အမျိုးသား​တွေဟာ ၂၁ စက္ကန့်​သာဖုန်းနဲ့ ​ဝေးကွာလို့ရပါတယ်​..

ဒီအတိုင်း ထိုင်နေရချိန်မျိုးတွင် (၂၁) စက္ကန့်လောက်နဲ့တင် အမျိုးသားတွေ ဖုန်းကောက်ကိုင်တတ် 

သူငယ်ချင်း တစ်ယောက်ယောက်ကို ထိုင်စောင့်နေချိန်မျိုး၊ ဆရာဝန်ပြဖို့ ထိုင်စောင့်နေချိန်မျိုးတွင် ထိုင်ပြီး ဘယ်နှမိနစ်လောက်နေလျှင် ဖုန်းထုတ်ကိုင်မိပါသလဲ စာဖတ်သူ။ တစ်မိနစ်ပင် ပြည့်လိုက်မည် မထင်ပါ။ စာဖတ်သူဟာ အမျိုးသား ဖြစ်မည်ဆိုလျှင်(၂၁) စက္ကန့်လောက် နေရုံနဲ့ ဖုန်းထုတ်ကိုင် ဖြစ်လိမ့်မည်ဟု လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။

          လေ့လာခံသူများကို အခန်းတစ်ခန်းထဲ ထိုင်နေခိုင်းပြီး လေ့လာသူများက အပြင်ကနေ စောင့်ကြည့်နေသည်။ ပျမ်းမျှအားဖြင့် ထိုင်နေပြီး (၄၄) စက္ကန့်လောက်နေလျှင်ပင် ဖုန်းထုတ်ကိုင်ကာ တစ်ခုခု ကလိနေတတ်ကြကြောင်း တွေ့ရှိရသည်။ အမျိုးသားများက အကဲဆုံးဖြစ်သည်။ (၂၁) စက္ကန့်လောက်နဲ့တင် ဖုန်းထုတ်ကိုင်သူတွေ ရှိသည်။ အမျိုးသမီးများထဲတွင် နောက်ဆုံးမှ ဖုန်းထုတ်ကိုင်သူသည်ပင် ၅၇ စက္ကန့်သာ တောင့်ခံနိုင်ကြောင်း တွေ့ရသည်။

          ဂျာမနီနိုင်ငံ ၀ါဇဘာ့ဂ်ျ တက္ကသိုလ် နှင့် အင်္ဂလန်နိုင်ငံ နော်တင်ဟမ် ထရန့်တက္ကသိုလ်တို့မှ သုတေသီများက ဆိုင်ဘာလုံခြုံရေး နည်းပညာ ကုမ္ပဏီ Kaspersky Lab အတွက် သုတေသန ပြုပေးခဲ့ခြင်း ဖြစ်သည်။

          ““စမတ်ဖုန်းဟာ လူရဲ့ကိုယ်ပွားဖြစ်နေပြီ။ အခန်းထဲမှာ ဘာမှလုပ်စရာမရှိဘဲ ထိုင်စောင့်နေရချိန်မျိုးဆိုရင် တစ်မိနစ်တောင် မကြာခင်မှာတင် ဖုန်းထုတ်ကလိကြတော့တာပဲ”” ဟု နော်တင်ဟမ်ထရန့် တက္ကသိုလ် သုတေသနအဖွဲ့မှ ဂျန်ဘင်ဒါက ပြောသည်။

          အခန်းထဲတွင် (၁၀) မိနစ်ကြာ စောင့်ခိုင်းထားချိန် အတွင်း အလေ့လာခံသူများသည် အချိန်တစ်ဝက်ခန့်ကို ဖုန်းထုတ်ကြည့်ရင်း အချိန်ကုန်ကြကြောင်းလည်း လေ့လာတွေ့ရှိရသည်။

ဖိုးသူတော်
Credit:Messenger


Post a Comment