မိဘမျက်ရည်ဖြင့်ခြေဆေးသူတို့အကြောင်း

မိဘမျက်ရည်ဖြင့်ခြေဆေးသူတို့အကြောင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(တက္ကသိုလ်ကျောင်းသားများ၏ဘဝသရုပ်)

သြ…
မိဘကစာမတတ် ပညာမတက်ခဲ့လို့ သားသမီးတွေကို ကိုယ်မတတ်ခဲ့ရတဲ့ပညာတွေသင်ယူခွင့်ရစေလိုတဲ့ စေတနာနဲ့ မြို့ ကြီးပြကြီးမှာ
မိဝေးဖဝေး ပညာသင်ယူဖို့
စေလွှတ်လိုက်ပါရဲ့…

မိဘတွေကတော့ ငါ့သားလေး ပညာတွေသင်ယူနေလေရဲ့ဆိုတဲ့အတွေးနဲ့
ပျော်မွေ့သာယာနေတတ်ခဲ့ကြရတာ
မိဘရှေ့မှာ လိမ္မာလိုက်တဲ့ ကလေး
မိဘကွယ်ရာမှာလည်း လိမ္မာမှာပါလေဆိုတဲ့
အထင်အမြင်အတွေးတွေနဲ့
သားသမီးတောင်းသမျှ ပိုက်ဆံ
မငြီးမငြူ ရှာဘူး ပေးတတ်ကြလေရဲ့…

နွေပူပူ ကျော ပူပူမှာ
တစ်နေ့လုပ်မှတစ်နေ့စား
နဖူးကချွေးခြေမအထိကျ အောင်
ကိုယ်အစာရေစာ အငတ်ခံပြီး ရသမျှ ငွေကြေးလေး အမိအရစု ဟိုး…
မြို့ ကြီးမှာ ကျောင်းသွားတတ်တဲ့
ငါ့သားကြီးသုံးဖို့ စုဘူးကြီးကြီးထားလေရဲ့…

ကိုယ့်ရပ်ကိုယ့်ရွာမှာ
ရေဆိုတာတောင် ကန်ရေလောက်သာ
သောက်ခဲ့ရတဲ့ မိဘတွေ
ငါ့သား/ငါ့သမီးတွေသောက်တဲ့
ရေသန့် မိဘတွေခမျာ မသောက်တတ်ရှာဘူး
ရေချင်းတူတူ ကန်ရေသောက်လည်း
ဗိုက်ပြည့်တာပဲဆိုတဲ့ မိဘတွေ…

ကဲ ကြည့်ရအောင်
မိဘရှေ့မှာ ရိုးသား ကြိုးစားတဲ့ ဖိုးသခွါးလေးတို့အကြောင်း
မိဘကွယ်ရာမှာ ဘာတွေလုပ်နေကြသလဲဆိုတာကိုပေါ့…

တက္ကသိုလ်ကိုရောက်ပြီဆိုတာနဲ့
အပေါင်းအသင်းက ပါလာပြီ
ကောင်းတဲ့ မိတ်ဆွေထက်
မကောင်းတဲ့ မိတ်ဆွေနဲ့သာ ပနံသင့်တယ်…
အပေါင်းအသင်းတွေနဲ့
အရက်လေးတစ်မြမြ ဘီယာလေးတစစနဲ့ဖြစ်လာတယ်
ကြာတော့ အရက်သမားကြီးကိုဖြစ်လို့…

လူစုံပြီဆိုတာနဲ့ ဝိုင်းကစပြီ
ပေါ်ကာဒေါင်းမလား
အုန်းခွဲမလား
ဘူကြီးတွဲမလား
21 ဆော့မလား
အတုမြင်အတတ်သင်လို့
ဖဲသမားပေါက်စလေးကိုဖြစ်လို့…

ကျောင်းပိတ်ပြီဆိုတာနဲ့
ဆိုင်ကယ်တစ်စီး…လူသုံးယောက်အထက်စီး
လေဘာကို အသကုန်လှော်
အေဇောကိုအပေါက်ဖောက်ပြီး
ပတ်ဝန်းကျင်ကို ဆူညံအောင်လုပ်
ညညဆို လမ်းသရဲလိုကိုဖြစ်ပေါ့…
ငါဟဲ့တက္ကသိုလ်ကျောင်းသားဆိုပြီး
မာန်တွေတက်ပြ လူမိုက်လိုလို
ဂျ လေဘီလိုလို နဲ့ ကိုယ့်ကိုကိုယ်ဘာကောင်လိုလို ညာကောင်လိုလိုနဲ့ ပြီးတော့ ကိုက
ဆိုက္ကားနင်းသမားလောက်တောင် လက်ကြောမတင်းဘဲ မိဘလုပ်စာထိုင်စားမေတဲ့ကောင်…

အတန်းထဲဝင် လက်မှတ်ထိုး
အတန်းလစ် …ဆရာမကိုပြောင်
ဆရာတွေကိုလှောင်…
ဘောင်းဘီရှည်တိုက်ပုံဝတ်လို့ ဖိနပ်ကိုဟန်းဖုန်းလုပ်နဲ့ သူ့လက်ထက် အရူးစတိုင် ပေါကြောင်ကြောင်သူ့စရိုက်နဲ့
ရမ်းကားလိုက်သေး…

အတန်းကလစ်…ကျောင်းကမမှန်…
စာကမကျက်…စာမေးပွဲနီးပြီဆိုမှ
စာအုပ်ကလေး ဝတ်ကျေ တန်းကျေ ကောက်ကိုင်နောက်ပြီး ခေါင်းကိုက်သလိုလို
ဘာလိုလိုနဲ့ စာမေးပွဲမဖြေနိုင်တာဆိုပြီး
ဘာမှမသိတဲ့ မိဘတွေအပေါ် မုသားတွေသုံးပြီး
ရက်စက်လိုက်ကြတာ သူတို့တွေ…

အဆင်မပြေတဲ့ မိဘတွေအပေါ်
ငွေအလွန်အကျွံ တောင်း
သုံးတာနဲ့ဖြူ န်းတာနဲ့ ကွဲကွဲပြားပြားမသိတဲ့ကောင်တွေ…
ငွေတန်ဖိုးမသိ…ကိုယ်ကတစ်ရာတောင်
မရှာနိုင်တဲ့သူတွေက ကိုယ်တောင်းသလောက်မိဘကမပေးရင်
မိဘကို ပြန်အော် ပြန်ငေါက်နဲ့
ခင်များတို့က ဘာသိလို့တုန်းဆိုတာနဲ့
ခင်များတို့ပေးတဲ့ ငွေ ငါးထောင်က တစ်ရက်သုံးတောင်မရှိဘူးဆိုတာ ဘေးကကြားသူ နားခါးလှပါဘိ…အဲ့ဒီ
ငွေ ငါးထောင်ရဖို့ မိဘရဲ့ ချွေးတွေ သွေးတွေ
ဘယ်လောက်ရင်းရသလဲဆိုတာ သိစေချင်လိုက်တာ…

အပေါင်းအသင်းစုံရင် နေရာစုံလျှောက်လည်
အကောင်းဆုံးအစားအစာတွေကိုစား
မိဘကန်ရေသောက်နေချိန်
သူတို့တွေ ရေသန့်တွေနဲ့
မိဘက တဲထိုးနေချိန်
သူတို့က 1 Night -30000 ဆိုတဲ့ Hotel မှာ ချစ်သူတွေနဲ့ပျော်ပါးနေချိန်
မိဘက နေ့မနား ညမနား ငွေရှာနေချိန်
သူတို့တွေကတော့ …ဆင်တွေ…ကျူံးတွေ
ကိုင်ပြီး Night Club တွေတက်လို့
နို့နံ့တောင် မပျောက်သေးတဲ့ အမေ့သားလေးက
မြို့ ကြီးလည်းရောက်ရော
KTV တွေ ညတိုင်းသွားလို့…
မိဘကပို့တဲ့ ပိုက်ဆံနဲ့ ကိုယ့်ဆော်ကို
ထမင်းကျွေးနေကြတယ်…
မိဘကရှာထားတဲ့ငွေနဲ့ ကိုယ့်ဆော်ကို ဖုန်းဘေလ်တွေဖြည့်ပေးနေကြတယ်
မိဘရဲ့ချွေးသွေးတွေ ရင်းထားတဲ့ ငွေစနဲ့
ပျော်ပါးမူးယစ်သောက်စားရမ်းကား
နေလိုက်ကြတာ…သူတို့တွေ…သူတို့တွေ
အများကြီးပဲဗျာ…တတ်တတ်မှ အများကြီး…

မိဘက ပညာတတ်အောင်လို့
တက္ကသိုလ်ပညာကို သင်ဖို့
လွှတ်လိုက်တာ…မိဘရဲ့နောက်ကွယ်မှာ
ရည်မှန်းချက်ကင်းမဲ့နေတဲ့ သားသမီးတွေ
အများကြီးပဲ…လူ့ဗလာတွေ အများကြီးပဲ…
ပျက်စီးနေတဲ့ လူသားအရင်းအမြစ်တွေ
ထောင် သောင်း မက များစွာ…

သြ…
တကယ်တော့ သူတို့တွေအားလုံး
မိဘမျက်ရည်ဖြင့်
ခြေဆေးနေကြသူများသာ………။     ။

စာကြွင်း ။   ။ ဤ စာစုဖြင့် လူငယ်များ အသိဉာဏ်အနည်းငယ်ပွင့်လင်းလာမည်ဆိုပါက ကျွန်တော်ကျေ နပ်ပါသည် ။   ။

                 လေးစားလျှက်
                          ဆရာတိမ်ထွဋ်ခေါင်
ပခုက္ကူ ပညာရေးကောလိပ်
D.T.Ed(15/10), Section (D)

Post a Comment