#2
[3]
'ဥဿ ဖယားမောင်စိန်ရွှေ'လဲမီးတစ်ပုံအ
လျင်အမြန်ဖိုလိုက်ပြီး'ဦးမှန်'ပေးလာသော
ဖယောင်းတိုင်အတိုအစများအားအရည်ဖျော်ပြီးလျှင်တစုတစည်းတည်းဖြစ်သွားစေ
ရန်အကုန်ရောလိုက်ပြီးနောက်မီးအေးသွားသည်နှင့်ခုနကယူ၍သိမ်းထားခဲ့သော
အလောင်းမှ'ဆံချည်ကိုးမျှင်,လက်သည်းစ,ကိုးစနှင့်သနပ်ခါးအမှုန်များ'အားဖယောင်းချက်ထဲသို့ထည့်ကာဖယောင်းတိုင်
အကြီးတစ်ခုပြန်၍ပြုလုပ်လိုက်လေတော့
သည်။ပြီးနောက် နံဘေးရှိ'ငမိုး'အား,
"ကဲ!နောင်ကြီး'ငမိုး',နောက်ဆက်လုပ်
ရမဲ့ကိစ္စတွေကတော်ရုံလူအဖို့သွေးပျက်
ဖို့ကောင်းလိမ့်မယ်,နောင်ကြီးခုလောက်
ထိလိုက်ကူညီပေးခဲ့တာပဲကျေးဇူးတင်လှ
ပါပြီ,နောင်ကြီးအရင်ပြန်နှင့်ပါ,သူကြီးတို့
ကိုလဲခဏနေရင်ကျုပ်လာမယ်လို့ပြော
ပေးပါ"
"ကောင်းပြီ မိတ်ဆွေကြီး,အစစအရာရာ
အဆင်ပြေပါစေဗျာ,မိုးလဲချုပ်ပြီဆိုတော့
ကျုပ်အရင်ပြန်နှင့်ပြီ,အော,ခုနအမဲသား
အိုးပြန်နွှေးပေးထားခဲ့တယ်ဗျို့"
တစ်ရွေ့ရွေ့ထွက်ခွာသွားသော'ငမိုး'အား
အဆုံးထိလိုက်ကြည့်ရင်း မြင်ကွင်းထဲမှ
ပျောက်ကွယ်သွားသည်နှင့်,
'အမဲသားအိုး'ကိုချလိုက်ပြီးတစ်ဝက်စီခွဲ
တစ်ပုံစီပုံလိုက်ကာ တစ်ပုံကိုဇရပ်ပေါ်၌
ပင်ဖက်များခင်း၍သေချာကျကျနနပြင်ဆင်လိုက်ပြီးကျန်တစ်ပုံထဲရှိအသားတုံးများအားသင်္ချိုင်းအနှံ့လိုက်လံကျဲချလိုက်လေတော့သည်။ပြီးနောက် ဇရပ်ပေါ်သို့ပျံလာ
ကာခုနပြင်ဆင်ထားသောဝိုင်းဘေး၌ထိုင်
၍ခုနပြုလုပ်ထားခဲ့သောဖယောင်းတိုင်ကြီး
အားအလယ်တွင်ထွန်းညှိလိုက်ကာ,
"သင်္ချိုင်းတို့၏အရှင်မ'မဖဲဝါ'အားကြိုက်နှစ်
သက်သောအမဲအာဟာရဖြင့်တည်ခင်းပါ
၏။လာရောက်သုံးဆောင်ပေးပါ"
စကားဆုံးသွားသည်နှင့်အနီးဝန်းကျင်တစ်ခုလုံးလေတိုးသံများ'တဝေါဝေါ'မြည်ဟီး
လာလေတော့သည်။သို့သော်,ဖယောင်း
တိုင်၏မီးစာမှာလုံးဝလေမတိုး,မလှုပ်ရှားပဲပကတိငြိမ်သက်ထွန်းလင်းလျှက်,
'တရှဲရှဲ,တဝေါဝေါ'လေတိုးသံများစဲသွားပြီးသော်ထမင်းဝိုင်းသို့'ဖျတ်ကနဲ'ရောက်လာသောမဖဲဝါနှင့်သူ၏ခွေးနက်ကြီးတို့မှာ
ပြင်ဆင်ပေးထားသည်များအားအငမ်းမရ
စားသောက်နေကြသည်ကိုဖယောင်းတိုင်
၏မီးရောင်အောက်၌အထင်အရှားတွေ့နေရသောသူတစ်ယောက်အဖို့တော်ရုံသတ္တိနဲ့သာဆိုလျှင်သွေးပျက်ကာရူးသွပ်သွားနိုင်ပေသည်။
စားသောက်ပြီးစီးသော်,
"အရှင်မ,ကျွန်တော်အကူအညီလိုနေလို့
အရှင်မရဲ့ကလေးတွေကိုခဏလောက်
ယူသုံးပါရစေ,သူတို့ကိုလဲအစာကျွေးပြီး
ပါပြီ"
'ခေါင်းတစ်ချက်'ငြိမ့်ပြလိုက်လေရာ,ဥဿ
ဖယားမောင်စိန်ရွှေ'လဲအလွန်ဝမ်းသာသွားပြီး,
"အခုရင်ဆိုင်ရမဲ့ရန်သူကဘယ်လောက်စွ
မ်းအားကြီးမှန်းမသိတော့,ဖြစ်နိုင်ရင်အရှ
င်မရဲ့ခွေးနက်ကြီးကိုပါထည့်ပေးလိုက်ေ
စချင်ပါတယ်"
ထိုသို့ပြောလိုက်လျှင်ပဲ,မဖဲဝါ'မှာနံဘေးရှိ
သူ၏ခွေးနက်ကြီးအားစိုက်ကြည့်လိုက်သော်,ခွေးနက်ကြီးမှာကြောင်လေးတစ်ကောင်အလားခေါင်းလေးပုလျှက်ဖယောင်း
တိုင်၏မီးစာထဲသို့ဝင်ရောက်သွားလေတော့သည်။ပြီးသည်နှင့်'မဖဲဝါ'လဲနေရာမှ
ထ,ကာ သင်္ချိုင်းထဲသို့ဆင်း၍အရပ်လေးမျ
က်နှာအားဝေ့ဝဲကြည့်ကာတစ်ခုခုအားပြောကြားအမိန့်ပေးနေသကဲ့သို့,
ထို့နောက်သူ့ဆီလက်ညှိးညွှန်ပြပြီးနောက်
ရှေ့သို့ပြန်လည်ထွက်ခွာကာတစ်စတစ်စ
ဖြင့်ပျောက်ကွယ်သွားလေတော့သည်။
လုပ်ငန်းစချိန်တန်ပြီဖြစ်သဖြင့်'ဥဿ ဖယားမောင်စိန်ရွှေ'လဲဖယောင်းတိုင်ကြီး
အားကိုင်လျှက်သင်္ချိုင်းထဲရှိမြေပုံများကြား
လျှောက်သွားလေတော့ရာ,ဖယောင်းတိုင်
မီးရောင်အောက်ရောက်ရှိလာသော'တစ္ဆေသရဲ'အပေါင်းတို့မှာမီးစာထဲသို့ဝင်ရောက်သွားကြလေတော့သည်။ထိုသို့ကိုးပတ်
မျှပတ်ကာ'ဝိဥာဉ်တစ္ဆေ'များအားစုဆောင်းပြီးသည်နှင့်ဖယောင်းတိုင်အားငြိမ်း၍
ရွာထဲသို့ပြန်လည်ဝင်ရောက်ခဲ့ချေတော့သည်။တည်းခိုရာသူကြီးအိမ်သို့ရောက်သော်
"ဟော,မောင်စိန်ရွှေတောင်ပြန်လာပြီပဲ,
ဘယ့်နှယ့်,အဆင်ပြေခဲ့ရဲ့လား, လာ
လက်ဖက်သုပ်လေးမြည်းရင်းအကြမ်းရ
ည်လေးသုံးဆောင်ဦး"
'သူကြီးဦးထိုက်'နဲ့ရပ်ရွာလူကြီးအချို့ထိုင်
နေသောစကားဝိုင်းထဲဝင်ထိုင်လိုက်ပြီးနောက်'သူကြီး'မှသူ့အားရွာခံလူများနှင့်မိတ်ဆက်ပေးရာခဏအကြာအချင်းချင်းရင်း
နှီးမှုအတန်အသင့်ရသွားသည်နှင့်သူလုပ်
ခဲ့သောလုပ်ငန်းဆောင်တာများနှင့်ယခင်
ကကြုံတွေ့ကူညီပေးခဲ့ဖူးသောအဖြစ်အပျက်အတွေ့အကြုံများအားပြန်လည်ဖောက်သည်ချလေရာ,စကားဝိုင်းလေးမှာလက်ရှိ
ဖြစ်ပေါ်နေသောအခက်အခဲများမှတဒင်္ဂလွတ်ထွက်သွားပြီးစည်ကားသွားတော့သည်။
"ကဲ,,,ဒါတွေခဏထားပါစို့,ကျုပ် သူကြီး
ကိုမေးစရာရှိတယ်ဗျ,သူကြီးတို့ရွာမှာ
ဘိလပ်ပြန်,ဒါမှမဟုတ်,မြို့မှာနေပြီးပြန်
လာတဲ့သူတွေများရှိလား"
"ရှိပါ့ မောင်ရင်ရာ,ရွာမြောက်ပိုင်းမှာသီး
သန့်နေနေတဲ့'မောင်ရောဘတ်'ဆိုတဲ့
မြို့ကျောင်းကနေဘွဲ့ရတဲ့သူငယ်တစ်
ယောက်တော့ရှိတယ်,သူ့မိဘတွေမတိမ်
ပါးစဉ်အခါကကျုပ်တို့တစ်ရွာလုံးနှင့်ဖက်
လှဲတကင်းတရင်းတနှီးနေခဲ့ကြတာကော
ဒီသူငယ်ကတော့ရွာနဲ့သိပ်မရောဘူး,သူ့
ပညာအတွက်ဂုဏ်မောက်နေတယ်ထင်
ပါ့,ကျုပ်တို့နဲ့ခပ်တန်းတန်းပဲ"
ထိုစဉ်,
"အဘတို့,ရေနွေးကြမ်းနှင့်လက်ဖက်သုပ်
ထပ်လာဖြည့်ပေးတာ"
'ဆည်းလည်းသံ'ကဲ့သို့ချိုသာလွန်းသောအသံလာရာဆီသို့ကြည့်ကြည့်သော်,
သနပ်ခါးရေကျဲလေးဖြင့်အောက်လင်းမီးအိမ်အောက်၌မြင်တွေ့ရသောထိုမိန်းက
လေး၏ယဉ်လွန်းသည့်အလှမှာကားမြင်
တွေ့ရသော'ဥဿ ဖယားမောင်စိန်ရွှေ'အ
ဖို့ရင်ထဲမုန်တိုင်းတစ်ချက်ခပ်ပြင်းပြင်း
ခတ်သွားစေပြီး,သူ့အလှအားဖွဲ့ဆိုရန်'ကဗျာမမီစာမမီ'သူမမှာလဲစူးရှလွန်းသော'မောင်စိန်ရွှေ'၏အကြည့်အောက်ဝယ်မျက်လွှာလေးအသာချလျှက်ရှက်သွေးလေးများပိုသွားရသည်ထင့်,ပါးထက်ပါးကွက်ကြားအောက်မှရဲတက်လာသောပါးအို့လေးကသက်သေပင်,
"အဟမ်း!"
'သူကြီး'၏ချောင်းဟန့်သံကြောင့်အမူအရာအားအမြန်ထိန်းလိုက်ရပြီး,
"မောင်ရင့်ကိုမိတ်ဆက်ပေးရဦးမယ်,ဒါက
ကျုပ်ရဲ့တစ်ဦးတည်းသောသမီးလေး,နာ
မည်က'ခင်စန်းကြည်'တဲ့"
"ဟုတ်!ကျုပ်နာမည်'ဥဿ ဖယားမောင်စိ
န်ရွှေ'ပါ,နှမ"
"မောင်ကြီးရဲ့နာမည်နဲ့အကြောင်းအသေး
စိတ်ကိုအဘနဲ့ကိုကြီးမိုး'ပြောပြထားလို့
သိထားပါတယ်ရှင့်,ခင်စန်း'ကြောင့်စကာ
ဝိုင်းအနှောင့်အယှက်ဖြစ်သွားပြီ,အားလုံး
ပဲသုံးဆောင်ကြပါဦးရှင့်"
စကားစ,ဖြတ်လျှက်ရှက်သွေးပိုကာထ,ထွက်သွားသောသူမအားကြည့်ရင်းပြုံးလိုက်
မိသော်လည်းချက်ချင်းဆိုသလိုပင်သက်ပြင်းရှည်ကြီးတစ်ချက်ဆွဲချလျှက်မှိုင်တွေသွားလေတော့သည်။
[4]
စကားဝိုင်းထဲမှတစ်ဦးမှ,
"အဲ,နက်ဖြန် လပြည့်ကျော်(၉)ရက်နော်"
ထိုစကားက'ခင်စန်းကြည်'၏အလှထဲယစ်မူးမျောပါသွားသော'မောင်စိန်ရွှေ'၏အသိစိတ်တို့အားနှိုးဆွပေးလိုက်သကဲ့သို့,
"ဟ,ဟုတ်သားပဲ,မနက်ဖြန်လပြည့်ကျော်
(၉)ရက်,လကွယ်လိမ့်မယ်, သူကြီး ခုမှ
သတိရတယ်,သူကြီးသမီးရဲ့နာမည်'ခင်
စန်းကြည်'မှာသုံးတဲ့'စန်း'က'စ လား?
ဆ လား?"
"စ လေ,မောင်ရင်"
"ဟိုက်,ကိုယ်ကျိုးတော့နဲပြီ,ဒီလိုဗျို့ နေ့လ
ည်ကကျုပ်ချပြတဲ့ကိန်းစီနည်းထဲကလိုဆို
ရင်,'ခင်စန်းကြည်,ခ+စ+က,ခ=၂,စ=၆,
က=၁, ပေါင်းခြင်း'ကိုး'"
သူ့စကားဆုံးသည်နှင့်မျက်နှာပျက်ကာထိတ်လန့်သွားသောသူမှာ'သူကြီးဦးထိုက်'
"ဒါ,ဒါဆို မနက်ဖြန်သေမဲ့သူကကျုပ်သမီး
လေးလို့ပြောချင်တာလား,မောင်ရင်"
"ကျိန်းသေပဲဗျို့,လာ လာ,တရားခံဆီသွား
ကြရအောင်,အချိန်မရှိဘူး"
"ဟမ်! တရားခံကဘယ်သူလဲ"
"မောင်ရောဘတ်"
ဟေ! အလို! ဟိုက်! ဘုရား!
တချို့လူများဆီမှ အသီးသီးပေါ်ထွက်လာ
သော'အာမေဋိတ်'သံများ,,,,,,,,,,,,,,
'သူကြီး'၏ချက်ချင်းအရေးပေါ်စီစဉ်မှုနှင့်အတူ'တုတ်များ,ဓားများ,လက်နက်ကိုယ်စီ
ဆွဲကိုင်လျှက်'ငမိုး'ဦးဆောင်သည့်ရွာကာ
လသားများနဲ့အတူ'သူကြီးတို့မိသားစု,ရပ်
မိရပ်ဖ'များနဲ့'ဥဿ ဖယားမောင်စိန်ရွှေ'
တို့, ၄င်းတို့၏ဦးတည်ရာမှာကားရွာမြော
က်ပိုင်း'ရောဘတ်'၏အိမ်ကြီးဆီသို့သာ,
အိမ်ရှေ့သို့ရောက်သည်နှင့်,
"ဟာ:::::::::::: ခင်ဗျားတို့ရောက်လာမယ်ဆို
တာကြိုသိပြီးသား,ခင်ဗျားတို့ကမဖြစ်စ
လောက်အားကိုးလေးနဲ့ကျုပ်ရဲ့အစီအစဉ်
တွေကိုဖျက်မယ်ပေါ့လေ,,,,,,,
ဟိုကောင်,အထက်လမ်းလိုလိုအောက်
လမ်းလိုလိုအကောင်,မင်းကိုငါနေ့လည်
ကသတိပေးထားပြီးပြီနော်,ငါကပြောတဲ့
အတိုင်းလုပ်တတ်တယ်, ကဲ သတ္တိရှိတဲ့
ကောင်ငါ့ခြံထဲဝင်ခဲ့ကြ, ငမဲလုံး!နင့်ကော
င်တွေအဆင်သင့်ပြင်ထား,ခြံထဲဝင်တဲ့
ကောင်တွေအကုန်သတ်ပစ်ချေ"
သူ၏စကားဆုံးသည်နှင့်ခြံထဲမှတစ်ဖြည်း
ဖြည်းပေါ်ထွက်လာသော'ပန်းသီးလုံးခန့်'
နီနီရဲရဲအလုံးကြီးများ,သေချာစူးစိုက်ကြည့်
သော်,ထိုအရာများမှာခြံဝင်းထဲရှိ'တစ္ဆေ
ကြီးများ'၏မျက်လုံးများဖြစ်နေပြီးမာန်ဖီသံ
များမှာလဲအသဲယားဖွယ်ရာ'တဂါးဂါး'ဖြင့်,
သတ္တိကောင်းပြီးစိတ်ထက်ဟန်တူသောရွာသားသုံးလေးယောက်ဓားများကိုယ်စီလွယ်လျှက်ခြံထဲသို့ကျော်၍ဝင်သွားလေရာ,
"ဟေ့လူတွေ,မဝင်နဲ့,ဟေ့လူတွေ,ဟာ,,
ဒုက္ခပါပဲ"
'မောင်စိန်ရွှေ'၏စကားပင်မဆုံးလိုက်ချေ။
ခြံထဲသို့ဝင်သွားသူမှန်သမျှ'တဘုန်းဘုန်း'
ရိုက်သံများ,အော်ဟစ်ငြီးတွားသံများနဲ့အတူခြံပြင်သို့ပြန်လည်လွင့်စင်လာလေတော့သည်။မီးတုတ်များထိုး၍သေချာကြည့်
လေရာ,
ခန္ဓာကိုယ်အနှံ့ချိုင့်ဝင်၍နေသောလက်ဝါးရာမဲမဲကြီးများနှင့်အကြောများ'တဆတ်ဆတ်'ဆွဲကာသွေးများအန်ရင်းမရှုမလှသေဆုံးသွားသည်ကိုမြင်ရလေသော်,
ကျန်လူများအားလုံးလဲလွန်စွာထိတ်လန့်သွားကြပြီးနောက်သို့ ရှဲ'ကုန်ကြတော့၏။
"ဟာ:::::::::: စမ်းချင်ကြသေးလားဟေ့,
သတ္တိကောင်းတယ်ဆို,သေချင်တဲ့သူထ
ပ်ဝင်ခဲ့ကြ,ဟာ::::::::::::::::::"
အိမ်ကြီးဆီပေါ်မှ'ရောဘတ်'၏အသံ,
ရှေ့ဆုံးတွင်ထီးထီးကြီးရပ်နေသော'ဉဿ
ဖယားမောင်စိန်ရွှေ',
"ကဲ,အာလုံးပဲ,မီးတုတ်တွေငြိမ်းလိုက်ကြ
ပီးကျုပ်နဲ့ခပ်လှမ်းလှမ်းမှာရပ်နေပေးကြပါ
မီးရောင်များငြိမ်း၍အမှောင်အတိကျသွား
သည်နှင့်'မောင်စိန်ရွှေ'လဲအသင့်ယူဆောင်ထားသောသူ၏ဖယောင်းတိုင်ကြီးအား
ထုတ်၍မီးညှိကာမြောက်လိုက်လေသော်,
မီးရောင်အောက်၌တစ်ကောင်ပြီးတစ်ကောင်ပေါ်ထွက်လာသော,ခုနသင်္ချိုင်းထဲ
စုဆောင်းခဲ့သော'သရဲများဝိဥာဉ်'များ,
ထို့အထဲမှနောက်ဆုံးပေါ်ထွက်လာသော
'မဖဲဝါ'၏ခွေးနက်ကြီးမှာရွာဝင်လမ်းဆီ
သို့စူးစိုက်ကြည့်လျှက်ဆွဲငင်စွာအူလိုက်သဖြင့်,အားလုံး၏အကြည့်များကထိုနေရာ
ဆီသို့,
မြင်တွေ့လိုက်ကြရသည်မှာကားအခေါင်း
ကြီးထမ်းကာ'မောင်စိန်ရွှေ'တို့ရှိရာသို့တ
ရွေ့ရွေ့လှမ်းလာနေသည့်'မဖဲဝါ',
'မောင်စိန်ရွှေ'မှာအားတက်၍ပျော်သွားသော်လည်း'သူကြီးအပါအဝင်ကျန်လူများမှာတော့အသံပင်မထွက်ရဲသလိုဇက်လေး
များပုဝင်ကာတုပ်တုပ်မျှမလှုပ်ရဲကြပေ,
'မဖဲဝါ'မှာတရွေ့ရွေ့လျှောက်လာရင်းဖြင့်
'မောင်စိန်ရွှေ'ရှေ့သို့ရောက်သော်'မောင်
စိန်ရွှေ'အားစိုက်ကြည့်လျှက်ခေါင်းတစ်ချက်ဆတ်ပြပြီး,အိမ်ကြီးဘက်သို့လှမ်းကာ
ခြံတံခါးအားသူမရွက်၍လာသောအခေါင်း
ကြီးဖြင့်အားကုန်လွှဲ၍ရိုက်ချလိုက်လေရာ,
'ဖြောင်းကနဲ'အသံကြီးနဲ့အတူခြံဝန်းတံခါး
လဲကျိုးသွားလေတော့သည်။
အသင့်ရပ်၍စောင့်နေကြသောဖယောင်းတိုင်မီးရောင်အောက်ရှိ'သရဲများ'လဲခြံထဲ
သို့ပြေးဝင်သွားကာခြံထဲရှိ'ရောဘတ်'မွေး
မြူထားသော'သရဲ'များနှင့်ပြင်းထန်စွာတိုက်ခိုက်ကြလေတော့သည်။
အင်အားမမျှခြင်း,မဖဲဝါနဲ့သူမ၏ခွေးနက်ကြီးပါကိုယ်တိုင်ဦးဆောင်တိုက်ခိုက်ခြင်း
တို့ကြောင့်'ရောဘတ်'၏သရဲများအထိနာ၍ထွက်ပြေးပျောက်ကွယ်သွားကြလေတော့သည်။
နောက်ဆုံးကျန်ရှိနေသူမှာတော့ဝရံတာပေါ်၌ရပ်၍အဖြစ်အပျက်များအားအစဆုံးမြင်လိုက်ရပြီးသွေးပျက်နေသူ'ရောဘတ်'
"အာ::::::သရဲ,သရဲမကြီး, သရဲတွေ,မလာ
နဲ့,ငါ့ဆီမလာနဲ့,ထွက်သွား,ထွက်သွာ::::"
'မဖဲဝါ'မှာသူ၏ဘေးရပ်နေသောခွေးနက်
ကြီးအားကြည့်၍'ရောဘတ်'ရှိရာလက်ညှိ
ညွှန်ပြလိုက်လျှင်ပဲ,
ခွေးနက်ကြီးမှာကြောင်တစ်ကောင်အလားပေါ့ပါးလွန်းစွာ'ရောဘတ်'ရပ်နေသည့်ဝရံတာပေါ်သို့ခုန်လျှက်'ရောဘတ်'အားကိုက်ချီကာအိမ်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။
'အာ:::::::::::::::::::::::'ငြိမ်သက်နေသောပတ်
ဝန်းကျင်အားဖောက်ခွဲထွက်လာသော'ရောဘတ်'၏အော်သံကြီးမှာလဲတစ်စထက်တစ်စ,တိုးဝင်ပျောက်ကွယ်သွားလေ၏။
'ဥဿ ဖယားမောင်စိန်ရွှေ'ကိုင်ဆောင်
ထားသောဖယောင်းတိုင်ကြီး၏မီးစာမှာလဲ
ထူးဆန်းစွာတဖြည်းဖြည်းငြိမ်းစပြုလာ၍
ငြိမ်းသွားသည်နှင့်'မဖဲဝါ'အပါအဝင်'သရဲ
တစ္ဆေ'များအားလုံးပျောက်ကွယ်သွားကြ
လေတော့သည်။ထိုအခါမှ,
"ကဲ,မီးတုတ်တွေပြန်ထွန်းကြဗျို့,အားလုံး
ပြီးသွားပါပြီ,အိမ်ထဲဝင်ပြီးအလောင်းတွေ
ရှာကြတာပေါ့"
စကားဆုံးမှအဖြစ်အပျက်အစအဆုံးအား
မင်သက်နေကြသော'သူကြီးနဲ့ရွာသူရွာသား'များလဲသတိပြန်ဝင်လာကြပြီးအိမ်ထဲသို့ဝင်ကာရှာဖွေကြလျှင်ပဲ,တွေ့ကြရသည်မှာ,
တစ်ကိုယ်လုံးကုတ်ရာခြစ်ရာဗရပွဖြင့်ရုပ်ပျက်ဆင်းပျက်သေဆုံးနေသော'ရောဘတ်'
၏အလောင်း,ထို့နောက် မြေတိုက်ခန်းတ
စ်ခုအားထပ်မံတွေ့ရှိသဖြင့်ဝင်ရောက်ကြ
လေရာ,ဓာတ်ခွဲခန်းပုံစံတစ်ခုနဲ့အတူအီဂျစ်
နဲ့မာယာလူမျိုးတို့၏ရှေးစာလမ်းညွှန်များနံရံပန်းချီများအားနံရံအနှံ့ရေးသားထားသည်
ကိုတွေ့လိုက်ရလေတော့သည်။
ထို့ပြင်,အစီအရီထားရှိသောကုတင်ရှစ်
လုံးပေါ်၌အသဲများအားထုတ်ကာဆေးရည်စိမ်ခံထားရပြီးသွေးများဖောက်ထုတ်ခံ
ထားရသူရွာထဲထူးဆန်းစွာသေဆုံး၍ပျောက်ဆုံးသွားသူမိန်းမပျို(၈)ဦး၏အလောင်း,
'ဥဿ ဖယားမောင်စိန်ရွှေ'၏ရှင်းပြမှုအရ
ထိုအစီအမံများမှာထာဝရအသက်ရှင်နေနိုင်မည့်အီဂျစ်လူမျိုးများ၏အယူမှားအားအနောက်တိုင်းအောက်လမ်းနည်းဖြင့်ပြန်လည်ဆန်းသစ်တီထွင်ထားသောအစီအမံများဖြစ်ကြောင်းသိရှိခဲ့ကြရလေတော့သည်။
နောက်တစ်နေ့ အရုဏ်တက်,
ရွာထိပ်ရှိကုက္ကိုလ်ပင်ကြီးအောက်ဝယ်,
"မောင်ကြီး,တကယ်သွားတော့မလို့လား
ဟင်,ခင်စန်းနဲ့တစ်ရွာလုံးရဲ့အသက်တွေ
ကိုကယ်တင်ခဲ့တဲ့ကျေးဇူးရှင်ကို'ခင်စန်း'
ကျေးဇူးပြန်ပြုပါရစေနော်"
"ဟူ:::::::::::::: မောင်ကြီးရဲ့ရပ်တည်မှုကအ
ရမ်းအန္တရာယ်များတယ် နှမရယ်,မမြင်ရ
တဲ့ရန်သူကောမြင်ရတဲ့ရန်သူတွေကော
ပတ်ချာလည်ဝိုင်းနေပြီးအန္တရာယ်ကြိုးတ
န်းပေါ်လမ်းလျှောက်နေရတာ,ဘယ်ချိန်
ဘာဖြစ်မယ်ဆိုတာကြိုမပြောနိုင်ဘူး,
ခုလိုဘဝမျိုးထဲ မောင်ကြီးချစ်ရတဲ့နှမကို
ဆွဲမခေါ်ရက်ဘူးကွယ်,မောင်ကြီးအတွ
က်တစ်ကိုယ်တော်ရပ်တည်ခြင်းကပိုပြီး
အဆင်ပြေပါတယ်,အဲ့ဒါကြောင့်
မောင်ကြီးကိုခရီးဆက်ခွင့်ပြုပါတော့,
အကယ်၍ ကံမကုန်ရင်တော့မောင်ကြီး
တို့နှစ်ယောက်ပြန်ဆုံကြတာပေါ့"
"ဟင့်, အဟင့်, ဟုတ် မောင်ကြီး,အဲ့ဒီ
ကံဆုံမဲ့တစ်နေ့ကို'ခင်စန်း'မျှော်နေပါ့
မယ်ရှင်,အဟင့်"
ကျောခိုင်းလှည့်ထွက်သွားသောချစ်ရပါသူ
'ဥဿ ဖယားမောင်စိန်ရွှေ'၏ကျောပြင်ကြီ
အားငေးကြည့်လျှက် မြင်ကွင်းထဲမှတစ်စ
တစ်စဝေးကွာသွားလျှင်ပဲ,
ကုက္ကိုလ်ပင်ကြီးအောက်ထိုင်ချပြီးချုံးပွဲချငို
လျှက်ရှိသော'ခင်စန်းကြည်'၏ရှိုက်သံများ
ကအနီးအပါးဝန်းကျင်အားဖုံးလွှမ်းသွားလေတော့ရာ,စိတ်ထဲမှနေ၍လဲ ထိုကံဆုံမဲ့
တစ်နေ့အမြန်ဆုံးပြန်လည်ရောက်ရှိစေရန်ဆန္ဒပြုလျှက်,,,,,,,,,,,,,,,,,,,,,,,
#Harley
The End။ ။12:30pm(1/11/2016)
Thanks a lot for reading!
Home
» ဥဿဖယားမောင်ဖေစိန် ၏ကိုးဂဏန်းအားချိုးဖျတ်ခြင်း ဇတ်သိမ်း
» ဥဿဖယားမောင်ဖေစိန် ၏ကိုးဂဏန်းအားချိုးဖျတ်ခြင်းဇတ်သိမ်း
ဥဿဖယားမောင်ဖေစိန် ၏ကိုးဂဏန်းအားချိုးဖျတ်ခြင်းဇတ်သိမ်း
in
ဥဿဖယားမောင်ဖေစိန် ၏ကိုးဂဏန်းအားချိုးဖျတ်ခြင်း ဇတ်သိမ်း
- on 7:59 AM
- No comments
Post a Comment