အိုင်​​တွေ့တိုင်း​ခြေ​ဆေးခဲ့ ​သော်

"အိုင်တွေ့တိုင်းခြေဆေးခဲ့သော်"
*-*-*-*-*-*-*-*-*-*-*-*-*-*
"အိုင်ဆိုတာခြေဆေးဖို့သောက်ရေဆိုရင်ဘယ်သူမှခြေမဆေးဘူး"ဆိုသောစကားသည်ယောက်ျားလေးများ၏လက်သုံးစကားဖြစ်သည်။

ဟုတ်ပါတယ်။"အိုင်"ဆိုတာခြေဆေးဖို့'
အိုင်ဆိုမှတော့သန့်ရှင်းပါ့မလား။
အိုင်ဆိုသည်မှာညစ်ညမ်းသောအသွင်ရှိသည်။နိမ့်ကျသောသဘောရှိ၏။

သန့်ရှင်းနေသောခြေထောက်ကိုအိုင်တွေ့သောအခါခြေဆေးခဲ့လျှင်ထိုခြေထောက်ရာနှုန်းပြည့်သန့်ရှင်းပါတော့မလား။
ခြေဆေးတယ်ဆိုတာညစ်ပတ်နေသောမသန့်ရှင်းသောခြေထောက်တွေသာဆေးကြောခြင်းဖြစ်သည်။

ထိုသို့ဆေးကြောလိုက်လျှင်ကောသန့်စင်သွားမယ်ထင်ပါသလား။အခန့်မသင့်လျှင်ရောဂါပိုးများကပ်ငြိတွယ်လာနိုင်ပေသည်။ထိုအခါစိတ်ချမ်းသာနိုင်ပါမည်လော။

အိုင်တွေ့တိုင်းခြေဆေးတတ်သူသည်ညစ်ပေနေသောခြေထောက်ပိုင်ရှင်တွေသာဖြစ်သည်။
မူလအစကသန့်ရှင်းစင်ကြယ်နေပါလျှင်ခြေဆေးဖို့လိုအပ်မည်မဟုတ်ပါ။

သန့်ရှင်းစင်ကြယ်နေသောခြေထောက်ပိုင်ရှင်ယောက်ျားလေးများသည်အိုင်နှင့်တူသောမိန်းကလေးများကိုလိုအပ်မည်မဟုတ်ပေ။ထို့အတူ---------
ဖြူစင်သန့်ရှင်းသောမိန်းကလေးများသည်လည်းအိုင်တွေ့တိုင်းခြေဆေးတတ်သူ(သို့မဟုတ်)တစ်ခါတစ်ရံခြေဆေးတတ်သူများကိုအထင်ကြီးလေးစားယုံကြည်မည်မဟုတ်ပါ။

ထို့ကြောင့်-----
အိုင်ဖြင့်နှိုင်းယှဉ်ခံရသောမိန်းကလေးမဖြစ်ဖို့မိန်းမသားများမှဆင်ခြင်သင့်သလို
ညစ်ပေသောခြေထောက်ပိုင်ရှင်မဖြစ်ဖို့အတွက်ယောက်ျားလေးများမှဆင်ခြင်သင့်ပါသည်။။။။။။။
        ကံ့ကော်ဖူး


Post a Comment