လူသားစား​ဆေးရုံ အပိုင်း ၁၆ +၁၇+ ၁၈ +၁၉+ ၂၀

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၁၆)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
               *********************

ဆေးရုံမှ သက်ဆိုင်ရာ ခန့်ခန့်ညားညားဆရာဝန်တစ်ဦးအား မြင်တွေ့လိုက်ရသည်ကြောင့် ကိုထိန်ဝင်းမှာမူ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်သည်။ ထို့နောက် ဆေးရုံအဝမှ ဆေးရုံအတွင်းသို့ မိမိအား နှုတ်ဆတ်လျက် ဖော်ရွေစွာခေါ်ဆောင်သော ဒေါက်တာသန်းနိုင်၏အနောက်မှ လိုက်ပါရင်း ဆေးရုံအတွင်းသို့ ရောက်ရှိလာချေခဲ့သည်။

ဆေးရုံအတွင်းသို့ ရောက်ရှိလာခဲ့သည်နှင့် ကိုထိန်ဝင်း၏စိတ်အတွင်း၌မူ တစ်စုံတစ်ခု လေးလံထိုင်းမှိုင်းမှု့များ ဖြစ်ပေါ်လာစေသည်။ ထို့နောက် ရဲအရာရှိကြီးတစ်ဦးပီပီ ဆေးရုံအတွင်း၌မြင်တွေ့နေခဲ့ရသော အရာများအား လှည့်ပတ်အကဲခတ်ကြည့်နေမိ၏။ ဆေးရုံ၏အခြေနေမှာ ဗဟိုရဲဌာနချုပ်မှ ညွန်ညားပြောဆိုခဲ့သော ပိတ်ထားသည့်ဆေးရုံနှင့်မတူ ယခုလက်ရှိ ဖွင့်လစ်ကုသနေခဲ့သော ဆေးရုံတစ်ခု၏ ပုံစံများပင်ဖြစ်နေချေသည်။

မျက်နှာထားမှာ ပြုံးနေ၏။ မျက်လုံးအိမ်မှာလဲ ကိုထိန်ဝင်းတစ်ယောက် လှည့်ပတ်အကဲခတ်ကြည့်နေခဲ့သည့်အတိုင်း ဒေါက်တာသန်းနိုင်မှာလည်း လိုက်လံကြည့်ရှု့နေခဲ့သည်။ အချိန်ကြာကြာ တစ်ဦးကိုတစ်ဦး မည်သည့်စကားမှ ပြောဆိုခြင်းများ မရှိခဲ့သေးချေ။ ထို့နောက် ကောင်ဒါစားပွဲ အနီးရှိထိုင်ခုံလေးတွင် ကိုထိန်ဝင်းအား နေရာပေးထိုင်ခိုင်းစေရင်း မိမိသည်လည်း ရဲအရာရှိကြီးနှင့်အတူ မျက်နှာချင်းဆိုင် ထိုင်ခုံလေးတွင် ဝင်ရောက်နေယူ ထိုင်လိုက်ချေသည်။

ကိုထိန်ဝင်းတစ်ယောက် လာရင်းအကြောင်းများအား မည်သို့ပင်ပြောဆိုရမည်နည်း။ ဆေးရုံ၏အခြေနေမှာလည်း အထက်မှညွန်ကြားခဲ့သော ပိတ်ထားသည့်ဆေးရုံနှင့်မတူ ထို့အပြင် မိမိ၏နယ်အစွန်၌ ပိတ်ထားခဲ့သော ဆေးရုံတစ်ခုတည်ရှိနေသည်ဟု လေ့လာထားခဲ့ဘူးသော်လည်း သူတစ်ယောက် မသွားရောက်ခဲ့ဘူးချေ။ ထို့ကြောင့် ယခုရောက်ရှိနေခဲ့သော ဆေးရုံဟာ ပိတ်ထားခဲ့သည့် မြို့မဆေးရုံလေလာဟု ကိုထိန်ဝင်း၏ နှုတ်မှမေးမထွက်ခဲ့ချေ။

ပြုံးနေခဲ့သော မျက်နှာထားနှင့်အတူ ဒေါက်တာသန်းနိုင်တစ်ယောက် စားပွဲခုံပေါ်ရှိ ဘောပင်လေးအား ကောက်ကိုင်လိုက်ရင်း မိမိ၏မျက်နှာဆီသို့ အကြည့်တစ်စုံရောက်ရှိလာခဲ့သော ရဲအရာရှိကြီးအား ပြုံးပြစေခဲ့သည်။ ကိုထိန်ဝင်းမှာလည်း ဒေါက်တာသန်းနိုင်အား အပြုံးလေးဖြင့် ပြန်လည်ချေပစေခဲ့သည်။ ထို့နောက်

''လာရင်းအကြောင်းလေး ဆိုပါဦး ရဲအရာကြီး''
''အေးဗျာ… ကျုပ်လဲ ဘယ်ကနေ ဘယ်လိုစပြောရင်ကောင်းမလဲလို့ စဉ်းစားနေတာ''
''ဟော့ဗျာ… ရပါတယ်ဗျ ပွင့်ပွင့်လင်းလင်းသာပြော ကျွန်တော်တို့ဆေးရုံရဲ့ အကူညီလိုအပ်လို့လား''
''အဲ့လိုမဟုတ်ဘူးဗျ ကျုပ်တစ်ခုလောက် မေးပါရစေ''
''မေးပါဗျ မေးပါ တစ်ခုမဟုတ်ဘူး ရဲအရာကြီးမေးချင်သလောက်တာမေး''

''ဒီလိုဗျ ဒီဆေးရုံနာမည်က မြို့မဆေးရုံနော်''
''ဟုတ်ပါတယ်… မြို့မဆေးရုံပါ ''
''ကျုပ်ဒီနယ်ဘက်ကို တာဝန်နဲ့ ပြောင်းလာတာ မကြာသေးပါဘူး ကျုပ်နယ်အပိုင်မှာ ပိတ်ထားတဲ့ ဆေးရုံတစ်ခုရှိတယ်လို့တော့ ကျုပ်လေ့လာထားခဲ့ရတယ်… နာမည်က မြို့မဆေးရုံပဲ''
''ဟင်… သြော်… ဟားဟားဟား!… ဒါဆိုရင်တော့ ရဲအရာရှိကြီး ဆေးရုံမှားလာပြီနဲ့ထင်တယ်… ကျွန်တော်တို့ဆေးရုံနာမည်ကလဲ မြို့မဆေးရုံပါပဲ ဒါပေမယ့် ပိတ်ထားတဲ့ ဆေးရုံတော့မဟုတ်ဘူးဗျ ရဲအရာရှိကြီးမြင်တဲ့ အတိုင်းပဲလေ ပိတ်ထားတဲ့ ဆေးရုံနဲ့တူလို့လားဗျ''

''အဲ့ဒါကြောင့် ကျုပ်လဲစဉ်းစားနေတာ… ဒါပေမယ့် မြေပုံအရဆိုရင်လဲ ပိတ်ထားတဲ့ မြို့မဆေးရုံဆိုတာ ဒီဆေးရုံလို့ သတ်မှတ်နိုင်တယ်လေ… ဒါပေမယ့် အခုဟာက…!''
''သြော်!… ဘာအကြောင်းများရှိလို့ ရဲအရာရှိကြီးက ပိတ်ထားတဲ့ မြို့မဆေးရုံကို သွားချင်ရတာလဲ… ပြောပြလို့ရရင် ပြောပြပေးလေ ကျွန်တော်လဲ ညွှန်ပေးလို့ရတာပေါ့''
''အကြောင်းကတော့!… ထွေထွေထူးထူး မဟုတ်ပါဘူး ဒီလိုဗျ… !''

ပြုံးရွှင်နေခဲ့သော ဒေါက်တာသန်းနိုင်၏ိံ အမေးစကားများအား ရဲအရာရှိကြီးကိုထိန်ဝင်းတစ်ယောက် လေသံခပ်လေးလေးဖြင့် ပြောဆိုရန် ရွယ်လိုက်ချိန်တွင် ကြမ်းပြင်ပေါ်သို့ တစ်စုံတစ်ခုပြုတ်ကျသွားခဲ့သော အသံအားကြားလိုက်ရလေသည်။ ကိုထိန်ဝင်းသည်လည်း အသံကြားရာ ဒေါက်တာသန်းနိုင်၏အနီးအနား ကြမ်းပြင်ဆီသို့ ခေါင်းလေးအား အသာဝှေ့ရမ်းကြည့်လိုက်၏။

မိမိ၏ဘောင်းဘီခါးကြားတွင် ထိုးထားခဲ့သော ဓားမြောင်လေးမှာ ထိုင်ခုံပေါ်တွင် ထိုင်လိုက်စဉ်ကတည်းမှ ချောင်တယောင်ယောင် ဖြစ်သွားခဲ့မှန်း ဒေါ့က်တာသန်းနိုင်တစ်ယောက် ခံစားမိခဲ့သည်။ သို့သော်လည်း ဟန်အမူယာမပျက်စေရန် ထိမ်းသိမ်းထားခဲ့ရသည်ကြောင့် ခါနောက်ကျောမှ ချောင်ကျနေသော ဓားမြောင်လေးအား မပြင်ဆင်ခဲ့ချေ။ ထို့ကြောင့် ယခုအခါ စားပွဲအပေါ်မှ ရေခရားအား လှမ်းယူလိုက်သည့်အချိန်၌ပင် ထိုဓားမြောင်လေးမှာ ကြမ်းပြင်အပေါ်သို့ ပြုတ်ကျသွားခဲ့ရသည်။

ဆေးရုံအတွင်း၌ တိတ်ဆိတ်နေခဲ့သည်ကြောင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သော ဓားမြောင်လေး၏ အသံဟာလျင် ပဲ့တင်ထပ်နေခဲ့သည်။ ကိုထိန်ဝင်းတစ်ယောက်သည်လည်း ကြမ်းပြင်ပေါ်မှ ဓားမြောင်ကလေးအား တွေ့ရှိလိုက်ရပြီး ဒေါက်တာသန်းနိုင်၏ မျက်နှာပြင်သို့ အကြည့်တစ်စုံရောက်ရှိစေခါ သူတစ်ယောက် နားမလည်နိုင်စွာဖြင့် မျက်မှောက်ကြုတ်မိလိုက်သည်။

     မိမိကိုင်ဆောင်နေကြဖြစ်သော လူသတ်ပုဆိန်အား ကိုင်မြောက်လျက် ရေခဲတိုက်အခန်းဆီသို့ ဖြေညင်းစွာလှမ်းသွားခဲ့ရင်း အခန်းအတွင်း၌ရှိနေခဲ့သော ပစ္စည်းတစ်ခုအား တိုက်မိလိုက်သည်ကြောင့် ဆူညံတစ်ချို့ထွက်ပေါ်လာချေခဲ့သည်။ ထို့ကြောင့် အခန်းတွင်း၌လူငယ်များ ပုန်းခိုနေခဲ့လျင် မိမိရောက်ရှိကြောင်း သိရှိသွားလောက်မည်မှာ သေချာလှသည်။ ထို့ကြောင့် ဖြေးညင်းစွာလျောက်လှမ်း မနေတော့ပဲ အခန်းအတွင်းသို့ ခပ်သွက်သွက်ဝင်ရောက်ရန် ရွယ်လိုက်၏။

''ဆရာ… ''
''ဟင်!… သြော်… လာ''
''ဆရာ အခန်းထဲမှာ တစ်ယောက်ယောက်ရှိနေတယ် ထင်လို့လား''
''ဟုတ်တယ် ထင်နေတာမဟုတ်ဘူး… ရှိကိုရှိနေတာ''
''ဒါဆိုလဲ ဆရာရာ… ကျွန်တော်တစ်ယောက်လုံးရှိပါတယ် ဆရာဖယ်… အလောင်းဝင်ထားရင်းနဲ့ ကျွန်တော်ဖမ်းခေါ်လာခဲ့မယ်''
''ကောင်းပြီး… စန်းမြင့်သေချာဂရုစိုက်နော်''

လူငယ်နှစ်ဦး ဝင်ရောက်သွားကြသော ရေခဲတိုက်အခန်းအတွင်းသို့ ပုဆိန်အား ဆွဲကိုင်လျက် ဖြေညင်းစွာဝင်ရောက်တော့မည့် အချိန်၌ပင် အခန်းဝမှ သေဆုံးသွားခဲ့သော နပ်စ်မလေး၏အလောင်းအား ရေခဲတိုက်ခန်းအတွင်းသို့ ပို့ဆောင်ရန် ရောက်ရှိလာခဲ့သော မောင်စန်းမြင့်၏ ခေါ်သံအားကြားလိုက်ရလေသည်။ ထို့ကြောင့် ဝင်ရောက်တော့မည့် ခြေလှမ်းများ ရပ်တန့်သွားစေခါ မောင်စန်းမြင့်နှင့်အပြန်အလှန် စကားများစွာ ပြောဆိုဖြစ်ခဲ့သည်။

အခန်းဝဘောင်၌ ငြိမ်သတ်စွာ ကပ်လျက်ရှိနေခဲ့သော လူငယ်နှစ်ဦးသည်လည်း ဆရာဝန်ကြီးနှင့် မောင်စန်းမြင့်နှစ်ဦးသား အပြန်အလှန်ပြောဆိုနေကြသော စကားများအား ကြားသိလိုက်ရသည်။ ထို့ကြောင့် အခန်းဝဘောင် တစ်ဖက်ဆီ၌ရှိနေကြသော လူငယ်နှစ်ဦးမှာလည်း တစ်ဦးကိုတစ်ဦး မျက်ရိပ်မျက်ကဲများဖြင့် အချက်ပြစေသည်။ အခန်းအတွင်းသို့ တစ်ဦးတစ်ယောက် ဝင်ရောက်လာခဲ့သည်နှင့် စတင်တိုက်ခိုက်ရန် ကြံဆထားချေသည်။

အခန်းအတွင်း၌ ခေတ္တထားရစ်ခဲ့သော မျှားကလေးနှင့်လူငယ်နှစ်ဦး မည်သည့်အန္တရယ်များနှင့် ကြုံတွေ့နေရသနည်း။ သို့သော်လည်း မျှားကလေး၏ ရဲစွမ်းသတ္တိနှင့် ဥာဏ်စွမ်းအား သိရှိထားခဲ့သည့် ရေခဲတိုက်အခန်းတွင်းမှ လူငယ်နှစ်ဦးမှာမူ မိမိတို့၏သူငယ်ချင်းများ လွတ်ရာဆီသို့ ပုန်းခိုနေကြမည်မှာ မလွဲလောက်ချေ။ ထို့ကြောင့် ယခုအခန်းတွင်းသို့ ဝင်ရောက်လာတော့မည့် ရန်သူကိုသာ အာရုံစိုက်တိုက်ခိုက်ရန် ဟန်ပြင်ထားချေတော့သည်။ တံခါးကြားထဲ၌ရှိနေခဲ့သော လူငယ်သုံးဦးမှာလည်း ကျင်းကြပ်စွာရှိနေစေရင်း စိုးရိမ်မှု့များနှင့် မျက်လုံးစုံမှိတ်ငြိမ်သတ်နေခဲ့ရသည်။

''ဟင်း… ဟင်… ကြောက်တယ် ကြောက်တယ်''
အသံဟာမကျယ် သို့သော်လည်း ယခုအချိန်၌ မည်သည့်အသံမှ မထွက်လျင်အကောင်းဆုံးပင်ဖြစ်ချေမည်။ တံခါးကြားအတွင်း၌ ရှိနေခဲ့သော မောင်ကဲတစ်ယောက် အသံမထွက်သည့် လေသံမျိုးဖြင့် သွေးရူးသွေးတမ်းစကားများ စတင်ပြောဆိုလာချေသည်။ အသံမထွက်ပါနဲ့မောင်ကဲရယ်။ တိုးတိုးလေး ခဏလေး ငြိမ်နေပေးပါ။ အသံမထွက်သည့် စကားသံများနှင့် မျှားကလေးတစ်ယောက် မောင်ကဲအား အမူယာများဖြင့် ပြောဆိုနေသည်။

စာမိမှာလည်း မောင်ကဲ၏ပါးစပ်အား လက်ဖြင့်အုပ်လျက် ရှုးတိုးတိုးဟူသော အမူယာများဖြင့် ဟန့်တားနေချေခဲ့သည်။ သို့သော်လည်း မောင်ကဲမှာမူ ခေါင်းအားတဆတ်ဆတ်ရမ်းခါလာပြီး အသားများမှာလည်း တဆတ်ဆတ်တုန်ခါလာချေသည်။ ထိုသို့ကြမ်းတမ်းလာခဲ့သော မောင်ကဲ၏အပြုမူများကြောင့် ပုန်းအောင်းနေခဲ့သော တံခါးမှာလည်း လှုပ်ရမ်းလာချေတော့သည်။

အလောင်းအားထမ်းလျက် ရေခဲတိုက်အတွင်းသို့ ပို့ဆောင်ရန်ဦးတည်နေခဲ့သော မောင်စန်းမြင့်အား ညွှန်ပြပေးနေခဲ့သည့် ဆရာဝန်ကြီးတစ်ယောက် အခန်းတံခါးလှုပ်ရမ်းလာခဲ့သည်အား မြင်တွေ့သွားစေခဲ့သည်။ မျှားကလေးသည်လည်း ရိပ်စားမိ၏။ လူသတ်သမားများ၏ ပြောလက်စ စကားသံများ ရုတ်တရက်ရပ်တန့်သွားခဲ့သည်ကြောင့် မိမိတို့၏ပုန်းခိုနေခဲ့သော နေရာ၏အဖြစ်ပျက်များအား မြင်တွေ့သွားခဲ့မည်မှာ သေချာလှသည်။

ထို့ကြောင့် စာမိအား ဟန်အမူယာများဖြင့် တံခါးအနားသို့ ရန်သူကပ်ရောက်လာခဲ့လျင် တံခါးအား လျင်မြန်စွာဖြင့် တွန်းလျက် အပြင်သို့ အပြေးထွက်ကြမည်ဖြစ်သည်။ စာမိသည်လည်း မျှားကလေး၏ ဟန်အမူယာများအား ကောင်းစွာနားလည်စေသည်။ ထို့ကြောင့် လူသတ်သမားလျောက်လှမ်းနေသော ခြေလှမ်းများအား ဇောချွေးများစွာပြန်လျက် တံခါးအနားသို့ ကပ်ရောက်လာမည့်အချိန်ကို စောင့်စားနားစွင့်နေစေသည်။

ဆရာဝန်ကြီးသည်လည်း ပုဆိန်အား ချိန်ဆလျက် လှုပ်ရမ်းသွားခဲ့သော တံခါးအနားသို့ ဖြေးညင်းစွာလျောက်လှမ်းလာစေသည်။ မောင်စန်းမြင့်သည်လည်း ပရိယာယ်ကြွယ်ဝစွာဖြင့် သေဆုံးနေခဲ့သော နပ်စ်မလေး၏အလောင်းအား အပြင်၌အသာချလျက် ရေခဲတိုက်အခန်းဆီသို့ လူသတ်ဓားအားကိုင်ဆောင်စေရင်း တစ်လှမ်းချင်းဝင်ရောက်ချေမည်ဖြစ်သည်။

''ကြောက်တယ် ငါကြောက်တယ် ငါပြေးမယ် ငါ့ကိုလွတ်''

ရည်ရွယ်ချက်များ လွဲချော်သွားခဲ့ရသည်။ တံခါးအနားသို့ လူသတ်သမားကပ်ရောက်လာလျင် တံခါးအား အရှိန်ပြင်းစွာတွန်းထုတ်လိုက်ခြင်းဖြင့် အနားကပ်လာသော လူသတ်သမားမှာ တံခါးနှင့်အရှိန်ပြင်းစွာ တိုက်မိစေရင်း အထိနာသွားစေနိုင်သည်။ သ်ု့သော် သွေးပျက်ထိတ်လန့်နေခဲ့သည့် မောင်ကဲတစ်ယောက် သွေးရူးသွေးတမ်းများစွာနှင့် ပုန်းခိုနေခဲ့သော တံခါးအနောက်မှ ကျယ်လောင်စွာအော်ဟစ်စေရင်း တံခါးအားတွန်းကန်လိုက်ချေသည်။

ထို့ကြောင့် တံခါးအနားသို့ ဖြေညင်းစွာလျောက်လှမ်းလာသော ဆရာဝန်ကြီးမှာလည်း အနောက်သို့လျင်မြန်စွာ ရှောင်တိမ်းလိုက်နိုင်သည်။ မောင်ကဲ၏တွန်းကန်လိုက်ခြင်းကြောင့် တံခါးမှာလည်း အခန်းအား ပိတ်လျက်သားဖြစ်သွားချေခဲ့သည်။ ရေခဲတိုက်အခန်းတွင်းသို့ ဝင်ရောက်ရန် လျောက်လှမ်းသွားခဲ့သော မောင်စန်းမြင့်သည်လည်း ရုတ်တရက် ခြေလှမ်းများရပ်တန့်သွားစေရင်း ဝုန်းဟူသော အသံကြားရာဆီသို့ လှည့်ကြည့်စေခဲ့သည်။

''ဟင်!… မောင်ကဲ မင်းဘယ်လိုလုပ်လိုက်တာလဲ''
''အောင်မာ… ဒင်းတို့က ဒီအနောက်မှာ ပုန်းနေကြတယ်ပေါ့လေ… သေပေတော့''

ကြုတ်ကြုတ်ကလေးများ ထိုင်လျက်သားဖြစ်နေခဲ့သော လူငယ်သုံးဦး၏ကြားသို့ အရှိန်ပြင်းလွန်းလှသော ဆရာဝန်ကြီး၏ ပုဆိန်အုပ်မိုးလာချေသည်။ ကြောက်လန့်တကြား ထိုလူငယ်သုံးဦးသည်လည်း ရှောင်တိမ်းလိုက်မိသည်ကြောင့် ပုဆိန်အသွားနှင့် သီသီကလေးမျှသာ လွဲချော်သွားစေသည်။ ထို့နောက် စာမိမှာမူ အခန်တံခါးအား လျင်မြန်စွာဆွဲဖွင့်စေခဲ့ရင်း

''အစ်မ… မောင်ကဲကိုခေါ်ပြီး အစ်မတို့ပြေးတော့ ကျွန်တော်တားထားလိုက်မယ်''
''မဖြစ်ဘူး…  စာမိ…နင်မောင်ကဲကို ခေါ်ပြီးပြေး… ငါတားမယ်''
''ဟာဗျာ… အစ်မ ကျွန်တောပြောတဲ့ အတိုင်းပဲလုပ်… အစ်မသူ့ကိုခေါ်ပြီးပြေးတော့''
''ဟားဟားဟား… လွတ်မယ်ထင်ရင် ပြေးပေါ့ ကဲ့ကွာ''

အရှိန်ပြင်းလွန်းလှသော ပုဆိန်အသွား ဆရာဝန်ကြီးနှင့် အနီးစပ်ဆုံးရှိနေခဲ့သော မောင်ကဲအပေါ်သို့ ထပ်မံအုပ်မိုးလာချေသည်။ စာမိ၏ပြောစကားများကြောင့် မျှားကလေးသည်လည်း စဉ်းစားမနေတော့ပဲ အခန်းအတွင်းမှ အလွတ်ထွက်ရန် မောင်ကဲအား လက်ဆွဲလိုက်ချေသည်။ ထို့ကြောင့် ဆရာဝန်ကြီး၏ ပုဆိန်နှင့် ကံကောင်းလေသလား။ ထပ်မံလွဲချော်သွားခဲ့ရပြန်သည်။ မောင်ကဲအား လက်ဆွဲလျက် မျှားကလေးတစ်ယောက် အခန်းအပြင်သို့ လျင်မြန်စွာထွက်စေရင်း လှေကားအတိုင်း အောက်ထပ်သို့ အပြေးဆင်းသတ်ချေတော့သည်။

ရေခဲတိုက်အရှေ့မှ မောင်စန်းမြင့်သည်လည်း အခန်းအတွင်းသို့ မဝင်ရောက်တော့ပဲ ဆရာဝန်ကြီးအား ဝိုင်းဝန်းကူရန် အနားသို့အပြေးလှမ်းလာချေသည်။

မိမိအသေခံလိုက်မည်။ အပြင်သို့ထွက်ခွာသွားခဲ့သော မျှားကလေးနှင့်မောင်ကဲ၏အနောက်သို့ ထိုသူများ လိုက်ပါမသွားစေနိုင်ရန် စာမိတစ်ယောက် အခန်းတံခါးအားပိတ်လျက် ကျောဖြင့်ကပ်ထားချေသည်။ ဆရာဝန်ကြီးနှင့် မောင်စန်းမြင့်မှာလည်း အပြင်သို့ထွက်ခွာသွားခဲ့သော လူငယ်နှစ်ဦးအနောက်သို့ အမှီလိုက်ရန် စာမိအား ကျော်လွှားပြီးမှ လိုက်ပါသွားနိုင်မည်။ ထို့ကြောင့် စာမိအား အသေသတ်ရန် ဟန်ပြင်နေချိန်၌ ရေခဲတိုက်အခန်းတွင်းမှ လူငယ်နှစ်ဦးသည်လည်း အပြင်သို့ လျင်မြန်စွာဖြင့် အပြေးထွက်ရောက်လာချေသည်။

ကိုယ်ခံပညာတတ်ထားခြင်းတော့မဟုတ်။ သို့သော်လည်း လူသတ်သမားများနှင့် နပန်းလုံး၍ သူသေကိုယ်သေ လုံးထွေးတော့မည့်အနေအထား။ ယခုအခါ လူငယ်များ၏ဘက်မှ လူအင်အားများသော်လည်း လက်အတွင်း၌ မည်သည့်လက်နတ်ပစ္စည်းတစ်ခုမှ ကိုင်တွယ်ထားခြင်းမရှိချေ။ စာမိဆီသို့ ဦးတည်နေသော မောင်စန်းမြင့်တစ်ယောက် ရေခဲတိုက်အတွင်းမှ ထွက်ရောက်လာခဲ့သော လူငယ်များဘက်သို့ ဦးတည်လိုက်သည်။

တိုက်ခိုက်ရေး၌ မိန်းမဥာဏ်ဟု ဆိုရလေမလား။ ဦးတည်ရာပြောင်းလဲ၍ သားကောင်းများဖြစ်သော လူငယ်မျာအား လှည့်စားမည်ဖြစ်သည်။ စာမိအား အသေသတ်ရန် ဦးတည်ထားခဲ့သည့် ဆရာဝန်ကြီးမှာ ရုတ်တရက် လူငယ်နှစ်ဦးဘက်သို့ လှည့်စေခဲ့ရင်း ကိုင်ဆောင်ထားခဲ့သော ပုဆိန်ဖြင့် အုပ်မိုးခုတ်ချစေသည်။ မောင်စန်းမြင့်ဟာလည်း စာမိဆီသို့ ဦးတည်လိုက်ရင်း အရှိန်ပြင်းစွာ လူသတ်ဓားဖြင့် အုပ်မိုးခုတ်ပိုင်းလေချေသည်။

သွက်လက်သော လူငယ်များ သို့မဟုတ် ကြောက်ကန်ကန်နေကြသော လူငယ်များ။ ထိုလူငယ်နှစ်ဦးသည်လည်း ခန္ဓာကိုယ်ချင်း ကပ်လျက်ထားရာမှာ တစ်ဖက်စီတိမ်းရှောင်လိုက်လေသည်။ ထို့ကြောင့် ဆရာဝန်ကြီး၏ အရှိန်ပြင်းလွန်းလှသော ပုဆိန်အသွားမှာ ကြမ်းပြင်ဆီသို့သာ အရှိန်လွန်ရောက်ရှိသွားစေခဲ့သည်။ ကြမ်းပြင်မှတဆင့် ပုဆိန်အား ဝှေ့ရမ်း ပတ်ထုတ်လိုက်သည်ကြောင့် ညာဘက်တွင်ရှိနေသော ငါးကလေး၏ ညာဘက်ပေါင်းအား ပုဆိန်အသွားဖြင့် ထိခိုက်မိလိုက်ချေသည်။

မောင်စန်းမြင့်၏ ဓားချက်ဟာလည်း တံခါးနောက်ကျောပေးကပ်ထားသည့် စာမိအား အပြင်းထန်ခုတ်ပိုင်းလိုက်လေသည်။ ရှောင်တိမ်းနိုင်ခဲ့၏။ စာမိတစ်ယောက်။ မောင်စန်းမြင့်၏ ခုတ်ပိုင်းလိုက်သော ဓားသွားမှာလည်း အရှိန်လွန်၍ ကျွန်းတံခါးဆီကြီးကိုသာ ခုတ်မိလိုက်ချေသည်။ တိတ်ဆိတ်နေခဲ့သော ဆေးရုံကြီး၏ ညဦးပိုင်း၌ ထိုအသံဟာ ပဲ့တင်ထပ်လျက် ထွက်ပေါ်သွားချေခဲ့သည်။

ဟန်မပျက် ခါးကြားထဲမှ ဓားမြောင်ကလေး ကြမ်းပြင်ပေါ်သ်ို့ပြုတ်ကျသွားခဲ့သော်လည်း ဒေါက်တာသန်းနိုင်မှာ မပြုံးမပျက်သည့် မျက်နှာထားလေးဖြင့် အသာယာ ကောက်ယူလျက် စားပွဲအပေါ်သို့ တင်လိုက်ချေသည်။ ဓားမြောင်နှင့် ဆရာဝန်။ မည်သည့်ဆီမှ ထိုဓားမြောင်ဟာလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာရသနည်း။ ကိုထိန်ဝင်းတစ်ယောက် နားမလည်နိုင်။ သို့သော်လည်း သူ၏စိတ်အတွင်း၌ ဒေါက်တာသန်းနိုင်အား သံသယတစ်စွန်းတစ်စမှ မမြင်ခဲ့သေးချေ။

မိမိ၏နံဘေး ကြမ်းပြင်အပေါ်သို့ ပြုတ်ကျသွားခဲ့သော ဓားမြောင်လေးအား ကောက်ယူလျက် စားပွဲအပေါ်သို့ တင်လိုက်သည်နှင့် တပြိုင်နက် ဒေါက်တာသန်းနိုင်၏နှုတ်မှ ပြုံးရယ်သံများ ရောနှောနေခဲ့သော စကားသံနှင့်အတူ ဓားမြောင်ဆီသို့ အားရုံမထားသည့်အမူယာဖြင့် ထိုသို့ဆိုချေသည်။

''သြော်… ဓားကျသွားပါ ဆက်ပြောပါရဲအရာရှိကြီး ဆက်ပြောပါ''

ဒေါက်တာသန်းနိုင်၏ပုံစံမှာ ဟန်ပျက်ခြင်းမရှိသည့်အပြင် ဓားမြောင်လေးအား စားပွဲဘေးသို့ တွန်းကပ်လိုက်ရင်း ကိုထိန်ဝင်း၏ထပ်မံပြောဆိုလာမည့် စကားများအား နားစိုက်ထောင်ရန် ဟန်ပြင်လိုက်သည်။ ကိုထိန်ဝင်းသည်လည်း ကြောင်တောင်တောင်ဖြစ်နေသည့် အမူယာမှ ချောင်းတစ်ချက်ဟန့်ခါ ဆက်လက်ပြောဆိုရန် ရွယ်လိုက်သည့်အချိန်၌ပင် ဆေးရုံအတွင်းမှ ပဲ့တင်ထပ်နေသော အသံတစ်ချို့ထပ်မံကြားလိုက်ရသည်။ ထိုအသံဟာ မောင်စန်းမြင့်၏ အရှိန်ပြင်းလွန်းလှသော ဓားချက်ဟာ အခန်းတံခါးအား အရှိန်လွန်ခုတ်မိလိုက်သော အသံပင်ဖြစ်ချေသည်။

ဆက်လက်ပြောဆိုရန် ရွယ်လိုက်သော ဟန်အမူယာများပျက်လျက် အသံကြားရာ အပေါ်ဆီသို့ မော့ကြည့်မိလိုက်သည်။ ထို့နောက်အရှေ့တွင်ရှိနေသော ဒေါက်တာသန်းနိုင်အား တစ်ချက်ပြန်လည်ကြည်မိလေသည်။ ထိုအခါ ဒေါက်တာသန်းနိုင်၏ မျက်နှာပြင်၌ိံ မျက်မှောင်ကြုတ်လိုက်သော အမူယာအား မြင်တွေ့လိုက်ရပြီး သူသည်လည်း ကိုထိန်ဝင်းကဲ့သို့ မျက်နှာကြပ်အား မော့ကြည့်မိသည်။ ထို့နောက်

''ဟင်… အဲ့ဒါဘာသံတုန်းဗျ''
''ဟာ!… လုပ်ပြန်ပြီ… အဲ့ဒီလူနာက ဒီအတိုင်းပဲ ဒါတောင် စိတ်ငြိမ်ဆေးတွေ ခဏခဏထိုးထားပေးလို့ပေါ့''
''မူးယစ်ဆေးဝါးဖြတ်ထားတဲ့ လူနာကောင်လေးတစ်ယောက်ပါ သူကဒီအတိုင်းပဲ သူ့အခန်းထဲမှာ သတိရလာပြီဆိုရင် ကုတင်းတွေကိုင်လှုပ် ဟိုဟာလွှင့်ပစ် ဒီဟာလွှင့်ပစ်လုပ်နေတာ နေတော့ပြန်ကောင်းတော့မှာပါ ဒါကြောင့်ဆေးရုံမှာ ခဏနေခိုင်းထားတာ''
''သြော်!… ''

''ဟုတ်တယ်ဗျ ကျုပ်တို့ဆေးရုံမှာက လူနာစုံတယ်လေ ထားပါ ခင်ဗျားပြောစရာရှိတာပဲ ဆက်ပြော''
''အေးဗျာ… ပြောနေတဲ့ စကားတောင် ဘယ်ရောက်သွားမှန်း မသိတော့ဘူး… ဒီလိုဗျ… ဗဟိုရဲဌာနချုပ်ကနေ ကျုပ်ကိုတာဝန်ပေးလိုက်တယ် ကျုပ်ရဲ့အပိုင်နယ်မြေထဲမှာ ရှိတဲ့ ပိတ်ထားတဲ့မြို့မဆေးရုံမှာ လူငယ်တစ်စု ဒုက္ခရောက်နေပါတယ်လို့ အကြောင်းကြားတယ်လေ… အဲ့ဒါကြောင့် နယ်မြေအပိုင်စခန်းမှူးဖြစ်တဲ့ ကျုပ်ကို အထက်ကအရာရှိတွေက သွားလေ့လာဖို့ တာဝန်ပေးခဲ့တာပဲ''
''ဟင်!… ဘယ်လို ပိတ်ထားတဲ့ ဆေးရုံမှာ လူငယ်တစ်စု ဒုက္ခရောက်နေတယ်ဟုတ်လား သေချာလို့လားဗျာ''
''မသိဘူးဗျ အဲ့ဒါကြောင့် ကျုပ်လဲ နယ်မြေပိုင် မြေပုံအရ ပိတ်ထားတဲ့ မြို့မဆေးရုံကို လာရင်းနဲ့ ခင်ဗျားတို့ဆေးရုံကို ရောက်လာတာပဲ''

ဒေါက်တာသန်းနိုင်တစ်ယောက် ခေတ္တငြိမ်သတ်သွားသည်။ မည်သည့်အချိန်၌ မည်သို့သော အဆက်သွယ်ဖြင့် ဆေးရုံရှိလူငယ်များ ရဲဌာနဆီသို့ အကြောင်းကြားစေခဲ့သနည်း။ အံ့ကိုကြိတ်လျက် လူငယ်များအား ဒေါသထွက်မိသည်။ ထိုအချိန်အတောတွင်း ဆေးရုံအတွင်းမှ အသံတစ်ခုကျယ်လောင်စွာဖြင့် ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။

ဆတ်ခနဲ့ ကိုထိန်းဝင်းတစ်ယောက် မျက်နှာကြပ်ဆီသို့ ထပ်မံမော့ကြည့်မိလိုက်၏။
ကြမ်းပြင်ပေါ်သို့ အရှိန်လွန်ခါ ပုဆိန်အသွားကျရောက်သွားခဲ့ပြီး ဝှေ့ရမ်းလိုက်ရာမှာ ငါးကလေး၏ညာဘက် ဘောင်ဆီသို့ ထိခိုက်မိသွားချေသည်။ ဝှေ့ရမ်းလိုက်သော ပုဆိန်အသွားဟာ အရှိန်ပါသည်ကြောင့် ငါးကလေးတစ်ယောက်မှာမူ ခွေလဲကျသွားခဲ့ရသည်။ လဲကျသွားခဲ့သော ငါးကလေးအား ထပ်မံခုတ်ပိုင်းမည်အလုပ် လမ်းကလေးတစ်ယောက် ဆရာဝန်ကြီးအား အနောက်မှ အရှိန်ပြင်းစွာ ခြေစုံကန်ပစ်လိုက်ချေသည်။

မောင်စန်းမြင့်၏လူသတ်ဓားကြီးမှာလည်း အရှိန်လွန်သွားခဲ့ပြီး ကျွန်းတံခါးအတွင်းသို့ နစ်ဝင်နေခဲ့သည်ကြောင့် နုတ်မရခဲ့ချေ။ ထို့ကြောင့် စာမိမှာမူ မောင်စန်းမြင့်အား လက်ဖျံဖြင့်ရိုက်ချစေခဲ့သည်။ ကြောင်ကန် ကန်ခါ အားပြင်းစွာရိုက်ချလိုက်သည်ကြောင့် မောင်စန်းမြင့်၏ နှာနုသို့ရိုက်မိခဲ့စေသည်။ ထို့ကြောင့် မောင်စန်းမြင့်၏နှာခေါင်းအတွင်းမှ သွေးများစွာထွက်စေရင်း စာမိအား လွန်စွာဒေါသထွက်သွားခဲ့သည်။ သို့သော် သူ၏အာရုံများ မူးနောက်နေခဲ့လေပြီး ဒေါသစိတ်ဖြင့် စာမိကိုသာ အသေသတ်ရန် အားသန်နေခဲ့သည်။

မိမိ၏ကန်ချက်ဖြင့် ငါးကလေးအား ခုတ်ပိုင်းမည်ပြုမူနေသော ဆရာဝန်ကြီးတစ်ယောက် အရှိန်လွန်ခါ အရှေ့သို့ စိုက်ကျသွားခဲ့စဉ် ငါးကလေးသည်လည်း ထိုင်လျက်ကျနေရာမှ မိမိ၏အနားသို့ ထိုးကျလာခဲ့သော ဆရာဝန်ကြီးအား အနီးရှိသံတုတ်ဖြင့် ဂုတ်အားရိုက်ချစေခဲ့သည်။ အားဟူသော ဆရာဝန်ကြီး၏ အသံကြောင့် တုန်ရီနေခဲ့သော စာမိထံသို့ ဦးတည်နေခဲ့သည့် မောင်စန်းမြင့်တစ်ယောက် ဆရာဝန်ကြီးအနားသို့ အပြေးလှမ်းလာစဉ် ကြမ်းပြင်၌ထိုင်လျက်အနေထားဖြစ်နေသော ငါးကလေးမှာမူ မတ်တပ်အနေထားဖြစ်နေသည့် လမ်းကလေးအား မိမိကိုင်ဆောင်ထားခဲ့သည့် သံတုတ်ပစ်ပေးလိုက်ချေသည်။

သခင်ဖြစ်သူဆရာဝန်ကြီး မူးမောက်သွားသောကြောင့် မျက်စိထဲ၌ သခင်ဖြစ်သူကိုသာ အာရုံထားမိသွားသော မောင်စန်းမြင့်တစ်ယောက် အပြေးလှမ်းလာသည့်ချိန်၌ လမ်းကလေး၏လက်အတွင်းသို့ သံတုတ်သည်လည်း ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် ရန်သူအား သတိမမူမိသော မောင်စန်းမြင့်တစ်ယောက်မှာတော့ လမ်းကလေး၏ ပြင်းထန်လွန်းလှသော သံတုတ်ဖြင့် မွဲဒူရိုးသို့ အရိုက်ခံလိုက်ရသည်။ နာကျင်စွာခွေလဲသွားချိန်၌ မောင်စန်းမြင့်၏ဦးခေါင်းအား လမ်းကလေးမှာမူ ထပ်မံ၍ရိုက်နှပ်စေသည်။

''လမ်းလေး… လမ်းလေး မလုပ်နဲ့တော့ သူသေသွားရင် မင်းတစ်ခုခုဖြစ်သွားလိမ့်မယ်… ထားလိုက်တော့ သူတို့အားလုံးကို ဥပဒေကအပြစ်ပေးလိမ့်မယ်''
''တောက်!… ခွေးကောင်တွေ ငါ့သူငယ်ချင်းတွေကို ဒုက္ခပေးတဲ့ခွေးကောင်တွေ သေ… သေကြစမ်း''
''ကိုလမ်းလေး… ထားလိုက်တော့ အခုလောလောဆယ် ကျွန်တော်တို့ဒီအခန်းထဲကနေ မြန်မြန်ထွက်မှဖြစ်မယ်''
''ငါးလေး… မင်းရရဲ့လာ''
''အေးဆေးပါကွာ… ဖုတ်ကောင်ကြီးနဲ့တောင် တိုက်ခိုက်လာကြသေးတာပဲ… ဒီလောက်ကတော့ အေးဆေးပါကွ''

အားတင်းထား၏။ သို့သော်လည်း ကြမ်းပြင်ပေါ်မှ သူတစ်ယောက်မထနိုင်သေး။ ဒဏ်ရာဟာလည်း ကြမ်းပြင်ပေါ်သို့ သွေးများစွာ အိုင်ထွန်းနေခဲ့ပြီးပြင်းထန်းလွန်းလှသည်။  ထို့နောက် ငါးကလေးအား တွဲလျက် စာမိအပါအဝင် လမ်းကလေးတို့မှာ ထိုအခန်းတွင်းမှ အမြန်ဆုံးသာလျင် ထွက်ရောက်ရန် တစ်ဦးကိုတစ်ဦး ဖေးမမှု့များဖြင့် ပိတ်လျက်သားဖြစ်နေသော အခန်းတံခါးဆီသို့ လှမ်းလာချေသည်။

ထို့နောက်မောင်စန်းမြင့်၏ လူသတ်ဓားကြီး ကျွန်ဝင်နေခဲ့သော အခန်းတံခါးအား အသာအယာလေး ဆွဲဖွင့်လိုက်ချေသည်။ ထိုအခါအပြင်၌တွေ့ရှိလိုက်ရသည်က ဒေါက်တာရဲမောင်နှင့် လူသတ်လက်နတ်ကိုင်ဆောင်ထားခဲ့သော နပ်စ်မလေးတစ်ဦးမှာမူ ဒေါသမျက်လုံးများဖြင့် လူငယ်များအား စိုက်ကြည့်နေခဲ့ရင်း အသေသတ်စေတော့မည့် အနေထားပင်တွေ့ရှိလိုက်ရသည်။

အရှေ့သို့လှမ်းနေသော ခြေလှမ်းများ အခန်းတွင်းသို့ နောက်ဆုတ်ဝင်သွားစေရင်း မည်သည့်ဒဏ်ရာမှ မရှိထားသေးသော လမ်းကလေးတစ်ယောက် စိတ်ပျက်မှု့များနှင့် သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းလေးချလိုက်သည်။ အခန်းတွင်း၌ လဲကျနေခဲ့သော မောင်စန်းမြင့်နှင့် ဆရာဝန်ကြီးတို့မှာလည်း သွေးထွက်ဒဏ်ရာတစ်ချို့နှင့် ကြမ်းပြင်ပေါ်မှ ပြန်လည်သတိလည်ခါ စတင်လှုပ်ရမ်းလာချေခဲ့သည်။ အဘယ်ဆီသို့ ပြေးရမည်နည်းမသိတော့ချေ။ အပေါက်ဝ၌ ဒေါက်တာရဲမောင်မှာ ပိတ်စောင့်နေခဲ့ပြီး အခန်းအတွင်း၌ လဲကျနေကြသော ဆရာဝန်ကြီးနှင့် မောင်စန်းမြင့်မှာလည်း သတိပြန်လည်လာခဲ့လေပြီ။

                              ****
ဆေးရုံအတွင်းရှိ လူသတ်သမားများမှာ အခန်းတွင်း၌လဲကျနေခဲ့သော ဆရာဝန်ကြီးစွန်ရဲနိုင်အပါအဝင် မောင်စန်းမြင့်။ ဒေါက်တာရဲမောင်နှင့်ယခုအခန်းရှေ့တွင် လိုက်ပါလာခဲ့သော နပ်စ်မလေးတစ်ဦး။ သွေးဆက်ကုသခြင်းခံထားရသော တင်ဇာနွယ်အား စောင့်ကြည့်နေသော နပ်စ်မလေးတစ်ဦး။ ဒေါက်တာသန်းနိုင်နှင့် ဆရာဝန်လေးနှစ်ဦးကျန်ရှိနေခဲ့ပြီး ဆေးရုံဝန်ထမ်း ယူနီးဖောင်းအပြာများနှင့် လူသတ်သမားနှစ်ဦးသာလျင် ရှိနေခဲ့ချေသည်။

လူလည်ကျလွန်းလှသော တန်ခိုးအား ပထမထပ်အခန်းအတွင်း၌ ဒေါက်တာရဲမောင်တစ်ယောက် ချုပ်နှောင်ထားစေခဲ့ရင်း လူသတ်ဆရာဝန်နှစ်ဦးနှင့် စောင့်ကြည့်ရန် စေခိုင်းထားခဲ့သည်။ ထို့နောက် သူငယ်ချင်းဖြစ်သူများ မိမိထံသို့ရောက်ရှိရန် နောက်နှေးနေသောကြောင့် ဒေါက်တာရဲမောင်မှာလည်း တန်ခိုးအား ဆရာဝန်နှစ်ဦးနှင့် အစောင့်ချထားစေခါ အပေါ်ဆုံးထပ်သို့ ဓာတ်လှေကားအတိုင်း တတ်ရောက်လာချေခဲ့သည်။

ယခုအခါ ထပ်မံ၍ ထွက်ပြေးခြင်းများ မပြုလုပ်နိုင်ရန် တန်ခိုး၏ ခြေလက်သွေးကျောများအား ဖြတ်ထားချေခါ တန်ခိုးတစ်ယောက် အသတ်မျော့မျော့သာလျင် ရှိနေခဲ့တော့သည်။ တင်းထားခဲ့သော သူ၏ စိတ်ဓာတ်ကိုပင် ချပစ်လိုက်ပါက အသက်ပျောက်သွားစေနိုင်မည့် အနေအထားပင်။ လွန်စွာနာကျင်လွန်းလှသည်။ သို့သော် သူ၏စိတ်အတွင်း၌ သူငယ်ချင်းဖြစ်သူများအား ကယ်တင်ပေးချင်သေးသည်။ သို့သော်လည်း မတတ်နိုင်တော့ချေ။ သွေးကျောများ ပျက်လျက် မိမိ၏အသက်ကိုပင် ရှင်သန်နိုင်ရန် မွေးထားချေခဲ့ရသည်။
သွေးပျက်သွားခဲ့သော မောင်ကဲအား လက်ဆွဲလျက် လှေကားအတိုင်း မျှားကလေးတစ်ယောက်သည်လည်း အပြေးဆင်းသတ်လာချေပြီး ပထမထပ်လှေကားဆီသို့ပင် ရောက်ရှိလာခဲ့ချေတော့သည်။
ပထမအထပ်မှ တဆင့် မြေညီထပ်ဆီသို့ ဆင်းသတ်လာခဲ့ချိန်၌ ယူနီဖောင်းအပြာရောင် ဝတ်ဆင်ထားခဲ့သော ဆေးရုံရှိလူသတ်သမားတစ်ဦးနှင့် အတတ်အဆင်း လှေကားအရင်း၌ မျှားကလေးတစ်ယောက် ထိပ်တိုက်ဆုံတွေ့ခဲ့ချေသည်။ မျှားကလေးနှင့် မောင်ကဲအား တွေ့ရှိလိုက်ရသည်နှင့် ထိုသူမှာ ခါးနောက်ကျောမှ ဓားမြောင်အား ဆွဲထုတ်စေခဲ့ရင်း တိုက်ခိုက်ရန် ဟန်ပြင်လိုက်ချေသည်။
ဒုတိယအကြိမ်မြောက် ပဲ့တင်ထပ်နေခဲ့သော အသံအား ဆေးရုံအတွင်းမှ ထပ်မံကြားလိုက်သည်ကြောင့် ရဲအရာရှိကြီး ကိုထိန်ဝင်းမှာမူ ဒေါက်တာသန်းနိုင်အား မျက်မှောက်ကြုတ်ကြည့်စေခဲ့ရင်း
''ဒေါက်တာ!… အသံကြားရပြန်ပြီ ကျုပ်အပေါ်ထပ်ကို ခဏတတ်ကြည့်လို့ရမလား''
''ဟင်!… ထားလိုက်ပါဗျာ ဘာမှဂရုစိုက်မနေနဲ့… ခင်ဗျားလိုရာခရီးကိုသာ ဆက်ပါ… ကျုပ်လဲလုပ်စရာလေးတွေရှိသေးလို့ ခွင့်ပြုဦး''
''မဟုတ်သေးဘူးဗျ!… ကျုပ်စိတ်ထဲမှာ တစ်ခုခုခံစားနေရတယ် ကျုပ်ကိုခွင့်ပြုပါ လေ့လာရုံသတ်သတ်ပါပဲ''
''ဟာဗျာ… ခင်ဗျားကလည်း… အင်း!… ကောင်းပြီလေ ခင်ဗျားသဘောပါပဲ''
   ထိပ်တိုက်တွေ့ဆုံနေသော လူသတ်သမားဟာ မျှားကလေးအား အသင့်ကိုင်ဆောင်ထားခဲ့သော ဓားဖြင့်ဝင်ရောက်ထိုးချေသည်။ ရှောင်တိမ်းလိုက်နိုင်၏။ ထိုသူသည်လည်း တစ်ဖက်ဆီသို့ အရှိန်လွန်ရောက်ရှိသွားချေသည်။ ထို့ကြောင့် ထိုသူနှင့် ဆက်လက်တိုက်ခိုက်မနေတော့ပဲ ပြေးလမ်းလွတ်မြောက်သွားသည်ကြောင့် အောက်ထပ်သို့သာ အပြေးဆင်းသတ်ချေတော့သည်။
မြေညီထပ်သို့ ရောက်ရှိစေခဲ့လေပြီ။ ကောင်ဒါစားပွဲဝိုင်းမှ အပေါ်ထပ်သို့ တတ်ရောက်ရန် လှမ်းလာခဲ့သော ရဲအရာရှိကြီးနှင့် ဒေါက်တာသန်းနိုင်အား မြင်တွေ့လိုက်ရသည်နှင့် မျှားကလေးမှာမူ ကွေ့အချိုးလေးတွင်း၌ ပုန်းခိုကပ်ရှောင်နေလိုက်၏။ သို့သော် အရူးတစ်ပိုင် သွေးပျက်နေခဲ့သော မောင်ကဲ့မှာမူ ရဲအရာရှိကြီးအား မြင်တွေ့လိုက်ရသည်နှင့် မျှားကလေး၏နံလေးမှ ရုတ်တရက်ပြေးထွက်သွားခဲ့ပြီး ကိုထိန်ဝင်း၏ ခြေသလုံးအား အပြေးဖတ်ခါ

''ကယ်ပါဦးရဲအရာရှိကြီးရယ် ကျွန်တော်တို့ကိုကယ်ပါဦး… ကယ်ပါ ကယ်ပါ…  ကျွန်တော်တို့ကို ဆရာဝန်တွေ သတ်တော့မယ်''
''ဟင်… ကောင်လေး!… မင်းဘယ်သူလဲ ဘာတွေပြောနေတာလဲ''

လျောက်လှမ်းလာသော မိမိ၏ခြေသလုံးအား ပြေးဖတ်လိုက်ရင်း ထိုသို့ပြောဆိုနေခဲ့သော မောင်ကဲ၏စကားများအား ကိုထိန်ဝင်းတစ်ယောက် နားမလည်နိုင်ချေ။
မောင်ကဲနှင့် ရဲအရာရှိကြီး၏ အခြေနေများအား ကွေ့အချိုးလေးမှ မျှားကလေးတစ်ယောက် အကဲခတ်ကြည့်ရှု့မိသည်နှင့် ထိုရဲအရာရှိကြီးမှာ မိမိ၏အကြောင်းကြားချက်ဖြင့် ရောက်ရှိလာခဲ့သော ရဲသားတစ်ဦးပင်ဖြစ်လိမ့်မည်ဟု ကောင်းစွာ ခန့်မှန်းမိလိုက်ချေသည်။ သို့နှင့် ပုန်းခိုနေရာမှ လျင်မြန်စွာထွက်ရောက်လာရင်း ကိုထိန်ဝင်း၏အရှေ့သို့ မျှားကလေးတစ်ယောက် အပြေးရောက်ရှိလာချေသည်။

လှေကားဆီမှ အရှိန်လွန်သွားခဲ့သော လူသတ်သမားသည်လည်း မျှားကလေးနှင့်မောင်ကဲ၏အနောက်သို့ အပြေးလိုက်လာခဲ့ရင်း ရဲအရာရှိကြီးအား မြင်တွေ့လိုက်ရသည်ကြောင့် သူ၏ခြေလှမ်းအရှိန်သတ်လိုက်ရလေသည်။ ကိုထိန်ဝင်းသည်လည်း အနောက်မှ လူသတ်ဓားအားကိုင်ဆောင်လျက် မိမိအားမြင်တွေ့လိုက်သည်နှင့် ရပ်တန့်သွားခဲ့သော ထိုသူအား မြင်တွေ့ခဲ့ရချေသည်။

မိမိအား အကူညီတောင်းဆိုနေသည့် လူငယ်နှစ်ဦး။ လူသတ်ဓားအား ကိုင်ဆောင်ထားစေရင်း ထိုလူငယ်နှစ်ဦးအနောက်သို့ အပြေးလိုက်လာဟန်တူသည့် ဆေးရုံယူနီဖောင်းဖြင့် ထိုသူ့အား တပြိုင်နက်မြင်တွေ့လိုက်ရသည်ကြောင့် ကိုထိန်ဝင်းမှာမူ မိမိ၏နံဘေး၌ရှိနေသော ဒေါက်တာသန်းနိုင်အား မျက်မှောင်ကြုတ်ကြည့်မိလိုက်ချေသည်။

                              ။                                  
*အပေါ်ဆုံးအထပ်မှ လူငယ်သုံးဦး မည်သိုပင် တွေ့ကြုံလာရဦးမည်နည်း။

*ကိုထိန်ဝင်းတစ်ယောက် မိမိထံသို့ အကူညီတောင်းခံနေသော လူငယ်နှစ်ဦးအား မည်သို့ပင်အကူညီပေးနိုင်မည်နည်း။

* ထိုနယ်အတွင်းမှ လိုရာခရီးဆီသို့ ထွက်ခွာသွားခဲ့သော မိတ်ဆွေရဲအုပ်မောင်ဝင်းသည်လည်း ထိုနယ်လေးဆီသို့ ပြန်ရောက်လာနိုင်ဦးမည်လား။

* ထောက်ချောက်အတွင်းသို့ ကျရောက်သွားခဲ့သော လူငယ်တစ်ဦးနှင့် သူ၏ သူငယ်ချင်းဖြစ်သူများ မည်သို့ပင် ဆုံတွေ့လာမည်နည်း။

* ဆေးရုံအတွင်းမှ ထွက်ရောက်နိုင်ကြမည်လား။ မည်သူများ အသက်ရှင်လျက် ထွက်ရောက်နိုင်ကြမည်နည်း။

* အရေးကြုံတိုင်း တိုက်ဆိုင်စွာရောက်ရှိလာတတ်သော မိတ်ဆွေအစ်ကိုအောင်နှင့်လည်း ထိုဆေးရုံအတွင်း၌ မည်သို့ပင် ဆုံတွေ့လာကြဦးမည်နည်း။

… … … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၁၇)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်…

                             *****
          ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                        (၄.၃.၂၀၁၆)
             မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
                  ဆက်လက်၍ဖော်ပြပေးပါမည်။
                      စာရေးသူ-ထီးကလေး
                 (ရင်နှင့်ရင်း၍ရေးသားသည်)


တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၁၇)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
               *********************

    မိမိအား အကူညီတောင်းဆိုနေသည့် လူငယ်နှစ်ဦး။ လူသတ်ဓားအား ကိုင်ဆောင်ထားစေရင်း ထိုလူငယ်နှစ်ဦးအနောက်သို့ အပြေးလိုက်လာဟန်တူသည့် ဆေးရုံယူနီဖောင်းဖြင့် ထိုသူ့အား တပြိုင်နက်မြင်တွေ့လိုက်ရသည်ကြောင့် ကိုထိန်ဝင်းမှာမူ မိမိ၏နံဘေး၌ရှိနေသော ဒေါက်တာသန်းနိုင်အား မျက်မှောင်ကြုတ်ကြည့်မိလိုက်ချေသည်။

ဆုတောင်းနေမိ၏ ဆရာဝန်လေး ဆန်းထွန်းပိုင်။ ဖခင်ဖြစ်သူနှင့် သူ၏တပည့်များ ကားကြီးတိမ်းမှောက်သွားသောကြောင့် မည်သည့်အန္တရယ်တစ်မှ မကြုံတွေ့ရပါစေနှင့်။ ဒုက္ခသာလျင် တမိ၏။ ကားကြီးအတွင်း၌ မည်သူတစ်ဦးတစ်ယောက်မျှ ဘာရယ်ကြောင့် ရှိမနေရသနည်း။ အဘယ်ကြောင့်နည်း။ တိမ်းမှောက်နေခဲ့သော ကားကြီးဟာလည်း မိမိတို့၏ကားကြီးပင် ဖြစ်နေခဲ့သည်မှာ မလွဲနိုင်ချေ။  မျက်စိသည်လည်း မမှားနိုင်ခဲ့ပေ။ သတင်းစာအတွင်းမှ သတင်းများအား ဖတ်ရှု့ရခဲ့ပြီး ဖခင်ဖြစ်သူနှင့်သူ၏တပည့်များအား လွန်စွာစိုးရိမ်နေမိသောကြောင့် ဖခင်ဖြစ်သူထံသို့ ဖုန်းခေါ်ဆိုနေခဲ့သော်လည်း ဖခင်၏ဖုန်းမှာ ယခုအချိန်ထိ သတ်မှတ်အချိန်တွင်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

    ရန်ကုန်မှ ထွက်ခွာလာခဲ့ရင်း ယခုအဝေးပြေးလမ်းမပေါ်၌ ကားလေးအား မောင်းနှင်စေရင်း ဆန်းထွန်းပိုင်တစ်ယောက် လွန်စွာစိုရိမ်ပူပန်နေမိသည်။ ရဲအရာရှိကြီး လမ်းညွန်ပေးရာ မြို့လေးဆီသို့လည်း ရောက်ရှိခါနီးဖြစ်သည်။ အဝေးပြေးလမ်းမ၏ ဘေးဘယ်ညာ၌ လယ်ကွင်းပြင်များသာ မြင်တွေ့နေခဲ့ရပြီး ဆောင်းတွင်း ညနေခင်းလေး၌ ကားလေးအား လျင်မြန်စွာမောင်းနှင်လာစေသည်။

''အိုး… ကိုထီးကလေးတို့ သူငယ်ချင်းတွေ ပါသွားကြတာပဲ ဖေဖေတို့ဘာမှ မဖြစ်လောက်ပါဘူး''
''ငါအတွေးတွေ လွန်နေတာပဲဖြစ်မှာပါ''
''ဟင်!… ဘာဖြစ်လို့ ကားကို တားနေရတာလဲ''

   တစ်ကိုယ်တည်းမောင်းနှင်နေရင်း ထိုသို့ဖြေသိမ့်စေခဲ့၏။ မိမိတို့၏ဇနီးမောင်နှံနှစ်ဦးသား ကြံခင်းနယ် ဖုတ်ကောင်ကြီးဖြစ်ရပ်၌ အားကိုးအားထားပြုခဲ့ရသည့် လူငယ်များလိုက်ပါသွားချေခဲ့သည်။ ထို့ကြောင့် သာမာန်ပြသနာများအား စိုးရိမ်စရာမလိုလောက်ချေ။ မိမိ၏စိတ်အား ဖြေသိမ့်ကာ လျင်မြန်စွာမောင်းနှင်နေခဲ့ရင်း အရှေ့စူးစူး၌ မောင်းနှင်နေခဲ့သော မိမိ၏ကားလေးအား တားဆီးလေခဲ့သည်။ တားဆီးသူမှာ အသက်ကြီးကြီး လူကြီးတစ်ဦးဖြစ်လျက် အလွန်ပင် အရေးကြီးနေပုံလည်းပေါ်သည်။

   မိမိသည်လည်းအရေးကြီး၏။ ကားလေးအား တားစီးနေခဲ့သော လူကြီး၏ပြသနာများဟာ မိမိ၏ပြသနာထက် ပိုမို၍အရေးကြီးမည်လား။ မကြီးလောက်ချေ။ ထို့ကြောင့် ရပ်တန့်ပေးမည်မဟုတ်။ ထိုလူကြီးအား ရှောင်တိမ်းသွားခဲ့ရင်း လမ်းနံဘေးသို့ကြည့်မိသည်။ မြင်တွေ့လိုက်ရသည်က ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦးပင်ဖြစ်ချေပြီး သားဖွားရန်အတွက် ဆေးရုံဆီသို့အရောက်သွားနိုင်ရန် သူ၏လင်ယောကျားမှ မိမိ၏ကားလေးအား တားစီးနေခြင်းဖြစ်လေသည်။

''ဟာ… ဒုက္ခပါပဲကွာ ငါဘယ်လိုလုပ်ရမလဲ ဟိုအမျိုးသမီးက မီးဖွားဖို့လိုနေပြီ ငါမှမကယ်ရင် ဒုက္ခတော့ဖြစ်တော့မှာပဲ''

   တားစီးနေခဲ့သော ထိုလူကြီးအား ကျော်လွှားမောင်းနှင်သွာစေရင်း စဉ်းစားချေမိသည်။ မိမိဟာလည်း လူသားများ၏အသက်အား ကယ်တင်ကုသပေးနေခဲ့သော ဆရာဝန်တစ်ဦးဖြစ်သည့်အလား မီးဖွားရန်အရေးကြီးနေသော ထိုအမျိုးသမီးအား ဥပေက္ခာမပြုထားရက်ခဲ့ချေ။ ထို့ကြောင့် အရှေ့သို့ မောင်းနှင်နေခဲ့သော ကားလေးအား ဘက်ဆုတ်လျက် ထိုသူများအနားသို့ ပြန်လည်မောင်းနှင်သွားချေခဲ့သည်။

''ဆရာ… ဆရာ ကယ်ပါဦးဆရာရယ် ကျုပ်မိန်းမ မီးမဖွားနိုင်လို့ မြို့ပေါ်ကဆေးရုံကိုပို့ပေးပါဆရာ ကူညီပါဆရာရယ် ကူညီပေးပါ''
''ဟုတ်ပါပြီ ကျွန်တော်ကူညီပေးမလို့ ပြန်လှည့်လာတာ ခင်ဗျားအမျိုးသမီးကို ကားပေါ်မြန်မြန်တင်''
''ကျေးဇူးတင်လိုက်တာဆရာရယ် ကျေးဇုးတင်လိုက်တာ''
''နောက်မှကျေးဇူးတင် အခုခင်ဗျားမိန်းမကို မြန်မြန်သာ ကားပေါ်တင်''

   မြို့ပြနှင့်အလှမ်းဝေးရာ ထိုမြို့အပိုင်ကျေးလတ်တောရွာလေးမှ ဇနီးမောင်နှံနှစ်ဦးပင်ဖြစ်ချေသည်။ အမျိုးသမီးမှာ မီးမဖွားနိုင်သောကြောင့် မြို့ဆေးရုံသို့ ပို့ဆောင်ရန်လိုအပ်နေချေခဲ့သည်။ ထို့ကြောင့် ထိုဇနီးမောင်နှံနှစ်ဦးအား ကားလေးပေါ်တင်လျက် ထိုမြို့လေး၏ ဆေးရုံဆီသို့ ဆန်းထွန်းပိုင်တစ်ယောက် လိုက်လံပို့ဆောင်ပေးချေခဲ့သည်။

ရဲအရာရှိကြီး လမ်းညွှန်ပေးရာ မြို့လေးဆီသို့ ရောက်ရှိလာခါနီးချိန်၌ ထိုအဖြစ်ပျက်များကြောင့် ဆန်းထွန်းပိုင်တစ်ယောက် အချိန်များစွာနောက်နှေးနေခဲ့ရသည်။ သို့သော်လည်း ထိုအမျိုးသမီးအား ဥပေက္ခာမပြုထားရဲ့သည်ကြောင့် ဆေးရုံဆီသို့သာ အရောက်ပို့ဆောင်ပေးစေတော့သည်။

ဇနီးမောင်နှံနှစ်ဦးအား ဆေးရုံဆီသို့ ပို့ဆောင်ပေးခဲ့ပြီးသည်နှင့် မိမိ၏လိုရာခရီးဆီသ်ို့ ဆက်ရဦးမည်ဖြစ်သည်။ ထို့ကြောင့် အစအဆုံး ကူညီပေးခဲ့ပြီး လက်အတွင်းမှ လက်ပတ်နာရီအား ကြည့်မိလိုက်သည်နှင့် အချိန်ဟာ ည(၈)တိတိရှိနေချေခဲ့သည်။ သို့နှင့် ထိုလင်မယားအား နှုတ်ဆတ်လျက် လိုရာခရီးဆီသို့ အမြန်ဆုံးသာလျင် ဆက်လက်ထွက်ခွာလာခဲ့ချေတော့သည်။    ။

                                 **

''အ… အ''
''ဟင်!… မင်း… မင်းဘယ်သူလဲ''
''ဟာ!… ရှင်သတိရလာပြီလား ကျွန်မရှင့်ကို တစ်ချိန်လုံး စောင့်နေခဲ့တာ ရှင်မြန်မြန်ပြေးတော့ ဒီဆေးရုံထဲကနေ ရှင်မြန်မြန်ပြေးတော့''
''မင်း!… မင်းငါ့အနားမကပ်နဲ့''
''ကျွန်မက ရှင့်ကို ဒုက္ခပေးမယ့်သူ မဟုတ်ပါဘူး ကျွန်မကို မကြောက်ပါနဲ့''
''အား!… ငါ့လက် ငါ့လက်တွေ အရမ်းနာနေတယ် ငါဘယ်ရောက်နေတာလဲ ငါဘယ်ရောက်နေတာလဲ မင်း… မင်းငါ့ကိုဖမ်းထားတာလား''
''မဟုတ်ပါဘူး ရှင်ထောင်ချောက်အခန်းထဲဝင်မိပြီး ပြုတ်ကျသွားခဲ့တာလေ… မှတ်မိရဲ့လား''
''ဟင်!… ဟုတ်… ဟုတ်တာပဲ ငါ… ငါပြုတ်ကျသွားခဲ့တာ မင်း… မင်းလဲ ဆေးရုံထဲက လူသတ်သမားပဲလား''

သူတစ်ယောက်သတိရလာ၏။ မှောက်လျက်အနေအထားမှ လှုပ်ရှားလာခဲ့ရင်း မိမိအားကျောခိုင်းထိုင်နေခဲ့သော နပ်စ်မဝတ်ဆုံနှင့် ဝိဥာဉ်မလေး သီရိမေအား မြင်တွေ့လိုက်ရချေသည်။ မူးနောက်နေသော အာရုံများနှင့် မိမိ၏နံဘေးတွင် ကျောပေးထိုင်နေခဲ့သော နပ်စ်မလေးအား မြင်တွေ့လိုက်ရသည်ကြောင့် မှောက်လဲကျနေရာမှ လျင်မြန်စွာ ကျုံးရုံးထလိုက်သည်။

မျက်နှာတစ်ခြမ်း၌လည်း ပွန်းပဲ့ဒဏ်ရာများဟာ သတိရရှိလာခဲ့သည်နှင့် သွေးများစွာ ဆီးကျလာခဲ့ချေသည်။ ပြုတ်ကျသွားခဲ့သည့် ကြမ်းပြင်ဟာ မြေကြီးများသာဖြစ်နေခဲ့ပြီး အလင်းရောင်ဟာလည်း ထိန်ထိန်သာအောင် လင်းနေခဲ့ခြင်းတော့မဟုတ် သို့သော်လည်း ထိုအခန်းအတွင်း၌ တစ်ဦးမျက်နှာ တစ်ဦး ကောင်းစွာမြင်တွေ့စေနိုင်သည်။

ဆေးရုံလှေကားအတတ်အဆင်း၌ ထိုနပ်စ်မလေးနှင့် ဆုံတွေ့ခဲ့ဘူးသည်။ သို့သော် ထိုအချိန်က ဆေးရုံ၏အကြောင်းများအား မသိရှိသေးခဲ့သည်ကြောင့် သာမာန်မျှသာ ပြောဆိုဖြစ်ခဲ့ဘူးသည်။ ယခု မိမိတစ်ယောက် ထိုဆေးရုံဟာ လူသတ်နေခဲ့သော နေရာတစ်ခုဟု သိရှိလိုက်ရသည်နှင့် မိမိအနားတွင် ရုတ်တရက်တွေ့ရှိလိုက်သော နပ်စ်မလေးအား ထိတ်လန့်သွားစေခဲ့သည်။ သို့သော်လည်း နပ်စ်မလေးဟာ သူမတစ်ယောက် ဆေးရုံရှိလူသတ်သမားများနှင့် မတူကြောင်း ထီးကလေးအား ရှင်းပြပြောဆိုချေခဲ့သည်။

''မင်းပြောတာသေချာတယ်နော်!… ဒါဆို မင်းကလဲ ငါ့လိုပြေးနေတာပဲလား… ဘာဖြစ်လို့ နပ်စ်မဝတ်စုံ ဝတ်ထားရတာလဲ မင်းငါ့ကိုလိမ်နေတာလား''

ထီးကလေး၏ အမေးစကားများ သူမတစ်ယောက် သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချစေသည်။ ထို့နောက် မြေပြင်ပေါ်၌ ကြုတ်ကြုတ်ကလေးထိုင်နေရာမှ ခြည်းညင်းစွာထလိုက်ရင်း

''ကျွန်မ… ကျွန်မက သူတို့ခိုင်းတဲ့ အလုပ်တွေ မလုပ်ချင်တော့လို့ ရှောင်ပြေးနေခဲ့တာပါ… သူတို့ကလဲ ကျွန်မကိုလိုက်ရှာနေကြတယ် တွေ့တာနဲ့ သတ်ပစ်ကြမှာသေချာတယ် ဒါကြောင့်ကျွန်မလည်း ရှင့်လို လွတ်ရာနေရာမှာ ပုန်းခိုနေခဲ့ရတာပါ''
''ဟင်!… ဒါဆိုအရင်တုန်းက ဒီဆေးရုံမှာ မင်းကနပ်စ်မပေါ့ဟုတ်လား!… ငါ့သူငယ်ချင်းရော… ငါ့သူငယ်ချင်းရော သေကုန်ကြပြီလား သူတို့ဘယ်မှာလဲ''
''ရှင့်သူငယ်ချင်းတွေလဲ ဆေးရုံထဲက ထွက်နိုင်အောင်ကြ်ုးစားနေကြတယ်!…  ဒါပေမယ့် သူတို့တွေ ထွက်ပေါက်ကို လွယ်လွယ်နဲ့ရှာတွေ့မှာမဟုတ်လောက်ဘူး!''
''ဆရာဝန်တွေကလဲ သူတို့ကိုတွေတာနဲ့ သတ်ပစ်ကြမျာသေချာတယ် ရှင့်ကိုတော့ ကျွန်မကူညီပေးမယ် ရှင်ဒီဆေးရုံထဲကနေ အမြန်ဆုံးပြေးပါတော့''
''ဟင်!… မဖြစ်ဘူး ပြေးနိုင်ဘူး ငါ့သူငယ်ချင်းတွေကို ငါဆေးရုံထဲကနေ ထွက်နိုင်အောင် ကယ်တင်ချင်တယ်… သူတို့ကို ငါကယ်မှဖြစ်မယ် ငါမထားခဲ့နိုင်ဘူး''
''ဒီမှာ!… ရှင်ကယ်နိုင်မှာမဟုတ်ဘူး ရှင်သာ လွတ်ရာကိုပြေးပါ''
''အိုး!… ဘာကြောင့်မကယ်နိုင်ရမှာလဲ ငါ့သူငယ်ချင်းတွေမရှိရင် ငါလဲမရှိနိုင်ဘူး သူတို့နဲ့ သေအတူရှင်မကွာ ငါနေလာခဲ့တာ ငါရအောင်ကယ်မယ်''

ထိုသို့ကြုံးဝါးပြောဆိုလိုက်ရင်း မြေပြင်ပေါ်၌ ထိုင်လျက်ရှိနေသော ထီးကလေးတစ်ယောက် ရုတ်တရက်ထလိုက်သည်။ နာကျင်နေခဲ့သော လက်နှစ်ဖက်မကူ အလွတ်သာလျင် ထလိုက်သည်ကြောင့် ထီးကလေးတစ်ယောက် မြင်ပြင်ပေါ်သို့ ထိုင်လျက်သား ပြန်လည်ကျသွားခဲ့ရသည်။

''အား… ငါ့!… ငါ့ကိုတစ်ချက်တွယ်ပေးပါလား''
''ရှင်ဘယ်သွားမှာလဲ!… ရှင်ပြေးတော့ ရှင့်ကိုကျွန်မ ဆေးရုံထဲကနေ ထွက်နိုင်တဲ့ ထွက်ပေါက်ဆီလိုက်ပို့ပေးမယ်''
''ဟင့်အင်း !… ငါမပြေးဘူး ငါ့သူငယ်ချင်းတွေနဲ့အတူ ငါဆေးရုံထဲကနေ ရအောင်ထွက်မယ်''
''အိုး!… ခတ်တော့တာပဲရှင်''
''မင်းငါ့ကိုတစ်ချက်လောက်တွယ်ပေးပါ… ငါ့လက်နှစ်ဖက် အရမ်းနာနေတယ် ကျေးဇူးပြုပြီး ငါ့ကိုတွယ်ပေးပါ''

သီရိမေတစ်ယောက် သူမဟာ လူသားစင်စစ်တစ်ဦးမဟုတ် ဝိဥာဉ်တစ်ဦးဖြစ်ကြောင်း မပြောဆိုခဲ့ချေ။ ထို့ကြောင့် ထီးကလေးသည်လည်း သီရိမေအား လူသားတစ်ဦးပင်ဖြစ်သည်ဟု ထင်မြင်မိချေသည်။ အကူညီတောင်းခါ မိမိအား ထနိုင်ရန် တွယ်ကူခိုင်းနေခဲ့သော ထီးကလေး၏အကူညီများအား သူမတစ်ယောက် မကူညီနိုင်ခဲ့ချေ။ ထိုလူငယ်၏ ခန္ဓာကိုယ်အား သူမ တို့ထိလိုက်သည်နှင့် ထိုတစ်ချိန်ဆိုလျင် ဆိုးရွာစွာနှင့် သူမတစ်ယောက်ခံစားရတော့မည်မှာ သေချာလှသည်။

''ဘာဖြစ်လို့ငါ့ကို မတွဲပေးရတာလဲ မင်း!… မင်းလဲ… လူသတ်သမားပဲ''
ကျွန်မ လူသတ်သမား မဟုတ်ပါဘူး။ ကျွန်မရှင့်ကို ကူညီမယ့်သူပါ ထီးကလေးရယ်။ ဒါပေမယ့် ရှင့်ကိုထိတာနဲ့ ကျွန်မတစ်ကိုယ်လုံး အလွန်နာကျင်ခဲ့ရတယ်။ ရှင်မေ့နေတုန်းက ကျွန်မရှင့်ကို အကြိမ်ကြိမ်အခါခါ လှုပ်နှိုးမိခဲ့ပါတယ်။ အကြိမ်အခါခါလဲ ကျွန်မနာကျင်ခဲ့ရတယ်။ ဒီတစ်ခါဆိုရင် ကျွန်မ ကမ္ဘာကြီးအပေါ်ကနေ ပျောက်ကွယ်သွားရလိမ့်မယ် ရှင်သိရဲ့လား။

သူမ၏စိတ်အတွင်းမှ ထိုသို့ပြောဆိုနေခဲ့သော စကားများအား ထိုလူငယ်လေး ကြားသိနိုင်လိမ့်မည်မဟုတ်။ ဘာရယ်ကြောင့်မှန်းလဲမသိ။ သူမသည်လည်း သက်တမ်းရင့် ဝိဥာဉ်တစ်ဦးဖြစ်သည့်အလား လူသားအမြောက်များအား တို့ထိခြိမ်းခြောက်ခဲ့ဘူးသည်။ သို့သော် ယခု သူမ၏အရှေ့မှ လူငယ်လေး၏ ခန္ဓာကိုယ်အား သူမ မည်သည့်အတွက်ကြောင့် တို့ထိ၍ မရ ရသနည်း။ တို့ထိလိုက်လျင်လည်း ယခုအခ့ါဆိုလျင် ကမ္ဘာပေါ်မှ သူမပျောက်ကွယ်သွားရတော့မည်မှာ သေချာလှသည်။

လှုပ်ရှားနေခဲ့သော စိတ်အား တည်ငြိမ်စေရန်မွေးမြူလိုက်ရသည်။ လက်နှစ်ဖတ်မကူ အလွတ်သာလျင် ထိုင်လျက်အနေထားမှ မတ်တပ်ရပ်နိုင်ရန် ကြိုးစားလိုက်လေသည်။ မတ်တပ်အနေထားသို့ ရပ်နိုင်ခဲ့၏။ သို့သော်လည်း ထိုအခန်းအတွင်းမှ ထွက်ပေါက်အား သူတစ်ယောက်ရှာမတွေ့နိုင်ခဲ့ချေ။

''ငါ့ကိုကူညီပေးပါ!… ဒီအခန်းထဲကနေ ငါဘယ်လိုထွက်ရမလဲ''
''ရှင်မလောပါနဲ့!… ဒီအခန်းထဲကနေ ရှင်ထွက်သွားရင် လူသတ်သမားတွေနဲ့ ထိပ်တိုက်တွေ့ရလိမ့်မယ် အဲ့ဒီအခါကျရင် ရှင်သူတို့ကို ဘယ်လိုခုခံမလဲ ရှင်လက်နှစ်ဖက် အရင်ကောင်းအောင် ဒီအခန်းထဲမှာ အရင်လုပ် ပြီးမှ ထွက်ပေါက်ကိုရှာ''
''ဒါ… ဒါဆို မင်းထွက်ပေါက်သိတယ်ပေါ့… ဟုတ်လား''
''ဟုတ်တယ်… ရှင့်လက်တွေ ဘာဖြစ်တာလဲ''
''ဘယ်… ဘယ်ဘက်လက်က လက်မောင်းအဆစ်ပြုတ်နေတယ်…  ညာဘက်လက်က ပြုတ်ကျပြီး ဖိမိနေလို့ အခုထိထုံးထိုင်းနေတုန်းပဲ''

''ကောင်းပြီ!… ပြုတ်နေတဲ့ လက်မောင်းအဆစ်ကိုတော့ ကျွန်မပြန်ကောင်းအောင် လုပ်ပေးနိုင်တယ်…  ညာလက်ကတော့ သွေးလေလျောက်လာရင် သက်သာသွားမှာပါ''
''ဟင်!… မင်းတကယ်ပြောနေတာလား ဘယ်လိုလုပ်မှာလဲ ဘယ်လက်က အရမ်းကိုနာနေတာ''
''ကျွန်မပြောတဲ့အတိုင်း ရှင်လုပ် နည်းနည်းတော့ အနာခံရမယ်''
''ရတယ်… လက်ပြန်ကောင်းရင်ပြီးရော''
''ကောင်းပြီ အဲ့ဒီလက်ကို မြေပြင်မှာထောက် ပြီးရင် ပုခုံးကို နည်းနည်းကစားပေး''
''အား!… တော်တော်နာတယ်''
''လုပ်… လုပ်စမ်းပါ အဲ့ဒါမှ ရှင့်လက်ပြန်ကောင်းလာမှာ မဟုတ်လို့ကတော့ ရှင်ဒီ့ထက်ပိုနာနေလိမ့်မယ်''

သူမပြောသည့်အတိုင်း ထိုလူငယ်တစ်ယောက် ပြုလုပ်ချေသည်။ အဆစ်ပြုတ်နေခဲ့သော ဘယ်လက်အား မြေပြင်ပေါ်သို့ ထောက်လိုက်သည်နှင့် ဆူးနစ်လောက်ပင် အောင့်တတ်သွားသည်။ ရှုံတ်မဲ့နေသော မျက်နှာထား။ ဦးခေါင်းအား ခပ်ဆတ်ဆတ်ရမ်းခါလိုက်သည်။

''အား!… အားအားအာားအားအး''
''ရလား!… ရလား''
''ကျွတ်ကျွတ်!… အား!… မရဘူး''
''ထပ်ကြိုးစားကြည့်ပါဦး အချိန်နည်းနည်းကြာသွားလို့ တင်ရတာခတ်နေတာဖြစ်မယ်… ဟုတ်ပြီ ခဏနေဦး… အကြံတစ်ခုရပြီး… ဟိုတန်းကို လက်နဲ့ဆွဲကြည့်''
''မင်း… မင်းငါ့ကိုတမင်သတ်သတ် နာကျင်အောင်လုပ်နေတာလား''
''အိုရှင်!… အခုချိန်မှာ ရှင်ကျွန်မကို မယုံနိုင်ရင် ရှင့်အတွက်မကောင်းဘူးနော် ရတယ်လေ … ကျွန်မကိုမယုံကြည်မှတော့ ခွင့်ြ့ပုဦး''

''ဟေ့ဟေ့… နေဦး လုပ်မယ်''
''ဒါပေမယ့် မင်းပြောသလို ငါလက်မြောက်လို့မရဘူး မင်းနည်းနည်းကူညီပေးပါလား''
''ဟင်!… ရှင့်ကိုကျွန်မ… ထိလို့… ထားပါ ကျွန်မဝိုင်းကူလဲ ရမှာမဟုတ်ဘူး အနာခံပြီး လက်ကိုရအောင်မြောက် ပြီးတာနဲ့ အဲ့တန်းကိုဆွဲ ဒါဆိုရင်တော့ ရှင့်လက်မောင်းအဆစ် ပြန်တည့်သွားနိုင်တယ်''

နှုတ်ခမ်းအားစေ့ထားသည်။ နပ်စ်မလေးပြောဆိုနေသော အတိုင်းသာလျင် သူတစ်ယောက် ပြုလုပ်တော့မည်ဟု ဆုံးဖြတ်ချေခဲ့ရင်း ခေါင်းအား တဆတ်ဆတ်ငြိမ့်ပြလိုက်သည်။ နာကျင်လွန်းလှသည်။ ချိတ်ကဲ့သို့ တွယ်လျက်ထားခဲ့သော အဆစ်နှစ်ခုနေရာလွဲသွားသည်ကြောင့် လက်မောင်းအဆစ်မှာ ပြုတ်သွားခဲ့ရခြင်းသည်။ နေရာလွဲချော်နေသော ထိုအဆစ်နှစ်ခု တည့်မတ်သွားမှသာလျင် ပြန်လည်ကောင်းမွန်လာချေမည်ဖြစ်သည်။

ထို့ကြောင့် နပ်စ်မလေးပြောဆိုသည့်အတိုင်းသာလျင် နံရံမှတန်းတစ်ခုအား ဆွဲကိုင်နိုင်ရန် ကောင်းနေခဲ့သော ညာလက်ဖြင့် ဘယ်လက်အား မ.တင်လိုက်သည်။ တစ်ဗြစ်ဗြစ်နားအတွင်း၌ ကြားလိုက်ရ၏။ သေချာလေသည်။ အသားအတွင်းမှ အရိုးနှစ်ချောင်း ပွတ်တိုက်သွားဟန်တူသည်။ နာကျင်သည်က အတိုင်းတာကင်းမယ့်လှသည်။ ဆောင်းညလေးဖြစ်စေသော်လည်း ထီးကလေး၏ခန္ဓာကိုယ်၌ ချွေးစီးများထွက်နေခဲ့သည်။ ကြိတ်မှိတ်အနာခံရင်း ညာလက်ဖြင့် မ.တင်ကာ ထိုတန်လေးဆီသို့ ဘယ်ဘက် လက်ဆွဲနိုင်ချေခဲ့သည်။

''ရပြီ… အား!… မြန်မြန်ပြော ဘာဆက်လုပ်ရမလဲ''
''အနောက်ကိုဆွဲ''
''ဘယ်လိုဆွဲရမှာလဲ''
''အိုး!… ရှင့်စိတ်ထဲမှာ အဲ့ဒီနံရံက တန်းကို ဆွဲဖြုတ်နေတာလို့ သဘောထားပြီး ဆွဲ''

အော်ဟစ်ပစ်လိုက်ချင်သည်။ လွန်စွာနာကျင်သောကြောင့်။ သို့သော်လည်း အီးဟူသော အသံဖြင့်သာ ထွက်ပေါ်စေရင်း တစ်စုံတစ်ယောက် မကြားသွားနိုင်ရန် ကြိတ်မှိတ်စေရင်း နပ်စ်မလေး၏စကားအတိုင်း လုပ်ဆောင်ခဲ့ချေတော့သည်။
''အား!… ကျွတ်ကျွတ်!…''
''ရပြီမဟုတ်လား ရှင်ကောင်းသွားပြီမဟုတ်လား''
''ရပြီ ဟာ!… အခုကျတော့လည်း ဘာမှမနာတော့ပါလား''
''ဟုတ်တယ် လက်မောင်းအဆစ်ပြုတ်ရင် ဒီတိုင်းပဲ ရှင်တစ်ခုသတိထားပါ လက်မောင်းဆိုတာ ပြုတ်စရှိရင် အမြဲပြုတ်နေတတ်တယ်''
''ကျေးဇူးတင်ပါတယ် ဒီလိုပြောပြပေးတဲ့မင်းကို ကျေးဇူးတင်ပါတယ်''
''အိုး!… မလိုပါဘူး ကဲလာ!… ကျွန်မတို့အပြင်ထွက်မယ် ရှင့်ကို ကျွန်မကူညီပေးမှာပါ ရှင့်အလှည့်ကျရင်လည်း ကျွန်မကိုပြန်ကူညီပေးရမယ်''
''စိတ်ချပါ!… ကျွန်တော်ထီးကလေးက ဘယ်တော့မှကျေးဇူ မမေ့တတ်ပါဘူး''

နှစ်ရက်တိတိလက်မောင်းအဆစ်ပြုတ်ခဲ့ရသည်လား။ ဟုတ်ပါသည်။ ဆောင်းညအောက်၌ တဆစ်ဆစ်ကိုက်ခဲနေခဲ့သော လက်မောင်းမှာတော့ ယခုအချိန်၌မူ နာကျင်ခြင်းများ မရှိတော့သည့်အထိ အကောင်းပကတိအတိုင်း ပြန်လည်ဖြစ်လာချေခဲ့သည်။ အပြန်အလှန်စကားများ ပြောဆိုချေရင်း ထိုအခန်းတွင်းမှ နပ်စ်မလေးဦးတည်ရာအနောက်သို့ လိုက်ပါခါ အပြင်သို့ထွက်နိုင်မည့် ထွက်ပေါက်အား စတင်ရှာဖွေလေတော့သည်။

                         *********
အမြန်နှုန်ူးဖြင့် မောင်းနှင်လာစေရင်း ရဲအရာရှိကြီး လမ်းညွန်ပေးခဲသည့် နယ်မြို့လေးဆီသို့ ရောက်ရှိလာခါ နယ်မြေပိုင်စခန်းဆီသို့ပင် ဦးတည်ရောက်ရှိလာချေခဲ့သည်။ ရန်ကုန်မှ မိမိထွက်ခွာလာခဲ့သည့် အချိန်ဟာ ညနေဆောင်းပင် ဖြစ်စေသော်လည်း လမ်းတစ်လျောက် မိမိ၏အကူညီများအား ပေးခဲ့ရသည်ကြောင့် ယခု နယ်မြေပိုင်စခန်းဆီသို့ ည(၈:၁၅)မိနစ်အချိန်မှသာ ရောက်ရှိလာနိုင်ခဲ့လေသည်။

အပိုင်စခန်းအရှေ့သို့ ရောက်ရှိလာခဲ့သည်နှင့် ကားလေးအား ရပ်တန့်စေခဲ့ရင်း နယ်မြေပိုင်စခန်းအတွင်းသို့ ဝင်ရောက်ရန် စတင်ဦးတည်ချေခဲ့သည်။ စခန်းအတွင်းသို့ဝင်ရောက်ရန် ဦးတည်နေခဲ့သော ဆန်းထွန်းပိုင်အား စခန်းအရှေ့မှ စောင့်ကြပ်နေခဲ့သည့် ရဲသားနှစ်ဦးမှာမူ သူ့အား တွေ့ရှိလိုက်ရသည်နှင့်

''ဘာများ အကူညီပေးရပါမလဲခင်ဗျာ''
''ဟိုလေ… စခန်းမှူးကြီးနဲ့ တွေ့ချင်လို့ပါ''
''စခန်းမှူးကြီးတော့ အပြင်ခဏထွက်သွားတယ်… အထဲမှာ ဆရာတစ်ယောက်တော့ရှိတယ် လာ… ကျွန်တော်လိုက်ပို့ပေးပါ့မယ်''

အစောင့်ရဲသားတစ်ဦး ခေါ်ဆောင်ရာအနောက်သို့ ဆန်းထွန်းပိုင်တစ်ယောက် လိုက်ပါသွားခဲ့ရင်း နယ်ထိန်းကြည်ဦးဆီသို့ ရောက်ရှိလာခဲ့လေသည်။ ထို့နောက် မိမိရောက်ရှိလာခဲ့သော အကြောင်းများအား ပြောဆိုချေခဲ့ရင်း နယ်မြေအပိုင်စခန်းမှူးကြီ ကိုထိန်ဝင်းတစ်ယောက် အပြင်မှပြန်လည်ရောက်ရှိလာမည့် အချိန်ကိုသာ စောင့်စားနေခဲ့လေသည်။

ခဏအကြာ၌ နယ်မြေပိုင်စခန်းအရှေ့သို့ ဆိုင်ကယ်တစ်စီးထပ်မံ ရောက်ရှိလာပြန်သည်။ ဆိုင်ကယ်ကယ်ရီခုံအနောက်မှ ဆင်းလိုက်ရင်း ဆိုင်ကယ်ငှားခအား ပေးလျက် စခန်းအတွင်းသို့ ဝင်ရောက်ရန်ဦးတည်လိုက်သော ထိုသူ့အား အစောင့်ရဲသားနှစ်ဦး တွေ့ရှိလိုက်သည်နှင့် အံ့သြတစ်ကြီး စကားများစွာ ပြောဆိုချေခဲ့သည်။

''ဟာ!… ဆရာ ညဘက်ကြီးပြန်ရောက်လာပါလား''
''အင်းဟုတ်တယ်… ဒီနယ်မှာလည်း အရေးကြီးနေတာနဲ့ ချက်ချင်းပြန်လာတာ မင်းတို့ဆရာရော''
''အထဲကိုကြွပါဆရာ… ကျွန်တော်တို့ဆရာကတော့ ညနေကတည်းက အပြင်ထွက်သွားတာ အခုချိန်ထိပြန်မလာသေးဘူး''
''ဘယ်ကိုထွက်သွားတာတုန်း''
''အဲ့ဒါတော့ ကျွန်တော်တို့လဲမသိဘူးဗျ… ကိုကြည်ဦးကိုတော့ ပြောခဲ့မယ်နဲ့ထင်တယ် ကြွပါဆရာ အထဲကိုကြွပါ''

ရဲအုပ်မောင်ဝင်း။ မြောင်းမြမြို့ဆီသို့ နေ့လည်ခင်းအချိန်မှ ထွက်ခွာသွားခဲ့ရင်း ယခုညတွင်းချင်းပင်လျင် ထိုနယ်လေးဆီသို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။ သို့နှင့် ရဲအုပ်မောင်ဝင်းအား အစောင့်ရဲဘော်လေးတစ်ဦးမှာ လှိုက်လှဲစွာကြိုဆိုစေရင်း စခန်းအရှေ့မှ စခန်းအတွင်းသို့ ခေါ်ဆောင်စေခဲ့သည်။

စခန်းအဝသို့ရောက်ရှိလာခဲ့ပြီး နယ်ထိန်းကြည်ဦးနှင့်အတူ စကားများစွာပြောဆိုနေခဲ့သော ဆန်းထွန်းပိုင်အား မြင်တွေ့လိုက်ရသည်။ သို့သော် နောက်ကျောကိုသာ မြင်တွေ့နေရသည်ကြောင့် မည်သူမည်ဝါမှန်း မသိရှိသေးချေ။ စခန်းဝမှ ရဲအုပ်မောင်ဝင်းအား မြင်တွေ့လိုက်ရသည်နှင့် နယ်ထိန်းကြည်ဦးမှာ ထိုင်နေသည့်ခုံမှ လျင်မြန်စွာထခါ

''ဟာ!… ဆရာ… ဘယ်လိုဖြစ်လို့ ညကြီးမိုးချုပ် ပြန်လာရတာလဲ''
''အေးဗျာ!… ဒီနယ်မှာကလဲ အမှု့မပြီးသေးတော့ ချက်ချင်းပြန်လာခဲ့တာ''

ထိုင်နေသည့်ခုံမှ ထလိုက်ရင်း ရဲအုပ်မောင်ဝင်းအား စကားများစွာ ပြောဆိုနေခဲ့သော နယ်ထိန်းကြည်ဦး၏ မျက်လုံးအဆုံးသို့ ဆန်းထွန်းပိုင်တစ်ယောက် လှည့်ကြည့်မိလိုက်လေသည်။

''ဟင်!… အခွင့်အရေး ရဲအုပ်ကိုမောင်ဝင်း''
''ဆန်းထွန်းပိုင်!… ခင်ဗျား ဆန်းလေးမဟုတ်လား''
''ဟုတ်တယ်လေ… ကျွန်တော်ဆန်းထွန်ပိုင်ပါ… ကိုမောင်ဝင်း ပြန်ဆုံကြပြန်ပြီနော်''
''ဟုတ်ပါ့ဗျာ!… ပြန်ဆုံရတာ ကျွန်တော်မောင်ဝင်း ကြည်နူးမိပါတယ်… ဘယ်လိုဖြစ်ပြီး ခင်ဗျားဒီစခန်းကိုရောက်နေရတာလဲ''

ဆုံခဲ့ရဘူးသည်။ သေတူရှင်မကွာ ဖြစ်ရပ်ဆန်းတစ်ခုဖြစ်သော…
           တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                   သွေးစုတ် ဖုတ်ကောင်
ဖြစ်ရပ်ဆန်း၌ တစ်ဦးကိုတစ်ဦး အသတ်ပေးခါ ကာကွယ်ခဲ့ကြသော မိတ်ဆွေများပင်ဖြစ်သည်။ ထိုကဲ့သို့သော မိတ်ဆွေဖြစ်သူများ မဆုံတွေ့ဖြစ်ကြသည်မှာ အချိန်ကြာမြင့်နေပြီးဖြစ်သည်။ ယခုအခါ နယ်မြေပိုင်စခန်းအတွင်း၌ ရုတ်တရက် ပြန်လည် ဆုံတွေ့ဖြစ်ကြရင်း ဆန်းထွန်းပိုင်တစ်ယောက် မိမိ၏လာရင်း အကြောင်းများအား ပြောဆိုမည်ဖြစ်သည်။ သို့နှင့် သက်ပြင်းတစ်ချက်အား ဖြည်းညင်းစွာချစေကာ

''ဒီလိုဗျ!… အဝေးပြေးလမ်းမဘေးကို ကားကြီးတစ်စီး တိမ်းမှောက်သွားတဲ့ သတင်း ကျွန်တော်ဖတ်လိုက်ရတယ်… ပြီးတော့ အဲ့ဒီကားကြီးက ကျွန်တော့အဖေနဲ့ သူ့တပည့်တွေ ခရီးထွက်သွားကြတဲ့ ကားကြီးဖြစ်နေမှန်း ကျွန်တော်သိလိုက်ရတယ် အဲ့ဒါကြောင့် နယ်မြေပိုင်စခန်းမှူးကြီးကို အကြောင်းကြားရင်း သူပေးတဲ့လိပ်စာအတိုင်း ကျွန်တော်ဒီစခန်းကိုရောက်လာခဲ့တာ''
''ဟင်… ဒါဆို ကားကြီးရဲ့ပိုင်ရှင်က ဆန်းလေးပေါ့ဟုတ်လား''
''ဟုတ်တယ်ကိုမောင်ဝင်း! ခရီးထွက်သွားကြတာ ကိုထီးကလေးတို့ သူငယ်ချင်း ငါးယောက်လည်းပါသွားတယ်''
''ဗျာ!… ဒါ… ဒါဆိုပုသိမ်ဘက်ကို သွားကြတာပေါ့… ဟာ!… ကိုယ်ကျိုးတော့ နည်းကုန်ပါပြီ!''

''ဟင်… ပုသိမ်ဘက်ကို သွားကြမှန်း ကိုမောင်ဝင်းသိနေတယ်ဟုတ်လား''
''ဟုတ်တယ်ဗျ… ကိုထီးလေးတို့ခရီးမထွက်ခင် တစ်ရက်က ကျုပ်သူ့ဆီရောက်ခဲ့သေးတယ် သူတို့သူငယ်ချင်းငါးယောက်နဲ့ သူ့ဆရာအပါအဝင် တစ်ခြားကျောင်းသားကျောင်းသူတွေနဲ့ ပုသိမ်ဘက်ကို ခရီးထွက်ကြမယ်လို့ ပြောလို့ ကျုပ်လဲသိထားရတာ''

''သိပ်ဟုတ်တာပေါ့ဗျာ… ဒါနဲ့ကိုမောင်ဝင်း သတင်းစာထဲမှာ ရေးထားတာ မှောက်နေတဲ့ ကားကြီးထဲမှာ လူတစ်ယောက်မှ မရှိဘူးလို့ရေးထားတယ် အဲ့ဒါဟုတ်လား''
''ဟုတ်တယ်!… ထူးထူးဆန်းဆန်း ယဉ်တိမ်းမှောက်မှုဖြစ်နေလို့ ကျုပ်ကိုယ်တိုင် ချက်ချင်း သတင်းစာထဲထည့်ခိုင်းခဲ့တာ ဒါနဲ့နေပါဥင်္ီး ကိုဆန်းလေးအဖေနဲ့ ကိုထီးကလေးတို့ အိမ်ကထွက်သွားတုန်းက ကားကြီးကလဲ သတင်းစာထဲမှာ ခင်ဗျားမြင်ခဲ့ရသလို ပျက်စီးနေတဲ့ ကားပုံစံမျိုးပဲလား'

''ဟာဗျာ!… ဘယ်ကသာ… အဲ့ဒီကားကြီးက ရာဇဝင်တွေရှိလို့ မစီးပဲထားခဲ့တာ နှစ်မနည်းတော့ဘူး ကားက အသစ်စက်စက်ပါပဲ ဒါပေမယ့် ကျွန်တော်သတင်းစာထဲမှာ တွေ့လိုက်ရတာတော့ ကားကိုတမင်သတ်သတ် ပျက်စီးအောင် ရုပ်ဖျက်ထားသလိုပဲ''
''ဟာ… ဒါဆိုရင်တော့ ကိုထီးလေးတို့တွေ တစ်ခုခုအန္တရယ်ဖြစ်နေတာ သေချာပြီ… ကျုပ်လဲ တစ်နေ့ကုန် သူတို့အားလုံးရဲ့ ဖုန်းကိုခေါ်နေခဲ့တာ အခုချိန်ထိခေါ်လို့ကိုမရသေးဘူး… ဒုက္ခပါပဲဗျာ သူတို့ဘာတွေများ ဖြစ်နေကြပါလိမ့်''

''အဖေ့ဖုန်းကို ခေါ်လို့တော့ရတယ်ဗျ ဒါပေမယ့် ဖုန်းမကိုင်ဘူး… ကျွန်တော်လဲ သတင်းစာဖတ်ရကတည်းက တရတ်ဆက်ခေါ်နေတာ အခုထိဖုန်းမကိုင်ဘူးဖြစ်နေတယ်''
''ဟင်!… ဒါဆို အဲ့ဒီဖုန်းနံပါတ် ကျွန်တော့ကိုပေး''

ဆန်းထွန်းပိုင်၏ စကားများအား ကြားသိလိုက်ရသည်နှင့် ရဲအုပ်မောင်ဝင်းမှာမူ မိတ်ဆွေဖြစ်သူများအတွက် အလွန်ပင်စိုးရိမ်မိသွားချေခဲ့သည်။ မိမိထင်မြင်ခဲ့သည့်အတိုင်း တိမ်းမှောက်သွားခဲ့သော ကားကြီးနှင့် မိမိ၏မိတ်ဆွေများ ပတ်သတ်နေခဲ့သည်မှာ သေချာသွားခဲ့လေပြီဖြစ်သည်။

ဖခင်ဖြစ်သူ၏ ဖုန်းအား ခေါ်ဆို၍ရသော်လည်း သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ကြောင်း ရဲအုပ်မောင်ဝင်းအား ဆန်းထွန်းပိုင်တစ်ယောက် ပြောဆိုချေခဲ့သည်။ ထို့ကြောင့် ရဲအုပ်မောင်ဝင်းမှာမူ သဲလွန်စတစ်စုံတစ်ခု ရရှိလေပြီဟု သတ်မှတ်ချေကာ ကျူရှင်ဆရာကြီး၏ ဖုန်းနံပါတ်အား တောင်းယူလေခဲ့သည်။

                                  ***

        ''ကျွန်… ကျွန်တော်တို့ကိုကယ်ပါဦးဗျာ ကယ်ပါဦး''
''ဟင်… ကောင်လေး! မင်းဘာတွေပြောနေတာလဲ''
မျက်မှောင်အားကြုတ်လိုက်သည်။ မိမိ၏ခြေသလုံးအား တင်းကြပ်စွာဖတ်ထားစေရင်း ကယ်ပါဦးဟူသော စကားများသာ တရတ်ဆက်ပြောဆိုနေခဲ့သည့် မောင်ကဲအား ကိုထိန်ဝင်းတစ်ယောက် နားမလည်နိုင်။

''သြော်… ဟေ့ကောင်တွေ လာကြစမ်း!… ဒီကောင်လေးကို လာခေါ်… စိတ်မရှိပါနဲ့ဆရာ… ကျွန်တော်ပြောတဲ့ မူဆေးဝါးဖြတ်ထားတဲ့ လူနာပါ''
''ရှင်မဟုတ်တာတွေ မပြောနဲ့ ရဲအရာရှိကြီး သူတို့က လူသတ်သမားတွေပါ ကျွန်မတို့အားလုံးကို သူတို့သတ်ကြတော့မယ် ကျွန်မသူငယ်ချင်းတွေကိုလည်း ရက်ရက်စက်စက်သတ်ထားကြတယ် သူတို့လိမ်နေတာ အခုပြောနေတဲ့ တစ်ယောက်က သူတို့ရဲ့ ရက်စက်မှု့တွေကို တွေ့ပြီး သွေးပျက်နေတာပါ…  သူပြောသလို မူယစ်ဆေးဝါးဖြတ်ထားမဟုတ်ပါဘူး''
''ဟင်!… ''

''ဟေ့လူ!… ခင်… ခင်ဗျား''
''ကောင်မလေး မင်းပြောနေတာအမှန်တွေပဲလား''
''အမှန်တွေပါ ကျွန်မကိုယ်တိုင် ရဲဌာကိုဖုန်းဆက်အကြောင်းကြားခဲ့တာ''

ခါးကြားမှ သေနတ်ဆီသို့ လက်မှန်းရောက်ရှိစေပြီး မိမိ၏နံဘေး၌ရှိနေသော ဒေါက်တာသန်းနိုင်အောင်အား ကိုထိန်ဝင်းတစ်ယောက် စိုက်ကြည့်မိသည်။ ဒေါက်တာသန်းနိုင်၏ိံ အမူယာများ ပျက်လင့်ကစား သူ၏ခေါ်သံကြားလိုက်သည်နှင့် လူငယ်နှစ်ဦး၏အနောက်သို့ လိုက်ပါလာခဲ့သော လူသတ်သမားအပါအဝင် ဆေးရုံရှိ ယူနီးဖောင်းဝတ်စုံနှင့် လူသတ်သမားတစ်ယောက်သည်လည်း ထပ်မံရောက်ရှိလာစေသည်။

ပထမအထပ်မှ တန်ခိုးအား စောင့်ကြည့်နေကြသော လူသတ်ဆရာဝန်နှစ်ဦးအနက် တစ်ဦးမှာမူ မြေညီထပ်ဆီသ်ု့ ဆင်းသတ်လာချေသည်။ ထို့နောက် မြေညီထပ်ဆီမှ စကားသံတစ်ချို့အား ကြားလိုက်ရသည်ကြောင့် မမြင်ကွယ်ရာမှ ပုန်းခိုနားစွင့်နေလိုက်သည်။ သိရှိသွားခဲ့၏။ ဒေါက်တာသန်းနိုင်နှင့် ရဲအရာရှိကြီးတို့၏ အခြေနေများ။ ထို့ကြောင့် ပထမအထပ်ဆီသို့ အပြေးပြန်လည် တတ်ရောက်စေရင်း တစ်ခုတည်းသော ဖွင့်လစ်ထားသည့် ပြတင်းပေါက်မှ အောက်သို့ ခုန်ချသွားခဲ့သည်။

တည်ငြိမ်လှသော စကားများ၌ ထိတ်လန့်စိတ်များရောနှောခဲ့သော မျှားကလေး၏ စကားတို့ကြောင့် ကိုထိန်ဝင်းမှာမူ သေနတ်အိတ်အတွင်းမှ သေနတ်အား စတင်ထုတ်ယူလေပြီဖြစ်သည်။ လူသတ်သမားနှစ်ဦးသည်လည်း ကိုထိန်ဝင်းအနားသို့ လက်နတ်များကိုင်ဆောင်စေရင်း ဖြေးညင်းစွာကပ်လှမ်းလာချေခဲ့သည်။ ဒေါက်တာသန်းနိုင်သည်လည်း အနောက်သို့တလှမ်းဆုတ်စေရင်း သူ၏တပည့်များအား အချက်ပြစေတော့သည်။

အရှေ့မှ လူသတ်သမားတစ်ဦး မိမိနှင့် လူငယ်များရှိနေသည့် အနားသို့ အပြေးရောက်ရှိလာခဲ့သည်ကြောင့် ကိုထိန်ဝင်းမှာမူ ခါးကြားမှ သေနတ်အား လျင်မြန်စွာထုတ်ယူစေရင်း ဘယ်ဘက်ပေါင်သို့ ပစ်ချလိုက်ချေသည်။ ထို့နောက် နံဘေး၌ရှိနေသော ဒေါက်တာသန်းနိုင်အား သေနတ်ဖြင့်ချိန်ဆထားခါ လူသတ်သမားတစ်ဦး မိမိ၏အနားသို့ ထပ်မံမရောက်ရှိလာစေနိုင်ရန် ဟန့်တား ထားခဲ့ချေသည်။

''ခင်ဗျားတို့အားလုံး တစ်ယောက်မှ မလှုပ်နဲ့!… အေးအေးဆေးဆေး အဖမ်းခံကြ… ဟေ့လူ ကြမ်းပြင်မှာမှောက်နေစမ်း''

သေနတ်ဖြင့်ချိန်ဆထားသည်။ အမှန်တကယ်ပင်လျင် ကိုထိန်ဝင်းတစ်ယောက် ပစ်ခတ်သည်ဟု မြင်တွေ့ထားရသည်ကြောင့် ဒေါက်တာသန်းနိုင်နှင့်အတူ လူသတ်သမားတစ်ဦးသည်လည်း ကြမ်းပြင်ပေါ်၌ လက်နတ်ချခါ ဝပ်နေခဲ့ရသည်။ လူငယ်နှစ်ဦးအား မိမိ၏အနား၌ ကပ်လျက်ရှိနေစေရင်း ထွက်ပေါက်ဆီသို့ နောက်ဆုတ်လျက် လူသတ်သမားများအားလည်း သေနတ်ဖြင့်ချိန်ဆထားသေးသည်။

လူငယ်နှစ်ဦးအား အကာကွယ်ပေးနေခါ လူသတ်သမားများ လိုက်ပါမလာနိုင်ရန် သေနတ်ဖြင့်ချိန်ဆထားခဲ့ရင်း ထွက်ပေါက်အဝသို့ နောက်ဆုတ်လျက် ဖြေးညင်းစွာရောက်ရှိလာခဲ့ချေသည်။

''ဆရာ!… အနောက်မှာ''
''အား!…''

အပေါက်ဝဆီသို့ နောက်ဆုတ်လျက် ရောက်ရှိလာခဲ့သော ကိုထိန်ဝင်းအား ပထမအထပ်ပြတင်းပေါက်မှ အောက်သို့ခုန်ချသွားသည့် လူသတ်သမားတစ်ဦးမှာ ထွက်ပေါက်နံဘေးတွင် ပုန်းခိုခါ အသင့်စောင့်နေခဲ့သည်။ ကြမ်းပြင်ပေါ်သို့ မှောက်နေခဲ့ကြသော လူသတ်သမားများ လိုက်ပါမလာနိုင်ရန် သေနတ်ဖြင့်ချိန်ဆထားခဲ့ရင်း နောက်ဆုတ်လျက် အပေါက်ဝဆီသို့ရောက်ရှိလာခဲ့သော ကိုထိန်ဝင်းအား ထိုလူသတ်သမား၏ အလစ်ရိုက်နှပ်ခြင်းခံလိုက်ရလေသည်။ အားဟူသော အသံတစ်ခုတည်းနှင့်အတူ ကိုထိန်ဝင်းတစ်ယောက် အရှေ့သို့ ငိုက်စိုက်ချသွားခဲ့၏။ သူ၏ နောက်စေ့တွင်မူ လူသတ်ပုဆိန် စိုက်ဝင်သွားခဲ့ပြီး ပွဲချင်းပြီးသာလျင် အပေါက်ဝ၌ သေဆုံးသွားခဲံ့ရတော့သည်။

                             *****
*အပေါ်ဆုံးအထပ်မှ လူငယ်သုံးဦး မည်သို့ပင် တွေ့ကြုံလာရဦးမည်နည်း။

* ကြောက်ကန်ကန်ခါ ရဲရာရှိကြီးအား တိုင်ကြားပြောဆိုခဲ့ကြသည့် လူငယ်နှစ်ဦးသည်လည်း ယခုအားကိုးရာမဲ့သွားကြသည့်အခါ မည်သို့ပင် ဆက်လက်ဖြစ်လာကြဦးမည်နည်း။

* ထိုနယ်အတွင်းမှ လိုရာခရီးဆီသို့ ထွက်ခွာသွားခဲ့သော မိတ်ဆွေရဲအုပ်မောင်ဝင်းသည်လည်း ထိုနယ်လေးဆီသို့ ပြန်လည်ရောက်ရှိလာခါ မိတ်ဆွေဖြစ်သူများထံသို့ မည်သို့ပင် သွားရောက်ဦးမည်နည်း။

* ထောက်ချောက်အတွင်းသို့ ကျရောက်သွားခဲ့သော လူငယ်တစ်ဦးနှင့် သူ၏ သူငယ်ချင်းဖြစ်သူများ မည်သို့ပင် ဆုံတွေ့လာမည်နည်း။

* ဆေးရုံအတွင်းမှ ထွက်ရောက်နိုင်ကြမည်လား။ မည်သူများ အသက်ရှင်လျက် ထွက်ရောက်နိုင်ကြမည်နည်း။

* အရေးကြုံတိုင်း တိုက်ဆိုင်စွာရောက်ရှိလာတတ်သော မိတ်ဆွေအစ်ကိုအောင်နှင့်လည်း ထိုဆေးရုံအတွင်း၌ မည်သို့ပင် ဆုံတွေ့လာကြဦးမည်နည်း။

… … … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၁၇)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်…

                             *****
          ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                        (၆.၃.၂၀၁၆)
             မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
                  ဆက်လက်၍ဖော်ပြပေးပါမည်။
                      စာရေးသူ-ထီးကလေး
                 (ရင်နှင့်ရင်း၍ရေးသားသည်)


တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၁၈)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
               *********************

အားဟူသော အသံတစ်ခုတည်းနှင့်အတူ ကိုထိန်ဝင်းတစ်ယောက် အရှေ့သို့ ငိုက်စိုက်ချသွားခဲ့၏။ သူ၏ နောက်စေ့တွင်မူ လူသတ်ပုဆိန် စိုက်ဝင်သွားခဲ့ပြီး ပွဲချင်းပြီးသာလျင် အပေါက်ဝ၌ သေဆုံးသွားခဲံ့ရတော့သည်။

အပေါ်ဆုံးအထပ်သို့ တတ်ရောက်သွားခဲ့သော ဒေါက်တာရဲမောင်သည်လည်း ရေခဲတိုက်အခန်းအတွင်းမှ ဆရာဝန်ကြီးနှင့်မောင်စန်းမြင့်တို့အား တိုက်ခိုက်လျက် အပြင်သို့ ထွက်ခွာရန် ရွယ်လျက်ရှိနေခဲ့သော လူငယ်များအား မြင်တွေ့လိုက်ရလေသည်။ လူသတ်လက်နတ်အား ကိုင်ဆောင်ထားခဲ့ပြီး သူ၏ဘေးတွင်လည်း နပ်စ်မလေးတစ်ဦး ရှိနေခဲ့သည်။ အခန်းအတွင်းမှ အပြင်သို့ ထွက်ခွာရန် ရွယ်နေခဲ့သော လူငယ်သုံးဦးသည်လည်း ဒေါက်တာရဲမောင်အား တွေ့ရှိလိုက်သည်နှင့် အခန်းအတွင်းသို့ ဖြည်းညင်းစွာ ဆုတ်ဝင်သွားခဲ့ကြသည်။

လူငယ်သုံးဦးအား အချိန်ကြာကြာစိုက်ကြည့်နေခဲ့ပြီး တိုက်ခိုက်ခြင်းများ မပြုမူသေးချေ။ သူ၏ နံဘေးတွင်ရှိနေခဲ့သော နပ်စ်မလေးဟာလည်း ဒေါက်တာရဲမောင်တစ်ယောက် စတင်တိုက်ခိုက်ရန် အချက်ပေးမည့် အမူယာကိုသာ စောင့်စားနေခဲ့လေသည်။ ဆရာဝန်ကြီးစွန်ရဲနိုင်သည်လည်း ကြမ်းပြင်ပေါ်မှ လဲကျနေရာမှ ပြန်လည်သတိလည်လာစေရင်း သူ၏ပုဆိန်အား ဆွဲကိုင်လျက် ထလာချေခဲ့သည်။

''ရဲမောင်!… ဘာလုပ်နေတာလဲ!… အဲ့ဒီကောင်တွေကို သတ်စမ်း… စန်းမြင့် မောင်စန်းမြင့် ထ… ထစမ်း… သတ်စမ်းကွာ အဲ့ဒီကောင်တွေကိုး''

ဒေါသကြီးစွာထွက်လျက် ဆရာဝန်ကြီးတစ်ယောက် ထိုသို့ အော်ဟစ်ပြောဆ်ုချေခဲ့သည်။ လူငယ်သုံးဦးသည်လည်း အလွန်ပင်အထိနာနေခဲ့သည်ကြောင့် မိမိတို့၏ အသက်ကိုပင် အသေခံရတော့မည့် အခြေနေသို့ ရောက်ရှိနေခဲ့ရသည်။ အခန်းအဝမှ ဒေါက်တာရဲမောင်သည်လည်း အခန်းအတွင်းသို့ တစ်လှမ်းချင်းဝင်ရောက်လာခဲ့လေသည်။ မောင်စန်းမြင့်နှင့် ဆရာဝန်ကြီးမှာလည်း မူးနောက်နေခဲ့သော အာရုံများနှင့် ကြမ်းပြင်အပေါ်မှ လူးလဲထလာခါ လူငယ်သုံးဦးဆီသို့ ဦးတည်နေချေခဲ့သည်။ သို့နှင့် လူငယ်သုံးဦးမှာမူ အခန်းအတွင်းသို့ တလှမ်းချင်းဆုတ်ဝင်သွားစေရင်း အနောက်၌ အုတ်နံရံသာ ရှိစေတော့သည်။

''လမ်းလေး… မင်းစာမိကိုခေါ်ပြီး အခန်းထဲကထွက် ပြီးရင် ထီးကလေးကို ရအောင်ရှာ!… မျှားကလေးနဲ့မောင်ကဲကိုလည်း တွေ့အောင်ရှာ''
''မင်း!… မင်းဘာလုပ်မလို့လဲ''
''ဒီလူသတ်သမားတွေကို ငါတားပေးထားမယ် မင်းတို့အပြင်ရောက်အောင် မြန်မြန်ထွက်ကြ''
''ငါးလေး!… မဖြစ်ဘူး မင်းမှာဒဏ်ရာကြီးနဲ့ ငါတားထားလိုက်မယ် မင်းစာမိခေါ်သွား''
''လမ်းလေး… ငါပြောသလိုသာလုပ်… ငါ့မှာ ဒဏ်ရာရှိနေတော့ ထီးကလေးတို့ကိုရှာဖို့ မလွယ်ဘူး ဒီတော့ သူတို့ကို မင်းရအောင်ရှာ ပြီးရင် မင်းတို့အားလုံးဆီ ငါပြန်လာခဲ့မယ်''
''ငါးလေ… မလွယ်ဘူးနော်''
''ဆက်မပြောနဲ့တော့ သူတို့အနားကပ်လာပြီး ငါတံခါးရအောင် ဖွင့်ပေးမယ် ပြီးတာနဲ့ မင်းတို့ပြေးတော့''

အနောက်သို့ ဆုတ်သွားစေရင်း ကြမ်းပြင်ပေါ်မှ သံတုတ်အား ငါးကလေးတစ်ယောက် ကောက်ယူလိုက်သည်။ ထို့နောက် မိမိတို့၏အနားသို့ ဖြေးညင်းစွာလျောက်လှမ်းလာသော လူသတ်သမားများ မတိုက်ခိုက်သေးခင်အချိန်၌ ထိုသို့ပြောဆိုချေခဲ့သည်။ ဒေါက်တာရဲမောင်မှာလည်း အခန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်နှင့် အခန်းတံခါးအား ပိတ်ထားလိုက်စေသည်။

နံရံဘေးသို့ ကပ်ရောက်သွားခဲ့သော လူငယ်သုံးဦးထံသ်ို့ မောင်စန်းမြင့်တစ်ယောက် အထိနာနေခဲ့သော ခြေထောက်ကိုပင် မမူ့တော့ပဲ ဆရာဝန်ကြီးအမိန့်ပေးလိုက်သည်နှင့် လူငယ်သုံးဦးအား အပြေးဝင်ရောက်တိုက်ခိုက်ချေခဲ့သည်။ သို့သော်လည်း သူ၏ခြေထောက်မှာ လမ်းကလေး၏ရိုက်ချက်ဖြင့် ကောင်းစွာမရပ်တည်နိုင်ခဲ့ချေ။ လူငယ်သုံးဦးရှောင်တိမ်းလိုက်သည်နှင့် ကြမ်းပြင်ပေါ်သို့ မောင်စန်းမြင့်တစ်ယောက် အလိုလိုသာ ခွေလဲကျသွားခဲ့ရသည်။

မောင်စန်းမြင့်၏ တိုက်ခိုက်မှု့ဖြင့် လူစုကွဲသွားခဲ့သော လူငယ်သုံးဦးအား ဆရာဝန်ကြီးတစ်ယောက် သူနှင့်အနီးစပ်ဆုံး ရှိနေခဲ့သော လမ်းကလေးအား ပုဆိန်ဖြင့်အုပ်မိုး ခုတ်ချစေခဲ့သည်။ ဆရာဝန်ကြီးခုတ်လိုက်သော ပုဆိန်အား လက်ဖြင့် ဟန့်တားထားခါ နံရံဘေးသို့ ကပ်လျက်ရောက်ရှိသွားသည်။ ဒေါက်တာရဲမောင်နှင့် နပ်စ်မလေးမှာလည်း ငါးကလေးနှင့် စာမိအား အပြင်းအထန် ဝင်ရောက်တ်ုက်ခိုက်ချေခဲ့သည်။

တိုက်ခိုက်မှု့ဟာ အကွက်မကျ ရှောင်တိမ်းမှု့များဟာလည်း အကွက်မကျခဲ့ချေ။ လူငယ်သုံးဦးအား အသေသတ်လိုချင်သော စိတ်သာ ပြင်းထန်နေခဲ့သည်ကြောင့် ဒေါက်တာရဲမောင်နှင့် နပ်စ်မလေးတို့မှာ လူသတ်ဓားဖြင့် အမှီအရ တိုက်ခိုက်နေခဲ့သည်။ လူငယ်နှစ်ဦးသည်လည်း အကွက်မကျခဲ့သော တိုက်ခိုက်မှု့များအောက်၌ အသက်ကိုပင် လုယူနေခဲ့ရသည်။ ဆရာဝန်ကြီး၏ပုဆိန်အား ဟန့်တားထားခဲ့ရင်း နံရံဘေးသို့ကပ်ရောက်သွားခဲ့သည့် လမ်းကလေးသည်လည်း ဆရာဝန်ကြီးအား အရှိန်ဖြင့် တွန်းထုတ်လိုက်ချေသည်။

နုနယ်သွက်လပ်လှသော လူငယ်တစ်ဦး သို့မဟုတ် သူသေကိုယ်သေ တိုက်ခိုက်နေရသည့် အချိန်ပင်ဖြစ်သည်ကြောင့် လမ်းကလေးမှာမူ လူငယ်တစ်ဦးပီပီ အားကြီးစွာဖြင့် ဆရာဝန်ကြီးအား တွန်းထုတ်လိုက်လေသည်။ သူ၏တွန်းဖယ်မှု့ဖြင့် ဆရာဝန်ကြီးမှာလည်း အနောက်သို့ အရှိန်လွန်ခါ ရောက်ရှိသွားချိန်၌ သူငယ်ချင်းဖြစ်သူများနှင့် အသေအကျေ တိုက်ခိုက်နေကြသော လူသတ်သမားများအား ဝိုင်းဝန်းတိုက်ခိုက်ရန် အပြေးလှမ်းသွားချေသည်။

ထို့နောက် ခွေလဲကျသွားခဲ့သော မောင်စန်းမြင့်တစ်ယောက် ကြမ်းပြင်ပေါ်မှ ကြုံးရုံးထ.လာခဲ့သည်အား မြင်တွေ့လိုက်ရသည်ကြောင့် အားကုန်သာလျင် ခြေဖြင့်ကုန်ထုတ်လိုက်လေသည်။ အထိနာနေခဲ့သော မောင်စန်းမြင့်တစ်ယောက်သည်လည်း ကြမ်းပြင်ပေါ်သို့ ထပ်မံလဲကျသွားခဲ့ရသည်။ လူသတ်ရာ၌ ကျွမ်းကျင်ပြီးသားဖြစ်နေသော နပ်စ်မလေး၏ ဓားချက်အား ငါးကလေးတစ်ယောက် လျင်မြန်စွာရှောင်တိမ်းစေရင်း အခန်းအတွင်းရှိ ပစ္စည်းတစ်ခုနှင့်တိုက်မိခါ ယိုင်လဲကျသွားခဲ့ရသည်။

ပြုံးလိုက်၏။ သို့သော် နပ်စ်မလေး၏ ကြောက်စရာကောင်းလှသော လူသတ်အပြုံး။ ကြမ်းပြင်ပေါ်သို့ အရှိန်လွန်လဲကျသွားခဲ့သည့် ငါးကလေးအား သူမတစ်ယောက် အသာအယာ သတ်ပစ်တော့မည်ဖြစ်သည်။ သို့နှင့် ကိုင်ဆောင်ထားခဲ့သော ဓားကြီးအား မြောက်ကိုင်လိုက်ရင်း ကြမ်းပြင်အပေါ်သို့ လဲကျနေခဲ့သည့် ငါးကလေးအား အားပြင်းစွာခုတ်ချတော့မည့် အချိန်၌ပင်
''ငါးလေး!… ရော့''

မောင်စန်းမြင့်၏အနီးမှ ပြုတ်ကျနေခဲ့သော သံတုတ်အား လမ်းကလေးတစ်ယောက် ကိုင်ယူလိုက်ရင်း ကြမ်းပြင်ပေါ်မှ လဲကျနေခဲ့သော ငါးကလေးထံသို့ ပစ်ပေးလိုက်ချေခဲ့သည်။ လမ်းကလေး၏ ပစ်ပေးလိုက်သော သံတုတ်ဆီသို့ အာရုံတစ်ခုတည်းသာ ထားခဲ့ရင်း နပ်စ်မလေးခုတ်လိုက်သော ဓားချက်အား ကြမ်းပြင်ပေါ်၌ လူးလိမ့်ခါရှောင်တိမ်းချေခဲ့သည်။ မိမိ၏ လက်အတွင်သို့ သံတုတ်ရောက်ရှိသွားခဲ့သည်နှင့် နပ်စ်မလေး၏ ခြေထောက်အား အားကုန်သာလျင် လွဲရိုက်ချခဲ့သည်။ ခြေစုံပစ်လဲကျသွားခဲ့သော နပ်စ်မလေး၏ ဦးခေါင်းအား ထပ်မံ၍ ရိုက်ချလိုက်ပြန်သည်။

စာမိနှင့်တိုက်ခိုက်နေခဲ့သော ဒေါက်တာရဲမောင်ထံသ်ု့ လမ်းကလေးတစ်ယောက် အပြေးသွားလိုက်ရင်း စာမိ၏ဘက်မှ ဝိုင်းဝန်းတိုက်ခိုက်ပေးခဲ့သည်။ ဒေါက်တာရဲမောင်တစ်ယောက် လမ်းကလေး၏ ပင့်တင်လိုက်သော လက်သီးချက်နှင့်အတူ ဝိုက်ထိုးလိုက်သော လက်သီးချက်များကြောင့် မေ့ရိုးဆီသို့ သတ်ရောက်သွားခါ နာကျင်စွာနှင့် ခြေလှမ်းများစွာ နောက်ဆုတ်သွားခဲ့ရသည်။ ဆရာဝန်ကြီးတစ်ယောက်မှာမူ သူ၏ လူများအထိနာနေခဲ့သည်ကြောင့် ဒေါသထွက်စွာ အပြေးလှမ်းသွားချိန်၌ ငါးကလေးတစ်ယောက် ဆရာဝန်ကြီး၏အရှေ့မှ ဟန့်တားလိုက်ချေသည်။

''လမ်းလေး!… မင်းတို့ပြေးတော့ မြန်မြန်ပြေးကြတော့… အား!…''
''ငါးကလေး!… ငါးလေး''
''ပြေး… ပြေးကြ''

အခန်တံခါးအနီးတွင် မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေတော့သည်ကြောင့် ငါးကလေးမှာမူ ဆရာဝန်ကြီး၏ပြေးလမ်းအား ဟန့်တားစေခဲ့ရင်း သူ၏သူငယ်ချင်းများအား လျင်မြန်စွာဖြင့် ပြေးစေခိုင်းသည်။ မိမိ၏အရှေ့၌ ပိတ်ရပ်လိုက်သော ငါးကလေးအား ဆရာဝန်ကြီးမှာ ကိုင်ဆောင်ထားခဲ့သော ပုဆိန်ဖြင့် ဝှေ့ရမ်းလိုက်ချေသည်။ အရှေ့သို့တစ်လှမ်း လှမ်းလိုက်သည်ကြောင့် သေစေနိုင်သော ပုဆိန်အသွားနှင့်မထိ ပုဆိန်ရိုးဖြင့်သာ ငါးကလေး၏ လည်ပင်းဆီသို့ရိုက်မိလိုက်လေသည်။

နာကျင်စွာပစ်လဲကျသွားရင်း သူငယ်ချင်းဖြစ်သူများအား အပြင်သို့အလွတ်ပြေးရန် အော်ဟစ်ပြောဆ်ုချေခဲ့သည်။ ထို့နောက် အရှေ့သို့ဆက်လက် လှမ်းနေသော ဆရာဝန်ကြီး၏ ခြေထောက်အား လဲကျနေခဲ့သော ကြမ်းပြင်ပေါ်မှ လက်နှစ်ဖက်ဖြင့် ကျူံးဖတ်ထားလိုက်သည်။

လူငယ်နှစ်ဦးသည်လည်း ငါးကလေး၏အဖြစ်အား မြင်တွေ့နေလျက် သို့သော်လည်း အခန်းတံခါးအား လျင်မြန်စွာဆွဲဖွင့်စေခါ အခန်းအပြင်သို့သာ အပြေးထွက်ခွာသွားခဲ့ရချေတော့သည်။

အရှေ့သို့ ဆက်လှမ်း၍ မရတော့သည့်အပြင် ငါးကလေးတစ်ယောက် မိမိ၏ခြေထောက်နှစ်ဖတ်အား ကျူံးဖတ်ထားခဲ့သည်ကြောင့် မိမိသည်လည်း ယိုင်လဲကျခဲ့ရသည်။ ဒဏ်ရာများစွာ ရရှိထားခဲ့ပြီး ကြမ်းပြင်ပေါ်၌လဲကျနေခဲ့သော ငါးကလေးမှာမူ သူငယ်ချင်းဖြစ်သူများ အပြင်သို့ အပြေးထွက်ခွာသွားနိုင်ခဲ့သည်အား ပြုံးပြုံးကြီးသာလျင် ကြမ်းပြင်ပေါ်မှ မှောက်လျက်သားကြည့်နေခဲ့ရသည်။

ကျေနပ်သွားလေသည်။ သူငယ်ချင်းဖြစ်သူများ ထိုအခန်းတွင်းမှ လွတ်မြောက်သွားနိုင်သောကြောင့်။ အားတင်ထားခဲ့သည်။ သေလောက်စေနိုင်လောက်သော ဒဏ်ရာများဟာ မနာကျင်သကဲ့သို့ ခံစားနေခဲ့ရသော်လည်း သူငယ်ချင်းဖြစ်သူများ ယခု သေဘေးမှ လွတ်မြောက်သွားနိုင်ခဲ့သည်ကြောင့် ကျေနပ်စွာ အားလျော့လိုက်လေသည်။

ထို့ကြောင့် ကြမ်းပြင်နှင့် မျက်နှာမှာ အက်လျက်အနေအထား ကျရောက်သွားခဲ့ရင်း မေ့မျောသွားလေသလား လှုပ်နှိုး၍မရနိုင်တော့ချေ။ ကြမ်းပြင်ပေါ်သို့ ယိုင်လဲသွားခဲ့သော ဆရာဝန်ကြီးမှာလည်း ထိုလူငယ်အား ဒေါသကြီးစွာထွက်လျက် ကိုင်ဆောင်ထားခဲ့သော ပုဆိန်ဖြင့်ခုတ်ပိုင်းရန် ရွယ်လိုက်ချိန်တွင် မြေညီထပ်မှ ကျယ်လောင်သော သေနတ်သံအား ကြားလိုက်ရချေသည်။

                        ***

''လာလာ… ရှင်ကျွန်မအနောက်မှာပဲနေ ကျွန်မကို မထိနဲ့နော်''
''ဘာ!… မင်းကိုထိပြီး ငါကဘာလုပ်ရမှာလဲ ဒီလောက်ထိ သေရေးရှင်ရေးဖြစ်နေတဲ့ကြားက''
''ကျွန်မပြောတာ အဲ့လိုသဘောမျိုးမဟုတ်ဘူး ရှင်ကလဲ တဆိတ်ရှိ ဒေါသဖြစ်မယ်ဆိုတာချည်းပဲ စကားမများနဲ့ ကျွန်မပြောတဲ့အတိုင်းသာ ရှင်လိုက်လုပ်ချည်း''
''ဒါဘယ်အထပ်လဲ… ငါ့သူငယ်ချင်းတွေကရော ဘယ်မှာလဲ''
''ဒါမြေညီထပ်!… မြေညီထပ်မှာ ထွက်ပေါက်မရှိဘူး ထောင်ချောက်တွေပဲရှိတယ် အပေါ်ဆုံးထပ်မှာပဲ ထွက်ပေါက်ရှိတာ အဲ့ဒီကနေထွက်မှ ဆေးရုံအပြင်ကို ရောက်နိုင်မယ်''
''ဒါဆိုမင်းအခုဘယ်သွားနေတာလဲ ငါ့သူငယ်ချင်းတွေ ရှိတဲ့နေရာကိုပဲ ငါ့ကိုပို့ပေး သူတို့ရှိနေတဲ့ နေရာ မင်းသိနေတယ်မဟုတ်လား''
''ရှုးတိုးတိုး!… စကားမများနဲ့ နေရာတိုင်းမှာ လူသတ်သမားတွေရှိနေနိုင်တယ် ပြီးတော့ ဒီဆေးရုံမှာရှိနေတဲ့ လူသတ်သမားတွေက သိပ်လျင်တာ တော်ကြာရှင့်အသံကြားသွားရင် ကျွန်မတို့နှစ်ယောက်စလုံး သေကုန်လိမ့်မယ်''
''ကောင်းပြီကောင်ပြီ''

ထီးကလေး။ ပြုတ်ကျသွားခဲ့သော မြေညီထပ်အခန်းအတွင်းမှ နပ်စ်မလေးခေါ်ဆောင်အနောက်သို့ လိုက်ပါလာခဲ့လေသည်။ အခန်းအတွင်းမှ တိတ်တဆိတ်ထွက်ခွာလာခါ ယခု မြေညီထပ်ဒေါင့်ဘက် လှေကားဆီသို့ ရောက်ရှိလာလေခဲ့သည်။ မြေညီထပ်တစ်ထပ်လုံး တိတ်ဆိတ်နေခဲ့သည်က ဖြေညင်းစွာလျောက်လှမ်းနေခဲ့သော ထီးကလေး၏ ခြေသံများပင်လျင် ပဲ့တင်ထပ်နေခဲ့လေသည်။ မြေညီထပ်လှေကားဆီမှတဆင့် ပထမအထပ်ဆီသို့ နပ်စ်မလေး ဦးဆောင်တတ်ရောက်သွားခဲ့သည်နှင့် သူ၏နောက်မှ ထီးကလေးသည်လည်း ထပ်ကြပ်မကွာ တိုးတိတ်စွာ လိုက်ပါလာခဲ့စေသည်။

လှေကားများဟာ ''ပ''(ပစောက်) ကွေ့အချိုးများဖြစ်သည်ကြောင့် ပထမထပ်လှေကားအရင်းဆီသို့ ရောက်ရှိလာခဲ့သည်နှင့် နပ်စ်မလေးမှာ ဒုတိယအထပ်ဆီသို့တတ်ရောက်နိုင်ရန် စိတ်လောနေခဲ့သည်။ လူသတ်သမားများဟာလည်း တာဝန်ကိုယ်ဆီနှင့် စောင့်ကြပ်နေခဲ့ရသည်ကြောင့် သက်ဆိုင်ရာ အခန်းများအတွင်း၌သာ ရှိနေခဲ့ကြသည်။ ထို့ကြောင့် ဆေးရုံအတွင်း၌ အသွားအလာပြုလုပ်နေကြ သူများ ရှိမနေခဲ့ပေ။

ပတ်ဝန်းကျင်အား အာရုံစိုက်ခါ နပ်စ်မလေးဦးတည်ရာ အနောက်သို့ လိုက်ပါလာခဲ့ရာမှ အပေါ်ဆုံးထပ်ဆီသို့ ရောက်ရှိလာခဲ့ချေသည်။

''ဟေ့ဟေ့!… မင်းငါ့ကိုဘယ်တွေ ခေါ်လာတာလဲ''
''ထွက်ပေါက်ဆီခေါ်လာတာလေ''
''ဟင်!… မင်းကိုငါဘယ်နှခါ ပြောရမလဲ ငါ့သူငယ်ချင်းတွေ မပါပဲ ဆေးရုံထဲကနေ ငါကိုယ်လွတ်ရုံးမပြေးနိုင်ဘူး အခုမင်းဦးတည်နေတာ ထွက်ပေါက်ဆီဆိုရင် ငါမလိုက်တော့ဘူး ငါ့သူငယ်ချင်းတွေကို ဆေးရုံထဲမှာ ငါလိုက်ရှာရဦးမယ်''
''ဟေ့!… ''

ထိုသို့ဆို၏။ ထွက်ပေါက်ဆီသို့ တစ်က်ုယ်တည်း မထွက်ရောက်နိုင် မိမိ၏သူငယ်ချင်းဖြစ်သူများအားလည်း သူတစ်ယောက် ကယ်တင်ပေးမည်ဟု ဆိုသည်။ သို့နှင့် လာရာလမ်းအတိုင်း နောက်ပြန်လှည့်ရန် ခြေဦးလှည့်လိုက်သည်နှင့် နပ်စ်မလေးမှာ ထီးကလေး၏အရှေ့၌ ပိတ်ရပ်လိုက်စေသည်။

''မင်း!… ဒါဘာလုပ်တာလဲ ငါ့အရှေ့ကဖယ်''
''အိုး!… ရှင်!… ခတ်တော့တာပဲ ကမ္ဘာမီးလောင် သားကောင်တောင် ချနင်းရသေးတာပဲ အခုလို သေမင်းတံခါးဝရောက်နေတဲ့ အချိန်ခါမျိုးမှာ ကိုယ့်အသက်ကို ကိုယ်လုယူရမှာပေါ့… ဒါကြောင့် ရှင့်ကိုကျွန်မ ထွက်ပေါက်ဆီ လိုက်ပို့ပေးနေတာ''

ထိုသို့ပြောဆိုလိုက်သော နပ်စ်မလေး၏စကား။ သူတစ်ယောက် နှုတ်ခမ်းအားတင်းရင်းစွာ စေ့ထားရင်း မျက်မှောင်အားကြုတ်လျက်ထားသည်။ တစ်ကိုယ်ကောင်းဆံခါ ဆေးရုံအတွင်းမှ ကိုယ်လွတ်ရုံးပြေးခိုင်းနေသော နပ်စ်မလေးအား သူတစ်ယောက် လွန်စွာဒေါသထွက်မိတော့သည်။

''မင်းဆက်မပြောနဲ့ ငါ့မှာ အဲ့လိုစိတ်မျိုးမရှိဘူး ငါသေချင်သေသွားပါစေ ငါ့သူငယ်ချင်းတွေကို ရအောင်ပြန်ကယ်မယ်''
''မင်းငါ့အရှေ့က ဖယ်ပါ''
''ထီးကလေး''
''မင်းကိုဖယ်လို့ ပြောနေတယ်နော်''
''ဟာကွာ!… ဖယ်စမ်း''
''အားးး.…''

       ဘယ်ဘဝရေစက်များကြောင့်ပါလိမ့်။ ထိုလူငယ်လေးအား မြင်တွေ့ခဲ့ဘူးသည့် အချိန်မှစတင်ခါ သူမ၏ စိတ်အတွင်း၌ တစ်စုံတစ်သော သံယော်ဇဉ် ဖြစ်ပေါ်စေမိသည်။ ထို့ကြောင့် ထိုလူငယ်လေးအား အရေးပေါ်အခန်းရှေ့၌ သူမတစ်ယောက် ချောင်းကြည့်ခဲ့ရဘူးသည်။ ယခုအခါ ထီးကလေးအား လူသတ်သမားများ၏ လက်ဝယ်အတွင်းသို့ မရောက်ရှိစေချင်သောကြောင့် အလွတ်ပြေးခိုင်းနေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုလူငယ်လေးမှာ သူမ၏ ပြောစကားများလက်မခံ သူငယ်ချင်းဖြစ်သူများအား ကယ်တင်ဦးမည်ဟု ဆိုခဲ့စေသည်။

    ခတ်ထန်လှသော စကားများ ပြောဆိုရင်း မိမိအား သူ၏အရှေ့မှ ပိတ်ရပ်ထားခဲ့သည်ကြောင့် ဖယ်ခိုင်းစေသည်။ သို့သော်လည်း သူမတစ်ယောက် ဖယ်ရှားမပေးခဲ့သည်ကြောင့် ထီးကလေးမှာမူ သူမ၏ပုခုံးအား ဆွဲကိုင်လျက် တွန်းဖယ်လိုက်ချေသည်။

စူးနစ်လှသော အော်ဟစ်သံ။ ဂရုဏာသတ်ဝင်စေသော ရှိုက်သံတစ်ချို့နှင့် နပ်စ်မလေးမှာ အဝေးဆီသို့ လွှင့်စင်သွားခဲ့ရသည်။ ပဲ့တင်ထပ်နေခဲ့သော ဝိဥာဉ်မလေး၏ အသံများကိုမူ ထီးကလေးတစ်ယောက်သာလျင် ကြားသိနိုင်ခဲ့လေသည်။

မိမိတွန်းဖယ်လိုက်သည်မှာ သာမာန်အားဖြင့် ပိတ်ဆို့တားဆီးထားသော လမ်းသာလျင် လွတ်စေနိုင်မည့်''အား''။ သို့သော်လည်း ယခုနပ်စ်မလေးမှာ အဆပေါင်းများစွာ ကြီးမားလှသော ''အား''ဖြင့်တွန်းဖယ်ခြင်း ခံလိုက်ရသကဲ့သို့ အဝေးသို့လွှင့်စင်သွားခဲ့ရသည်။ ပေါ့ပါးလှသော အရာတစ်ခုအား လွှင့်ပစ်လိုက်သကဲ့သို့ နပ်စ်မလေးမှာ အဝေးသို့လွှင့်စင်သွားခဲ့ရရင်း နံရံနှင့် တိုက်မိခါ လှေကားအရင်းဆီသို့ တရွတ်တိုက် ရောက်ရှိသွားခဲ့သည်။

ထိုလူငယ်တစ်ယောက် လွန်စွာအံ့သြမိသွားသည်။ အဘယ့်ကြောင့် ထိုကဲ့သို့ ဖြစ်သွားရသနည်း။ အံ့သြမှု့များနှင့်အတူ မိမိ၏အပြုမူကြောင့် နပ်စ်မလေးမှာမူ ထိုကဲ့သို့ဖြစ်သွားခဲ့ရသည်ဟု တွေးမိစေရင်း နပ်စ်မလေး၏အနားသို့ အပြေးသွားရောက်လေသည်။

''မင်း… မင်း… မင်းဘာဖြစ်သွားတာလဲ''
''အား!… အား… ရှင်… ရှင်ကျွန်မအနားကို မကပ်ပါနဲ့ ကျွန်မတောင်းပန်ပါတယ် ကျွန်မအနားကို မကပ်ပါနဲ့''
''မင်းကိုငါဘာမှ မလုပ်ပါဘူး''
''မကပ်နဲ့ မကပ်ပါနဲ့ရှင် ကျွန်မတောင်းပန်ပါတယ်''
''မင်းဘာဖြစ်သွားတာလဲ ငါ့တွန်းလိုက်တာ မင်းကိုဖြေးဖြေးလေး တွန်းလိုက်မိတာပါ ငါတကယ်တောင်းပန်ပါတယ် မင်းကိုအဲ့ဒီလောက်အထိ ငါမရည်ရွယ်ပါဘူး ငါတောင်းပန်ပါတယ်နော်''
''ရပါတယ်!… ကျွန်မသာ ရှင့်ကိုကိုင်မိရင် ဒီထိပိုဆိုးသွားမှာ အခုရှင့်ကြောင့် ကျွန်မအခုလိုဖြစ်ရတာမဟုတ်ပါဘူး''

''လာလာ!… ငါတွယ်ပေးမယ်''
''မလာပါနဲ့ ရှင်ကျွန်မအနားမလာပါနဲ့''
''ဟင်!… ငါ့ကိုကြောက်သွားပြီလား… မင်းကိုငါတောင်းပန်ပါတယ်''

ကြမ်းပြင်ပေါ်သို့ နာကျင်စွာ လဲကျသွားခဲ့သော နပ်စ်မလေးအနားသို့ ထီးကလေးတစ်ယောက် တွယ်ကူပေးရန် အရှေ့သို့ လှမ်းရွယ်လိုက်သောလည်း နပ်စ်မလေးမှာမူ ထီးကလေးအား ထိတ်လန့်တုန်လှုပ်လျက် မိမိ၏အနားသို့ ကပ်မလာရန် တောင်းဆိုချေခဲ့သည်။ နပ်စ်မလေး၏ တောင်းဆိုမှု့ဖြင့် ထီးကလေးသည်လည်း ခြေလှမ်းများရပ်တန့်သွားခါ မိမိ၏အပြုမှုကြောင့် ထိုကဲ့သို့ဖြစ်သွားခဲ့ရသည်ဟု ထင်မြင်ခါ နပ်စ်မလေး၏အပေါ်၌ ဂရုဏာသတ်ဝင်စေမိရင်း ထပ်မံ၍ တောင်းပန်လေခဲ့သည်။

''ရှင်!… ရှင်ကြောင့်မဟုတ်ပါဘူး''
''ဒါဆို မြန်မြန်ထလေ!… တစ်ယောက်ယောက်တွေ့သွားရင် နှစ်ယောက်စလုံး သေကုန်လိမ့်မယ် ထထ''
''ဟင်!… ရှင့်လည်ပင်းက ဘာလဲ''
''ဟင်!… ဒါလား… ငါ့အဖေပေးထားတဲ့ လက်ဖွဲ့လေ ဘာဖြစ်လို့လဲ''
''သြော်!… အဲ့ဒါကြောင့် ကျွန်မ… ''
''ဘာဖြစ်လဲ ဆက်ပြောလေ''
''ကောင်းပြီး ရှင်ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း ရှင့်ရော ရှင့်သူငယ်ချင်းတွေရော ဒီဆေးရုံထဲကနေ လွတ်မြောက်နိုင်အောင် ကျွန်မကူညီပေးမယ်''
''မင်း… မင်းတကယ်ပြောနေတာလား''
''တကယ်ပြောနေတာ ရှင့်လည်ပင်းက ဆွဲကြိုးကို ခဏချွတ်ပြီးသိမ်းထားပေးပါ''
''ဟင်… ဘာဆိုင်လို့ ငါ့လည်ပင်းက ဆွဲကြိုးချွတ်ရမှာလဲ''
''ကျွန်မပြောတဲ့အတိုင်းသာ ရှင်လုပ်ပါ ဒါမှကျွန်မရှင့်ကို ကူညီနိုင်လိမ့်မယ်''
''ငါ့လက်ဖွဲ့ဆွဲကြိုးနဲ့ မင်းကူညီပေးမှာနဲ့ မသတ်ဆိုင်ဘူးလို့တော့ ငါထင်တယ် ဘာပဲဖြစ်ဖြစ် မင်းသဘောအတိုင်းပါပဲ'

''အခုငါချွတ်လိုက်ပြီ!… ဒါဆိုရပြီလား''
''ရပြီ ရပြီး ရှင့်ကိုကျေးဇူးတင်ပါတယ်!… ကျွန်မကို တစ်ချက်လောက်တွယ်ပေးပါ''

နပ်စ်မလေးဆိုသည့်အတိုင်း လည်ပင်းမှ သူ၏ဖခင်ဖြစ်သူ ပေးထားခဲ့သော လက်ဖွဲ့လေးအား ချွတ်လိုက်စေသည်။ ထို့နောက် ဘောင်းဘီဘေးအိတ်အတွင်းသို့ အမဲ့တမဲ့ ထည့်လိုက်ခါ လဲကျနေခဲ့သော နပ်စ်မလေးအား ကြမ်းပြင်ပေါ်မှ ဆွဲထူစေခဲ့သည်။ ထိုအခါမှာမူ နပ်စ်မလေးမှာ ပြုံးရွှင်လျက် လဲကျနေရာမှ ထီးကလေးအား သူမ၏လက်တစ်ဖက် ကမ်းပေးချေခဲ့သည်။

ကျယ်လောင်သောအသံ။ ပဲ့တင်ထပ်သွားသည်က  ဆေးရုံကြီးတစ်ခုလုံးပင်။ ထိုအသံအားကြားလိုက်သည်နှင့်

''အဲ့ဒါဘာအသံလဲ… ဒါသေနတ်အသံပဲ ဖြစ်ရမယ်… ဟင်… အောက်မှာ တစ်ခုခုဖြစ်နေကြပြီလားမသိဘူး။ ငါတို့အောက်မြန်မြန်ဆင်းကြမယ်''

ကြားလိုက်ရသည်။ ကိုထိန်ဝင်း၏ လူသတ်သမားတစ်ဦးအား ပစ်ခက်လိုက်သော သေနတ်သံ။ ထိုအသံအားကြားလိုက်ရသည်နှင့် လူငယ်တစ်ဦးအား ပုဆိန်ဖြင့်ခုတ်ရန် ရွယ်လျက်ထားခဲ့သော ဆရာဝန်ကြီးမှာလည်း လက်တွန့်သွားခါ

''မောင်စန်းမြင့်!… ဒီ့ကောင့်ကို ပထမအထပ်မှာ ချူပ်ထားလိုက် အောက်မှာဘာတွေဖြစ်နေလဲမသိဘူး ငါသွားကြည့်ဦးမယ်''
''ဟုတ်… ဟုတ်ကဲ့ဆရာ ဂရုစိုက်နော်''

ဆရာဝန်ကြီးသည်လည်း အရေးပေါ်အခန်းတွင်းမှ လျင်မြန်စွာဖြင့်ခွာခါ လှေကားအတိုင်း သေနတ်သံကြားရာဆီသ်ို့ အပြေးဆင်းသတ်ချေမည်ဖြစ်သည်။ နပ်စ်မလေးနှင့် လူငယ်တစ်ဦးမှာလည်း ထိုအသံကြားရာဆီသို့ သွားရောက်ရန် ပြင်ဆင်စေခဲ့သည်။ ဆရာဝန်ကြီးနှင့် လူငယ်များတိုက်ခိုက်ခဲ့သည့် အခန်းဟာ အပေါ်ဆုံးအထပ် ညာဘက်ဒေါင့်တွင်ဖြစ်စေပြီး နပ်စ်မလေးနှင့်ထီးကလေးတို့ရှိနေခဲ့သော အပေါ်ဆုံးထပ် ဒေါင့်ဘက်ဟာ ဘယ်ဘက်ခြမ်းတွင်ဖြစ်ချေသည်။

''ဟေ့… ထီးကလေး အဲ့ဒီလှေကားအတိုင်း ဆင်းလို့မဖြစ်ဘူး လာလာ''

တတ်ရောက်လာခဲ့သော လှေကားအတိုင်း အောက်သို့ဆင်းရန် ရွယ်လိုက်သော ထီးကလေးအား နပ်စ်မလေးမှာ ထိုလှေကားဆီမှ မဆင်းသတ်ရန် ပြောဆိုလျက် ဆေးရုံဝန်းအတွင်းသို့ ရောက်ရှိစေနိုင်သော အပေါ်ဆုံးထပ် ညာဘက်ဒေါင့်ဆီသို့သာ ဦးတည်ရန်ပြောဆိုခဲ့သည်။ အလယ်လှေကားဆီသို့ မရောက်ရှိသေးခင်အခ်ျန်၌ ဆရာဝန်ကြီးတစ်ယောက် ရေခဲတ်ုက်အခန်းအတွင်းမှ ထွက်ခွာနေခဲ့သည်အား မြင်တွေ့ရလိုက်သည်ကြောင့် နပ်စ်မလေးနှင့်ထီးကလေးမှာမူ မမြင်ကွယ်ရာနေရာ၌ ခေတ္တရှောင်တိမ်းနေရသည်။

အလယ်လှေကားဆီသို့ ဆရာဝန်ကြီးတစ်ယောက် ခပ်သုတ်သုတ်ထွက်ခွာသွားမှသာလျင် ပုန်းကွယ်နေရာမှ လျင်မြန်စွာထွက်၍ ညာဘက်ဒေါင့် ထွက်ပေါက်လှေကားဆီသို့ ဦးတည်စေခဲ့သည်။ ထိုထွက်ပေါက်လှေကားဘေး အခန်း၌ သူငယ်ချင်းဖြစ်သူ ငါးကလေးတစ်ယောက် ရှိနေခဲ့သည်အား ရိပ်စာမမိခဲ့ချေ။

ထိုလှေကားအတိုင်း နပ်စ်မလေး၏အနောက်မှ လျင်မြန်စွာဖြင့် လိုက်ပါစေရင်း မကွေ့မကောက်ရသော ထွက်ပေါက်လမ်းသို့ ရောက်ရှိစေတော့သည်။ ဆေးရုံဝန်းအတွင်းသို့ ရောက်ရှိစေခဲ့၏။

''ဟင်… ငါတို့အပြင်ရောက်လာပါလား''
''ဟုတ်တယ်!… ဒါကြောင့်ရှင့်ကို ဒီထွက်ပေါက်ကနေ ပြေးခိုင်းခဲ့တာ''
''ဟင်… ဒါဆို ဆေးရုံကနေ မြို့ပေါ်ရောက်ဖို့ တော်တော်ဝေးလား''
''ဝေးတယ် ရှင်တစ်ယောက်တည်း အလွတ်ပြေးမယ်ဆိုရင်တော့ရတယ် ရှင့်သူငယ်ချင်းတွေက်ု ကယ်တင်ချင်သေးတယ်ဆိုရင်တော့ အချိန်မမှီလောက်ဘူး''
''ရှင်မြို့ပေါ်တတ်ပြီး ရဲသွားတိုင်မယ့် အချိန်လောက်ဆိုရင် မိုးလင်းမှ ရဲစခန်းကိုရောက်နိုင်မယ် အဲ့ဒါဆိုရင်တော့ ရှင့်သူငယ်ချင်းတွေ သေနေလောက်ပြီ''
''ဟင်… ဒါဆိုမဖြစ်ဘူး အခုအသံကြားတဲ့ဆီကိုပဲ အရင်သွားမယ်''

အချိန်ကား ည၈နာရီ ကျော်ကျော်မျှရှိနေပြီးဖြစ်သည်။ ဆေးရုံဝန်းအတွင်းမှ ဆေးရုံကြီးအား ပတ်လျက် အသံကြားရာဆီသို့သာ ဦးတည်ချေခဲ့သည်။ ဆေးရုံကြီးအား တစ်ပတ်လှည့်ပတ်နေသည့် အချိန်၌ပင် ပထမအထပ် တစ်ခုတည်းသော ပြတင်းပေါက်မှ ဆရာဝန်တစ်ဦး လူသတ်ပုဆိန်အား ကိုင်ဆောင်လျက် ပြတင်းပေါက်မှ ခုန်ချသွားခဲ့သည်အား မြင်တွေ့ခဲ့ရသေးသည်။ ထိုသူဟာ ပတ်ဝန်းကျင်အား သတိမထားခဲ့သည်ကြောင့် ထီးကလေးအား မမြင်တွေ့ခဲ့ချေ။

သို့နှင့် ထိုသူတစ်ယောက် ကုန်ချသွားခဲ့သော ဆေးရုံနံဘေးမှ ဆေးရုံအပေါက်ဆီသို့ အလောတကြီး အပြေးသွားခဲ့ချေသည်။ ထီးကလေးသည်လည်း ပုန်းခိုလျက် ထိုသူ၏အနောက်သို့ ဝိဥာဉ်မလေးနှင့်အတူ လိုက်ပါသွားချေခဲ့သည်။ မြင်တွေ့နေရ၏။ ထိုသူမှာ လူသတ်ပုဆိန်အား ကိုင်ဆောင်ထားစေရင်း ဆေးရုံအပေါက်နံဘေး၌ ပုန်းခိုကပ်ရောက်နေခဲ့သည်။ ဘာရယ်ကြောင့်မှန်းတော့မသိ။ ထီးကလေးနှင့် ဝိဥာဉ်မလေးသည်လည်း ထိုသူ၏အခြေနေများအား စောင့်ကြည့်အကဲခတ်နေခဲ့သည်။

ထိုသူမှာ ရဲအရာရှိကြီး ကိုထိန်ဝင်းတစ်ယောက် လူငယ်နှစ်ဦးအား တဖက်ဆီ၌ထားရစ်ခါ အကာကွယ်ပေးနေရင်း အပေါက်ဝဆီသို့ ရောက်ရှိလာလျင် အသေသတ်ရန် စောင့်နေခဲ့သော လူသတ်ဆရာဝန်ပင်ဖြစ်သည်။ ထို့နောက် ဖြေးညင်းစွာနောက်ဆုတ်လျက် အပေါက်ဝဆီသ်ို့ရောက်ရှိလာခဲ့သော ကိုထိန်ဝင်းအား ပိုင်နိုင်စွာဖြင့် နောက်ကျောမှနေခါ ဦးခေါင်းအား ပုဆိန်ဖြင့်ခုတ်နိုင်ခဲ့လေသည်။

''ဟာဟားဟားဟား… ငါတို့ဆီလာပြီး ဒီလိုလွယ်လွယ်နဲ့ ထွက်သွားနိုင်မယ့်သူဆိုတာ မရှိသေးဘူးရဲအရာရှိကြီးရဲ့… အခုတော့ ဘာတတ်နိုင်သေးလဲ ဟင်!… မင်း မင်းတို့က ရဲအရာရှိကြီးကို အားကိုချင်တယ်ပေါ့ဟုတ်လား''
''ဟင်!… ရှင်… ရှင်တို့ရက်စက်လိုက်ကြတာ ရဲအရာရှိကြီးကို ဘာကြောင့်သတ်ပစ်လိုက်ရတာလဲ''
''ကဲ့ကွာ… တော်တော်အကြောတင်းတဲ့ ကောင်မ!… တိုင်ချင်ဦး''

ကိုထိန်ဝင်း၏အဖြစ်အား မြင်တွေ့လိုက်ရသည့် မျှားကလေးမှာမူ ဒေါက်တာသန်းနိုင်အား ထိုသို့ဆိုခဲ့သည်။ ဒေါက်တာသန်းနိုင်သည်လည်း မျှားကလေးဟာ ရဲတင်းစွာနှင့် ကိုထိန်ဝင်းအား တိုင်ကြားခါ ရဲဌာနဆီသို့ ဖုန်းဆက်ခဲ့သူဖြစ်ကြောင်း သိရှိထားစေရင်း ယခုအချိန်၌ ဒေါသကြီးစွာ ရိုက်နှပ်လိုက်လေသည်။

''ဟာ!… မျှားလေး''
''ထီးလေး!… ''
''မင်းဘာလုပ်တာလဲ ဖယ်စမ်း''
''ရှင်ဘာလုပ်မိလို့လဲ''
''ငါ့သူငယ်ချင်းကို ရိုက်နေတာ ငါသွားမယ် လွတ်!… ငါ့ကိုလွတ်''
''ထီးကလေး… ရှင်သေချာစဉ်းစား အခုချိန် သူတို့ဆီရှင်သွားလိုက်ရင် ရှင်ပါ ဒုက္ခရောက်သွားလိမ့်မယ် ရှင်သွားလို့မဖြစ်ဘူး သူတို့က သိပ်လျင်တယ် ရှင်ပါဒုက္ခရောက်သွားလိမ့်မယ် နားလည်လား''
''ဟာကွာ!… လူယုတ်မာတွေ မိန်းကလေးတစ်ယောက်ကို အဲ့လောက်ထိရိုက်ရသလား''

ထီးကလေး။ ထီးကလေးဆိုသည့် ထိုလူငယ်ဟာလည်း နုံချာနေခဲ့ခြင်းတော့မဟုတ်။ သို့သော် နပ်စ်မလေးနှင့်တွေ့လိုက်သည့်အချိန်မှ စတင်ခါ သူ၏နံဘေး၌ ထိုနပ်စ်မလေးတစ်ယောက် သူ့အား တဇွတ်ထိုးမလုပ်ရန် အမြဲတားဆီးနေခဲ့ရသည်။ ဆေးရုံဝန်းအတွင်းမှ ဆေးရုံထဲသို့ မမြင်ကွယ်ယာမှ လှမ်းကြည့်နေခဲ့ရင်း မျှားကလေးအား ဒေါက်တာသန်းနိုင်တစ်ယောက် ရက်စက်စွာ ရိုက်နှပ်နေခဲ့သည်အား မြင်တွေ့လိုက်ရသည်။

''သန်းနိုင် ဘာဖြစ်တာလဲ''
''ဘာဖြစ်ရမှာတုန်းကွ ဒီမလောက်လေး မလောက်စား ကောင်မလေးက ရဲစခန်းကိုအကြောင်းကြားခဲ့တယ်လေ အခုရဲတစ်ယောက်ရောက်လာတယ်… ပြီးတော့ ငါ့တို့အားလုံးကို ကြက်ကလေး ငှက်ကလေးလို့ ဖမ်းဖ်ို့ကြိုးစားတာနဲ့ ဒေါက်တာကျော်စွာ့ လက်ချက်မိသွားတာပဲ''
''ဟားဟားဟား!… ဒီလိုလုပ်လို့ရမလားကွ အခုသေပြီမဟုတ်လား''
''ဘာပြောကောင်းမလဲ ပွဲချင်းပြီးပဲ… ရော့ စွန်ရဲ သေနတ် မင်းသိမ်းထားလိုက် သူတို့နှစ်ယောက်ကိုပါ တစ်ခါတည်း ရှင်းပစ်လိုက်ရမလား''

''နေဦးမလုပ်နဲ့!… အခုမင်းတို့ကြောင့် ရဲတစ်ယောက် သေသွားပြီးဆိုတော့ သူ့ရဲ့နောက်ဆက်တွဲတွေ ငါတို့ဆီထပ်ရောက်မလာနိုင်ဘူးလို့ မပြောနိုင်ဘူး''
''အဲ့ဒီတော့ သူတို့အားလုံးကို ပထမထပ်အခန်းမှာပဲ မလှုပ်နိုင်အောင် ပညာပေးထားကြ… နောက်ရောက်လာမယ့် ရဲတွေကို သူတို့အားလုံးနဲ့ လှည့်စားပစ်ရမယ်''
''သိပ်တော်တယ် စွန်ရဲ!… ကဲ့ကွာ… သေစမ်း… ဒေါက်တာ သူတို့နှစ်ယောက်ကို ကြိုးတုတ်ပြီး ပထမထပ်အခန်းထဲမှာ မလှုပ်နိုင်အောင် ပညာပေးထား''
''စိတ်ချဒေါက်တာ ဟိုတစ်ယောက်ကိုတော့ မလှုပ်နိုင်တော့အောင် သွေးကျောတွေ ဖြတ်ထားပြီးပြီ''
''သိပ်ကောင်းတယ် သူတို့ကိုပါ အဲ့လိုလုပ်ထားချည်''

''ဆရာ… ''
''သြော်!… မောင်စန်းမြင့် … ရဲမောင် မင်းရရဲ့လား''
''ရပါတယ်ကွာ ဒီချာတိတ်တွေရဲ့ လက်သီးလောက်တော့ အေးဆေးပါကွ''
''မင်းဘာမှမဖြစ်ရင် ပြီးတာပဲ!… သြော်!… စန်းမြင့် မင်းနဲ့မောင်သောင်းက အခုဆေးရုံဂိတ်မှာ သေချာသွားစောင့်ချည် ဂိတ်ဝကို တစ်ယောက်မှ ကပ်မလာစေနဲ့ ကပ်လာတာနဲ့ ချက်ချင်းငါတို့ဆီ အကြောင်းကြား''
''ဟုတ်ကဲ့ဆရာ စိတ်ချပါ''

''စွန်ရဲ ထွက်ပြေးနေတဲ့ ချာတိတ်တွေကိုရော မိထားပြီလား''
''ရေခဲတိုက်အခန်းထဲမှာ ဒီကောင်တွေရှိနေကြတာကွ!… နှစ်ကောင်တော့ လွတ်သွားတယ် ဟိုတစ်ယောက်နဲ့ဆို သုံးယောက်ရှိသွားပြီး ထားပါ!… ဒီည ဒီကောင်တွေကို ထောင်ချောက်ဆင်ဖမ်းမယ် ပြန်မိတာနဲ့ သွေးထုတ်ပြီး အပျက်ရှင်းထားလိုက်တာ ကောင်းတယ်''
''ဟုတ်တယ် အဲ့ဒါအကောင်းဆုံးပဲ''

အပေါက်ဝ၌ မျက်နှာငယ်လေးများ ဖြစ်နေကြသော လူငယ်နှစ်ဦးအား မူးမေ့သွားသည့်အထိ ဒေါက်သန်းနိုင်တစ်ယောက် ရိုက်နှပ်ခဲ့သည်။ မည်သည့်စကားများ ပြောဆိုနေခဲ့ခြင်းဟူ၍မသိ။ သို့သော်လည်း မျှားကလေးနှင့်မောင်ကဲတစ်ယောက် မူးမေ့သွားခဲ့သည်အား မြင်တွေ့နေရသည်။ ဒေါသထွက်လျက် ထိုသူများအနားသို့ အပြေးသွားလိုက်ချင်သေးသည်။ သို့သော်လည်း မဖြစ်သေး။ ထို့ကြောင့် မမြင်ကွယ်ရာမှသာ နပ်စ်မလေးနှင့်အတူ ထီးကလေးနှစ်ဦးသား ခံပြင်းစွာဖြင့် ကြည့်နေခဲ့ရသည်။

မူးမေ့သွားခဲ့သော လူငယ်နှစ်ဦးအား တန်ခိုးရှိနေသည့် အခန်းအတွင်းသို့ ပို့ဆောင်ထားခဲ့စေသည်။ ဆရာဝန်ကြီးစွနိရဲနိုင်သည်လည်း ရဲအရာရှိတစ်ဦး သေဆုံးသွားခဲ့ခြင်းနှင့်ပတ်သတ်ခါ မိမိတို့၏ဆေးရုံဆီသို့ ရဲအရာရှိများ ထပ်မံရောက်ရှိလာကြမည်အား ကြိုတင်တွက်ဆထားမိချေသည်။ ထို့ကြောင့် လူငယ်များအား အသုံးချလျက် ထပ်မံရောက်ရှိလာကြဦးမည့် ရဲအရာရှိများအား လှည့်စားရန် ဆရာဝန်ကြီးတစ်ယောက် စောင့်စားနေခဲ့လေသည်။
                       **********
*ရေခဲတိုက်အခန်းတွင်းမှ လွတ်မြောက်သွားခဲ့သော လူငယ်နှစ်ဦး မည်သည့် အန္တရယ်များနှင့် ကြုံတွေ့လာရမည်နည်း။

* ထိုနယ်အတွင်းမှ လိုရာခရီးဆီသို့ ထွက်ခွာသွားခဲ့သော မိတ်ဆွေရဲအုပ်မောင်ဝင်းသည်လည်း ထိုနယ်လေးဆီသို့ ပြန်လည်ရောက်ရှိလာခါ မိတ်ဆွေဖြစ်သူများထံသို့ မည်သို့ပင် သွားရောက်ဦးမည်နည်း။

* အပြင်၌လွတ်မြောက်နေသော ထီးကလေးတစ်ယောက်သည်လည်း သူ၏ သူငယ်ချင်းဖြစ်သူများအား မည်သို့ပင် ကယ်တင်နိုင်မည်နည်း။

* ဆေးရုံအတွင်းမှ ထွက်ရောက်နိုင်ကြမည်လား။ မည်သူများ အသက်ရှင်လျက် ထွက်ရောက်နိုင်ကြမည်နည်း။

* အရေးကြုံတိုင်း တိုက်ဆိုင်စွာရောက်ရှိလာတတ်သော မိတ်ဆွေအစ်ကိုအောင်နှင့်လည်း ထိုဆေးရုံအတွင်း၌ မည်သို့ပင် ဆုံတွေ့လာကြဦးမည်နည်း။

… … … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၁၉)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်…

                             *****
          ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                        (၈.၃.၂၀၁၆)
             မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
                  ဆက်လက်၍ဖော်ပြပေးပါမည်။
                      စာရေးသူ-ထီးကလေး
                 (ရင်နှင့်ရင်း၍ရေးသားသည်)


တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၁၉)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
               *********************
စောင့်စားနေခဲ့လေသည်။

''ဟာ!… ထွက်လာပြီ ထွက်လာပြီ … လာလာ…''
လူသတ်လက်နက်အား ကိုင်ဆောင်ထားစေရင်း ဆရာဝန်ကြီးတစ်ယောက် စေခိုင်းလိုက်သည့်အတိုင်း မောင်စန်းမြင့်နှင့်အတူ လူသတ်သမားတစ်ဦးသည်လည်း ဆေးရုံဂိတ်ပေါက်အား စောင့်ကြပ်ရန်အတွက် ဆေးရုံအတွင်းမှ ထွက်ခွာလာခဲ့လေသည်။ သို့နှင့် ဆေးရုံအတွင်းသို့ အကဲခတ်စောင့်ကြည့်နေခဲ့သော ထီးကလေးနှင့်နပ်စ်မလေးမှာမူ ဆေးရုံနံဘေးသို့ လျင်မြန်စွာ တိမ်းရှောင်သွားခဲ့ရသည်။

''ငါဘယ်လိုလုပ်ရမလဲ!… ရဲစခန်းကို အမြန်ဆုံးအကြောင်းကြားမှ ဖြစ်မယ်!… ငါ့ကိုပြောပါဦး ငါ့သူငယ်ချင်းတွေ ဒုက္ခရောက်ကုန်ကြပြီး ငါဘယ်လိုလုပ်ရမလဲ''
''သွားပြီး ရှင်ဆေးရုံဝန်းထဲကနေလဲ ထွက်ဖို့ခက်ခဲသွားပြီး စန်းမြင့်ဆိုတဲ့သူက သိပ်လျင်တာ အခုသူဂိတ်ပေါက်ကိုစောင့်နေပြီ… ရှင်မြို့ပေါ်က စခန်းကိုအရောက်သွားမယ့်အစား ဒီည ရှင့်သူငယ်ချင်းတွေကို ဆေးရုံထဲကနေ ထွက်နိုင်အောင် ရှင်လုပ်ရမယ်''
''ငါဘယ်လိုလုပ်ရမှာလဲ''
''ကျွန်မပြောတဲ့အတိုင်းသာ ရှင်လိုက်လုပ် ရှင့်သူငယ်ချင်းတွေရော ရှင်ရော ဆေးရုံထဲက ထွက်နိုင်မှာပါ''
''ငါမသိတော့ဘူးကွာ!… ငါ့ကြောင့် ငါ့ကြောင့် ငါ့သူငယ်ချင်းတွေ အခုလိုဖြစ်ကြရတာ ငါသာဒီခရီးကို မခေါ်လာမိရင် အကောင်းသာ အခုတော့…''

''ကိုယ့်ကိုကိုယ်အပြစ်တင်မနေပါနဲ့တော့ ဒီလိုအချိန်မှာ ရှင့်သူငယ်ချင်းတွေအတွက် ရှင်တစ်ယောက်ပဲ အကူညီပေးနိုင်တော့မှာ ရှင် အားတင်းထားမှဖြစ်မယ်''
''ကျွန်မတို့အခု ဆေးရုံထဲကိုပြန်ဝင်မယ်… ရှင့်ကိုယ်ခံပညာတတ်လား''
''မတတ်ဘူး… ငါ့သူငယ်ချင်းတစ်ယောက်တော့ တတ်တယ်… သူ့မှာလဲ ဒဏ်ရာတွေနဲ့ အခုသေသလား ရှင်သလားလည်းမသိဘူး… မင်းဘာလုပ်မလို့လဲ''
''သြော်… ဆေးရုံဝဏ်းထဲကထွက်နိုင်အောင် ဂိတ်ဝကနှစ်ယောက်ကို တိုက်ခိုက်မှဖြစ်မယ်လေ အဲ့ဒါကြောင့်မေးနေတာ''
''အပြင်ကို တစ်ခြားထွက်ပေါက်ကနေ ထွက်လို့ရသေးလား''
''မရတော့ဘူး ဒီဆေးရုံက စဆောက်တည်းက ဂိတ်ဝတစ်ခုပဲဖွင့်ထားတာ ပတ်ပတ်လည်မှာလဲ အုတ်တံတိုင်းအမြင့်တွေ ကာထားတယ် ကျော်ထွက်ဖို့လဲ မဖြစ်နိုင်ဘူး''
''ဟူး!… ဘယ်လိုလုပ်ရပါ့မလဲ… ''

သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချစေသည်။ မည်သို့ပင် သူငယ်ချင်းဖြစ်သူများအား ကယ်တင်ပေးရမည်မှန်းမသိတော့ချေ။ သို့နှင့် နပ်စ်မလေးခေါ်ဆောင်ရာ အနောက်သို့လိုက်ပါသွားခဲ့ရင်း ထွက်ရောက်လာခဲ့သော ထွက်ပေါက်အတိုင်း ဆေးရုံအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ချေသည်။

ဒုတိယအထပ်။
ရေခဲတိုက်အခန်းတွင်းမှ အလွတ်ပြေးရှောင်လာခဲ့သော လူငယ်နှစ်ဦးသည်လည်း ပြေးမိပြေးရာ ပြေးလာကြရာမှ ဒုတိယအထပ် အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်ပုန်းခိုနေခဲ့သည်။
(ဖုန်းမြည်သံ)
မှောင်မည်းနေခဲ့သော အခန်း။ ရုတ်တရက် လမ်းကလေး၏ ဘောင်းဘီအိတ်ကတ်အတွင်းမှ ကျယ်လောင်သော ဖုန်းမြည်သံထွက်ပေါ်လာခဲ့လေသည်။ ဆတ်ခနဲတုန်ခါသွားမိ၏။ လမ်းကလေးနှင့်စာမိနှစ်ဦးသား။ ထို့နောက် အိတ်ကတ်အတွင်းမှ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သော ဖုန်းအားထုတ်ယူလိုက်ရင်း အသံတိုးခလုတ်ဆီသို့ ခပ်ပြင်းပြင်းနှိတ်လိုက်စေသည်။

''ဖုန်း!… ကိုလမ်းလေး…ဖုန်းရှိနေတာလား''
''မဟုတ်ဘူး … မင်းဆရာကိုသတ်ပြီး လူသတ်သမားတွေ ရဲခဲတိုက်ထဲ ထည့်ထားခဲ့တာ သူ့တစ်ကိုယ်လုံးကိုရှာကြည့်တော့ ဒီမှန်ကွဲနေတဲ့ ဖုန်းပဲတွေ့ခဲ့တယ်''
''ဟင်… ဒါ ကိုမောင်ဝင်းဖုန်းနံပါတ်ပါလား''

ခေါ်ဆိုသည့်ဖုန်းနံပါတ်မှာ မိတ်ဆွေဖြစ်သူ ရဲအုပ်မောင်ဝင်း၏ ဖုန်းနံပါတ်ပင်ဖြစ်ချေသည်။ သို့သော်လည်း မြင်သာမြင် မကြင်ရသည့်အဖြစ်မျိုးနှင့် ကိုင်တွယ်၍မရခဲ့ချေ။

''ကိုင်လို့မရဘူး… သေချာပါတယ် ဒါကိုမောင်ဝင်းဖုန်းနံပါတ်… ဘယ်လိုဖြစ်ပြီး မင်းဆရာဖုန်းကို ငါ့မိတ်ဆွေခေါ်ရတာလဲ ကိုမောင်ဝင်းရောက်လာရင် အရမ်းကောင်းမှာပဲကွာ''

တမ်းတမိ၏ အမှောင်ထုအခန်းတွင်း၌ မိတ်ဆွေဖြစ်သူ ရဲအုပ်မောင်ဝင်းအား။ မည်သည့်အတွက်နှင့် ကျူရှင်ဆရာကြီး၏ ဖုန်းဆီသို့ ကိုမောင်ဝင်းတစ်ယောက် ခေါ်ဆိုနေရသနည်းမသိခဲ့ချေ။

သားဖြစ်သူဆန်းထွန်းပိုင်၏ ပြောစကားများကြောင့် ရဲအုပ်မောင်ဝင်းသည်လည်း ကျူရှင်ဆရာကြီး၏ ဖုန်းနံပါတ်အား တောင်းယူ၍ သူ၏လက်ကိုင်ဖုန်းဖြင့် ခေါ်ဆိုကြည့်လေသည်။ သို့သော်လည်း ခေါ်ဆိုသည့်ဖုန်းနံပါတ်မှာမူ ဆန်းထွန်းပိုင် ပြောဆိုသည့်အတိုင်း သတ်မှတ်အချိန်တွင်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

''ဒါတစ်ခုခုတော့ တစ်ခုခုပဲဗျ!…ဖုန်းဝင်သွားတယ် ဒါပေမယ့်မကိုင်ဘူး!''
''အဲ့ဒါကြောင့် ကျွန်တော်လဲ အဖေတို့ကို စိတ်ပူနေတာ ဖုန်းပျောက်သွားပြီး တစ်နေရာရာမှာ ကျကျန်နေခဲ့တာများလား''
''အင်း…အဲ့ဒီလဲဖြစ်နိုင်တာပဲ''

''ဆရာ… စခန်းမှူးကိုထိန်ဝင်း ထွက်သွားတာကြာလှပြီး အခုချိန်ထိပြန်မရောက်သေးပါလား''
''ဟုတ်သားပဲဗျ…ဘယ်သွားမယ်လို့ ခင်ဗျားကိုပြောသွားသေးလား''
''ပြောမသွားဘူးဗျ!…အထက်က တာဝန်တစ်ခုပေးလို့ သွားရမယ်ဆိုတာပဲ ကျွန်တော့ကိုပြောသွားတာ''
''ဟင်!… အထက်က တာဝန်ပေးတယ် ဘာကိစ္စပါလိမ့်''

ဦးခေါင်းလေးအား အသာစောင်းစေရင်း ရဲအုပ်မောင်ဝင်းတစ်ယောက် တစ်စုံတစ်ခုသော အကြောင်းရာများအား စဉ်းစားသွားသကဲ့သို့ မျက်မှောင်အားလည်း တင်းကြပ်စွာ ကြုတ်ထားမိသည်။ အချိန်ကား ည(၉)နာရီခန့်မျှ ကျော်လွန်နေခဲ့ပြီးဖြစ်သည်။ အဝေးသို့ ငေးငိုင်သွားခဲ့သော ကိုမောင်ဝင်းတစ်ယောက် သူ၏စားပွဲအပေါ်မှ အထိုင်ဖုန်းသည်လည်း ရုတ်တရက်မြည်သံထွက်ပေါ်လာခဲ့သည်။ ချောင်းတစ်ချက်ဟန့်ခါ ဝင်လာသည့်ဖုန်းလေးအား ကိုင်ဆောင်လိုက်ရင်း မာန့်ပါလှသော စကားသံများနှင့်

''ဟယ်လို… (……)အပိုင်စခန်းက''
''ကျွန်တော်ဗဟိုရဲဌာနချုပ်က ရဲအရာရှိတစ်ယောက်ပါ ညနေ့ခင်းအချိန်က တာဝန်ပေးလိုက်တဲ့ အကြောင်းနဲ့ပတ်သတ်ပြီး အကြောင်းအရာ ဟုတ်မဟုတ် သိချင်လို့ ဆက်သွယ်တာပါခင်ဗျာ''
''ဗျာ!… ဗဟိုရဲဌာနချုပ်ကဆိုတော့ အခုပြောနေတာ တိုင်မှူးကြီးကိုခင်မောင်စိုးလား''

''ဟုတ်ပါတယ် ကျွန်တော်ခင်မောင်စိုးပါ''
''ကိုခင်မောင်စိုး…ကျွနိတော်ရဲအုပ်မောင်ဝင်းပါ''
''ဟင်!… ကိုမောင်ဝင်း ဘယ်လိုဖြစ်ပြီး အဲ့ဒီစခန်းကိုရောက်နေရတာလဲ''
''နောက်မှ အေးဆေးပြောပြမယ်ကိုမောင်စိုး ညနေက အပိုင်စခန်းမှူးကြီးကို ဘာတာဝန်များပေးလိုက်တာတုန်း''
''သြော်!… ထွေထွေထူးထူးတော့မဟုတ်ပါဘူး အဲ့ဒီ့နယ်မြေအပိုင်ထဲမှာ ရှိနေတဲ့ ဆေးရုံတစ်ခုမှာ လူငယ်တစ်စု ဒုက္ခရောက်နေကြပါတယ်ဆိုပြီး ကျွန်တော့ဆီဖုန်းဆက် အကြောင်းကြားလာကြတယ် အဲ့ဒါ တကယ် ဟုတ်မဟုတ် ကျွန်တော် လေ့လာခိုင်းလိုက်တာပါ ဘာများဖြစ်လို့လဲ ကိုမောင်ဝင်း''

''ဟင်!… ဘယ်လို…ဒီနယ်မြေပိုင်ထဲမှာရှိနေတဲ့ ဆေးရုံမှာ လူငယ်တစ်စု ဒုက္ခရောက်နေကြတယ်ဆိုတော့ ဘယ်လိုတုန်းဗျ''
''သြော်!… ဆေးရုံက လွန်ခဲ့တဲ့(၁၆)နှစ်လောက်တည်းက ပိတ်ထားတဲ့ဆေးရုံကြီးတစ်ခုပါ အဲ့ဒီဆေးရုံမှာ သူတို့ဒုက္ခရောက်နေကြပါတယ်လို့ အကြောင်းကြားတော့ တမင်သတ်သတ် ခေတ်လူတွေ စနောက်ခြင်းဟုတ်မဟုတ် သိရအောင် လေ့လာခိုင်းလိုက်တာပါ''
''ဟင်!… လွန်ခဲ့တဲ့(၁၆)လောက်ကတည်းက ပိတ်ထားခဲ့တဲ့ဆေးရုံ ဟုတ်လားကိုခင်မောင်စိုး''

''ဟုတ်တယ်လေဗျ ဘာဖြစ်လို့တုန်း''
''ဘာဖြစ်ရမှာတုန်းဗျ!… အဲ့ဒါအရေးကြီးတဲ့ ကိစ္စတစ်ခုပဲလေ''
''ဟုတ်ပါတယ် တကယ်ဒုက္ခတွေ့နေကြတယ် ဆိုရင်တော့… ဒီအကြောင်းကြားချက်ဟာ အရေးကြီးပါတယ် ဒါပေမယ့် အခုခေတ်မှာ ဆက်သွယ်ရေးနည်းပညာတွေ တိုးတတ်လာတာနဲ့အမျှ ကိုမောင်ဝင်းသိတဲ့အတိုင်းပဲလေ!… ခေတ်လူငယ်တွေ ကျွန်တော်တို့ ရဲဌာနတွေကို အခုလိုမဟုတ်ပဲ စနောက်နေခဲ့တာ တော်တော်များများကြုံတွေ့ ခဲ့ရပြီပြီး''
''အဲ့ဒါကြောင့် အကြောင်းကြားချက် ပိုမို့ခိုင်ခိုင်လုံလုံ သိရအောင် နယ်မြေပိုင်စခန်းမှူးကြီးကို ကျွန်တော်ကိုယ်တိုင် တာဝန်ပေးခဲ့တာပါ…  ပြီးတော့ အကြောင်းကြားချက် ဟုတ်မဟုတ်ဆိုတာ သိချင်လို့ ကျွန်တော်စခန်းမှူးကြီး ဆက်သွယ်လာမယ့်အချိန်ကို စောင့်နေခဲ့တာ ဒါပေမယ့် အခုချိန်ထိ မဆက်သွယ်လာသေးတာနဲ့ ဖုန်းဆက်မေးကြည့်လိုက်တာ''

''ဟုတ်ကဲ့ကိုခင်မောင်စိုး စခန်းမှူးကြီးလဲ အခုချိန်ထိ ပြန်ရောက်မလာသေးဘူး ကျွန်တောလဲသူကို စောင့်နေတာပဲ ဒါဆို စခန်းမှူးကြီးတစ်ယောက် တစ်ခုခုများ!…''
''ဘယ်လိုကိုမောင်ဝင်း စခန်းမှူးကြီးပြန်မရောက်သေးဘူး ဟုတ်လား''
''ဟုတ်တယ်!… သြော်ဒါနဲ့ ကိုခင်မောင်စိုး အဲ့ဒီဆေးရုံတည်နေရာကို ကျွန်တော်သိလို့ရမလား''
''ရပါတယ်ဗျ… အပိုင်စခန်းမှာရှိတဲ့ မြေပုံအတိုင်းကြည့်လိုက်ရင် ပိတ်ထားတဲ့ ဆေးရုံတည်နေရာ တွေ့ပါလိမ့်မယ်''
''ဟုတ်ကဲ့ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်!… ဒါဆိုကျွန်တော် အခုအဲ့ဒီဆေးရုံကို လိုက်သွားကြည့်လိုက်ပါဦးမယ် အကြောင်းထူးတားနဲ့ အမြန်ဆုံး ဆက်သွယ်လိုက်ပါ့မယ်''
''ဟုတ်ကဲ့ပါက်ုမောင်ဝင်း လေးစားပါတယ်''

       ပျောက်ဆုံးနေခဲ့သော အမှု့ကြီးများ သို့မဟုတ် ဖော်ထုတ်ရန် အင်မတန်မှ ခက်ခဲလှသော လှို့ဝှက်ဆန်းကြယ် အမှု့ကြီးများအား လူငယ်ငါးဦး၏အကူညီဖြင့် ဖော်ထုတ်ပေးနိုင်ခဲ့သည်ကြောင့် နိုင်ငံတော်အသိမှတ်ပြု အခွင့်ရေးရဲအုပ်မောင်ဝင်းဟု ရဲအရာရှိများနှင့်ပြည်သူလူထု့ကြားတွင် နာမည်တစ်လုံးဖြစ်ထွန်းလာခဲ့သည်။ ထို့ကြောင့် ကိုမောင်ဝင်းအား ရဲအရာရှိများအပါအဝင် ရဲသားများဟာ အလွန်ပင်အားကိုလျက် သူ့အား အမည်ကြားလိုက်ရုံဖြင့် သိရှိစေနိုင်သည်။

ယခုတွင်လည်း ဗဟိုရဲဌာနချူပ်မှ အရာရှိတစ်ဦးဖြစ်သော က်ုခင်မောင်စိုးနှင့် ကိုမောင်ဝင်းတို့မှာ အလွန်ပင်ရင်းနှီးကျွမ်းဝင်ကြသော မိတ်ဆွေများပင်ဖြစ်ချေသည်။ အရာရှိကြီးခင်မောင်စိုး၏ ပြောဆိုချက်များကြောင့် နယ်ပိုင်စခန်းမှူးကြီး ကိုထိန်ဝင်းတစ်ယောက် ဦးတည်သွားရောက်ခဲ့သော ပစ်မှတ်အား သိရှိလိုက်ရချေသည်။

''ကဲကိုဆန်းလေးရေ!… ခင်ဗျားကြားတဲ့အတိုင်းပဲ ပြသနာတစ်ခုက မပြီးသေးဘူး နောက်တစ်ခုက ထပ်ပေါ်လာပြန်ပြီ''
''ကိုမောင်ဝင်း!… အဖေတို့ပျောက်နေတဲ့ အကြောင်းနဲ့များ ပတ်သတ်နေမလားလို့ ကျွန်တော်တွေးမိတယ်''
''မသိသေးဘူးဗျ… အခုလောလောဆယ်တော့ အဲ့ဒီဆေးရုံကို ကျွန်တော်တို့အားလုံး တစ်ချက်လောက် သွားလေ့လာရမယ်''
''ကဲကိုကြည်ဦး… နယ်မြေပိုင် မြေပုံလေး တစ်ချက်လောက်ပြပါဦး''

   သွားရောက်ချေမည်ဖြစ်သည်။ ပိတ်ထားခဲ့သော ဆေးရုံဆီသို့။ နယ်မြေပိုင် နယ်ထိန်းကိုကြည်ဦးဆီမှ မြေပုံအားတောင်းယူလျက် ထိုဆေးရုံတည်နေရာဆီသို့ ကိုမောင်ဝင်းတစ်ယောက် အကဲခတ်ကြည့်ရှု့လေခဲ့သည်။

''ငါတို့အခု ဘာဆက်လုပ်ကြမှာလဲ''
''အပေါ်ကိုခဏတတ်ပြီး လူသတ်သမားတွေရဲ့ အားနည်းချက်ကို အကဲခတ်ရမယ် ပြီးတာနဲ့ ကျွန်မတို့ဘက်က လက်ဦးမှု့ယူရမယ်''
''ကျန်တဲ့ငါ့သူငယ်ချင်းတွေ ဘယ်ရောက်ကုန်ကြပြီလဲမသိပါဘူး အသက်ရှင်ရက်မှ ရှိနေကြသေးရဲ့လား… သူတို့အတွက် ငါအရမ်းစိတ်ပူတာပဲ''
''စိတ်အေးအေးထားပါ… သူတို့တွေက ဖမ်းထားလို့ ထွက်ပြေးတဲ့သူတွေကိုပဲ အသေသတ်ပစ်ကြတာ!… ရှင့်သူငယ်ချင်းတွေက်ု လောလောဆယ်တော့ သူတို့သတ်ပစ်မှာ မဟုတ်လောက်သေးဘူး အခန်းတစ်ခုခုထဲမှာ ရှိနေမှာပါ''

''သူတို့က ငါတို့ကိုဖမ်းပြီး ဘာလုပ်ကြတာလဲ''
''ဟူး!…''
''ဘာဖြစ်လို့လဲ ငါမေးလွန်းလို့ စိတ်ညစ်သွားတာလား''
''မဟုတ်ပါဘူး!… သူတို့အားလုံးကလည်း တစ်ဖက်ကကြည့်ရင် သိပ်ကိုသနားစရာကောင်းကြတာ… တကယ်တော့ ဒီဆေးရုံမှာရှိနေကြတဲ့ သူတွေအားလုံးက လူတော်လူကောင်းတွေချည်းပါပဲ''
''ဟင်… မင်းပြောတာငါမရှင်းဘူး ဘာကိုဆိုလိုတာလဲ''
''ပြောရရင်… ဆေးရုံအုပ်ကြီး ဒေါက်တာစွန်ရဲနိုင်ကို သူ့မိန်းမဖြူလေးက အိမ်တကာလှည့်ပြီး အဝတ်လျော် ဆေးကျောင်းထားပေးခဲ့တာ တစ်နေ့ သူ့မိန်းမကို သူကိုယ်တိုင်ပဲ ဆေးမှားထိုးမိပြီး ဘဝပျက်သွားခဲ့ရတယ်လေ!''

''အဲ့ဒီအချိန်ကစပြီး ဆရာဝန်ကြီး စိတ်ဖောက်ပြန်သွားခဲ့ရတယ် စိတ်တ္တဇဖြစ်ပြီး သူ့ကျေးဇူးရှင်ဖြစ်တဲ့ သူ့မိန်းမကို လူကောင်းပြန်ဖြစ်အောင် ကုပေးမယ်ဆိုပြီး လူတွေဆီက သွေးတွေထုတ်တယ် အသဲ။နှလုံး။ကျောက်ကပ်။ အစစပေါ့လေ… လူနာတွေဆီက အတွင်းကလိစာတွေကို ထုတ်ယူပြီး သူ့မိန်းမကို အစားထိုကုသနေခဲ့တာ''
''သူ့ရဲ့နောက်လိုက် တပည့်တပန်းတွေကလည်း ဆရာဝန်ကြီးအပေါ် သစ္စာရှိကြတယ်လေ… ဆရာဝန်ကြီးခိုင်းလိုက်တာနဲ့ မငြိုမငြင်လုပ်ပေးနေခဲ့တယ် အမှားကြီးမှားနေမှန်း သိရက်နဲ့လဲ မိုးခါးရည်ဝိုင်းသောက်နေကြတာပေါ့လေ''

''ဟင်!… မင်းက သိလှချည်လား''
''သိဆို!… ကျွန်မက အဲ့ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ပို့နေရာမှာ ပါဝင်ခဲ့ရလို့ပဲ''
''ဘယ်လို မင်းက အဓိကဇာတ်ပို့နေရာမှာ ဝင်ပါခဲ့ရတယ်ဟုတ်လား''
''အင်း…! အဲ့ဒီနေ့က မိုးဖွဲဖွဲလေးတွေ ကျနေတယ်… ဆရာဝန်ကြီးကိုယ်တိုင် သူ့မိန်းမနေမကောင်းလို့ ကျွန်မကိုဆေးအိတ်ပြင်ခိုင်းခဲ့တယ်လေ… သူ့ပြောတဲ့ အတိုင်းကျွန်မပြင်ပေးခဲ့တယ် သူပြောတာ မြွေကိုက်ခံရတဲ့ လူနာတစ်ဦးကို သွားကုပေးရမယ်ဆိုလို့ ကျွန်မကိုယ်တိုင် ဆေးအိတ်ပြင်ပေးခဲ့တာ''
''တကယ်တော့ သူ့စိတ်ထဲမှာ သူ့မိန်းမနေမကောင်းလို့ ဆေးအိတ်ပြင်ခိုင်းခဲ့ပေမယ့် ကျွန်မကို ပြောလိုက်တဲ့ စကားတွေထဲမှာ မြွေဆိပ်ဖြေဆေး အပြင်းစားတွေချည်း ဆေးအိတ်ထဲထည့်ခိုင်းခဲ့တာပဲ''

''သူကိုယ်တိုင် အဲ့ဒီဆေးတွေထိုးမိပြီး ကျွန်မက သူ့မိန်းမကို လုပ်ကြံခဲ့ပါတယ်လို့ စွတ်စွဲတယ်!… ပြီးတော့!… ပြီးတော့''
''ပြီးတော့ ဘာဖြစ်လဲဆက်ပြောလေ''
''သြော်!… ဟို… ဟို… ပြီးတော့ ကျွန်မကို လိုက်သတ်တာနဲ့ ကျွန်မလဲ အခုချိန်ထိ တိမ်းရှောင်နေခဲ့ရတာ''
''ဟင်!… မင်းက မရှင်းပြဘူးလား''
''ရှင်းပြတာပေါ့ရှင် ကျွန်မအကြိမ်ကြိမ်အခါခါ ရှင်းပြခဲ့တယ် ဒါပေမယ့် ဆရာဝန်ကြီးက လက်မခံဘူး ကျွန်မကိုသတ်ဖို့ ကြိုးစားတာနဲ့ ကျွန်မလဲ အခုလိုရှောင်ပြေးနေခဲ့ရတာ''

''အဲ့ဒါတွေက ဘယ်တုန်းကဖြစ်ခဲ့တာတွေလဲ''
''သိပ်မကြာသေးပါဘူး လွန်ခဲ့တဲ့ ခြောက်လကျော်လတုန်းက''
''မင်းက အခုလိုပဲ ဆေးရုံထဲမှာ ရှောင်တိမ်းနေတော့မှာလား ဆေးရုံထဲကထွက်ပြီး သက်ဆိုင်ကို အကြောင်းမကြားတော့ဘူးလား''
''ကျွန်မ… ကျွန်မဒီဆေးရုံထဲကနေ ထွက်သွားလို့မရဘူး''
''ဘာဖြစ်လ်ို့လဲ!… မင်းလဲ အပြင်ကိုရောက်နိုင်တဲ့ ထွက်ပေါက်ကိုသိထားတာပဲ ဘာဖြစ်လို့မထွက်နိုင်ရတာလဲ''
''ကျွန်မ… ကျွန်မ မထွက်နိုင်ဘူး မထွက်နိုင်ဘူး… ဒီဆေးရုံကို လူတွေထပ်မရောက်လာအောင် ကျွန်မတားစီးပေးရဦးမယ်''

''ဟင်!… မင်းဦးနှောက်မှ ကောင်းသေးရဲ့လား မင်းအတွေးက ဘယ်လိုလဲ ဒီဆေးရုံက်ို လူနာတွေထပ်မရောက်လာအောင် အခုလိုတားနေမယ့်အစား ဒီဆေးရုံမှာဖြစ်နေတဲ့ အကြောင်းတွေကို သက်ဆိုင်ဆီအကြောင်းကြားလိုက်ရင် ပြီးပြီးမဟုတ်လား''
''ဟုတ်ပါတယ် ရှင်ပြောတာမှန်ပါတယ် ဒါပေမယ့်… ''
''ဟင်!… အပေါ်ကိုတစ်ယောက်ယောက် တတ်လာပြီ ရှင်သွား ရှင်တစ်နေရာမှာ ခဏသွားပုန်းနေ''
''ဟင်!… ငါ… ငါကဘယ်မှာသွားပုန်းရမှာလဲ''
''အိုးရှင် လွတ်တစ်နေရာမှာ ခဏသွားရှောင်နေပါ သွားသွား မြန်မြန်သွား!… အလယ်လှေကား ဘေးမှာရှိနေတဲ့ အခန်းထဲကို မဝင်နဲ့ အဲ့ဒီအခန်းထဲမှာ ကြမ်းပြင်မရှိဘူး ဘေးက အခန်းထဲမှာ ခဏဝင်ပုန်းနေ''
''မင်း… မင်းကရော''
''သွားပါ!… ကျွန်မအတွက် စိတ်မပူနဲ့ ရှင်သာ မြန်မြန်သွား''

       ဆေးရုံဝန်းအတွင်းမှ ထွက်ပေါက်လှေကားအတိုင်း အပေါ်ဆုံးအထပ်သို့ ရောက်ရှိလာခဲ့ရင်း ထီးကလေးနှင့်အတူ နပ်စ်မလေးတို့မှာ စကားများစွာပြောဆိုဖြစ်ခဲ့ကြသည်။ သူမ ဆို၏။ ထိုဆေးရုံ၏ ရာဇဝင်အကြောင်း။ သို့သော်လည်း သူမကိုယ်တိုင်မှာမူ ဆရာဝန်ကြီး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသူ တစ်ယောက်ဖြစ်သည်ဟု ထီးကလေးအား မပြောဆိုခဲ့ချေ။

    တစ်စုံတစ်ခုသော ခံစားမှု့များ သူမတစ်ယောက် ခံစားလိုက်ရလေသလား သူမ၏နံဘေး၌ရှိနေခဲ့သော ထီးကလေးအား လွတ်ရာအခန်းတစ်ခုအတွင်းသို့ လျင်မြန်စွာရှောင်ပုန်းနေရန် အလောတကြီးပြောဆိုချေခဲ့သည်။ ထီးကလေးသည်လည်း သူမ၏ အလောတကြီးပြောဆိုမှု့များကြောင့် အပေါ်ဆုံးထပ် အလယ်လှေကားရှိရာဆီသို့ လျင်မြန်စွာရှောင်တိမ်းသွားခဲ့ရင်း နပ်စ်မလေးညွှန်ပြပေးခဲ့သော အခန်းအတွင်း၌ ခေတ္တပုန်းရှောင်နေခဲ့လေသည်။

  အပေါ်ဆုံးထပ်သို့ တတ်ရောက်လာကြ၏။ ဆရာဝန်ကြီးစွန်ရဲနိုင်နှင့်အတူ ဒေါက်တာသန်းနိုင်နှစ်ဦးသား။ အလယ်လှေကားဆီမှ စကားတပြောပြောနှင့် တတ်ရောက်လာခဲ့ရင်း ဆရာဝန်ကြီး၏ နားနေခန်းနံဘေးတွင် တည်ရှိသော အခန်းလွတ်တစ်ခု အတွင်း၌ သွေးဆက်ကုသထားသည့် တင်ဇာနွယ်ရှိနေရာ အခန်းဆီသို့ ဦးတည်သွားမည်ဖြစ်သည်။ ခြေသံများနှင့် စကားသံတစ်ချို့အား ပုန်းရှောင်နေခဲ့သော အခန်းအတွင်း၌ ရှိနေသည့် ထီးကလေးတစ်ယောက် ကြားသိလိုက်ရလေသည်။

''ဟင်!… ဒါဘာပါလိမ့်''
''ဆွဲကြိုးပါလား!… သန်းနိုင်… ဒီဆွဲကြိုး ငါမြင်ဘူးသလိုပဲ''
''အေးကွ!… ငါလဲမြင်ဘူးသလိုပဲ နေပါဦး!… ဟင်… ဒါ… ဒါငါတို့ဆီကို ကောင်မလေးတစ်ယောက်နဲ့ အရင်ဆုံးရောက်လာတဲ့ ကောင်လေးလည်ပင်းမှာ ဆွဲထားတာ ငါမြင်ဘူးတယ်''
''ဟင်!… ဒါဆို… ''
''ဟုတ်တယ်!… ဒီကောင် အပေါ်ထပ်မှာပဲရှိနေတာဖြစ်မယ်''
''ဒီအခန်းထဲမှာများလား!…''
''နေဦးသန်းနိုင်!… ရော့''

တွေ့ရှိမိလိုက်၏။ အလောတကြီး အခန်းလွတ်တစ်ခုအတွင်းသို့ ပြေးရှောင်သွားခဲ့သော ထီးကလေး၏ ဘောင်းဘီအိတ်ကတ်အတွင်းမှ ပြုတ်ကျသွားခဲ့သည့် ကျူတ်ဆွဲကြိုးကလေးပင်ဖြစ်ချေသည်။ သူတစ်ယောက် ဝင်ရောက်ပုန်းရှောင်နေခဲ့သော အခန်းအရှေ့မှ တွေ့ရှိလိုက်ရသည်ကြောင့် ထိုအခန်းအတွင်း၌သာ ထိုလူငယ်တစ်ဦး ပုန်းရှောင်နေခဲ့သည်မှာ သေချာသွားပြီဟု တွေးမိလိုက်ရင်း အခန်းတံခါးအား ဖွင့်လစ်ရန် ရွယ်လိုက်သည်။

ဟန့်တားလိုက်၏ ဒေါက်တာသန်းနိုင်အား ဆရာဝန်ကြီးတစ်ယောက် အလောတကြီးမဖွင့်ရန် ထို့ကြောင့် မိမိ၏ခါးကြားအတွင်းမှ သေနတ်အား ဒေါက်တာသန်းနိုင်ဆီသို့ ကမ်းပေးချေခဲ့သည်။ သေချာလေပြီ။ အခန်းအတွင်း၌ရှိနေခဲ့သော ထီးကလေးတစ်ယောက် သိရှိလိုက်ရ၏။ မိမိ၏အခန်းရှေ့၌ ထိုသို့ပြောဆိုနေခါ အခန်းအား ထိုသူများ တံခါးဖွင့်လစ်စေတော့မည်မှာ သေချာလှသည်။ အခန်းကြီးအတွင်း၌လည်း မီးကျောင်းများ ထွန်းလင်းထားခဲ့သည်ကြောင့် ထိန်ထိန်သာသာအောင် လင်းနေခဲ့သည်။ ပုန်ခိုစရာ အကာကွယ်သည်လည်း ထိုအခန်းတွင်း၌ရှိမနေ ရှင်းလင်းနေခဲ့သည်။

အခန်းပြင်မှ ဆရာဝန်များ အခန်းတွင်းသို့ ဝင်ရောက်လာခဲ့သည်နှင့် မိမိအား အရှင်းသားမြင်တွေ့သွားတော့မည်မှာ သေချာလေသည်။ ဒေါက်တာသန်းနိုင်သည်လည်း တံခါးလော့အား ဖြည်းညင်းစွာကိုင်တွယ်လျက် လက်အတွင်းမှ သေနတ်အားလည်း မြောက်ကိုင်ထားချေသည်။ ထို့နောက် တံခါးအား အသာယာဖွင့်ရန် စတင်လိုက်ချေတော့သည်။

                                *******
ရန်ကုန်-ပုသိမ် အဝေးပြေးကားကြီးပေါ်တွင် ဖြစ်စေသည်။ မောင်းနှင်နေခဲ့သော ကားကြီးမှာမူ ပုသိမ်မြို့ဂိတ်မှ စတင်ထွက်ခွာလာခဲ့ပြီး ယခုပုသိမ်မြို့အား ကျော်လွန်လာခါ မြောင်းမြမြို့ဆီသို့ ဖြတ်ကျော်မောင်းနှင် လာခဲ့ပြီးဖြစ်သည်။ ကားပေါ်ရှိ ခရီးသည်တစ်ချို့မှာလည်း အိပ်ပျော်နေကြသော ခရီးသည်တစ်ချို့လိုက်ပါလာခါ ပုသိမ်မြို့မှ တဆင့် ရန်ကုန်သို့သွားရောက်ကြမည့် ခရီးသည်များ။ ရန်ကုန်သို့အိမ်အပြန်လမ်း ခရီးသည်များ စသည်တို့သည်လည်း ထိုကားကြီးအပေါ်၌ လိုက်ပါစီးနင်းလာခဲ့ကြသည်။

မြောင်းမြမြို့လေးအား ကျော်လွန်လာခဲ့ပြီးသည်နှင့် အချိန်ဟာ ညနက်အချိန်သို့ ရောက်ရှိတော့မည့် ည(၁၁:၃၀)အချိန်ပင်ဖြစ်ချေသည်။ ကားကြီးပေါ်ရှိ ခရီးသည်အားလုံးနီးပါးမှာလည်း အိမ်မောကျလုနီးပါးဖြစ်နေခဲ့ပြီး ဆောင်းတွင်းညချမ်းလေးမို့ ညခရီးစဉ်လေးမှာ အလွန်ပင် အေးချမ်းသာယာလှသည်။

ရုတ်တရက် ထိုကားကြီးရပ်တန့်သွား၏။ ကားပေါ်ရှိခရီးသည်တစ်ချို့မှာလည်း အိပ်ပျော်နေရာမှ နိုးထလာကြရင်း ထိုင်ခုံများအတွင်းရှိ ထိုသူများသည်လည်း ကားခေါင်းခန်း၌ရှိနေသော ကားမောင်းသူအား တမျော်မျော်ငေးကြည့်နေခဲ့ကြသည်။

ခရီးသည်များ၏ အတွေး၌ အဘယ့်ကြောင့် တရှိန်ထိုးမောင်းနှင်နေခဲ့သော ကားကြီးရပ်တန့်သွားခဲ့ရသနည်း။ သိချင်စိတ်ဖြင့် ကားကြီးအတွင်းရှိ ခရီးသည်များ လှုပ်လှုပ်ရွရွနှင့် စကားသံများထွက်ပေါ်လာခဲ့ကြသည်။ ထို့နောက် ကားစပယ်ယာမှာ ခရီးသည်များအား အားနားလျက် တောင်းပန်ပြောဆိုသော လေသံများနှင့် ထိုသို့ပြောဆိုချေခဲ့သည်။

''သည်းခံပေးကြပါဗျာ… သည်းခံပေးကြပါ ကားဘာဖြစ်သွားလဲမသိဘူး ကျွန်တော်တို့အခု ဆင်းကြည့်နေပါတယ်''
''ဟာဗျာ!… ခင်ဗျားတို့ကလည်း အစတည်းက စစ်မထားကြဘူးလားဗျ''
''ဟုတ်ပါ့ရှင်!… ကျွန်မတို့က ရန်ကုန်ကိုမိုးမလင်းခင် ရောက်မှဖြစ်မှာ''
''ဟုတ်ကဲ့ပါဗျာ ကျွန်တော်တို့အမြန်ဆုံးကောင်းအောင် လုပ်နေပါတယ် သည်းခံပေးကြပါ''

စကားသံများထွက်ပေါ်လာခဲ့၏။ တစ်ယောက်တစ်ပေါက်နှင့် ကားကြီးအပေါ်မှ အောက်သို့ ခေတ္တဆင်းသတ်ခိုင်းသည်ကြောင့် ခရီးသည်များသည်လည်း စိတ်ပျက်စွာနှင့် ဆင်းသတ်ပေးခဲ့ရချေသည်။

ခေတ္တဟုပြောဆိုခဲ့သော ကားစယာယ်၏စကားမှာ အဖြစ်သာလျင်ပြောဆိုခဲ့လေသလား။ ယခု ကားကြီးအား ပြင်ဆင်နေခဲ့သည်မှာ တစ်နာရီနီးပါးမျှ ကြာမြင့်နေပြီဖြစ်သည်။

''ဂွပ်ကျတာပဲကွာ!… မြန်ချင်ပါတယ်ဆိုမှ သောက်ရေးထဲ ကားကလာပျက်နေသေးတယ်… ဒီကားပြန်ကောင်းမယ့်အခ်ျိန်သာ စောင့်နေရင်း ငါရန်ကုန်ကို မိုးလင်းမှရောက်မယ်ထင်တယ်… မထူးပါဘူး အရှေ့ဆက်လျောက်ရင်းနဲ့ ကားကြုံတားစီးတာကမှ ပိုမြန်ဦးမယ်ထင်တယ်''

ထိုသို့တွေးမိ၏။ ကားကြီးအတွင်းမှ လိုက်ပါစီးနင်းလာခဲ့သော လူငယ်တစ်ဦး။ လူငယ်တစ်ဦးဟု ဆိုစေကာမူ အသက်အရွယ်အားဖြင့် (၂၅)နှစ်မျှရှိနေလောက်ပြီဖြစ်သည်။ ထိုသူ၏ပုံစံမှာ လည်ကုတင်းအကျီင်္အဖြူရောင်နှင့် ယောပုဆိုးအနက်ကလေးအား ခပ်တိုတိုဝတ်ဆင်ထားခါ တောကျကျ ပုံစံနှင့် လူငယ်တစ်ဦးပင်ဖြစ်ချေသည်။ စိတ်မရှည် ကားကြီးပြန်လည်ကောင်းမွန်လာမည့် အချိန်အားစောင့်စားနေခဲ့ရာမှ ထိုကဲ့သို့သော အတွေးများအား သူတစ်ယောက် တွေးမိစေခဲ့သည်။ သို့နှင့် ပျက်တန့်နေသော ထိုကားကြီး၏ နံဘေးမှ အရှေ့သို့သာ တစ်ကိုယ်တည်း လျောက်လှမ်းသွားချေခဲ့သည်။

ဆောင်းညလေးဖြစ်၏။ သို့သော်လည်း ယနေ့ည၌ အအေးဓာတ်များဟာ လျော့ပါးနေလေခဲ့ပြီး အမြန်လမ်းတစ်လျောက်၌ ထွန်းလင်းထားခဲ့သော မီးတိုင်များအား ထိုလူငယ်လေးတစ်ဦး တစ်တိုင်ပြီး တစ်တိုင်ကျော်ဖြတ်နေလေခဲ့သည်။ တောသားတစ်ဦးပီပီ လမ်းလျောက်နေရသည်ကိုပင် သူတစ်ယောက် ကျေနပ်နေခဲ့ဟန်တူသည်။ ခြေလှမ်းကျဲကျဲလျောက်လှမ်းနေခဲ့ပြီး လွယ်အိတ်ကလေး တစ်လုံးအားလည်း ဘေးသိုင်းလွယ်လျက်ထားခဲ့သည်။

အရှေ့စူးစူး၌ အမှောင်ထု တစ်ခုတွေ့ရှိရ၏။ သေချာသည်မှာ လမ်းမီးတိုင်များ ပျက်တောက်နေခဲ့သည်လား လျောက်လှမ်းနေရာမှ ထိုအမှောင်ထုအတွင်းသို့ပင် ငေးမျော်ကြည့်ရှု့ရုံဖြင့် မည်သည့်အရိပ်ယောင်တစ်ခုမျှ မတွေ့ရချေ။ သို့သော်လည်း မဖြစ်မနေ သူတစ်ယောက် ဖြတ်ကျော်ရမည်ဖြစ်သည်။ သူ၏ပုံစံမှာလည်း မည်သည့်အရာတစ်ခုမှ ကြောက်လန့်ဟန်မပေါ်ချေ။ ထိုအမှောင်ထု အတွင်းသို့ ရောက်ရှိလာခဲ့ပြီး အရှေ့သို့ သုံးလေးလှမ်းမျှ လျောက်လှမ်းလိုက်သည်နှင့် ခတ်ထန်လှသော စကားသံတစ်ချို့ ပေါ်ထွက်လာခဲ့သည်။

''ပေါက်ကြီး!''
''ဟင်!… ''
''ငါတို့ကို မှတ်မိသေးလား''
  စကားသံများနှင့်အတူ အမှောင်ထုအတွင်း၌ ဝင်းလက်နေခဲ့သော အရာများအား ကိုင်ဆောင်ထားခဲ့ကြသော လူကြီးသုံးဦး ထွက်ရောက်လာခဲ့လေသည်။ သေချာလေသည်။ ထိုသူများ ကိုင်ဆောင်ထားကြသော အရာများဟာ ဝင်းလက်နေသည့် ဓားကြီးများပင်ဖြစ်ချေသည်။

ပေါက်ကြီးဟုဆို၏။ ပေါက်ကြီးဆိုသူမှာ မည်သူဖြစ်သနည်း။ မည်သူ့အားခေါ်ဆိုလေခဲ့သနည်း။ သေချာပါသည်။ ထိုအမှောင်ထု အတွင်း၌ မိမိတစ်ဦးတည်းသာ ရှိနေခဲ့သည်။ ထို့ကြောင့် မိမိကိုသာလျင် ခေါ်ဆိုလိုက်ခြင်းဖြစ်ပေမည်။ သို့သော်လည်း မိမိ၏အမည်မှာ ထိုသူများ ခေါ်ဆိုလိုက်သော ပေါက်ကြီးဆိုသူပင် မဟုတ်ချေ။

''ဗျာ… ခင်ဗျားတို့ ဘယ်သူ့ကိုခေါ်လိုက်တာလဲ''
''ပေါက်ကြီး!… မင်းအရူးကွက်တွေ လာနင်းမနေနဲ့ ငါ့တူဆီက ဖျန်ကျသွားတဲ့ ငွေတွေဘယ်မှာလဲ'
''ဟင်… ဘယ်ကပေါက်ကြီးလဲ ဘာငွေတွေလဲ… ခင်ဗျားတူက ဘယ်သူလဲ ခင်ဗျားတို့ လူမှားနေပြီထင်တယ်နော် ကျုပ်နာမည်ပေါက်ကြီးမဟုတ်ဘူး''
''အောင်မာ မင်းဒီည ဒီလမ်းကနေ သေချာပေါက် လာမယ်ဆိုတာ ငါ့တူကြီးပြောပြထားပြီးသားကွ… ဒီလောက် အရူးကွက်နင်းချင်တဲ့ ကောင် မင်းက ပေါက်ကြီးမဟုတ်တော့ ဂေါက်ကြီးဖြစ်ရမယ် ဟေ့ကောင်တွေ ဒီဂေါက်ကြီးအိတ်ထဲမှာ ငွေတွေရှိနေလိမ့်မယ် လုကွာ မရရင် အသေသတ်ပစ်''
''ဟာ… ဟာ… ဟေ့လူတွေ… ခင်… ခင်ဗျားတို့ လူမှားနေပြီနော်''
''ခုတ်ကွာ!…''

ထိုအမှောင်ထုအား အကာကွယ်ပြု၍ အငြိုးတကြီး ပုန်းခိုစောင့်စားနေခဲ့ကြသော ကြေးစား လူမိုက်တစ်စုပင်ဖြစ်ချေသည်။ ပေါက်ကြီးဆိုသူအား ထိုသူများစောင့်စား နေခဲ့ဟန်တူပြီး ထိုလမ်းအတွင်းမှ ထိုသူသေချာပေါက် ရောက်ရှိလာကြမည်ဟူသည်လည်း သိရှိထားဟန်တူသည်။ ထို့ကြောင့် ယခု ရောက်ရှိလာခဲ့သော မိမိအား လူမှားလျက် အသင့်ကိုင်ဆောင်ထားကြသော ဓားများဖြင့် ဝိုင်းဝန်းခုတ်ကြလေခဲ့သည်။

အနည်းငယ်မျှ ရှောင်တိမ်းတတ်ခဲ့၏။ သေချာစွာရှင်းပြ လိုက်ချင်သေးသည်။ မိမိဟာ ထိုသူများဆိုသကဲ့သို့ ပေါက်ကြီးဆိုသူလည်း မဟုတ် ဂေါက်ကြီးဆိုသူလည်း မဟုတ်ခဲ့ချေ။ သို့သော် ရှင်းပြ၍မရ မိမိအား အသေသတ်နေခဲ့သော ထိုသူများ၏ ဓားချက်များအား ရှောင်တိမ်းနေခဲ့ရလေသည်။ တစ်ဦးချင်းဆိုလျင် သူတစ်ယောက် တိုက်ခိုက်ချေနိုင်ဦးမည်။ ယခုအခါမှာမူ အများနှင့်တစ်ယောက်ဖြစ်သည့်အတွက် သုံးဦးတည်းမှ တစ်ဦးအား သူ၏လက်သီးဖြင့် ဝှက်ထိုးလိုက်ချိန်၌ အနောက်တွင်ရှိနေခဲ့သော ဓားကိုင်လူတစ်ဦး၏ ခုတ်ပိုင်းလိုက်ခြင်း ခံလိုက်ရချေသည်။

ရှပ်ထိသွားခဲ့ခြင်းဖြစ်သည်။ ခပ်ပါးပါးဖြစ်သော ဝါးခြမ်းပြားနှင့် ကျောပြင်အား ရိုက်ခံလိုက်ရသကဲ့သို့ စပ်ခနဲ နာကျင်သွားခဲ့ရသည်။ သေချာသွား၏။ မိမိ၏နောက်ကျော ဓားဖြင့်ခုတ်ခံလိုက်ရလေပြီး။ ထိုသူများနှင့် ဆက်လက်တိုက်ခိုက်နေလျင် မိမိ၏အသတ်သာလျင် သေစေတော့မည်မှာ မလွဲချေ။

ထို့ကြောင့် ဟန်ပြင်လိုက်၏။ တိုက်ခိုက်မည့် ဟန်ပင်မဟုတ်။ လွတ်ရာဆီသို့သာ သူတစ်ယောက် ပြေးရှောင်ရန် ပတ်ဝန်းကျင်အား အကဲခတ်ကြည့်ရှု့စေရင်း အမြန်လမ်းအတိုင်း ပြေးလျင် လွတ်မည်တော့မဟုတ်။ မိမိအား ဟန့်တားထားကြသည်။ ထို့ကြောင့် အမြန်လမ်းနံဘေးသို့သာ အလွတ်ပြေးရှောင်လေခဲ့သည်။ ဇွဲကောင်းလှ၏။ ထိုသူများသည်လည်း မိမိအား မသေမချင်း အသေသတ်မည့်ဟန်တူသည်။ ပြေးဝင်သွားခဲ့သော လမ်းနံဘေးသို့ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့လေသည်။                                   
နောက်ကျောမှ ဒဏ်ရာဟာလည်း အလွန်ပင် စပ်နေခါ နာကျင်လွန်းလှသည်။ သို့သော်လည်း ထိုသူများ လိုက်ပါလာခဲ့သည်ကြောင့် အသက်လုခါ အရှေ့သို့ပင် ပြေးမိပြေးရာ ထွက်ပြေးနေခဲ့ရင်း ချူံတစ်ခုအတွင်းသို့ ဝင်ရောက်ပုန်းခိုနေခဲ့ရသည်။
''တောက်!… ဒီနားလေးတင်ပျောက်သွားတယ်ကွာ ဟေ့ကောင်တွေ ချုံတွေကိုလိုက်ခုတ်ချည် ဒီကောင်အသတ်ရှင်နေသေးရင် ငါတို့အလုပ်ဖြစ်မှာမဟုတ်ဘူး''

ကြေးစားလူသတ်သမားများပီပီ ပစ်မှတ်ကိုသာ ဦးတည်လျက် မိမိတစ်ယောက် ဝင်ရောက်ပုန်းရှောင်နေခဲ့သော ပတ်ဝန်းကျင်ရှိ ချူံနွယ်များအား ဓားများဖြင့် လိုက်လံခုတ်နေလေခဲ့သည်။ အတန်ကြာရှာဖွေခဲ့ပြီးနောက် ထိုသူများသည်လည်း လက်ရှော့သွားခဲ့လေသလား။ လမ်းရာလမ်းအတိုင်းသာ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ ထိုသူများ ထွက်ခွာသွားခဲ့ပြီး ခဏအကြာ၌ ပုန်းခိုနေခဲ့သော ထိုလူငယ်သည်လည်း ပတ်ဝန်းကျင်အား အကဲခတ်လျက် ချုံအတွင်းမှ ထွက်လာခဲ့လေသည်။

''အား!… ဟင်… ဒဏ်ရာတော်တော်များတာပဲ ကျွတ်ကျွတ် ငါလမ်းပေါ်ကိုပြန်သွားလို့တော့ မဖြစ်လောက်ဘူး ဒီလူတွေ စောင့်ကြည့်နေဦးမှာ သေချာတယ်''
''ဘယ်တွေရောက်လာမှန်းလဲ မသိပါဘူး အား!… ကျွတ်ကျွတ် ငါ့ဘာသာငါ ကားကောင်းတဲ့အထိ စောင့်နေခဲ့ရင် အခုလိုဖြစ်မှာမဟုတ်လောက်ဘူး''
''မထူးဘူးကွာ ဖြစ်ချင်ရာသာဖြစ် မိုးလင်းတဲ့အထိ ခြေဦးတည်ရာဆီပဲ လျောက်ရတော့မယ်''

ဝတ်ထားခဲ့သော အကျီအဖြူ နောက်ကျောတွင်လည်း စုတ်ပြဲလျက် ဓားဒဏ်ရာ၏ သွေးများဟာလည်း ဝတ်ထားခဲ့သော အကျီအဖြူကိုပင် အနီးရောင်ဖြစ် ပြောင်းလဲသွားစေခဲ့သည်။ မိမိဟာတောသားတစ်ဦးဖြစ်သည်။ နယ်တကာသို့လည်း လှည့်လည်ခါ အပ ပရောဂါများအား ကုသပေးနေခဲ့သည့် အထက်လမ်းဆရာတစ်ဦးလည်းဖြစ်ပေသည်။ ''သွားပါများ ခရီးရောက်'' ဟုဆိုသည့်အတိုင်း အဝေးပြေးလမ်းမ အပေါ်သို့ ပြန်လည်တတ်ရောက်မနေတော့ပဲ တောလမ်းအတိုင်းသာ ခြေဦးတည့်ရာဆီသို့ လျောက်လှမ်းသွားခဲ့လေသည်။

မြင်တွေ့လိုက်ရ၏။ လျပ်စစ်မီးရောင်တချို့။ ထိုနေရာ၌ မည်သူများ နေထိုင် နေကြသနည်း။ အကြံရသွား၏။ ထိုအလင်းရောင်ဆီသို့ ဦးတည်မည်ဖြစ်ပြီး ခေတ္တခဏ ထိုတစ်ညဖို့ ဝင်ရောက်တည်ခိုမည်ဟု တွေးတောမိရင်း မြင်တွေ့နေခဲ့ရသော ထိုမီးရောင်ဆီသို့ ဦးတည်လေခဲ့သည်။

ဘယ်ဘဝမှ ရေစက်များပါလိမ့်မယ်။ ကံဇာတ်ဆရာ၏ ကြိုးဆွဲရာ ကနေခဲ့ရနေသော လူသားများပင်ဖြစ်သည်ကြောင့်လား။ ထိုသူဟာ လူငယ်ငါးဦးဖြစ်သော ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး ထိုသူများ ဒုက္ခရောက်နေချိန်၌ တိုက်ဆိုင်စွာရောက်ရှိ လာတတ်သော မိတ်ဆွေ အစ်ကိုအောင်ပင်ဖြစ်ချေသည်။
ယခုတွင်လည်း သူတစ်ယောက် လျပ်စစ်မီးအရောင်ဆီသို့ ဦးတည်နေခဲ့သော နေရာဟာ သူ၏ မိတ်ဆွေဖြစ်သူ လူငယ်များ သေဘေးနှင့်ရင်ဆိုင်နေရသည့် လူသားစား ဆေးရုံသို့ပင်ဖြစ်ချေသည်။

                             *****
          ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                        (၁၀.၃.၂၀၁၆)
             မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
                  ဆက်လက်၍ဖော်ပြပေးပါမည်။
                      စာရေးသူ-ထီးကလေး
                 (ရင်နှင့်ရင်း၍ရေးသားသည်)


တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၂၀)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
               *********************

    ဘယ်ဘဝမှ ရေစက်များပါလိမ့်မယ်။ ကံဇာတ်ဆရာ၏ ကြိုးဆွဲရာ ကနေခဲ့ရနေသော လူသားများပင်ဖြစ်သည်ကြောင့်လား။ ထိုသူဟာ လူငယ်ငါးဦးဖြစ်သော ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး ထိုသူများ ဒုက္ခရောက်နေချိန်၌ တိုက်ဆိုင်စွာရောက်ရှိ လာတတ်သော မိတ်ဆွေ အစ်ကိုအောင်ပင်ဖြစ်ချေသည်။
ယခုတွင်လည်း သူတစ်ယောက် လျပ်စစ်မီးအရောင်ဆီသို့ ဦးတည်နေခဲ့သော နေရာဟာ သူ၏ မိတ်ဆွေဖြစ်သူ လူငယ်များ သေဘေးနှင့်ရင်ဆိုင်နေရသည့် လူသားစား ဆေးရုံသို့ပင်ဖြစ်ချေသည်။

''ကိုလမ်းလေး!… ကျွန်တော်တို့ဒီဆေးရုံထဲကနေ ဘယ်လိုထွက်ကြမလဲ ကိုငါးလေးရော ဘာတွေဖြစ်နေပြီလဲမသိဘူး မောင်ကဲနဲ့အစ်မမျှားလေး ကိုထီးလေး တစ်ခြားသူတွေရော ဘာတွေဖြစ်ကုန်ပြီလဲဗျာ… အစ်ကိုတစ်ခုလောက်ကြံပါဦး''
''ဒီဆေးရုံထဲကနေ ထွက်နိုင်အောင် ငါအခုအခန်းပြင်ထွက်မယ် ထွက်ပေါက်ကို တွေ့အောင်ရှာခဲ့မယ် ထွက်ပေါက်ထွက်ပြီးဆိုတာနဲ့ မင်းဆီကိုပြန်လာမယ် ငါတို့နှစ်ယောက် အရင်ထွက်နိုင်မှ တစ်ခြားသူတွေကို ကယ်လိုရနိုင်မယ်''
''ဖြစ်ပါ့မလားအစ်ကို ဖြစ်ပါ့မလား အစ်ကိုတစ်ခုခုဖြစ်သွားမှာ ညီစိုးရိမ်မိတယ်''
''မတတ်နိုင်ဘူး ငါတို့မှာ အင်အားတွေပျက်နေပြီ အစာမစားရတာလဲ ဒီနေ့နဲ့ဆိုရင် နှစ်ရက်ပြည့်တော့မယ် ရေရှည် ငါတို့သေဖို့ပဲရှိတော့တယ် အဲ့ဒီတော့ မထူးတော့ဘူးကွာ ဖြစ်ချင်ရာဖြစ် ငါထွက်ပေါက်ကို တွေ့အောင် သွားရှာမယ်… အများဆုံးငါးမိနစ်လောက်ကြာမယ် အကယ်၍များ ငါးမိနစ်ကျော်သွားလို့ မင်းဆီကိုငါ ပြန်မရောက်လာနိုင်တော့ဘူးဆိုရင်!…''

''အစ်ကို… ကျွန်တော့အစ်ကိုကို စိတ်မချဘူး ကျွန်တော်ပါအပြင်ကို လိုက်ခဲ့မယ်''
''မလိုက်နဲ့ စာမိ… ငါတစ်ခုခုဖြစ်သွားရင်တောင် မင်းရှိနေမှဖြစ်မယ် ငါတစ်ယောက်တည်းဆိုရင်လဲ ကိုယ်လွတ်ရုံးလာနိုင်တယ် ငါ့ကိုစိတ်ချပါ မင်းလဲဗိုက်ဆာနေရောပေါ့ ငါစားစရာတစ်ခုခု ရှာလာခဲ့ပေးမယ် ငါသွားမယ်နော်''
''အစ်ကို!… ''
''ဂရုစိုက်ပါ''

အားအင်များ ပျက်လင့်ကစား အစားမစားရသည်မှာ နှစ်ရက်နှင့် နှစ်ည ရှိနေပြီဖြစ်သည်။ သေရေးရှင်ရေးဖြစ်သည်ကြောင့် အားတင်းထားခဲ့သော်လည်း စိတ်ဓာတ်သာလျင် ရှိစေတော့သည်။ ခန္ဓာကိုယ်ဖြင့် လိုက်မပါနိုင်လောက်အောင် အားပျက်နေခဲ့ရလေသည်။ ရေခဲတိုက်အခန်းအတွင်းမှ အလွတ်ပြေးရှောင်လာခဲ့ရင်း ဒုတိယအထပ် အမှောင်ထုအခန်းတွင်း၌ ဝင်ရောက်ပုန်းခိုနေခဲ့ကြသော လူငယ်နှစ်ဦးဖြစ်ပေသည်။

စာမိအား အခန်းအတွင်း၌ ထားရစ်စေခါ လမ်းကလေးတစ်ယောက် ပတ်ဝန်းကျင်အား အကဲခတ်လျက် အခန်းပြင်သို့ ဖြေးညင်းစွာထွက်ရောက်လာခဲ့လေသည်။ ဖြေးညင်းသော ခြေလှမ်းများနှင့် အခန်းအပြင်သို့အရောက် ဒုတိယအထပ် အလယ်လှေကားဆီမှ လမ်းကလေးတစ်ယောက် အောက်ပထမအထပ်ဆီသို့ ဆင်းသတ်လာခဲ့လေသည်။ တိတ်ဆတ်နေခဲ့၏။ ဆေးရုံတစ်ခုလုံး ကျယ်ဝန်းလှသည်။ ကျယ်ဝန်းတိတ်ဆတ်နေခဲ့ပြီး ဆေးရုံအတွင်း၌ အသွားအလာပြုလုပ်နေကြသော ဆရာဝန်များမရှိခဲ့ပေ။

ပထမအထပ်ဆီသို့ အရောက်ဆင်းသတ်လာခဲ့ရင်း ခတ်ထန်လှသော မျက်နှာထားဖြင့် ဒေါက်တာ ရဲမောင်တစ်ယောက် အခန်းတစ်ခုအတွင်းမှ ထွက်ခွာလာခဲ့ပြီး အခန်းတံခါးအား ပြန်လည်ပိတ်နေခဲ့သည်ကို မြင်တွေ့လိုက်ရလေသည်။ ဒေါက်တာရဲမောင် ထွက်ခွာလာခဲ့သော အခန်းဟာ တန်ခိုး မျှားကလေး မောင်ကဲတို့အား နှိတ်ဆက်ထားခဲ့ပြီး ထိုအခန်းတွင်း၌ ချုပ်နှောင်ထားသည့် အခန်းပင်ဖြစ်ချေသည်။

''ဟင်''ဟု တမ်းတမိ၏။ အပေါ်ထပ်သို့ပြန်လည် အပြေးတတ်ရောက်ရပြန်သည်။ အပေါ်လှေကားဆီမှ အောက်သို့ အသာချောင်းမြောင်း ငုံ့ကြည့်လိုက်၏။ ဒေါက်တာရဲမောင်သည်လည်း လှေကားအတိုင်း အပေါ်ထပ်သို့ တတ်ရောက်လာမည့် ဟန်ပန်အား မြင်တွေ့လိုက်ရသည်။ တစ်စုံတစ်ခုတွေးတောမိရင်း ထိုသူ၏အနောက်မှ မိမိတစ်ယောက် လိုက်ပါသွားမည်ဆိုလျင် ထွက်ပေါက်သို့မဟုတ် အစားအစာ တစ်ခုခုတွေ့ရှိနိုင်မည်မှာ မလွဲချေ။

သို့နှင့် ဒေါက်တာရဲမောင်တစ်ယောက် ဒုတိယအထပ် လှေကားဆီးမှ တတ်ရောက်လာခဲ့သည်နှင့် မိမိသည်လည်း မမြင်ကွယ်ရာ နေရာ၌ ခေတ္တပုန်းရှောင်နေလိုက်သည်။ ထို့နောက် ထိုသူ၏အနောက်မှ ထပ်ကြပ်မကွာ အရဲစွန့်လျက် သေမထူး နေမထူး စိတ်ဓာတ်အား မွေးမြူးလိုက်ရင်း ဒေါက်တာရဲမောင်၏အနောက်မှ ဒုတိယအထပ် ဘယ်ဘက်အခြမ်းဆီသို့ လိုက်ပါလာခဲ့လေသည်။ မှတ်မိလိုက်၏။ ဒုတိယအထပ် ညာဘက်ခြမ်း ဒေါင့်အခန်း၌ စာမိအား မိမိတစ်ယောက် ခေတ္တထားရစ်ခဲ့သည်။ တော်သေးပါသည်။ ယခု ဒေါက်တာရဲမောင်တစ်ယောက် ဦးတည်သွားရောက်နေသော ဒုတိယအထပ်မှ ဘယ်ဘက်အခြမ်းဆီသို့ ဖြစ်စေခဲ့သည်။

ဒုတိယအထပ် အလယ်လှေကား ကွေ့အချိုးလေးဆီမှ ကြမ်းပြင်သို့ ဝမ်းလျားအနေထား ထိုးလိုက်၏။ ထို့နောက် ဒေါက်တာရဲမောင်အား ကြမ်းပြင်ပေါ်မှ ဝမ်းလျားအနေထားဖြင့် အသာချောင်းကြည့်နေခဲ့သည်။ အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး အခန်းတံခါးအား မပိတ်ထားချေ။ ထိုအခန်းဟာ မည်သူများ ရှိနေသနည်း။ မည်သည့်အရာများ ထားရစ်ထားသနည်း။ သိချင်လှသည်။ ဝမ်းလျား အနေထားမှ ချောင်းကြည့်နေခဲ့ရင်း အခန်းပြင်သို့ ဒေါက်တာရဲမောင်တစ်ယောက် ပြန်လည်ထွက်ခွာလာခါ အလယ်လှေကားဆီဘက်သို့ တစ်ချက်အကဲခတ်ကြည့်လိုက်သည်။

သာမှန်မျှသာ ကြည့်ရှု့လိုက်ပြီး မိမိအား ကြမ်းပြင်ပေါ်မှ ဝမ်းလျားအနေထားဖြင့် ဦးခေါင်းလေးသာ ပေါ်လျက် ချောင်းကြည့်နေခဲ့သော လမ်းကလေးအား မမြင်တွေ့ခဲ့ချေ။ လမ်းကလေးသည်လည်း ထိုသူတစ်ယောက် အနောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်လျင် မိမိအား အရှင်းသားမမြင်တွေ့သွားစေရန် ထိုသို့ဝမ်းလျားအနေထား ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။ အနောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ရင်း မည်သည့်အရိပ်ယောင် တစ်ခုမှ မတွေ့ရှိရသည်ကြောင့် ဒေါက်တာရဲမောင်မှာမူ ဘယ်ဘက်ဒေါင့် လှေကားဆီမှ ဦးတည်းဆင်းသတ်သွားခဲ့လေသည်။

''အင်း!… ဒီအခန်းထဲမှာ စားစရာတစ်ခုခုတော့ ရှိနေလောက်မယ်ထင်တယ် ငါလဲဗိုက်အရမ်းဆာနေပြီ ခြေတွေလက်တွေတောင် တုန်နေပါလား… ဒီအတိုင်းဆို ငါထွက်ပေါက်ကို ဆက်ရှာနိုင်မှာ မဟုတ်လောက်ဘူး စားစရာတစ်ခုခု စားမှဖြစ်မယ်''
''မထူးပါဘူးကွာ ဖြစ်ချင်ရာသာဖြစ်ပါလိမ့်စေတော့ အဲ့ဒီအခန်းထဲ တစ်ချက်လောက် ဝင်ကြည့်လိုက်မယ်''

ထိုသို့တွေးမိ၏။ နှလုံးခုန်သံ အမြန်နှုံးများနှင့် ခြေလက်များသည်လည်း တုန်ခါနေခဲ့သည်။ အဘယ်ကြောင့်နည်း။ အစားမစားရသည်မှာ နှစ်ညတိတိရှိနေခဲ့ပြီး ယခုအခါတွင် ကတုန်ကယင် အခြေနေအထိ ဖြစ်ပေါ်နေခဲ့ရလေသည်။ ထို့ကြောင့် ဒေါက်တာရဲမောင်တစ်ယောက် ထွက်ခွာသွားခဲ့သော အခန်းအတွင်းသို့ လမ်းကလေးတစ်ယောက် ကြမ်းပြင်ပေါ်မှ ဝမ်းလျားအနေထားမှ လျင်မြန်စွာထလိုက်ချေသည်။ ထို့နောက် ကတုန်ကယင်ဖြစ်နေရာမှ ထိုအခန်းဆီသို့ ဦးတည်သွားခဲ့သည်။

အခန်းတံခါးဟာ လွယ်ကူစွာဖြင့် ဖွင့်ဟစေနိုင်သည်။ တံခါးလက်ကိုင်ဆီသို့ တုန်ရီနေခဲ့သော လက်ဖြင့် ကိုင်တွယ်လိုက်ရင်း ဟန်ချက်ညီညီ အခန်းတံခါးအား တပြိုင်နက် ဆွဲဖွင့်လိုက်ချေသည်။ အခန်းတွင်း၌ရှိနေ၏။ လေးပေအမြင့်ရှိသော စားပွဲတစ်လုံးနှင့် ထိုင်ခုံသုံးလုံး။ ရေခဲသေတ္တာတစ်လုံးသည်လည်း ဝင့်ဝင့်ကြွားကြွားတည်ရှိနေသည်အား မြင်တွေ့လိုက်ရသည်။ အခန်းအတွင်းသို့ လျင်မြန်စွာဝင်ရောက်လိုက်ပြီး အခန်းတံခါးအား အသာအယာ ပြန်လည်ပိတ်စေသည်။ အခန်းတွင်းသို့ ရောက်ရှိလာသည်နှင့် အခန်းပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်၏။

နံရံတွင်လည်း တိုင်ကပ်နာရီတစ်လုံး ချိတ်ဆွဲထားသည်။ အချိန်ဟာ ညနက်အချိန်သို့ ရောက်ရှိတော့မည့် ည(၁၁:၃၀)အချိန်ပင်ဖြစ်ချေသည်။ ဓာတ်ပုံများသည်လည်း တွေ့ရှိရသည်။ ဆရာဝန်ကြီးစွန်ရဲနိုင်နှင့်အတူ ဒေါက်တာသန်းနိုင်နှင့်ဒေါက်တာရဲမောင် သုံးဦးသား ဘွဲ့ရရှိစဉ်က ပြုံးပျော်ရွှင်စွာ ရိုက်ကူးထားခဲ့သော ဓာတ်ပုံပင်ဖြစ်ချေသည်။ ဆရာဝန်ကြီးနှင့်ဇနီးသည် ဒေါ်ဖြူလေးတို့၏ အမှတ်တရပုံများအားလည်း နံရံပေါ်တွင် သတ်ရပ်စွာချိတ်ဆွဲထားခဲ့သည်များ ထပ်မံတွေ့ရှိခဲ့ရသည်။

အခန်းတွင်း၌ အဝါရောက်မီးလုံးကလေးသာ ထွန်းလင်းထားစေပြီး ထိုမီးလုံးလေး၏ အလင်းရောင်ဟာလည်း အခန်းအတွင်း၌ရှိနေသော အရာဝတ္တုပစ္စည်းများအား ပိုမိုတင့်တယ်လှပအောင် ဖန်တီးပေထားသကဲ့သို့ ထွန်းလင်းနေခဲ့သည်။ သို့သော် အခန်းအတွင်း၌ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ချေ။ အခန်းတွင်းသို့ရောက်ရှိလာသည်နှင့် ကြောင်တောင်တောင်ဖြစ်နေရင်း လွမ်းမောစဖွယ် ပုံရိပ်ယောင်များဖြစ်ပေါ်လာခါ လှည့်ပတ်ကြည့်ရှု့နေမိရာမှ အသိပြန်လည်ဝင်ရောက်လာလေသည်။

မိမိဦးတည်ရာဖြစ်သော ထိုအခန်းတွင်းမှ အစားအစာ တစ်ခုခုအား ရှာဖွေရန် ရေခဲသေတ္တာအနားသို့ အရောက်လှမ်းသွား၏။ တံခါးလေးအား အသာဆွဲဖွင့်စေသည်။ အအေးဓာတ်များဟာ သူ၏ခန္ဓကိုယ်ပေါ်သို့ တတ်ရောက်သွားခဲ့၏။ တွေ့ရှိလိုက်ရသည်။ ငှက်ပျောသီးတစ်ဖီးနှင့် အချိုရည်ပုလင်းများ။ ထိုစားစရာများအား လျင်မြန်စွာလှမ်းယူလျက် မိမိသည်လည်း လွန်စွာဆာလောင်နေသည်ကြောင့် ငှက်ပျောဖီးမှ တစ်လုံးအား ဖဲ့ယူခါ အခွာနွှာနေရသည်ကိုပင် ကြာနေခဲ့သည်လားဟု ထင်မြင်မိစေသည်။

ငှက်ပျော်သီးအား ပါးစပ်အတွင်းသို့ ပလုတ်ပလောင်းထည့်စေရင်း အချိုရည်တစ်ဘူးအား အဖုံးဖွင့်စေကာ ''ကလု''ဟူသော အသံပင်ထွက်ပေါ်လောက်အောင် မျိုချခဲ့ရသည်။ ''ဟင်း''အစားတစ်ချို့ ဗိုက်အတွင်းသို့ ဝင်ရောက်သွားခါမှ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချစေနိုင်သည်။ ငှက်ပျော်ဖီးအား လှမ်းယူရင်း အချိုရည်ဘူးများအားလည်း သုံးလေးဘူးခန့်ယူလျက် အခန်းအပြင်သို့အရောက်ထွက်မည်ဖြစ်သည်။

မိမိနှင့်အတူရှိနေခဲ့သော စာမိတစ်ယောက်သည်လည်း မိမိကဲ့သို့ ဆာလောင်မွတ်သိပ်နေမည်မှာ မလွဲလောက်ချေ။ ထို့ကြောင့် လက်တစ်ဖက်မှ ငှက်ပျော်ဖီးအား ကိုင်ဆောင်ထားခါ ကျန်လက်တစ်ဖက်မှ အချိုရည်ဘူးများ ကိုင်ဆောင်စေပြီး အခန်းတံခါးဆီသို့အရောက်။ အပြင်မှ တစ်စုံတစ်ခုသော ခြေသံများ ကြားလိုက်ရလေသည်။

''မောင်ကျော်စွာဒီမှာ ခဏစောင့်… ဆရာဝန်ကြီးအတွက် ယူစရားလေးတွေရှိလို့''
''ဟုတ်ကဲ့ဆရာ…''

ဒေါက်တာရဲမောင်နှင့်အတူ ဆရာဝန်တစ်ယောက်သည်လည်း ဒုတိအထပ်သ်ို့ ရောက်ရှိလာခဲ့ရင်း လမ်းကလေးရှိနေခဲ့သော အခန်းရှေ့၌ ထိုသို့ပြောဆိုခဲ့ကြသည်။ သေချာလေသည်။ အပြင်မှ တစ်ဦးတစ်ယောက် မိမိရှိနေခဲ့သော အခန်းအတွင်းသို့ ဝင်ရောက်လာတော့မည်မှာ သေချာလှသည်။ သို့နှင့် အခန်းတွင်း၌ရှိနေသော လမ်းကလေးမှာမူ အခန်းတံခါးအနားမှ လျင်မြန်စွာရှောင်တိမ်းစေရင်း ကိုင်ဆောင်ထားခဲ့သော စားစရာများအား စားပွဲအပေါ်သို့တင်ဆောင်ခါ မိမိသည်လည်း စားပွဲခုံအောက်၌ ဝင်ရောက်ပုန်းခိုနေလိုက်သည်။

သေချာစွာဝင်ရောက်လာခဲ့သည်။ ဒေါက်တာရဲမောင်တစ်ယောက်။ ရေခဲသေတ္တာအနားသို့ လျောက်လှမ်းသွားစေရင်း တံခါးအား အသာအယာလေး ဖွင့်စေသည်။ ထို့နောက် မျက်မှောင်အား ကြုတ်လိုက်၏။ ခါးကုန်းကုန်းအနေထားဖြင့် ရေခဲသေတ္တာအတွင်းသို့ ကြည့်နေခဲ့ရာမှ ငုတ်တုတ်အနေထားသို့ ပြောင်းလဲသွားခဲ့ပြီး ရေခဲသေတ္တာအတွင်းမှ တစ်စုံတစ်ခုအား ရှာဖွေနေခဲ့လေသည်။ တံခါးလေးအား ပြန်လည်ပိတ်စေသည်။ ဦးခေါင်းလေးအား အသာစောင်းလျက် တစ်စုံတစ်ခုစဉ်းစား တွေဝေသွားခဲ့သည့် အမူယာမျိုးပင်။

''မဟုတ်သေးပါဘူး အခုနလေးတင် ငါရေခဲသေတ္တာထဲကို ငှက်ပျော်သီးတစ်ဖီး သေသေချာချာထည့်ထားခဲ့ပါ အခုဘယ်လိုဖြစ်ပြီး မရှိတော့တာလဲ''

လမ်းကလေးတစ်ယောက် ယူဆောင်ထားသော ရေခဲသေတ္တာအတွင်းမှ မိမိကိုယ်တိုင် ထည့်ထားခဲ့သော ငှက်ပျော်သီးအား မတွေ့ရှိရတော့သည်ကြောင့် ဒေါက်တာရဲမောင်မှာမူ ခေတ္တတွေဝေသွားမိသည်။ ထို့နောက် မျက်မှောက်ကြုတ်လျက်သား စားပွဲအနားသို့ လျောက်လှမ်းလာစေပြီး သူ၏အကြည့်တစ်စုံ စားပွဲဆီသို့ ရောက်ရှိသွားခဲ့လေသည်။
''ဟင်!… ဘယ်လိုဖြစ်ပြီး စားပွဲအပေါ်ရောက်နေရတာလဲ သြော်!… ငါပဲ ရေခဲသေတ္တာထဲ မထည့်မိတာနဲ့ထင်တယ်''

ထိုသို့ပြောဆိုခါ စားပွဲအပေါ်မှ ငှက်ပျော်အဖီးအား ယူဆောင်လိုက်စေပြီး အခန်းအပြင်သို့ထွက်ခွာရန် ရွယ်လိုက်ချေသည်။ စားပွဲခုံအောက်၌ ငြိမ်သတ်စွာပုန်းခိုနေခဲ့သော လမ်းကလေးသည်လည်း ထိတ်လန့်မှု့များနှင့်ရှိနေခဲ့၏။ ထိုအချိန်အတွင်း၌ပင်
(ဖုန်းတုန်ခါလာသော အသံ)
မိမိအား မြင်တွေ့သွားခဲ့လျင် ထိုသူများ အလွတ်ပေးမည်မဟုတ်ချေ။ ထိုအကြောင်းများကိုလည်း သူတစ်ယောက် ကောင်းစွာသိရှိထားသည်။ ထို့ကြောင့်လဲ စားပွဲခုံအောက်၌ ငြိမ်သတ်စွာရှိနေခဲ့စဉ် သူ၏ဘောင်းဘီအိတ်ကတ်အတွင်းမှ မှန်ကွဲနေခဲ့သော ဖုန်းကလေးဟာ ယခုအချိန်၌ရုတ်တရုတ် တုန်ခါလာခဲ့ချေသည်။

တိတ်ဆတ်နေခဲ့သည်။ ထိုတစ်ခန်းလုံး။ ထိတ်လန့်နေခဲ့သည်က တုန်ရီနေသော လက်များနှင့်။ ရုတ်တရက် ဘောင်းဘီအိတ်ကပ်အတွင်းမှ ထိုဖုန်းလေးတုန်ခါလာခဲ့သည်ကြောင့် သူသည်လည်း ထိတ်လန့်သွားစေခဲ့သည်။ ထို့ကြောင့် ခုံအောက်အတွင်း၌ ပုန်းခိုနေခဲ့သော လမ်းကလေးတစ်ယောက် ဆတ်ခနဲဖြစ်သွားခါ ဦးခေါင်းနဲ့ခုံလေး စောင့်မိလိုက်ချေသည်။

အခန်းအပြင်သို့ ထွက်ခွာတော့မည့် ဒေါက်တာရဲမောင်သည်လည်း ထိုအသံအား ကြားသိလိုက်ရသည်။ အခန်းတံခါး ဖွင့်လစ်ရန် ရွယ်လျက်ထားသော ဒေါက်တာရဲမောင်တစ်ယောက် ခန္ဓာကိုယ်ဖြင့်မလှည့် ဦးခေါင်းလေးသာ အသာစောင်းကြည့်လိုက်ရင်း အသံကြားရာ စားပွဲခုံဆီသို့ အကြည့်တစ်စုံ လျင်မြန်စွာရောက်ရှိသွားသည်။  သူတစ်ယောက်ရိပ်မိသွား၏။ အခန်းတွင်း၌ တစ်စုံတစ်ယောက် ရောက်ရှိနေလေပြီး။

ခုံအောက်ဆီမှ လမ်းကလေးသည်လည်း မိမိထိတ်လန့်သွားခဲ့သည်ကြောင့် စားပွဲခုံနှင့်ဦးခေါင်း စောင့်မိလိုက်သော အသံအား ထိုသူကြားသိသွားမည်မှာ မလွဲချေ။ ထို့ကြောင့် မိမိပုန်းခိုနေသည့် စားပွဲခုံလေးဆီသ်ို့ ထိုသူလှမ်းလာမည့် အချိန်ကိုသာ ငြိမ်သတ်စွာဖြင့် စောင့်စားနေခဲ့သည်။ မှန်ကွဲနေခဲ့သော ဖုန်းလေးဆီသို့ ဝင်လာခဲ့သည့် အဝင်ဖုန်းနံပါတ်မှာ ဆန်းထွန်းပိုင်၏ ဖုန်းနံပါတ်ပင်ဖြစ်ချေသည်။

သေချာလေသည်။ ဒေါက်တာရဲမောင်တစ်ယောက် အပြုံး။ အပြုံးဆိုစေကာမူ ဒေါက်တာရဲမောင်၏အပြုံမှာ ပုန်းခိုနေခဲ့သော ထိုသူအား အမိအရဖမ်းစီးနိုင်တော့မည်မှာ မလွဲချေဟူသော သွားမပေါ်သည့် အပြုံးပင်ဖြစ်ချေသည်။ ဒေါက်တာရဲမောင်တစ်ယောက် စားပွဲခုံအနားသို့ ကပ်ရောက်လာသည်နှင့် လမ်းကလေးသည်လည်း စားပွဲခုံအောက်မှ ခြေအရိပ်ကိုသာ မှန်းဆကြည့်လျက် ခုံလေးအနားသို့ ကပ်ရောက်လာခဲ့သော ထိုသူ၏ခြေထောက်ဆီသို့ လက်ဖြင့်လှမ်းဆွဲလိုက်ချေသည်။

အရှိန်ဖြင့်ဆွဲလိုက်သည်ကြောင့် ဒေါက်တာရဲမောင်မှာလည်း ခြေပစ်လက်ပစ် အနောက်သို့ လဲကျသွားခဲ့သည်။ ထို့နောက် အခန်းအတွင်းမှ အလွတ်ပြေးရန် လမ်းကလေးသည်လည်း ပုန်းခိုနေရာမှ လျင်မြန်စွာ ထွက်လိုက်လေသည်။ လဲကျနေခဲ့သော ဒေါက်တာရဲမောင်အား ကျော်လွားလျက် အခန်းအဝသို့ ရောက်ရှိလာရင်း ပွင့်လစ်သားဖြစ်နေသည့် တံခါးအတိုင်း အပြင်သို့အပြေးထွက်လိုက်ချေသည်။

''အား!…''
''ဟားဟားဟား!… ဒေါက်တာဘာဖြစ်သွားသေးလဲဟင်''
''ငါဘာမှမဖြစ်ဘူး… တော်သေးတာပေါ့ မောင်ကျော်စွာအခန်းဝမှာ စောင့်နေပေလို့''

အရှိန်ဖြင့်အခန်းအပြင်သို့ အပြေးထွက်ရောက်ခဲ့သော လမ်းကလေးအား အခန်းအဝ၌ အသင့်စောင့်နေခဲ့သည့် ဒေါက်တာကျော်စွာဟာ အခန်းဝသ်ို့ လမ်းကလေးရောက်ရှ်လာခဲ့သည်နှင့် မွဲရိုးအား ပြင်းထန်စွာ ရိုက်နှပ်လိုက်ချေသည်။ အရှိန်ပြင်းလှသော ရိုက်ချက်ကြောင့် လမ်းကလေးသည်လည်း အခန်းအရှေ့၌ ခွေလျက် လဲကျသွားခဲ့ရသည်။ ထို့နောက် ဦးခေါင်းအား ထပ်မံ၍ ရိုက်လိုက်ပြန်သည်။ မျက်လုံးအိမ်များ လည်လျက် ဦးခေါင်းမှ သွေးများစွာ စီးကျစေရင်း အခန်းရှေ့၌ပင် မေ့မျောသွားခဲ့လေသည်။

'ဒေါက်တာ… အပျက်ရှင်းပစ်လိုက်တော့မယ်''
' နေဦး မလုပ်နဲ့ဦး ဆရာဝန်ကြီး ဘာလုပ်ဦးမလဲ မသိဘူး… ဒီကောင်လေးတွေက သိပ်တော်တယ်လို့ပြောရမလားပဲ ငါ့ကိုရေခဲတိုက်အခန်းထဲမှာ ဆော်သွားခဲ့တယ်လေ အခုတော့ ဘာတတ်နိုင်သေးလဲ''
''ဟင်!… ဒေါက်တာဖုန်း…!''

ပစ်လဲကျသွားခဲ့သည်။ ထို့ကြောင့် ကိုင်ဆောင်ထားခဲ့သော လက်ကိုင်ဖုန်း မှန်ကွဲလေးဟာလည်း လွှင့်စင်သွားခဲ့ရသည်။ ကြမ်းပြင်ပေါ်သို့ ချရောက်နေသည့် ထိုဖုန်းလေးဆီသို့ အဝင်ဖုန်းများ ထပ်မံ၍ဝင်လာခဲ့ပြန်သည်။ ဒေါက်တာကျော်စွာ၏ ပြသမှု့ကြောင့် ဒေါက်တာရဲမောင်သည်လည်း ကြမ်းပြင်ပေါ်၌ ပြုတ်ကျသွားခဲ့သော ဖုန်းလေးအနားသို့ အရောက်သွားခါ ခြေဖြင့်အားကုန် နင်းချေပစ်လိုက်စေသည်။

                         ****  -*****
"ဟင်!… ကိုမောင်ဝင်း တစ်ခုခုထူးပြီးဗျ''
"ဘာထူးလို့လဲ ဆန်းလေး''
''အဖေ… အဖေ့ဖုန်းကို နှစ်ခါခေါ်တယ် တစ်ခါက သတ်မှတ်အချိန်အတွင်း မကိုင်ခဲ့ဘူး… အခုတစ်ခါထပ်ခေါ်တော့ သတ်မှတ်ချိန်မတိုင်ခင်မှာ ဖုန်းစက်ကို ပိတ်ပစ်လိုက်တယ်''
''ဟင်!… ဒါဆို''

ဗဟိုရဲဌာနချုပ်မှ ပြောဆိုချက်များကြောင့် ရဲအုပ်မောင်ဝင်းတစ်ယောက်သည်လည်း နယ်မြေပိုင်စခန်းမှူးကြီး ကိုထိန်ဝင်းအား လွန်စွာစိုးရိမ်မိသည်။ ညနေကတည်းမှ တစ်ကိုယ်တည်း ထွက်ရောက်သွားခဲ့သည်ဟုဆိုသည်။ အဘယ့်ကြောင့် ယခုအချိန်ထိ ပြန်လည်ရောက်ရှိမလာခဲ့ရသနည်း။ နယ်မြေပိုင် မြေပုံအတွင်းမှ ဆေးရုံတည်နေရာအား ကိုမောင်ဝင်းတစ်ယောက် ကြည့်ရှု့ခဲ့ပြီးသည်နှင့် ထိုဆေးရုံဆီတည်ရှိရာဆီသို့ ရဲသားများနှင့်အတူ ထွက်ခွာလာခဲ့လေသည်။

လက်အတွင်းမှ လက်ပတ်နာရီအားကြည့်မိ၏။ အချိန်ဟာ ညနက်ချိန်သို့ရောက်ရှိတော့မည့် ည(၁၁:၄၅)တိတိအချိန်ပင် ရှိနေပြီဖြစ်သည်။ သက်ပြင်းများစွာချလျက် မိမိလမ်းပြရာဆီသို့ ကားမောင်းသူ ဒရိုင်ဘာရဲသား မောင်းနှင်နေခဲ့သော အနာက်သို့ လိုက်ပါလာခဲ့လေသည်။ ကားအတွင်း၌ ရဲသားများစွာ လိုက်ပါလာရင်း ခေါင်းခန်းအတွင်း၌မူ ကားမောင်းသူနှင့် ရဲအုပ်မောင်ဝင်း ဆန်းထွန်းပိုင်တို့ရှိနေချေခဲံသည်။ ထိုအချိန်၌ ဖခင်ဖြစ်သူ၏ဖုန်းအား ခေါ်ဆိုခဲ့သည့် အကြောင်းများ ဆန်းထွန်းပိုင်တစ်ယောက် အံ့သြကြီးစွာ ပြောဆိုလေခဲ့သည်။

''ဒါဆိုတစ်ခုခုထူးခြားနေပြီပဲ… ကိုဆန်းလေးဘယ်လိုမြင်လဲ''
''မမြင်တတ်တော့ပါဘူးဗျာ… အဖေ့အတွက် အရမ်းစိတ်ပူတာပဲသိတော့တယ်''
''ဘာမှမပူပါနဲ့ဗျာ!… ကျွန်တော်တို့အစွမ်းကုန် စုံစမ်းသွားမှာပါ ပြီးတော့ ကိုထီးကလေးတို့သူငယ်ချင်းတွေလည်း ပါသွားတယ်မဟုတ်လား သူတို့ရှိနေရင် တော်ရုံတန်ရုံပြဿနာလောက်က စိုးရိမ်စရာမရှိပါဘူး''
''ကျွန်တော်လဲ အဲ့ဒီလိုပဲ ဖြေသိမ့်နေခဲ့ရတာ ဒါပေမယ့် ကိုထီးကလေးတို့တွေပါ ဒုက္ခရောက်နေကြမှာ စိုးရိမ်မိတာပဲ''
''အေးဗျ!… အဲ့ဒါလည်းဟုတ်တယ် အခုချိန်ထိလဲ သူတို့ဖုန်းကို ကျွန်တော် တောက်လျောက်ခေါ်ကြည့်နေတာ စက်ပိတ်ထားတယ်ဆိုတာချည်းပဲ ဖြစ်နေတုန်း''
''အဲ့ဒါကြောင့် ကျွန်တော်လဲ စိုးရိမ်နေတာပေါ့''

''ဆရာ!… အရှေ့မှာတွေ့နေရတဲ့ ဆေးရုံလား''
''ဟင်!… ဟုတ်မယ်ဗျ… ဆေးရုံအရှေ့မှာ ကားခဏရပ်''
ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ မီးများစွာ ထွန်းလင်းထားခဲ့ပြီး အဝေးပြေးလမ်းမကြီး၏ နံဘေးတွင် တည်ရှိနေခဲ့သော ဆေးရုံကြီးတစ်ခုဖြစ်သည်။

''ဆရာ ဘာဖြစ်လို့ကားရပ်လိုက်တာလဲ''
ရုတ်တရက် ကားရပ်တန့်သွားခဲ့သည်ကြောင့် ကားအနောက်ခန်းမှ နယ်ထိန်ကိုကြည်ဦး ဆင်းသတ်လာခါ ရဲအုပ်မောင်ဝင်းအား မေးမြန်းစေသည်။ ကိုမောင်ဝင်းသည်လည်း နယ်ထိန်ကြည်ဦးအား စကားဖြင့်မပြော လက်ကလေးသာ အသာကာပြလိုက်သည်။

ထို့နောက် ဆေးရုံအရှေ့သို့ အတန်ကြာရပ်ကြည့်နေခဲ့ပြီး ခေါင်းအား တဆတ်ဆတ်ငြိမ့်လိုက်သည်။ ပိတ်ထားသည့် ဆေးရုံသာဆိုသည် သို့သော်လည်း မီးများစွာထွန်းလင်းနေသည်က ပိတ်ထားခဲ့သော ဆေးရုံတစ်ခု၏ ပုံသဏ္ဍန်ပင်မဟုတ်ချေ။ မျက်မှောင်အား ကြုတ်ခါ ဆေးရုံအတွင်းသို့ ဝင်ရောက်ရန် စတင် ဦးတည်လိုက်ချေသည်။ သူ၏အနောက်မှ ရဲသားများသည်လည်း ထပ်ကြပ်မကွာ လိုက်ပါလာခဲ့၏။

ဆေးရုံမှန်တံခါးအား ဖွင့်လစ်စေကာ ဆေးရုံအရှေ့သို့ ရောက်ရှိလာခဲ့သော ရဲသားများအား ခရီးဦးကြိုဆိုလိုက်သည်က ခန့်ခန့်ညားညား လူကြီးတစ်ဦးပင်ဖြစ်ချေသည်။

''ကြွပါခင်ဗျာ… ဆရာတို့အထဲကိုကြွပါ''
ဖော်ရွေစွာကြိုဆိုနေခဲ့သော ထိုလူကြီးအား ရဲအုပ်မောင်ဝင်းတစ်ယောက် အကဲခတ်လိုက်သည်။ ထို့နောက် ဆေးရုံအတွင်းသို့ ဆန်းထွန်းပိုင်နှင့်အတူ ကိုကြည်ဦးနှင့် ရဲသားလေးဦးခန့် ဝင်ရောက်လာခဲ့ပြီး ဆေးရုံအပြင်၌လည်း အစောင့်ရဲသားများ စောင့်ကြပ်နေသေးသည်။

''ဘာကိစ္စများရှိလို့ပါလဲခင်ဗျာ''
''သြော်!… အကြောင်းကတော့ ထွေထွေထူးထူးမဟုတ်ပါဘူး ခင်ဗျားတို့ဆေးရုံက ပိတ်ထားတဲ့ဆေးရုံနော်'
''ဟုတ်ပါတယ် ကျွန်တော်တို့ဆေးရုံက ပိတ်ထားတဲ့ဆေးရုံတစ်ခုပါ''
''ဟင်!… ဒါဆိုဘာဖြစ်လို့လဲ ခင်ဗျားရှိနေရတာလဲ''
''သြော်!… မကြာခင်မှာ ကျွန်တော်တို့ဆေးရုံက ပြန်ဖွင့်တော့မှာပါ… ဒါကြောင့် ဆေးရုံမှာလိုအပ်တဲ့ အသုံးဆောင်ပစ္စည်းတွေ နေရာချနေတာ'
''ဟင်!… ဆေးရုံက ပြန်ဖွင့်တော့မှာ ဟုတ်လား!… ခင်ဗျားတို့ဆေးရုံက လွန်ခဲ့တဲ့(၁၆)နှစ်လောက်တည်းက ပိတ်ထားတဲ့ ဆေးရုံမဟုတ်လား''

''ဟာဗျာ… ပေါက်ပေါက်ရှာရှာ!… ကျွန်တော်တို့ဆေးရုံက လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းကမှ အပြီးစီးဆောက်ပြီးသွားတာ အရင်တုန်းက ဆေးခန်းအဆင့်လောက်ပဲရှိတာ အခုမှ ဆရာဝန်ကြီးတွေ ပူးပေါင်းပြီး ပုဂ္ဂလိက ဆေးရုံအဖြစ် ဆောက်လိုက်တာပါဗျာ''
''ဗျာ!…''
''ဟုတ်ပါတယ် ဘာဖြစ်လို့တုန်း''

ထိုလူကြီး၏ ပြောစကားများအဆုံး၌ ရဲအုပ်မောင်ဝင်းတစ်ယောက် အနီးတွင်ရှိနေသော ကိုကြည်ဦးအား ကြည့်မိလိုက်သည်။

''ဟုတ်တယ်လေဆရာ!… ဒီဆေးရုံက မကြာခင်မှာဖွင့်လစ်တော့မယ့် ဆေးရုံတစ်ခုလို့ ကျွန်တော်တို့အပိုင်စခန်းကို သတင်းပို့ထားတယ်… ဆရာဦးတည်တဲ့ ဆေးရုံမဟုတ်ဘူးလို့ ကျွန်တော်ပြောမလို့ပဲ ဆရာတားတာနဲ့ ကျွန်တော်ဆက်မပြောတော့တာ''
''ဟင်!… ဒါ… ဒါဆိုကျွန်တော်ဆေးရုံမှားရောက်လာတာပေါ့… ဟုတ်လား''
''ဟုတ်တယ်ဆရာ!… ဒီဆေးရုံထဲကို ဆရာဝင်သွားတော့ ဆရာတစ်ခုခုလုပ်မယ်ထင်တာနဲ့ ကျွန်တော်လဲ မတားခဲ့တာ''
''ဟာဗျာ!… ဆော်တီးပါဗျာ ကျွန်… ကျွန်တော်တောင်းပန်ပါတယ်… ကျွန်တော်က ဒီနယ်အပိုင်ရဲတစ်ယောက်မဟုတ်တော့ နယ်မြေမကျွမ်းကျင်လို့ပါ ကျွန်တော်အနူးညွှတ်တောင်းပန်ပါတယ်ဗျာ"
''ရပါတယ်… မတောင်းပန်ပါနဲ့… ရဲအရာကြီးလဲ အလုပ်တွေများနေတယ်နဲ့ထင်တယ်… ရပါတယ် တစ်ခါတစ်လေတော့လဲ ဒီလိုပဲမှားတတ်ပါတယ် ဒါနဲ့ ဆရာတို့က ဘယ်ဆေးရုံကို သွားမှာတုန်းဗျ"
''ဘယ်ဆေးရုံလဲ ကိုကြည်ဦး''
''ဗျာ!… ကျွန်… ကျွန်တော်လဲမသိဘူးလေဆရာ ဆရာပြောလို့ ပိတ်ထားတဲ့ဆေးရုံဆိုတာပဲ သိတာလေ''
''ဟုတ်ပါ့ဗျာ… ကျုပ်လဲ ကျုပ်မိတ်ဆွေတွေရဲ့ အရေးကြီးပြသနာတစ်ခုကြောင့် စိတ်တွေယောက်ယပ်ခတ်နေခဲ့တာ ကိုခင်မောင်စိုးပြောတုန်းက ပိတ်ထားတဲ့ဆေးရုံနာမည် မမေးထားမိလိုက်ဘူး ကိုကြည်ဦး မြေပုံပါလာတယ်မဟုတ်လား''
'ဟုတ်ကဲ့ဆရာ ပါလာပါတယ်''

လွန်စွာစိုးရိမ်နေခဲ့မိသည်။ ကားကြီးတိမ်းမှောက်သွားခဲ့ပြီး မိတ်ဆွေဖြစ်သူများ၏ သတင်းအစန ပျောက်ဆုံးနေခဲ့သည်ကြောင့် ကိုမောင်ဝင်းတစ်ယောက် စိတ်များမငြိမ်မသတ် ဖြစ်ခဲ့ရပြီး ယခုကဲ့သို့ ဆေးရုံမှားရောက်လာခဲ့ခြင်းဖြစ်သည်။ ပိတ်ထားခဲ့သည့် ဆေးရုံအမည်အားလည်း မမေးမြန်းခဲ့သည်ကြောင့် ထိုဆေးရုံ၏အမည်အား ယခုမှသာ ကြည့်ရှု့စေခဲ့ရသည်။

''သြော်!… ဟုတ်သားပဲဗျ… ဒီဆေးရုံက ခေတ္တပိတ်ထားသည်လို့ မြေပုံမှာ ရေးထားတာပဲ ကျွန်တော်သေချာမကြည့်မိလိုက်ဘူး ဒီနယ်ရဲ့ ပိတ်ထားတဲ့ဆေးရုံက သြော်!… ဒီမှာတွေ့ပြီ နာမည်က မြို့မဆေးရုံတဲ့''
''ဗျာ!… မြို့မဆေးရုံ ဟုတ်လားဆရာ''
''ဟုတ်တယ်လေ… ခင်ဗျားသိနေလို့လား''
''သိ… သိတာပေါ့ အဲ့ဒီဆေးရုံကြီးက ပိတ်ထားတာ ကြာလှပြီလေ… အဲဒီပတ်ဝန်းကျင်က လူတွေပြောတာတော့ ညဘက်တွေဆိုရင် ဆေးရုံတစ်ခုလုံး မီးတွေထိန်ထိန်သာအောင် လင်းနေတယ်တဲ့ သရဲလဲ အရမ်းခြောက်တယ်လို့ ပြောကြတာ ကျွန်တော်ကြားဘူးတယ်''
''ဟင်… ဟုတ်တယ်ဗျ!… ကျုပ်တို့အခု ဦးတည်သွားတာ အဲ့ဒီဆေးရုံဆီကိုပဲ''
''ဆရာတို့ ဘာကိစ္စကြောင့် သွားမယ်ဆိုတာ ကျွန်တော်မသိပေမယ့် အစစအရာရာ ဂရုစိုက်ဖ်ို့တော့ မှာချင်တယ်ဗျာ''
''ကျေးဇူးတင်ပါတယ်ဗျာ… ကျွန်တော်တို့လဲ အချိန်လင့်နေပြီ ခွင့်ပြုပါဦး''

ဆေးရုံမှားလာခြင်းနှင့် ပတ်သတ်ပြီး အနူးညွှတ်တောင်းပန်းခဲ့ပြီးသည်နှင့် ကိုမောင်ဝင်းသည်လည်း မိမိ၏စိတ်များ အင်မတန်မှ လှုပ်ရှားနေခဲ့သည်အား ရိပ်စားမိချေခဲ့သည်။ သို့နှင့် တည်ငြိမ်သော စိတ်အား မွေးမြူလျက် ထိုဆေးရုံအတွင်းမှ ထွက်ခွာခါ မြို့မဆေးရုံဆီသို့ မြေပုံအတိုင်းသာ ဦးတည်ထွက်ခွာ လာချေတော့သည်။
              
                      *****   *****

အလောတကြီး နပ်စ်မလေး၏ ပုန်းခိုခိုင်းခြင်းကြောင့် ထီးကလေးတစ်ယောက်သည်လည်း အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်ပုန်းခိုနေခဲ့ခါ ယခုမိမိရှိနေခဲ့သော အခန်းအတွင်းသို့ လူသတ်သမားတစ်ဦး ဝင်ရောက်လာတော့မည့် အခြေနေနှင့်ကြုံတွေ့နေခဲ့ရလေသည်။ လက်တစ်ဖက်မှ အခန်းတံခါးအား ဖြေးညင်းစွာဖွင့်ဟနေပြီး လက်တစ်ဖက်မှ သေနတ်အား မြောက်ကိုင်ထားစေရင်း အခန်းတံခါးအား ဒေါက်တာသန်းနိုင်တစ်ယောက် လျင်မြန်စွာဖြင့် တွန်းဖွင့်လိုက်ချေသည်။

အခန်းပတ်ပတ်လည်အား သေနတ်ဖြင့် ဒေါက်တာသန်းနိုင်တစ်ယောက် လှည့်ပတ်ချိန်ဆလိုက်ရင်း အပြင်မှ ဆရာဝန်ကြီး၏ စကားသံများကြားသိလိုက်ရသည်။
''သန်းနိုင်!… မြန်မြန်လာ… အဲ့ဒီကောင်ဒီခန်းထဲမှာ မဟုတ်ဘူး ဟိုမှာပြေးပြီး မြန်မြန်လာ''

အပြင်မှ အလောတကြီး ထိုသို့ပြောဆိုလိုက်သည်ကြောင့် အခန်းပတ်ပတ်လည်အား သေနတ်ဖြင့် လိုက်လံချိန်ဆနေခဲ့သော ဒေါက်တာသန်းနိုင်သည်လည်း အခန်းပြင်သို့ လျင်မြန်စွာထွက်ခွာလိုက်သည်။
''ဘယ်မှာလဲ!''
''လာလာ… ဟိုဘက်လှေကားကနေ ရိပ်ခနဲ ဆင်းပြေးသွားတာ ငါတွေ့လိုက်တယ် မင်းအလယ်လှေကားကနေဆင်း နှစ်ယောက်ပိတ်ဖမ်းမှဖြစ်မယ်''
''အေးအေးစွန်ရဲ!… သေနတ်''
''မင်းပဲယူထားလိုက်''

အမလေး။ တော်ပါသေး၏။ ထိုအခန်းတွင်း၌ ရှင်းလင်းနေခဲ့ပြီး ပုန်းခိုစရာတစ်ခုမှ ရှိမနေခဲ့သည်ကြောင့် အခန်းပြင်မှ လူသတ်သမား အခန်းတံခါးအား မဖွင့်လစ်မီ ထီးကလေးမှာမူ နံရံဆီမှ တန်းများအား နင်းလျက် ထပ်ခိုးအပေါ်သို့ တတ်ရောက်နေခဲ့ရသည်။ လူသတ်သမားသည်လည်း အခန်းပတ်ပတ်လည်အား သေနတ်ဖြင့် လိုက်လံချိန်ဆနေရင်း အပေါ်ဆီသို့ မော့ကြည့်လာတော့မည့်အခ်ျန် ဘာရယ်ကြောင့်မှန်းမသိ အပြင်သို့ ရုတ်တရက် ပြန်လည်ထွက်ခွာသွားခဲ့သည်။

ထို့နောက် ဇောချွေးများစွာပြန်လျက် ထပ်ခိုးမှ အောက်သို့ဆင်းသတ်ခါ သက်ပြင်းတစ်ချက်အား ဖြေးညင်းစွာချစေသည်။ ထို့နောက် ပုန်းခိုစရာမရှိသော ထိုအခန်းတွင်းမှ မိမိတစ်ယောက် လျင်မြန်စွာထွက်ခွာရန် လိုအပ်သည်။ အပြင်သို့အရောက်ထွက်စေရင်း ရှင်းလင်းနေခဲ့သော လျောက်လမ်းကြီးဆီ၌ အဘယ်သို့သွားရမည်မှန်း မသိတော့ချေ။

မိမိအားပုန်းခိုခိုင်းခဲ့သော နပ်စ်မလေးသည်လည်း အဘယ်သို့ရောက်ရှိသွားခဲ့သနည်း။ မိမိသည်လည်း အဘယ်သို့ပြေးရှောင်ရမည်နည်း။ စဉ်းစားမရတော့ချေ။ သ်ု့နှင့် အနီးစပ်ဆုံး ဘေးအခန်းတွင်းသို့သာ ဝင်ရောက်လိုက်လေသည်။ ထိုအခန်းဟာ ဆရာဝန်ကြီး၏ဇနီးသည် ဖြူလေးနှင့် သွေးဆက်ကုသထားခြင်း ခံထားရသော တင်ဇာနွယ်အား ထားရှိသည့် အခန်းပင်ဖြစ်လေသည်။

(ညည်းညူသံ)
ထိုအသံအား ကြားလိုက်ရသည်။ ဘာအသံပါလိမ့်။ သေချာသည်က မိန်းကလေးတစ်ဦး၏ ညည်းညူသံပင်ဖြစ်လေသည်။ အခန်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် မိမိတစ်ကိုယ်လုံး ကြက်သီးများ ထစေလောက်အောင် ထိုအသံအား ကြားသိလိုက်ရသည်။ တစ္ဆေခြောက်နေသည်လား။ တစ္ဆေခြောက်နေခြင်းတော့ ဖြစ်လိမ့်မည်မဟုတ်။ ဖြစ်နိုင်သည်က မိမိ၏သူငယ်ချင်းဖြစ်သူများထဲမှ တစ်ဦးတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။

ထိုသို့သော် အတွေးများနှင့် လိုက်ကာအပြာရောင် ကာရံထားခဲ့သော အနားသို့ဖြေးညင်းစွာ ကပ်ရောက်သွားခဲ့သည်။ ထိုအနားသို့ နီးလာသည်နှင့် ညည်းညူနေခဲ့သော အသံဟာလည်း ပိုမိုကြားလာခဲ့ရသည်။ သေချာလေပြီ။ လိုက်ကာအနောက်ကွယ်မှ ထိုအသံများ ထွက်ပေါ်နေခဲ့ခြင်းပင် ဖြစ်လေသည်။ လိုက်ကာလေးအား အသာယာကိုင်တွယ်စေပြီး ဆတ်ခနဲ ဆွဲဖွင့်လိုက်လေသည်။
''ဟာ… တင်… တင်ဇာ''

ကုတင်းအပေါ်၌ မလှုပ်ရှားနိုင်။ အသံလေးသာ ထွက်နေရသည်။ တွေ့ရှိလိုက်ရသည်က သူငယ်ချင်းဖြစ်သူ တင်ဇာနွယ်၏ ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစားတစ်ခုမှ ရှိမနေပဲ ကိုယ်ဗလာနှင့်ဖြစ်နေခါ တစ်ကိုယ်လုံး၌လည်း အပ်များစွာ ထိုးသွင်းထားခြင်း ခံထားရသော မြင်ကွင်းပင်ဖြစ်နေချေခဲ့သည်။

                             ********

* ကိုယ်ဗလာနှင့် ဆေးထိုးအပ်များစွာ ထိုးသွင်းထားခြင်းခံထားရသော တင်ဇာနွယ်အား ထီးကလေးတစ်ယောက် မည်သို့ပင် ကယ်တင်ပေးနိုင်မည်နည်း။

* ထိုအခန်းတွင်းသ်ို့ ဦးတည်လာရာမှ ဒေါင့်လှေကားဆီ၌ လူရိပ်အားမြင်တွေ့လိုက်ရသောကြောင့် အပြေးလိုက်လံဖမ်းစီးသော လူသတ်သမားများသည်လည်း ထိုအခန်းတွင်းသို့ ပြန်လည်ရောက်ရှိလာကြမည်မှာ မလွဲချေ။

* ဤသို့ဆိုလျင် ထီးကလေးတစ်ယောက် လူသတ်သမားများ ထိုအခန်းတွင်းသို့ ပြန်လည်ရောက်ရှိမလာခင် အချိန်၌ တင်ဇာနွယ်အား အချိန်မှီကယ်တင်ပေးနိုင်မည်လား။

*မိတ်ဆွေရဲအုပ်မောင်ဝင်းသည်လည်း မြို့မဆေးရုံဆီသ်ို့ အချိန်မှီရောက်ရှိလာမည်ဆိုလျင် သူ၏မိတ်ဆွေများအား ကယ်တင်ပေးနိုင်မည်လား။

* လူသတ်သမားများဟာလည်း ဆေးရုံဆီသို့ရောက်ရှိလာကြမည့် ရဲအရာရှိများအား မည်သို့ပင် လှည့်စားကြမည်နည်း။

* ဓားဒဏ်ရာနှင့် အစ်ကိုအောင်တစ်ယောက်သည်လည်း ထိုဆေးရုံဆီသ်ု့ ရောက်ရှိလာခဲ့ပြီး ရဲအုပ်မောင်ဝင်းနှင့် ဆုံတွေ့ကြမည်လား။

          .… …အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၂၁)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်

                            *****
          ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                        (၁၂.၃.၂၀၁၆)
             မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
                  ဆက်လက်၍ဖော်ပြပေးပါမည်။
                      စာရေးသူ-ထီးကလေး
                 (ရင်နှင့်ရင်း၍ရေးသားသည်)


Post a Comment