#Holloweendayအမှတ်တရ
��တစ္ဆေများ၏ လူ့ဝိညာဉ် နှုတ်ပွဲ��
-----------------------------
ခန်းမကြီးထဲကို တစ်ယောက်ချင်း တစ်ဖွဲ့ချင်း ဝင်လာသော သူများကို လင်းထက် အကဲခတ် ကြည့်နေမိသည်။
မျက်နှာ များမှာ တပ်ဆင်ထားသော မျက်နှာဖုံးများက ပုံစံ အမျိုးမျိုး အသွင်မျိုးမျိုး...။
သွေးစုပ်ဖုတ်ကောင် မျက်နှာဖုံး၊ လူသတ်ကားများထဲက ဝတ်ဆင်တတ်သော သံချပ်မျက်နှာဖုံးပုံစံ၊ သွေးဆာနေသော ဂျိုကာ မျက်နှာဖုံး၊ အစွယ်ပြူးပြူး၊ လျှာတန်းလန်း ကြောက်စရာ သရဲမျက်နှာဖုံး ပုံစံအမျိုးမျိုး ၊ တချို့ကျတော့လည်း မိတ်ကပ်များ ကို အသုံ့းပြု၍ သရဲမျက်နှာ ပုံစံအမျိုး၊ သွေးမျက်ရည်ကျအောင် ငိုနေသော သရဲ မျက်နှာဖုံးပုံစံ၊ ပြုစားတတ်သော စုန်းမျက်နှာဖုံး တပ်ဆင်ထားသော သူများပင်ပါသေး...။ မျက်နှာ အသွင်အမျိုးမျိုး နှင့် လူတွေလား ၊ သရဲစင်စစ် တွေလား ...။
ဒါက လူတွေရဲ့ တကယ့် အတွင်းစိတ် ထဲက မျက်နှာ အမှန် ဆိုလျင်တော့ အတော် ကြောက်ဖို့ ကောင်းမည်ပင်...။
ဒီလောကမှာ အတွင်း စိတ်နေစိတ်ထား ရာနှုန်းပြည့် ကောင်းမွန်သူ ရှိပါ့မလား...။ ထိုလူမျိုးကို လင်းထက် တွေ့ချင်မိ၊်မျှော်လင့်မိသည်။
ဒါမှပဲ ယနေ့ည ကျရောက်မည့် အန္တရာယ် ဆိုးကို တွန်းလှန်နိုင်မည်လေ...။
သက်ပြင်း တစ်ချက်ချရင်း ခန်းမထဲကို ဝင်ဖို့ အချိန်ကျပြီဟု လင်းထက် ဆုံးဖြတ်လိုက်သည်။
.... ကောင်လေး... လက်မှတ်ပါလား...
အပေါက်ဝမှ ဗလတောင့်တောင့် နှင့် နိုင်ငံခြား ဇာတ်ကားများထဲမှ လူသတ် မျက်နှာဖုံး တပ်ဆင်ထားသော လူ နှစ်ယောက် က လက်မှတ်စစ်ဆေးနေသည်။
လင်းထက် ကုတ်အကျီင်္အိတ်ထဲမှ အနီရောင်ကဒ်လေးကို ဆွဲထုတ်၍ ပြလိုက်သည်။
အနီရောင် ကဒ်လေးမှာ ရုပ်ပြောင် ဖရုံသီး သရဲ မျက်နှာဖုံးပုံနှင့်
"" Holloween Night ""
**Ghost Party** မှ ကြိုဆိုပါသည်။ စာတန်းလေး နှင့်....။
ခန်းမထဲကို လင်းထက်ရောက်လာတော့ အရောင်မှိန်မှိန် မီးရောင်စုံများအကြား သရဲတစ္ဆေတို့၏ စိတ်ဝိညာဉ် တန်ခိုးများကို ဖော်ကျူးထားသော ဒဏ္ဍာရီဆန်ဆန် အင်္ဂလိပ်သီချင်း တီးလုံးသံများနှင့် အလိုက် ဝိုင်အရက်ခွက်လေးတွေ ကိုယ်စီကိုင်၍ ယိမ်းနွဲ့ ကခုန်နေသော သရဲမျက်နှာဖုံး မျိုးစုံနှင့် လူများ....။
ခန်းမတစ်ခုလုံး ပြည့်တော့မှာ ပါလား...။ဝင်လာတဲ့ သူတွေ ဒီလောက် များလိမ့်မည်လို့ လင်းထက်မထင်...။ လင်းထက် တနေရာချင်းစီကို သေသေချာချာ လိုက် ကြည့်မိတော့...။
..... ဟာ....မျက်နှာဖုံးတုတွေ နဲ့ လူသားတွေ ကြားထဲမှာ တကယ့် မျက်နှာစစ်စစ် တွေကို ဖုံးကွယ်ထားသော မကောင်းဆိုးဝါး တစ္ဆေတွေပါ ရောက်နေပါရော လား....။
လင်းထက် ရင်တွေခုန်လာသည်။ခောင်းထဲမှာ အန္တရာယ် အချက်ပေးသံများ မြည်လာသည်။ ဒါတွေကို လူတွေသိအောင် ဘယ်လို ပြောပြရပါ့...။ တစ်ယောက်ချင်း ရှင်းပြရအောင်လည်း အချိန် မရှိ။ အော်ဟစ်ပြောရရင်လည်း လင်းထက်ကို မည်သူမှ ယုံမှာ မဟုတ်...။ အရူးဟုသာ သတ်မှတ် ကြပေ လိမ့်မည်...။
ထိုစဉ် ခန်းမထဲက တီးလုံးသံများ တိတ်ဆိတ်သွားပြီး ကခုန်နေမှုများလည်း ရပ်တန့်သွားသည်။
ရွှေရောင် သရဲမျက်နှာဖုံးဝတ် လူတစ်ယောက် ခန်းမ စတိတ်စင်ပေါ် တက်လာပြီး မိုက်ခွက်ကို ကိုင်လိုက်သည်။
..... အားလုံးသော သရဲ အပေါင်း တို့ မင်္ဂလာပါ...
....ဝေး....မင်္ဂလာပါ... သရဲကြီး....
အောက်က လူများကလည်း ညာသံပေး ပြန်နှုတ်ဆက်ကြသည်။
.... သရဲတွေရဲ့ ပွဲတော်ကြီး ယနေ့ည စတင် လိုက်ပြီ ဆိုတာနဲ့.... သင်တို့ရဲ့ စိတ်ထဲမှာ သရဲတွေရဲ့ စိတ်ဝိညာဉ်တွေ ဝင်ရောက်လာသလို ခံစားပြီး.... လွတ်လပ်စွာ ကခုန်ပါ.... မြူးတူးပါ.... လွင့်မျောပါ...
ခင်ဗျားတို့ရဲ့ အပူအပင် စိတ်ညစ်စရာတွေ အခု ခန်းမကြီး ရဲ့ အပြင်မှာ ထားခဲ့ပြီး လွတ်လပ်တဲ့ သရဲတကောင် အဖြစ် ကျုပ်တို့ရဲ့ ပွဲတော်ကြီးကို ခမ်းနားပါစေ...
.....ဝေး... အိုကေ... ပွဲတော်ကြီး ခမ်းနားပါစေ....
စင်အောက်က တခဲနက် ထောက်ခံမှုကြောင့် စင်ပေါ်မှ စကားသံ ခဏ ရပ်လိုက်သည်။ အားလုံး အသံ ငြိမ်သွားမှ...
.... ဒါပေမဲ့...
စင်ပေါ်မှ လူက ပရိတ်သတ် အားလုံးကို လှည့်ပတ် ကြည့်လိုက်ရင်း အသံကို နှိမ့်၍
.... ခင်ဗျားတို့ရဲ့ မျက်နှာ ဖုံးတွေ ကို မချွတ်မိပါစေနဲ့... ဘာလို့လဲ ဆိုတော့ ဒီ လို ညမျိုးမှာ သရဲ တစ္ဆေတွေရဲ့ ဘုံနဲ့ လူ့ဘုံ အကြား စည်းပါးပါးလေး တချပ်ဟာ.... ခင်ဗျားရဲ့ အမှား တစ်ချက်ကြောင့် ဘာမဆို ဖြစ်သွား နိုင်တာ ကြောင့် ပါပဲ သရဲ တစ္ဆေတွေ မြူးတဲ့ ညမှာ နောက်တစ်ခေါက် ထပ်ပြောမယ် ခင်ဗျား တို့ရဲ့ မျက်နှာ ဖုံးတွေ မချွတ် မိပါစေနဲ့.... ကဲ အားလုံး ဆက်ပြီး.... သရဲတစ္ဆေတွေ ကခုန် နိုင်ပါ ပြီ.....
....ဝေး....ဟေး.... ဖြောင်း...ဖြောင်း... ဖြောင်း ...
ရွှီ.... ရွှီ....
..... ဟေး.... အားလုံး ခဏလေး...
အားလုံး လက်ခုပ်သံ မဆုံးခင် လင်းထက် စင်ပေါ် ပြေးတက်သွား ပြီး မိုက်ခွက်ကို ဆွဲယူ၍ ဆူညံသံများကို ရပ်တန့် စေလိုက်သည်။အားလုံး ကြောင် အမ်းအမ်းနှင့် တိတ်ဆိတ် သွားပြန်သည်။
.... ခင်ဗျားတို့ သူ့စကားကို မယုံပါနဲ့... သူ ခင်ဗျား တို့ ကို လိမ်နေတာ... သူက လူ မဟုတ်ဘူး... သူက တစ္ဆေ... ခင်ဗျားတို့ ရဲ့ ခန္ဓာ ကိုယ်ကို သူတို့ ယူပြီး သူတို့ရဲ့ ဝိညာဉ်တွေကို အသက်သွင်းဖို့ ခင်ဗျားတို့ကို သူ လိမ်ညာ နေတာ...
..... ဟာ... ဘာလဲဟ... ဒီလူ ရူးနေတာလား...
.... ရူးကြောင် ကြောင်နဲ့ ဘာတွေ ပြောနေတာလဲ....
အောက်မှ လင်းထက်ကို ပြစ်တင် သံများ ဆူညံ စွာ ပေါ် ထွက် လာ သည်။
..... ခင်ဗျား တို့ ကျနော် ပြော ရင် မယုံ ဘူး ဆို တာ နား လည်ပါတယ်... ဒါပေမယ့် ကျနော် တကယ် ပြော နေတာ ပါ... ခင်ဗျား တို့ အခုထဲ က ဒီ ပွဲထဲက ထွက် သွားပြီး ကိုယ့် အိမ် ကိုယ် ပြန် နေသင့်ပါပြီ .... နောက်မှ အမှန်တရား ကို ခင်ဗျား တို့ သိချိန်ဟာ နောက်ကျ သွား ပါ လိမ့်မယ်....
အားလုံး အသံ များ ပြန်လည် တိတ်ဆိတ် သွား ပြန်သည်။ လင်းထက် အား တက် သွား သည်။
.... ကျနော် ပြောပြပါ့မယ်... ကျနော့် နာမည်က လင်းထက်ပါ...။ ကျနော်က ယခု လက်ရှိ လူ့စိတ်သဘာဝ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်း ပြုစုနေတဲ့ ဖလော် နောက်ဆုံးနှစ် ကျောင်းသားပါ။ ကျနော့မှာ အစွမ်း တခု ရှိပါတယ်။ အဲ့ဒီ အစွမ်း ရရှိလာပုံက ဒီလိုပါ...၊ကျနော်ဟာ ၁၃ နှစ်သား အရွယ်မှာ အမြင့်က ပြုတ်ကျပြီး ခေါင်းကို ထိခိုက် ခဲ့တဲ့ အတွက် ဦးနှောက်မှာ ကိုမာ ဝင်ပြီး တစ်နှစ် ကျော် ကျော် ဆေးရုံမှာ မေ့မြော နေခဲ့ ရပါတယ်.... ကျနော် သတိ ပြန်ဝင်လာတော့ .... ကျနော် ဟာ တခြား တစ်ယောက် လို ဖြစ်သွားပါတယ်... မမြင် သင့် မမြင်အပ်တာ တွေ ကို မြင်လာတယ်... တွေ့လာ တယ်... ရှင်းရှင်း ပြောရရင် တစ္ဆေတွေ ဝိညာဉ်တွေကို မြင်လာ တာပါပဲ... သူတို့နဲ့ ဆက်သွယ် စကား ပြော လို့ ရလာတယ်...
အောက်က လူများက ငြိမ်သက်စွာ နားထောင်နေကြသည်။
...... ဒီလိုနဲ့ ပြီးခဲ့တဲ့ တစ်ပတ်လောက်က စိတ်ချင်း ဆက်သွယ်လာပြီး... တစ္ဆေတစ်ကောင်က ကျနော့်ကို စိန်ခေါ်လာတယ်... မင်းက တစ္ဆေတွေကို မြင်ရတယ် ဆိုရင် မင်း လူတွေကို ကယ်နိုင်မလား ကြည့်မယ်... လာမယ့် အပတ် မှာ ငါတို့လို လူခန္ဓာ ကိုယ်ကို ရရှိနေပြီးသား တစ္ဆေတွေ ပူးပေါင်းပြီး တစ္ဆေပွဲတော် လုပ်မယ်... အဲ့ဒီပွဲမှာ လူသားတွေ လည်း ပါဝင် ဆင်နွဲကြမယ်... အဲ့ ဒီအခါ ငါတို့ တစ္ဆေတွေ အင်အားကြီးဖို့ လူခန္ဓာကိုယ် မရသေးတဲ့ တစ္ဆေတွေ အတွက် လူ့ခန္ဓာ အစား ရှာ ပေးမှာ... ပြောရရင် လူတွေကို ဝိညာဉ် နှုတ်ပြီး ငါတို့ လက်အောက်ခံ တစ္ဆေ ကို လူသား ခန္ဓာကိုယ်မှာ ဝင် ရောက် ပူးကပ်စေမှာ....... အဲ့ဒီ ဖြစ်ရပ်ကို ကာကွယ်ဖို့ မင်းကို အခွင့် အရေး တစ်ခုတော့ ပေးခဲ့မယ်.... စိတ်ထားမြင့်မြတ်ပြီး သမာဓိ အားကောင်းသူရဲ့ သွေးနဲ့ ငါတို့ တစ္ဆေတွေကို ထိရင် မခံနိုင်ဘူး ပြေးရတယ် ဆိုတာ ပဲ....မင်း အဲ့တာကို ရအောင်ရှာပြီး လူတွေကို ကယ်နိုင်ရင် ကယ်ပေတော့... အဲ့လို ပြောပြီး တစ္ဆေကောင်က ကျနော့ကို စိန်ခေါ် သွားတယ်.... ကျနော်လည်း ဘာလုပ်ရမှန်း မသိတာကြောင့် ကျနော့ သူငယ်ချင်း နှစ်ယောက်နဲ့တိုင်ပင်ပြီး ဒီပွဲတော် ညမှာ အဲ့ဒီကိစ္စ ဖော်ထုတ်ဖို့ တိုင်ပင် ခဲ့ကြတယ်.... ဒီပွဲတော် ထဲမှာ ကျနော့ သူငယ် ချင်းနှစ်ယောက်လည်း ရှိပါတယ်.... နောက်ပြီး ခင်ဗျားတို့နဲ့ အတူ တစ္ဆေတွေလည်း ဝင်ရောက် ရောနှော ကခုန်နေကြတယ်...ဆိုတာ သိကြလား...အမှန်တော့ ဒီပွဲတောဟာ Holloween Night Party...အတုကြီးပါ... ပါတီပွဲကို အခွင့်ကောင်း ယူပြီး တစ္ဆေတွေက ခင်ဗျားတို့ ဝိညာဉ်ကို နှုတ်ယူမယ့် အလိမ်အညာ ပါတီ၊ ဝိညာဉ်နှုတ်မယ့် ကြောက်စရာ ပါတီပါ...
.....အိုး....ဟာ....အောင်းမလေး...
.... တကယ် ကြီးလား...
..... ကြောက်စရာ ကြီးပါလား...
လူအများပါးစပ်မှ အာမေဋိတ် သံများ ထွက်ပေါ် လာကြသည်။ လင်းထက် ပြောရင်း မော သွား သဖြင့် ခဏ ရပ်လိုက်ပြီး လက်ကာ ပြလိုက်သည်။ စင်အောက်က လူတွေ ငြိမ်သက်စွာ နားထောင်နေကြပြန်သည်... ။ ကြောက်စိတ်တွေ ဝင်နေကြတာလည်း ဖြစ်နိုင်သည်။
...... ခင်ဗျား တို့ကို သေချာအောင် တစ်ခု ပြောပြမယ်.... ခင်ဗျား တို့ရဲ့ မျက်နှာ ဖုံးကို ချွတ်ပြီး မျက်နှာ အမှန်ကို ပြကြပါ.... တစ္ဆေတွေဟာ ဒီလို ညမှာ သူတို့ မျက်နှာ အမှန်တွေကို မဖုံးကွယ် နိုင်ဘူး အဲ့တာကြောင့် သူတို့ မျက်နှာ တွေကို လူတွေ တွေ့မှာ စိုးလို့ သရဲမျက်နှာ ဖုံးတပ် ဟန်ဆောင်ပွဲတော် လုပ်ပြီး သူတို့ မျက်နှာတွေကို ဖုံးကွယ် နေကြတာ... အခု အစီအစဉ် ကြေငြာနေသူဟာလည်း တကယ်တော့ သူဟာ တစ္ဆေ တစ်ကောင်ပါ သူပဲ ကျနော့ကို စိန်ခေါ် သွားတာပါ....
လင်းထက်က အစောက ရွှေရောင် သရဲ မျက်နှာဖုံးနှင့် သူကို လက်ညိုးထိုးပြ လိုက်သည်။
..... ကောင်လေး... မင်း ဘာမဟုတ် တာတွေ ပြောနေတာလဲ...
.... ကျနော် ပြောတာ မဟုတ်ဘူး ဆိုရင် အခု လူတွေ ရှေ့မှာပဲ ခင်ဗျား မျက်နှာ ဖုံးကို ချွတ်ပြပါ....
လင်းထက်က အောင်နိုင်သူ တစ်ယောက်လို ပြုံးရင်း ပြောလိုက်သည်။ လူကြီး ၏ မျက်နှာဖုံးအောက်မှ မျက်လုံးများ တောက်ပလာ သည်ကို လင်းထက် တွေ့လိုက်ရသည်...။
အားလုံး လည်း ငြိမ်သက် တိတ်ဆိတ်နေသည်။ လူကြီး၏ မျက်နှာဖုံး ချွတ်ပြ မည်ကို စောင့် ကြည့်နေကြပုံ ရသည်။ ရွှေရောင် သရဲ မျက်နှာဖုံးတပ် လူကြီး ရှေ့တက်လာသည်။
..... ကဲ... ပရိတ်သတ် က မျက်နှာဖုံး ချွတ်ပြ စေချင်ရင်တော့ ကျနော် ချွတ်ပြပါ့မယ်... ဒါ ပေမယ့် ကျနော် မသင်္ကာတာ တစ်ခုထောက်ပြပါရစေ... ဒီကောင်လေးက ဘာလို့ လူတွေရဲ့ မျက်နှာဖုံးကို အတင်းချွတ်စေချင်တာလဲ... ဒီလိုညမှာ သရဲ မျက်နှာဖုံးကို မချွတ်ရဘူး ဆိုတဲ့ စည်းကမ်းချက် ရှိတာ အစကတည်းကပါ.... အတင်းချွတ်ခိုင်း နေပုံထောက်ရင် သူကိုယ်တိုင်က တစ္ဆေလား... လူတွေ မျက်နှာဖုံး ချွတ်ရင် တစ္ဆေတွေ ဝင်ရောက် ပူးကပ်နိုင်တာကို သိလို့ ချွတ်ခိုင်းတာလား.... ဒါမှမဟုတ် သူဟာ ခေါင်းကို ထိခိုက်ခဲ့ လို့ သူများပျော်နေတာ မကျေနပ်တဲ့ ဆိုက်ကို ဝင်နေတာလား ... . ခင်ဗျား တို့ စဉ်းစားကြည့်ဗျာ... ဒီလို ခေတ်ကြီးထဲမှာ လူသားတွေရဲ့ မြင့်မြတ်တဲ့ စွမ်းအားတွေကို ကျော် လွန်ပြီး တစ္ဆေတွေက ခန္ဓာကိုယ်ယူမယ် ဆိုတာ အဓိပ္ပယ် ရှိကြလား... ဦးနှောက် ရှိသူတွေပဲ စဉ်းစားကြပေါ့ဗျာ.....
.... ဟုတ်တယ်... ကောင်လေး ပြောတာ အဓိပ္ပယ် မရှိဘူး....
..... ဒါ သက်သက်... ငါတို့ ပျော်ရွှင်မှုကို ဖျက်စီးတာ...
.... ရူးနေတာ ဖြစ်မယ်....
အောက်မှ လင်းထက်ကို ပြစ်တင် ဝေဖန်သည့် ဆူညံသံများ ထွက်ပေါ် လာပြန်သည်။
လူလေးငါးယောက်ခန့် စင်ပေါ် တက်လာပြီး လင်းထက်ကို စင်အောက် ဆွဲချ သွားကြသည်။
.... မဟုတ်ဘူး... သူပြောတာ မယုံနဲ့... သူလိမ်နေတာ... ခင်ဗျားတို့ အသိနောက်ကျ သွားမယ် နော်....
လင်းထက် မည်မျှပင် အော်ဟစ်သော်လည်း မည်သူမျှ ဂရု မစိုက်ကြတော့...။ တီးလုံးသံ သီချင်းသံ ဝိုင်ခွက်ချင်း တိုက်သံ ရီမော သံများ ပေါ်လာပြီး အားလုံး ပျော်ရွှင်စွာ ကခုန် နေကြပြန်သည်။
-------------------------------------------------
လင်းထက် တစ်ယောက် မခံချင်စိတ် ဒေါ သစိတ်များနှင့် တကိုယ်လုံး ချွေးစေးများ ထွက်ကာ ညစ်ပတ်နေသလို ခံစားနေရသည်။ အမှန်တော့ စိတ်ရှုပ်နေတာ...။ လင်းထက် ကိုယ်လက် သန့်စင်ရန်အတွက် သန့်စင်ခန်းဘက် ထွက်လာခဲ့သည်။
ရေစင်တွင် မျက်နှာကို ရေဖြင့် ပွတ်သပ်ဆေးကြော ပြီး တွန့်ကြေနေသော အင်္ကျီ အဝတ်အစားများကို သပ်ရပ်အောင် ပြု ပြင် လိုက်သည်။
.... ဝုန်း... အား.... ဒုန်း....
အပြင်မှ အသံကြောင့် လင်းထက် သန့်စင်ခန်းမှအလျင်အမြန် ထွက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ အသံလာရာကို နားစွင့်တော့ မျက်နှာချင်းဆိုင် မိန်းကလေး သန့်စင် ခန်းထဲ မှ ဖြစ်ကြောင်း သိရသည်...
.... ဝုန်း... ခွပ်... အ....
လင်းထက် မနေနိုင်တော့...။စဉ်းစား မနေတော့ပဲ မိန်းမ သန့်စင်ခန်းထဲ လှစ်ကနဲ့ ဝင် သွား လိုက်သည်။
မြင်ရသည့် မြင်ကွင်းကြောင့် လင်းထက် ရင်တွေ ပန်းတွေ တုန်ပြီး ကြက်သေသေ သွားရသည်။
မိန်းကလေး တစ်ယောက်အား ယောက်ျား ရင့်မာ ကြီး တစ်ယောက်က လည်ပင်းမှ ကိုင်က ရေအပြည့်ရှိနေသော ရေစင်ထဲ ခေါင်းနှစ်လိုက် ဖော်လိုက်လုပ်၍ သတ်နေခြင်း ဖြစ်သည်။
မိန်းကလေး မျက်နှာမှ မျက်နှာ ဖုံး မရှိတော့ ။ အောက်မှာ ပြုတ်ကျနေသည်။
.... ဟင်.... ဒေလီယာမြင့်မိုရ်....
သူမကို လင်းထက် ကောင်းကောင်းသိသည်။ လင်းထက်တို့ ကျောင်းက ယူနီဗာစတီ ကွင်း မိန်းမချောလေး... ။ လင်းထက်တောင် တဖက်သတ် စိတ်ဝင်စား နေရသူ.... ။
..... ဟေ့... လူ... ခင်ဗျား ဘာလုပ်တာလဲ...
လင်းထက် အသံကြောင့် နောက်ကျောပေး ရပ်နေသော လူက မျက်နှာ လှည့်လာသည်။
အောင်း...မ...လေး.... ဗျ....
ထိုသူ၏ မျက်နှာ တခြမ်းမှာ အသား မရှိတော့ အရိုးငေါငေါ သွားဖုံး တခြမ်းကလည်း အသားမရှိသဖြင့် သွားတွေ ငေါငေါ ထွက်နေသည်။ ကျန်သည့် မျက်လုံးတဖက်နှင့် တစ္ဆေကောင်ကြီးက လင်းထက်ကို စိုက်ကြည့်နေသည်မှာ သွေးပျက်စရာ.... ။
.... ဒုန်း...ခွပ်... ဇွပ်.... အား.....
လင်းထက်အား ကြည့်နေရင်းမှ ဒေလီယာ့ မျက်နှာကို ရေစဉ် ထောင့်စွန်းနှင့် ဆောင့်တိုက်လိုက်ရာ ဒေလီယာ့ ခေါင်း ဟက်တက်ကွဲသွားပြီး ဦးဏှောက်များ လွင့်ထွက်သွားသည်။ မျက်လုံးတဖက်မှာလည်း ရေပိုက်ခေါင်းနှင့် ထိုးမိပြီး မျက်ဆံလုံးကြီးမှာ ကျွတ်၍ ထွက်သွားသည်။ သွေးသံတွေ တရဲရဲနှင့် ဒေလီယာမျက်နှာ လှလှလေးမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး အသက်ထွက်သွားသည်။
အသက်မဲ့ နေသော ဒေလီယာ့ ခန္ဓာ ကိုယ်ကို ကြမ်းပြင်ပေါ် ပစ်ချ လိုက်ပြီး မကောင်းဆိုးဝါး မှာ လင်းထက်ထံ တရွေ့ရွေ့ တိုးလာသည်။
..... အောင်း..မလေး...သရဲ... လူတွေ သတ်နေပြီ ဗျို့....
လင်းထက် ၏ ကြောက်လန့်တကြား အော်ဟစ်ပြီး ခန်းမထဲ ပြေးဝင် လာသံကြောင့် လူများက စိတ်ဝင်တစား လှည့်ကြည့် လာကြသည်။
...... လုပ်ပြန် ပြီ... ဒီကောင်လေး ဘာတွေ ဖြစ်လာ ပြန်တာလဲ....
လင်းထက် က အမော တကောနှင့် သူ့နောက်ကျောဘက်ကို လက်ညိုး တွင်တွင်ထိုးကာ
..... ခင်ဗျားတို့ ကျနော်ပြောတော့ မယုံ ကြဘူး... အခု တစ္ဆေတွေ လူသတ်ပြီး ခန္ဓာ ယူနေကြပြီ....
...ဟင်... ဘယ်မှာလဲ.... မင်းတွေ့ခဲ့လို့လား...
.... တွေ့ခဲ့ရင် လိုက်ပြ... ပေါက်ကရတွေ မပြော စမ်းနဲ့...
.... လာ လိုက်ခဲ့ကြ... ကျုပ်လိုက်ပြမယ်...
လင်းထက်ဦး ဆောင်မှုဖြင့် သန့်စင်ခန်းဘက် လူ အတော်များများ လိုက်လာကြသည်။ လင်းထက်မှာ သက်သေ ပြနိုင်ရန် အတွက် ကြောက်ရွံစိတ်ကို ဖျောက်ပြီး မိန်းကလေး သန့်စင်ခန်းထဲ လူတွေကို ခေါ် သွားလိုက်သည်။
သန့်စင်ခန်းထဲ ရောက်တော့ မြင်ကွင်း အားလုံးက စောစောက ပုံစံနှင့် တခြားစီ ဖြစ်နေသည်။ မကောင်းဆိုးဝါး တစ္ဆေကြီးကိုလည်း မတွေ့တော့။
ဒေလီယာ အလောင်းလည်း ပျောက်ချင်းမလှပျောက်လျက် ။ သန့်စင်ခန်းနှင့် လက်ဆေး ရေစင်မှာလည်း သွေးစ သွေးနပင် မကျန် ။ ပြောင်ရှင်း သန့်စင်နေသည်။
.... ဟေ့ကောင်... ဘယ်မှာလဲ... တစ္ဆေလူသတ်တာ... တစ္ဆေ မပြောနဲ့... ကြောက်စရာ အိမ်မြှောင်တောင် မတွေ့ပါလား....
.... ဟာ ကျုပ် တကယ် တွေ့ခဲ့တာ... တစ္ဆေသတ်နေတာ ကျုပ်တို့ ယူနီဗာစတီ ကွင်း ဒေလီယာမြင့်မိုရ်ကို ဗျ....
လူတွေ မျက်လုံးများက လင်းထက်ကို အရုးတစ်ယောက်လို အထင်သေးစွာ ကြည့်နေသလို။
ထိုစဉ် သန့်စင်ခန်း တံခါး တစ်ချပ် ပွင့်လာကာ အနီရောင် ဝတ်စုံနှင့် လှပ ချစ်စရာ့ သရဲမ မျက်နှာဖုံး တပ်ထားသော မိန်းကလေး တစ်ဦး ထွက်လာသည်။
..... ဘာတွေ ပြောနေကြတာလဲ.... ရှင်... အစောက ကျမ နာမည် ကြားသလားလို့... ကျမက ဒေလီယာ မြင့်မိုရ်ပါ...နောက်ပြီး မိန်းကလေး သန့်စင်ခန်းထဲမှာ ယောက်ျားတွေကော မနည်း မနော ဘာ ဝင် လုပ်ကြတာလဲရှင်...
ချိုသာသော ဒေလီယာ့ အသံလေးက ထွက်ပေါ်လာသည်။
လင်းထက်အတွက်ကတော့ မိုးကြိုးပစ်သံ။ သွားပြီ... ဒေလီယာ့ ခန္ဓာကိုယ်မှာ တစ္ဆေတကောင် ဝင်ပူးကပ်ခြင်း ခံလိုက်ရပြီ... ။
..... ဒီလိုပါ မိန်းကလေး... ဒီကောင်လေးက မိန်းကလေးကို တစ္ဆေတကောင်က သတ်ဖြတ်နေပါတယ်လို့... လာပြောလို့ စိုးရိမ်ပြီး ဝင်ကြည့်ကြတာပါ....
..... ပေါက်ပေါက် ရှာရှာ ရှင်... ဘယ်က တစ္ဆေက လာသတ်မှာလဲ... နောက်ပြီး သူ့ကို ကျမ သိပါတယ်... ယူနီဗာစတီမှာ တစ်ကျောင်းတည်း တက်တာ။ ကျမကိုလည်း ကျိတ်ပြီး ပိုးပန်းနေတာလေ... အစောကတောင် သန့်စင်ခန်းရှေ့ ရစ်သီ ရစ်သီ လုပ်နေလို့.... အော်ထုတ်လိုက်သေးတယ်...
.... ဟာ... ဟင်...
.... ဒီကောင် အရူးပဲ... တစ္ဆေရူး ရူးနေတာ နေမှာ...
.... ဒီလောက် ရှုပ်တာ...ဆွဲထုတ်ကြကွာ....
လင်းထက်မှာ ဘာမှ ပြန်မပြော နိုင်တော့ပဲ လူအများ၏ မောင်းထုတ်ခြင်း ကို ခံလိုက်ရသည်။
တစ္ဆေတစ်ကောင်၏ မာယာ ချောက်ထဲ လင်းထက် ကျခဲ့ရပြန်သည်။
---------------------------------------------------
လင်းထက် ခန်းမထဲမှ စိတ်ပျက် လက်ပျက် ထွက်လာခဲ့ပြီး ပန်းပင်များကြားထဲမှ ခုံတန်းလေးမှာ ထိုင်၍ ဆေးလိပ်ထိုင်ဖွာနေမိသည်။
ဘယ်လို လုပ်ရပါ့မလဲ... လူတွေကို တစ္ဆေတွေ၏ ဝိညာဉ်နှုတ်ယူခံရခြင်းမှ ကာကွယ်ဖို့...။
ယခု အချိန်ထိ ဘာမှ အကောင်အထည် မပေါ်သေး...။ စိတ်ဓာတ်ဖြူစင်ပြီး သမာဓိအားကောင်းသူရဲ့ သွေးကို ဘယ်မှာ ရှာရပါ့ မလဲ... ဒီလူတွေ ကြားထဲမှာလည်း ရှာတွေ့ဖို့ မလွယ်...။
လင်းထက်က အခြားသူများ မမြင်မတွေ့နိုင်သော ဝိညာဉ် ၊ တစ္ဆေ၊ သရဲ တို့ကို မြင်တွေ့နိုင်သော်လည်း လူတွေ၏ အတွင်းစိတ် သဘောကို မြင်သိနိုင်ခြင်း မရှိပါ...။
သက်ပြင်းကို အကြိမ်ကြိမ်ချ နေမိသည်။ ည သန်းခေါင်ကျော်လျင် အချိန်မမှီနိုင်တော့ပေ ။ လက်လျော့ရမလို ဖြစ်နေပြီ...။
..... လင်းထက်... သူငယ်ချင်း... အဆင်ပြေပြီ ဟေ့.. ခိုင်မာတဲ့ သက်သေ ရပြီ....
ခန်းမထဲမှ သူငယ်ချင်းများ ဖြစ်ကြသည့် ကောင်းဇော်နှင့် မင်းဖုန်းအောင် တို့ ထွက်လာသည်ကို တွေ့လိုက်ရသဖြင့် လင်းထက် ဝမ်းသာ သွားသည်။
ကောင်းဇော်က ဂျိုကာ သရဲ မျက်နှာဖုံး တပ်ဆင်ထားပြီး မင်းဖုန်းအောင်က စုန်းမ မျက်နှာဖုံး နှင့် ဦးထုပ်ရှည်ကြီး ဝတ်ဆင်ထားသည်။
..... ဘာတွေ ရလာလို့ လဲ သူငယ်ချင်း...
လင်းထက်၏ အမေးစကားကို မင်းဖုန်းအောင်က လက်ထဲမှ တစ်စုံတစ်ခုကို မြှောက်ပြ လိုက်ရင်း...
.... ငါတို့ မထင်မှတ်ပဲ အခန်းတစ်ခုရဲ့ cctv ကင်မရာ တစ်လုံးကို တွေ့လို့ စောင့်ကြည့်ပြီး မင်မိုရီကဒ် ထုတ်လာခဲ့တယ်။ ကားထဲက လက်တော့ပ်နဲ့ ကြည့်တော့ တစ္ဆေမ တစ်ကောင် ယောက်ျားတစ်ယောက်ကို မြူဆွယ်ပြီး လည်ပင်းကို ချိုးသတ်ပြီး ဝိညာဉ် နှုတ်နေတဲ့ ဖြစ်ရပ်ကို မိမိရရ ရိုက်မိထားတာ တွေ့ရတယ် သူငယ်ချင်း.... တကယ်ကြောက်စရာ ကြီးကွာ... မင်းပြောတာ အစက မယုံပေမယ့် ကျောချမ်းစရာ ဖြစ်ရပ်ကြီး ကြည့်ပြီး တကယ် ယုံ သွား ပြီ....
..... ဟုတ်တယ်... သူငယ်ချင်း... အစက မင်းကို မယုံ တဲ့ သူတွေကို.... ဒီ cctvသက်သေနဲ့ ချပြလို့ ရပြီ....
ကောင်းဇော် ကလည်း အားတက်သရော ပြော သဖြင့် လင်းထက် သူတို့ဆီမှ မင်မိုရီကဒ် ကို တောင်းယူပြီး ကားဆီ ပြေးသွားလိုက်သည်။
ကားထဲမှ လက်တော့ပ်ကို ယူ၍ မင်မိုရီကဒ် ထည့်လိုက်ပြီး ကြည့်လိုက်တော့ မင်းဖုန်းအောင်ပြော သည့် အတိုင်းပင် တစ္ဆေမ တစ်ယောက်နှင့် ယောက်ျားတစ်ယောက်တို့၏ အခန်းထဲမှ ဝိညာဉ်နှုတ် နေသည့် ဖြစ်ရပ်ကို တွေ့လိုက်ရသည်။
ယောက်ျား ဖြစ်သူကို ရမ္မက်အာရုံထဲ ရောက်အောင်ခေါ်ယူပြီးမှ လည်ပင်းသွေးလွတ်ကြောကို ကိုက်ဖြတ်ပြီး ဇက်ချိုး သတ်လိုက်ခြင်း ဖြစ်သည်။
..... ဟေး... ရပြီကွ...
လင်းထက် ဝမ်းသာ အားရ ထအော် မိသည်။ လူတစ်ယောက် ဝိညာဉ်နှုတ်ယူ ခံရ၍ စိတ်မကောင်းသော်လည်း ကျန် ရာပေါင်းများစွာသော လူတွေအသက်ကို ကယ်တင်နိုင်တော့ မည် မဟုတ်ပါလား....။
ခန်းမ အပြင်မှာ ကောင်းဇော်နှင့် မင်းဖုန်းအောင်ကို မတွေ့တော့...။ အထဲ ပြန်ဝင်သွားကြပြီ ထင်သည်။
.... အောင်ပြီကွ... အောင်ပြီ...
အော်ဟစ်ပြီး လင်းထက် ခန်းမထဲ ပြေးဝင် သွားလိုက်သည်။
လူ အချို့က လာပြန်ပြီ ဆိုသော မျက်လုံးများဖြင့် လင်းထက်ကို ကြည့်လာသည်။ လင်းထက် ခန်းမထဲက လူတွေကို ဝေ့ပြီး အကဲခတ်လိုက်တော့ ရောက်လာကာစက လူသားစစ်စစ်များထဲမှ ၂၅ ရာခိုင်နှုန်းလောက် ဝိညာဉ် နှုတ်ခံ ထားရသည်ကို မြင်လိုက်ရသဖြင့် ပို၍ ထိတ်လန့်သွားသည်။
ကမန်းကတန်း စတိတ်စင်ပေါ် ပြေးတက် သွားပြီး မိုက်ခွက်ကို ယူလိုက်ကာ....
..... ခန်းမထဲက လူတွေ အားလုံး ခဏလေး ရပ်ပေးကြပါ.... ကျနော့ပြောစကားကို မယုံတဲ့ သူတွေ အတွက် ဒီခန်းမထဲမှာ တစ္ဆေတွေ ဟန်ဆောင်ရောနှော နေတယ်.... လူတွေရဲ့ ဝိညာဉ်ကို နှုတ်ယူပြီး ခန္ဓာကိုယ် ကို ယူနေတယ်ဆိုတာ သက်သေ ပြနိုင်မယ့် ဗွီဒီယို ဖိုင်တစ်ခု ကျနော် ရခဲ့ပါတယ်... ဒီဗွီဒီယို ကို ကြည့်ပြီးသွားရင် ... ဝိညာဉ်နှုတ်မခံရသေးတဲ့ လူအချို့ ဘာလုပ်သင့်တယ်ဆို တာ သိသွားမှာပါ...
လူတွေ ဘာ ထွင်ဦးမလဲဆိုသော အမြင်နှင့် စိတ်ဝင်တစား နားထောင်နေကြပြန်သည်။
..... ဒီတစ်ခါမှ ကျနော်ပြောတာ မမှန်ကန်ဘူးဆိုရင် ကျနော် ဒီခန်းမထဲက အပြီးထွက်သွားပါ့မယ်...
..... ဗွီဒီယိုကို ပြသဖို့အတွက် ဒီစတိတ်စင်ကို ရောင်ပြန်ထိုးထားတဲ့ ပရိုဂျက်တာကို ခဏ အသုံးပြုပါရစေ... သူငယ်ချင်း မင်းဖုန်းအောင် ခဏ လာခဲ့ပေးပါ...
လူအုပ်ကြားထဲမှ မင်းဖုန်းအောင် စင်ပေါ် တက်လာသည်။
..... သူငယ်ချင်း ဒီမင်မိုရီ ကဒ်ကို ဟိုးအခန်းထဲက ပရိုဂျက်တာ စက်မှာ ထည့်ပြီး စတိတ်စင်ပေါ်ကို အရောင်ပြန်ပြပေးပါ...
မင်းဖုန်းအောင်က လင်းထက်လက်ထဲမှ မင်မိုရီကဒ်ကို ယူသွားပြီး စတိတ်စင်နှင့် မျက်နှာချင်းဆိုင် အခန်းမှ ပရိုဂျက်တာ စက်ရှိရာ အခန်းထဲ ဝင်သွား လိုက်သည်။ ကောင်းဇော်ပါ လိုက်ဝင်သွားသည် ကို တွေ့လိုက်ရသည်။
ခန်းမထဲက လူတွေကတော့ လင်းထက်တို့ ဖြစ်ရပ်ကို စိတ်ဝင်တစား ကြည့်နေသည်။
စတိတ် စင်ပေါ်သို့ ရွှေရောင် သရဲမျက်နှာ ဖုံးဝတ်ထားသူ တက်လာခဲ့သည်။
.... ကောင်လေး... မင်း တော်တော် နှောင့်ယှက်တာပဲ... မင်းကို အစကတည်းက ခန်းမထဲ ပေးမဝင်လာသင့်ခဲ့ဘူး....
လင်းထက်က မခန့်ပြုံး ပြုံးလိုက်ရင်း ပခုံးတွန့် ပြလိုက်သည်။
.... ခင်ဗျား အပြစ်ပဲလေ.... ဘယ်တတ်နိုင်မလဲ...
.... သူငယ်ချင်းရေ ဖွင့်လိုက်တော့....
လင်းထက် အော်ပြောသံ အဆုံး စတိတ်စင်နောက်ကျော နံရံပေါ် ဗွီဒီယို ပုံရိပ် ထင်လာသည်။
ခန်းမတစ်ခုအတွင်း ယောက်ျားတစ်ယောက် မိန်းမတစ်ယောက် ဝင်လာပြီး အနမ်းတွေ ဖလှယ်နေကြသည်။ ရွှေရောင်မျက်နှာဖုံးအောက်မှ တသ္ဆေကောင်၏ မျက်နှာ ကွက်ခနဲ့ ပျက်သွားသည်ကို လင်းထက် တွေ့လိုက်ရသည်။
.... ဟာ... ဘာတွေလဲဟ....
... ဒီကောင် ပေါက်ကရတွေ လုပ်ပြန်ပြီ...
..... ဟေ့ကောင် မတော်တရော်တွေ....
ဆူညံပွက်လော ရိုက်သွားကြသည်။
.... ခဏလေး သည်းခံပေးကြပါ... တဖြည်းဖြည်းနဲ့... တစ္ဆေကောင်ရဲ့ ဇာတိရုပ် ပေါ်လာမှာပါ....
လူတွေ၏ ဆူညံသံ ပြန်လည် ငြိမ်သက်သွားပြန်သည်။
ရောင်ပြန် ဗွီဒီယိုမှာတော့ တစ္ဆေမနှင့် ယောက်ျားတစ်ယောက် အနမ်းတွေ ဖလှယ်ကောင်းနေတုန်း....
၁၅မိနစ် ခန့် အချိန်ကုန်သွားသည်။ ဗွီဒီယိုက ဒီနားမှာပဲ ပတ်ချာလည်နေသည် ။ရှေ့ဆက်မလာ... တစ္ဆေမ၏ အလိမ်အညာရုပ် ပေါ်မည့် အနားမှာ အခန်းထဲကို မိန်းမတစ်ယောက် ယောက်ျား တစ်ယောက် ဝင်လာကြသည်က ပြန်စလာသည်။
.... ဟ... ဘယ်မှာတုန်းဟ....
.... မင်း... ဗွီဒီယိုက ဒီနားမှာပဲ လည်နေတယ်...
.... ဘယ်မှာလဲ တစ္ဆေ....
... ဘယ်က ဗွီဒီယို ဇာတ်ဝင်ခန်းကြီး လာပြနေတာတုန်း...
လူတွေ အသံထွက်လာကြပြန်သည်။
လင်းထက်လည်း ဘာလုပ်ရမှန်း မသိတော့... ဇောချွေးတွေ ပြန်လာသည်။
..... မင်းဖုန်းအောင်.... သူငယ်ချင်း... ရှေ့ဆက်ပြလေကွာ... ဘာတွေ ဖြစ်နေတာလဲ...
လင်းထက် ပရိုဂျက်တာ အခန်းထဲမှ မင်းဖုန်းအောင်ကို အော်ပြောလိုက်သည်။ သို့သော် ထူးခြားမလာ.... ။ဗွီဒီယိုက ဒီနားမှာပဲ လည်နေ
တစ္ဆေ များ၏လူ့ဝိညာဉ်နှုတ်ပွဲ
- on 12:00 AM
- No comments
Post a Comment