ခရတ်(စ်)crushရဲ့ခြိမ်ခြောက်သံ

ခရတ်(စ်) crush ရဲ့ ခြိမ်းခြောက်သံ (ဝတ္ထုတို)
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿
((အခုခေတ် ညီမငယ်လေးတွေ ဖတ်သင့်ပါတယ်။
Pulic network နောက်က ခြိမ်းခြောက်မူတွေကို
မိန်းမသားတစ်ယောက် ဘယ်လို ဖြေရှင်းထားလဲဆိုတဲ့
အကြောင်းလေးပါ))

"" hi ..
မနက်ဖြန် အားလား တွေ့ရအောင်လေ""

ကျွန်မ သူ့ကို စပြီး သတိထားမိတဲ့
တက္ကသိုလ် ပထမနှစ် ကတည်း ခု တတိယနှစ်ထိ
ကျွန်မ ကျိတ်ကျိတ်ပြီး ကြွေနေရတဲ့ ကောင်လေးဆီက
ဒီစာလေး facebook messenger
မှာ ပေါ်လာတော့ ကျွန်မ အသက်ရူဖို့တောင်
မေ့နေခဲ့တယ်။

..............,,,,,,,.........

အသားဖြူဖြူ အရပ်အမောင်း ကောင်းကောင်း
ဝတ်တာစားတာ အရမ်းမိုက်တဲ့
Fb ဆယ်လီ တစ်ယောက် ကျွန်မတို့ ရပ်ကွက်
ထဲမှာ ရှိနေတော့ ကျွန်မ crush မိတာ အပြစ်လားနော်။

သူ့ကို မြင်ချင်လွန်းလို့
ကျောင်းပိတ်ရက် ရောက်ရင် ဝရံတာရှေ့မှာ
သူများဖြတ်လာမလားဆိုပြီး မျှော်ခဲ့ရတာအမော။

ကျောင်းကအပြန် လက်ဖက်ရည်ဆိုင်လေးမှာ
ထိုင်နေမလားဆိုပြီး မျက်လုံးကစားပြီး
ကြည့်ကြည့်မိတာ အဲ့က စာပွဲထိုး ကောင်လေးတွေ
အသိဆုံး။

Facebook မှာလဲ active now
ဆိုတာတွေ့တာနဲ့ အရှက်မရှိ "hi" နေရတာ
မျက်နှာတွေပူ လက်တွေလဲ ညောင်းလှပြီ။

..................,,,,,..............

ဒါပေမယ့် အခုတလော သူကျွန်မအပေါ်
ထူးဆန်းနေတာ အမှန်ပါ။
ကျွန်မ တင်တဲ့ post လေးတွေ သူ like တယ်။
ကျွန်မ hi ရင် သူ စကားနဲနဲပါးပါးပြောပြီ။
လမ်းမှာ တွေ့ရင် သူကျွန်မကို ပြုံးပြတယ်။

အဲ့ဒါတွေကြောင့် အိမ်မှာကော ကျောင်းမှာပါ
အရမ်းတက်ကြွနေမိသလို သူ့အကြောင်းတွေးမိတိုင်း
တိတ်​တိတ်​​လေး ပြုံးလိုက် ရီလိုက်နဲ့
ကျောင်းမှာလဲ တခစ်ခစ်နဲ့
အိမ်သာတက်လဲ တွေးပြီးပျှော်
အိပ်ခါနီးလဲ ပြုံးစိစိ နဲ့ အိပ်အိပ်နေရတာ
တစ်ပတ်လောက် ရှိတော့မယ်။
ကျွန်မ ရင်ထဲ ပန်းတွေ ပွင့်နေတယ်ပေါ့နော်။

.............,,,,,,,,,..............

Crush နဲ့ ကျွန်မ တွေ့ဖြစ်တယ်။
တွေ့တဲ့နေရာ က ဟိုတယ်တစ်ခုမှာ
သူက သူခေါ်တဲ့နောက် လိုက်ဖို့ပြောတော့
ကျွန်မ မငြင်းချင်ဘူးလေ။
ကျွန်မက သူ့ကို မြင်နေရရင်တောင်
နတ်ပြည်ရောက်နေတာ

သူနဲ့ နှစ်ကိုယ်တူ နေရမယ်ဆိုတော့
အိမ်မက် မက်နေသလိုမျိုးပဲ
အိမ်မက်များလားဆိုပြီး ကိုယ့်ပါးကို
ရိုက်ရိုက်ကြည့်မိတယ်။

ကျွန်မ ထင်တာက
Crush လေးက ဇာတ်ကားတွေ ထဲကလို
ရုပ်ဆိုးဆိုး ကောင်မလေးကို ရင်ခုန်ပြီး
ပိုင်ဆိုင်ချင်မိတယ်ပေါ့။
ကျွန်မ ကလဲ crush လေးနဲ့ အိပ်ပြီးရင်
သူက ကျွန်မကို စွဲလမ်းပြီး
သူ့ကို ကျွန်မ ပိုင်ဆိုင်ရတော့မယ်ဆိုပြီး
ရင်တထိတ်ထိတ် နဲ့။

..............,,,,,,,...........

သူ ကျွန်မကို ဟိုထိလိုက် ဒီထိလိုက်နဲ့
ဓာတ်ပုံတွေလဲ တစ်ချက်ချက် ရိုက်နေတော့တာပဲ။

သူ လုပ်နေတဲ့ ကိစ္စတွေကို
ဘာမှ လဲ မတွေးတော့ဘူး
ဘာမှလဲ မစဉ်းစားတော့ဘူး။

ရှက်လဲရှက် ဝမ်းလဲသာနေတဲ့ အပြင်
အရမ်းကို မွှန်ထူနေတာကြောင့်
Crush ပြုသမျှကို နုနေ မိတယ်လေ။

..............,,,,,,,,..............

""ပိုက်ဆံ တစ်သိန်းလောက် ချေးပါလား
ဒီလကုန် ပြန်ဆပ်ပါ့မယ် ကိစ္စလေးတစ်ခု
ရှိနေလို့ပါ""

ကျွန်မ စုထားတဲ့ ပိုက်ဆံ ၂သိန်းထဲက
၁သိန်းကို အ​ပြေးအလွှား အိမ်ကနေ သွားယူပြီး
သူ့လက်ထဲ ပျှော်ပျှော် ရွှင်ရွှင်ပေးလိုက်တယ်။

သူ့အခက်အခဲကို ပြောပြတာ ကျွန်မကို ရင်းနှီး
သူလို့ သတ်​မှတ်​ တာနေမှာပါ။

ကျွန်မသူ့ကို ကျေကျေနပ်နပ် ပြုံးပြလိုက်တယ်။
သူ့မျက်နှာက ကျွန်မ မရှိတဲ့ဘက်ကို လွဲသွားခဲ့တယ်။

..................,,,,,,,,,,..............

သူ ကျွန်မ ဆီက ပိုက်ဆံ ချေးတာ ၂သိန်းရှိတဲ့အပြင်
ကျွန်မ ဒီလ ရတဲ့ ကျောင်းအသွားအပြန်
ဘတ်စ်ကားခ နဲ့ မုန့်စားဖို့
အဖေပေးထားတဲ့မုန့်ဖိုး ၅သောင်းကို

သူ့သူငယ်ချင်းတွေ
ဟိုမုန့် စားမယ် ဒီမုန့်စားမယ်
ဆိုပြီး ဝိုင်းသမတာနဲ့
လဆန်း ၅ရက်လောက်မှာပဲ ကုန်သွားခဲ့တယ်။

ကျွန်မ ဘတ်စ်ကား စီးဖို့ ပိုက်ဆံတောင်မရှိတော့ဘူး
အဖေ နဲ့ အမေနား ကပ်ချွဲပြီး ပိုက်ဆံ နဲနဲပါးပါး တောင်းဖို့
အဖေ နဲ့ အမေ အခန်းကို
ကျွန်မ ခြေလှမ်းသွက်သွက်နဲ့ လှမ်းလာခဲ့တယ်။

................,,,,,,,,,.............

""မိန်းမရယ် ပစ္စည်း ဥစ္စာ ဆိုတာ ရှာလို့ရပါတယ်
ရောဂါသာ ပျောက်အောင်ကုနော်""

အမေ အမြဲဝတ်ထားတဲ့ အမှတ်တရ
မင်္ဂလာဦး လက်စွပ်လေးရယ်
အဖေ့ရဲ့ မင်္ဂလာဦး လက်စွပ်လေးရယ်
အဖေ အမေ့ကို တင်တောင်းထားတဲ့ ဆွဲကြိုး ပါးပါးလေးကို
အဖေ့ လက်မှာ ကျစ်အောင် ကိုင်ထားတယ်

ကျွန်မ အမေ မျက်လုံး တိမ်ဆွဲလို့ ခွဲရမယ့် စရိတ်ကို
ကျွန်မတို့ မောင်နှမ ၃ယောက် မသိအောင်
အမေ နဲ့ အဖေ တိတ်တိတ်လေး ဖြေရှင်းနေတာပါ။

အမေ မျက်လုံး မကောင်းလို့
အလုပ်မလုပ်တာ တစ်လ ရှိပြီ။
အကိုက အလုပ်လုပ်ပေမယ့်
အိမ်ကို မထောက်နိုင်သေးဘူး။

အဖေ့ ရဲ့ ဝင်ငွေ ၂သိန်းခွဲ နဲ့ ကျွန်မရယ် ညီမလေးရယ်
ကျောင်းစရိတ်အပြင် အိမ်က စရိတ်တွေ ရယ်
အမေ့ ဆေးဖိုးရယ် ရှိနေတော့ အဖေတယောက်
အခုတလော overtime တွေ ဆင်းပြီး
အိမ်ပြန် နောက်ကျနေတာ ကျွန်မမေ့နေခဲ့တယ်။

ကျွန်မ အရမ်းမှားသွားပြီ။
စုထားတဲ့ ပိုက်ဆံ ၂သိန်းကို
အမေ့ ဆေးဖိုး အဖြစ် ကျွန်မပေးလိုက်သင့်တာ။

ခုတော့ ယောက်ျားတစ်ယောက်ကို မွှန်ပြီး
အိမ်ကိုလဲမေ့ မိဘကိုလဲ သတိမရခဲ့မိဘူး။

...............,,,,,,,,............

"" အကို ကျွန်မ ပိုက်ဆံ ၂သိန်း ပြန်ပေးတော့ ""

:: "" အဲ့ ပိုက်ဆံတွေက ငါနဲ့ မင်း ဟိုတယ် သွားတုန်းက
လုပ်နေတဲ့ ပုံတွေ video ခွေ ထွက်လာလို့ ဝယ်လိုက်ရပြီ
ပေးလို့မရတော့ဘူး"" ::

ကျွန်မ ဘာဆက်ပြောရမှန်း မသိတော့ဘူး
ကျွန်မဆီက ပိုက်ဆံရတိုင်း သူတို့ သူငယ်ချင်းတွေ
ဘီယာဆိုင် ရောက်နေခဲ့တာကို
ကျွန်မ သိသိရက်နဲ့ ပေးခဲ့တာ သူမို့လို့ ပြောထွက်ရက်တယ်။

"" မနောက်ပါနဲ့ အကိုရယ်
အခုကျွန်မ အမေ ​ဆေးဖိုးဝါးခ လိုအပ်လို့ တောင်းရတာပါ ""

:: "" မင်းတော်တော် ပြောရခက်တာပဲ
ဒီမှာကြည့် မင်းပုံတွေ
ဒီ ပုံတွေ facebook ပေါ်မှာ
ပလူမပျံချင်ရင် ပိုက်ဆံ ၅သိန်းနဲ့ လာရွေး
မပေးရင် video ပါ တင်ပစ်မယ်"" ::

သူကျွန်မကို ဟိုတယ်ခေါ်တုန်းက ကျွန်မ
ဝတ်လစ်စလစ် ပုံတွေ သူရိုက်ခဲ့တာ
ဒီလိုတွေ အောက်တန်းကျမယ်မှန်း
ကျွန်မ မတွေးမိခဲ့တာ အမှန်ပါ။

ကျွန်မ crush လေးကို ချစ်တယ်
သူ့ကို ကြံဖန် အထင်ကြီးခဲ့သလို
အမြဲ လေးလေးစားစား ဆက်ဆံ ခဲ့သူပါ။

~~ ကျွန်မ ဝမ်းနည်းတယ်
အရှက်ကွဲမှာ ဆိုးလို့ မဟုတ်ဘူး
ယုံကြည်မူတွေ ရိုက်ချိုးခံရလို့ပါ။ ~~

..............,,,,,,,.............

ပိုက်ဆံ ၅သိန်း ကျွန်မ ဘယ်လို ရှာရမလဲ..???

အဲ့ပိုက်ဆံတွေ ပေးလိုက်ပြီ ထားပါတော့
ထိုသူမှာ နောက်တစ်ခါ မခြိမ်းခြောက်ဖူးလို့ ပြောနိုင်လား??
ပုံတွေကို public network ပေါ် မတင်ပါဘူးလို့
အာမခံနိုင်လား??

**မယုံကြည်ရသူကို ထပ်ပြီး မယုံကြည့်တာ
အကောင်းဆုံးပါ**
** အကျင့်ယုတ်တဲ့သူက အခုတခါပဲ
ယုတ်ပါမယ်လို့ အတိအကျ မပြောနိုင်ဘူးလေ**

ကျွန်မ တစ်ခါပဲ နုံအ တာခံမယ်
နောက်တစ်ခါတော့ မရဘူး။

ပိုက်ဆံ ၅သိန်းရှာပေးမှာ မဟုတ်သလို
ထိုသူကို ကျွန်မ ကြောက်နေစရာ မလိုပါဘူး။

** အရာတစ်ခုကို ကြောက်ရွံ့ နေမှာထက်စာရင်
ကျွန်မရင်ဆိုင်လိုက်သင့်တယ်။**

ကျွန်မဘက်မှာ အမှန်တရား တစ်ခုတော့ ရှိတယ်
အဲ့ဒါ ကျွန်မ မည်သူ တစ်ဦးတစ်ယောက်အပေါ်မှ
မယုတ်မာ ခဲ့တာပဲ။

.............,,,,,,,...........

ကျွန်မ ရဲ့ ဓာတ်ပုံတွေ public network ပေါ်
ရောက်လာခဲ့တယ်။

ကျွန်မ လဲကျနေချိန်မှာ တခြားသူ မပြောနဲ့
ကျွန်မ မိသားစု အပါအဝင် ဆွေမျိုးတွေကပါ
ကျွန်မကို ချောက် နက်ထဲ ရောက်အောင် တွန်းချပစ်ကျတယ်။

အဖေက ကျွန်မကို ဖာသည်မတဲ့
အကိုက ကျွန်မကို လက်သီးနဲ့ထိုးတယ်
ညီမလေးက ကျွန်မကို အမတော်ရတာ ရှက်လို့တဲ့
အမေကတော့ ဒီကိစ္စ ကို မသိသေးဘူး။

ဆွေမျိုးတွေက ကျွန်မကို ပြောတာ ရစရာ မရှိဘူး
တပြားမတန်အောင် အပြောခံရတယ်ဆိုတာမျိုးပေါ့။

အဖေ ပြောတဲ့ ဖာသည်မ ဆိုတာ အဖေ့ရဲ့ သမီးပါ
အဖေက ဖာသည်မ အဖေ ပေါ့။

အကို လက်သီးနဲ့ ထိုးတာ အကို့ ညီမ ပါ
ကျွန်မလဲ ဒဏ်ရာ ရခဲ့သလို အကိုလဲ ဝမ်းနည်းမှာပါ
ဘယ်သူက အကျိုးရှိသွားလို့လဲ။

ညီမ လေးက အမတော်ရမှာ ရှက်တယ်တဲ့
ကျွန်မ ကြောင့် သူ ဂုဏ်ယူခဲ့တဲ့ အကြိမ်တွေ
၁၀ကြိမ်မက ရှိခဲ့တာ သူခဏလေးနဲ့ မေ့လိုက်နိုင်တယ်။

ဆွေမျိုးတွေ ....
သူတို့ ပြောနေတာ သူတို့ ရဲ့ တူမ
သူတို့ရဲ့ မြေး
သူတို့ရဲ့ တစ်ဝမ်းကွဲ မောင်နှမ ဆိုတာ
မေ့နေကျတယ်။
ကျွန်မကို သိမ်ငယ်အောင် တစ်ခါပြောတိုင်း
သူတို့လဲ ဘယ်လောက် တန်ဖိုးနိမ့်သွားလဲ မသိကျဘူး။

## ကျွန်မကို အားပေးမယ့်သူ မရှိဘူး
ဖြောင်းဖျမယ့်သူ မရှိဘူး
မျက်ရည်သုတ်ပေးမယ့်သူ မရှိဘူး##

အကုန်လုံး က ကျောခိုင်းထားကျတယ်။

ကျွန်မအကြောင်းမသိသေးတဲ့
ကျွန်မ အမေရဲ့ မျက်နှာလေး
မြင်ယောင်ပြီး ကျွန်မ ရှိုတ်ကြီးတငင် ငိုချလိုက်ပါတယ်။

** ကျွန်မ အရှုံး မပေးဘူး
ကျွန်မကို တွန်းချတဲ့ သူတွေရှေ့မှာ ကျွန်မ ဘယ်တော့မှ
မလဲကျပြဘူး။

ကျွန်မ မှားရင် ကျွန်မ ပြင်မယ်။
ချော်လဲရင် ပြန်ကုန်းထမယ်။
ကျွန်မ အမြဲနိုင်တယ်။
ကျွန်မဟာ အရမ်းတော်တဲ့ မိန်းမတယောက် ဖြစ်တယ်။**

..............,,,,,,,,..........

:: "" ဘယ်လိုလဲ ပထမဆုံး lesson မှာ
တော်တော်အီသွားလား ပိုက်ဆံ မယူလာရင်
ဒုတိယ lesson video ရှိသေးတယ်နော်""::

ကျွန်မ မဲ့ပြုံးပြုံး လိုက်တယ်။

"" ကျေးဇူးပဲနော် နာမည်ကြီးအောင် လုပ်ပေးလို့ ""

::"" သိပ်နာမည်ကြီးချင်နေရင်
Video လေး ခံစားလိုက်ပေါ့ ""::

"" အိုကေပါ
ဒါနဲ့ ကျွန်မ ပိုက်ဆံ ၂သိန်းဘယ်တော့ ပြန်ဆပ်မလဲ""

::"" ဆုတောင်းလေ ဆုတောင်း ""::

"" ဆုတောင်းစရာမလိုပါဘူး သိပ်မကြာခင်
ဖင်ပြောင်ပုံတွေနဲ့ facebook ပေါ်မှာ
နာမည်ကြီးနေတဲ့
မိန်းမက fb ဆယ်လီ
ရှင့်ကို ပိုက်ဆံ ၂သိန်းနဲ့ အိပ်ခဲ့ကြောင်း
လူတွေကိုချပြရုံပဲလေ။""

::"" လုပ်ရဲရင်လုပ်ပေါ့ ""::

"" မလုပ်ရဲစရာ ဘာမှ မရှိဘူး
ကျွန်မရဲ့ အကို ရှင့်ကို တုတ်နဲ့ လာမရိုက်ပါစေနဲ့လို့ရယ်
ရှင့်အိမ်ကို ရပ်ကွက်ထဲကလူတွေ မီးနဲ့ ဝိုင်းမရှို့  ဖို့
ဘုရားရှိခိုးထားလိုက်တော့ ""

ကျွန်မ လုပ်ခဲ့တဲ့ အပြစ်အတွက် ကျွန်မ ဖြေရှင်းမယ်။
အမှန်အတိုင်း ကျွန်မ ဝန်ခံမယ်။

** အမှန်တရားဆိုတာ ခါးသီးပေမယ်
လူတွေချစ်မြတ်နိုးကျ တဲ့အရာပါ **

...............,,,,,,,,.............

ကျွန်မ ထိုသူနဲ့ chat ခဲ့တဲ့ screen shot တွေ
သူနဲ့ ကျွန်မ တွဲရိုက်ခဲ့တဲ့ ရှားရှားပါးပါး ဓာတ်ပုံ ၂ပုံရယ်
ဟိုတယ်ခန်းထဲက ကျွန်မပုံတွေထဲကမှ
သူ့ မျက်နှာ တစောင်းပုံကို သူ့အလှပုံ နဲ့
ယှဉ်ပြီး ထပ်တူညီကြောင်း သက်သေပြတဲ့

ပုံတွေနဲ့အတူ
ကျွန်မ အကြောင်းကို public network မှာ
ဖွင့်ချ ပြခဲ့ပါတယ်။

** အမှား တစ်ခုကို ဖြေရှင်းပြတဲ့အခါမှာ
အလှ ပဆုံး စကားတွေနဲ့အတူ ရိုးသားမူ
အမှန်တရားတွေ လိုအပ်တယ်
ဒါမှလဲ ကျွန်မအပေါ် လူသားတွေ
နားလည်လက်ခံပေးမှာပါ **

++ ကျွန်မ ချစ်ရတဲ့ သူနဲ့ ကျွန်မအိပ်မိတယ်။
ဒါက မိန်းမတစ်ယောက်ရဲ့. လောဘပါ
ယောက်ျားတစ်ယောက်ကို ထိုနည်းနဲ့
စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်ခွင့်ရမယ်
ထင်ခဲ့မိတယ်။

ခေတ်ကာလ အရ ထိုကိစ္စမှာ လူငယ်တွေကြား
ဆန်းပြားမူ တစ်ခုတော့ မဟုတ်ပါဘူး။

ကျွန်မ လူတစ်ယောက်ကိုချစ်တယ်
ချစ်တဲ့အတွတ် လေးစားတယ်
အထင်ကြီးတယ် ဒါကြောင့်
ထိုသူ လိုအပ်ပါတယ်ဆိုလို့
အိမ်ရဲ့ မပြေလည်မူအောက်ကနေ
ကျွန်မ ပိုက်ဆံ ၂သိန်း ထုတ်လာခဲ့ပါတယ်။

အဲ့ပိုက်ဆံတွေက ကျွန်မ အလှူလုပ်ခဲ့တာ မဟုတ်ပါဘူး
ပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ချေးပေးခဲ့တာပါ။
လူတယောက်နဲ့ တစ်ယောက်
စာရွက်​ စာတန်း တွေထက် ပိုယုံကြည်လို့
အမှတ်အသား အသိသက်သေတွေ မထားခဲ့မိပါဘူး

ဒါပေမယ့်
Scrren shot ထဲက စာသားတွေက
ကျွန်မဘက်မှာ ရှိမယ့်လို့တော့ မျှော်လင့်မိပါတယ်။

ကျွန်မအမေ ဆေးဖိုးအတွက် ကျွန်မပိုက်ဆံလေး
ပေးချင်လို့ ချေးငွေ ပြန်တောင်းတဲ့အချိန်မှာ
ကျွန်မအား ပိုက်ဆံ ပြန်မပေးတဲ့ အပြင်
ပိုက်ဆံ ၅သိန်းငွေညစ် ပါသည်။
၅သိန်းဆိုသည်မှာ ကျွန်မအိမ်အတွက်
ကြီးမားတဲ့ ငွေအမောက်ပါ။

ကျွန်မတို့ မိသားစုက သာမာန် မိသားစု
ဖြစ်တဲ့အပြင် ကျွန်မအမေ
ကျန်မားရေးအခြေအနေကြောင့်
ငွေ ခက်ခဲနေတဲ့ အချိန်မှာ
ကျွန်မ မပေးနိုင်တဲ့ ပိုက်ဆံ အတွက်
ကျွန်မ အရှက်ကွဲခဲ့ရပါတယ်။

အခုကိစ္စက
ကွဲနေတဲ့ အရှက် သိက္ခာ အတွက်
ကျွန်မ ပြန်လည် ဖြေရှင်းခြင်း မဟုတ်ပါဘူး။

ကျွန်မ ပုံတွေ ကို လက်ညိုးထိုးပြီး
တစ်ယောက်ထဲ ကဲ့ရဲ့ခံ နေမှာထက်စာရင်
ကျူးလွန်သူ လူနောက်တစ်ယောက်ပါ
ရှိလာတော့ ကျွန်မ နည်းနည်းတော့ ပေါ့လျော့ပြီး
အပြစ်ပြောခံရတာ လွတ်ငြိမ်းမယ်လို့
ထင်မြင်ယူဆမိလို့ပါ။ ++

............,,,,,,,,,,,,................

** လူတွေက လူသားအချင်းချင်း မစာနာတတ်ကျဘူး။
အပြစ်တစ်ခုတွေ့ရင် ဘာကြောင့်ဆိုတဲ့ အကြောင်းရင်းကို ရှာဖွေပြီး
နားလည်ပေးဖို့ထက်

အလွယ်နည်းဖြစ်တဲ့ လက်ညိုးထိုး အော်ဟစ် ဆဲဆို ကြပါတယ်။
ကျွန်မ မှားရင် ကျွန်မကို ဝိုင်းပြီး ပြောဆိုကျမယ်
ကျွန်မကို ပြောလို့ ဝ ရင် နောက်တစ်ယောက်ကို ပြောဆိုဖို့
သူတို့ ရှာဖွေကျတော့မယ်။ **

** ခြိမ်းခြောက်တိုင်း ကျွန်မတို့ ကြောက်နေဖို့ မလိုအပ်ပါဘူး
ကျွန်မတို့ သူများအပေါ်မယုတ်မာခဲ့ကျဘူး
သူများ ဘဝတွေ ပျက်စီးအောင် မလုပ်ခဲ့ကျဘူး
လိမ်ညာ လှည်းဖျားမူတွေ ကျွန်မတို့မှာ မရှိခဲ့ကျဘူးဆိုရင်
ကျွန်မတို့ ရင်ဆိုင်လိုက်ကျရအောင်ပါ။ **

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်​ဖွယ်​ရာ​_​ဗဟုသုတရွာ)
Written by - Eaint hnine han

Post a Comment