ပေးကမ်းနိုင်မှ ခင်တွယ်ချင်ကြတယ်
----------
အပေးအကမ်း ရက်ရောရင်
လူချစ်လူခင်ပေါများပြီး
အပေးအကမ်း ရပ်လိုက်တဲ့နေ့က
အနားမှာ တစ်ယောက်မှ မရှိတဲ့နေ့ပဲ။
ရေမြွေလို အဆိပ်မရှိဘဲနေရင်
အပေါင်းအသင်းများပြီး
သည်းမခံနိုင်တဲ့ နေ့က
အနားမှာ စစ်မှန်တဲ့ သူငယ်ချင်းပဲ ကျန်တဲ့နေ့ပဲ။
အောင်မြင်နေရင်
လပ်ခုပ်တီးပေးသူ ပေါများပြီး
ကျရူံးတဲ့နေ့ကတော့
အနားမှာ လက်ခုပ်တီးဖို့နေနေသာသာ မျက်ရည်သုတ်ပေးတဲ့
လက်တစ်စုံကျန်ခဲ့ရင် ကံကောင်းတဲ့နေ့ပဲ။
သင် အတတ်နိုင်ဆုံးကောင်းပေးနေရင်
လူချစ်လူခင်များပြီး
သင် တစ်ခါလောက်ပျက်ကွက်တဲ့နေ့က
အနားမှာ တစ်ယောက်တစ်လေ ရှိနေရင်
ကံကောင်းတဲ့နေ့ပဲ။
သူငယ်ချင်း...
အပေါင်းအသင်းများချင်ရင် လွယ်လွယ်လေးပါ
၁)ပေးကမ်းပါ
၂)အလျော့ပေးပါ
၃)ပိုက်ဆံရှိအောင်ကြိုးစားပါ
၎)အခြားသူအလိုကို အမြဲဖြည့်ပေးနိုင်အောင်ကြိုးစားပါ
၅)အောင်မြင်ကျော်ကြားအောင်ကြိုးစားပါ
အထက်ပါအချက်များ နဲ့ တစ်ခုခုပြည့်စုံရင် လူချစ်လူခင်ပေါများပြီး
သင့် အိတ်ကပ်ထဲ ပိုက်ဆံမရှိတဲ့နေ့၊လူအများအလိုကို မဖြည့်ဆည်းနိုင်တဲ့နေ့ ကတော့ သင် အထီးကျန်တဲ့နေ့ပါပဲ။
လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ် မကွေး
ပေးကမ်းနိုင်မှခင်တွယ်ချင်ကြတယ်
- on 5:57 PM
- No comments


Post a Comment