုးနှင့်အတူ ငါးကလေး။
ထိုသူများလှေကားအောက်ဆီသို့ ရောက်ရှိလာချိန်၌ ဆေးရုံဂိတ်ဝဆီမှ ရဲသားများ ဆိုင်ကယ်များကိုယ်ဆီနှင့် ထွက်ခွာသွားခဲ့ကြသည်အား မြင်တွေ့လိုက်ရသည်။ ဆိုင်ကယ်များ၏ အရှေ့မီးရောင်များကြောင့် လူငယ်များဟာ ရဲသားများအား မြင်တွေ့လိုက်ရသော်လည်း ရဲအရာရှိများမှာမူ လူငယ်များအား မမြင်တွေ့နိုင်ခဲ့ချေ။ မျှားကလေးနှင့် မောင်ကဲ ကူညီပါဦးဟု အော်ခေါ်လိုက်သော်လည်း ရဲသားများဟာ တိတ်ဆိတ်နေခဲ့သော ညနက်အောက်၌ ထိုသူတို့၏ဆိုင်ကယ်သံများနှင့် ရောနှောစေခါ လူငယ်များ၏ခေါ်သံကိုပင် မကြားနိုင်ခဲ့ချေ။
ရောက်ရှိလာခဲ့၏။ သို့သော် ကူညီပေးမည့် သူများပင်မဟုတ်။ လူသတ်သမားမျိုးကျော်၏ အကြောင်းကြားချက်ဖြင့် လျိုဝှက်ထွက်ပေါက်ဆီသို့ စောင့်ကြပ်ရန် ဦးစွာရောက်ရှိလာခဲ့သော လူသတ်သမားနှစ်ဦးပင်ဖြစ်သည်။ တန်ခိုးအား တွဲလျက်ထားစေရင်း လူငယ်များအားလုံး လူသတ်သမားနှစ်ဦးအား ရင်ဆိုင်ရန် ကျောချင်းကပ်လိုက်ချေသည်။
ထွက်ပေါက်အား မြင်တွေ့နေခဲ့ရပြီးဖြစ်သည်။ သို့သော် ထွက်ပေါက်ဆီသို့ ဦးတည်သွားမည်ဆိုလျင် လူသတ်သမားများ၏ လိုက်လံမှု့ကြောင့် မိမိတို့အားလုံး ဒုက္ခရောက်သွားမည်မှာ မလွဲလှချေ။ ထို့ကြောင့် ကျောချင်းကပ်ထားရာမှ ငါးကလေးတစ်ယောက် သူငယ်ချင်းဖြစ်သူမျှားကလေးအား ထိုသို့ပြောဆိုချေသည်။
''မျှားလေး… ငါတို့ထွက်ပေါက်တွေ့နေရပြီး နင်တန်ခိုးကိုခေါ်ပြီး ထွက်ပေါက်ကနေပြေးတော့ နင်တို့လွတ်အောင်ပြေး… ငါနဲ့မောင်ကဲ သူတို့ကိုရင်ဆိုင်မယ်''
''ဗျာ… ဟင်… မ…မရင်ဆိုင်ဘူး ငါကြောက်တယ်ငါကြောက်တယ် ငါရင်မဆိုင်ဘူး'
'ဟာကွာ…''
'ငါးလေး… သူ့ကိုပြောမနေနဲ့တော့ ကဲမောင်ကဲ… တန်ခိုးကိုတွဲပြီး အနောက်မှာမြင်နေရတဲ့ ထွက်ပေါက်ကနေ ပြေးတော့ ဒါဆိုရမလား''
'ရ…ရတယ် ကျွန်…ကျွန်တော်… ကို…ကိုတန်ခိုးကိုခေါ်သွားပေးမယ်''
''မောင်ကဲ… မကြောက်နဲ့နော် ငါတို့တားပေးထားမယ် နင်အေးအေးဆေးဆေး တန်ခိုးကိုခေါ်ပြီးအပြင်ထွက် မကြောက်နဲ့ကြားလား'
''ဟုတ်… ဟုတ်ကဲ့'
'ကဲသွားတော့'
ပျော့ခွေနေခဲ့သော တန်ခိုးအား မောင်ကဲထံသ်ို့ လွဲပြောင်းပေးစေရင်း ထွက်ပေါက်ဆီမှ အလွတ်ပြေးကြရန် ပြောဆိုလိုက်စေသည်။ မောင်ကဲသည်လည်း တန်ခိုးအား တွဲလျက် အနောက်ဆီမှ ထွက်ပေါက်သို့ ထိတ်လန့်နေခဲံသော ခြေလှမ်းများနှင့် ဦးတည်လေသည်။ လူသတ်သမားနှစ်ဦးသည်လည်း မောင်ကဲနှင့်တန်ခိုး၏အနောက်သို့ လိုက်ပါသွားမည်အလုပ် မျှားကလေးနှင့်ငါးကလေးဟာ ထိုသူများ၏အရှေ့မှ မားမားမတ်မတ်ရပ်တည်လိုက်စေသည်။
သူမဟာ မိန်းမသား သို့သော်လည်း ယခုအချိန်၌ သူသေကိုယ်သေတိုက်ခိုက်ရမည့်အချိန်။ မိန်းမသားဖြစ်သည့် ကြောက်ရွှံ့စိတ်အား ရှေ့တန်းမတင် ထွက်ပေါက်ဆီသို့ ဦးတည်သွားသော လူငယ်များအနောက်သ်ု့ လူသတ်သမားများ လိုက်ပါမသွားနိုင်ရန် တားဆီးပေမှဖြစ်လိမ့်မည်။ တစ်ဖတ်ရန်သူဖြစ်သော လူသတ်သမားနှစ်ဦးသည်လည်း ဆရာဝန်တစ်ဦးနှင့် နပ်စ်မလေးတစ်ဦးပင်ဖြစ်သည်။ ငါးကလေးဟာ လူသတ်ဆရာဝန်အား ဦးတည်စေပြီး လူသတ်နပ်စ်မလေးမှာလည်း မျှားကလေးအား တိုက်ခိုက်ရန်ဟန်ပြင်ထားသည်။ ထို့နောက် အကွက်မကျလှသော တိုက်ခိုက်မှု့များဖြင့် လူငယ်နှစ်ဦးအား လူသတ်သမားနှစ်ဦးမှာ စတင်တိုက်ခိုက်လေတော့သည်။
''ရောက်ပြီ… ရောက်လာပြီ ကိုတန်ခိုး… ကျွန်တော်တို့ဆေးရုံထဲက ထွက်နိုင်ပြီဗျ… ကျွန်တော်တို့မသေတော့ဘူး''
''ဟင်… ငါ…ငါမတရားဘူး… ငါမတရားဘူးပဲ ထီးကလေးသူငယ်ချင်းတွေက ငါတို့အတွက် မားမားမတ်မတ်ရပ်တည်နေခဲ့တယ် ငါက တစ်ကိုယ်ကောင်းဆန်ပြီး အခုလိုအသက်ရှင်ရမှာ လိပ်ပြာမသန့်ဘူး တတ်နိုင်သလောက် ငါလဲသူတို့နဲ့ ရင်ဆိုင်သင့်တယ် ဟုတ်တယ်ရင်ဆိုင်သင့်တယ်''
''ကိုတန်ခိုး… ခင်ဗျားဒီမှာ ခဏနေခဲ့ဦး… ကျွန်တော် ခင်ဗျားသူငယ်ချင်းတွေကို သွားခေါ်လာခဲ့ပေးမယ်''
''ခင်ဗျား… ဒီချူံထဲမှာ ခဏနေခဲ့ဦးနော် ကြားလာကိုတန်ခိုး''
ကြားနိုင်လေသလား။ ပြင်းထန်လှသော ဒဏ်ရာနှင့် တန်ခိုးတစ်ယောက် မောင်ကဲ၏ပြောစကားများအား။ ဆေးရုံထွက်ပေါက်မှ ထွက်ခွာလာခါ ဆေးရုံနှင့်ခပ်လှမ်းလှမ်းသို့ အရောက်။ မောင်ကဲတစ်ယောက်မှာမူ ထိုသို့သော် အတွေးမျိုးများစွာ ဝင်ရောက်လာခဲ့လေသည်။ ပြင်းထန်လှသော ဒဏ်ရာနှင့် တန်ခိုးအား အနီးရှိချုံတစ်ခုအတွင်းသို့ အမှိုက်များစွာဖြင့် ဖုံးအုပ်ထားခါ ဆေးရုံဝန်းအတွင်းသို့ သူတစ်ယောက် ပြန်လည်အပြေးသွားရောက်လေသည်။
ထီးကလေးနှင့် နပ်စ်မလေးမှာလည်း အပေါ်ဆုံးထပ်ဆီသို့အရောက် လျိုဝှက်လှေကားအဝတွင် လဲကျနေခဲ့ပြီး လူးလဲထလာကြသော မောင်စန်းမြင့်နှင့် လူသတ်သမားတစ်ဦးအား မြင်တွေ့လိုက်ရသည်။ ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရခြင်းဖြင့် မိမိ၏သူငယ်ချင်းဖြစ်သူများ ထိုသူများအားတိုက်ခိုက်လျက် အောက်ထပ်ဆီသို့ ဆင်းသတ်သွားနိုင်ကြမည်မှာ သေချာလှသည်။ မိမိသည်လည်း ကျေနပ်သွား၏။ ဤသို့ဆိုလျင် သူငယ်ချင်းဖြစ်သူများ ဆေးရုံအတွင်းမှ ထွက်ခွာသွားကြပြီလား။ မိမိသည်လည်း ထိုသူများအနောက်သို့ အပြေးလိုက်ပါသွားချင်သေးသည်။
သို့သော် အပြေးတတ်ရောက်လာခဲ့သည့် မိမိအား လူးလဲထလာခဲ့သော လူသတ်သမားနှစ်ဦး မြင်တွေ့သွားချေပြီဖြစ်သည်။ ထို့ကြောင့် သူငဟ်ချင်းဖြစ်သူများ၏ အနောက်သို့ အမှီလိုက်ပါသွားနိုင်ရန် ထိုသူနှစ်ဦးအား ရင်ဆိုင်ရဦးမည်ဖြစ်သည်။
''ထီးလေး… ရှင့်အရှေ့မှာ တုတ်!''
လက်နတ်ရှိနေရာသို့သာ သူမတစ်ယောက် ညွှန်ပြပေးနိုင်သော်လည်း ကိုင်တွယ်ကောက်ယူမပေးနိုင်။ ဝိဥာဉ်မလေး ညွန်ပြပေးလိုက်သည့် သစ်သားတုတ်အား ကောက်ယူကိုင်ဆောင်လိုက်ရင်း ထိုသူနှစ်ဦးအား တိုက်ခိုက်ရန် ဟန်ပြင်လိုက်လေသည်။
လူသတ်ဆရာဝန်၏တိုက်ခိုက်မှု့များကြောင့် ငါးကလေးမှာမူ မြေပြင်အပေါ်၌ လဲကျနေခဲ့သည်။ သူ၏အပေါ်မှနေ၍ လူသတ်ဆရာဝန်မှာမူ ဓားမြောင်ဖြင့် ထိုးသတ်နိုင်ရန် ကြိုးစားနေခဲ့သည်။ ငါးကလေးသည်လည်း ထိုဆရာဝန်၏ ဓားကိုင်လက်အား တားစီးထားခဲ့ရရင်း မိမိ၏အသက်ကိုမူ ထိုသူထံမှ လုယူနေခဲ့ရသည်။ ရုတ်တရက် မိမိ၏မျက်နှာပြင်ပေါ်မှ ဆရာဝန် နံဘေးသို့မူးမေ့လဲကျသွားသည်။ လှေကားမှ အပြေးဆင်းလာသူ လမ်းကလေး၏ရိုက်ချက်ကြောင့်ပင် ထိုဆရာဝန်မှာ လဲကျသွားခဲ့ရခြင်းဖြစ်သည်။
မျှားကလေးမှာလဲ ထို့အတူ အကွက်မကျလှသော လူသတ်နပ်စ်မလေး၏ တိုက်ခိုက်မှု့များအား အကွက်မကျစွာ ရှောင်တိမ်းနေခဲ့ရင်း ဆေးရုံအတွင်းသို့ သစ်ကိုင်းခြောက်အား ကိုင်ဆောင်လာခါ အပြေးဝင်ရောက်လာသော မောင်ကဲ၏ ရိုက်ချက်ဖြင့်အထိနာ လဲကျသွားစေခဲ့သည်။
နှစ်ရက်နှင့် နှစ်ညရှိနေပြီးဖြစ်သည်။ လူငယ်များ၏ မျက်နှာပြင်ပေါ်မှ အပြုံးများ။ မပြုံးနိုင်ခဲ့ကြသည်မှာ။ ယခုရန်သူများအား တစ်ဦးကိုတစ်ဦး ဖေးမကူညီမှု့များဖြင့် တတ်ညီလက်ညီ တိုက်ခိုက်နိုင်လိုက်ရင်း တစ်ဦးမျက်နှာတစ်ဦး ကြည့်စေခါ သက်ပြင်းများစွာချလိုက်ရင်း ကိုယ်ဆီပြုံးမိလိုက်လေသည်။
''ဟာ!… ခွေးကောင်တွေ… ငါ့လူတွေ ငါ့လူတွေကိုအနာတရဖြစ်အောင် လုပ်တယ်… ဒီကောင်တွေကို အရေခွံစုတ်ကြစမ်း''
ဒေါသတကြီး ပြောဆိုလိုက်သော စကားသံ။ ပြုံးနေမိကြသော လူငယ်များ အသံလာရာဆီသို့ လျင်မြန်စွာလှည့်ကြည့်လိုက်သည်နှင့် မြင်တွေ့လိုက်ရသည်က ဆရာဝန်ကြီးစွန်ရဲနိုင်နှင့် ဒေါက်တာသန်းနိုင်အပါအဝင် မည်သည့်နေရာဆီမှ ထပ်မံရောက်ရှိလာကြသနည်း မသိသော လူသတ်သမားလေးဦးအား မြင်တွေ့လိုက်ရလေသည်။
အပြုံး။ လူငယ်များ၏ မျက်နှာပြင်ပေါ်မှ အပြစ်ကင်းစင်လှသော အပြုံးလေးများဟာ စက္ကန့်ပိုင်းမျှသာ ကြာမြင့်စေခဲ့ရင်း များစွာသော လူသတ်သမားများအား မြင်တွေ့လိုက်ရသည်နှင့် ထိုအပြုံးလေးများဟာ လူငယ်များ၏မျက်နှာပြင်ပေါ်၌ ပြေပျောက်သွားခဲ့ချေတော့သည်။ မိမိတို့သည်လည်း ခြေကုန် လက်ပန်းကျနေခဲ့ရပြီး ထပ်မံရောက်ရှိလာခဲ့သော လူသတ်သမားများအား မည်သို့မှပင် ဆက်လက်၍ မတိုက်နိုင်တော့ချေ။
****
* သဲလွန်စလေလား။ ကားကြီးတိမ်းမှောက်မှု့ဖြင့် ပျေုာက်ဆုံးနေခဲ့ကြသော မိတ်ဆွေများထဲမှ လူငယ်တစ်ဦး၏ ကြုတ်ဆွဲကြိုးကလေး မြင်တွေ့စေခဲ့ရသည်။
* ဘာအကြောင်းကြောင့် အရေးတကြီး အပိုင်စခန်းဆီသို့ ရဲအုပ်မောင်ဝင်းတစ်ယောက် ပြန်လည်ထွက်ခွာသွားခဲ့ရသနည်း။
* လျို့ဝှက်လှေကားဝတွင် ရှိနေခဲ့သော လူသတ်သမားနှစ်ဦးနှင့် ထီးကလေးတစ်ယောက် မည်သို့ပင်ရင်ဆိုင်ကြမည်နည်း။
* ထပ်မံရောက်ရှိလာခဲ့သော လူသတ်များနင့် လူငယ်များအဘယ်သို့ ဖြစ်လာကြဦးမည်နည်း။
* ဆေးရုံဝဏ်းအတွင်းမှ ထွက်ခွာသွားနိုင်ခဲ့သော တန်ခိုးတစ်ယောက်သည်လည်း မည်သို့ပင်ဆက်လက် ဖြစ်ပေါ်လာဦးမည်နည်း။
… … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၂၅)တွင် ဆက်လက်ဖတ်ရှု့ပါရန်
*****
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
(၂၀.၃.၂၀၁၆)
မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်၍ဖော်ပြပေးပါမည်။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၂၅)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
******************
အပြုံး။ လူငယ်များ၏ မျက်နှာပြင်ပေါ်မှ အပြစ်ကင်းစင်လှသော အပြုံးလေးများဟာ စက္ကန့်ပိုင်းမျှသာ ကြာမြင့်စေခဲ့ရင်း များစွာသော လူသတ်သမားများအား မြင်တွေ့လိုက်ရသည်နှင့် ထိုအပြုံးလေးများဟာ လူငယ်များ၏မျက်နှာပြင်ပေါ်၌ ပြေပျောက်သွားခဲ့ချေတော့သည်။ မိမိတို့သည်လည်း ခြေကုန် လက်ပန်းကျနေခဲ့ရပြီး ထပ်မံရောက်ရှိလာခဲ့သော လူသတ်သမားများအား မည်သို့မှပင် ဆက်လက်၍ မတိုက်ခိုက်နိုင်တော့ချေ။
ပြေးဝင်လာခဲ့၏။ လူသတ်သမားတစ်ဦး သံတုတ်အား ကိုင်ဆောင်စေရင်း လမ်းကလေးတစ်ယောက် ရပ်လျက်ရှိနေသော နေရာဆီသို့။ သူသည်လည်း လျင်မြန်စွာ ငုတ်ရှောင်လိုက်ရသည်။ သို့သော် ဒေါက်တာရဲမောင်တစ်ယောက် ထပ်မံအပြေးဝင်ရောက်လာခါ မေးရိုးဆီသို့ လက်သီးဖြင့် အရှိန်ပြင်းစွာတိုက်ခိုက်လိုက်ခြင်း ခံလိုက်ရလေသည်။ ထို့နောက် ငါးကလေးအားလည်း ဆရာဝန်ကြီးတစ်ယောက် ကိုင်ဆောင်ထားခဲ့သော သံတုတ်ဖြင့် ဇာတ်ပိုးဆီသို့ ရိုက်နှပ်လိုက်ခြင်း ခံလိုက်ရပြန်သည်။ မည်သို့မှပင် ရှောင်တိမ်း၍မရနိုင်လောက်ပင် သွက်လပ်စွာတိုက်ခိုက်မှု့များ၏ အောက်၌ လူငယ်လေးဦးသား အလူးအလဲခံလိုက်ရစေတော့သည်။
လျို့ဝှက်လှေကား အဝ၌လဲကျနေခဲ့သော မောင်စန်းမြင့်တစ်ယောက်သည်လည်း ကြမ်းပြင်းအပေါ်မှ လူးလဲထလာခဲ့ပြီး ဆေးရုံယူနီဖောင်းဖြင့် လူသတ်သမားတစ်ဦးသည်လည်း တစ်ပြိုင်နက် ထလာစေခဲံ့သည်။ ထီးကလေးသည်လည်း သစ်သားတုတ်အား ကိုင်ဆောင်ထားခဲ့ရင်း နံဘေး၌ရှိနေသော ဝိဥာဉ်မလေးအား လွတ်ရာနေရာ၌ ခေတ္တရှောင်တိမ်းနေရန် အမူယာများဖြင့် ပြောဆိုခဲ့သည်။
ကိုင်ဆောင်ထားကြ၏။ ထိုသူတို့၏ လက်ဝယ်အတွင်း၌ ပြောင်လက်နေသော ဓားရှည်များ။ မိမိဆီ၌ သစ်သားတုတ်ကလေးသာ ရှိနေခဲ့သည်။ တစ်ချက်ကလေးမှ လွဲချော်သွား၍မရ အသက်ပျောက်သွားစေနိုင်သည်။ စူးစိုက်စွာ အားရုံစိုက်ထားရန်လိုအပ်သည်။ မောင်စန်းမြင့်သည်လည်း မူးနောက်နေသော အာရုံများဖြင့် ကျစ်ကျစ်ပါအောင် ကိုင်ဆောင်ထားခဲ့သော ဓားဖြင့် စတင်ဝင်ရောက်တတ်ခိုက်လေတော့သည်။
သို့သော်အကွက်မကျ။ အကွက်မကျသော်လည်း လျင်မြန်စွာမရှောင်တိမ်းနိုင်လျင် အသက်ပျောက်သွားစေနိုင်သည်။ မောင်စန်းမြင့်၏ အကွက်မကျသော ခုတ်ချက်များအား ထီးကလေးသည်လည်း အနောက်သို့သာ ခြေလှမ်းများစွာ ဆုတ်စေခါ ဝိဥာဉ်မလေးအားလည်း ထိခိုက်မှု့မရှိစေရန် ကာကွယ်ပေးနေရသည်။
''ထီးလေး… ကျွန်မကို သူတို့မမြင်နိုင်ဘူး ရှင့်ဘာသာရှင် လွတ်အောင်ရှောင် ကျွန်မကို ဂရုမစိုက်နဲ့''
''ဟင်…''
''အနောက်မှာ!… ထီးလေး''
မောင်စန်းမြင့်၏ ရန်းဘီလူးတိုက်ခိုက်မှု့များအား ရှောင်တိမ်းနေခဲ့ရင်း ကျန်ရှိနေသော လူသတ်သမားတစ်ဦးသည်လည်း သူ၏ အနောက်မှအပြေးဝင်ရောက်လာခဲ့လေသည်။ နပ်စ်မလေး၏ စကားသံကြောင့် သူသည်လည်း ငုတ်တုတ်အနေထား တိမ်းရှောင်ထားခဲ့သည်။ ခုတ်ပိုင်းလိုက်သော ဓားချက်ဟာ အရှိန်လွန်သွားစေသည်။ အရှိန်လွန်သွားသော ဓားချက်အား ရုတ်သိမ်းစေကာ ငုတ်တုတ်အနေထားဖြစ်နေခဲ့သော ထီးကလေးအား အကွက်ကျစွာ ဓားဖြင့်ပတ်ထုတ်လိုက်စေသည်။
''အား!…''
အားဟူအော်သံနှင့်အတူ ကြမ်းပြင်အပေါ်သို့ မှောက်လျက်အနေအထား လဲကျသွားသည်။
''ထီးလေး… ထီးလေး…ရှင်… ရှင်တစ်ခုခုဖြစ်သွားပြီးလား''
တုတ်တုတ်မှ မလှုပ်တော့ချေ။ မှောက်လျက်အနေထား ကြမ်းပြင်အပေါ်သို့ လဲကျသွားခဲ့သော ထီးကလေး၏နံဘေး၌ ဝိဥာဉ်မလေးတစ်ယောက် တဆာဆာအော်ပြောနေခဲ့သည်။ သို့သော်လည်း သူတစ်ယောက် အသက်ရှိသေးကြောင်း ဟန်အမူယာမပြတော့ချေ။ မောင်စန်းမြင့်နှင့် လူသတ်သမားသည်လည်း ထိုလူငယ် လဲကျသွားခဲ့သည်နှင့် တစ်ဦးကိုတစ်ဦး အပြုံးမျက်နှာဖြင့် ကြည့်လိုက်စေရင်း ထိုသူ၏ အနားသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားစေသည်။
''ဘာတတ်နိုင်သေးလဲ… မလောက်လေး မလောက်စားနဲ့''
''ဆရာ… ဒီကောင်ဘာမှမဖြစ်လောက်ဘူး တမင်သတ်သတ်ဥာဏ်များနေတာ… ကျွန်တော့ဓားချက်အကြောင်း ကျွန်တော်သိတယ်''
''အေးပါ စန်းမြင့်တို့ဆီလာပြီး ဒီလိုဥာဏ်များလို့ရမလား… ဓားပေး… ပိုသေချာအောင် ဓားနဲ့ထိုးထားခဲ့မယ်''
''မလုပ်ပါနဲ့ မလုပ်ပါနဲ့… မလုပ်ကြပါနဲ့ သူ့ကိုချမ်းသာပေးကြပါ မလုပ်ကြပါနဲ့''
''ထီးလေး… ရှင်… ရှင်ဘာဖြစ်သွားပြီးလဲ ရှင့်ကိုသူတို့သတ်ကြတော့မယ် မလုပ်ကြပါနဲ့''
တောင်းပန်နေခဲ၏။ သို့သော်လည်း သူမ၏ စကားသံများဟာ ထီးကလေးတစ်ဦးတည်းကိုသာ ကြားသိစေနိုင်ပြီး ထိုလူသတ်များမှာမူ သူမ၏ စကားသံများအား မကြားနိုင်ချေ။ မောင်စန်းမြင့်သည်လည်း ချွန်ထက်နေခဲ့သော ဓားသွားအား ကိုင်ဆောင်ထားစေခါ မှောက်လျက်အနေထား လဲကျနေခဲ့သော ထီးကလေးဆီသို့ ဦးတည်လာစေသည်။
''အောင်မာ!… ဟေ့ကောင် မင်းဥာဏ်များမနေနဲ့ ထခဲ့စမ်း… စန်းမြင့်ဆိုတဲ့ငါက လူလည်ကွ ငနုံမဟုတ်ဘူးထစမ်း''
တစ်ဦးနှင့်တစ်ဦး အပြန်အလှန်တိုက်ခိုက်မည်ဆိုလျင် ကိုယ်ခံပညာ တတ်မြောက်ထားခဲ့သော မောင်စန်းမြင့်ဟာ ထိုသူအား သူတစ်ယောက် ကောင်းစွာတိုက်ခိုက်နိုင်လိမ့်မည်ဖြစ်သည်။ သို့သော် ယခု မှောက်လျက်အနေထား ငြိမ်သတ်နေခဲ့သည်ကြောင့် အနားသို့ကပ်ရမည်ကိုပင် မောင်စန်းမြင့် အနည်းငယ်တွန့်ဆုတ်နေခဲ့သည်။
ထိုသူ့အနားသို့ နီးကပ်စွာ လျောက်လှမ်းသွားသည့်အထိ ထိုသူမှာ တုတ်တုတ်မှမလှုပ်တော့ချေ။ ကိုင်ဆောင်ထားခဲ့သော ဓားဖြင့် ထိုးသတ်နိုင်မည့် အနေထားနေရရောက်မှသာလျင် သူ၏ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။ ထို့နောက်ကိုင်ဆောင်ထားခဲ့သော ဓားဦးအား ငိုက်ချစေခါ ထီးကလေး၏ကိုယ်ပေါ်သို့ စိုက်ထိုးမည်အလုပ်
''အား…''
''လာလေ… ကဲ့ကွာ… ကဲ့ကွာ''
မှောက်လျက်အနေထား လဲကျနေသော ထို့သူ့အား ဓားဖြင့်စိုက်ထိုးမည်အလုပ် အထိနာကျင်ယောင်ဆောင်နေခဲ့သော ထီးကလေးမှာမူ မှောက်လျက်အနေထားဖြင့် ကိုင်ဆောင်ထားခဲ့သော သစ်သားတုတ်ဖြင့် ခြေစုံအား အားကုန်ရိုက်ချလိုက်စေသည်။ မောင်စန်းမြင့်တစ်ယောက် ခြေစုံပစ်လဲကျသွားသည်နှင့် ကိုင်ဆောင်ထားခဲ့သော သစ်သားတုတ်ဖြင့် ပြန်လည်၍မထနိုင်အောင်ပင် အချက်ပေါင်းများစွာ ရိုက်နှပ်စေခဲ့သည်။
မောင်စန်းမြင့်၏ အနောက်မှ တစ်လှမ်းနောက်နှေးစွာ လျောက်လှမ်းနေခဲ့သော ထိုသူသည်လည်း မောင်စန်းမြင့်နှင့် လဲကျနေခဲ့သော ထိုသူတို့၏ မြင်ကွင်းများအား ကြောင်တောင်တောင်ဖြင့် ရပ်ကြည့်နေမိသည်။ ထို့ကြောင့် ထီးကလေးသည်လည်း ထိုသူအငိုက်မိနေသည်ကြောင့် ကိုင်ဆောင်ထားခဲ့သော သစ်သားတုတ်ဖြင့် အပြေးဝင်းရောက် ရိုက်နှပ်ချေခဲ့သည်။ ထိုသူသည်လည်း အငိုက်မိစေခါ ပြင်းထန်းလွန်းလှသော တိုက်ခိုက်မှု့များအောက်၌ ခံစားမှု့များပြင်းထန်စွာ ခံစားလိုက်ရစေသည်။
''မှတ်ထားကွ!… လည်တဲ့သူတွေကို လှည့်စားရတာကမှ ပိုတောင်လွယ်သေးတယ်''
''မင်းဘာဖြစ်သွားသေးလဲ''
''ရှင်… ရှင်ဘာမှမဖြစ်ပါဘူးနော်''
''ဘာမှမဖြစ်လို့ အခုလိုတွေ့နေရတာပေါ့''
''တော်သေးတာပေါ့… ကျွန်မလဲ ဘာမှမဖြစ်ပါဘူး။ ရှင်တစ်ခုခုဖြစ်သွားမှာကိုးပဲ စိုးရိမ်နေတာ မိန်းမဥာဏ်သုံးပြီး လူသတ်သမားတွေကို ရှင်အခုလို တိုက်လိုက်လိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့မိဘူး ရှင်တော်တယ်''
''အဲ့ဒါပြောတာပေါ့ကွ… ဘုရင့်နောင်မင်းတရားကြီးက ပြောခဲ့တယ်… စစ်ပွဲတွေမှာ မတရားတာမရှိဘူး… မိန်းမဥာဏ်သုံးမှ တိုက်ပွဲအောင်နိုင်လိမ့်မယ်ဆိုတဲ့ စကားကို ငါအခုမှ အပြည့်ဝလက်ခံမိတော့တယ်… ငါ့စိုးရိမ်တာက မင်းကိုသူတို့ တစ်ခုခုလုပ်ကြမှာပဲ စိုးရိမ်နေမိတာ''
''ဒါနဲ့… မင်း… မင်းကို လူသတ်သမားတွေ ဘာမှမလုပ်ကြဘူးလား''
''ဟင်… ဟို… သြော်… လာပါ မေးမနေနဲ့ ကျွန်မနောက်မှရှင်းပြမယ် အခုရှင့်သူငယ်ချင်းတွေအနောက်ကို အမှီလိုက်မယ်''
အမယ်လေးတော်။ သူ့ခင်ဗျာ… အကြိမ်ကြိမ်ခံလာရပြီး ဒီတစ်ခါ ကလိမ်ကကျစ်ဥာဏ် ထားပါတော့။ သူပြောသလို မိန်းမဥာဏ်ဆိုတာမျိုး လူလည်ကျပြီး လူသတ်သမားကို အနိုင်ရလိုက်တာနဲ့ ပြောဆိုမဆုံးတော့ဘူး။ ကျွန်မလဲ သူ့ကိုကြည့်ပြီး ရယ်ချင်နေမိတယ်။ ဝတ်ထားတဲ့ အကျီဖြူတစ်ထည်လုံးလည်း ညစ်ပတ်ပေတေနေရောပဲ။ ရင်ဘတ်မှာလဲ ကံကောင်းလို့ပေါ့ လူသတ်သမားရဲ့ လက်ချက်နဲ့ ရှပ်ထိရုံလေး ထိသွားလို့။ အကျီလဲစုတ်ပြဲပြီး ရင်ဘတ်ကြီးကို ဟလို့။ ဆိုးတာက လူသတ်သမားတွေ ဘာကြောင့် ကျွန်မကို ဘာမှမလုပ်ကြဘူးလားလို့ မေးလာတဲ့ မေးခွန်းပဲ။
ရှင်းပြလိုက်ချင်သေးသည်။ သူမဟာ သက်တန်းရင့် ဝိဥာဉ်တစ်ဦး။ သူတစ်ယောက် ထင်မြင်သကဲ့သို့ လူသားစင်စစ်တစ်ဦးမဟုတ်ခဲ့ချေ။ ထို့ကြောင့်လဲ မိမိအား ထိုသူများ မမြင်တွေ့နူိင် ခြင်းဖြစ်စေသည်။ မိမိကိုသာ သူတစ်ယောက်တည်း မြင်တွေ့စေနိုင်သည်က ဘယ်ဘဝမှ ရေစက်ကြောင့်များပါလိမ့်။ ထိုအကြောင်းရာများအား ရှင်းပြနေချင်ခဲ့သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သည်။ မိမိ၏အကြောင်းထက် ယခုဖြစ်ပျက်နေခဲ့သော လူငယ်များ၏ သေဘေးဒုက္ခသာလျင် အရေးကြီးနေသည်ဟု တွေးမိထာသည်။
ပို၍ပင်ဆိုးသည်က သူမ၏စိတ်အတွင်း၌ မိမိဟာဝိဥာဉ်မတစ်ဦးသာ ဖြစ်သည်ဟု ယခုအချိန်၌ ထီးကလေးအား ရှင်းပြရန်အချိန်မကျသေးပြီဟု တွေးမိထားခဲ့သည်။ သူမအတွက် အဖြေခက်ခဲသော မေးခွန်းများမေးလာသည်နှင့် ဝိဥာဉ်မလေးသီရိမေဟာလည်း မျက်စိမျက်နှာပျက်ခါ ပြန်လည်အဖြေမပေး။ ထီးကလေးကိုသာ လက်ဆွဲလျက် လျို့ဝှက်လှေကားဆီမှတဆင့် သူ၏သူငယ်ချင်းဖြစ်သူများ၏ အနောက်သို့ အမှီလိုက်ပါရန် အပြေးဆင်းသတ်လေတော့သည်။
''ကဲ့ကွာ… ငါ့ကောင့်တွေကို အနာတရဖြစ်အောင်လုပ်တဲ့ ခွေးကောင်တွေ သေစမ်း…သေကြစမ်း ပြေးဦးမလား ပြေးချင်သေးလား''
မြင်တွေ့လိုက်ရ၏။ သူငယ်ချင်းဖြစ်သူများအား လူသတ်သမားတစ်စု ဝိုင်းဝန်းနှိတ်စက်နေခဲ့ကြသည်များအား။ ကိုင်ဆောင်ထားကြသော သံတုတ်များဖြင့် ပြေးလွှာခြင်းများ မပြုလုပ်နိုင်တော့ရန် ဝိုင်းဝန်းရိုက်နှပ်နေခဲ့လေသည်။
''ဟာ!… ငါးလေး…''
''ထီးလေး… ဘယ်သွားမှာလဲ''
''ငါ့သူငယ်ချင်းတွေ သေကုန်တော့မယ် ငါသွားမှဖြစ်မယ်'
''နေစမ်း… ရှင်ရူးနေလား ဟိုမှာလူတွေအများကြီး ရှင်သွာရင် ရှင်ပါဒုက္ခရောက်သွားမှာပေါ့'
''ရောက်ပါလိမ့်စေကွာ… ငါ့ကိုလွတ်… လူယုတ်မာတွေ ငါ့သူငယ်ချင်းတွေကို မထိနဲ့''
လူသတ်သမားခြောက်ဦးဟာ မြေပြင်ပေါ်၌လဲကျနေခဲ့သော လူငယ်လေးဦးအား ဝန်းရံထားစေပြီး တုတ်များနှင့်အချက်ပေါင်းများစွာ ရိုက်နှပ်နေခဲ့သည်မှာ လွန်စွာရက်စက်လွန်းလှသည်။ လှေကားအပေါ်မှ ဆင်းလိုက်သည်နှင့် ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသော ထီးကလေးတစ်ယောက် သူငယ်ချင်းဖြစ်သူများအား ထိုကဲ့သို့နှိတ်စက်ခံနေရသည်အား မျက်ဝါးထင်ထင်မြင်တွေ့သွားစေခဲ့သည်။ ထို့ကြောင့် သူတစ်ယောက်သည်လည်း လူသတ်သမားများ၏ အနားသို့ အရောက်သွားမည်အလုပ် ဝိဥာဉ်မလေးမှာ သူ့အား စိုးရိမ်ကြီးစွာ တားစီးလေခဲ့သည်။ သို့သော်လည်း သူတစ်ယောက် မိုက်ရူးရဲဆန်ခါ ဇွတ်အတင်းသာ သွားမည်လုပ်စေခဲ့သည်။
''ရှင်ရူးနေလား… ရှင်သွားလို့မရဘူး ရှင်သေသွားလိမ့်မယ် နောက်မှ ကျွန်မတို့တစ်ခြားနည်းလမ်းနဲ့ သူတို့ကိုပြန်ကယ်မယ်''
''မင်းကိုဖယ်လို့ပြောနေတယ်နော်… နောက်မှပြန်ကယ်လ်ို့မရဘူး အခုဟိုမှာ ဝိုင်းရိုက်နေကြတာ သေပြီလားတောင်မသိဘူး… ဖယ်… ငါ့အရှေ့ကဖယ်စမ်း''
''ထီးကလေး… ကျွန်မရှင့်ကိုတားနေတာ ကျွန်မအတွက်မဟုတ်ဘူးနော် ရှင့်အတွက်ပြောနေတာ ရှင်စဉ်းစားဦး ရှင်လဲလူညံ့တစ်ယောက်မဟုတ်ဘူး ရှင့်မှာကိုယ်ခံပညာတတ်လား… ရှင့်သူတို့နဲ့ ဘယ်လိုတိုက်ခိုက်မလဲ ရှင့်မှာလက်နတ်ရော ဘာရှိလဲ''
'ထီးလေး… ရှင်သေချာစဉ်းစားပါ… ရှင့်ကိုမိသွားရင် ရှင်တို့အားလုံး ဒီသေတွင်းက ထွက်နိုင်မှာမဟုတ်တော့ဘူး… ရှင်တစ်ယောက်အပြင်မှာ အခုလိုလွတ်နေမှဖြစ်မယ်… ကျွန်မပြောတာနားလည်လား''
''ငါ့သူငယ်ချင်းတွေ ငါ့သူငယ်ချင်းတွေ သေရင်ငါလဲ သေရမှာပဲ သေမယ့်အတူ လူယုတ်အာတွေကို အသေသတ်ရင်း သူတို့နဲ့ အခုတစ်ခါတည်းသေသွားချင်တယ်… ငါ့ကိုခွင့်ပြုပါ''
''မရဘူး ကျွန်မခွင့်မပြုနိုင်ဘူး… ဆေးရုံမှာ ရှင့်မိတ်ဆွေတစ်ယောက် ရောက်နေသေးတယ်မဟုတ်လား သူနဲ့ရှင်တွေ့လို့ရအောင် ကြိုးစားပြီး အခုဖြစ်နေတဲ့အကြောင်းတွေ သူနဲ့တိုင်ပင် ပြီးတာနဲ့ ရှင့်သူငယ်ချင်းတွေကို ပြန်ကယ်ရမယ်… ကျွန်မရှင့်သူငယ်ချင်းတွေ အသက်ကို ကျွန်မအာမခံတယ်… သူတို့ကိုအခုလောလောဆယ် သတ်ကြမှာမဟုတ်သေးဘူး''
''မင်း… မင်းတကယ်ပြောနေတာလား … ငါ့သူငယ်ချင်းတွေ တစ်ခုခုဖြစ်တာနဲ့ မင်းကို ငါကိုယ်တိုင်သတ်မှာနော်''
''ကျွန်မတကယ်ပြောနေတာ ကျွန်မပြောတဲ့အတိုင်းတာ ရှင်လုပ်ပါ''
''ကောင်းပြီ… ဟာ… ဟိုမှာ သူလာနေပါလား''
သွေးဆူနေခဲ့သော ထီးကလေးအား သူမတစ်ယောက် ပျက်သားလှသော လေသံများ သို့မဟုတ် အကြံပေးသည့် စကားများသံများနှင့်အတူ နှစ်သိမ့်ပြောဆိုလေခဲ့သည်။ ထို့ကြောင့် ထီးကလေးမှာမူ သူမအား စူးစိုက်ကြည့်လျက် ခေါင်းအား အသာငြိမ့်စေခါ လက်ခံချေခဲ့သည်။ လှေကားအပေါ်မှ ဆင်းလိုက်ပြီး လှေကားအောက်အတွင်းသို့ နှစ်ဦးသား ခပ်မြန်မြန်ဝင်ရောင်ပုန်းရှောင်နေလိုက်သည်။ မလှမ်းမကမ်းတွင် အရိုက်နှပ်ခံနေရသော သူငယ်ချင်းဖြစ်သူများအား ထီးကလေးတစ်ယောက် ရင်နာနာဖြင့် မျက်လုံးစုံမှိတ်ကြည့်နေခဲ့ရလေတော့သည်။
ထိုအချိန်အတွင်း၌ပင် မြေညီထပ်ဆေးရုံထွက်ပေါက်ဆီမှ မိတ်ဆွေဖြစ်သူ အစ်ကိုအောင်တစ်ယောက် နပ်စ်မလေးတစ်ဦးနှင့်အတူ အေးဆေးစွာထွက်ရောက်လာခဲ့သည်အား မြင်တွေ့လိုက်ရလေသည်။ မိတ်ဆွေအစ်ကိုအောင်နှင့် နပ်စ်မလေးတို့ဟာ ပြာယာခတ်နေခဲ့သော ခြေလှမ်းများမဟုတ်။ ထို့အတူ တုန်လှုပ်နေခဲ့ကြသော ပုံစံများပင်လည်း မဟုတ်ခဲ့ချေ။ အေးဆေးစွာဖြင့် လျောက်လှမ်းလာစေခါ နှိတ်စက်ခံနေရသော လူငယ်များရှိရာဆီသို့ တည်ငြိမ်စွာ ဦးတည်ရောက်ရှိလာခဲ့လေသည်။
******
''ဟာ… ဆရာတို့ပြန်လာကြပြီ ကျွန်တော်တို့လဲ ဆရာတို့ကိုမျှော်နေကြတာ… စခန်းမှူးကြီးရော စခန်းမှူးကြီးရော ပါမလာဘူးဆရာ အထက်ကလဲ ဖုန်းတွေခဏခဏဆက်နေတယ်''
''ဟင်… ကိုထိန်ဝင်းတစ်ယောက် စခန်းကိုလဲ ပြန်ရောက်မလာသေးဘူးလား… ဒါနဲ့ ဒဏ်ရာရထားတဲ့ လူငယ်တစ်ယောက်ဘယ်မှာလဲ သူဘယ်မှာလဲ စခန်းထဲမှာပဲလား''
''ဗျာ… ဆရာ… ဘယ်သူ့ကိုမေးတာလဲ''
''သြော်… ဆော်တီး အခုန ခင်ဗျားတို့ထဲက ဖုန်းဆက်တယ်လေ… ဒဏ်ရာတွေနဲ့လူငယ်တစ်ယောက် စခန်းကိုရောက်နေတယ်ဆို အဲ့ဒီလူကိုမေးတာပါ''
''ဟင်… ဒဏ်ရာတွေနဲ့ လူ''
ရဲအုပ်မောင်ဝင်းဖြစ်ချေသည်။ မြို့မဆေးရုံအတွင်း၌ သူ၏ဖုန်းဆီသို့ အဝင်ဖုန်းတစ်လုံး ဆက်သွယ်လာချေခဲ့သည်ကြောင့် အရေးတကြီးလျင်မြန်စွာ ထွက်ခွာလာခဲ့ရင်း ယခုအပိုင်စခန်းဆီသို့ ရောက်ရှိလာခဲ့လေသည်။ စခန်းအဝသ်ို့ရောက်ရှိလာခဲ့သည်နှင့် ရဲသားလေးများဟာ သူ့အားလှိုက်လှဲစွာကြိုဆိုနေရင်း စခန်းမှူးကြီးကိုထိန်ဝင်းအား စောင့်မျော်နေခဲ့သည်မှာ ကြာမြင်မြင့်နေပြီဖြစ်ကြောင်း ပြောဆ်ုချေခဲ့သည်။
သူသည်လည်း စခန်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်နှင့် စခန်းအဝမှ စခန်းအတွင်းသို့ တမျောမျော်ငေးကြည့်နေခဲ့ရင်း နှုတ်မှထိုသို့မေးမြန်းလိုက်စေသည်။ သ်ု့သော် ကိုမောင်ဝင်းတစ်ယောက် ပြောဆ်ုလိုက်သော စကားများအား ရဲဘော်လေးများမှာ နားမလည်နိုင်ချေ။ တစ်ဦးမျက်နှာတစ်ဦး ကြည့်မိလိုက်ရင်း ဦးခေါင်းများအားဖြည်းညင်းစွာ ကုတ်သွားစေခဲ့သည်။
''ဘာဖြစ်ကြတာလဲဗျ… ကျုပ်မေးတာ ဖြေကြဦးလေ''
'ဆရာ… ကျွန်တော်တို့ကို စိတ်မဆိုးပါနဲ့ ဆရာမောင်ဝင်းပြောတာ ကျွန်တော်တို့နားမလည်ဘူးဆရာ''
''ဟင်… ခင်ဗျားတို့ထဲက တစ်ယောက်ပဲ အခုနလေးတင် အပိုင်စခန်းကို ဒဏ်ရာတွေနဲ့ လူငယ်တစ်ယောက် ရောက်လာပါတယ်ဆိုပြီး ကျွန်တော့ဆီ ဖုန်းဆက်လာတယ်မဟုတ်လား… အဲ့ဒါကြောင့် ကျုပ်စခန်းကို ချက်ချင်းပြန်လာခဲ့တာလေ''
''ဗျာ… ဘယ်လို… ကျွန်…ကျွန်တော်တို့ မဆက်ပါဘူးဆရာ''
''ဘာ… ကျုပ်ဆီဖုန်းဆက်တာ အပိုင်စခန်းမှာရှိနေကြတဲ့ ခင်ဗျားတို့ထဲက ရဲဘော်တစ်ယောက်ယောက် မဟုတ်ဘူးလား''
''မဟုတ်ဘူးဆရာ… ဂိတ်စောင့်ရဲဘော်လေးယောက်ကို ကျွန်တော်ကိုယ်တိုင် ဂျူတီဖြုတ်ပေးလိုက်ပြီးပြီး… ပြီးတော့ ဆရာတို့မလာကြသေးတာနဲ့ ကျွန်တော်တို့ငါးယောက် စခန်းမှာစောင့်နေကြတာပါ… ကျွန်တော်တို့တွေလဲ ဆရာ့ဖုန်းကိုမဆက်မိပါဘူး''
''ဟင်… ဒါဆိုဘယ်သူဆက်တာပါလိမ့်''
မြို့မဆေးရုံမှ ဆရာဝန်ကြီးများနှင့် အပြန်အလှန်စကားများစွာ ပြောဆိုနေကြစဉ်၌ မိမိထံသ်ို့ ဖုန်းဝင်လာခဲ့သည်မှာ သေချာလှသည်။ ဖုန်းလေးထဲမှ ပြောဆိုလာခဲ့သော စကားသံများအားလည်း သူတစ်ယောက် ကောင်းစွာကြားသိလိုက်ရသေးသည်။ ပြောဆိုလာခဲ့သော စကားသံများဟာ နယ်မြေပိုင်စခန်းဆီသို့ လူငယ်လေးတစ်ဦး ဒဏ်ရာများစွာနှင့် ရောက်ရှိလာခဲ့ပြီး တစ်စုံတစ်ခု လာရောက်အကူညီတောင်းဆိုနေခဲ့သည်ဟု မိမိထံသို့ အကြောင်းကြားလာခြင်းဖြစ်သည်။
ဒဏ်ရာရရှိထားခဲ့သော လူငယ်တစ်ဦးဟု ကြားသိလိုက်ရသည့်အတွက် ရဲအုပ်မောင်ဝင်းမှာမူ ဆရာဝန်ကြီးပြောဆိုသော ကြုတ်ဆွဲကြိုးကလေးနှင့် ဆေးဖိုးလဲလှယ်သွားခဲ့သူ မိမိ၏မိတ်ဆွေထီးကလေးပင် ဖြစ်နေမလားဟူ၍ သိချင်စိတ်ဖြင့် စခန်းဆီသို့ အရေးတကြီးပြန်လာခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုနယ်မြေပိုင်စခန်းဆီသို့ အပြေးပြန်လည်ရောက်ရှိလာခဲ့ပြီး ရဲဘော်လေးများအား မေးမြန်းလိုက်ချိန်၌ ထိုသူတို့သည်လည်း ရဲအုပ်မောင်ဝင်းထံသ်ို့ ဖုန်းမဆက်ခဲ့ကြောင်း ပြောဆိုဝန်ခံစေခဲ့သည်။ မျက်မှောင်အားကြုတ်ထားစေရင်း အရှေ့စူးစူးသို့ ငေးငိုင်ခါ ကိုမောင်ဝင်းတစ်ယောက် အလွန်ပင် တွေဝေသွားခဲ့ရသည်။
''ဆရာ… ဆရာ… ဆရာ''
''ဟင်… သြော်… ပြော…ပြောလေကိုကြည်ဦး''
''ဆရာ နားလိုက်ပါတော့လား အချိန်လဲမနည်းတော့ဘူး မိုးလဲလင်းတော့မယ် ကျွန်တော်တို့မိုးလင်းမှပဲ လုပ်စရာရှိတာလေးတွေ ဆက်လုပ်ကြရအောင်''
''ဒီက…''
''ကျွန်တော်ဆန်းထွန်းပိုင်ပါ''
''သြော်… ဟုတ်ကဲ့ကိုဆန်းထွန်းပိုင် ခင်ဗျားလဲ စခန်းမှာ ဒီတစ်ညတော့ ခဏနားပေးပါနော်… မိုးလင်းမှပဲ ကျွန်တော်တို့ကားကြီးဆီ သဲလွန်စရှာပေးပါ့မယ်''
''ရပါတယ်ဗျာ… ကျွန်တော့ကြောင့် ဒီကရဲအရာရှိတွေ အနှောက်ယှက်ဖြစ်သွားမှာကိုးပဲ စိုးရိမ်နေမိတာပါ''
''ဆန်းလေး… ခင်ဗျားမြင်တဲ့အတိုင်းပဲဗျာ အခုချိန်ထိ ပြသနာတစ်ခုပြီးတစ်ခု ပေါ်ပေါ်လာတယ်… စခန်းမှူးကြီးလဲ ပြန်ရောက်မလာသေးဘူး …ခင်ဗျားအဖေနဲ့ ကိုထီးလေးတို့ ပြီးတော့ ဖုန်းဆက်လာတဲ့သူ… ကြုတ်ဆွဲကြိုးလေး… ပိတ်ထားတဲ့ဆေးရုံ… အင်း… ဘာပဲဖြစ်ဖြစ် ကိုဆန်းလေး ကျွန်တော်အမှု့မှန်ပေါ်အောင် ဖော်ထုတ်ပေးသွားမှာပါ''
''ကျေးဇူးတင်ပါတယ်ကိုမောင်ဝင်း''
အကဲခတ်စေခဲ့သည်။ ကိုကြည်ဦးတစ်ယောက် ရဲအုပ်မောင်ဝင်အား။ တစ်နေ့ကုန်တစ်ခန်း ခရီးအသွားလာ ပြုမူနေခဲ့ရသည်ကြောင့် လူပင်ပန်းစိတ်ပင်ပန်း ဖြစ်နေခဲ့သည်လား။ ထို့ကြောင့် ရဲအုပ်မောင်ဝင်းအား ခေတ္တမှေးစက်အနားယူရန် နေရာချပေးစေခဲ့သည်။ ကိုမောင်ဝင်းသည်လည်း ဆန်းထွန်းပိုင်၏ နံဘေးတွင် ခေတ္တမှေးမည်ဟု ရည်ရွယ်ချက်ရှိသောလည်း မိတ်ဆွေဖြစ်သူများအား လွန်စွာစိုးရိမ်နေခဲ့သည်ကြောင့် တစ်မှေးကလေးမျှ မှေးမရခဲ့ချေ။
****
'ဟ… ဆေးထိုးအပ်ကိုင်တဲ့ ဆေးဆရာတွေရဲ့ လက်သံတွေနည်းနည်းပျော့နေတယ်''
အပြုံး။ အပြုံးဆိုစေကာမူ မိတ်ဆွေကိုအောင်၏ အပြုံးမှာမချိပြုံး။ တနည်းအားဖြင့် မဲ့ပြုံးလေဟူလည်း ဆိုနိုင်လေသည်။ ထိုအပြုံးလေးဖြင့် လူသတ်သမားခြောက်ဦး၏ အနားသို့ ဖြေးညင်းစွာရောက်လှမ်းသွားစေသည်။ လူငယ်များအား နှိတ်စက်နေခဲ့ကြသော လူသတ်သမားများသည်လည်း ထိုသူ၏စကားသံအား ကြားလိုက်ရသည်နှင့် အနောက်သို့လျင်မြန်စွာ လှည့်စေကာ လက်နတ်များဖြင့် ဝိုင်းရံထားလိုက်သည်။
''အိုး!… မိတ်ဆွေတို့ ဘယ်လိုဖြစ်ကြတာလဲ အေးအေးဆေးဆေးပေါ့''
''ဟေ့ကောင်… တောသား… ဟင်… ဆရာမ သူ့ကို''
''ဆရာ ကျွန်မရှင်းပြပါ့မယ်… ဒီမိတ်ဆွေက သူ့မှာသွားစရာနေရာလဲ မရှိ… ဆွေမျိုးသားချင်းလဲ မရှိဘူးလို့ပြောပါတယ်… ပြီးတော့ အလစ်သုတ်… ဓားမြတိုက် လူမိုက်တစ်ယောက်လို့လဲ သိရတယ်''
''အဲ့ဒါနဲ့ ငါတို့နဲ့ဘာဆိုင်လို့လဲ''
''ဒီ…ဒီလိုပါဆရာ… သူကိုကျွန်မ သတ်ဖ်ို့ကြိုးစားရာကနေ သူ့ဘဝအကြောင်းကို သိရပြီး မသတ်ဖြစ်ခဲ့တာပါ… ပြီးတော့ ကျွန်မတို့လိုချင်တဲ့ လူတစ်ယောက်ရဲ့ အရည်ချင်းတွေလဲ သူ့မှာအပြည့်ရှိနေတော့ သူ့ကိုကျွန်မတို့လူအဖြစ် ထားရအောင် ခေါ်လာခဲ့တာပါ''
နပ်စ်မလေး၏ပြောစကားများအား ဆရာဝန်ကြီးစွန်ရဲနိုင်တစ်ယောက် ကြားသိလိုက်ရပြီး ထိုသူ့အား လှည့်ပတ်အကဲခတ်လိုက်သည်။
''မင်းက လူမိုက်လား''
''ကျုပ်က လူမိုက်မဟုတ်ဘူး… မကောင်းတာမှန်သမျှ အကုန်လုပ်တယ်… အနိုင်ကျင့်ရမလား… လူသတ်ရမလား… ခါးပိုက်နှိုတ်ရမလား… ဓားပြတိုက်ပေးရမလား ပိုက်ဆံရမယ်ဆိုရင် အကုန်လုံးလုပ်တယ်''
''ဟ… ကြိုက်သွားပြီး''
''မကြိုက်နဲ့ ကြိုက်ဖို့မလိုဘူး… စားစရာ နေစရာ ပိုက်ဆံပေးမယ်ဆိုရင် ခင်ဗျားတို့ခိုင်းတာတွေကို ကျုပ်အကုန်လုံးသစ္စာရှိရှိလုပ်ပေးမယ်''
တည်ငြိမ်စွာပြောဆိုလိုက်သော ထိုသူ၏စကားများအဆုံး၌ ဆရာဝန်ကြီးတစ်ယောက် ခပ်ပြုံးပြုံးအမူယာသို့ ပြောင်းလဲသွာစေသည်။ ထို့နောက် ထိုသူ၏ အနောက်မှနေခါ နားရွက်အနားသို့ တိုးတိတ်စွာထိုသို့ ပြောဆိုလိုက်လေသည်။
''ကောင်ပြီး သစ္စာဖောက်မယ်ဆိုရင် မင်းကိုသတ်ပစ်မှာနော်''
ခပ်ပြုံးပြုံးအမူယာနှင့် ထိုသူအား ထိုသို့ပြောဆိုလေခဲ့သည်။ ထိုသူဟာလည်း ဆရာဝန်ကြီးတစ်ယောက် ခိုင်းစေမည့်ကိစ္စအတိုင်း သစ္စာရှိရှိလုပ်ဆောင်ပေးမည်ဟု ကတိပေးခါ ခေါင်းအားအသာငြိမ့်ပြသည်။
''ဒါနဲ့ သူတို့ကို ဘာလို့နှိတ်စက်နေရတာလဲ… ပြီးတော့ ဘယ်သူတွေလဲ''
''နှချေးလေးတွေပါ… ငါ့လူတွေကို ဒုက္ခပေးလို့ ပညာပြထားတာ''
''ဟင်… ဟားဟားဟားဟား… နှချေးလေးတွေတဲ့လား… ကြည့်စမ်းပါဦး မျက်နှာတွေလဲ ရစရာမရှိတော့ဘူး ကဲ့ကွာ… ကဲ့ကွာ ဓားပေး… ကျုပ်လက်စွမ်းပြမယ်''
''ဟိုး!… နေဦး… အဲ့လိုလုပ်လို့မရသေးဘူး… အဲ့ဒီကောင်တွေထဲမှာ ငါလိုချင်တဲ့ လူတစ်ယောက်ပါနေလိမ့်မယ်''
''ဟင်… ဘယ်သူလဲစွန်ရဲ… သူတို့ကိုမြန်မြန် အစဖျောက်မှဖြစ်မယ်နော် ဟိုရဲစုတ်တွေ ထပ်လာရင် ငါတို့အားလုံး ဒုက္ခရောက်သွားကြလိမ့်မယ်… သူတို့အထဲကရော မင်းက ဘယ်သူ့ကိုလိုချင်လို့လဲ''
''ငါလိုချင်တဲ့… သူက''
ညီအစ်ကိုအရင်းသဖွယ် ဖြစ်ရပ်ဆန်းများအား ပူးပေါင်းဖြေရှင်းခဲ့ဘူးသည်။ ထိုသူနှင့်။ ယခုအခါ ထိုသူဟာ ဒဏ်ရာများစွာနှင့် အထိနာနေခဲ့သော မိမိ၏သူငယ်ချင်းများအား အဘယ့်ကြောင့် ထပ်မံရိုက်နှပ်နေခဲ့ရသနည်း။ ထိုလူတစ်စုအား ဝိဥာဉ်မလေးနှင့် မမြင်ကွယ်ရာ၌ ပုန်းကွယ်ကြည့်ရှု့နေခဲ့သော ထီးကလေးတစ်ယောက် မြင်တွေ့နေခဲ့ရသည်။ သို့သော်လည်း ထိုသူများ မည်သည့်စကားများစွာ ပြောဆိုနေခဲ့ခြင်းဟု သူတစ်ယောက်မကြားနိုင်ချေ။
''ဟင်… အစ်ကိုအောင် သူ…သူဘာဖြစ်လို့ ငါ့သူငယ်ချင်းတွေကို ရိုက်ရတာလဲ''
''ထီးလေး… ရှင့်မိတ်ဆွေမှ ဟုတ်ရဲ့လား… သူ့ကြည့်ရတာ လူမိုက်တစ်ယောက်ယောက်နဲ့ တူနေတယ်နော်''
''ငါ့မိတ်ဆွေမှ ငါ့မိတ်ဆွေစစ်စစ်ပါ… သူနဲ့အတူ ပရလောကဖြစ်ရပ်ဆန်းတော်တော်များများ အတူတူ ကူညီပေးခဲ့ဘူးတယ်… အခု''
''ရှင်နဲ့တော်တော်ရင်းနှီးတာပဲလား''
''ဘယ်လိုပြောရမလဲ… တစ်ယောက်ကိုတစ်ယောက် အသက်ပေးပြီး ကူညီပေးရဲတဲ့အထိ ခင်မင်ကြတာ''
''ဟုတ်ပြီ… ဒါဆို သူ့မှာ အကြံစည်တစ်ခုခုတော့ရှိရမယ်… ကျွန်မတို့ခဏစောင့်ကြည့်ကြတာပေါ့''
မည်သို့ပင်နားလည်ရမည်နည်း။ ထိုသူဟာ မိတ်ဆွေအစ်ကိုအောင် စစ်စစ်ဖြစ်နေသည်မှာ သေချာလှသည်။ သို့သော် ယခုပုံစံမှာ လက်မရွှံ့လူသတ်သမားတစ်ဦးကဲ့သို့ ခတ်ထန်နေခဲ့ပြီး မိတ်ဆွေများအား ရိုက်နှပ်နေခဲ့သည်ကိုပင် နားမလည်နိုင်ခဲ့ချေ။ သို့သော်လည်း ထိုသူ၏ အခြေနေအား ဝိဥာဉ်မလေး သီရိမေတစ်ယောက် စောင့်ကြည့်ပေဦးမည်ဟုပြောဆိုကာ သူငယ်ချင်းများအား မည်သို့ပင် ဆက်လက်ပြုလုပ်ကြဦးမည်နည်းဟု အမြင်ကွယ်ရာ၌ပင် ဆက်လက်ကြည့်ရှု့နေလေခဲ့သည်။
ယခုအချိန်၌ သူငဟ်ချင်းဖြစ်သူများအား အသေသတ်တော့မည်ဆိုလျင် ထီးကလေးသည်လည်း ထိုသူများနှင့် သူသေကိုယ်သေ သွားရောက်တိုက်ခိုက်တော့မည်မှာ မလွဲချေ။ သို့သော်လည်း လူသတ်သမားများမှာ သူငယ်ချင်းဖြစ်သူများအား အသေသတ်ပစ်မည့် ပုံစံပင်မပေါ်ပေါက်သေးချေ။ ဝိဥာဉ်မလေး၏ ပြောစကားများကြောင့်သာ သူတစ်ယောက် ဆက်လက်ပုန်းကွယ် စောင့်ကြည့်နေခဲ့ရလေသည်။ ထိုသူတို့သည်လည်း ဒဏ်ရာကိုယ်ဆီများနှင့် လူငယ်များအား ကြမ်းတမ်းစွာ ဆက်ဆံစေခါ ဆေးရုံအတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြလေသည်။ လူငယ်လေးဦးသည်လည်း မည်သို့မှပင် မလှုပ်ယှက်နိုင်တော့ချေ။
*****
မှေးစက်ခြင်းများ မည်သို့မှပင် မပြုလုပ်နိုင်။ စိတ်ပူနေခဲ့၏။ ကားကြီးတိမ်းမှောက်မှု့ဖြင့် အစနပျောက်ဆုံးနေသော သူ၏မိတ်ဆွေဖြစ်သူများ။ ယခုမိုးစင်စင်လင်းလာသည့်အထိ ဆန်းထွန်းပိုင်နှင့်အတူ တစ်ဦးကိုတစ်ဦး မည်သည့်စကားတစ်လုံးမှ မပြောဆိုပဲ မိုးလင်းလာသည့်အချိန်ထိသာ အိပ်ယာပေါ်၌ လူးလိမ့်နေခဲ့ရသည်။ မိုးစင်စင်လင်းလာပြီဖြစ်သည်။
''ကဲ… အားလုံးကို ကျွန်တော်တာဝန်တစ်ခုစီ ပေးမယ်… ကျွန်တော်နဲ့ ဒီကဆရာတစ်ချို့က အခင်းဖြစ်တဲ့ ကားကြီးဆီသွားမယ်''
''ဆရာကြည်ဦးနဲ့… ရဲဘော်တစ်ချို့က… မြို့မဆေးရုံအနားကို အရပ်ဝတ်နဲ့သွားပါ ပြီးရင် စခန်းမှူးကြီးနဲ့ပတ်သတ်မယ့် သံလွန်စတစ်ခုခုရအောင် ရှာလာခဲ့ပေး''
''ဟုတ်ကဲ့ဆရာ… တာဝန်ပေးတဲ့အတိုင်း ကျွန်တော်တို့လုပ်ဆောင်ပါ့မယ်''
အနည်းငယ်မျှ မမှေး ရဲအုပ်မောင်ဝင်းတစ်ယောက် မိုးလင်းသည့်အထိ ထိုပြသနာများနှင့် ပတ်သတ်ခါ စဉ်းစားနေခဲ့လေသည်။ မိုးလင်းလာသည့်နှင့် ရဲသားများအား တာဝန်ကိုယ်ဆီပေးစေကာ ယနေ့တစ်နေ့လုံး၌ သဲလွန်စများ ရှာဖွေမည်ဖြစ်သည်။ ရဲအုပ်မောင်ဝင်း တာဝန်ပေးသည့်အတိုင်း နယ်ထိန်းကြည်ဦးနှင့်အဖွဲ့ဟာ ပိတ်ထားခဲ့သော မြို့မဆေးရုံပတ်ဝန်းကျင်သို့ သွားရောက်ကြလေသည်။
အရပ်ဝတ်များနှင့် ထွက်ခွာလာခဲ့ရင်း ဆေးရုံပတ်ဝန်းကျင်သို့ ရောက်ရှိလာခဲ့ချေသည်။ ဆေးရုံဝန်းကျင်တစ်ခုလုံး၌ တိတ်ဆိတ်နေခဲ့ပြီး လူရိပ်လူယောင်တစ်ခုမှ မတွေ့ရှိရချေ။ နယ်ထိန်းကြည်ဦးသည်လည်း အရူးတစ်ယောက်အသွင် ပုံစံပြောင်းခါ ဆေးရုံ၏အနီးနားသို့ ကပ်ရောက်လာခဲ့လေသည်။
ချုံနွယ်များဖြင့် လောလောလတ်လတ် ပိတ်ဆို့ထားခဲ့သော ဆေးရုံဝဏ်းအတွင်းမှ ထွက်ခွာနိုင်သည့် ထွက်ပေါက်တစ်ခုအား အကဲခတ်စေမိသည်။ ထိုထွက်ပေါက်နှင့် မလှမ်းမကမ်း လမ်းနံဘေးတွင် ပုံစံပျက်လျက်ရှိနေသော အမှိုက်ပုံတစ်ခုအား မြင်တွေ့စေခဲ့သည်။ ထိုအနားသို့ ကိုကြည့်ဦးတစ်ယောက် အရူးသွင်ဖြင့် ခုန်ပေါက်သွားခဲ့ရင်း အမှိုက်များကြားမှ လူတစ်ဦး၏ လက်တစ်ဖက်အား မြင်တွေ့လိုက်ရလေသည်။
ထိုသူမှာ မောင်ကဲတစ်ယောက် စိတ်လောစွာနှင့် အမှိုက်များဖြင့် ဖုံးအုပ်ထားခဲ့သော ပြင်းထန်လွန်းလှသော ဒဏ်ရာများနှင့် တန်ခိုးတစ်ယောက်ပင်ဖြစ်ချေသည်။ ကိုကြည်ဦးသည်လည်း ပတ်ဝန်းကျင်အား ဘေးညာအကဲခတ်စေခါ အမှိုက်များအား ဖယ်ရှားလိုက်သည်နှင့် မေ့မျောသတိလစ်နေခဲ့သော တန်ခိုးအား မြင်တွေ့လိုက်ရလေသည်။ ထို့နောက် လည်ပင်းဆီမှ သွေးကြောမကြီးအား လက်ပြန်ဖြင့် စမ်းကြည့်လိုက်ရင်း ထိုသို့ပြောဆိုလေခဲ့သည်။
''ဟင်… သူ… သူအသက်ရှိနေသေးပါလား''
****
* ဟန်ဆောင်ကောင်းလှသော မိတ်ဆွေအစ်ကိုအောင်တစ်ယောက် ကြေးစားလူသတ်သမားအသွင် ဟန်ဆောင်ခါ သူ၏မိတ်ဆွေများအား မည်သ်ို့ပင် အကူညီပေးမည်နည်း။
* လူငယ်လေးဦးသည်လည်း မိတ်ဆွေအစ်ကိုအောင်၏ ဟန်ဆောင်ကောင်းမှု့မျာအား နားလည်နိုင်မည်လား။ သို့မဟုတ် ရန်သူ၏ဘက်တော်ဟုပင် ထင်မြင်စေကာ တိုက်ခိုက်ကြမည်လား။
* သက်တမ်းရင့် ဝိဥာဉ်မလေး သီရိမေဟာလည်း လူငယ်များအပေါ် မည်သို့ပင် စောင့်ရှောက်ပေးမည်နည်း။ သူမ၏ မကျွတ်လွတ်နိုင်သော ဝိဥာဉ်ဘဝမှ ပေးဆပ်ခြင်းများနှင့် ကူညီပေးမည်လား။
* အမှိုက်များကြားမှ မေ့မျောနေခဲ့သော တန်ခိုးအား နယ်ထိန်းကြည်ဦးတစ်ယောက် တွေ့ရှိလိုက်ရပြီးဖြစ်သည်။ ဤသို့ဆိုလျင် တန်ခိုးတစ်ယောက် သူငယ်ချင်းဖြစ်သူများအား ကယ်ပေးနိုင်ရန် ရဲအရာရှိများနှင့် တိုင်ပင်ကြမည်လား။ သို့မဟုတ် …
အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၂၆)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
*****
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
(၂၂.၃.၂၀၁၆)
မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်၍ဖော်ပြပေးပါမည်။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၂၆)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
******************
ထိုသူမှာ မောင်ကဲတစ်ယောက် စိတ်လောစွာနှင့် အမှိုက်များဖြင့် ဖုံးအုပ်ထားခဲ့သော ပြင်းထန်လွန်းလှသော ဒဏ်ရာများနှင့် တန်ခိုးတစ်ယောက်ပင်ဖြစ်ချေသည်။ ကိုကြည်ဦးသည်လည်း ပတ်ဝန်းကျင်အား ဘေးဘယ်ညာအကဲခတ်စေခါ အမှိုက်များအား ဖယ်ရှားလိုက်သည်နှင့် မေ့မျောသတိလစ်နေခဲ့သော တန်ခိုးအား မြင်တွေ့လိုက်ရလေသည်။ ထို့နောက် လည်ပင်းဆီမှ သွေးကြောမကြီးအား လက်ပြန်ဖြင့် စမ်းကြည့်လိုက်ရင်း ထိုသို့ပြောဆိုလေခဲ့သည်။
''ဟင်… သူ… သူအသက်ရှိနေသေးပါလား''
ငုတ်တုတ်အနေထားဖြင့် ထိုသူ၏ သွေးကြောမကြီးအား စမ်းသပ်လိုက်သည်နှင့် ထိုသူမှာ အသက်ရှင်လျက် ရှိနေသေးသည်အား သိရှိလိုက်ရသည်။ ငုတ်တုတ်အနေအထားဖြင့် ဘေးပတ်ဝန်းကျင်များသို့ လှည့်ပတ်အကဲခတ်စေခါ ထိုသူ၏ ခန္ဓာကိုယ်ပေါ်မှ အမှိုက်သရိုက်များအား ဖယ်ရှားလိုက်စေသည်။ အရူးဟန်ဆောင်ခါ စုတ်ပြဲနေသော အကျီလေးအောက်၌ အသင့်ဆောင်ထားခဲ့သော ဆက်သွယ်ရေး ကရိယာအား ထုတ်ယူစေခါ ဆေးရုံပတ်ဝန်းကျင်သို့ လှည့်ပတ်အကဲခတ်နေခဲ့သော ရဲဘော်များထံ အကြောင်းကြားစေခဲ့သည်။
နယ်ထိန်းကြည်ဦးတစ်ယောက် ဆေးရုံဆီသ်ို့ ဝင်ရောက်လာခဲ့သော လမ်းကြားလေးဟာ ပိတ်ထားခဲ့သော မြို့မဆေးရုံဆီသ်ု့ အလွယ်တကူရောက်ရှိစေနိုင်သော လမ်းလေးပင်ဖြစ်ချေသည်။ လူသွားလမ်းလေးမှာ သုံးပေခန့်မျှသာရှိနေခဲ့ပြီး ဘေးပတ်ဝန်းကျင်၌ သစ်ပင်ခြုံရွယ်များ ထူးထပ်များစွာရှိနေခဲ့သည်။
ဆေးရုံပတ်ဝန်းကျင်၌ ရှိနေခဲ့သော ရဲသားများထံသ်ု့ ဆက်သွယ်အကြောင်းကြားပြီးသည်နှင့် ထိုသူအား အမှိုက်များကြားမှ ဆွဲထုတ်စေခါ သူ၏အဖော် ရဲသားများဦးတည်လာမည့် လမ်းအတိုင်း လျောက်လှမ်းသွားမည်ဖြစ်သည်။
''ဟာ!… သွေးကြောတွေအဖြတ်ခံထားရတာပဲ… ဒီလူကဘယ်သူလဲ ရာဇဝဏ့်သားလား''
အမှိုက်များကင်းစင်သွားခါ ထိုသူ၏ခန္ဓာကိုယ်ပေါ်သို့ သေချာစွာအကဲမခတ်သော်လည်း မြင်တွေ့နေရသည့် ဒဏ်ရာများအား ကိုကြည်ဦးတစ်ယောက် ထင်ရှားစွာမြင်တွေ့လိုက်ရသည်။
ထိုသူဟာ တန်ခိုးပင်ဖြစ်သည်။ တန်ခိုးတစ်ယောက်မှာလည်း ပြင်းထန်လှသော ဒဏ်ရာများကြောင့် အသက်မျော့မျော့ကလေးသာ ရှိနေတော့သည်။ အရုပ်ကြိုးပျက်အလား ဖြစ်နေခဲ့ပြီး ကိုကြည်ဦးမှာမူ တန်ခိုးအား ပုခုံးပေါ်တွင် ထမ်းလျက် ထိုနေရာနှင့် ဝေးရာဆီသို့ လျင်မြန်စွာ ဦးတည်ရန်ရွယ်လိုက်စေသည်။ ။
လူဆိုးလေလား။ သို့မဟုတ်။ လူကောင်းလေလားဟူ၍ ကိုကြည်ဦးတစ်ယောက် မသိရှိသေးချေ။ အပိုင်းစခန်းဆီသို့ ရောက်ရှိမှသာလျင် ရဲအုပ်မောင်ဝင်းနှင့် တိုင်ပင်မည်ဖြစ်သည်။ ထိုသူ့အား ဤကဲ့သို့ထမ်းသွားရုံဖြင့် မိမ်သည်လည်း ကြာရှည်စွာ ထမ်းနိုင်လိမ့်မည်မဟုတ်။ ခန္ဓာကိုယ်ဟာ လေးလွန်းလှသည်။ ထို့ကြောင့် ဆေးရုံ၏ တစ်ခြားနေရာများ၌ အကဲခတ်နေခဲ့သော ရဲသားများနှင့် ဆုံတွေ့စေရန် အကြောင်းကြားထားစေပြီး စိတ်ချရမည့် နေရာဆီသို့ရောက်ရှိမှသာလျင် အပိုင်စခန်းမှ ကားအားခေါ်ဆောင်မည်ဟု တွေးထားခဲ့သည်။
တန်ခိုးအား ပုခုံးပေါ်ထမ်းရွက်ခါ လျောက်လှမ်းနေခဲ့ပြီး ခပ်လှမ်းလှမ်းသို့ အရောက် ကိုကြည်ဦး၏အရှေ့မှ လူတစ်ဦး ပိတ်ဆို့တားဆီးလိုက်သည်။
''ဟေ့အရူး… မင်းဘယ်သူလဲ ဘယ်ကလဲ သူကရောဘယ်သူလဲ''
ပြောင်လက်နေသော ဓားရှည်တစ်ချောင်း ကိုင်ဆောင်ထားသည်။ ထိုဓားဖြင့် ဟန့်တားစေခါ ကိုကြည်ဦးအား အရူးတစ်ယောက်ဟု ထင်မှတ်စေခဲ့ရင်း ထိုသို့မေးမြန်းစေခဲ့သည်။
''ခင်ဗျားကဘယ်သူလဲ''
''ငါ့ကိုပြန်မမေးမနဲ့… ငါမေးတာကိုပဲဖြေ''
''ကောင်းပြီး… ခဏလေး… သူ့ကိုထမ်းလာရတာ နည်းနည်းလေးနေလို့ ချလိုက်ဦးမယ်''
ခတ်ထန်လှသော ထိုသူ၏အမေးစကားများအား ကိုကြည်ဦးသည်လည်း ပျက်သားစွာ ထိုသို့ပြောဆိုလေခဲ့သည်။ ထို့နောက် ထမ်းရွက်ထားခဲ့သော တန်ခိုးအား လမ်းနံဘေးသို့ ခေတ္တချထားလိုက်ပြီး ထိုသူအားကျော်လွားရဦးမည်ဟု တွေးမိလိုက်စေသည်။ အရှေ့မှ ဓားဖြင့် ချိန်ဆထားခဲ့သော ထိုသူဟာလည်း ကိုကြည်ဦးအား ရဲအရာရှိတစ်ယောက်ဖြစ်သည်ဟု အကဲမခတ်မိချေ။ ထို့ကြောင့် အေးဆေးစွာဖြင့်သာ ကိုကြည်ဦးတစ်ယောက် ပြုမူနေသည့်အတိုင်း သူသည်လည်း မျက်စိတစ်စုံးလိုက်ကြည့်နေမိသည်။
''ဟင်!…''
ထိုသူ၏နှုတ်မှ 'ဟင်း'ဟု အသံထွက်ပေါ်လာခဲ့သည်။ မြေပြင်ပေါ်သို့ ပစ်ချလိုက်သော တန်ခိုးအား ကြည့်မိလိုက်သည်နှင့် ထိုသူတစ်ယောက် ကောင်းစွာသိရှိစေသည်။ ထိုကဲ့သို့ဒဏ်ရာများဟာ မြို့မဆေးရုံ၌ရှိနေသော လူသတ်ဆရာဝန်များ၏ လက်ချက်ပင်ဖြစ်စေသည်။ ဆေးရုံရှိဆရာဝန်များမှာလည်း မိမိ၏ကျေးဇူးရှင်ဆရာဝန်းများဖြစ်သည်။ ထို့ကြေုာင့်လဲ ဆရာဝန်ကြီးခိုင်းစေသည့်အတိုင်း ဆေးရုံဆီသို့ အလွယ်တကူ ဝင်ရောက်စေနိုင်သော ထိုလမ်းကလေး၌ လူဝင်လူထွက်စောင့်ကြည့်ပေးနေခဲ့သော လူသတ်သမားအဖြစ် လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။
သူသည်လည်းသိရှိထားခဲ့၏။ ဆေးရုံ၌ဖြစ်ပျက်နေခဲ့သော အကြောင်းရာများ။ ထို့ကြောင့် ဒဏ်ရာများနှင့် ထိုသူလွတ်မြောက်သွားခြင်းလား။ လွတ်မြောက်သွား၍ မဖြစ်နိုင် မိမိတို့အားလုံး ဒုက္ခရောက်သွားနိုင်သည်။ ထို့ကြောင့် ဒဏ်ရာများနှင့် တန်ခိုးအား ကိုကြည်ဦး၏လက်ဝယ်အတွင်းမှ ပြန်လည်ရယူရန် လိုအပ်ချေသည်။ သို့နှင့် အရှေ့တလှမ်းတိုးစေကာ ကိုကြည်ဦး၏ ရင်သတ်ဆီသို့ ဓားဦးဖြင့် အပေါ်ယံချိန်ဆထားခါ
''ဟေ့ကောင်…မင်းဘယ်သူလဲ သူ့ကို ဘယ်ကခေါ်လာတာလဲ ပြောစမ်း''
''ဟင်… ခင်ဗျားကလဲဗျာ… သူဒုက္ခရောက်နေလို့ ကျွန်တော်ကယ်လာခဲ့တာပါ… ဘာဖြစ်လို့တုန်းဗျ''
''ပြန်မမေးနဲ့ သူနဲ့ပတ်သတ်ပြီး မင်းဘာတွေသိထားလဲ''
''အမှန်တိုင်းပြောရရင် ဘာမှမသိသေးပါဘူး''
''သေချာတယ်နော်''
''သေချာပါတယ်ဗျ ဘာဖြစ်လို့တုန်း''
''ဘာမှမဖြစ်ဘူး ဒါဆို မင်းသွားတော့ သူ့ကိုဒီမှာထားခဲ့''
''ဟင်!… ''
''ဟေ့ကောင်… ပြောနေတာမကြားဘူးလား သွားတော့''
''သွားဆိုတော့လဲ သွားရတာပေါ့''
အရူးသွင်နှင့်ကိုကြည်ဦးတစ်ယောက် မိမိအားဓားဖြင့် ချိန်ဆထားခဲ့သော ထိုသူ့၏ စကားများအဆုံး၌ ဦးခေါင်းလေးအား အသာအယာ ကုတ်လိုက်၏။ အူကြောင်ကြောင်ပုံစံအဖြစ် ပြောင်းလဲလိုက်စေရင်း အသင့်ဆောင်ထားခဲ့သော ခါးကြားမှ ခြောက်လုံးပြူးသေနတ်အား ထုတ်ယူလိုက်လေသည်။ ဓားကိုင်လူသည်လည်း အလွန်ပင်လျင်မြန်စေခဲ့သည်။ မိမိအားသေနတ်ဖြင့် ချိန်ဆလိုက်သော ကိုကြည်ဦး၏ လက်အား ဓားရှည်ဖြင့် အရှေ့တစ်လှမ်းတိုးခါ ခုတ်ချလိုက်ချေသည်။
သေနတ်ကိုင်ထားခဲ့သော ကိုကြည်ဦး၏ ညာလက်ကောက်ဝတ်မှ သွေးများစွာဖြာထွက်လာခဲ့ရင်း တုန်းတိပျက်သွားခဲ့ရလေသည်။ အလွန်ပင်နာကျင်သွားခဲ့ရင်း သွေးများစွာဖြာထွက်လာခဲ့သော သူ၏လက်အား ဘယ်လက်ဖြင့် ဖုန်းအုပ်လိုက်မိသည်။ မြေပြင်ပေါ်သို့လည်း ဒူးထောက်လျက်သား ဖြစ်သွားရချေသည်။
''သြော်… မင်းက အရူးယောင်ဆောင်ထားတဲ့ ရဲပါလား… ဒီမှာ ဟေ့ကောင် မင်းမသေခင် မှတ်သွားလိုက်… ငါလူသတ်လာတာ ငါ့အသက်တဝက်လောက်ရှိနေပြီကွ''
မြေပြင်ပေါ်သ်ို့ ဒူးထောက်လျက်သား ဖြစ်သွားခဲ့သော ကိုကြည်ဦးအား ထိုကဲ့သို့ပြောဆိုခါ အသင့်ကိုင်ဆောင်ထားခဲ့သော ဓားဖြင့် လည်ပင်းဆီသ်ို့ ပိုင်းချလိုက်လေသည်။ ကိုကြည်ဦးသည်လည်း မည်သို့မှပင် ပြန်လည်၍ မခုခံနိုင်တော့ချေ။ တဆတ်ဆတ်တုန်ခါနေရင်း ထိုနေရာ၌သာ ပွဲချင်းပြီး သေဆုံးသွားရလေတော့သည်။
''ဒီကောင်က ဘယ်လိုဖြစ်ပြီး ဒီရဲလက်ထဲကို ရောက်လာရတာလဲ… ကြာပါတယ်ကွာ မင်းလဲ သေတာပဲကောင်းတယ်''
လည်ပင်းဆီသို့ ဓားဖြင့်ခုတ်ခါ ဝမ်းဗိုက်ဆီသို့ ဓားဦးဖြင့် စိုက်ထားလိုက်ပြီး ကိုကြည်ဦးတစ်ယောက် အမှန်တကယ်သေဆုံးသွားပြီ ဆိုမှသာလျင် မြေပြင်ပေါ်၌ မေ့မျောနေသော တန်ခိုးထံသို့ လူသတ်သမား ဦးတည်လိုက်သည်။ ထို့နောက် တန်ခိုးအားအကဲခတ်စေခါ စဉ်းစားမနေတော့ပဲ ဓားဦးဖြင့်စိုက်ထိုးရန် ရွယ်လိုက်စေတော့သည်။
''ဟေ့လူ… လက်မြောက်စမ်း''
ရောက်ရှိလာပြီးဖြစ်သည်။ ဆေးရုံပတ်ဝန်းကျင်သို့ လှည့်ပတ်အခက်ခဲနေခဲ့သော ကိုကြည်ဦးနှင့်အတူ ရဲဘော်လေးများ။ ကိုကြည်ဦး၏အကြောင်းကြားချက်ဖြင့် ထိုရဲဘော်လေးများဟာလည်း အရောက်လှမ်းလာခဲ့ခြင်းဖြစ်သည်။ အဝေးမှ မြင်တွေ့လိုက်ရ၏။ ထိုသူတစ်ယောက် ဓားရှည်အား ငိုက်စိုက်ခါ တစ်ဦးတစ်ယောက်အား ထိုးသတ်တော့မည့်ဟန်။ ထို့ကြောင့် သေနတ်ဖြင့် ချိန်ဆခါ ဟန့်တားစေခဲ့သည်။
လူသတ်သမားသည်လည်း ဓားဦးအား ငိုက်စိုက်ခါ တန်ခိုးအားထိုးသတ်မည်အလုပ် ရဲဘော်လေးများ၏ စကားသံအား ကြားလိုက်ရသည်နှင့် တုန့်ဆုတ်သွားခဲ့ချေသည်။ သို့သော် လက်နတ်မချ။ ရဲဘော်လေးများသည်လည်း အရပ်ဝတ်ဖြင့် ထိုသူ့အား အဝေးမှ ဟန့်တားစေခါ သေနတ်ဖြင့်ချိန်ဆထားရင်း အနားသို့လှမ်းလာစေခဲ့သည်။
''ဟေ့… လက်နတ်ချ''
အနောက်သို့လှည့်မကြည့်သေး။ အသံလာရာဆီအား အကဲခတ်စေခါ ထိုသူသည်လည်း မိမိအားဟန့်တားနေသော သူများဟာ အဝေး၌ပင်ရှိနေဦးမည်ဟု ကောင်းစွာသိရှိထားစေသည်။ ထို့ကြောင့် ဦးခေါင်းဖြင့်မလှည့် မျက်လုံးကလေးသာ ရွှေ့ရှားအကဲခတ်စေခါ လမ်းနံဘေးတွင်ရှိနေသော ချူံများအတွင်းသို့ အပြေးဝင်ရောက်ချေတော့သည်။ ရဲသားလေးများသည်လည်း ထိုသူ၏လက်ဝယ်အတွင်း၌ လက်နတ်ရှိနေသည်ကြောင့် အနားသို့လျင်မြန်စွာမကပ်သေး အဝေးဆီမှသာ အသံဖြစ်ပြောဆိုလေခဲ့သည်။ ထို့ကြောင့် ထိုသူမှာ လမ်းနံဘေးတွင်ရှိနေသော ချုံနွယ်များအတွင်းသို့ အပြေးဝင်ရောက် တိမ်းရှောင်သွားခဲ့လေတော့သည်။
''ဟာ… ပြေးပြီး… ဆရာတို့… လိုက်လိုက်''
''ဟင်… ဆရာကြည်ဦး… ဆရာ ဆရာ''
''ဆရာကြည်ဦး အသတ်ခံလိုက်ရပြီ''
''ဟာ… ဘယ်လိုဖြစ်ရတာလဲ''
''ဆရာ… ကျွန်တော်တို့မမှီလိုက်ဘူး လူသတ်သမားက သိပ်လျင်တယ်… ခြုံတွေကြားမှာပျောက်သွားတယ်ဆရာ''
''ထားလိုက်တော့… ဆရာကြည်ဦးအလောင်းကို ဆေးရုံအရင်ပို့ဖို့အကြေုာင်း… ဒီလူက ဘယ်သူလဲ''
သေနတ်များကိုယ်ဆီကိုင်ဆောင်ခါ လူသတ်သမားပြေးဝင်သွာသော ခြုံနွယ်များအတွင်းသ်ု့ ရဲဘော်လေးများ အမှီလိုက်ခဲ့သော်လည်း ထိုသူမှာ အင်မတန်မှ လျင်မြန်စေလှသည်။ တနည်းအားဖြင့် ထိုပတ်ဝန်းကျင်၌ ထိုသူကျက်စားနေခဲ့ခြင်းကြောင့် လမ်းကြောများအား ကျွမ်းကျင်စွာသိရှိထားခဲ့သည်။ ထို့ကြောင့် ထွက်ပြေးသွားခဲ့သော လူသတ်သမားအား ရဲဘော်လေးများမှ အမိအရ မဖမ်းစည်းလိုက်နိုင်ချေ။ အဖြစ်ဆိုးစွာ သေဆုံးနေခဲ့သော နယ်ထိန်းကြည်ဦးအကြောင်းအား ရဲအုပ်မောင်ဝင်းထံသို့ အကြေုာင်းကြားစေခါ မေ့မျောနေခဲ့သော တန်ခိုးအားလည်း အပိုင်စခန်းဆီသို့ ခေါ်ဆောင်သွားလေခဲ့သည်။
****
''ဆရာ… ကျွန်… ကျွန်တော်တို့ခံလိုက်ရတယ်ဆရာ''
''ပြောမနေနဲ့တော့… ဒီချာတိတ်တွေနဲ့တွေ့မှပဲ ငါ့တပည့်ကြီးစန်းမြင့်လဲ ခံရတော့တယ်… ထားလိုက်ပါ သူတို့တွေက သိပ်ဥာဏ်များတာကိုး ဦးနှောက်မသုံးတဲ့မင်က ခံလိုက်ရမှာပေါ့''
''ဒါနဲ့… ရဲမောင်တစ်ယောက်ရော မတွေ့ပါလား''
''ဒေါက်တာ… ဒေါက်တာရဲမောင်… ဟို… ဟို''
''ဟေ့ကောင်… ဘာဖြစ်နေတာလဲ ရဲမောင်ဘာဖြစ်လို့လဲ''
''ဒေါက်တာရဲမောင် ဒေါက်တာရဲမောင် အသက်ခံလိုက်ရပြီဆရာ''
''ဘာ!… ဘာပြောတယ် ရဲမောင်အသက်ခံလိုက်ရပြီဟုတ်လား စန်းမြင့်ရဲမောင်သေပြီဟုတ်လား''
''ဟုတ်… ဟုတ်တယ်ဆရာ''
''ဟာ… ဖြစ်မှဖြစ်ရလေကွာ ရဲမောင်ကိုဘယ်သူသတ်တာလဲ အခုသူဘယ်မှာလဲ''
''ဒု… ဒုတိယအထပ်မှာပါဆရာ''
''တောက်!… သူငယ်ချင်း… ရဲမောင်''
မျက်လုံးအိမ်တစ်ခုလုံး ရဲရဲတောက်လာ၏။ ဒေါက်တာရဲမောင်တစ်ယောက် အသတ်ခံလိုက်ရပြီးဟု ပြောဆိုလိုက်သော မောင်စန်းမြင့်၏ ရင်ဘတ်အကျီဆီသို့ ဆုပ်ကိုင်လိုက်ရင်း ဆရာဝန်ကြီးတစ်ယောက် ပြာယာခတ်စွာ မေးမြန်းချေခဲ့သည်။ မောင်စန်းမြင့်၏ ပြောစကားများကြောင့် ဆရာဝန်ကြီးမှာလည်း အပေါ်ထပ်ဆီသို့ အပြေးတတ်ရောက်သွားခဲ့သည်။ ဆရာဝန်ကြီး၏ အနောက်မှ နောက်လိုက်များသည်လည်း သူ၏အနောက်မှ ထပ်ကြပ်မကွာလိုက်ပါသွားခဲ့သည်။ မြေညီထပ်တွင်မူ အစ်ကိုအောင်နှင့် နပ်စ်မလေးနှစ်ဦးတည်းသာ ကျန်ရစ်နေခဲ့ပြီး ဖမ်းမိထားသော လူငယ်များအား ပထမထပ် အခန်းလွတ်တစ်ခုအတွင်းသို့ ချုပ်နှောင်ထားဆီးစေခဲ့သည်။
''မိန်းကလေး… မင်းကိုကျေးဇူးတင်တယ်… ငါပြောခဲ့တဲ့အတိုင်း ငါ့မိတ်ဆွေတွေကို ငါကယ်တင်ပေးပြီးတာနဲ့ မင်းကိုလဲ ဒီလိုဘဝမျိုးကြီးကနေ… ငါလွတ်မြောက်အောင် ကယ်တင်ပေးမှာပါ''
''ကျေးဇူးတင်ပါတယ်ရှင်… ကျွန်မကို ရှင်မသတ်ပဲ အခုလိုအသက်ရှင်ခွင့်ပေးခဲ့တာကိုပဲ ကျွန်မကျေနပ်လှပါပြီ ကျွန်မ မသေချင်သေးဘူးဆိုတာကလဲ ကျွန်မမှာ အသက်ကြီးကြီး အမေတစ်ယောက်ရှိတယ်လေ သူ့အတွက် ကျွန်မတစ်ယောက်ပဲ လုပ်ကျွေးမယ့်သူရှိတော့တာ ဒီကဆရာဝန်တွေ ပေးတဲ့ပိုက်ဆံလေးရမှ အမေ့အတွက်ဆေးဖိုးလေးရလို့ ကျွန်မလဲ အမှားအမှန်ခွဲခြားမနေတော့ပဲ အခုလိုဇွတ်မှိတ်လုပ်နေခဲ့တာ''
''မင်းဘဝကို ငါသနားတယ် ဒီမယ်မိန်းကလေး… စိတ်ချပါ မင်းကိုငါကတိပေးတယ်… ဒီဆေးရုံထဲမှာရောက်နေတဲ့ ငါ့မိတ်ဆွေတွေက်ု မင်းလဲ တစ်ဖက်တစ်လှမ်းကနေ စောင့်ရှောက်ပေးနော်''
''စိတ်ချ… ကျွန်မ အစွမ်းကုန်စောင့်ရှောက်ပေးမှာပါ''
''ကျေးဇူးတင်ပါတယ်ကွာ… သြော်… အခုဖမ်းမိလိုက်တဲ့ သူတွေပဲ ဒီဆေးရုံမှာရောက်နေကြတာလား… တစ်ခြားသူတွေရှိနေသေးလား''
''ရှိနေသေးတယ်… ကားကြီးမှောက်ပြီး ကျွန်မတို့ဆီရောက်လာကြတာ ၁၁ယောက်… ဒါပေမယ့် တစ်ခြားသူတွေကတော့ သေကုန်ကြပြီ ကျွန်မအထင် သုံးလေးယောက်လောက်ကတော့ ဆေးရုံထဲကနေ လွတ်နေတုန်းပဲ''
''ဘုရား… ဘုရား… ထီးလေးနဲ့တန်ခိုး… ဘာတွေဖြစ်နေကြပြီလဲ သူတို့အသက်ရှင်လျက်မှ နေကြသေးရဲ့လား… လွတ်နေတဲ့ သူတွေ ဘယ်သူတွေလဲမင်းသိလား''
''အဲ့ဒါတော့ ကျွန်မလဲ အတိကျမသိဘူး… အခုလောလောဆယ် ကျွန်မသိတာတော့ လွတ်နေတာ လူငယ်တစ်ယောက်ပဲ ယောကျာ်းလေး''
''ဟင်!… ဒါဆို တခြားသူတွေက''
''ဟုတ်တယ်… ဆေးရုံအကြောင်းသိပြီး ထွက်ပြေးကုန်ကြလို့ ဆရာဝန်ကြီးတွေ သတ်ပစ်လိုက်ကြပြီ''
''ဟာ!… ''
ဒေါက်တာရဲမောင်သေဆုံးနေသော ဒုတိယအထပ်ဆီသို့ ဆရာဝန်ကြီးတစ်ယောက် အပြေးတတ်ရောက်သွားသည်နှင့် ဒေါက်တာသန်းနိုင်နှင့် တစ်ခြားသူများသည်လည်း ဆရာဝန်ကြီး၏အနောက်မှ လိုက်ပါသွားခဲ့ကြသည်။ သို့သော် ဒေါက်တာသန်းနိုင်မှာမူ ဆရာဝန်ကြီးဦးတည်သွားရာ အလှေကားဆီသို့ သူသည်လည်း အပြေးလိုက်ပါသွားခဲ့သော်လည်း အလယ်လှေကားကွေ့အချိုးလေး၌ ရုတ်တရက်ရပ်တန့်လိုက်သည်။ ထို့နောက် ဆရာဝန်ကြီးနှင့် အပေါ်ထပ်ဆီသို့ အတူတကွလိုက်ပါ မသွားတော့ပဲ ကွေ့အချိုးလေး၌ မြေညီထပ်အပေါက်တွင် ကျန်ရစ်နေခဲ့သော လူများအား အကဲခတ်ချောင်းကြည့်စေခဲ့သည်။
မြင်တွေ့လိုက်ရ၏။ လူမိုက်ဟူသော တောသားနှင့် နပ်စ်မလေးတို့နှစ်ဦးသား တရင်းတနှီးစကားများစွာ ပြောဆိုနေကြသည့် မြင်ကွင်း။ ထို့အတူ စကားသံများသည်လည်း ဒေါက်တာသန်းနိုင်တစ်ယောက် ကြားသိလိုက်ရသည်။ ထိုတောသားနှင့် နပ်စ်မလေးတို့မှာ မိမိတို့အပေါ်၌ လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ထားခဲ့ကြောင်း ကြားသိလိုက်ရလေသည်။
ကျစ်ကျစ်ပါအောင် လက်သီးအားဆုပ်လျက် ထိုသူနှစ်ဦးရှိနေခဲ့သော နေရာဆီသို့အရောက်သွားခါ သတ်ပစ်လိုက်ချင်သေးသည်။ သ်ု့သော်လည်း ထိုသူများ၏အကြံအား မိမိသိရှိလိုက်ပြီးဖြစ်သည့်အတွက် ဇွတ်အတင်းမလုပ်တော့ပဲ ထိုသူတို့အား လိုအပ်လာလျင် အသုံးချရန်တွေးမိလိုက်စေသည်။
''ရှင်တစ်ခုတော့ သတိထားရမယ်နော် ဒီဆေးရုံမှာရှိနေတဲ့ သူတွေအားလုံးက ကျွန်မလိုမဟုတ်ဘူး လူရိပ်လူကဲ သိပ်သိကြတာ… ရှင့်ကိုလွယ်လွယ်လေးနဲ့ လက်ခံလိုက်ကြတာ သူတို့မှာ အကြောင်းရင်းတစ်ခုတော့ရှိလိမ့်မယ် ရှင်အဲ့ဒါကို သေချာသတိထားပါ''
''အင်းပါ… အခုလိုထပ်ပြောပေးတဲ့ မင်းကို ငါကျေးဇူးထပ်တင်ပါတယ်''
''ရပါတယ်… လာ… ကျွန်မတို့လဲ သူတို့နဲ့ရောပြီး အပေါ်တတ်ကြမှဖြစ်မယ်''
မြေညီထပ်ဆီ၌ နပ်စ်မလေးနှင့်အတူ တိုင်ပင်စကားများစွာ ပြောဆိုစေရင်း ထိုသူနှစ်ဦးသည်လည်း အပေါ်ထပ်ဆီသို့ တတ်ရောက်ရန် ရွယ်လိုက်လေသည်။ ချောင်းမြောင်းအကဲခတ်နေသော ဒေါက်တာသန်းနိုင်သည်လည်း ထိုသူနှစ်ဦး အလယ်လှေကားဆီသို့ လှမ်းလာနေပြီဖြစ်သည်ကြောင့် သူသည်လည်း ဆရာဝန်ကြီးရှိရာ အပေါ်သို့ လျင်မြန်စွာတတ်ရောက်သွားစေခဲ့သည်။
''ရဲမောင်… ရဲမောင်… ဖြစ်မှဖြစ်ရလေ သူငယ်ချင်းရာ ဖြစ်မှဖြစ်ရလေကွာ''
''ဆရာဆရာ… ဒေါင့်ဘက်လှေကားကနေ ဒေါက်တာကျော်စွာဒဏ်ရာတွေနဲ့ တတ်လာတယ်ဆရာ''
''ဟင်!…''
ဆရာဝန်ကြီအား သစ္စာဖောက်သည်လား။ သို့မဟုတ် လမ်းမှန်သို့ ပို့ဆောင်ပေးချင်သည်လား။ ထို့ကြောင့် မိမိ၏သူငယ်ချင်းဖြစ်သူ ဆရာဝန်ကြီးတစ်ယောက် ထပ်မံ၍ အမှားစွာမပြုလုပ်နိုင်ရန် ဖမ်းချုပ်ထားသော လူငယ်များအား ဒေါက်တာရဲမောင်တစ်ယောက် လွတ်ပေးစေခဲ့သည်။ ထိုအကြောင်းများအား ဒေါက်တာကျော်စွာ သိရှိခဲ့သည်။ ဒေါက်တာရဲမောင်နှင့် အပြန်အလှန်စကားများစေခါ တိုက်ခိုက်ကြရင်း ကျော်စွာတစ်ယောက် ဓားထိုးခံလိုက်ရသည်။ ဒေါက်တာကျော်စွာတစ်ယောက် သေဆုံးသွားခဲ့ပြီးဟု ထင်မှတ်ခါ ပထမထပ်အခန်းတွင်း၌ ထားရစ်စေခဲ့သော် ယခုကျော်စွာမှာမူ သေလုနီးပါးဓားဒဏ်ရာနှင့် ဒုတိယအထပ်သို့ တတ်ရောက်လာခဲ့သည်။
''မောင်… မောင်ကျော်စွာ မင်းဘယ်လိုဖြစ်ရတာလဲ''
''အား!… ဆ…ဆရာဝန်ကြီး"
"ပြောလေကျော်စွာ မင်းနဲ့ရဲမောင်ကို ဘယ်သူတွေဒုက္ခပေးရတာလဲ''
''ဆ…ဆရာ''
''ကျော်စွာသတိထားဦးလေ''
''ဒေါက်… ဒေါက်တာရဲမောင်… ဒေါက်တာရဲမောင် ဆ…ဆရာဝန်ကြီးအပေါ် သစ္စာ…သစ္စာဖောက်ပြီး လူ…လူတွေကို လွတ်…လွတ်ပေးလိုက်တယ်… ပြီး ပြီးတော့ ကျွန်…တော့်ကိုပါ အသေသတ်တယ်''
''ဘာ!… မဖြစ်နိုင်ဘူး… ရဲမောင် ငါ့အပေါ်သစ္စာဘယ်တော့မှ ဖောက်မှာမဟုတ်ဘူး… မင်း… မင်းလိမ်နေတာ''
''ဆ…ဆရာ…ကျွန်…ကျွန်တော် တ…တကယ်ပြော!…''
''တိတ်စမ်းကွာ… ဆက်မပြောနဲ့ ဓားပေးစမ်း… ငါ့သူငယ်ချင်းကို ငါယုံကြည်တယ် သူငါ့ကိုဘယ်တော့မှ သစ္စာမဖောက်ဘူး မင်းလိမ်နေတာ ကဲ့ကွာ…သေစမ်း!''
ညီအစ်ကိုအရင်းကဲ့သို့ ချစ်ခင်ကြသည်။ ဒေါက်တာရဲမောင်နှင့်။ အထက်တန်းကျောင်းသား ဘဝကတည်းမှ ဆေးကျောင်းအတူတူ တတ်သည့်အချိန်ထိ။ ဒါတင်မက ယခုအချိန်ထိလည်း မိမိတစ်ယောက် အမှားကြီးမှားစွာ ပြုလုပ်နေခဲ့သည့်အထိ မိမိနှင့်အတူ စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးခဲ့ဘူးသည်။ ထို့ကြောင့် ယခုဒေါက်တာကျော်စွာ ပြောဆိုခဲ့သော စကားများဟာ လုံဝမဖြစ်နိုင်ချေဟု သေမှတ်စေခဲ့ပြီး ပြောဆိုခဲ့သော ကျော်စွာကိုပင် စိတ်ရူးပေါက်ခါ အသေသတ်ပစ်လိုက်လေသည်။
''ဆရာ… ဆရာစိတ်အေးအေးထားပါ ဒေါက်တာရဲမောင်ကို သတ်လိုက်တဲ့ လူငယ်ကို ကျွန်တော်ဖမ်းမိထားပါတယ်''
''ဘာ!… ဘာပြောတယ် ရဲမောင်ကိုသတ်တဲ့သူ မိထားတယ်ဟုတ်လား''
''ဟုတ်… ဟုတ်ပါတယ်ဆရာ''
''သူဘယ်မှာလဲ အဲ့ဒီကောင်ဘယ်မှာလဲ သူဘယ်မှာလဲ''
''ဒီ… ဒီအခန်းထဲမှာပါဆရာ… သူ… သူလဲစိတ်အရူးတစ်ပိုင်း ဖြစ်…ဖြစ်နေပါတယ်ဆရာ''
''တွေ့ကြသေးတာပေါ့ကွာ… သန်းနိုင် သူငယ်ချင်း… ငါတို့သူငယ်ချင်းရဲမောင်အဖြစ်ကို ကြည့်ပါဦးကွာ''
''စွန်ရဲ!… ငါလဲမင်းနဲ့ထပ်တူ ခံစားရပါတယ်"
"ငါမကျေနပ်ဘူး ငါလုံးဝမကျေနပ်ဘူး… ရဲမောင်ကို ရက်ရက်စက်စက်သတ်ပစ်လိုက်တဲ့ အဲ့ဒီကောင်ကို ငါကိုယ်တ်ုင်လျှာဖြတ်ပြီး အရှင်လတ်လတ် ဘဝသတ်ပစ်မယ်''
'ဒေါက်တာ… ဦးရှမ်းကြီးရောက်လာတယ်''
''ရှမ်းကြီး… ဘာအကြောင်းထူးလို့လဲ''
''ထူး… ထူးတယ်ဆရာ… ဆရာတို့ဖမ်းထားတဲ့ ဒဏ်ရာတွေနဲ့တစ်ယောက်ကို အရပ်သားအဝတ်နဲ့ ရဲတစ်ယောက်ထမ်းခေါ်သွားတယ်ဆရာ… ကျွန်တောလဲ အဲ့ဒီရဲကိုတွေ့တာနဲ့ သတ်ပစ်လိုက်ပြီဆရာ''
''ဟင်!… ဒဏ်ရာတွေနဲ့လူငယ်… ဘယ်သူလဲ''
''ဘယ်သူလဲတော့ ကျွန်တော်လဲသေချာမသိဘူးဆရာ ဒါပေမယ့် သွေးကြောသွေးအဖြတ်ခံထားရတာတော့ ကျွန်တော်မြင်လိုက်တယ်''
''ဟာ!… ဒါဆို ဟိုအသက်ပြင်းကောင်ပဲ ခေါ်သွားတဲ့ရဲကို မင်းသတ်လိုက်ပြီဆိုတော့ ဒီကောင့်ကိုရော''
''သူ့ကိုပါ ကျွန်တော်သတ်ဖို့လုပ်နေတုန်း ရဲတွေထပ်ရောက်လာတာနဲ့ ကျွန်တော်လဲပြေးခဲ့ရတယ်ဆရာ''
''ဟာ!… ဒါဆို ငါတို့ဆီ ဒီရဲစုတ်တွေထပ်ရောက်လာတော့မှာ သေချာတယ်… မဖြစ်ဘူး မဖြစ်ဘူး… ရဲမောင်ကိုသတ်တဲ့ ခွေးကောင်ကို လျှာဖြတ်ပြီးရင် အဲ့ဒီရဲစုတ်တွေရန်ကနေ ကာကွယ်ဖ်ို့လုပ်ရတော့မယ်''
''ကဲ!… အားလုံး… အသစ်ရောက်လာတဲ့ မင်းလဲပါတယ် နားထောင်ကြ… အားလုံးကို ငါတာဝန်တစ်ခုစီပေးမယ်''
''ဟုတ်ကဲ့ဆရာ… ပြောပါ''
အမှိုက်များကြားမှ တန်ခိုးအား ကယ်တင်သွားခဲ့သော အရပ်ဝတ်ဖြင့် နယ်ထိန်းကြည်ဦးအား အသေသတ်လိုက်သည့် ထိုသူသည်လည်း ဆရာဝန်ကြီးထံသို အကြောင်းစုံရှင်းလင်ပြောပြစေခဲ့သည်။ ထို့ကြောင့် ဆရာဝန်ကြီးတစ်ယောက်သည်လည်း တန်ခိုးတစ်ယောက်လွတ်မြောက်သွားခါ ရဲများထံသို့ ရောက်ရှ်သွားပြီဖြစ်သောကြောင့် မိမိတို့၏ ဆေးရုံဆီသို့ ရဲအရာရှိများ ထပ်မံရောက်ရှိတော့မည်မှာ သေချာလှသည်ဟု တွက်ဆမိစေခဲ့သည်။ ထို့ကြောင့် ရဲအရာရှိများ ထပ်မံရောက်ရှိမလာခင်အခ်ျန်၌ ဆေးရုံအတွင်းမှ ဟန်ပျက်မှု့များမရှိစေရန် ကြိုတင်ပြင်ဆင်ထားစေခဲ့သည်။
*****
''ဖြစ်မှဖြစ်ရလေ… ကိုကြည်ဦးရာ ခင်ဗျားလိုရဲအရာရှိကောင်းတစ်ယောက် ကျွန်တော်တို့ရဲတပ်ဖွဲ့ကို နှုတ်ဆတ်သွားခဲ့တာ ကျွန်တော်မောင်ဝင်း သိပ်ဝမ်းနည်းမိတယ်''
''ဆရာ… စိတ်မကောင်းမဖြစ်ပါနဲ့တော့ ဆရာကြည်ဦးက လူတစ်ယောက်ကိုကယ်တင်ပေးခဲ့တယ်… အဲ့ဒီသူရဲ့ တစ်ကိုယ်လုံးမှာလဲ ဒဏ်ရာတွေရထားတယ်ဆရာ''
''ဘာ!…ကိုကြည်ဦးက လူတစ်ယောက်ကို ကယ်တင်ပေးရင်းနဲ့ အသတ်ခံလိုက်ရတာပေါ့ဟုတ်လား''
''ဟုတ်ပါတယ်ဆရာ''
''အဲ့ဒီ့သူ ဘယ်သူလဲ အခုရောသူဘယ်မှာလဲ''
''စခန်းထဲမှာရှိတယ်ဆရာ… ''
''ကောင်းပြီကောင်းပြီ ကျုပ်ကိုလမ်းပြပေး''
လွန်စွာဝမ်းနည်းခဲ့ရသည်။ ရဲတပ်ဖွဲ့အတွက် လွန်စွာတာဝန်ကျေပွန်သော နယ်ထိန်းကိုကြည်ဦးတစ်ယောက် ရက်စက်စွာအသတ်ခံလိုက်ရခြင်းနှင့် ပတ်သတ်ပြီး။ သို့သော်လည်း စိတ်မကောင်းဖြစ်ရုံမှလွဲ၍ သူ့၏အတွက် မည်သို့မှပင် လုပ်ဆောင်မပေးနိုင်တော့ချေ။ အလောင်းအား ဆေးရုံဆီသို့ ပို့ဆောင်ပေးစေခဲ့ပြီး ကိုကြည်ဦး၏ အလောင်းနံဘေးတွင် တွေ့ရှိခဲ့ရသော် ထိုသူ့အား ကိုမောင်ဝင်း၏ ခွင့်ပြုချက်စောင့်မျော်နေခဲ့သည်ကြောင့် စခန်းအတွင်း၌သာ ထားရစ်စေသေးသည်။
ရဲဘော်လေးများ၏ ပြောစကားများအား ကြားသိလိုက်ရသည်နှင့် ကိုမောင်ဝင်းနှင့် ဆန်းထွန်းပိုင်တို့သည်လည်း ထိုသူ့အား လိုက်လံကြည့်ရှု့လေခဲ့သည်။ ရဲဘော်နှစ်ဦး ခေါ်ဆောင်လာရာ စခန်းအတွင်းရှိ အခန်းတစ်ခုတည်းသို့အရောက် မြင်တွေ့လိုက်၏။ ထိုသူ့အား။ အံ့သြကြီးစွာ ဖြစ်သွားရသည်။
''ဟာ… ကိုမောင်ဝင်း… ကိုတန်ခိုး''
''ဟင်!… ကိုတန်ခိုး… ကိုတန်ခိုးပါလား သူ… သူဘယ်လိုဖြစ်ရတာလဲ သူ့ကိုဘယ်က တွေ့တာလဲ… သူနဲ့အတူ ဘယ်သူတွေရော တွေ့သေးတယ်… သူတစ်ယောက်တည်းကိုပဲ တွေ့ခဲ့တာလား ဘာကြောင့် အခုချိန်ထိ ကျုပ်မိတ်ဆွေကို ဆေးရုံမပို့ရတာလဲ''
''ကိုတန်ခိုး… ကိုတန်ခိုး သတိထားဥင်္ီးလေ''
အခန်းတွင်း၌ ဒဏ်ရာများနှင့် ရှိနေခဲ့သော မိတ်ဆွေဖြစ်သူတန်ခိုးအား ရဲအုပ်မောင်ဝင်းနှင့် ဆန်ထွန်းပိုင်တို့နှစ်ဦးသား အံ့သြတကြီး မြင်တွေ့လိုက်ရသည်နှင့် လွန်စွာပြာယာခတ်သွားစေခဲ့သည်။ ထို့နောက် စိုးရိမ်ကြီးလွန်းလှသော လေသံများနှင့်အတူ မေးခွန်းများစွာ တရတ်ဆက်မေးမြန်းလေတော့သည်။
''မ…မသိဘူးဆရာ… ကိုကြည်ဦးအလောင်းဘေးနားမှာ အဲ့ဒီလူကို တွေ့ခဲ့တာပဲ… သူတစ်ယောက်ကိုပဲ တွေ့ခဲ့တာ တခြားဘယ်သူ့ကိုမှ မတွေ့ခဲ့ပါဘူး''
''ဟာ!… ဘာဖြစ်လို့အခုချိန်ထိ သူ့ကို ဆေးရုံမပို့ကြတာလဲ"
''ဒီ…ဒီလိုပါဆရာ… သူ…သူက လူဆိုးလား လူကောင်းလားမသိသေးတာနဲ့ ဆရာမောင်ဝင်းခွင့်ပြုချက်ကို စောင့်နေတာပါ''
''ဒါ…ကျုပ်နဲ့ ညီအစ်ကိုလိုခင်မင်တဲ့ မိတ်ဆွေတစ်ယောက်ဗျ… ကားကြီးတိမ်းမှောက်မှု့ထဲမှာ သူတို့တွေလဲပါနေတယ်… ကိုကြည်ဦးသူ့ကိုဘယ်ကနေ ခေါ်လာခဲ့တာပါလိမ့်… ကိုတန်ခိုး ကိုတန်ခိုး''
မေးလိုက်ချင်သေးသည်။ သေဆုံးသွားခဲ့သော နယ်ထိန်းကြည်ဦးအား။ ဒဏ်ရာများစွာ ရရှိထားခဲ့သော မိမိ၏ညီအစ်ကိုရင်းသဖွယ် ခင်မင်ရသော တန်ခိုးအား မည်သည့်နေရာဆီမှ ခေါ်ဆောင်လာခဲ့ရသနည်။ မေးလိုက်ချင်သေးသည်။ မိတ်ဆွေဖြစ်သူအား တစ်ဦးတစ်ယောက်တည်းကိုသာ တွေ့ရှိခဲ့ရလေသလား။ ထိုသူနှင့်အတူ မိတ်ဆွေများဖြစ်သူ ဆန်းထွန်းပိုင်၏ဖခင်နှင့်တပည့်များ ထီးကလေး လမ်းကလေး ငါးကလေး မျှားကလေးတို့အားလည်း ကိုကြည်ဦးနှင့် ဆုံတွေ့ခဲ့ကြသေးလား။ ထိုသူများ အဘယ်သို့ရောက်ရှိနေခဲ့သနည်း။ သေဆုံးသွားခဲ့သော ကိုကြည်ဦးတစ်ယောက် သိများသိရှိနေမလား။
အတွေးများစွာဝင်ရောက်လာခါ ကိုမောင်ဝင်းတစ်ယောက် လွန်စွာစဉ်းစားသွားခဲ့ရချေသည်။ မေးလိုက်ချင်သေးသည်။ တန်ခိုးနှင့်အတူ နေအိမ်ဆီမှ ထွက်ခွားသွားခဲ့ကြသော မိမိ၏ဖခင်နှင့်တပည့်များ အဘယ်မှာနည်း။ တန်ခိုးနှင့်မခွဲအတူ အမြဲတစေ မြင်တွေ့နေခဲ့ရသော မိတ်ဆွေများဖြစ်သည့် ထီးကလေးနှင့်လမ်းကလေး မျှားကလေးနှင့်ငါးကလေးတို့သည်လည်း အဘယ်သို့ရောက်ရှိနေကြသနည်း။ သို့သော် မေးမြန်းခွင့်မရ တန်ခိုးတစ်ယောက် မေ့မျောသတိလစ်နေသေးသည်။
***** ****
''ငါအကြံရပြီ… လူသတ်သမားတွေကို အနုကြမ်းစီးရမယ်… သူတို့အလစ်မှာ ငါ့သူငယ်ချင်းတွေကိုကယ်ဖို့ ငါလုပ်ရမယ်''
''ရှင်ဘာကြံမိလို့လဲ''
''ဒီလို… အခုဆေးရုံထဲဝင်ပြီး လူသတ်သမားတွေရဲ့ အငိုက်မိတဲ့အချိန်ကို အလစ်ဝင်မယ် ပြီးတာနဲ့ သူတို့ခေါင်းဆောင် ဟိုဆရာဝန်ကြီးကို အကြပ်ကိုင်မယ်… ပြီးရင် ငါ့သူငယ်ချင်းတွေကို ဆေးရုံအပြင်ခေါ်ထုတ်မယ်… သူတို့ဆီက ဖုန်းနဲ့ရဲစခန်းကိုအကြောင်းကြားမယ်''
''လွယ်ပါ့မလား''
''ဘာဖြစ်လို့မလွယ်ရမှာလဲ… လူကြံရင် ဘာခံနိုင်မလဲ ငါသွေးပူနေလ်ို့သာ ဘာမှမစဉ်းစားမိခဲ့တာ… အခုတော့ ငါစဉ်းစားမိပြီ ငါပြောတဲ့အတိုင်းလုပ်မယ်''
''ငါလဲမေ့နေလိုက်တာ မင်းနာမည်တောင် မမေးမိဘူး… မင်းကိုဘယ်လိုခေါ်ရမလဲ''
''ကျွန်မနာမည် သီရိမေပါ… ရှင်မမေးတာနဲ့ ကျွန်မလဲ ရှင်မသိချင်ဘူးထင်လို့ မပြောဖြစ်ခဲ့တာ''
''ကောင်းပြီး သီရိမေ… ငါဇွတ်မလုပ်တော့ဘူး… မင်းဘက်ကသာ ငါခိုင်းတာလေးတွေ လိုက်လုပ်ပေးဖြစ်မလား''
''ရှင့်ကိုကူညီပေးဖို့ ကျွန်မအသင့်ပါပဲ''
စဉ်းစားမိချေသလား။ သူတစ်ယောက် သွေးပူစွာ ဆုံးဖြတ်ခဲ့သမျှ။ ယခုဆေးရုံဝဏ်းအတွင်း၌ နံရံအားမှီထားစေရင်း အကြံစည်များစွာ ရရှိသွားစေသည်။ ထို့ကြောင့် ဆေးရုံအတွင်းသို့ ပတ်ဝန်းကျင်အား အခဲခတ်စေခါ စတင်ဝင်ရောက်ရန် ဟန်ပြင်လိုက်ချေသည်။ အသံမထွက် အမူယာပါသော ဟန်ပန်များနှင့် ဝိဥာဉ်မလေးမှာ သူမအရှေ့မှ ဦးတည်ဝင်ရောက်ဖြစ်ကြောင်း ဟန်ပြစေခဲံ့သည်။ ထီးကလေးသည်လည်း သူမ၏အမူယာများအား ကောင်းစွာသိရှိစေရင်း ခေါင်းလေးအား အသာငြိမ့်ပြသည်။
ဆေးရုံ၏စုတ်ပျက်နေသော အနောက်ပေါက်မှ စတင်ဝင်ရောက်လာခဲ့၏။ မြေညီထပ်ဆီသို့ ရောက်ရှိလာခဲ့ပြီး ပတ်ဝန်းကျင်အား အကဲခတ်စေသည်။ ရှင်းလင်းတိတ်ဆိတ်နေခဲ့သည်က တစ်မျိုးတစ်ဖုံ ထူးခြားနေသည်။ ဒေါင့်ဘက်လှေကားဆီမှ ပထမအထပ်သို့ ဖြေညင်းစွာ တတ်ရောက်လာစေသည်။ အရှေ့မှ ဦးတည်နေသော ဝိဥာဉ်မလေးတစ်ယောက် ဆေးရုံလျောက်လှမ်းအတိုင်း ပထမဝရမ်တာမှ အလယ်လှေကားဆီသို့ ဦးနေရာမှ ဒေါင့်ဘက်သို့ရုတ်တရက်ပြေးဝင်ခါ ကျောနှင့်နံရံကပ်လိုက်သည်။ ရှုးတိုးတိုးဟူသော အမူဖြင့် အနောက်မှ ထီးကလေးအား ဟန်ပြစေသည်။
''ဘယ်သူလဲ…''
''ဒေါက်တာသန်းနိုင်… အလယ်လှေကားဘေး အခန်းထဲဝင်သွားတယ်''
ကျယ်လောင်သော အသံပင်မဟုတ်။ ထို့အတူ ပုံမှန်အသံလည်း မဟုတ်ချေ။ လွန်စွာတိုးလွန်းလှသည်။ ဒေါက်တာသန်းနိုင်တစ်ယောက် ယခုအထပ် အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်ဖြစ်ကြောင်း ပြောဆိုလေသည်။
''ဟာ… အဲ့ဒါဂွင်ပဲ''
''ဘာဂွင်လဲ''
''ရှုး!… ဘယ်အခန်းလဲ''
''အလယ်လှေကားဘေးအခန်း''
ဝိဥာဉ်မလေး၏ အဖြေကြောင့် ထီးကလေးတစ်ယောက် လူသတ်သမားများဆီမှ ရရှိထားသော ဓားမြောင်လေးအား ခါးကြားဆီမှ ထုတ်ယူလိုက်သည်။ သူ၏အပြုမူများအား နံဘေး၌ရှိနေသော ဝိဥာဉ်မလေးနားမလည်နိုင်။ သို့သော်လည်း မေးမြန်းခြင်းများ မရှိခဲ့ချေ။ ဝိဥာဉ်မလေး၏ ပြောစကားကြောင့် ထီးကလေးသည်လည်း ထိုအခန်းဆီသို့ အပြေးဦးတည်လိုက်သည်။ သို့သော် ခြေသံများ မကြားစေလောက်သည့် အပြေးသွားသော ခြေသံများနှင့်ဖြစ်သည်။
အနည်းငယ်မျှ တုန်လှုပ်နေခဲ့သည်။ ဒေါက်တာသန်းနိုင် ဝင်ရောက်သွားခဲ့သော အခန်းဝနံဘေး၌ ကျောလေးအသာကပ်ခါ ဓားမြောင်အား ကိုင်ဆောင်ထားရင်း ဒေါက်တာသန်းနိုင် ထွက်ရောက်လာမည့်အချိန်ကိုသာ စောင့်စားနေခဲ့သည်။ တုန်လှုပ်နေခဲ့သည်က ဒေါက်တာရဲမောင်တစ်ယောက် အခန်းတွင်းမှ ထွက်ရောက်မလာသေးခင်အချိန် အလယ်လှေကားဆီသို့ တစ်ဦးတစ်ယောက် တတ်ရောက်လာခဲ့လျင် မိမိ၏အကြံစည်များ ပျက်ပျယ်သွားလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ဒေါက်တာရဲမောင်တစ်ယောက် အခန်းတွင်းမှ အမြန်ဆုံးသာလျင် ထွက်ခွာလာခါမှ မိမိ၏ အကြံစည်များ အထမြောက်စေနိုင်လိမ့်မည်။
သူတစ်ယောက် အဘယ်သို့ပြုလုပ်မည်နည်။ တစ်ဖက်အခန်းဝ၌ ထီးကလေးကဲ့သို့ နံရံလေးအား အသာကပ်လျက်ထားခဲ့သော ဝိဥာဉ်မလေးတစ်ယောက် နားမလည်နိုင်ခဲ့ချေ။ သို့သော်လည်း ထီးကလေး၏ ဆက်လက်ပြုလုပ်လာမည့် အခြေနေများကိုသာ သူမတစ်ယောက် မျက်မှောက်အားကြုတ်လျက် အသာစောင့်ကြည့်နေလိုက်သည်။
အခန်းအတွင်းမှ ဒေါက်တာသန်းနိုင်သည်လည်း လိုအပ်သည်များ ပြုလုပ်ပြီးသည်နှင့် သူသည်လည်း အခန်းအပြင်သို့ အသာအယာထွက်ရန် တံခါးလေးအား ဖွင့်လိုက်သည်။ အခန်းဝနံရံ၌ ရှိနေခဲ့သော ထီးကလေးသည်လည်း ဒေါက်တာသန်းနိုင် အခန်းတံခါးဖွင့်ခါ အပြင်သို့ခြေလှမ်း လှမ်းလိုက်သည်နှင့် သူ၏ခြေထောက်အား မိမိ၏ခြေထောက်ဖြင့် ထိုးခံလိုက်ချေသည်။
သတိမမူ ဂူမမြင်ဟု ဆိုရလေမလား။ သတိမမူမိသော ဒေါက်တာသန်းနိုင်သည်လည်း ထီးကလေး၏ခြေထောက်အား ခလုတ်တိုက်မိခါ အခန်းအရှေ့၌ပင် ချော်လဲသွားခဲ့ရသည်။ သို့နှင့် သူသည်လည်း လဲကျသွားခဲ့သော ဒေါက်တာသန်းနိုင်အား ကိုင်ဆောင်ထားခဲ့သော ဓားမြောင်ဖြင့် အပြေးသွားခါ လည်ပင်းဆီသို့ ချိန်ဆလိုက်လေသည်။
*******
* ဒဏ်ရာများနှင့် တန်ခိုးတစ်ယောက် ပြန်လည်သတိလည်လာဦးမည်လား။ သူ၏ပြောစကားများကြောင့် ရဲအရာရှိများသည်လည်း ဆေးရုံအကြောင်းသိရှိရမည်လား။ သို့မဟုတ်…
* လူမိုက်ယောင်ဆောင်ထားသော တောသားအကြောင်း ဒေါက်တာသန်းနိုင်သိရှိသွားခါ မည်သို့ပင်ဆက်လက်ဖြစ်လာမည်နည်း။
* ဒေါက်တာသန်းနိုင်နှင့် ထီးကလေး၏ အခြေနေများသည်လည်း မည်သို့ပင် ဆက်လက်ဖြစ်လာကြမည်နည်း။
အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၂၆)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
*****
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
(၂၄.၃.၂၀၁၆)
မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်၍ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၂၇)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
******************
သတိမမူ ဂူမမြင်ဟု ဆိုရလေမလား။ သတိမမူမိသော ဒေါက်တာသန်းနိုင်သည်လည်း ထီးကလေး၏ခြေထောက်အား ခလုတ်တိုက်မိခါ အခန်းအရှေ့၌ပင် ချော်လဲသွားခဲ့ရသည်။ သို့နှင့် သူသည်လည်း လဲကျသွားခဲ့သော ဒေါက်တာသန်းနိုင်အား ကိုင်ဆောင်ထားခဲ့သော ဓားမြောင်ဖြင့် အပြေးသွားခါ လည်ပင်းဆီသို့ ချိန်ဆလိုက်လေသည်။
''ဘာ!…မင်းပြောတယ် တကယ်ပဲလားသန်းနိုင်''
''တကယ်ပဲစွန်ရဲ… ငါ့နားနဲ့ဆက်ဆက်ကြားရုံတင်မကဘူး သူတို့နှစ်ယောက် တရင်းတနှီးပြောနေကြတာ ငါ့မျက်စိနဲ့ကိုး တပ်အပ်မြင်ခဲ့ရတာ… ဟိုနပ်စ်မက မင်းအပေါ်သစ္စာဖောက်ပြီး အဲ့ဒီတောသားနဲ့ ပေါင်လုပ်ကြံတော့မယ်… ပြီးတော့ အခုဆေးရုံရောက်နေတဲ့ ချာတိတ်တွေနဲ့ အဲ့ဒီတောသားနဲ့က တစ်ဖွဲ့တည်းပဲကွ သူ့မိတ်ဆွေတွေကို ငါတို့ဆီက ကယ်ပြီးတာနဲ့ နပ်စ်မလေးကိုလည်း ဒီဘဝကနေ လွတ်မြောက်အောင်လုပ်ပေးမယ်လို့ ပြောနေကြတာ ငါ့နားနဲ့ကိုးဆက်ဆက်ကြားခဲ့တာပဲ"
''ငါတို့ဆီလာပြီး ဒီလိုလုပ်လို့ရမယ်တဲ့လား… တွေ့ကြသေးတာပေါ့ကွာ… သူတို့အားလဲုးက တစ်ဖွဲ့တည်းဆိုတော့ အိမ်ကြက်ချင်း အိုးမည်းသုတ်ပေးလိုက်ကြတာပေါ့ သူတို့မျှော်လင့်တဲ့အချိန် ဘယ်တော့မှ ရောက်မလာစေရဘူး''
''မင်းဘယ်လိုလုပ်မယ် တွေးထားလဲစွန်ရဲနိုင်''
''ရဲမောင်လဲသေပြီ… ဟိုကောင်တစ်ကောင်လဲ ငါတို့ဆီကလွတ်ပြီး ရဲလက်ထဲရောက်သွားပြီဆိုတော့ ရဲစုတ်တွေထပ်မလာခင် သစ္စာဖောက်တွေကို ပညာပေးထားရမယ် အခု မင်းပထမ အလယ်လှေကားဘေး အခန်းမှာ… ပစ္စည်းတစ်ခုသွားယူပေး ပြီးတာနဲ့ အပေါ်ကိုချက်ချင်းပြန်တတ်လာခဲ့… ရဲမောင်ကိုသတ်တဲ့ ခွေးကောင်ကို ငါအရှင်လတ်လတ်အရေခွံစုတ်ချင်သေးတယ်''
''ကောင်းပြီစွန်ရဲ… တောသားကို သတိထားနော် ဒါဆိုငါသွားမယ် မင်းကိုစိတ်မချဘူး အခုချက်ချင်းပြန်လာမယ်''
လမ်းစောင့်လူသတ်သမား ရှမ်းကြီး၏အကြောင်းကြားချက်ဖြင့် ဆရာဝန်ကြီးသည်လည်း တန်ခိုး၏အဖြစ်အား သိရှိလိုက်ရပြီး ဒေါက်တာသန်းနိုင်သည်လည်း အစ်ကိုအောင်နှင့် နပ်စ်မလေးတို့၏ အကြံစီများအား ဆရာဝန်ကြီးထံသို့ နှစ်ကိုယ်ကြားအသိပေးစေခဲ့သည်။ ထို့နောက် ဒေါက်တာသန်းနိုင်အား ပထမထပ်သို့ စေခိုင်းလိုက်ပြီး ဆရာဝန်ကြီးမှာမူ မောင်စန်းမြင့်နှင့် တောသား လူသတ်သမားများရှိနေသည့် နေရာဆီသို့ ပြန်လည်သွားရောက်စေခဲ့သည်။
''လူမိုက်တောသားလေ!… မင်းကိုငါဘယ်လိုခေါ်ရမလဲ မင်းနာမည်…''
''ကျုပ်နာမည်က အောင်ကို'
''ဟုတ်ပြီမောင်အောင်ကို… အခုလောလောဆယ်တော့ မင်းကိုငါခိုင်းဖို့အလုပ်မရှိသေးဘူး… မောင်အောင်ကို မင်းအေးအေးဆေးဆေး နားနေလို့ရတယ်''
''ဟုတ်ကဲ့ဒေါက်တာ… လိုအပ်တာရှိရင်ပြော ကျုပ်အစွမ်းကုန်လုပ်ပေးမယ်''
''ကောင်းပြီကောင်းပြီ… မောင်စန်းမြင့်… မင်းတစ်ကိုယ်လုံးမှာလဲ ပေတေနေတာပဲ… သွား… အကျီမြန်မြန်သွားလဲပြီး အပေါ်ပြန်တတ်လာခဲ့''
''ဆရာ… ကျွန်…ကျွန်တော့်မှာအကျီမရှိတော့ဘူးဆရာ''
''ဟာကွာ… ထားလိုက်တော့ သွား… ဟိုဘက်အခန်းထဲမှာ ရဲဝတ်စုံတစ်ခုရှိတယ် အဲ့ဒါဝတ်ထားလိုက်… မြန်မြန်လုပ်… ပြီးတာနဲ့ ရဲမောင်ကိုသတ်တဲ့ ခွေးကောင်ကိုပညာပေးရမယ်''
''ရှမ်းကြီး မင်းက မင်းနေရာမှာပဲ ပတ်ဝန်းကျင် အခြေနေပြန်လေ့လာ… အကြောင်းတစ်ခုခု ထူးပြီဆိုတာနဲ့ ငါတို့ဆီ ချက်ချင်းအကြောင်းကြား''
''ဟုတ်ကဲ့ဆရာ… ဒါဆိုကျွန်တော်သွားပြီ''
ကိုယ်ဆီတာဝန်များပေးစေသည်။ မောင်စန်းမြင့်သည်လည်း ဆရာဝန်ကြီး၏ စေခိုင်းချက်ဖြင့် စုတ်ပျက်နေသော သူ၏အဝတ်စားများအား လဲလှယ်စေခဲ့ပြီး စခန်းမှူးကြီး ကိုထိန်ဝင်း၏အဝတ်စားများအား လျင်မြန်စွာဝတ်စေခဲ့သည်။ တောသားအောင်ကိုအား ဆရာဝန်ကြီးတစ်ယောက် အလစ်မခံ သူ၏နံဘေးတွင်သာ ရှိနေစေခိုင်းသည်။ သူ့အားလည်း တစ်ချက်ကလေးမျှအလစ်မပေး သတိထားလျက် မိမိအား သစ္စာဖောက်မည့် သူဟုသိရှိထားခြင်းကြောင့်ဖြစ်သည်။
''ရပြီဆရာ…''
''အိုး… ငါ့တပည့်ကြီးမောင်စန်းမြင့်က ဒီလိုအဝတ်စားနဲ့ကြတော့လည်း တယ်ခန့်ညားပါလားကွ''
''ဟာဗျာ… ဆရာကလဲ ဆရာတပည့်ချင်းချင်းမြောက်နေပြန်ပါပြီ… ကျွန်တော်အခုဘာလုပ်ပေးရမလဲ''
''ရဲမောင်ကို ရက်ရက်စက်စက် သတ်ခဲ့တဲ့ ခွေးကောင်ဘယ်မှာလဲ''
''ဒီ…ဒီခန်းထဲမှာပါဆရာ''
''ကောင်းပြီး… သူ့ဆီသွားမယ်… ကဲ…ကျန်တဲ့သူတွေအားလုံး ငါတာဝန်ပေးထားတဲ့အတိုင်း ကိုယ်နေရာနဲ့ကိုယ် ရှိနေကြ… မောင်အောင်ကို ဒေါက်တာ့အနားမှာပဲ နေနော်''
''ဟုတ်ကဲ့ဒေါက်တာ''
တစ်ဖက်၌ ရဲဝတ်စုံနှင့် မောင်စန်းမြင့်အား ထားရစ်စေခါ တစ်ဖက်မှ တောသားအောင်ကိုအား ရှိနေစေခိုင်းသည်။ ထို့နောက် အခန်းတစ်ခုအတွင်း၌ ချုပ်နှောင်ထားခဲ့သော စာမိထံသ်ို့ ဦးတည်လေခဲ့သည်။
ထိုအခန်းဟာ မည်းမှောင်နေသည်။ အလင်းရောင်ဟူ၍ အဝါရောင်မီးလုံးကလေးသာ ထွန်းလင်းထားသည်။ ချုပ်နှောင်ထားသော စာမိသည်လည်း အခန်းတွင်း၌ တွန့်လိမ့်စွာရုံးကန်နေခဲ့သည်။ ဆရာဝန်ကြီးဦးဆောင်ခါ မောင်စန်းမြင့်နှင့်အောင်ကိုတို့သည်လည်း ထိုအခန်းတွင်းသို့ ဝင်ရောက်လာကြ၏။ အခန်းဝ၌ ဆေးရုံဝန်ထမ်း ယူနီဖောင်းဖြင့် လူသတ်သမားလေးဦးအား အစောင့်ထားစေသည်။
လူမိုက်အောင်ကို၏အတွင်းစိတ်၌ ဒေါက်တာရဲမောင်အား ရက်စက်စွာသတ်ပစ်ခဲ့သည်ဟုဆိုသော လူငယ်သည် မည်သူဖြစ်နေမည်နည်း။ ဆရာဝန်ကြီး၏ပုံစံမှာလည်း သူ၏သူငယ်ချင်းဒေါက်တာတစ်ယောက် အသတ်ခံလိုက်ရခြင်းနှင့်ပတ်သတ်ခါ အလွန်ပင် ဒေါသထွက်နေပုံပေါ်သည်။ အခန်းအတွင်းရှိ လူငယ်အား ရက်စက်စွာပြုမူတော့မည်မှာ မလွဲလှချေ။ နပ်စ်မလေထံမှ မိမိ၏ မိတ်ဆွေဖြစ်သူ ဆေးရုံအတွင်း၌ှ လွတ်မြောက်နေခဲ့သည်ဟု သိရှိထားရသည်။ သို့သော်မည်သူတွေများ လွတ်မြောက်နေခဲ့သနည်း။ ထိုအခန်းတွင်းရှိလူငယ်ဟာ မိတ်ဆွေဖြစ်သူ ထီးကလေးပင်လား။ ဤသို့ဆိုလျင် သူတစ်ယောက် ထိုလူသတ်သမားများကြားမှ မိတ်ဆွေဖြစ်သူအား မည်သို့ပင်ကယ်တင်ရမည်နည်း။ လွန်စွာစိုးရိမ်ပူပန်နေမိသည်မှာ အမှန်ပင်ဖြစ်လှ၏။
သို့သော်လည်းဟန်မပျက် ဆရာဝန်ကြီး၏ ဘေးတစ်တစ်ချက်မှ နေ၍ လူမိုက်ဟန်ဖြင့်လိုက်ပါလာခါ အခန်းတွင်းသို့ ရောက်ရှိလာသည်နှင့် ချုပ်နှောင်ထားခဲ့သော ထိုလူငယ်အား အောင်ကိုတစ်ယောက် မြင်တွေ့လိုက်ရသည်။ ထို့နောက် ထိုသူ၏မျက်နှာအား ဖုံးအုပ်ထားခဲ့သော မျက်နှာဖုံးအား အစ်ကိုအောင်တစ်ယောက် မာန်ပါပါဖြင့် ဆွဲချွတ်လိုက်စေသည်။ စိတ်အမှန် ဟန်အမှားဟုဆိုရလေမလား။ စိတ်အတွင်း၌ လွန်စွာစိုးရိမ်နေခဲ့သော်လည်း အပြင်ဟန်၌ လူမိုက်အသွင် ခတ်ထန်စွာနှင့် ထိုလူငယ်၏မျက်နှာအား စူးစိုက်စွာကြည့်လိုက်သည်။
သိရှိလိုက်ရ၏။ အလွန်ပင်တော်သေးသည်။ သူ၏မိတ်ဆွေဖြစ်သူ ထီးကလေးပင်မဟုတ်။ သို့သော်လည်း ထိုလူငယ်ဟာ မည်သူနည်း။ စိတ်အတွင်း၌ တွေဝေမှု့များစွာရှိနေခဲ့သော်လည်း ဟန်ဆောင်ကောင်းစွာဖြင့် ဆရာဝန်ကြီး၏နံဘေး၌ ရှိနေစေခဲ့သည်။
''ငါ့သူငယ်ချင်းကို ရက်ရက်စက်စက် သတ်ပစ်တဲ့ကောင်… မင်းကို အရှင်လတ်လတ် ပြန်သတ်ပစ်မယ်''
စာမိသည်လည်း အချိန်ကြာမြင့်စွာ မျက်နှာပြင်အား မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားခြင်းခံနေရသည်ကြောင့် မျက်နှာဖုံးချွတ်လိုက်သည်နှင့် အမြင်အာရုံတစ်ခုလုံး ဝေဝါးနေခဲ့လေသည်။ ဆရာဝန်ကြီးသည်လည်း ခတ်ထန်လှသော စကားသံများနှင့် ချုပ်နှောင်ထားခဲ့သော စာမိ၏လက်ပြန်ကြိုးများအား ဖြေပေးစေခါ ဘယ်ဘက်လက်ချောင်းကလေးများအား ကိုင်ဆောင်ထားခဲ့သော တူဖြင့်ထုရိုက်ချေခဲ့သည်။
စူးနစ်လှသော အော်သံများထွက်ပေါ်လာခဲ့သည်က ထိုအခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားစေသည်။ အောင်ကိုသည်လည်း ရင်နာနာဖြင့် စာမိအား ချုပ်နှောင်ထားပေးရသည်။ ဆရာဝန်ကြီးမှာမူ လွန်စွာစိတ်ရူးပေါက်ခါ စာမိ၏လက်ချောင်းကလေးများအား ကိုင်ဆောင်ထားခဲ့သော တူဖြင့်စိတ်ရှိတိုင်းသာလျင် ထုရိုက်နေခဲ့သည်။ အရိုးများစွာ ကြေမွလျက် လက်ချောင်းများမှ သွေးများစွာ စီးကျလာခဲ့သည်။
''မောင်စန်းမြင့်… ဒီကောင့်လျှာကိုဖြတ်စမ်း''
''ဟုတ်ကဲ့ဆရာ''
အနီးတွင်ရှိနေသော မောင်စန်းမြင့်အား ထိုသို့ခိုင်းစေသည်။ မောင်စန်းမြင့်သည်လည်း ဆရာဝန်ကြီး၏ နှုတ်မှစေခိုင်းလိုက်သည်နှင့် စာမိ၏လျှားအား ဖြတ်ယူရန် ပြင်ဆင်လေတော့သည်။
''တောသား!… သူ့ပါးစပ်ကိုဖြဲထားစမ်း''
''ဟင်…''
''ပါးစပ်ကိုဖြဲထားစမ်းလို့… ဘာလဲမင်းကြောက်နေတာလား မင်းပြောတော့ လူမိုက်ဆို ဖြဲ''
''ဘာလိုကြောက်ရမှာလဲ လုပ်''
တကယ်ပင်လျင် သူတစ်ယောက် ယခုအခါမှ မျက်မြင်ကိုယ်တွေ့ ရက်စက်လွန်းလှသော ထိုသူများနှင့် ကိုယ်တွေ့ကြုံဆုံနေရသည်။ ရက်စက်လွန်းသည်က ဆယ်ချောင်းသော လက်ချောင်းကလေးများအား စိတ်ကြိုက်ထုရိုက်စေကာ ယခုအခါတွင်လည်း ထိုလူငယ်၏လျှာအား တကယ်ပင်လျင်ဖြတ်စေရန် မောင်စန်းမြင့်တစ်ယောက် အောင့်ကိုအား ပါးစပ်ဖြဲထားရန် စေခိုင်းစေခဲ့သည်။ အောင်ကိုသည်လည်း လွန်စွာတုန်လှုပ်သွားမိသည်။ ထိုဆေးရုံရှိဆရာဝန်များဟာ မိမိထင်မှတ်ထားခဲ့သော အတွေးများထက်ပင် ပို၍ ရက်စက်လွန်းလှကြောင်း သိရှိလိုက်ရသည်။
မောင်စန်းမြင့်၏စကားနာထိုးမှု့များအပါဝင် ဆရာဝန်ကြီးသည်လည်း မိမိအား စူးစိုက်စွာအကဲခတ်နေသည်ကြောင့် တောသားအောင်ကိုမှာမူ စိတ်မကောင်းစွာနှင့် စာမိ၏ပါးနှစ်ဖက်အား လက်ဖြင့်ညစ်ပေးနေခဲ့သည်။ စာမိ၏မျက်လုံးအိမ်မှ မျက်ရည်များ စီးကျနေခဲ့ပြီး မိမိအား ထိုကဲ့သို့ မပြုလုပ်ပါနှင့်ဟု သူတစ်ယောက် ပြောဆိုချင်နေပုံရသည်။ သို့သော်လည်း မောင်စန်းမြင့်တစ်ယောက် ရဲတင်းစွာဖြင့် စာမိ၏ပါးစပ်အတွင်းမှ အနီးရောင်ခပ်သန်းသန်းဖြစ်နေသော လျှာအား ညှပ်ဖြင့်ဆွဲထုတ်ခါ ထက်မြတ်လှသော ကတ်ကြေးဖြင့် ညှပ်ထုတ်လိုက်လေသည်။
ဝူးဝူး ဟူသော အသံဟာ စာမိ၏ပါးစပ်မှ ထွက်ပေါ်လာသည်။ ပါးစပ်အတွင်းမှ သွေးများစွာလည်း စီးကျလာခဲ့သည်။ ကြမ်းပြင်အပေါ်၌ လူးလိမ့်သွားခဲ့သော စာမိအား မောင်စန်းမြင့်နှင့်ဆရာဝန်ကြီးတို့မှာ စူးစိုက်စွာကြည့်စေခါ ဟားတိုက်ရယ်မောစေသည်။ အောင်ကိုသည်လည်း ရက်စက်လွန်းလှသော ထိုသူများ၏အပြုမူများအား မျက်ဝါးထင်ထင်မြင်တွေ့စေခါ ရင်နာနာဖြင့် လိုက်လျောညီထွေစွာ ဟားတိုက်ရယ်မောစေခဲ့ရသည်။
''ဘာတတ်နိုင်သေးလဲ! မင်းအခုတော့ ဘာတတ်နိုင်သေးလဲဟမ်!… ခွေးကောင် သေစမ်းကွာ သေစမ်းကွာ''
''ဆရာ… ဒီကောင့်ကို ကန်မနေပါနဲ့တော့ ဆရာ့ခြေထောက်တွေ နာကုန်လိမ့်မယ် ဒီတူနဲ့သာ တစ်ခါတည်းထုသတ်ပစ်လိုက်''
''သူ့ကိုမသတ်ချင်သေးဘူး… ဒီ့ကောင့်ကို ဒီလိုဘဝမျိုးနဲ့ လူအဖြစ်ထားလိုက်မယ် တစ်သက်လုံး သူဘာမှလုပ်စားလို့မရတော့ဘူးပေါ့ကွ… ဟားဟားဟား''
''ဒါဆို ဒီကောင့်ကိုဘယ်လိုလုပ်မလဲ''
''ဒီအခန်းထဲမှာပဲထားလိုက်…''
''ဟုတ်ကဲ့ဆရာ''
''သန်းနိုင်တစ်ယောက် ကြာလှချည်လား အခုထိ ငါ့ဆီပြန်ရောက်မလာသေးဘူး အောက်မှာများ တစ်ခုခုဖြစ်နေလားမသိဘူး… မောင်အောင်ကိုနဲ့ မောင်စန်းမြင့် ဒီကောင့်ကို အခန်းထဲမှ တံခါးပိတ်ထားလိုက် အစာလဲမကျွေးနဲ့ ရေလဲမတိုက်နဲ့ ငါသန်းနိုင်ဆီ ခဏလိုက်သွားဦးမယ်''
''ဟုတ် စိတ်ချပါဒေါက်တာ''
အခန်းတွင်း၌မူ စာမိတစ်ယောက် လွန်စွာနာကြင်လှသောကြောင့် အော်ဟစ်ပစ်လိုက်ချင်သည်။ သို့သော်လည်း သူ၏လျှားအား ရက်စက်စွာ အဖြတ်ခံလိုက်ရခါ မပီသသော ညည်းညူသံများနှင့် ညည်းထွားနေခဲ့ရသည်။ လက်ချောင်းကလေးများမှာလည်း ကျိုးကြေ ကြေမွနေခဲ့ရပြီး တဆတ်ဆတ်တုန်ခါနေခဲ့သည်က သနားစဖွယ်ကောင်းလှသည်။ သို့သော်လည်း ရက်စက်စွာပြုမူခဲ့သည့် လူသတ်သမားများမှာ တဟားဟားရယ်မောမပျက်ခဲ့ချေ။ ထိုသို့ပြုမူခံလိုက်ရခြင်းကြောင့် သူ၏စိတ်များဟာလည်း သွေးပျက်လုမတတ်ဖြစ်နေခဲ့ရပြီး အမြင်အာရုံထဲ၌ မိမိ၏လျှာအား ရက်စက်စွာဖြတ်ပစ်ခဲ့သော ရဲဝတ်စုံနှင့်မောင်စန်းမြင့်ကိုသာ မြင်ယောင်ကြောက်လန့်နေခဲ့သည်။
မောင်စန်းမြင့်နှင့် မောင်အောင်ကိုအား တာဝန်ပေးစေခါ ပထမအထပ်သို့ စေခိုင်းလိုက်သော ဒေါက်တာသန်းနိုင်တစ်ယောက် အချိန်ကြာမြင့်စွာ ပြန်လည်ရောက်ရှိမလာခဲ့ခြင်းကြောင့် ဆရာဝန်ကြီးမှာမု ပထမအထပ်သို့ ဆင်းသတ်သွားခဲ့သော ဒေါက်တာသန်းနိုင်၏အနောက်သို့ လိုက်ပါသွားခဲ့ချေသည်။
*****
''ဒေါက်တာ ကျွန်တော်တို့လူနာအခြေနေလေး''
''ကျွန်တော်တို့အစွမ်းကုန် ကုသပေးသွားမှာပါ… ဒါပေမယ့် ခင်ဗျားတို့လူနာ ဆေးရုံရောက်လာတာ နည်းနည်းနောက်ကျသွားတယ် သူ့မှာ သွေးအားအရမ်းနည်းနေတယ်… ဒါကြောင့် အခုလောလောဆယ်တော့ သတိရလာမှာမဟုတ်သေးဘူး အသက်အန္တရယ်တော့ သိပ်မစိုးရိမ်ရတော့ပါဘူး''
''ဗျာ… အခုလောလောဆယ် သတိမရနိုင်ဘူးလားဒေါက်တာ''
''ဟုတ်တယ်… ဒါနဲ့ခင်ဗျားတို့လူနာ ဘယ်လိုဖြစ်ပြီး ဒီလိုဒဏ်ရာတွေ ရလာရတာလဲ''
''ဟူး… ကျွန်တော်တို့လဲမသိဘူး… သူ့ကကျွန်တော့မိတ်ဆွေတစ်ယောက်ပါ… ဒီနယ်အပိုင်အဝေးပြေးလမ်းမကြီးမှာ ကားကြီးတိမ်းမှောက်မှု့နဲ့ ကျွန်တော့မိတ်ဆွေတွေ ပတ်သတ်နေတယ်… သူသတိရလာမှ အဖြစ်အပျက်တွေ အားလုံးမေးလို့ရနိုင်မှာ''
''ဟင်… ဒါဆိုခင်ဗျားတို့လဲ ဒီလူ ဒီဒဏ်ရာတွေ ဘယ်လိုဖြစ်ပြီးရခဲ့တာလဲဆိုတာ မသိဘူးပေါ့''
''ဟုတ်ပါတယ်ဒေါက်တာ… သူ့ကိုကယ်လာတဲ့ ရဲအရာရှိတစ်ယောက်လည်း အသတ်ခံလိုက်ရတယ်… ရဲအရာရှိအလောင်းဘေးမှာ သူ့ကိုတွေ့ခဲ့တာပဲ ဒါနဲ့… သူ့ဒဏ်ရာတွေကိုကြည့်ရတာ ရဲအရာရှိကြီးနဲ့တူတူ တစ်ချိန်တည်းမှာ ရခဲ့တဲ့ဒဏ်ရာတွေနဲ့ မတူဘူး လူနာအပေါ် ဒေါက်တာ့အမြင်လေး ကျွန်တော့တို့ကို တဆိတ်လောက်ပြောပြပေးနိုင်မလား''
''အင်း… ဟုတ်တယ် သူ့ဒဏ်ရာတွေက အနည်းဆုံး ၂ရက်ကြာနေပြီး ကျွန်တော်တို့ဆေးစစ်ချက်အရ လူနာရဲ့ ပင်မသွေးကြောမကြီးတွေ အဖျက်ခံထားရတယ်… ဒီလိုသွေးကြောဖျက်နိုင်တဲ့ နည်းဆိုတာ သာမာန်လူတွေမလုပ်နိုင်ဘူး ဆေးပညာကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတဲ့ ဆေးဆရာဝန်တွေလောက်ပဲ ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်မှာ… တစ်ခြားသူတစ်ဦးတစ်ယောက်က အခုလိုသွေးကြောတွေကို ဖြတ်ပစ်ထားမယ်ဆိုရင် နည်းစနစ်မကျတာနဲ့ လူနာက သွေးထွက်လွန်ပြီးသေမှာသေချာတယ်''
''ဒေါက်တာပြောပုံအရဆိုရင်… လူကိုအသေမသတ်သေးပဲ မသေမရှင်နဲ့ ထွက်ပြေးလို့မရအောင် သွေးကျောတွေကို တမင်သတ်သတ်ဖြတ်ထားတယ် ဆိုတဲ့သဘောမျိုးပေါ့''
''ဟုတ်တယ်… ခင်ဗျားပြောသလိုပဲ… ဒါဟာ ရာဇဝဏ့်မှု့တစ်ခုခုနဲ့ ညိစွန်းနေတာသေချာတယ်… လူနာက အခုရက်ပိုင်းတွေမှာ လုံးဝသတိလည်လာမှာ မဟုတ်သေးဘူး… လူနာသတိလည်လာမှ မေးမယ်ဆိုရင် ခင်ဗျားတို့နောက်ကျသွားရလိမ့်မယ်… ဒီတော့ သူနဲ့ဆက်စပ်ပြီး ခင်ဗျားတို့ဘက်က စုံစမ်းစရာရှိတာတွေ စုံစမ်းထားရင် ပိုကောင်းလိမ့်မယ်လို့ ကျွန်တော်ထင်တယ်နော်''
''ဟုတ်ကဲ့ဒေါက်တာ… ကျေးဇူးပါပဲ သွေးကြောတွေအဖြတ်ခံလိုက်ရတယ်ဆိုတော့ တကယ်လို့ ကျွန်တော့မိတ်ဆွေ သတိပြန်ရလာရင် လူကောင်းပကတိအတိုင်း ပြန်ဖြစ်လာမှာလားဒေါက်တာ''
''အင်း… လူခန္ဓာကိုယ်မှာ အဓိကကျတဲ့ သွေးကြောမကြီးတွေကိုးမှ အဖြတ်ခံထားရတယ်ဆိုတော့ အရင်လို လူကောင်းပကတိပြန်ဖြစ်ဖ်ု့တော့ ၂၀ရာခိုင်နှုန်းလောက်ပဲရှိတော့တယ်''
''ဗျာ!…"
မိတ်ဆွေဖြစ်သူတန်ခိုးအား ရဲအုပ်မောင်ဝင်းတစ်ယောက် နီးစပ်ရာဆေးရုံဆီသ်ို့ ပို့ဆောင်ပေးစေခဲ့သည်။ ဆေးရုံရှိဆရာဝန်ကြီးများမှာလည်း တန်ခိုးအား အစွမ်းကုန်ကုသပေးခဲ့ပြီး သူတစ်ယောက် ယခုအချိန်ထိ သတိမလည်လာခဲ့သေးချေ။ သတိလာလည်ခါမှ မိတ်ဆွေဖြစ်သူအား အဖြစ်ပျက်များ မေးမြန်းစရာများ ရှိသေးသည်။ သို့သော် ဆရာဝန်ကြီးဆို၏။ လူနာမှာ သုံးလေးရက်အကြာ မေ့မျောနေနိုင်သေးသည်။ ပို၍ပင်ဆိုးသည်က သွေးကြောမကြီးများ အဖြတ်ခံထားရသော မိတ်ဆွေဖြစ်သူ တန်ခိုးတစ်ယောက် သတိပြန်လည်ရရှိလာခဲ့လျင်လည်း လူကောင်းပကတိအတိုင်း ပြန်လည်ဖြစ်လာရန် အလွန်ပင်ခက်ခဲသွားပြီးဟု ပြောဆိုလေခဲ့သည်။
ဆေးရုံအုပ်ကြီး၏ ထိုသို့သော အဖြေများကြောင့် ရဲအုပ်မောင်ဝင်းမှာမူ မိတ်ဆွေဖြစ်သူအား အလွန်ပင်စိုးရိမ်သွားခဲ့ရလေသည်။ မိတ်ဆွေဖြစ်သူ သတိပြန်လည်ရရှိလာမည့် အချိန်အား စောင့်မျော်နေခြင်းထက် သံသယရှိသော ပတ်ဝန်းကျင်ကိုသာ လေ့လာစုံစမ်းရန် ဆုံးဖြတ်လိုက်ချေသည်။
''ဆရာဝန်ကြီးပြောပုံအရဆိုရင်… အခုသံသယအရှိဆုံးပစ်မှတ်က မြို့မဆေးရုံပဲ… ကျုပ်တို့အားလုံး အဲ့ဒီ့ဆေးရုံကို ထပ်သွားကြမယ်''
''စခန်းမှူးကိုထိန်ဝင်း နယ်ထိန်းကိုကြည်ဦး… ကိုကြည်ဦးကတော့ အသက်ခံလိုက်ရမှန်း တိတိကျကျသိရပေမယ့် ကိုထိန်ဝင်းရဲ့ သတင်းကတော့ အခုချိန်ထိ အစနပျောက်နေတယ် သေသလားရှင်သလားလည်းမသိဘူး… ကိုင်းအဲ့ဒီတော့ အားလုံးပြင်ဆင်ကြပါ… ကျုပ်တို့အားလုံး အခုချက်ခြင်း မြ်ု့မဆေးရုံကို ထပ်သွားရမယ်''
မိတ်ဆွေဖြစ်သူ တန်ခိုးအား နယ်မြေပိုင်ဆေးရုံအတွင်း၌ ရဲသားများနှင့် အစောင့်ထားစေခါ ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့မှာမူ အပိုင်စခန်းဆီသို့ ပြန်လညိရောက်ရှိလာခဲ့ကြပြီး မြို့မဆေးရုံဆီသို့ ယခုချက်ချင်းပင်အရောက်သွားကြရန် ဆုံးဖြတ်ချေခဲ့သည်။ စခန်းအတွင်းမှ ထွက်ခွာမည်အလုပ် တာဝန်စားပွဲအပေါ်မှ ဖုန်းမြည်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့လေသည်။
"ဟယ်လို… ( )အပိုင်စခန်းကပြောနေပါတယ်''
''ကိုမောင်ဝင်းလားခင်ဗျ''
''ဟုတ်ပါတယ်… ကျွန်တော်မောင်ဝင်းပါခင်ဗျာ''
''ကျွန်တော်ခင်မောင်စိုးပါ… ကိုကြည်ဦးအကြောင်းကြားရတာ ကျွန်တော်တို့တကယ်ကိုး စိတ်မကောင်းဖြစ်မိပါတယ်… နယ်မြေပိုင်စခန်းမှူးကြီး ကိုထိန်ဝင်းရဲ့ သတင်းအစနရော ကိုမောင်ဝင်းသဲလွန်စ ရပြီးလားသိချင်တာနဲ့ ဆက်ကြည့်တာပါ''
''ဟုတ်ကဲ့ ကိုခင်မောင်စိုး… ကိုထိန်ဝင်းရဲ့ သတင်းအစနကတော့ အခုချိန်ထိ ဘာသဲလွန်စမှ မရသေးပါဘူး ကျွန်တော်မောင်ဝင်းလည်း အခုလိုအချိန်တွေ ကြန့်ကြာနေရတဲ့အတွက် အရှက်ရမိပါတယ်''
''မဟုတ်တာပဲ… အဲ့ဒီနယ်မှာ ကားကြီးတိမ်းမှောက်မှု့ နယ်မြေပိုင်စခန်းမှူးကြီး ပျောက်ဆုံးမှု့ နယ်ထိန်းအရာရှိအသတ်ခံရမှု့ ပြီးတော့ ဒဏ်ရာတွေနဲ့ လူငယ်တစ်ယောက် … ပြသနာတွေအားလုံး ဒီလောက်ရှုတ်နေတာ ကိုမောင်ဝင်းဘဟ်လောက်ထိ စိတ်ညစ်နေရမယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်''
''ကျွန်တော်တို့ဌာနကလဲ အဲ့ဒီနယ်ကို ဒီနေ့ပဲ အားလုံးအရောက်လာခဲ့ပြီး တိကျတဲ့ သက်သေတစ်ခု ကိုမောင်ဝင်းနဲ့ ပူးပေါင်းရှာရတာပေါ့''
''ဟုတ်ကဲ့ ကိုခင်မောင်စိုး… ဗဟိုဌာနချုပ်က အရာရှိတွေဘယ်အချိန်လောက် ဒီနယ်ကို ရောက်ဖြစ်မလဲ ပြောနိုင်မလားခင်ဗျ''
''ဟုတ်ကဲ့… မွန်းလွဲ၃နာရီလောက် အဲ့ဒီနယ်ကို အရောက်လာမှာပါ… ကျွန်တော်ပြောချင်တာ ဒါပါပဲကိုမောင်ဝင်း… ကိုမောင်ဝင်းလုပ်စရာရှိတာတွေ ဆက်လုပ်ပါ''
''ဟုတ်ကဲ့လေးစားလျက်ပါကိုခင်မောင်စိုး''
သိရှိလိုက်ရ၏။ ဗဟိုဌာနမှ ရဲအရာရှိများ ထိုနယ်လေးဆီသို့ ယနေ့မွန်းလွဲအချိန်တွင် အရောက်လာကြမည်ဟု ပြောဆိုခဲ့သည်။ ကိုမောင်ဝင်းသည်လည်း လက်ပတ်နာရီအား ကြည့်မိသည်။ အချိန်ကား မနက်၉ခွဲကျော်မျှသာ ရှိနေသေးသည်ဖြစ်သောကြောင့် သူ၏ဦးတည်ရာဖြစ်သော ရဲသားများနှင့် မြို့မဆေးရုံဆီသို့ ထွက်ခွာရန် ဟန်ပြင်လိုက်စေသည်။
*****
''ဟင်!… မင်း… မင်းဒါ…ဒါဘာလုပ်တာလဲ''
''ပါးစပ်ပိတ်ထား အသံမထွက်နဲ့… ထစမ်း… ကျုပ်သူငယ်ချင်းတွေ ဘယ်မှာလဲ ခင်ဗျားတို့ဖမ်းထားတဲ့ ကျုပ်သူငယ်ချင်းတွေ ဘယ်မှာလဲ… ဟေ့လူ ပြောလေ ပြောစမ်း''
''ရှိ… ရှိပါတယ်''
''ဘယ်မှာလဲ သူတို့ဘယ်မှာလဲ''
''ထီးလေး… သူ့ကိုဓားနဲ့ချိန်ပြီး မြေညီထပ်ကိုဆင်း… ပြီးတော့မှ ရှင့်သူငယ်ချင်းတွေကိုမေး… သူ့ကိုအကြပ်ကိုင်ပြီး ထွက်ပေါက်အထိ ရှင်တို့သွား''
''မင်း… မင်းငါ့အနားမှာပဲနေ… လာ … အနောက်ကိုမြန်မြန်လာ''
''ရတယ်… ကျွန်မကိုဂရုမစိုက်နဲ့ ရှင်သာသူ့ကို မလွတ်သွားစေနဲ့''
''ထစမ်း… ခင်ဗျားထစမ်း… လူသတ်သမားတွေ ထ''
ပတ်ဝန်းကျင်အား သတိမထားမိ။ အခန်းတွင်းမှ ရုတ်တရက်ထွက်ခွာလိုက်သော ဒေါက်တာသန်းနိုင်အား ထီးကလေးမှာမူ ခြေထိုးခံလျက် လဲကျသွားသော ဒေါက်တာသန်းနိုင်အား ဓားမြောင်လေးဖြင့် လည်ပင်ဆီသို့ချိန်ဆထားခဲ့သည်။ ထို့နောက် ဝိဥာဉ်မလေးပြောဆိုသည့်အတိုင်း မြေညီထပ်ဆီသို့ ဒေါက်တာသန်းနိုင်အား အကြပ်ကိုင်ခါ ဆင်းသတ်ရန် ရွယ်လိုက်စေသည်။ ဒေါက်တာသန်းနိုင်သည်လည်း လူသားများအား ရက်စက်စွာသတ်ပစ်ခဲ့သမျှ သူ၏အလှည့်တွင်မူ သွေးရူးသွေးတမ်းဖြစ်နေသော ထီးကလေးတစ်ယောက် သူ့အားသတ်ပစ်လိုက်မည်ကို လွန်စွာစိုးရိမ်နေခဲ့ရသည်။
ထို့ကြောင့် စိုးရိမ်စွာဖြင့် လဲကျနေရာမှ ကြုံးရုံးထစေခါ ထီးကလေး၏ ခေါ်ဆောင်ရာနောက်သို့ တရွှေ့ရွှေ့လိုက်ပါသွားရင်း မြေညီထပ်သို့ ဆင်းသတ်နိုင်သော လှေကားဆီသို့ ရောက်ရှိလာခဲ့သည်။ မြေညီထပ်မှ အပေါ်ထပ်များဆီသို့ တတ်ရောက်ရန်လှမ်းနေခဲ့သော လူသတ်သမားများသည်လည်း ဒေါက်တာသန်းနိုင်နှင့် ထီးကလေးတို့၏ မြင်ကွင်းများအား မြင်တွေ့သွားစေသည်။ လက်နတ်များကိုင်ဆောင်ထားရင်း ထီးကလေးအား စတင်တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
သို့သော်လည်း ထိုသူတို့၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါက်တာသန်းနိုင်မှာမူ ထီးကလေးတစ်ယောက် မိမိအားဇွတ်တရွတ် သတ်ပစ်မည်ကိုစိုးရိမ်၍ သူ၏လူများအား လက်နတ်များချရန် ပြောဆိုခဲ့သည်။ ပတ်ဝန်းကျင်အား မျက်စိ နား နှစ်ပါးစလုံးစွန့်ခါ မြေညီထပ်ဆီသို့ တရွှေ့ရွှေ့ရောက်ရှိလာခဲ့သည်။
ခြောက်လုံးပြုးသေနတ်အား ကိုင်ဆောင်ထားစေရင်း ဆရာဝန်ကြီးသည်လည်း ပထမထပ်သို့ရောက်ရှိလာခဲ့သည်။ သို့သော် ဒေါက်တာသန်းနိုင်မှာမူ မိမိစေခိုင်းလိုက်သော အခန်းတွင်း၌ရှိမနေတော့ပဲ အခန်းတံခါးမှာလည်း ပွင့်လစ်နေစေခဲ့သည်။ အပေါ်ထပ်ဆီသို့ ဒေါင့်ဘက်လှေကားမှ တတ်ရောက်သွားခြင်းလား။ မဖြစ်နိုင်ချေ။ လျင်မြန်စွာအရောက်ပြန်လာရန် မိမိကိုယ်တ်ုင်ပြောဆိုခဲ့ခြင်းကြောင့် အလယ်လှေကားဆီမှ ဒေါက်တာသန်းနိုင် တတ်ရောက်လာမည်မလွဲချေ။ သို့သော်လည်း အလယ်လှေကားဆီမှ မိမိကိုယ်တိုင် ပထမထပ်သို့ဆင်းသတ်လာခဲ့ခြင်းဖြစ်ပြီး ဒေါက်တာသန်းနိုင်နှင့် မဆုံတွေ့ခဲ့ချေ။
ထို့ကြောင့် မိမိ၏အားကိုးအားထားပြုရသော ဒေါက်တာသန်းနိုင်တစ်ယောက် တစ်စုံတစ်ခု အန္တရယ်ကျရောက်နေပြီဟု တွက်ဆမိစေခါ ကိုင်ဆောင်ထားသော သေနတ်အား မြောက်ကိုင်လျက် မြေညီထပ်ဆီသို့ အပြေးဆင်းသတ်ရန် ရွယ်လိုက်ချေသည်။ လှေကားအရင်း၌လည်း မိမိပါလျင် အန္တရယ်အတွင်းသို့ ကျရောက်သွားခဲ့လျင် မိမိ၏လူများသိရှိစေရန် အလို့ငှာ ကြက်ခြေခတ်အမှတ်သား ပြုလုပ်ထားခဲ့စေသည်။ တွေ့ရှိလိုက်ရ၏။ မိမိ၏သူငယ်ချင်းဖြစ်သူအား နောက်ကျောမှနေ၍ ဓားမြောင်ဖြင့် ချိန်ဆထားခဲ့သော လွတ်မြောက်နေခဲ့သည့် လူငယ်တစ်ဦး။
''အစ်ကိုအောင်!… အစ်ကိုအောင် သူ… သူတို့တွေက လူသတ်သမားတွေ… မျှားကလေးတို့ကိုဖမ်းထားကြတယ်… ခင်ဗျားဘယ်မှာလဲ အစ်ကိုအောင် ကျွန်တော်ပြောနေတာကြားလား… ကြားလား''
''ဟေ့လူ… ခင်ဗျားရှေ့တိုးမလာနဲ့ သေနတ်ချ… ပြောနေတာမကြားဘူးလား… သူ့ကိုကျုပ်သတ်ပစ်လိုက်မှာနော်''
''ဟေ့… မင်းတို့လဲအနားကပ်မလာနဲ့… အားလုံးဝပ်နေကြ… ဟေ့လူ… ခင်ဗျားလူတွေက်ုပြော''
''စွန်… စွန်ရဲ… သူငယ်ချင်း''
''ဟာကွာ… ''
''မလုပ်နဲ့… ''
မည်သည့်အခါမှ ထိုကဲ့သို့သော အဖြစ်မျိုးနှင့်ကြုံတွေ့ရလိမ့်မည်ဟု သူတစ်ယောက် မတွေးမိခဲ့ချေ။ ထို့ကြောင့် ယခု သွေးရူးသွေးတမ်းများနှင့် မြေညီထပ်မှတဆင့် ဆေးရုံဆီသို့ရောက်ရှိနေခဲ့သော မိတ်ဆွေဖြစ်သူ အစ်ကိုအောင်အား တမ်းတအော်ပြောနေမိသည်။ သို့သော် သူတစ်ယောက်ပြောဆိုနေသော စကားသံများအား အစ်ကိုတစ်ယောက် ကြားသိနိုင်မည်လား။ ဆရာဝန်ကြီးမှာလည်း မိမိ၏အားကိုးအားထားပြုနေရသော ဒေါက်တာရဲမောင်နှင့် ဒေါက်တာသန်းနိုင် နှစ်ဦးအနက် ဒေါက်တာရဲမောင်တစ်ယောက် သေဆုံးသွားခဲ့ရလေပြီဖြစ်သည်။
ယခုဒေါက်တာသန်းနိုင်အား ထပ်မံ၍ ဆုံးရှုံးမည်ကိုပင် စိုးရိမ်နေခဲ့သည်မှာ အမှန်ပင်ဖြစ်လှသည်။ သို့သော်လည်း ကိုင်ဆောင်ထားခဲ့သော သေနတ်ကိုပင် မချချင်။ လည်ပင်းဆီသို့ ဓားမြောင်ဖြင့် ချိန်ဆထားခဲံသော ထီးကလေး၏နှုတ်မှ စိတ်မရှည်သည့် လေသံကိုပင် ကြားလိုက်ရမှသာလျင် ကိုင်ဆောင်ထားခဲ့သော သေနတ်အားပစ်ချလိုက်လေသည်။
(ဖုန်းမြည်သံ)
ဆရာဝန်ကြီး၏အိတ်ကတ်အတွင်းမှ လက်ကိုင်ဖုန်းလေး မြည်လာ၏။ သို့သော်လည်း သူတစ်ယောက် ထုတ်ယူပြောဆ်ု၍ မဖြစ်နိုင်။ ထီးကလေး၏ ကြမ်းပြင်အပေါ်သို့ မှောက်လျက်အနေထား ပြုမူနေစေခိုင်းခြင်း ခံထားရသည်။
''ဟာ!…ဒုက္ခပါပဲ… ရဲစုတ်တွေထပ်လာနေပြီ ဘာဖြစ်လို့ဆရာဝန်ကြီး ဖုန်းမကိုင်ရတာလဲ''
''ဟင်… ဒေါက်တာသန်းနိုင်လဲ မကိုင်ပါလား… တစ်ခုခုဖြစ်နေကြပြီးနဲ့ထင်တယ် စန်းမြင့်… စန်းမြင့်ဆီ တစ်ချက်လောက်ဆက်ကြည့်ဦးမှ''
ကိုင်ဆောင်ခွင့်မရနိုင်။ လမ်းစောင့် လူသတ်သမား ရှမ်းကြီးတစ်ယောက် ခေါ်ဆိုနေခဲ့ခြင်းဖြစ်သည်။ ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့ဟာလည်း ဆေးရုံဆီသို့ တိုက်ရိုက်ရောက်ရှိနိုင်သော လမ်းလေးဆီမှ မော်တယ်ဆိုင်ကယ်ကိုယ်ဆီနှင့် လှမ်းလာနေခဲ့ပြီးဖြစ်သည်။
''ဟလို… ပြော… ရှမ်းကြီး… ဘာအကြောင်းထူးလို့လဲ''
''ဟာကွာ… တော်သေးတာပေါ့… ဆရာဝန်ကြီးတွေဖုန်းကို ငါခေါ်နေတာ တစ်ယောက်မှမကိုင်ကြဘူးကွ… သူတို့တစ်ခုခုဖြစ်နေကြပြီလားမသိဘူး… စန်းမြင့် မင်းအခုဘယ်မှာလဲ''
''ငါ… အခန်းတစ်ခုတည်းမှာ ဘာဖြစ်လို့လဲ မြန်မြန်ပြော''
''အေး… ငါတို့ဆေးရုံဆီကို ရဲတွေဦးတည်သွားနေကြပြီ… အဲ့ဒါလှမ်းပြောတာပဲ… ဆေးရုံမှာ ဟန်မပျက်စေနဲ့''
''ဟင်… ဟုတ်ပြီဟုတ်ပြီ မင်းအဲ့မှာ စောင့်ကြည့်ထား… ငါဆရာဝန်ကြီးတွေကို အခုချက်ချင်းအကြောင်းသွားကြားမယ်''
ဦးတည်လာနေပြီဖြစ်၏။ ရဲအုပ်မောင်ဝင်းဦးဆောင်သော အဖွဲ့။ မောင်စန်းမြင့်သည်လည်း တစ်ဖက်ဖုန်းမှ ပြောစကားများအား နားစွင့်နေခဲ့ရင်း လွန်စွာပြာယာခတ်သွားသည်များအား နံဘေး၌ရှိနေသော တောသားအောင်ကိုတစ်ယောက် နားမလည်နိုင်။ မည်သည့်အကြောင်းများဖြစ်သနည်းဟု သူတစ်ယောက်မသိခဲ့ချေ။
''လာလာ… တောသား… မင်းပါလိုက်ခဲ့ ဆရာဝန်ကြီးတွေဆီ အမြန်သွားမှဖြစ်မယ်''
''ဒီကောင့်ကိုရော…"
"အဲ့မသာကို ထားခဲ့… သူဟာသူ သွေးထွက်လွန်ပြီး လျောသွားလိမ့်မယ်''
''ကဲအားလုံး မင်းတို့လဲ တစ်နေရာဆီ လူခွဲနေကြ… ငါအချက်ပြလိုက်မယ် အဲ့ဒီအခါကြမှ အားလုံးထွက်ခဲ့ကြ ကြားကြလား''
''ဟုတ်ကဲ့ဆရာ… ''
''ကဲကောင်းပြီ သွားကြ''
လွန်စွာပြာယာခတ်နေ၏။ မောင်စန်းမြင့်တစ်ယောက်။ အဘယ်ကြောင့် ထိုကဲ့သို့ပြာယာခတ်နေရသနည်း။ နံဘေး၌ရှိနေသော အောင်ကိုတစ်ယောက် မည်သို့မှပင်နားမလည်နိုင်။ မိမိအား လက်ဆွဲလျက် မောင်စန်းမြင့်တစ်ယောက်သည်လည်း ပထမအထပ်သို့ အပြေးဆင်းသတ်လာသည်။ ပထမထပ်လှေကားဆီသို့အရောက် မြင်တွေ့လိုက်ရ၏။ လှေကားအရင်း၌ ကြက်ခြေခတ်အမှတ်သား ပြုလုပ်ထားခဲ့သော အချက်ပြ သင်္ကေတပင်ဖြစ်သည်။ ထိုသင်္ကေတအား မောင်စန်းမြင့်တစ်ယောက် ကောင်းစွာသဘောပေါက်စေသည်။ ဆရာဝန်ကြီးများ တစ်စုံတစ်ခုသော အန္တရယ်နှင့်ရင်ဆ်ုင်နေရသည်မှာ သေချာလှလေပြီး။ ထို့ကြောင့်
''တောသား… မင်းလှေကားအတိုင်း မြေညီထပ်ကိုမြန်မြန်ဆင်း ဆရာဝန်ကြီးတွေက်ု တွေ့အောင်ရှာ''
''ခင်ဗျားက ဘယ်သွားမလို့လဲ''
''စကားမရှည်နဲ့ ငါပြောတဲ့အတိုင်းပဲလုပ်… ဆရာဝန်ကြီးတွေ အန္တရယ်တစ်ခုခုဖြစ်နေပြီ သွား…သွားတော့ မင်းသွားတော့''
ထိုသို့ပြောဆိုစေကာ တောသားအောင်ကိုအား လှေကားအတိုင်း မြေညီထပ်သို့ဆင်းသတ်ရန် ပြောဆိုစေခဲ့သည်။ မောင်စန်းမြင့်မှာမူ လူသတ်ပုဆိန်အား ဆွဲကိုင်လျက် ပထမအထပ် တစ်ခုတည်းသော ပြတင်းပေါက်မှ ခုန်ချသွားခဲ့သည်။ သူ၏ရည်ရွယ်ချက်မှာ ဆေးရုံနံဘေးမှတဆင့် မြေညီထပ်ထွက်ပေါက်ဆီသို့ တိတ်တဆိတ်သွားရောက်မည်ဖြစ်သည်။
စန်းမြင့်၏စေခိုင်းချက်ဖြင့် အောင်ကိုသည်လည်း မြေညီထပ်ဆီသို့ ကြောင်တောင်တောင် ရောက်ရှိလာခဲ့ပြီး မြေညီထပ်၌ လူသတ်ဆရာဝန်များနှင့် လူငယ်လေးတစ်ဦး၏ အဖြစ်ပျက်များအား မြင်တွေ့လိုက်ရသည်။
တောသားအသွင် သို့မဟုတ် လူမိုက်အယောင် ဆောင်ထားခဲ့သော မိတ်ဆွေအစ်ကိုအောင်သည်လည်း ညီအစ်ကိုရင်းသဖွယ် ထီးကလေးအား မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည်ကြောင့် လွန်စွာဝမ်းသာသွားမိသည်။ သူတစ်ယောက် မသေသေးပါလား။ တော်သေးတာပေါ့လေ။ အသက်ရှင်လျက် ယခုကဲ့သို့ပြန်လည် ဆုံတွေ့လိုက်ရသည်။ သို့သော် ယခုဆုံတွေ့လိုက်ရသည့် အခြေနေဟာ ရန်သူ၏သတ်ကွင်းထဲ၌ ဖြစ်နေခဲ့ရသည်။
ထီးကလေးသည်လည်း သူ၏မိတ်ဆွေအစ်ကိုအောင်အား မြင်တွေ့လိုက်ရသည်နှင့် လွန်စွာအားများရှိသွားသည်။ ပါးစပ်မှလည်း အသံမထွက်သော စကားသံနှင့် ''အစ်ကိုအောင်''ဟု ခေါ်ဆိုမိလိုက်သည်။ အစ်ကိုအောင်သည်လည်း မိတ်ဆွေဖြစ်သူထီးကလေးအား မျက်ရိပ်မျက်ကဲများဖြင့် အချက်ပြစေသည်။ သ်ု့သော်လည်း ထီးကလေးတစ်ယောက် နားမလည်နိုင်။ မိတ်ဆွေဖြစ်သူ ထီးကလေးတစ်ယောက် မိမိ၏အမူယာများအား နားမလည်နိုင်သည်ကိုလည်း အစ်ကိုအောင်တစ်ယောက် ကောင်းစွာရိပ်စားမိချေသည်။ ထို့ကြောင့် သူသည်လည်း လူရည်လည်လွန်းလှသော လူသတ်သမားများ ရိပ်စားမိသွားမည်ကို စိုးရိမ်ခါ ဆက်လက်၍အချက်မပြတော့ပဲ ကြောင်တောင်တောင်သာ ရပ်ကြည့်နေလိုက်သည်။
*****
*ရက်စက်စွာ လျှားဖြတ်ခံလိုက်ရသော စာမိတစ်ယောက် မည်သို့ပင်ဖြစ်လာမည်နည်း။
*ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့ဟာလည်း မြို့မဆေးရုံဆီသို့ ဦးတည်လာနေပြီးဖြစ်သည်။
*မိတ်ဆွေအစ်ကိုအောင်သည်လည်း ထီးကလေးနှင့်ပူးပေါင်းတိုက်ခိုက်မည်လား။ သို့မဟုတ် အင်အားကြီးလွန်းလှသော ရန်သူ၏စက်ကွင်းထဲရောက်ရှိနေသည်ဟု ထင်မှတ်ခါ တလွဲအတွေးများ တွေးသွားလေမလား။
*ဝိဥာဉ်မလေးဟာလည်း မည်သို့ပင်အကူညီပေးလိမ့်မည်နည်း။ အရာဝတ္တုများအား သူမကိုင်တွယ်နိုင်မည်လား။
*ရန်သူ့အား အကြပ်ကိုင်ထားသည့် ထီးကလေးနှင့် ဆေးရုံဆီသို့ ဦးတည်လာနေသော ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့ ဆုံတွေ့နိုင်မည်လား။ သို့မဟုတ်
… … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၂၈)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
****
*****
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
(၂၇.၃.၂၀၁၆)
မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်၍ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၂၈)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
******************
သူသည်လည်း လူရည်လည်လွန်းလှသော လူသတ်သမားများ ရိပ်စားမိသွားမည်ကို စိုးရိမ်ခါ ဆက်လက်၍အချက်မပြတော့ပဲ ကြောင်တောင်တောင်သာ ရပ်ကြည့်နေလိုက်သည်။
''ဟင်… အစ်ကိုအောင်''
အသံထွက်သွားခဲ့၏။ မိတ်ဆွေဖြစ်သူအား တမ်းတလိုက်သော စကားသံများ။ မှောက်လျက်အနေထား ဖြစ်နေခဲ့သော ဆရာဝန်ကြီးမှာမူ လွန်စွာစိုးရိမ်မိသွားသည်။ ယခုအချိန်၌ မိမိအားသစ္စာဖောက်မည့် ထိုတောသားနှင့် အခွင့်ရေးရနေသော ထိုလူငယ်နှစ်ဦးသား ပေါင်းစည်းမိသွားလျင် မိမိတို့အားလုံး အခတ်ခဲဖြစ်သွားမည်မှာ သေချာလှသည်။
''အစ်ကိုအောင်… ခင်ဗျားဘာလုပ်နေတာလဲ ဒီကိုလာလေ… အဲ့ဒီလူတွေအားလုံးက လူသတ်သမားတွေချည်းပဲ ကျုပ်တို့အားလုံးကို သတ်ကြမှာ မျှားကလေးတို့ကိုလဲ သူတို့တွေ ဖမ်းထားကြတယ်… အစ်ကိုအောင် ဘာတွေကြောင်နေတာလဲ''
ယောပုဆိုးလေး ခပ်တိုတိုဝတ်ဆင်ထားသည်။ သွေးပေနေသော အကျီအဖြူလေးနှင့် ထီးကလေးအား ကြောင်တောင်တောင် သူတစ်ယောက်စိုက်ကြည့်နေမိ၏။
အစ်ကိုအောင်တစ်ယောက် သိရှိထားသည်။ ထီးကလေးထင်သကဲ့သို့ ဒေါက်တာသန်းနိုင်အား အကြပ်ကိုင်၍ရမည်မဟုတ်။ လူအင်အားများလွန်းလှသည်။ ထို့အတူ ရက်စက်လွန်းလှသော လူသတ်သမား မောင်စန်းမြင့်သည်လည်း ပြတင်းပေါက်မှ ခုန်ချသွားခဲ့သည်။ ထိုလူသတ်သမား၏ ရည်ရွယ်ချက်ဟာ အဘယ်သို့ပြုလုပ်မည်နည်း။ ထီးကလေး ထင်သကဲ့သို့ လွယ်ကူစွာဆေးရုံအတွင်းမှ ထွက်ခွာနိုင်မည်မဟုတ်ချေ။
ရဲအရာရှိများ ဆေးရုံဆီသို့ အရောက်လှမ်းလာနေသည်ကို သူတစ်ယောက်သိရှိထားလျင် ထီးကလေးနှင့်အတူ ယခုအချိန်၌ ပူးပေါင်းခါ လူသတ်သမားများအား တိုက်ခိုက်စေခဲ့ပြီး ရဲသားများ ရောက်ရှိလာမည့် အချိန်အား စောင့်မျှော်နေမည်မှာ မလွဲလှချေ။ သို့သော်လည်း ရဲအရာရှိများ ဆေးရုံဆီသို့ အရောက်လှမ်းလာနေသည့် သတင်း။ သူတစ်ယောက် မသိရှိထားသည့်အတွက် ယခုအချိန်၌ သူ၏ဟန်ဆောင်ထားသော ရန်သူဘက်တော်သားမှ ပြောင်းလဲချိန် မတန်သေးပြီဟု ထင်မြင်မိခါ ဆရာဝန်ကြီးအတိုင်း သူသည်လည်း ကြမ်းပြင်ပေါ်၌ ဝပ်ချလိုက်စေခဲ့သည်။
''ဟာ… အစ်ကိုအောင် ခင်ဗျားဒါဘာလုပ်တာလဲ ခင်ဗျားရူးနေပြီလား… ဘာဖြစ်လို့ ကျုပ်ဆီမလာရတာလဲ ဟာဗျာ… ဟေ့လူ… အစ်ကိုအောင် … အစ်ကိုအောင်''
မည်သို့ပင်ခေါ်သို့လည်း မိတ်ဆွေဖြစ်သူ အောင်ကိုမှာ ကြမ်းပြင်အပေါ်၌ ဝမ်းလျားအနေထားဖြင့်သာ ရှိနေစေတော့သည်။
ထီးကလေး… ခင်ဗျားထင်သလိုမဟုတ်ဘူး။ ဒီအချိန်မှာ ခင်ဗျားအဲ့ဒီလို လုပ်လို့မရသေးဘူး။ ခင်ဗျားဒုက္ခရောက်သွားလိမ့်မယ်။ ပြီးတော့ ကျုပ်လူမိုက်ယောင်ဆောင်ပြီး သူတို့ဘက်ကနေ ခင်ဗျားတို့အားလုံးကို ဒီသေတွင်းကနေ လွတ်မြောက်နိုင်အောင် ကူညီပေးသွားမှာပါ။ အခုလိုချိန်မှာ ခင်ဗျားလုပ်ရက်မှားနေတယ်။ တစ်နေရာရာမှာ ခင်ဗျားရှောင်နေတာကမှ ပိုကောင်းပါဦးမယ်ဗျာ။
ပြောလိုက်ချင်သေးသည်။ ရင်တွင်းဆီမှ ထိုစကားများ။ သို့သော် အသံထွက်၍ မပြောဆိုနိုင်။ မှောက်လျက်အနေထားမှ မိတ်ဆွေအစ်ကိုအောင်တစ်ယောက် ထိုသို့ပြောဆိုနေမိသည်။ ရဲအရာရှိများ ရောက်ရှိလာမည်ကိုပင် သိရှိထားခဲ့လျင် သူတစ်ယောက် ထိုကဲ့သို့သော အတွေးများ တွေးနေလိမ့်မည်မဟုတ်ခဲ့ချေ။ ယခုအခါ၌ မိတ်ဆွေဖြစ်သူထီးကလေးတစ်ယောက် မိမိအား နားမလည်နိုင်သေး။ ဆက်လက်၍ မိမိထံသို့ စကားများစွာ မပြောဆိုတော့ပဲ ဒေါက်တာသန်းနိုင်အား အကြပ်ကိုင်ထားသည့် အခြေနေမှ သူ၏သူငယ်ချင်းများအား လွတ်ပေးစေရန် ပြောဆ်ုလေတော့သည်။
''ဟေ့လူတွေ… ကျုပ်သူငယ်ချင်းတွေ ဘယ်မှာလဲ ပြောစမ်း… ပြောလေ''
''မ…မလုပ်ပါနဲ့ ပြော…ပြောပါ့မယ်''
''မြန်မြန်ပြော ကျုပ်စိတ်မရှည်တော့ဘူးနော်'''
''သူ… သူတို့ရှိပါတယ်''
''ဘယ်မှာလဲ… ခင်ဗျားလူတစ်ယောက်ယောက် သူတို့အားလုံးကို သွားခေါ်ခိုင်း… လုပ်လေ''
''အေး…အေးပါကွာ… ဟေ့ကောင် သူ…သူ့သူငယ်ချင်းတွေကို သွား…သွားခေါ်လာခဲ့ပေး''
တုန်ရီနေသော အသံ။ မှောက်လျက်အနေထားဖြစ်နေခဲ့သော ဆေးရုံယူနီဖောင်းဖြင့် လူသတ်သမားတစ်ဦးအား ဒေါက်တာသန်းနိုင်တစ်ယောက် ပြောဆိုစေခိုင်းချေခဲ့သည်။ ထိုသူသည်လည်း ဒေါက်တာသန်းနိုင်၏ စေခိုင်းချက်ဖြင့် မှောက်လျက်အနေထားမှ ထစေခါ မြေညီထပ်အခန်းတစ်ခုဆီသို့ ဦးတည်သွားလေသည်။
ထီးကလေးသည်လည်း တွေးမိ၏။ ထိုဓားမြောင်လောက်နှင့် အင်အားကြီးမားလှသော ရန်သူအား ရေရှည်ထိန်းချူပ်ထားနိုင်လိမ့်မည်မဟုတ်။ ထို့ကြောင့် ဆရာဝန်ကြီး၏နံဘေးတွင် ပစ်ချထားခဲ့သော သေနတ်ဆီသို့ အကြည့်တစ်စုံရောက်ရှိသွားခဲ့သည်။ ထို့နောက် နံဘေး၌ရှိနေခဲ့သော ဝိဥာဉ်မလေးဆီသို့လည်း အကြည့်တစ်စုံရောက်ရှိသွားပြန်သည်။
''ဟေ့… ဟိုမှာသေနတ်သွားယူပေး… ဒီဓားနဲ့ ငါသူ့ကို အချိန်ကြာကြာထိမ်းထားနိုင်မှာ မဟုတ်လောက်ဘူး သွား… ဟိုလူဘေးက သေနတ်ယူပေး''
''ရှင်…''
''ဘာတွေကြောင်နေတာလဲ သွားလေ…မြန်မြန်သွားယူ"
''ကျွန်…ကျွန်မ''
''လုပ်… မြန်မြန်လုပ်… အချိန်မရှိဘူး ကျေးဇူးပြုပြီး ငါ့ကိုမြန်မြန်ယူပေးပါ''
ထိုသို့ပြောဆိုလိုက်သော ထီးကလေး၏ စကားများ။ အကြပ်ကိုင်ခြင်းခံနေရသော ဒေါက်တာသန်းနိုင် မျက်မှောင်တစ်ချက် ကြုတ်မိစေသည်။ ထိုသူတစ်ယောက် မည်သူ့အား ပြောဆိုနေခဲ့သနည်း။ သူ၏နံဘေးတွင်လည်း မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေပဲ အဘယ့်ကြောင့် ထိုသို့သော်စကားများ ပြောဆိုနေရသနည်း။ ပုံမှန်စိတ်မှ ဟုတ်ပါလေရဲ့လား။ ဒေါက်တာသန်းနိုင် တွေဝေနေမိသည်။
သူမဟာ လှပသော တစ္ဆေတစ်ကောင် သို့မဟုတ် အရာဝတ္တုပစ္စည်းများအား ကိုင်တွယ်၍မရနိုင်သော ဝိဥာဉ်တစ်ကောင်ပင်ဖြစ်သည်။ ယခု သူမအား ထီးကလေးမှာမူ ဆရာဝန်ကြီးပစ်ချထားသော သေနတ်အား သွားယူရန်စေခိုင်းလေခဲ့သည်။ မည်သို့ပင် သူမပြောဆိုရမည်နည်း။ မိမိဟာ ဝိဥာဉ်တစ်ဦးပါ။ အရာဝတ္တုများအား ကိုယ်ထိလက်ရောက် ကိုင်တွယ်၍ရနိုင်မည်မဟုတ်။ သို့သော်လည်း ထီးကလေး၏စေခိုင်းချက်များကြောင့် မှောက်လျက်အနေထားဖြစ်နေသည့် ဆရာဝန်ကြီး၏အနားသို့ သူမ တွန့်ဆုတ်သော ခြေလှမ်းများနှင့် လှမ်းသွားစေသည်။
''လုပ်… မြန်မြန်လုပ်… မင်းကိုသူတို့ ဘာမှမလုပ်ဘူး မကြောက်နဲ့ မင်းအရှေ့က အဲ့ဒီသေနတ်မြန်မြန်ကောက်လာခဲ့''
''လုပ်လေ… ''
အချိန်နှင့်အမျှအရေးကြီးနေသည်။ ထို့ကြေုာင်လဲ တွန့်ဆုတ်နေခဲ့သော ခြေလှမ်းများဖြင့် သေနတ်ရှိရာဆီသို့ ဦးတည်နေခဲ့သော ဝိဥာဉ်မလေးကိုပင် ထီးကလေးတစ်ယောက် စိတ်မရှည်နိုင်။ အော်ဟစ်ပြောဆိုနေမိသည်။ သူတစ်ဦးတည်းသာ မြင်တွေ့နေရသော ဝိဥာဉ်မလေးအား ပြောဆိုနေခဲ့သည့် ထီးကလေး၏အမူယာများအား။ မိတ်ဆွေအောင်ကိုအပါအဝင် လူသတ်သမားတစ်စု မည်သို့မှပင်နားမလည်ခဲ့ချေ။ ထိုသူတစ်ယောက် မည်သူ့အား ထိုသို့ပြောဆိုနေခဲ့သနည်း။ ဝိဥာဉ်မလေးမှာလည်း သေနတ်ရှိရာဆီသို့ အရောက်လှမ်းနိုင်စေခဲ့ပြီး ထိုသေနတ်အား သူမ မည်သို့မှပင် ကိုင်တွယ်ထိတွေ့မရနိုင်ခဲ့သည်အား ကြိုတင်သိရှိထားခဲ့သည်။ ထို့ကြောင့် သေနတ်အနားတွင်သာ ပြာယာခတ်နေလေခဲ့ပြီး ထီးကလေး၏စေခိုင်းချက်များအား မလုပ်ဆောင်ပေးနိုင်လေခဲ့ချေ။
''အစ်ကိုအောင်… ခင်ဗျားဘာလုပ်တာလဲ ခင်ဗျားကိုကျွန်တော်ပြောနေတယ်လေ… သီရိမေ သေနတ်မြန်မြန်ကောက်ပေးလေ''
လွန်စွာစိတ်ဆိုးမိသည်။ သို့မဟုတ်။ လွန်စွာ စိတ်နာသွားမိသည်။ မိတ်ဆွေဖြစ်သူအစ်ကိုအောင်အား။ ဘာရယ်ကြောင့် လူသတ်သမားများကဲ့သို့ ပြုမူနေရသနည်း။ ဒီံထက်ဆိုးသည်က ဝိဥာဉ်မလေးသီရိမေ သေနတ်အား ကောက်ယူမပေး။ ယာပြာခတ်နေရာမှလွဲ၍ သူ၏ခိုင်းစေချက်များအား မပြုလုပ်ပေးခဲ့ချေ။
စိတ်ဆိုးစွာနှင့် ဝိဥာဉ်မလေး၏ အမည်အား မာန်ပါပါဖြင့် ထီးကလေးတစ်ယောက် ခေါ်ဆိုလိုက်လေသည်။ ထိုအခါမှသာလျင် ဒေါက်တာသန်းနိုင်နှင့် ဆရာဝန်ကြီးတို့မှာ အလွန်ပင်အံ့သြသွားစေခဲ့သည်။ ထိုလူငယ်ခေါ်ဆိုလိုက်သော အမည်နှင့်အမျိုးသမီးတစ်ဦးမှာ လွန်ခဲ့သော ၁၆နှစ်ကျော်၌ မိမိကိုယ်တိုင်သတ်ပစ်ခဲ့သော နပ်စ်မလေးတစ်ဦးပင်ဖြစ်နေစေသည်။
''သီရိမေ''
''မင်းငါ့ကိုသစ္စာဖောက်တာပဲ''
သူ၏အာရုံများ သူ၏စိတ်များ ပြန့်လွှင့်သွားစေသည်။ အာရုံများဟာ အကြပ်ကိုင်ထားခဲ့သော ရန်သူအပေါ်၌ လစ်လျူရှုမိသွားသည်။ ချိန်ဆထားခဲ့သော လည်ပင်းဆီမှ ဓားမြောင်ဟာလည်း ပျော့လျော့လာသည်။ ထိုအချက်များအား ဒေါက်တာသန်းနိုင်တစ်ယောက် အခွင့်ကောင်းယူခါ မိမိအားနောက်ကျောမှနေ၍ အကြပ်ကိုင်ထားခဲ့သော ထီးကလေးဝမ်း၏ဗိုက်ဆီသို့ တတောင်ဖြင့် တွတ်ထုတ်လိုက်စေသည်။
ထီးကလေးသည်လည်း အနောက်သို့ ယိမ်းယိုင်သွားခဲ့၏။ ဒေါက်တာသန်းနိုင်၏ လည်ပင်းအားလည်း အရေပြားအပေါ်သို့ ဓားဖြင့်ရှပ်ထိသွားမိသည်။ မှောက်လျက်အနေထားဖြစ်နေသော ဆရာဝန်ကြီးမှာလည်း ကြမ်းပြင်ပေါ်မှ သေနတ်အား လှမ်းယူစေတော့မည်။ ထို့အတူ အပြင်မှ လူသတ်ပုဆိန်ဖြင့် မောင်စန်းမြင့်တစ်ယောက်သည်လည်း ထီးကလေးဆီသို့ အပြေးဝင်ရောက်ခုတ်သတ်ရန် ဦးတည်လာနေပြီးဖြစ်သည်။
အရှေ့မှရန်သူအား ပြန်လည်ရယူရန် အာရုံစိုက်နေခဲ့ခြင်းကြောင့် ထီးကလေးမှာမူ အနောက်မှအပြေးလာနေခဲ့သော မောင်စန်းမြင့်အား သတိမထားမိခဲ့ချေ။ မိတ်ဆွေအစ်ကိုအောင်တစ်ယောက် မြင်တွေ့လိုက်ရ၏။ မောင်စန်းမြင့်၏ လက်ချက်ဆိုလျင် မိတ်ဆွေထီးကလေး သေဆုံးရတော့မည်မှာ သေချာလှသည်။ ထို့ကြောင့် သူတစ်ယောက်သည်လည်း မှောက်နေရာမှ ကြုံးရုံးထစေခါ ထီးကလေးဆီသို့အပြေးလှမ်းသွားစေသည်။
မိတ်ဆွေအစ်ကိုအောင်တစ်ယောက် မိမိနှင့်လာရောက်ပူးပေါင်းလေသလား။ ထီးကလေးမှာမူ သူ၏အနားသို့ အပြေးကပ်လာခဲ့သော မိတ်ဆွေအောင်ကိုအား သွားမပေါ်သည့်အပြုံး ထို့အတူ ရွှင်းလဲ့သွားသော မျက်ဝန်းများနှင့် အင်အားရှိစွာကြည့်လိုက်စေသည်။
''ကဲ့ကွာ…''
ဒေါက်တာသန်းနိုင်နှင့် လုံးထွေးနေခဲ့သော ထီးကလေး၏ အနားသို့အရောက် မိတ်ဆွေအစ်ကိုအောင်မှာမူ သူတစ်ယောက်ထင်သည့်အတိုင်း မိမိနှင့်လာရောက်ပူးပေါင်းလေခြင်းမဟုတ်။ ထို့အပြင် မိမိ၏ဇာတ်ပိုးအား အားပြင်းစွာရိုက်ချစေခဲ့သည်။ ထိုနေရာအား ခပ်ပြင်းပြင်းရိုက်မိလိုက်လျင် မေ့မျောသွားစေမည်မှာ မလွဲလှချေ။ ထို့ကြောင့်လဲ မိတ်ဆွေအစ်ကိုအောင်၏ ရိုက်ချက်ဖြင့် ထီးကလေးတစ်ယောက် ပျော့ခွေစွာလဲကျသွားခဲ့တော့သည်။
ဆရာဝန်ကြီးမှာလဲ ထိုတောသား သစ္စာဖောက်ပြီဟု ထင်မှတ်ခါ သေနတ်အား လျင်မြန်စွာကောက်ယူ ချိန်ဆလိုက်ချိန်၌ တောသားအောင်ကိုမှာ ထီးကလေးအား ရိုက်နှပ်လိုက်ခြင်းဖြစ်သည်ကြောင့် သက်ပြင်းချသွားစေနိုင်သည်။ ပို၍လည်း ထိုတောသားအပေါ်၌ ယုံကြည်မိလာသလို ခံစားလိုက်ရသည်။
''ဒေါက်တာ… ခင်ဗျား…ဘာဖြစ်သွားသေးလဲ''
''အား!… နည်းနည်းရှပ်ထိသွားတယ် ဘာမှမဖြစ်ပါဘူး''
''တောက်!… ဟာ… ဒီတောသား လက်သွက်လို့ပေါ့ မဟုတ်ရင် ကျွန်တော့ပုဆိန်ကြောင့် ဒီကောင်သေပြီပဲ''
''မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်''
''ဆရာ… ကျေးဇူးနောက်မှတင် ကျုပ်တို့ဆေးရုံဆီ ရဲတွေဦးတည်လာနေကြပြီလို့ ရှမ်းကြီး အကြောင်းကြားတယ်ဆရာ''
''ဘာ!… ဟာ… တောက်!… ရဲစုတ်တွေ ထပ်ရောက်လာကြပြန်ပြီပဲ… မဖြစ်ဘူး… သန်းနိုင် မင်းဒဏ်ရာကို မြန်မြန်ဆေးထည့်ပြီး ပတ်တီးသွားစီး… မောင်စန်းမြင့် ဒီကောင့်ကို လုံခြုံတဲ့နေရာမှာ ခဏချုပ်ထား ပြီးမှ ပညာပေးရမယ်… တကယ်လိုများ ရဲတွေအတင်းကြပ်ရှာရင်တောင် မတွေ့နိုင်တဲ့ နေရာမှာချုပ်ထားနော်''
''ဟုတ်…ဟုတ်ကဲ့ဆရာ'''
''ပြီးတော့ အခန်းအားလုံးမှာရှိနေတဲ့ ဟန်ပြင်နေတာတွေကိုလဲ အမြန်ဆုံးပုံစံပြောင်း… ရဲတွေဒီတစ်ခါလာတာ ငါတို့ဆေးရုံကို စစ်ဆေးဖို့လာတာဖြစ်နိုင်တယ် အောက်မှာသူတို့ အချိန်ဆွဲထားပေးမယ် မင်းတို့အမြန်ဆုံးလုပ်ကြနော်''
မောင်စန်းမြင့်၏ ပြောစကားများ ကြားသိလိုက်ရသည်နှင့် ဆရာဝန်ကြီးမှာ ဆေးရုံအတွင်း၌ ဟန်ပျက်မှု့များမရှိစေရန် အလျင်အမြန်ပြင်ဆင်စေရသည်။ မေ့မျောသွားသော ထီးကလေးအားလည်း မြေညီထပ်ဆီမှ တရွတ်တိုက်ဆွဲခေါ်စေခါ လုံခြုံစေသော အခန်းတစ်ခုအတွင်း၌ ချုပ်နှောင်ထားစေခဲ့သည်။ ထီးကလေး၏အဖြစ်အား မြင်တွေ့နေခဲ့ရသည့် ဝိဥာဉ်မလေး သီရိမေမှာမူ သူ့အား ဘာတစ်ခုမှအကူညီမပေးနိုင်ခဲ့ချေ။
သူမသည်လည်း သိရှိ၏။ ထီးကလေးတစ်ယောက် မိမိအား လွန်စွာစိတ်နာသွားမည်မှာ သေချာလွန်းလှသည်။ သို့သော်လည်း ယခင်အချိန်များမှ သူမဟာ ဝိဥာဉ်တစ်ဦးသာလျင် ဖြစ်သည်ဟု ရှင်းပြထားခဲ့လျင် ကောင်းလိမ့်မည်ဖြစ်သည်။ ယခုအခါ မိမိအား အားကိုးတကြီး သေနတ်ကောက်ယူခိုင်းခဲ့ခြင်းကြောင့် ရန်သူ့အား အာရုံစိုက်မှု့နည်းစေခဲ့ပြီး ရန်သူ၏ဝိုင်းဝန်းတိုက်ခိုက်မှု့များအား ခံလိုက်ရလေသည်။
***
ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့သည်လည်း မြို့မဆေးရုံအရှေ့သို့ ထပ်မံရောက်ရှိလာခဲ့ကြပြီးဖြစ်သည်။ ကားကြီးတိမ်းမှုမှောက်ထဲ၌ ပါဝင်နေခဲ့သော ကားပိုင်ရှင်ကျူရှင်ဆရာကြီး၏ သားဖြစ်သူ ဆန်းထွန်းပိုင်ကိုမူ မိတ်ဆွေဖြစ်သူ တန်ခိုး၏အနားတွင်သာ အနားယူစေခိုင်းခဲ့သည်။ မေ့မျောနေသော တန်ခိုးတစ်ယောက် ပြန်လည်သတိရရှိလာမည့် အချိန်ကိုသာလျင် သူတစ်ယောက် စောင့်စားနေခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ်ထပ်မံရောက်ရှိလာခဲ့၏။ ပိတ်ထားခဲ့သော မြို့မဆေးရုံ။ ဆေးရုံအတွင်းသို့ မဝင်သေး။ ဆေးရုံအရှေ့မှ ဆေးရုံဝန်းအတွင်းသို့ မျှော်ငေးကြည့်လိုက်ရင်း ရဲအုပ်မောင်ဝင်းတစ်ယောက် သက်ပြင်းတစ်ချက်အား ဖြေညင်းစွာချသွားစေသည်။
မနေ့ညမှ မြင်တွေ့ခဲ့ရသော ပုံရိပ်များနှင့်မတူ ယခုမြင်တွေ့နေရသည်က ခြောက်ကပ်ကပ်ပတ်ဝန်းကျင်အား အမှီပြုခါ အေးစက်စက်ဆောင်းလေးများ၏ အငွေ့သတ်များကြောင့် ဆေးရုံအား စူးစိုက်ကြည့်ရုံနှင့် သူ၏စိတ်တစ်ခုလုံး ထိုင်မှိုင်းသွားစေခဲ့သည်။ ရဲအုပ်မောင်ဝင်းပင်လား။ မဟုတ်ခဲ့ချေ။ သူ၏နံဘေး၌ရှိနေခဲ့သော ရဲသားလေးများသည်လည်း ရဲအုပ်မောင်ဝင်းကဲ့သို့ပင် သက်ပြင်းများစွာချစေခဲ့သည်။
ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့ ဆေးရုံအတွင်းသို့ မျှော်ငေးအကဲခတ်ကြည့်ရှု့နေခဲ့သည်များအား ဆေးရုံအတွင်း၌ ရှိနေခဲ့သော လူသတ်သမားများ မြင်တွေ့နေခဲ့ရသည်။ ထိုရဲသားများ ဝင်ရောက်လာမည့် အချိန်ကိုသာလျင် စောင့်စားနေခဲ့ကြ၏။ ထိုအထဲတွင်မူ မိတ်ဆွေဖြစ်သူ အောင်ကိုသည်လည်း ဆရာဝန်များကဲ့သို့ အပြင်၌ရှိနေသော ရဲအရာရှိများအား ချောင်းမြောင်းကြည့်ရှု့မိလိုက်သည်။
ဟင်… ကိုမောင်ဝင်း။ ကိုမောင်ဝင်းပါလား။ သူ… သူဘယ်လိုဖြစ်ပြီး ဒီနယ်ကိုရောက်နေရတာလဲ ထီးကလေးတို့ဖြစ်နေတဲ့ အခက်ခဲတွေ သိနေတာလား။ မဖြစ်နိုင်ဘူး။ သူ့ပုံစံကြည့်ရတာ ဒီဆေးရုံမှာ ထီးကလေးတို့ သူငဟ်ချင်းတွေ ဒုက္ခရောက်နေကြတယ်ဆိုတာ မသိလောက်ဘူးထင်တယ်။ ငါ့ကိုမြင်သွားရင် ကိုမောင်ဝင်းခေါ်လိမ့်မယ်။ ဒါဆို ငါဟန်ဆောင်ထားတာတွေ အာလုံးပေါ်ကုန်ပြီး သူရောငါရော ဒုက္ခရောက်သွားမှာသေချာတယ်။ မဖြစ်ဘူးမဖြစ်ဘူး။
''ဒေါက်တာ… အဲ့ဒီရဲတစ်ယောက်က ကျုပ်ကိုသိတယ်ဗျ ဟိုတစ်လောက ဘုတလင်နယ်ဘက်မှာ ကျုပ်ကိုဖောက်ထွင်းမှု့နဲ့ ဖမ်းခဲ့တာပဲ ကျုပ်လဲသူတို့လက်ထဲကနေ အလွတ်ပြန်ပြေးလာခဲ့တာ သူကျုပ်ကို ကောင်းကောင်းမှတ်မိနေမှာ သေချာတယ်ဒေါက်တာ ကျုပ်ခဏရှောင်နေမှဖြစ်မယ်''
''ဟင်…''
သူ၏ဟန်ဆောင်ထားခဲ့သော အမူယာများ ရဲအုပ်မောင်ဝင်းတစ်ယောက် ထိုဆေးရုံတွင်းသို့ ဝင်ရောက်လာခဲ့လျင် ဘူးပေါ်သကဲ့သို့ ပေါ်သွားတော့မည်မှာ သေချာလှသည်။ လူသတ်သမားများသည်လည်း ရဲအရာရှိများ တစ်စုံတစ်ခု အကြမ်းဖတ်လာပါက လက်ဦးမှုရယူရန် အသင့်ပြင်ထားခဲ့သည်။ မိမိအားတွေ့ရှိသွားခဲ့ပြီး ရုံးရင်းစံခတ်ဖြစ်သွားပါက ရဲသားများသည်လည်း ထိုသူတို့၏သတ်ကွင်းအတွင်း၌ ဒုက္ခရောက်သွားစေနိုင်သည်မှာ မလွဲလှချေ။
ထို့ကြောင့် နံဘေးတွင်ရှိနေသော ဆရာဝန်ကြီးအား တောသားအောင်ကိုမှာ ထိတ်လန့်နေခဲ့သော အမူယာဖြင့် ခေတ္တရှောင်တိမ်းနေရန် ပြောဆိုစေခဲ့သည်။ ဆရာဝန်ကြီးသည်လည်း ဒေါက်တာသန်းနိုင်၏ အသက်အား ကယ်တင်ပေးခဲ့ဘူးသည့် ထိုတောသားအား အနည်းငယ်မျှ ယုံကြည်ချင်မိသည်။ သို့နှင့် တောသား၏မျက်လုံးများအား စူးစိုက်စွာကြည့်လိုက်ရင် သူတစ်ယောက်တောင်းဆိုသော စကားများအား ခွင့်ပြုလေခဲ့သည်။
သို့နှင့် မိတ်ဆွေအောင်ကိုသည်လည်း အပေါ်ထပ်များသို့ ခပ်သွက်သွက်တတ်သွားစေခဲ့ပြီး မသေမရှင်ဖြစ်နေသေးသော စာမိရှိနေသည့်အခန်းတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။ အခန်းတွင်း၌မူ စာမိတစ်ယောက် သွေးသံရဲရဲဖြင့် တွန့်လိမ့်စွာညည်းညူနေခဲ့သည်။ အောင်ကိုသည်လည်း အခန်းတံခါးအား ဆွဲဖွင့်စေခါ အခန်းအဝ၌ သူ့အားစိတ်မကောင်းစွာဖြင့် ခေတ္တရပ်ကြည့်နေမိသည်။ ထို့နောက် သူ၏အနားသို့ အပြေးသွားရောက်ခါ မှောက်လျက်အနေထားဖြစ်နေသော စာမိအား ပွေ့ထူလိုက်ပြီး ထိုသို့မေးမြန်းစေခဲ့သည်။
''ကိုယ့်လူ… ကိုယ်လူ…ခင်ဗျား… ခင်ဗျားဘယ်ကလဲ ဘယ်လိုဖြစ်ပြီး ဒီဆေးရုံကိုရောက်လာရတာလဲ''
ကြမ်းပြင်ပေါ်သို့ထိုင်ချလိုက်ခါ စာမိအား ပေါင်ပေါ်တင်၍ အမေးစကားများစွာ မေးမြန်းနေခဲ့သော်လည်း စာမိမှာမူ သွေးပျက်စွာဖြင့် လွန်စွာထိတ်လန့်နေခဲ့သည်မှာ သိသာလှသည်။
''ကျုပ်ကိုမကြောက်ပါနဲ့… ကျုပ်က ခင်ဗျားကို ကူညီပေးမယ့်လူပါ ကျုပ်ကိုမကြောက်ပါနဲ့ဗျာ… ကျုပ်ခင်ဗျားကို ရအောင်ကယ်မယ် ကျုပ်ကထီးကလေးတို့ရဲ့ မိတ်ဆွေပါ''
သူ့အားနာကျင်စွာ ဆက်လက်ပြုလုပ်မည်ကိုပင် စာမိတစ်ယောက် လွန်စွာထိတ်လန့်နေပုံပေါ်သည်။ အောင်ကို၏လက်ပေါ်မှ တွန့်လိမ့်စွာနှင့် ရုံးကန်နေခဲ့၏။ အောင်ကိုသည်လည်း မတိုးမကျယ်သော စကားများသံနှင့် ထိုသို့ပြောဆိုခဲ့သည်။ အောင်ကို၏နှုတ်မှ ထီးကလေးဟူသော စကားသံကိုပင်ကြားလိုက်ရခါမှ စာမိတစ်ယောက် ရုံးကန်နေခဲ့သော အမူယာမှ ချက်ချင်းဆိုသကဲ့သို့ ငြိမ်ကျသွားခဲ့သည်။
''ကိုယ့်လူ… ကျုပ်ခင်ဗျားကိုဒုက္ခထပ်မပေးပါဘူး ကျုပ်မေးတာကိုပဲ ခင်ဗျား ဟုတ်မဟုတ် အချက်ပြ''
''ကျုပ်က ထီးကလေးမိတ်ဆွေ… ထီးလေးတို့နဲ့ ခင်ဗျားက တစ်ဖွဲ့တည်းလား… ဟမ်… ကိုယ့်လူ ဟုတ်လား''
အောင်ကို၏အမေး စာမိတစ်ယောက် တုန်ရီစွာဖြင့် ခပ်ဆက်ဆက်ခေါင်းခါလိုက်သည်။ အောင်ကိုသည်လည်း ဇွဲမလျော့ ဆက်လက်မေးပြန်သည်။ ထိုတစ်ချိန်၌ စာမိသည်လည်း ခပ်ဆက်ဆက်ဦးခေါင်းအား ရမ်းခါလိုက်ရင်း ဖြည်းညင်းစွာ ခေါင်းအား အသာငြိမ့်ပြသည်။
''ဟာ!… ခင်ဗျားပြောတာ တကယ်ပဲလား… ကျုပ်မိတ်ဆွေတွေ ဒီဆေးရုံထဲမှာ ပိတ်မိနေတယ်… ကျုပ်သူတို့ကိုကယ်မှဖြစ် အခုလောလောဆယ် ခင်ဗျားဒီဆေးရုံထဲကနေထွက်ပြီး လွတ်ရာကိုပြေးတော့… လာ… ကျုပ်ကိုတွဲ''
သိရှိလိုက်ရ၏။ ရက်စက်စွာ လျှာအဖြတ်ခံလိုက်ရသော ထိုလူငယ်လေးဟာ မိတ်ဆွေဖြစ်သူ ထီးကလေးနှင့် တစ်ဖွဲ့တည်းသာ ဖြစ်ချေသည်။ ထိုအခန်းတွင်း၌ ထိုလူငယ်အား အချိန်ကြာကြာထားရှိလျင် သေဆုံးသွားရတော့မည်မှာ မလွဲချေ။ ထို့ကြောင့် အောင်ကိုတစ်ယောက်သည်လည်း ထွက်ပေါက်ဆီသို့ ဦးတည်ရန် စာမိအား အခန်းတွင်းမှ တွဲကူလိုက်သည်။ သို့သော်လည်း ထွက်ပေါက်ဟာ အဘယ်မှာနည်း။ မြေညီထပ်တစ်ခုတည်း၌သာ ထွက်ပေါက်ထားရှိလေသလား။ မဖြစ်နိုင်။ အနည်းဆုံးအရ လျိုဝှက်ထွက်ပေါက်ဟူ၍ ထိုဆေးရုံအတွင်း၌ ရှိနေဦးမည်မှာ မလွဲလှချေ။ စာမိအားတွဲကူလျက် ထိုအခန်းတွင်းမှ ထွက်ခွာရန်ရွယ်လိုက်ချေသည်။
(တံခါးခေါက်သံ)
ဆေးရုံဝန်းအရှေ့မှ ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့သည်လည်း ဆေးရုံအတွင်းသို့ တတ်ညီလက်ညီ ခြေတတ်လှမ်းလာလေသည်။ ထို့နောက် ရဲသားများအသီးသီး စနစ်တကျ လုံခြုံရေးတာဝန်များအား ဆောင်ရွက်စေခါ ဆေးရုံအဝင်ထွက် အပေါက်မှနေ၍ စောင့်ကြပ်စေခဲ့သည်။ ရဲအုပ်မောင်ဝင်းနှင့် ရဲသားလေးဦးခန့်သာ ဆေးရုံအတွင်းသို့ဝင်ရောက်ရန် အပြင်မှတံအားအား ခေါက်နေလေခဲ့သည်။ သုံးလေးချက်မျှ ဆင့်ခေါက်လိုက်သည်နှင့် ဆေးရုံတံခါးလေးမှာ ပွင့်လစ်လာခဲ့သည်။
''သြော်!… ဆရာတို့ ဘယ်ကိုလာကြတာလဲ အထဲကိုကြွပါဗျ အထဲကိုကြွပါ''
ဟန်ဆောင်ကောင်းစွာဖြင့် လည်ပင်း၌ သွေးထွက်ဒဏ်ရာအား ပတ်တီးစီးထားခဲ့သော ဒေါက်တာသန်းနိုင် လှိုက်လှဲစွာကြိုဆိုလေသည်။ ရဲအုပ်မောင်ဝင်း၏ မျက်နှာထားဟာလည်း အလွန်ပင်တည်ကြည်ထားခဲ့သည်။ ဆေးရုံအတွင်းသို့ ဒေါက်တာသန်းနိုင် ခေါ်ဆောင်သည်နှင့် ဝင်ရောက်လာခဲ့ပြီး အတွင်းရှိပတ်ဝန်းကျင်အား လည့်ပတ်အကဲခတ်လိုက်သည်။
မြင်တွေ့နေရ၏။ သန့်ရှင်းဝန်ထမ်းများဟု သတ်မှတ်နိုင်သော အပြာရောင်ယူနီဖောင်းများဖြင့် အမှိုက်များရှင်းလင်းနေသည့် ဝန်ထမ်းသုံးဦးခန့်။ ထို့အတူ ဆေးရုံအကူဟု သတ်မှတ်နိုင်သော အပြင်အဝတ်စားဖြင့် လူနှစ်ယောက်။ ကောင်ဒါစားပွဲဝိုင်းတွင် စာရင်းစာအုပ်များ အရှေ့၌ထားစေခါ မျက်မှန်အား ငိုက်စိုက်ကြည့်နေသော ဆရာဝန်ကြီးတစ်ဦး။ ထိုသူများအား ကိုမောင်ဝင်းတစ်ယောက် မျက်လုံးတစ်စုံး လှည့်ပတ်ကြည့်နေမိသည်။
ကောင်ဒါစားပွဲပေါ်တွင် ရှိနေခဲ့သော ဆရာဝန်ကြီးမှာလည်း ရဲအုပ်မောင်ဝင်းအား တွေ့ရှိလိုက်ရသည်နှင့် ထိုင်နေသည့်ခုံမှ ထလိုက်ခါ အပြုံးမျက်နှာထားဖြင့် မတ်တပ်ရပ်လျက်ရှိနေသော သူ၏အနားသို့ အသာလှမ်းလာစေသည်။ ထို့နောက် စကားတစ်လုံးမှ မပြော အမူယာများဖြင့် ကောင်ဒါစားပွဲခုံတွင် နေရာယူထိုင်ရန် ဟန်ပြစေခဲ့သည်။ ကိုမောင်ဝင်း၏အနားတွင်လည်း ရဲသားလေးဦးမှာမူ ထပ်ကြပ်မကွာရှိနေခဲ့ရင်း ဆရာဝန်ကြီးနေရာပေးသည့် ထိုင်ခုံလေးဆီသို့ ဖြေးညင်းစွာလှမ်းလာလေသည်။
''ဘာဖြစ်လို့ ကျွန်တော်တို့ဆေးရုံဆီ ထပ်ရောက်လာရပါလိမ့်''
''စိတ်မရှိပါနဲ့ဒေါက်တာ… ဒေါက်တာတို့ဆေးရုံကို ကျွန်တော်တို့ရဲတပ်ဖွဲ့က တာဝန်အရရှာဖွေရပါလိမ့်မယ်… ရှာဖွေပုံစံလဲ ကျွန်တော်တို့ဆီမှာပါလာပါတယ်''
''အင်း!… ဘာအကြောင်းကြောင့်များလဲဆိုတာ ကျွန်တော်တို့ဘက်ကလဲ သိချင်ပါတယ်… နယ်မြေပိုင်စခန်းမှူးကြီးဆီ ကျွန်တော်တို့လစဉ် အခွင့်လဲပေးတယ် နားလည်မှု့နဲ့လဲ အခုလောလောဆယ် ကျွန်တော်တို့ဆီရောက်လာတဲ့ လူနာတွေကို ကုသပေးနေခဲ့တယ်… မကြာခင်အချိန်တောတွင်းမှာ ကျွန်တော်တို့ဆေးရုံက ပြန်လည်ထူထောင်လာတော့မှာပါ ဒါကိုဘာကြောင့် အခုလိုရှာဖွေစစ်ဆေးရတာလဲဆိုတာ ကျွန်တော်တို့ဘက်က သိမှဖြစ်မယ်''
''စိတ်မရှိပါနဲ့ဒေါက်တာ… ဒီနယ်အပိုင်မှာ ကားကြီးတိမ်းမှောက်မှု့ နယ်မြေပိုင်စခန်းမှူးကြီး ပျောက်ဆုံးနေမှု့ နယ်ထိန်းအရာရှိကြီး အသက်ခံရမှု့… ပြီးတော့ ကားကြီးထဲမှာရှိနေကြတဲ့ လူတွေပျောက်ဆုံးနေမှု့… ဒါတွေနဲ့ ဒီဆေးရုံပတ်သတ်မှု့ရှိနေလိမ့်မယ်လို့ ကျွန်တော်ခန့်မှန်းမိတယ်… ဒါကြောင့် ဒီဆေးရုံတစ်ခုလုံးကို ရှာဖွေပုံစံနဲ့ စစ်ဆေးကြည့်ရုံပါပဲ''
''ဟမ်… ဒီကိစ္စတွေနဲ့ ကျွန်တော်တို့ဆေးရုံနဲ့ ပတ်သတ်နေလိမ့်မယ်လို့ ဘာကြောင့် ခင်ဗျားကပြောရတာလဲ အဲ့ဒါတွေနဲ့ ကျွန်တော်တို့နဲ့ဘာဆိုင်လို့လဲ ရဲအရာရှိကြီး ခင်ဗျားတစ်ခုခုတော့ မှားနေပြီထင်တယ်နော်''
''မမှားပါဘူး… ကျွန်တော်တို့မှာ ရှာဖွေပုံစံပါနေပါတယ်… ခွင့်ပြုပေးပါ ကျွန်တော်တို့တာဝန်အရ စစ်ဆေးတာကို ခွင့်ပြုပေးရပါလိမ့်မယ်''
''ဘာ!…''
''သန်းနိုင်!''
''ခွင့်လွတ်ပါရဲအရာရှိကြီး… သူက အပြောဆိုမတတ်လို့ပါ ရပါတယ်… ရပါတယ် ခင်ဗျားတို့ရှာဖွေချင်တယ်ဆိုလဲ ရှာပေါ့လေ… အဲ့… တစ်ခုတော့ရှိတယ်နော် ခင်ဗျားတို့စိတ်တိုင်းကျရှာဖွေပြီးလို့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘူးဆိုရင် နောက်နောင် ကျွန်တော်တို့ဆေးရုံကို မနှောက်ယှက်ပါဘူးလို့ ခင်ဗျားခံဝန်ကတိတော့ ထိုးပေးရလိမ့်မယ်ဘယ်လိုလဲ''
''ဖြစ်တယ်… ကျုပ်နာမည်မောင်ဝင်း… ခင်ဗျားတို့ပြောတဲ့အတိုင်း ဖြစ်လာပါစေလို့ ကျုပ်ဆုတောင်းပေးမယ်''
''ရဲဘော်!… အပြင်က ရဲဘော်တွေကို ခေါ်လိုက်ပါ… အပေါ်ဆုံးထပ်က စပြီး မြေညီထပ်ထိ အခန်းအားလုံး စစ်ဆေးပါ မသင်္ကာစရာများတွေ့ရင် ရှာဖွေပုံစံနဲ့ ဆုဆောင်းပါ''
''ဟုတ်''
ကိုမောင်ဝင်း၏ ပျက်သားလှသော ပြောစကားများကြောင့် ဒေါက်တာသန်းနိုင်တစ်ယောက် ဒေါသထွက်မိသည်။ အရှေ့သို့ခြေတစ်လှမ်းသည်လည်း စတင်လှမ်းမိ၏။ ပုန်းခိုစောင့်ကြည့်နေကြသော လူသတ်သမားများသည်လည်း ဒေါက်တာသန်းနိုင်တစ်ယောက် စတင်လှုပ်ရှားတော့မည်ဟု ထင်မှတ်ခါ ပုန်းကွယ်နေရာမှ ယောက်ယပ်ခတ်သွားစေခဲ့သည်။ သို့သော်လည်း ဒေါက်တာသန်းနိုင်အား ဆရာဝန်ကြီးမှာမူ စိတ်ရှည်စွာထားရန် ဟန်ပြလျက် ရဲအရာရှိများ တောင်းဆိုသော စကားများအား လိုက်လျောစေခဲ့သည်။
ဆရာဝန်ကြီးများမှာလည်း ရဲအရာရှိများ ထိုသူတို့စိတ်တိုင်းကျ ရှာဖွေပြီးပါက ခိုင်လုံသော အကြောင်းကိစ္စများမတွေ့ရှိခဲ့လျင် ရဲအုပ်မောင်ဝင်းအား နောက်နောင်များ၌ ဆေးရုံဆီသို့ ရှာဖွေနှောက်ယှက်ခြင်းများ မပြုလုပ်ရန် ခံဝန်ကတိထိုးခိုင်းစေခဲ့သည်။ ကိုမောင်ဝင်းသည်လည်း သူ၏ရဲသတ်တမ်း အတွေ့ကြုံများအရ ထိုဆေးရုံ၌ ခိုင်ခုံသော သက်သေတစ်ခုအား ရှာတွေ့နိုင်လိမ့်မည်ဟု ယုံကြည်ခါ ဆရာဝန်ကြီးများ တောင်းဆိုသော ခံဝန်ကတိအား သဘောတူခဲ့ချေသည်။ ထို့နောက် ရဲသားလေးများသည်လည်း များစွာသော လူအင်အားဖြင့် အလယ်လှေကားဆီမှ အပေါ်ဆုံးထပ်များဆီသို့ တတ်ရောက်ရန် ဟန်ပြင်လိုက်စေသည်။
-******
"ခင်…ခင်ဗျားဘာလုပ်တာလဲ''
''ပြန်မမေးနဲ့ ငါမေးတာပဲဖြေ… မြေညီထပ် ထွက်ပေါက်ကလွဲပြီး တစ်ခြားအပြင်ကိုရောက်နိုင်မယ့် ထွက်ပေါက်ရှိသေးလား''
''မ…မသိဘူး ကျွန်…ကျွန်တော်မသိဘူး''
''မသိဘူးတဲ့လား… ဒါဆို မင်းအသားလေး နည်းနည်းတော့ သွေးထွက်အောင်လုပ်ပေးမယ်''
''အား… မ…မလုပ်ပါနဲ့ဗျာ… ရှိ…ရှိပါတယ်''
''ပြော… ဘယ်မှာလဲ တလွဲပြောရင်တော့''
''အား… မလုပ်ပါနဲ့ တကယ်ပြောမှာပါ… အပေါ်ဆုံးထပ် တာလပတ်အပြာနဲ့ ကာထားတဲ့အပေါက်ကနေ လှေကားအတိုင်းဆင်းသွားရင် ဆေးရုံအပြင်ကို ရောက်ပါလိမ့်မယ်''
''ကောင်းပြီး လိမ်ရင် မင်းကိုသတ်ပစ်မှာနော်''
''ကျွန်တော်…ကျွန်တော်မလိမ်ပါဘူး''
''လိမ်မာတယ်… အခုတော့ မင်းခဏနားလိုက်တော့ ကဲ့ကွာ''
စာမိအား သေတွင်းမှ ကယ်တင်မည်ဖြစ်သည်။ သို့သော် မြေညီထပ်ထွက်ပေါက်ဆီမှ လွဲ၍ တစ်ခြားထွက်ပေါက်တစ်ခုရှိနေခါမှ ဆေးရုံအပြင်သို့ အလွယ်တကူရောက်ရှိနိုင်မည်မှာ မလွဲချေ။ သို့နှင့် စာမိအားအခန်းတွင်း၌ ပြန်လည်ထားစေခါ အခန်းပြင်သို့ အမူယာမပျက် ထွက်ခွာလာခဲ့ရင်း လျောက်လမ်းကြီးဆီမှ လျောက်လှမ်းလာမည့် တစ်ဦးတစ်ယောက်အား စောင့်စားနေခဲ့သည်။ အပြာရောင်ယူနီဖောင်းဖြင့် လူတစ်ဦးတတ်ရောက်လာခါမှ တောသားအောင်ကိုသည်လည်း လည်ပင်းဆီသို့ ဓားဖြင့်ချိန်ခါ မသေလောက်သည့် လည်ပင်းအနားသို့ ဓားဖြင့်အသာရှပ်လှီးလိုက်သည်။ လိမ်နေခဲ့သော ထိုသူမှာ လွန်စွာနာကျင်သွားခဲ့ရင်း မိမိအား သတ်ပစ်မည်ကိုစိုးရိပ်၍ လျိုဝှက်ထွက်ပေါက်ရှိနေရာဆီသို့ လမ်းညွန်ပေးလိုက်စေသည်။
ရဲအုပ်မောင်ဝင်း၏ စေခိုင်းချက်ဖြင့် ရဲသားများသည်လည်း အလယ်လှေကားမှတဆင့် အပေါ်ထပ်များဆီသို့ တတ်ရောက်ရန် မြေညီထပ်လှေကားအရင်းသို့ အရောက် တောသားအောင်ကိုသည်လည်း ဒဏ်ရာအပြင်းထန်များနှင့် စာမိအား လျိုဝှက်ထွက်ပေါက်ဆီမှ ထွက်ခွာစေရန် အပေါ်ဆုံးထပ်သို့ စတင်တတ်ရောက်သွားခဲ့သည်။ လူသတ်သမားညွှန်ပြပေးလိုက်သော တာလပတ်အပြာဖြင့် မသိမသာ ကာရံထားစေသည့် ထွက်ပေါက်ဆီသို့ ရောက်ရှိစေခဲ့သည်။
လှေကားအတိုင်းဆင်းသတ်သွားလျင် လူသတ်သမားပြောဆိုခဲ့သည့်အတိုင်း ဆေးရုံအပြင်သို့ ရောက်ရှိသွားနိုင်မည်မှာ သေချာလှသည်။ စာမိအား ကျောပိုးလျက် အောင်ကိုသည်လည်း ထိုလှေကားအတိုင်း ဆင်းသတ်လေခဲ့သည်။ ရဲသားလေးများသည်လည်း အပေါ်ဆုံးထပ်သို့ရောက်ရှိလာခဲ့ကြပြီး အလယ်လှေကားမှ တဆင့် လူစုခွဲခါ ဘေးတစ်ဖတ်စီ၌ရှိနေခဲ့သော အခန်းများအတွင်းသို့ ဝင်ရောက်ရှာဖွေကြရန် စတင်လေတော့သည်။
**-*
''ဟင်း… ဟင်း… လူ… လူသားစား… လူသားစား…ဆေးရုံ ထီလေး လမ်းလေ မျှာလေး ငါးလေး''
ကုတင်းလေးအပေါ်၌ ညည်းညူသံတစ်ချို့ ထွက်ပေါ်လာခဲ့သည်။ နှာခေါင်းပိုက်။ အောက်ဆီဂျင်ပိုက်။ သွေးကျောများအတွင်းသို့ သွေးများသွင်းထားခြင်း ခံနေရပြီး လက်ချောင်းကလေးများမှ စတင်ခါ လှုပ်ရှားလာခဲ့သည်။ ထို့နောက် နှုတ်ဖြားမှလည်း ညည်းညူးသံတစ်ချို့ စတင်ထွက်ပေါ်လာခဲ့၏။
''ဟင်… ကိုတန်ခိုး… ကိုတန်ခိုး ခင်ဗျား… ခင်ဗျားသတိရပြီလား ကိုတန်ခိုး''
'ဒေါက်တာ… ဒေါက်တာတို့ ဆရာမ… ဒေါက်တာ''
ထိုသူဟာ တန်ခိုးဖြစ်လေသည်။ သူ၏နံဘေး၌ ဖခင်ဖြစ်သူနှင့် သူ၏တပည့်များ မည်သည့်နေရာတွင် ရောက်ရှိနေခဲ့သနည်းဟု ဆန်းထွန်းပိုင်တစ်ယောက် အလွန်ပင်မေးမြန်းချင်နေသည်။ ထို့ကြောင့် တန်ခိုး၏ကုတင်လေးနံဘေးတွင် သူ့အားအရိပ်တကြည့်ကြည့် စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ယခု လက်ချောင်းကလေးများ လှုပ်ရှားလာခဲ့ရင်း နှုတ်မှလဲ သူ၏သူငဟ်ချင်းဖြစ်သူများ၏ အမည်များအားခေါ်ဆိုနေခဲ့သည်။ ထိုညည်းညူများ ကြားလိုက်ရသည်နှင့် လွန်စွာဝမ်းသာသွားမိရင်း ဆန်းထွန်းပိုင်တစ်ယောက် ဆရာဝန်ကြီးများအား အော်ခေါ်လေခဲ့သည်။
ဆန်းထွန်းပိုင်၏ အရေးတကြီး အော်ခေါ်သံများကြောင့် ဆေးရုံရှိ ဆရာဝန် ဆရာမများသည်လည်း ထိုအခန်းအတွင်းသို့ အပြေးရောက်ရှိလာခဲ့ကြသည်။ အခန်းတွင်းသို့ရောက်ရှိလာခဲ့သည်နှင့် သုံးလေးရက်အကြာ မေ့မျောနေနိုင်သေးသည်ဟု ထင်မှတ်နေခဲ့သော ထိုလူနာမှာ ယခုနာရီပိုင်းအတွင်းြုပန်လည်သတိရရှိလာခဲ့ခြင်းကြောင့် ဆရာဝန်ကြီးမှာလည်း အလွန်ပင်ဝမ်းသာ သွားမိသည်။ တစ်ပြိုင်နက် နှုတ်မှလဲ ထိုသို့ပြောဆိုလာခဲ့လေသည်။
''အိုး!… တော်တော်ခံနိုင်ရည်ရှိတဲ့ သူပါလား… ထင်ထားတာထက်တောင် ပိုပြီးခံနိုင်ရည် အားကောင်းလွန်းတဲ့ လူငယ်ပါလားနော်''
****
*သေတွင်းဆီမှ လွတ်မြောက်ရန် ကယ်တင်ပေးနေခဲ့သော မိတ်ဆွေအစ်ကိုအောင်နှင့် သွေးပျက်နေခဲ့သည့် စာမိတို့သည်လည်း ဆေးရုံအတွင်းမှ ကောင်းစွာထွက်ခွာသွားနိုင်မည်လား။
* ရဲအုပ်မောင်ဝင်းဦးဆောင်သော အဖွဲ့များသည်လည်း ပိတ်ထားသည့် မြို့မဆေးရုံအား စစ်ဆေးရှာဖွေနေပြီဖြစ်သည်။ မည်သည့်အရာများ တွေ့ရှိလာကြမည်နည်း။
*သတိရရှိလာခဲ့သော တန်ခိုးသည်လည်း သူ၏မိတ်ဆွေဖြစ်သူများအား ကယ်တင်နိုင်ရန် လမ်းညွန်ပေးနိုင်မည်လား။ သို့မဟုတ်…
အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၂၉)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
*****
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
(၂၉.၃.၂၀၁၆)
မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်၍ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၂၉)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
******************
တစ်ပြိုင်နက် နှုတ်မှလဲ ထိုသို့ပြောဆိုလာခဲ့လေသည်။
''အိုး!… တော်တော်ခံနိုင်ရည်ရှိတဲ့ သူပါလား… ထင်ထားတာထက်တောင် ပိုပြီးခံနိုင်ရည် အားကောင်းလွန်းတဲ့ လူငယ်ပါလားနော်''
''ဒေါက်တာ…သူ…သူသတိလာရပြီ ကြည့်ပေးပါဦးဒေါက်တာ''
''စိတ်အေးအေးထားပါ… ဒီလူငယ်လေးဟာ သာမာန်ခံနိုင်ရည်မျိုးနဲ့ သူ့ကိုယ်ခန္ဓာကို ဖွဲ့စည်းထားတာမဟုတ်ဘူး ဘာသာရေးအရပြောရရင် အင်အားသိပ်ကောင်းတဲ့ ပါရမီရှင်တစ်ယောက်လို့ ဆိုနိုင်တယ်''
''ကောင်လေး… ကောင်လေး မင်းသတိရလာပြီလား''
''လူ…လူသား… စား''
''ဒေါက်တာ… သူဘာတွေပြောနေတာလဲ… ကိုတန်ခိုး… သတိရလာပြီလား ကျွန်တော်ဆန်းထွန်းပိုင်လေ… ကိုတန်ခိုးသတိထားပါဦး''
''ဒေါက်တာကြည့်ပေးပါဦးဗျာ''
''မလောပါနဲ့… အခုမှသတိရခါစဆိုတော့ သူ့ကိုအနားပေးထားဖို့လိုတယ်… နောက်မှခင်ဗျားတို့သိချင်တာ မေး… အခုလောလောဆယ် သူ့ကို ဘာမှအမေးမြန်းမလုပ်တာ ကောင်းလိမ့်မယ်''
''ဒေါက်တာ… သူ…သူတစ်ခုခုပြောချင်နေပုံရတယ်… ကိုတန်ခိုး'
''ခင်ဗျားလဲ ဆရာဝန်တစ်ယောက်ပါ… ဒီလိုချိန်မျိုးမှာ လူနာကို အနားပေးဖို့ လိုအပ်လိမ့်မယ်ဆိုတာ ခင်ဗျားလဲသိမှာပါ''
''ကျွန်တော်သိပါတယ်… ဒါပေမယ်… ခေါင်းခါနေပါလားဒေါက်တာ ကိုတန်ခိုးခင်ဗျား ဘာပြောချင်လို့လဲ ခဏလေးနားလိုက်ပါဦးနော်''
''ကယ်…ကယ်ပေးပါ… လူသား… ဆေး… ငါ့…ငါသူ''
''မောင်ရင်…မောင့်ရင်မှာ အပြင်းထန်ဒဏ်ရာတွေ ရှိနေတယ် စကားတွေမပြောပါနဲ့ ခဏလေးအနားယူနေပေးပါနော်''
ဆရာဝန်ကြီးသည်လည်း လွန်စွာအံ့သြလေမိသည်။ သူ့အား ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်ထားလောက်အောင်ပင် လွန်စွာခံနိုင်ရည်အားကောင်းလွန်းလှသည်။ ယခုသည်လည်း တိုးလွန်းလှသော စကားသံများနှင့် ဂယောင်ဂတမ်းစကားများစွာ နှုတ်မှတဖွဖွ ပြောဆိုလာခဲ့သည်။ ဆန်းထွန်းပိုင်တစ်ယောက်သည်လည်း ယခုကဲ့သို့ တန်ခိုးတစ်ယောက် လျင်မြန်စွာသတိလည်လာခဲ့ခြင်းကြောင့် အလွန်ပင်ဝမ်းသာသွားမိသည်။ သို့သော်လည်း တန်ခိုး၏နှုတ်မှ သူ၏ဟန်ဖြင့်သော မာန်ပါပါဖြင့်ပြောဆိုလာမည့် စကားများအား မျှော်လင့်နေခြင်းဖြစ်သည်။ သို့သော် ယခုပြောဆိုလာခဲ့သော စကားများမှာ တိုးလွန်း၍ ကောင်းစွာမကြားနိုင်ခဲ့ချေ။
''ကယ်ပေးပါ… ထီးလေ လမ်းလေး မျှားလေး ငါးလေး သူတို့အားလုံး သေကုန်တော့မယ်''
''ဟင်!…''
''ကိုတန်ခိုး!…''
ကယောင်ကတမ်းစကားများစွာ ပြောဆိုနေခဲ့သော ထိုလူနာအား ဆရာဝန်ကြီးမှာမူ ခေတ္တအနားယူ စေခိုင်းခဲ့ပြီး အခန်းတွင်းမှ ထွက်ခွာမည်အလုပ် တန်ခိုး၏နှုတ်မှ ကျယ်လောင်စွာ ထိုသို့အော်ဟစ်ပြောဆိုလိုက်လေသည်။ သို့နှင့်ဆရာဝန်ကြီး၏ ခြေလှမ်းများသည်လည်း တုန့်ခနဲ ရပ်တန့်သွားခါ တန်ခိုးဆီသို့ ပြန်လည်ဦးတည်လိုက်လေသည်။
''ကိုတန်ခိုး… ကိုတန်ခိုး ကိုထီးလေးတို့ဘယ်မှာလဲ''
''ကိုတန်ခိုး… ကျွန်တော့အဖေနဲ့ သူ့တပည့်တွေရော''
''လူ… ဆေး… ဆေး''
ဆန်းထွန်းပိုင်သည်လည်း တန်ခိုး၏မျက်နှာပြင်နှင့် နီးကပ်စွာကပ်လိုက်စေရင်း နှုတ်မှ တရတ်ဆက် ထိုသို့မေးမြန်းစေခဲံသည်။ သို့သော်လည်း တန်ခိုးတစ်ယောက် ပါးစပ်အဟောင်းသား မေ့မျောသွားခဲ့ရပြန်သည်။
''မဖြစ်ဘူး… သူတို့အားလုံး ဒုက္ခရောက်နေကြတာ သေချာတယ်… ကိုမောင်ဝင်း… ကိုမောင်ဝင်းဆီ အကြောင်းကြားမှဖြစ်မယ်''
''ကယ်… ကယ်ပေးပါ''
လွန်စွာသွေးအားနည်းနေသည်။ ထို့ကြောင့် ခံနိုင်ရည်အားကောင်းစွာ လျင်မြန်စွာဖြင့် သတိလည်လာခဲ့သော်လည်း စက္ကန့်ခြားမျှ ပြန်လည်သတိလစ်နေရသည်။ သတိရရှိလာခဲ့လျင်လည်း မပီသသော စကားသံများနှင့် တစ်ဦးတစ်ယောက်အား လျင်မြန်စွာကယ်တင်ပေးနိုင်ရန် တောင်းဆိုနေခဲ့လေသည်။ ထို့ကြောင့် ဆန်းထွန်းပိုင်တစ်ယောက်မှာလည်း မည်သို့ပင် လုပ်ဆောင်ရမည်မှန်းမသိတော့ချေ။ ထို့ကြောင့် ယခုအချိန်၌ အားကိုးအားထားပြုနေခဲ့ရသော မိတ်ဆွေဖြစ်သူ ရဲအုပ်မောင်ဝင်းထံသို့သာ အကြောင်းကြားစေရန် ဆုံးဖြတ်လိုက်ချေသည်။
****
''ရှင်ရယ် ကျွန်မကိုခွင့်မလွတ်ပါနဲ့ ကျွန်မဝိဥာဉ်တစ်ဦးဆိုတာ ရှင့်ကို မသိစေချင်လို့ ကျွန်မ မပြောဖြစ်ခဲ့တာပါ… အခုလိုအချိန်မျိုး ရောက်လာလိမ့်မယ်လို့ ကျွန်မမထင်ခဲ့မိဘူးလေ'
''ကျွန်မ… ကျွန်မ… ရှင့်ကို စတွေ့တည်းက သံယော်ဇဉ်ဖြစ်နေမိတယ်… ရှင့်ကိုကျွန်မ… !''
မေ့မျောနေခဲ့သော ထီးကလေး၏နံဘေး၌ သူမတစ်ယောက် စကားများစွာပြောဆိုနေခဲ့သည်။ ထီးကလေး၏ လက်တစ်ဖက်စီ၌ ကြိုးများဖြင့် တုတ်နှောင်ထားခါ ခြေထောက်တွင်လည်း ဘယ်တစ်ဖက် ညာတစ်ဖက် ကြိုးများဖြင့် ချည်နှောင်ထားစေခဲ့သည်။ ထိုအခန်းဟာ အလင်းရောင်ဟူ၍ အကြည်ရောင် သွပ်ကလေးတစ်ချပ်သာ ရှိနေခဲ့သည်။ ထီးကလေး၏ ပုံသဏ္ဍန်မှာလည်း မေ့မျောခွေခေါက်နေခါ သူ၏နံဘေး၌ ဝိဥာဉ်မလေးသည်လည်း ဝဲလျက်မျက်ရည်များဖြင့် သူ့အား တောင်းပန်စကားများစွာ ပြောဆိုနေခဲ့သည်။ ဝိဥာဉ်မလေး၏ ပြောဆိုနေသော စကားများ မဆုံးသေးခင်အချိန်မှာပင် ထီးကလေး၏နှုတ်မှ ညည်းညူသံတစ်ချို့ ပေါ်ထွက်လာခဲ့သည်။
''အ…ကျွတ်ကျွတ်…အင်း…အ''
"ဟင်… သူ…သူသတိရလာပြီး"
မျက်လုံးအိမ်ဖြင့် မဖွင့်သေး နှုတ်မှ ညည်းညူသံထွက်ပေါ်လာသည်နှင့် ဝိဥာဉ်မလေးသီရိမေဟာ ထီးကလေး၏အနားမှ ရုတ်တရက်ပျောက်ကွယ်သွားခါ မမြင်နိုင်လောက်သော နေရာမှ သူ့အား ချောင်းကြည့်နေခဲ့သည်။ သူတစ်ယောက် သတိလည်လာချင်း သူမအား မြင်တွေ့လိုက်လျင် ဒေါသကြီးစွာထွက်လျက် မိမိအားအော်ဟစ်ပြောဆိုတော့မည်ကို ကောင်းစွာသိရှိထားခဲ့သည်။ ထို့ကြောင့် မမြင်ကွယ်ရာ၌ပင် ခေတ္တတိမ်းရှောင်နေခဲ့ပြီး ထီးကလေး၏ အခြေနေများအား အသာချောင်းကြည့်နေခဲ့သည်။
သတိလည်လာခဲ့၏။ သူ၏လက်များနှင့် ခြေထောက်များအား ရုံးကန်ကြည့်သေးသည်။ သို့သော် လက်တစ်ဖက်စီ၌ ကြိုးများဖြင့်တုတ်နှောင်ထားခါ ခြေထောက်သည်လည်း ထိုကဲ့သို့ တုတ်နှောင်ထားခြင်းခံနေခဲ့ရသည်။ ပတ်ဝန်းကျင်အား လည့်ပတ်အကဲခတ်ကြည့်နေ၏။ အလင်းရောင်ဟူ၍ နံရံတွင်ကာရံထားခဲ့သော အကြည်ရောင် သွပ်ကလေး တစ်ချပ်သာ ရှိနေခဲ့သည်။
''သစ္စာဖောက်တွေ… အစ်ကိုအောင် ဘာကြောင့်ခင်ဗျား ကျုပ်ကိုရိုက်ရတာလဲ… သီရိမေ… မင်းသိပ်ရက်စက်တယ်… ဒီအခန်းထဲကနေ ငါလွတ်သွားရင် မင်းကိုအရင်သတ်ပစ်မယ်''
ကြုံးဝါးစွာပြောဆိုနေခဲ့သည်။ သို့သော်လည်း ထိုအခန်းတွင်း၌ သူ့အားချုပ်နှောင်ထားခဲ့သည်က လွယ်ကုစွာ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ချေ။
ငါဒီလိုရှောင်နေလို့လဲ ပြသနာပြီးသွားမှာမဟုတ်ဘူး။ ငါ့ဘဝအကြောင်း သူ့ကိုပြောပြမှဖြစ်တော့မယ်။ ဟုတ်တယ်။ ပြောပြလိုက်တာ ကောင်းပါတယ်လေ။
ပုန်းကွယ်နေရာမှ တွေးမိ၏။ ဝိဥာဉ်မလေး သီရိမေ။ သူမဟာ လှပေသော တစ္ဆေတစ်ကောင်သာဖြစ်သည်ဟု အချုပ်နှောင်ခံထားရသော ထီးကလေးအား ရှင်းပြပြောဆိုတော့မည်ဟု တွေးမိလိုက်စေသည်။ သို့နှင့်ပုန်းကွယ်နေခဲ့သော နေရာဆီမှ ထွက်ရောက်ခါ ထီးကလေး၏အရှေ့သို့ အသာလျောက်လှမ်းသွားလေသည်။ မိမိဟာ လူသတ်သမားများ၏လက်ဝယ်အတွင်း ရောက်ရှိသွားခါ ထိုကဲ့သို့ အချုပ်နှောင်ခံထားရပြီး မိမိနှင့်အတူရှိနေသော နပ်စ်မလေးဟာ အဘယ့်ကြောင့် ထိုအခန်းတွင်း၌ လွတ်လပ်စွာရှိနေရသနည်း။ သူ၏အရှေ့သို့ ဦးခေါင်းလေးစိုက်ခါ လျောက်လှမ်းလာခဲ့သော နပ်စ်မလေးအား ထီးကလေးတစ်ယောက် တွေဝေစွာစိုက်ကြည့်နေမိသည်။
''ဟင်!… မင်း"
'' သြော်… မင်းက သူ့လူကိုယ့်ဘက်သား လုပ်ပြီး ငါ့ကိုအခုလိုဖြစ်အောင် အကွက်ဆင်ခဲ့တာပဲ… မင်းရက်စက်လှချည်းလား… ငါ့မှာတော့ မင်းကိုကျေးဇူးတင်နေလိုက်ရတာ တကယ်တော့ မင်းကရုပ်နဲ့မလိုက်အောင် သိပ်ကိုးကောက်ကျစ်ယုတ်မာတဲ့ မိန်းမတစ်ယောက်ပဲ''
''မဟုတ်ဘူးထီးကလေး… ကျွန်မရှင်းပြပါရစေ''
''ထွက်သွား… မင်းထွက်သွား ဘာမှလာရှင်းပြမနေနဲ့ မင်းမျက်နှာမမြင်ချင်ဘူး မင်းလိုယုတ်မာကောက်ကျစ်တဲ့ မိန်းမတစ်ယောက်ရဲံ့စကားသံကို ငါနားမထောင်နိုင်ဘူး''
''မင်းထွက်သွား မင်း… ထွက်သွားလို့ပြောနေတယ်နော်''
''ထီးကလေး… ကျွန်မက ရှင်ထင်သလို!…''
''မကြားချင်ဘူး… ဘာမှလာမပြောနဲ့ မင်းထွက်သွား''
''ရှင်မကြားချင်လဲ ကျွန်မပြောရမှာပဲ ကျွန်မက ရှင်ထင်သလို ယုတ်မာတာလဲမဟုတ်ဘူး ကောက်ကျစ်တာလဲမဟုတ်ဘူး… လူသားစင်စစ်တစ်ဦးလဲ မဟုတ်ဘူး ကျွန်မဟာ ဝိဥာဉ်တစ်ဦး''
''ဘာ!… မင်း!…မင်းက ဝိ…ဝိဥာဉ်တစ်ဦး…ဟုတ်…ဟုတ်လား''
''ဟုတ်တယ်… ကျွန်မပြောပြမယ် လွန်ခဲ့တဲ့ ၁၆နှစ်ကျော်လောက်တုန်းက ကျွန်မဟာ… ဒီဆေးရုံရဲ့ စံပြနပ်စ်မတစ်ဦး… အဲ့ဒီချိန်တုန်းကပေါ့… ''
ဝိဥာဉ်မလေးအား မြင်တွေ့လိုက်ရသည်ကြောင့် ထီးကလေးမှာမူ သူမအား လွန်စွာဒေါသထွက်မိသည်။ သူမ၏ပြောဆိုနေခဲ့သော စကားများအား ဆက်လက်၍မပြောဆိုရန် အော်ဟစ်မောင်းထုတ်စေခဲ့သည်။ သို့သော်လည်း ဝိဥာဉ်မလေးမှာမူ ထိုအချိန်၌ သူမ၏ဘဝအကြောင်းများအား မဖြစ်ဖြစ်သော နည်းဖြင့် ပြောဆိုနေချင်သောကြောင့် သူမဟာ ဝိဥာဉ်တစ်ဦးသာဖြစ်သည်ဟု ထီးကလေးအား ပြောဆ်ုလေခဲ့သည်။ အချုပ်နှောင်ထားခံရသော ထီးကလေးသည်လည်း နပ်စ်မလေး၏နှုတ်မှ ထိုသို့သော် စကားသံများကြားလိုက်ရသည်ကြောင့် အံ့သြမိသွားစေသည်။ ဝိဥာဉ်မလေးသည်လည်း လွန်ခဲ့သော ၁၆နှစ်ကျော်၌ မြို့မအထွေထွေရောဂါကု ထိုဆေးရုံကြီးဟာ အလွန်ပင်နာမည်ကြီးလွန်းလှသော အကြောင်းများနှင့် မိမိအား ဆရာဝန်ကြီးစွန်ရဲနိုင်မှာမူ စိတ်ရူးပေါက်ခါ သတ်ပစ်ခဲ့သည်များအား ပြောဆ်ုလေခဲ့သည်။
***-*
''ဆရာ… ကျွန်တော်တို့အပေါ်ဆုံးထပ်က အခန်းအားလုံးရှာဖွေခဲ့ပြီးပါပြီ မသင်္ကာစရာ ဘာတစ်ခုမှမတွေ့ပါဘူး''
''ဆရာ… ကျွန်တော်တို့လဲ ဒုတိယအထပ်မှာရှိနေတဲ့ အခန်းအားလုံးရှာခဲ့ပြီးပါပြီ ဘာတစ်ခုမှ မသင်္ကာစရာမတွေ့ရပါဘူး… အခန်းတိုင်းမှာ ဆေးရုံအသုံးဆောင် ပစ္စည်းတစ်ချို့နဲ့ ပျက်စီးနေတဲ့ ပစ္စည်းတစ်ချို့ကိုးပဲ တွေ့ခဲ့ရပါတယ်ဆရာ''
''ဟင်… ''
''ပထမအထပ်မှာရော… ''
''ဟုတ်ကဲ့ဆရာ… ပထမအထပ်မှာလဲ ပျက်စီးနေတဲ့ ပစ္စည်းတွေ ဆေးရုံအသုံးဆောင်ပစ္စည်းအဟောင်းတွေ အခန်းတိုင်းလိုလိုမှာ တွေ့ခဲ့ရပါတယ်… တခြား မသင်္ကာစရာတော့ ကျွန်တော်တို့ရှာမတွေ့ခဲ့ပါဘူး''
''ဆရာ… ဆရာ''
''ဘာဖြစ်လာတုန်းဗျ ဘာတွေ့လို့တုန်း''
''မြေညီထပ် အခန်းတစ်ခုထဲမှာ ကျွန်တော်တို့အသံတစ်ခုကြားလိုက်တယ်ဆရာ''
''ဟင်… ဘာသံတုန်း ဝင်ကြည့်ကြလေ''
''အဲ့ဒီအခန်းထဲဝင်လို့မရဘူးဆရာ သော့ခတ်ထားတယ်''
''ဟေး… ဟုတ်ပြီဟုတ်ပြီ ဘယ်အခန်းလဲ ကျွန်တော့ကိုလိုက်ပြပါ… ကဲဒေါက်တာတို့ ခင်ဗျားတို့ပါလိုက်ခဲ့ပေး''
မြေညီထပ်တွင်ဖြစ်စေသည်။ အပေါ်ဆုံးထပ်ရှိ အခန်းများအား ရှာဖွေခဲ့ပြီးသော ရဲသားလေးများဟာ မသင်္ကာစရာ မည်သည့်တစ်ခုမှ မတွေ့ရှိခဲ့ရကြောင်း ပြောဆ်ုလေခဲ့သည်။ ထို့အတူ ဒုတိယထပ်နှင့် ပထမထပ်အခန်းတို့အား ရှာဖွေခဲ့ပြီးသော ရဲသားလေးများဟာလည်း မည်သည့်မသင်္ကာစရာ အကြောင်းတစ်ခုမှ မတွေ့ရှိခဲ့ကြောင်း ရဲအုပ်မောင်ဝင်းအား ပြောဆ်ုခဲ့သည်။ ဒေါက်တာသန်းနိုင်နှင့် ဆရာဝန်ကြီးတို့မှာလဲ ခပ်ပြုံးပြဲုးအမူယာဖြင့် ရှိနေခဲ့သည်။ ရဲအုပ်မောင်ဝင်းသည်လည်း မိမိ၏ရဲသားလေးများ၏ နှုတ်မှ ထိုကဲ့သို့သော် စကားများပြောဆိုလာခဲ့ခြင်းကြောင့်သာ ယုံရခတ်လျက် ယုံစားမိခဲ့ရသည်။
သို့သော် သူ၏ရင်ထဲ၌ တစ်စုံတစ်ခုအား မတင်မကျဖြစ်နေခဲ့သည်။ မျက်မှောင်အားကြုတ်ထားရင်း သက်ပြင်းတစ်ချက်အား ဖြည်းညင်းစွာချလိုက်သည်။ မြေညီထပ်ကွေ့အချိုးလေးဆီမှ တာဝန်ယူရှာဖွေနေခဲ့သော ရဲဘော်လေး လေးဦးမှာ ရဲအုပ်မောင်ဝင်း၏ အမည်အားတမ်းတခါ အရေးတကြီးပြေးဝင်လာခဲ့သည်။ ထို့နောက် မြေညီထပ်အခန်းတစ်ခုအတွင်း၌ တစ်စုံတစ်ခုသော အသံများအားကြားလိုက်ရပြီး ထိုအခန်းဟာ သော့ခတ်ထားသည်ဟု ပြောဆ်ုခဲ့သည်။ ထိုအခန်းတွင်း၌ မည်သည့်မသင်္ကာစရာ အကြောင်းများရှိနေသနည်း။ ဘေးတစ်ဖက်စီ၌ ရှိနေခဲ့သော ဆရာဝန်ကြီးများအား ကိုမောင်ဝင်းတစ်ယောက် ဘုစပ်စပ်ကြည့်စေခါ ရဲသားလေးများ ဦးတည်သွားသော အခန်းဆီသို့ လိုက်ပါသွားခဲ့သည်။
''ဒီအခန်းပဲဆရာ… ''
''ဟင်!… ဘာအသံမှ မကြားရတော့ပါလား… ဒီအခန်းကိုဘာဖြစ်လို့ သော့ခတ်ထားရတာလဲ''
''သြော်!… ဒီအခန်းထဲမှာ ဘာမှမရှိပါဘူး… ပစ္စည်းအဟောင်းတွေ ထည့်ထားတာပါ… အထဲမှာ ကြောင်တို့ ကြွက်တို့ရှိနေလို့ အသံကြားရတာဖြစ်ပါလိမ့်မယ်''
''မဟုတ်ဘူးဗျ… ကျွန်တော်တို့ကြားလိုက်တာ လူတစ်ယောက်ယောက် အော်ပြောလိုက်တဲ့ စကားသံမျိုး… ပစ္စည်းတစ်ခုခုပြုတ်ကျသွားတဲ့ အသံမျိုးမဟုတ်ဘူး ကြောင်တို့ ကြွက်တို့အသံမျိုးလဲမဟုတ်ဘူး"
''ဘာပဲဖြစ်ဖြစ် ကျုပ်ဒီအခန်းထဲ ဝင်ကြည့်ပါရစေ… သော့ဖွင့်ပေးပါ''
''ဗျာ…''
''သော့ဖွင့်ပေးပါ''
''သော့… သော့က''
''ဘာလဲ သော့ပျောက်နေလို့လား!… ရပါတယ်… ဒါဆိုလဲ အခန်းသော့ကို ကျွန်တော်တို့နည်းနဲ့ ကျွန်တော်တို့ဖွင့်လိုက်ပါ့မယ်''
''မပျောက်ပါဘူး… ခင်ဗျားဝင်ကြည့်ချင်တယ်ဆိုလဲ ဝင်ကြည့်ပါ… သန်းနိုင်… ရဲအရာရှိကြီးကိုသော့ပေးလိုက်''
(ရဲအုပ်မောင်ဝင်း၏ ဖုန်းမြည်သံ)
''ကဲဆရာတို့…သော့ဖွင့်ပါ… ကျွန်တော့်မိတ်ဆွေဆီက ဖုန်းလာလို့ ခဏပြောပါရစေ… အစစသတိရှိပါ''
''ဟုတ်''
''ကိုမောင်ဝင်း… ကိုမောင်ဝင်း… ကိုတန်ခိုးကိုတန်ခိုး သတိရလာပြီဗျ… စကားတွေလဲ ပြောနေတယ်… သူတစ်ခုခုပြောချင်နေပုံရတယ်… ကိုမောင်ဝင်းအလုပ်ပြီးတာနဲ့ ဆေးရုံကိုချက်ချင်းပြန်လာခဲ့ပါလား''
''ဗျာ… ကိုတန်ခိုးသတိရလာပြီ ဝမ်းသာလိုက်တာဗျာ… ကျွနိတော်အလုပ်ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့ပါ့မယ်''
''ဟုတ်တယ်ကိုမောင်ဝင်း… ခင်ဗျားမြန်မြန်ပြန်လာမှ ဖြစ်မယ် ကျွန်တော်မေးနေတာ သူမဖြေဘူးဖြစ်နေတယ် ကိုမောင်ဝင်းမြန်မြန်ပြန်လာပါနော်''
''ဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်တော်ဒီကအလုပ်ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့ပါ့မယ်''
မိတ်ဆွေဖြစ်သူ တန်ခိုးတစ်ယောက် ပြန်လည်သတိရရှိလာပြီဟု ဆန်းထွန်းပိုင်တစ်ယောက် ရဲအုပ်မောင်ဝင်းထံသို့ အကြောင်းကြားစေခဲ့သည်။ ကိုမောင်ဝင်းသည်လည်း တန်ခိုးတစ်ယောက် ပြန်လည်သတိရရှိလာခါမှ ယခုကြုံတွေ့နေရသော အဖြစ်ပျက်များ ကောင်းစွာသိရှိရမည်မှာ မလွဲချေ။ ထို့ကြောင့် သူသည်လည်း ဝမ်းသာအားရဖြစ်မိ၏။
''ဆရာ… အထဲကိုဝင်ကြည့်လို့ရပါပြီ အခန်းထဲမှာ ဘာတစ်ခုမှ မသင်္ကာစရာမတွေ့ရဘူး… ပစ္စည်းအဟောင်းတွေပဲရှိနေတယ်''
''ဟုတ်ပြီး ကျွန်တော်ဝင်လေ့လာကြည့်ဦးမယ်''
တစ်စုံတစ်ယောက် အော်ဟစ်လိုက်သော အသံအားကြားလိုက်ရသည့်အခန်းတွင်းသို့ ရဲဘော်လေးများ တံခါးဖွင်ြုပီးသည်နှင့် ကိုမောင်ဝင်းတစ်ယောက် ဝင်ရောက်ကြည့်ရှု့ခဲ့သည်။ အခန်းအတွင်း၌ ငြီဆို့ဆို့သွေးနံသာ ရရှိခဲ့ပြီး တစ်ခြားသော မသင်္ကာစဖွယ် မည်သည့်အရာတစ်ခုမှ ရှာမတွေ့ခဲ့ချေ။ သွေးငြီနံရရှိပြီး နံရံအားလုံးမှာလည်း ယခုချက်ချင်းပင်လျင် သန့်ရှင်းရေးများ ပြုလုပ်ထားသည့် ပုံစံဖြစ်နေခဲ့သည်အား ကိုမောင်ဝင်းတစ်ယောက် အကဲခတ်မိလိုက်သည်။ သို့သော်လည်း ထိုအချက်များဟာ ခိုင်လုံသော စွဲချက်များအထိ တင်ပို့နိုင်ရန် မလုံလောက်သေးချေ။
သို့နှင့်မျက်မှောင်သာလျင် ကြုတ်စေခဲ့ရင်း ထိုအခန်းတွင်းမှ ဖြေးညင်းစွာထွက်ခွာလာခဲ့သည်။
''ဘယ်လိုလဲဗျ… အခန်းထဲမှာ ဘာတွေ့တုန်း''
ဒေါက်တာသန်းနိုင်၏ ခနဲတည့်တည့်အမေး။ ကိုမောင်ဝင်းတစ်ယောက် ဦးခေါင်းလေးသာ ဖြည်းညင်းစွာနှင့် ခါရမ်းလိုက်စေသည်။
''ဘာမှမတွေ့ပါဘူး''
''ကျွန်တော်တို့ကိုအထင်မလွဲပါနဲ့ရဲအရာရှိကြီး''
''ကျွန်တော်တို့အားလုံးက ဆေးရုံကြီးပြန်လည်ထူထောင်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းနေကြတာပါ တစ်ခြား ဥပဒေနဲ့မကင်းတာ ဘာတစ်ခုမှလုပ်မထားပါဘူး''
''အခန်းတိုင်းလိုလိုမှာရှိနေတဲ့ ပစ္စည်းအားလုံးကလဲ ဆေးရုံပြန်ဖွင်တဲ့အချိန်မှာ အသုံးပြုဖို့ သိမ်းဆည်းထားတဲ့ပစ္စည်းတွေပါပဲ''
ဒေါက်တာသန်းနိုင်နှင့်ဆရာဝန်ကြီးစွန်ရဲနိုင်တို့၏ ပြောဆိုနေသော စကားများ။ ရဲအုပ်မောင်ဝင်းတစ်ယောက် မည်သည့်စကားမှ ပြန်လည်မပြောဆိုတော့ပဲ သက်ပြင်းများသာ ခပ်ပြင်းပြင်းချစေတော့သည်။
"ကိုယ့်လူ… ဟေ့… ကိုယ့်လူ"
"ဟာ…ဒုက္ခပါပဲခင်ဗျားက အရေးထဲ သတိလစ်နေတယ်''
''အင်း!…ထွက်ပေါက်တော့တွေ့ပြီ ငါလဲဆေးရုံထဲက ထွက်ပြေးသွားရင် ထီးလေးတို့ကိုဘယ်သူကယ်မလဲ ငါပြေးလို့မရသေးဘူး… ငါ့မိတ်ဆွေတွေ ဒုက္ခရောက်နေတယ် သူတို့အားလုံကို ငါကယ်မှဖြစ်မယ်"
"ဒီလူ့ကိုဘယ်လိုလုပ်ရပါမလဲ"
''ဟာကွာ ကြာပါတယ်… သူ့ကိုဒီလမ်းဘေးမှာပဲ ချထားလိုက်မယ်… သူသတိရလာတာနဲ့ ဆေးရုံနဲ့ဝေးရာဆီ ပြေးမှာသေချာတဟ်… ဟုတ်တယ်… ဒီမှာထားလိုက်တာပဲကောင်းတယ်''
အပေါ်ဆုံးထပ်ထွက်ပေါက်ဆီမှ စာမိအား ကျောပိုးခါ အောင်ကိုတစ်ယောက် ဆင်းသတ်လာခဲ့ရင်း ဆေးရုံကြီး၏ ဘေးဆီသို့ရောက်ရှိလာခဲ့သည်။ ထိုလှေကားဆီမှ ဆင်းလိုက်သည်နှင့် ဆေးရုံဝဏ်းအပြင်သို့ ရောက်ရှိစေနိုင်သော ထွက်ပေါက်အား မြင်တွေ့လိုက်နိုင်သည်။ လွယ်ကူစွာဖြင့်လဲ အပြင်သို့ ထွက်ခွာသွားနိုင်မည်မှာ သေချာလှသည်။ သို့သော် စာမိနှင့်အတူ မိမိပါလျင် ဆေးရုံအတွင်းမှ တိမ်းရှောင်သွား၍ မဖြစ်သေး။ မိမိ၏မိတ်ဆွေဖြစ်သူများ ဆေးရုံအတွင်း၌ပိတ်မိနေသေးသည်။
ထို့ကြောင့် မေ့မျောနေခဲ့သော စာမိကိုသာ ထွက်ပေါက်အပြင်သို့ ကျောပိုးသွားစေရင်း ပတ်ဝန်းကျင်အား အကဲခတ်စေခဲ့သည်။ မိမိသည်လည်း ဆေးရုံအတွင်းမှ အချိန်ကြာမြင့်စွာ ပျောက်နေ၍မကောင်း။ လူသတ်သမားများ ရိပ်မိသွားစေနိုင်သည်။ သို့နှင့် ကျောပိုးထားသည့် စာမိကိုသာ ထိုလမ်းနံဘေး၌ရှိနေသော ချုံပုတ်များအတွင်း၌ ပစ်ချထားစေခဲံ့သည်။ ထို့နောက်မိမိသည်လည်း ဆေးရုံအတွင်းသို့ ပတ်ဝန်းကျင်အား အကဲခတ်စေခါ အလျင်မြန်ဝင်ရောက်လာခဲ့လေသည်။
''ကဲ!… ရဲအရာရှိကြီး… ခင်ဗျားတို့လဲ ကျွန်တော်တို့ ဆေးရုံတစ်ခုလုံးကို စိတ်တိုင်းကျ မွေနှောက်ပြီးသွားပြီး''
"မသင်္ကာစရာ ဘာတစ်ခုမှ မတွေ့ဘူးဆိုတော့ ကျွန်တော်တို့ဘက်က တောင်းဆိုထားတဲ့ တောင်းဆိုချက်ကို ရဲအရာရှိကြီးမှတ်မိပါတယ်နော်''
''မှတ်မိပါတယ်"
''ဒါဆိုရင် ခင်ဗျားလက်ရေးနဲ့ ခင်ဗျားကိုယ်တ်ုင်ပဲ ကျွန်တော်တို့ဆေးရုံကို နောက်နောင်ဘယ်တော့မှ မနှောက်ယှက်တော့ပါဘူးဆိုတဲ့ ခံဝန်ကတိရေးပေးခဲ့ပါ"
မည်သို့ပင်တွေးရမည်နည်း။ ကိုမောင်ဝင်း၏ အတွင်းစိတ်၌ တစ်စုံတစ်ခုအား ခံစားနေရသည်။ စိတ်အတွင်း၌လဲ လေးလံထိုင်းမှိုင်းနေခဲ့၏။ ထို့ကြောင့်လဲ သူ၏စိတ်အတွင်း၌ မသင်္ကာစဖွယ်ကောင်းလှသော ထိုဆေးရုံသို့ လာရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယခုအခါ ထိုဆေးရုံအတွင်း၌ မည်သည့်မသင်္ကာစဖွယ် အကြောင်းတစ်ခုမှ မတွေ့ရှိခဲ့ရချေ။ အဘယ်ကြောင့်နည်း။
သူဟာ ထိုနယ်လေး၏ ရဲအရာရှိတစ်ယောက်မဟုတ်သကဲ့သို့ ထိုနယ်လေး၏ အကြောင်းများအားလည်း ကောင်းစွာမသိရှိခဲ့ချေ။ ထို့ကြောင့် ရဲအုပ်မောင်ဝင်း၏ နောက်ကြောင်းများအား စုံစမ်းထားခဲ့သော ဆရာဝန်ကြီးများမှာ တစ်ကွက်ပို၍ သာလွန်နေခဲ့ပြီး။ ရဲအုပ်မောင်ဝင်းအား ကောင်းစွာလှည့်စားစေနိုင်ခဲ့သည်။ ထိုသူတို့၏ အပေးအယူတိုင်း ရဲအုပ်မောင်ဝင်းသည်လည်း မြို့မအထွေထွေရောဂါကု ထ်ုဆေးရုံအား နောက်နှောင်များ၌ စစ်ဆေးရှာဖွေခြင်းများ မပြုလုပ်တော့ပါဟု ခံဝန်လက်မှတ် ရေးထိုးပေးခဲ့ရလေသည်။ သို့နှင့် ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့သည်လည်း ဆေးရုံအတွင်းမှ ငြိုးငယ်လှစွာသော မျက်နှာထားလေးများဖြင့် ထွက်ခွာသွားရလေတော့သည်။
****
''မင်းပြောနေတာတွေ တကယ့်အမှန်တွေပဲလား''
''ဟုတ်ပါတယ်… ကျွန်မကို ရှင်တစ်ယောက်ပဲ အချိန်ကြာကြာမြင်တွေ့နိုင်တယ်… ပြီးတော့ ရှင်တစ်ယောက်ပဲ ကိုယ်ထိလက်ရောက် ပြုမူလို့ရတယ် ဘာကြောင့်လဲဆိုတာတော့ ကျွန်မလဲမသိဘူး… အစတည်းက ကျွန်မဟာဝိဥာဉ်တစ်ဦးလို့ ရှင့်ကိုမပြောပြခဲ့မိတာ ခွင့်လွတ်ပေးပါနော်''
''သြော်!… ဒါကြောင့်… ငါနဲ့လူသတ်သမားတွေ တိုက်ခိုက်နေချိန်တုန်းက သူတို့မင်းကိုမတွေ့နိုင်ဘူးလို့ မင်းပြောခဲ့တာက်ုး… အဲ့ဒီအကြောင်းတွေ အစတည်းက မင်းပြောထားသင့်တယ်… ဒါဆိုရင် ငါအခုလိုမင်းကို အားကိုးတကြီါ် အကူညီတောင်းမိမှာမဟုတ်ဘူး''
''ဟုတ်ပါတယ် ကျွန်မမှားသွားခဲ့တယ် အဲ့ဒီအတွက် အခုရှင့်ကိုကျွန်မ အစွမ်းကုန်ပြန်ကူညီပေးမှာပါ''
''အခုလောလောဆယ် ဒီအခန်းထဲကနေ ငါလွတ်ဖို့အရေးကြီးတယ်… အရာဝတ္တုတွေ ကိုင်တွယ်လို့မရတဲ့ မင်းက ငါ့ကိုဘယ်လိုတွေ ကူညီဦးမှာမို့လို့လဲ''
''ရှင့်စောင့်ကြည့်နေပါ… ကျွန်မက မနေ့တနေ့ကမှ သရဲဖြစ်တာမဟုတ်ဘူး ကျွန်မအခုလိုဘဝမျိုးနဲ့ နေလာခဲ့တာ ၁၆နှစ်ကျော်သွားပြီး သက်တမ်းရှင့်တစ္ဆေတစ်ကောင်အဖြစ် ကျွန်မရပ်တည်နေနိုင်ပြီ''
''အဲ့ဒါနဲ့ ငါ့ကိုကူညီပေးမှာနဲ့ ဘာဆိုလို့လဲ''
''ဆိုင်တာပေါ့ သိပ်ဆိုင်တယ်… အခု ရှင့်ဆီကို တစ်ယောက်ယောက်ဦးတည်လာနေပြီ အဲ့ဒီလူ တံခါးဖွင့်ပြီး ဝင်လာတာနဲ့ ရှင်မေ့ချင်ယောင်ဆောင်နေ'
''ဟင်!… ဘာဖြစ်လို့လဲ''
''ဘာမှမဖြစ်ဘူး… ကျွန်မပြောတဲ့အတိုင်းပဲလုပ်''
*****
"ဟားဟားဟားဟားဟား"
"မောင်စန်းမြင့်… တပည့်ကြီးမောင်စန်းမြင့် မင်းသိပ်တော်တာပဲကွာ မင်းသိပ်တော်တာပဲ နိုင်ငံတော်အသိမှတ်ပြုထားတဲ့ ရဲအုပ်မောင်ဝင်းတို့အဖွဲ့ကို အခုလို လွယ်လွယ်လေး လှည့်စားနိုင်လိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး"
"မင်းသိပ်တော်တယ်စန်းမြင့် မင်းကိုငါတပည့်အဖြစ် နေရာထားဖို့မသင့်တော်တော့ဘူးကွ"
''ဟာဗျာ… ဆရာကလဲ မဟုတ်တာ… ကျွန်တော်အစကတည်းက ဆရာ့ကိုပြောခဲ့ပါတယ်… သူတို့ရောက်လာရင် ကျွန်တော့မျက်လှည့်ပညာနဲ့ လှည့်စားနိုင်ပါတယ်လို့ အခုတော့ ရဲတွေ မျက်စိမှောက်ပြီး ခွေးပြေးဝက်ပြေး ပြေးသွားရပြီမဟုတ်လား''
''သိပ်ဟုတ်တာပေါ့ကွ သိပ်ဟုတ်တာပေါ့''
''ကဲ… အားလုံးထွက်လာကြ''
''မောင်အောင်ကို… ဟေးမောင်အောင်ကို''
''ကျွန်တော်ရှိနေပါတယ်ဒေါက်တာ''
''ကောင်းပြီကောင်ပြီး မင်းလဲလာ''
''ကဲ!… မောင်စန်းမြင့်ရဲ့ မျက်လှည့်ပညာနဲ့ ရဲတွေကိုလှည့်စားလိုက်နိုင်ပြီ နောက်ထပ်လဲ ရဲစုတ်တွေ ထပ်လာဖို့ဝန်လေးနေလိမ့်မယ် အခုချိန်ကစပြီး ဒီဆေးရုံမှာ ငါပြီးရင် မောင်စန်းမြင့်ရဲ့ စကားကိုအားလုံးနားထောင်ရမယ် ကြားကြလား''
''ဟူတ်ကဲ့ပါဆရာ… ကိုစန်းမြင့်ရဲ့ မျက်လှည့်ပညာကတော့ တကယ့်ကို အံ့မခန်းပါပဲဗျာ''
''ဟုတ်တယ်ဗျို့… အရေးပေါ်ခန်းထဲ ရဲစုတ်တွေဝင်သွားတုန်းက ကျွန်တော့ဖြင့်အထဲမှာရှိနေတဲ့ ပစ္စည်းတွေတွေ့သွားကြမှာ စိုးရိမ်နေခဲ့တာ ပြန်ထွက်လာတော့ ရဲတွေအားလုံးရဲ့ မျက်နှာမှာ မှုံကုတ်ကုတ်တွေဖြစ်ပြီး ဘာတစ်ခုမှတွေ့သွားပုံမရဘူး"
''သိပ်လဲမြောက်မနေကြပါနဲ့ဗျာ… မျက်လှည့်ပညာဆိုတာ လူလည်တွေအတွက် သီးသန့်အလိမ်ကောင်းဆုံး ပညာရပ်တစ်ခုဗျ… မျက်လှည့်ပြနေတဲ့အချိန်မှာ သေချာကြည့်လေ သေချာကြည့်တဲ့သူက ပိုပြီးအလိမ်ခံရလေပဲလေ''
''တော်ပါပေတယ်မောင်စန်းမြင့်ရာ မောင်ရင်တကယ်တော်ပါတယ်''
''ကဲ!… အခုတော့ သိပ်တော်ပါတယ်ဆိုတဲ့ ရဲအုပ်မောင်ဝင်း ဘာတတ်နိုင်သေးလဲ။ မောင်စန်းမြင့် သန်းနိုင်ကိုရန်ရှာတဲ့ အကောင်ကို သွားခေါ်လာခဲ့… သူ့အရှေ့မှာ သူ့လူတွေအားလုံးကို အသေသတ်ပစ်မယ် ပြီးရင် ငါ့မိန်းမကို ကောင်းကောင်းသင်္ဂျိုးပေးရမယ် ဒီဆေးရုံကိုလဲ ထာဝရပိတ်ထားဖို့ ငါဆုံးဖြတ်လိုက်ပြီး"
''ဟူတ်ကဲ့ဆရာ…''
မှော်ပညာရပ်နှင့်ထပ်တူပြုနိုင်သည်။ မောင်စန်းမြင့်၏ မျက်လှည့်ပညာရပ်။ နယ်မြေပိုင်စခန်းမှူးကြီး ကိုထိန်ဝင်းအား အသေသတ်ပြီးသည်နှင့် မောင်စန်းမြင့်တစ်ယောက် ဆေးရုံဆီသို့ ရဲသားများရောက်ရှိလာကြမည်ကို ကြိုတင်ခန့်မှန်းမိထားသည်။ ထို့ကြောင့်လဲ သူ၏ကျွမ်းကျင်စွာ တတ်မြောက်ထားသော မျက်လှည့်ပညာရပ်ဖြင့် ရဲသားများအား လှည့်စားနိုင်ရန် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ နံရံများ၌ မှန်သားပြင်များ ကပ်စေခါ အခန်းအားလုံးအား ပုံစံတူ တစ်ခန်းတည်းအဖြစ် မျက်လှည့်ပညာနှင့် ဖန်တီးထားစေခဲ့သည်။ ထို့ကြောင့် အခန်းများအား ဝင်ရောက်ရှာဖွေခဲ့သော ရဲသားများဟာ ပစ္စည်းအဟောင်းများ ထည့်ထားသည့် အခန်းများပင် ဖြစ်သည်ဟု ထင်မှတ်စေခဲ့သည်။
ဆရာဝန်ကြီး၏စေခိုင်းချက်ဖြင့် မောင်စန်းမြင့်သည်လည်း ထီးကလေးအား ချုပ်နှောင်ထားခဲ့သော မြေအောက်အခန်းဆီသို့ ဦးတည်လှမ်းလာလေခဲ့သည်။ မောင်စန်းမြင့်ဦးတည်လာနေခဲ့သည်ကိုလည်း ဝိဥာဉ်မလေးတစ်ယောက် ကြိုတင်ခါသိရှိထားလေသည်။ သို့နှင့် ထီးကလေးအား တုတ်နှောင်ထားခဲံသော ကြိုးများဆီမှ ရုံးကန်ခြင်းများမပြုလုပ်ပဲ မေ့မျောချင်ယောင် ဆက်လက်ဆောင်နေရန် ပြောဆိုစေခဲ့သည်။ မောင်စန်းမြင့်သည်လည်း လက်နတ်အား ခါးကြားထိုးစေခါ ထိုမြေအောက်ခန်းအရှေ့သို့ ဦးတည်ရောက်ရှိလာလေပြီဖြစ်သည်။
''ဟင်… ဆရာ အရှေ့ကချုံပုတ်ထဲမှာ တစ်ခုခုလှုပ်ရှားနေပါလား''
''ဘယ်မှာတုန်းဗျ""
"ဟို… ဟိုရှေ့မှာဆရာ''
''ဟင် ဟုတ်ပါ့!… တစ်ယောက်ယောက်ဖြစ်နိုင်တယ်… ကဲ!ကျွန်တော်တို့ အဲ့ဒီအနားမှာခဏရပ်ကြမယ် အားလုံးဂရုစိုက်ကြပါ''
ဆိုင်ကယ်များ ကိုယ်ဆီဖြင့် ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့သည်လည်း ဆေးရုံအရှေ့မှ ထွက်ခွာလာခဲ့ကြရင်း ဆေးရုံ၏ပတ်လမ်းအတွင်းမှ နယ်မြေပိုင်စခန်းဆီသို့ ဦးတည်မည်ဖြစ်သည်။ ဆေးရုံ၏ အနောက်ပေါက်ဟု သတ်မှတ်နိုင်သော ဖြတ်လမ်းလေးအတွင်းမှ ဦးတည်မောင်းနှင်သွားစေရင်း ဆိုင်ကဟ်မောင်းနှင်သူ ရဲသားတစ်ဦး၏ လက်ညိုးညွှန်ပြရာဆီသို့ ကြည့်မိစေခဲ့သည်။ သို့နှင့် ထိုနေရာဆီသို့ ဦးတည်မောင်းနှင်ခါ ရပ်တန့်စေလိုက်ရင်း တစ်ချက်ချက်လှုပ်ရှားနေခဲ့သော ချုံပုတ်အတွင်းသို့ အကဲခတ်ကြည့်စေခဲ့သည်။
မြင်တွေ့လိုက်ရ၏။ ဒဏ်ရာများနှင့် လူငယ်တစ်ဦး။ နာကျင်လွန်းသော ဒဏ်ရာများနှင့်အတူ ပါးစပ်အတွင်းမှလည်း သွေးများစွာ စီးကျနေခဲ့သည်။ ထိုလူငယ်ဟာ တောသားအောင်ကိုတစ်ယောက် ဆေးရုံ၏လျို့ဝှက်ထွက်ပေါက်အတွင်းမှ ကယ်ထုတ်လာခဲ့သော စာမိပင်ဖြစ်စေသည်။ ထိုလူငယ်အား ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့ မြင်တွေ့လိုက်ရပြီး တစ်ဦးမျက်နှာ တစ်ဦးကြည့်မိစေခါ ကိုမောင်ဝင်း၏အကြည့်တစ်စုံ ဆေးရုံကြီးဆီသို့ လျင်မြန်စာ ပြန်လည်ရောက်ရှိသွားခဲ့သည်။
***
ထီးကလေးအား ချုပ်နှောင်ထားခဲ့သော မြေအောက်ခန်းအရှေ့သို့ ရောက်ရှိလာခါ မောင်စန်းမြင့်သည်လည်း အခန်းတံခါးလေးအား အသာယာဖွင့်ခါ အထဲသို့ဝင်ရောက်လာခဲ့သည်။ အခန်းဝမှနေ၍ မေ့မျောချင်ယောင် ဆောင်နေခဲ့သော ထီးကလေးအား မဲ့ပြုံးပြုံးခါ သူတစ်ယောက်ခါးထောက်ကြည့်စေသည်။ ထို့နောက် အနားသို့အသာလှမ်းလာခါ ခေါင်းငိုက်စိုက်နေသော ထီးကလေး၏ ဆံပင်မှဦးခေါင်းအား ဆွဲမော့စေခဲ့သည်။
''ရပြီ… ဟင်း…ဟင်း မောလိုက်တာ မောလိုက်တာ''
''ဟင်… ဘယ်လိုဖြစ်တာလဲ''
မိမိ၏ဆံပင်အား အားပြင်းစွာဆွဲစေခဲ့ရင်း မျက်နှာပြင်သို့ ထိုလူသတ်သမား ထိုးကြိတ်တော့မည်မှာမလွဲချေ။ ယခုအခါ အဘယ့်ကြောင့် မောဟိုက်သွားခဲ့ပြီး နှုတ်မှ ခတ်ထန်လှသော စကားများမပြောဆိုပဲ မိန်းကလေးတစ်ဦး၏ လေသံနှင့် အဘယ့်ကြောင့် ပြောဆိုလာခဲ့ရသနည်း။ ဒါတင်မက မိမိအား ချည်နှောင်ထားသော ခြေလက်များမှ ကြိုးများအားလည်း နွဲ့နှောင်းစွာဖြင့် ထိုသူတစ်ယောက် ဖြေပေးနေခဲ့သည်။
''ရှင်အဆင်ပြေရဲ့လား''
''ဟင်!… ''
ဘာရယ်ကြောင့်ပါလိမ့်။ ထိုသူဟာ မိန်းမလျာတစ်ဦးပင်လား။ ရှင်အဆင်ပြေရဲ့လားဟူသော စကားသံနှင့်အမူယာမှာ မိန်းကလေးတစ်ဦး၏ ဟန်အမူယာပင်ဖြစ်နေခဲ့သည်။ ချည်နှောင်ထားခဲ့သော ကြိုးများ ဖြေသွားစေခဲ့ပြီး ထိုသူ့အား သူတစ်ယောက်ကြောင်တောင်တောင် မျက်လုံးများဖြင့် စိုက်ကြည့်နေမိ၏။
''ဘာကြည့်နေတာလဲ ကျွန်မပါ… သီရီမေ''
''ဟင်… မင်း… မင်းကသီရိမေဟုတ်လား''
''ဟုတ်တယ်… အချိန်မရှိဘူး… သူ့ခန္ဓာကိုယ်ကို အသုံးချပြီး ရှင်တို့အားလုံးဆေးရုံထဲက လွတ်နိုင်အောင် ကျွန်မကယ်ပေးမယ်''
''မင်း!… မင်း''
''အိုးရှင် စကားများမနေနဲ့ နေမဝင်ခင်အချိန်ထိပဲ သူ့ကိုယ်ထဲမှာ ကျွန်မနေနိုင်မှာပါ။ နေကွယ်သွားတာနဲ့ ကျွန်မသူကိုယ်ထဲမှာ နေလို့ရမှာ မဟုတ်တော့ဘူး… လာပါရှင် ကြောင်တောင်တောင်လုပ်မနေနဲ့… ဒီအခန်းထဲက မြန်မြန်ထွက်ဖို့လိုတယ်''
ကြမ်းတမ်းသော ရုပ်အသွင်နှင့် နူနုယ်ပျိုပျစ်သော စကားများစွာပြောဆိုနေသည်က သူ၏အမြင်၌ပင် လွန်စွာအံ့သြစရာကောင်းလှသည်။ လူသတ်သမားမောင်စန်းမြင့်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပူးကပ်ခါ ဝိဥာဉ်မလေးသီရိမေတစ်ယောက် ထီးကလေးနှင့် သူ၏သူငယ်ချင်းများအား ဆေးရုံအတွင်းမှ ကယ်တင်ပေးမည်ဟု ပြောဆိုလေခဲံ့သည်။ ချည်နှောင်ထားခဲ့သော ကြိုးများအား ဖယ်ရှားပေးစေခဲ့ရင်း ကြမ်းတမ်းသော ရုပ်အသွင်နှင့် မောင်စန်းမြင့်တစ်ယောက် အခန်းတွင်းမှ လျင်မြန်စွာထွက်ခွာရန် ထီးကလေးအား လက်ဆွဲခေါ်ဆောင်လေတော့သည်။
*****
* လျင်မြန်စွာပြန်လည် သတိလည်လာခဲ့သော တန်ခိုးတစ်ယောက်။ သူ၏သူငယ်ချင်းများရှိနေခဲ့သော ဆေးရုံဆီသို့ လမ်းညွန်ပေးနိုင်မည်။ သို့မဟုတ်။ မည်သို့ပင်ဆက်လက်ဖြစ်လာမည်နည်း။
* မိမိတို့အားလုံး လှည့်စားခံလိုက်ရသည့် အဖြစ်များအားလည်း ရဲအုပ်မောင်ဝင်းတစ်ယောက် မည်သို့ပင်ဆက်လက်ဖော်ထုတ်သွားမည်နည်း။
* ဒဏ်ရာများနှင့်စာမိတစ်ယောက်သည်လည်း ရဲအုပ်မောင်ဝင်းနှင့် ဆုံတွေ့ပြီဖြစ်သည်။ မည်သို့ပင်ဆက်လက်ဖြစ်လာဦးမည်နည်း။
* ကြမ်းတမ်းသောရုပ်အသွင်နှင့် နွဲ့နှောင်းနေခဲ့သော မောင်စန်းမြင့်အား ပူးကပ်ထားသည့် ဝိဥာဉ်မလေး သီရိမေဟာလည်း မည်သို့ပင်ဆက်လက် ကူညီပေးသွားမည်နည်း။
အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၃၀)တွင်ဆက်လက်ဖတ်ရှု့ပေးပါရန်
*****
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
(၃၁.၃.၂၀၁၆)
မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်၍ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၃၀)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
******************
ကြမ်းတမ်းသော ရုပ်အသွင်နှင့် နူနုယ်ပျိုပျစ်သော စကားများစွာပြောဆိုနေသည်က သူ၏အမြင်၌ပင် လွန်စွာအံ့သြစရာကောင်းလှသည်။ လူသတ်သမားမောင်စန်းမြင့်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပူးကပ်ခါ ဝိဥာဉ်မလေးသီရိမေတစ်ယောက် ထီးကလေးနှင့် သူ၏သူငယ်ချင်းများအား ဆေးရုံအတွင်းမှ ကယ်တင်ပေးမည်ဟု ပြောဆိုလေခဲံ့သည်။ ချည်နှောင်ထားခဲ့သော ကြိုးများအား ဖယ်ရှားပေးစေခဲ့ရင်း ကြမ်းတမ်းသော ရုပ်အသွင်နှင့် မောင်စန်းမြင့်တစ်ယောက် အခန်းတွင်းမှ လျင်မြန်စွာထွက်ခွာရန် ထီးကလေးအား လက်ဆွဲခေါ်ဆောင်လေတော့သည်။
တောင့်တင်းရင့်မာသော မောင်စန်းမြင့်၏ခန္ဓာကိုယ်မှာ ယခုအခါ၌ နွဲ့နှောင်းနေခဲ့ပြီး။ နွဲ့နှောင်းနေသည်ကလဲ အလွန်ပင် ကြည့်မကောင်းလှချေ။ ထီးကလေးသည်လည်း ''ငိုအားထက် ရယ်အားသန်''ဟူသော ဆောင်ပုဒ်နှင့် ထပ်တူညီလေသလား။ သူတစ်ယောက် လွန်စွာအံ့သြနေမိသည်။ မောင်စန်းမြင့်ခန္ဓာကိုယ်နှင့် နပ်စ်မလေး၏ ဝိဥာဉ်တို့မှာ တစ်သားတည်းရှိမနေခဲ့ချေ။ ဥပမာအားဖြင့်ဆိုရလျင် ယောကျာ်းအဝတ်စားအား မိန်းကလေးတစ်ဦးမှ ဝတ်စားထားသကဲ့သို့ အံ့ဝင်ခွင်ကျရှိမနေပဲ လျော့တိလျော့ရဲ ပုံစံဖြစ်နေခဲ့သည်။ လျောက်လှမ်းနေသည့် ခြေလှမ်းတိုင်းဟာလည်း နပ်စ်မလေးသီရိမေ၏ လျောက်လှမ်းနေကြဖြစ်သော ခြေလှမ်းများနှင့်ပင်ဖြစ်စေသည်။ အချူပ်နှောင်ခံထားသော အခန်းတွင်းမှ မောင်စန်းမြင့်လက်ဆွဲခေါ်ဆောင်ရာ အနောက်သို့ ထီးကလေးတစ်ယောက် ကြောင်တောင်တောင်ဖြင့် လိုက်ပါသွားခဲ့ရသည်။
''မင်းဘယ်သွားမှာလဲ''
''ရှင့်သူငယ်ချင်းအားလုံး မြေညီထပ်ဒေါင့်ဆုံးအခန်းမှာ ရှိနေကြတယ်!… သူတို့ဆီကိုအရင်သွားမယ် ပြီးတာနဲ့ ဒီလူသတ်သမားအယောင်ဆောင်ပြီး ရှင်တို့အားလုံးကို ဆေးရုံအပြင်ပို့ပေးမယ်''
''ကျေးဇူးတင်ပါတယ်သီရိမေ… ငါတို့အားလုံး ဒီဆေးရုံထဲကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်တာနဲ့ မင်းကို ငါတို့အားလုံး ကောင်းမှု့ကုသိုလ်လုပ်ပေးမှာပါ ငါလဲမင်းကို ဘယ်တော့မှ မမေ့ပါဘူး''
''ရပါတယ် ကျွန်မရှင့်ကို အခုလို အကူညီပေးနေရတာကိုပဲ ကိုယ့်ကိုကိုယ်ကျေနပ်လှပါပြီ''
''ဘာကြောင့်လဲ… ငါ့ကိုကူညီပေးရတာနဲ့ မင်းဘာကြောင့် ကျေနပ်ရတာလဲ''
''ရှင်တို့ငါးယောက်က တကယ့်ကိုပါရမီထူးတဲ့ လူငယ်လေးတွေပါ… ရှေ့လျောက်ပြီး ရှင်တို့ငါးယောက် ကောင်းသူကယ် မကောင်းသူဖယ်ဆိုတဲ့ မတရားအမှု့တွေကို ဖြေရှင်းပေးရဦးမယ်လေ… အဲ့ဒါကြောင့် ရှင်တို့အားလုံး ဒီဆေးရုံထဲမှာပဲ ဇာတ်သိမ်းသွားလို့မဖြစ်ဘူး ရှင်တို့ကို ကယ်တင်ပေးနေရင်း ကျွန်မကမ္ဘာကြီးအပေါ်ကနေ ပျောက်ကွယ်သွားရမယ်ဆိုလဲ ပျောက်ကွယ်ခံနိုင်တယ်… ကျွန်မဘဝနဲ့ ရှင်တို့အားလုံးရဲ့ အသက်နဲ့လဲနိုင်တယ်''
''ဘာပဲဖြစ်ဖြစ်ပါ ရှင်တို့အားလုံး အရှေ့မှာလဲ အခုလိုသေဘေးမျိုးတွေနဲ့ ကြုံခဲ့ရဘူးမှာပဲ အခုလူသားစား ဆေးရုံ သေဘေးမှာလဲ ရှင်တို့ ကောင်းကောင်းမွန်မွန် လွတ်မြောက်သွားနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်တယ်''
''ကျေးဇူးတင်ပါတယ်သီရိမေ… မင်းကိုကျေးဇူးတင်ပါတယ်''
''ရှုး!…တိုးတိုး… တစ်ယောက်ယောက်လာနေပြီ''
''ရှင်ဒီအခန်းထဲ ခဏဝင်နေ''
မြေအောက်ခန်းအတွင်းမှ မောင်စန်းမြင့်နှင့်အတူ ထီးကလေးတို့နှစ်ဦးသား ပတ်ဝန်းကျင်အား တိတ်တဆိတ်အကဲခတ်စေခါ စကားတပြောပြောနှင့် အလယ်လှေကားဆီသို့ ကျော်ဖြတ်စေရင်း ဒေါင့်ဘက်အခန်းဆီသို့ ဦးတည်မည်ဖြစ်သည်။ မောင်စန်းမြင့်တစ်ယောက် မည်သည့်ကိစ္စများ ပြုလုပ်နေခဲ့သည်ဟု ဝိဥာဉ်မလေးသီရိမေတစ်ယောက် မသိရှိထားခဲ့ချေ။ ထို့ကြောင့် မောင်စန်းမြင့်တစ်ယောက် ပြုဦးမည့်အလုပ်များအား ဝိဥာဉ်မလေးမှာ လျစ်လျူရှုထားစေရင်း ဒေါင့်ဘက်အခန်းတွင်း၌ရှိနေခဲ့သော လူငယ်လေးဦးထံသို့သာ အရောက်သွားရန် စိတ်လောနေလေခဲ့သည်။ ချူပ်နှောင်ထားခဲ့သော ထီးကလေးအား ဖမ်းခေါ်လာမည့် မောင်စန်းမြင့်ကိုသာ စောင့်စားနေခဲ့သော ဆရာဝန်ကြီးများသည်လည်း မြေညီထပ်၌ပင် ရှိနေခဲ့သည်။
စကားတပြောပြောနှင့် နှစ်ဦးသား ပတ်ဝန်းကျင်အား အကဲခတ်စေရင်း မောင်စန်းမြင့်၏အနောက်မှ ထီးကလေးသည်လည်း ထပ်ကြပ်မကွာ လိုက်ပါလာလေသည်။ အလယ်လှေကားအနားသို့အရောက် မောင်စန်းမြင့်အသွင်နှင့် ဝိဥာဉ်မလေးသီရိမေဟာ တစ်ဦးတစ်ယောက် မိမိထံသို့ ဦးတည်လှမ်းလာနေခဲ့သည်အား ခံစားမိလိုက်သည်။ သို့နှင့် အနောက်မှထပ်ကြပ်မကွာ ရှိနေခဲ့သော ထီးကလေးအား အခန်းလွတ်တစ်ခုအတွင်းသို့ လျင်မြန်စွာ ခေတ္တရှောင်တိမ်းနေရန် ပြောဆိုစေခဲ့ပြီး။ မိမိအချက်ပြမည့်အချိန်မှသာ ပုန်းခိုနေရာမှ ထွက်ခွာလာရန် ပြောဆိုစေခဲ့သည်။
''ဆရာ!… ဆရာဝန်ကြီးက ဆရာကြာနေလို့ လိုက်လာခိုင်းလိုက်တာ ဟိုလူရော''
''အေး!… ဘယ်ကိုလိုက်လာ ခိုင်းလိုက်တာလဲ ဘယ်သူ့ကိုမေးတာလဲ''
''ဆရာ… ဆရာ့ကြည့်ရတာ တစ်မျိုးပါလား ဘယ်လိုဖြစ်နေတာလဲဆရာ''
''ဘယ်လိုဖြစ်နေလို့လဲ''
''အဲ့ဒါတော့မသိဘူးဆရာ ကျွန်တော့်အထင် ဆရာ… စိတ်နဲ့လူနဲ့ မကပ်သလိုဖြစ်နေတယ်''
''စကားမများနဲ့ ငါ့ဆီ ဆရာဝန်ကြီး မင်းကိုဘာကိစ္စနဲ့လွတ်လိုက်ရတာလဲ''
''ဗျာ!… ဟို…ဟို မြေအောက်ခန်းထဲမှာ ချုပ်ထားတဲ့ လူတစ်ယောက်ကို သွားခေါ်ခိုင်းလိုက်တာလေ''
''သြော်!… ဟုတ်သားပဲ!… ဆရာဝန်ကြီးတွေ ဘယ်မှာလဲ''
''ဗျာ… ဆရာ… ဆရာတစ်ခုခုဖြစ်နေတာလား''
''ငါဘာမှမဖြစ်ဘူး ငါမေးတာကိုးပဲ ဖြေ''
''ဟို… ဟို … ဆ…ဆရာဝန်ကြီးတွေနဲ့ လူတွေအားလုံး ဆရာ့အလာ့ကိုစောင့်နေကြတာ သူတို့မြေညီထပ် အဝင်အထွက်ပေါက်နားမှာပဲလေ''
''သြော်!.ဟုတ်သားပဲ ငါမေ့နေလိုက်တာ''
''မင်းကိုခိုင်းရဦးမယ်''
''ဟုတ်ကဲ့ဆရာ ခိုင်းပါ… ဆရာ… ဆရာက ဒီဆေးရုံမှာ ရာထူးတတ်သွားပြီဆိုတော့ ကျွန်တော့ကိုမမေ့ရဘူးနော်… ဘောက်စူးကောင်းကောင်း ပေးရမယ်နော်ဆရာ''
''ဘာ!… ငါရာထူးတတ်သွားပြီဟုတ်လား''
''ဟာဗျာ… ဆရာကလဲ မသိချင်ယောင်ဆောင်နေတယ် ဘာလဲ ဘောက်စူးပေးရမှာ ဆိုးလို့လား''
''မင်းကိုဘောက်စူးပေးမှာပါ ငါဘယ်လိုရာထူးတတ်သွားတာလဲဆိုတာ ပြောပြစမ်း''
''ဆရာကတော့လုပ်ပြီ အခုနလေးတင် ဆရာ့မျက်လှည့်ပညာနဲ့ ရဲတွေအားလုံးကို လှည့်စားလိုက်နိုင်လို့ ဆရာဝန်ကြီးက ဒီဆေးရုံမှာ သူပြီးရင် ဆရာစန်းမြင့်လို့ ပြောတယ်လေ… အဲ့ဒါရာထူးတတ်သွားတာပေါ့ဗျ"
"ငါသိပါတယ် မင်းလျှာမရှည်နဲ့ ဒါဆိုဒေါက်တာသန်းနိုင်ကရော''
''ဟာဗျာ… ဆရာကလဲ ဆရာဝန်ကြီးပြီးရင် ဆရာပါဆိုမှ ဒေါက်တာသန်းနိုင်လဲ ဆရာ့စကားကိုနားထောင်ရမှာပေါ့ဗျ''
''သိပ်ဟုတ်တာပေါ့ ငါ့စကားကိုနားထောင်ရမယ် မင်းကရော ငါ့စကားကို နားထောင်မှာပဲမဟုတ်လား''
''နားထောင်ရမှာပေါ့ဗျ. အစကတည်းက ဆရာ့စကားဆိုရင် ကျုပ်ဘာငြင်းခဲ့ဘူးလို့လဲ''
''ကောင်းပြီ ဒါဆိုအခုဖမ်းထားတဲ့ လူငယ်တွေအားလုံးကို ဆေးရုံထဲကနေ လွတ်ပေးရမယ်''
''ဗျာ… ဆရာ နောက်နေတာလား… အဲ့ဒီလူငယ်တွေကို လွတ်ပေးလိုက်ရင် ကျုပ်တို့အားလုံး ထောင်ထဲဝင်သွားရမှာပေါ့''
''ဒါဆိုမင်းက ငါ့စကားကိုငြင်းချင်တာလား''
''မ…မဟုတ်ပါဘူး တစ်ခြားအရာခိုင်းပါလားဆရာ ဒီလူငယ်တွေကို လွတ်ပေးလိုက်ရင် ဆရာဝန်ကြီးကလဲ ဆရာ့ကိုသတ်ပစ်မှာပေါ့''
''သေကြပေါ့ လူယုတ်မာတွေ''
''ဟင်!… ဆရာ… ဆရာ့အသံဘယ်လိုဖြစ်တာလဲ''
မိမိသိချင်ခဲ့သော မောင်စန်းမြင့်၏ အကြောင်းများအား ထိုသူ့ထံမှ ဝိဥာဉ်မလေးသီရိမေတစ်ယောက် အကြောင်းဆုံမေးမြန်းချေခဲ့သည်။ ထိုသူသည်လည်း ဆရာဖြစ်သူမောင်စန်းမြင့်တစ်ယောက် အမူယာများ ပြောင်းလဲနေခဲ့သည်အား ရိပ်စားမိခဲ့သည်။ သို့သော်လည်း သတိထားမနေပဲ ဆရာဖြစ်သူမောင်စန်းမြင့်နှင့် အပြန်လှန်စကားများစွာ ပြောဆိုလေခဲ့သည်။ စိတ်နာနေသော လေသံ။ သို့မဟုတ်။ ခံစားချက်ပြင်းပြသွားခဲ့သော လေသံ။ ထိုအသံဖြင့် မောင်စန်းမြင့်၏နှုတ်မှ ပြောထွက်လာခဲ့သည်။ အသံကြီးဟာ အင်မတန်မှ ပျက်သားနေလှပြီး တုန်လှုပ်စရာလဲကောင်းလှသည်။ ထို့ကြောင့် ထိုသူမှာလဲ ကြောက်စရာကောင်းလှသော မောင်စန်းမြင့်၏နှုတ်မှ ပြောထွက်လာခဲ့သည့် ထိုအသံကြောင့် ကြောင်တောင်တောင်ဖြစ်ခါ စိုက်ကြည့်နေမိသည်။ ထိုသူအငိုက်မိနေချိန်၌ ပုန်းခိုနေခဲ့သော ထီးကလေးသည်လည်း အခန်းတွင်းမှ တွေ့ရှိခဲ့သော သံတုတ်ဖြင့် ထိုသူ၏ဇာတ်ပိုးအား အားကုန်အလစ်ဝင်ရောက် ရိုက်ချလိုက်စေသည်။
''ဟင်!… ရှင်ဘယ်လိုလုပ်လိုက်တာလဲ''
''အချိန်မရှိဘူး မင်းဘာလို့ စကားတွေများနေတာလဲ ငါ့သူငယ်ချင်းတွေဆီ မြန်မြန်သွားမှဖြစ်မယ် ဒါကြောင့်ငါရိုက်လိုက်တာ''
''ဟာသွားပြီ သူ့ကိုအသုံချပြီး လုပ်စရာတွေရှိသေးတယ် ရိုက်ပြီးမှတော့ မထူးတော့ပါဘူး… သူ့ကိုအခန်းထဲမြန်မြန်ထည့် ပြီးရင် ပါးစပ်ကိုတစ်ခုခုနဲ့စီး အခန်းထဲကနေ ထွက်မရအောင် လုပ်ထားမှဖြစ်လိမ့်မယ် မဟုတ်ရင် လူသတ်သမားတွေ ကျွန်မကို ရိပ်မိသွားလိမ့်မယ်''
''ကောင်းပြီကောင်းပြီ မင်းသူနဲ့ ဘာတွေအရစ်ရှည်နေတာလဲ''
''ဘာအရစ်မှရှည်နေတာမဟုတ်ဘူး!… ကျွန်မပြောတဲ့အတိုင်း ရှင်လုပ်… လူသတ်သမားတွေအားလုံး ဒီအထပ်အဝင်ထွက်အပေါက်မှာ ရှိနေကြတယ်… အဲ့ဒီတော့ ရှင်ဒီအလယ်လှေကားကနေ ပထမအထပ်ကိုတတ်''
''ပြီးရင် ဟိုးဘက်ဒေါင့်လှေကားကနေဆင်း. လှေကားဆင်းဆင်းချင်း ဘေးအခန်းမှာ ရှေ့သူငယ်ချင်းတွေရှိနေတယ်''
''သူတို့အားလုံးကိုခေါ်ပြီး အပေါ်ဆုံးထပ်ကိုတတ်… အဲ့ဒီမှာ ရှင်နဲ့ကျွန်မဆင်းခဲ့တဲ့ လှေကားအတိုင်းတည့်တည့်သာဆင်းသွား ဆင်းလိုက်တာနဲ့ ဆေးရုံဝဏ်းအပြင်ကိုရောက်နိုင်တဲ့ အပေါက်ကိုတွေ့လိမ့်မယ်"
''သူတို့အငိုက်မိနေအောင် ဒီလူ့ဟန်နဲ့ သူတို့ကိုစကားတွေ သွားပြောနေမယ် ရှင်တို့လွတ်အောင်ပြေးနော် ကြားလားထီးကလေး''
''သီရိမေ. မင်းကိုကျေးဇူးတင်ပါတယ်''
''ကျေးဇူးတင်မနေနဲ့ အခုဒီလူကို ကျွန်မပြောတဲ့အတိုင်းလုပ် ပြီးတာနဲ့ရှင့်သူငယ်ချင်းတွေဆီကို အမြန်ဆုံးသွားတော့''
အလောတကြီးပြောဆိုနေခဲ့သော မောင်စန်းမြင့်တစ်ယောက် သို့မဟုတ် ဝင်ရောက်ပူးကပ်ထားခဲ့သော ဝိဥာဉ်မလေးသီရိမေ။ သူမဟာ ထီးကလေးအား စိုးရိမ်တကြီး လမ်းပြပြောဆိုစေခဲ့ရင်း လူသတ်သမားများဆီသို့ မောင်စန်းမြင့်အသွင်နှင့် အရောက်လှမ်းသွားလေခဲ့သည်။
'မောင်းစန်းမြင့်ကြာလှချည်လား… သွားခေါ်တဲ့ကောင်ပါ ပြန်မလာတော့ဘူး သန်းနိုင်''
''ငါလိုက်သွားလိုက်မယ်ရဲနိုင်''
''အေး!… ဂရုစိုက်နော်''
''ကျုပ်လာပါပြီဗျ''
''စန်းမြင့် တပည့်ကြီး… ကြာလှချည်လားကွ မင်းကိုစိုးရိမ်နေတာ''
''ဟင်!… ''
''ဘာဖြစ်နေတာလဲ စန်းမြင့်… မင်းကြည့်ရတာ မောင်အောင်ကို့ကို ကြောက်နေသလိုပဲ… မြေအောက်ခန်းထဲက ကောင်ရော ပါလာလား''
''ဒီ…ဒီကောင်မေ့နေတုန်းဗျ… ဆရာဝန်ကြီး ဘာလုပ်ဖို့ ဒီကောင့်ကိုခေါ်ခိုင်းရတာလဲ''
''ဟင်!… စန်းမြင့် မင်းဘယ်လိုဖြစ်နေတာလဲ ဒီကောင့်အရှေ့မှာ သူ့လူတွေကို သတ်ပစ်မလို့… မင်းကိုခေါ်ခိုင်းလိုက်တာလေ ပြီးတော့ မင်းငါ့ကိုဘယ်လိုခေါ်လိုက်တယ်… ဆရာဝန်ကြီးဟုတ်လား''
''ဟုတ်… ဟုတ်တယ်လေ… ဘာဖြစ်လို့လဲ''
''မင်းငါ့ကိုအဲ့လို ဘယ်တုန်းကခေါ်ဘူးလို့လဲ… စန်းမြင့် မင်းနေမှကောင်းရဲ့လား''
''ကောင်း…ကောင်းပါတယ်ဗျ… သြော်… ဆရာလိုခေါ်တာပါ မှားသွားလို့ဆရာဝန်ကြီး… သြော်ဆရာ''
''ထားပါ… မေ့နေတဲ့ကောင်ကို ပြန်သတိရလာအောင် မင်းဘာမှမလုပ်ဘူးလား… ဒါတွေမင်းကျွမ်းတယ်လေ''
''မလုပ်ခဲ့ဘူး!… ဆရာရာ ဒီနေ့ ကျွန်တော်ဆေးရုံမှာ ရာထူးတတ်တဲ့အနေနဲ့ ပွဲလေးတစ်ပွဲလောက် လုပ်ချင်တယ်… အဲ့ဒီအကုသိုလ်ကောင်တွေကို ဒီနေ့တော့ မလုပ်နဲ့တော့… ဒီနေ့ ကျွနိတော်ဆရာတို့အတွက် ပျော်ပွဲလေးတစ်ခုလောက် လုပ်ပေးချင်တယ်''
''ဟင်… ပျော်ပွဲ… ဟားဟားဟားဟား… ငါ့တပည့်ကြီးမောင်စန်းမြင့် ပါးစပ်က အခုလိုပျော်ပွဲရွှင်ပွဲလုပ်မယ်လို့ ကြားရတာ ဒါပထမဆုံးပဲဟေ့… အရင်တုန်းက နပ်စ်မလေးသီရိမေတစ်ယောက်ပဲ ငါတို့ဆေးရုံမှာ ပျော်ပွဲရွှင်ပွဲဦးဆောင်လုပ်ပေးခဲ့တာ… သိပ်ကောင်းပါတယ်… သီရိမေ…အဲ့… မောင်စန်းမြင့်''
မောင်စန်းမြင့်၏ ပြောဆိုနေခဲ့သော အမူယာများနှင့် စကားများအား ဆရာဝန်ကြီးစွန်ရဲနိုင်မှာမူ အကဲခတ်မိနေသလား။ သူ့အား သီရိမေ၏အကြောင်းများ ပြန်လည်ပြောဆိုခါ သူ၏အမည်အားလည်း မှားချင်ယောင်ဆောင်၍ သီရိမေဟု ခေါ်ဆိုခဲ့သည်။ မောင်စန်းမြင့်အသွင်နှင့် ဝိဥာဉ်မလေးသည်လည်း မိမိအား လူရည်လည်လွန်းလှသော ဆရာဝန်ကြီးတစ်ယောက် ရိပ်စားမိသွားမည်ကို လွန်စွာစိုးရိမ်နေခဲ့သည်။ မောင်စန်းမြင့် ဆရာဝန်ကြီးနှင့် အပြန်လှန်စကားများ ပြောဆိုနေခဲ့သည်က တောသားအောင်ကိုအား ကျောခိုင်းထာသည့် ပုံစံပင်ဖြစ်သည်။
မြင်လျင်မြင်ချင်း ထိုသူအား သူမကြောက်နေမိသည်။ ထိုသူဟာ အပ ပယောဂါများ လိုက်လံကုသနေခဲ့သော အထက်ဂိုဏ်းဆရာတစ်ယောက်ဖြစ်သည့်အလား ယခုကဲ့သို့ မောင်စန်းမြင့် ခန္ဓာကိုယ်ထဲ၌ သူမဝင်ရောက်ပူးကပ်နေသည်အား ဖော်ထုတ်လိုက်မည်ကို အလွန်အမင်း စိုးရိမ်နေခဲ့ရလေသည်။ တောသားအောင်ကိုသည်လည်း အနည်းငယ်မျှ ရိပ်စားမိ၏။ စန်းမြင့်တစ်ယောက်ဟာ မိမိအား အမြဲတစေ အနိုင်ကျင့်လိုသော စိတ်ဆန္နရှိနေခဲ့ပြီး ယခုအခါ အဘယ့်ကြောင့် မိမိအား ရှောင်တိမ်းသယောင်ယောင် ပြုလုပ်နေခဲ့ရသနည်း။ ဒါတင်အက သူ၏မျက်တောင်များသည်လည်း အချိန်ကြာမြင့်စွာမှ တစ်ချိန်မျှသာ ခတ်လေ့ရှိသည်။ ပြောဆိုနေသည်ကလဲ လူနှင့်စိတ်မကပ်သည့် အမူယာများ။ မျက်ထောက်များမှာလည်း သွေးရောင်လွှမ်းချုံနေလေခဲ့သည်။ သေချာလေပြီ။ အောင်ကို၏စိတ်အတွင်း၌မူ မောင်စန်းမြင့်အား အပ ပရယောတစ်ခုခု ကပ်ငြိနေပြီဟု သိရှိလိုက်ရသည်။
''ကဲကဲ… အားလုံးလဲ ပင်ပန်းနေကြပြီဆိုတော့ ခဏလောက်ဖြစ်ဖြစ် ကိုယ်နေရာမှာကိုယ် သွားနားနေကြ… အလုပ်ရှိရင် ငါအချက်ပြလိုက်မယ်''
''ရဲနိုင်… ဟိုကောင်တွေကိုဘယ်လိုလုပ်မှာလဲ''
''ဒီည ၁၂နာရီတိတိအချိန်မှာ ဒီကောင်တွေအားလုံးကို ဆေးရုံထဲမှာပဲ အသေသတ်ပြီး ဒီဆေးရုံကို မီးရှို့ပစ်လိုက်တော့မယ် ငါလဲ ဖြူလေးမရှိတော့ ဒီဆေးရုံထဲမှာ မနေချင်တော့ဘူးကွာ မင်းတို့အားလုံးနဲ့ ဝေးရာဆီ ငါထွက်သွားတော့မဟ်''
''ရဲနိုင်!… မင်းတကယ်ပြောနေတာလား ငါတို့အားလုံးက မင်းသွားတဲ့နောက်ကို လိုက်ဖို့အဆင်သင့်ပဲ''
''ဟုတ်ပါတယ်ဆရာ… ကျုပ်တို့အားလုံးက သေအတူ ရှင်မကွာ ဆရာနဲ့နေဖို့ ဆုံးဖြတ်ပြီသားပါ… ကျွန်တော်တို့ကို မချန်ထားခဲ့ပါနဲ့ဆရာ ဆရာ့အနောက်ကို လိုက်ပါရစေ ဆရာသွားမယ့်နေရာဆီ ကျွန်တော်တို့လဲ လိုက်ပါရစေနော်ဆရာ''
''မင်းတို့အားလုံးက ငါ့အပေါ်မှာ သိပ်သစ္စာရှိကြတယ် ရဲမောင်အသတ်ခံလိုက်ရတာ ငါအခုချိန်ထိ မကျေနပ်နိုင်သေးဘူး… ထားလိုက်ပါလေ. ငါ့ကိုကူညီရင်း သူအသတ်ခံလိုက်ရတာ ပြသနာတွေအားလုံးပြီးသွားတာနဲ့ ရဲမောင်နဲ့ဖြူလေးကို ကောင်းကောင်းသင်္ဂျိုးပေးလိုက်မယ်''
''ကဲပါ!… ဒီည ငါတို့ဆီမှာရှိနေတဲ့ လူငယ်အားလုံးကို သတ်ပစ်မှဖြစ်မယ် မဟုတ်ရင် သူတို့ကြောင့် ငါတို့အားလုံး ကြိုးစင်ရောက်သွားရလိမ့်မယ်''
''မောင်အောင်ကို!… ''
''ဗျာ!… ဒေါက်တာ''
''မောင်ရင်က ဒေါက်တာ့အနားမှာပဲနေနော်!… စန်းမြင့်''
''ဟေ့စန်းမြင့် စန်းမြင့်''
''ဟင်!… ကျွန်တော့ကိုခေါ်နေတာလား''
''မင်းနာမည်စန်းမြင့်မဟုတ်လို့ဘာလဲ သီရိမေလား''
''ဗျာ… မ…မဟုတ်ပါဘူး စန်းမြင့်ပါ''
''အေးပါ!… မင်းလဲ နေသိပ်မကောင်းဘူးနဲ့ထင်တယ် သွား!… ခဏသွားနားလိုက်ချည်''
''ဟုတ်ကဲ့ဆရာ!… ကျွနိတော်နေသိပ်မကောင်းဘူးဖြစ်နေတယ် အခုလိုနားခွင့်ပေးတာ ကျေးဇူးတင်ပါတယ်ဆရာ''
''အိုး!… စကားပျက်ပျက်သားသား ပြောတတ်တဲ့ ငါ့တပည့်ကြီး မောင်စန်းမြင့်တောင် အခုလိုလေးတွေ ပြောတတ်လာပါလား… ကောင်းပါပြီ… သွားသွား နားလိုက်ချည်တော့… ညကြမှ လုပ်စရာရှိတာ ဆက်လုပ်ကြမယ်''
''ဟုတ်ကဲ့ဆရာ''
အနားယူခွင့်ပေးလိုက်၏။ သူ့အား။ ဆရာဝန်ကြီးတစ်ယောက်။ လျောက်လှမ်းသွားခဲ့သော အနောက်မှနေခါ အမှတ်တမဲ့ ချောင်းမြောင်းကြည့်လိုက်သည်။ တစ်စုံတစ်ခုသိရှိလိုက်ရ၏။ လွန်ခဲ့သော ၁၆နှစ်ခန့်မှ မိမိတစ်ယောက် အားကိုးအားထားပြုခဲ့ရသော သေဆုံးသွားသည့်နပ်စ်မလေးသီရိမေ၏ လျောက်လှမ်းသွားပုံနှင့် တစ်ထပ်တည်းပင် တူနေခဲ့သည်။ ဒါတင်မက မိမိ၏သူငဟ်ချင်းဖြစ်သူ ဒေါက်တာသန်းနိုင်အား အကြပ်ကိုင်ခဲ့သော လူငဟ်တစ်ဦး၏ နှုတ်ဖြားမှလည်း သေဆုံးသွားခဲ့သော နပ်စ်မလေး၏ အမည်အား တမ်းတခေါ်ခဲ့ဘူးသည်။
၁၆နှစ်တိုင်တိုင် ထိုဆေးရုံရှိ ပတ်ဝန်ကျင်များမှာလည်း ပိတ်ထားခဲ့သော မြို့မဆေးရုံတွင် တစ္ဆေမတစ်ကောင် အမြဲခြောက်လန့်တတ်သည်ဟု သိရှိထားခဲ့ဘူးသည်။ မိမိနှင့်အပေါင်းအဖော်များကိုမူ ထိုတစ္ဆေမခြောက်လန့်ခဲ့သော အဖြစ်အပျက်များ မရှိခဲ့ချေ။ ထို့ကြောင့်လဲ အလေးသိပ်မထား လျစ်လျူရှု့ထားခြင်းဖြစ်၏။ ယခုအခါတွင်မူ လျစ်လျူမရှု့ထားသင့်တော့ချေ။ စိတ်ကြမ်းလူကြမ်း သွေးစွန်းနေခဲ့သော မောင်စန်းမြင့်အား ထိုတစ္ဆေမ ဝင်ရောက်ပူးကပ်နိုင်မည်မှာ သေချာလှသည်။ ထိုကြောင့် မောင်စန်းမြင့်နှင့်အတူ ဆေးရုံရှိ လူသတ်သမားများ အနားယူရန် ထွက်ခွာသွားခဲ့သည်နှင့် ဆရာဝန်ကြီးမှာမူ နံဘေးတွင် ကျန်ရစ်နေခဲ့သော တောသားအောင်ကိုနှင့် ဒေါက်တာသန်းနိုင်အား ထိုအကြောင်းများအား ပြောဆိုလေခဲ့သည်။
ဒေါက်တာသန်းနိုင်သည်လည်း ဝိဥာဉ်မလေးသီရိမေအား မောင်စန်းမြင့်တစ်ယောက် ချုပ်ကိုင်စေနိုင်သည်။ သူမ၏အလောင်းအား မြှုတ်ထားခဲ့သော နေရာမှ မြေသားနှင့်အတူ မောင်စန်းမြင့်၏ ခန္ဓာကိုယ်အတွင်း၌ ဝင်ရောက်ပူးကပ်နေခဲ့သော တစ္ဆေမအား ယခုချက်ချင်းပင်လျင် ထုတ်ယူမည်ဟု ပြောဆိုလေခဲ့သည်။ နံဘေး၌ရှိနေသော လူမိုက်အသွင်နှင့် ပယောဂါဆရာ အောင်ကိုသည်လည်း ထိုသူနှစ်ဦး အပြန်အလှန်ပြန်နေခဲ့သည်များအား ကောင်းစွာနားမလည်နိုင်ချေ။ ထိုသူများပြောဆိုနေသည့် တစ္ဆေမဆိုသည်မှာ မည်သူနည်း။ ကောင်းခြင်းပေးသော ဝိဥာဉ်လေလား။ သို့မဟုတ်။ ဆိုးကျိုးများစွာ ပေးနေသော ဝိဥာဉ်ပင်လား။
မည်သို့ပင်ဖြစ်နေပါစေ။ ဆေးရုံအတွင်း၌ အသက်ခံရတော့မည့် မိမိ၏မိတ်ဆွေများအား ကယ်တင်နိုင်ရေးအတွက် ထိုသူများ မိမိအား ယုံသထက် ယုံကြည်စားလာစေရန် ပြုလုပ်ရမည်ဖြစ်သည်။ ထို့ကြောင့်မောင်စန်းမြင့်၏ ခန္ဓာကိုယ်အတွင်း၌ ဝင်ရောက်ပူးကပ်နေခဲ့သော တစ္ဆေမအား မိမိကိုယ်တိုင်ပင်လျင် ထိန်းချုပ်ပေးပါမည်ဟုပြောဆိုစေခဲ့သည်။ ဒေါက်တာသန်းနိုင်သည်လည်း အောင့်ကိုအား သစ္စာဖောက်မည့်သူဟု မည်သို့ပင်ဆက်လက်ပြောဆိုရမည်နည်း။ မိမိအား အသေသတ်တော့မည့် လူငယ်၏လက်အတွင်းမှ ကယ်တင်ပေးခဲ့ရုံသာမက ယခုသည်လည်း အပမှီနေခဲ့သော မောင်စန်းမြင့်အား သူတစ်ယောက်ကူညီပေးပါမည်ဟု ထပ်မံပြောဆိုလေသည်။
သို့နှင့် ဒေါက်တာသန်းနိုင်တစ်ယောက် ဆရာဝန်ကြီးအား အဓိပ္ပာဟ်ရှိလှသော မျက်ဝန်းများဖြင့် ကြည့်စေခါ တောသားအောင်ကိုပြောဆိုသော စကားများအား လက်ခံစေခဲ့သည်။ ထို့နောက် ဆရာဝန်ကြီးအပါအဝင် ဒေါက်တာသန်းနိုင်နှင့် တောသားအောင်ကိုတို့သည်လည်း မောင်စန်းမြင့်၏ ခန္ဓကိုဟ်အတွင်း၌ ဝင်ရောက်ပူးကပ်နေခဲ့သော ဝိဥာဉ်အား ထိန်းချုပ်စေရန် မောင်စန်းမြင့်၏အနောက်သို့ အမှီလိုက်ပါသွားကြလေတော့သည်။
***
''ဟာ!… ကိုမောင်ဝင်း… လာလာ"
''ဘယ်လိုလဲစန်းလေး… တန်ခိုးအခြေနေဘယ်လိုရှိလဲ''
''အခြေနေကတော့ သတိရလာလိုက် ပြန်လစ်သွားလိုက်ဖြစ်နေတယ်… သတိလည်လာရင်လဲ ကိုထီးလေးတို့နာမည်တွေ ပြောပြီး အတင်းကယ်ခိုင်းနေတယ် သူတို့အန္တရယ်တစ်ခုခုဖြစ်နေကြတာ သေချာနေပြီကိုမောင်ဝင်း"
''ကိုတန်ခိုး ကိုတန်ခိုး''
''သတိလစ်နေတယ် အခုလေးတင်ပဲ သတိပြန်လစ်သွားတာ. သွေးအားအရမ်းနည်းနေတော့ နှလုံးခုန်းနှုံးက ပုံမှန်မဟုတ်ဘူး… မနက်ဖြန်လောက်မှ ကောင်းကောင်းသတိရမယ်ထင်တယ်''
''ဟူး!"
"ကိုမောင်ဝင်းလဲ တော်တော်ပင်ပန်းနေရောပေါ့''
''ဘာပြောကောင်းမလဲဗျာ!… လူရောစိတ်ရော ပင်ပန်းနေပြီ သံသယရှိတဲ့ ဆေးရုံကိုသွားလေ့လာတော့လည်း မသင်္ကာစရာဘာတစ်ခုမှ မတွေ့ခဲ့ရဘူး… ဒါပေမယ့် ကျုပ်စိတ်ထဲမှာ ကိုထီးလေးတို့နဲ့ အနီးစပ်ဆုံးနေရာကို ရောက်သွားသလိုခံစားရတယ် စိတ်ထဲမှာလဲ အရမ်းမွန်းကြပ်ပြီး လေးနေတယ်ဗျာ''
''ဒါဆိုကိုမောင်ဝင်း စခန်းကိုပြန်ပြီ ခဏလောက် နားလိုက်ပါလား… ကျွန်တော် ကိုတန်ခိုးကိုစောင့်ကြည့်ထားပေးပါ့မယ်''
''မနားတော့ပါဘူးဗျာ… ပြသနာတွေအားလုံးရဲ့ အဖြေက်ုသိရဖို့က ကိုတန်ခိုးသတိမြန်မြန်ရလာမှဖြစ်မယ် ပြန်နားမနေတော့ပါဘူး"
"ဆရာ… ကျွန်တော်တို့လမ်းမှာတွေ့ခဲ့တဲ့ လူကို ဆေးရုံပို့ထားပြီးပါပြီ… အခုလောလောဆယ်တော့ သူသတိမရသေးပါဘူး''
''ကောင်းပြီးကောင်းပြီ သူ့လည်း သတိမြန်မြန်လည်လာမှဖြစ်မယ်… သြော်!… ကျုပ်အခုမှစဉ်းစားမိတယ် အဲ့ဒီလူနဲ့ ကိုစန်းလေး!…"
ပြောမဆုံးသေး။ သူတစ်ယောက်ပြောမည့် စကားများဟာ ဆေးရုံ၏ အနီးပတ်ဝန်းကျင်တွင် တွေ့ရှိခဲ့ရသော စာမိနှင့်ဆန်ထွန်းပိုင်တို့မှာ အသိမိတ်ဆွေများဖြစ်နေမလားဟူ၍ ပြောဆိုမည်ဖြစ်သည်။ သို့သော်လည်း သူ၏လက်ကိုင်ဖုန်းကလေး ရုတ်တရက်မြည်လာ၏။ ပြောလက်စ စကားတို့မှာ ရပ်တန့်သွားစေရင်း အဝင်ဖုန်းလေးအား လက်ခံပြောဆိုရန် ရွယ်လိုက်စေသည်။
''ဟာ!… ဆော်တီးဗျာ… ကိုခင်မောင်စိုး ကျွန်တော်အခုပဲလာခဲ့ပါ့မယ်… ကျွန်တော်လဲနာရီ မကြည့်မိလိုက်တာနဲ့ ကိုခင်မောင်စိုးတို့ရောက်လာမယ့် အချိန်ကိုမေ့နေတယ်ဗျာ ဆော်တီးပါဗျာ ဆော်တီးပါ… ကျွန်တော့်အခုချက်ချင်း လာခဲ့ပါ့မယ်''
''ကဲဆန်းလေးရေ… ကျုပ်စခန်းကို ခဏပြန်ဦးမယ်ဗျ… ဗဟိုရဲဌာနချုပ်က အရာရှိတွေ ရောက်နေကြတယ်… သူတို့ကို အခုဖြစ်နေတဲ့ ပြသနာအကြောင်းတွေ ပြောပြပြီးတာနဲ့ ကျွန်တော်ချက်ချင်းပြန်လာခဲ့မယ် ကိုဆန်းလေး ခဏစောင့်နေပေးနော်''
''ရပါတယ်ကိုမောင်ဝင်း ကျွန်တော့်ကိုစိတ်ချပါ ကိုမောင်ဝင်းလဲ ခဏနားပြီးမှ ပြန်လာခဲ့လေ။ ညကြမှ ကျုပ်တို့တစ်ခုခုတိုင်ပင်ကြတာပေါ့''
''အင်း. ဒါဆို ကျုပ်ကိုခွင့်ပြုဦး''
ဖြစ်ခဲ့ဘူးလေသလား။ ထိုကဲ့သို့သော် ရဲအုပ်မောင်ဝင်း၏ အဖြစ်မျိုး။ ပြောချင်လှသော စကားများ။ သူ၏ရင်ဘတ်ထဲ၌ များစွာရှိနေခဲ့သည်။ ထို့အတူ လုပ်ဆောင်ချင်နေသော အလုပ်များသည်လည်း သူ၏ဦးခေါင်းထဲ၌ အပြည့်ရှိနေခဲ့သည်။ သ်ု့သော်လည်း ထိုစကားများ။ ထိုအလုပ်များအား အစီစဉ်ချ၍ ကောင်းစွာမပြောဆိုနိုင်ပဲ ယခုဗဟိုရဲဌာနချုပ်မှ ရဲအရာရှိများ ရောက်ရှိလာခဲ့ပြီဟု ထပ်မံကြားသိလိုက်ရပြန်သည်။ အချိန်ကား မွန်းလွဲသုံးနာရီကျော်မျှ ရှိနေပြီးဖြစ်၏။ ထိုအခ်ျန်၌ ဗဟိုဌာနမှ အရာရှိများ ထိုနယ်လေးဆီသို့ အရောက်လာကြမည်ဟု ပြောဆိုထားခဲ့သော စကားများကိုပင် မေ့လျော့နေခဲ့ရသည်။ အရာကြီးခင်မောင်စိုး၏ အကြောင်းကြားချက်များ ကြားသိလိုက်ရမှသာလျင် ဆန်းထွန်းပိုင်အား နှုတ်ဆတ်စေခဲ့ရင်း အပိုင်စခန်းဆီသို့ ခပ်သုတ်သုတ် ထွက်ခွာသွားခဲ့ရပြန်သည်။
ဆန်းထွန်းပိုင်သည်လည်း ကိုမောင်ဝင်းထွက်ခွာသွားခဲ့သည်နှင့် သူ၏အနောက်မှ ကြည့်ရှု့နေခဲ့ရင်း သူ၏ကိုယ်စား သူသည်လည်း စိတ်မောနေခဲ့ရသည်။ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်စေရင်း ကုတင်းလေးအပေါ်၌ မေ့မျောနေခဲ့သော တန်ခိုး၏ မျက်နှာဆီသို့ အကြည့်တစ်စုံ ရောက်ရှိသွားလေ၏။ သူ၏နှုတ်ခမ်းများ လှုပ်ရှားနေခဲ့သည်။ သေချာသည်က တန်ခိုးတစ်ယောက် သတိပြန်လည် ရရှိလာခဲ့ရင်း စကားတစ်ချို့ပြောဆိုနေခြင်းပင်ဖြစ်သည်။
''ကိုတန်ခိုး!… ကိုတန်ခိုး… သတိရလာပြီလား… ကိုတန်ခိုး ကျွန်…ကျွန်တော်ဆန်းထွန်းပိုင်လေ. ကိုတန်ခိုး''
''… … … ထဲ… … ထီးလေး… … မျှားလေး… … …သေ… …သွား… သွား''
''ကိုတန်ခိုးဘာတွေပြောနေတာလဲ စကားတွေအများကြီးပြောလို့်ရသေးဘူး… ကျွန်တော့်အသံကိုကြားရလား"
"ဟုတ်ပြီဟုတ်ပြီ ဒါဆို ကျွန်တော်မေးတာလေးတွေကိုပဲ ကိုတန်ခိုး ခေါင်းငြိမ့်ခေါင်းခါ လုပ်''
''ကိုထီးလေးတို့ ဒုက္ခရောက်နေကြတာလား''
''ဗျာ!… ဟုတ်တယ်ဟုတ်လား သူတို့ဘယ်မှာရှိနေတာလဲ ကျွန်တော့အဖေနဲ့ သူ့တပည့်တွေရော ကိုတန်ခိုး ကိုတန်ခိုး''
''ဟာ!… မေ့သွားပြန်ပြီ''
''ဒုက္ခပါပဲ ထီးလေးတို့ဒုက္ခရောက်နေကြတယ်ဆိုတော့ ငါ့အဖေရော ငါအဖေနဲ့သူ့တပည့်တွေရော ဘာတွေဖြစ်ကုန်ကြပြီလဲ သူတို့ဘယ်မှာလဲ… ကိုတန်ခိုး"
သူပြောနေခဲ့သည်။ လူသားစားဟူသော ဘွဲ့အမည်နှင့် ဆေးရုံထဲ၌ သူ၏သူငယ်ချင်းများဖြစ်သော ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး ထိုသူများနှင့်အတူ ကျူရှင်ဆရာကြီးနှင့် သူ၏တပည့်များ သေဘေးဒုက္ခနှင့် ကိုယ်တွေ့ကြုံဆုံနေရသည်။ အမြန်ဆုံးသာလျင် သွားရောက်ကယ်တင်ကြပေးပါ။ ထိုသို့ပြောဆိုနေခဲ့ခြင်းဖြစ်၏။ သို့သော်လည်း သူ၏နှုတ်မှ ထွက်ပေါ်လာခဲ့သော စကားမျာဟာ တစ်စွန်းတစ်စ စကားလုံးများပင် ဖြစ်နေခဲ့သည်။ သူ၏ဟန်ဖြင့်သော အရှေ့စူးစူးအား စိုက်ကြည့်စေရင်း မာန်ပါပါဖြင့် ပြောဆ်ုလိုက်ချင်သေးသည်။ သို့သော်လည်း သွေးကြောမကြီးများ ထိခိုက်မိထားသည်ကြောင့် စကားသံမှာ ကောင်းစွာ ထွက်ပေါ်မလာနိုင်ခဲ့ချေ။
ဆရာဝန်ကြီးသည်လည်း ဆိုထား၏။ တန်ခိုးတစ်ယောက်မှာမူ ဦးခေါင်းအားလည်း အပြင်းထန် အတွင်းဒဏ်ရာဟူသော သွေးခဲနေသည့် ဒဏ်ရာများလည်း ရှိနေခဲ့သည်။ ထို့ကြောင့်လဲ သူတစ်ယောက် ဦးနှောက်နှင့် အာရုံကြောများစွာ ထိခိုက်ထားစေသည်။ သူ၏ပြောဆိုလာခဲ့သော စကားများအားလည်း အမှန်တကယ်ပင်လျင် ဖြစ်သည်ဟု ရဲအရာရှိများအား ကောက်ချက်မချမိစေရန် မှာကြားထားသေးသည်။
***
"လမ်းလေး မျှားလေး ငါးလေး မောင်ကဲ''
''ဟင်!… ထီးကလေး… မင်း… မင်းမသေဘူးနော်''
''ငါမသေပါဘူး… မင်းတို့အားလုံးကို ငါလာကယ်တာ!… တန်ခိုးနဲ့ တခြားသူတွေရော''
''သူ!…သူတို့''
''သူတို့ဘယ်မှာလဲ''
''သူတို့အားလုံး သေကုန်ကြပြီ''
''ဘာ!… သူတို့အားလုံသေကုန်ကြပြီ ဟုတ်လား!… ဟာကွာ… လူသတ်သမားတွေ သိပ်ရက်စက်ကြပါလား"
"ငါ…ငါတို့ကိုကြိုးဖြည်ပေးဦး''
မောင်စန်းမြင့်အသွင်နှင့် ဝိဥာဉ်မလေးသီရိမေ လမ်းညွန်ပေးခဲ့သည့်အတိုင်း သူတစ်ယောက် ထိုအခန်းဆီသို့ အပြေးရောက်ရှိလာခဲ့သည်။ မြင်တွေ့လိုက်ရ၏။ အခန်းတွင်း၌ ဒဏ်ရာကိုယ်ဆီများနှင့် သူငယ်ချင်းဖြစ်သူများ။ ပြန်လည်သတိရရှိနေခဲ့ရင်း ထိုသူတို့သည်လည်း အခန်းတွင်းသို့ ထီးကလေးတစ်ယောက် အပြေးရောက်ရှိလာခဲ့သည်အား မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရလေသည်။ လွန်စွာဝမ်းသာသွားမိ၏။ အချိန်ကြာကြာ မိမိတို့နှင့် ကွဲကွာနေခဲ့သော ထီးကလေးတစ်ယောက် သေဆုံးသွားလေပြီဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် ယခုအခါတွင်မူ မိမိတို့အားလုံး ရှိနေခဲ့သော အခန်းဆီသို့အရောက်လှမ်းလာခဲ့ရင်း ဆေးရုံအတွင်းမှ အမြန်ဆုံး ထွက်ခွာစေရန် ပြောဆိုခါ တုတ်နှောင်ထားခဲ့သော ကြိုးများအား လျင်မြန်စွာဖြေပေးစေခဲ့သည်။ အပြင်းအထန် ဒဏ်ရာများနှင့် လူငယ်လေးဦးသည်လည်း မိမိတို့ အားကိုးအားထားပြုရသော ထိုလူငယ်နှင့်ပေါင်းစည်းမိလိုက်သည်ကြောင့် အင်အားအသစ်များ ပြန်လည်မွေးဖွားလာနိုင်စေသည်။
အပြုံးများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်စေရင်း ထိုအခန်းတွင်းမှ လျင်မြန်စွာထွက်ခွာခါ ဝိဥာဉ်မလေးလမ်းညွန်ပေးခဲ့သည့် ထွက်ပေါက်ဆီသို့ အရောက်လှမ်းရန် ပြင်ဆင်လိုက်ချေတော့သည်။ တံခါးအား လျင်မြန်စွာဆွဲဖွင့်စေရင်း အခန်းပြင်သ်ို့ ထွက်လိုက်၏။ အခန်းအပြင်၌မူ ဝိဥာဉ်မလေး ပူးကပ်နေခဲ့သော လူသတ်သမားမောင်စန်းမြင့်အား လမ်းကလေးတစ်ယောက် ဦးစွာမြင်တွေ့လိုက်ရ၏။ စိုးရိမ်တကြီးဖြစ်သွားခါ ကိုင်ဆောင်ထားခဲ့သော တုတ်ဖြင့် ရိုက်နှပ်ရန် ရွယ်လိုက်စေသည်။
''လမ်းလေး… မလုပ်နဲ့ ငါတို့အားလုံးကို သူကယ်နေတာ''
''ဟင်!…"
"ထီးလေး… ရှင့်သူငယ်ချင်းတွေကိုခေါ်ပြီး ကျွန်မပြောတဲ့ ထွက်ပေါက်ဆီ အမြန်သွားကြသော ကျွန်မအနောက်ကို လူသတ်သမားတွေ လိုက်လာကြပြီ''
''သီရိမေ!… ငါတို့သွားမယ်နော်… မင်းဂရုစိုက်ပါ''
လက်ဆွဲထားခဲ့၏။ ကြောက်လန့်နေခဲ့သော စာမိအား။ ထီးကလေးတစ်ယောက်။ ထိုအခန်းတွင်းမှ သူငယ်ချင်းဖြစ်သူများနှင့် လျင်မြန်စွာထွက်ခွာခါ လှေကားဆီသို့ သုံးလေးလှမ်းမျှ တတ်ရောက်လိုက်သည်နှင့် လူသတ်လက်နတ်ကိုင်ဆောင်ထားကြသော လူသတ်သမားလေးဦးအား မြင်တွေ့လိုက်ရလေသည်။ အောက်ထပ်တွင်လည်း မောင်စန်းမြင့်၏အနောက်သ်ို့ လိုက်ပါလာကြသော ပယောဂါဆရာအောင်ကိုနှင့် ဆရာဝန်ကြီးတို့သည်လည်း ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ လူသတ်သမားလေးဦးသည်လည်း လူငယ်များအား မြင်တွေ့လိုက်ရသည်နှင့် အသေသတ် တိုက်ခိုက်ရန် ဟန်ပြင်လိုက်စေတော့သည်။
***-*-**
* မိတ်ဆွေဖြစ်သူများအား ဆေးရုံအတွင်းမှ ကယ်တင်ပေးချင်သေးသည်။ ထို့ကြောင့်လဲ မိမိဟာ ရန်သူ၏ဘက်တော်သားအဖြစ် ဟန်ဆောင်နေခဲ့ရင်း ရန်သူ၏ယုံကြည်များအား ရယူနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေဖြစ်သူများအား ကယ်တင်လမ်းပြပေးနေခဲ့သော ဝိဥာဉ်မလေးသီရိအား ပယောဂါဆရာ အောင်ကိုတစ်ယောက် မှားယွင်းစရာနှင့် မည်သို့ပင် ပြုလုပ်မိဦးမည်နည်း။
* ပထမထပ်သို့ တတ်ရောက်သွားခဲ့သော အပြင်းအထန်ဒဏ်ရာများနှင့် လူငယ်လေးဦးသည်လည်း လူသတ်သမားများနှင့် ထိပ်တိုက်တွေ့ဆုံနေရပြီဖြစ်သည်။ ထိုသူများအား လူငယ်ငါးဦး မည်သို့ပင် ကျော်လွှားနိုင်မည်လား။
* လွန်စွာသွေးအားနည်းနေခဲ့သော တန်ခိုးသည်လည်း မိမိအားတင်းခါ ပြောဆိုနေခဲ့သော စကားများအား အာရုံကြောထိခိုက်မှု့ဖြင့် ပြောဆိုနေခဲ့ခြင်းဟု ဆေးရုံအုပ်ကြီးမှ သတ်မှတ်ခါ သေဘေးနှင့်ကြုံတွေ့နေခဲ့ရသော လူငယ်လေးများအား လျစ်လျူရှု့ထားမည်ဖြစ်သည်။
* ထို့ကြောင့် ထိုသူများအား ပြောဆိုမနေတော့ပဲ မိမိကိုယ်၌ပင် ဆေးရုံဆီမှ တိတ်တဆိတ်ထွက်ခွာသွားရင်း ပိတ်ထားသည့် မြို့မဆေးရုံဆီသို့ အရောက်သွားမည်ဖြစ်သည်။
* မြို့မဆေးရုံသို့ ရောက်ရှိလာခဲ့ပြီး။ မိတ်ဆွေဖြစ်သူများနှင့် တန်ခိုးတစ်ယောက် မည်သို့ပင် တွေ့ဆုံ၍ မည်သို့ပင် ထိုသေဘေးဆီမှ အလွတ်ရုံကြည်မည်နည်း။
အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၃၁)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
*****
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
(၂.၄.၂၀၁၆)
မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်၍ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
Post a Comment