နက္ခတ်​ စုံတဲ့ညနဲ့ သက်ဝင်ပန်ချီကား

#နက္ခစုံတဲ့ညနှင့်သက်ဝင်ပန်းချီးကား (စ/ဆုံး)
မေပန်းချီ နာမည်နဲ့လိုက်အောင်ကို ပန်းချီပညာကို လေ့လာနေတဲ့ပန်းချီဆရာမလေးတစ်ယောက်ပါ။ ငယ်ငယ်ကတည်းက ပန်းချီပညာကို လေ့လာလိုက်စားတဲ့သူ။မေလေးတွက်ပုံဆွဲချိန်ဆို အရာရာကိုအဆက်အသွယ်ပြတ်သွားအောင်ဈာန်ဝင်စားသွားတော့သည်။ အဲဒါကြောင့်ဘဲ စိုးရိမ်တတ်တဲ့ မိဘနှစ်ပါးနဲ့ . အအိပ်အစားမမှန်တာကြောင့်အမြဲဆူခံရတော့လေသည်။
တိန်းးးးးးတောင်. .အိမ်ရှေ့က ဘေလ် မြည်သံ။
သိလိုက်ပြီးသူငယ် သဇင်လာပြီဆိုတာကို။တွေးရုံဘဲရှိသေးတယ်
မေလေးရေ. မေလေးရေ
ဟာ. ဘယ်မှာလဲ ။
ငါ့အိပ်ခန်းမှာသဇင်တက်လာခဲ့။
အန်တီစန်းနေကောင်းလာ သဇင် မေးသံနဲ့တူ ။ မေလေးမိခင် ဒေါ်ခင်စန်းတစ်ယောက် ပြုံးလိုက်ယင်း ကောင်းတယ်သမီးရေ။ သမီးသူငယ်ချင်းကိုလည်းပြောအုန်း။ပန်းချီ ဆွဲတာလည်ဆွဲ။အရမ်းညမနက်စေနဲ့လို့ အကြံပေးအုန်းကွယ်။
ဟုတ်. .ဟုတ် အန်တီ။ အန်တီက သမီးကျန်းမာရေးကိုစိတ်ပူလို့ပါကွယ်။သမီးတို့က ငယ်သူငယ်ချင်းအရင်းတွေ တစ်ယောက်စကားတစ်ယောက်နားထောင်ကြတော့ တစ်ယောက်နဲ့တစ်ယောက် အကြံပေးရင်း တစ်သက်လုံးခင်မင်သွားကြရမှာ။
သမီးလေးအချစ်ဆုံးသူငယ်ချင်းဆိုလို့ သဇင်ဘဲရှိတာကိုး။
ဟုတ်အန်တီ။ သမီးသူကို ပြောလိုက်မယ်။မရရင် ရိုက်ပြီးဆုံးမလိုက်မယ်။ဟီးးဟီးးးး. .သမီးအဆင်ပြေသလိုသာလုပ်တော့။အန်တီက သမီးနဲ့ဆို စိတ်ချပြီးသား။
သဇင်. .သဇင်ရေ. . ဟော့ သမီးခေါ်နေပြီး။ သွားးးသွားးးး သမီးလက်ဖက်စားအုန်းမလား။အန်တီယူခဲ့မယ်။ ရတယ်အန်တီ။
သမီးမစားတော့ဘူး။
အေးအေးး
သဇင်ရေ ကြာလိုက်တာအယ်။ နင့်အိမ်ရှေ့ကအဝင်နဲ့ငါ့အခန်းလာတဲ့လမ်းအဲလောက်ကြာလာဟင်။အမေလေး မယ်မင်းကြီးမရေ။
ညည်းလေးကတော့ ရစ်တော့မယ်။အန်တီနဲ့စကားပြောနေလို့ဟ။
နင်အကြောင်းကို အန်တီက တိုင်နေတာနော်။
နင်ကလည်းးးး ငါဘာဖြစ်နေလို့လဲ။
ညနက်တဲ့ထိ ပုံဆွဲနေတာလေ။နင်ကလည်းဟုတ်နေတာဘဲ။ကိုယ့်ကို လည်းပြန်ကြည့်အုန်း လူကပိန်ပိန်ပါးပါးလေး။အဲလို လုပ်နေကျန်းမာရေထိခိုက်အုန်းမယ်။
ဟာ. . နင်ပြောမှသတိရတယ်ကျန်း။ သဇင် နင့်ကိုခေါ်တာပူဆာစရာရှိလို့ ။ဟင်းးးး နင်တော့လုပ်ပြီ။
ငါ့မှာ ခင်စရာမောင်နှမလည်းမရှိဘူး သူငယ်ချင်းဆိုလို့ ငယ်ငယ်ကတည်းက ခင်တာနင်ဘဲရှိတာကိုး။
အင်းးး မေလေး နင်ဓာတ်ပြားဟောင်းကြီးနားမထောင်နိုင်ဘူး။
ပြော. . ဘာလုပ်ချင်တာလဲ. .
ဟဟဟ ဒါမှ ငါ့ သူငယ်ချင်းကြီး ။အားကြောင့်ချစ်တာ မွ. . မွ. .
ဟာတော်ပြီလေ။ မေလေးနော်. . မေလေး. .
ကဲပြောစမ်းပါအုန်း . . . 
ငါ့ပန်းချီဆွဲချင်လို့. . အဲဒါများ ဆွဲလေ။ဟုတ်ဘူးးး. .အိမ်မှာဟုတ်ဘူး
ဟင်. . ဟုတ်တယ်သဇင်ရေ။ ဖေဖေဝယ်ထားတဲ့
အိမ်ကြီးရှိတယ်လေ။ ငါ့ အဲအိမ်မှာအေးအေးဆေးဆေးဆွဲချင်လို့။
ဟင်းးးးးနင်တော့လုပ်ပြီ။
နင်တွေးကြည့်လေ ငါ့တို့နှစ်ယောက်ခရီးမထွက်ကြာပြီလေ။
အင်းးးးဟုတ်တယ်နော်။
အားကြောင့် တူတူသွားမယ်။အဲမြို့လေးမှာလျှောက်လည်ကြမယ်။ပြီးရင် ညဘက် ပုံဆွဲမယ်။အဲခြံက အကျယ်ကြီးဘဲ။ပျင်းအိမ်လေးနဲ့အေးချမ်းပြီးအရမ်းနေချင်စရာကောင်းတာ။ဒီမှာက တိုက်ခန်းနဲ့ဆို တော့သိပ် ခံစားလို့မရဘူး။အိမ်ဘေးနားက ကောင်လေးတွေဘောက်တွေသကုန်ဖွင့်ပြီး မြူ နေကြတာ။ငါ့မှာ ဘာမှကို ခံစားလို့မရဘူး။
သူငယ်ချင်းရေ. .သွားရအောင်နော်. .နော်. . နော်
ကျန်း. . . ခုမှကြည့်မိတယ် ငါ့သူငယ်ချင်းလေး လှနေတာ။
မေလေးနော်. . မေလေး . .  လာဖော နေပြီ။
အင်းပါ. .အင်းပါ . .
အားးးးးး ဟာဘဖြစ်တာလဲ မေလေး
ပျော်လို့အော်တာလေ။ နင်ကတော့လေ. . နှစ်ယောက်သားရယ်မိတော့တယ်။
နှစ်ယောက်လုံးက တစ်ဦးတည်းသမီးတွေ အိမ်နီးနားချင်းတွေဖြစ်တော့ငယ်ကတည်းက ခင်လာကြတာနှစ်တွေတောင်ဆွေးနေပြီ။သဇင်က မောင်လေးညမလေးလိုချင်သလောက် မေလေးက အကိုတွေအမတွေအရမ်းလိုချင်တာ။ သဇင်နဲ့မေလေးမှာ သဇင်က မေလေးထက် ၅ လလောက်ကွာတော့ သဇင်ကမေလေးဆို ညမလေးသဘောထားပြီး အလျော့ပေး မေလေးက သဇင်ပေါ်သူငယ်ချင်းလို့အမတစ်ယောက်လို့ဂျီးကျရင်ကြီးပြင်းလာခဲ့တာ ခုဆို အသက် 20 အရွယ်ထိရောက်ခဲ့ပြီ။
ဟေးးးသဇင် ဘာတွေတွေးနေတာလဲ။ဘာမှမတွေးပါဘူး။
အားဆို. .အောက်မှာ မေမေနဲ့ဖေဖေကို ခွင့်သွားတောင်းမယ်။
Ok. . .let go !
မေလေးတစ်ယောက် သဇင်လက်ကိုကိုင်ရင်း လှေကားပေါ်က ပြေးဆင်းလာမိတယ်။
အမေလေး. .သမီးရေ။ ခလေးလည်းမဟုတ်တော့ဘူး။
ဖြေဖြေဆင်းလေ. .ဖေဖေနဲ့မေမေကို ပြောစရာရှိလို့။
ဖေဖေက သတင်းစာဖတ်တာချလိုက်ရင်း ငါ့သမီးနှစ်ယောက်အိမ်ပေါ်မှာခေါင်းချင်းဆိုင်နေတယ်ဆိုတာ မေကြီး ပြောပြီးကတည်းက ဖေကြီးသိနေတယ်လေ။ ကဲ. .ဘာလုပ်ချင်ပြန်ပြီးလဲ သမီလေး။
သဇင်လေးကိုယော ဘာတွေပူဆာထားပြန်ပြီးလေ။
ဖေဖေသမီးတို့ ခရီးသွားချင်လို့။ ဟေးးးးးး ဘယ်ကိုလဲ. .
ဖေကြီး စစ်တွေ မှာဖေကြီးဝယ်ထားတဲ့အိမ်လေ။ အဲအိမ်ကိုသွားချင်လို့ ။ ပြီးရင် စစ်တွေ ကသူငယ်ချင်းတွေနဲ့မတွေ့တာကြာပြီ။ သဇင်လည်းမရောက်ဖူးသေးဘူး။အဲဒါသမီးက ဖေကြီးမွေးရပ်မြေ ဘယ်လောက်သာယာလဲ ။ ပင်လယ်ပြာပြာကြီးနဲ့ဘယ်လောက်ပျော်ဖို့ကောင်းလဲ သွားပြမလို့။
အင်းးးးး မိန်းမသဘောယော။ သမီးလေးက စစ်တွေ ကိုရောက်ဖူးတော့ လမ်းတွေလည်းသိနေတာဘဲ။ ပြီးရင် အဲဒီမှာ မောင့်ညီလည်းရှိနေတာဘဲ။ သဇင်လေးလည်း မရောက်ဖူးသေးဘူး။သွားပါစေ။
ဒါမှ မေကြီးးးးးး မွ. . .မွ
မိချွှေးလေး။ ဒါမဲ့ အစစအရာရာသတိထားပါ။ သဇင်ယော အိမ်ကိုပြောပြီးပြီလာ။ ပြောရသေးဘူး။ဒီက အဆင်ပြေရင် အိမ်မှာမေလေးပါလိုက်ပြီး သွားပြောကြမလို့ပါ။ အော်. . .အကြံကြီးပကွယ်။ သဇင်နဲ့မေလေး နှစ်ယောက်သားပြုံးမိတယ်။ သမီးတို့နှစ်ယောက်က ခရီးတွေလည်းထွက် ဘုရားဖူးတွေလည်းတူတူသွားနေကြဆိုတော့ အရင်သွားနေကြအတိုင်းဘဲ တစ်ယောက်ပေါ်တစ်ယောက်အားကိုးအမှီပြု ရင်း သွားကြပါ။
ဟုတ်. . .အန်တီ !
ဟုတ်. . မေမေ ။
လာ. . .သဇင် ဒီဘက်တော့အဆင်ပြေပြီး ။ နင်အိမ်အလှည့်ဘဲ
Let go !
ဒေါ်ခင်စန်းတို့လင်မယားနှစ်ယောက်လည်းခလေးတွေကြည့်ရင်းပြုံးမိတယ်။ ဒီခလေးနှစ်ယောက်ကို သမီးရင်းလို့ဘဲ ဟိုဘက်ဒီဘက် မိဘတွေက ချစ်ကြတာလေ။
အန်တီမှုံ. .အန်တီမှုံ
သမီးမေလေးရေ အန်တီနောက်မှာကွယ် ထမင်းစားခန်းလာခဲ့။
သမီးလေးနဲ့တူလာတာကို .
ဟုတ်..အန်တီ
မေမေ . . .မေမေကို ခွင့်တောင်းစရာရှိလို့ သဇင်ပြောသံနဲ့တူ
ဒေါ်နှင်းမှုံတစ်ယောက် ဟင်းချက်နေတဲ့ ဟင်းအိုး ပလက်ပေါက်ကိုဖြုတ်ရင်း အိမ်ရှေ့သွားကြ။မေမေလက်ဆေးပြီး လိုက်လာခဲ့မယ်။
ဟုတ်. .မေမေ
ဟုတ်. .အန်တီ နှစ်ယောက်သားပြိုင်တူပြောရင်း ဧည့်ခန်းဆီထွက်လာခဲ့တယ်။ ကဲ. .ပြောပါအုန်း ကွယ်။
မေမေသမီးတို့ ခရီးသွားမလို့။အဲဒါမေမေကိုလာခွင့်တောင်းတာ သဇင်ပြောသံအပြီး မေလေးက ဟုတ်တယ် အန်တီ သမီးတို့တူတူသွားမှာ
ဘယ်ကိုသွားမှာလဲ သမီးသဇင် !
မေလေး အဖေမွေးရပ်မြေ စစ်တွေ မြို့ကိုသွားမှာပါ။မေမေ။
သမီးမရောက်ဖူးသေးတာနဲ့ မေလေးကလည်းသွားချင်တယ်ဆိုတာနဲ့ သမီးတို့နှစ်ယောက်စီစဉ်ထားတာပါ။ သမီးသွားမယ်ဆို မေမေက ခွင့်ပြုပါတယ် သမီးလေးတို့နှစ်ယောက်ကို တစ်မြို့တည်းမှာဘဲကျင်လည်နေတာမျိုးမေမေ မဖြစ်ချင်ဘူး။ဗဟုသုတာဆို နေရာတိုင်းမှာရှိနေတယ်။ခရီးများများထွက်ရင်ပြင်ပ ဗဟုသုတကျယ်ပြန့်ပြီးအမြင်ကျယ်လာတယ်။ခရီးသွားရင်းကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုတွေရှိပြီး လူပေါင်းဆန့်အမြင်ကျယ်လာတယ်။ မေမေ လွတ်ပါတယ်။
အန်တီမှုံ . .ဟိုမှာ မေလေးဦးလေးရှိပါတယ်။အိမ်ကလည်းအဆင်သင့်ရှိပါတယ်။အန်တီမှုံစိတ်ပူပါနဲ့။ အင်းပါသမီးရေ. . .
သမီးသဇင် . .ရှင်မေမေ
မေလေးပိုလည်းဂရုစိုက်နော်. .ဟုတ်မေမေ
သမီးတို့နှစ်ယောက်မှာ သမီးကအကြီး ။မေလေးက ခလေးဆန်တယ်။သမီးက လမ်းခရီမှာဂရုစိုက်နော်။ မေမေအတွက် သမီးတို့နှစ်ယောက်လုံးက သမီးတွေပါဘဲ။
မေလေးလည်းသဇင်စကားနားထောင်။ဘယ်သွားသွားဘယ်လာလာ သဇင်နဲ့တိုင်တိုင်ပင်ပင်လုပ်နော်သမီးလေး။
ဟုတ်. .အန်တီမှုံ။
လေယာဉ်နဲ့သွားမှာလာ ။ဟုတ် အန်တီမှုံ. . .
အားဆိုပြင်ဆင်ကြတော့နော်။
ဝှီးးးးးးးဝှီးးးးးးးးး လေယာဉ်ဆင်းသံနဲ့တူ
မေလေးနဲ့သဇင် စစ်တွေမြို့သို့ရောက်ရှိလာကြတယ်။
သဇင်. .ဟိုမှာဦးလေး . . . ဟာ. . နင်နဲ့တူတယ်နော်။ ငါ့က အဖေဘက်ကလူတွေနဲ့တူတယ် ဟ။အော်. .အဲလိုလား။အဲလို. .အဲလို. . .
ဦးလေးအောင်. . .ဟင် သမီးမေလေး။ ကျန်. .ဦးလေးက လိုက်ရှာနေတာ။သမီးကဆံပင်တွေရှည်ပြီး အပျို ကြီးဖြစ်သွားတာခလေးရုပ်နဲ့ အရမ်းကွာသွားတာကို။ ဦးလေးက မြှောက်နေပြီ။ တူမလေးတို့နှစ်ယောက်လာ ။ဦးလေးမှာကားပါတယ်။ ဟုတ် အိတ်ယူရအုန်းမယ်။ ပေးပေး. . ဦးလေး သယ်လိုက်မယ်။ မေလေးနဲ့သဇင်ကတော့ အဝတ်အိတ်ကို ကိုယ့်ဘာသာသယ်ရင်း ဦးလေးကတော့မေလေး ပန်းချီ ပစ္စည်းထည့်လာတဲ့အိတ်သယ်ယူလာတော့တယ်။ ဟောဒါ . .သမီးလေးတို့နေမယ်အိမ်။ ဒီအိမ်မှာတော့သမီးတို့နှစ်ယောက်ဘဲ။ဟိုဘက်ခြံက ဦးလေးခြံ။အကူညီလိုရင် Phဆက်နော်။တကယ်လို့လူလိုရင် အိမ်က ကောင်မလေးတစ်ယောက်ကိုလွတ်လိုက်မယ်။ဟာ. .ရတယ်ဦးလေး ။မေလေးစကားသံနဲ့တူ သဇင်ကပါရတယ်ဦးလေးလို့။ပြန်ဖြေလိုက်မိတယ်။
ဒါမဲ့သမီးနှစ်ယောက်လုးံထမင်းတော့ ဦးလေးအိမ်မှာစီစဉ်ထားတယ်နော်။ဦးလေး သမီးတို့အပြင်သွားမယ်ချိန် ph ဆက်လိုက်နော်။ဦးလေး အလုပ်က လမ်းကျွမ်းတဲ့ကောင်လေးတစ်ယောက်ကိုသမီးတို့သွားချင်တဲ့နေရာပို့ရအောင်စီစဉ်ပေးထားတယ်။ဦးလေးက အလုပ်တစ်ဖက်နဲ့မို့ မလိုက်ပေးနိုင်ဘူးသမီးတိုရေ။ရပါတယ်ဦးလေး။
အင်းးးးးဒါဆို သမီးတို့ပင်ပန်းလာတာဘဲနာလိုက်အုန်း။
ဟုတ်. . .ဦးလေး ။နှစ်ယောက်လုံး ဦးလေးအောင်ကိုနှုတ်ဆက်ရင်း ခြံထဲဝင်လာမိတယ်။ မေလေး. . .အင်းးသဇင်ပြောလေ။
ခြံကကျယ်ကြီးဘဲနော်။အိမိကလည်း ပျဉ်ထောင်အိမ်ကြီး အကြီးကြီးဘဲနော်။ခြံထဲတောင်အေးစိမ့်နေတာဘဲ။အေးကွန်မလိုဘူး။ မိုက်မှမိုက်ဘဲ။အေးပါဟယ်။ အိမ်ပေါ်တက်ကြတော့မယ်။ အင်း. .အင်းးး
ကျွှီးးးးးးးးးတံခါးမကြီးကိုဖွင့်လိုက်သံနဲ့တူ အိမ်ထဲလည်းအေးစိမ့်နေတာဘဲ။ ငါ့အအေးကြိုက်တာနဲ့တော့ ကိုက်တယ်မေလေး။
ညနေဘက် နှစ်ယောက်သားရေမိုးချိုးပြီးချိန် . .
သဇင်. .မေလေးခေါ်သံကြောင့်လှည့်ကြည့်လိုက်မိတယ်။ညနေ ပင်လယ်ကမ်းနားလေညှင်းခံသွားကြမယ်။ အင်းးးသွားကြမယ်လေး မေလေး။ ငါ့ ဦလေးကို ph ဆက်လိုက်မယ်။ အင်. .အင်း. .
×09. . . . ×××××တူ. . .တူ. . .
ဟယ်လို တစ်ဖက်က ဦးလေးအောင် အသံ။ ဦးလေး သမီးမေလေးပါ။
အင်းးးသမီးပြော. .မေလေးတို့အပြင်သွားချင်လို့။အဲ. . .အဲ
ဦးလေး ကားလွှတ်လိုက်မယ်။ ဟုတ်. .ဦးလေး. .
သဇင်ရေ ပြင်ပြီးပြီလာ ။ ဦးလေးကားလွှတ်လိုက်မယ်တဲ့။
ထိုစဉ်. .  တီ.. . တီ.. . . .ကားဟွန်းသံ ကြားလိုက်ရတော့သည်။
ဟာ. . .ဦးလေးက မြန်တာ။မြန်ဆို ဦးလေးက ဟိုဘက်အိမ်ကကိုး
သဇင်ရေ။ ငါ့သိပါတယ် ဟေ။
ကားပေါ်ရောက်တော့နှစ်ယောက်သား လျှောက်လည်ရင်း ကမ်းခြေနားအကင်တွေလျှောက်စားရင်း ဗိုက်တော်တော်ပြည့်သွားတယ်။
ကားမောင်းတဲ့ဦးလေးကို ဦးလေးသမီးတို့ပြန်တော့မယ်။အားဆို . .အိမ်ပြန်ကြမယ် တက်. . .တက်. . .
အိမ်ပြန်ရောက်တော့ မေလေး အခန်းတွေကများတယ်နော်။သဇင်ပြောသံနဲ့တူ မေလေးက ငါ့တို့တစ်ခန်းတည်းတူတူအိပ်ကြမယ်လေ။
သဇင်က . . .အင်း. . .ငါ့လည်းအဲလိုတွေးထားတယ်မေလေး။
နှစ်ယောက်တူတူအိပ်လိုက်တာ။ပင်ပန်းတာနဲ့ သဇင်တစ်ယောက်ဘယ်လောက်အိပ်ပျော်သွားမှန်းမသိ။ နိုးတဲ့ ချိန်အနားမှာ မေလေးတောင်ရှိမနေတော့ဘူး။နာရီကြည့်တော့ မနက် ၅ နာရီရှိပြီ ။
မေလေးနိုးတာစောလှချည်လား။အနားကအနွေးထည်လေး ဝတ်ရင်း အပြင်ထွက်လာမိလိုက်တယ်။ ဟင်း. . မေလေ ပန်းချီဆွဲနေတာပါလား။ ပုံက ပုံကြမ်းလေးတောင်တော်တော်ပြီးနေပြီ။ ဘယ်ချိန်ကတည်းက ဆွဲနေတာလည်းသိဘူး။အနားက မေလေး ပုခုံးကို ကိုင်ရင်း မေလေး ဘယ်ချိန်ကတည်းက ဆွဲနေတာလည်း။ဆွဲချိန်မှတ်မိတော့ဘူး သဇင်ရေ။ ငါ့စိတ်ထဲပုံဆွဲချင်တဲ့စိတ်ဖြစ်လာလို့ထဆွဲနေတာ။
မေလေး ဒီတစ်ခါ ပုံက ရှုခင်းပုံဟုတ်ဘူးနော်။
အင်းးးးဟုတ်တယ်. .သဇင်ရေ . . . . . .
ငါ့ ဆရာကတပည့်လက်ရာတွေစုပြီး ပြခန်းလေးတစ်ခုလုပ်မလို့တဲ့။ ခေါင်းစဉ်က မိန်းခလေးတစ်ယောက်ပုံစံကိုဆွဲရမှာဟ။
ဘယ်လိုပုံစံလဲ. . . မိန်းခလေးပုံစံက တောသူလေးပုံစံ။ရှေးခေတ်မိန်းမတွေပုံစံအမျိုးမျိုးဘဲဟာ။
အားဆို နင်ကဘာပုံဆွဲမှာလဲ။ ရှေးခေတ်က မိန်းမပျိုလေးတစ်ယောက်ပုံဆွဲမှာ။နင် ရှေးခေတ်က မြန်မာကားတွေကြည့်ဖူးတယ်မလား။ အဲလိုမိန်းမပျို လေးပုံဆွဲမှာ။ကိုယ်လုံးပေါ်ဆွဲမှာပေါ့။
ဟုတ်လာမေလေး။
ဟုတ်တယ်သဇင်ရေ. . .
နင်ခုတောင်ပုံကြမ်းတော်တော်ပြီးနေပြီ။
အင်းးးးးးအင်းးးးးးးဆက်ဆွဲနေ။ ငါ့ TVကြည့်လိုက် ဝတ္ထုဖတ်လိုက်စောင့်နေမယ်။ မေလေးလည်းဆက်ဆွဲနေတော့သည်။
သဇင်တစ်ယောက် နာရီကြည့်လိုက်တော့ နေ့လယ် ၁၁နာရီရှိပြီး မေလေး ကိုသွားကြည့်တော့ ပုံဆွဲကောင်းတုန်း။
ဟင်းးးးဟင်းးးးးးဒီဟာလေးနဲ့တော့မလွယ်ဘူး။ ဦးလေးအိမ်က ထမင်းသွားယူလိုက်အုန်းမယ်။ ဦးလေးအောင်. . .ဦးလေးအောင်. .
လှမ်းခေါ်လိုက်တော့ ကောင်မလေးတစ်ယောက်ထွက်လာလေတော့သည်။ မမ က ဟိုဘက်အိမ်က မမထင်တယ်။ထမင်းလာစားတာလား မမ။ ဟုတ်တယ် ညလေး။ ဦးလေးတို့က အလုပ်သွားပြီ မမရေ။ မမတို့ထမင်းလာစားရင် ထမင်းခူးပေးရအောင် ညမကိုမှာခဲ့တာ။
အော်. . . နောက်ထပ်မမတစ်ယောက်ယော။ သူက ပန်းချီဆွဲနေတယ် ညမရေ။ မလည်းဒီမှာမစားတော့ဘူး။ဂျိုင့်နဲ့နှစ်ယောက်စားထည့်ပေးလိုက်ပါလား။
ဟုတ်မမ. . .
ယော့. . .မမ ထမင်းဂျိုင်း. . .အေးအေး. .ကျေးဇူးဘဲနော်။
သဇင်တစ်ယောက်အိမ်ပြန်ရောက်တာတောင် မေလေးက သတိမထားမိရှာဘူး။ အိမ်နောက်ဖေးခန်းထဲ ထမင်းတွေ ဂျိုင့်ကပြောင်းထည့် ထမင်းခူးပြီးအိမ်ရှေ့ကို ထွက်လာမိတယ်။
မေလေးရေ. . . ၁၂ နာရီကျော်နေပြီး မနက်ကတည်းကဆွဲနေတာ ထမင်းစားရင်းနားအုန်း။ လာ ထမင်းခူးပြီးပြီ လက်ဆေးပြီးလာစားနော်။
ဝါးးးးးးးသိတတ်လိုက်တာ . . .သူငယ်ချင်းလေး
ထမင်းစားရင်း သဇင်က . . .
မေလေး နင်ကြည့်ရတာ ပုံဆွဲတာ အရမ်းမုဝင်နေတာဘဲ ။ အင်းးးးးငါ့ဒီနေ့ဆွဲရတာ အရမ်း feel ဖြစ်နေတာ။ဆွဲလက်စနဲ့ဆွဲနေတာ။
အင်းပါ. .ဆွဲရတာ feel ဖြစ်ရင်ဆွဲပါ မေလေးရေ. . .
ထမင်းစားပြီး. .မေလေးဆွဲနေတဲ့ပုံကိုသေချာကြည့်မိတယ် ပုံကြမ်းက တော်တော်လေးကိုပြီးနေပြီ။ ဒါမဲ့ ပုံကြမ်းမှာ လည်ပင်ကနေစဆွဲထားတာ။ လည်ပင်းမှ လည်ပင်းထိဘဲရှိပြီး အပေါ်ကိုဘာမှရှိမနေဘဲ အောက်ဘက်ကတော့ ပုံကြမ်းပြီးသွာပြီး။
မေလေး. . .ပုံက ခန္ဓာပိုင်းဘဲရှိသေးတယ်။ ခေါင်းယော သဇင်မေးသံကို မေလေးက . . .
ဟုတ်တယ်သဇင်ရေ ငါ့ကအောက်ပိုင်းပုံစံကို စဉ်းစားပြီးဆေးရောင်ခြယ်မယ့်အကျီ င်္ပုံစံ ထဘီချိတ်ပုံစံကို စဉ်းစားပြီးပြီး။ ဆံပင်ကို ထုံးရင်ကောင်းမလား။ တစ်ပတ်လျှိ တစ်ပတ်ရစ်ထုံးပြီးချရင်ကောင်းမလားတွေးနေလို့ လက်စမသတ်ဘဲထား ထားတာ။ အောက်ဘက်ပုံစံဆေးခြယ်ပြီးမှ လိုက်မယ့်ဆံပင်ပုံစံကို ဆွဲမလို့ထားထားတာ။
အော်. . . .အဲလို. . .လာ. . .စဉ်းစားရင်းသဇင် ပြောလိုက်မိတယ်။
မေလေးကတော့ဆက်ဆွဲနေဘယ်မဲ့သဇင်ကတော့ အိပ်လိုက်တာ ညနေ ၄ နာရီလောက်ထပြီး ရေမိုးချိုးလိုက်တယ်။ မေလေးကတော့ဆက်ဆွဲနေသေးတယ်။ညနေလည်းမနက်ကလိုဘဲထမင်းချိုင့်ယူရင်း မေလေးကို ကျွှေးလိုက်မိတယ်။ညနေ အိမ်ရှေ့ခန်း၌ Coffee သောက်ရင်း မေလေး နင့် Body ပုံစံကို အနုစိတ်တစ်နေကုန်ဆွဲထားတာ
အောက်ပိုင်းက အဆင်ပြေသွားပြီ မျက်နှာ ပုံဖော်တော့မှာပေါ့. . .ဟုတ်လာ. . .
ခြေထောက်နားလည်းလက်စသတ်ပြီးရင် မျက်နှာပုံစံဖော်ပြီး ဆံပင်ပုံစံအရင်ဆွဲလိုက်မယ်။
အေးပါ. . .အေးးပါ. . .  နင့်ကဆရာမကြီးဘဲ။ နင်လုပ်ချင်သလိုသာလုပ်တော့ ငါ့ Fb သုံးရင်းစောင့်နေမယ်။
အေး. . အေး. . . .သဇင်. . . . . !
အချိန်တွေကြာလာလိုက်. . . . .သဇင် နာရီကြည့်တော့  11 ရှိပြီ။
အင်းးးးး မေလေးကိုတော့ အိပ်ခိုင်းရတော့မယ်။ မနက်ကတည်းကဆွဲနေတာ မဟုတ်သေးပါဘူး။ နားခိုင်းရအုန်းမယ် တွေးရင် သဇင်တစ်ယောက်အိမ်ရှေ့ထွက်လာခဲ့လေသည်။
အိမ်ရှေ့ခန်း ပြတင်းပေါက်တွေ ဖွင့်ထားပြီး လိုက်ကာများလှုပ်ခတ်နေလေသည်။ ကောင်းကင်ကိုမော့ကြည့်တော့  လမင်းကြီးကို ဝိုင်းစက်နေတာဘဲ။ကြယ်တွေလည်းစုံနေတာဘဲ။ ဒီည ကောင်းကင်ပြင်မှာလပြည့်လည်းဖြစ် ကြယ်တွေစုံနေတာ သတိထားမိတယ်။လရောင်ရဲ့ အရိပ်က မေလေးဆွဲနေတဲ့ပုံကို အရိပ်တောင်ကျနေသေးတယ်။သဇင်နောက်ကတွေးနေရင်း မေလေးပန်းချီ ပုံကိုကြည့်ရင်း ခေါင်းပိုင်းမဆက်ရသေးတာရယ် မျက်နှာကို အချောမသတ်ရသေးတာကို လွှဲရင် လရောင်အောက်မှ တော်တော်အသက်ဝင်လာတယ်။
သဇင်တစ်ယောက်တွေးရင်း အတွေးဖြတ်လိုက်ပြီး မေလေးရေ (၁၁) ကျော်ပြီး အိပ်ရအောင်နော်။မနက်ကတည်းက ဆွဲနေတာ ။တော်ပြီးနော်။ ငါ့ မျက်နှာလည်း အချော သတ်ပြီး လည်ပင်းလေးဆက်မယ် ဆွဲကြိုးထည့်ရင် ရပြီး။ အားဆိုလည်း မနက်ကျမှ သေချာဆက်ဆွဲတော့နော်။ခု အားပြည့်အောင် အိပ်လိုက်နော်။
အင်းပါ. . အင်းပါ  . .သူငယ်ချင်း အမိန့်အတိုင်းပါကွယ်။
နှစ်ယောက်သားအိပ်ရာထဲရောက်ပြီး အိပ်မောမကျ တကျ ဖြစ်နေတဲ့ချိန် အိမ်ရှေ့က  တိန်. . . .တိန်.  . .  တိန်. . . . တိန်.  . . . တိန်
12 နာရီ ထိုးလေးတော့သည်။
ထိုစဉ်. . .ဟင်းးးးးးးးးဟင်းးးးးးးးးးးးဟင်းးးးညည်းသံကြားရတော့သည်။
ဟင်းးးးးးးးဟင်းးးးးးဟင်းးးးးးးးဟင်းးးးးးး မေလေး နိုးလာတဲ့ချိန်  ဘယ်နေရာမှန်းသိဘူး အရာရာ မြူ ခိုးများ လွှင့်နေမိသည်။ရှပ်. . . .ရှပ်. .
်မေလေး ရှေ့တည့်တည့်တွင် အရိပ်တစ်ခုခု လာနေတောသည်။အမလေး အရိပ်ကိုသေချာကြည့်မှ ခေါင်းပြတ်ကြီး။ ထိုစဉ်. . .ခြောက်ကပ်ကပ်အသံနဲ့ ငါ့ကိုခေါင်းတပ်ပေး။
သွားးးးးးသွားးးးးး ရှင် ကျွန်မနားမလားနဲ့
ရှင့်ခေါင်းကို ကျွှန်မသိဘူး။ ကျွှန်မဆီမလာနဲ့ သွားးးးးသွားးးးး ကျွန်မဆီမလာနဲ့. . . ရှင့်ကိုမသိဘူး။ရှင်နဲ့ကျွန်မနဲ့ဘာမှမဆိုင်ဘူး။
နင့်က ငါ့ကိုပုံဖော်ခဲ့တဲ့လူ နင်ဆီဘဲလာတာပေါ့။
ခေါင်းပြတ်မိန်းမကြီးပြောပြီးမှ နောက်ကို လှည့်ကြည့်မိတော့
မေးလေးကိုယ်တိုင် ဆေးခြယ်ထားတဲ့ အနီရဲရဲ ချိတ်ထဘီနဲ့ အကျီ င်္ဝတ်ဆင်ထားတဲ့ ကားချပ်ထဲက မိန်းမ။ နောက်ပြန်လှည့်ကြည့်မိတော့ အကျီ င်္အနီ ချိတ်ထဘီ နီနီရဲရဲနဲ့ တကယ့်ခေါင်းမရှိတဲ့မိန်းမကြီး။ နင့် သိပြီးလာ ငါ့ကနင်ပုံဖော်ထားတဲ့ မိန်းမဘဲ။ ခေါင်းပြန်တပ်ပေး။ခုလို လပြည့်ည ကြယ်ရောင်တွေစုံပြီး နက္ခစုံနေတဲ့ချိန် နင်ခေါင်းပြန်တတ်ပေးပါ။ဒီလိုလပြည့်ညမျိုး ဆေးပေါင်းခပြီး နက္ခတွေစုံဖို့ဂနှစ်တွေများကြီး ထပ်ကြာအုန်းမှာ။ နင်ဒီနေ့ပြီးအာင်မဆွဲပေးနိုင်ရင် ငါ့ ခေါင်းပြတ်ဘဝနဲ့ ရှိနေတော့မှာ။ ငါ့ခေါင်းပြန်တတ်ပေးပါဟာ။
ဒီည ကုန်သွားရင် ငါ့မလွတ်မြောက်တော့ဘူး။ကူညီပါ။
အသံတွေပဲ့တင်ထပ်နေဘယ်မဲ့ အရှေုက ခေါင်းပြတ်ကြီးကတော့ ရပ်နေမြဲတိုင်းပါဘဲ. . .
မေလေး လည်းအနားက စုတ်တံကို ကောက်ကိုင်ရင်း ပန်းချီပုံကို လက်စ သတ်လိုက်မိတော့တယ်။ ကောင်းကင်မှာလပြည့်က
သာယာနေတုန်းမြဲ။ မေလေး ဆေးစုတ်ချက်ပြီးစီးသွားတဲ့ချိန်  တစ်ခန္တာလုံးအားအင်များလျော့ကျသွားပြီး ခွေဆင်းသွားလေတော့သည်။
တိန်.'. .တိန်. . . တိန်. . . . . . .
သဇင် နိုးစက်သံကြောင့် နိုးလာတော့သည်။နာရီမနက် 5 နာရီထိုးပြီး။
အနားမှာ မေလေး မရှိတော့ဘူး။ အပြင် အိမ်ရှေ့ကို ထွက်ကြည့်မိတော့ မေ့မြော့နေတဲ့မေလေးကိုတွေ့လိုက်မိတယ်။
မေလေး. . . .မေလေး. . . .မေလေး. . .
အင်းးးးအင်းးးး မေလေးသတိရပြီလာ။ဘာဖြစ်တာလဲ ညက ဘာတွေဖြစ်တာလဲ. . .
ညက . .ညက ဟိုးမှာ. . .
မေလေး လက်ညှိုး ညွှန်ရာကြည့်လိုက်တော့ ပန်းချီကားချပ်ထဲ ပုံရှိမနေတော့ဘူး။ ဆေးစက်များက ခြေရာများလို့ အကွက်လိုက်. .
အကွက်လိုက်. . . .
မေ. . . .မေလေး. .ဘာ. . .ဘာဖြစ်တာလဲ။
ညက ငါ. . .ငါ့ဆွဲတဲ့ ပုံက ခေါင်းလာတပ်ပေးလို့ပြောတယ်။ငါ့လည်းတပ်ပေးပြီးကတည်းက လဲကျသွားတာဘဲ. . . . .
မေလေးရေ. . .ငါ့လည်း ညက ဘာဖြစ်သွားမှန်းသိဘူး။ အိပ်ပျော်သွားတာမနက်မှနိုးတယ်။ ဒါ. .,ဒါနဲ့. . .ပန်းချီကားထဲက အမျိုးသမီးက ဘယ်ရောက်သွားလဲသိဘူ သဇင်ရေ. . .
သဇင်တစ်ယောက် မေလေးကို ဆွဲထူးရင် ဆေးစက်တွေကိုလိုက်ကြည့်တာ ဆေးစက်တွေက အိမ်အနံ့။ဘယ်နေရာ ဘယ်နားအဆုံးသတ်မှန်းရှာမရအောင်ထပ်နေတော့လေသည်။
ဘယ်ရောက်သွားလဲသိဘူး။
မေ. . .မေလေး ရေ. . . ငါ့လည်းကြောက်လာပြီး. . .သဇင်အသံနဲ့တူ
အားးးးးးးးးးနှစ်ယောက်သားပြိုင်တူ အော်မိတော့တယ်။
သမီးတို့ရေ. . .သမီးတို့ရေ. . .
ဦး. . .ဦးလေး အောင်အသံဘဲ။ တံခါးဆီသွားးးသွားးးကြမယ်။
ကျွှီးးးးးးးးးးးးး တံခါး ဖွင့်သံနဲ့တူ . . .
ဦးလေးဆီ နှစ်ယောက်သားပြေးဖက်မိတော့တယ်။ ဟာ. . .ဒီခလေးတွေဘာဖြစ်တာလဲ။ အိမ်ရှေ့နားကတည်းက အော်သံကြားလို့စိတ်ပူလို့ပြေးဝင်လာမိတာ။ တရဲ. . .တရဲ. . .ဦးလေးအောင်ရေ. . . . .
ဘယ်မှာလဲ သရဲ. . . ဦးလေးအောင် နှစ်ယောက်ကို လက်ဆွဲရင်း အိမ်ထဲခေါ်လာတော့ ခုနားလေးတင်ရှိနေတဲ့ ဆေးစက်နဲ့ရောနေတဲ့ ခြေရာတွေရှိမနေတော့ပါ။ ဟင်.  .သဇင်. .ခုနားက ဒီနားခြေရာတွေမှာရှိသေးတယ်။ ဟုတ်တယ်. . မေလေး။ငါ့လည်းမြင်လိုက်တယ်။
ထိုစဉ်. . . .အားပါးးးးပါးးးး  ငါ့တူမလေး ပန်းချီ ဆွဲတတ်တယ်မှန်းသိတယ်။ ခုလောက်ထိ လက်ရာမြောက်လိမ့်မယ်လို့မထင်ခဲ့ဘူး။တကယ်သက်ရှိပုံကို ကြည့်နေရတိုင်းဘဲကွာ. . . ဦးလေးစကားသံအဆုံးမှာ. .
မေလေးယော သဇင်ပါ ပြိုင်တူ ပန်းချီးကားချပ်ကိုကြည့်လိုက်မိတယ်။
ပန်းချီးကားထဲ အကျီ င်္ အနီရောင် ။အောက်က ချိတ်ထဘီ အနီ။ ပုံတင်ဖိန် အနီဝတ်ဆင်ထားပြီး ။ဆံပင်ကို အပေါ်က တစ်ပတ်ထုံးထားပြီး ကျန်တစ်ဝက်က ရင်ဘက်နားကျော်ကျော်ထိ ကျနေပြီး တည်ငြိမ်သော အလှနဲ့ ပြုံးပြနေတဲ့ အမျိုးသမီပုံကို နှစ်ယောက်သားမြင်လိုက်မိတဲ့အဆုံးမှာ နှစ်ယောက်သား အားးးးးးးးးးးးးအော်သံနဲ့တူထွက်ပြေးပါတော့တယ်. . . . .ဦးလေးအောင်က. .ဟိတ်ခလေးတွေဘာလို့အော်ပြန်တာလဲ။ ဘာဖြစ်တာလဲ။
ဟို . . .ဟို. . .ပန်းချီကားလေ။
အင်းးးးး ပန်းချီကားဘာဖြစ်လဲ။. . .ဒီမှာလေ. .ပန်းချီကားဘာဖြစ်လို့လဲ။ ဒီလောက်လှတာကို သမီးမေလေး ကိုယ်ဆွဲပြီးဘာကြောင်နေတာလဲ။နာမည် မပေးဘူးလား။ဒီလောက်လှတဲ့ပုံကို နာမည်တော့ပေးသင့်တာပေါ့။ ဟင်. . .. .အနီရောင်လေးနဲ့ကျက်သရေရှိပြီးလှတော့
"မခင်နှင်းဆီ"  လို့နာမည်ပေးလိုက်ပါလား။နှစ်ယောက်သား ပါးစပ်ဟမိသွားတော့တယ်။ ဦးလေးအောင်က စုတ်တံကိုကိုင်ရင်းအပေါ်က ခပ်မြန်မြန် "မခင်နှင်းဆီ "လို့ အပေါ်ဒေါင့်လေးက တပ်လိုက်လေသည်။အော်. .ဒါနဲ့ . . . ဦးလေးက ငါ့တူမလေးနှစ်ယောက်စားရအောင်ရခိုင်မုန့်တီလာပို့တာ။လာစားကြ။မေလေးနဲ့သဇင်  ဦးလေးလက်ကိုဆွဲရင်း ထမင်းစားခန်းကိုလိုက်လာပါတော့သည်။
ခစ်. . .ခစ်. . . . .
မေလေးရယ်သံကြားလို့လှည့်ကြည့်လိုက်တော့ အနောက်က ကားချပ်က ရယ်ပြနေလေတော့သည်။
နှစ်ယောက်သား မျက်နှာသစ်နေတော့ ဦးလေးအောင်က မုန့်တီ ထည့်နေတော့သည်။လာ. . .လာ. . .ခလေးတွေလာစား။ ငါ့တူမလေးနှစ်ယောက်မနေ့ကလည်း အိမ်ထဲအောင်းနေလို့ ခဏနေ ဦးလေးနဲ့တူလျှောက်လည်မယ်။ မြို့အနှံ့လိုက်ပြမယ်။အဆင့်သင့်လုပ်ထားနော်။
ဟုတ်. . .ဟုတ်. .
ဦးလေးအောင်ပြန်သွားရင်း. . ."မခင်နှင်းဆီ "ရေ သွားပြီ ပန်းချီကားကြည့်ရင်းပြောခဲ့လိုက်တော့သည်။
နှစ်ယောက်သားး. . .ဟူးးးးးးး ပြိုင်တူသက်ပျင်းချမိလေတော့သည်။
အိမ်ရှေ့ပြန်ထွက်ကြည့်တော့. .ပန်းချီကားက ငြိမ်သက်နေလေတော့သည်။ နှစ်ယောက်သား ဦးလေးလိုက်ပြရာများကိုလျှောက်ကြည့်ရင် ပန်းချီကားအကြောင်းမေ့လျော့နေလေမိတယ်။ညဘက်အပြင်မှာဘဲထမင်းစားရင် ညနေ ၅ နာရီကျော်လောက်မှ အိပ်ပြန်ရောက်လာတော့တယ်။ ရေးချိုးပြီး အိပ်ရာဝင်ရင်း နှစ်ယောက် Fb ဖွင့်ရင်း
မေလေး ဒီမှာ နင့်အကြိုက် ရွှေထူးသီးချင်း။ဟင်း. .ဟုတ်သားဘဲ သဇင် ဒေါင်းလိုက်။ အေးးးးအေးးးး
ထိုစဉ် . . . ရှပ်. . . ရှပ်. . . ရှပ်. . .
မေလေးက သဇင်ကြားလာဟင် ကြားတာပေါ့ဟ။ အပြင်ကလားသိဘူး။ သူခိုးလားသိဘူး။ ထွက်ကြည့်ကြမယ်. . .သူခိုးဆို တစ်ခုခုကိုင်သွားရမယ်။အန္တာယ်ရယ်ပြု ရင်မလွယ်ဘူး။ဟော. .ဟို မှာတုတ်ချောင်း
တစ်ယောက်တစ်ခုယူရင်းနှစ်ယောက်သားထွက်လာမိတော့တယ်။
သဇင်. .သူခိုးဟ. . ။သူခိုးကလည်းနောက်လည်ကြည့်မိတော့ မေလေးနဲ့သဇင်နဲ့တူ နောက်က လေထဲပျံနေတဲ့ မခင်နှင်းဆီကိုမြင်တော့ တက်လာတဲ့ ပြတင်းပေါက်ကနေ ဝုန်းးးးးးဒုံးးးးးးဒုံးးအသံနဲ့တူ ခုန်ဆင်းသွားပါတော့လေသည်။
မေလေးနဲ့သဇင် က ပြတင်းပေါက်ကနေအောက်ကြည့်လိုက်တော့သူခိုးမှာ တစ်ချိုးထဲပြေးသွားရှာတော့သည်။
သဇင် ငါ့တို့ဘာမှလည်းမလုပ်ဘဲ သူခိုးက ဘာလို့ပြေးသွားတာလဲ ဟင်။ ငါ့လည်းသိဘူး။နှစ်ယောက်သား နောက်လှည့်ကြည့်မိတော့ လေထဲပျံနေတဲ့ မခင်နှင်းဆီကို အတိုင်းသားတွေ့လိုက်မိတော့သည်။ နှစ်ယောက်သားပြေးမယ်လုပ်တော့. . . .
မပြေးပါနဲ့. . .မပြေးပါနဲ့ ငါ့ကိုမကြောက်ကြပါနဲ့။ ငါ့နင်တို့နှစ်ယောက်ကိုဘာမှမလုပ်ပါဘူး။
တ. . . .တကယ်နော်. . . . နှစ်ယောက်စကားသံနဲ့တူ. . .
တကယ်ပါ ငါ့ဘာမှမလုပ်ပါဘူး။ ငါ့ကိုအမျှအတန်းလေးဝယ်ပေးပါ။အားဆို ငါ့ကျွှတ်လွှတ်သွားလို့ရမှာ။
ပြီးရင် ဒီပန်းချီကားကို ဖျက်ဆီးပေးပါနော်။ ငါ့ စိတ်က ပန်းချီကားနဲ့တစ်သားတည်းဖြစ်နေပြီမို့ပါ။
အင်း. . .အင်းပါ. . . . ငါ့တို့လုပ်ပေးပါမယ်ဆိုသံနဲ့တူ မခင်နှင်းဆီ ပျောက်ကွယ်သွားတော့သည်။ မနက်မိုးလင်းတော့ ဦလေးအောင်ကို အကျိုးအကြောင်းပြောပြပြီ ဘုန်းကြီးပင့်လိုက်ရင်း ပရိတ်နာရန်စီိစဉ်တော့သည်။ . .  အရှင့်ဘုရားများရောက်လာတော့ လာ. . .လာ. . .ပန်းချီကားကို ကိုယ်တိုင်ဖန်တီးတဲ့ မေပန်းချီ  ဘဲ ရေစက်ချအမျှဝေရမှာဘဲ။ ပန်းချီကားကို အနားမှာတစ်ခါတည်းချထားပါ. . .လိုက်ဆို. . .
အားလုံးကြားကြားသမျှ. . .အမျှ. . .အမျှ
ယူတော်မူကြပါကုန်. . .သာဓု. .သာဓု. . .သာဓု
မေပန်းချီ ကိုယ်တိုင်လည်း    "မခင်နှင်းဆီ"
လည်းအမျှရ၍ကျွှတ်လွတ်ပါစေ။
အမျှပေးပြီးအဆုံးတွင် ပန်းချီကားကို မီးရှို့လိုက်ရင်း အကုန်ကျွှမ်းလောင်သွားလေတော့သည်။        #ပြီးပါပြီ
ဝေဖန်နိုင်ပါတယ်။ Cmt တွင်အကြံဥာဏ်များနဲ့ လိုအပ်ချက်များကိုပြောပြပေးကြပါ။
Credit #ပန်းကလေး

Post a Comment