သီးသန့် တီချယ်

သီးသန့်တီချယ်
========

တွေ့တာနဲ့ လက်ပိုက်
အရမ်းချစ်တယ်လို့ နူတ်ဆက်ပါရစေတီချယ်

ဘယ်လောက်ချစ်တယ် စာစီစာကုံး
လက်ရေးလှ စာမျက်နှာ ၁၅၀၀ ရေးထားတယ်

ချောတဲ့ကောင်မလေးတွေကြည့်မိရင် ဆူပါ
လက်သည်းလေးတွေရှည်လာရင် ဗိုက်ခေါက်လိမ်ပါ
ပေပေတေတေနေမိတဲ့အခါ ခေါင်းခေါက်ပါ
ညဘက်လိုင်းသုံးမိတာမိတဲ့အခါ မာန်ပါ
ရန်တွေဖြစ်မိတဲ့အခါ ငေါက်ပါ

စကတ်တိုလေးတွေဝတ်ပါ
ဆံညှပ်လေးအမြဲထိုးပါ
ကတ္တီပါးပါးလေးအမြဲစီးပါ ...
စကားမတတ်တဲ့ ကျွန်တော့်ကို
စာများများဖတ်ခိုင်းပါ
ကဗျာများများ ရေးခိုင်းပါ
ဘယ်လောက်လွမ်းနေသလဲ မကြာမကြာမေးပါ

အရမ်းတော်တဲ့အခါ အာဘွားပေးပါ
စိတ်တိုင်းမကျတဲ့အခါ ထိုင်ထလုပ်ခိုင်းပါ  . . .

နှလုံးသားကို ဖုန်းထိုး
မသင်္ကာတာတွေ့ မှင်နီလေးထုတ်
အိပ်မက်တွေစာလုံးပေါင်း မှန်/မှား သေချာစစ်ပေးပါ

ဘဲဥလေးမကွဲသေးတဲ့ ဘာသာကအနမ်း
အဲဒီဘာသာလူရည်ချွန်ဖြစ်ချင်လို့
နူတ်ခမ်းလေးတွေ အိမ်စာလုပ်ဖို့ပေးလိုက်ပါ ။
 

_
Credit...ကိုလင်း

Post a Comment