မပြီးဆုံးတဲ့ပြသာနာဆိုတာ မရှိဘူး၊ မပြီးဆုံးနိုင်တဲ့ စိတ်ပဲရှိတယ်။
အရမ်းကို မတ်စောက်တဲ့တောင်ထိပ် တစ်ခုမှာ ဘုန်းကြီးကျောင်း၂ကျောင်း ရှိသတဲ့..
ပထမဘုန်းကြီးကျောင်းက ဦးဇင်းတွေက အမြဲလိုလိုငြင်းခုံရန်ဖြစ်ကြတယ်၊ အချင်းချင်း ရန်သူလိုဆက်ဆံတယ်၊ အသက်ရှင်ရတာ အရမ်းကိုပင်ပန်းဆင်းရဲတယ်။
ဒုတိယဘုန်းကြီးကျောင်းက တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုသင့်မြတ်ကြတယ်၊ အချင်းချင်း အပြုံးပန်းဆင်တယ်၊ အသက်ရှင်ရတာ ပျော်ရွှင်ကြတယ်။
ပထမဘုန်းကြီးကျောင်းက ဦးဇင်းက ဒုတိယကျောင်းက ဦးဇင်းကို တအံ့တသြနဲ့မေးတယ်၊
`ငါ့ရှင်တို့ကျောင်းက အဘယ်ကြောင့်အမြဲတမ်း ငြိမ်သက်ပျော်ရွှင်ကြရတာလဲ´ တဲ့..
ဒုတိယကျောင်းက ဦးဇင်းကပြန်ဖြေတယ်၊
`ဘာဖြစ်လို့လည်းဆိုတော့ တပည့်တော်တို့အမြဲအမှားလုပ်ကြလို့ပါ´
ပထမဦးဇင်းက ဒုတိကဦးဇင်း ပြန်ဖြေတဲ့အဖြေကိုအံ့သြနေစဉ်
အပြင်က ဆွမ်းခံကြွပြီး ပြန်လာတဲ့ဦးဇင်းတစ်ပါးက ကျောင်းပေါ်တက်ဖို့ တံခါးမကြီးဘေးကနေ ခပ်သုတ်သုတ်လေးဝင်သွားတယ်၊
လှေကားအနားလည်းရောက်ကော မထင်မှတ်ဘဲ ဂျွမ်းထိုးမှောက်ခုံ ချော်လဲကျသွားတယ်၊ သပိတ်တစ်နေရာ လူတစ်နေရာဖြစ်သွားတယ်၊ ခံလာတဲ့ ဆွမ်းတွေလည်းမြေပြင်မှာ ပြန့်ကျဲလို့ပေါ့..
ကြမ်းသုတ်နေတဲ့ဦးဇင်းက ချက်ချင်းပြေးလာထူပေးပြီး ပြောတယ် `တောင်းပန်ပါတယ်အရှင်ဘုရား၊ တပည့်တော်အမှားပါ.. ရေကိုရွှဲနစ်နေအောင် မသုတ်ထားမိသင့်ဘူး...
တံခါးဝနားမှာ တံမြတ်စည်းလှဲနေတဲ့ဦးဇင်းလည်း ပြေးသွားပြီး အနူးအညွှတ်တောင်းပန်တယ်
`တောင်းပန်ပါတယ်အရှင်ဘုရား၊ တပည့်တော်အမှားပါ.. ကျောင်းခြံဝန်းထဲမှာ ကြမ်းသုတ်နေတာ ဝင်လာကတည်းက ကြိုသတိမပေးမိဘူး.. ´
ချော်လဲကျသွားတဲ့ဦးဇင်းက လာထူပေးတာထရင်း အင်မတန်မှ အားနာတဲ့လေသံနဲ့ပြောတယ်..
`တောင်းပန်ပါတယ်အရှင်ဘုရားတို့၊ တပည့်တော်အမှားပါ.. လမ်းလျှောက်တာ ဝိနည်းနဲ့အညီမလျှောက်ဘဲ သုတ်ပြာပြာလျှောက်လို့ချော်လဲရတာပါ ´တဲ့..
ပထမကျောင်းက ကိုရင်က ဒီအဖြစ်ကိုတွေ့သွားပြီး နားလည်သွားတယ်၊ မိမိကိုယ်ကို အင်မတန်မှရှက်သွားတယ် တဲ့...
လူတွေဟာ မိမိကိုယ်ကိုကာကွယ်ဖို့အတွက် သူများနဲ့အငြင်းအခုံပြုမယ်.. ဒါမှမဟုတ် သူများကိုအပြစ်ဖို့မယ်ပဲစဉ်းစားနေတြတယ်၊
အမှားဝန်ခံခြင်းဟာ ရှုံးနိမ့်ခြင်းမဟုတ်ဘူးဆိုတာ မသိနားမလည်ကြဘူး၊
မိမိကိုယ်မိမိ အမှားသုံးသပ်တာဟာ ငြင်းခုံ ပေါက်ကွဲမှုတွေ မျက်ရည်တွေထက် ပိုကျက်သရေမင်္ဂလာရှိပြီး ကိုယ်လည်း ကိုယ့်အမှားကိုသိတော့ နဂိုထက် ပိုတိုးတက်တယ်ဆိုတာလည်း မသိဘူး.. .
သူငယ်ချင်းကြားထဲမှာ ပြသာနာဖြစ်ရင် မိမိကအရင် အမှားဝန်ခံလိုက်တာဟာ သံယောဇဉ်ကို အနိုင်ရသွားပါတယ်တဲ့..
၅၂၈မှာ စကားနိုင်လုတယ်၊ လုလို့နိုင်သွားတယ်.. သံယောဇဉ်လျော့သွားတယ်၊
၁၅၀၀အချစ်မှာ စကားနိုင်လုတယ်၊ လုလို့နိုင်သွားတယ်.. အချစ်လျော့သွားတယ်၊
အိမ်မှာ ကိုယ့်သားသမီးက စကားနားမထောင်ရင် ကျနော်တို့ ပြန်သုံးသပ်သင့်တာက ငါဆုံးမပုံမမှန်လို့များလားပါ၊
ကုမ္ပဏီမှာ လက်အောက်ဝန်ထမ်းတွေ မတော်ဘူးထင်ရင် ကျနော်တို့ပြန်သုံးသပ်သင့်တာက ငါတို့ရဲ့ အုပ်ချုပ်မှု သင်ကြားပို့ချရေးပိုင်းဆိုင်ရာ ပြသာနာရှိနေလားဆိုတာကိုပါ၊
လူမှုအသိုင်းအဝိုင်းမှာ ပတ်ဝန်းကျင်ကလူတွေ အကျင့်မကောင်းဘူးလို့မြင်နေရင် ကျနော်တို့ဆန်းစစ်သင့်တာက ကိုယ်က ဒီအသိုင်းအဝိုင်းကို ဖျက်စီးနေသူတစ်ယောက်ဟုတ်မဟုတ် ဆိုတာပါ။
အမြင်ကို တစ်ဖက်လှည့်လိုက်ခြင်းဟာ၊
မနေ့က,က သင်ဟာ ကျနော်သာဖြစ်ရင်ဆိုပြီး သူ့နေရာကနေ ကိုယ့်ကိုယ်ကို ဝင်တွေးခြင်းဟာ နောက်ထပ် အမြင်မှန်တစ်ခုကိုရရှိမှာပါ၊
တစ်ကယ်လို့ ကိုယ်ကစပြီး အမှားဝန်ခံတတ်မယ်၊ ကိုယ့်တာဝန်ကိုယ်ယူတတ်မယ်ဆိုရင် ထိုသူရဲ့ဘဝဟာ ပျော်ရွှင်စရာတွေနဲ့ပြည့်နှက်နေမှာပါ၊ လက်တွေ့လုပ်ကြည့်ရင် ပျော်ရွှင်မှုဘယ်တော့မှ ရပ်တန့်မသွားဘူးဆိုတာ သင်တွေ့ရမှာပါ၊
လောကမှာ မပြီးဆုံးတဲ့ပြသာနာဆိုတာ မရှိပါဘူး၊ မပြီးဆုံးနိုင်တဲ့ မိမိရဲ့စိတ်ပဲရှိတယ်။
မိမိရဲ့စိတ်ကိုလွှတ်ပေးပါ၊ ပျော်ရွှင်မှုနဲ့အတူတူထားရမယ့်စိတ်ကို ဘာဖြစ်လို့ ဒီ စကားနိုင်လုခြင်း၊ စကားများခြင်း၊ စိတ်ရှုပ်ခြင်း၊ အပြစ်ဖို့ခြင်း၊ လက်ညိုးထိုးခြင်း စတဲ့ တစ်နေ့ တစ်နေ့ မရိုးဘဲသိနေတဲ့ ပြသာနာကြားမှာ ရစ်ပတ်ချည်နှောင်တာ ခံနေမှာလဲ၊
သူတစ်ပါးစိတ်ကိုသွားပြောင်းလည်းလို့မရပါဘူး၊ မိမိစိတ်ကိုမိမိပြောင်းလဲပါ
ငြင်းခုံသမျှဟာ အချိန်ကြာလာတာနဲ့အမျှ မေ့ပျောက်သွားမယ်ဆိုတာ ယုံပါ၊
သေချာရေရာတဲ့ လက်ရှိကိုဆုပ်ကိုင်ပြီး ပျော်ပျော်ရွှင်ရွှင်နေပါ...
အနာဂတ်ကိုစောင့်ကြိုပါ
မေတ္တာဖြင့်
PEACE
:-)
စာပေ (Literature Donation)
Post a Comment