သင်ပြုံးမိစေဖို့

သင် ပြုံးမိစေဖို့ပါ။
✿✿✿✿✿✿✿✿

အမြဲ မှတ်ထားရမှာက တစ်မိနစ် ဒေါသထွက်မိခြင်းက
သောကတွေ ကိုယ်နဲ့အတူ သုံးနာရီ
ကြာအောင်ရှိနေစေပါလိမ့်မယ်။

.
.

မှန်ထဲမှာရှိတဲ့လူကို ပြုံးပြနိုင်ရင်သူက အမြဲတမ်း
ပြန်ပြုံးပြနေလိမ့်မယ်ဆိုတာ လုံးဝအာမခံပါတယ်။

.
.

ကိုယ့်ရှေ့က ကိစ္စတစ်ခုခု ဟာခက်ခဲလွန်းတယ်လို့
ခံစားမိရင်၃ မိနစ်လောက်ငြိမ်ငြိမ်လေး
မျက်စိမှိတ်နေကြည့်လိုက်ပါ။

.
.

သွားတိုက်နေတုန်းမှာ ကိုယ်အကြိုက်ဆုံးသီချင်း
တစ်ပုဒ်ပုဒ်ကို ပြီးဆုံးတဲ့အထိ လည်ချောင်းကနေ
ညည်းဆိုနေလိုက်ရင် သွားတွေ ၂ဆပိုမိုဖြူဖွေး
သန့်ရှင်းစေပါလိမ့်မယ်

.
.

ဘာမှမဖြစ်ပါဘူး” ဆိုတဲ့စကားကို “ ဘယ်လိုလုပ်ကြမလဲ” ဆိုတာထက်ပါးစပ်မှာစွဲနေအောင် လေ့ကျင့်ပြောကြည့်ပါ ။

.
.

အိမ်မွေးတိရစ္ဆာန်လေးတွေဟာ ကိုယ့်ရဲ့ လျို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးတတ်ကြတာတော်ပါတယ် ။
ဒါကြောင့် တစ်ပါးသူမသိစေလိုတဲ့ ကိစ္စတွေကိုဆိုရင်
သူတို့လေးတွေကို ပြောပြလို့ရပါတယ်။

.
.

ငယ်ငယ်ကမကြိုက်ခဲ့တဲ့ အစားအစာတွေ ပါးစပ်ထဲ ထပ်ခပ်ထည့်ကြည့်လိုက်ပါ တော်ကြာနေ
အကြိုက်ဆုံးအစားအစာလဲ ဖြစ်လာတတ်ပါတယ်။

.
.

ကိုယ်မုန်းတဲ့လူတွေရဲ့နာမည်တွေကို စာရွက်ထဲမှာချချရေးပြီး
စာရွက်ကို အစိပ်စိပ်အမွှာမွှာ ဖြဲပစ်ပါ။အမုန်းတွေတစ်ဖြေးဖြေး ပြေလျော့လာပါလိမ့်မယ်။

.
.

စီးကျလာတဲ့မျက်ရည်တွေကို လုံးဝမသုတ်ပဲထားပစ်လိုက်ပါ ။
မျက်ရည်တွေ ခမ်းခြောက်သွားတဲ့အခါ ငိုထားခဲ့ကြောင်း မသိသာနိုင်တော့ပါဘူး။

.
.

တစ်ခုခုဝယ်လိုက်မယ်ကြံတိုင်း အဲ့အရာကနေ ရနိုင်မယ့် အကျိုးကျေးဇူးအနည်းဆုံး (၃) မျိုးလောက်အရင်
ရှာတွေးကြည့်လိုက်ပါ။

.
.

အဝတ်အစားဗီရိုသေတ္တာတွေထဲမှာ ဝတ်စရာ
အင်္ကျီနဲ့ဘောင်းဘီ နည်းနေပါစေ အကုန်လုံးကိုတစ်လှည့်စီ ပုံမှန်ထုတ်ဝတ်လိုက်ရင် များလာတယ်လို့
ထင်ရလာပါလိမ့်မယ်။

.
.

ဝမ်းနည်းအားငယ်တယ်လို့ ခံစားရမိတဲ့နေ့ဆိုရင်
ပန်းဆိုင်သွားပြီး ပန်းလေးတစ်စီးဖြစ်စေ တစ်ပွင့်လောက်ဖြစ်စေ သွားဝယ်လာပြီး ကိုယ့်ကို ကိုယ်
ပြန်ပေးကြည့်ပါ နေလိုထိုင်လို့ကောင်းလာပါလိမ့်မယ်။

.
.

တစ်စုံတစ်ယောက်ကိုတိတ်တခိုးချစ်နေမိတာ ကမှ
အချစ်ဆိုတာ ဘယ်လိုဟာမှန်းမသိရတာထက်
ပိုကောင်းနေပါ လိမ့်မယ်။

.
.

ဘယ်ကိုမှမထွက်ရမလည်ရပါပဲ လှလှပပ
ကျော့ကျော့မော့မော့ မဝတ်စားမပြင်ဆင်ရဘူးရယ်လို့မှ
မဆိုလိုတာ။

.
.

ကိုယ့်ဆီမှာရှိတဲ့စာအုပ်တွေအားလုံးကို
တစ်အုပ်လုံးကုန်အောင် ကြိုးစားဖတ်ကြည့်လိုက်ပါ။ မကြိုက်မနှစ်သက်ခဲ့ရင်တောင်မှ သူ့မှာအကျိုးကျေးဇူးတွေ ထည့်မြုပ်ထားတာ တွေ့လာပါလိမ့်မယ်။

.
.

မနက်စောစောနိုးလာလို့ ပျင်းနေရင် ပျင်းတာကို ဘယ်လောက်ကြာလဲဆိုတာ အကြာနိုင်ဆုံး ရေကြည့်နေလိုက်ပါ။လေ့ကျင့်ခန်း ထလုပ်ရမှာ ပျင်းနေတာ ဆိုရင်ပြောတာပါ။

.
.

အပင်မှာပွင့်တဲ့ပန်းဟာဘယ်လိုပဲ ထားထား
ပန်းအိုးထဲမှာနေရတာထက် ပိုကြာကြာပွင့်လန်း
နိုင်တယ်ဆိုတာ သိပါသလား။

.
.

ဘယ်သူနဲ့ပဲရန်ဖြစ်ဖြစ်အပြုံးလေးနဲ့ ရန်ဖြစ်တာဟာ ပြဿနာ ကိုပိုပြေလည်လွယ်စေတာ တွေ့ရပါလိမ့်မယ်။

.
.

စိတ်ညစ်တဲ့အခါငယ်ငယ်တုန်းကပုံလေးတွေ
ပြန်ပြန်ထုတ်ကြည့်လိုက်ပါ။ မယုံနိုင်စရာကောင်းအောင် စိတ်ညစ်ပြေသွားတတ်တာ တွေ့ရပါလိမ့်မယ်။

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်​ဖွယ်​ရာ​_​ဗဟုသုတရွာ)

Post a Comment