( ပို၍စိမ်းစိုသော )
တစ်ခါက ဆိတ်ကျောင်းသားလေးတစ်ယောက်ဟာ
သူ့ရဲ့ ဆိတ်တွေကို မြစ်ကမ်းနဘေးမှာသွားကျောင်းနေခဲ့တယ်
အဲ့ဒီ့နေရာဟာ နေ့စဉ်သူ့ရဲ့ ဆိတ်တွေကိုကျောင်းတဲ့နေရာပါဘဲ
တနေ့တော့
ဟိုဘက်မြစ်ကမ်းက အရမ်းကိုစိမ်းဆိုနေတဲ့ မြက်ခင်းပြင်ကြီးကိုကြည့်ပြီး သူ့ရဲ့ ဆိတ်တွေကို သနားမိသလိုခံစားနေရတယ်
ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ဆိတ်တွေဟာ အမြဲတမ်းဒီဘက်ကမ်းက မြက်တွေကိုသာစားနေကြရလို့ ဟိုဘက်ကမ်းကမြက်စိမ်းစိမ်းစိုစိုလေးတွေကို သူ့ရဲ့ဆိတ်တွေကိုစားစေချင်တဲ့စိတ်ကလေးဖြစ်နေမိတယ်
အဲ့ဒါကြောင့် နောက်တစ်နေ့မနက်မှာ မြက်ရိတ်ဖို့ တံစဉ်တစ်လက်ကိုခါးခြားထိုးပြီး လှေတစ်စင်းနဲ့ ဟိုဘက်ကမ်းကိုသွားဖို့ပြင်နေတဲ့သူ့ကို
သူ့အဖေကတွေ့တော့
" ဘယ်သွားမလို့လဲသားလို့ဆိုပြီးမေးတယ် "
" သားဒီနေ့ဟိုဘက်ကမ်းကိုသွားမယ်အဖေ
ဟိုဘက်ကမ်းက မြက်နု့ မြက်စိမ်းစိမ်းစိုစိုတွေကို ရနိုင်သလောက်ရိတ်ခဲ့ပြီး ကျွန်တော့ရဲ့ဆိတ်တွေကိုကျွေးချင်လို့ပါအဖေ "
သူအဲ့ဒီ့လိုပြောတော့သူ့အဖေက ခေါင်းတညိမ့်ညိမ့်နဲ့စဉ်းစားပြီးသူ့ကိုပြန်ပြောတယ်
" မင်းသွားချင်ရင်တော့သွားပါ ဒါပေမယ့် ဟိုဘက်ကမ်းရောက်ရင် အဲ့ဒီ့မြက်စိမ်းစိမ်းစိုစိုတွေကို မင်းရိတ်ဖြစ်မှာမဟုတ်ပါဘူး ဒီအတိုင်းကြည့်ပြီးပြန်လာရလိမ့်မယ် "
" ဗျာ~~~
ဘာဖြစ်လို့လဲအဖေရဲ့ကျွန်တော့ကိုပြောပြပါအုံး "
" မပြောပြတော့ပါဘူး အဖေပြောတာထက် သားကိုတိုင်သွားတာ အဲ့ဒီ့ဘက်ကမ်းကမြက်တွေရဲ့အကြောင်းကိုသားပိုနားလည်ပါလိမ့်မယ် "
ဒီလိုနဲ့သူဟာ လှေကိုလှော်ပြီး တဖြေးဖြေးဟိုဘက်ကမ်းကိုရောက်လာခဲ့တယ်
ဟိုဘက်ကမ်းနဲ့နီးလာလေလေ
အဲ့ဒီ့ကမြက်တွေဟာ တဖြေးဖြေးအရောင်မှိန်လာတယ်လို့သူထင်မိတယ်
ဒီလိုနဲ့ဟိုဘက်ကမ်းလဲရောက်ရောမြက်တွေဟာ သူနေတဲ့ဟိုဘက်ကမ်းကမြတ်တွေနဲ့ အတူတူဘဲဖြစ်နေတာကိုတွေ့လိုက်ရတယ်
အဲ့ဒါကြောင့် သူနေတဲ့ဟိုဘက်ကမ်းကိုပြန်ပြီးလှည့်ကြည့်မိတဲ့အချိန်မှာတော့
သူရဲ့ဆိတ်တွေဟာ အရမ်းကိုစိမ်းလန်းနေတဲ့ မြက်ခင်းထဲမှာ မြက်တွေစားရင်းပျော်မြူးနေတာကိုတွေ့လိုက်ရတယ်
အဲ့ဒီ့တော့မှသူဟာ ပြုံးရွှင်တဲ့မျက်နှာနဲ့ သူ့အဖေပြောတာကိုနားလည်သဘောပေါက်သွားခဲ့ရပါတော့တယ်
သူ့အဖေပြောသလိုပါဘဲ
မြက်တစ်ပင်မှမရိပ်ခဲ့ရဘဲ ဒီအတိုင်းပြန်လာခဲ့ရပြီး သူနားလည်သွားခဲ့မိတာကတော့
ဒီဘက်ကမ်းကကြည့်တော့
ဟိုဘက်ကမ်းက မြက်ကပိုစိမ်းနေသလို
ဟိုဘက်ကမ်းကကြည့်တော့
ဒီဘက်ကမ်းက မြက်ကပိုစိမ်းတယ်လို့ထင်ရပါလားဟု နားလည်သွားရလေတော့သည်
===============
ရည်ညွန်းချက်
လက်ရှိလုပ်နေတဲ့အလုပ်ထက်
တခြားအလုပ်ကိုတွေ့တဲ့အခါ
ဟိုဘက်ကမ်းကမြက်တွေလိုပိုပြီးစိမ်းတယ်လို့ထင်မိတက်တယ်
ရွေးခြယ်မူ့မှားပြီးဟိုဘက်ကမ်းလဲရောက်ရော
ဒီဘက်ကမ်းကမြက်ကပိုပြီးစိမ်းနေသလို
အရင်အလုပ်အကိုင်က
ပိုကောင်းမှန်းသိရသလိုဖြစ်တက်တယ်
သူငယ်ချင်းအားလုံး အလုပ်အကိုင်ရွှေးခြယ်ခြင်းမှန်ကန်နိုင်ကြပါစေ
<><><><><><><><><><><><><><><><><><>
Credit #~~~~Aung Zaw Latt( မင်း ကျန်စစ် )~~~~
နေပြည်တော်
Post a Comment