ဖတ်ရှုကြလော့……… အပိုင်း(1)(2)(3)သိမ်း
#မှော်ဝင်လက်စွပ်# `အပိုင်း(1)´
*************************************
#Writer'''နေရှင်မင်း
********************
၁၈၉၉… ဒီဇင်ဘာလ ရဲ့…………………
အလွန်းအေးချမ်းလွန်းသော
ညတည…
ကောင်းကင်ယံ တစ်ခွင်… မှိတ်တုတ် မှိတ်တုတ် ဖြင့်
နေရာယူ လင့်ကစားနေသော ဟိုတစ်ပွင့် သည်တစ်ပွင့်
ကြယ်စင်လေးများက ညဟူ၍ အဓိပ္ပာယ် ဖော်ရင်း……
တစ်ခြမ်းသာသာ လမင်းကြီးက အလင်းရောင် အတန်အသင့်
မြေပြင်ပေါ် ယှက်သန်း ပေးသနားထားလျှက်………
ည သည်ကားလဲ ညည့်နက်စ ပြုလာပြီမို့
တောလမ်းမ ထက်တွင် လဲ မှောင်မိုက်မူနဲ့အတူ
တိတ်ဆိတ် ငြိမ်သက်ခြင်းက ကြီးစိုးလျှက်………
ထို အချိန် ထို အခါ၌……………
ထူထဲသော အနွေးထည် အကျီင်္နဲ့ လူတစ်ဦးကတော့ ……
မီး အိမ်လေး လက်မှ ဆွဲလျှက် မြေကြီးများ ဟိုတစ်ဖို့ သည်တစ်ဖို့
ရှိလေသော……… သုသာန်အတွင်း နှေးကွေးသော ခြေလှမ်းများဖြင့် တိတ်တဆိတ် ဝင်ရောက်လာရင်း……
မြေပုံ တစ်ခု အရှေ အရောက်မှာတော့ သူ၏ ခြေလှမ်းတို့ကို
ရပ်တန့်လိုက်ရင်း……… လက်ထဲမှ ကိုင်ဆွဲထားသော
စစ်သုံး မီးအိမ်ကြီးထံမှ မီးစကိုလဲ ငြိမ်းသက်လိုက်တော့လေသည်………
အဲ့ဒီနောက်တော့ ''ဟင်းးးဟင်းးးးဟင်းးးး'''
တိုးညင်းသော ရယ်သံ တစွန်းတစနဲ့အတူ မြေအစုအား
သူ၏ ရှည်လျား မည်းနက်သော လက်ဖြင့် တဖြည်းဖြည်းချင်း
အတန်ကြာကြာ ယှက်ထုတ်လေသည်……
အချိန် အတိုင်း အတာ တစ်ခု အထိ သူ၏ မည်းနက် သန်မာသော
လက်သည်းများဖြင့် ယှက်ထုတ်မူ အပြီးမှာတော့
ည သည်ကလဲ ညည့်နက်သည်ထက် ညည့်နက်လာလေသလို
အအေးဓာတ်ကဲ ပို၍ ပို၍ တိုးဝှေ့လာလျှက်………ထိုအချိန်မှာတော့ ထိုသူ၏ မျက်လုံးတို့ အရောင်တဖျတ်ဖျတ် လက်ကာ………
'''ဟားးးးးဟားးးးးဟားးးးး'''တိုးညင်းညင်း နောက်ထပ်ရယ်သံ တစ်ခု ဖန်တီးမူနဲ့အတူ မြေကျင်းထဲရှိ အလောင်းကောင်အားးးဆွဲထုတ်ရင်းးးး
'''ဟူးးးး မှန်ပေလို့သာပေါ့''' ခပ်သြသြ အသံဖြင့် ရေရွတ်ရင်း
အလောင်းကောင်အား အားပါးတရ မယူကာ နဘေး ကွက်လပ်တွင် ချထားလိုက်ရင်း မြေကျင်းအား ပြန်လည်၍ အလျင်စလို ဖုံအုပ်ရတော့သည်…………
ထိုအချိန်မှာပင်……………
'''ဖြောက် ဖြောက် ဖြောက်………'''
ခြေသံ ကြားလိုက်ရတာကြောင့် ဖုံးဖို့နေသော လက်တို့ ရပ်တန့်လိုက်ကာ……… အနောက်သို့ အသာ လှည့်ကြည့်လိုက်ချိန်မှာတော့…………
'''ဟင်းးးဟင်းးးးဘဒင် ဒီစုန်းကောင်ကြီးအသားကို
မင်းတစ်ယောက်ထဲတော့ စားလို့ဘယ်ဖြစ်မလဲ''''
အရိပ်မဲမဲ လူတစ်ယောက် ရပ်ကာ အလောင်းကောင်အား
တူးဖော်နေသော ဘဒင်ဆိုသူ အား ပြောလိုက်လေတော့
'''ခင်ဗျားဘယ်သူလဲ ကျုပ် ဦးတယ် ကျုပ်ပဲ ဆိုင်တာပေါ့''''
ဘဒင် ပြန်လည် ချေပ စကားဆိုလိုက်တော့……………
'''ဟားးးးဟားးးးးဟားးးးဟားးးးးး'''ထိုအရိပ်မဲမဲ သာတွေ့ရသောလူထံမှ ရယ်သံများ ဆက်တိုက် ထွက်ပေါ် လာပြီးနောက်တော့………………
'''ငါက ဒီနယ်တဝိုက်က သရဲ သဘက်တို့ ခေါင်းဆောင် တစေဒေါင်းဆိုသူပဲကွ မင်းလို မခန့်လေးစားကောင်က ငါနဲ့ အစာလုရဲသလားးးးး'''
တစေဒေါင်း ဆိုသူဟု သိလိုက်သည်နှင့်…………
အသားစားဘဒင် အနည်းငယ် ထိတ်ဖြာသွားမိသည်……
သို့သော်…………'''ဘာပဲ ဖြစ်ဖြစ် ကျုပ် ဒီစုန်းထီးကိုအလိုရှိတယ်'''
အသားစား ဘဒင် ပြန်လည် ချေငံလိုက်တော့ကာ…………
'''အိမ်းးးး ဒါဖြင့်လဲ ကွာ မင်းနဲ့ငါ ပြိုင်လုရတော့မှာပေါ့ကွာ'''
တစေဒေါင်း မှာ ပြောပြောဆိုဆို နဲ့ အရှေ သို့ တဖြည်းဖြည်းချင်းချင်းကပ်လာတော့သည်……………
အသားစားဘဒင်လဲ အသက်မဲ့နေပြီဖြစ်သော
လက်ရွာက စုန်းထီးကြီး အလောင်းအား တချက်ကြည့်ရင်း
လက်မလွှတ်နိင်တာဖြစ်သလို နောင်ဆုတ်မရ ရင်ဆိုင်ရတော့မည့်
အခြေ အနေမို့ '''ငီးးးးး''' အသားစားဘဒင် ဝမ်းခေါင်းသံနဲ့အတူ
အစွယ်များးတဖွေးးးဖွေးးး ပါးစပ်မှာ ပေါ် ထွက်လာပြီးနောက်တော့………… တစေဒေါင်း ဆီသို့ ခုန်ဝင်ကာ
တစေဒေါင်းနဲ့ အသားစားဘဒင်တို့ တိုက်ပွဲစချေပြီ………
စုန်းသက်တမ်း ကုန်ကာ ငြိမ်သက်စွာ လဲကျသေဆုံးနေသော
လတ်လတ်ဆတ်ဆတ် လက်ရွာမှ စုန်းထီးကြီး ကိုယ်အသားကို
စားသုံးရသော မည်သူမဆိုက………အစွမ်းမြင့်သော မှော်ဓာတ်တစ်မျိုး ပိုင်ဆိုင်ရမည်ကြောင့်ပင်………
ထိုမှော်အစွမ်း ရရှိသူက ပရလောက နယ်ပယ်တစ်ဝိုက် အင်အားအကြီးဆုံး ခေါင်းဆောင်ဖြစ်လာမည်ကြောင့်ပင်……
သို့သော် သန်းခေါင်ယံမှာသာပင် မှော်စွမ်းပြနိင်ပေသည်…………
စုန်းထီးကြီးကတော့ သူ၏ လွဲမားစွာ အနှစ်နှစ် အကာကာ ကျင့်ကြံခဲ့လေသော…… စုန်းဆက်နွယ်မှော်ပညာ တွေကြောင့်ပင်
စိတ်ဖောက်ပြန်ရင်း သူ၏ ချစ်ရသူ ဇနီးအား သူ၏ လက်ဖြင့်
ရက်စက်စွာ သတ်ဖြတ်ကာ စားသုံးခဲ့မိသည့် စိတ်ကြောင့်
သူ စုန်းအစွယ် ငုပ်လျိုးစ မနက်ခင်း အချိန်ရောက်မှ အသားတစ်စစီဖြင့် သေကြေနေသော သူ၏ ချစ်ဇနီးအားကြည့်ရင်း…………………ရင်ကွဲလုမတတ်ခံစားရရင်း
သူ၏ စုန်းပညာကျင့်စဉ်တို့အား ဆက်လက်မကျင့်ကြံနိင်တော့ဘဲ နှလုံးသားအနာတရ နဲ့ ရွာပြင် တဲအိုလေးမှာ ပင် သူ၏ အသက်သေဆုံးရမည့်နေ့သို့ တဖြည်းဖြည်း ရောက်ရှိလာလေပြီဟု စုန်းကြီး မိုင်း သိသလို သူသေလျှင်သူ ၏ ကိုယ်တွင်း၌ အနှစ်နှစ်အကာကာ ကျင့်ကြံထားသော စုန်းအနွယ်ဝင် အဆင့်မြင့်မှော်ပညာတို့အားး သူ၏ အသားအားးး
လုယက်စားသောက်မည့် သူတွေ ရှိမှန်းလဲ ရိပ်စားမိတာကြောင့်
သူ၏ ချစ်ဇနီးအတွက် သူ ပြုလုပ်ပေးခဲလေသော ရွှေလက်စွပ်လေးအား……… သူ၏ သွေးရည်စိမ်ကာ………
သူကိုယ်အတွင်းရှိ မှော် စွမ်းအားတို့အားးသွပ်သွင်းကာ…………
သူမသေမှီ အချိန်မှာပင် ပုလင်းလေးးထဲ ထည့်ကာ တောင်ကျချောင်းလေးအတိုင်း ထိုက်ရသူ ဆက်ခံ စေတော့ဟုတွေးရင်း မျှော်ပစ်ခဲ့လေသည်ကိုတော့
အသားစားဘဒင်နှင့်………တစေခေါင်းဆောင် ဒေါင်းတို့မသိပေ……
အဲ့ဒီနောက်တော့ စုန်းထီဟုတင်စားထားသော မိုင်းက ရွာ အဝင်ပေါက်ထိ လျှောက်လှမ်းရင်း မွေးရပ်မြေ လက်ရွာ အနီးစပ်မှာပင် အသက်ဆုံးခံခဲ့လေတော့ ရွာသားတို့လဲ စုန်းပညာမို့ တချိန်က ဘယ်လောက်ပဲ မုန်းခဲ့မုန်းခဲ့ မြေမြုပ်ခြင်းတော့ သုသာန်လေးမှာ စီရင်ပေးခဲ့ကြသည်မဟုတ်လော………
မိုင်းဆိုသူ လူကြီးက တောထဲမှ သားကောင်များ မှော်အတတ်ဖြင့် ဆွဲခေါ် စားသောက်သလို တခါတရံပြန်တော့လဲ ရွာအတွင်းမှ ကျွဲနွားများအား ဖမ်းစားတတ်လေသည်ပင် စုန်းမြူးညတညမှာတော့သူအား ချစ်လွန်းသဖြင့် ရွာအပြင်နှင်ခံရာထိ လိုက်ပါကာ ပါရမီဖြည့်လေသော ချစ်ဇနီးအား အသိစိတ်လွတ်ကာ သတ်စားခဲ့လေမိသည် မဟုတ်လော…
ထို ပညာရပ်တို့သည် စ မိက အဆုံးထိ ကရချည်းသာပင်……………ကကြိုးမနိင်လျှင်တော့ မိမိအသက်ဖြင့်စတေး ရသည်ကားးးး ပညာ၏ သဘောတရားပင်………
တန်ဖိုးကြီးဟု ယူဆထားသော
လူသေကောင် အတွက် နှစ်ဦးသား အကြိတ်အနဲ တိုက်ပွဲဆင်ရင်း
သုသာန်အတွင်း ညဘက်ကတော့ မီး ရောင်ဝင်းကနဲ ဝင်းကနဲဖြင့်
တိုက်ပွဲကား အရှိန်အဟုန် မြင့်မားလျှက်………………………
ပညာချင်း ပြိုင် မည်သူ နိင်လိမ့်ပေမည်နည်း…………………
မနက်ခင်း နေခြည် သဲ့သဲ့ ဖြာဆင်းစပြုလာချိန်မှာတော့………
'''အိုလ်………………'''
အံ့သြခြင်းနဲ့အတူ…… ကျင်းကြီးသာ ကျန်ခဲ့လေကာ
အလောင်းမရှိတော့လေသော မြေကျင်းအား ကြည့်ရင်း
ကြောင်အမ်းသွားသူက သုသာန်အတွင်းရှိ အသက်၅၀ခန့်အရွယ်ရှိကာ အသားမဲမဲ ခန္ဓာကိုယ်မှာ မဝမပိန် ရှိလေသော သုဘရာဇကြီး ဝသန်ပင်…………
'''စုန်းးးး စုန်းးးးထီးးးကြီးးးးးဘယ်ရောက်သွားပါလိမ့်'''
အတွေးနဲ့အတူ…………မိမိကြာဖူးလေသော……
စုန်းတို့သေလျှင် မြေရှုး မိုးပျံ သွားတတ်သည် ဟူလေသော
စကားတစ်ရပ် ကြားယောင်ရင်းး ကျင်းကြီးအား ပြန်လည် ဖို့လိုက်တော့သည်……………
မနက်ခင်းးး အချိန်အခါ သမယ မှာတော့…………
ရန်ကုန် မြို့တော်ကြီး တစ်ခွင်မှာတော့ မိုးသဲကြီးမဲကြီး ရွာသွန်းလျှက်………… လမ်းမပေါ်တွင်တော့
လူသား လူလာ ကျဲရင်းးး တစ်ခါတစ်ရံမှ သာ လန်ချား တစ်စီးစ နှစ်စီးစ ပြေးလွှားသွားလျှက်……………
ထိုကဲ့သို့ မိုးဖြိုင်ဖြိုင် ကျနေသော မြင်ကွင်းအားးးး
ရန်ကုန်မြို့တော်ရှိ အကောင်းဆုံး ဟု သတ်မှတ်ထားသော
ဂျူးကလပ် စားသောက်ဆိုင်ကြီး ၏ ထောင့်စားပွဲလေးတွင်
ဘရန်ဒီအား အရသာခံ သောက်ရင်း အမဲကင်အားဖဲ့ခြွေ မြည့်လျှက်နဲ့…… ဟန်ကျနေသူ ကတော့ အင်္ဂလိပ်စစ်ဗိုလ် စလေဒင် ပင်…………
''''အဖွားးးရေ အဖွားးးးးး'''
ရန်ကုန် မြို့ကြီး နဲ့ မိုင်ပေါင်းများစွာ ဝေးကွာသလို
တောတန်း တောင်တန်းများ ပတ်ရံလျှက်ရှိသော ပလူးမြို့ပေါ်ရှိ
ကျောက်ရွာလေးမှာတော့………… မုဆိုးကျော် သီဟ တစ်ယောက်
သူနဲ့ အင်မတန် ခင်မင်ရလေကာ………သားဖြစ်သူ…………
ကျားရန်ဖြင့် အသက်ဆုံးပါးသွားပြီးနောက် ပြုစုမယ့်သူ မရှိလေတော့ပဲ အသက်ကြီး ရင့်လာပြီဖြစ်သော ဖွားပု တို့ အိမ်ဝန်းလေး အတွင်း အစဉ်အလာတိုင်း ရောက်ရှိလာလေတော့
'''အိုးးးးသား သီဟ ရောက်လာပြီကိုးးးးး'''
'''ဟုတ် ဖွားပု ကျတော် ရေဖြည့်ပေးခဲ့မယ်နော် မနက်ဖန်တော့
ကျတော် တောထွက်မှာမို့ ဒီနေ့ ဖွားပုကို အကုန်လုပ်ပေးခဲ့မယ်''''
''''အမလေးးးလူကလေးးးးသီဟရယ် ပင်ပန်းနေပါဦးမယ်
ရေလေးပဲ ချောင်းက ခပ်ထည့်ပေးပါနော်'''
'''မပင်ပန်းပါဘူးးးဖွားပုရဲ့ ရပါတယ်ဗျ'''
အဲ့ဒီနောက်တော့ သီဟ မြေအိုးလေး နှစ်လုံးအားးးး
ထမ်းပိုးဖြင့် ထမ်းကာ…… ရွာ ပြင်ရှိ
တောင်ကျချောင်းလေးရှိရာသို့ လျှောက်လှမ်းလာခဲ့ဖြစ်တော့သည်……………
ရွာလေးးအတွင်းးးတနေရာ အရောက်မှာတော့………
'''ဟေ့ မင်းကြားပြီးပြီလားးး လက်ရွာက စုန်းထီးကြီးမို်င်း
သေသွားပြီတဲ့ မြေလဲ မြုပ်ပေးလိုက်တယ်တဲ့'''
ရွာသား ငတိုး ပြောလာလေတော့………
''အေးးးးမင်းဘယ်လို သတင်းရလာတာလဲကွ'''
'''လက်ရွာသား သားလူ ကိုယ်တိုင် ငါ့ကို ပြောတာဟ''''
'''အေးးးးလေကွာ အဲ့လိုကျတော့လဲ လက်ရွာက လူတွေ
စိတ်အေးရတာပေါ့ '''
သီဟ ပြန်ပြောပြီးနောက်တော့ သူ၏ အလုပ်ရှိရာ………
ရွာအပြင် တောင်ကျချောင်းလေးထံ ဆက်လက် ထွက်ခွာလာခဲ့ဖြစ်တော့သည်………………
ရွာပြင်ရှိ………ချောင်းလေးအရောက်မှာတော့……………
'''အိုလ်းးးးး ပုလင်း တစ်လုံးပါလားးးး'''
ကျောက်ကြားထဲတွင် တည်နေသော ပုလင်းလေးတလုံး
တွေ့လိုက်ရတာကြောင့် သီဟ ကျောက်ဆောင် ကြားရှိ ပုလင်း
လေးအား နိုက်ယူကာ ကြည့်လိုက်တော့
'''ရွှေလက်စွပ်လေးးးပါလားးးးး'''
ရေရွတ်ရင်း ပုလင်းအားးး စမ်းစစ်ကြည့်လိုက်တော့………
အင်္ဂလိပ် တံဆိပ် ခတ်နှိပ်ထားသော ပုလင်းလေးဖြစ်မှန်း သတိထားမိလိုက်ပြီးနောက်တော့………ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ပဲ ပုလင်းအဖုံးရှိ သံကလစ်လေးအား
ဖွင့်ရခက်နေတာကြောင့် ကျောက်ဆောင်နဲ့ ပုလင်းထိပ်အား
အားအနည်းငယ် သုံးကာ……ရိုက်ခွဲလိုက်တော့သည်.
'''ခွမ်းးး'''
အဲ့ဒီနောက်တော့ အထဲရှိ ရွှေလက်စွပ်လေးအား ကြည့်ရင်းးးး
'''ငါ စေတနာ ရောင်ပြန်ဟပ်တာပဲ ဘုရားရှင်ရယ် ကျေးဇူးပါနော်'''
သီဟ ရေရွတ်ပြီးနောက်တော့ ထို လက်စွပ်လေး အား
မိမိ ၏ လက်ညိုးတွင် ဝတ်ဆင်လိုက်တော့ကာ…………………
အဖွားအိုပု အတွက် ရေခပ်လေတော့သည်…
အတန်ကြာကြာ ဘရန်ဒီ အား သောက်ရင်းးးး
မိုးဆွေဆွေ ကားနေသော မြင်ကွင်းအား ငေးမောပြီး အချိန်အတန်ကြာမှာတော့…………
'''ဟေးးးးစလေဒင် ဗဲဒီးဆောရီး ငါနောက်ကျသွားတယ်'''
တောင်းပန် စကားတစ်ခုနဲ့အတူ သူ၏ ရှေတွင်
ပန်းချီဆရာ မိုက်ကယ် ဝင်ထိုင်ရင်း သူ၏ ရေစိုနေသော ဆံသားများအား အနောက်သို့ သပ်တင်လိုက်သည်………
'''အိုကေ ငါပြောထားတဲ့ ပန်းချီ ရပြီလား မိုက်ကယ်'''
'''ရက်စ် မိုးတွေရွာနေတယ် ငါသယ်မလာဘူးးးး
မင်းလိုက်ခဲ့ပါ ငါ အိမ်ကို………'''
'''အိုကေ မိုက်ကယ်'''
အဲ့ဒီနောက်တော့ စလေဒင်၏ မော်တော်ကားဖြင့်
ပန်းချီဆရာ မိုက်ကယ်အိမ်သို့ မိုးသီးမိုးပေါက်များကြားမှ
မောင်းနှင်လာခဲ့ဖြစ်တော့သည်…………………
(2)ဆက်ရန်…………………………………
***********************
#မှော်ဝင်လက်စွပ်#`အပိုင်း(2)´
***************************
#Writer'''နေရှင်မင်း
*******************
'''ဟင်းးးးတောက်စ် ကွာ………………''''
ဒေါသတကြီး နဲ့ ကြီးမားလွန်းသော…ဂူပေါကါကြီးအတွင်းမှာတော့
တစ်ကွက်မှားကာ ခြေလှမ်းဆုတ်ပြေးခဲ့ရသော တစေကြီးဒေါင်း
စိတ်ဆိုးမာန်ဆိုး ဖြင့် ညီညူ နေမိချေတော့သည်…………
''''ဟားးးးဟားးးးးး''''
လူသေကောင် စုန်းထီးကြီး ကိုယ်အားးးထမ်းပိုးရင်းးးး
အသားစားဘဒင်ခေါ် ဘီလူးနွယ်ဆက် သန်မာသော လူကြီးတစ်ယောက်ကတော့ နက်ရှိုင်းလွန်းသော တောအတွင်းတထောင့်တနေရာက မိမိ၏ စားကျက် ခိုအောင်းရာ ဒေသဖြစ်သော ကျောက်ဂူကြီး တစ်လုံးအတွင်း ငြိမ်သက်စွာလဲလျောင်းနေသော စုန်းထီးကြီး ရုပ်အလောင်းအားကြည့်ရင်း ပီတိ တဖြာဖြာဖြင့် ညည့်နက်ချိန်ကိုသာ မှန်းမျှော်စောင့်ဆိုင်းနေမိတော့သည်………
'''ဝုန်းးးးဝုန်းးးးးးး'''
သီဟ တစ်ယောက် ရေခပ်ပြီးချိန်မှာတော့ အဖွားအို အတွက်
ထင်းများ ပုဆိန်ဖြင့် ပေါက်ရာမှာတော့…………
'''ဟင်……………''
သူ၏ လက်ကို သူပင် အံ့သြနေမိတော့သည်………
ကြီးမားသော ထင်းတုံးကြီးအားးးမိမိပုဆိန်တစ်ချက်တည်းဖြင့်
နှစ်ခြမ်းကွဲသွားလေသည်အထိ………ကို မယုံကြည်အောင်ရှိနေမိတော့သည်………………………
'''ကဲ မိုက်ကယ် ငါ ပန်းချီကားးကို မြင်တွေ့ခွင့်ရတော့မလားးးး''
စစ်ဗိုလ် စလေဒင် မေးလိုက်ချိန်မှာတော့………
'''အိုးးးးရက်စ် ခဏလေးးးးဝိတ်တင်းးးးးး''
ပြောရင်းးးပန်းချီဆရာ မိုက်ကယ်မိုးအေးးထဲက ပြန်လာရသည်မို့
ဧည့်ခန်းစားပွဲထက်ရှိ ရေနွေးပူအား တစ်ချက် မော့လိုက်ပြီးနောက်မှ…………
'''စလေဒင် လိုက်ခဲ့လော့''''
ပြောကာ……ကြီးမားသော အခန်းတံခါးကြီး စီးကြိုထားသော
အခန်းတစ်ခုရှေ ခေါ်ဆောင်သွားလေသည်…………
'''အိုလ်းးးးးးးးအခန်းတံခါးကြီးက အကြီးပါလားးးမိုက်ကယ်'''
'''ရက်စ် ဒါဟာ ငါရဲ့ ဗီအိုင်ပီခန်းပါ မင်းက သူငယ်ချင်း အရင်းမို့ခေါ်တာ''''
'''အိုလ်းးးးဗဲရီး သိုင့်ပါ မိုက်ကယ်''''
ပန်းချီဆရာ မိုက်ကယ်နှင့် စစ်ဗိုလ် စလေဒင်တို့က အင်္ဂလန်နိင်ငံမှာ
ရှိစဉ်ကတည်းက ရင်းနှီးခဲ့ကြသော မိတ်ဆွေတွေပင်…………
'''ချလောက်…………'''
အခန်း တံခါးးးကြီးအားးးမိုက်ကယ် ဖွင့်လိုက်ချိန်မှာတော့………
'အိုလ်းးးးးးးးးး'''
မြင်တွေ့လိုက်ရသည့် လက်ရာမြောက်လွန်းကာသက်ဝင်နေသော
ပန်းချီကားပေါင်းများစွာ………
အခန်းနံရံ ပတ်ပတ်လည်လည်မှာ ရာနဲ့ချီပြီး တွေ့လိုက်ရတာကြောင့် စစ်ဗိုလ်စလေဒင် အံ့သြသွားသလို
မိုက်ကယ်ကိုလဲ လေးစားသွားမိတော့သည်…………
'''စလေဒင် ဒီမှာ……………'''
နေရာတစ်ခု အရောက် မိုက်ကယ် ညွှန်ရာ ကြည့်လိုက်တော့
'''အိုလ်းးးးဗဒီးးးသိုင့်ပါ မိုက်ကယ်…………'''
အင်္ဂလိပ်စစ်ဗိုလ် မိမိမှာယူထားသော ပုံရိပ်အတိုင်းးး
မိန်းကလေးးးတစ်ဦးးးးးရေပြင်ကျယ်တစ်ခုအားးး
အလွမ်းယေ့သော မျက်ဝန်းများဖြင့် ငေးမောနေဟန်ကို
ဆွဲယူထားသည်ကားးးသက်ဝင်လွန်းကာ အမှန်တကယ် အရှေတွင်
မိန်းကလေးးး တစ်ဦး ရပ်နေသလို စလေဒင် ခံစားမိလိုက်ပေသည်……………
``ည´´ သည်ကားးးမှောင်ရိပ်တစ်စတစ်စ ကြီးစိုးလာသည်နဲ့အတူ
တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ အေးမြသော လေထုတို့က လောကတစ်ခွင် နေရာယူလာချေပြီ……………
ကျောက်ရွာလေးအတွင်းမှာတော့………ည သည်ကားးး
မီးတိုင်တီမှ အလင်းရောင်လေးများဖြင့် ဝါကျဉ်ကျဉ်ဖုံးလွှမ်းကာ
လင်းလက်နေစဲပင်…………
ထိုတညကတော့………ကျောက်ရွာလေးအတွင်းးးးးး
ပွဲတော်လေးရှိသည့်နေ့လေးမို့ပင်……………
ထိုပွဲတော်ရက်လေးမို့ ည အချိန်သည် သက်ဝင်ကာ
လင်းထိန်နေခြင်းပင်…………
ထိုပွဲတော်လေးးသည်ကားးး
ရွာလေးအတွင်းရှိ ရွာသူရွာသားတို့က…………မီးတုတ်လေးးများ
ပတ်ပတ်ရံထားသော………စည်းဝိုင်းအတွင်းး မိမိတတ်မြောက်သော အနုပညာ … သိုင်းရေးးး ဓားရေးးးလှံရေးးးများဖြင့် ဝင်ရောက်ဖျော်ဖြေကြသလို
အဲ့ဒီနောက်……………
ထန်းရည်များအားးးးသောက်ရင်းးးး တစ်ရွာလုံးရှိ လူပျိုအရွယ် ရွာသားတို့က မိမိ ကြိတ်ပိုးရသော အပျိုစင်လေးများထံသို့……
ရင်ဖွင့်ရသည့် ဓလေ့ ပွဲတော်လေးးးတစ်ခုပင်………
အပျိုစင်လေးးးများက မိမိထံ လာရောက် ရင်ဖွင့်သော
လုလင်ကို သဘောကျလျှင် သူ၏ လက်ထဲမှ မြေအိုးအတွင်းရှိ
ထန်းရည်အားးယူသောက်ကာ နှစ်ယောက်တွဲကကြလေသည်
သဘောမကျလျှက်တော့………ထန်းရည်အိုးကိုယူကာ
ထိုလုလင်၏ ခေါင်းမှ လောင်းချရပေသည်…………
ထိုသို့ လောင်းချ ခံရသော လုလင်မှာလဲ………စိတ်ဆိုးခြင်းမရှိကြပါ ဒီတစ်နှစ်မအောင်လျှင် ဇွဲရှိက နောက်တစ်နှစ်ထပ်မံကြိုးစားကြပေသည်သာ…………
လက်ခံလိုက်သော အတွဲကတော့ ကျောက်ရွာလေးအတွင်းရှ်
လူကြီးသူမတို့၏ တရားဝင် အသိမှတ်ပြု ချစ်သူအဖြစ် ရှိကြလေသည်သာ………
ဒီတညမှာတော့ လုလင်တို့ တတ်အပ်သော ပညာမှန်သမျှ စည်းဝိုင်းလေးးးးအတွင်းးး ဟန်ရေးပြ ကပြ ဖျော်ဖြေပြီး
နောက်မှာတော့…………
ထန်းရည် အမူးသောက်ကာ မိမိ ချစ်ရသူထံ ရင်ဖွင့်သော အစီအစဉ်ဆီ ကူးပြောင်းလာချေပြီ……………
ထိုအချိန်မှာတော့……သီဟ တစ်ယောက် စည်းဝိုင်းလေးးးးအတွင်း
မိမိတတ်ကျွမ်းသော ကိုယ်ခံပညာအားးးစွမ်းစွမ်းတမံ
ဟန်ရေးပြ အပြီးမှာတော့ မြေအိုးများစည်ထားသော နေရာမှာ ထန်းရည် စတင်သောက်ကြရလေပြီ……………………
'''ဟင်းးးးးဟင်းးးးးးဟင်းးးးးးး''''
သီဟ တစ်ယောက် ထန်းရည် တစ်အိုးတိတိ သောက်ပြီးချိန်မှာတော့သူ၏ညာဖက်လက်ဖက်လုံး ကျိန်းကနဲခံစားလိုက်ရကာ လက်ထဲမှာ ခေါင်ရည်အိုးပင် လွတ်ကျသွားတော့သည်……………
'''ဂွမ်းးးးးးးးးးး'''
'''သီဟ ဘာများဖြစ်တာလဲ''''
လက်တစ်ဖက်ကို ဖိညစါရင်းးး မြေပေါ်ထိုင်ချလိုက်သော သီဟ အားး ငယ်သူငယ်ချင်း ဖြစ်သူ ယမုံ ကြည့်ရင်းးးစိတ်ပူသွားမိသည်
ဒီညလေးမှာတော့………သီဟ ထံမှ အချစ်တွေသူပိုင်ဆိုင်ရပေလိမ့်မည်ဟု တွက်ထားမိလေသည်ကို……………
အတန်ကြာကြာ သီဟ ကျိန်းစက်သော ဝေဒနာ ခံစားမူအပြီးမှာတော့ ပြန်လည်သက်သာသွားတော့သည်
အဲ့ဒီနောက်တော့ နောက်ထက် ထန်းရည် အိုးတလုံးယူကာ
ယမုံရှိရာသို့ သီဟ လျှောက်လှမ်းလာပြီးးးး
ယမုံအားးးငယ်စဉ်ဘဝ သံယောစဉ်မှ အစချီ၍ သူ၏ ရင်အတွင်း
သိုဝှက်ထားလေသော ချစ်စကားးးတို့အားးးးး
ရင်ဖွင့်လေတော့……ယမုံလဲ မျှော်လင့်ထားသလို ဖြစ်တာကြောင့်
ဝမ်းမြောက်ဝမ်းသာနှင့်ပင်…………သီဟ၏ လက်ထဲမှ ထန်းရည်အိုးအားးယူကာ တဝ သောက်လိုက်လေတော့
''''ဖြောင်းးးးးဖြောင်းးးးးဖြောင်းးးးး''
လူကြီးသူမ များထံမှ လက်ခုပ်သြဘာသံနဲ့အတူ နှစ်ဦးသား
ထိုတည တွဲယှဉ် ကကြိုးခုန်ရင်းးးအကြင်နာတွေ ဆုံလေပြီကွယ်………………………
'''အော့ အော့……………'''
ညည့်နက်ချိန် တောကျလွန်းကာ လူသူအရောက်နည်းသော
ဂူကြီး တလုံးအတွင်းမှာတော့ စုန်းထီကြီး ကိုယ်အားး
စားသောက်ရန်ကြံစဉ် ပုပ်ပွကာ အက်သော အနံ့ဆိုးတို့ကြောင့်
အသားစားဘဒင် ညည်းညူသွားမိသည်
မိမိသက်တမ်းတစ်လျှောက် စားခဲ့လေသည်က……
လတ်ဆတ်သော အသားစိမ်း ငါးစိမ်းများပင် မဟုတ်လော
ယခုကဲ့သို့ ပုပ်သိုးစ ပြုနေသော လူအသားစားရဖို့အခါတော့
အသားစားဘဒင် တွေဝေ သွားမိတော့သည်………သို့သော်လဲ
မိမိ လိုအပ်သော စွမ်းအားတို့အတွက် တစေဒေါင်းကိုတောင်
ခက်ခက်ခဲခဲ ရင်ဆိုင် ခဲ့ရလေပြီးးးမဟုတ်လော…………
အဲ့ဒီနောက်မှာတော့ မှောင်မည်းသော ဂူကြီး အတွင်းမှ
လူသေကောင်စုန်းကြီးအားးး လရောင် မထိန်မမိုက် ကျနေသော
ကွက်လပ်တစ်ခုတွင် လမင်းကြီးအားးးတချက်မော့ကြည့်ရင်းး
ဘေးဘီ ဝဲယာ အကဲခတ်ကာ ပုပ်အက်နေသော အနံကို ပင်မမူတော့ပဲ ရွဲကျနေသော ပျစ်ချွဲချွဲအရည်များနဲ့အသားတို့အားး
ဖဲ့ခြွေ စားသောက်လေတော့သည်………………
''ဂါးးးး''' အဆီတတောက်တောက်ကျနေသော အသားပုပ်တို့က
အရသာ မကောင်းလှသော်လဲ မိမိ၏ စွမ်းအင် အဆင့်မြင့်ရန်
စားသောက်ရပေပြီ မဟုတ်လော
ည သည်လဲ တိတ်ဆိတ်သည်ထက် တိတ်ဆိတ် မှောင်မိုက်သည်ထက်မှောက်မိုက်လာပြီးနောက်တော့…………
စားသောက်ပြီးသည့် အချိန် ရောက်လာလေတော့သည်…
'''ဟားးးးဟားးးးး'''အရိုးသာ ကျန်လေသော………
စုန်းမိုင်းအားးးကြည့်ရင်း တချက်ရယ်လိုက်မိသည်
အဲ့ဒီနောက်တော့ သူ၏ စွမ်းအားးးးများစမ်းရန်အတွက်………
လေပေါ်သို့ ပျံဝဲနိင်ရန် အသိမူ၍ ငြိမ်သက်စွာ ထိုင်လေတော့သည်………… သို့သော်လဲ အချိန်အတန်ကြာသွားသည်အထိ သူသည် နေရာမျှ တုပ်တုပ်မျှ မလုပ်…………'''အိုးးးလ်းးးးးဝူးးးးးး'''စိတ်မရှည်ဟန်ဖြင့်
လေပေါ် ခုန်ဝဲလိုက်ပြန်သော်လဲ……''ဘုတ် '' ''အားးးးး'''
ခုန်လိုက်သောလဲ သုံးပေလောက်သာ မြောက်ကာ ပြန်အကျမတော်၍ ခြေပင် ခေါက်သွားလေသေးသည်…………
''ဘာများမှားတာပါလဲ''' အသားးစားဘဒင်တွေးရင်းးး
လေပေါ် ဝဲပျံနိင်သောပညာအားးးအဆက်မပြတ်စဉ်းစား
တွေးတော ရင်းးးထို တည ကုန်ဆုံးခဲ့လေတော့သည်…………………………………
နေ့တနေ့…………
ထိုနေ့ရက်လေးးးးးကတော့…………………
သီဟ နှင့် ယမုံတို့၏ မင်္ဂလာနေ့ရက်ကလေးပင်ဖြစ်ပေသည်……
ထိုတနေ့ကတော့ ကျောက်ရွာလေးအတွင်း
မြူထူးခုန်ကြွနေသော ရွာသားအချို့နဲ့ မင်္ဂလာပွဲလေးအသက်ဝင်နိုးကြားခဲ့ပါ၏………………
''''ဒိုင်းးးးဒိုင်းးးးဒိုင်းးးးး'''
ကျည်ဆံများက အင်္ဂလပ် ရဲဘော် အချို့ ထိခိုက်သွားတာကြောင့်
'''ဝပ်ကြ အကာအကွယ်ယူကြ ပစ်မှတ်ကို ရှာ'''
တောလမ်းလေးအတိုင်းးး
ကင်းလှည့်လာသော……အင်္ဂလိပ်တပ်ခွဲ တစ်ခွဲ
ချောင်းပစ် တိုက်ခိုက်ခံရတာကြောင့် တပ်ခွဲမှူး ဂျက်ဆန်
ပြာယာခတ်သွားမိသည်………
အဲ့ဒီနောက်မှာလဲ………………………
'''ဒိုင်းးးးးဒိုင်းးးးးဒိုင်းးးးးး''''
သေနတ်ကျည်များနဲ့အတူ မြား လှံ စသဖြင့်
တိုက်ခိုက်ရေး ကိရိယာများက အရပ်ရပ်မှ ပျံထွက်လာပြီးနောက်တော့…………အင်္ဂလိပ် တစ်ခွဲလုံးးး
အလစ်ထိကာ လူအများသေကြေလေတော့မှ……………
'''ဟေးးးးးး''အော်သံနဲ့တပြိုင်နက်
ချုံကျို သစ်ကြားမှ တော်လှန်းရေးတပ်သားတို့က ဓားတဝင့်ဝင့်ဖြင့်
ဝင်ရောက် ကာ အင်္ဂလိပ်စစ်သား လက်ကျန်အားး
ခုတ်ပိုင်းလေတော့သည်…………………
'''ဆုတ်ကြ ''''
ထူးချွန်သော သူရဲကောင်း တံဆိပ်ရှင် အင်္ဂလိပ် တပ်ခွဲမူးလဲ
အလစ်အငိုက်အောက်မှာ မိမိအသက်ကို ထိန်းကြောင်းရင်း
အနီးအနားရှိ တော်လှန်ရေး တပ်သားတို့၏ ဓားချက်များကို
ရင်တိမ်း လက်ရှောင် ခြေမြောက် စသဖြင့် စည်းချက်ညီညီ
ရှောင်တိမ်းရင်း သူ၏ ခါးကြားမှ ခြောက်လုံးပြူး ပစ်စတိုဖြင့်
အနီးရှိ တော်လှန်ရေးသမားတို့ အသက်အားးး
နိင်သည်အထိ ရှင်းကာ တစ်ဖက် တောထဲ အားကုန်ပြေးထွက်ခဲ့လေတော့သည်…………………
ဗိုလ် မိုးခေါင်းဆောင်သော တော်လှန်ရေး တပ်သားများဟာလဲ
တိမ်းရှောင်သွားသူ အင်္ဂလိပ် စစ်အရာရှိနောက်သို့ သဲသဲမဲမဲ
တောတိုးလိုက်ခဲ့ကြသော်လဲ တောနက်အတွင်း
ဂျက်ဆန် အားးအရိပ်အယောင်ပင် မတွေ့ရတော့ချေ……
''''ထိုကဲံသို့သော် ပလူးးးမြို့တဝိုက် တောနက်အတွင်းမှ
ကင်းလှည့် အင်္ဂလိပ်တပ်ခွဲတိုက်ခိုက်ခံရသည့်သတင်းအားးး
ပလူးးးအခြေစိုက် အင်္ဂလိပ်စခန်းမှ တင်ပြပေးးးရင်းး
ရန်ကုန် ၌ အခြေပြုထားသော…… စစ်ဋ္ဌာနချုပ်ထံ သတင်းရောက်ရှိလာချိန်မှာတော့………………'''
'''ကဲ အရာရှိစလေဒင် ပလူးနယ်တဝိုက်မှာ တော်လှန်ရေး ထကြွနေပြီဆိုတာ သိပြီးးပြီ မဟုတ်လားးးး'''
'''ဟုတ်ကဲ့ သိပြီးပါပြီ အရာရှိမင်း ကျတော်ကို ခေါ်ယူခြင်းအကြောင်းကားးးး''''
စလေဒင် မေးလိုက်ချေတော့……………
'''အရာရှိစလေဒင်ကို ခေါ်ရတာကတော့ တာဝန် ပေးအပ်ဖို့သာတည်း ယခု ပလူးးးနယ်တဝိုက်မှာ
အရာရှိ ဂျက်ဆန်ဟာ သေသလော ရှင်သလော မသိ ပျောက်ဆုံးသွားချေပြီ အခင်းဖြစ်ပွားနေ့ကတည်းက ယနေ့ထိ သုံးရက်တိုင်တိုင်ရှိခဲ့ပြီ သတင်းမရတော့လေပြီ ဒီတော့ အရာရှိ
ဂျက်ဆန် နေရာကို ဒီက စလေဒင် သွားအစားထိုးရပါမယ်''''
'''ဟုတ်ကဲ့ အမိန့်နာခံကြောင်းပါ''''
''''ဟုတ်ပီ ဒါဆို မနက်ဖန် မနက် ရဲဘော်၆ဦးနဲ့အတူ ပလူးကိုသွားပေတော့ အရာရှိ ဂျက်ဆန်ကိုလဲ ရှာဖွေဖို့ စီစဉ်ပါ……… အရာရှိ ဂျက်ဆန်ကို ရှာဖွေရင်း တွေ့လာလေရသမျှ
တော်လှန်ရေးးးတပ်သားးးတွေ တပ်သားတွေနဲ့ ပက်သက်သူမှန်သမျှအားးးရှင်းလင်းပါ ဒါဟာ အမိန့်'''
''ဟုတ်ကဲ့ပါ အရာရှိမင်းးး ထမ်းဆောင်ရန် အသင့်'''
စလေဒင် မာန်ပါပါ ပြောပြီးနောက်တော့ အရာရှိမင်းကြီး
ရုံခန်းအတွင်းမှ ထွက်လာပြီးးး ခရီးအတွက် စီစဉ်ရပေတော့သည်တကား………
''''အားးးးအင်းးးးးးအင့်'''
တကိုယ်လုံးးးး တဆတ်ဆတ်တုန်ကာ…………
အိမ်လေးးးအတွင်းးး လူးလိမ့်နေသူကတော့
သီဟပင်………………
'''သီဟ သီဟ ဘာဖြစ်တာလဲဟင်'''
ယမုံတစ်ယောက် ဆွဲရင်းးးတကြော်ကြော်မေးလေတော့
သီဟ တစ်ယောက် မဖြေနိင်ရှာပေ……………
'''အားးးးအင်းးးးးး'''
ထိုတည တော့ အတန်ကြာ တဆတ်ဆတ်တုန်ကာ ခံစားမူအပြီး
ယမုံ အကူအညီတောင်းရန် သမားတော် သွားခေါ်မည်ကြံချိန်မှာတော့
သီဟ တစ်ယောက် အလုံးစုံသက်သာသွားလေပြီ
အဲ့တော့မှ ယမုံလဲ သက်ပြင်းရှည်တစ်ချက်နဲ့အတူ
ရေတခွပ်ကငှဲ့တိုက်ကာ နှစ်ယောက်သား ပြန်လည်အကြင်နာထွေးပွေ့ရင်း အိပ်ယာဝင်ခဲ့တော့ချေသည်………………
```မနက်ခင်း´´´နေခြည် အနောက်ဘက် တောင်တန်းကြီးမှ
ထွက်ပေါ်စ အခိုက်မှာတော့
'''သီဟ သီဟ နေကောင်းရဲ့လားးးး''
'''အင်းးးးး''' သီဟ တစ်ခွန်းသာဖြေသည်
'''သီဟရယ် ညက ညက ''ယမုံစကားစပ်ရန် ထစ်ငေါ့သွားတော့သည်…………
''''ဘာဖြစ်တာလဲ ယမုံရဲ့''
'''သွေးးးးးသွေးးတွေ သီဟ ပါးစပ်မှာ'''
'''ဟင်…………''
သီဟ ဖျတ်ကနဲ သတိရသွားဟန်ဖြင့်
'''အော့………''အသံဗလံပြုကာ အိမ်နောက်ပြေးဆင်းသွားလိုက်တော့ အနောက်မှ
ယမုံပြေးလိုက်လာရင်းးးး
'''သွေးတွေ အန်နေတာပါလားးးး'''
ယမုံ ပြောရင်းဟန်ဆောင်နေသော သီဟ ကျောပြင်အားး
ပွတ်သပ်ရင်းးး ဤ တွင် သီဟ၏ သွေးပြသာနာဖြေခန်းရှင်း၏………………………
'''ဝူးးးးးးးးး'''ထိုသို့အချိန်တွင်တော့ ရန်ကုန်ဋ္ဌာနချုပ်မှ
စစ်ကားတစ်စီးနဲ့ ရဲဘော်ခြောက်ဦးနဲ့အတူ
စလေဒင် တာဝန် ကျရာ ပလူးးးသို့ စတင်ထွက်ခွာလာပေပြီ…………
'''အမလေးးးဗျာ အမလေးးးးးး'''
ထိုသို့အချိန်တွင်တော့ ကျောက်ရွာလေးအတွင်းးးး
ရွာသားတစ်ယောက်ရဲ့ အော်သံ ဆူဆူညံညံက
ဖုံးလွှမ်းသွားကာ…………
'''ဘာဖြစ်တာလဲ ဖိုးမောင်'''
သူကြီးမေးလေတော့မှ……………
'''လမ်းးးမှာ လမ်းးမှာ သာကျော် သေနေတယ် တုံးလုံးကြီးးး'''
'''ဟေ………………''' ဖိုးမောင် စကားအကြားမှာတော့သူကြီတစ်ယောက် ပြာယာခတ်ကာ
ရွာလယ်လမ်းသို့ ပြေးထွက်လာတော့သည်…………
ထိုသတင်းသည် မနက်ခင်းမှာပင်
တရွာလုံး ကျောက်ရွာတရွာလုံးပျံသွားကာ
လူသားအားလုံးလဲ ကြောက်စိတ်တို့ ကြီးစိုးကြလေကုန်ပြီထင့်…………………
အဲ့ဒီနောက်တော့ ရွာဓလေ့အတိုင်းးးး
ထူးဆန်းစွာ ကိုက်ရာ ဖြင့်သေဆုံးကာပြာနှမ်းနေသော
သာကျော်အလောင်းကားးး သုသာန်တွင် ချက်ချင်းမြေဖို့လိုက်ချေတော့သည်………………
ညနေ နေဝင်ရီတယော အချိန်ရောက်မှာတော့………
'''ဆရာ ကြိုဆိုပါတယ်''''
ပလူးးမြို့ အင်္ဂလိပ်စခန်မှ ရဲဘော်တစ်ယောက် ကားခေါင်းတွင်းရှိ
စလေဒင်အားးး ပြောလာချေတော့
''အိုကေ………မနက်ဖန်မှာ နယ်မြေလေ့လာဖို့ စီစဉ်ထားးပါ'''
စလေဒင် ခပ်ပြတ်ပြတ်ပင် ပြောကာ………
မိမိ အတွက် ပြင်ဆင်ပေးထားသော
ထရံ အကာနဲ့ အိမ်လေးအတွင်းရှိ ကုတင်ထက်မှာ ထိုင်ရင်းးး
ရဲဘော်အချို့ မှ စားစရာ များလာချပေးသွားသည်နှင့်
ည စာ အလို့ငှာ စားသုံးပြီးနောက်တော့ အိပ်ယာဝင်ခဲ့ချေပြီ……………………
'''ဒိုင်းးးးးးး'''
ကျယ်လောင်သော သေနတ်သံကြောင့် ကျောက်ရွာတရွာလုံးးး
မနက်ခင်း တစ်ခုဟာ ထိတ်လန့်စရာ ကောင်းသွားပါသည်………
အဲ့ဒီနောက်တော့…………
''ဝေါ…………ဝူးးးးး''
အင်္ဂလိပ် စစ်ကား နှစ်စီး ရွာလယ်တွင်ထိုးရပ်လိုက်တော့သည်…………
'''ဘာတွေ ဖြစ်ပြန်ပြီလဲဟ'''
တစ်ယောက်တစ်ပေါက် ရေရွတ်သံများဖြင့် တရွာလုံး
ရွာအလယ် ကွက်လပ်သို့ စုရုံးရောက်ရှိလာတော့သည်………………
'''ကဲ ရွာသားတို့ အားလုံးစုံပြီလားးးကွ'''
စစ်ရဲဘော် တစ်ယောက် မေးလိုက်တော့
''စုံပါပြီဗျာ'''
ဝိုင်းဝန်း ဖြေလိုက်ကြလေသည်
'''ကျုပ်ပြောစရာရှိလို့ လာခဲ့တာပဲ'''
ကားခေါင်မိုးပေါ် တတ်ကာ မတ်တပ်ရပ်လိုက်သော စလေဒင်အားးတရွာလုံးဝိုင်းဝန်းကြည့်လိုက်ကြလေသည်…………
'''ကျုပ်ပြောစရာကတော့ အရင် အရာရှိဂျက်ဆန်တို့ တပ်ခွဲ ဒီပလူးတောနယ်တဝိုက်မှာ ချုံခိုတိုက်ခိုက်ခြင်းခံရပါတယ်
အဲ့ဒီတော့ တော်လှန်ရေးသမားတွေ ဒီနယ်တဝိုက်ထကြွလာပြီလို့
ကျုပ်သုံးသပ်တယ် ဒါ့ထက် ပြောစရာရှိတာက
ကျုပ်တို့ အင်္ဂလိပ်အရာရှိ ဂျက်ဆန်ဟာ သူရဲကောင်းတံဆိပ်ရှင်
စီနီယာတစ်ဦးပါ သူဟာ မသေခဲပါဘူးလိုစ့် ကျုပ်ယုံထားတယ်
တောထဲကို တိမ်းရှောင်သွားတယ် ဒီတော့ ကျုပ် ဂျက်ဆန်ကို ရှာဖို့နဲ့
တော်လှန်သူတို့ ပုန်းခိုရာပါ ရှာဖွေမယ် ………ဒီတော့ဟာ့ဒီထဲက
မုဆိုးးးသီဟ မုဆိုး ဒူဝ တို့ ရှေထွက်လာခဲ့ပါ…………'''
အင်္ဂလိပ်စစ်ဗိုလ် စလေဒင် စကားအဆုံးမှာတော့မုဆိုးကျော်နှစ်ဦးဖြစ်သူ
သီဟ နှင့် ဒူဝ ရှေသို့ ထွက်လာလိုက်တော့သည်
'''ဟုတ်ပြီ အသင်တို နှစ်ဦးးးရဲ့ သတင်းကို ကျုပ်လက်အောက်ခံတွေပြောလို့ သိသင့်သလောက်သိပြီးပါပြီ
ဒီတော့ သင်တို့ နှစ်ယောက် ကျုပ်နဲ့ တောထဲကို ရှာဖွေခရီးစဉ်မှာ
လမ်းပြအဖြစ်လိုက်ပါရမယ်'''
'''ဗျာ…………ကျုပ်တို့ '''
နှစ်ဦးသားဆွံ့အသွားသည်
သို့သော်လဲ အင်္ဂလိပ်ခေတ်အင်္ဂလိပ်တစ်မိန့် ခေတ်ဖြစ်လေတော့
ငြင်းခွင့်မသာပဲ ခေါင်းညိတ်ခဲ့ဖြစ်ချေတော့သည်………
'''ကဲဒါဆို မနက်ဖန်မနက်မှာ စတင်မယ် အသင့်ပြင်ထားကြပါ'''
စလေဒင် ပြောပြီးသည်နှင့် ကားနှစ်စီး ရွာအတွင်းမှ ပြန်လည်ကာ ဆုတ်ခွာသွားလေတော့သည်…………………………
အပိုင်း(3) ဆက်ရန်
**********************
#မှော်ဝင်လက်စွပ်#`အပိုင်း(3)´ဇာတ်သိမ်းပိုင်း
***************************************
#Writer'''နေရှင်မင်း
*********************
နောက်တနေ့ မနက် ခင်း ကြက်တွန်ချိန်ခန့်မှာတော့………
တောအတွင်း လူတစ်ယောက် အအေးဓာတ်ကြောင့်
တဆတ်ဆတ် တုန်ရင်းးး သစ်ပင်ကြီး တစ်ပင်အောက်မှာ
ခွေနေလေသည်…………
သူသည်ကားး အင်္ဂလိပ် တပ်မှ ဗိုလ်ဂျက်ဆန် ဆိုသူပင်……
နက်ရှိုင်းလွန်းသော တောအတွင်း တိမ်းရှောင် ထွက်ပြေးသွားရာမှ
အပြန်လမ်းမဲ့ကာ တောလယ်ရင်း ဤ ကဲ့သို့ ပင်ပန်းဆင်းခြင်း
ခံနေရခြင်းပင်……………
ထိုသူ၏ အနားသို့ တစ်စုံတစ်ယောက် အသာလျှောက်လှမ်းလာနေချေပြီ………
လျှောက်လှမ်းလာသော ခြေသံ တဖြောက်ဖြောက် ဂျက်ဆန် အကြားမှာတော့ သစ်ပင်ကြီး ကို အကာအကွယ် ယူရင်း
အသံလာရာဆီသို့ ခေါင်းလေးစောင့်ငင့် ကြည့်လိုက်ချိန်မှာပင်………
'''ဂီးးးးးး'''
အစွယ်တဖွေးးဖွေးးနဲ့ ဘီလူးကဲ့သို့သော သဏ္ဍန်ရှိ
လူတစ်ယောက်ရဲ့ ခုန်အုပ်ခြင်း ခံလိုက်ရကာ
နှစ်ဦးသား မြေပြင်ပေါ် လိမ့်ကျသွားပြီးနောက်တော့
ဂျက်ဆန်သည် ရုန်းသော်လဲ အားအင်ကြီးသော
ထို အသားစားဘဒင် ဆိုသူ၏ လက်ဝယ်၌ မရူမလှ
အစားအသောက်ဖြစ်လေခဲ့ချေပြီ………………
ထိုသို့သော အချိန် မှာတော့
အရာရှိ စလေဒင် မုဆိုး သီဟ မုဆိုးဒူဝနှင့် အင်္ဂလိပ်စစ်သား
၆ယောက်တို့ သည် လက်နက် ကိုယ်စီ ကိုင်ဆွဲရင်း
တောအတွင်း စတင်ဝင်ရောက်ခဲ့ချေပြီ……
တောသည်ကားးးမနက်ခင်းနေခြည် သဲ့သဲ့သာ ကျရောက်နေသော်လည်း ထူထပ်သော တောအတွင်းမှာတော့
အလင်းရောင်မရရှိသေးကာ မှောင်မိုက်နေလျှက်………
''ဝုန်းးးး'' ထိုအတွက် ကညင်တိုင်ကို မီးတုတ်အဖြစ် အသုံးပြုကာ
မုဆိုးသီဟ နဲ့ ဒူဝ တို့ ကိုင်ဆောင်ကာ တောအတွင်း လမ်းပြအဖြစ်
လိုက်ပါခဲ့ချေပြီ………………
'''သူကြီးးးရေ သူကြီးရေ………'''
'''ဟေ ငလူ ဘာဖြစ်လာပြန်ပြီဟ'''
'''ရွာ ရွာထဲမှာ ဒေါ်မြအေးးးး သေနေပြန်ပြီ'''
'''ဟေ……………'''
ကျက်ရွာလေးအတွင်း သေဆုံးသူ နှစ်ဦး
နှစ်ဦး ရှိခဲ့ချေပြီ သေဆုံးမူတိုင်းဟာလဲ………………
လည်ပင်းမှာ တစ်စုံတစ်ခု ကိုက်ခံရသကဲ့သို့ ဒဏ်ရာဖြင့်
သေကြေရသည်ချည်းသာ…………
ဒီတစ်ချီတော့ သူကြီး တစ်ဦး စဉ်းစားခန်းစရပေပြီ………
''တိရိစ္ဆာန် တစ်ကောင်ဝင်ရောက်တိုက်ခိုက်ခြင်းတော့မဖြစ်နိင်
လူသတ်သမားးး သွေးစုပ်ကောင်တွေများ ရှိနေပြီလားးးး'''
သူကြီး တစ်ယောက် အမျိုးမျိုးစဉ်းစားတွေးခေါ် စဉ်းစားအပြီးမှာတော့ ပလူးးးမြို့ပေါ်သို့ လူလွတ်ကာ
အင်္ဂလိပ် စစ်တပ်အားးးး ကျောက်ရွာမှ သေဆုံးမူအကြောင်း
လျှောက်တင်ခဲ့လေသည်…………
သို့သော်လဲ ဗမာသူပုန် ထကြွတော်လှန်သူများ သာ နပါတ်တစ်ထားသဖြင့် ထိုရွာလေး အဖြစ်အားး
အင်္ဂလိပ်စစ်တပ်မှ စဉ်းစားပေးခြင်းမရှိ………………ခဲ့ချေ………
တောသည်ကားနက်သည်ထက်နက်လာအပြီးမှာတော့ ………
အလင်းရောင်ဟာလဲ သစ်ပင်များအကြားမှ
ပြောက်တိပြောက်ကျား ဆင်းသက်လာပြီ ဖြစ်တာကြောင်မီးတုတ်အားးငြိမ်းသက်ကာ တောအတွင်း
ရှာပုံတော် ခရီအားးမနားမနေ ဆက်လက် ချီတတ်နေမြဲ…
မွန်းတည့်ချိန် ခန့်အရောက်မှာတော့…………
'''အိုလ်းးးးးးးးးးး'
မမျှော်လင့်သော အခြေအနေမှာ ဂျက်ဆန်အားးးး
လူသေကောင်အဖြစ် စလေဒင်တို့ တပ်ဖွဲ့တွေ့လိုက်ကြရချေပြီ
'''ဂျက်ဆန် …………'''
ယူနီဖောင်း ကို ကြည့်ရင်းးဂျက်ဆန်ဟု ဆုံးဖြတ်ချက် ခိုင်မာစွာ
ချအပြီးမှာတော့ လူရုပ်သည်ကားးကိုက်ဖဲ့စားသောက်ခြင်း
ခံထားရတာကြောင့် ရုပ်လုံးပင်မပေါ်…………
''သားရဲကောင်တွေ ဝိုင်းစားတာပဲနေမာကွာ တောက်စ်'''
အင်္ဂလိပ် စစ်ဗိုလ် ဂျက်ဆန် အားးကြည့်ရင်းးး
စလေဒင် ဒေါသထွက် ပေါက်ကွဲနေမိတော့သည်…………
ထိုအချိန်မှာတော့……… ''ဂီးးးးးးးးး'''
အသံနဲ့အတူ အနီးရှိ သစ်ပင်ပေါ် မှာ လူတစ်ဦး တွယ်ဖက်ကာ
အလျင်အမြန် ဆင်းလာလေသည်…………
ထိုလူသည်ကားးးအသားစားဘဒင် ဘီလူးသိုက်ဖွားပင်
''ဂါးးးးးးး''အနီးရှိ အင်္ဂလိပ် စစ်သား တစ်ဦးအားးခုန်ကာ ကိုက်ဖဲ့လေတော့သည်…………
'''ပစ်ကြ ပစ်ကြ'' စလေဒင် အမိန့်ပေးလိုက်ခိုက်မှာတော့
ကျန်ရှိသော အင်္ဂလိပ်စစ်သားတို့ စတင်ပစ်ခတ်လေတော့သည်
'''ဒိုင်းးးဒိုင်းးးး'''
အသားစားဘဒင်သည် လျင်မြန်စွာ ရှောင်တိမ်းရင်း တစ်ဦးချင်း
လည်တိုင်သွေးကြောအားးအမိအရ ကိုက်ကာ ပြန်လည်တိုကါခိုက်ချိန်မှာတော့…………
သေကြေသွားသော အင်္ဂလိပ်စစ်သား နှစ်ဦး၏
သွေးများအားးးးး သီဟ တစ်ယောက် အတွေ့အမြင်မှာတော့
သူ၏ မှော်ဝင်လက်စွပ်မှ အစွမ်းဖြင့် စိတ်တွေ ဖောက်ပြန်စပြုလာချေပြီ…………
'''ဂါးးးးးဂရူးးးးးး'''
အဲ့ဒီနောက်မှာတော့ သီဟ နှင့် အသားစားဘဒင်တို့ နှစ်ဦး တိုက်ပွဲစလေတော့သည်
သီဟ ၏ အဖြစ်အပျက်အားးးကြည့်ရင်း
မုဆိုးဒူဝ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်
အရာရှိ စလေဒင်နဲ့ ကျန်ရှိသော အင်္ဂလိပ်စစ်သား အချို့အား
ခေါ်ကာ ထိုနေရာမှ အမြန်ဆုံး ထွက်ခွာတိမ်းရှောင်ခဲ့ကြလေပြီ…………
''ဂရူးးးးး'''
တိုက်ပွဲအပြီးမှာတော့ မှော်ဝင်လက်စွပ် ရှင် သီဟ တစ်ယောက်
အနိင်ရကာ အသားစားဘဒင်၏ အူတို့အားးး ဗိုက်မှဖောက်ကာ
ဆွဲထုတ် စားသောက်လေတော့သည်………………
'''သူကြီးးးရေ သူကြီးးးး'''
ညနေ နေဝင်ရီတယော အချိန်မှာတော့………
တောနက် အတွင်းမှ ဆုတ်ခွာခဲ့သော
မုဆိုးဒူဝတို့အဖွဲ့ ကျောက်ရွာသို့ ပြန်လည်ရောက်ရှိလာကာ
သူကြီး အားးသီဟ ၏ အကြောင်းအားးး
အရာရှ်စလေဒင်ပါ ဝင်ရောက်ပြောဆိုချိန်မှာတော့ သူကြီးတစ်ယောက် ရွာအတွင်းးး သေဆုံးသွားသော
အလောင်းနှစ်လောင်းအားးး သတိရသွားဟန်ဖြင့်
'''ဒါဆို လူသတ်သမားက သီဟပေါ့'''
အဲ့ဒီနောက်မှာတော့ ပလူးမြို့ပေါ်မှ အထက်လမ်းဆရာကြီး
တစ်ဦးအားးးစလေဒင် ကိုယ်တိုင် ကားဖြင့် ကျောက်ရွာလေးသို့
ပင့်ဖိတ်ခဲ့ပေးတော့သည်……………
'''ည''
ညသို့အရောက်မှာတော့ တရွာလုံးမအိပ်ပဲ ရင်တထိတ်ထိတ်ရှိနေကျချေတော့သည်………
ထိုသို့သော အဖြစ်အပျက်များအားးးသိသွားရလေသူ …
ယမုံမှာလဲ ချစ်ရသူအားးးးး နှမြောတသစိတ်နဲ့ ပြင်းထန်စွာ ငိုကြွေးလေတော့သည်ထင့်………………
'''ရှပ် ရှပ် ရှပ်'''
တောနက်ထဲမှ တစ်စုံတစ်ယောက် ရွာလေးသို့ ပြန်လာခဲ့ချိန်မှာတော့…………
'''ယမုံ ရေ''
ခေါ်သံနဲ့အတူ သီဟ တစ်ယောက် အိမ်ရှေ အရောက်မှာတော့
'''အားးးးးး''
တကိုယ်လုံးးးပူလောင်သော ဝေဒနာကို ခံစားလိုက်ရကာ
အသံနက်ကြီးဖြင့် အော်ဟစ်ကာ မြေပြင်မှာ လူးလိမ့်လေတော့သည်………………
အထက်လမ်းဆရာ ထောင်ထားသော စုန်းမီးဝိုင်းအတွင်း
သီဟ မိနေသည်ကို တွေ့လိုက်ချိန်မှာတော့………
''စုန်းနိင်ဂါထာ''အားးးစတင်ရွတ်ဖတ်ကာ လက်ထဲမှာ ပရိတ်ရေဖြင့်
သီဟ ၏ ကိုယ်အားးးအဆက်မပြတ်ပက်ဖြန်းလေတော့
'''အားးးးးပူတယ် ပူတယ်'''
ထိုမြင်ကွင်းအားးး အင်္ဂလိပ်စစ်ဗိုလ် စလေဒင် ကိုယ်တိုင် အထူးတဆန်း ကြည့်နေလျှက်
'''သီဟ သီဟ ''ယမုံ စည်းအတွင်းရှိ သီဟ နား အပြေးမှာတော့
စဘေဒင် ယမုံအားးးလျင်မြန်စွာ ဆွဲပွေ့ကာ ထိန်းသိမ်းထားလိုက်တော့သည်
'''လွှတ် ငါ့မိန်းးမကို မထိနဲ့ အားးးးးးးးး'''
မည်သို့သော အဆင့်မြင့်သော မှော်စုန်း ကဝေ စွမ်းအားဖြစ်စေ
ဘုရားရှင်၏ ဂါထာ အထက်လမ်းကျင့်စဉ်များအောက်မှာတော့
ကျရှုံရသည်ချည်းးးမဟုတ်လော…………
ယခုလဲ သီဟ တစ်ယောက် စုန်းမီးဝိုင်း အတွင်းးးးး
လဲကျကာ………အသက်မဲ့သွားလေပြီ………………………
အဲ့ဒီနောက်မှာတော့ အထက်လမ်း ဆရာကြီးသည်
သီဟ လက်မှ မှော်ဓာတ်တို့ ကိန်းဝပ်နေသော လက်စွပ်လေးအားးး
ဆွဲချွတ်ယူရာမှာတော့ မည်သို့ နည်းဖြင့် ပင်ချွတ်စေ ချွတ်စေ
မရတာကြောင့်…………
အထက်လမ်းဆရာကြီးလဲ ဤ လက်စွပ်အားးး တစ်ပါးသူလက်ထဲ ရောက်မည်ဆိုးတာကြောင့် သီဟ၏ ချွတ်မရလေသော လက်စွပ်ရှိရာ ညဘက်လက်အားးးးပိုင်းဖြတ်ကာ………
စေတီတစ်ဆူ တောစပ်၌ တည်ကာ ထိုလက်စွပ်နဲ့ သီဟ လက်တစ်ဖက်အားးးဋ္ဌာပနာ ဖြင့်တည်ကာ မှော်ဓာတ်အားးး
စေတီတော် တန်ခိုးဖြင့် ထိန်းကျောင်းစေခဲ့တော့သည်………………
အဲ့ဒီနောက်တော့ ယမုံတစ်ယောက်လဲ ဘုရားလေးထံ
တရားဘာဝနာပွားများရင်းးးးးရှိနေခဲ့တော့သည်'………
နှစ်ပေါင်း (၄၀)ခန့်ကြာသော်………………………
1941 ခုနှစ် ဒီဇင်ဘာလ 8ရက်နေ့မှာတော့……
ဗြိတိသျှ နှင့် အမေရိကန် တို့က ဂျပန် နိင်ငံအားးစစ်ကြေညာခဲ့လေတော့သည်…………
သည်အတွက်ကြောင့်………
1941 ဒီဇင်ဘာလ 23 ရက်နေ့မှာတော့…………
ဂျပန် စစ်လေယျဉ်များနဲ့ တိုက်လေယျဉ်တို့က ဗြိတိသျှ……
လက်အောက် ရန်ကုန်မြို့တော်အားးးးဗုံးကြဲတိုက်ခိုက်ခြင်း
ပထမအကြိမ် ဆင်နွဲခဲ့လေတော့သည်…………
ရန်ကုန်မြို့ပေါ်ရှိ ပြည်သူပြည်သား ၂၀၀၀ခန့် အသက်ဆုံးပါးခဲ့ကြရင်းးး စစ်ဘေးရှောင် များစွာက
ွှရန်ကုန်မြို့ကြီးအားးးဆွဲ့ခွာကာ…………
တောတန်းတောင်တန်းဒေသတွေဆီ ရှောင်တိမ်းထွက်ခွာလာခဲ့ရင်းးး
ပလူးးးမြို့လေးဟာ စစ်ဘေးရှောင် ပြည်သူများအချို့နဲ့ ပေါင်းစုကာ စည်ကားသိုက်မြိုက်ရင်းးးးးးးးးးး
ရှေးယခင် ကျောက်ရွာမှ သီဟ အကြောင်းတစေ့တစောင်း ပုံပြင်ကဲ့သို့ ယမုံဆိုသူ အဘွားအိုက ခင်မင်ရသော ကလေးငယ်များအားးး ပုံပြင် အဖြစ်ပြောပြရင်းးးးးးး
သူ၏ ငယ်ဘဝခါကချစ်ရသူ အကြောင်းအားးးးမမေ့မပျောက် လွမ်းဆွတ်တမ်းတနေမိတုန်းလေသကားးးး………………………………………………………
ပြီးပါပြီ………
လေးစားလျှက် နေရှင်မင်း.
****************************
Post a Comment