ကွင်းပိုင်းရှိတဲ့လယ်

ကွင်းပိုင်ရှိတဲ့လယ်

ကိုယ်တွေ့ဖြစ်ရပ်မှန်လေးပါ။   (စ / ဆုံး)

ကျွန်တော့်အမေက ဘုန်းစိုးကြီးရွာကပါ။
မတ်ပဲချိန်ဆိုတော့ ကျွန်တော်တို့မိသားစု ရွာကို
ပဲသိမ်းသွားခဲ့ပါတယ်။ ကျွန်တော်က အန်တီလယ်ဘက်ကိုလိုက်ခဲ့ပါတယ်။လွှစင်နဲ့
ဘုန်းစိုးကြီးကြားလောက်မှာပါ။ကျွန်တော်လည်း
သ်ူငယ်ချင်းနဲ့ ပဲတင်မဲ့ အန်တီလှည်းပေါ်မှာလိုက်ခဲ့ပါတယ်။လယ်ထဲ
ရောက်တော့ ကျွန်တော်က၇တန်းပဲရှိသေးတာကိုး။ကလေးဆိုတော့လယ်ထဲမှာပတ်ဆော့တာပေါ့။လွှစင်ရွာက
ပိုင်တဲ့လူ ဦးသိန်းထွန်းလယ်မှာ တောင်းတစ်လုံးအသစ်ကိုတွေ့တယ်။ဟာ ဟိုးမှာ
တောင်းအကောင်းကြီးကွသူငယ်ချင်း သားချစ်
ပြောတော့ ငါယူမယ်ကွာ ငါမြင်တာငါယူမှာပေါ့တဲ့
ကျွန်တော်လည်း ကိုယ်ရကိုယ်ယူကွာ ဆိုပြီး
အရင်ပြေးတာပေါ့ အနားရောက်တော့တောင်းက
ဖင်အပေါက်ကြီးဟူးးးးးမောလိုက်တာ
မောရကျိုးမနပ်ဘူးကွာ ကျွန်တော်လည်း
ကန်လိုက်တယ် ။သားချစ်က ဟားးဟားဟားး
တို့တွေအစုတ်ကြီးကိုလုရတယ်လို့ တောင်းထဲမှာ
ခွက်လေးတစ်ခွက် ခွက်ကနှီးလေးနဲ့လုပ်ထားတာဗျ ကျောရင်းကပ်
အမွှာလားဘဲပေါ့။တောင်းလေးလည်းလွင့်ထွက်သွားတာပဲ။ပဲကလည်းတင်ပြီးနေတော့ လှည်းနဲ့
ပြန်လိုက်သွားခဲ့တယ်။သားချစ်ရေ သွားမယ်
လှည်းပြီးနေပီ။အေး ငါနွားတစ်ကောင်သွားဆွဲ
အုံးမယ်။အင်းဟာမင်းဆွဲ ငါဆွဲရဲဘူးကွာ။သူက
ဘုန်းစိုးကြီးသားလေ။သူဆွဲလည်းပြီးလှည်းတက်
လိုက်တယ်။ကျွန်တော့အကို ဝမ်ါးကွဲမောင်းပြီး
ပြန်လာတာပေါ့။အိမ်ကျအမေနဲ့တွေ့တော့ ကိုယ်
ကံဆိုးတာကိုသွားပြောတယ်။အမေသားတောင်း
တစ်လုံးအသစ်လေးတွေ့တာအနားရောက်တော့
ုတောင်းကအစုတ်ကြီး။ ဟယ် နင်ကိုသိန်းထွန်းလယ်ထဲကလား သိဘူးအမေ
တောင်းကပေါက်နေတာ အထဲမှာလည်း ခွက်လေးနဲ့ အမေက ခေါခွက်ကိုကန်မိပြီ နင်
သေလိမ့်မယ့်တဲ့ ကျွန်တော်လည်းကြောက်သွားတယ်။အမေက
ဟိုပြောဒီပြောနဲ့တောင်းပန်နေတယ်။ကလေးက
မသိလို့ပါနဲ့။ညကျအိပ်တော့ အိပ်မက်တော့တာပဲ
ဘေးကလူကြီး အမေ့ကို နင်သားသေးပေါက်
ခိုင်းအုံးလေ အမေကဘာဖြစ်လို့တဲ့ သူက
နင့်သားက သေးမှပေါက်မရတာ။ကျွန်တော်
အိပ်ယာကနိုးသွားတယ် ဆီးအရမ်း
အောင့်နေတာ အပေါ့သွားတော့ သွားမရဘူး။
ကျွန်တော်လည်း အမေဆီးအောင့်နေတာ
သားမနေနိုင်ဘူး။အဖေက ဆီးသွားတဲ့ဆေး
သောက်ခိုင်းတယ် သောက်လည်းပြီး
ကြက်သွန်နီနဲ့သကြားစားတဲ့ မပျောက်ပါဘူး။
အမေလည်းရိပ်မိတာနဲ့ ဆရာတွေသွားခေါ်တာ။
ကျွန်တော့အန်တီနဲ့ အချိန်ကလည်း အချိန်ကောင်းပဲလေ ၁၁ခွဲကျော်နေပြ။ီ
ကျွန်တော်လည်းအောင့်လွန်းလို့ ငိုနေရတာ။
ဘုန်းစိုးကြီးမှာ စက္ကဗျူဟာဂိုဏ်းတွေပေါတယ်။
သူတို့ရောက်လာတယ် ၃ယောက်ဗျ။
နှစ်ယောက် ဦးမင်းထွဋ် ဦးမင်းမင်းထွန်း နောက်
တစ်ယောက်ကိုတော့မေ့နေပြီ။ကျေးဇူးရှင်ကို
မလေးစားတာမဟုတ်ပါဘူး။သူတို့က သား
ဘုရားကိုဦးတိုက် ဟုတ်လို့ ကျွန်တော်လည်းဦးတိုက်လိုက်တယ။်
သူတို့လည်းဦးတိုက် ပုတီးစိပ်ပြီး မ မဌေး
ရေတစ်ခွက်လောက် အေး အေး မင်းထွဋ်ရေ
ရေတစ်ခွက်ခပ်လာတယ။် ကျွန်တော့်ဘက်ကိုလှည့် ဂါထာကိုရွတ်ပြီး
အင်းစာရွက်ကို မီးနဲ့ရှို့လိုက်တယ။် ပြာကိုရေခွပ်ထဲထည့်ပြီး သားလေးသောက်လိုက်
ကျွန်တော်လည်းသောက်လိုက်တယ။်
ဆီးသွားကြည့်တော့အကောင်းပဲ ယူပစ်သလို
ပျောက်သွားတာပဲဗျာ ။ကျွန်တော်လည်းပျော်
သွားတာပေါ့ ။အမေကလည်း ကျေးဇူးတင်လိုက်တာဟာ နင်တို့ရှိလို့ပေါ့
ပိုက်ဆံကိုးထောင်ပေးပြီး သားဆရာတွေကိုကန်တော့လိုက် ဟုတ် ကျွန်တော်လည်းဆရာတွေကိုကန်တော့လိုက်
ပါတယ် တစ်ထောင်ကို ဘုရားစင်က ကန်တော့ပွဲ
ကို အမေက ထိုးလိုက်ပါတယ် ။ကံကောင်းပေလို့ ဆရာတွေက ကလေးကလည်း သိလို့လုပ်တာ
မဟုတ်ဘူးလေ ကွင်းပိုင်ကလည်း သူတို့ရှိတာ
ပြလိုက်တာပါ အဖေက သားပြန်အိပ်တော့ ကျွန်တော်လည်း အိပ်ရာထဲပြန်အိပ်လိုက်ပါတော့
တယ်။ဆရာတွေကိုပြန်လိုက်ပို့ပြီး အမေပြန်လာ
တာကို ကျွန်တော်မသိတော့ပါဘူး။
  ပရလောကသား နာနာဘာဝတွေက
  သူတို့ကိုမမြင်လို့ အပြစ်လုပ်မိရင်
  ခွင့်မလွှတ်ကြပါဘူးးး
  ခြေထောက်ကမျင်းတဲ့ ကျွန်တော်
  ဒီနေ့အထိ ခေါခွပ်နဲ့ ကျတ်အိမ်လေးတွေကို
  မြင်ရင် ဝေးဝေးကပဲ ရှောင်သွားပါပြီ။

         
  အမှားရှိရင်လည်းအားလုံး.....
           နားလည်ပေးကြပါခင်ဗျာ.....
                       ကျေးဇူးတင်ပါတယ်.....

Post a Comment