ရှက်စရာဆိုတာ

ရှက်စရာဆိုတာ
==========

ဆင်းဆင်းရဲရဲ မွေးဖွားလာတာ ရှက်စရာမဟုတ်ဘူး
လူဆင်းရဲသလို စိတ်ဓာတ်ပါဆင်းရဲနေရင် ရှက်စရာပါ။

ပညာမတတ်တာက ရှက်စရာမဟုတ်ဘူး
အကောင်းအဆိုး မခွဲခြားနိုင်ရင်သာ ရှက်စရာပါ။

တဲစုတ်နဲ့နေတာ ရှက်စရာမဟုတ်ဘူး
တဲစုတ်နဲ့ နေပြီး လူပါစုတ်နေရင်တော့ ရှက်စရာပါ။

မသန်စွမ်းဖြစ်နေတာ ဂုဏ်ငယ်စရာ မဟုတ်ဘူး
မသန်တာကို တတ်နိုင်သမျှ မစွမ်းနိုင်ရင်သာ အားငယ်စရာပါ။

ရုပ်ဆိုးတာ ရှက်စရာမဟုတ်ဘူး
အကျင့်ကလည်း ဆိုးနေရင်သာ ရှက်စရာပါ။

လူအရှေ့မှာချော်လဲတာ ရှက်စရာမဟုတ်ဘူး
လူအများရှေ့မှာ အမြင်မတော်တာလုပ်နေပြီး ဂရုမစိုက်ရင်သာ
ရှက်စရာပါ။

လမ်းဘေးမှာ ရေခဲရည်ရောင်းနေတာ ရှက်စရာမဟုတ်ဘူး
သူများပစ္စည်းကို မတရားလိုချင်တာကသာ ရှက်စရာပါ။

မိဘကို အမှူိက်ကောက်ကျွေးနေတာ ရှက်စရာမဟုတ်ဘူး
ကိုယ့်အတွက် မိဘက အမှူိက်ကောက်ကျွေးနေတာက ရှက်စရာပါ။

အဝတ်အစား အစုတ်အပြတ်ဝတ်နေရတာ ရှက်စရာမဟုတ်ဘူး
အကောင်းစား အဝတ်အစားတွေဝတ်ပြီး မဟုတ်တာတွေလုပ်နေတာက
ရှက်စရာပါ။

ကိုယ့်ကြောင့် ဘယ်သူ့ကိုမှ မထိခိုက်
ရင် ရှက်စရာမဟုတ်ပါဘူး
တကယ် ရှက်စရာကောင်းတာက အပြင်ပန်းကောင်းသလိုလိုနဲ့
အတွင်းထဲ ပုပ်နေရင်သာ ရှက်စရာပါ။

လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ်​ မကွေး

Post a Comment