တည်ငြိမ်ရင့်ကျက်သူတွေရဲ့
စိတ်နေသဘောထား....
~~~~~~~~~~~~~~~~~~~~~~
ဘဝမှာ အသက်အရွယ်အရ၊
အတွေအကြုံတွေပါ
ရင့်ကျက်လာတဲ့အခါ .
"ကိုယ်အဆင်ပြေနေပေမယ့်
သူများအဆင်မပြေတာတွေကိုကြည့်ပြီး
ကိုယ်ပြေနေတာတွေကို မပြောဖြစ်ဘဲ
မျိုသိပ်ထားလာတတ်တယ်။
ကိုယ်အဆင်မပြေတဲ့အခါ
သူများပြေနေတာတွေကိုကြည့်ပြီး
ကိုယ့်ကြောင့် သူတို့
့စိတ်အနှောက်အယှက်
မဖြစ်ပါစေနဲ့ဆိုပြီး ကိုယ့်ဒုက္ခကို
မပြောဖြစ်ဘဲ သိုသိပ်ထားတတ်လာတယ်။"
ကျိတ်ခံစားတယ်ဆိုတာထက်
ခံနိုင်ရည် ရှိလာတဲ့ သဘောပါပဲ။
တကယ်တော့...
တည်ငြိမ်ရင့်ကျက်သူတွေရဲ့
စိတ်နေသဘောထားဆိုတာ
ကိုယ့်အတွက်နဲ့ သူတပါးအခက်
မဖြစ်စေချင်တာ၊ ကိုယ့်အခက်ကြောင့် သူတစ်ပပါး အနှောက်အယှက်
မဖြစ်စေချင်တာ ဒါမျိုးလေးတွေကအစ
သူတပါးအတွက် ငဲ့ကွက်တတ်တဲ့
သဘောလေးတွေ ရှိနေတာမျိုးပါ။
လူဟာ ငဲ့ကွက်တတ်တဲ့စိတ်နဲ့
ထည့်တွက်တတ်တဲ့စိတ်၊
ကိုယ်ချင်းစာတတ်တဲ့စိတ်နဲ့
ယိုယွင်းဖာတတ်တဲ့စိတ်လေးတွေ
ရှိနေရင်ကိုပဲ အတော်လေး
သူတော်ကောင်းဆန်နေပါပြီ။
အတ္တကြီးတဲ့စိတ်ဟာ
ပူလောင်မှုကိုလည်း
ကြီးစေတတ်တာတော့
အသေအချာပါပဲ။
ဒါကြောင့်
ကိုယ့်အတွက်နဲ့ ဘယ်သူ့ဘယ်သူကိုမှ
ဝန်ထုပ်ဝန်ပိုး မဖြစ်စေနဲ့။
အသစ်အတွက်လည်း အသိမချော်နဲ့၊
အချစ်အတွက်လည်း သတိမချော်နဲ့။
အရှိအပေါ်မှာပဲ အသိသတိ
ထပ်တူညှိနိုင်အောင် ကြိုးစားကြဖို့ပဲ
ဖြစ်ပါတယ်။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ
ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်း (၁၄၂
တည်ငြိမ်ရင့်ကျက်သူတွေရဲ့ စိတ်နေသဘောထား
- on 8:21 PM
- No comments
Post a Comment