မိမိစိတ်ကို ကန့်သတ်မထားပါနဲ့

မိမိစိတ်ကို ကန့်သတ်မထားပါနဲ့
*************************

(စိတ်ဓာတ်ကျနေတဲ့ချိန် ဖတ်ပါ)

တစ်ခါက ပလိုင်းထဲမှာ ဖားတစ်ကောင်ထည့်ထားတယ်...။
ဖားဆိုတဲ့မျိုးက ပလိုင်းထဲမှာပျော်တက်တဲ့ သတ္တဝါမဟုတ်တော့ သူရဲ့ထွတ်ပေါက်ရှိရာသို့ ခုန်ပါတယ်....

တစ်ခါခုန်တယ်.....မရဘူး....။
နှစ်ခါ ခုန်တယ်.....မရဘူး။
သုံးခါခုန်တယ် မရဘူး....။

အကြိမ်ကြိမ်ခုန်တယ် သူဘယ်လိုမှလွတ်လမ်းကိုမတွေ့ခဲ့ဘူး..
ခုန်ထားတဲ့ရှိန်နဲ့ ပလိုင်းရဲ့ ရိုက်ခက်မှုတွေကြောင့်
သူ့ကိုယ်ပေါ်မှာ အနာတရတွေဖြစ်နေတယ်
ပွန်းပဲ့ရှနာတွေနဲ့ သူ့တစ်ကိုယ်လုံး နာကျင်တဲ့ဝေဒနာကိုအလူးလဲခံစားနေရတယ်
နောက်ထပ်ခုန်ဖို့ အားအင်တွေကုန်ဆုံးသွားတဲ့အထိ
အကြိမ်ကြိမ်ကြိုးစားပေမဲ့ အရာမထင်ခဲ့ဘူး
ဖားလေးဟာ သူ့စိတ်ကို ဆုံးဖြတ်လိုက်တယ်
နောက်ထ်မခုန်တော့ဘူးဆိုပြီး စိတ်ကိုကန့်သက်ထားလိုက်တယ်......

အဲ့ဒီချိန်မှာ ခဏကြာတော့ ဖားလေးကိုထုတ်ပြီး အပြင်မှာချထားလိုက်တယ်...
အပြင်ကိုရောက်နေပေမဲ့ သူမခုန်တော့ပါ
သူခုန်ရင် သူနာကျင်မယ်ဆိုတာကိုပဲ သူ့စိတ်ထဲမှာ
ယတိပြတ် တွေးထားတော့ သူ့ကို လွတ်မြောက်ခြင်း လမ်းစကိုရှာပေးပေမဲ့ သူဟာ လွတ်မြောက်မည်ဟု
ယုံကြည်ချက်မရှိတောာပါ....
ဒီလိုနဲ့ပဲ ရေအိုင်နဲ့ မနီးမဝေး ကမ်းပါးလေးမှာ ဖားလေးပေါင်ဆင်းပြီး သေပွဲဝင်ရတဲ့ဘ၀ကိုရောက်သွားခဲ့ပါတယ်....။

မိမိစိတ်ကို တသမက်တည်း ကန့်သက်မထားသင့်ပါ
အဆုံးစွန်ထိရောက်နေဦးတော့ သင့်မှာမယုံကြည်နိုင်လောက်တဲ့ အခွင့်ရေးတစ်ခုက အမြဲရှိနေတယ်ဆိုတာ မမေ့ပါနဲ့.....။

မဖြစ်နိုင်ပါဘူးဆိုတဲ့စိတ်ကို မွေးမြူနေသရွေ့တော့
ဘယ်တော့မှ လွတ်လမ်းကိုတွေ့မှာမဟုတ်ပါဘူး
ပန်းဝင်သွားတဲ့လူတိုင်းမှာ အမာရွတ်တွေရှိပါတယ်
ဘယ်အရာကိုမှ လွယ်လွယ်လေးနဲ့ ရလာခဲ့တာမရှိပါဘူး
အောင်မြင်မှုဆိုတာ အခက်ကိုရင်ဆိုင်ကြုံတွေ့ဖူးမှ
ရတာပါ....

အောင်မြင်မှုဆိုတာ...

နားမကြားတဲ့လူတွေလည်း ရနိုင်တယ်..
မျက်စိမမြင်တဲ့ လူတွေရနိုင်တယ်...
ကိုယ်လက်အင်္ဂါ မသန်စွမ်းတဲ့လူတွေမှာလည်းရှိတယ်
အဓိက က အောင်မြင်ချင်တဲ့ စိတ်ရှိရမယ်
ပလိုင်းထဲက အသိဉာဏ်နည်းပါးတဲ့ ဖားလေးလို
စိတ်ကို ကန့်သက်မထားပဲနဲ့
လမ်းစကို မြင်အောင်ကြည့်ပါလို့။

လေးစားစွာဖြင့်
Credit;သျှီ

Post a Comment