တစ်​ဆယ်​ ဖိုးဂရုစိုက်​ပြရင်​ နှစ်​​ထောင်​ဖိုးစိတ်​ဒုက္ခပြန်​​ပေး​သောမိန်းမ

" ဖျက်စမ်း .. အခုဖျက် "

" ဘာလဲ .. မောင် "

အောင်မာ ကျုပ်ကို facebook မသုံးတတ်တဲ့
ငပိန်းများ မှတ်နေလားမသိဘူး
မသိသလိုနဲ့ လာပြန်မေးနေသေးတယ်

" နင် .. ဟိုကောင့် ကို comment ပေးထားတာလေ
အသဲပုံ စတစ်ကာလေးနဲ့ .. "

" ဪ.. အာ့ ခင်လို့ပဲဟာ "

" မရဘူး .. အဲလို စတစ်ကာတွေမပေးနဲ့
နင့်ဘဲက အရှင်လတ်လတ်ကြီးရှိသေးတယ် "

ဘယ်ရမလဲ ဒီတခါကျုပ်အလှည့်လေ .. တချိန်လုံး
ဒင်းချည်း ရစ်လာတာ .. အခုကျုပ်ရစ်ဖို့
အကြောင်းရှာမရတာနဲ့ သူ့ facebook အကောင့်
ထဲ ဝင်မွှေပြီး ရှာကြံရစ်ရတော့တာပဲ
မယ်မင်းကြီးမကတော့ သိပ်ကျေနပ်ပုံမရဘူး
ဆောင့်ကြိ်ီိးအောင့်ကြီးနဲ့

" ရော့ကွာ .. ဖျက်ပြီ မရစ်နဲ့တော့နော် မောင် "

" ကျန်သေးတယ် "

" ဟင်.. ဘယ်မှာလဲ ပြ "

" ဟို status မှာလေ .. ဘယ်ကကောင်တုန်း
နင့်ကို ဝင်မန့်ထားတာ .. မွချိ မွချိ ဆိုလား "

" ဟာ .. အာ့ သူ့သူ လာမန့်တာပဲဟာ
ချစ် မန့်တာ မဟုတ်ဘူးလေ "

" မရဘူး .. အဲ့ statusပါ ဖျက်
အာရုံနောက်တယ် "

မှတ်ပလား .. သူ့အလှည့်တုန်းက ကျုပ်မှာ
ဟိုဟာမလုပ်နဲ့ဆိုလည်း မလုပ်ရ .. ဒီဟာ
မလုပ်နဲ့ဆိုလည်း မလုပ်ရ .. အခုတော့
အဲ့ခံစားချက်တွေကို ဒင်းခံစားရပြီလေ

" ရပီလား .. ဖျက်ပြီးပြီ "

" ဟင့်အင်း .. password ပေး "

" ငှယ် "

မယ်မင်းကြီးမက အာ့မျိုးကျ လည်တယ်
Password လည်းတောင်းရော
ရူးချင်ယောင်ဆောင်တော့တာပဲ

" password မေ့ဝါးပီ မောင် "

" မေ့စရာလား "

" တကယ် မေ့တာ "

ဟွင်းဟွင်း .. ရတယ်လေ
ဒင်းလည်တယ်ဆိုတာ ကျုပ်အိပ်နေသလောက်ပဲ
ရှိသေးတယ် ..

" အာ့ဆို ဖုန်းလဲကိုင်မယ် "

" ညယ် .. "

ငတိမ အကြပ်ရိုက်လေပြီ .. password ပေးရမယ်ဆိုတော့
လက်တွေတုန်ပြီး ဒင်းမျက်နှာက သွေးမလျှောက်တော့ဘူး
ဘယ်ရမလည်း .. ကျုပ်ကလည်းအခွင့်သာတုန်း
ပြောစရာ ရှိတာ ပြောရမှာပဲ

" ကဲ .. ချစ် အခုတော့ သိပြီမလား "

" ဘာလို့လဲဟင် "

" နောက်ဆို ချစ်လည်း မောင့်ကို
အကြောင်းမရှိ အကြောင်းရှာပြီး မရစ်နဲ့တော့ "

" ဟုတ် "

" မောင်လည်း မရစ်ဘူး "

" အာ့ဆို password ပေးဈာ လိုတော့ဝူးလားဟင် "

" လိုပါဝူး .. မောင်က ချစ်လို့ စတာ
ရင်ထဲမှာ ချစ်နေဖို့ကအဓိက "

"ယေး "

အဲဒီနေ့ကစပြီး ဒင်းလည်း ကျုပ်ကို မရစ်ရဲတော့ဘူး
ရစ်တာနဲ့ကျုပ်က password တောင်းပြီလေ
နိုင်ကွက်တကွက်ရသွားတယ်ဆိုပါတော့
ငတိမကလည်း အသက်သာ အသေခံသွားမယ်
Password တော့ လုံးဝ မပေးဘူးဆိုတဲ့သဘော

ဒါပေမယ့်လည်း ခုတော့ တခြားကောင်နဲ့ ညားသွားပါပြီ
facebook ကနေ ဖြစ်သွားကြတာတဲ့
ကောင်းရော .. အဲလိုမှန်းသိရင် အစတည်းက
password ရအောင်တောင်းခဲ့ပါတယ်
နောက်ဆုံးတော့ ခံလိုက်ရတာ ကျုပ်ပဲ .. တောက်စ်

😎😎 အန့်အောဘ

cd...စိန်သောင်း
.........................
wa_than☔☔


Post a Comment