ကလေးအတွေး

ကလေးတွေး

ဖခင်က ခရစ်စမတ်အတွက် မုန့်ဘူးတစ်ဘူး ဝယ်လာသည်။ မုန့်ဘူးက ဈေးကြီးသည်။ မိသားစုအားလုံး ညဘက်တွင် ပျော်ရွှင်စွာစားမည်ဟု ရည်စူးကာ စားပွဲပေါ်တင်ထားခဲ့သည်။

ဖခင်က ခြံထဲတွင် အလုပ်သွားလုပ်နေစဉ် သမီးလေးနှင့် သူ၏ခွေးကြီးက အခန်းထဲဝင်လာသည်။ ခွေးကြီးက အနံ့ခံပြီး မုန့်ဘူးကို စားပွဲပေါ်မှ တွန်းချလိုက်သည်။ ထို့နောက် မုန့်တွေကိုစားပြီး ခွေးက အပြင်ကို ပြန်ထွက်သွားသည်။

သမီးလေးက အဖြစ်အပျက်ကို ငေးကြည့်နေမိသည်။ ဘာလုပ်လို့ လုပ်ရမှန်းလည်းမသိ။ အခြေအနေက လွန်သွားပြီ။

ဖခင်ဖြစ်သူသည် မီးဖိုထဲဝင်လာပြီးနောက် စားပွဲပေါ်တွင် မုန့်ဘူးကို မတွေ့သဖြင့် “မုန့်ဘူးကို ဘယ်သူယူသွားသလဲဟေ့” ဟုအော်မေးလိုက်သည်။

သမီးလေးက အခန်းထဲမှ မုန့်ဘူးကိုယူပြီး ထွက်လာသည်။ စက္ကူဘူးကို လှပသည့် ရောင်စုံစက္ကူဖြင့် ပတ်ထားသည်။ ဖခင်က “သမီး စိတ်ကူးကောင်လိုက်တာ … ဘူးကို ဒီလို အလှဆင်ပေးလို့ ကျေးဇူးပဲ သမီး” ဟုပြောပြီး သမီးလက်ထဲမှ ဘူးကို လှမ်းယူလိုက်သည်။

သူသတိထားမိလိုက်သည်မှာ ဘူးကပေါ့ပါးနေသည်။

“သမီး … ဘူးထဲက မုန့်တွေ ဘယ်ရောက်သွားလဲ”

“မုန့်တွေထက် တန်ဖိုးရှိတာ သမီးထည့်ထားတယ် ဖွင့်ကြည့်ပါဖေဖေ”

“နောက်စရာ  မဟုတ်ဘူးသမီး … မုန့်တွေကို သမီး စားလိုက်ပြီ မဟုတ်လား … ဒါကို အားလုံစားဖို့ ငါဝယ်လာတာ … ခွေးကောင်မလေး” ဟုပြောပြီး သမီးလေးပါးကို လွှဲရိုက်လိုက်သည်။

သမီးလေးက ထိုင်လျက်ငိုနေရာက

“ဘူးကို ဖွင့်ကြည့်ပါဖေဖေ” ဟုပြောလိုက်သည်။

ဖခင်က ဘူးကို ပတ်ထားသည့် စက္ကူများကို ခွာပြီးနောက် အဖုံးကို ဖွင့်မည်ဟုပြင်လိုက်ရာ

“ဖြည်းဖြည်းဖွင့်ဖေဖေ” ဟုသတိပေးလိုက်သည်။

ဖခင်က ဘူးကို ဖွင့်လိုက်ရာ အထဲတွင် ဘာမျှ မရှိကြောင်း တွေ့လိုက်ရသည်။ စိတ်ဆိုးစွာဖြင့် ရိုက်ရန် ပြင်ဆင်နေသည့် သူ့ဖခင်ကို

“ဖေဖေ … ဘင်နီ မုန့်တွေ စားသွားလို့ သမီးက မုန့်တွေအစား ဖေဖေ့အတွက် အခန်းထဲသွားပြီး အနမ်းတွေ ဘူးထဲထည့်ထားလိုက်တယ်ဖေဖေ … အပြည့်ပဲ”

(တစ်ခါတလေ ကလေးတွေရဲ့ အတွေးလေးတွေကို ကျွန်တော်တို့ နားလည်အောင် အရင်ဆုံး ကြိုးစားပြီးမှ အပြစ်ပေးသင့် … မပေးသင့် ဆုံးဖြတ်သင့်ပါတယ်။)

(Kisses)

credit to Tin Nyunt

Post a Comment