#ဂန္ထဝင် မော်ဒန်ကဗျာ ရေးဟန်#
လက်ရှိအချိန်တွင် စကားပြောရစ်သမ်များကိုသာ ပိုမိုရေးသားနေကြသည့်အတွက် ဒီအကြောင်းကို ပို့စ်မတင်ဖို့တွေးထားခဲ့သော်လည်း ဝါသနာအရ မေးမြန်းလာသော အစ်ကိုတစ်ယောက်နှင့်အတူ ဗဟုသုတလေ့လာချင်သူတွေအတွက် သိထားသလောက်ကို ဖော်ပြအပ်ပါသည် ။
တေးအမျိုးအစားထဲမှာပါသည့် မြန်မာကဗျာများတွင် ချီသံ ၊ ချသံ ရှိသလို ၊ ဂန္ထဝင် မော်ဒန်ကဗျာ တွေမှာ
Iambic = အသံတို၊ အသံရှည်၊ အသံတို/ရှည် တစ်လှည့်စီလိုက်သော နရီစည်းဝါး ရှိပါသည်။ (မြန်မာဘာသာပြန်ဆရာများက ”ဂိုဏ်း”ဟု ဆိုထားကြပါသည်။)
လဟု ၊ ဂရု ၊ (သို့မဟုတ်) ဂရု ၊ လဟု တို့ကို မှန်မှန်ကန်ကန်၊ စည်းဝါးကျကျ ရေးဖွဲ့ရသော...
Metrical = မတြာအချိုး၊ နရီသွား ပုံစံ စပ်ဆိုခြင်း ။
Rhythm = စည်းဝါး၊ ကာရန် ။
Free verse လွတ်လပ်ကဗျာကိုသာ စွဲစွဲမြဲမြဲ လက်ကိုင်ထားပြီး ”မော်ဒန်ကဗျာ ဆိုတာ ကာရန်မလိုဘူး” ဟု ထင်မြင်၊ပြောဆိုနေသူများ သတိထားသင့်ပါသည် ။
Iambic, Metrical, Rhythm = ဂိုဏ်း ၊ မတြာစနစ် ၊ ကာရန် တွေကိုသုံးပြီး ရေးဖွဲ့ထားသောကဗျာတစ်ပုဒ်ကို နမူနာ ဖော်ပြပါမည်။
ဂိုဏ်း ငါးဂိုဏ်း၊ ဂရု၊လဟု (မြင့်သံ နှင့် နိမ့်သံ) အချိုးညီ မတြာစနစ်၊ AB, AB ကာရန်ယူပြီး ရေးထားခြင်းဖြစ်သည်။
ဂိုဏ်းနှင့် အသံအလိုက် မျဉ်းဖြတ်ပြပါမည်။
THE SEED SHOP
Here in /a quiet /and dus/ty room/ they lie,
Faded as /crumbled /stone or /shifting /sand,
Forlorn/ as ashes,/ shrivelled, /scentless, /dry.
Meadows /and gardens/ running /through my / hand.
In this /brown husk /a dale/ of hawthorn/ dreams,
A cedar /in this/ narrow/ cell is/ thrust,
That will/ drink dee/ply of/ a century's/ streams,
These lilies /shall make/ summer/ on my /dust.
Here in/ their safe/ and simple /house of/ death,
Sealed in/ their shell's,/ a milli/on roses/ leap,
Here I/ can blow /a garden/ with my/ breath,
And in /my hand/ a fore/st lies /asleep.
(Muriel Stuart)
Guitar ဂစ်တာတီးတတ်သူများက
Down & Strum Pattern
1 an, 2 an, 3 an, 4 an, 5 ပုံစံဖြင့်
ခေါက်ကြည့်လျှင် ပိုသိပါလိမ့်မည် ။
အင်္ဂလိပ်ကဗျာအများစုမှာ ဂီတနှင့်ဆက်နွယ်နေတာမို့
အင်္ဂလိပ်ကဗျာ ၊ သီချင်းတွေက ကမ္ဘာကျော်ပြီး စာသားနူးညံ့၊နက်ရှိုင်းပုံတွေကို သိသာနိုင်ပါသည် ။
THE SEED SHOP
Here in a quiet and dusty room they lie,
Faded as crumbled stone or shifting sand,
Forlorn as ashes, shrivelled, scentless, dry.
Meadows and gardens running through my hand.
In this brown husk a dale of hawthorn dreams,
A cedar in this narrow cell is thrust,
That will drink deeply of a century's streams,
These lilies shall make summer on my dust.
Here in their safe and simple house of death,
Sealed in their shell's, a million roses leap,
Here I can blow a garden with my breath,
And in my hand a forest lies asleep.
Rhythm စည်းဝါး၊ ကာရန် ယူပုံ = ပထမပိုဒ်
ပထမစာကြောင်း၏ အဆုံးသတ် နှင့် တတိယစာကြောင်း၏
အဆုံးသတ် ( Lie / dry)
ဒုတိယစာကြောင်း၏ အဆုံးသတ် နှင့် စတုတ္ထစာကြောင်း၏ အဆုံးသတ် (sand / hand)
အောက်အပိုဒ်တွေမှာ ကာရန်ယူပုံတူပါသည် ။ သတိပြုပါ ။
ကာရန်ယူပုံ =
မြန်မာမော်ဒန်အများစုမှာ Free verse ဆန်ပြီး ဖတ်ကောင်းစေဖို့အတွက် ကာရန်ကို အမျိုးမျိုးထည့်သုံးကြသော်လည်း အင်္ဂလိပ်မော်ဒန်တွေမှာတော့ အဆုံးသတ်အသံကိုသာ ကာရန်ယူကြပါသည် ။
ပုံစံ....
ပထမစာကြောင်းကို A
ဒုတိယစာကြောင်းကို B
တတိယစာကြောင်းကို C
စတုတ္ထစာကြောင်းကို D
....စသည်ဖြင့် သတ်မှတ်ယူပါသည်။
ကာရန်ယူပုံ အများကြီးရှိပါသည်။ တစ်နည်းတည်းကိုသာ ပုံသေမှတ်မထားသင့် ။ ဆရာမောင်သာနိုး၏ ကာရန်ယူဟန် သိသာစေဖို့အတွက် ဘာသာပြန်ထားပုံကို သတိပြုပါ ။
(Muriel Stuart)
မျိုးစေ့ဆိုင်
.................
ဒီမှာ ငြိမ်ဆိတ် - ဖုန်ထူ အခန်းထဲ လျောင်းနေကြ ၊ (A...ကြ)
ကြေမွကျောက်လို ၊ ရွေ့လျား သဲလို မှိန်ဝါး ၊ (B...ဝါး)
ပြာလို ဆွေး ၊ ရှုံ့တွ ၊ ရနံ့မဲ့ ၊ ခြောက်သွေ့သပ ၊ (A...ပ)
မြက်ခင်းနဲ့ ဥယျာဉ် ငါ့လက်ထဲ ပြေးဆင်းသွား ။ (B...သွား)
ဒီအခွံညိုထဲ ဟောသွန် တစ်စင်း အိပ်မက်နေ ၊ (A...နေ)
တစ်ရာစု စမ်းတွေ နက်နက်သောက်မယ့် - (B... မယ့်)
ဆီဒါပင် ဒီ အခန်းကျဉ်းလေးထဲ ပစ်ထားပေ ၊ (A...ပေ)
ဒီနှင်းပန်းတို့ ငါ့ မြေမှုန်ထက် နွေပြုမကွယ့် ။ (B...ကွယ့်)
ဒီ လုံခြုံ ရိုးစင်း သေခြင်း အိမ်ထဲမှာ ၊ (A...မှာ)
အခွံထဲ လှောင်ပိတ် နှင်းဆီ တစ်သန်း ခုန်ဆွ ၊ (B...ဆွ)
ငါ အသက်ရှူထုတ် ဥယျာဉ် ဖန်ဆင်းနိုင်တာ ၊ (A...တာ)
ငါ့ လက်ထဲ တောတစ်တော အိပ်ပျော်နေသပ ။ (B...ပ)
AB,AB ကာရန်စနစ်ဖြစ်ပါသည် ။
(မျူရီယယ် စတျူးဝတ်)
ဝါသနာအရ ဉာဏ်မီသလောက် ရေးကြည့်မိပါသည် ။
----------- ယာပိုင်ရှင်၏ မိုက်မဲမှု -------------
ယာခင်းတစ်ခုလုံး ရွှေရောင်တွေ ဝင်းပ ၊
ကန်သင်းရိုးပေါ်မှာ ရိတ်ချိန်လွန် နောင်တတွေ ။
ငါ ဘယ်လို ရိတ်သိမ်းယူရပါ့ ၊
(ငေးကြည့်နေရင်း)
သီးနှံတွေခမျာ ပက်ကြားလွှာထဲ တဖွဲဖွဲကြွေ ။
မျှော်ကိုးမှု ၊ မြတ်နိုးမှု ၊ စောင့်စားမှုများစွာ ၊
မြေဆီအဖြစ် ငါ ကြဲခဲ့ ။
ဖြစ်ထွန်းလာချိန် ငါ့အတွက် ကြေကွဲပင့်သက်တွေသာ ၊
(ဒါပေမယ့်)
ဘယ်အရာကိုမှ ငါ အပြစ်မဖွဲ့ ။
ရာသီဥတု မဖောက်မပြန် သစ္စာရှိ ၊
သီးနှံတွေ အချိန်အခါ တိကျ ။
လောက ၊ သဘာဝ ၊ အားလုံးအပြစ်မရှိ ၊
(အပြစ်ရှိတာဆိုလို့)
အရင်လိုမထက်တဲ့ ငါ့ရဲ့ တံစဉ်အိုတစ်လက်သာပ ။ ။
မောင်လူသား(ဘဝ)
ဗဟုသုတများ တိုးပွားနိုင်ကြပါစေ ခင်ဗျာ ။
ဖော်ပြပုံမရှင်းပါက Cb မှာ လာရောက်၊မေးမြန်းနိုင်ပါသည်။
သိထားသလောက် ပြောပြပါမည် ။
မေတ္တာဖြင့်.......
မောင်လူသား(ဘဝ)
ဂန္ထဝင် မော်ဒန်ကဗျာ ရေးဟန်
- on 3:27 AM
- No comments
Post a Comment