နေရာ

((( နေရာ )))

ဆံပင်ရှည်ရှည်၊ ခေါင်းပေါ်နေ
ကျက်သရေရှိပါသည်။

လက်ချောင်းပေါ်က၊ လက်သည်းလှ
ဣနြေ္ဒရပါသည်။

ရှည်လျားဆံပင်၊ ဖြူစင်လက်သည်း
နေရာလွဲသော်၊ အချစ်လည်းလျော့
အော့နှလုံးနာ၊ စိတ်ပျက်ရာ၏။

နေသင့်နေရာ၊ မနေပါဘဲ
နေရာလွဲမှား၊ နေမိငြားက
လေးစားဖျော့တော့၊ ရိုသေပေါ့လိမ့်။

ကိုယ်နေသင့်ရာ၊ နေတတ်ပါမှ
ယုံမှတ်အားကိုး၊ ဖြည်းဖြည်းတိုး၍
မြတ်နိုးလေးစား၊ တန်ဖိုးထားမည်
ကိုယ့်နေရာကိုယ် သိသင့်သည်။

အရှင်ကောသလ္လ(ရေဦး)
၁၀၊ ၁၊ ၂၀၁၇။


Post a Comment