သေရွာပြန်​မာရီယာ Part1 +2+3+4+6+7+8+9(end)

သေရွာပြန် မာရီယာ ( အပိုင်း- ၁ )
=======================

    မန္တလေးမြို့၏ အထင်ကရ အောင်ပင်လယ်ရပ်ကွက်
သိပ္ပံလမ်းနံဘေးမှ ရွှေအိုးစည် ကေတီဗွီစားတော်ဆက်မှ
မိန်းမပျိုလေးများ အဆောင်ပြန်ပို့ချိန် ည၁၁နာရီခန့်ဖြစ်၏။

  နယ်မှလာပြီး အလုပ်လုပ်သူမိန်းကလေးများမှာ အဆောင်
နေသူများ၏။ ထိုမိန်းကလေးများကို ဆိုင်မှ တာဝန်ယူကြို
ပို့လုပ်ပေးခြင်းဖြစ်သည်။

" ငုဝါ..ငုဝါ..နင်ပဲကျန်တော့တယ် ကောင်မ၊
အလွမ်းသယ်မနေနဲ့..၊ ခေါ်ရင်လည်း လိုက်သွား
ငါတို့ပြန်တော့မယ်.."

  ကားပေါ်ရောက်နှင့်နေသော မိန်းကလေးတစ်ယောက်က
စားသောက်ဆိုင်လာ အရက်မူးနေသည့်ဧည့်သည်နှင့်
စကားမပြတ်ပဲ အရစ်ခံနေရသည့်ငုဝါကို အော်ခေါ်လိုက်
ခြင်းပင်။ ဤသို့ပင် ညဥ့်နက်ချိန်ထိ မိသားစုဆီမပြန်ပဲ
ဆိုင်မှမိန်းကလေးများကို ရိသဲ့သဲ့ ဟိုကိုင်ဒီကိုင်လုပ်သူ
ဘူဒါးကြီးများသည် ရစ်တတ်ကြလေ၏။

" ကိုကြီး ..ဖယ်ရီလာခေါ်နေပြီ၊ ငုဝါပြန်တော့မယ်နော်
နောက်နေ့ကျ စောစောလာခဲ့ ငုဝါမျှော်နေမှာ သိလား
အာဘွား..ကိုကြီး "

ရထားသည့်မုန့်ဘိုးတစ်သောင်းကို အားနာ၍ ကိုယ့်အဖေ
အရွယ် အိုမင်းရွတ်တွကြီးကို အာဘွားပေးကာ နုတ်ဆက်၍
ငုဝါ ကားဆီအပြေးတက်လိုက်သည်။ ငုဝါကားပေါ်ရောက်
သည်နှင့် ကားလေးသည် ဝေါကနဲ့ဆောင့်ထွက်သွား၏။

   အိမ်ပြန်ချိန်၁၁နာရီသတ်မှတ်ထားသော်လည်း ဤသို့
အရစ်ဇယားများကြောင့် ဆိုင်မှ ည၁၁နာရီခွဲမှ ဖယ်ရီကား
ထွက်လာရသည်။ ကားသမားက လူလတ်ပိုင်း အသက်
၃၀ဝန်းကျင်ခန့် ဖြစ်သည်။သတ်မှတ် ပြန်ချိန်ကို မပြန်ရ၍
ထင်သည်။ ကားစထွက်လာကတည်းက ဆောင့်အောင့်
မောင်းလာသည်။

      သိပ္ပံလမ်းမကြီးသည် ဤအချိန်တွင် လူသွားလူလာ
ပြတ်တောင်း၏။ ထို့ကြောင့် ktv ဖယ်ရီကားလေးသည်
ဒလကြမ်းမောင်းနှင်နေသည်။ ဖယ်ရီပေါ်ပါလာသည့်
မိန်းကလေးများမှာ တစ်နေရာ တစ်ဆောင်တည်းနေကြသူ
များမဟုတ်၊ လေးငါးနေရာ ခွဲပို့ရခြင်းကြောင့် ကားလေး
သည် လမ်းကြားအချိုးအကွေ့များကို ဖြတ်ရင်း တစ်နေရာ
ပြီး တနေရာ စီနီယာအတိုင်း လိုက်ပို့နေခြင်းဖြစ်သည်။

     ထိုအထဲတွင် ရှေ့ခေါင်းခန်းတွင်ထိုင်သူ မာရီယာ
ဆိုသည့် မိန်းကလေး၏ အဆောင်မှာ အဝေးဆုံးမို့ သူမ
အား နောက်ဆုံးမှပို့ရမည်။ ယနေ့ည မာရီယာတစ်
ယောက်တည်း ပြန်ပို့ရခြင်းဖြစ်၏။ ခါတိုင်းညများဆို
မာရီယာနဲ့ သူမသူငယ်ချင်း မေဇွန် ၊ နှစ်ယောက်ဖြစ်၏။

ဖယ်ရီကားလေးသည် ဟိုဝင်ဒီထွက်ဖြင့် ကားနောက်ခန်းပါ
မိန်းကလေးများအား အကုန်ပို့ပြီးသွားပြီဖြစ်၏။ နောက်ဆုံး
ကျန်သူ မာရီယာအားလိုက်ပို့ရန်သာကျန်တော့သည်။

  ဖယ်ရီကားမောင်းသူသည် သူ၏နံဘေးထိုင်လိုက်လာသူ
မာရီယာအား ငဲ့စောင်းကြည့်လိုက်သည်။ မာရီယာ ကောင်း
နေဟန်ရှိ၏။ ဒီအရပ်ဒေသက " မူးနေသည် "ကို ".ကောင်းနေသည် "..ဟုယဉ်ကျေးစွာဆို၏။

မာရီယာ ဒီနေ့ သဘောကောင်းသည့် ဧည့်သည်နဲ့ဆုံ၏။
မာရီယာ ကြိုက်တာမှာစားခွင့်ပေးသည့်အပြင် သူ့အား
ဧည့်ခံရန် ၅ထောင်တန်တထပ်ပေးသေးသည်။အနည်းဆုံး
ငါးသောင်းခန့်ရှိမည်။ အဲ့ဒီတော့ မာရီယာလည်း ဧည့်ဝတ်
ကျေရသည်ပေါ့။ အရက်ငှဲ့ပေး သီချင်းအတူဆိုနဲ့ ထို့လူ
ရင်ခွင်ထဲ သဘောရှိ ကလောဟိ နေပေးလိုက်သည်။

ဧည့်သည်က အကျေနပ်ကြီး ကျေနပ်ပြီး မာရီယာကို သူနဲ့
အတူသောက်ရန်ဖိတ်ခေါ်သည်။ အဲ့ဒီတော့ မာရီယာလည်း
စပိုင်ဝိုင်တွေ ၃လုံးလောက်သောက်ပစ်လိုက်သည်။
အခု အဲ့ဒီစပိုင်ဝိုင်တန်ခိုးနဲ့ မူးပြီးအိပ်ချင်နေပြီဖြစ်၏။

ကားပေါ်တွင် အိပ်ငိုက်ပြီးလိုက်လာခြင်းဖြစ်သည်။မာရီ
ယာ ဝတ်ထားသည်က မီနီစကတ်မို့ သူမ၏လှပဖြူဝင်း
သော ပေါင်တံတို့ကို ကားသမားက မကြာခဏ ခိုးခိုးကြည့်
နေလေသည်။ အပေါ်က ရင်ဟိုက်အင်္ကျီကြောင့် မမြင်
အပ်သည့် နေရာများကလည်း ကားသမားကို မျက်စိ
အစာကျွေးနေသလိုပင်။

ကားသမားသည် မလိုအပ်ပဲ ကားကို ဟိုကွေ့ဒီကွေ့နှင့်
မောင်းလာသည်။ မာရီယာကတော့မသိ။ ကားပေါ်တွင်
အိပ်ပျော်လာ၏။ အချိန်ကား ည၁၂နာရီကျော်ပြီ ဖြစ်၏။
မာရီယာအိပ်ပျော်လာသည့် toyota light truck ကား
လေးသည် ညဥ့်အမှောင်တွင် အမှောင်ထဲတိုးဝင် မောင်း
နှင်လျက်ရှိလေ၏။

     💃💃💃💃💃💃💃💃💃💃💃💃💃💃

     မာရီယာ ပင်းပန်းနွမ်းနယ်လျစွာ သူမ၏အဆောင်ရှေ့
သို့ ရောက်လာသည်။ ခေါင်းထဲတွင် မူးဝေလျက်ရှိ၏။
အိပ်ချင်စိတ်ကြောင့် သူမ၏အခန်းရှိရာသို့ ဖြေးညှင်း
လေးကန်စွာ တက်လာခဲ့သည်။ သူမ၏ခန္ဓာကိုယ်သည်
အားအင်ကုန်ခမ်းနေသလိုပင်။

   ခန္ဓာကိုယ်ကို မသယ်ချင့် သယ်ချင် လေးလံစွာ တရွတ်
တိုက်ဆွဲယူရသလိုပင်။ မာရီယာ သူမ၏အခန်းရှေ့ရောက်
တော့ ပိုက်ဆံအိပ်ထဲမှ အခန်းသော့ကို ထုတ်ယူလိုက်၏။
အခန်းသော့က နှစ်ချောင်းရှိသည်။ သူမနှင့်မေဇွန် တစ်
ယောက်တစ်ချောင်းသိမ်းထားကြသည်။

  မေဇွန် နေမကောင်း၍ ဒီနေ့ ဆိုင်ကိုလိုက်မလာနိုင်။
အခန်းထဲတွင် အိပ်နေဟန်ရှိသည်။ မာရီယာ သော့ကို
သော့အိမ်အတွင်း လှည့်ဖွင့်ရန် လက်လှမ်းလိုက်သည်။

ဟင် ! .... အခန်းတံခါးလည်း သော့ခတ်မထားပါလား။
မေဇွန် မေ့လျော့ပြီး အိပ်ပျော်နေခြင်းဖြစ်လိမ့်မည်ဟု
မာရီယာတွေးလိုက်သည်။ ကောင်မလေး အတော်မေ့တတ်
တာကိုး၊ ဒီအရပ်ဒေသက သူခိုးကြမ်းပိုးပေါပါဘိနဲ့နော်။
မရှိမဲ့ရှိမဲ့လေးတွေ အကုန်ခိုးသွားမှဖြင့် ။ မာရီယာ တံခါး
ကို တွန်းဖွင့်၍ အခန်းထဲဝင်လိုက်သည်။ ဧည့်ခန်းဟုခေါ်ရ
မည့် အိပ်ခန်း၏ အရှေ့ခန်းမီးမှာ အမှောင်ချထားလေ၏။

   မာရီယာ မီးခလုပ်ရှိရာသို့ စမ်း၍သွားရင်း မီးခလုပ်ကို
ဖွင့်လိုက်သည်။

"   ချောက်..ချောက်..ချောက် "

    သုံးကြိမ်ခန့် အဖွင့်ပိတ်လုပ်သော်လည်း မီးလင်းမလာ
ချေ။ မီးချောင်းကြွမ်းနေခြင်ပင်လားမသိ။ ထိုစဉ် မာရီယာ
နှင့်မေဇွန် အတူအိပ်သည့်အခန်းထဲမှ လက်နှိပ်ဓာတ်မီး
ရောင်တစ်ခု ဝင်းကနဲ့ ထိုးထွက်လာ၏။ မာရီယာ ဝမ်းသာ
သွားသည်။ မေဇွန် တရေးနိုးလာခြင်းဖြစ်မည်ဟု ထင်လိုက်
မိသည်။ သို့သော် ထိုမီးရောင်သည် မာရီယာ့ ကိုယ်ပေါ်မှ
ဖြတ်သွားသော်လည်း ထိုလူက သူမကို အရေးမလုပ်ချေ။

ဟင် !

ထိုလူသည် မေဇွန်လည်း မဟုတ်ပါလား။ ထိုလူသည်
လက်နိပ်ဓာတ်မီးကို ပါးစပ်ဖြင့်ကိုက်၍ အခန်းထဲတွင်
တစ်ခုခုကို ရှာဖွေနေခြင်းဖြစ်သည်။ မာရီယာ ကြောက်ရွံ့
စွာ သူမ၏ပါးစပ်ကို လက်ဖြင့်ပိတ်ထားလိုက်သည်။

ထိုလူ၏ လက်တဖက်တွင် ဝင်းပြောင်နေသည့် ဓားမြောင်
တစ်ချောင်းကို တွေ့လိုက်ရ၍ ဖြစ်သည်။ မာရီယာ ကြမ်း
ပြင်ပေါ်သို့ ကိုယ်ကိုကျုံ့၍ ထိုင်ချလိုက်သည်။ သူမကို ထို
လူမြင်သွားလျှင် အသက်ကို ရန်ရှာနိုင်သည်မဟုတ်လား။

" တောက် ! ကောင်မ ပစ္စည်းကို ဘယ်နားဖွက်သွားလဲ
မသိဘူး..သေတာတောင်နည်းသေး.."

ထိုလူက တောက်ခေါက် ငြီးငြူရင်း ပစ္စည်းများကို ထိုးဖွ
ရှာဖွေနေ၏။ ရှာနေသောပစ္စည်း မတွေ့ရသောကြောင့်
ထင်သည်။ ထိုလူသည် မြင်မြင်ထင်ထင် ရှိရန် မီးခလုပ်ဖွင့်
ဖို့ မာရီယာ ငုတ်တုတ်ထိုင်နေသည့် နေရာသို့ လျှောက်
လာလေသည်။

" ဒေါက်..ဒေါက်..ဒေါက် "

ထိုလူ၏ ရှူးဖိနပ်ခွာသံသည် မာရီယာ၏ တဒုတ်ဒုတ်
ခုန်နေသည့်ရင်ကို ရပ်တန့်သွားလုလု အသက်ရှုမှားစေ
သလိုပင်။ မာရီယာ ဘာလုပ်ရမှန်းမသိ။ မီးဖွင့်လိုက်လို့
သူမကို ထိုလူမြင်သွားလျှင် ... သူမအား နုတ်ပိတ်သတ်
ပစ်တော့မည်ထင်သည်။

   ချောက် !

  ဧည့်ခန်းမီးချောင်းသည် အခန်းအတွင်းကို အလင်းရောင်ဖြာထွက်လာ၏။ အံသြစရာပင် အိမ်ရှင်ဖြစ်သည့် မာရီယာ...
ထိုခလုပ်ကို သုံးကြိမ်အဖွင့်အပိတ်လုပ်တုန်းက မီးမလင်း၊
ထိုလူစိမ်း တချက်တည်းခလုပ်ဖွင့်ရုံမျှဖြင့် မီးလင်းလာသည်

  မာရီယာ ထိုလူ့ကိုမကြည့်ရဲ၍ မျက်လုံးကိုပိတ်ထားလိုက်
သည်။ သူမကို မြင်တွေ့ပါက ထိုလူ မည်ကဲ့သို့စီရင်မည်ကို
မာရီယာမတွေးရဲပေ။

"  ဒေါက်..ဒေါက်..ဒေါက်.."

  ရှူးဖိနပ်သံသည် မာရီယာအနီးမှ ထွက်ခွာသွားလေသည်။
ထိုလူသည် မာရီယာအား မြင်ဟန်မရှိ။ သူရှာဖွေလိုသည့်
အရာသာ ဆက်လက်ရှာဖွေနေသည်။ မာရီယာ အံသြနေ
ချိန်မရတော့ပါ။ သူမကို အရှေ့တည့်တည့်ထားပြီး မတွေ့
တာ သူမအား နတ်ကောင်းနတ်မြတ်တွေက ဖွက်ပေးထား
ခြင်းဖြစ်လိမ့်မည်ထင်သည်။

  မာရီယာ အခန်းတံခါးဆီသို့ လှစ်ခနဲ့ပြေးကာ တံခါးကို
ဖွင့်၍ အိမ်အောက်ထပ်သို့ လှေခါးမှ ဆင်းပြေးသည်။
အောက်ကို ရောက်တော့ တိုက်ခန်းများမှ လူများနိုး
အောင် မာရီယာ အသံကုန်အော်ဟစ်လေတော့သည်။

" ကယ်ကြပါဦးရှင်..ကျမတို့အခန်းကို ဓားပြဝင်တိုက်
နေလို့ ..ကယ်ကြပါဦး..."

   မာရီယာ သုံးကြိမ်ခန့် အသံကုန်ဟစ်အော်ကာ အခန်းနား
နီးချင်းများကို အကူညီတောင်းလေသည်။သို့သော် မည်သူ
မျှ နိုးထလာခြင်းမရှိချေ။ မာရီယာ ထပ်၍ အော်ပြန်သည်။

" ကယ်ကြပါဦးရှင်..ဓားပြ..ဓားပြ.ပါ
လာကြပါဦး ဓားပြဝင်တိုက်နေလို့...."

အချိန်ကား ညဥ့်၁နာရီကျော်မို လူတွေ အိပ်ကောင်းချိန်
ဖြစ်သည်။ ပြီးတော့ အခန်းတံခါးတွေလည်းပိတ်ထား၍
မကြားရခြင်းဖြစ်မည်ဟု မာရီယာတွေးလိုက်သည်။

ပတ်ဝန်းကျင်သည် တိတ်ဆိတ်မြဲ တိတ်ဆိတ်လျက်ပင်။
မာရီယာ အသံကုန်ဟစ်အော်နေသံသည် မည်သူကမျှ
အရေးတယူ ထွက်ကြည့်ခြင်းမရှိ။

မာရီယာ စဉ်းစားလိုက်သည်။ ဟုတ်ပြီ..မာရီယာကို
ကြိုက်နေသည့် လူပျိုကြီးအခန်းကို သွားပြီး တံခါးခေါက်
ကာ အကူညီတောင်းခံမည်။ ထိုလူပျိုကြီးသည် ဝိတ်ပေါ
ကြီးဖြစ်၏။ မာရီယာနဲ့မေဇွန် အပြင်ထွက်လျှင် မျက်လုံး
ကျွတ်ကျမတတ် ငမ်းတတ်သူကြီးဖြစ်သည်။

  မေဇွန့်ကိုလား..မာရီယာကိုလား သို့မဟုတ် နှစ်ယောက်
စလုံးကိုပဲလား ကြိုက်နေသူဖြစ်၏။ မာရီယာ ထို ဝိတ်ပေါ
ကြီးအခန်းရှိရာသို့ ပြေးသွားလိုက်သည်။သို့သော် အပေါ်
ထပ်မှ ဓားကိုင်လူဆိုးသည် လှေခါးမှဆင်းလာနေပြီဖြစ်ပြီး
မာရီယာနှင့် ထိပ်တိုက်တွေ့ဆုံနေ၏။

အံမယ်လေး !

  မာရီယာ မိမိရင်ဘတ်ကို ဖိကာ ကိုယ်ရှိန်သတ်၍ ရပ်လိုက်
သည်။ လှေခါးသည် လူနှစ်ယောက် ရှောင်တိမ်းသာရုံ
ကျယ်ဝန်းသည်။ ထိုလှေခါးပေါ်တွင် မာရီယာနှင့် ထိုလူ
မျက်နှာချင်းဆိုင်တွေ့နေကြပြီ ဖြစ်လေသည်။

  မာရီယာ ထိုလူ့ကို မော့ကြည့်လိုက်သည်။ အရပ်မြင့်၏။
ကိုယ်လုံးထွားကြိုင်းသည်။ ခြေဆံလက်ဆံ ကြီး၍ ဖြတ်
လတ်သူဖြစ်သည်။ မျက်နှာတွင် ဆေးရုံသုံး မျက်နှာဖုံး
စွပ်ထားသည်။ အနားပြားဦးထုပ်အဝိုင်းကို ခပ်ငိုက်ငိုက်
ဆောင်းထားသည်။

     ဓားကိုင်လက်တွင် သူမ မပြောပြတတ်သော အရုပ်ကို
လက်ဖျံ၌ တက်တူးထိုးထား၏။ မာရီယာ ထိုအရုပ်ကို
သေချာစွာ မှတ်သားထားလိုက်သည်။

"   ဒေါက် ....ဒေါက်...ဒေါက်.....ဒေါက် ..."

     လှေခါးပေါ်မှ ဆင်းလာသူသည် တရွေ့ရွေ့ဖြင့် သူမအနီး
သို့ရောက်လာပြီဖြစ်သည်။ မာရီယာသည် ကြောက်လန့်
လွန်း၍ လှေခါးအလယ်တွင် မတ်တတ်ရပ်နေမိသည်။
တဖက်သို့ ကပ်ပေးရန် မေ့နေလေ၏။

    ထိုလူသည် သူမအနီးသို့ ရောက်လာသော်အခါ ခေတ္တ
ခဏ ရပ်လိုက်သည်။ ထို့နောက် သူမကို ကျောပေး၍
အပေါ်ထပ်သို့ တစ်ချက်မျှ ပြန်ကြည့် လိုက်သည်။
ကြည့်ပြီး သူ၏ခေါင်းကို ခါယမ်းလိုက်ရင်း မာရီယာအား
ဝင်၍တိုက်ဖြတ်ကာ လှေခါးမှ ဆင်းသွားလေသည်။

   မာရီယာ ရင်တဖိုဖို အသည်းတလှပ်လှပ်ဖြစ်သွား၏။
ထိုလူစိမ်းသည် မာရီယာ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်း၍
အောက်သို့ ဆင်းသွားခြင်းဖြစ်သည်။

   ဟာ !

    ငါ...ငါ...ငါက..ဘာလဲ၊ ငါ..ဘာ..ဘာ..ဖြစ်တာလဲ!!

မာရီယာ သူမလက်တွေ လေထဲထောင်ကြည့်လိုက်သည်။
ပြီးတော့ ဖောက်ထွင်းဝင်ရောက်ခြင်း ခံလိုက်ရတဲ့ သူမ၏
ကိုယ်ခန္ဓာကို အသေချာကြည့်လိုက်သည်။

   လရောင်အောက်တွင် သူမသည် အကောင်ထည်လိုက်
ဖောက်ထွင်းမြင်နေရသည်။

ဒါ..ဒါ..ဒါဆို...သူမဟာ..
သေဆုံးသွားတဲ့ ဝိညာဉ်တစ်ကောင်လား
ဟင့်အင်း..မဟုတ်ဘူး၊ ငါ မသေပါဘူး..
ငါ..ဘာလို့သေရမှာလဲ..ငါ ဆိုင်ကနေ ဖယ်ရီနဲ့ပြန်လာတာပဲ
လမ်းမှာ...လမ်းမှာ..ငါအိပ်ပျော်နေတာ
အခု..အဆောင်ကို ပြန်ရောက်တာ..

    မာရီယာ..ကြောက်လန့်တကြား သူမ၏ အခန်းရှိရာ
အပေါ်ထပ်သို့ ပြေးတက်သွားသည်။

   အခန်းထဲသို့ ပြေးဝင်၍ မေဇွန်ရှိရာ အိပ်ခန်းထဲသို့ ဝင်ရန်
တံခါးကို တွန်းဖွင့်လိုက်သည်။

"   အောင်မယ်လေး..."

    အခန်းမျက်နှာကျက်မှ ပန်ကာတွင် ကြိုးတွဲလောင်းချ
ကာ မေဇွန်တစ်ယောက် ကြိုးဆွဲချသေနေသည်ကို မာရီ
ယာ မြင်သွားခြင်းဖြစ်သည်။

     မာရီယာ ကြမ်းပြင်ပေါ်သို့ ခွေခေါက်လဲကျသွားသည်။
မာရီယာ ကြောက်လွန်းလို့ မျက်ရည်များကျလာသည်။
ဘာတွေဖြစ်ကုန်ပြီလဲ။ မေဇွန်လည်းသေပြီ။

သူမ..သူမ..သူမကရော!
သူမလည်း..ဝိညာဉ်ဖြစ်နေပြီမဟုတ်လား။

  ထိုစဉ် အခန်းတံခါးဝမှ..

  " ဒေါက်..ဒေါက်..ဒေါက်...."

    " မာရီယာ..မေဇွန်..မာရီယာ...မေဇွန်
အခန်းထဲ ဘာဖြစ်နေကြလဲ ၊ ခုနကလည်း ဒုန်းကနဲ့
အသံကျယ်ကြီးကြားလိုက်ရတယ်၊ အခန်းမီးတွေလည်း
ဖွင့်ထားတယ် ၊ တံခါးလည်း ပွင့်နေတယ် ..၊ အန်တီတို့
ဝင်ခဲ့မယ်နော်..သမီးတို့ "

      ပွင့်နေသည့် အခန်းတံခါးမှ အိမ်ရှင်အန်တီကြီးနဲ့ သူမ
ရဲ့သား ဝိတ်ပေါကြီးတို့ ဝင်လာကြသည်။ သူတို့နှစ်ယောက်
သည် မည်သည့်အသံမှ ပြန်မထူး၍ မသင်္ကာဖြစ်လာပြီး
မာရီယာတို့ အိပ်ခန်းထဲအထိ ဝင်၍ ကြည့်လိုက်ရာ..

" ဟင်..မေဇွန်...မေဇွန်..ကြိုးဆွဲချ...ချ...သေနေပြီ "

မာရီယာ ငိုရှိုက်နေသည်ကိုတော့ သူတို့မတွေ့ပဲ၊ သူမကို
ကျော်ကာ မေဇွန့်၏ အလောင်းကြီးကိုတွေ့သွားကြသည်။
မာရီယာ အားကိုးတကြီး အသံပြုလိုက်သည်။

" အန်တီ..အန်တီ..သမီး ဒီမှာ .."

အိမ်ရှင်အန်တီကြီးသည် သူမကို မြင်ဟန်မတူ။ ထို့ကြောင့်
သူမကို အရေးမလုပ်ပဲ သူ့သား ဝိတ်ပေါကြီးခေါ်ကာ
အခန်းနားနီးချင်းများကို နိုး၍ ရဲစခန်းသို့ ဖုန်းဆက်နေလေ
၏။ မာရီယာ မတ်တပ်ရပ်ကာ အန်တီကြီးအနီးသို့ သွား၍
သူမ၏လက်မောင်းကို ကိုင်လှုပ်ရန် လက်လှမ်းလိုက်သည်။

   မာရီယာ၏ လက်သည် ထိုအန်တီကြီး၏လက်မောင်းကို
ထိလိုက်လျှင်....

" အောင်မယ်လေး..ပူလိုက်တာ "

   မာရီယာ မီးစကိုကိုင်မိသလို ပူလောင်လာ၍ ထိုအန်တီ
ကြီး၏လက်မောင်းကို လွှတ်လိုက်သည်။ ထို့အတူ အန်တီ
ကြီးကလည်း...

" အောင်မယ်လေး..အေးလိုက်တာ..
ကျောထဲတောင် စိမ့်သွားတယ်..၊ မေဇွန်ရေ..
အန်တီ့ကို မခြောက်နဲ့နော်..အမျှ အမျှ အမျှ ..."

မာရီယာ...မာရီယာသိလိုက်ပါပြီ။ တကယ်တော့
သူမလည်း..သက်ရှိလူသားမဟုတ်တော့ပါ။
သူမသည်..လွင့်မျောနေတဲ့ ဝိညာဉ်တစ်ကောင်ပါလား..
ဒါဆိုရင်..ktvဆိုင်က အပြန် ဖယ်ရီကားစီးလာရင်း..
သူမ..သူမ ဘာတွေဖြစ်ခဲ့လည်း..
မာရီယာ..ခေါင်းတစ်ခုလုံး ချာချာလည်သလို
မူးဝေလာပြီး...ဘာမှ မမှတ်တော့ပါချေ။

( ဆက်ရန် )

နပီ 😀😀


သေရွာပြန် မာရီယာ ( အပိုင်း- ၂ )
========================
ရေး...ပီပီ

  " အန်တီက အိမ်ရှင်နော် ၊ နာမည် ဘယ်လိုခေါ်လဲ "

အမှုစစ်ရဲအရာရှိ၏မေးခွန်းကို အဆောင်ပိုင်ရှင် ဒေါ်အေး
ဝင်းမှ ပြန်ဖြေလိုက်သည်။ထိုအရာရှိအမည်မှာ ဒုရဲအုပ်
ဝင်းနိုင်ဟု သိရသည်။

  " ဟုတ်ပါတယ်..အန်တီ့နာမည်က ဒေါ်အေးဝင်းပါ
ဒါက..အန်တီ့သား ကျော်ကျော်တဲ့ .."

  " အလောင်းကို စတွေ့တာ..အန်တီတို့သားအမိနော်၊
ဘာလို့ အချိန်မတော်ကြီး သူတို့အခန်းထဲ ဝင်တာလဲ
ပြီးတော့ အခန်းက..သော့ခတ်ထားတယ်မို့လား.."

ဒေါ်အေးဝင်းက ဖြစ်ပျက်သမျှကို အစမှအဆုံးထိ ရှင်းပြ
လိုက်သည်။ ည၁၁နာရီခွဲသာသာခန့်တွင် သေဆုံးသူ
မေဇွန်တို့အခန်းမှ ဒုန်းကနဲ့ အသံကြားရကြောင်း၊ တခုခု
ပြုတ်ကျသံဟုထင်၍ ထ,မကြည့်ပဲနေလိုက်ကြောင်း
ပြောပြ၏။

ည၁နာရီသာသာခန့်တွင် အပေါ့သွားရင်း ဘာရယ်မဟုတ် မိမိတို့အခန်းနှင့်နီးသော မိန်းကလေးနှစ်ယောက်တည်းနေ
သည့် ...မေဇွန့်တို့အခန်းကို ထွက်ကြည့်
လိုက်မိရာ အခန်းတံခါး ပွင့်နေပြီး မီးအလင်းရောင်တွေ့ရ၍
အထဲတွင်ရှိမည့် မေဇွန်နှင့်မာရီယာအား အော်ခေါ်ရာ
ပြန်ထူးသံမကြားရ၍ စိုးရိမ်ပူပန်မိသွားသည်။

ထိုကြောင့် မိမိက သားဖြစ်သူ ကျော်ကျော့်ကို နိုး၍
ပွင့်နေသည့် အခန်းတံခါးမှ ဝင်ကာ အိပ်ခန်းထဲထိ
သွားကြည့်မိကြောင်း၊ အခန်းထဲတွင် ရှုပ်ပွနေပြီး အိပ်ခန်း
ထဲတွင် ကြိုးဆွဲချသေနေသည့် မေဇွန်တစ်ယောက်သာ
တွေ့ရကြောင်း ဒေါ်အေးဝင်းက ရဲအရာရှိအား ရှင်းပြ၏။

ရဲအရာရှိမှာ ၎င်း၏တာဝန်ချိန်တွင်
ညဥ့်အချိန်မတော်ကြီး လူသေမှုနှင့် တိုးနေ၍ စိတ်ပျက်နေ
ဟန်ရှိ၏။ လူကလည်း ငယ်သေး၏။ အလုပ်သင်အရာရှိ
ပြီးခါစ ဖြစ်ဟန်တူသည်။

ရဲအရာရှိက ဒေါ်အေးဝင်း ပြောသမျှ သူ၏စာအုပ်ထဲ
ရေးမှတ်နေပြီး..
" ဒါဆိုရင်..ဒီအခန်းမှာက သေသူမမေဇွန်အပြင် သူ့အခန်း
ဖေါ် မာရီယာဆိုတာလည်း နေတာပေါ့နော်၊ ကျန်တဲ့
မာရီယာဆိုတဲ့ မိန်းကလေးကရော အန်တီ.."

" သူတို့က ktv စားသောက်ဆိုင်မှာ အလုပ်လုပ်တာလေ၊
ခါတိုင်းဆိုရင်တော့ ၁၂နာရီကျော်လောက်ဆို ပြန်ရောက်
ပါပြီ၊ အခု မာရီယာကို ဆရာတို့လာတဲ့အချိန်ထိ ပြန်လာ
တာ မတွေ့သေးဘူးရှင့်..၊ တခါတလေတော့ သူတို့
အဆောင်ပြန်မလာဘူး၊ ဆိုင်မှာပဲ အိပ်လိုက်တယ်ပြောဖူး
တယ် ဆရာ .."

" သူတို့လုပ်တဲ့ စားသောက်ဆိုင်နာမည်ကို သိလားအန်တီ"

" ဆိုင်နာမည်က ရွှေအိုးစည် စားသောက်ဆိုင်လို့ ပြောတာပဲ ဆရာ "

ရဲအရာရှိက အတူပါလာသူ နယ်ထိမ်းတပ်ကြပ်အား
ရွှေအိုးစည်စားသောက်ဆိုင်နာမည်ပြော၍ မာရီယာအား
စုံစမ်းပေးရန် အမိန့်ပေးလိုက်သည်။နယ်ထိမ်းတပ်ကြပ်က
သူ၏ ဖုန်းကိုထုတ်၍ ရွှေအိုးစည်စားသောက်ဆိုင်ဖုန်းနံပတ်
ကိုရှာ၍ ဆက်သွယ်လိုက်သည်။

" ဗိုလ်လေး..ဖုန်းကိုင်မဲ့သူမရှိဘူးနဲ့တူတယ်၊ ဖုန်းမကိုင်ဘူး
အိပ်ပျော်နေကြတယ်ထင်တယ်..."

ရဲအရာရှိက သူ၏လက်ပတ်နာရီကို ကြည့်လိုက်သည်။
မနက် ၂နာရီထိုးနေပြီဖြစ်သည်။ ဒီအချိန်ဆို အိပ်ကောင်း
နေတာပဲ ဖြစ်လိမ့်မည်။

" ကိုကျော်စိုး..ခင်ဗျား ရဲတပ်သားအောင်မင်းခေါ်သွားဗျာ၊
ဆိုင်မှာ..မာရီယာ ရှိ/ မရှိ စုံစမ်းပေး.."

ရဲတပ်ကြပ်ကျော်စိုးက ဒုရဲအုပ်ဝင်းနိုင်အား အလေးပြု၍
ထွက်သွားသည်။ဒု ရဲအုပ်ဝင်းနိုင်က အဆောင်ပိုင်ရှင်
ဒေါ်အေးဝင်းဘက်သို့လှည့်ကာ..

" ကဲ..အန်တီတို့ အိပ်ချင် အိပ်ကြပါ၊ ကျနော်တို့ အလောင်း
ကိုဆေးရုံပို့ဖို့ လုပ်ရဦးမယ်..၊ အခန်းထဲက လက်ဗွေရာတွေ
ကိုစစ်ပေးဖို့ စီအိုင်ဒီရုံးကို အကြောင်းကြားရဦးမယ်.."

ထိုအခါမှ ဒေါ်အေးဝင်းတို့သားအမိသည် သူမတို့၏အခန်း
သို့ပြန်သွားကြသည်။ ဒုရဲအုပ်ဝင်းနိုင်က စခန်းမှာကျန်ခဲ့
သော သူ့ဆရာ ရဲအုပ်ဘခက်ထံ သတင်းပို့ အကြောင်း
ကြားလိုက်သည်။ ရဲအုပ်ဘခက်မှ စခန်းမှုးထံသတင်းပို့၍
သူလာခဲ့မည် ခေတ္တစောင့်နေပေးပါဟု ပြော၏။

     များမကြာမှီ ရဲအုပ်ဘခက်ရောက်လာသည်။ သူနှင့်အ
တူ စီအိုင်ဒီမှ မှုခင်းဖေါ်ထုတ်ရေးအဖွဲ့ပါလာ၏။ ရဲတပ်ဖွဲ့
ဝင်များသည် သေသူမေဇွန့်အလောင်းအား ပန်ကာမှကြိုး
ဖြုတ်၍ ဆေးရုံသို့ပို့လိုက်သည်။ အခန်းတွင်းရှိ ခြေရာလက်
ရာများနှင့် အခြားသဲလွန်စများကို ရှာဖွေကြသည်။

    ရဲအုပ်ဘခက်နှင့် ဒုရဲအုပ်ဝင်းနိုင်တို့ အမှုအကြောင်းဆွေး
နွေးနေစဉ် နယ်ထိမ်းတပ်ကြပ်ကျော်စိုး ဖုန်းဆက်လာ၏။

" ဗိုလ်လေး ..ရွှေအိုးစည်စားသောက်ဆိုင်မှာ မာရီယာမရှိ
ဘူး၊ မနေ့ည ၁၁ နာရီခွဲ လောက်ကတည်းက ဖယ်ရီနဲ့
ပြန်သွားတယ်တဲ့။ ဖယ်ရီကားသမားကို စုံစမ်းတော့လည်း
ဖုန်းပိတ်ထားတယ်၊ အခု ဖယ်ရီကားသမားအိမ် ကျနော်
ဆက်လိုက်သွားရမလား..ဗိုလ်လေး.."

ဒုရဲအုပ်ဝင်းနိုင်က သူ၏နာရီကြည့်လိုက်သည်။ နံနက်၎
နာရီကျော်စပြုပြီမို့ ..

" ကိုကျော်စိုး..ပြန်ခဲ့တော့ဗျာ ၊ မိုးလင်းမှ သွားမေးတာပေါ့
သူတို့က တခါတလေ အပြင်ကဧည့်သည်တွေနဲ့ဒိတ်ပြီး
ပါသွားတတ်တာပဲ.."

  ဒုရဲအုပ်ဝင်းနိုင် ဖုန်းပိတ်ပြီး ရဲအုပ်ဘခက်အား..

" ဆရာသမားရေ..မာရီယာတော့ပျောက်နေတယ်၊ ည၁၁ခွဲ
က ဖယ်ရီနဲ့ပြန်သွားတယ်တဲ့၊"

"အမှုက ကိုယ့်ကိုယ်ကို ကြိုးဆွဲချသတ်သေတာပဲ
ဖြစ်မယ်ထင်တယ်..ဆရာ "

" ဒီအရွယ်လေးတွေကဝတ်ချင်စားချင်စိတ် အလှအပမက်တဲ့စိတ်တွေ များသား၊ရည်းစားတို့ မိသားစုတို့ ပြသနာတခုခုရှိလိမ့်မယ် ထင်တယ်...
မာရီယာကိုတွေ့ရင်တော့ မေဇွန့်အကြောင်း
ပြည့်ပြည့်စုံစုံ သိရလိမ့်မယ် ဆရာသမား .."

ရဲအုပ်ဘခက်က သူ့တပည့်ကိုကြည့်၍..
" ဆေးမှုခင်းက ဘာကြောင့်သေဆုံးရတယ်ဆိုတဲ့ အဖြေကို
တစ်ချက်ကြည့်ကွာ၊ ပြီးတော့ ဧည့်ခန်းထဲက ပစ္စည်းတွေ
မွှေနှောက်ထားတာဟာ အမှုကို ပိုပြီး ရှုပ်ထွေးလာလိမ့်
မယ် ဝင်းနိုင်ရေ..၊ မင်းထင်သလောက်တော့ အမှုက
ရိုးစင်းမယ်..ငါမထင်ဘူး.."

ထိုအခိုက် ရဲအုပ်ဘခက်ထံ နယ်မြေလှည့်ကင်းအဖွဲ့မှ
သတင်းပို့လာသည်။

" ဗိုလ်ကြီး.××× နေရာမှာ..ယာဉ်တိုက်မှုတစ်ခု ဖြစ်
သွားတယ်၊ မိန်းကလေးတစ်ယောက် ဒဏ်ရာပြင်းလို့
ဆေးရုံပို့နေတယ်၊ တိုက်တဲ့ကားက ရွှေအိုးစည်စား
သောက်ဆိုင်က ဖယ်ရီကြို /ပို့ယာဉ်၊ ယာဉ်မောင်းကို
လည်း မိထားပြီ ဗိုလ်ကြီး.၊ အတိုက်ခံရသူက.×××. "

ရဲအုပ်ဘခက် သူ့တပည့် ဒုရဲအုပ်ဝင်းနိုင်ကို မေးဆတ်ပြ
လိုက်သည်။ ကဲ..ဇာတ်လမ်းကတော့ စပြီပေါ့။ရဲအုပ်
ဘခက် တပည့်ဖြစ်သူ ဝင်းနိုင်အား မှာစရာရှိတာမှာ၍
ဆေးရုံကြီးသို့ ပြေးရပြန်ပါသည်။

👮👮👮👮👮👮👮👮👮👮👮👮👮👮👮👮

  ရဲအုပ်ဘခက်နှင့် ဒုရဲအုပ်ဝင်းနိုင်တို့စကားပြောနေသည့်
အနီးတွင် ဝိညာဉ်မလေးမာရီယာ ငိုကြွေးနေပါသည်။
သူ့သူငယ်ချင်း မေဇွန်သည် အသတ်ခံရခြင်းဖြစ်ကြောင်း
သူမ ပြောပြချင်နေမိသည်။

သို့သော် သူမ ကိုယ်တိုင်က
ဝိညာဉ်ဘဝမို့ ဘယ်လိုလုပ်ပြီး ပြောခွင့်ရမည်နည်း။
ပြီးတော့ သူမ ကိုယ်တိုင် ဒီလိုဘဝမျိုးကို ဘာကြောင့်
ရောက်လာသလဲဆိုတာ သူမ...မဝေခွဲတတ်သေး။ထိုစဉ်..

ဒုန်း !

ဒုန်း !

  " အောင်မယ်လေး !
    ဘုရား..ကယ်ပါ၊ မြတ်​စွာဘုရား .. .."

မာရီယာ၏တစ်ကိုယ်လုံးကို တုန်ခိုက်ပြီး နာကျင်သွားစေ
သလိုပင်။ မာရီယာ ထိုအခန်းလေးထဲတွင် ရပ်တည်နေရာ
မှ တစုံတရာက ဆွဲငင်စုပ်ယူလိုက်သလို လေထဲလွင့်မျော
သွားလေသည်။ မာရီယာ မူးဝေလွန်းလို့ မျက်လုံးကို စုံမှိတ်
ထားမိသည်။

     နားထဲတွင် တဝီဝီ တဝေါဝေါနဲ့ လေတိုးသံ အကျယ်
ကြီးသာကြားနေရသည်။ တခဏအကြာ ထိုလေတိုးသံ
များ တိုးသက် ဝင်သွားပြီး လူသံများ အော်ဟစ်သံများ ကြား
လိုက်ရသည်။

သူ့မနားထဲတွင် ကပ်ကြေးသံ ဓားသံ အော်ခေါ်သံ
အောက်စီဂျင်ဗူးမှ အသက်ရှုသံ များနှင့်အတူ အခန်းတစ်ခု
ထဲရောက်သွားသလို ခံစားလိုက်ရ၏။မာရီယာ သူမ၏
မျက်လုံးကို ကြောက်ကြောက်နဲ့ ဖြေးညှင်းစွာ ဖွင့်ကြည့်
လိုက်သည်။မာရီယာ သူမ၏မြင်ကွင်းကို အံသြနေမိသည်။

ဆရာဝန်ဆရာမများ..လူနာကို အသက်လုကယ်တင်နေ
သည့် ခွဲစိတ်ခန်းထဲသို့ မာရီယာရောက်သွားခြင်းဖြစ်သည်။
လူနာအား နှလုံးခုန်နှုန်းပြန်ရစေရန် နှလုံးခုန်အကူစက်ဖြင့်
ရှော့ပေးကာပြန်နှိုးနေခြင်းဖြစ်၏။

" ဒုန်း...တီတီတီ..တီတီ..တီတီ .."

ခွဲခန်းကုတင်ပေါ်မှ လူနာသည် တစ်ကိုယ်လုံးသွေးများ
ရွှဲနေ၍ မာရီယာ လူနာကို အသေချာမမြင်ရပေ။ လူနာ
သည် နှလုံးပြန်ခုန်လာပြီဖြစ်၍ ကျန်သည့်ဒဏ်ရာများကို
ခွဲစိတ်အထူးကုဆရာဝန်ကြီးများ ခွဲစိတ်ကုသနေကြ၏။

မာရီယာ လူနာ၏လက်တစ်ဖက်စီသို့ မျက်လုံးအကြည့်
တစ်ချက်ရောက်သွားသည်။လူနာ၏လက်လေးတစ်ဖက်
ကို လူနာတင်ကုတင်ပေါ်တွင် တန်းလန်းကျနေ
မာရီယာ မြင်လိုက်ရ၏။

ထိုလက်ကလေးတွင်စွပ်ထားသည့်
ပလက်တီနမ်လက်စွပ်လေး....။

" ဟင် ! ...ပလက်တီနမ် လက်စွပ်လေး... "

" ဒါ..ဒါ...ငါ့လက်စွပ်လေးပါလား !
ဒါဆိုရင် လူနာက ငါ...ငါ...ငါပေါ့ ...... ..... "

အား...ဘာတွေလဲကွာ..ငါဘာဖြစ်တာလဲ !

" ငါက ဘာဖြစ်တာလဲ ၊ ငါက ဘာလို့ ဒဏ်ရာတွေအများ
ကြီးနဲ့ ဆေးရုံပေါ် ရောက်လာတာလဲ.. ... ..."

မာရီယာ ဘာဆိုဘာမျှ တွေးတောလို့မရချေ။ ထိုသို့
စဉ်းစားလိုက်တိုင်း သူမသည် သူမနှင့်ဝေးကွာသလို
ဖြစ်သွားလေ့ရှိ၏။

ဆရာဝန်များက ခွဲစိတ်ကုသလို့အပြီး ပြန်၍ ချုပ်နေကြပြီ
ဖြစ်သည်။ များမကြာမှီ ပတ်တီးများစည်းနှောင်ထားသော
မာရီယာ၏ ခန္ဓာကိုယ်ကို ဆေးရုံဝန်ထမ်းများ တွန်းလှည်း
ဖြင့်တင်ထုတ်လာကြသည်။

အပြင်ဘက်တွင် ယာဉ်ထိမ်းရဲအချို့ နှင့်နယ်မြေခံရဲတပ်ဖွဲ့
ဝင်အချို့ကိုတွေ့ရသည်။ နယ်မြေခံရဲတပ်ဖွဲ့ဝင်တစ်ဦးအနီး
တွင် လက်ထိတ်တန်းလန်းနဲ့ လူတစ်ယောက်ကို တွေ့လိုက်
ရ၏။

ဟင် !..ဒီလူ..ဒီလူ....

ဒီလူက ငါတို့ကို ဖယ်ရီအကြိုအပို့လုပ်ပေးနေတဲ့
ကားဆရာ ကိုကုလားပါလား၊ မာရီယာတို့ တဆိုင်လုံးက
ကာမောင်းသူအသားမည်းကျော်မြင့်ကို ကိုကုလားဟုသာ
ခေါ်ကြသည်။ မာရီယာ ခန္ဓာကိုယ်သည် အိုးထိမ်းစက်ပမာ
ချာချာလည်လာပြန်သည်။ နားထဲတွင် အသံပေါင်းစုံကို
ကြားနေရပြန်သည်။

ဝီ..ဝီ...ဝီ..

ဝူးးးးး ဝူးးးးး

  မာရီယာ..လွင့်မျောသွားပြန်သည်။ မာရီယာတစ်ယောက်
အတိတ်တစ်နေရာသို့..မျောလွင့်သွား၏။ မာရီယာ့၏
မျက်လုံးထဲတွင် ဖယ်ရီကားပေါ် အိပ်ပျော်နေစဉ်က အဖြစ်
အပျက်များ တစ်ခန်းပြီး တစ်ခန်း စီကာရီကာ ပေါ်လာ၏။

ရွှေအိုးစည်စားသောက်ဆိုင်မှ ဖယ်ရီကားလေးသည်..
မာရီယာ တစ်ယောက်ထဲကျန်ချိန် ၌ ကျော်မြင့် ကားကို
မလိုအပ်ပဲ လမ်းအကြိုအကြားထဲ ကွေ့ပတ်မောင်းလာခဲ့
သည်။ အချိန်က ည၁၂နာရီကျော်ပြီမို့ မိန်းလမ်းမကြီး
များပေါ်တောင် လူသွားလူလာ ပြတ်တောင်းနေပြီဖြစ်၏။

ကျော်မြင့် မာရီယာကိုယ်ပေါ်မှ လှစ်ဟာနေသည့် ခန္ဓာ
ကိုယ်အစိတ်အပိုင်းများကိုကြည့်ကာ စိတ်ယုတ်မာများ
ဝင်လာသည်။ သောက်ထားသည့် အရက်ကလည်း
သူ၏အသွေးအသားတို့ကို ဆူဝေစေ၏။

ကျော်မြင့် လူသွားလူလာပြတ်သည့် ဂိုဒေါင်ပျက်ကြီးနား
ကားကို ရပ်လိုက်သည်။ အိပ်ပျော်နေသည့် မာရီယာကို
သူ ဆွဲဖက်လိုက်၏။

    မာရီယာ အိပ်မက်မက်နေသလိုပင်၊ တစုံတရာက သူမ
ကို အသက်ရှုမွန်းကြပ်လာစေသလို ၊ ချဉ်စူးစူး အရက်နံ့
တို့ သူမ၏နှာဝသို့ ဒလကြမ်းတိုးဝှေ့လာသည်။မာရီယာ
သူမ၏ခန္ဓာကိုယ်အပေါ်သို့ လေးလံသည့်အရာတခု ဖိကပ်
လာသလို ခံစားရပြီး ထိုအရာကို မျက်စိမှိတ်ရင်း တွန်းဖယ်
နေမိသည်။ သို့သော် လေးလံသောအရာဝတ္ထုက အတင်း
ဖိကပ်လာသည်မို့ မာရီယာမျက်လုံးကို ဖွင့်ကြည့်လိုက်၏။

" ဟင်..ကိုကုလား..ရှင်..ရှင်..ဒါဘာလုပ်တာလဲ
ဖယ်စမ်း..လွှတ် လွှတ်.."

" ချစ်လို့ပါ..မာရီယာ ..၊ ကိုယ်..မင်းကို
အရမ်းချစ်လို့ပါ.."

   ကျော်မြင့်ခေါ်ကုလားသည် မာရီယာကို အတင်းအဓမ္မ
ကြံစည်နေခြင်းဖြစ်သည်။ မာရီယာ အမူးပြေကာ ဇွတ်အ
တင်းရုန်း၏။ ကျော်မြင့်ကလည်း သူ့ဆန္ဒပြည့်ဝဖို့ ကြိုးစား
သည်။ မာရီယာ ရုန်းကန်ရင်း သူမလက်က ပလာယာ
ကို ကိုင်မိသွားသည်။ ထိုပလာယာဖြင့် ကျော်မြင့်ခေါင်းကို
ရိုက်ချလိုက်သည်။

"   ဒုတ် !....အား.. ."

ကျော်မြင့် ခေါင်းမှ သွေးများဖြာထွက်သွားသည်။
မာရီယာ သူမ၏ကိုယ်ပေါ်မှ ကျော်မြင့်ကို တွန်းထုတ်
လိုက်ပြီး ၊ ကားပေါ်မှဆင်းလိုက်သည်။

အား..ကျွတ်..ကျွတ်

ကျော်မြင့် သူ့ခေါင်းကို ကိုင်ကာ ငြီးငြူနေသည်။

  မာရီယာ ပတ်ဝန်းကျင်ကိုကြည့်လိုက်၏။ အိမ်ခြေနည်းပါး
ပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။ မာရီယာ ပျက်ယွင်းနေ
သော သူမ၏အဝတ်စားတို့ကို နေသားတကျ ပြုပြင်လိုက်ပြီး......

" ခွေးမျိုး..လူယုတ်မာ၊ ရှင့်ကို မနက်ဖြန်ကျမှ ဂျာကြီးနဲ့
တိုင်ပြောမယ်၊ (ဆိုင်မန်နေဂျာ=ဂျာကြီး ) မာရီယာ့များ
အပေါစား ××× သည်မှတ်နေလား..×××× "

   မာရီယာ ဆဲဆိုလို့အားရတော့ ထိုနေရာမှ လမ်းမကြီး
ရှိရာဘက်သို့ ခြေလျှင်လျှောက်ထွက်လာခဲ့သည်။
လမ်းမကြီးရောက်မှ ဆိုင်ကယ်ကယ်ရီ ရှာငှါးကာ ပြန်
မည်ဟု တွေးမိ၍ဖြစ်သည်။မာရီယာ ခပ်သုတ်သုတ်ပင်
ထိုကားအနီးမှ ထွက်သွား၏။

  ကျော်မြင့် ခေါင်း အနည်းငယ်ပေါက်သွားသည်ကို
လက်ဖြင့်စမ်းလိုက်သည်။ ပြီးတော့ ကားဒက်ရှ်ဘုတ်ထဲ
က သူ့အရက်ပုလင်းကို ယူကာ အားရပါးရ မော့သောက်
လိုက်သည်။ အရက်ဝင်သွားသည့် ကျော်မြင့်သည်..

" အား ကျွတ်..ကျွတ် ၊ ကောင်မ လက်သံပြောင်တာ
ကျွတ်ကျွတ် နာတာ..၊ တွေ့မယ် ..မာရီယာရေ
နင် ငါ့လက်က မလွတ်စေရဘူး..ဟားဟား.."

ကျော်မြင့် စိတ်ဖောက်ပြန်သူပမာ ရယ်မောလိုက်ရင်း
သူ၏ကားကို စက်နိုး၍ မာရီယာထွက်သွားရာ လမ်းမကြီး
ဆီသို့ မောင်းထွက်ခဲ့သည်။ ကားမောင်းရင်း ဒေါသစိတ်
ဖြင့် ကျော်မြင့် အရက်ပုလင်းကို အဆက်မပြတ် မော့
သောက်လာသည်။

ဟော! တွေ့ပါပြီ..
မာရီယာတစ်ယောက် ၆၂လမ်း မိန်းလမ်းမကြီးပေါ်
တစ်ယောက်ထဲ ဒယိမ်းဒယိုင်နဲ့ လမ်းလျှောက်နေသည်။
သူမ ဟိုကြည့် ဒီကြည့်နဲ့ ဆိုင်ကယ်ကယ်ရီ ရှာနေပုံပဲ။
ကျော်မြင့် ကားကို အရှိန်မြှင့်မောင်းလိုက်သည်။ သူ့စိတ်
ကူးက မာရီယာအနီး ကပ်ရပ်ပြီး ကားပေါ်ဇွတ်အတင်း
ဆွဲခေါ်ရန် ဖြစ်သည်။ အကယ်၍ အလွယ်တကူခေါ်မရပါ
က ဇက်ပိုးတချက်လောက်ရိုက်ပြီး တင်ခေါ်သွားမယ်ပေါ့။

" ဝူးးးးး ဝရော..."

ကျော်မြင့် အရက်ကမူး လူက စိတ်တိုတိုနဲ့ ကားကို
အတင်းဒလကြမ်း မာရီယာအနီးသို့ မောင်းလိုက်သည်။
သို့သော် မထင်မှတ်ပဲ မာရီယာက လမ်းမကြီးပေါ် ယိမ်း
ယိုင်ကာတက်လာသည်။

ဟာ! ... ကျော်မြင့် ...ကားကို အရှိန်သတ်ရန်..
ဘရိတ်ကို ဖိနင်းလိုက်သည်။ စီယာတိုင်ကို မာရီယာ
နဲ့ကား..မတိုက်မိအောင် အတင်းဆွဲလှည့်လိုက်သည်။
သို့သော် အရမ်းနီးကပ်နေသည့် အနေအထားမို့ မာရီယာ
ကို ပွတ်တိုက်သွားသည်။

"  ကျွီ....အီ...အီ..."

" ဒုန်း...ဝုန်းး "

  " အား.."

မာရီယာ့ကို တိုက်ပြီး ကားသည် လမ်းဘေးက ပလက်
ဖောင်းကို ကျော်သွားပြီး ဓာတ်တိုင်ကို ဆက်၍ တိုက်ကာ
ရပ်သွား၏။ လမ်းမပေါ်တွင် မာရီယာတစ်ယောက် သွေး
အိုင်ထဲ ခွေခွေ လေး လဲကျနေ၏။ ကျော်မြင့်လည်း ကား
ပေါ်တွင် မူးဝေနေ၏။

   ယာဉ်တိုက်သံ ဆူညံသံများကြောင့် အနီးနားကအိမ်များမှ
လူများ နိုးထလာသည်။ သက်ဆိုင်ရာသို့ ဖုန်းခေါ်ပေးကြ၏
မကြာမှီ နယ်မြေလှည့်ကင်းရဲအဖွဲ့ရောက်လာပြီး မာရီယာ့
ကို ဆေးရုံပို့ပေးကြသည်။

   ကားသမားကျော်မြင့်ကို ကားထဲမှ ဆွဲထုတ်ကာ
ရဲတပ်ဖွဲ့က တခါတည်း ဖမ်းခေါ်သွားလေသည်။

👮👮👮👮👮👮👮👮👮👮👮👮👮👮👮👮👮

ဝိညာဉ်မလေး မာရီယာ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။
နားကို စွင့်လိုက်သည်။ သူမ၏တကိုယ်လုံး ဝမ်းနည်းနာ
ကျင်မှုတွေနဲ့ ပြည့်သိပ်လို့နေ၏။

ဆေးရုံကုတင်လေးပေါ်တွင် ပတ်တီးများအဖွေးသားနှင့် လဲလျောင်းနေသော သူမကိုယ် သူမ ပြန်မြင်နေရသည်။

  မာရီယာဟာ သတိမရသေးဘူး။ သူမ၏အခြေအနေဟာ
စောင့်ကြည့်ရဦးမယ်။ အသက်ရှင်သန်ဖို့နဲ့ဆုံးရှုံးဖို့ဟာ
၅၀/၅၀ အနေအထားမှာရှိနေတယ်လို့ ဆရာဝန်ကြီးများက
တာဝန်ကျရဲအရာရှိကိုပြောပြနေတယ်။

ရဲအုပ်ဘခက် ကုတင်အနီးတိုးကပ်သွားပြီး..
မာရီယာ့မျက်နှာလေးကို စိုက်ကြည့်လိုက်သည်။ငယ်ရွယ်
နုပျိုဟန်အပြည့်နဲ့ ချောမောလှပသည့် မိန်းမပျိုလေးကို
ကြည့်ရင်း စိတ်မကောင်းဖြစ်မိသည်။ ဘခက် နုတ်မှ
ခပ်တိုးတိုးလေး ရေရွတ်ဆုတောင်းပေးလိုက်သည်။

  " အမြန်ဆုံး ပြန်ကျန်းမာလာပါစေ..ကလေးရယ် "

   ထိုအချိန်တွင် ဘခက်ထံသို့. .ရနံ့မွှေးမွှေးလေး တခု
သင်းပျံ့လာသည်။ ဘခက် ကိုယ်လုံး တောင့်ကနဲ့ဖြစ်သွား
၏။ ဘခက် မျက်စိကို စုံမှိတ်ထားလိုက်သည်။ဘခက်ပါး
စပ်ကလည်း...

" မဟုတ်ဘူး..မဟုတ်ဘူး
ဒါ.နောက်တစ်ကြိမ် မဖြစ်ပါစေနဲ့..
မဖြစ်ပါစေနဲ့..ဖြစ်မလာပါနဲ့..ကွာ.."

  မာရီယာ ဘခက်၏ အရှေ့တည့်တည့်တွင် ရပ်နေခြင်း
ဖြစ်သည်။ သူမ၏စိတ်ထဲတွင် ဘခက်ကိုကြည့်ရင်း
ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ထင်မှတ်မိနေသည်။

ဒီလူကြီးကို ငါသိနေတာလားဟု မာရီယာတွေးလိုက်ပြီး
ဘယ်မှာတွေ့ဖူးတာပါလိမ့်ဟု ပြန်စဉ်းစားလိုက်သည်။
ဘယ်လိုမှ စဉ်းစားမရချေ။ ဝိညာဉ်မလေးသည် ဘခက်
ကိုကြည့်လိုက် သူမ၏မေ့မျောနေသော ခန္ဓာကိုယ်ကို
ကြည့်လိုက်နှင့် အတွေးများနေလေ၏။

  ထိုစဉ် သူမ၏ရှေ့တည့်တည့်မှ ဘခက်သည် မျက်လုံး
ပွင့်လာပြီး သူမကိုမြင်တွေ့သွားသလို..အလန့်တကြား
နောက်ဆုတ်သွား၏။ သို့သော် ဘခက်သည် အိ​နြေ္ဒထိမ်း
ကာ ဘာမှ မမြင်တွေ့သလို ထိုအခန်းထဲမှ ရေကြီးသုတ်ပြာ
ခြေလှမ်းကျဲကြီး ဖြင့်ထွက်ခွာသွားလေ၏။

  မာရီယာ ထိုအဖြစ်အပျက်ကို အစဆုံး မြင်တွေ့လိုက်ရပါ
သည်။ ထိုလူကြီးသည် သူမ၏ဝိညာဉ်ကို မြင်တွေ့သွား
ပါသလား။ အမှန်တကယ် မြင်တွေ့လို့ ကြောက်လန့်ကာ
နောက်ဆုတ်သွားခြင်းလား။ ဟင်..ဒါဆို..ဒါဆို..

မာရီယာ ဝမ်းသာသွားသည်။ လူ့လောကနဲ့ဆက်သွယ်ဖို့
သူမ အတွက် အခွင့်အရေးပွင့်လာပြီလေ။
ဟိုလူကြီး ဘခက်ဆိုသည်မှာ..ဝိညာဉ်များကို မြင်တွေ့
စကားပြောနိုင်သည်ဆိုရင်..
သူမ ပြောပြချင်တာတွေ..အကုန်ပြောခွင့်ရတော့မည်
မဟုတ်ပါလား.......။

မာရီယာ အရမ်းပျော်သွားသည်။ သူမ အခန်းအပြင်သို့
ပြေးထွက်လိုက်သည်။ ဟင်..ဟိုလူကြီး ဘယ်ရောက်သွား
တာလဲ..ဘယ်ထွက်သွားတာလဲ....။

  " ဟိတ်! ကောင်မလေး ၊ ဘာလုပ်နေတာလဲ...."

မာရီယာ သူမနောက်မှ အနီးကပ်၍ မေးလိုက်သော အသံ
ကြောင့် အနောက်သို့လှည့်ကြည့်လိုက်သည်။ ထိုအသံပိုင်
ရှင်မှာ မျက်လုံးတဖက်တန်းလန်းကြီး ကျွတ်ကျနေပြီး
မျက်နာတွေ အသားစများကွာကျလျက် ပါးစပ်အနီး
တဝိုက်တွင် အသားများမရှိပဲ မေဂရိုးနှင့်သွားမည်းမည်း
ကြီးအချို့ပေါ်လွင်နေသော ဆေးရုံပေါ်က အရိုးရင့်
သရဲကြီးဖြစ်နေသောအခါ...

အားးးးးး အားးးးး

  မာရီယာ ကြောက်လန့်တကြား အော်ဟစ်ကာ ဆေးရုံ
အပြင်ဘက်သို့ ပြေးထွက်သွားလေ၏။ မာရီယာ၏
အဖြစ်အပျက်ကို ကြည့်၍ ဆေးရုံစောင့်သရဲကြီးက
သဘောကျကာ...

" ဟီးဟီးး ဟားဟားး ဟီးဟီးး "

" ဟိတ်! ကောင်မလေး ပြန်လာရင် မုန့်ဝယ်ခဲ့နော် "

" ဟားဟား ဟားဟား  "

(ဆက်ရန်)

နပီ 😀😀


သေရွာပြန် မာရီယာ ( အပိုင်း -၃ )
========================
ရေး....ပီပီ

    ဘခက်..ရဲအုပ်ဘခက် အသက်၃၀ကျော်၊အရပ်မြင့်မြင့်
အသားညိုစိမ့်စိမ့် မျက်ခုံးကောင်းကောင်း မျက်လုံးက
ကြောင်ရိုင်းတစ်ကောင်လို တောက်ပကာ စူးရှထက်မြက်
သူတစ်ဦးဟုဆိုကြပါစို့။

     ဇီးပင်ကြီး ဒုရဲအုပ်သင်တန်းဆင်းပြီးကတည်းက တာဝန်
ကျရာ ဒေသများတွင် ဒုစရိုက်သမားများကို မညှာမတာ
နှိပ်ကွပ်လေ့ရှိသူ။ ဥပဒေတစ်ခုတည်းသာ ကြည့်ပြီး မည်သူ့
မျက်နှာမျှ မထောက်ထားပဲ တာဝန်ထမ်းဆောင်ခဲ့သူမို့
ဒုစရိုက်သမားများ ဖိန့်ဖိန်တုန်အောင်ကြောက်ရွံရသူဖြစ်၏

     မှန်တယ်ထင်ရင် အထက်အရာရှိအားပြန်၍ ခွန်းတုံ့တင်
တတ်သူမို့ ရာထူးတိုးဆိုင်းငံ့ခံထားရသူလည်းဖြစ်သည်။
လွန်ခဲ့သည့်၃နှစ်ခန့်က ဘခက် မူးယစ်ရာဇာဂိုဏ်းတစ်ခု
အားဖေါ်ထုတ်ရင်း ရန်သူ့လက်ချက်ဖြင့် သေလုမတတ်
ဒဏ်ရာအကြီးအကျယ်ရကာ ဆေးရုံတက်ခဲ့ရဖူးသည်။

   ဦးခေါင်းတွင် ဒဏ်ရာရထား၍ တစ်နှစ်ခန့် အနားပေးထား
ခံရပြီး မကြာမှီသေးခင်ကပင် ပြန်လည်၍ စခန်းမှာတာဝန်
တွဲပေးထားခြင်းဖြစ်သည်။ ယ္ခင် ဒုစရိုက်နှိမ်နှင်းရေးမှုခင်း
အကူဋ္ဌာနတွင် တွဲထားခြင်းမရှိသေးပေ။

  ဘခက် ..သူနေထိုင်ရာ လူပျိုအရာရှိလိုင်းခန်းသို့ ပြန်လာ
ခဲ့သည်။ ဘခက် စိတ်ညစ်ညူးနေ၏။ အာရုံထွေပြားနေ၏။
သူဆေးရုံကဆင်းကတည်းက အနိဋ္ဌာရုံတွေမြင်တွေ့ရလျှင်
မမြင်အပ်သည့် နာနာဘဝတို့ ဝိညာဉ်တို့ကို တကြိမ်မက
မြင်တွေ့နေရသည်။ ထိုသို့ မြင်တွေ့နေရခြင်းသည် လူသာ
မာန်တို့တွင် ဖြစ်လေ့ဖြစ်ထရှိခြင်းမဟုတ်၍ ဘခက် ထိုသို့
သော မြင်ကွင်းမျိုးကို မမြင်ဟန်ဆောင်လေ့ရှိသည်။

သူတစ်ယောက်တည်းသာသိသော ထိုကိစ္စမျိုးကို ဘယ်သူ့
မှ ရင်မဖွင့်ရဲ။ သူဖွင့်ပြောလိုက်ပါက ဘခက်အား ရူးနေ
သည်ဟု အများက မှတ်ချက်ပြုလိမ့်မည်ဖြစ်၏။ထိုကဲ့သို့
ဆိုလျှင် သူအင်မတန်မြတ်နိုးတန်ဖိုးထားသော အလုပ်မှ
အထုတ်ခံရမည်မှာ မလွဲပေ။ ဘယ်လိုအရူးမျိုးကို လက်
နက်ကိုင်အဖွဲ့အစည်းက လက်ခံမည်နည်း။

ဘခက် ယူနီဖောင်းချွတ်၍ ရေချိုးခန်းဝင်လိုက်သည်။ စခန်း
မှုးက သူ့အား နေ့လည်စာစားပြီးမှ ဂျူတီဝင်ရန် ပြောထား
သည်မို့ ဘခက် အချိန် ၃နာရီခန့် အားနေ၏။

  ဘခက် ရေကန်မှ ရေကို တဝုန်းဝုန်းခပ်ချိုးလိုက်သည်။
အာရုံနောက်နေတာတွေ ပြေသွားသလိုမို့ သီချင်းလေး
ညီးလိုက်သေးသည်။ ထိုစဉ် ရေချိုးခန်းအပြင်ဘက်မှ
ချိုးချိုးချောက်ချောက် အသံများကြားလိုက်ရသည်။
ဘခက်..အသံပြုလိုက်သည်။ ထမင်းလာပို့တဲ့ တပည့်
ကျော် ရဲဘော်စိန်လှထင်၍ ဖြစ်သည်။ဘခက်က စိန်လှ
တို့လင်မယားထံ ထမင်းဘိုးပေး၍ စားခြင်းဖြစ်သည်။

" ဟ..စိန်လှ..ထမင်းပို့တာ စောလှချီလားကွ ၊
အေး စားပွဲပေါ်တင်ထားခဲ့ဟေ့..၊ အုပ်ဆောင်း အုပ်ထားခဲ့
တော်နေကြာ မင်းအဘ ကြောင်တွေ ပွဲတော်တည်သွားဦး
မယ်ဟေ့.."

   ဘခက် ဆပ်ပြာတိုက်ပြီး ရေဆက်ချိုးနေလိုက်သည်။
အပြင်ဘက်မှ စိန်လှ အသံတော့ ပြန်မကြားရချေ။ဘခက်
ရေချိုးလို့ဝတော့ တဘက်ကို ခါးပတ်ကာ အပြင်သို့ ထွက်
လာခဲ့၏။  အပြင်ရောက်တော့ စိန်လှကို မတွေ့ရတော့ချေ။

ခါတိုင်းဆို ဒီကောင် ဘခက်ကို ခူးခပ်ကျွေးပြီးမှ ပြန်တာပါ။
ဒီနေ့ ဘာဖြစ်တာပါလိမ့်။ အင်း ..မိန်းမနဲ့ရန်ဖြစ်ထားပြန်ပြီ
နဲ့တူတယ်။ သူမိန်းမက လက်သံပြောင်တယ်။ ရန်ဖြစ်တိုင်း
စိန်လှ နဖူး သို့မဟုတ် ခေါင်းမှာ ဘု ထ နေကြလေ။
ဘခက် မြင်လျှင် အဆူခံရမည်စိုး၍ ပြန်သွားခြင်း ဖြစ်မည်
ဟု ဘခက်တွေးလိုက်သည်။

ဘခက် အဝတ်စားလဲရန် အိပ်ခန်းထဲဝင်လိုက်သည်။ ပြီး
တော့ လွတ်​လွတ်​လပ်​လပ်​ အဝတ်စားလဲရန် အိပ်ခန်းတံခါး
ကို ဂလန့်ထိုးလိုက်သည်။

မျိုးကြီးရဲ့မလာပါနဲ့ သီချင်းကို ငြီးဆိုရင်း ဘီဒိုတံခါးကို ဖွင့်
လိုက်သည်။ ပါးစပ်မှလည်း..
" မလာပါနဲ့..♪ ♪  အချစ်ရေ ..မလာခဲ့နဲ့♬

  ဘခက် ဂျုတီမဝင်ခင် မြို့ထဲသွားရန်အတွက် ဂျင်းဘောင်း
ဘီကို ဘီဒိုထဲမှ ထုတ်လိုက်၏။ ပြီးတော့ ဘောင်းဘီဝတ်
ရန် ခါးတွင်ပတ်ထားသည့် တဘက်ကို ဖြည်ချလိုက်သည်။
ထိုစဉ် ဘခက်၏ အနောက်ဖက်မှ..
" ဟင် ! အောင်မယ်လေး !
ကျန်းးး  လူညစ်ပတ်ကြီး!...လူညစ်ပတ်ကြီး ! ..."

ဟိုက် ! ဘာတုန်းဟ!

ဘခက် ချွတ်လိုက်သည့် တဘက်ကို အမြန်ဆွဲယူ၍
ခါးကို ဖုံးလိုက်သည်။ ပြီးတော့ အသံကြားရာသို့ နောက်
ပြန်လှည့်ကြည့်လိုက်သည်။

" ဟင် ! ..မင်း..မင်း ဘယ်သူလဲ
ငါ့အခန်းထဲ ဘယ်လိုရောက်နေတာလဲ .."

ဘခက်၏ အခန်းထဲတွင် မီနီစကတ်အတို လည်ဟိုက်တီ
ရှပ် ပန်းဆီရောင်လေးနဲ့ ခပ်ချောချော ကောင်မလေး
တစ်ယောက် ရောက်နေခြင်းဖြစ်သည်။ ဘခက် ထိုကောင်
မလေးကို မြင်ဖူးသလို ကြည့်နေမိသည်။ အသက် ၂၀ခန့်
အသားဖွေးဖွေ မျက်နှာလေးကဖူးသစ်စပန်းလေးလို လှပ
နေသော ကောင်မလေး...။

  ဟင် ! ဘခက် သူ့ခေါင်းထဲ အသိဉာဏ်တစ်ခု ဝင်လာ၏။
ဒါ..ဒါ..ဆေးရုံပေါ်က ကားတိုက်ခံရသည့် ကောင်မလေး။
ဒီကောင်မလေးက..မသေသေးပါဘူး။ ဘာလို့ ငါကမြင်
တွေ့နေရတာလဲ။ ငါက သေပြီးတဲ့သူကိုမှ မြင်ရတာမဟုတ်
လား။ ဘာတွေ မှားကုန်ပြီလဲ ..ဒုက္ခပါပဲနော်။

" ဟိုလူကြီး..အခု လောလောဆယ်.ဘာမှ မေးမနေနဲ့၊
အဝတ်အစား အရင်လဲဦး၊ သမီး ဟိုဘက်လှည့်နေမယ်
မြန်မြန်လုပ်..တကယ်ပါပဲ..ရှက်လည်း မရှက်ဘူး .."

" အွမ် !  အေးပါဟာ..အေးပါ
လှည့်တော့မကြည့်နဲ့နော်..ပြီးရင် ငါပြောမယ် "

ဘခက်ကို သူကတောင် ဟောက်နေသေး၏။
ဘခက် ရယ်ရခက်ခက် ငိုရခက်ခက်နဲ့ ဘောင်းဘီရှည်ကို
အမြန်ဝတ်လိုက်သည်။ ပြီးတော့ တီရှပ်အဖြူတစ်ထည်
ကောက်လျှိုလိုက်၏။ အားလုံးပြီးတော့..

" ကဲ..မယ်မင်းကြီမလေး လှည့်လို့ရပြီခင်ဗျ....၊
ပြောပါအုံး..ခင်ဗျားလေးက ကျုပ်နောက်ကို ဘာကိစ္စ
လိုက်လာတာလဲ.."

ကောင်မလေးက သူ့ဘက်သို့လှည့်လာပြီး..

" အဲ့လူကြီးက ဆေးရုံပေါ်တုန်းက..သမီးကို မြင်တယ်မို့
လား ၊ ဘာလို့ မမြင်ချင်ဟန်ဆောင်ပြီး ထွက်သွားတာလဲ
ပြောတော့ကျတော့..ကူညီပါရစေ ဆို.."

ဘခက် စခန်းအဝင်ဝက အပြာရောင်ပေါ် အဖြူရောင်
စာလုံးဖြင့်ရေးသားထားသော ကူညီပါရ​စေ ဆိုင်းဘုတ်ကို
မျက်လုံးထဲ ပြေးမြင်လိုက်သည်။

" အေးလေ..ငါတို့က ပြည်သူကို ကူညီပါရစေလို့
ရေးထားတာလေ..နင်တို့လို ဝိညာဉ်တွေ သရဲတွေကို
တော့ မကူညီတတ်ပါဘူးဟ..၊ ငါတို့များ အောက်လမ်း/
အထက်လမ်းဆရာတွေ မှတ်နေလား ခလေးမရဲ့ .."

" ဟွန့်..သမီးက သရဲမဟုတ်ပါဘူး..အဲ့လူကြီးရဲ့၊
သမီးက သမီးကိုယ်ထဲ ပြန်ဝင်လို့မရသေးတဲ့.. ဝိညာဉ်လေးပါနော် .."

" အွင်..နင်က ဘာလို့ ပြန်ဝင်မရသေးတာလဲဟ၊
တကယ်ဆို နင်ကမသေသေးပါဘူး၊ ဒဏ်ရာပြင်းလို့
မျောနေတာပဲလေ၊ လျှောက်သွားမနေနဲ့လေ..
တော်နေကြာ နင့်ခန္ဓာကိုယ်ကို မသမာတဲ့ ဝိညာဉ်က
ဝင်ပြီး အသုံးချနေလိမ့်မယ်..."

ဘခက်က သူနားလည်သလောက် ဝင်၍ စိတ်ပူကာ
ပြောလိုက်သည့်အခါ မာရီယာက..

" ဟင်းဟင်း..သမီးအတွက်..ပူမနေနဲ့ အဲ့လူကြီးရေ..
သမီးခန္ဓာကိုယ်ကို စောင့်ရှောက်ပေးမဲ့ မိတ်ဆွေရှိတယ်၊
ဘယ်သူမှ သမီးခန္ဓာကိုယ်ကို ဒုက္ခပေးလို့မရဘူးလေ..
အဲ့ဒီမိတ်ဆွေက.ဆေးရုံပေါ်မှာ ဗိုလ်ပဲလေ..ခစ်ခစ် .."

ဘခက် သိလိုက်ပြီ။ ဆေးရုံပေါ်က အရိုးရင့်သရဲကြီး။
အဲ့ဒီသရဲကြီးက ဆေးရုံစတည်ကတည်းက ရှိနေသလား
မသိတတ်။ သူ့လောက် သမ္ဘာရင့်ဝါရင့် သရဲမျိုးမတွေ့ဘူး
သေးချေ။ သေချာတာက အရိုးရင့်သရဲကြီးက ဆေးရုံပြင်ပ
က မုန့်များကိုကြိုက်သည်။

ဒီတော့ ဒီလူလည်မလေး ...
အဲလေ..ဝိညာဉ်လည်မလေးက အရိုးရင့်သရဲကြီးနှင့် အပေးအယူလုပ်ထားခြင်း ဖြစ်လိမ့်မည်ပေါ့။ ဘခက် စိတ်
ထဲတော့..အော်..သူတို့ ပရလောကလည်း နားလည်မှုတွေ
ဘာတွေ ရှိသားဟုတွေးကာ ပြုံးလိုက်မိသည်။

" အဲ့လူကြီး..ဘာရယ်တာလဲလို့..
သမီးကို..ကူညီမှာလားဟင် "

" အင်း..မကူညီဘူးပြောလည်း နင်က ငါ့နောက်ကို
တကောက်ကောက်လိုက်ပြီး နှောက်ယှက်နေမှာမို့လား..
ကူညီနိုင်တာဆို ကူညီမယ်ဟာ ၊ ဒါပေမဲ့ နင့်ကိုတစ်ခု သတိ
ပေးထားမယ်၊ ငါ့အလုပ်ကို ဝင်ပြီးမနှောက်ယှက်ရဘူး
ပြောစရာရှိရင် နင်နဲ့ငါ နှစ်ယောက်ထဲရှိနေတဲ့အချိန်မှာပဲ
ပြောရမယ်နော်..ဘယ်လိုလဲ၊ သဘောတူလား "

" ဟုတ်..သမီး သဘောတူတယ်..အဲ့လူကြီး၊
တခုတော့ရှိတယ်နော်..သမီးက အချိန်သိပ်မရဘူး
နောက်၃ရက်ဆိုရင် ခန္ဓာကိုယ်ထဲပြန်ဝင်ရမယ်တဲ့၊
အဲ့ဒီရက်အတွင်း သမီးသူငယ်ချင်းကို သတ်တဲ့သူ
ရအောင်ဖေါ်ပေးလေ..နော်၊ နော်လို့ အဲ့လူကြီး ..နော်.."

ဘခက် ..ခေါင်းကို ငြိမ့်ပြလိုက်သည်။ သပွတ်အူလို ရှုပ်
ထွေးနေသည့် ကြိုးဆွဲချသေသည့်မေဇွန့်အမှုကို သူ
အားစိုက်၍ လှုပ်ရှားရမည်ဖြစ်သည်။ ဘဲဥ အစရှာမရသ
လို ဘယ်က ဘယ်လိုစရမှန်းမသိသေးတဲ့ အမှုအတွက်
ဘခက် သက်ပြင်းလေးလေးချလိုက်မိသည်။

ဘာပြောပြော ဝိညာဉ်မလေး မာရီယာထံမှ မေဇွန့်
အကြောင်းအချို့သိရလျှင်တော့ သဲလွန်စအနည်းငယ်
နှင့်ဆက်စပ်ကာ အမှုမှန်ဖေါ်ထုတ်နိုင်လိမ့်မည်လေ။
ထို့ကြောင့် ဘခက်က မာရီယာ့အား မေဇွန့်နဲ့ပါတ်သက်၍
သိသလောက်ပြောပြရန် မေးလိုက်သည်။

မာရီယာက မေဇွန့်အကြောင်းကို သူမသိသလောက်
ပြောပြသည်ကတော့.....။

👯👯👯👯👯👯👯👯👯👯👯👯👯👯👯

ရွှေအိုးစည်စားသောက်ဆိုင်...

" ဟဲ့..မာရီယာ၊ မူးနေပြန်ပြီလား..တအားမသောက်ပါနဲ့ဆို
နင်နော်..ငါဘယ်လောက်ပြောပြော..ငါ့စကားကို
နားမထောင်ဘူး..ခက်တယ်..နင်နဲ့တော့ခက်တယ် ..."

မေဇွန် အခန်းအပြင်ဘက်ထွက်၍ အန်နေသည့် မာရီယာ
ကို နောက်ကျောနှိပ်ပေးနေရင်း ဆူပူနေ၏။ မာရီယာက
ဧည့်သည်ကို အားနာတတ်သည်။ ဧည့်သည်က သူတို့နှင့်
အတူသောက်ရန် ဖိတ်ပါက မာရီယာ ဧည့်သည်စိတ်တိုင်း
ကျရန် ဝင်သောက်လေ့ရှိ၏။

Ktv စားသောက်ဆိုင်ဆိုသည်မှာ လူအမျိုးမျိုး စိတ်အထွေ
ထွေ လာရောက် အပန်းဖြေတတ်သူများ၏။ အချို့လည်း
သဘောကောင်း၍ အချိုလည်း ရစ်တတ်ကြသည်။

များသောအားဖြင့်တော့ မူးလာသူတိုင်းက အနည်းနဲ့အများ
ဆိုသလို ဆိုင်မှ မိန်းကလေးများကို ရစ်တတ်ကြသည်။

မေဇွန်နဲ့မာရီယာက တဆောင်တည်းအတူနေ ညီမအရင်း
လိုနေကြသူများဆိုတော့ တယောက်ကို တယောက် ဂရု
စိုက်လေ့ရှိသည်။ လူကြီးစိတ်မွေးတတ်သော မေဇွန်က ပို၍
မာရီယာကို ဂရုစိုက်ရှာသည်။ ဒီဆိုင်လေး စရောက်မှ စ၍
ခင်သောလည်း မာရီယာ၏နောက်ကြောင်းကို မေဇွန် တိတိကျကျ သိမထားချေ။

မေဇွန်က ဧရာဝတီတိုင်းဘက်က ကျေးရွာလေးမှ တက်လာကာ ဈေးချို ထဲက ဆိုင်တစ်ဆိုင်
တွင် အလုပ်လုပ်ရင်း ရသည့်လစာနှင့် အဆင်မပြေ၍
ဤစားသောက်ဆိုင်သို့ ရောက်လာခြင်းဖြစ်သည်။မေဇွန်က
ကျန်ခဲ့သည့် ရွာမှ အမေနဲ့မောင်လေးတွေထံ ငွေပို့ပေးနေ
ရသူဖြစ်သည်။

အမေကိုတော့ ကုမ္ပဏီမှာ အလုပ်လုပ်
သည်ဟု လိမ်ညာထား၏။ ယ္ခုနှစ် သူမ၏ မောင်လေးက
ဆယ်တန်းကျောင်းသားမို့ ကုန်ကျစရိတ်များရှာသည်။
မေဇွန့် မောင်လေးက စာအရမ်းတော်သည်ဟုဆို၏။
ထို့ကြောင့် မေဇွန်က အပင်ပန်းခံ အနစ်နာခံနေခြင်းဖြစ်၏။

မာရီယာကတော့ သူမ၏နောက်ကြောင်းကို ဘယ်သူ့မှ
မပြောပေ။ မိဘက ဆင်းရဲသည် ၊ ပထွေးနဲ့အတူမနေချင်၍
မန္တ​လေးသို့ ဆင်းလာခဲ့ခြင်းဖြစ်သည်ဟုဆို၏။သူမ မပြော
ချင်သည့်အကြောင်းအရာတို့ကို မေဇွန့်ကလည်း မမေးပါ။

မေဇွန်က မာရီယာ့ထက် ၂နစ်ခန့်ကြီး၍ မာရီယာအပေါ်
ညီမလေးတစ်ယောက်လို ဆက်ဆံပေးသည်။ ထို့ကြောင့်
သူမတို့နှစ်ယောက် အဆောင်တခုတွင် တခန်းထဲ အတူငှါး
နေကြသည်။ မေဇွန်မှာ ဆင်းရဲခြင်းသည် ဘဝတွင် အပြစ်
ကြီးတစ်ခုလို့ ခံယူထားပြီး ချမ်းသာကြွယ်ဝရန် အမြဲတမ်း
တွေးဆနေသူဖြစ်၏။

ညဘက် စားသောက်ဆိုင်မှာ အလုပ်ဆင်းပြီး နေ့ဘက်တွင်
တခြားအရောင်းအဝယ်လုပ်ငန်းများကို လေ့လာနေ၏။
အနည်းဆုံးတော့ သူမက အခန်းငှါး/ အိမ်ငှါး /လုံးချင်းတိုက်
အငှါး ထားခြင်းများတွင် ပွဲစားဝင်လုပ်လေ့ရှိသည်။

ထို့ကြောင့် မေဇွန်က အပေါင်းအသင်းစုံ၏။ နေရာဒေသ
ကို ကျင်လည်နှံ့စပ်၏။ လူချစ်လူခင်လည်း ပေါများသည်။
မေဇွန်က အရပ်အနည်းငယ်ပုသယောင်ရှိပေမဲ့ ဝတ်တတ်
စားတတ်သည်။ ခန္ဓာကိုယ်က ကျစ်ကျစ်လျစ်လျစ်ဖြင့် အ
သားဖြူလေသည်။ အထူးခြားဆုံးကတော့ သူမ၏
သွယ်တန်းနေသော မျက်ခုံးတုတ်တုတ်ခဲလေး ဖြစ်၏။

" မေဇွန်..ငါ မရတော့ဘူးဟာ..ခစ်ခစ် ၊
အတော်မူးနေပြီဟ..ငါ့ဧည့်သည်ကို..နင်ဝင်ပြီး ဧည့်ခံ
ပေးဟာ.၊ ရေလျှံတယ်နော်..မိန်းမ၊ အပီထုထည့်လိုက်ကွာ
လုပ်..လုပ်..သွား ၊ ငါ ခဏ အနားယူလိုက်ဦးမယ်.."

အဲ့ဒါသာကြည့်ပေတော့..၊ မာရီယာတို့ကတော့ လုပ်ချ
လိုက်ပြန်ပြီလေ။ သူ့ဧည့်သည်ကို မေဇွန်နှင့်လွှတ်ဧည့်ခံ
ခိုင်းနေပြန်ပြီ။ မေဇွန့်ဧည့်သည်က သူ့မိန်းမဖုန်းဆက်၍
ပြန်သွားပြီ ဖြစ်သည်။ မေဇွန်တို့အလုပ်က လွယ်တော့
မလွယ်ကူချေ။

   လာသမျှ လူကြီးလူငယ် လူပျို လူအို တတန်းထဲထား၍
ဧည့်ခံပေးရသည်။ အရက်ငှဲ့/ အမြည့်ခွန့်ကျွေး / သီချင်း
အတူဆို / လာသမျှ လူတွေရဲ့အပွေ့အဖက်အနမ်းကို
မငြီးမငြူ ခံရ၏။ တခါတရံ လူညစ်ပတ်အချို့၏ အသားယူ
ကိုင်တွယ်ခြင်းကို ခံရသေးသည်။ ထိုအခါတော့ သူမတို့
လည်သလို ကြည့်ရှောင်ရှားရသည်။

  သိပ်ပြီးလွန်ကဲလာပါက စားပွဲထိုးလူငယ်များကို အကူ
အညီတောင်းရသည်။ စားပွဲထိုးလူငယ်များ၏ ခပ်ဂျစ်ဂျစ်
အော်သံကြားမှ ထိုလူညစ်ပတ်တို့ ငြိမ်သွားတတ်သည်။

မငြိမ်လို့ မဖြစ်ဘူးလေ ၊ စားပွဲထိုးလူငယ်လေးတွေက
အဖွဲ့ကောင်းသည်။ လုပ်ရဲကိုင်ရဲ ရှိ၏။ ဆိုင်ထဲ မဖြေရှင်း
လိုသည့် ကိစ္စအချို့ကို သူတို့က အချင်းချင်းချိတ်ဆက်၍
အပြင်တွင် အုပ်စုဖွဲ့ ရန်ပြုတတ်သည်။

ထို့ကြောင့် စားသောက်ဆိုင်လာသည့် လူကြီးလူငယ်တို့
သည် ထိုစားပွဲထိုးလူငယ်များနှင့် တုပြိုင်၍ ရန်မဖြစ်တတ်
ကြပေ။  မေဇွန် ..မာရီယာ့ကို ခုံတလုံးပေါ် မှီတင်ထား
ခဲ့ပြီး ဧည့်သည်ရှိရာ အခန်းထဲသို့ ဝင်လာခဲ့သည်။

အခန်းထဲရှိ ဆိုဖာဆက်တီပေါ်တွင် အရပ်မြင့်မြင့် လူထွား
ကြီးတစ်ယောက် ထိုင်နေသည်။ ထိုလူသည် အရက်ကို
တစိမ့်စိမ့်သောက်ရင်း သီချင်းဆိုနေ၏။သူထိုင်နေသည့်
နံဘေးတွင် အနက်ရောင် ကျောပိုးအိပ်တစ်လုံး ရှိလေ၏။
ကျောပိုးအိပ်မှာ ဇစ်တပ်အဖွင့်အပိတ်လုပ်ရသည့် အိပ်မျိုး
ဖြစ်လေသည်။

မေဇွန် ဝင်လာသည်ကို သူက ကြည့်ရင်း သီချင်းဆိုတာ
ရပ်လိုက်၏။ ပြီးတော့ မေ့ဇွန်အား သူ့အနားလာထိုင်ရန်
ထိုင်ခုံကို ပုတ်ပြလိုက်သည်။ မေဇွန် ထိုလူကို ပြုံးပြရင်း
သူ့အနီး သွားထိုင်သည်။ထိုလူက ကျောပိုးအိပ်မည်းကို
သူ့အနောက်ဘက် နေရာရွေ့လိုက်၏။

" ဟိုတစ်ယောက်ရော..ဘယ်ရောက်သွားလဲ "

" ဟင်း အဲ့တစ်ယောက်တော့ မူးနေပြီလေ..၊
အဲ့ဒါ..သူမူးပြီး အန်နေလို့ မေဇွန့်ကို လွှတ်လိုက်တာ
ကိုကြီး..မေဇွန့်ကို မကြိုက်ရင် လူပြောင်းပေးမယ်လေ.."

" အိုး..နိုး..နိုး ၊ အဲ့သလိုမဟုတ်ပါဘူး..မေဇွန်၊
ကိုယ်က အဆင်ပြေပါတယ်..၊ ဟိုတစ်ယောက်ကို အားနာ
လို့ပါ..သူ့ကို ကိုယ်အရက်တိုက်လိုက်တာလေ..
မူးတတ်မှန်းမသိလို့ပါ..."

မေဇွန် စားပွဲပေါ်လှမ်းကြည့်လိုက်သည်။ အမြည်းပေါင်းစုံ
နှင့် ရေခဲခွက်များကြားတွင် double black ဝမ်းလီတာ
ပုလင်းကြီးမှာ တဝက်ကျိုးနေပြီဖြစ်၏။ ထိုလူက အရက်ပု
လင်းကို ယူ၍ သူ၏ခွက်ထဲ ငှဲ့ထည့်လိုက်ပြီး မေဇွန့်ကို

" မေဇွန်ရော..သောက်တတ်လား ၊ သောက်တတ်ရင်
အားမနာနဲ့နော်..as you like မေဇွန် .."

မေဇွန့်က ခေါင်းခါပြလိုက်ရင်း..
" ဟင့်အင်း..မေဇွန် မသောက်တတ်ဘူးအကို..
မူးတတ်လို့ ..sorry နော် .."

မေဇွန်က အလိုက်သိစွာ ထိုလူ၏ အရက်ဖန်ခွက်ထဲသို့
ရေခဲတုန်းလေးထည့်ပေးလိုက်၏။ ပြီးတော့ ခွက်ကို ထို
လူအားပေးရင်း..
" အကို..ဘာသီချင်းဆိုမလဲ ၊ မေဇွန်ရွေးပေးမယ်လေ.."

" အင်း..အကိုက မျိုးကြီးတို့ လင်းလင်းတို့ ပဲ ကြိုက်တာ
အဲ့ထဲက အဆင်ပြေမဲ့သီချင်း..သိပ်မအော်ရတဲ့သီချင်း
ရွေးထည့်လိုက်လေ.."

သို့ဖြင့် ထိုလူကြိုက်မည့် သီချင်းများကို မေဇွန်ရွေးပေး
လိုက်သည်။ ထိုလူက မေဇွန့်ကို ဖက်ထားရင်း သီချင်း
များဆိုလိုက် အရက်သောက်လိုက် အမြည်းစားလိုက်
ဖြင့် ပျော်နေလေ၏။ ထိုလူသည် အတော်သောက်နိုင်
သည်ဟုဆိုရမည် ဖြစ်သည်။ မူးလည်းမမူး ၊ သီချင်းကို
ဖြောင့်နေအောင် ဆိုနိုင်၏၊ အဆို ဝါသနာပါပုံရသည်။

ထိုစဉ် ဧည့်သည်၏ ဖုန်းသံ မြည်လာသည်။ ထိုလူက
ဖုန်းကို ကောက်ကိုင်ကာ ဖုန်းထဲပေါ်လာသည့် နံပတ်ကို
ကြည့်လိုက်၏။ ပြီးတော့ စိတ်ရှုပ်သွားဟန်ဖြင့်..

" ခနနော်..မေဇွန်၊ ကိုယ်ဖုန်းပြောမလို့.."

ထိုလူသည် အခန်းထဲမှ တွိုင်းလက်သို့ ထသွားလေ၏။
တွိုင်းလက်ထဲ ဖုန်းသွားပြောခြင်းဖြစ်မည်။ အိပ်မည်းလေး
သည် သူထိုင်ခဲ့သည့်နေရာတွင် ကျန်နေခဲ့၏။ မေဇွန်က
စည်းကမ်းရှိပါသည်။ ထိုအိပ်ကို ယောင်လို့တောင် လှည့်
မကြည့်ချေ။ စားပွဲပေါ်မှ အချိုရည်ဗူးကို ဖောက်သောက်
နေလိုက်သည်။ ထိုအချင်းအရာကို အိမ်သာထဲမှဖုန်း
ပြောရင်း ချောင်းကြည့်နေသူက မြင်ရသည်။ခနအကြာ
ထို လူထွက်လာသည်။ သူ့နေရာတွင် ဝင်ထိုင်ရင်း...
မပြောမဆို မေဇွန့်ကိုယ်လုံးလေးကို ခပ်တင်းတင်းထွေး
ပွေ့၍ အငမ်းမရနမ်းပါလေတော့သည်။

မေဇွန်လည်း အလိုက်သင့်နေပေးလိုက်သည်။ ထိုလူက
နမ်းလို့ အားရတော့ သူမကို လွှတ်ပေးလိုက်ရင်း ..
" ဒီည အပြန်ကို..ကိုယ်လိုက်ပို့မယ်၊ ဖြစ်မလား..မေဇွန် "

" ဟင် ..ဘာလို့လဲ အကို၊ မေဇွန်တို့က ဖယ်ရီနဲ့ပြန်နေကျပါ
ဒုက္ခရှာမနေပါနဲ့..အကို ၊ အကို့ အိမ်သူသက်ထား မျှော်နေ
မယ်လေ..ဟင်းဟင်း.."

မေဇွန်က ပါးနပ်စွာ ရှောင်ရှားလိုက်၏။ သို့သော် ထိုလူက
" ကိုယ့်နာမည်..မင်းဇော်၊ တကောင်ကြွက်..မိန်းမလည်း
မရှိဘူး..မိဘတွေလည်းမရှိဘူး၊ အလုပ်ကတော့ အရောင်း
အဝယ်ဆိုပါတော့..၊ မြတ်ရင်ရောင်းတယ်/ဝယ်တယ်.."

" အကို..ဒုက္ခပိုမစိုးလို့ပါ.."

" အခု ကိုယ်လိုက်ပို့မယ်ဆိုတာက..မင်းရဲ့အသွေားအသား
တွေ လိုချင်တပ်မက်လို့မဟုတ်ဘူး..မေဇွန်၊ ကိုယ်..မင်းရဲ့
အကျင့်စာရိတ္တကို ကြိုက်လို့၊ မင်းနဲ့ခင်မင်ချင်လို့..
မင်းနေတဲ့နေရာ သိချင်လို့ လိုက်ပို့မယ်ပြောတာ..
ကျန်တာတော့ မင်းရဲ့အပိုင်းပဲလေ.."

မင်းဇော်က သူ၏ ကျောပိုးအိပ်မည်းဇစ်ကို ဖွင့်လိုက်သည်။
မေဇွန် မင်းဇော်ရဲအိပ်ထဲကို အမှတ်တမဲ့ကြည့်လိုက်သည်။
ငါးထောင်တန်အုပ်များ တစ်သောင်းတန်အုပ်များ ပြည့်သိပ်
လျက်ရှိသည်ကိုတွေ့ရ၏။ မင်းဇော်က တစ်သောင်းတန်
ဆယ်ရွက်ကို မေဇွန်အားပေးလိုက်သည်။ထို့နောက် တစ်
သောင်းတန်ငါးရွက် ထပ်နုတ်ကာ...

" မင်းသူငယ်ချင်းအတွက် ယူသွားပါ..မေဇွန် "

ဟင်..မေဇွန် အံသြနေ၏။ သူမတို့ကို ဒီလောက်မုန့်ဘိုး
ဘယ်သူမှ မပေးဘူးပေ။ အလွန်ဆုံးပေး တစ်သောင်းပင်။
ယခု မင်းဇော်ကတော့ နှစ်ယောက်စာတောင်ပေးနေသည်။
မေဇွန် တစ်သိန်း၊ မာရီယာ ငါးသောင်းတဲ့လေ။ အိုး..
ဟိုက်ဘော့စ်လား..ဘာလားဟ ။ ဒီလိုဧည့်သည်မျိုးရ
ထားလို့ကတော့ မေဇွန်တို့ မောင်လေးနဲ့အမေ့ဆီ ငွေ
ကောင်းကောင်းပို့နိုင်ပြီလေ။ ထို့ကြောင့် မေဇွန် သူမ၏
မျက်နှာကို အချိုဆုံးပြင်လိုက်ပြီး..ထို့လူရင်ခွင်ထဲတိုးဝင်
ကာ...မေဖျားလေးကိုနမ်းလိုက်ရင်း....

" အကိုကလည်း..အကိုသာလိုက်ပို့မယ်ဆို
မေဇွန် အရမ်းပျော်မှာပေါ့လို့..အာဘွား..အာဘွား..ခစ်ခစ် "

မာရီယာ့ကျေးဇူးကြောင့် မေဇွန် အထူးဧည့်သည်တစ်
ယောက် အမိဖမ်းနိုင်ပြီဟုတွေးကာပျော်နေလေ၏။
သို့သော်..မင်းဇော်ဆိုတာ..ဘာလဲဆိုတာ..
မေဇွန် နောင်တွင်သိရသည့်အခါ.....။

( ဆက်ရန် )

နပီ 😀😀


သေရွာပြန် မာရီယာ ( အပိုင်း- ၄ )
=======================
ရေး...ပီပီ

မာရီယာ့ကျေးဇူးကြောင့် မေဇွန်နှင့်မင်းဇော် သမီးရည်းစား
မက လင်မယားမကျ ရင်းနှီးလာခဲ့သည်။ မင်းဇော်က လျှို့
ဝှက်သိုသိပ်လွန်းသည်။ မေဇွန့်ကို နေ့ခင်းဘက် လာခေါ်
လျှင် အဆောင်ရှေ့ထိလာမခေါ်ချေ။ သူ၏ကားဖြင့် လမ်း
ထပ်မှ ဖုန်းဆက်ကာ လာခေါ်တတ်သည်။

တခါတရံ မင်းဇော် အလုပ်ကိစ္စဟု အကြောင်းပြကာ
တပတ်ဆယ်ရက်ခန့် ပျောက်သွားတတ်သည်။ ပြန်လာ
ရင်တော့ မေဇွန်ထံ တန်းရောက်လာတတ်သည်။ ထိုအချိန်
မျိုးတွင် မင်းဇော်က လက်ဆောင်ပစ္စည်းများစွာပါလာတတ်
ပြီး မေဇွန်နှင့်တနေကုန် အပြင်ထွက်လည်တတ်သည်။

  တခါတရံ မေဇွန် အဆောင်ကိုပြန်မလာပဲ မင်းဇော်နှင့်
ညအိပ် လိုက်ပါသွားတတ်သည်။ သို့သော် မင်းဇော်နှင့်
တွဲလာသည့် မေဇော်သည် လွန်ခဲ့သည့်တစ်လခန့်မှစ၍
တစုံတရာကို ထိတ်လန့်နေသလို ကြောက်ရွံနေသလို
အမူအရာပျက်နေသည်ကို မာရီယာသတိထားမိလာသည်။

မေဇွန် မင်းဇော်ကို ယုံကြည်၍ မင်းဇော်၏ အရောင်းအ
ဝယ်ကိစ္စများတွင် ပါဝင်ကူညီခဲ့ရာ ယ္ခုနောက်ပိုင်းမှ မင်း
ဇော်သည် မူးယစ်မှောင်ခိုဂိုဏ်းမှ မူးယစ်ဆေးရောင်းဝယ်
သူမှန်း သိလာခဲ့ရသည်။ ဤကိစ္စကို မေဇွန်..မာရီယာ့အား
အရိပ်အမြွက်လောက်သာ ပြောပြထားပြီး၊ သူမ မင်းဇော်
ကို ခွာထုတ်ရန်ကြိုးစားနေခဲ့ကြောင်းသာ ဖွင့်ပြောခဲ့သည်။

  ခက်သည်က မာရီယာနဲ့မင်းဇော်က စားသောက်ဆိုင်မှာ
သာ တစ်ခါဆုံဖူးသည်။ ထိုစဉ်ကလည်း မာရီယာ မူးနေသ
ဖြင့် မင်းဇော်ကို ကောင်းစွာမမှတ်ချေ။ ဒီနောက်ပိုင်း မေ
ဇွန်နဲ့မင်းဇော် တွဲနေတော့လည်း မာရီယာ့မမြင်ကွယ်ရာမို့
မာရီယာ မင်းဇေါ်ကို ကောင်းစွာ မသိနိုင်ပေ။

  မင်းဇော်ကတော့ သူ့လုပ်ငန်းတွင် အသုံးချရန်အတွက်
မေဇွန့်ကို အလွတ်ပေးလိမ့်မည်မဟုတ်ချေ။ မူးယစ်ဆေး
ရောင်းဝယ်ရာတွင် မေဇွန့်လို မိန်းမချောလေးများ၊ မျက်နှာ
စိမ်းများ အသုံးပြုရသည်မှာ ၎င်းတို့ကို ရဲတပ်ဖွဲ့က မျက်ခြေ
ပြတ်သွားစေရန်ဖြစ်သည်။

   မေဇွန် အသတ်ခံရမည့်နေ့က နေ့လယ်ပိုင်းတွင် ..
မင်းဇော်နဲ့အတူ မေဇွန် မြို့ထဲလိုက်သွား၏။ အပြန်ကျ
မေဇွန်တစ်ယောက်တည်းချွေးသီးချွေးပေါက်များ ဖြင့် ပျာယိပျာယာ အဆောင်သို့ ပြန်လာ၏။ မာရီယာက ရေချိုး
အလှပြင်နေသည်မို့ သတိမထားမိ။

  မေဇွန် အိပ်ခန်းထဲဝင်လာပြီး အိပ်ယာထဲ ဝုန်းကနဲ့ ထိုး
အိပ်လိုက်သည်။ ပြီးတော့ အိပ်ယာပေါ်တွင် ဘယ်လိမ့်
ညာလိမ့်ဖြင့် ယောက်ယက်ခတ်နေသည်။

  အလှပြင်နေသည့် မာရီယာ့အား တစ်ခုခု ပြောရန်ပြင်
လိုက် သက်ပြင်းချလိုက် ဖြစ်နေသည်။ မာရီယာက
မေဇွန် ..မင်းဇော်နဲ့စကားများလာသည်၊ စိတ်ကောက်လာ
သည်ဟုပင် ထင်လိုက်သည်။

" ဟဲ့..မေဇွန် ဘာဖြစ်နေတာလဲဟ..
သာယာခဲ့တာတွေ..စားမြုံပြန်နေတာလား..ခစ်ခစ် "

မေဇွန်..မာရီယာ့မေးခွန်းကြောင့် ဆတ်ကနဲ့တုန်သွား၏။
သူမ..မာရီယာ့ကို ပြောသင့် မပြောသင့် ချင့်ချိန်နေဟန်
ရှိသည်။ မေဇွန်..မာရီယာ့ကိုပြောရန်ဆုံးဖြတ်လိုက်၏။

" မာရီယာ..ငါ ဒီနေ့ နေမကောင်းလို့ ဆိုင်မလိုက်တော့ဘူး
ဟာ၊ အဲ့ဒါ ..နင် ဂျာကြီးကို ကြည့်ပြောလိုက်တော့ .."

" ဘာလဲ..မေဇွန် ၊ အတော်ပင်ပန်းလာပြီထင်တယ်..
နင့်ကြည့်ရတာလဲ..ဟင်းဟင်း "

မာရီယာက မေဇွန့်ကို စနေသည်။ မာရီယာ့စိတ်ထဲ မေဇွန်
တို့ အချစ်ကဲလာကြသည်ပဲ အောက်မေ့လိုက်၏။ မေဇွန်က

" မာရီယာ..နင် ငါမရှိရင် တစ်ယောက်ထဲမနေနဲ့နော်၊
ငုဝါကို အဖေါ်ခေါ်အိပ်၊ အရက်လည်း
မူးအောင်မသောက်နဲ့ ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်နော်.."

မာရီယာ ..မေဇွန့်စကားကြောင့် မှန်တင်ခုံမှ ထလာကာ..

" ဟင်..နင်က ခရီးထွက်အုံးမလို့လား၊ ဒီတခါ ဘယ်နှစ်ရက်
လောက်ကြာမှာလဲ၊ နင် အဲ့ဒီလို ခဏ ခဏ အလုပ်ပျက်နေ
ရင် ဂျာကြီးက အလုပ်ထုတ်လိမ့်မယ်နော်.."

မေဇွန်က မချိပြုံးလေး ပြုံးလိုက်ရင်း...

" ဟင့်အင်း ငါ ခရီးသွားမို့မဟုတ်ဘူး မာရီယာ ၊
ရွာကို အပြီးပြန်တော့မလို့ စိတ်ကူးထားတာ..
ငါ..ငါ..မင်းဇော်ကို ဆက်မတွဲချင်တော့ဘူး..၊
သူနဲ့ငါ..ဆက်တွဲလို့ မဖြစ်နိုင်တဲ့ အနေအထားမို့ပါ..."

မာရီယာ မေဇွန့်စကားကို ရိုးရှင်းစွာတွေးလိုက်မိသည်။
မင်းဇော်မှာ သားကြီးမယားကြီး ရှိနေလို့ မေဇွန် ရှောင်ထွက်
ခြင်းဖြစ်လိမ့်မည်။ သူတို့လို စားသောက်ဆိုင်က မိန်းက
လေးများအဖို့ မဖြစ်လို့သာ ထိုကဲ့သို့ အိမ်ထောင်ရှိသော
ယောက်ျားများနှင့်ပတ်သက်ရသော်လည်း သူများမိသားစု
ပြိုကွဲစေရန် မရည်ရွယ်တတ်ကြပါ။

ပိုးဖလံမျိုး မီးကိုတိုးနေရသည့်နှယ် ပူမှန်းသိလျက်ကယ်နှင့်
မီးကိုမှ အရူးအမူးခင်တွယ်သွားကြသူ မိန်းကလေးအချို့က
တော့ ဘဝတွေ ရင်းခဲ့ကြရသည်ပေါ့။ မေဇွန့်လို အမေနှင့်
မောင်ငယ်ကို လုပ်ကျွေးနေရသည့် မိန်းကလေးအတွက်
ငွေရှာရင်း ဘဝနွံမှာနစ်ခဲ့ရသူမို့ အိမ်ထောင်ရှိသည့် အမျိုး
သားကို မျက်စိစုံမှိတ် တွဲလိမ့်မည်မဟုတ်။ထို့ကြောင့်သာ
မေဇွန်..မင်းဇော်ကို ခွာထွက်ခြင်းဟု မာရီယာတွေးမိသည်။

  "  မာရီယာ..နင့်ကို မင်းဇော်လာမေးရင်
မသိဘူးလို့ပဲ ပြောပေးဟာ၊ ငါ မနက်ဖန် မနက်အစောကား
နဲ့ ရွာပြန်မယ်၊ ဘယ်သူလာမေးမေး ငါ ရွာပြန်သွားပြီပဲ
ဖြေလိုက်နော်..ငါ့ရွာလည်း ဘယ်သူမှ မသိဘူးလေ..
ဧရာဝတီတိုင်းထဲကပဲ လူတွေသိကြတာ.."

" အေးပါ..မေဇွန်ရယ်၊ အဆင်မပြေရင်တော့ ပြန်လာနော်
ငါ့ ဖုန်းနံပတ်မပြောင်းဘူး၊ နင် ဖုန်းတော့ဆက်အုံးပေါ့.."

" အေးပါဟာ..ငါလည်း နင့်ကို အမြဲသတိရနေမှာပါ..
ငါမရှိရင်..နင်ကိုယ့် နင် ပိုဂရုစိုက်ပါဟာ..."

  ထိုစဉ်..အဆောင်ရှေ့မှ..ကားဟွန်းသံ တတီတီကြား
လိုက်ရသည်။ ရွှေအိုးစည်စားသောက်ဆိုင်မှ ဖယ်ရီကား
လာကြိုနေပြီဖြစ်သည်။ မာရီယာက မေဇွန်ကိုဖက်ကာ
ပါးလေးတဖက်ကို နမ်းလိုက်ပြီး ..

" ငါ..အပြန် စပိုင်ဝိုင် ယူခဲ့မယ်၊ နုတ်ဆက်ပွဲပေါ့..ခစ်ခစ် "

" အေးပါ..အပြန်ကျမှ ငါလည်း နင့်ကို.. ကိုမင်းဇော်အကြောင်း..ဆက်ပြောမယ်ဟာ "

" မအိပ်ပဲ စောင့်နေနော်..မေဇွန် ."

" အေးပါ..အေးပါ...သွား ..သွား ဖယ်ရီကစောင့်နေပြီ "

   မာရီယာ အခန်းထဲမှ ထွက်သွားသည်ကို မေဇွန် ငေးမော
ရင်း ကျန်နေခဲ့လေ၏။ ည မာရီယာ ပြန်လာရင်တော့
မင်းဇော် နှင့် သူမ ပတ်သက်သမျှ အကုန်ပြောလိုက်မည်ဟု မေဇွန် တွေးနေမိ၏။

    👮👮👮👮👮👮👮👮👮👮👮👮👮👮👮


ဘခက် မာရီယာ ပြောသမျှကို စိတ်ဝင်တစားနားထောင်
နေရင်း...

" ဒါဆို..မေဇွန် အသတ်ခံရမှုမှာ မင်းဇော် ပါဝင်ပတ်သက်
နေတာပေါ့..မာရီယာ "

" အင်းပေါ့..အဲ့လူကြီးရ ၊ ဒါပေမဲ့..သူကိုယ်တိုင် သတ်တာ
လည်း မဖြစ်နိုင်ဘူးလို့ထင်တာပဲ..ဘာလို့လဲဆို... "

မာရီယာ မေဇွန်အသတ်ခံရသည့်နေ့ ညကအဖြစ်ပျက်ကို
ပြန်တွေးလိုက်သည်။ သူမ မင်းဇော်ကို စားသောက်ဆိုင်
မှာ တကြိမ်သာ မြင်ဖူးသည်။ ပြန်စဉ်းစားကြည့်လျှင် သဲသဲ
ကွဲကွဲ မမှတ်မိနိုင်ပါချေ။

    သို့သော်..

" အဲ့လူကြီးကို သမီး တစ်ခုပြောဖို့ မေ့နေတာ..
သမီး..ဝိညာဉ်ဘဝနဲ့ အဆောင်ကို ပြန်ရောက်တော့
ဟိုလေ..သမီးတို့အခန်းထဲကို သမီးထက်အရင်
မျက်နှာဖုံးစွပ်ဓားကိုင်လူတစ်ယောက်ရောက်နေတာ
သမီးတွေ့တယ်၊လူသတ်သမားက..အဲ့ဒီလူပဲ..ဖြစ်မယ် "

" ဟင်..နင် အဲ့ဒီလူရဲ့ မျက်နှာကို မြင်လိုက်လား "

" မမြင်လိုက်ရပါဘူးဆို..သူက မျက်နှာဖုံးစွပ်ထားတာလေ
ဒါပေမဲ့..အဲ့ဒီလူက အသားတော်တော်ဖြူတယ်၊ ကိုမင်း
ဇော်က အသားညိုတယ်ဆိုတာတော့ မှတ်မိတယ်.."

" ဟူးးး အသားဖြူတာတစ်ခုထဲနဲ့ လိုက်ဖို့ဆို..မလွယ်ဘူးဟ
ထင်ရှားတဲ့ အမှတ်သား တခုခု သတိမထားမိဘူးလား.."

မာရီယာ အတွေးထဲ လှေခါးမှာ ထိုလူသတ်သမားနဲ့
ရှောင်တိမ်းစဉ်က လူသတ်သမား၏ လက်ဖျံက တက်တူး
ကို မြင်တွေ့လိုက်ရသည်ကို ပြန်၍စဉ်းစားမိကာ...

" သူ့ ညာဘက်လက်ဖျံမှာ ငှက်လိုလို..နဂါးလိုလို
ဘာအရုပ်လည်း..မပြောတတ်ဘူး လက်ဖျံအပြည့်
ထိုးထားတာ ၊ သမီး.. မြင်လိုက်တယ်.."

ဘခက် မာရီယာ ပြောသည့်ပုံကို စဉ်းစားလိုက်သည်။
ငှက်လိုလို..နဂါးလိုလို..တဲ့။ ဘခက် သူ၏ ဖုန်းထဲမှာ
တက်တူးပုံများကူးထားသည်ကို သတိရကာ ဖုန်းကို
ထုတ်၍ တက်တူးပုံများကို မာရီယာ့အား ပြလိုက်သည်။
မာရီယာက ဘခက်ဖုန်းထဲမှ တက်တူးပုံများကို တစ်ပုံ
ချင်းကြည့်ရင်း...မာရီယာက ခုန်ပေါက်ကာ..

" တွေ့ပြီ..အဲ့လူကြီးရေ တွေ့ပြီ၊
အဲ့ဒီပုံပဲ..အဲ့ဒီပုံ...."

ဘခက် ထိုပုံကိုကြည့်လိုက်တော့ တရုတ်ပန်းချီကားများ
တွင်တွေ့ရသော ဇာမဏီငှက်ပုံ ဖြစ်နေ၏။ ဘခက်အတွက်
အစ တစ်စတော့ ရပြီ။ ထိုအစကို အမိအရ ဆွဲထုတ်နိုင်ဖို့ပဲ
လိုသည်ဟု တွေးနေစဉ်..

" ဗိုလ်ကြီး...ဗိုလ်ကြီး..ထမင်းချိုင့်လာပို့တာ..
စားမယ်ဆို..တခါတည်း ပြင်လိုက်တော့မယ်နော်.."

ရဲဘော်စိန်လှ အသံဖြစ်သည်။ ထမင်းချိုင့်လာပို့တာပဲ။

ဘခက် ...မာရီယာ့ကို
သူ၏နုတ်ခမ်းကို လက်ညှိုးလေးဖြင့် ရှူး ဟု ပိတ်ထောင်ပြ
လိုက်ပြီး အိပ်ခန်းထဲမှ အပြင်သို့ ထွက်လာခဲ့သည်။

  ဘခက် အခန်းထဲမှ ထွက်လာတော့ ရဲဘော်စိန်လှက
ချိုင့်ထဲမှ ထမင်းဟင်းများကို စားပွဲပေါ်က ပန်းကန်ထဲသို့
လှယ်ထည့်ပေးနေ၏။ ရဲဘော်စိန်လှက..

" ဟာ..ဗိုလ်ကြီး ရှိုးတွေနဲ့..ဘယ်လဲဗျ ၊
ထမင်းတွေ ဟင်းတွေ ပူတုန်း စားလိုက်လေ ဗိုလ်ကြီး .."

ဘခက်က ဗိုက်လည်းဆာနေပြီမို့ တခါတည်း စားသွား
မည်ဟု စဉ်းစားကာ..

" အေး စားမယ်ကွာ ၊ ဗိုက်ဆာပြီဟေ့
ဒါနဲ့..ဘာဟင်းတုန်း..စိန်လှ .."

" ဟီးဟီး ..ဟင်းကအပျံစား ဗိုလ်ကြီးရေ ၊
မနေ့ညက ကြောင်ခုတ်လို့ သေတဲ့ ကြက်သားကို
ကြော်လာတယ်၊ တပ်ဖွဲ့ပိုင်စိုက်ခင်းက ချဉ်ပေါင်ရွက်ကို
အရည်သောက်လေး ချက်ထားတယ် ၊ ကျန်တာတော့
ထုံးစံအတိုင်း..ငရုတ်သီးငပိကြော်နဲ့ အတို့အမြုပ်ပေါ့ .."

" ဟမ် ! ..
မင်းအကုန်အကျတွေ များနေပါအုံးမယ် ..စိန်လှရယ်၊
ကြောင်ခုတ်ကြက်သားနဲ့တပ်ဖွဲ့ပိုင်ချဉ်ပေါင်ခင်း..
ဟားဟား ဟား.."

ဘခက် ဗိုက်ဆာနေပြီမို့ ကြက်သားကြော်အနံ့မွှေးမွှေး
လေးကို ရှူရှိုက်ရင်း ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်၏။
ဘခက် ဗိုက်ဆာဆာနဲ့ ထမင်းကို အားပါးတရလွေးလေ၏။
ထမင်းထဲ ချဉ်ပေါင်ရည်လေးဆမ်းလိုက် ငရုတ်သီးငပိ
ကြော်လေးထည့် နယ်လိုက်နှင့် ထမင်းလုပ်ကို လျောကနဲ့
လျောကနဲ့ ပါးစပ်ထဲ သွင်းနေ၏။ ကြက်သားကြော်က
လည်း ပူပူမွှေးမွှေး ပေါင်သားမို့ အားပါးတရ သွားဖြင့် ကိုက်ဆွဲလိုက်စဉ်..

အဟမ်း ! အဟမ်း !

မာရီယာက ဘခက်ကို လှမ်း၍ အသံပြုခြင်းဖြစ်သည်။
ဘခက်က မာရီယာကိုအကြည့် မာရီယာက သူမ၏
နုတ်ခမ်းကို လျှာဖြင့်သပ်ပြကာ တံထွေးမြိုချပြလိုက်သည်။

" ဂလု..ဂလု .."

ဘခက် ပါးစပ်ဝတွင် ကြက်သားကြော်တန်းလန်းနဲ့
သူ့အား မျှော်ကြည့်နေသော ဝိညာဉ်မလေးကို မြင်
သွားသည်။ မာရီယာက ပါးစပ်တပြင်ပြင်နှင့် ဘခက်ကို
ကြည့်နေ၏။ သူမကို ကြည့်ရသည်မှာ ဆာလောင်နေပုံ
ပဲ။ သို့ပေမဲ့ ဘခက် သူမကို ဘယ်လိုကျွေးရမလဲ..။
ဝိညာဉ်က စားလို့ရသလား သူလည်းမသိ။

   ဘခက် ကြက်သားကြော်ကို ပါးစပ်မှာ ကိုက်လျှက်တန်း
လန်းကြီး ငြိမ်နေသဖြင့်..တပည့်ကျော်စိန်လှက..

" ဗိုလ်ကြီး..ဗိုလ်ကြီး..ဘာဖြစ်နေတာလဲဗျ ၊
စားရင်းများ အိပ်ပျော်နေတာလား..နင်နေတာလား
ခနလေး..ကျနော် ရေခပ်ပေးမယ်.."

ထိုအခါမှ ဘခက်က ပါးစပ်မှ ကြက်ကြော်ကို ပန်းကန်ထဲ
ပြန်ချကာ..

" အာ..မဟုတ်ပါဘူးကွာ.
ဟီးဟီး..ငါ သွားဖုံးနည်းနည်း ရောင်နေလို့.."

စိန်လှက ရေခွက်ကို ဘခက်ရှေ့ချပေးရင်း...

" ဟာ..ဒါဆို ကြက်ကြော်..ဗိုလ်ကြီးမစားတော့ဘူးလား
ပွတာပဲ..ကျနော် အမြည်းရတာပေါ့.."

စိန်လှက ပြောလည်းပြော ကြက်ကြော်ကို လက်နဲ့
လှမ်းယူမည် အပြုတွင်...ဘခက်က အလန့်တကြား
စိန်လှ လက်ကို လှမ်းပုတ်လိုက်ရင်း...

" ဟေ့ကောင်..ယူမသွားနဲ့၊ ငါစားအုံးမှာ
ထမင်းစားပြီး အဲ့ကြက်ကြော် ဖြေးဖြေးဝါးမယ်..
ဒီလို ဟင်းကောင်းမစားရတာ ကြာပြီကွ..ထားလိုက် .."

စိန်လှ ကြက်ကြော်ကို ပြန်ချရင်း ဆရာသမားကို
မကြည်သလို ကြည့်၏ ။ ဘခက်က သူ့တပည့်ကို ဂရု
မစိုက်အားပဲ ဝိညာဉ်မလေးကို ပြုံးပြလိုက်သည်။
ဘခက် မြန်မြန်စားပြီး စိန်လှကို ပန်းကန်များပြန်သိမ်း
ခိုင်းလိုက်သည်။ ပြီးတော့ ကြက်ကြော်ပန်းကန်ကိုယူ၍
ဧည့်ခန်းတီဗွီရှေ့သို့ယူသွား၏။

  စိန်လှ ပြန်ထွက်သွားသည့်အခါ ဘခက် ..ဝိညာဉ်မလေး
မာရီယာကို လှမ်းခေါ်လိုက်သည်။

" ရော့..စား ၊ နင်လည်းဆာနေရော်ပေါ့
နင်စားရရင် ငါငတ်သလိုပါပဲဟာ
ဟားဟား ဟား..."

ထိုအခါမှ မာရီယာက ဘခက်ရှေ့စားပွဲပေါ်က
ကြက်ကြော်ကိုယူ၍ အငမ်းမရစားလေသည်။ တခဏချင်း
ပင် ကြက်ကြော်မှာ အရိုးသက်သက် ကျန်လေ၏။

မာရီယာက စားလို့ဝတော့ လေချဉ်တက်ပြရင်း..သူမ၏
ဗိုက်လေးကို ပွတ်ကာ ဘခက်ကို ရယ်ပြ၏။

" အဲ့လူကြီးကို အရမ်းကျေးဇူးတင်တာပဲ.သိလား၊
သမီး ဗိုက်အရမ်းဆာနေတာ..ခစ်ခစ်.."

ဘခက်က..သူမကို ကြည့်ရင်း..

" ကဲ..ကလေးမ..ညီး ငါ့ကို အဲ့လူကြီး အဲ့လူကြီးလို့
မခေါ်စမ်းပါနဲ့ဟာ..၊ ငါနားထဲ အဲ့အသံက တမျိုးကြီးပဲ
ငါ့နာမည် ဘခက် ..ညီးကြိုက်သလိုခေါ်.."

မာရီယာက နုတ်ခမ်းကို ခပ်စူစူလေးလုပ်ရင်း..

" အဲ့လူကြီး နာမည်ကြီးက ဘာကြီးလဲမသိဘူး
ဘခက် တဲ့..ခစ်ခစ် ၊ မြင်လှည်းဆရာနာမည်လား..
သမီးက အဲ့လူကြီးကို ဘယ်လိုခေါ်ရမလဲလို့...
မခေါ်တတ်ပါဘူးနော် "

" ခေါ်ချင်သလိုသာခေါ်တော့ဟာ..ငါလည်း ခနနေ
ဂျူတီဝင်ရတော့မယ်..ညီး ဒီမှာ နေခဲ့မလား..
ဒါမှမဟုတ် ဆေးရုံကိုပြန်မလား.."

" အင်း..သမီး ဒီမှာ ခနနေခဲ့မယ်နော် ၊
အဲ့လူကြီး ပြန်လာမှ သမီးစဉ်းစားလို့ရတာ ထပ်ပြောမယ်
သမီးလည်း..မေဇွန်နဲ့ပတ်သက်တာလေးတွေ
စဉ်းစားထားမယ်လေ..နော် အဲ့လူကြီး "

" အေး အဲ့ဒါဆို ဒီမှာနေခဲ့၊
ငါ ယူနီဖောင်းလဲပြီး ..စခန်း ခဏသွားဦးမယ်
မေဇွန့်အမှုနဲ့ပတ်သက်ပြီး ဘာထူးခြားလဲ ဝင်းနိုင်ကို
မေးရအုံးမယ်ဟ..အေးဆေးနေခဲ့နော်..
ဘာမှ အလုပ်ရှုပ်အောင်လုပ်မထားနဲ့.."

မာရီယာက ဘခက်ကို အားကိုးသလို အကြည့်မျိုးဖြင့်
ကြည့်ကာ..

" ဟွန့်..အဲ့လူကြီး...
အကြာကြီး ပစ်မထားနဲ့နော်၊
မာရီယာ..တစ်ယောက်ထဲဆို သရဲကြောက်တယ်လို့ "

" ဟွမ် ! နင်က သရဲကြောက်တယ်..ဟုတ်လား!
အေးပါအေ..အေးပါ...အေးပါ
ဟားဟားဟား.. ."

ဘခက် ယူနီဖောင်းလဲဝတ်၍ စခန်းသို့ ထွက်သွားသည်ကို
မာရီယာပြုံးကြည့်နေရင်း ဘခက် အခန်းအပြင်ဘက်အ
ရောက်တွင်..မာရီယာက..

" ကိုကို..စောစောပြန်ခဲ့နော်
မာရီယာ..မျှော်နေမယ်.."

ဘခက် အခန်းအပြင်ဘက် လှေခါးငယ်မှ အောက်သို့အ
ဆင်း မာရီယာ၏ ကိုကိုဟုခေါ်သံကြောင့်..ခေါင်းငဲ့
ကြည့်လိုက်သည်။ မာရီယာက ဘခက်ကို လျှာထုတ်
ပြောင်ပြလိုက်သည်။ ဘခက် ကျေနပ်စွာဖြင့် စခန်းဘက်
သို့ ထွက်သွားလေ၏။ ညနေတော့ စောပြန်လာမည်ဟု
သူ့စိတ်ထဲ တွေးရင်း ကြည်နူးနေမိသည်။

👮👮👮👮👮👮👮👮👮👮👮👮👮👮👮👮

ဘခက် စခန်းရုံးရောက်တော့ အမှုတွေက တန်းစီကြိုနှင့်
နေသည်။ ဘခက်တို့အပိုင်နယ်မြေထဲက ×××တည်းခို
ခန်းတစ်ခုတွင် အသက်၂၅နှစ်အရွယ် မင်းဇော် ဆိုသည့်
လူတစ်ယောက် ဓားဒဏ်ရာများနှင့် သေဆုံးနေသည်ဟု
သတင်းပို့လာသည်။ ဘခက်..မင်းဇော်ဆို၍ အရမ်းစိတ်
ဝင်စားသွားသည်။

" ဝင်းနိုင်..မင်း တခြားဘာတွေ သိထားသေးလဲ၊
သေသူမင်းဇော် ဆီက ဘာသက်သေခံပစ္စည်းတွေ
သိမ်းဆည်းမိလည်း.."

" မင်းဇော် နေတဲ့အခန်းထဲက ကျောပိုးအိပ်မည်း တစ်လုံး
ဟန်းဖုန်းနှစ်လုံး၊ ဓားမြောင်တစ်ချောင်း သိမ်းမိတယ်ဆရာ
အိပ်ထဲမှာ wy အမှတ်တံဆိပ် ဆေးပြား၅၀နဲ့
ပိုက်ဆံတစ်သိန်းကျော်ပဲတွေ့တယ်၊ ဖုန်းက
ဒီမှာ ဗိုလ်ကြီး၊ ကျနော် ဖွင့်တာ ဖွင့်မရဘူး ၊ ပက်စ်ဝါဒ်
ခံထားတယ်..."

" မင်း တည်းခိုခန်းက မင်းဇော်ရဲ့မှတ်ပုံတင်တောင်းခဲ့
လား ဝင်းနိုင် "

" ဟုတ်..ဆရာသမား ၊ ကျနော် သိမ်းလာခဲ့တယ် "

" အေး..မင်းဇော်ရဲ့ ​မွေးသက္ကရာဇ်​ဖတ်ပြီး ငါ့ပြောကွာ.."

ဘခက်က မင်းဇော်၏ ဖုန်းကို ပါဝါဖွင့်လိုက်သည်။
ထို့နောက် ဒုရဲအုပ်ဝင်းနိုင် ပြောသည့် မင်းဇော်၏
မွေးသက္ကရာဇ်​ကို ပါစ်ဝါဒ်အဖြစ်သုံး၍ ဖွင့်ကြည့်လိုက်သည်။
ကံကောင်းသည့်တိုက်ဆိုင်မှု ဖြစ်မည် ၊ ဖုန်းက လော့ပြေ
သွား၏။ ဘခက် ဖုန်းထဲမှ ဓာတ်ပုံများကို ကြည့်လိုက်၏။
မင်းဇော်နှင့်သေသူမေဇွန့်တို့ စုံတွဲပုံများကိုတွေ့ရသည်။

" ဝင်းနိုင်ရေ...သပွတ်အူစပြီဟေ့..
ဒီမှာလာကြည့်...မနေ့ညက ကြိုးဆွဲချသေနေတဲ့
မေဇွန့်ပုံတွေ..ဒီကောင့်ဖုန်းထဲမှာ အပြည့်ပဲ
စုံတွဲပုံတွေရောဟ.."

" ဟာ..ဆရာသမား၊ ဟုတ်ပါ့ဗျာ..
သူတို့ အဆက်စပ်ရှိနေတာပဲ၊ ဆေးမှုခင်းက အကြောင်း
ပြန်ထားတယ်ဆရာ၊ ကြိုးဆွဲချမသေခင်မှာ နှိပ်စက်ထား
တယ်တဲ့၊ အတွင်းကလီစာတချို့ ဒဏ်ရာရထားတယ်တဲ့၊
ကြိုးဆွဲချသတ်သေတဲ့ပုံ ဖန်တီးလုပ်ကြံထားတာနဲ့တူတယ်
ဆရာရေ..တစ်မှုက မပေါ်သေးဘူး နောက်တစ်မှုက
တက်လာပြန်ပြီ..စိတ်ညစ်ပါ့ဗျာ..ဟူးဟူး "

ဒုရဲအုပ်ဝင်းနိုင်က သူ့ခေါင်းကို တဗြင်းဗြင်းကုတ်ကာ
ငြီးငြူလိုက်သည်။ ဘခက်ကတော့ အမှုက ပို၍ စိတ်
ဝင်စားစရာ ကောင်းလာပြီမို့ ပြုံးလိုက်သည်။ ဒီလိုခက်ခဲ
တဲ့ အမှုဆိုတာ တခါတရံမှာ အစတစ်စ နင်းမိတာနဲ့
တောက်လျှောက်ပေါ်တတ်သည်ကို လုပ်သက်နုသေး
သည့် တပည့်ကျော်ဝင်းနိုင်မသိသေးလို့ စိတ်ညစ်တာပါ။

ဘခက်က..ဒုရဲအုပ်ဝင်းနိုင်ကို...

" ဝင်းနိုင်..ငါ့ကို နယ်ထိမ်းအဖွဲ့ခေါင်းဆောင်တွေခေါ်ပေးကွာ
ပြီးရင်..ငါတို့ အပိုင်ထဲက ရာဇဝင်ရှိတဲ့ လူဆိုးစာရင်း
ရှာပေးထား..ပြီးရင်..မင်း..ငါနဲ့ မေဇွန်သေတဲ့ အဆောင်က
အိပ်ခန်းကို အတူသွားမယ်.."

ဒုရဲအုပ်ဝင်းနိုင်က..ဆရာသမားကို အားကိုးတကြီးကြည့်
ရင်း..ခေါင်းငြိမ့်ပြလိုက်သည်။ ဝင်းနိုင်က သူ့ဆရာဘခက်
ကို ယုံသည်လေ။ ဘခက်က သူမလုပ်နိုင်တဲ့ အလုပ်ဆို
ဘယ်တုန်းကမှ..သူများကိုလွဲချတတ်သူမဟုတ်။
ဇွဲကောင်းသည်။ ဘာကိုမှ မကြောက်မရွံ လုပ်တတ်၏။
ဆရာသမားနဲ့ဆို ဝင်းနိုင် ငရဲကြီးရှစ်ထပ်တောင်
သွားရဲသည်လေ။

ဘခက် စိတ်ထဲတွင် လက်ဖျံမှာ ဇာမဏီငှက်ရုပ်
အပြည့်ထိုးတတ်သည့် သတ်ရဲဖြတ်ရဲသည့် မူးယစ်ဆေး
ဝါးရောင်းဝယ်သည့် ဂိုဏ်းအကြောင်း စဉ်းစားနေ၏။
ထို လူဆိုးဂိုဏ်းမျိုးကြောင့် သူဆေးရုံမှာ အတော်ကြာ
အောင် ခွေခေါက်နေခဲ့ရသည်မဟုတ်ပါလား။

ထို တက်တူးရုပ်မှာ ဂိုဏ်းအမှတ်သားလား
သို့မဟုတ်..လူသတ်ကောင်၏ ကိုယ်ပိုင် အမှတ်အသား
လားဆိုတာ.....

( ဆက်ရန် )

နပီ 😀😀


သေရွာပြန် မာရီယာ (အပိုင်း - ၅)
======================
ရေး...ပီပီ

    မာရီယာ တစ်ယောက် ဘခက်၏ အခန်းထဲ ကျန်နေ
ခဲ့၏။ မာရီယာ ဘာကြောင့်မသိ ထိုလူကြီးက ခင်တွယ်
နေမိသည်။ အတိတ်ရေစက်ကြောင့်လို့ပဲ ပြောရမလား။
ထိုလူကြီးကို မြင်မြင်ခြင်း ရင်းနှီးနေ၍ အကိုကြီးတစ်ဦးကို
ညီမငယ်က ဆိုးနွဲ့သလိုမျိုး  စချင်နောက်ချင်နေမိသည်။

မာရီယာ အခန်းထဲက ချိတ်ဆွဲထားသည် ဓာတ်ပုံများကို
လျှောက်ကြည့်နေမိသည်။ ထို့နောက် မာရီယာ ဘခက်၏
အိပ်ခန်းထဲဝင်ကာ စပ်စုနေမိသည်။ တစ်ယောက်ထဲ ပျင်း
နေ၍ ဘခက် အခန်းထဲ မွှေနှောက်နေရင်း ဘီဒိုအမိုးပေါ်က
ဓာတ်ပုံ အယ်လဘမ်တစ်အုပ်တွေ့လိုက်၏။

မာရီယာ ထိုအယ်လဘမ်ကို ယူပြီး ဘခက်အိပ်ယာပေါ်
လှဲလျောင်းလိုက်သည်။ အိပ်ယာပေါ် ကျောခင်းပြီး
မာရီယာ ဘခက်အကြောင်းကို  အတွေးနယ်ချဲ့နေမိသည်။

ဟိဟိ..လူပျိုကြီး အိပ်ယာဆိုတော့
ရင်ခုန်စရာကြီး ။ အဲ့လူကြီး..ဒီအရွယ်ထိ ဘာလို့များ မိန်းမ
မယူသေးတာပါလိမ့် ။ အင်း..ကြိုက်မဲ့သူ မရှိတာတော့
မဟုတ်လောက်ပါဘူး ။အရပ်မြင့်မြင့်လူညိုချောကြီး..ပြီးတော့အရာရှိပဲ။အဲ့လူကြီး အသည်းကွဲပြီး အထီးကျန်နေတာလား။သူမ ခေါင်းကို
ခါးရမ်းလိုက်ရင်း..
အို..ငါနဲ့ဘာဆိုင်လို့လဲလေ..ခစ်ခစ် ။ 
ဟင်းးး သူ့အကြောင်းတွေးရင် ငါ ရင်တွေခုန်နေတာ
ဘာလို့လဲ ၊ အဲ့လူကြီး..ရယ်လိုက်ရင် အရမ်းကြည့်ကောင်း
တာတော့ အသေချာပင်။

  မာရီယာ ဟိုတွေးဒီတွေးဖြင့် ဘခက်၏ ဓာတ်ပုံအယ်လ
ဘမ်အဟောင်းလေးကို တပုံချင်းလှန်ကြည့်နေရာမှ ပုံတစ်
ပုံအရောက်တွင် ဆတ်ကနဲ့ ငုတ်တုတ်ထထိုင်လိုက်မိသည်။

  ထိုပုံလေးကတော့..ဘခက် ၁၇နှစ်သားလူပျိုအရွယ်
နှင့် ၈ နှစ်သမီးအရွယ် ကလေးမလေးတွဲရိုက်ထားသည့်
ပုံဖြစ်လေ၏။ ထိုပုံထဲမှ..ကလေးမလေးသည်..တခြားသူ
မဟုတ်..မာရီယာ၊  ..သူမကိုယ်တိုင်ဖြစ်နေသည်။
ဓာတ်ပုံထဲတွင် ကလေးမလေးက အကို ပန်းပန်နေသည်
ကို ကြည်နူးစွာပြုံးနေသည့် ပုံဖြစ်၏။

  ဒါဆိုရင် ဘခက်ဆိုတာ ကိုကိုကြီးပေါ့ ။ မာရီယာ မျက်
ရည်များ ကျလာသည်။ ဒါကြောင့် ဘခက်ကို စတွေ့က
တည်းက ရင်းနှီးသလိုဖြစ်နေတာကိုး။ မာရီယာ အတိတ်
ကို ပြန်တွေးရင်း ကြည်နူးသလို လွမ်းဆွတ်သတိရသလို
ဖြစ်သွားသည်။ သူမ ကိုကြီးဟုခေါ်သည့် အဲ့လူကြီး
က အခု ရဲအုပ်ဘခက်တဲ့လေ။ သူမအတွေးက..
ငယ်ပုံရိပ်များ..တရိပ်ရိပ်နှင့် ပြက်ပြက်ထင်လာသည်။

  နွေရာသီကျောင်းပိတ်ရက်တစ်ခုတွင် ဘခက် အဖွားရှိရာ
တောင်ပေါ်မြို့လေးသို့ အလည်ရောက်ရှိနေလေ၏။
သားဦးက မွေးသည့် မြေးဦးမို့ အဖွား၏ အသည်းဖြစ်၏။

ဒီနှစ်တော့ ဆယ်တန်းစာမေးပွဲဖြေပြီးပြီမို့ အဖွားနှင့်တခါ
တည်း လိုက်ပါလာခြင်းဖြစ်သည်။ အရင်နှစ်များတော့
အတန်းကြီးနေပြီမို့ အဖွားလာတုန်းသာ မြေးအဖွား၂
ယောက် အတူနေခွင့်ရသည်လေ။

ဘခက် အဖွား၏ခြံလေးထဲက ခြံစည်းရိုးအနီးရှိ မက်မွန်ပင်အောက် စာထိုင်ဖတ်နေစဉ် ..အသံစူးစူး
သေးသေးလေး ကြားလိုက်ရသည်။

"  ဟိုလူကြီး..အဲ့ဘက်ကလူကြီးရေ .."

" ဟင် ! "

ဘခက်ကိုခြံစည်းရိုးတဖက်မှ ချာတိတ်မလေးက လှမ်းခေါ်
နေခြင်းဖြစ်သည်။ ဘခက် ထိုချာတိတ်မလေးကို လှမ်း
ကြည့်လိုက်သည်။ ဂါဝန်အနီရောင်ဝမ်းဆက်လေးနှင့်
ခေါင်းက ကြက်တောင်စည်းလေးစည်းထားပြီး ငိုမဲ့မဲ့
မျက်နှာထားလေးနဲ့ လှမ်းအော်ခေါ်နေခြင်းဖြစ်သည်။

အသက်က ၈နှစ်/ ၉နှစ်ခန့်ရှိမည်။ မျက်ခုံးတန်းလေးက
မည်းနက်နေပြီး နှာတံလေးစင်းကာ ပါးဖောင်ဖောင်းလေးနှင့်ချစ်စရာလေးဖြစ်သည်။ ဘခက် တစ်ယောက်တည်းပျင်း၍ စာဖတ်နေတာ အဖေါ်ရပြီဟု အောက်မေ့လိုက်ပြီး.ခြံစည်းရိုးအနီးကပ်သွားကာ..

" ပြော..ညီမလေး ၊ ဘာလို့လဲ .."

" အဲ့လူကြီးက..ဖွားနီနဲ့ ဘာတော်လဲဟင် ၊
အလည်လာတာလား.."

ဘခက်က ပြုံးလိုက်ရင်း..စပ်စုနေသည့်ချာတိတ်မကို..
" အော်..ကိုကြီးက ဖွားနီရဲ့မြေးလေ၊ ကျောင်းပိတ်တုန်း
အလည်လာတာပေါ့..ဘာလို့လဲ ညီမလေး "

ချာတိတ်မက ..ဘခက်ထိုင်နေသည့် အနီးက မက်မွန်ပင်ပေါ်မော့ကြည့်လိုက်ရင်း...
" ဟင့်အင်း..ဘာမှမဖြစ်ဘူး..
သမီးကို တစ်ခုလောက်ကူညီနော်..အဲ့လူကြီး "

ဘခက် ခေါင်းငြိမ့်ပြရင်း..
" အင်း ပြောလေ ညီမလေး၊
ကိုကြီးက ဘာကူညီရမှာလဲ.."

ချာတိတ်မက မက်မွန်ပင်ပေါ် လက်ညှိုးထိုးပြရင်း..
" သမီးရဲ့ ကြောင်မလေး နိုနို လေ..
အဲ့ဒါ..အဲ့လူကြီးထိုင်နေတဲ့နားက မက်မွန်ပင်ပေါ်မှာ..၊
သူ..မနက်ကတည်းက အဲ့အပင်ပေါ်တက်ပြီး စာကလေး
တွေ တက်ခုတ်တာပေါ့..အခု
ပြန်မဆင်းတတ်ဘူးနဲ့တူတယ်..၊ အဲ့လူကြီး သစ်ပင်ပေါ်
တက်ပြီး သမီးရဲ့နိုနိုကို ခေါ်ပေးပါနော်..ပလိစ် ..ပလိစ် "

ချာတိတ်မလေးက ဘခက်ကို အားကိုးတကြီးကြည့်ရင်း
အကူညီတောင်းနေ၏။ ဘခက် ပြုံးလိုက်ရင်း..

" အင်း..ကိုကြီး..ကြိုးစားကြည့်မယ်နော်၊
ည်ီမလေးရဲ့ နိုနိုကို ရအောင်ခေါ်ပေးမယ် ၊ ခနစောင့် "

ဘခက် မက်မွန်ပင်ကို ကြည့်လိုက်သည်။ အပင်က သိပ်
မမြင့်ပါ။ သက်တမ်းရင့်နေပြီမို့ အကိုင်းအလက်များကာ
အုံဆိုင်းဆိုင်းရှိခြင်းသာ။ ဘခက် အပင်ပေါ်တက်လိုက်၏။
သစ်ပင်ခွကြားမှာ ခြေမြဲအောင် ထိမ်းရပ်ရင်း ကြောင်မလေ
ကို မြူလိုက်သည်။ ကြောင်မလေးက ခွီးကနဲ့မြည်ကာ
ကြောက်လန့်ဟန်ပြ၏။

ဤအချိန်တွင် ကြောင်လေးကို
ဇွတ်အတင်းဆွဲလိုက်ပါက ကြောင်ကုတ်ခံရမည်ဖြစ်သည်။
ထို့ကြောင့် ဘခက် သစ်ပင်ခွဆုံမှ အထက်သို့ အနည်းငယ်
တက်ကာ ကြောင်လေးကို
လက်လှမ်းမှီလောက်မည့်နေရာမှ..ထပ်၍မြူလိုက်သည်။

" မီ..မီ..မီ..လာ..လာ.."

ထိုအခါမှ ကြောင်လေးက သူ့ကို လာကယ်သူဟု သဘော
ပေါက်ကာ ဘခက်၏လက်ထဲသို့ ငြိမ်သက်စွာ ပါလာ၏။
ဘခက် ကြောင်လေးကို မြေပြင်ပေါ်သို့ အောင်မြင်စွာ
သယ်လာခဲ့ပြီး..ချာတိတ်မထံ ခြံစည်းရိုးကြားမှ လှမ်းပေး
လိုက်သည်။ ထိုအချိန်တွင် ချာတိတ်မလေးတို့ ခြံဘက်မှ
ခေါ်သံတစ်ခုကြားရပြီး အန်တီကြီးတစ်ယောက် ခြံစည်းရိုး
အနီး ရောက်လာ၏။

" သမီးရေ..ဝင့်ဝါ ၊ ခြံစည်းရိုးနား ဘာလုပ်နေတာလဲ
ထမင်းစားရအောင်လေ.."

အန်တီကြီးက ဘခက်ကို မြင်သွားပြီး..

" အော်..ဒေါ်ဒေါ်နီ့ မြေးလေး ကိုကို ဆိုတာထင်တယ်၊
ဘာလဲ..သား ၊ အန်တီ့သမီးက မင်းကို ဘာတွေလာ
ဂျစ်နေတာလဲ ၊သူက လူဆိုးမလေးနော်..သားရေ.."

ဝင့်ဝါဆိုသည့် ချာတိတ်လေးက..
" မေမေနော်..ဘာလူဆိုးမလေးလဲ ၊
သမီးရဲ့ နိုနိုကို အဲ့ကိုကြီးက သစ်ပင်ပေါ်ကယူပေးနေတာ
မေမေရဲ့.."

ဘခက်ကို အိမ်ရှိလူကုန်က ကိုကိုဟုသာခေါ်ကြသည်။
ဘခက်ဟူသည့်နာမည်မှာ ဆုံးသွားတဲ့ အဖိုးက နာမည်
ပေးခဲ့ခြင်းဖြစ်သည်။ ကျန်သည့် မိသားစုများမှာ ဘခက်
ကို ကိုကို ဟုသာခေါ်လေ့ရှိကြသည်။ ဘခက်က..

" ဟုတ်တယ် အန်တီ၊ ညီမလေးရဲ့ကြောင်လေးက
မက်မွန်ပင်ပေါ်က ပြန်မဆင်းတတ်လို့ သား အပင်ပေါ်
တက်ပြီး ယူပေးတာပါ.."

" အေး..အေး.သားရေ ၊ ကျေးဇူးပဲနော်..
ပျင်းရင်..အိမ်ဖက်လာလည်နော်..၊ သားညီမလေးလည်း
ကျောင်းပိတ်တော့ ပျင်းနေတာလေ..အဖေါ်ရတာပေါ့ "

အန်တီကြီးက သဘောကောင်းစွာ သူမတို့အိမ်ဖက် အ
လည်ခေါ်နေ၏။ ဝင့်ဝါကလည်း...

" ကိုကြီး..အခုလာခဲ့နော်၊ သမီးတို့ ဂိမ်းဆော့ရအောင်လေ
သမီးတစ်ယောက်တည်းမို့..လာခဲ့နော် ကိုကြီး.."

" အင်း..ညီမလေး ၊ ကိုကြီး ဖွားကို ပြောပြီးလာခဲ့မယ်နော်
ညီမလေး ထမင်းစားထားနှင့်..လာခဲ့မယ် စိတ်ချ ."

" ဟုတ် ကိုကြီး..၊ ညီမလေး မျှော်နေမယ်..တာ့တာ "

ဝင့်ဝါသည် ကြောင်မလေး နိုနိုကို ချီပွေ့ကာ ဂါဝန်လေး
တဖားဖားနဲ့ အိမ်ထဲသို့ အရင်ပြေးဝင်သွားသည်။ ဝင့်ဝါ
မေမေက သားရေ..မြန်မြန်လာခဲ့၊ မင်းညီမလေးက ..
ကောက်တေးလေးကွဲ့၊ သည်းခံပြီးသာ ပေါင်းပေးကွယ်
တစ်ဦးတည်းသော သမီးလေးဆိုတော့ ဆိုးချင်တယ် ဟု
ပြောကာ..ထွက်သွား၏။

ထိုသို့ဖြင့် ဝင့်ဝါ ခေါ် မာရီယာနှင့် ကိုကို ခေါ် ဘခက်တို့
စတင်ဆုံစည်းခဲ့ကြပြီး ၊ အရမ်းခင်မင်ခဲ့ကြသည်။
ဝင့်ဝါက တစ်ဦးတည်းသော သမီး ဆိုတော့ အကိုကြီး
တစ်ယောက် ကောက်ရသည်အမှတ်နှင့် ဘခက်ကို အရမ်း
တွယ်တာခဲ့ရှာသည်။ ဘခက်ကလည်း ညီမအရင်းနဲ့မခြား
ဝင့်ဝါလေးအပေါ် ချစ်ခင် အလိုလိုက်ခဲ့သည်။အသက်
၉နှစ်/ ၁၀နှစ်ခန့်ကွာသည့် ချာတိတ်မလေးကို ကစားဖေါ်
လုပ်ပေးရင်း နွေရာသီကျောင်းပိတ်ရက်တို့ ကုန်လွန်ခဲ့သည့်
ဘခက်သည် ဆယ်တန်းအောင်စာရင်းတွေ ထွက်ခါနီး
တွင် မိဘများရှိရာ မြို့သို့ ပြန်ခဲ့ရသည်။

      ဝင့်ဝါခေါ်မာရီယာ မသိအောင် တိတ်တခိုးပြန်ခဲ့ရခြင်း
ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကလေးသဘာဝ
ကိုကိုခေါ်ဘခက်အပေါ် မာရီယာက အရမ်းသံယောဇဉ်
တွယ်ကာ ညအိပ်ချိန်ကလွဲရင်း မျက်စိအောက်က အ
ပျောက်မခံအောင် ခင်မင်နေသောကြောင့်ဖြစ်သည်။

ဘခက်စိတ်ထဲမကောင်းပေမယ့် တက္ကသိုလ်ကျောင်း
ပိတ်ရက်များတွင် ပြန်လာခဲ့မည်ဟု တွေးလိုက်မိသည်။
သို့သော် ဘခက် လွဲတတ်သည့်ကံကြမ္မာကို မေ့ထားခဲ့မိသည်။

ဤသို့ တိတ်တဆိတ်ခွဲခွာလာခြင်းသည် အပြီးတိုင်ခွဲခွာ
လာခြင်းဖြစ်သည်ဆိုတာ နောက်တကြိမ် ဤတောင်ပေါ်မြို့
လေးကို ရောက်မှ ဘခက်သိလိုက်ရသည်။ဘခက် တက္က
သိုလ်ကျောင်းမျာပိတ်ရက်တွင် ဝင့်ဝါရှိရာ တောင်ပေါ်မြို့
လေးဆီသို့ နောက်တကြိမ်ရောက်လာသည့်အခါ...

  ဝဝ့်ဝါတို့မိသားစု ဤမြို့လေးမှ အပြီးတိုင်ပြောင်းသွားကြ
ပြီဖြစ်သည်။ ဝင့်ဝါဖခင် ကားမှောက်သေဆုံးပြီး ဝင့်ဝါ
မေမေ နောက်အိမ်ထောင်ပြုကာ နောက်အိမ်ထောင်၏
စီးပွား​ရေးလုပ်ငန်းရှိရာ ရှမ်းပြည်သို့ ပြောင်းသွားခြင်းဖြစ်
လေသည်။ ဤသို့ဖြင့် ရက်တွေ နှစ်တွေကြာငြောင်းခဲ့ပြီး
ဝင့်ဝါလေး အရွယ်ရောက်လာခဲ့သည်။

ဝင့်ဝါမေမေက နောက်အိမ်ထောင်နှင့် သားသမီးနှစ်ဦး
ထပ်မံ ထွန်းကားခဲ့သည်။ ကလေးငယ်များအား
ပြုစုစောက်ရှောက်နေသဖြင့် ဝင့်ဝါအပေါ် အရင်လို
ဂရုစိုက်မှု လျော့ပါးလာသည်။ ဒါကို ဝင့်ဝါက သူမမေမေ
သူမအပေါ် အချစ်လျော့လာသည်ဟု ခံစားလာရသည်။
နဂိုက အလိုလိုက်ခံရသူလေးမို့ မိခင်အပေါ် အထင်မြင်
လွဲကာ အရွဲ့တိုက်တတ်လာသည်။ ဆယ်တန်းစာမေးပွဲ
တဖုန်းဖုန်းကျခဲ့သည်။ ပထွေးဖြစ်သူက စီးပွားရေးသမားမို့
ကျောင်းစရိတ်ကို အကြိမ်ကြိမ်ထုတ်ပေးလည်း ဝင့်ဝါက
ကျောင်းစာမှာ စိတ်မဝင်စားတော့။ တနေ့ တနေ့ အလှပြင်
လိုက် ရှော့ပင်ထွက်လိုက် သူငယ်ချင်းများနှင့် ဟေးလားဝါး
လားလုပ်ရင်း အချိန်ကုန်နေလေ့ရှိသည်။

   ငွေရေးကြေးရေး မပူမပင်ရပဲ ထင်သလို သုံးစွဲနေရသည့်
ဝင့်ဝါ တစ်ရက်တော့ သူငယ်ချင်းမွေးနေ့မှာ အရက်စ
သောက်လာသည်။ ထို့နောက်တွင် ဝင့်ဝါ အပေါင်းသင်း
များလာပြီး မိန်ကလေးတန်မဲ့ အရက်သောက်တတ်လာ၏။

မိခင်ဖြစ်သူက ထိုကိစ္စကို သိသွားသော်အခါ သမီးဖြစ်သူအား ဆိုဆုံးမ၏။ မိခင်အပေါ် အထင်လွဲနေ
သည့် ဝင့်ဝါက ကက်​ကက်​လန်​အောင် ပြန်ပြောသည်။
ဝင့်ဝါမေမေ စေတနာဒေါသဖြင့် ဝင့်ဝါအား ပါးရိုက်လိုက်
သည်။ မွေးကတည်းက လက်ဖျားနှင့်တောင် မရွယ်ဖူး
သည့် မေမေက အခု သူမ၏ပါးကိုတောင် ရက်ရက်စက်
စက် ရိုက်ရက်ပြီဆိုကာ..ဝင့်ဝါ သူမ၏မေမေ့ အိမ်မှ
တိတ်တဆိတ် ခိုးထွက်ပြေးခဲ့သည်။

    သို့နှင့် ဝင့်ဝါ မန္တ​လေးမြို့သို့ရောက်လာသည်။
ဆယ်တန်းမအောင်သည့် သူမအတွက် ရရာအလုပ်ဝင်
လုပ်ဖို့ဆိုတာ ခက်ခဲလေ၏။ နောက်ဆုံး အဆောင်တစ်ခု
တွင် ခင်မင်သည့် ktv စားသောက်ဆိုင်မှ ငုဝါ၏ အဆက်
သွယ်ဖြင့် ktv စားသောက်ဆိုင်သို့ အလုပ်ဝင်ခဲ့သည်။

    ဘဝကို အရွှဲ့တိုက်လို၍ ခါးစောင်းတင်ခဲ့သူ ဝင့်ဝါ..
ဖေဖေပေးထားတဲ့နာမည်ကို..မာရီယာဟုပြောင်းကာ
သူမ၏နောက်ကြောင်းရာဇဝင်ကို မေ့ထားလိုက်၏။
ချမ်းသာသော မိခင်ကို အထင်လွဲနာကြည်း၍ လုံးဝ
အဆက်သွယ်ဖြတ်ကာ ktv စားသောက်ဆိုင်လေးတွင်
မာရီယာအဖြစ် နစ်မြုပ်နေခဲ့ရာ  တနှစ်ကျော်ကာလအတွင်း
ဤသို့ အစော်ကားခံရခြင်းဖြစ်သည်။

    မာရီယာ အတိတ်ကို ပြန်တွေးကာ ရှိုက်၍ ရှိုက်၍
ငိုကြွေးနေမိသည်။ မာရီယာ အယ်လဘမ်စာအုပ်လေး
ကို ရင်ထဲပိုက်ထားရင်း မျက်စိကို စုံမှိတ်ထားလိုက်သည်။
ထိုစဉ်...မာရီယာ့နားထဲသို့...ရင်းနှီးနေသည့်အသံလေး
တစ်ခု စီးမျောလာလေ၏။

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

"  မာရီယာ...မာရီယာ !
မာရီယာရေ....မာရီယာ...."

    မာရီယာ မျက်လုံးဖွင့်ကြည့်ရန် ကြိုးစားလိုက်သည်။
အားးးးးး မူးလိုက်တာ ၊ မာရီယာ ချာချာလည်နေသလို
ခံစားလိုက်ရသည်။ သူမတကိုယ်လုံး ပေါ့ပါးစွာ လေထဲ
မျောလွင့်သွားသည်။ နားထဲက အသံတွေဆူညံနေ၏။

   မာရီယာ သူမတို့နေသည့် အဆောင်သို့ ပြန်ရောက်
လာသည်။ သူမ၏မြင်ကွင်းထဲတွင် မေဇွန့်၏ လှုပ်ရှားမှု
များကို ပြန်မြင်နေရသည်။တဖြေးဖြေးချင်း မာရီယာ့နား
ထဲက ဆူညံသံတွေ တိုးတိမ်သွား၏။

   မေဇွန် သူမ၏ အဝတ်အစားများကို ခေါက်သိမ်းနေ၏။
မေဇွန်ရှေ့တွင် ခရီးဆောင်သေတ္တာကြီးတစ်လုံး ပွင့်လျက်
အနေအထားတွေ့ရ၏။ အဝတ်စား အချို့ကို မေဇွန်
သေတ္တာထဲ စနစ်တကျထည့်နေသည်။

      မေဇွန်  အချို့အဝတ်စားအကောင်းများကို ဘေးတွင်
သီးသန့်ပုံထား၏။ မာရီယာ ထိုသီးသန့်အဝတ်စားပုံကို
ကြည့်လိုက်တော့ ..မေဇွန့်ထံမှ သူကြိုက်၍ ငှါးဝတ်လေ့
ရှိသည့် အဝတ်စားများဖြစ်နေသည်။

     မာရီယာ နားလည်ပါပြီ။ မေဇွန့် စေတနာကိုပေါ့။
မေဇွန်က မာရီယာကြိုက်သည့်အဝတ်စားများကို ယူမသွား
ပဲ မာရီယာ့သေတ္တာထဲ ပြောင်းထည့်ပေးနေခြင်းသာ။

     မေဇွန် ..မာရီယာ့ အိပ်ယာနားက ဇစ်တပ်ခေါင်းအုံး
ငယ်လေးကို ကိုင်လိုက်သည်။ ထိုဇစ်တပ်ခေါင်းအုံးလေးက
မာရီယာ မေဇွန့်မွေးနေ့တုန်းက လက်ဆောင်ပေးထား
ခြင်းပင်။ ဒါပေမဲ့ တခန်းထဲ အတူနေဆိုတော့ မိမိလက်
ဆောင်ပေးထာသည့် ဇစ်တပ်ခေါင်းအုံးလေးကို မိမိကပဲ
ပြန်ယူ၍ အသုံးပြုနေခဲ့သည်လေ။

       ခေါင်းအုံးလေးက ပိုလာဝက်ဝံခေါင်းပုံစံလေးဖြစ်၏။
ခေါင်အုံးလေးနောက်ကျောတွင် လျှို့ဝှက်ဇစ်အိပ်လေးပါ
ရှိသည်။ ထိုဇစ်အိပ်လေးထဲ လိုရာပစ္စည်းအနည်းငယ်
ဖွက်ထားလို့ရသည်။ တော်ရုံလူကတော့ ခေါင်းအုံး သို့
မဟုတ် အရုပ်ဟုပင်ထင်မည်လေ။

     မေဇွန် သူမ၏ခန္ဓာကိုယ်ကို ကွယ်၍ ထိုခေါင်းအုံးလေး
ထဲသို့ အိပ်ငယ်လေးတစ်ခု ထည့်နေသည်။ ထိုအိပ်ထဲတွင်
မည်သည့်ပစ္စည်းမျိုးပါသည်ဆိုတာက မေဇွန်ပဲသိမည်။

  ထိုစဉ် အခန်းတံခါး ခေါက်သံကြားလိုက်ရသည်။

"  ဒေါက်..ဒေါက်... "

  မေဇွန် တံခါးခေါက်သံကြောင့် တုန်သွား၏။ သူမ ခေါင်း
အုံးလေးကို ပျာယိပျာယာနဲ့ အိပ်ယာပေါ် ပစ်တင်လိုက်
သည်။ အချိန်ကား ည ၁၁နာရီကျော်ဖြစ်သည်။

   ဒုန်း !

   တံခါးခေါက်နေသောသူသည် စိတ်မရှည်စွာဖြင့်
အခန်းတံခါးကို တွန်းတိုက်ဖွင့်လိုက်ဟန်ရှိသည်။
တံခါးပွင့်သည်နှင့် အပြင်က လူစိမ်းသည် အခန်းထဲ
တန်းဝင်လာ၏။

ထိုလူ၏ မျက်နှာတွင် ဆေးရုံသုံး
မျက်နှာဖုံးတစ်ခု စွပ်ထားသည်။ လက်ထဲတွင် တလက်
လက်တောက်ပနေသည့် ဓားမြောင်တစ်ချောင်းကို ကိုင်
ထား၏။မေဇွန်  ထိုလူကိုမြင်လိုက်သည်နှင့် အိပ်ခန်းထဲ
သို့ဝင်ပြေး၍ အခန်းတံခါးပိတ်ရန် ကြိုးစားလေ၏။

  ထိုလူက မေဇွန်အနောက်မှ ပြေးလိုက်က မေဇွန့်အား
နောက်မှ လည်ပင်းကို သိုင်းချုပ်ထားလိုက်သည်။
ပြီးတော့ မေဇွန့်ခေါင်းကို သူ၏ဓားနှောင့်နှင့် ရိုက်ချလိုက်
လေသည်။ မေဇွန် ခွေခေါက်၍ လဲကျသွားသည်။လူစိမ်း
သည် အပြင်ဧည့်ခန်းမီးကို အမှောင်ချထားလိုက်၏။

   လူစိမ်းက လဲကျသွားသည့် မေဇွန့်ပါးစပ်ကို အနားက
တွေ့သည့်အင်္ကျီပါးတစ်ထည်ဖြင့် စည်းနှောင်ထားလိုက်၏။
လက်ကို နောက်ပြန်ကြိုးတုပ်ထားသည်။

   လူစိမ်းသည် မေဇွန့်ကို စိတ်ချလောက်သည့် အနေအ
ထားမျိုး ချုပ်နှောင်ပြီး တခန်းလုံးကို မွှေနှောက်ရှာဖွေ၏။
စနစ်တကျ စီရီထည့်ထားသည့် မေဇွန့်ခရီးဆောင်သေတ္တာ
ကို စိတ်တိုင်းကျ မွှေနှောက်ရှာဖွေ၏။သို့သော် သူရှာဖွေ
နေသည့် ပစ္စည်းကိုရှာမတွေ့သောအခါ ဒေါသတကြီး
တောက်ခေါက်၍ ကြိုးတုပ်ထားသည့် မေဇွန်ရှိရာသို့
လှည့်လာသည်။

     သတိလစ်နေသည့် မေဇွန်ကို လည်ပင်းကြိုးကွင်းတပ်
၍ ထိုကြိုး၏အစတစ်ဖက်ကို မျက်နှာကျက်ရှိ ပန်ကာတွင်
ချည်လိုက်သည်။ အကယ်၍ ပန်ကာခလုပ်ကို ဖွင့်လိုက်ပါ
က ပန်ကာဒလက်သည် ကြိုးကို တပတ်ချင်းရစ်ပတ်ပြီး
မေဇွန့် လည်ပင်းမှ ကြိုးကွင်းမှာ တင်းကြပ်လာပြီး
အသက်ရှုကြပ်ကာ သေဆုံးမည်ဖြစ်၏။

   ထိုလူစိမ်းက မေဇွန့်မျက်နှာကို ရေဖြင့်ပက်လိုက်သည်။
မေဇွန် လည်ပင်းကြိုးတန်းလန်းဖြင့် မတ်တတ်ရပ်လျက်
အနေအထား သတိရလာ၏။ ပါးစပ်ကို အဝတ်စည်းထား
သဖြင့် သူမ၏ အသံဝူးဝူးဝါးဝါးထွက်လာ၏။

    လူစိမ်းက မေဇွန့်အနီးတိုးကပ်သွားပြီး နံကြားကို
လက်သီးဖြင့် ခပ်ပြင်းပြင်းထိုးလိုက်သည်။

ဒုတ် ...အု..အု

   မေဇွန် မျက်ရည်များကျလာသည်။ အတော်နာကျင်
သွားဟန်ရှိသည်။ လူစိမ်းသည် မေဇွန့်အား..အက်ကွဲ
ရှတတနိုင်သလို ..တောင်ပေါ်လေသံခပ်ဝဲဝဲဖြင့်

" လောပန်ဆီက ယူသွားတဲ့..စိန်ထုပ် ဘယ်မှာလဲ၊
မြန်မြန်ပြောစမ်း..ငါ..အချိန်မရဘူး "

" ဝူး.ဝူး....ဝူးဝူး "

မေဇွန်က ခေါင်းကို ဘယ်ညာခါရမ်းရင်း တဝူးဝူး
ပြောနေ၏။ ဆိုလိုတာက သူမ မသိဘူးဟု ငြင်းဆိုနေပုံရ၏
လူစိမ်းက ဒေါသထွက်လာဟန်ဖြင့် မေဇွန့်နံကြားကို
လက်သီးဖြင့် ထပ်ထိုးပြန်သည်။

" ဒုတ်....အု..အု "

  မေဇွန့် ပါးစောင်မှ သွေးစအချို့ စီးကျလာသည်။
မေဇွန့်အတွက် အခြေအနေမကောင်းတော့ပါ။

" နင့်အကောင်နောက် လိုက်သွားချင်တာလား၊
နင့်အကောင်ကို ငါ အပြတ်ရှင်းခဲ့ပြီ၊ ပစ္စည်းက နင့်ဆီမှာ
လို့ နင့်အကောင်မင်းဇော် ပြောလိုက်တာ..
နင်မသေချင်ရင် အဲ့ဒီစိန်ထုပ်ကို ခုထုတ်ပေး.."

  မေဇွန် ထိုလူစိမ်းကို ဘာမှ မပြောနိုင်တော့ပါ။
ထိုလူ၏ လက်သီးချက်ကြောင့် သတိလစ်သွားဟန်
ရှိသည်။ ထိုလူစိမ်းက မေဇွန့်ပါးကို ဖြန်းကနဲ့ရိုက်နိုး
ကြည့်သည်။ မေဇွန် လုံးဝသတိပြန်မလည်လာပါချေ။
ထို့ကြောင့် ရက်စက်သည့် လူသတ်သမားက ပန်ကာ
ခလုပ်ရှိရာသွား၍ ပန်ကာဖွင့်လိုက်သည်။

ပန်ကာဒလက်သည် လေးတိလေးကန်လည်လာပြီး
မေဇွန့်၏ အသက်ကို ခြွေသွားလေတော့သည်။ထိုလူစိမ်း
သည် ပန်ကာခလုပ်ကို ပြန်ပိတ်လိုက်ပြီး ၎င်းလိုရာပစ္စည်း
ကို ဆက်ရှာဖွေနေ၏။ အိပ်ခန်းထဲရှာမတွေ့သည့်အခါ
ဧည့်ခန်းထဲကို လက်နိပ်မီးအသေးစားကိုပါးစပ်ဖြင့်ကိုက်ကာ
ဆက်ရှာဖွေ၏။ ထို့နောက် အားမရလို့ထင်သည်။
ဧည့်ခန်းမီးခလုပ်ကို ဖွင့်၍ ရှာနေလေ၏။

    မာရီယာ အားလုံးကို မြင်တွေ့နေရပါပြီ။ လူသတ်သ
မားကို မျက်နှာမမြင်တွေ့ရပေမဲ့ သူ၏ ရက်စက်သော
လုပ်ရပ်တွေကို မြင်တွေ့လိုက်ရပြီ။

မာရီယာ..မျက်ဝန်းမှ မျက်ရည်များ တားမရ ဆီးမရအောင်
ကျလာ၏။ ထိုစဉ် အိပ်ခန်းထဲမှ အရိပ်ဖြူဖြူလေး တရွေ့ရွေ့
ထွက်လာ၏။ ထိုအရိပ်လေးမှာ..မေဇွန် ဖြစ်၏။

မေဇွန်  မာရီယာ့အား ပြုံး၍ကြည့်နေ၏။ သူမ မာရီယာ့
အား နုတ်ဆက်နေဟန်ရှိသည်။ မေဇွန့် ပါးစပ်မှ တခုခု
ပြောဟန် လှုပ်ခတ်သွားသည်။ မာရီယာ မေဇွန်ပါးစပ်
လှုပ်သလို လိုက်ပြီးလှုပ်ခတ်ကာ အသံထွက်ရေရွတ်
ကြည့်လိုက်သည်။

  " ခေါင်းအုံးလေးထဲမှာ.... "

    အဖြူရောင်အရိပ်လေး မေဇွန်သည်
လက်ပြနုတ်ဆက်ရင်း မာရီယာ့
မြင်ကွင်းထဲတွင် အခိုးအငွေ့များအဖြစ်ပြောင်းကာ
တဖြေးဖြေး ပျောက်ကွယ်သွားပါလေတော့သည်။

( ဆက်ရန် )

နပီ 😀😀


သေရွာပြန် မာရီယာ ( အပိုင်း-၆ )
======================
ရေး.....ပီပီ

(မာရီယာ ကားတိုက်ခံရပြီး နှစ်ရက်မြောက်နေ့ )

ဘခက်သူ၏ရုံးခန်းလေးထဲတွင်တစ်ယောက်တည်းငေးမှိုင်ကာ စဉ်းစားခန်း ဝင်နေ၏။

မနေ့ညနေက တာဝန်ပြီးဆုံးတော့ မိမိအခန်းသို့ တက်ကြွ
စွာပြန်လာခဲ့သည်။ ဘခက် လက်ထဲတွင် ဘဲကင်တစ်
ကောင် ပါဆယ်ဆွဲလာသည်။ သူ၏ စိတ်ကူးထဲတွင်
မာရီယာ ကြိုက်လိမ့်မည်ဟု တွေးရင်း ကြည်နူးနေသည်။
မာရီယာလည်း သူ့အားမျှော်နေမည်ဟု ယုံကြည်မိသည်။

အခန်းထဲ ရောက်တော့ သူ ..မာရီယာကို ရှာမတွေ့ချေ။
နေရာအနှံ့ မာရီယာအား အမောတကော ရှာဖွေမိသည်။
အသံတိုးတိုးလေး မာရီယာ့အမည်ကို ခေါ်မိသည်။

မာရီယာသည် သူ့အားထား၍ ထွက်သွားပြီဟု ဘခက်
သိလိုက်ရသည့်အခါ လူတကိုယ်လုံး နှုံးချိသွားသလို
ရှိသမျှအားအင်တို့ ဆုတ်ယုတ်သွားသလို ခံစားလိုက်
ရလေသည်။ ဘခက်..ကိုယ့်ကိုယ်ကို ဘာဖြစ်မှန်း
မသိတတ်တော့ပါ။

သံ​ယောဇဉ်​ ဆိုတာကလည်း ..အခက်သားလားနော် ၊ အကောင်အထည်လိုက် မြင်တွေ့ရသည့် မိန်းမချောများစွာ ဘခက် တွေ့ဆုံဖူးပါသည်။ တဦးတလေမျှ ရင်ခုန်တပ်မက်
ဖူးခြင်းမရှိခဲ့။ လူကြမ်းစိတ်ကြမ်းဘဝနဲ့ မိမိဝါသနာပါရာ
မှုခင်းဖေါ်ထုတ်ရေးကိုသာ အလေးပေးခဲ့သည်။

အခုတော့ မြင်ရုံမျှ ၊ ထိတွေ့ကိုင်တွယ်လို့မရသည့်
ဝိညာဉ်မလေးကို သူ နက်ရှိုင်းစွာ သံယောဇဉ်တွယ်မိနေ၏
အကယ်၍များ ဆေးရုံပေါ်က မာရီယာ သတိရလာခဲ့လျှင်
ဘခက်ကို အမှတ်ရပါ့မလား။ သူကြားဖူးသည်က ဝိညာဉ်
မျောလွင့်နေတဲ့အချိန်ကာလများကို ထိုလူအသက်ပြန်ဝင်
လာပါက လုံးဝမှတ်မိခြင်းမရှိတတ်ပါတဲ့လေ။

ဘခက် ..မာရီယာ့အကြောင်းတွေးနေစဉ် ရဲတပ်သားတစ်
ဦး အခန်းထဲဝင်လာပြီး သူ့အားအလေးပြုကာ..

   " ဗိုလ်ကြီး .. ကြိုးဆွဲချသေတဲ့အမှုက အဆောင်ပိုင်ရှင်က
ဗိုလ်ကြီးကို တွေ့ချင်လို့တဲ့ .."

" အေး..ခေါ်ခဲ့ကွာ .."

ရဲအုပ်ဘခက် ရုံးခန်းတွင်ဖြစ်သည်။ အကြောင်းတစ်ခုခု
ထူးပြီဟု ဘခက်သိလိုက်သည်။ အဆောင်ပိုင်ရှင်ဒေါ်အေး
ဝင်း စခန်းအထိ လိုက်လာပြီး တွေ့ခွင့်တောင်းခြင်းဖြစ်၏။
ဒေါ်အေးဝင်း ဘခက်စားပွဲရှေ့တွင် လာထိုင်၏။ ဘခက်
ဒေါ်အေးဝင်းကို ကြည့်လိုက်တော့ ဒေါ်အေးဝင်းမျက်နှာက
ချောင်နေ၏။ ညက အိပ်ရပုံမပေါ်။ ကြောက်လန့်နေဟန်
လည်း ရှိ၏။ ဒေါ်အေးဝင်းက ကတုန်ကရီဖြင့်...

" ဗိုလ်ကြီး..ကယ်ပါအုံးရှင် ၊
ကျမတို့ ညက အိပ်ကိုမအိပ်ရဘူးရှင် ၊ ကြိုးဆွဲချသေတဲ့
မေဇွန့်အခန်းက အရမ်းခြောက်တာပဲ .."

" ဗျာ...ဘယ်လို ခြောက်တာလဲ..အန်တီ "

" ညဥ့်ဦးပိုင်းကတော့ ဘာမှမထူးဘူး ဗိုလ်ကြီးရေ..
အဲ..ညဥ့်သန်းခေါင်ကျော်ဆို သူတိ့အခန်းထဲက တဂျောက်
ဂျောက်နဲ့ အသံတွေကြားနေရတယ်..၊ ပြီးရင်..အခန်းမီး
တွေက ပွင့်လိုက် ပိတ်လိုက်နဲ့ .."

" သရဲခြောက်တာရော ဟုတ်ရဲ့လား အန်တီ၊
လူဝင်တာများလား..."

" ကျမလည်း ပထမတော့ ဗိုလ်ကြီးတွေးသလို လူဝင်တယ်
ထင်လို့ ကျမသားနဲ့အဲ့ဒီအခန်းကို သွားကြည့်တယ်လေ..
လူနဲ့တူတာ တစ်ကောင်တမြီးမှ မတွေ့ပါဘူး ဗိုလ်ကြီးရယ် "

ဘခက် မျက်မှောင်ကြုတ်၍ စဉ်းစားဟန်ပြုကာ..
" အင်းလေ..ဟုတ်ပါပြီ၊ ဒါဆိုရင်..ဒီည အန်တီတို့ဘက်ကို
လှည့်ကင်း လှည့်ခိုင်းလိုက်ပါ့မယ် ၊ လှည့်ကင်းအဖွဲ့ကို
လည်း အဲ့ဒီ အဆောင်အနီးတဝိုက် ဂရုစိုက်ပေးဖို့ မှာထား
ပေးပါ့မယ် အန်တီ .."

" ဖြစ်နိုင်ရင်တော့ လှည့်ကင်းအပြင်၊ ကျမတို့အဆောင်ရှေ့
ရဲတပ်ဖွဲ့ဝင်၂ဦးလောက် အစောင့်ချပေးလား ဗိုလ်ကြီးရယ်၊
အားကိုးပါရစေနော်.."

" ဟုတ်ကဲ့..ကျနော် စီစဉ်ကြည့်ပါအုံးမယ်၊ စခန်းက တပ်ဖွဲ့
ဝင် အင်အားကလည်း နည်းတယ် အန်တီရဲ့ ၊ ဒါပေမဲ့
မပူပါနဲ့..ညပိုင်းကို ကျနော်ကိုယ်တိုင် လာခဲ့ပါအုံးမယ်.."

ဒေါ်အေးဝင်းက ဘခက်ကို ကျေးဇူးတင်စကားပြောပြီး
သူမ၏ ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကို မနိုင့်တနိုင်သယ်မကာ
ဘခက်၏ ရုံးခန်းလေးထဲမှ ထွက်သွား၏။ဒေါ်အေးဝင်း
ထွက်သွားပြီး တပည့်ကျော် ဒုရဲအုပ်ဝင်းနိုင် ဝင်လာ၏။

" ဆရာသမား..ထူးပြီဗျို့..ထူးပြီ "

ဝင်းနိုင်က အားရဝမ်းသာ ဘခက်ကို သတင်းပို့လာ၏။

" တည်းခိုခန်းမှာ ဓားဒဏ်ရာတွေနဲ့သေနေတဲ့ မင်းဇော်က
မူးယစ်​​ဆေးဝါးအရောင်းအဝယ်သမားတဲ့ ဆရာရေ၊
ဒီကောင်က မလည်ရှုပ် လုပ်တတ်တယ်တဲ့ ..၊ ကျနော့်ရဲ့
အမာခံ သတင်းပေးဆီက သတင်းတက်လာတယ် ဗျ "

ဝင်းနိုင်က ဆက်၍ပြောသည်။ မင်းဇော် အခုတခေါက်
အရောင်းအဝယ်လုပ်တာ မိန်းကလေးတစ်ယောက်ကို
ခေါ်ယူ အသုံးချခဲ့ကြောင်း ၊ ထိုမိန်းကလေးမှာ ktv စား
သောက်ဆိုင်မှ မေဇွန်ဖြစ်ကြောင်း ၊ မူးယစ်ဆေး အရောင်း
အဝယ်လုပ်သည်ဟု သတင်းကျော်စောနေသည့် ပန်းဒေဝီ
ကျောက်မျက်ကုမ္ပဏီပိုင်ရှင် လောပန်ဝေကျိုးဖန်၏ အိမ်ကို အခုတလောဝင်ထွက်နေကြောင်းဘခက်အားတင်ပြသည်။

ဘခက် ...လောပန် ဝေကျိုးဖန် ဆို၍ သူ၏ခန္ဓာကိုယ်
တောင့်မတ်သွား၏။ ဝေကျိုးဖန်က စီးပွားရေးသမား
လူလည် ဖြစ်၏။ အကောင်ကြီး အမြီးရှည်များနှင့် ဝင်ဆန့်
သည်လေ။ကိုယ့်ဘက်က မပိုင်ပဲ သွားထိလို့ကတော့ ပခုန်းပေါ်မှ အပွင့်များ မြောင်းထဲ ရောက်သွားမည်ဖြစ်၏။
ဘခက်..ဝင်းနိုင်အား

" ဝင်းနိုင်..မင်းကို ငါမနေ့က ဇာမဏီရုပ်လက်ဖျံအပြည့်ထိုး
တတ်တဲ့ ရာဇဝင်လူဆိုးစာရင်းတောင်းထားတာ ရပြီလား "

" လက်ဖျံတက်တူးထိုးထားတဲ့ ရာဇဝင်လူဆိုးတော်တော်
များတော့ ရွေးထုတ်ထားတယ် ဆရာ၊ ဒါပေမဲ့ ဆရာပြော
တဲ့ ဇာမဏီငှက်ပုံ တက်တူးထိုးထားတဲ လူဆိုးတော့ ရှာ
မတွေ့ဘူးဆရာ ..."

ဘခက် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ
အရင်ကအလုပ်အတူတွဲလုပ်ခဲ့သည် ရဲအုပ်ခင်စိန်ကြည်ကို
သတိရသွားသည်။ ရဲအုပ်ခင်စိန်ကြည်က ကွန်​ပျူတာဋ္ဌာန
မှာ အားအကိုးရဆုံးသူဖြစ်သည်။ထို့ကြောင့်..ဘခက်က

" အင်း..အဲ့ဒါဆို မင်း တိုင်းရုံးပြေးကွာ ၊ မှုခင်းအကူဋ္ဌာန
ကွန်​ပျူတာမှတ်တမ်းရုံးက ရဲအုပ်ခင်စိန်ကြည် ဆီသွားပြီး
ဇာမဏီငှက်ရုပ် လက်ဖျံမှာ တက်တူးထိုးထားတဲ့ ရာဇဝင်
ရှိတဲ့ လူဆိုးစာရင်း တောင်းယူခဲ့၊ ငါကလွှတ်လိုက်တယ်လို့
ပြော..အားတဲ့နေ့ ကြေးအိုးခေါက်ဆွဲလာကျွေးမယ်လို့.."

" အခုလား..ဆရာသမား "

" အေး အခုပဲသွား ၊ တစ်ခုခု ထူးရင် ဖုန်းအရင်ဆက်
ငါလည်း..မေဇွန်တို့ အဆာင်ဘက် စုံစမ်းစရာရှိသေးတယ်
စခန်းမှုးဆီ သတင်းသွားပို့လိုက်အုံးမယ်.."

ဒုရဲအုပ်ဝင်းနိုင်က သူ့ကိုနုတ်ဆက်၍ ဆိုင်ကယ်ဖြင့်
တိုင်းရဲတပ်ဖွဲ့မှုးရုံးသို့ ထွက်သွားလေသည်။ ဘခက်က
စခန်းမှုးထံသတင်းပို့၍ ရဲတပ်သားစိန်လှကို ခေါ်ကာ
မေဇွန်သေခဲ့သည့် အဆောင်သို့ ထွက်လာခဲ့လေသည်။

👮👮👮👮👮👮👮👮👮👮👮👮👮👮

ဒုရဲအုပ်ဝင်းနိုင် တိုင်းရုံးရောက်တော့  ရဲအုပ်ဒေါ်ခင်စိန်
ကြည် ကို သူ့ဋ္ဌာနစိတ်တွင် အခန့်သင့်တွေ့ရ၏။ ဝင်းနိုင်က
ဆရာသမားဘခက် လွှတ်လိုက်ကြောင်းနှင့် လာရင်းကိစ္စ
ကိုပြောလိုက်သည်။

ရဲအုပ်ဒေါ်ခင်စိန်ကြည်က မဆိုင်းမတွပင် ကွန်ပျူတာရှေ့
ထိုင်၍ ဘခက်လိုချင်သည့် လက်ဖျံအပြည့်တက်တူးရုပ်ထိုး
တတ်သည့် ရာဇဝင်လူဆိုးများကို ရှာဖွေပေး၏။

ရှာရသည့် ရာဇဝင်လူဆိုးများမှာ စုစုပေါင်း၅ဦးဖြစ်သည်။
ဆက်၍ ၎င်းတို့၏ကိုယ်ရေးရာဇဝင် အချက်အလက်များကို
စစ်ဆေးကြည့်ပေးသည်။ ၂ဦးမှာ သေဆုံးစာရင်းတွေ့ရပြီး
ကျန် ၃ဦးမှာ နယ်ဘက်အကျဉ်းစခန်းများတွင် ပြစ်ဒဏ်
ကျနေကြောင်း ဖေါ်ပြ၏။

၁။ အားဖန် လူသတ်မှုကြောင့် လာရှိုးအကျဉ်းထောင်တွင်
ထောင်ဒဏ်၇နှစ် ကျခံနေဆဲ။

၂။ ကျော်ဦး  လက်နက်မှု/ မှုးယစ်ဆေးမှုဖြင့် မန္တလေး
အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေဆဲ။

၃။ အာမက် (ခ) ခင်မောင်မြင့် လူကုန်ကူးမှုဖြင့်
ပုသိမ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံဆဲ။

ဒုရဲအုပ်ဝင်းနိုင် စာရင်းများကို ကူးယူ၍ ရဲအုပ်ဘခက်ထံ
ဖုန်းဖြင့် သတင်းပို့လိုက်သည်။ ဘခက်က ထိုသုံးယောက်
ကျသည့် အကျဉ်းဦးစီးဋ္ဌာနများကို ဆက်သွယ်၍
၎င်းတရားခံများ လက်ရှိ  ရှိ/မရှိထပ်၍ စုံစမ်းပေးရန် ဝင်းနိုင်ကို တာဝန်ပေးလိုက်သည်။

ဝင်းနိုင်..ရဲအုပ်ဒေါ်ခင်စိန်ကြည်ကို ကျေးဇူးတင်စကား
ပြော၍ တိုင်းရုံးမှ ထွက်လာခဲ့သည်။ ပြီးတော့ ဆရာဘခက်
ခိုင်းသည့်အတိုင်း အကျဉ်းဦးစီးဋ္ဌာနများကို ဖုန်းဖြင့်စုံစမ်း
ရာ နံပတ်စဉ်၂ နှင့်၃ တရားခံများမှာ အကျဉ်းထောင်တွင်
ပြစ်ဒဏ်ကျခံလျှက် ရှိနေပြီး ၊ နံပတ် ၁ အားဖန်ဆိုသည့်
လူသတ်မှုပြစ်ဒဏ်ကျ တရားခံမှာ အကျဉ်းထောင်မှ ထွက်
ပြေးလွတ်မြောက်နေသည်ဟု အကြောင်းပြန်၏။

ဝင်းနိုင် အကျဉ်းဦးစီးဋ္ဌာနမှ ပို့ထားသည့် ပြေးလေးပြေး
စာရင်းကို ယူကြည့်လိုက်သည်။ ထိုအထဲတွင် လာရှိုး
အကျဉ်းထောင်မှ ထွက်ပြေးသည့် အားဖန်၏ဓာတ်ပုံနှင့်
ကွန်​ပျူတာဋ္ဌာနမှ ကူးယူလာသည့် အားဖန်ပုံကို ယှဉ်ကျိ
လိုက်ရာ လုံးဝထပ်တူညီနေ၏။

ရဲအုပ်ဒေါ်ခင်စိန်ကြည် ထုတ်ယူပေးလိုက်သော အားဖန်
၏ ကိုယ်ရေးရာဇဝင်ကို ဖတ်ကြည့်ပြီး ဆရာသမားဘခက်
ထံ viber မှတဆင့် အချက်လက်များနှင့်ဓာတ်ပုံ ပို့လိုက်၏

ထိုအချိန်တွင် ရဲအုပ်ဘခက်နှင့် ရဲတပ်သားစိန်လှမှာ
လမ်းတွင် ဆိုင်ကယ်ဘီးပေါက်၍ ဘီးဖာနေချိန်ဖြစ်သည်။
ဘခက်က သူ့တပည့်စိန်လှကို ဆူပူမာန်မဲနေ၏။

ဆိုင်ကယ်ဘီးဖာဆိုင်လေးသည် ဘီးဖာရုံမျှမက ဓာတ်ဆီပါ
ရောင်းပုံရ၏။ ရေသန့်ဗူးခွံလေးများထဲတွင် ဓာတ်ဆီထည့်
ကာ တန်းစီထောင်ထား၏။

" စိန်လှရာ..မင်းကို ငါ ဆိုင်ကယ်တာယာလဲဖို့ ပိုက်ဆံ
ထုတ်ပေးထားရက်နဲ့ကွာ..၊ အခု ဘာလို့ ဘီးပေါက်တာလဲ
တာယာလည်း မလဲရသေးဘူး၊ တော်တော်ပေါ့ဆတဲ့
အကောင်ပဲ စိန်လှ .."

စိန်လှက မျက်နှာငယ်လေးဖြင့်..

" ဗိုလ်ကြီး အပြစ်ပေးလည်း ခံရမှာပဲ၊ ဗိုလ်ကြီးပေးလိုက်တဲ့
တာယာဘိုးက အငယ်ကောင်ဆေးခန်းသွားတာနဲ့ကုန်ပြီ
လကုန်မှပဲ ဝယ်လဲပေးမယ်ဆိုပြီး...."

" ကဲ..တော်..တော်ပါတော့ စိန်လှရယ်၊
ငါ သဘောပေါက်ပြီ၊ ဟူး..ငါပဲ ထပ်ထုတ်ပေးပါ့မယ်ကွာ "

ဤနေရာနှင့် အဆောင်ကို လမ်းလျှောက်သွားမယ်ဆို
အတော်လှမ်းနေသေးသည်။ ဘခက် ခံတွင်းချဉ်သလို
ဖြစ်လာသည်မို့ အနီးနားဝန်းကျင်ကို မျက်စိကစားလိုက်၏။
မနီးမဝေးတွင် လ္ဘက်ရည်ဆိုင်တစ်ဆိုင်တွေ့ရသည်။

" စိန်လှ မင်းဘီးဖာပြီးရင် ဟိုရှေ့က လ္ဘက်ရည်ဆိုင် ကို
လိုက်ခဲ့ကွာ ၊ ငါ အဲ့ဒီဆိုင်က စောင့်နေမယ်.."

" ဟုတ်ကဲ့ ဗိုလ်ကြီး ၊ သွားပါ..ကျနော် ပြီးပြီးချင်းလိုက်
လာခဲ့မယ် "

မန္တလေးနေက ကျက်ကျက်တောက်ပူလွန်း၏။ နွေကုန်ပြီ
ဟုဆိုငြားလည်း မန္တလေး၏သဘာဝက ပူလို့အိုက်လို့
ကောင်းနေဆဲဖြစ်၏။ ဘခက် ခြေလှမ်းကျဲကြီးဖြင့် လ္ဘက်
ရည်ဆိုင်လေးထဲသို့ ပြေးဝင်ခဲ့သည်။

   ဟူးး အရပ်ဝတ်နဲ့မို့တော်သေးရဲ့၊ ယူနီဖေားင်းနဲ့ဆို
အတော်ပူမှာပဲ။ ဘခက် လွတ်နေသည့် စားပွဲဝိုင်းတစ်ခု
တွင် ဝင်ထိုင်လိုက်၏။ စားပွဲထိုးလေးက ဘာမှာမလဲ
လာမေး၏။ ဘခက် အအေးတစ်လုံးနဲ့ စီးကရက်တပွဲချ
ပေးရန် ပြောလိုက်သည်။

ဘခက် ဖုန်းထုတ်၍ internet line ဖွင့်လိုက်သည်။
ဝင်းနိုင် ပို့ထားသည့်  ဓာတ်ပုံနှင့် အချက်အလက်များကို
ဖတ်ကြည့်ရန် viber massage ဖွင့်လိုက်သည်။

  အားဖန် ..အသက် ၂၇နှစ်
မျက်လုံးမှေး မျက်ရစ်မပါ နှာတံပွယောင်းယောင်း
ညာဘက်လက်ဖျံတွင် ဇာမဏီငှက်ရုပ် တက်တူးထိုးသည်။
ယ္ခင် သောင်းကျန်းသူတပ်ဖွဲ့ဝင်ဟောင်း ၊ တိုက်ခိုက်ရေး
ကျွမ်းကျင်၊ လူသတ်မှုကြောင့် ထောင်ဒဏ်အပြစ်ပေးခံရ
ပြီး လွန်ခဲ့တဲ့၆လခန့်က ထောင်ဖောက်ပြေးသည်။ဘခက်
စာဖတ်ပြီး ၎င်း၏ဓာတ်ပုံကို ကြည့်လိုက်သည်။

ဘခက် အားဖန်၏ဓာတ်ပုံကြည့်၍ မရသေးပါ။ ဘာလို့လဲ
ဆို အဝိုင်းလည်နေသည်။ connection ကျနေ၏။
ဟူး..ပြောတော့ဖြင့် 3G ,4G စနစ်တဲ့ ။ မြန်မာပြည်က
ဖုန်းများရဲ့ဘိုးအေကြီး mpt မစွံလို့၊ အော်ရီဒူးတို့ တယ်လီ
နော်တို့လို နိုင်ငံခြားကလာသည့် ဆက်သွယ်ရေးကုမ္ပဏီ
ကြီးတွေ စွံမယ်မှတ်တယ်။ သူတို့လည်း ရေကြောမြေကြော
လိုက်သွားပုံရသည်။ free mode ပေးပြီးကတည်းက
လုံးလုံး သုံးစားမရတော့ပါ။ လေးထောင့်အကွက်လေးသာ
ပေါ်နေပြီး ထိကြည့်လိုက်ပါက အဝိုင်းလည်နေ၏။

      ဘခက် ဆိုင်ထဲကို ဝေ့ကြည့်လိုက်သည်။ ဒေါင့်ကျကျ
စားပွဲဝိုင်းတွင် လူတစ်ယောက် သတင်းစာဖတ်နေ၏။ သူ
၏ရှေ့တွင် သောက်လက်စ လ္ဘက်ရည်ခွက်နှင့် ဆေးပေါ့
လိပ်တို တစ်လိပ်ကိုတွေ့ရ၏။ ဘခက် ထိုဆေးပေါ့လိပ်ကို
အသေချာလှမ်းကြည့်လိုက်၏။

ဟင် ! ဒါ ..ဒါ မေဇွန်အသတ်ခံရသည့် အခန်းထဲမှာ သူသိမ်းဆည်းခဲ့တဲ့ ဆေးပေါ့လိပ်ပုံစံနဲ့တူနေပါလား ။ ဘခက် စားပွဲထိုးလေးကိုလှမ်းခေါ်လိုက်သည်။

" ငါ့ညီ..မင်းတို့ဆိုင်မှာ ×××တံဆိပ်ဆေးပေါ့လိပ်ရှိလား "

စားပွဲထိုးလေးက..သူ့ခေါင်းကို ကုတ်ရင်း..
" ကြားတောင် မကြားဖူးဘူးဗျ .."

ဟုတ်ပြီ၊ ဒီတံဆိပ်က ရှမ်းပြည်ဖက်မှာပဲ ဈေးကွက်ဝင်တဲ့
ဆေးပေါ့လိပ်ပဲ။ ဒါဆို ဒီလူကို အသေချာစောင့်ကြည့်မှပဲ။
ဘခက် ထိုလူ့ကို မသိမသာ အကဲခတ်နေစဉ် ထိုလူက
ဆေးပေါ့လိပ်ကို လက်လှမ်းယူလိုက်သည်။ ဘခက် ထိုလူ
၏လက်ဖျံကို သတိထားကြည့်လိုက်၏။ ဟူး..ဘခက်
သက်ပြင်းချလိုက်၏။ ထိုလူက လက်ရှည်အင်္ကျီ ဝတ်ထား
လေ၏။ ထိုလူသည် စားပွဲထိုးအားခေါ်၍ ပိုက်ဆံရှင်းသည်။

ထို့နောက် အနားပြားဦးထုပ်အဝိုင်းကို ခပ်ငိုက်ငိုက်ဆောင်း
ကာ မျက်မှန်အမည်းတပ်၍ ဆိုင်ထဲမှ ထွက်သွား၏။ ထိုလူ
ဆိုင်အပြင်တွင် ရပ်ထားသည် yamaha DT 125 ဖြူနီ
ဆိုင်ကယ်ပေါ်ခွကာ မောင်းထွက်သွားသည်။ ဘခက်
ဆိုင်ကယ်နံပတ်ကို မှတ်ထားလိုက်သည်။

ဘခက် မချင့်မရဲ ဖြစ်ကာကျန်နေခဲ့၏။ ဘခက် ထိုလူထိုင်
ခဲ့သည့်စားပွဲဝိုင်းသို့ သွားကာ လက်ကျန်ဆေးပေါ့လိပ်တိုကို
ယူပြီး မီးငြိမ်းသတ်ကာ အိပ်ထောင်ထဲထည့်လာခဲ့လိုက်၏။
စိန်လှလည်း ဆိုင်ကယ်ဘီးဖာပြီး ရောက်လာသည်မို့
ဘခက် ဒေါ်အေးဝင်းတို့၏အဆောင်ရှိရာသို့ ထွက်လာခဲ့
သည်။

👓👓👓👓👓👓👓👓👓👓👓👓👓👓👓
( မေဇွန် အသတ်မခံရမှီ နေ့လယ်ခင်း )

  " ဟင့်အင်း..အကို၊ ကျမ ကြောက်တယ် "

" အော်..မေဇွန်ကလည်း ..ကြောက်စရာမလိုပါဘူး ၊
အကို မေဇွန်နဲ့ အနီးဆုံးမှာ ရှိနေမှာပဲလေ၊ မေဇွန့်ကို
ဘာအန္တရာယ်မှ မဖြစ်စေရဘူးကွာ..စိတ်ချနော် "

" တခြားဟာ ခိုင်းပါလား အကိုရယ်၊
ကျမ ..ဥပဒေနဲ့မလွတ်ကင်းတဲ့အလုပ်တွေ မလုပ်ပါရစေနဲ့"

" မေဇွန်အတွက် ရမယ့်ဝေစုက အနည်းဆုံး သိန်း၂၀၀နော်
မေဇွန် ဘဝပြောင်းသွားမယ့်အခြေအနေကို လက်လွှတ်ခံ
မလို့လား..မေဇွန် "

" ပြီးတော့ မေဇွန် ဘယ်ကလည်းဆိုတာ အကိုတစ်ယောက်
ပဲသိတာလေ၊ မေဇွန် အဲ့ဒီအိမ်ကထွက်လာတာနဲ့
အားလုံး ပြီးသွားပြီပဲ..မေဇွန် လုံးဝမထိခိုက်စေရဘူးကွာ "

မေဇွန် တွေဝေသွားသည်။ တနေ့ကပဲ သူမအမေက ဖုန်း
ဆက်လာသည်။ ယ္ခု အမေတို့နေတဲ့ အိမ်ခြံဝိုင်းလေးကို.
အတိုးအရင်းပေါင်းပြီး ကြွေးရှင်က သိမ်းတော့မယ်တဲ့လေ
ပြီးတော့ မောင်လေးကလည်း အဆောင်နေ၍ စာမေးပွဲ
ဖြေချင်ပါသည်တဲ့။ ဟူး ..မေဇွန် သက်ပြင်းလေးလံစွာချ
ရင်း ခေါင်းငြိမ့်လိုက်သည်။ မင်းဇော် ပြုံးလိုက်သည်။

မင်းဇော်က လောပန်တစ်ယောက် ဆီက မူးယစ်ဆေးဝါး
ဘိုးငွေ အကြေမရသေး၍  အခဲမကြေဖြစ်နေ၏။
ထို့ကြောင့် ထိုလောပန်ကို မေဇွန်နှင့်ထောင်ချောက်ဆင်၍
သူရမည့်ငွေကို ရယူရန်ဖြစ်သည်။ လောပန်က မိန်းမကိစ္စ
အရမ်းဝါသနာပါသည်ကို မင်းဇော်သိထား၏။

မင်းဇော် လောပန်ဆီ အကြွေးသွားတောင်းတိုင်း မေဇွန့်ကို
အလှဆုံးပြင်ပေးပြီး ၃ကြိမ်ခန့်ခေါ်သွားဖူးသည်။ လောပန်
၏ မျက်လုံးများသည် မေဇွန့်ကိုယ်ပေါ်မှ မခွာ။ စူးစူးရဲရဲကြီး
ကြည့်နေသည်ကို မင်းဇော် သိထားသည်။ ထို့ကြောင့်
ညစ်ပတ်ပြီး မူးယစ်ဆေးဝါးဖိုးကျန်ငွေ မပေးသေးသည့်
လောပန်ကို မာယာထောက်ချောက်ဆင်ကာ သူရစရာရှိ
သည့်ငွေ ရအောင်ယူမည်ဟု မင်းဇော် တွေးထား၏။

လောပန်က နေ့လည်ဘက်တွင် ဆိတ်ငြိမ်ရပ်ကွက်တစ်ခု
ကသူ့မိန်းမ မသိအောင်ဝယ်ထားသည့် တစ်ထပ်တိုက်လေး
တွင် မိန်းမချောလေးများဖြင့် စမောဆွဲလေ့ရှိသည်။
လောပန်က သူသွားလေရာကို အ့တာချီကေ့စ် အနက်
ရောင်ကို ယူသွားလေ့ရှိသည်။ မင်းဇော် သတင်းရထား
သည်က လောပန် ဟိုတလောက စိန်ကုန်သည်ကြီးတစ်ဦး
ထံမှ စိန်အမြောက်အမြားဝယ်ထားသည်ဟုပင်။ ထိုစိန်
တွေ၏ တန်ဖိုးမှာ ကာလတန်ဖိုး သိန်းတစ်သောင်းခန့်ရှိ
မည်ဟု မင်းဇော်သတင်းရထားသည်လေ။

လောပန် ဆိတ်ငြိမ်ရပ်ကွက်ထဲက တစ်ထပ်တိုက်လေး
တွင် စမောဆွဲသည့်အခါတိုင်း မည်သည့်တပည့်မျှ ခေါ်
မထားတတ်ချေ။ထိုအချိန်တွင် တပည့်များမခေါ်ပဲ တစ်ယောက်တည်းရှိတတ်သည်။ ညပိုင်းတွင်သာ လောပန်ကတပည့်တပန်းအစောင့်အရှောက်များခေါ်ထားတတ်သည်။

မင်းဇော် လောပန်ထံ ဖုန်းဆက်လိုက်သည်။
လောပန်အတွက် အထူးအစီအစဉ် တစ်ခုရှိသည်။
လောပန် ဒီနေ့ နေ့လယ်အတွက်...
ဒိတ်ထားတဲ့အစီစဉ်မရှိပါက ပန်းလှလှလေးတစ်
ပွင့် လာပို့မည်ဟု ဖုန်းဆက်လိုက်သည်။ လောပန်က
သဘောပေါက်၏။ အမြန်ဆုံးလာခဲ့ရန် မင်းဇော်ကို ပြန်
ပြောသည်။ မင်းဇော် သူဆင်တဲ့အကွက်ထဲဝင်လာပြီမို့
လက်ဖျောက်တီးလိုက်သည်။

" ကဲ..မေဇွန်ရေ..သားကောင်ကတော့ လည်စင်းပေးလာပြီ
ကိုယ်တို့ ချမ်းသာဖို့အတွက် နာရီပိုင်းလေးပဲလိုတော့တယ်
အားတင်းပြီး ကြိုးစားလိုက်ရအောင် ..ရေချိုးပြီး အလှဆုံး
ပြင်ထားလိုက်..ကိုယ် အိပ်ဆေးအပြင်းစား ထွက်ဝယ်လိုက်
အုံးမယ်..ပြန်လာရင် တခါတည်း သွားမယ်.."

မင်းဇော် အစီအစဉ်​က မေဇွန့်အား လောပန်ဆီ ပို့ပေးမည်
မေဇွန့်ကို လောပန်နဲ့အတူထားခဲ့ပြီး သူကပြန်မည်။
မေဇွန်က သူမ၏အလှမာယာဖြင့် လောပန်ကို သိမ်းသွင်း
ဖြားယောင်းရမည်။ ပြီးတော့ လောပန်အား အိပ်ဆေး
ခတ်ထားသည့် အရက်တိုက်၍  လောပန်သတိမေ့သွား
သည့်အခါ မင်းဇော်ကို ဖုန်းဆက်လိုက်ရုံပင် ..။

စီစဉ်ထားသမျှ အားလုံးအဆင်ပြေခဲ့ရင် မေဇွန့်ကို
သိန်း၂၀၀ ပေးမည်ဟု ကတိပြုထားသည်။ ထို့အပြင်
မေဇွန့်ကို နောက်တကြိမ် လုံးဝမဆက်သွယ်တော့ပါဟု
ကတိပေးလေ၏။ မေဇွန့်အဖို့ ဆုပ်လည်းစူး စားလည်းရူး
အခြေနေမို့ ငြင်းဆန်ဖို့အားမရှိပါ။ နောက်ဆုံးတကြိမ်
စွန့်စား၍ မိခင်ကြီးနှင့်မောင်ငယ်ရှိရာ ရွာပြန်တော့မည်ဟု
ဆုံးဖြတ်ကာ ခေါင်းငြိမ့်ခဲ့သည်။ အကယ်၍ မင်းဇော်က
သူ့ကတိအတိုင်း ငွေ သိန်း၂၀၀ပေးလာပါက ရွာမှ
မိခင်အိုနှင့်မောင်ငယ်ကို ခေါ်ကာ ခြေရာဖျောက်သွား
မည်ဟု စဉ်းစားထားလိုက်သည်။

  သို့သော်..သူမတို့အစီအစဉ် အောင်မြင်ခဲ့သော်လည်း
ဒုစရိုက်လောကကို ကျောခင်းအိပ်နေသည့် လောပန်၏
အငြိုးအတေးကို မလွတ်မြောက်ခဲ့ရပေ။

  မင်းဇော်က သူမအတွက်ဝေစုဟုဆိုကာ ငွေသိန်းနှစ်ရာ
မပေးပဲ စိန်ထုပ်ထဲမှ သိန်းနှစ်ရာကျော်တန်ဖိုးနဲ့ညီမျှသော
စိန်တုံးလေးများ ခွဲဝေပေးလိုက်လေ၏။ ထိုစိန်တုံးလေးများ
ကို အိပ်လေးထဲ ထည့်၍ မင်းဇော်တည်းသည့် တည်းခိုခန်း
မှ မေဇွန် သူမနေထိုင်ရာ အဆောင်သို့ ပြန်လာခဲ့၏။

  သူမကို မသိသော်လည်း ဒုစရိုက်သားတို့အပေါ် သြဇာ
ညောင်းသည့် လောပန်က လက်မရွံ လူသတ်သမား
ထောင်ပြေးအားဖန်အား
ထိုစိန်ထုပ် ပြန်ရရန် ဆောင်ကြဉ်းပေးပါက သိန်း၅၀၀ပေး
မည်ဟု ခိုင်းစေလိုက်သောအခါ....။

( ဆက်ရန် )


သေရွာပြန် မာရီယာ (အပိုင်း - ၇)
======================
ရေး....ပီပီ

မန္တလေးမြို့၏ ဆိတ်ငြိမ်ရပ်ကွက် တစ်ခုရှိ ဥရောပပုံစံ
တစ်ထပ်တိုက်လေးတွင် ဖြစ်သည်။ အတန်သင့်ကျယ်
ဝန်းသော ဧည့်ခန်းမ၏ ဆိုဖာဆက်တီပေါ်တွင် အသား
ဖြူနီစပ် လူတစ်ယောက် ခေါင်းကို ရေခဲအဝတ်အုပ်ရင်း
ဒေါသတကြီး အော်ဟစ်နေ၏။ ၎င်း၏ တပည့်များဖြစ်
ဟန်တူသည့် လူမိုက်၅ယောက်က မတ်တတ်ရပ်၍ နား
ထောင်နေကြလေသည်။

ထိုအထဲတွင် ထူးခြားစွာ အသားဖြူဖြူ အရပ်မြင့်မားသော
လူတစ်ယောက်က အော်ဟစ်နေသည့်သူဋ္ဌေးနှင့် မျက်နှာ
ချင်းဆိုင်ထိုင်ရင်း ဆေးပေါ့လိပ်ကို ဖွာရှိုက်နေ၏။

ထိုလူကြည့်ရသည်မှာ ဘာကိုမျှ ကြောက်ရွံပုံမရ။ သွေး
အေးရက်စက်မည့်ပုံမျိုးရှိ၏။ အော်ဟစ်နေသူမှာ တခြားသူ
မဟုတ်။ မင်းဇော်နှင့် မေဇွန် ဖျံကျသွားသည်ကို ခံခဲ့ရသည့်
လောပန် ဝေကျိုးဖန် ဖြစ်လေ၏။

၎င်းနှင့်မျက်နှာချင်းဆိုင်တွင်  ထိုင်နေသည့်သူကတော့
လာရှိုးထောင်မှ ထွက်ပြေးနေသည့် ထောင်ပြေး လူသတ်
သမား အားဖန်ဆိုသူဖြစ်သည်။

" အားဖန်..ငါ မင်းကို အလုပ်တစ်ခုအပ်မယ် ၊
ကြိုက်ဈေးပြော ၊ အဓိက က ငါ့ပစ္စည်းတွေပြန်ရဖို့ပဲ..
ကျန်တာတော့..ထုံးစံပဲပေါ့.."

လောပန် ဝေကျိုးဖန်က..သူ၏လည်ပင်းကို လက်ဖဝါး
စောင်းနှင့်ကန့်လန်ဖြတ်ပြလိုက်သည်။ အားဖန် ဆိုသူက
ပါးစောင်မှာခဲထားသည့် ဆေးလိပ်ကို စားပွဲပေါ်မှ ဖန်ပြာ
ခွက်ထဲ မီးထိုးချေလိုက်ပြီး...

" ကျုပ်က စရံတစ်ဝက်အရင်ပေးမှ အလုပ်လုပ်တယ်ဆို
တာ လောပန် သိတယ်နော်၊ ပြီးတော့ အခုအလုပ်က
အသက်နှစ်ချောင်းဆိုတော့..ဟင်းဟင်း "

" ဈေးပြော..အားဖန် ၊ ငါ့ပစ္စည်းတန်ဖိုးက များတယ်
အမြန်ဆုံးပြန်လိုချင်တယ်.."

" အိုခေ ..လောပန် ၊ အကြီး ၅ခု "
အားဖန်က ဝမ်ကျိုးဖန်ကို လက်တဖက် ထောင်ပြလိုက်၏
သဘောကတော့ သိန်း၅၀၀ကျပ် ပေါ့။

လောပန်ဝေကျိုးဖန် မျက်လုံးပြူးသွားသည် ။ မတန်မရာ
တောင်းခံနေသည်ကို လောပန်က သိပါသည်။ သို့သော်
ပါသွားသည့် ပစ္စည်းက သိန်းတစ်သောင်းခန့်တန်ကြေး
ရှိသည့် စိန်ပွင့်များဖြစ်၏။ ထို့ကြောင့် မအီမလည်မျက်နှာ
ကြီးဖြင့် လောပန် ခေါင်းငြိမ့် သဘောတူလိုက်သည်။

   လောပန်က သူ၏တပည့်တစ်ဦးကို ဘဏ်သို့ ငွေသွား
ထုတ်ပေးရန် ချက်ရေးပေးလိုက်သည်။ ချက်လက်မှတ်
တွင် သိန်း၂၅၀ဟုရေးပေးလိုက်၏။

" နောက်တစ်နာရီဆိုရင် မင်း စရံငွေရမယ် ၊ ငါ့ကို ဖျံကျ
သွားတဲ့ မင်းဇော်နဲ့မေဇွန်ဆိုတာကို cctv record မှာ
အသေချာကြည့်သွား ၊ ဘာဖြစ်ဖြစ် မင်းကိစ္စ မင်းရှင်း
မနက်ဖြန် ငါ့ပစ္စည်းတွေ ပြန်ယူလာခဲ့..ဒါပဲ "

အားဖန်က ခေါင်းငြိမ့်ပြကာ cctv conrol room ထဲဝင်
၍ မှတ်တမ်းတင်ထားသည့် ပုံရိပ်များကို ကြည့်လိုက်၏။
တစ်နာရီခန့်အကြာတွင် ဘဏ်မှ ငွေထုတ်လာသူ ပြန်
ရောက်လာပြီး အားဖန် ငွေကိုယူကာ လောပန်၏ အိမ်မှ
ထွက်လာခဲ့သည်။

အားဖန် သူခိုအောင်းရာ တိုက်ခန်းရောက်သည်နှင့်
မင်းဇော် ရှိနိုင်မည့် တည်းခိုခန်းများကို စုံစမ်းရန် ထွက်
လာခဲ့သည်။ ဒုစရိုက်သမားအချင်းချင်းမို့ မင်းဇော် အောင်း
နေသည့်နေရာ သိပ်မစုံစမ်းလိုက်ရချေ။

အောင်ပင်လယ်မြို့သစ်ထဲမှ ×××တည်းခိုခန်းတွင်
မင်းဇော် တည်းနေကြောင်း သိရ၍ သူ၏ DT 125ဆိုင်
ကယ်ကို စီးကာ ထွက်လာခဲ့သည်။ တည်းခိုခန်းနဲ့ မနီး
မဝေးက ကွမ်းယာဆိုင်မှာ ဆိုင်ကယ်အပ်ရင်း တည်းခို
ခန်းကို စောင့်ကြည့်နေလိုက်သည်။

   မကြာခင် တည်းခိုခန်းရှေ့ ကားပါကင်သို့ ကားလေး
တစ်စီး ဝင်လာသည်။ လောပန်အိမ်က cctv မှတ်တမ်း
ထဲတွင် တွေ့ရသည့်ကားလေးဖြစ်၏။ ကားပေါ်မှ မင်း
ဇော်နှင့် မိန်းမချောလေး တစ်ယောက်ဆင်းလာသည်။
ထို့နောက် တည်းခိုခန်းထဲ ဝင်သွား၏။

   သိပ်မကြာမှီ မင်းဇော်မပါပဲ မိန်းကလေးတစ်ယောက်ထဲ
တည်းခိုခန်းရှေ့သို့ ထွက်လာ၏။ ထိုမိန်းကလေးသည်
မေဇွန်ဆိုတာဖြစ်မည်။  မေဇွန်သည် တည်းခိုခန်းရှေ့မှ
အသင့်တွေ့ရသည့် ဆိုင်ကယ်ကယ်ရီငှါးကာ ထွက်သွား၏။

     အားဖန် အဓိကသားကောင်ပဲ မဲတင်းတော့မည်ဟု
စဉ်းစားလိုက်သည်။ ထို့ကြောင့် တည်းခိုခန်းထဲဝင်လာ
လိုက်ပြီး..ကောင်တာကို ကြည့်လိုက်သည်။ ကောင်တာ
မှ တည်ခိုခန်းစာရေးက သူ့ကိုမမြင် Tv ကလာနေသော
ဘောလုံးပွဲသာ ငေးနေ၏။ အားဖန် အတည်ပေါက်ဖြင့်
တည်းခိုခန်းအပေါ်ထပ်သို့ တက်လာသည်။

  ပထမဆုံး တွေ့သည့် အခန်းတံခါးကို ခေါက်လိုက်သည်။
အတွင်းမှ ခေါင်းဖြူဖြူ ဘိုးတော်ကြီးတစ်ယောက် ဘိုသီ
ဘတ်သီနဲ့ ခေါင်းထွက်ကြည့်သည်။ အားဖန်က sorry ဟု
ပြောကာ တံခါးပြန်ပိတ်ပေးလိုက်သည်။

  ဒီအတိုင်းတံခါးလိုက်ခေါက်နေရင် ပြသနာဖြစ်နိုင်သည်။
အားဖန်..တွေးလိုက်သည်။ ငါသာဆို ဘယ်လိုအခန်းမျိုး
ယူပြီး တည်းခိုမလဲ။ ကိုယ်က ဒုစရိုက်သမားဆိုတော့
အချိန်မရွေး အန္တရာယ်ကျရောက်နိုင်သည်။ ထိုအခါ
ပြေးလို့လွယ်မည့် အခန်းမျိုး ရွေးချယ်ရမည်ဖြစ်၏။

အားဖန် အခန်းများအနေထားကြည့်လိုက်တော့ ထွက်
ပြေးရလွယ်သည့်အခန်းမှာ ညာဘက်အစွန်ဆုံးအခန်း
ဖြစ်နေသည်။ သေချာပြီ ထိုအခန်းမှာ မင်းဇော် ရှိနေမည်။
ခါးကြားမှာဖွက်ယူလာသည့် ဓားကို ထုတ်လိုက်သည်။
ပြီးတော့ အားဖန် ထိုအခန်းတံခါးကို ခေါက်လိုက်၏။
အခန်းထဲမှ လှုပ်ရှားသံကြားလိုက်ရပြီး အခန်းတံခါး
လာဖွင့်ပေးရန် ဘယ်သူလဲဟု အသံပြုသည်။ အားဖန်က
ကျနော် တည်ခိုခန်းစာရေးပါဟု အသံပြန်ပေးလိုက်၏။

  အခန်းတံခါး ပွင့်လာ၏။ ပွင့်လာသည့် တံခါးမှ အားဖန်
ရုတ်တရက်ဝင်ပြီး မင်းဇော်၏ ပုခုန်းကို ဓားဖြင့်ထိုးလိုက်
သည်။ မင်းဇော် ရုတ်တရက်ကြီးမို့ ရှောင်တိမ်းချိန်မရ။
ဓားသွားက ပုခုန်းထဲနစ်ဝင်ကာ မင်းဇော်လဲကျသွား၏။
အားဖန်က တံခါးကိုပြန်ပိတ်လိုက်ပြီး လဲကျနေသည့်
မင်းဇော်အပေါ် ဒူးဖြင့်ဖိထားရင်း...ဓားဖြင့်ထောက်ကာ

" စိန်တွေ ဘယ်မှာလဲ၊ မင်းကောင်မ ဘယ်မှာနေတာလဲ
အပိုတွေ မဖြေနဲ့ ..ကြားလား ဟေ့ကောင် "

" အား အား ငါ့ကို မသတ်ပါနဲ့၊ စိန်တွေက ကျောပိုး
အိပ်ထဲမှာ..မေဇွန်က ..×× ရပ်ကွက်ထဲက
ဒေါ်အေးဝင်းအဆောင် လှေခါးရင်းက အခန်းမှာ..
အ..အား.."

အားဖန် သူလိုချင်သည့် အဖြေရပြီမို့ မင်းဇော်၏
ပါးစပ်လက်နဲ့ဖိထားပြီး ဓားဖြင့် ၃ချက်ထပ်ထိုးလိုက်သည်။
မင်းဇော်ငြိမ်သက်သွား၏။ ပြီးတော့ မင်းဇော်ကျောပိုး
အိပ်ထဲက စိန်တွေကို ထုတ်ယူလိုက်သည်။ ထို့နောက်
တည်းခိုခန်းမှ အတည်ပေါက်ပြန်ထွက်ကာ ဆိုင်ကယ်
ရပ်ထားသည့် ကွမ်းယာဆိုင်တွင် ဆေးလိပ် မီးညှိသောက်
နေသေး၏။ ပြီးတော့မှ ထိုနေရာမှ ထွက်လာခဲ့သည်။

လမ်းခုလတ်တနေရာ အမှောင်ခပ်ကျကျနေရာတွင်
အားဖန် ဆိုင်ကယ်ကိုရပ်လိုက်ပြီး..လောပန်ဆီ ဖုန်းဆက်
လိုက်သည်။မင်းဇော်ကို ရှင်းပြီးကြောင်းနှင့် စိန်ထုပ်ရပြီ
လို့ ဆက်လိုက်၏။လောပန် ထံမှ ညွှန်ကြားချက် အသစ်ဝင်လာ၏။

ရထားတဲ့ပစ္စည်းကိုအရင်လာပေးရန်ဖြစ်သည်။
ထို့ကြောင့် ပစ္စည်းထုပ်ကို လောပန်ဆီအရင်သွားပေးလိုက်
သည်။ စိန်ထုပ်ကို လောပန်အား ပေးပြီး မေဇွန်အား
နုတ်ပိတ်ရန် အားဖန် ထွက်လာခဲ့သည်။ သူ့အတွက်
တာဝန်တစ်ခု ပိုလာ၏။ မင်းဇော်ထံမှ စိန်ထုပ်ကို
လောပန် စစ်ကြည့်တော့ စိန်အချို့လျော့နေသည်တဲ့။
ဒါဆိုရင်တော့ လျော့နေသည့်စိန်များမှာ မေဇွန့်ထံတွင်
သေချာပေါက် ရှိနေမည်ဟု တွက်ဆလိုက်သည်။

အားဖန် အချိန်ကစောနေသေးသဖြင့် အဆောင်ကို ဝင်၍မ
ရသေးချေ။ အဆောင်ဟုခေါ်သော ထို နှစ်ထပ်တိုက်တန်း
ကြီးမှာ လမ်းသွယ်လေးနံဘေးတွင်ရှိ၏။ ရပ်ကွက်ဖြစ်၍
လူအသွားအလာမပြတ်၊ ဒီအချိန် ဝင်လိုက်ရင် သူ့အ
တွက် အန္တရာယ်ရှိနိုင်သည်။ ထို့ကြောင့် အဝင်အထွက်
လမ်းကို ကြည့်ရှု့လေ့လာပြီး ညကျမှဝင်ရန်ဆုံးဖြတ်လိုက်
သည်။ အားဖန် ထိုအဆောင်ရှေ့မှ ဆိုင်ကယ်ကို ကွေ့
ကာ လူရှင်းသည့်လ္ဘက်ရည်တစ်ဆိုင်သို့ ထွက်လာခဲ့သည်။

ထိုလ္ဘက်ရည်ဆိုင်လေးမှာ လူကျဲပါး၏။ အားဖန် လ္ဘက်ရည်
တစ်ခွက် မှာသောက်လိုက်သည်။ ပြီးတော့ သူသိပ်ကြိုက်
သည့် ရှမ်းမလေး ဆေးပေါ့လိပ်ကို ထုတ်ဖွာလိုက်သည်။
အားဖန် ထိုဆေးပေါ့လိပ်ကို သာ စွဲမြဲစွာသောက်သည်။
ရှမ်းမလေး ဆေးပေါ့လိပ်ကို မပြတ်အောင် အစည်းလိုက်
မှာသောက်ခြင်းဖြစ်သည်။ အားဖန်၏ အကျင့်က ဆေးပေါ့
လိပ် မီးသေသည့်အခါ ညာဘက်ပါးစောင်တွင် ကိုက်ထား
တတ်လေ၏။

   လ္ဘက်ရည်ဆိုင်ပိတ်ခါနီးတွင် အားဖန် ဆိုင်ကယ်ဖြင့်
ထိုဆိုင်မှ ထွက်ကာ အနည်းငယ်စောနေသေးသဖြင့်
ဆိုင်ကယ်ကို လျှောက်စီးနေသေးသည်။ည ၁၁နာရီကျော်
လောက်မှ မေဇွန်ရှိရာ အဆောင်သို့ ဝင်ရောက်ခဲ့သည်။
အားဖန်အတွက်..အားနွဲ့သော မေဇွန်ကို အလွယ်တကူ
ရှင်းပစ်နိုင်ခဲ့သည်။

မေဇွန့်ကို အပြတ်ရှင်းနိုင်သော်လည်း မေဇွန့်ထံပါသွား
သည့် စိန်ပွင့်အချို့ကို ရှာမတွေ့ပဲ ပြန်ထွက်လာခဲ့ရသည်။
မေဇွန်၏ အခန်းဖေါ် မာရီယာရောက်လာလျှင် ပြသနာ
တက်နိုင်သည့်မို့ သူပြန်ထွက်လာခဲ့ခြင်းဖြစ်သည်။

🕦🕦🕦🕦🕦🕦🕦🕦🕦🕦🕦🕦🕦🕦🕦🕦🕦

ရဲအုပ် ဘခက်  နှင့် စိန်လှ  ဒေါ်အေးဝင်း၏အဆောင်
ရောက်လာသည်။ မေဇွန်တို့အခန်းထဲကို ဝင်၍လေ့လာ
၏။ မနေ့ညက ဤအခန်းထဲတွင် တစ္ဆေခြောက်သည်ဟု
ဒေါ်အေးဝင်း ပြောထား၍ ဘခက် အခန်းကို စေ့စေ့စပ်စပ်.
လေ့လာနေ၏။

    အခန်းထဲက အဝတ်အစားများထားသည့် သေတ္တာပွင့်
နေ၏။ တခန်းလုံးကို ပိုက်စိပ်တိုက်ရှာဖွေထားပုံပေါ်၏။
ပစ္စည်းအချို့ ပြုတ်ကျခြင်း အိပ်ယာမွေ့ယာခင်း အနေအ
ထား ပျက်ယွင်းနေခြင်း တို့ကိုတွေ့ရသည်။

     ဘခက်မျက်လုံးက ဧည့်ခန်းထဲမှ နှစ်ထပ်သစ်သား
ဘီဒိုကြီး၏တဖက်စွန်းကို ရောက်သွားသည်။ ဘခက်
ထိုဘီဒိုကြီး အစွန်းတွင် မတ်တတ်ရပ်လိုက်၏။ပြီးတော့
ခေါင်းပြူထွက်ကာ အခန်း၏အပြင်ဘက်ထွက်ပေါက်ကို
ခိုးကြည့်လိုက်သည်။ အခန်းပေါက်မှ ကြည့်လျှင် ဤဘီဒို
အစွန်းတစ်ဘက်ကို ကွယ်ရပ်နေပါက လုံးဝမြင်တွေ့ရ
မည်မဟုတ်ပါ။ ဘခက် ဘီဒိုအစွန်းမှာ ကွယ်ရပ်နေရင်း
ကြမ်းပြင်ပေါ်သို့ ကြည့်လိုက်၏။

   သူ၏ခြေထောက်အောက်တွင် ဆေးပေါ့လိပ်အတိုတစ်ခု
ကို တွေ့၍ ကောက်ယူကြည့်လိုက်သည်။ ရှမ်းမလေးတံ
ဆိပ် ဆေးပေါ့လိပ်အတိုဖြစ်နေ၏။ ဘခက် ပြုံးလိုက်သည်။
အိပ်ထဲ ထည့်ယူလာသည့် လ္ဘက်ရည်ဆိုင်မှ ဆေးပေါ့လိပ်
တိုနှင့် ယှဉ်ကြည့်လိုက်သည်။

    အစီခံတွင် ကိုက်ထားသည့် သွားကိုက်ရာတူညီနေ၏။

သေစမ်း ဘခက် !  ဘခက် ဒေါသထွက်သွား၏။
တရားခံကို ပက်ပင်းကြီးတွေ့လျက်နှင့် အလွတ်ပေးလိုက်ရ
သည့် မိမိ၏ညံ့ဖျင်းမှုကို ဘခက် ဒေါသထွက်နေလေ၏။

ထိုစဉ် အခန်းထဲသို့ အဆောင်ပိုင်ရှင် ဒေါ်အေးဝင်း ဝင်
လာ၏။သရဲခြောက်သည်ဟု လာတိုင်သည့်ဒေါ်အေးဝင်း ကိုဘခက် က မေးလိုက်သည် ....

" အန်တီတို့ မနေ့ညက ဒီအခန်းထဲက အသံကြားရတယ်
ဆိုတော့ လာကြည့်တယ်နော်..၊ အဲ့ဒါ အခန်းထဲထိ ဝင်
ကြည့်သေးလား အန်တီ "

အန်တီကြီးက ရှက်ရွံဟန်ဖြင့်...
" ဟင့်အင်း..ဗိုလ်ကြီး၊ အန်တီတို့သားအမိ အခန်းထဲထိ
မဝင်ရဲလို့ အခန်းတံခါးဝက လှမ်းကြည်ပြီး ကိုယ့်အခန်း
ကိုယ်ပြန်ခဲ့တာ "

   ဘခက် သူ့အတွေးမှန်သည်ဟု တွေးလိုက်၏။ လူသတ်
သမားသည် ဤ အခန်းသို့ နောက်တစ်ကြိမ် ပြန်လာသည်
မှာသေချာပြီ။ ဒါဆိုရင် ရှင်းနေပြီ။ သူလိုချင်တဲ့ ပစ္စည်းကို
ရှာမတွေ့သေး၍ ပြန်လာခြင်းဖြစ်မည်။

    လူသတ်သမားသည် မင်းဇော်ကို သတ်တုန်းက မင်း
ဇော်၏အိပ်ထဲမှ ပိုက်ဆံနှင့်မူးယစ်စိတ်ကြွဆေးအနည်းငယ်
ကိုတွေ့ရသော်လည်း ယူသွားခြင်းမရှိ။ ထို့ကြောင့် လူသတ်
သမားဟာ တန်ဘိုးကြီးပစ္စည်းတစ်ခုခုကို ရှာဖွေနေဟန်ရှိ
သည်။ ငွေနှင့်မူးယစ်ဆေးမဟုတ်ရင် ဘာဖြစ်မလဲ။
အဖိုးတန် ကျောက်မျက်ရတနာ တစ်ခုခုပဲ ဖြစ်မည်။

  ဘခက် သူ၏အတွေ့အကြုံရဆိုလျှင် လူသတ်သမား
သည် ထိုပစ္စည်းမရမချင်း နောက်ထပ် လူသတ်မှုများ
ကျူးလွန်နေလိမ့်မည်ဖြစ်သည်။ ပထမ မင်းဇော်ကို
သတ်၏။ ထို့နောက် မင်းဇော်နဲ့ပတ်သက်နေသော မေဇွန်
ထပ်၍ အသတ်ခံရပြန်သည်။ လူနှစ်ယောက်ကို ရက်စက်
စွာ သတ်ဖြတ်ခဲ့သော လူသတ်သမားသည် ၎င်းလိုချင်
သည့် ပစ္စည်း မရသေးသ၍ နောက်ထပ် လူဘယ်နှစ်
ယောက်ကို ထပ်သတ်နေဦးမလဲ..။

    သူလိုချင်သည့် ပစ္စည်းသည် မုချသေချာပေါက် ဤအ
ခန်းလေးထဲတွင်သာ ရှိမည်ဆိုပါက ..ဤအခန်းမှာ
နေထိုင်သူ နောက်ဆုံးတစ်ယောက်သာ ကျန်တော့၏။

ဟင် !  မာရီယာ...မာရီယာ..
ဘခက်..မာရီယာအတွက် စိုးရိမ်သွားသည်။လူသတ်သမား
က မာရီယာ့ကိုလည်း ဒုက္ခပေးနိုင်တာပဲ။ မာရီယာက
အခု လောလောဆယ် ဆေးရုံပေါ်မှာ သတိလစ်နေသည်။
မနက်ဖြန်ဆိုရင် မာရီယာ သူမ၏ ကိုယ်ခန္ဓာထဲ ပြန်ဝင်
မည်ဟု သူ့ကို ပြောထားသည်ပဲ။

ဘခက်..စခန်းတွင် ရှိမည့် ဒုရဲအုပ်ဝင်းနိုင်ထံ ဖုန်းဆက်
လိုက်သည်။ ဆေးရုံပေါ်ရှိ မာရီယာကို ရဲအစောင့်အရှောက်
ချပေးထားရန် နှင့် မည်သည့် လူစိမ်းမျှ မာရီယာ့အခန်းထဲ
ဝင်ခွင့်မပေးရန် အသေချာမှာလိုက်သည်။

  ဘခက် ဆေးရုံသို့ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။
အကြောင်းတစ်ခုခုကြောင့် မာရီယာ သူမ၏ ခန္ဓာကိုယ်ထဲ
စောပြီး ဝင်ရောက်ခဲ့လျှင် .မာရီယာ စကားပြောလာနိုင်ခဲ့
လျှင်..မေဇွန့်နောက်ကြောင်းသိထားသည့် မာရီယာကို
လည်း လူသတ်သမားက လာပြီး နုတ်ပိတ်နိုင်သည်
မဟုတ်ပါလား...။

   ဘခက် အဆောင်ပိုင်ရှင် ဒေါ်အေးဝင်းအား နုတ်ဆက်၍
ဆေးရုံသို့ ရဲတပ်သားစိန်လှနဲ့အတူ ထွက်လာခဲ့တော့သည်။
ဆေးရုံရောက်တော့ ဒုရဲအုပ်ဝင်းနိုင် ရောက်နှင့်နေပြီဖြစ်၏
ဘခက် တာဝန်ကျ ရဲတပ်သားအား ဂရုစိုက်ရန် မှာပြီး
ကုတင်ပေါ်တွင် မေ့မျောနေသည့် မာရီယာ မျက်နှာလေး
ကို ဂရုဏာသက်စွာ ငေးမောနေမိသည်။

ဒုရဲအုပ် ဝင်းနိုင်က တာဝန်ကျဆရာဝန်ထံမှ ပြန်လာပြီး
သူ့ဆရာ ဘခက်ကို...

" ဆရာ..ကားတိုက်ခံရတဲ့ မာရီယာ မနက် ၄နာရီလောက်
က သတိပြန်ရလာသေးတယ်တဲ့၊ ရေ..ရေ..လို့ပြောပြီး
ပြန် သတိလစ်သွားတယ်တဲ့ ဆရာ .."

" ဟင် !....."
ဘခက် အာမေဋိတ်သံသာထွက်လာနိုင်၏။

မာရီယာရေ..မင်းရဲ့ဝိညာဉ်လေး ဘယ်များ ရောက်နေလဲ
ကွယ် ။ အန္တရာယ်ကင်းရဲ့လား ဟုလည်း စိတ်ပူနေမိသည်။
တကယ်တော့..မာရီယာရဲ့ဝိညာဉ်လေးဟာ အသက်ပြန်
ဝင်တော့မည်မို့ ဘခက်တစ်ယောက် ထင်ရှားစွာ မမြင်ရ
တော့ခြင်း ဆက်သွယ်လို့ မရတော့ခြင်းဖြစ်၏။

        👣👣👣👣👣👣👣👣👣👣👣👣👣

  မာရီယာ  မနေ့ညက သူမ၏ အဆောင်အိပ်ခန်းထဲတွင်
တညလုံးနီးပါး ရှိနေခဲ့ပါသည်။ မေဇွန့် စိန်ပွင့်များဖွက်ထား
သည့် ခေါင်းအုံးလေးကို သူမ ကိုင်တွယ်လို့မရတော့ပါ။
သူမ စိတ်မချဖြစ်နေ၏။ ထို့ကြောင့် အခန်းထဲမှ မထွက်ပဲ
ခေါင်းအုံးလေးအနီး တဝဲလည်လည် ဖြစ်နေရှာသည်။

  ညသန်းခေါင်ကျော်တွင် မာရီယာတို့ အခန်းထဲကို
လူသတ်သမားအားဖန် နောက်တစ်ကြိမ်ရောက်လာသည်။
မာရီယာလူသတ်သမားအားဖန်ကိုမြင်တွေ့နေရသော်
လည်း ဘာမှ တုန့်ပြန်ရန် မစွမ်းသာချေ။

အားဖန်သည် အခန်းထဲက ပစ္စည်းများကို အကြိမ်ကြိမ်
မွှေနှောက်ရှာနေသည်။ သူလိုချင်သည့် ပစ္စည်းရှာမတွေ့
သည့်အခါ မေဇွန်နှင့်မာရီယာတို့၏ အိပ်ယာများကို လှန်
လှော် ရှာ၏။ မာရီယာ ခေါင်းအုံးလေးကို အားဖန်ယူ
ကြည့်မှာ စိုးရိမ်နေ၏။ ရင်တထိတ်ထိတ်နဲ့သာ စောင့်ကြည့်
နေမိသည်။ ထင်သည့် အတိုင်းပင် အားဖန်သည် ရေမြုပ်
ခေါင်းအုံးများကို အရင်ဦးဆုံး စ၍ စမ်းသပ်ရှာဖွေနေသည်။
ခေါင်းအုံးစွပ်များ ဖြုတ်၍ စမ်း၏။ ပထမတစ်လုံး..မတွေ့။
နောက် ခေါင်းအုံးတစ်လုံး ထပ်ရှာပြန်သည်။ မတွေ့ချေ။
ခေါင်းအုံးကြီးများ အကုန်ရှာပြီး သွားပြီ။

    အားဖန် ..ဝက်ဝံရုပ် ခေါင်းအုံးလေးဆီ မျက်လုံးရောက်
သွားသည်။ မာရီယာ သူမ၏ ရင်ဘတ်ကို ဖိထားလိုက်မိ
သည်။ မာရီယာ ရင်ခုန်လွန်း၍ မကြည့်ရဲတော့ပေ။
ထိုခေါင်းအုံးလေးကိုသာ စမ်းသပ်၍ ရှာပါက
အားဖန် စိန်ပွင့်များကို တွေ့တော့မည်ဖြစ်သည်။ အားဖန်
ဝက်ဝံရုပ်ခေါင်းအုံးလေးကို လှမ်းယူလိုက်သည်။ထိုအချိန်
တွင် အခန်း၏ အပြင်ဘက်မှ...

" အခန်းထဲမှာ ဘယ်သူရှိနေလဲ...ဘယ်သူလဲ "

  အားဖန် တခန်းလုံးကို တဂျောက်ဂျောက်နဲ့ မွှေနှောက်ရှာ
နေသည့်အသံကြောင့်ထင်သည်။ အဆောင်ရှင်ဒေါ်အေး
ဝင်းနှင့်သူ့သားဝိတ်ပေါကြီးတို့ အခန်းထဲမဝင်ပဲ အပေါက်ဝ
မှ လှမ်း၍ မေးနေခြင်းဖြစ်သည်။

  အားဖန် ထိုအသံကြောင့်  အခန်းဝက ဗီဒိုအစွန်းတွင်
ဖတ်ကနဲ့ လျှင်မြန်စွာ ပုန်းလိုက်သည်။ ပါးစပ်တွင် ကိုက်
ထားသည့် ဆေးပေါ့လိပ်တို အောက်သို့ ပြုတ်ကျသွား၏။
အားဖန် သူ၏ ဓားကို အရန်သင့်ကိုင်ထားလိုက်သည်။
အကယ်၍ ဒေါ်အေးဝင်းတို့ သားအမိဝင်လာပါက သူ
အပြတ်ရှင်းတော့မည် ဖြစ်သည်။

   သို့သော် ထိုသားအမိသည် သရဲကြောက်၍ ထင်၏။
အခန်းထဲ ဝင်မလာကြပါ။ အခန်းအပြင်မှသာ အသံပေး
နေခြင်းဖြစ်၏။ဒေါ်အေးဝင်းက..သူ့သားကို

" သားရေ..ရဲစခန်းကို ဖုန်းဆက်ရအောင်ကွယ်..
တဂျောက်ဂျောက်နဲ့ ဒီအခန်းကြီးက ..အသံတွေပေးနေ
တယ်..မေမေတော့ ကြောက်လာပြီ၊ လာ..လာ သား
အခန်းထဲက ဖုန်းနဲ့ ရဲစခန်းကို အကြောင်းကြားရအောင် "

  အားဖန် အပြင်ဘက်မှ အသံများကြောင့် အခြေအနေ
မကောင်းမှန်းသိ၍ ဒေါ်အေးဝင်းတို့လည်း ထွက်သွား
ရော..သူလည်း အခန်းထဲမှထွက်ခွာသွားလေ၏။

ဝက်ဝံရုပ် ခေါင်းအုံးလေးသည် အိပ်ယာပေါ်တွင် ကျန်နေ
ခဲ့၏။ ထိုအခါမှ မာရီယာလည်း ဟင်းကနဲ့ သက်ပြင်းချမိ
လေသည်။ မာရီယာ ထိုခေါင်းအုံးလေး ဆီ ပြေးသွားကာ
ထိတွေ့ကိုင်ယူကြည့်သည်။

ခေါင်းအုံးလေးဆီ သူမ၏လက်ရောက်သွားတိုင်း..
ဝှစ်..ဝှစ်..လေတိုးသံကြားရပြီး ခေါင်းအုံးလေးကို သူမ
ကိုင်တွယ်၍ မရပါ။ မာရီယာ အကြိမ်ကြိမ်ကြိုးစားကြည့်
လေသည်။ တကြိမ်မျှပင် ထိတွေ့ခြင်းမရှိ။

  မာရီယာ ခေါင်းအုံးလေးကို ကိုင်ရန်ကြိုးစားနေစဉ်..
မာရီယာ့ နားထဲသို့ အဝေးကြီးမှ လာသည့်အသံလို..
အသံခပ်တိမ်တိမ်လေး ကြားလိုက်ရသည်။

" ကောင်မလေး...၊ ဟေး...ကောင်မလေးရေ
မြန်မြန်ပြန်လာခဲ့ဟေ့...နင်  အချိန်သိပ်မကျန်တော့ဘူး.."

" ဟင် ..ဒါ..ဒါ ဆေးရုံပေါ်က အရိုးရင့် သရဲကြီးအသံပဲ
ငါ့ကို ပြန်ခေါ်နေပါလား..ဘာဖြစ်လို့ပါလိမ့်.."

အမှန်တော့ သူမခန္ဓာကိုယ်ထဲ သူမပြန်ဝင်ရတော့မည်ကို
မာရီယာ မသိခြင်းပင်။ အရိုးရင့်သရဲကြီးက ခန့်မှန်းခြေ
နဲ့ သုံးရက်လောက်ကြာမည်ပြောသော်လည်း မာရီယာ
သည်၂ရက်ခန့်နှင့်သတိပြန်လည်လာတော့မည်ဖြစ်သည်။

မာရီယာ မျက်လုံးများမှိတ်လိုက်သည်။ နောက်ဆုံး အကြိမ်
အနေနှင့် ခေါင်းအုံးလေးကို သူမကိုင်ကြည့်လိုက်သည်။

ဟင် !

အို...မာရီယာ ပျော်သွားသည်။ ခေါင်းအုံးလေး သူမလက်
ထဲပါလာသည်။ မာရီယာ အချိန်ဆွဲမနေတော့ ခေါင်းအုံး
လေးကို ယူ၍ ရေချိုခန်း အိမ်သာ ထဲဝင်သွားသည်။
ပြီးတော့ သူမ ကျေနပ်စွာ ပြန်ထွက်လာခဲ့သည်။ ခေါင်း
အုံးလေးကို သူမ စိတ်ချလုံခြုံသည့်နေရာတွင် ဖွက်ထား
နိုင်ခဲ့ပြီမဟုတ်လား.။

" ဟဲ့..မြန်ုမြန်လာတော့လို့...ဘာလုပ်နေတာလဲ ကောင်မလေးရဲ့.."

မာရီယာ..သူမ၏စိတ်ကို လျော့ချလိုက်သည်။ သူမသည်
လေထဲသို့ မျောပါသွား၏။ မကြာမှီ သူမ၏ ခန္ဓာကိုယ်
လှဲလျောင်းရာ ဆေးရုံပေါ်သို့ ရောက်လာပါ၏။ အရိုးရင့်
သရဲကြီးက တဖက်တည်းသော မျက်လုံးနှင့် မျက်စောင်း
ထိုးကြည့်ပြီး..သူမ ခန္ဓာကိုယ်ကို မေးဆတ်ပြ၏။

သဘောကတော့ မိမိခန္ဓာကိုယ်ကို မိမိပြန်ဝင်တော့
ဆိုသည့်သဘောပင်။ မာရီယာ သူမလက်ထဲက တရုတ်
လမုန့်တစ်ခုကို အရိုးရင့်သရဲကြီး လက်ထဲထည့်ပေးကာ
မျက်ရည်များဖြင့် နုတ်ဆက်လေ၏။

အရိုးရင့်သရဲကြီး က မာရီယာခေါင်းလေးကို သူ၏
အရိုးပဒေသာလက်ဖြင့် ပွတ်သပ်ပေးရင်း  သွားတော့
သမီး ဟု နုတ်ဆက်ရှာ၏။ မာရီယာ ခေါင်းငြိမ့်ပြလိုက်သည်

  မာရီယာ သူမ၏ ခန္ဓာကိုယ်ထဲ ဝင်၍ လှဲလျောင်းလိုက်
သည်။ မာရီယာ့ ခန္ဓာကိုယ်သည် အေးစိမ့်နေရာမှ
တဖြေးဖြေး နွေးလာသလို ခံစားရပြီး  တိမ်တိုက်တွေလို
မျောလွင့်သွားပြန်သည်။ ထို့နောက်တွင်တော့...

( ဆက်ရန် )

နပီ 😀😀


သေရွာပြန် မာရီယာ ( အပိုင်း- ၈ )
=======================
ရေး....ပီပီ

   ရဲအုပ်ဘခက် ဆေးရုံမှ စခန်းသို့ ပြန်အရောက်တွင်
တပည့်ကျော် ဒုရဲအုပ်ဝင်းနိုင်ကို သူ့အခန်းသို့ ခေါ်လာ
ခဲ့သည်။ လူသတ်မှု နှစ်မှုအတွက် ဆွေးနွေးတိုင်ပင်ရန်
ဖြစ်လေသည်။

" ကဲ..ဝင်းနိုင်ရေ မင်းဘက်က ဘာထူးလဲဟေ့ "

" ဆရာသမားပြောသလိုပဲ ကျနော် မေဇွန့်တို့ အဆောင်အ
ဝင်လမ်းထိပ်က ကွမ်းယာဆိုင်မှာ နယ်ထိမ်းတပ်သား
တစ်ယောက်ကို အရပ်ဝတ်နဲ့ ချထားတော့ yamaha
Dt 125 ဖြူနီ ဆိုင်ကယ်တစ်စီးနဲ့လူကို မသင်္ကာဖွယ်ရာ
တွေ့ရတယ်လို့ သတင်းပို့ထားတယ် ဆရာ "

" ဘယ်လို မသင်္ကာဖွယ်ရာလည်း ဝင်းနိုင် "

" အဲ့ဒီဆိုင်ကယ်နဲ့လူက အဆောင်ရှေ့ မကြာခဏ လာ
ကြည့်တယ်တဲ့ ဆရာ၊ ပြီးတော့ အသတ်ခံရတဲ့ မေဇွန်
နဲ့ အတူနေထိုင်တဲ့ မာရီယာ အကြောင်းလဲ စုံစမ်းနေ
တယ် ပြောတယ် ဆရာ ၊ ဆိုင်ကယ်ဟယ်လ်မက်ကြီး
ဆောင်းထားတော့ သူ့မျက်နှာမမြင်ရဘူးပြောတယ်၊
ပြီးတော့ အဲ့ဒီလူက အင်္ကျီလက်ရှည် အမြဲဝတ်ထား
တယ်တဲ့ ဆရာ .."

" ဟုတ်ပြီ..ဝင်းနိုင်၊ အဲ့ဒီကောင်က လူသတ်သမား
အားဖန်ဆိုတဲ့ကောင်ပဲ ၊ အဲ့ဒီတော့ မင်း နယ်ထိမ်းအဖွဲ့
ကို သေချာမှာထားကွာ ၊ တစ်ယောက်ထဲဆိုပြီး မပေါ့နဲ့လို့
ဒီကောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်ဟောင်း၊
တိုက်ခိုက်ရေးကျွမ်းကျင်အဆင့်၊ တွေ့တာနဲ့ ဖမ်းလို့၊
ငါ..စခန်းမှုးဆီက ဖမ်းမိန့်တောင်းထားပြီးပြီ၊ လိုအပ်ရင်
ခြေလက်တို့ကိုပစ်ဖမ်းကွာ ၊ ငါတာဝန်ယူတယ်.."

" ဟုတ်ကဲ့ ဆရာသမား ..အဲ့ဒါဆို ကျနော်တို့ ဒီညပဲ
ဒီကောင်ကို ရအောင်ဖမ်းရမယ်ပေါ့ဆရာ ၊အဲ့ဒီလိုလား "

" အေး ..ဝင်းနိုင်၊ ဒီည ဒီကောင် မေဇွန့်တို့ အခန်း ထပ်
ဝင်လိမ့်မယ်ထင်တာပဲ..၊ ဝင်လမ်း ထွက်လမ်း ကို
နှစ်ဖွဲ့ခွဲ ပိတ်မယ်၊ မင်း..နယ်ထိမ်းခေါင်းဆောင်ကို
ဒီည..မစ်ရှင်ရှိတယ်လို့ ပြောထား ၊ ကျန်တာ ငါစီစဉ်မယ် "

" အဲ့ဒီလမ်းကို တာဝန်ကျတဲ့ Epc လျှပ်စစ်တာဝန်ခံ
ငါတွေ့ချင်တယ် ၊ မင်း စီစဉ်ပေးထား ဝင်းနိုင် ..
ငါလိုချင်တာက ည၉နာရီမှာ အဲ့ဒီအဆောင် အနီး
တဝိုက် အမှောင်ချထားပေးဖို့ ၊ ပြီးရင် ငါတို့ ပစ်မှတ်
ကိုတွေ့ရင် မီးကိုပြန်လင်းချင်တယ်ကွာ၊ သဘောပေါက်
လား ဝင်းနိုင်. အဲ့ဒီလိုင်းတာဝန်ခံကို အကူညီတောင်း
ကြည့်ကွာ.."

" ဟုတ်ကဲ့ ဆရာသမား၊ ဒါဆိုရင် ကျနော် အဲ့ဒီလမ်းဘက်
ပြေးလိုက်အုံးမယ် ဆရာ.."

" အိုခေ ဆက်လုပ် ဝင်းနိုင် .."

ဝင်းနိုင် ထွက်သွားပြီး ဘခက် ရေချိုးလိုက်သည်။ ပြီး
တော့ သူ စခန်းဘက်သို့ ထွက်လာပြီး သူနဲ့အတူ
တရားခံမည့် တပ်ဖွဲ့ဝင်များကို အစီအစဉ်များကို
အသေချာ ရှင်းပြ၏။ အားလုံး ရှင်းပြပြီးတော့ ရဲအုပ်
ဘခက်က..

" မင်းတို့ စက်တွေအကုန် လိုင်း ဝမ်းအိုတူး ချိန်းထားမယ်
ဝင်းနိုင်..ဝေါ်ကီတော်ကီ အပိုတစ်လုံးယူခဲ့ ၊ 102 ချိန်ပြီး
ရင် Epc က လျှပ်စစ်တာဝန်ခံကို ပေးထားလိုက်၊
စကားဝှက်..ပြောပြထား..အသေချာလုပ်၊ ကဲ မရှင်းတာ
မေး..၊ မရှိရင် ထွက်မယ် "

" မရှိပါဘူး..ဗိုလ်ကြီး .."

ညဥ့် ၈နာရီခွဲခန့်တွင် ရဲအုပ်ဘခက်နဲ့ အဖွဲ့သည် မြို့သစ်
ထဲရှိ မေဇွန်တို့အဆောင်သို့ထွက်လာခဲ့ကြသည်။

  ထိုအချိန်တွင် အားဖန်လည်း ဒေါသ အရမ်းဖြစ်နေ၏။
အားဖန်တို့ အလုပ်က တာဝန်အကုန်ကျေမှ ကျန်ငွေကို
ရှင်းပေးရစမြဲလေ။ လောပန် အပ်ထားသည့်အလုပ်က
သူ့စိန်ထုပ် အကုန်ပြန်ရရန်နှင့် သူ့အပေါ်ဖျံကျသူ၂ဦးကို
ရှင်းပေးရန်ဖြစ်၏။

     အခု အားဖန်က လူ၂ယောက်ကို ရှင်းပေးပြီပေမယ့်
လောပန် ဝေကျိုးဖန်၏ စိန်တွေ အကုန်ပြန်မရသေးပေ။
ကျန်ငွေက သိန်း၂၅၀ကျပ်မို့ အားဖန် အကြပ်ရိုက်နေ၏။
အားဖန်က ဒီတစ်ချီ လုပ်ငန်းအောင်မြင်လျှင် တရုတ်ပြည်
(or)ထိုင်းနိုင်ငံ သို့ အပြီးထွက်သွားတော့မည်စိတ်ကူးထား
ခြင်းဖြစ်သည်။

     မင်းဇော်...မေဇွန့်ကို သိန်း၂၀၀ဟုခန့်မှန်းပြီး ခွဲဝေပေး
လိုက်တဲ့ စိန်တွေရဲ့တန်ဖိုးက အမှန်တကယ်ဆိုလျှင်
ထိုမျှမကချေ။ လောပန်ဝေကျိုးဖန် ပြောစကားအရဆို
ထိုကျန်ရှိနေသည့် စိန်တွေရဲ့တန်ဖိုးက သိန်း၇၀၀ကျော်
မည်တဲ့လေ။ ထို့ကြောင့် ဝေကျိုးဖန်ကလည်း အားဖန်ကို
အတင်းဖိအား ပေးနေပြီဖြစ်သည်။

      ခက်သည်က မေဇွန့်အခန်းကို ညဥ့်သန်းခေါင်မှ ဝင်ရ
ခြင်း ၊ အိမ်ရှင်များ နိုးလာလာမည် ကြောက်နေရခြင်း
ကြောင့် အားဖန် စိတ်ရှိလက်ရှိ မရှာဖွေနိုင်ပေ။

  အားဖန် ဒီညတော့ အပြီးသတ်ရှာဖွေရန် စိတ်ကူးလိုက်
သည်။ အကယ်၍ ဒီည ရှာလို့မတွေ့ရင် သူစုံစမ်းထား
သော မာရီယာ ဆေးရုံကအဆင်းစောင့်ရတော့မည်။

အားဖန် စုံစမ်းသိသလောက်တော့ မေဇွန် မသေခင် ညနေ
က မာရီယာနဲ့ အတူရှိနေသည်တဲ့။ ဒါဆိုရင် ထိုစိန်ထုပ်
နဲ့ပတ်သက်သော သတင်းတစုံတရာ မာရီယာ သိနေနိုင်
သည်ဟု အားဖန် ကောက်ချက်ချလိုက်သည်။

   အားဖန်  ထိုအဆောင်ရှိရာသို့ ည၁၀နာရီခန့်တွင်
ရောက်လာခဲ့သည်။ အားဖန် ပျော်သွား၏။ ဘာကြောင့်လဲ
ဆိုတော့ သူ့လို ညလူအတွက် ရေကန်အသင့် ကြာအသင့်
လျှပ်စစ်မီးပျက်နေသည်လေ။

      အားဖန် အဆောင်နဲ့အနီးဆုံးက အမှောင်ထဲတွင်
၎င်း၏ဆိုင်ကယ်ကို ခြုံပုတ်ကွယ်၍ ရပ်လိုက်သည်။
ထို့နောက် အားဖန် အမှောင်ထုကို အကာအကွယ်ပြုလျက်
မေဇွန်တို့ အဆောင်ကြီးဆီသို့ ချဉ်းကပ်လာသည်။

   အဆောင်အပေါ်ထပ်မတက်မှီ အခြေအနေကို လေ့လာ
လိုက်သည်။ အဆောင်နေသူများ တိတ်ဆိတ်ငြိမ်သက်
နေကြပြီ ဖြစ်၏။ မြေညီထပ် ထောင့်စွန်းအခန်း တစ်ခုသာ
ဘောလုံးပွဲကြည့်နေသံ ကြားနေရသည်။ ထိုအခန်းနဲ့
လှေကားက ဝေး၍ အားဖန် စိတ်ပူစရာမရှိ။

   အားဖန် အပေါ်ထပ် တက်သည့်လှေကားသို့ ချည်းကပ်
လိုက်ပြီး လူရိပ်လူယောင်ရှင်းနေသည့်မို့ အပေါ်ထပ်သို့
တက်လာခဲ့သည်။ အားဖန် အခန်းတံခါးကို အသာယာ
တွန်းဖွင့်၍ ဝင်လိုက်သည်။ အခန်းအတွင်းမှာ မှောင်နေ၏။
မီးပျက်နေသည်မှာ သူ့အတွက် ပို၍ အဆင်ပြေသည်။

   အားဖန် အခန်းထဲ အရောက်တွင် သူ့နှာခေါင်းထဲ
အန္တရာယ်အနံ့သက်တစ်ခု ရသလိုပင်။ မသိစိတ်က
သူ့ကို အချက်ပေးခေါင်းလောင်းတီးလိုက်သလိုမို့..
အားဖန် အခန်းထဲမှ အပြင် ပြန်ထွက်ရန် လှည့်လိုက်သည်။

   ထိုစဉ် လျှပ်စစ်မီးများလင်းလာသည်။ အားဖန် နောက်
ကျသွားလေပြီ။ အခန်းပေါက်တွင် ရဲအုပ်ဘခက် ပိတ်ကာ
ရပ်နေ၏။ အားဖန် အိပ်ခန်းထဲမှ ပြူတင်းပေါက်ကို သတိရ
၍ အိပ်ခန်းသို့ ဝင်ပြေးရန် ကြိုးစားသည်။ သို့သော် အိပ်ခန်း
ထဲမှ သေနတ်ဖြင့် အသင့်ထွက်ကြိုနေသော ဒုရဲအုပ်ဝင်း
နိုင် နှင့် အဖွဲ့ကို တွေ့လိုက်ရ၏။

   အားဖန် ထွက်ပေါက်အားလုံး ပိတ်သွားပြီဟု သိလိုက်ရ
ပြီ။ အဲ့ဒီတော့ သေမထူးနေမထူး သူ့အတွက် ဘခက်တစ်
ယောက်ထဲရှိရာ အပေါက်ကို ရွေးချယ်လိုက်သည်။

ကျား!

အားဖန် ဘခက်ကို ခြေဖြင့် ပြေးကန်သည်။ ဘခက် ဝင်
လာသည့် အားဖန်၏ခြေကို လက်ဖျံဖြင့် ကာရိုက်လိုက်၏
အားဖန် ထံမှ တံတောင်ရိုက်ချက် ထပ်ဝင်လာသည်။

ဖျောင်း ..ဖောက်...ဝုန်း !

    ဝင်လာတဲ့ တံတောင်ကို ဘခက်အသာတိမ်း၍ အားဖန်
၏ မျက်နှာကို ဖြောင့်လက်သီး တစ်လုံး ပစ်သွင်းလိုက်
သည်။ အားဖန် ဘခက်၏ လက်သီးကို ရှောင်နိုင်
သော်လည်း လူက ယိမ်းသွား၏။ ထိုသို့ အယိမ်းတွင်
ဘခက်က. ဒူးဖြင့် ဝင်တိုက်လိုက်ခြင်း ဖြစ်သည်။

   အားဖန် ထိုဒူးတိုက်ချက်ကြောင့် နံဘေးရှိ ထိုင်ခုံပေါ်
လဲပြိုပြီး ခုံကျိုးသွားသည်။  လဲကျနေသော အားဖန်
ခါးကြားမှ ဓားကို ဆွဲထုတ်လိုက်သည်။

   အားဖန် ဓားကို ထုတ်သည်ကို ဒုရဲအုပ်ဝင်းနိုင်က
သေနတ်ထုတ်သည် အမှတ်နှင့် သူ့ဆရာဘခက်ကို
ကာကွယ်ရန် အားဖန်၏ လက်ကို သေနတ်ဖြင့် အလျှင်
အမြန် ပစ်ချလိုက်သည်။ ဘခက်က လိုအပ်ပါက ပစ်
ဖမ်းနိုင်သည်ဟု ဆိုထားခဲ့သည်မဟုတ်လား။

" ဟေ့ကောင်..မလုပ်နဲ့ .."

" ဒိုင်း ..."

" အား ....ချလွမ် "

သင်တန်းမှာ သေနတ်ပစ် ပထမရထားသည့် ဒုရဲအုပ်
ဝင်းနိုင် လက်ဖြောင့်ပါ၏။ အားဖန်၏ ဓားကိုင်လက်ကို
တည့်မတ်စွာ ပစ်နိုင်ခဲ့သည်။ကျည်ဆံက အားဖန်၏ လက်မောင်းကို ချိုးပစ်လိုက်သည်။

  သေနတ်ဒဏ်ရာကြောင့် ငြီးငြူနေသည့် အားဖန်ကို
ရဲအုပ်ဘခက် လက်ထိပ်ခတ်လိုက်သည်။ ဒဏ်ရာကို
အနီးရှိ အဝတ်ဖြင့်စည်းပေးလိုက်၏။ ဘခက် ဒုရဲအုပ်
ဝင်းနိုင်အား လက်မ ထောင်ပြလိုက်ပြီး

" ကဲ..ဝင်းနိုင်ရေ ၊ ဒီကောင့်ကို ဆေးရုံပို့ဟေ့
သွေးထွက်လွန်သွားဦးမယ် ၊ လုံးဝအလွတ်မပေးနဲ့
ပြေးဖို့လုပ်ရင် ခြေထောက်သာ ပစ်ချိုးလိုက်.."

" ဟုတ်ကဲ့..ဆရာသမား ၊ စိတ်ချ..ကျနော့်အကြောင်း
ကောင်းကောင်းပြလိုက်မယ်.."

    ဒုရဲအုပ် ဝင်းနိုင်နှင့်အဖွဲ့ အားဖန်အား တွဲခေါ်ကာ
ရဲကားဖြင့် ပြည်သူ့ဆေးရုံကြီးသို့ အလျှင်အမြန် ထွက်
ခွာသွားကြသည်။

   ဘခက်ထံ လမ်းပိတ်ဆို့ရေးတာဝန်ယူထားသည့် နယ်
ထိမ်းအဖွဲ့ခေါင်းဆောင်မှ သတင်းပို့လာသည်။ သက်သေခံ
ဆိုင်ကယ်ကို ဘာဆက်လုပ်ရမလဲပေါ့။ ဘခက်က စခန်းသို့
ယူသွားရန် ညွှန်ကြားလိုက်သည်။

  ဟူးးး  ဘခက် အခုမှ သက်ပြင်းချနိုင်သည်။ လူသတ်တ
ရားခံကိုတော့ အခင်းဖြစ်ပြီး ၃ရက်အတွင်း ရအောင်
ဖမ်းပေးနိုင်ခဲ့ပြီ။ သို့သော် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
သည့်အတွက် သူပဲတာဝန်ခံကာ အစီရင်ခံရလိမ့်ဦးမည်။

  🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫🔫

ဘခက် ဒီနေ့မနက် အိပ်ယာထ နောက်ကျနေ၏။ မနေ့ည
က တရားခံပြီး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်
ရခြင်း၊ အထက်အဖွဲ့အသီးသီးသို့ အစီရင်ခံနေရခြင်းတို့
ကြောင့် မနက်၃နာရီကျော်မှ အိပ်စက်ရလေသည်။

ယ္ခုလည်း နံနက်စောစော စခန်းမှ ရဲတပ်သားတစ်ဦး
သတင်းပို့လာပြန်သည်။ အရေးကြီး၍ စခန်းသို့ အမြန်လာ
ပါရန် စခန်းမှုးက ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။

ဘခက် ..စခန်းမှုးရုံးခန်းသို့ ဝင်၍ အလေးပြုနုတ်ဆက်
လိုက်သည်။ စခန်းမှုးက ထိုင်ပါဟု ပြောသဖြင့် ဘခက်
စခန်းမှုး စားပွဲတွင် ဝင်ထိုင်လိုက်၏။

" ထိုင်အုံး..ညီလေးရေ ၊ ငါတို့တော့ မနေ့ညကဖမ်းထားတဲ့
လူသတ်တရားခံက ပြသနာရှာပြီကွာ..ဟူး "

စခန်းမှုးက သူ၏ပြောင်နေတဲ့ နဖူးကို ပွတ်သပ်လိုက်ရင်း
စကားစ၏။ ဘခက် နားမလည်စွာဖြင့်..

" အားဖန်က ဘာလုပ်လို့လဲ၊ ထွက်ပြေးတာလား စခန်းမှုး "

" ပြောပြမယ် ကိုယ့်ညီရေ၊ ဒီလို..ဒီလိုဟေ့ "

     အားဖန်ကို လက်မောင်းမှ ကျည်ဆန် ခွဲထုတ်ပေးပြီး
ဆေးကုသပေးကာ ဆေးရုံကုတင်က သံတိုင်တွင် လက်
ထိတ်ခတ်၍ ညက ရဲတပ်သားအစောင့်ဖြင့်ထားခဲ့သည်။

   အားဖန်က မနက်၎နာရီလောက်တွင် သတိပြန်ရလာ၏။
သူသတိရလာသည်ကို အစောင့်ချထားသည့် ရဲတပ်သား
က မသိချေ။ အားဖန်၏ အခန်းကို အပြင်က သော့ခတ်ကာ
အိပ်ငိုက်နေ၏။ အားဖန်လို လူမိုက်အတွက် ပြေးလမ်းမရှိ
သည့် အနေအထားမျိုးတွင် စိတ်ဓာတ်အကြီးအကျယ်ကျ
လိမ့်မည်။ ထို့ကြောင့် အားဖန်က လက်ထိတ်ကို ရအောင်
ဖြုတ်၏။  ပြီးတော့ အားဖန်လိုကောင်က ကိုယ်ကလုပ်ရ
လျှင်သာ ရက်စက်တတ်သည်။ ကိုယ့်ကို အခုလို ဖမ်းပြီး
ရိုက်နှက်စစ်မေးကြမည်ဆိုခြင်းကို ခံနိုင်ရည်ရှိမည်မဟုတ်။
ပြီးတော့ လောပန် ဝေကျိုးဖန် က လည်း ဒီအတိုင်းကြည့်
နေမည်မဟုတ်ချေ။ သူ့အား တနည်းမဟုတ် တနည်း
လုပ်ကြံသတ်ဖြတ်မည်ဖြစ်သည်။ အားဖန် အခြေအနေ
အရပ်ရပ်ကို သုံးသပ်ကာ စိတ်ဓာတ်အကြီးကျယ်ကျပြီး
ဆေးရုံမျက်နှာကျက်က ပန်ကာကို မော့ကြည့်လိုက်သည်။
ပြီးတော့ အားဖန် ဆေးရုံသုံးစောင်ပါးလေးကို ဖြဲ၍ ကြိုး
အဖြစ် ဖန်တီးကာ ပန်ကာ တွင် ချည်လိုက်သည်။

  " ဒီမနက် မိုးလင်းတော့ အားဖန် ကြိုးဆွဲချ သေနေတာကို
သတင်းပို့လာတယ်ကွာ၊ အဲ့ဒီအစောင့်လည်း အခု အရေး
ယူထားတယ်.ကိုယ့်ညီရေ ၊ ငါတော့ ခေါင်းစားတယ်ဟေ့
မြို့နယ်မှုးကြီးကလည်း ခေါ်နေပြီ..ဟူး "

  ဘခက် စိတ်ထဲတွင်တော့ ဖြစ်လာသမျှ ဖြေရှင်းရုံသာ
တွေးလိုက်သည်။ဖမ်းမိ တရားခံ ထွက်ပြေးလွတ်မြောက်
ခြင်း သို့မဟုတ် သေကြောင်းကြံစည်ခြင်း တို့တွင် ဘခက်
တို့အဖွဲ့ အဆင့်ဆင့် ခုံဖွဲ့ အရေးယူခံရမည်ဖြစ်သည်။

  သို့သော် ဘခက် အသိတစ်ခုတော့ရလိုက်သည်။
မင်းဇော်ကို ဓားဖြင့် ၄ချက်ထိုးသတ်ခဲ့သူ၊ အားနွဲ့သူ
မိန်းမချောလေး မေဇွန်အား ကြိုးဆွဲချသတ်ခဲ့သူ
အားဖန်တစ်ယောက် ဘဝမကူးခင် ဝဋ်လည်ခြင်း
ဖြစ်လိမ့်မည်ဟုပင်။

  ဘခက် ထိုအမှုအတွက် အလုပ်ရှုပ်ကာ တစ်ရက်
တာ ပြီးဆုံး၍ ၎င်းအခန်းသို့ အနားယူအိပ်စက်ရန်
ပြန်လာခဲ့သည်။ အားဖန်သေဆုံးသွားပြီ ဖြစ်၍ အမှုက
ဤနေရာတွင် အဆုံးသတ်ပြီ ဖြစ်၏။ အားဖန် ဘာကြောင့်
မင်းဇော်နှင့်မေဇွန်ကို သတ်ရသလဲ၊ မေဇွန့်အခန်းကို
ဘာလာရှာတာလဲဆိုတာ ..ဤနေရာတွင် ပြတ်သွားပြီ။

  ထိုသို့ ဘခက်အတွေးနယ်ချဲ့နေစဉ်..ဘခက်ဖုန်းအသံ
မြည်လာသည်။ ဘခက် လှမ်းကြည့်လိုက်တော့  ပုသိမ်
ကြီးမြို့နယ်က သူငယ်ချင်း ရဲအုပ်ရဲခေါင် ဖြစ်နေသည်။
ရဲအုပ်ရဲခေါင်ဆိုတာက သူနဲ့တပတ်စဉ်တည်း ဆင်း
သူငယ်ချင်းအရင်းခေါက်ခေါက်ကြီး ဖြစ်သည်။
ဘခက် ဖုန်းကိုင်လိုက်သည်။
" အေး သူငယ်ချင်း ပြော၊ ငါ ဘခက်ပါ "

" ဘခက်..မင်းတို့အကြောင်း ငါကြားတယ်သူငယ်ချင်း
စိတ်မကောင်းဘူးကွာ.."

အော် ..ရဲခေါင်က တရားခံသတ်သေ သွားသည့်အတွက်
ဘခက်တို့ကို ခုံဖွဲ့စစ်ဆေးခံရမည်ကို ဆိုလိုခြင်းဖြစ်မည်။

" အေးကွာ..ဘယ်တတ်နိုင်မလဲ ရဲခေါင်ရ၊
မင်းသိတဲ့အတိုင်းပဲ ဘခက်က မာပါတယ်ကွ ဟဲဟဲ "

" အေး..ဘခက်ရေ၊ ငါ မင်းဆီလာရအုံးမယ်ဟေ့
ငါလည်း..ခေါင်းမီးတောက်နေပြီဟ.."

" ဟမ်..မင်းက ဘာဖြစ်လို့လဲ၊ မင်းမိန်းမကြီး အိမ်ပေါ်က
ဆင်းသွားပြန်ပြီလား .."

ဘခက်..တခါလိုက်ခေါ်ပေးရဖူးသည်။ ရဲခေါင်မိန်းမက
စိတ်ဆိုးစိတ်ကောက်လွယ်ပြီး ရဲခေါင် အိမ်ပြန်နောက်ကျ
တိုင်း ရန်ဖြစ်၍ အိမ်ပေါ်ကဆင်းသွားတတ်သည်လေ။

" ဟာကွာ..မဟုတ်ပါဘူးဟ၊ အခု..ငါ့အပိုင်နယ်မြေထဲမှာ
မိသားစုလိုက် အသတ်ခံရလို့ကွ..အသတ်ခံရတာ
ဘယ်သူထင်လဲ..ဘခက် "

" ဟေ..ဘယ်သူလဲ..ရဲခေါင် "

" မင်းငါ့ဆီကို တခါလာစုံစမ်းတဲ့ ကျောက်စိမ်းကုမ္ပဏီပိုင်
ရှင် လောပန် ဝေကျိုးဖန်တို့ မိသားစုဟ၊ ၃ယောက်စလုံး
ကို သေနတ်နဲ့ပစ်သတ်သွားတာ.."

" ဟေ ..."

" အေး..ငါ့အထင်တော့ မူးယစ်ဆေးဝါးဂိုဏ်းကြီးက
လာဖြောင်သွားပုံရတယ်ကွ..၊ အိမ်နီးချင်းနဲ့ သူ့တပည့်
တွေတောင် သေနတ်သံမကြားရဘူးဆိုတော့
ဆိုင်လင့်ဆာတပ်ထားပုံရတယ်..၊ မလွယ်ဘူး ဘခက်ရေ
ဘယ်အထိ လိုက်ရမလဲ မသိဘူး .."

သေချာပါသည်။ ရဲခေါင် ခန့်မှန်းသလိုပင် ဝေကျိုးဖန်က
မှုးယစ်ဆေးဂိုဏ်းအပေါ် ဖျံကျထားလို့ အပြတ်လာရှင်း
သွားခြင်းဖြစ်မည်။ နယ်စပ်များနှင့် တဖက်နိုင်ငံများတွင်
အခြေစိုက်သည့် မူးယစ်ဆေးဂိုဏ်းကြီးများတွင် ဤကဲ့သို့
လက်မရွံလူသတ်သမားများစွာ ရှိကြ၏။

ထိုကဲ့သို့ လူသတ်မှုများဆိုပါက တရားခံသိခဲ့ရင်တောင်
ဖမ်းဆီးဖို့ခက်ခဲ၏။ ၎င်းတို့သည် ခြေရာဖျောက်မြန်၏။
တဖက်နိုင်ငံသို့ ရှောင်တိမ်းပျောက်ကွယ်သွားတတ်သည်။
နှစ်နိုင်ငံရဲတပ်ဖွဲ့အချင်းချင်း ချိတ်ဆက်၍ ဖမ်းဆီးမိနိုင်
ရန်ကြိုးစားရသည်။ တဖက်နိုင်ငံထဲ စုံစမ်းဖေါ်ထုတ်ဖို့ဆို
တာ လွယ်ကူသည်မဟုတ်။ ၎င်းဂိုဏ်းများက လက်နက်
ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်မှုရှိနေပါက ပို၍ဖမ်း
ဆီးရန် ခက်ခဲတတ်သည်။

ဘခက် တာဝန်ယူရသည့် လူသတ်မှုက အားဖန်တွင်
ဂိတ်ဆုံးသွားပြီဟု..ဘခက်တွေးလိုက်မိသည်။အင်း..
မာရီယာ သတိပြန်ရလာတာတောင် သူ အလုပ်ရှုပ်နေ
တာနဲ့ သွားမတွေ့ဖြစ်ဘူး။ မာရီယာ ကို သတိရနေမိသည်။
သွားတွေ့လည်း တရားလိုနဲ့ အမှုစစ်အရာရှိအနေအထား
မို့ ထွေထွေထူးထူး ပြောခွင့်ရှိမည်မဟုတ်ပါ။

မာရီယာကို ကားဖြင့်တိုက်ခဲ့သည့် ကုလား(ခေါ်) ကျော်
မြင့် အား ရုံးတင်တရားစွဲဖို့ ဒုရဲအုပ်ဝင်းနိုင်ကို လွှဲပေးထား
ခဲ့သည်ကို ဘခက် သတိရမိသည်။

ဘခက်နားထဲတွင်တော့..သူ့ဘဝမှာ နှစ်ကြိမ်သာ
ကြားရဘူးတဲ့ " အဲ့လူကြီးရေ .." ဆိုသည့်အသံလေး
ကို ပြန်လည်ကြားယောင်ကာ ကြည်နူးစွာ ပြုံးလိုက်မိ၏။

    အကယ်၍များ ဆေးရုံပေါ်မှ မာရီယာသည် သူ့အား
တွေ့ပါက..ဝိညာဉ်ဘဝကခေါ်သလို " အဲ့လူကြီး "လို့ ခေါ်
မလား၊ တရားလိုတစ်ယောက်အနေနဲ့ပဲ ဆက်ဆံမလားဆိုတာ....။

    ( ဆက်ရန် )

နပီ 😀😀


သေရွာပြန် မာရီယာ  (ဇာတ်သိမ်း)
========================

  နောက်တစ်နေ့ ဘခက် စခန်းမှာ အလုပ်များနေစဉ်
ဧည့်သည်တစ်ယောက်က တွေ့ချင်သည်ဆို၍ သူ၏
ရုံးခန်းသို့ ဝင်ခွင့်ပြုလိုက်သည်။

ဧည့်သည်မှာ နှစ်ယောက်ဖြစ်၏။ တစ်ယောက်ကိုတော့
ဘခက် ကောင်းစွာသိ၏။ အဆောင်ပိုင်ရှင် ဒေါ်အေးဝင်း
ဖြစ်သည်။ ဒေါ်အေးဝင်းနှင့်ပါလာသူ အန်တီကိုတော့
ဘခက် မြင်ဖူးသလို ဇဝေဇဝါ ဖြစ်နေ၏။ဒေါ်အေးဝင်းက..

" ဆရာရေ..ဒီတစ်ခေါက်လာတာက ကျမကိစ္စ မဟုတ်
ပါဘူး ၊ ဟောဒီက ဒေါ်ချိုချိုသက် သမီးလေးကိစ္စ လာ
ပြီး အကူညီတောင်းတာပါ .."

ဘခက် ဒေါ်ချိုချိုသက် ဆိုသည့် အန်တီကို အသေချာ
ကြည့်လိုက်သည်။ ဘခက် စဉ်းစားမရဖြစ်နေ၏။ ထို အန်
တီကို မြင်ဖူးသလို တွေ့ဖူးသလို ဖြစ်နေ၏။ သို့သော်
ဘယ်နေရာမှာ မြင်ဖူးမှန်း မမှတ်မိချေ။ ထိုအန်တီကြီး၏
ဝတ်စားဆင်ယဉ်မှုမှာ လူချမ်းသာ ဖြစ်ဟန်တူ၏။

" ဟုတ်ကဲ့.. ပြောပါ အန်တီ၊ ကျနော် ဘာကူညီရမလဲ "

ထို ဒေါ်ချိုချိုသက်က ဘခက်ကို..
" ဒီလိုပါ ဆရာ၊ ကျမက ကျောက်မဲမြို့ကပါ၊
လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျမသမီးလေး ကျမကို
စိတ်ဆိုးပြီး အိမ်က ထွက်ပြေးသွားပါတယ်၊ ကျမတို့လည်း
လက်လှမ်းမှီသလောက် လိုက်ရှာခဲ့ပါတယ်၊ ဒါပေမဲ့ အခုမှ
ပဲ သမီးလေးရဲ့သတင်းကို ဖတ်မိပြီး သမီးလေးရဲ့သတင်း
ကို ဆရာတို့ဆီ လာစုံစမ်းတာပါ၊ကားတိုက်ခံရလို့ ဆေးရုံပေါ်မှာ သတိလစ်နေတဲ့
မာရီယာဆိုတာ ကျမရဲ့သမီးလေး ဝင့်ဝါ ပါ ဆရာ.."

ဘခက် " ဝင့်ဝါ " ဟု နာမည်လေး ကြားလိုက်ရသည့်အခါ

" ဗျာ..မာရီယာက ဝင့်ဝါ ဟုတ်လား အန်တီ၊
အန်တီ..အန်တီတို့ အရင်က မိုးကုတ်မြို့မှာ နေခဲ့ဖူးလား
အန်တီ..ဖွားနီကို သိလားဗျ ...."

ထိုအန်တီက ဘခက်ကို ဇဝေဇဝါကြည့်ရင်း...

" ဆရာက အန်တီတို့ မိုးကုတ်မှာ နေဖူးတာ သိနေတာ
လား၊ ဟုတ်တယ် ဆရာ ..အန်တီတို့က ဖွားနီနဲ့ ခြံချင်း
ကပ်ရဲ့ နေခဲ့ဖူးတယ်၊ သမီးကြီးဝင့်ဝါ ၉/၁၀နှစ်အရွယ်ထိ
ဆိုပါတော့ ဆရာရယ် .."

ဘခက် အားရဝမ်းသာဖြင့် ...

" အန်တီ..ကျနော် ကိုကို လေ၊ ဖွားနီရဲ့မြေးလေ "

" ဟင်..မောင်ကိုကို.၊ အင်း.. နှစ်တွေ အတော်ကြာခဲ့ပြီပဲ
အန်တီ မှတ်မိပြီကွယ့် ၊ သားရယ်..မင်းညီမလေးကတော့
ငယ်စိတ်မပျောက်ဘူးကွယ် ..၊ သူမို့လို့ ဒီလို လုပ်သွား
ရက်တယ်ကွယ် ၊ အန်တီမှာ ဒီနှစ်ပိုင်း သူ့အတွက်ပဲ
မျက်ရည်နဲ့မျက်ခွက်ပါ သားရယ် .."

အန်တီဒေါ်ချိုချိုသက်က သူမမျက်ရည်များကို လက်ကိုင်ပု
ဝါဖြင့် သုတ်လိုက်ရင်း..

" ဖြစ်နိုင်မယ်ဆို..၊ သား..အန်တီကို သမီးလေးဆီ လိုက်ပို့
ပေးပါလား ၊ အန်တီ သမီးလေးကို တွေ့ချင်လှပြီ ကွယ် "

" ဟုတ်ကဲ့ ရပါတယ် အန်တီ၊ ကျနော်လည်း အခုပဲ
ဆေးရုံကို သွားမလို့ပါ၊ ဆေးရုံက ဖုန်းဆက်လာတယ်လေ
ဝင့်ဝါ သတိကောင်းကောင်းရပြီတဲ့ အန်တီ "

ဘခက်က သူတပည့်တစ်ယောက်ကို ခေါ်လိုက်သည်။
ပြီးတော့ သူဆေးရုံသွားစဉ် တခြားအရာရှိတစ်ယောက်
အား တာဝန် ခေတ္တခဏ လွဲပြောင်းပေးခဲ့သည်။
ထို့နောက် အန်တီ ဒေါ်ချိုချိုသက် ကားဖြင့် ဆေးရုံသို့
ထွက်လာခဲ့သည်။

ဆေးရုံရောက်တော့ မာရီယာတစ်ယောက် ကောင်းစွာ
သတိရနေသည်ကို တွေ့ရ၏။ ကုတင်ပေါ်မှ မာရီယာ
သည် သူမ၏အမေ ဒေါ်ချိုချိုသက်အားတွေ့လိုက်ရသည့်
အခါ ဝမ်းသာလွန်းလို့ မျက်ရည်များကျလာသည်။

ဒေါ်ချိုချိုသက်ကလည်း သမီးကြီးဝင့်ဝါအားတွေ့သည်နှင့်
ကုတင်အနီးသို့ပြေးကာ သမီးဖြစ်သူအား လွတ်ထွက်သွား
မည့်ပမာ တင်းကြပ်စွာဖက်ထားလိုက်သည်။

သားအမိနှစ်ယောက်တွေ့ဆုံခန်းမှာ ကြည်နူးစရာ ဝမ်း
နည်းစရာ များနှင့် ခြုံလွှမ်းနေသဖြင့် အတူပါသူများရင်
ကို ကူးစက်ကာ ကြည်နူးဝမ်းနည်းနေမိကြ၏။

အတော်လေးကြာအောင် သားအမိနှစ်ယောက် အလွမ်း
သယ်ပြီးမှ ဘခက်ကို သတိရသွားဟန် ရှိသည်။ အရပ်ဝတ်
လဲလာသည့် ဘခက်ကိုကြည့်၍ မာရီယာက သူမ၏မေမေ
ကို လှမ်းမေးလိုက်၏။

" မေမေ အဲ့လူကြီးက ဘယ်သူလဲဟင် "

ဒေါ်ချိုချိုသက်က သမီးလေးကို ဖက်ကာ ကျောကိုသပ်ပေး
ရင်း ပြုံးလိုက်သည်။ ပြီးတော့..

" သမီး..အသေချာကြည့်လေ ၊ အဲ့ဒါ ဘယ်သူလဲလို့
သေချာ စဉ်းစားပေါ့ ၊ မိုးကုတ်မှာတုန်းက..သမီး
ခဏ ခဏ မေးနေတဲ့..သူလေ.."

မာရီယာ သူမအား ပြုံးပြုံးကြီး စိုက်ကြည့်နေသော ဘခက်
ကို စူးစူးစိုက်စိုက်လေးကြည့်လိုက်သည်။ ပြီးတော့ မာရီ
ယာ မျက်မှောင်လေးကျုတ်၍ စဉ်းစားဟန်ပြုပြီး..

" အဲ့လူကြီးက..အဲ့လူကြီးက..ကိုကို ..ကိုကိုလားဟင် "

ဘခက် မာရီယာရှိရာ ကုတင်အနီးသို့ လျှောက်လာခဲ့ပြီး

" ဟုတ်ပါတယ် ညီမလေး ၊ ညီမလေးရဲ့ ကြောင်မလေး
နိုနိုကို သစ်ပင်ပေါ်က ခေါ်ပေးခဲ့တဲ့၊ ညီမလေးနဲ့ ဂိမ်း
အတူတူဆော့ခဲ့တဲ့..ကိုကိုပါကွ "

" ဟင် ..အဲ့လူကြီးက ဘာလို့ မေမေနဲ့ပါလာတာလဲ
သမီး ဆေးရုံတက်နေတာ ဘယ်က ဘယ်လို သိလာ
ကြတာလဲ .."

ဘခက်က မာရီယာအား ဖြစ်စဉ်အားလုံးကို အစမှအဆုံးထိ
နားလည်အောင် ရှင်းပြလိုက်ပြီး..

" ကိုကြီးက ည်ီမလေးကို ဝင့်ဝါမှန်း အစကမသိပါဘူး
အခု အန်တီက ပြောပြမှ သိတာလေ ညီမလေးရဲ့ "

မာရီယာ ဝမ်းသာစရာတွေ အများကြီး ကြုံဆုံနေရ၍
ရင်ထဲ တလှပ်လှပ်နှင့် ပျော်ရွှင်မိလေသည်။
နုငယ်စဉ်ဘဝက သံယောဇဉ်တွယ်တာပြီး ချစ်ခင်ရတဲ့
ကိုကြီးကိုလည်း ပြန်တွေ့ရပြီ။ သူမ အထင်လွဲပြီး ထွက်
ခွာခဲ့တဲ့ မေမေ့ရင်ခွင်ထဲလည်း ပြန်ဝင်ခွင့်ရပြီ။
သူမ မျက်နှာလေးတွင် ပျော်ရွှင်ခြင်းများနှင့် ပြည့်လို့နေ၏။

ဘခက် မာရီယာ့ မေမေရှေ့မို့ မေးခွန်းတချို့ မေးချင်တာ
ချန်လှပ်ထားလိုက်ရသည်။ ဝိညာဉ်ဘဝဖြင့် မာရီယာ
လွင့်မျောနေစဉ်က အဖြစ်အပျက်အချို့များ မှတ်မိနေမလားလို့ပေါ့။

မာရီယာကတော့ သူမမေမေ့၏ရင်ခွင်ထဲမှနေ၍
ဘခက်ကို ရှက်သလိုလို ရှိုးတိုးရှန့်တန့် ဖြင့် ရီဝေဝေလေး
ကြည့်နေရှာ၏။ ဘခက်ကလည်း မာရီယာ့ကို သနား
ကြင်နာစွာ ကြည့်နေမိသည်။ သူတို့နှစ်ဦး ၏ အကြည့်ကို
မာရီယာ့မေမေ ဒေါ်ချိုချိုသက် နားလည်သလို သဘော
ပေါက်သလို ရှိပါ၏။

   ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

     ( ၁၀ ရက်ခန့်အကြာ )

   မာရီယာ ကျန်းမာလာပြီဖြစ်၍ ဆေးရုံမှ ဆင်းရပြီဖြစ်၏။
မာရီယာ့ကို သူမမေမေက ကျောက်မဲမြို့သို့ ပြန်ခေါ်သွား
တော့မည်။ ထို့ကြောင့် မာရီယာ ရက်ပိုင်းအတွင်း ပြန်ရ
တော့မည်လေ။

  မာရီယာ သတိရပြီးကတည်းက ညအိပ်တိုင်း အိပ်မက်
လိုလို တကယ်လိုလို အဖြစ်ပျက်များကို ပြန်မြင်ယောင်
နေမိသည်။ သူမ အိပ်မက်ထဲတွင် ဘခက်လည်းပါဝင်၏။
မေဇွန်လည်းပါ၏။ ထူးခြားသည်က ဝက်ဝံရုပ်ခေါင်းအုံး
လေးလည်းပါနေ၏။

   မာရီယာ ဆေးရုံပေါ်မှာ ရှိစဉ်က ဘခက် နေ့တိုင်း
လာတွေ့၏။ မာရီယာ စားချင်တာ ဝယ်ကျွေး၏။
အဲ့လူကြီးဘခက် အတော်ဂွကျသည်။ လူကို ကလေးလို
ပဲ မုန့်ပဲသရေစာများသာ နေ့စဉ် လာတိုင်းဝယ်လာခဲ့သည်။
ရိုမန်တစ်ဆန်ဆန် ပန်းစည်းလေးတော့ တခါမှ ပါမလာပေ။

    တခါတရံ သူမ စိတ်ကောက်သည့်အခါ ဘခက်သည်
ပြုံးရယ်နေတတ်ပြီး ချော့ရကောင်းမှန်းလည်းမသိချေ။
အူကြောင်ကြောင်နဲ့ မာရီယာအခန်းထဲကို ရှင်းလင်းပေး
နေတတ်သည်။ ထိုအခါ မာရီယာ ကောက်ချင်စိတ်
ပျောက်သွားပြီး သူအမူအယာကို ကြည့်ကာ တခစ်ခစ်
ရယ်နေတတ်သေး၏။

ဘခက်သည် သူမကို အမြဲတမ်းမေးတတ်သည်က
မေ့မျောနေစဉ်ကာလများက အကြောင်းများကို မေးလေ့
ရှိသည်။ သူမက နားမလည်ပါ။ မေ့မျောနေပါသည်ဆိုမှ
တော့ ဘာများမှတ်မိမှာလဲလေ။ ထိုကြောင့် ဘခက်ကို
အူကြောင်ကြောင်လူကြီးဟုသာ သတ်မှတ်လိုက်သည်။

  မာရီယာ မေမေ့ကို ခွင့်တောင်းပြီး ဘခက်ကို ဖုန်းဆက်
ခေါ်ထားသည်။ ကျောက်မဲမြို့သို့ မပြန်ခင်တစ်ရက်တွင်
သူမနှင့်မေဇွန် နေထိုင်ရာ အဆောင်မှ အခန်းလေးသို့
လိုက်ပို့ပေးရန်ဖြစ်သည်။ သေဆုံးသွားသူ မေဇွန့်ကို
သတိတရရှိကာ သူမနေထိုင်သွားသည့် အခန်းလေးကို
နောက်ဆုံး နုတ်ဆက်လိုသည့် သဘောဖြစ်၏။

  မာရီယာ၏ အဝတ်အစားအသုံးအဆောင်များကို ဘခက်
က သိမ်းဆည်းပြီး လာပို့ပေးပြီးဖြစ်၏။ မာရီယာ လာပို့
သည့် ပစ္စည်းများကို တခုချင်း မွှေနှောက်ရှာဖွေပေမယ့်
အိပ်မက်ထဲက ဝက်ဝံခေါင်းအုံးလေးပါမလာပေ။

သူမ ဘခက်ကို ထိုခေါင်းအုံးလေး အကြောင်းအား
မေးကြည့်တော့လည်း ဘခက်က မတွေ့ဟုဆို၏။ထို့
ကြောင့် သူမ ခေါင်းအုံးလေးအကြောင်း မေ့ထားလိုက်၏။

" သမီးရေ..သမီး၊ သမီးကိုကို ရောက်ပြီနော်
အဝတ်စားလဲပြီးရင် ထွက်ခဲ့တော့နော် သမီး .."

  မာရီယာ အခန်းထဲမှ ထွက်လာခဲ့သည်။ တီရှပ်အဖြူ
ဂျင်းဘောင်းဘီအနက်ရောင်နှင့် လူငယ်လေးတစ်ဦး
လို လန်းနေသည့် အဲ့လူကြီးကို တွေ့လိုက်ရသည်။

  " ကိုကိုက ဒီလိုကျတော့လည်း လန်းနေတာပဲ.."

မာရီယာ့စကားကြောင့် ထင်သည်။ ဘခက် ရှိုးတိုးရှန့်တန့်
အနေခက်သွား၏။ အမှန်တော့ ဘခက်က စတိုင်ပန်သာ
ဝတ်လေ့ရှိ၏။ အခုတော့ သူ့ထက်၁၀နှစ်မျှ ငယ်သူ မာရီ
ယာနဲ့ အတူသွားရမည်ဆိုတော့ ရှိုးထုတ်လာခြင်းဖြစ်၏။
မကြာမှီကမှ ဝယ်လာသည့် အင်္ကျီအသစ် ဘောင်းဘီအ
သစ်များကြောင့် လူက နေရထိုင်ရခက်နေသည်လေ။

ဘခက် မရဲတရဲ မာရီယာ့ကို ကြည့်လိုက်တော့
မာရီယာကလည်း တိုက်ဆိုင်စွာ ဂျင်းပန် အနက်ရောင်
နှင့် ကိုယ်ကြပ်တီရှပ် အဖြူရောင်လေး ဝတ်ထား၏။
အန်တီဒေါ်ချိုချိုသက်က သူတို့နှစ်ယောက် အဝတ်စား
ဆင်တူ ဝတ်ထားသည်ကို တမင်ချိန်း၍ ဝတ်လာသည်
ဟုပင် တွေးလိုက်မိသည်။ အမှန်တော့ တိုက်ဆိုင်မှု တစ်
ခုသာ။ အန်တီဒေါ်ချိုချိုသက်က..

" ကဲ..ကဲ..သွားစရာရှိတာ သွားကြနော်၊
အပြန် မေမေ ထမင်းစားဖို့စောင့်နေမယ် သမီး၊
သားကိုကို ဒီမှာ အန်တီတို့နဲ့ ထမင်းအတူစားသွားနော် "

" ဟုတ်ကဲ့ အန်တီ၊ ဒါဆို ကျနော်တို့ သွားလိုက်အုံးမယ် "

ဘခက်နှင့်မာရီယာ အန်တီဒေါ်ချိုချိုသက်ကို နုတ်ဆက်၍
ဆိုင်ကယ်နှင့် ထွက်လာခဲ့ကြသည်။ ဒေါ်အေးဝင်း၏ အ
ဆောင်ရောက်တော့ ဒေါ်အေးဝင်းက လာနုတ်ဆက်သည်
မာရီယာ့ဆေးရုံသို့ လိုက်လာဖူးတဲ့ ဒေါ်အေးဝင်းက
ဘခက်နှင့်မာရီယာ ဆက်ဆံရေးကို သဘောပေါက်ထား
သည်။ အခု သူတို့နှစ်ယောက်၏ ဝမ်းဆက် copule
သဘောမျိုး ဝတ်လာသည့်အခါ ဒေါ်အေးဝင်း စိတ်ထဲ
တွင် ချစ်သူတွေဖြစ်သွားပြီဟုပင် ထင်သွား၏။

   ဒေါ်အေးဝင်းကို စကားခဏပြောပြီး ဘခက်နှင့် မာရီယာ
သူမတို့နေခဲ့သည့် အခန်းသို့ဝင်လာခဲ့ကြသည်။

  မာရီယာ အခန်းထဲဝင်ခဲ့တော့ မေဇွန့်ကို အရမ်းသတိရ
နေမိသည်။ သူမအပေါ် အမတစ်ယောက်လို အမြဲဂရုတ
စိုက်ရှိခဲ့သည့် မေဇွန့်ကို လွမ်းဆွတ်မိလေသည်။

   အမြဲတမ်း သူမဆိုးသမျှ ရစ်သမျှကို အမကြီးတစ်ယောက်
လို စိတ်ရှည်စွာ သည်းခံ၍ အလိုက်လိုက်ခဲ့သူဖြစ်၏။

" ကိုကို..သမီး မေဇွန့်ကို အရမ်းသတိရတာပဲ..သိလား "

" အင်း..သူ ကောင်းမွန်ရာဘုံဘဝရောက်ပါစေလို့ပဲ
ဆုတောင်းရုံပေါ့ ညီမလေးရယ်.."

" သမီးလေး ဒီရက်ပိုင်း မေဇွန့်ကို ခဏခဏ အိပ်မက်မက်
တယ်၊ မက်လိုက်တိုင်း မေဇွန်က ပြုံးနေတာပဲ .."

" ကွယ်လွန်သွားတဲ့သူကို ပြုံးနေတာလို့ မက်ရင်
သူ ကောင်းမွန်ရာဘုံဘဝကို ရောက်တယ်လို့ ပြောကြတာ
ပဲ ညီမလေးရဲ့၊ ဒါနဲ့ နေပါဦး ညီမလေး အိပ်မက်ထဲမှာ
ရော..တခြားဘယ်သူ့ကိုမက်သေးလဲ .."

  ဘခက်က ပြုံးပြုံးကြီးလုပ်၍ မေးလိုက်သည်။ မနက်ဖြန်
ကျောက်မဲမြို့သို့ ပြန်တော့မည်မို့ ဘခက် သတ္တိတွေမွေး
ပြီလားမသိ။ မာရီယာ ဘခက်မျက်နှာကို စူးစမ်းသလို
ကြည့်ပြီး...

" သမီး မလိမ်ပါဘူး ၊ အဲ့လူကြီးကိုလည်း အိပ်မက်ထဲ
မြင်နေရတယ်..ဒါပေမဲ့ နိုးလာရင် မေ့သွားရော်.ခစ်ခစ် "

" ဟင်...မေ့သွားတာလား ၊ နည်းနည်းလေးမှ မမှတ်မိဘူး
လားကွာ.."

" ခစ်ခစ်..မမှတ်မိပါဘူး..အဲ့လူကြီးရ.."

ဘခက်..မျက်နှာ မအီမလည် ဖြစ်သွား၏။ သူကသာ
တဖက်သတ် ခံစားပြီး ချစ်နေမိတာ။ ကောင်မလေးက
သူ့ကို အကိုကြီးတစ်ယောက်လိုသာ သဘောထားပုံရ
သည်ဟု ဘခက် အားလျော့စွာ တွေးလိုက်သည်။

စကားပြောရင်း..မာရီယာ သူမတို့ အိပ်ခဲ့သည် အိပ်ခန်းထဲ
ဝင်သွားသည်။ ဘခက်လည်း နောက်မှ ကပ်ပါလာ၏။
အခန်းလေးမှာ ရှင်းလင်းနေ၏။ အိပ်ယာများလည်း
မရှိတော့ချေ။ မာရီယာ ဝက်ဝံရုပ် ခေါင်းအုံးလေးကို
လိုက်ရှာနေမိသည်။

သူမနောက်က ဘခက်က..

" ညီမလေး..တကယ်ကို ဘာမှ မမှတ်မိတာလားဟင် "

" ဟင်..ဘာလို့လဲ ကိုကို ၊ ဘာကိုမှတ်မိရမှာလဲ လို့ "

" ဟိုလေ..ကိုကို့ အခန်းထဲကို ညီမလေး လာသေးတယ်လေ..ဝိညာဉ်ဘဝနဲ့.."

" ရှင်..ဘယ်လို ဘယ်လို ဝိညာဉ်ဘဝ ဟုတ်လား "

" အင်း..ကိုကို မနေနိုင်တော့ဘူးကွာ၊ ယုံချင်ယုံ
မယုံချင်နေ ..အဲ့ဒီ ဝိညာဉ်ဘဝကတည်းက ကိုကို
ညီမလေးကို ချစ်နေမိတာ .."

" ဟွန်..အဲ့လူကြီး..တကယ်ပြောနေတာလား "

" အင်း..တကယ်ပါ..ဒီလို ညီမလေးရဲ့..
.... .... .... .... .... .... .... ...."

ဘခက်က သူမဝိညာဉ်ဘဝဖြင့် မျောလွင့်နေစဉ်က
ဘခက်နှင့်တွေ့ဆုံခဲ့ရသည့် အကြောင်းများကို ပြောပြ
လိုက်သည်။ မာရီယာ အံသြမှင်သက်စွာ နားထောင်နေမိ
သည်။ တွေ့ဆုံစဉ်က အကြောင်းများမှာ ရယ်စရာကောင်း
နေ၍ နားထောင်ရင်း မာရီယာ ရယ်နေမိသည်။ဘခက်က

  "  ညီမလေး..ကိုကို့ဆီက ပျောက်သွားပြီး၊ ဆေးရုံပေါ်မှာ
မနက်၎နာရီလောက် သတိပြန်ရလာသေးတယ်တဲ့၊
အဲ့ဒီတုန်းက ကိုကို ညီမလေးဆီ ပြေးလာချင်လိုက်တာလေ
ဒါပေမဲ့ ဝိညာဉ်ဘဝနဲ့ လူ့ဘဝက ခြားနားတယ်တဲ့၊ လူ့ဘဝ
ပြန်ရောက်ရင် ညီမလေးက ကိုကို့ကို သိမှာမဟုတ်တော့
ဘူးလေ၊ အဲ့ဒါကြောင့် ကိုကို ညီမလေးဆီမရောက်ခဲ့ဘူး"

မာရီယာ ဘခက်ပြောပြသည်များကို နားထောင်ရင်း
အံသြနေ၏။ သူမ၏ခေါင်းထဲတွင်လည်း မူးဝေလာသလို
ဖြစ်လာသည်မို့ မျက်စိကို မှိတ်လိုက်မိသည်။ ဒါကို ဘခက်
ကမသိ၊ သူပြောချင်ရာဆက်ပြောနေသည်။

" တကယ်လို့ ကိုကို လာတွေ့လည်း အပိုပါပဲ၊ ညီမလေးက
အဲ့ဒီမနက်က သတိရလာပြီး ရေ..ရေ..လို့ပြောပြီး ပြန်
အိပ်ပျော်သွားရော တဲ့.."

  " ရှင်...ရေ..ရေ..ဟုတ်လား ကိုကို "

" အင်း ညီမလေး၊ ရေငတ်လို့ နေမှာပေါ့ "

မာရီယာ ခေါင်းထဲ အတိတ်မှ ဖြစ်ရပ်တစ်ခု သတိရသွား
သည်။ မာရီယာနဲ့မေဇွန် အတူနေစဉ်က မာရီယာက
တခါတရံ ညဘက်ကို အရက်သောက်တတ်သည်။
မေဇွန်က ထိုသို့ အရက်သောက်ခြင်းကို လုံးဝမကြိုက်။

အရက်ကို ဤအဆောင်မှာ ထိုကဲ့သို့သောက်ပါက
မေဇွန် မာရီယာနဲ့အတူမနေဟု ခြိမ်းခြောက်ပြောဆိုခဲ့၏။
ထို့ကြောင့် မာရီယာ အရက်ပုလင်းကို  မေဇွန်မသိအောင်၊
မမြင်အောင် ရေချိုခန်းအပေါ်က သစ်သားတန်းလေးပေါ်
ဖွက်ထားတတ်၏။ ထိုသစ်သားတန်းမှာ ဗြက် ၁၀လက်မ
ခန့်ရှိသည်။ အရပ်ပုသော မေဇွန် မမှီ။ မာရီယာက သူမ
ထက် အရပ်မြင့်၍ ထိုသစ်သားတန်းပေါ် ဖွက်ထားလေ့ရှိ
သည်လေ။

  " ကိုကိုရေ..လာလိုက်ခဲ့၊ သမီး.ရှာနေတာ တစ်ခုရှိတယ်၊
အဲ့ဒါ အိပ်မက်ထဲမှာ မေဇွန်က သမီးကို တခုခု ပေးသလိုပဲ
ဘာလဲတော့ မသိဘူး.."

မေဇွန် ဘခက် လက်ကို ဆွဲ၍ ရေချိုခန်းထဲဝင်လာခဲ့သည်။
ရေချိုးခန်းထဲရောက်တော့ အပေါ်က သစ်သားပြားတန်း
ပေါ်သို့ ဘခက်ကို လက်နှိုက်ခိုင်းလိုက်သည်။ ဘခက်
မာရီယာ ခိုင်းသည့်အတိုင်း လက်နှိုက်လိုက်သည်။
ပြီးတော့ တခုခုကို စမ်းမိသလို ဖြစ်ပြီး လက်ပြန်အထုတ်
တွင် ဝက်ဝံရုပ်ခေါင်းအုံးလေးပါလာ၏။

  မာရီယာ ဘခက်လက်ထဲမှ ဝက်ဝံရုပ်ခေါင်းအုံးလေးကို
လှမ်းယူ၍ သူမရင်ခွင်ထဲ ဖက်ထားလိုက်သည်။ ပြီးတော့
ကလေးတစ်ယောက်လို ခုန်ပေါက်ကာ ဘခက်ကိုလက်ကို
ဆွဲ၍ ရေချိုးခန်းမှ ထွက်လာသည်။

    မာရီယာ ဝက်ဝံရုပ် ခေါင်းအုံးလေးရသည်ကို ဘာ
ကြောင့် ဒီလောက် အူမြုးနေမှန်း ဘခက်နားမလည်ပါ။
မာရီယာ ခေါင်းအုံးလေးကို အားရပါးရ မွှေးလိုက်သည်။
ပြီးတော့..ဘခက် အနီးတိုးကာ ခြေဖျားထောက်၍
ဘခက်ကို နမ်းလိုက်သည်။

" သမီးလည်း..အဲ့လူကြီးကို အရမ်းချစ်တယ်..၊
ဟိုးငယ်ငယ်ကလေးဘဝကတည်းက..သံယောဇဉ်တွယ်
ခဲ့ရတဲ့ အဲ့လူကြီးကို ..သမီး..အရမ်းချစ်တယ်လို့ .."

ဘခက်..သူလိုချင်သည့် ချစ်တယ် အဖြေကို
ထိုကဲ့သို့ အူကြောင်ကြောင် ရလိုက်ပါသည်။ မာရီယာက
အရုပ်လေးကို လက်တဖက်ကကိုင်လာပြီး ဘခက်ခါးကို
ဖက်ကာ သူမ မေမေရှိရာသို့ ပြန်လာပါသည်။

  လမ်းမှာတော့ သူမ အရမ်းချစ်တဲ့ အဲ့လူကြီးကို ခွင့်ယူ
ပြီး ကျောက်မဲလိုက်ခဲ့ဖို့ စည်းရုံးနေပါသည်။ ဘခက်က
လည်း ခွင့်ယူ၍ မိဘမျာကိုခေါ်ကာ လိုက်ခဲ့မည်ဟု
ကတိပေးလိုက်သည်။

    မာရီယာတစ်ယောက် ဆိုင်ကယ်မောင်းနေသည့် ဘခက်
ခါးကိုဖက်ကာ ဘခက်၏ကျောပြင်ပေါ် မျက်နှာလေးအပ်၍
ကြည်နူးနေပါသည်။ ဝက်ဝံရုပ်ခေါင်းအုံးလေးကိုတော့
သူမ တစ်လမ်းလုံး လက်နှင့်မချ မြဲမြံစွာကိုင်လာခဲ့ပါသည်။
တကယ်လို့သာ မာရီယာမျက်နှာကို ဘခက် ဆိုင်ကယ်စီး
ရင်း လှည့်ကြည့်ခွင့်ရပါက မာရီယာတစ်ယောက်
လျှို့ဝှက်နက်နဲစွာ ..ကျေနပ်ခြင်းအပြည့်နဲ့ ပြုံးနေသည်ကို
တွေ့ရလိမ့်မည်ဖြစ်သည်။

ပြီးပါပြီ

အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေလို့
နပီ 😀😀


Post a Comment