ချစ်သူဆီကစာ

ချစ်သူဆီကစာ
…………………
                      စ/ဆုံး
****************************
Junuaryလ21ရက်နေ့တွင်

ကလင်…ကလင် …ကလင် "စာလာတယ်"

ခြံရှေ့က လူခေါ်ခေါင်းလောင်သံကြောင့် အခန်းရဲ့
ထောင် တစ်ခုတွင် ထိုင်ကာခေါင်းကို ဒူးပေါ်တင်ပြီ စောက်ဆောင့်လေး ထိုင်လျှက်ငိုနေရာမှ သူမထ
ရပ်လိုက်သည်။ အိမ်တံခါးလေးကို ဖွင့်ပြီ သူမခြံ
ထဲသို့ ဆင်းလာခဲ့သည်။ ခြံရှေ့တွင် စာတိုက်ပုံး
လေးဆီသို့ စာအိတ်လေထည့်ပြီ စာပို့သမားက စက်ဘီးလေးကိုနင်းကာ ထွက်သွားလိုက်သည်။ သူမ ခြံတံခါးလေးကို ဖွင့်ပြီ စာတိုက်ပုံးလေး ထဲက
စာအိတ်လေကို ယူပြီ ခြံတံခါးပြန် ပိတ်ကာ အိမ်
ထဲသို့ ပြန်ဝင်လာတော့သည်။ စာအိတ်ကို ကြည့်
လိုက်ရာ နာမည်တစ်စုံတရာ လိပ်စာလည်မတွေ
ရ မည်သူမည်ဝါ ပို့သည့်စာမှန်းလည်မသိပါ။ စာ
အိတ်ကို သူဖွင့်ဖောက်ကာ စာကို ဖတ်လိုက်သည်။

"နွယ်…နေကောင်းရဲ့လား… အိမ်ထဲမှာဘဲ ပုန်းနေ
တာလား…တစ်ယောက်တည်း ငိုမနေပါနဲ နွယ်ရယ်
အပြင်လေးဘာလေ ထွက်ပါ မောင်လေ…နွယ်
တစ်ယောက်တည် ကြိတ်ပြီ ငိုနေမှာ မောင်အရမ်း
စိတ်ပူတယ် မောင်ကို စိတ်ပူနေအောင် မလုပ်ပါ
နဲ နွယ်ရယ် မောင့်ကိုချစ်တယ်မဟုတ်လား မောင်
စကားကို နားထောင်ပါ နွယ်ရယ် အလုပ်လည်
မှန်မှန်သွားပါ တစ်ယောက်တည်းလည် မနေပါနဲ
နေကောင်းအောင်လည် နေပါနွယ်ရယ် နွယ်အခု
ထမင်းရော အချိန်မှန်စားရဲ့လား မောင့်ကို စိတ်
ပူနေအောင် မလုပ်ပါနဲ နွယ်ရယ် လိမ္မာပါတယ်
နွယ်လေးရယ် ထိုင်မနေနဲတော့နော် မောင့်ကိုချစ်
တယ်ဆိုရင် အခုထပြီ မောင့်နေစေချင်သလိုနေ
ပေးပါနော် မောင့်နွယ်ကိုယုံပါတယ် မောင့်စကား
နားထောင်မယ်လိမ်မယ်ဆိုတာ နွယ်လုပ်မယ်မှတ်
လား မောင့်ယုံကြည်နေမယ်နော်နွယ် မောင် စိတ်
ချနေပါရစေ။
                      နွယ်ကိုသိပ်ချစ်တယ် မောင်

သူမစာကို ဖတ်ရင်းပါးပြင်ထက်သို့ မျက်ရည်များစီး
ကျလာတော့သည်။ ရင်ထဲမှာလည် စို့နစ်နေတော့
သည်။ နူတ်မှလည်
"မောင်ရယ်………………"

February. 20ရက်နေ့
သူမ အလုပ်ကပြန်လာသည်။ အိမ်ထဲသို့ အဝင် စာ
တိုက်ပုံးလေး ဖွင့်ကြည့်မိသည်။ စာလေးတစ်စောင်
ရောက်နေသဖြင့် သူမဝမ်းသာသွားသည်။ စာကို
ယူ၍ အိမ်ထဲသို့  ပြေးဝင်လာသည်။ အိမ်ထဲသို့
ရောက်တော့ စလင်ဘဲလ်အိတ်လေးကို စားပွဲတင်
လိုက်ပြီ အိပ်ယာပေါ်ထိုင်ကာ စာကိုဖွင့်ဖောက်
ဖတ်လိုက်သည်။

နွယ်…နေကောင်းလာ အလုပ်ရော ဆင်းနေပြီ မှတ်
လား မောင်ကိုရော သတိရနေတယ်မဟုတ်လား မောင် သိလို နွယ်ဆီစာရေးလိုက်တာပါ ဒီနေ့က မောင်တို့ချစ်သူ သက်တန်းရက်ပေါင်း၁၂၀၀ပြည့်
တဲ့ နေ့နော် အင်း…မောင် နွယ်ကိုဘာလက်ဆောင်
ပေး ရမလဲ လို့အတော်ကြာကြာစဉ်းစားလိုက်ရ
တယ် မောင်ဘာလက်ဆောင်ပေးမလဲ နွယ်သိ
လား နွယ်မသိဘူးမဟုတ်လား မောင်ပြောပြမယ်  သေချာနားထောင်နော် နွယ်အိပ်ခန်းရဲ့ ညာ
ထောင့်စားပွဲ ပုလေးတွေ့လား အဲဒီစားပွဲပုလေးရဲ့
အောက်ဆုံးက အံဆွဲလေးမှနွယ်အတွက် လက်
ဆောင် မောင်ထည့်ထားပေးတယ် သွား ယူလိုက်
နော် ပျော်ရွှင်ပါစေ နွယ်လေးရယ် ချစ် သက်တန်း ရက်ပေါင်း ၁၂၀၀ပြည့်တဲ့နေ မှာ နွယ်အနားမှာ မောင်မရှိလို ငိုမနေနဲနော်နွယ် နွယ်အနားမှာ
မောင် အမြဲတမ်း ရှိနေပါတယ် ကျန်းမာရေးဂရု
စိုက်ပါ နွယ် အစားလည်မှန်မှန်စာပါ မောင် စိတ်
ချနေပါစေနွယ်။
                         နွယ်ကိုသိပ်ချစ်တဲ့မောင်

သူမ စာထဲက အတိုင်း စားပွဲပုလေးက အံဆွဲကို
ဆွဲဖွင့်လိုက်သည် ဗူးလေး သုံးလက်မ ပတ်လည်
ဗူးလေးတစ်ဗူး ထွက်လာသည် သူမယူ၍ ကြည့်
လိုက်သည်။ သစ်ရွက်ပုံ ကျောက်လေးတွေဖြစ်
အလှ စီထားသော ရင်ထိုးလေးကို တွေရသည်။
ဗူးထဲတွင် စာရွက်အပိုင်းလေးနဲ့ စာရေးထာပြန်
သည်။
"နွယ်…လှရဲ့လား နွယ်ထဲရင်မှာ မောင်အမြဲတမ်း ရှိနေချင်လို့ ရင်ထိုးလေး လက်ဆောင်ပေးတာပါ နွယ်ကြိုက်မယ် ဆိုတာမောင်သိပါတယ် မောင် သေချာ နွယ် အကြိုက်ပုံစံ ကိုရွေးပေးခဲ့တာပါ နွယ်ရယ်"

သူမရင်ထိုးလေးကို ကြည့်၍ ငိုမိပြန်သည်။
"မောင်ရယ်…နွယ်လေ မောင့်ဘာပေးပေး နွယ်
ကြိုက်ပါတယ်…နွယ်ရင်ထဲမှာ မောင်အမြဲတမ်းရှိ
နေပါတယ် မောင်ရယ်…"
သူမ ထပ်၍ငိုမိပြန်တော့သည်။

Marchလ17ရက်နေ့
သူမ မမြဲတမ်း စာတိုက်ပုံးလေးကို အိမ်ပြန်လာ
တိုင် ဖွင့်ကြည့်မိတယ် မောင့်ဆီက စာများရောက်
နေမလားလို့။ ဒီနေ့က တနင်္ဂနွေနေမို့ သူမရုံးသို့မ
သွားရပါ အိမ်ထဲမှာ တစ်ယောက်တည်း မောင့် ဆီက စာကိုမျော်နေမိသည်။ အိမ်ရှေ့မှ
"ကလင် ကလင် ကလင် စာလာတယ်"
သူမစာပို့သမား အသံက စာရောက်သံကိုကြားရ
သဖြင့် သူမအိမ်ထဲမှာ ပြေးထွက်လာသည်။ စာပို့
သမားကတော့ စာကို စာတိုက်ပုံးလေး ထဲထည့်
ပြီ ထွက်သွားလိုက်သည်။ သူမစာကိုယူပြီ အိမ်
ထဲ ပြန်ဝင်လာခဲ့သည်။ အိမ်ထဲရောက်မှ စာကို
ဖွင့်ဖောက် ဖတ်လိုက်သည်။

…နွယ် ရာသီဥတုက ပူတယ်နော် အကျီင်္ပါးပါးတွေ
ဝတ်ပါ ဒါပေမယ့် လုံလုံခြုံခြုံဝတ်ပါနွယ် နွယ်ကို
မောင် မှလွဲ တစ်ခြားလူကြည့်တာမကြိုက်ဘူး ဒီနေ့
အလုပ်မသွားရဘူး ထင်တယ် နွယ်ဘာလုပ်နေလဲ
အင်း…မောင် ဟာသကားတွေ ဝယ်ထာတယ် နွယ်
ရုပ်ရှင်ကြည့်ပါလား နွယ် ရီနေတာ မောင်မြင်ချင်
လိုပါတီဗီ စင်အောက်ကိုသွား မောင် မစ္စဘင်းးခွေ
ဝယ်ထားတယ် နွယ် မတွေ့မှစိုးလို့ ဒီအတိုင်း တင်ထားပေးတယ် ကြည့်လိုက်နော် တီဗီမကြည့်
တာ လည် ကြာပြီ မဟုတ်လားနွယ် တီဗီစင်လေ
ဖုန်တတ်နေလိမ့်မယ် နွယ် ခါလိုက်လိုက်ဦးနော်
မောင်လည် နွယ်ဘေးကတီဗီထိုင်ကြည့်နေမယ် မောင့် ချစ်ရတဲ့နွယ်နဲအတူတူကွာကြည့်ပေးမယ်
အခုဖွင့်လိုက်ပါနွယ်။

သူမ မောင်စာကြောင့် ပြုံးမိသည်။ မောင်ပြောတဲ့
အတိုင်း တီဗီစင်မှာ မစ္စဘင်းခွေကို တွေ့ရသည်။
တီဗီကို မဖွင့်တာအတော် ကြာပြီမို့ တီဗီစင်တောင်
ဖုန်တွေတတ်နေသည်။ သူမ ခါခပ်ပြီ ခွေထည့်ကာ
တီဗီကြည့်လိုက်တော့သည်။ မောင်ပြောတဲ့ အတိုင်းသူမ လိုက်လုပ်နေမိသည်။ စိတ်ထဲတွင်
သတိရလိုက်တာမောင်ရယ်……

Aprilလ 18ရက်နေ့
မောင့်ဆီက စာရောက်လာပြန်သည်။

"နွယ် သင်္ကြန်ပြီပြီ ထင်တယ် ဒီစာကို မောင်
သင်္ကြန်ပြီမှ ပို့လိုက်လို နွယ်စိတ်ကောက်နေလား
မောင်တောင်းပန်ပါတယ်နွယ်ရယ် မောင့်လေ နွယ်ကို ပစ်ထားတာ မဟုတ်ပါဘူး နွယ် မောင်
နေမကောင်းဘူး ဒီစာကိုတော်တော်ရေးနေရတယ်
နွယ် နွယ်အကြောင်းဘဲစဉ်းစားနေမိတယ် မောင်မ
ရှိရင် နွယ်အဆင်ပြေပါမလား နွယ် စာအိတ်ထဲမှာ
ပိတောက်ပန်းခြောက် တွေရှိလိမ့်မယ် နွယ်ပန်းဖို့
မောင်ပေးချင်လိုပါ သင်္ကြန်အတွင်းမှာ မောင်စာ
ပို့လိုက်ရင် နွယ်မပျော်တော့ဘဲ ဝမ်းနည်းနေမှာစိုး
လို့ပါ နွယ်ရယ် မောင်စာတိုသွားရင် တောင်းပန်
ပါတယ်နွယ် မောင်စာမရေးနိုင်ဘူး ဖြစ်နေတယ်
ရင်ထဲမှာ အများကြီးပြောစရာရှိပေ့မယ် စာဆက်
မရေးနိုင်တော့လိုပါနွယ် မောင့်ကိုနားလည်ပေးပါ
နော်နွယ်
                     နွယ်ကိုသိပ်ချစ်တဲ့ မောင်
သူမစာကို ဖတ်၍
"မောင်ရယ်…နွယ်ဆီကို စာတွေအားတင်းပြီရေး
နေရလားမောင်ရယ် ………"
သူမ ငိုမိပြန်သည်။ စိတ်လည်မကောင်းတော်တော်
ဖြစ်မိပြန်သည်။

Mayလ 20ရက်နေ့
ဒီနေ့သူမ ရုံးတွင် ရာထူးတို့သဖြင့် အိမ်သို့ ခြောက်
နာရီမှပြန်ရောက်သည်။ သူမစာတိုက် ပုံးလေးကို
ကြည့်၍စာက မရောက်လာသေးပါ။ သူမအိမ်ထဲ
သို့ဝင်လာသည်။ အိမ်ထဲတွင် လူတစ်ယောက်
ယောက်ရှိနေလေတော့သည်။
"အိမ်ထဲမှာ ဘယ်သူရှိနေတာလဲ"
သူမအိမ်ထဲသို့ပြေးဝင်လာမိသည်။ အိမ်တံခါးကို
ဖွင့်လိုက်ရာ
"ဂုဏ်ပြုပါတယ် ရုံးမှာ ဦးစီးမှူးဖြစ်သွားပြီမဟုတ်
လားး"
သူမအံသြသွားသည်။ ကျောင်းတုန်းက သူမသူ
ငယ်ချင်းတွေ သုံးယောက် ဖြစ်နေသည်။
"ဟင် ဆောင်း .ဝင်း .ခိုင် ဘယ်လိုရောက်လာတာ
လဲ"
"ရော့"
ဝင်းက ပန်းစီးနှင့် စာအိတ်ကို သူလက်ထဲ ထည့်
ပေးလိုက်သည်။
"ဒါက"
"မင်းသန့်မောင် နင့်အတွက် ငါတို့ကို ပေးခိုင်းလိုက်
တာ စာကိုအရင်ဖတ်လိုက်ဦးလေ"
သူမ ပန်းစီးကို ပွေ့၍ စာကိုဖွင့်ဖတ်လိုက်သည်။
"နွယ်…ဒီနေ့ရာထူး တိုးတယ်မဟုတ်လား မောင့်
ပန်းစီးလေးနဲ ဂုဏ်ပြုပေးလိုက်ပါတယ်နွယ် တစ်
ယောက်တည်း ဖြစ်နေမှာ စိုးလို ဆောင်း ဝင်း နဲ ခိုင်တို့သုံးယောက် ကို အကူညီတောင်းလိုက်တာ ပျော်ပျော်နေနော်နွယ် နွယ် သူတို့ဆုံရင် နွယ် ပျော်နေမှာ မောင်သိပါတယ် ဒါမောင်ရဲ့လက်
ဆောင်ပါနွယ်ရယ် မောင် နွယ်ရာထူး တိုးတာ
ဘယ်လိုသိလည် ဆိုပြီ အံသြမနေနဲနော် နွယ် မေ
၂၀ကြရင် ရာထူးတိုမှာ မောင်ကို နွယ်ဌာနမှူးက
ပြောပြထားလို့ စီစဉ်ပေးလိုက်တာပါနွယ်။
                       အမြဲတမ်းပျော်ရွှင်ပါစေ နွယ်
သူစာကို ဖတ်၍စာရွက်ပြန်ခေါက်လိုက်သည်။ သူမ
ရဲ့ သူငယ်ချင်းတွေ ပြုံးပြလိုက်သည်။ စိတ်ထဲမှ
"ကျေးဇူးတင်ပါတယ် မောင်ရယ် နွယ်ပျော်ပါ့မယ်"

သူမ ရင်ထဲက နာကျင်တဲ့ဝေဒနာတွေမေ့ပြီ သူငယ်
ချင်းတွေနဲ ဒီညပျော်ပျော် နေပစ်လိုက်သည်။ အရာ
အားလုံးကို မေ့ပစ်ပြီတော့ပေါ့။

Junလ28ရက်နေ့
ဒီလ မောင့်ဆီက စာလာနောက်ကျ သည်။ မိုးဥ
အစ က မိုးတွေက တခြိမ်းခြိမ်းနှင့် မိုးတွေရွာနေ
တော့သည်။ တစ်လတစ်ခါ လာလာနေတဲ့ မောင့်
ဆီက စာကိုမျှော်နေမိတာတော့ အမှန်ပင် စာက
ရောက်နေသဖြင့် ညရောက်မှာ မောင့်စာလေးကို
ဖတ်မယ်လို့ စဉ်းစားလိုက်မိသည်။ ညရောက်တော့
မောင့် စာလေးကို ဖွင့်ဖတ်မိသည်။

"နွယ် မိုးတွေ အရမ်းရွာနေလား မိုးခြိမ်းသံ ကြား
ရင် မောင့်ရင်ခွင်ထဲ နွယ် တိုးဝင်တာ မောင့်မှတ်
မိသေးတယ် မိုးခြိမ်းတာ မကြောက်နဲနော် မောင်
နွယ် အနားမှာ ရှိတယ်လို သဘောထားပါ မောင်
ရင်ခွင်က နွယ်အတွက် ထာဝရခိုနားခွင့်ပါ နွယ်
မိုးရေထဲလည် လျှောက်မသွားနဲ အအေးမိလိမ့်
မယ် မောင့်အနားမှာမရှိတော့ နွယ်ကို ဂရုမစိုက်
ပေးနိုင်ဘူး ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ နွယ် အပြင်
သွားရင် ထီးယူသွားနော်  အအေးမမိစေပါ
နဲနွယ် မောင့်ကို စိတ်ပူအောင် မလုပ်ပါနဲနော်
နွေးနွေးထွေးထွေးလေ နေပါနော် နွယ်။
                               
                          နွယ်ကို သိပ်ချစ်တဲ့မောင်
မောင့်စကားတွေကြောင့် သူမ မိုးခြိမ်းသံကို
မကြောက်တော့ပါ။ မောင့်ရဲ့ စာတွေ ကို ညတိုင်း
ညတိုင်း ပြန်ဖတ်ပြီ သူမအိပ်လေ့ရှိပါသည်။ မောင့်
ရဲ့စာတွေက သူမအတွက် မောင့်အနားမှရှိသလို
ပါဘဲ။

July 30
ဒီနေ့ အလုပ်က စောစောပြန်ရောက်သည်။
စာတိုက်ပုံးမှာ မောင့်စာကိုတွေ လိုက်ရပြန်သည်။
သူစာကိုယူပြီ အိမ်ထဲရောက်တာနဲ ဖွင့်ဖတ်လိုက်
သည်။

"နွယ် ကိုယ် နွယ်အတွက် ပန်းချီးကားလေ ဆွဲ
ထားပေးတယ် မောင့်အကျီင်္တွေ ထည့်ထားတဲ့
ဘီဒီုမှာ ဖွင့်ပြီ ကြည့်လိုက်ဦး အရင်ကတည်းက
ဆွဲပေးထားတာ နွယ်ကို မပေးဖြစ်လိုက်ဘူး ယူ
ကြည့်လိုက်ဦးနော် မောင့်ဆွဲထားတာ လှလားလို့"

သူမ စာကိုဖတ်ပြီ မောင့်အဝတ်အစား ကိဖွင့်ကြည့်
လိုက်သည်။ သေချာကို စက္ကူဖြင့် ထုတ်ပိုးထား
သည်။ သူမစက္ကူကို ဖြုတ်၍ ကြည့်လိုက်သည်။
သူမရဲ့ ပုံတူလေးကိုတွေ့ရသည် ပုံအောက်တွင်
သိပ်ချစ်တဲ့ နွယ်အတွက် မောင့်လက်ဆောင်

သူမပုံကိုကြည့်၍ ငိုမိပြန်သည်။
"မောင်ရယ် အရင်ကတည်းကပေးခဲ့ရောပေါ့ မောင်
ရယ်"
သူမ အိမ်လေးက အမြဲတမ်းတိတ်ဆိတ်ငြိမ်
သက်လျှက်ရှိတော့သည်။

Agustလ 27ရက်နေ့

ဒီနေ့သူမ မွေ့နေလေးပါ တနင်္ဂနွေနေမို့ အိမ်မှာ
တစ်ယောက်တည်းပါ မောင့် ဆီက ဒီနေ့စာလာ
မယ်ဆိုတာ သိလို သူမစောင့်နေမိသည်။ ခဏ
ကြာ ဆောင်းရောက်လာသည်။ မွေ့နေလက်
ဆောင်နဲ အတူ
"happy birthday နွယ်နှင်းဆီ"
"ဟယ် ငါမွေ့နေကိုလာတယ်"
"ဟုတ်တယ် နင့်မွေ့နေ့ကို လာဖို့ နင့်မောင်တော်
က အတင်းတောင်းဆိုထားလို့"
"ဟုတ်လား"
ခဏကြာ ကားလေးဖြင့် ဝင်းနဲခိုင် ရောက်လာ
သည်။
"happy birthday နွယ်"
"ဟယ် ဝင်းနဲခိုင် လာလေ နင်တို့မှတ်မိတယ်
ငါမွေ့နေ့ကို"
"မမှတ်မိလို့ရမလာ နင်လူက လာခိုင်းထားတာ"
သူမ စိတ်ထဲတွင် မောင်ရယ် နွယ်မွေးနေ့မှာ တစ်
ယောက်တည်း ဖြစ်နေမှာ စိုးရိမ်နေတာလား မောင်
ရယ်နွယ်နေတတ်နေပါပြီ သူမတွေးလိုက်ချိန် ကား
ကြီးဖြင့် ကိတ်မုန့်ကားရောက်လာသည်။ ကောင်း
လေးနှစ်ယောက် ကဆင်းလာပြီ
"ဒါ မနွယ်နှင်းဆီတို့ အိမ်လား"
သူမက
"ဟုတ်ပါတယ်"
"ဟုတ်ကဲ့ ကိုမင်းသန့်မောင်က ကိတ်နဲ စာကိုပေး
ခိုင်းလိုက်လို့ပါ"
"သြော် ဟုတ်ကဲ့"
ဆောင်က
"မင်းသန့် ကိတ်မှားထားတာ ထင်တယ် မင်းသန့်
ကတော့ ရှားမှရှား ယောကျာ်းဘဲဟေ့ သူလို့လူ
မျိုး နောက်တစ်ယောက်ရှိနိုင်ပါ့တော့မလာ နွှယ်"
သူမ ဆောင်းကိုပြုံးပြလိုက်ပြီ ကိတ်ကို လှမ်းယူကာ
အိမ်ထဲ သို့ဝင်လာလိုကိသည်။ အိမ်ထဲရောက်
တော့ သူမစာကို ဖတ်လိုက်သည်။
"နွယ် happy birthdayပါ နွယ် မောင့်သိပ်
ချစ်တဲ့ နွယ်ပျော်ရွှင်ပါစေနော် ဆောင်းတို့ရောက်
နေပြီ ထင်တယ် မောင့် နွယ် အတွက် ကိတ်ပုံစံ
ဆွဲပြီ လုပ်ခိုင်းထားတယ် လှလား အဲဒီကိတ်ရဲ့ အသည်း ပုံအောက်မှာ နွယ်အတွက် လက်ဆောင်
ထည့်ထားတယ် ယူလိုက်နော်။
                             မွေးနေ့မှပျော်ရွှင်ပါစေနွယ်

သူမ ကိတ်ကို အသည်းပုံနေရာကို ဓါးနဲ လီးလိုက်
သည်။ စိန်လက်စွပ်လေးတစ်ကွင်း ထွက်လာ
သည်။
"ဒါ…ငါ ဟိုတုန်းက ရွှေဆိုင်မှာ အရမ်းလိုချင်တယ်
လို ပြောတဲ့ လက်စွပ်လေးဘဲ မောင်ရယ်……
ဝယ်ခိုင်းတုန်းက မဝယ်ပေးဘူးပြောပြီတော့ အခု
တော့ မွေးနေ့လက်ဆောင် အဖြစ်နဲ မောင်ရယ်…"
ဆောင်က
"မငိုပါနဲတော့ နွယ်ရယ် မင်းသန့်မောင်က နင့်ကို
မွေးနေ့မှာ ပျော်ရွှင်စေချင်တာပါ နင်မငိုပါနဲတော့
ဟာ"
ခိုင်နဲဝင်းကပါ
"ဟုတ်ပါတယ်ဟာ နင်ပျော်ပျော်နေပါ နွယ်ရယ်
နော် သူစီစဉ်ပေးခဲ့တာ နင်ဒီလိုငိုနေရင် သူစိတ်
မကောင်း ဖြစ်လိမ့်မယ် နွယ်"
သူမ စိတ်မကောင်း အရမ်းဖြစ်သွားသည်။ လက်
စွပ်ကိုကြည့်၍ ထိန်းမရအောင် မျက်ရည်ကျမိ
သည်။ သူမရဲ့သုငယ်ချင်းများလည် သူမကိုကြည့်
၍ စိတ်မကောင်းကာ ဝိုင်းငိုကြတော့သည်။

Septemberလ 26ရက်နေ့
စာကရောက်လာပြန်သည်။ သူမထုံစံအတိုင်း
စာအိတ်ကို ဖွင့်ဖတ်မိသည်။

နွယ်…ဒီနေ့ နွယ်တော့ မသိပေမယ် မောင်တော်
ကြေကွဲရတယ်နွယ် နွယ်တစ်ညလုံး မောင်ဘေးမှာ
ငိုနေတာကို မသိဟန် ဆောင်ပြီ အိပ်မပျော်ပေမယ့်
အိပ်ချင်ယောင်ဆောင်နေရတယ် မောင်လေ နွယ်
ကို မောင်နဲအတူ ရှိနေတဲ့အချိန်တိုင်း ပျော်စေချင်
ခဲ့တယ် ဒါပေမယ့် နွယ်ကမောင့်ကြောင့် အမြဲငိုခဲ့ရ
တယ် မောင် ဘာမှမဖြစ်ဘူး စိတ်မပူဖို့ နွယ်ကို
ပြောနေလည် နွယ်က ဘယ်တော့မှ လက်မခံခဲ့
ဘူး နွယ်ရယ် မောင်ကြောင့် လူရော စိတ်ရော
ပင်ပန်းနေရတဲ့ နွယ်ကို ပျော်စေချင်လို့ မောင်က
ဘာမှမဖြစ်သလို ကြိုးစားပေးတာ နွယ်ကို စိတ်တို
စေခဲ့တယ် မောင်တောင်းပန်ပါတယ်နော်နွယ်
မောင့် ကိုခွင့်လွတ်ပေးပါ နွယ်ကို စိတ်ချမ်းသာစေ
ချင်လိုပါနွယ် တကယ်တော့လေ နွယ် ဘဝကတို
တောင်းပါတယ် ပျော်ပျော်ရွှင်နေပါ နွယ် ငိုမနေပါ နဲနော် မောင်သိတယ်နွယ် ဆက်ငိုနေအုန်းမယ် ဆိုတာမောင်သိတယ် နွယ်တစ်ယောက်တည်း ဘဝမှာ အထီကျန်နေမှာ စိုးလို မောင်စာတွေ ရေး
ပို့နေတာပါနွယ် ဒါဘဲ နွယ် မောင်စာရေးချင်သေး
ပေမယ့် မျက်လုံးက ဝါးနေတယ် ဒီလောက်ဘဲ
ရေးလိုက်တယ်နော်။
                               နွယ်ကိုသိပ်ချစ်တဲ့မောင်
သူမသိလိုက်သည်။ မောင်ရဲ့ end result ကိုသိ လိုက်ရတဲ့ နေ့ဟာ ဒီနေ့ဖြစ်သည်။ သူမအတော်
ငိုခဲ့ရသော နေ့လေးဖြစ်သည်။ သူမဘဝမှ မမေ့နိုင်
သော နေ့လေတစ်နေ့ပါဘဲ။ မောင်လည်ကြေကွဲ
ရသည်ကို အခုမှ သိလိုက်ရတဲ့ သူမ မောင်ကို
အဲဒီနေ့မှာ စိတ်တိုလို အော်ခဲ့မိတာကို နောင်တရ
မိသည်။

October 15 ရက်နေ့
သူမ စာအိတ်ကို စာတိုက်ပုံးကထုတ်လိုက် ချိန်
စာအိတ်မှာ လက်မရာ သွေးစွန်းနေသည်။ သွေး
ပေးနေသော စာအိတ်ကို ကိုင်ပြီ ဖွင့်ဖတ်ရမှာ
သူမကြောက်လာသည်။ ဒါပေမယ့်လည် သူမ အား
တင်ပြီ စာအိတ်ကို ဖွင့်ဖောက် လိုက်သည်။
စာရွက်တွင် သွေးစက်များ ပြန့်ကျဲလျှက်
"မောင် နူတ်ဆက် ခဲ့တယ် နွယ် မောင် သိပ်ချစ်
တယ် ခဲ့နွယ်ရယ် နွယ်ကို ဘာမှမဖြစ်သလို မောင်
ဟန်ဆောင် နေခဲ့တယ် မောင်အခုစာတွေ ရေးနေ
ရပေမယ့် မောင်လေဘာမှမမြင်ရတော့ဘူး နွယ်"

သူမ စာတိုလေးကို ဖတ်ပြီ ရင်ဘက်သို့ပေါ်သို့
ဖမ်းဆုပ်ကာ အံကြိတ်ငို မိသည်။
"မောင်ရယ် စာတွေကို နွယ်အတွက် ………
ဘာလိုများ ဒုက္ခ ခံပြီရေးနေရတာလဲ မောင်ရယ်"

November 16
သူမ ဒီနေ့ နေမကောင်းသဖြင့် ရုံးမသွားဘဲ ခွင့်
ယူထားသည်။ တစ်နေ့လုံး မောင့်ဆီက စာများ
လာမလား ဟုမျော်နေမိသည်။ နေမကောင်း
သဖြင့် အားငယ်နေမိတာတော့ အမှန်ပင်ဖြစ်
သည်။
"ကလင် ကလင် စာလာတယ် "
သူမ ထိုအသံကြောင့် အတွေးတွေပါ ရပ်သွားသည်
ဝမ်းသားအားရ စာကို ပြေးယူလိုက်သည်။ စာအိတ်
ထဲ စာမဟုတ်ဘဲ စက်တစ်ခုခု ယူဆရသဖြင့်သူမ
အိမ်မဝင် ခင်ဘဲ စာအိတ်ဖောက်လိုက်သည်။ စာ
အိတ်ထဲတွင် MP3playerတစ်ခု နားကြပ်လေး
တစ်ခုပါ ပါသည်။ သူမ အိမ်ထဲသို့ ရောက်တော့
နား ကြပ်လေးကို နားမှ တပ်ပြီ MP3player
လေး ကို ဖွင့်ပြီ အိပ်ယာထက်တွင် အိပ်ကာ နား
ထောင်လိုက်သည်။ သူအသံကိုကြားရသည်
…နွယ် ဘာလုပ်နေလဲ နေရောကောင်းလား နေ
မကောင်းဘူး ထင်တယ် နွယ်က ဆောင်းတွင်းဆို
ခဏ ခဏနေမကောင်း ဖြစ်တတ်တယ် အခုလည်
နေမကောင်းဘူးထင်တယ် နွယ်ဆေးသောက်ပြီပြီ
လား ဆေးသောက်ပါ နွယ်ရယ် နွယ်ဆေးသောက်
ပြီရင် မောင် ဂီတာလေး တီးပြီ သီချင်းဆိုပြမယ်"
သူစကားကြောင့် သူမပြုံးမိသည်။ 
"မောင်ရယ် နွယ်နဲ ပါတ်သတ်တဲ့ အရာတိုင်းကို
သိနေတာဘဲနော် နွယ်ဆေးသောက်ပါ့မယ်"
သူမ ဆေးကိုသောက်လိုက်သည်။
"လိမ္မာတယ် နွယ် မောင့်မိန်းမက လိမ္မာလိုက်တာ
ကွာ မောင်စကားနားထောင်တယ် ဒါကြောင့် ချစ်
ရတာ ကယ်  မောင်သီချင်ဆိုပြမယ် နားထောင်
နော် ဘာသီချင်းလဲ ဆိုတော့ အာဇာနည် သီချင်း
ဆိုပြမယ်ကွာ မောင့်အနားမှာ နွယ်ကိုအမြဲရှိနေ
စေချင်လို ကိုယ်နားရှိစေချင် သီချင်းလေးဆိုပြမယ်
နားထောင်မယ်မဟုတ်လား ကယ်ဆိုပြီနော် "
သူဂီတာလေးကို စတင်တီခတ်လေသည်။ သူမ
လည် မျက်လုံးမှိတ်ကာ နားထောင်လိုက်သည်။
…အတူစား အတူသွားကာ …ပျော်မြူးခဲ့ဖူးတာ…
ပြန်တွေးလိုက် မင်းအနားနားရောက်လား…သူစိမ်း
တွေကြားမှာ လှုပ်ရှာရင်နဲ သား တို့နှစ်ရည်မှန်းကာ
ကိုယ်စီ မျော်လင့်ဆဲပါ……ရေမြေခြား သွားရတော့
မင်းလေးကို ထားခဲ့ရပြီပေါ့ မျက်ကွယ်ရာမှာ ကိုယ်
စိတ်ချ ပါရစေ ဒါပေမယ့် ကိုယ်အတွက်တော့ ယုံ
ကြည်ပြီ စောင့်နေပါနော် လွမ်းရက်တွေကို တဖြေး
ဖြေး ဖြတ်ကျော်မှာ ဟို ဟို့အဝေးမှာ နေတဲ့အခါ
မျက်ဝန်း တွေထဲ မင်းဘဲမြင် ပြန်စုံနိုင်မယ် နေ့ရက်
လေးတွေ မရောက်သေးခင် ဤမှန်ကန်သော ကိုယ် ရဲ့သစ္စာတွေကြောင့် ဆုတောင်း ပြည့်ခဲ့ရင်
အချစ်ဆုံးသာ ကိုယ်အနားရှိစေချင်×××××××
×××××သီချင်း တစ်ပုဒ်လုံးကို သူမခံစားပြီ နား
ထောင်ရင်း မျက်လုံးမှိတ်ထား လည် မျက်ရည်များ
ကျလာတော့သည်။

December21
ဒီနေ့ဟာ မောင့်မွေးနေ့လေးပါ ဒီနေ့ဟာ သူမတို့
လက်ထပ်ခဲ့တာ သုံးနှစ်ပြည့်နေလေးပါ ဒီနေ့မှာ
မောင့် စာ ထပ်ရောက်ပါ့မလားဟု သူမစိုးရိမ်နေ
မိသည်။ အိမ်တွင် တစ်ယောက်တည် သွေးပျက်
ခဲ့ရတဲ့နေ့လေးပါ မောင့်မွေးနေ့မှာ လက်ထက်ပွဲ
ကို လုပ်ခိုင်းခဲ့တဲ့ ကျွန်မ အမှတ်တရ ဖြစ်စေချင်
လိုပါ အခုတော့………………………
ကလင် ကလင် ကလင် စာလာတယ်ဗျို့
သူမ စာလာသံကြောင့် ပြေးထွက်လာခဲ့သည်။
စာပို့ သမားက အပြင်မှာ ရပ်၍ သူမကိုစောင့်နေ
သည်။ သူမက
"စာရော ဦးလေး"
"ရော့ သမီး ဒီစာက သမီးတွက် နောက်ဆုံးစာပါ ဦးလေးကို ကောင်းလေ ဦးလေးကို ဒီစာ နောက်
ဆုံးလာပေးသွားတာပါ နောက်ထပ် စာလာမပို့နိုင်
တော့ဘူး သမီးမျှော်နေမှာ စိုးလို့စောင့်ပြီဦးလေး
ပြောပြတာ သမီး"
"ဟုတ်ကဲ့ ဦးလေး ကျေးဇူးပါ"
"တရားနဲသား ဖြေပါ သမီးရယ် ကယ် ဦးလေးသွား
တော့မယ်နော် ဘာလိုလိုနဲ တစ်တောင်ကြာသွား
ပြီနော် သမီး"
"ဟုတ်ကဲ့ ဦးလေး စာတွေလာပို့ပေးလို့ ကျေးဇုး
တင်ပါတယ် ဦးလေး"
"ရပါတယ်ကွယ် ကယ်ကယ် ဦးလေးသွားပြီ"
"ဟုတ်ကဲ့"
သူမ စာလေးကိုယူကာ အထဲသို့ ပြန်ဝင်လိုက်
သည်။ သူမ မောင့်ရဲ့နောက်ဆုံး စာကို ဖတ်ရင်
ကောင်းမလာ မဖတ်ရင် ကောင်းမလားဟု တွေး
လိုက်သည်။ သူမ စာအိတ်ကို စလင်ဘဲလ် အိတ်
ထဲ ကာ အပြင်သို့ ထွက်လာခဲ့သည်။ သူမှာ taxi
ငှားလိုက်ပြီ  ကားပေါ်တတ်လိုက်သည်။  ကားက
စီးတာနဲ မောင်းနှင်လိုက်သည်။
"ဘယ်သွားမလဲ ကလေးမ "
"မြေနီကုန်း သချိ င်္ုင်းပါ "
"တစ်ယောက်ယောက်ဆုံးသွားလို့ လား"
"ဟုတ်ကဲ့ "
"ဘယ်သူများလဲ သမီး"
"သမီးအမျိုးသားပါ"
"သြော် စိတ်မကောင်းစရာဘဲ ကွယ် ဘယ်တုန်းက
ဆုံးတာလဲ ဘာရောဂါနဲလဲသမီး"
"ဆုံးတာ ဒီနေ့ဆို တစ်နှစ်ပြည့်ပါပြီ ဦးနှောက် ကင်
ဆာနဲ ဦးလေး"
"အမျိုးသားနာမည်ကရော သမီး"
"မင်းသန့်မောင်ပါ"
ဦးလေးကာ နောက်လှည့်ကြည့် သဖြင့် ရှေ့က
ကား တစ်စီးက အတင်ဝင်လာသဖြင့်
"ဦးလေးးး ရှေ့မှာကားးးးးး"
…ကျွီ……ဂျိမ်…ဒုန်းးးးးးး…အားးးးးး
သူမ မြေပြင်ထက် သိုလဲကျသွားသည်။ လူ
တွေလဲ ရုတ်တရပ် ထအော်ကြသည်။
"ကား တိုက်သွားပြီ ကား တိုက်သွားပြီ ဟေ့"
သူမ ကားပေါ်က လွှင့်စင်ကျသွားသည် ခေါင်းကို
ကတ်တာရာနဲ ဆောင့်မိသည်။
"လာကြဦး လာကြဦး ကောင်းမလေး သေပြီထင်
တယ် အုပ်စက်ပွင့်သွားပြီ သွေးတွေ အများကြီးဘဲ"
လူတွေ သူမကို ဝိုင်းထူနေပေမယ် သူမကတော့
သတိမရတော့ပါ။ သူမနားထဲတွင်
"နွယ် နွယ်  ထလေ လမ်းမှ ဘာလိုအိပ်နေတာလဲ
အိမ် ပြန်ရအောင်"
သူမ မျက်လုံးများ ဖွင့်ကြည့်လိုက်ရာ
"မောင် ပါလား မောင် နွယ် ဆီလာတယ်"
"အင်းးး နွယ်တစ်ယောက်တည်း ကြောက်နေမှာ
စိုးလို့မောင်လာခေါ်တာ သွားရအောင်နွယ်"
သူမ ထရပ်ကာ လူအုပ်ကြားမှ မောင်လက်ကို တွဲ
၍လိုက်ခဲ့တော့သည်။ ဒါက သူမဘဝအတွက်ထာ
ဝရ ပျော်ရွှင်မူလား ဒါမှမဟုတ် သူမလောကကြီး
ထဲက ထွက်ခွါသွားခြင်းလားးးးးးးးးးးးးး။
                                  Credit "   စာရေးသူ …လင်းသုခ

Post a Comment