တိမ်တစ၏မျောလွင့်ရာ

တိမ်တစ၏မျောလွင့်ရာ
(ဝတ္ထုတို)
******-*************
-လောကမှာ လူရယ်လို့ဖြစ်လာရင် အချစ်
အမှန်း အလွမ်းတွေနဲ့ ဘယ်သူမှ မကင်းနိုင်
ကြပါဘူး။တသက်မှာ တကြိမ်တော့ လူတ
ယောက်ကို အချစ်စစ် အချစ်မှန်နဲ့ ချစ်ဖူးကြ
မှာပါ။

-ကျွန်မဘဝမှာလည်း သူတယောက်တည်းကို
ပဲ ချစ်ခဲ့သလို အမုန်းဆိုတဲ့ အရာကိုလည်း သူ
တယောက်တည်းကိုပဲ ပေးခဲ့ဖူးတာပါ။
သူကတော့-----------------
&&&&&&&&&&&&&&&&&&&&&&&&&&
-ကျွန်မ(၅)တန်းနှစ်မှာ အဖေက တာဝန်အရ
နယ်မြို့လေးတမြို့ကို ပြောင်းရွေ့ခဲ့သည်။
ကျွန်မနဲ့အမေလဲ အဖေနဲ့အတူ ထိုနယ်မြို့
လေးကိုလိုက်သွားခဲ့ရသည်။အဲ့ဒီမှာပထမဆုံးသူနဲ့ စတင်ဆုံခဲ့သည်။

-သူက အားကစားဝတ်စုံလေးဝတ်ကာ
အပေါင်းအသင်းတွေနဲ့အတူ ဘောလုံးကန်
နေလေသည်။အဆော့မက်ပြီး ပေတီးပေစုတ်
နဲ့ တကယ့်ဂျလေပီရုပ်လေးပါ။

-ကျွန်မကားပေါ်ကဆင်းလာတော့ သူက
အထူးအဆန်းသဖွယ် ကျွန်မကို ရပ်ကြည့်နေ
လေရဲ့။သူ့မိဘတွေက ကျွန်မတို့အိမ်ပြောင်း
လာသည့် ပစ္စည်းတွေကို ဝိုင်းကူရွေ့ပေးရင်း
တခဏလေးအတွင်းမှာ ကျွန်မမိဘတွေနှင့်
ရင်းနှီးသွားကြသည်။ဖြစ်ချင်တော့ သူ့အိမ်နဲ့
ကျွန်မအိမ်က ဘေးချင်းယှဉ်လျက်။

-ဒီလိုနှင့် မမျှော်လင့်ဘဲ သက်တူရွယ်တူ ကျွန်မတို့နှစ်ယောက်က သူငယ်ချင်းတွေ ဖြစ်
ခွင့်ရခဲ့သည်။သူ့နာမည်က မောင်မောင်ဇော်။
သူ့ကိုတအိမ်လုံးက မောင်လို့ ခေါ်ကြသည်။
  ကျွန်မလဲ သူ့ကို မောင်လို့ပဲ ခေါ်တယ်။

-မောင်က စိတ်ရင်းကောင်းပြီး ခင်ဖို့ကောင်း
တဲ့ သူတယောက်ပါ။အိမ်ပြောင်းခါစမို့ အ
ပေါင်းအသင်းမရှိသည့် ကျွန်မကို မောင်က
အဖော်လုပ်ပေးသည်။တဝက်တပျက်နှင့်
ကျောင်းပြောင်းလာရသူမို့ မောင်က စာတွေ
ကို ကူးပေးပြီး ကျွန်မနဲ့အတူ စာကျက်ပေး
သည်။

-အချိန်ကြာလာတော့ မောင်နဲ့ကျွန်မက ကစားဖော် ကစားဖက် ကျောင်းသွားဖော်
ကျောင်းသွားဖက် ဖြစ်လာကာ ဘယ်အရာ
မဆို နှစ်ကိုယ့်တစိတ် ဖြစ်လာခဲ့သည်။မိဘ
တွေကလည်း ဆွေမျိုးသားချင်းတွေလို ရင်း
နှီးလာကာ မောင့်အိမ်နဲ့ကျွန်မအိမ်က နှစ်အိမ့်
တအိမ်လို ဖြစ်လာကြသည်။

-အချိန်ကာလတခုကို ဖြတ်သန်းပြီးနောက်
မောင်နှင့်ကျွန်မ (၁၀)တန်းနှစ်သို့ပင် ရောက်
လာခဲ့သည်။မောင်က ငယ်ငယ်တုန်းကလို
ပေတီးပေစုတ် မဟုတ်တော့။

-သန့်သန့်ပြန့်ပြန့်နှင့် ရုပ်ရည်ချောမောပြေပြစ်
သည့် ကောင်လေးတယောက် ဖြစ်လာခဲ့သည်
ကျွန်မလည်း တင်ပါးထိ ဖြာကျနေသော နက်
မှောင် ကျော့ရှင်းသည့် ဆံကေသာ အလှပိုင်
ရှင် မိန်းကလေးတဦး ဖြစ်လာခဲ့သည်။

-ရင်ခုန်တတ်စအရွယ်မှာ မောင်က ကျွန်မ၏
အချစ်ဦးဖြစ်လာခဲ့သည်။မောင်နှင့်အတူ
ကျောင်းသွားကျောင်းပြန်စက်ဘီးစီးရသည့်
အချိန်လေးတွေကို ကျွန်မရင်ခုန်သည်။မောင့်
အကြည့် မောင့်အပြုံးချိုချိုလေးတွေကိုလည်
ကျွန်မရင်ခုန်သည်။မောင်နှင့်ပတ်သတ်သည့်
အရာအားလုံးကို ကျွန်မရင်ခုန်ခဲ့ရသည်။

-မောင်လည်း ကျွန်မကို ရင်ခုန်မှန်း မောင့်
မျက်ဝန်းတွေကနေတဆင့် ကျွန်မသိခွင့်ရခဲ့
သည်။ငယ်သေးသည့်အရွယ်မို့ ကျွန်မတို့
နှစ်ယောက်လုံး အချစ်စိတ်ကို မြိုသိပ်ကာ
ပညာရေးကို ကြိုးစားသင်ယူခဲ့ရသည်။

မောင်ကမကြာခဏဆိုသလိုကျွန်မအိမ်ရှေ့တွင်ဂစ်တာတလက်နှင့်ညဏ်လင်းအောင်၏သူငယ်ချင်းသီချင်းကို ဆိုပြတတ်သည်။မောင့်အ
သံကို ကြားတိုင်း ကျွန်မစာကျက်နေရာမှ
မောင့်သီချင်းသံကို နားစွင့်ရင်း ရင်ခုန်ခဲ့ရ
သည်မှာလည်း အမော။

-ကျောင်းပိတ်ရက်တိုင်း မောင့်အိမ်သို့ ကျွန်မ
စာသွားကျက်တတ်သည်။မောင့်အိမ်သို့ ကျွန်
မသွားတိုင်း မောင်က ကျွန်မကြိုက်သည့်
မုန့်တွေကို ဝယ်ထားပေးတတ်သည်။တခါ
တခါ မောင်ကိုယ်တိုင်သုတ်ကျွေးသည့် လက်ဖက်သုတ်ကို စားရင်း မောင့်လက်ရာကို ကျွန်မချီးကျူးနေမိသည်။

-တနေ့ မောင့်အိမ်ကို ကျွန်မသွားတော့ မောင်
က နှင်းဆီပန်းကို ဂရုတစိုက်နှင့် စိုက်နေတာ
ကျွန်မတွေ့ခဲ့ရသည်။ကျွန်မမောင့်ဘေးနားတွင်ငုတ်တုတ်ထိုင်လိုက်ရင်း………

"မောင် ဘာလုပ်နေတာလဲ"

"နှင်းဆီပင်စိုက်မလို့"

"မောင်ကအပင်စိုက်တာ ဝါသနာပါလို့လား"

"ဝါသနာပါတယ်လို့လည်း မဟုတ်ပါဘူး။
မောင်ကိုယ်တိုင်စိုက်ထားတဲ့ နှင်းဆီပင်လေး
က ပန်းပွင့်ရင် မောင့်ချစ်သူကို ပေးမလို့"

"မောင့်မှာ ချစ်သူရှိလို့လား"

"ရှိတာပေါ့ မောင့်ချစ်သူက ဆံပင်အရှည်ကြီးနဲ့
  ဒီကမ္ဘာပေါ်မှာ အလှဆုံးမိန်းကလေး"

-မောင့်မျက်ဝန်းတွေက ကျွန်မကို ရည်ရွယ်မှန်
သိတော့ ကျွန်မတိတ်တိတ်ကလေး ပျော်ခဲ့ရ
သည်။

-ဆယ်တန်းအောင်စာရင်းထွက်သည့်နေ့။
မောင်ရော ကျွန်မပါ အောင်ကြသည်။မောင်
က ဂုဏ်ထူးသုံးဘာသာတောင်ပါသေး။
ကျွန်မက ဂုဏ်ထူးတဘာသာနှင့်သာ ကျေနပ်
ခဲ့သည်။ကျွန်မ Eမေဂျာယူတော့ မောင်လည်း
Eမေဂျာလိုက်ယူခဲ့သည်။ကျွန်မနှင့် ကျောင်း
အတူတူ တတ်ချင်လို့တဲ့လေ။ကျွန်မ
ကို မောင်အရမ်းချစ်မှန်းသိတော့ ကျွန်မ
မောင့်ကို အရင်ကထက် ပိုတွယ်တာလာမိ
သည်။

-တက္ကသိုလ်စတတ်သည့်နေ့က ကျွန်မဘဝ
အတွက် ရင်ခုန်စိတ်အလှုပ်ရှားဆုံး နေ့တနေ့
ဖြစ်လာသည်။အဲ့နေ့မှာ မောင်ကကျွန်မကို
ချစ်ခွင့်ပန်ခဲ့တယ်လေ။မောင်ချစ်ခွင့်ပန်ပုံက
ထူးခြားလှသည်။နှင်းဆီပန်းနီနီရဲရဲလေးကို
အချစ်သင်္ကေတအဖြစ် တင်စားခေါ်ဝေါ်
သည့် စွယ်တော်ရွက်ကလေးဖြင့် ပူးချည်၍_

"မောင်စိုက်ထားတဲ့ နှင်းဆီပန်းလေး ဒီနေ့ပဲ့
ပွင့်တယ်။နှင်းဆီပန်းလေးလို လှပတဲ့
မောင်ရဲ့ချစ်သူလေးကို နှစ်လွှာပေါင်းမှ တ
ရွက်ဖြစ်တဲ့ စွယ်တော်ရွယ်လေးလို ဘယ်
တော့မှ မခွဲဘဲ မောင့်ကိုချစ်ခွင့်ပေးပါနော်"

-မောင့်ရဲ့စကားသံကြားချိန်မှာ ကျွန်မလေ
ရင်ခုန်လွန်းလို့  ဘာစကားသံမှ ထွက်မလာ
တော့ဘဲ ခေါင်းလေးသာ ညိတ်ပြနိုင်ခဲ့သည်။
မောင်က ကျွန်မနဖူးလေးကို ညင်သာစွာ နမ်း
တော့ ကျွန်မခေါင်းလေးငုံ့ပြီး ရှက်ပြုံးလေး
ပြုံးနေမိသည်။မောင်က ကျွန်မလက်ကို
ဆုတ်ကိုင်လိုက်သည်။

-ကြည့်စမ်းပါအုံး……။
မောင်ဘယ်လောက်တောင်ရင်ခုန်နေလဲမသိ။
မောင်ရဲ့လက်တွေက အေးစက်လို့။

-ကျွန်မနှင့်မောင်ရဲ့ အချစ်ခရီးလမ်းဟာ
အပြစ်ပြောစရာ မရှိအောင် ဖြောင့်ဖြူးလွန်း
လှသည်။မောင့်မိဘတွေနဲ့ကျွန်မမိဘတွေက
ကျွန်မတို့နှစ်ယောက်ကို ကျောင်းပြီးရင် လက်ထပ်ပေးဖို့အထိ စီစဉ်ခဲ့ကြသည်။

-မောင်နှင့်ကျွန်မအတူရှိချိန်တိုင်း တယောက်
နှင့်တယောက် စနောက်ကာ လောကကြီးကို
မေ့လောက်သည်အထိ ပျော်ရွှင်ခဲ့ကြသည်။
ရုပ်ရှင်ကြည့်ရတာ နှစ်သက်သည့် ကျွန်မကို
မောင်က မကြာခဏဆိုသလျှင် ရုပ်ရှင်လိုက်
ပြတတ်သည်။ကျွန်မဆိုးသမျှကိုလည်း မောင်က သည်းခံပေးသည်။

-မောင့်မှာ ဖျက်မရသည့် အကျင့်ဆိုးတခုရှိ
သည်။မောင်က သူငယ်ချင်းတွေနှင့် ဆုံလျှင်
အပျော်သဘော လောင်းကစားလုပ်တတ်
သည်။လောင်းလျှင်လည်း သူအနိုင်ရမှ ကျေ
နပ်တတ်သည်။ကြီးကြီးမားမားမဟုတ်၍
မောင့်အကျင့်ကို ကျွန်မနားလည်ပေးခဲ့သည်။
ကျွန်မတို့ နှစ်ယောက်ကြားမှာ နားလည်မှုဆို
တဲ့ အချစ်အိမ်လေး ရှိနေပြီလေ။

-တနေ့ အဲ့နေ့က ကျွန်မအတွက် ကမ္ဘာပျက်
သည့်နေ့။
သူငယ်ချင်းတွေနှင့်အတူ ကျွန်မကင်တန်း
(မုန့်ဈေးဆိုင်တန်း)ဘက်သို့ရောက်ဖြစ်သည်။
ဆိုင်ထဲသို့ မဝင်မီ ကျွန်မခြေလှမ်းတွေ ရပ်
တန့်သွားခဲ့သည်။ကျွန်မမြင်လိုက်ရသည့် မြင်
ကွင်းကို ကျွန်မကိုယ်တိုင်ပင် မယုံနိုင်။

-မောင်နှင့်တခြားမိန်းကလေးတဦး မိုးမမြင်
လေမမြင် ပျော်နေလိုက်ကြတာ။ကျွန်မအပြင်
အခြားမိန်းကလေးတွေနှင့် မပတ်သတ်ခဲ့
သည့် မောင်က အခုတော့……။
ရက်စက်လိုက်တာ မောင်ရယ်။

-မောင် ကျွန်မနှင့်မထင်မှတ်ဘဲ မျက်လုံးချင်း
ဆုံသွားတော့ ကျွန်မပြေးထွက်ခဲ့မိသည်။
ကျွန်မနောက်မှ ပြေးလိုက်လာသော ခြေသံ
တွေကို ကျွန်မကြားနေရသည်။ငယ်ငယ်လေး
ကတည်းက ရင်းနှီးခဲ့ရသည့် မောင့်ရဲ့ခြေသံ
တွေ။

-မောင့်ရဲ့သစ္စာဖောက်ခြင်း ခံလိုက်ရပြီဟူ
သောအသိက ကျွန်မနှလုံးသားကို နာကျင်စေ
ကာ ကျွန်မပါးပေါ်သို့ မျက်ရည်စတွေ အတားအဆီးမဲ့စွာ စီးကျလာခဲ့သည်။

-ပြေးနေသော ကျွန်မလက်ကို လှမ်းဆွဲ၍
မောင်က ကျွန်မကိုယ်ကို ပွေ့ဖက်ကာ သူ့ရင်ခွင်ထဲတွင်ကျွန်မကိုချုပ်ထားလေသည်
ကျွန်မမောင့်ရင်ခွင်ထဲမှ ရုန်းကန်ရင်း ငိုနေမိ
သည်။မောင်က ရုန်းနေသော ကျွန်မအား
အတင်းပွေ့ဖက်ရင်း………

"ယွန်း မောင်ပြောတာခဏနားထောင်ပေးပါ"

"ဟင့်အင်း မပြောနဲ့ မကြားချင်ဘူး"

"မောင် ယွန်းကိုပဲချစ်တာပါ အဲ့တာကို ယွန်း
ယုံကြည်ပေးပါ"

-ကျွန်မ မောင့်ရင်ခွင်ထဲမှ ရုန်းထွက်၍ နှလုံး
သား၏နာကျင်မှုကြောင့် မရည်ရွယ်ဘဲ
မောင့်ပါးကို ဖြန်းခနဲရိုက်လိုက်မိသည်။

"လိမ်တာ လူလိမ်"

-ကျွန်မ မောင့်ကိုအော်လိုက်မိသည်။မောင့်ပါး
တွေ နီရဲလာကာ မောင့်မျက်ဝန်းတွေထဲမှာ
မျက်ရည်တွေ ရစ်ဝဲလာသည်။မောင်က
ကျွန်မမျက်ဝန်းတွေကို စိုက်ကြည့်လိုက်သည်
မုန်းတီးသော အကြည့်မျိုးတော့မဟုတ်။စိတ်
ထိခိုက်သွားသော အကြည့်မျိုးပင် ဖြစ်သည်။

"ယွန်းရယ် မင်းလုပ်ရက်တယ်နော်"

-မောင့်အသံမှာ သိသိသာသာ တုန်ခါနေသည်
ကျွန်မ မောင့်မျက်ဝန်းတွေကို ရင်မဆိုင်ရဲ
တော့၍ ကျောခိုင်းထွက်လာခဲ့သည်။အဲ့နေ့
တနေ့လုံး ကျွန်မငိုနေမိသည်။မျက်ရည်တွေ
ခမ်းလောက်သည်အထိ ကျွန်မအခန်းတံခါး
ပိတ်ကာ အော်ငိုနေမိသည်။

-မောင့်သူငယ်ချင်းတွေ ပြောပြချက်အရ ထို
မိန်းကလေးက သင်္ချာမေဂျာက ကွင်း။မာန
အရမ်းကြီးပြီး တော်ရုံတန်ရုံယောက်ျားတွေ
ကို လူလို့ပင်မထင်။ထို့ကြောင့် မောင့်သူငယ်
ချင်းတွေက မောင်နှင့်အလောင်းကစားလုပ်
၍ ထိုမိန်းကလေးကို လိုက်ခိုင်းခဲ့သည်။

-မောင်က အပျော်သဘောဖြင့် လက်ခံခဲ့သော်
လည်း ထိုမိန်းကလေးက မောင့်ကိုစွဲလန်းခဲ့
သည်ဟု ဆိုသည်။ဘယ်လိုအကြောင်း
ကြောင်းဖြစ်ဖြစ် မောင့်ကို ကျွန်မစိတ်ဆိုးခဲ့
သည်။

-မောင်က အရင်နဲ့မတူတော့။ရည်းစားတွေကို
ထည်လဲတွဲသည်။ကျောင်းလဲပုံမှန်မတတ်။
သူငယ်ချင်းတွေနှင့် အချိန်ဖြုန်းနေသည်က
များသည်။ကျွန်မကို တွေ့သည့်အခါတိုင်း
စီးကရက်ကို ရှိုက်၍ သောက်သည်။တခါတ
ခါ မောင်အရက်သောက်လာ၍ို့ မောင့်အဖေ
ဆူသည့်အသံကို အိမ်ကနေ ကျွန်မအတိုင်း
သားကြားနေရသည်။ဒါတွေအားလုံး ကျွန်မ
ကို ရွဲ့နေမှန်း ကျွန်မသိသည်။

-မောင့်အမေက ကျွန်မကို မောင့်အား စကား
ပြောခိုင်းသည်။ကျွန်မပြောရင် ရမယ်ဆိုတာ
မောင့်အမေက သိနေသည်။

-မှားခဲ့တဲ့သူက မောင်ပါ။
မောင်သာ ကျွန်မကို နှစ်ကြိမ်လောက်ဖြစ်ဖြစ်
တောင်းပန်ခဲ့ရင် မောင့်ကိုကျွန်မခွင့်လွှတ်ဖို့
အသင့်ပါ။

-ကျွန်မက မိန်းကလေးပါ။မိန်းကလေးဆိုတာ
နူးညံ့တဲ့နှလုံးသားကို ကိုချစ်ရတဲ့သူ မမြင်ရ
အောင် မာကျောတဲ့စိတ်ဓာတ်တွေနဲ့ ဖုံးကွယ်
ထားရတာပါ။

-မောင်နဲ့ကျွန်မ တဖြည်းဖြည်း ဝေးကွာသွား
သလို ခံစားရသည်။ကျွန်မရဲ့နှလုံးသားကို
မောင် ဒုတိယအကြိမ်နင်းချေခဲ့သည်။ကျွန်မ
အချစ်ဆုံးသူငယ်ချင်းနွယ်နှင့်မောင် ချစ်သူ
တွေဖြစ်ခဲ့သည်။နွယ့်ကို မောင်အသုံးချနေ
မှန်း ကျွန်မသိသည်။

-ကျွန်မရှေ့ဆို မောင် နွယ့်ကို ပိုဂရုစိုက်ပြတတ်
သည်။ပြီး နားမလည်နိုင်သည့် အကြည့်မျိုး
ဖြင့် ကျွန်မကိုမောင်ငေးကြည့်နေတတ်သည်။
မောင့်ကို ချစ်တဲ့အချစ်တွေက တဖြည်းဖြည်း
အမုန်းတွေအဖြစ် ပြောင်းလဲလာခဲ့သည်။
ကျွန်မ မောင့်ကို အရမ်းချစ်လို့ ခွင့်မလွှတ်နိုင်
ခဲ့။

-ကျွန်မလဲ မောင့်ကိုရွဲ့သည့်အနေဖြင့် မောင့်
သူငယ်ချင်းဝင်းမင်းနှင့် တရင်းတနှီး ဆက်
ဆံခဲ့သည်။ဝင်းမင်းချစ်ခွင့်ပန်တော့ စဉ်းစား
ပေးမည်ဟု ကျွန်မဖြေခဲ့သည်။ဒီစကားကို မောင်ပြန်ကြားမယ်ဆိုတာကျွန်မသိနေတယ်လေ။အဲ့နေ့ကစပြီး မောင်အရင်ကထက်
အခြေအနေပိုဆိုးလာခဲ့သည်။

-နေ့တိုင်းလိုလို ရန်ဖြစ်သည်။အရက်လဲ
သောက်သည်။အဆိုးဆုံးကတော့ မောင်အိမ်
ကနေ တပတ်တိတိ ပျောက်သွားခဲ့သည်။
ကျွန်မမောင့်အတွက် စိတ်ပူခဲ့ရသည်။နေ့
တိုင်းလိုလို ဝရံတာကနေ မောင်ပြန်လာပြီ
လားဟု မျှော်နေမိသည်။

-တနေ့ ကျွန်မဆီကို စာတစောင် ရောက်လာ
သည်။စာကို ဖွင့်ဖတ်လိုက်တော့ မောင့်လက်
ရေးဝိုင်းဝိုင်းလေးတွေက ကျမကို ဆီးကြိုနေ
သည်။

-မောင်နဲ့တွေ့နေကျ စွယ်တော်ပင်အောက်ကို
လာခဲ့ပါတဲ့။

-ကျမစွယ်တော်ပင်အောက်က ခုံတန်းလေး
တွင် မောင့်ကို ထိုင်စောင့်နေမိသည်။မောင်
နဲ့အတူ ပျော်ရွှင်ခဲ့သည့် စွယ်တော်ပင်ကြီးက
သူမဟုတ်သလို ငြိမ်သက်နေသည်။ပတ်ဝန်း
ကျင်ကလဲ တိတ်ဆိတ်လွန်းလှသည်။တခါ
တခါ လေပြေလေညင်းတို့က ညင်ညင်သာ
သာလေး တိုက်ခတ်သွားသည်။ကျွန်မခြေသံ
တိုးတိုးလေးကြား၍ မတ်တပ်ရပ်ကာ နောက်သို့လှည့်ကြည့်လိုက်သည်။

-မတွေ့ရသည့်ခုနစ်ရက်အတွင်း မောင်
အတော်ပိန်သွားသည်။မျက်ကွင်းတွေလည်း
ချောင်ကျသွားသည်။မောင့်ပုံစံမှာ လူမမာနှင့်
ပင် တူနေသည်။မောင်က ကျွန်မအနားတိုး
လာပြီး မှိန်ဖျော့သော မျက်ဝန်းအစုံတို့ဖြင့်
ကျွန်မကို ကြည့်ကာ-

"ယွန်း မောင့်ကိုမုန်းနေပြီလား"

-မောင့်အသံက ညင်သာလွန်းလှသည်။ကျွန်မ
ဘာမှပြန်မဖြေဘဲ မောင့်ကိုအေးစက်စက်
ကြည့်လိုက်သည်။

"မောင်တောင်းပန်ပါတယ် ယွန်းသာခွင့်ပြု
မယ်ဆိုရင် မောင်ယွန်းနဲ့အစကနေ ပြန်စချင်
တယ်"

-ကျွန်မ မဲ့ပြုံးပြုံးလိုက်မိသည်။

"အစကနေ ပြန်စဖို့အဝေးကြီးကို ရောက်နေပြီ
  အဆိုးဆုံးကတော့ ကျွန်မနှလုံးသားမှာ
မောင့်အတွက် နေရာမရှိတော့ဘူး"

"မောင်မရှိဘဲ ယွန်းဘဝကို ရှေ့ဆက်နိုင်လား"

"သေချာတာပေါ့"

"ကောင်းပါပြီ ဒါဆိုလဲ မောင်ထွက်သွားပေးပါ့
မယ် အဲ့အခါကျရင်သာ မောင့်ကိုမေ့ပြီး ယွန်း
ဘဝကို အသစ်ပြန်စပါ မောင်အဝေးကနေပဲ
ယွန်းပျော်ဖို့ ဆုတောင်းပေးပါ့မယ်"

-လှည့်ထွက်သွားသော မောင့်ရဲ့ကျောပြင်ကို
ကျွန်မမျက်စိတဆုံး ငေးကြည့်နေမိသည်။

-မောင့်ကိုမုန်းတယ် ဆိုတာကလည်း မောင့်အ
ပေါ်ကို အရမ်းမျှော်လင့်မိလို့ မုန်းမိတာပါ
မောင်ရယ်။

-ကျွန်မငိုသံအချို့ကိုံကြား၍ အိပ်ပျော်နေရာမှ လန့်နိုးလာခဲ့သည်။အောက်ထပ်ရောက်တော့
မောင့်အမေနှင့်ကျွန်မအမေ ငိုနေတာကို တွေ့
လိုက်ရသည်။မောင့်အမေက ကျွန်မကို တွေ့
တော့ ငိုသံမှာ ပို၍ကျယ်လောင်လာပြီး……

"သမီးရေ မောင် မောင်ဆုံးပြီ"

-မောင့်အမေ ငိုသံပါကြီးနှင့် ပြောလိုက်သည့်
စကားကြောင့် ကျွန်မတုန်လှုပ်သွားမိသည်။

"မဟုတ်ပါဘူး အန်တီရယ် မောင်ကမနေ့ကပဲ
သမီးနဲ့တွေ့တာလေ အန်တီတို့စနေတာ
မလား"

-ကျွန်မမျှော်လင့်ချက်ဖြင့် လှမ်းမေးလိုက်
သည်။

"မနေ့က သမီးနဲ့တွေ့ပြီးအပြန် ဆေးထိုးအပ်
တန်းလန်းနဲ့ သေနေတာတဲ့ သမီးသာ သူ့ကို
ခွင့်လွှတ်ခဲ့ရင် သူဆေးဖြတ်ပြီး သမီးနဲ့ဘဝ
သစ် ပြန်စဖို့ သူဆုံးဖြတ်ထားတာတဲ့လေ
မောင်ကသမီးကိုသိပ်ချစ်ရှာတာ။သူမျှော်လင့်ထားသလို ဖြစ်မလာတော့ လုပ်မိလုပ်ရာ လုပ်
တယ် ထင်ပါရဲ့ကွယ်"

-အမေ့ရဲ့စကားသံကို ကြားတော့ ကျမနှလုံး
သားကို ဓားနှင့် အချက်ပေါင်းများစွာ ထိုးနှက်သလို ခံစားရသည်။နှလုံးသားမှာ
နာကျင်လွန်းလို့ ဆောက်တည်ရာမရဘဲ
တောင့်တောင့်ကြီး ရပ်နေမိသည်။အခြေအ
နေကို ရိပ်မိသော အမေက ကျမထံသို့ ပြေးလာ၍ ကျမကိုဖက်ကာ-

"ငိုချင်ရင်ငိုချလိုက်လေ သမီး အဲ့လိုကြီး မနေ
ပါနဲ့ သမီး သမီး"

-ကျမ၏ရင်ဘတ်ထဲမှာ အသက်ရှုမဝသလို
ခံစားရသည်။ကျမဘာကိုမှ မမြင်တော့။
အမှောင်အတိကျသွားလေသည်။

-ကျမနိုးလာတော့ အမေက ဘေးမှာ တရှုံ့ရှုံနှင့် ငိုနေလေသည်။

"သမီး နိုးပြီလား အမေတို့မောင်ရဲ့နောက်ဆုံး
ခရီးကို လိုက်ပို့ရအောင်နော် မောင်ကသမီးကို
တွေ့ချင်လို့ စောင့်နေတယ်"

"ဟုတ်သားပဲ မောင်သမီးကို စောင့်နေတယ်
စွယ်တော်ပင်အောက်မှာလေ သမီးမောင့်ကို
သွားတွေ့ရမယ် တော်ကြာမောင်စိတ်ဆိုးနေ
အုံးမယ်"

-ပြောပြောဆိုဆို မောင်ရှိရာနေရာသို့ ကျမ
ပြေးထွက်လာခဲ့သည်။ကျမ မောင့်ကို သိပ်
တွေ့ချင်လှပြီ။

-စွယ်တော်ပင်အောင်ရောက်တော့ အကျီင်္ိ
အဖြူရောင် ဝတ်စုံလေးနှင့် မောင့်ကို ကျမ
တွေ့လိုက်ရသည်။ကျမကို မြင်တော့ မောင်က
အတောက်ပဆုံးအပြုံးတွေနဲ့ ပြုံးပြသည်။
ကျမ မောင့်ရင်ခွင်ထဲသို့ ပြေးဝင်လိုက်သည်။
မောင်လဲ ကျမကို ပွေ့ဖက်ထားသည်။

"မောင့်ကို အရမ်းချစ်တယ်"

-မောင်က တိမ်တစဆိုရင် ကျမက ကောင်း
ကင်ကြီးပါ။မောင်ဘယ်လောက်ပဲ မျောလွင့်
မျောလွင့် ကောင်းကင်ကြီးရဲ့ အပြင်ဘက်တော့ မရောက်နိုင်ပါဘူး။

-လူတွေက ပြောတယ်။ကျမက ယဉ်ယဉ်လေး
ရူးနေတာတဲ့။တကယ်တော့ ကျမမရူးပါဘူး။
မောင် ကျမအနားမှာ တချိန်လုံး ရှိနေတာကို
မရှိဘူးလို့ ပြောနေတဲ့ သူတို့တွေသာ ရူးနေ
တာ။ကျမက မောင်နဲ့အတူ တိမ်တွေရဲ့ မျော
လွင့်ရာကို လိုက်ဖို့အသင့်ပဲ။

                     ဟေမာန်အောင်
(ဒီဝတ္ထုလေးက ကျမဒုတိယနှစ်မှာ ရေးသား
ခဲ့တဲ့ ဝတ္ထုတိုလေးတပုဒ်ဖြစ်ပါတယ်။ကျမ
ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အချစ်ကို
ကစားနေကြတဲ့ ဆယ်ကျော်သက်အရွယ်
ကောင်လေးတွေနှင့်အချစ်ကိုကိုးကွယ်သည့်
အရွယ် မိန်းကလေးအကြောင်းကို အခြေခံ၍
ရေးသားထားခြင်း ဖြစ်ပါသည်။အချစ်ကို
ကစားရာမှ ဘဝပျက်တတ်သလို နှလုံးသားလဲဒဏ်ရာ ရတတ်ကြောင်း အသိပေးလို၍ ရေးသားထားခြင်း ဖြစ်ပါသည်။ဒီဝတ္ထုလေးက ကျမရဲ့ပထမဆုံး
စာမူဖြစ်တဲ့အတွက် ချို့ယွင်းချက်တွေအများ
ကြီးပါရှိပါတယ်။သည်းခံပြီး ဖတ်ပေးကြတဲ့
စာပေချစ်သူတွေကို ကျေးဇူးတင်ရှိပါသည်။)

၂၀၁၆ခုနှစ်ထုတ် ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
တွင် ထည့်သွင်းဖော်ပြခြင်း ခံခဲ့ရသည်။

Post a Comment