ကောင်းသတင်း
______________
မဆင်ခြင် တတ်တဲ့ မိန်းကလေး
အရှက်နဲ့.....လူမလုပ်ရင်
တနေ့ အသက်ပါပေးရ လိမ့်မည်
လွှတ်လပ်ချင်တဲ့ မိန်းကလေး
အထိမ်း အကွပ် မရှိရင်
တနေ့ မိန်းမပျက်ဖြစ်ရ လိမ့်မည်
ခေတ်ဆန်ချင်တဲ့ မိန်းကလေး
ယဉ်ကျေးမှု တွေမကျန်ရင်
တနေ့ အထင်သေးခြင်းခံရလိမ့်မည်
ဘ၀အတွက် အရှက်ကိုထား
နားထောင်ပါလေ မိ ဘ စကား
ယဉ်ကျေးမူ့ကို လိုက်စားပါမှ
ပိုက်ဆံ သိန်းကြွယ်တဲ့ မိန်းမငယ်
မဖြစ်ရင်တောင်
အိနြေ္ဒ တွေ သိန်းကုဋေ နဲ့ရှိလို့
အဖိုးမဖြတ်နိုင်တဲ့ မိန်းကလေးတယောက်
ဖြစ်ကောင်း ဖြစ်လာပါလိမ့်မည်
ကောင်းသတင်း စကားတွေ ကြားဖို့အတွက်
ကောင်းခြင်း တရားတွေကို ယုံကြည်စွာ
လိုက်နာနိုင်ပါစေ ညီမလေး....
____________
ကျွဲကျောင်းသား
Post a Comment